book

Index 20

အပိုင်း(20)💜💜 ဇာတ်သိမ်းပိုင်း

  • Author : Lwanchin
  • Genres : Romance, Drama

ခေတ် ကိုကို ကိုစာဖတ်ပြနေရင်း ကိုကိုဘေးမှာ အိပ်ပျော်နေစဥ် တစ်ယောက်ယောက်က ခေတ်ရဲ့ ဆံပင်ကို လာထိနေတာကြောင့် နိုးသွားကာ ကြည့်လိုက်တော့...ကိုကိုဖြစ်နေတာကြောင့် အံ့သြ ဝမ်းသာသွားကာ မျက်ရည်တွေကျလာပြီး....


"ကိုကို..ကိုကို သတိရလာပြီးနော်..ခေတ်လေ..."


"မင်းဘယ်သူလည်း..ကိုယ်တို့သိနေကြတာလား..."


"ရှင်..."


ခေတ်မျှော်လင့်ထားသော်လည်း လက်တွေ့ ရင်ဆိုင်လိုက်ရချိန်၌ ခံနိုင်ရည်မရှိစွာ တအင့်အင့် ရှိုက်ငိုနေမိတော့သည်။


မဟော် သူမေးလိုက်တာကြောင့် ငိုနေသော ထိုမိန်းမလှလေးကို ထူးဆန်းစွာကြည့်နေမိသည်။ကြည့်နေရင်းစိတ်ထဲတမျိုးကြီးဖြစ်လာကာ..


"မင်း...မတိတ်သေးဘူးလား..ငါမေးတာဖြေ..ပြီးတော့မငိုနဲ့ ငါမကြိုက်ဘူး..."


မဟော် ပြောလိုက်တော့ ခေတ်မျက်ရည်လေးတွေကို လက်နှစ်ဖက်နှင့် ကလေးတစ်ယောက်လို သုတ်ကာ...


" အဟင့်...ခေတ်..ခေတ်ကလေ...ကိုကိုရဲ့ ဇနီးပါ..."

မဟော် သူမလေးအပြောကြောင့် ပျော်သွားသော်လည်း မျက်နှာကို တည်ထားကာ...


" ဘာ ငါကဘယ်တောက အိမ်ထောင်ပြုလိုက်တာလည်း..."


သူမေးတော့ သူမလေးက သူ့ကို မျက်ဝန်းဝိုင်းလေးနဲ့ပြန်ကြည့်ကာ ဖြစ်ခဲ့သမျှကို စိတ်ရှည်စွာနဲ့ ပြန်ရှင်းပြတော့ သူနားလည်လိုက်တာက သူကအတိတ်မေ့နေတာဆိုတာပါပဲ..


အာကာအခန်းထဲဝင်လာတော့ သခင်းလေးက ကုတင်ပေါ်ထိုင်နေပြီး မမလေးကို စူးစိုက်ကြည့်နေကာမမလေးက ခေါင်းလေးငုံ့ကာနေတော့ အာကာမျက်ခုံးပင့်တက်သွားကာ...


"ဟာ သခင်လေး သတိရလာပြီလား..."


"အာကာ မင်းလာတာနဲ့အတော်ပဲ..ငါအိမ်ပြန်ချင်တယ်..ဒီမှာမနေချင်တော့ဘူး...မြန်မြန်ပြန်ဖို့ စီစဥ်လိုက်..."


"သခင်းလေး ကျွန်တော့်ကို မှတ်မိတယ်ဆိုတော့ အတိတ်မမေ့ဘူးပေါ့နော်...မမလေးကိုလည်း မှတ်မိမှာပေါ့..."


" မသိဘူး ဟိုတစ်ယောက်ပြောတော့ ငါအတိတ်မေ့နေတာတဲ့ မင်းကလည်းအခုလိုပြောတော့ဟုတ်မှာပါ..."


အာကာ သခင်လေးက မမလေးဘက်ကို ငဲ့ကြည့်ကာပြောတော့ မခြေအနေတွေကို သဘောပေါက်သွားကာ သခင်လေးက မမလေးကိုပဲ မေ့သွားတာလား...


" ဟေ့ကောင် ဘာတွေစဥ်းစားနေတာလည်း ငါပြောတာတွေကြားလား.."


"ဟုတ်ကဲ့ကြားပါတယ်...အခုပဲ အိမ်ပြန်ဖို့စီစဥ်လိုက်ပါ့မယ်..."


မဟော် အာကာထွက်သွားတာနဲ့ သူမလေးကိုကြည့်ကာ ဟေ့ဘာကြည့်နေတာလည်း ပစ္စည်းတွေသိမ်းလေ...


"ဟုတ်..ဟုတ်ကဲ့..."


မဟော်အော်လိုက်တာကြောင့် သူမလေးက သူ့ကိုကြည့်ကာ မင်သက်နေရာမှ အသိဝင်လာကာ ပစ္စည်းတွေ သိမ်းနေတော့ မဟော်ခေါင်းခါလိုက်မိသည်။


"ဘယ်လိုအူကြောင်ကြာင်လေးလည်းမသိဘူး..."

ခဏနေတော့ အာကာ ဝင်လာကာ...


" သခင်လေးပြန်ဖို့ စီစဥ်ပြီးပါပြီး..အခုသွားလို့ရပါပြီ..."


"ကောင်းပြီ.."


မဟော်ပြောလည်းပြော ကုတင်ပေါ်က ဆင်ကာ အာ့ကာကို သူမသိမ်းထားတဲ့ ပစ္စည်းတွေပေးလိုက်ပြီး..အခန်းပြင်ထွက်ရန်ပြင်တော့ သူမလေးက အခန်းထောင့်လေးမှာပဲ ရပ်နေကာ..


"ဟာ ဟေ့မင်းမပြန်တော့ဘူးလား အာ့မှာပဲ ရပ်နေတော့မှာလား..."


"ဟုတ်..ဟုတ်ကဲ့ ခေတ်ပြန်မှာပါ..."


မဟော်ပြောလိုက်တော့ သူမလေး သူ့အနောက်ကနေ ကုတ်ကုတ်လေးပါလာတော့ သူမပုံလေးကို မဟော်ကြည့်ပြီးပြုံးလိုက်မိသည်။မဟော့်ကို ဆေးရုံးမှာရှိတဲ့ ဆရာဝန်တွေက နှုတ်ဆက်တော့ မဟော်ပြန်ပြုံးပြပြီးကားပါကင်သို့ ထွက်လာခဲ့သည်။


ကားပါကင်ရောက်တော့ သူမလေးက ကားပေါ်မတက်ဘဲ ကားအပြင်ဘက်မှာရပ်နေတော့ သူစိတ်မရှည်တော့စွာ..


"ဟာ ဟေ့ မင်းမတက်တော့ဘူးလား.."


"ဟို ခေတ်..ခေတ်..အဒေါ်အိမ်ခဏပြန်..."


"မရဘူးလာခဲ့..မင်းကငါ့မိန်းမဆို..ဘာကြောင့် အဒေါ်အိမ်ပြန်မှာလည်း..မင်ယောကျာ်းငါက အခုမှ ဆေးရုံကဆင်းတာ မင်းမပြုစုလို့ ဘယ်သူကပြုစုမှာလည်း..."


ခေတ်လည်း သူအပြောကြောင့် သူ့ဘေးနားကခုံမှာဝင်ထိုင်လိုက်တော့သည်။


အာကာ သခင်လေးအပြောကြောင့် ပါးစပ်အဟောင်းသားဖြစ်နေမိသည်။ ပြောတော့မမလေးကို မေ့နေတာတဲ့ ဟိုကအဒေါ်အိမ်ပြန်မယ်လို့ ပြောတာတောင် မရ မပါပါအောင်ပြန်ခေါ်လာသေးသည်။ သခင်လေးတို့များ ချစ်တက်ပုံက လက်ဖျားခါလောက်ပါသည်။


မဟော် အိမ်ပြန်ရောက်တော့ အခန်းထဲတွင်နားနေပြီး သူမကတော့ ဆေးရုံက သူမသူငယ်ချင်း လာတယ်ဆိုတာကြောင့် အောက်ထပ်ဆင်းပြီး စကားပြောဧည့်ခံနေသည်။ မဟော် လှဲနေရင်း ဘေးဘက်ကို ကြည့်လိုက်တော့ သူနဲ့ သူမ မင်္ဂလာဓာတ်ပုံကြီးကို တွေ့တော့ အံ့သြ စွာ အနားသွားပြီး သေချာကြည့်နေမိသည်။ ကြည့်နေရင်း သူရင်တွေခုန်လာစွာ ငါက အတိတ်မေ့တယ်ဆိုရင် ဘာဖြစ်လို့ သူမတစ်ယောက်ကိုပဲ မေ့နေရတာလည်း..မဟော်စဥ်းစားနေရင်း ခေါင်းတွေထိုးကိုက်လာကာ ဘေးက ဆိုဖာပေါ်လှဲကျသွားချိန်...


"ကိုကို...ဘာဖြစ်တာလည်း..."


သူမလေးရဲ့ စိုးရိမ်စွာမေးလာသော အသံလေးကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ချစ်ရာမျက်နှာလေးက သူ့ကို စိုးရိမ်စွာ ကြည့်နေပြီး သူ့နဖူးက ချွေးစလေးတွေကို လက်နုနုလေးတွေနဲ့ လာသုတ်ပေးနေသည်။


ခေတ်ဖြူစင်နဲ့ပြောပြီး အပေါ်တက်လာတော့ ခေတ်တို့အခန်းထဲက အသံကြားလိုက်တာကြောင့် အမြန်ပြေးသွားလိုက်တော့ ကိုကိုလဲကျနေတာမြင်တော့ ခေတ်စိုးရိမ်စွာအနားပြေးသွားလိုက်ပြီး မေးလိုက်တော့ ဘာမှမပြောဘဲ ခေတ်ကိုကြည့်နေကာ...


"ကိုယ်က ဘာလို မင်းကိုပဲ မေ့နေရတာလည်း...ပြီးတော့ ကိုမင်းကို သိဖို့ စဥ်းစားလိုက်တိုင်းခေါင်းတွေ ကိုက်လာတယ်..."


ခေတ်ကိုကိုအပြောကြောင့် မျက်ရည်တွေ ကျလာကာ..


"ခေတ်အတွက် တဖြည်းဖြည်း စဥ်းစားလည်းရပါတယ်ကိုကို...ခေတ် စောင့်နိုင်ပါတယ်..."


မဟော် သူမလေး အခုလိုပြောပြီး မျက်ရည်ကျတော့လည်း ရင်ဘက်ထဲက နာပြန်သည်။''မကျနဲ့ မကျနဲ့ မင်းနဲ့ အာ့ဒိမျက်ရည်တွေက မလိုက်ဖက်ဘူး..မကျနဲ့...''မဟော် စိတ်ထဲကနေပြောလိုက်ပြီ...


"ကိုယ်အိပ်ချင်ပြီ..."


ခေတ်ကိုကို အပြောကြောင့် ဝမ်းနည်းစွာ ကိုကို ကိုအိပ်ယာပေါ်တွဲခေါ်ပြီး တင်ပေးလိုက်ပြီး ခေတ်ဘေးက ခေါင်းအုံးကို ဆွဲယူလိုက်တော့...


"အာ့ဒါဘာလုပ်တာလည်း..."


"ရှင်.. ဟိုခေတ် အခြားအခန်းမှာသွားအိပ်မလို့ပါ..."


"အပိုတွေလုပ်မနေနဲ့.. မင်းနဲ့ငါက လင်မယား..အခုမင်းဗိုက်ထဲမှာ ငါ့ကလေးတောင်ရှိနေပြီ..အာ့ဒါကို မင်းက အခန်းခွဲအိပ်ချင်နေသေးတာလား.."


"ဟို..ကလေးရှိတာ..ကိုကိုက ဘယ်လိုသိ..."


" ဘာလည်းအတိတ်မေ့တယ်ဆိုပြီး ငါ့ကို ဘာမှမသိဘူးထင်နေလို့လား..."


ခေတ်လက်ကလေးကာပြကာ...


"ဟို..အာ့လိုမဟုတ်ပါဘူး..."


" အာ့ဒါဆို လာအိပ်တော့..."


ခေတ်ကို ကိုကိုက မျက်နာတည်တည်ကြီးနဲ့ ပြောနေတာကြောင့် ခေတ်ဝမ်းနည်းသွားကာ မျက်ရည်လေးတွေဝဲပြီး သူ့ဘေးတွေဝက်လှဲကာ ကုတင်တစ်ဘက်ကို တိုးပြီး သူ့ကို ကျောပေးပစ်လိုက်သည်။


မဟော်သူအော်လိုက်လို့ မျက်ရည်လေးဝဲ ကာ စိတ်ကောက်သွားသော သူမပုံစံလေးကို ကြည့်ကာ ပြုံးမိသွားသည်။" ဘာလည်း ဒါသူ့ကို စိတ်ကောက်တာလား..အဟွန်..."


မဟော် သူကို ကျောပေးကာ အိပ်နေသော သူမလေးကို အနားသွားပြီး ခါးလေးကို ဖက်လိုက်တော့ သူမလေး လန့်သွားဟန်တူသည်။ ကိုယ်လုံးလေးတုန်သွားကာ သူ့ဖက်ထားသော လက်ကို ဖယ်ချနေတော့...


"ဟေ့..မဖယ်နဲ့နော်..မင်းပြုတ်ကျရင် ကိုယ့်ကလေး နာသွားမှာဆိုးလို့ ပြုတ်မကျအောင်ဖက်ထားပေးတာ..."


ခေတ်သူ့အပြောကြောင့် သူ့လက်ကို  ဖယ်နေသော သူမလက်ကလေး ရက်တန့်သွားကာ နှုတ်ခမ်းလေးကို ဖိကိုက်ထားမိသည်။


"လုပ်ထားအုံးပေါ့ ရှင့်အလှည့်ကျမှ မနွဲ့ကျေး နှာဘူးကြီး..'' စိတ်ထဲကနေပြောလိုက်ပြီး အိပ်စက်ရန် မျက်ဝန်းလေးများကို မှိတ်လိုက်တော့သည်။


မဟော်သူမလေး အိပ်ပျော်သွားတော့မှ အသာထကာ အိပ်ယာအလယ်ကို ရွေ့ပေးပြီး

သူမလေးမျက်နှာကို ထိုင်ကြည့်နေမိသည်။ သူသူမလေးကို မှတ်မိမလားလို့ ခဏခဏစဥ်းစားကြည့်ပါတယ်..ဒါပင်မဲ့ စဥ်းစားလိုက်တိုင်းခေါင်းက အမြဲထိုးကိုက်လာတက်သည်။ 


 သူမလေးရဲ့ မျက်နှာက မင်္ဂလာဓာတ်ပုံထဲမှာ ဖောင်းဖောင်းလေးပါ အခုတော့ နည်းနည်းချောင်ကျသွားသည်။ သူ့ကို ပြုစုနေရလို့လား..ဟုတ်ပါတယ် သူမလေးက သူ့ဝေယာဝစ္စအကုန်လုံးကို မညီးမငြူလုပ်ပေးရှာပါသည်။ပြီးတော့ သူမလေးရဲ့ ဗိုက်ထဲမှာ သူရဲ့ ရင်သွေးလေးရှိတယ်တဲ့။သူ မပူသေးသောသူမဗိုက်လေးကို ကိုင်ကြည့်ကာ.."ကလေးလေး..ကောင်းကောင်းနေနော်..မင်းမေမေက ဖေဖေကိုပြုစုနေရတော့ ပင်ပန်းနေတယ်..ဒါကြောင့် မင်းက ကောင်းကောင်းမွန်မွန်နေရမယ်ကြားလား..."


ခေတ် ကိုကိုပြောနေတာတွေကို ကြားနေရပါသည်။ အတိတ်မေ့နေသော်လည်း ခေတ်နဲ့ ကလေးလေကို ဂရုတစိုက်ရှိတော့ ခေတ်ပျော်မိပါသည်။


အခုဆို မဟော် အလုပ်တွေပြန်လုပ်နေပြီဖြစ်သည်။ သူမလေးကဘမလုပ်ပါနဲ့ အုံးပြောတာတောင် သူ့မှာ ကလေးလေးအတွက် ဒိထပ်ပိုရှာရမယ်ဆိုပြီးပြောတော့ သူမလေးက သူ့ကို မျက်စောင်းထိုးကာ..


" ကမ္ဘာအချမ်းသာဆုံးသူဌေးကြီးက ဒိထက်ပိုကြိုးစာရအုံးမယ်ဆိုတော့ ခေတ်တို့ကတော့ ဘယ်လိုနေရမလည်းကိုမသိတော့ပါဘူး..." လို့ ရွဲ့ပြောတက်ပါသေးတယ်။ သူအတိတ်မေ့နေသော်လည်း သူမလေးနဲ့ ကလေးလေးကိုတော့ သည်းသည်းလှုပ်ပါပဲ..အတိတ်မမေ့ခင်တောက သူ သူမလေးကို ဘယ်လာက်ထိချစ်ခဲ့လည်းတော့မသိ...အခုလည်း သူ သူမလေးကို အာ့တောကထက်မရောတဲ့ အချစ်တွေနဲ့ ချစ်နေဆဲပါပဲ...သူ သူမလေးအကြောင်းတွေးနေရင်း ပြုံးနေချိန်...


ဒေါက်..ဒေါက်...


" ကိုကို ခေတ်ဝင်ခဲ့မယ်နော်..."


မဟော်သူမလေး အသံကြောင့် ပြုံးလိုက်ကာ ဝင်ခဲ့လေ..

မဟောပြောလိုက်တော့ သူမလေးက ဗိုက်ဖုံးအင်္ကျီပန်းရောင်လေးဝတ်ကာ အအေးခွက်ကလေးကို ကိုင်လာပြီး တော်တော်ပူနေပြီ ဖြစ်သော ဗိုက်ကလေးကိုကိုင်ကာ လှုပ်လှုပ်နဲ့ ဝင်လာပြီး...


"ကိုကို့ အတွက် သံပုရာရည်..."


"ဟာ ဘာလိုဖျော်ရတာလည်းကွာ..မပေါ့မပါးနဲ့ကို...နောက်ဆို ကို့အတွက်မလုပ်နဲ့နော်..ကြားလား ချာတိတ်...'' ပြောလည်းပြော ခေတ်ကို ဘေးက ဆိုဖာပေါ်ကို တွဲကာ ထိုင်စေသည်။


ခေတ်သူ့အပြောကြောင့်ပြုံးလိုက်မိသည်။ သူကအတိတ်မေ့နေသေည်လည်း ခေတ်နဲ့ ရင်သွေးလေးကို အမြဲဂရုစိုက် ကျင်နာပေးခဲ့သည်။ အတိတ်မမေ့ခင်က သူမကို ကလေးကို ခေါ်သော်လည်း အခုတော့ ချာတိတ်လို့ ပြောင်းခေါ်လေသည်။ ဘာပဲဖြစ်ဖြစ် ခေတ်တို့ သားအမိကို အခုလို ဂရုတစိုက်ရှိလှတာပဲ ခေတ်ကျေနပ်လို့မဆုံး။


" ချာတိတ် ကိုယ်တို့ ultrasound  သွားရိုက်ရအောင်...ချာတိတ်က ၇လသာပြောတာ မွေးတော့မဲ့ ဗိုက်ကြနေတာပဲ.."


ခေတ်သူပြောတော့မှ ကိုယ့် ဗိုက်ကိုပြန်ကြည့်ကာ..


"ဟုတ်တယ်နော်..ခေတ်လည်း သတိထားမိပါတယ်...ဒါပင်မဲ့ ခေတ်မရိုက်ချင်ဘူး...မွေးလာမှပဲ ဘာလေးလည်းဆိုတာ ရင်ခုန်ချင်တာ..."


"ဟုတ်ပါပြီကွာ..."


သူက ခေတ်ခေါင်းလေးကို ချစ်စနိုးပုတ်ကာပြောပြီး ခေတ်မျက်နှာလေးကိုကြည့်နေတော့ ခေတ်မျက်ဝန်းလေးဝိုင်းစွာ သူ့ကိုပြန်ကြည့်နေတဲ့အချိန် သူ့မျက်နှာက တဖြည်းဖြည်းခေတ်မျက်နှာလေးနားကို နီးကပ်လာတော့ ခေတ်စိတ်လှုပ်ရှားစွာ မျက်ဝန်လေးမိတ်လိုက်မိသည်။


ဒေါက်..ဒေါက်...


ထိုအချိန် တံခါးခေါက်သံကြားတာကြောင့် နှစ်ယောက်လုံးလန့်သွားကာ တစ်ယောက်ကို တစ်ယောက်မကြည့်ရဲစွာ ရှက်နေမိသည်။ 


မဟော်ရုပ်ကိုတည်ကာ ချောင်းဟန့်လိုက်ပြီး

"အင်းပြော.."


"ဟို မမလေးကို လာတွေ့တဲ့ ဧည့်သည်ရောက်နေပါတယ်..."


ထိုကောင်မလေးအပြောကြောင့် မဟော် မျက်မှောင်ကုတ်သွားသလို ခေတ်လည်း မျက်ဝန်းလေး ဝိုင်းသွားကာ..


" ဘယ်သူလို့ပြောလည်း.."


" ကိုထက်ယံလင်း လို့ပြောပါတယ်.."


ခေတ်ထိုတော့မှ ဝမ်းသာသွားကာ..ကိုထက်ယံလား..


"ခေတ် ဆင်းလာခဲ့မယ်လို့ပြောလိုက်နော်..."


"ဟုတ်ကဲ့ရှင့်..."


အိမ်အကူကောင်မလေးထွက်သွားတော့ ခေတ်ကိုကိုဘက်ကို ကြည့်လိုက်ကာ..


"ကိုကို ကိုထက်ယံလင်းက ခေတ် US မှာနေတောက အကိုတစ်ယောက်လို ခင်ရတဲ့အကိုပါ...ခေတ်ဆင်းတွေ့မယ်နော်..."


မဟော်လည်း သူမလေးအပြောကြောင့် သွားမတွေ့ပါနဲ့ပြောရင်လည်းမကောင်းတာကြောင့် ..


"အင်း..သွားလေ...လာကိုလိုက်ပို့မယ်.."


သူမလေးကို မဟော်ကူတွဲကာ အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းတွင် ထိုင်နေသော ထက်ယံလင်း ဆိုသောလူကိုတွေ့လိုက်ရသည်။


" ခေတ်နေကောင်းတယ်နော်..."


"ဟုတ်ကဲ့ ကောင်းပါတယ် ကိုထက်ယံ..."


" ဒီမှာလေ အန်တီနဲ့ အန်ကယ်က ပေးခိုင်းတဲ့ လက်ဆောင်ထုပ်တွေလာပို့ပေးရင် ကိုမဟော်ကိုရော ခေတ်ကိုရော သတင်းလာမေးရင်း ဝင်ခဲ့တာ.."


ကိုထက်ယံ သူ့ဘေးက လက်ဆောင်ထုပ်တွေကို ပြရင်းခေတ်ကို ရှင်းပြနေသည်။


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုခက်ယံ..."


မဟော်ဘေးကနေ အသည်းတွေယားနေမိသည်။သူ့တစ်ယောက်လုံးပါတာတောင် သူ့ကို သတိမမူဘဲ ခေတ်ကိုသာ နှမျောသော နောင်တရသော မျက်လုံးများနဲ့ ကြည့်နေသော ထိုလူကို မဟော် ထထိုးချင်စိတ်တွေ တဖွားဖွားဖြစ်နေတာကို မနည်းထိန်းနေရသည်။ ငါ့မိန်းမကို ကြည့်နေလိုက်တာများ ဗိုက်ရှိတာ်ဆိုတာတောင်သတိထားမိရဲ့လားမသိ။ မဟော် စိတ်အလိုမကျစွာ..


" ကလေး.. ဆေးရုံသွားရမဲ့အချိန်နောက်ကျနေမယ်နော်..."


သူအပြော​ကြောင့် ထက်ယံဆိုတဲ့လူက အခုမှ သူ့ကိုသတိထားမိကာ..


" သြော် ခေတ်တို့ဆေးရုံသွားမလို့လား..အာ့ဒါဆို ကိုယ်ပြန်တော့မယ်နော်ခေတ်..ခွင့်ပြုပါအုံးကိုမဟော်..."


မဟော်လည်း အာ့တော့မှ သူ့ကိုလာနှုတ်ဆက်တဲ့ ထိုလူကို ခေါင်းငြိမ့်ပြလိုက်သည်။ 


ကိုထက်ယံပြန်သွားမှ ခေတ်လည်းကိုကို ဘက်ကိုကြည့်ကာ...


"ကိုကို စောစောကလေ ခေတ်ကို ဘယ်လိုခေါ်လိုက်တယ်.."


"ဘယ်လိုခေါ်လို့လည်း..ကလေ..

နေပါအုံး ငါအခုလိုအခေါ်အဝေါ်ကို အရမ်းရင်းနှီးနေတယ်"


မဟော်ပြောလည်းပြော ခေါင်းတွေထိုးကိုက်လာကာ မျက်လုံးမှိတ်လိုက်ပြီး လဲသွားပါတော့သည်။

ခေတ်လည်းသတိမေ့သွားသော ကိုကိုကြောင့် လန့်သွားကာ...


"အာကာရေ လာပါအုံး..ဒီမှာ ကိုကို သတိမေ့သွားလို့..."


ခေတ်အော်လိုက်တာကြောင့် အိမ်မှာရှိတဲ့ သူတွေအကုန်ပြေးလာကြ ကာ ဆရာဝန်ခေါ်ဖို့ လုပ်တဲ့သူကလုပ် အာကာတို့က ကိုကို ကိုအောက်ထပ်က အခန်းထဲ ရွေ့ဖို့ လုပ်ကြတော့သည်။


ဆရာဝန်ပြန်သွားတော့မှ ခေတ်သက်ပြင်းချမိသည်။ ကိုကိုက အရမ်းအတွေးလွန်ပြီး မေ့သွားတာလို့ပြောသည်။ခေတ်ဒီအတိုင်းဆို ကိုကို ကိုသနားမိသည်။ ကိုကို အတိတ်ကို ပြန်လည်းမမှိတ်မိစေချင်တော့ပါ။ အခုလည်းခေတ်တို့သားအမိကို ဂရုစိုက်ချစ်ပေးနေတာပဲ လုံလောက်ပါပြီ။ခေတ်မျက်ရည်တွေကျကာ ကိုကို မျက်နှာလေးကို ကိုင်လိုက်ချိန် ကိုကို မျက်လုံးတွေပွင့်လာပြီး....


"ကလေး...ဘာလို့ငိုတာလည်း..."


"ကိုကို..."


ခေတ်ဘာမှမပြောနိုင်စွာ ကြည့်နေချိန် ကိုကိုက ထလာပြီး ခေတ်နဖူးလေးကို လာနမ်းကာ..


"ကိုကို အကုန်ပြန်မှတ်မိပါပြီ...တောင်းပန်ပါတယ်..ကိုကို ကလေးကို မေ့နေတဲ့အတွက်ကြောင့်.."


သူကပြောလည်းပြော ခေတ်ကိုယ်လေးကို ဖတ်ထားကာ...နဖူးလေးကို အထပ်ထပ်အခါခါနမ်းကာ ခေတ်ကိုတောင်းပန်နေတော့သည်။


ဘေးက အာကာတို့လည်း ဝမ်းသာသွား ကြ ကာ အလိုက်တသိအခန်းပြင်ကို ထွက်လာလိုက်တော့သည်။


ခေတ်လည်း ကိုကိုအပြောကြောင့် ဝမ်းသာသွားကာ ကိုကိုကိုဖက်ပြီး အားရပါးရငိုနေမိသည်။


၅နှစ်ခန့်ကြာသော်.....


ဘာလိုလိိုနဲ့ နေ့တွေလတွေပြောင်းလာကာ မဟော်နဲ့ ခေတ်ရဲ့ သားနဲ့ သမီးတောင် ၅နှစ်ပြည့်တော့မည်။ ခေတ်ရဲ့ ကိုယ်ဝန်က အမွှာလေး ဖြစ်တာ မဟော်သိရတဲ့အချိန် ဖြစ်ပေါ်လာတဲ့ ပိတိက ဘာနဲ့မှမလဲနိုင်ပါ။ အခုမဟော့်ဘဝမှာ ကလေးတွေရဲ့ အမေ ကလေးကြီးနဲ့ မဟော်ရဲ့ သားနဲ့ သမီးက မဟော်ရဲ့ နှလုံးသားတွေပါ။သူတွေးရင်းပြုံးနေတုံး..


"ဖေဖေ သားတို့ကျောင်းမှာ အမှတ်ပြည့်ရတယ်သိလား..."


"ဟာ ဟုတ်လား ဖေဖေ့ရဲ့ အသဲလေးတွေက အရမ်းတော်တာပဲ..."


"ဖေဖေ မီးမီးရောပဲ..."


လက်မလေးထောင်ကလူကြီးလေးလိုပြောနေသော သမီးလေးကြောင့် မဟော် နဲ့ ခေတ် တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး ရယ်လိုက်မိသည်။ သားလေးရဲ့နာမည်က ရောင်နီခေတ်ဖြစ်ပြီး သမီးလေးရဲ့ နာမည်က တော်ဝင်ခေတ်ဖြစ်သည်။ သားလေးက သမီးလေးထက် ၅မိနစ်စောမွေးသည်။ သားရောင်နီက အေးသလောက် သမီးတော်ဝင်လေးက လည်လိုက်တာကိုမွတ်လို့ အမွှာလို့မပြောရဘူး မောင်နှမနှစ်ယောက်လုံး တစ်ယောက်နဲ့ တစ်ယောက် ချစ်လိုက်ကြတာလည်း ခေတ်နဲ့ ကိုကိုတောင် လက်ဖျားခါလောက်သည်။ကိုကိုက ကလေးတွေရပြီးလည်း ခေတ်ကို အရင်ကထပ် တုံနေအောင် ပိုချစ်ပေးပါသည်။ အခုတော့ ခေတ်တို့မိသားစုမှာ စိတ်ဆင်းရဲမှုတွေကင်းဝေးပြီး ပျော်ရွှင်ဖွယ် မိသားစုလေးအဖြစ် တည်ရှိနေပါသည်။


" ကိုကို ခေတ်တို့ မပျို့စီ သွားကြရအောင်လေ.."


ခေတ်ထိုသို့ပြောလိုက်တော့ ကိုကိုမျက်နှာမှာ အေးစက်သွားကာ....


"အင်း မနက်သွားကြတာပေါ့...ကလေး.."


ခေတ်ကိုကို ကိုအမှန်တရားတွေဖုန်းကွယ်ဖို့ကြိုးစားခဲ့သော်လည်း အရာရာကို တစ်ကွက်ကြိုမြင်သော ကိုကိုကြောင့် ခေတ်အမှန်တရားကို ဖုန်းပွယ်၍ မရခဲ့ပါ။ ဒါပင်မဲ့ လည်း မပျို့ကြောင့် သူ့အခုလို အသက်ရှင်နေနိုင်ခဲ့တာကို စဥ်းစားမိပြီး ခွင့်လွတ်ပေးကာ မပျို့မတွက် နှစ်တိုင်း ခေတ်တို့ကောင်းမှူကုသိုလ်တွေ ပြုလုပ်ပေးခဲ့ပါသည်။


ခေတ်နဲ့ ကိုကို အုပ်ဂူဖြူဖြူလေးအရှေ့မှာရပ်​ ပြီး နှင်းဆီးပန်း အဖြူရောင်လေးကိုတင်ကာ နှစ်ဦးလုံးရဲ့ စိတ်ထဲတွင်တော့ မပျို့ကို ခွင့်လွတ်ကြောင်း ပြောနေမယ်ဆိုတာ ခေတ်ယုံကြည်ပါသည်။

ခဏကြာတော့  မဟော် ခေတ်လက်ကလေးကို ကိုင်ကာ... နှစ်သိပ်သော အပြုံးပြုံးပြပြီး...


"သွားကြမယ်ခေတ်..."


"ဟုတ်ကဲ့..ကိုကို..."


အရမ်းချစ်ကြသော ဇနီးမောင်နှံ အုပ်ဂူလေးနဲ့ ဝေးရာအရပ်ရောက်မှာတော့ ထိုအုပ်ဂူလေးဘေးက အဖြူရောင်အရိပ်လေးကတော့ ကျေနပ်စွာပြုံးပြီး အငွေ့အဖြစ် ပျောက်ကွယ်သွားပါတော့သည်။


ပြီပါပြီ...

စာဖတ်သူများကို အစဥ်းလေးစားလျှက်ပါ..

စာရေးသူ - လွမ်းခြင်း


rate now: