book

Index 19

အပိုင်း (19)💜💜

  • Author : Lwanchin
  • Genres : Romance, Drama


အာကာ ကိုကို ကိုဖုန်းခေါ်ပြီး တော့ ခေတ်စိုးရိမ်ပူပန်စွာ..


"အာကာ..ကိုကိုဘာပြောလည်း..."


" သူပြန်လည့်လာမယ်လို့ ​ပြောပြီး ကျွန်တော့စကားမဆုံးသေးဘူး ဖုန်း ချသွားတယ်မမလေး...အခုထပ်ခေါ်နေတာလည်းမကိုင်ဘူး...."


"အာ့ဒါဆိုထပ်ခေါ်ကြည့်ပါအုံး..."


"ဟုတ်ကဲ့ မမလေး..."


အာကာထပ်ခေါ်နေသော်လည်း တစ်ဖက်က ဖုန်းမကိုင်ပေ။


"မမလေး ခေါ်တာဝင်ပြီး မကိုင်ဘူး..."


ခေတ် မျက်ရည်တွေကျလာကာ...


"အာကာ ကိုကို ဘာမှမဖြစ်လောက်ပါဘူးနော်..."


ခေတ်ဝမ်းနည်းစွာမေးတော့ အာကာလည်းစိတ်မကောင်းစွာ..


"မမလေးကလည်း သခင်လေးက ဘာမှမဖြစ်ပါဘူး..ပြီးတော့ သခင်လေးက တော်ယုံတန်ယုံလူမှမဟုတ်တာ..."


ခေတ် ကိုကို ကို အရမ်းစိုးရိန်နေမိသည်။ ကိုကိုများ တစ်ခုခုများဖြစ်သွားရင်ဆိုတဲ့ စိတ်က ခေတ်ကို ခြောက်ခြားစေသည်။အာကာကို ကြည့်တော့လည်း အာကာက ဖုန်းကို ကိုင်ကာ ဟိုလျှောက်ဒီလျှောက်နဲ့ စိတ်ပူပန်စွာရှိနေသည်။ပြီးတော့ တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်ကာ..


"Hello..ဂျက်.."


"အေး hotel အတွင်း လှံခြံရေး ပိုတင်းကျက်လိုက် ဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပေးနဲ့..မသင်ကာစရာလူနှစ်ယောက်တွေ့ရင် ဖမ်းခေါ်ထားလိုက်..."


"ဘာ လူနှစ်ယောက်..ဟုတ်တယ်...ခေါ်ခဲ့လိုက်..."


အာ့ကာဖုန်းပြောပြီး မမ​လေးကိုကြည့်ကာ...


"မမလေး... မသင်ကာစရာ လူနှစ်ယောက်တော့မိထားတယ်....အာ့ဒါကျွန်တော် ခေါ်လာခိုင်းထားတယ်...မမလေးမြင်ရင် မှတ်မိတယ်မှတ်လား..."


"အင်း..."


ခေတ်မျက်ရည်တွေကျကာ ခေါင်းငြိမ့်ပြလိုက်တော့......


"လာမမလေး..ကျွန်တော်တို့ ကားပါကင်ဘက်ထွက်ရအောင် ဒီမှာဆို ရုတ်ရုတ်သဲသဲဖြစ်သွားလိမ့်မယ်...ကျွန်တော် မန်နေဂျာ  တွေကို ကြည့်ဧည့်ခံထားလိုက်လို့ စာ ပို့ပြီးပြီ..."


ပြောပြီး အာကာနဲ့ ခေတ် ကားပါကင်ဘက်ကို ထွက်လာတော့ လုံခြံရေးနှစ်ယောက်က အင်္ကျီအမည်းနဲ့ လူနှစ်ယောက်ကို ခေတ်တို့အရှေ့ကို ဆွဲခေါ်လာကာ...


"ကိုအာကာ..ကျွန်တော်တို့ပြောတာ ဒီလူတွေပဲ..သူတို့စီမှာ ဓားတွေလည်းတွေ့တယ်..."


အားကာလုံခြုံရေးတွေပြောတာကြောင့် ထိုလူတွေကို ကြည့်လိုက်တော့ မျက်နှာတွေပျက်နေကာ..


"မမလေး သူတို့ဟုတ်တယ်မှတ်လား..."


"ဟုတ်တယ် ဟိုလူ...ခေတ်ကို သတ်မို့ဆိုပြီး အနောက်ကလိုက်တဲ့သူ..."


ခေတ်လည်း ဂတုံဂရင် အာကာကို ရုပ်ဆိုးဆိုးနဲ့ သူမနောက်လိုက်တဲ့သူကို လက်ညိုးလေးထိုးကာပြောလိုက်သည်။


"မင်းတို့အပြစ်မင်းတို့သိတယ်မှတ်လား..."


အာကာအမေးကို ထိုလူတွေက ဘာမှပြန်မဖြေပဲ မျက်နှာငယ်လေးတွေနဲ့ ခေါင်းကို ငုံ့ချထားကြသည်။အာကာလည်းဘေးမှာ ကိုယ်ရံတော် ဝတ်ဆုံအမည်းရောင်ကို ဝတ်ထားသော ဂျက်ကိုလှည့်ကြည့်ပြီး..


"ကို ဂျက် သူတို့ကို ရဲခေါ်ပြီး ခဏလောက် အပ်ထားလိုက်..ပြီးမှ ကျန်တာတွေဆက်လုပ်မယ်..."


"ဟုတ်ကဲ့ ကိုအာကာ.."


"အာကာ ကိုကို ကိုယ်ဖုန်းထပ်ခေါ်ကြည့်ပါအုံး.."


"ဟုတ်ကဲ့မမလေး.."


အကာလည်းမမလေး ပြောတာကြောင့် သခင်လေးကို ဖုန်းထပ်ခေါ်လိုက်တော့...ဖုန်းဝင်သွားပြီး တစ်ဖက်က ပြန်ဖြေလာတာကြောင့် ဝမ်းသာသွားကာ..


"Hello...သခင်လေးလား.."


"ဗျာ..."


" ဟုတ်ကဲ့ အခုဘယ်မှာလည်းဗျာ နေရာလေးပြောပြပေးပါလား ကျွန်တော်တို့ အခုချက်ချင်း လိုက်ခဲ့ပါ့မယ်..."


ဟိုဘက်က လိပ်စာတစ်ခုကို ရွတ်ပြတာကြောင့်


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..."


ခေတ်လည်း အာကာရဲ့ ဖုန်းပြောရင် ဆိုးရိမ်ပူပန်နေသော ပုံကြောင့်..လန့်သွားကာ..


"အာကာ ကိုကို..ကိုကို ဘာဖြစ်လို့လည်း..အခုပြောနေတာ ကိုကိုမဟုတ်ဘူးလား.."


ခေတ်တုန်လှုပ်စွာမေးမိတော့..အာကာက သူမကို စိတ်မကောင်းတဲ့ပုံစံနဲ့ကြည့်ကာ..


"မမလေး သခင်လေး ယာဥ်မတော်တဆ ဖြစ်လို့တဲ့...အာ့ဒါ ကျွန်တော်တို့အမြန်လိုက်သွားမှ ဖြစ်မယ်..."


အာကာအပြောကြောင့် ခေတ် ခန္ဓာကိုယ် လေး ယိုင်သွားကာ အာကာကအမြန်ဖမ်းထိန်းပေးပြီး...


"မမလေး အရမ်းမစိုးရိမ်ပါနဲ့ သခင်လေးက အရမ်းတော့ မဆိုးရိမ်ရဘူးတဲ့..ဒါပင်မဲ့ ကြားကဝင်ခံလိုက်တဲ့ ကားပေါ်က မိန်းကလေးကတော့ ဆုံးသွားပြီတဲ့...အခု ဘေးက လူတွေ နီးစပ်ရာ ဆေးရုံပို့ထားပေးတယ်တဲ့ ကျွန်တော်တို့ အာ့ဒိနေရာကို လိုက်သွားရမယ်.."


အာကာ့အပြောကြောင့် ခေတ်မျက်ဝန်းမှ မျက်ရည်တွေ ကျလာကာ...


"အာကာ ကိုကိုစီ သွားကြမယ်..."


ခေတ်နဲ့အာကာလည်း ကိုကို ကို တင်ထားတဲ့ ဆေးရုံဆီ အမြန်မောင်းထွက်လာလိုက်သည်။


ဟိုရောက်တော့ ခေတ်နဲ့အကာ Nurseမလေးတွေကို မေးတော့ ကိုကိုက အရေးပေါ် ခွဲ ခန်းထဲမှာဆိုတော့ ခွဲစိတ်ခန်းရှေ့မှာ စိုးရိမ်ပူပန်စွာ စောင့်နေကြရသည်။ခဏကြာတော့ ဆရာဝန်ကြီး တစ်ဦးထွက်လာတော့ ခေတ်ထိုဆရာဝန်ကြီးအနား​ပြေးသွားလိုက်ကာ...


"ဆရာ စောစောက ယာဥ်မတော်မဆ ဖြစ်တဲ့ လူနာက ကျွန်မအမျိုးသားပါ..သူအခုဘယ်လိုနေသေးလည်း..."


ခေတ်မေးတော့ ထိုဆရာဝန်ကြီးက ခေတ်ကို ပြုံးကြည့်ကာ...


"အခုတော့ စိုးရိန်ရတဲ့ အခြေအနေကနေ လွတ်မြောက်သွားပါပြီ..တော်သေးတယ် အရောက်မြန်သွားလို့ပေါ့..ခေါင်းထိသွားတော့ သွေးထွက်မလွန်တာ ကံကောင်း နိုးလာရင်တော့ အခြေအနေ တစ်ချက်ကြည့်ရတာပေါ့..ခေါင်းထိထားတာဆိုတော့လေ..."


"ရှင်..ဟုတ်..ဟုတ်ကဲ့ဆရာ..ကျေးဇူးတင်ပါတယ်..."


ခေတ်အပြောကို ထိုဆရာဝန်ကြီးက ခေါင်းငြိမ်ပြုံးပြကာ ထွက်သွားတော့ ခေတ်ထိုနေရာလေးမှာပဲ ရပ်နေမိသည်။ကျေးဇူးတင်ပါတယ်..ခေတ်ခင်ပွန်းကို ခေတ်စီကနေ ဆွဲမခေါ်သွားတဲ့အတွက် ခေတ်ကံတရားကြီးကို ကျေးဇူးတင်နေမှာပါ။ ကိုကို ခေတ်အနားမှာပဲ ရှိနေယုံနဲ့တင်ခေတ် ကျေနပ်မှာပါ။


 ခေတ်လည်းဆရာဝန်ဆိုတော့ စောစောက ဆရာဝန်ကြီးပြောသွားတာကို ခေတ်နားလည်ပါသည်။ ကိုကိုက အတိတ်မေ့ရင်လည်း မေ့သွားနိုင်တယ်တဲ့...ခေတ်မျက်ရည်လေးတွေ စီးကျကာ ငိုနေမိတုန်း..


"မမလေး သခင်လေး အခြေအနေက စိတ်ချရပါပြီတဲ့..ပြီးတော့လေ ယာဥ်မတော်မဆဖြစ်တော့ သခင်လေးကားအစား ဝင်ခံလိုက်တဲ့ကားက မပျို့ရဲ့ကားတဲ့..အခုမပျိုကို ယဥ်ခွဲယုံပို့ထားပြီးပါပြီ..."


အာကာပြောပြတာကြောင့် ခေတ်မပျို့ကို မုန်းသော်လည်း စိတ်မကောင်းဖြစ်မိကာ...


"အာကာ..."


"ဟုတ်ကဲ့ပြောပါမမလေး..."


"ခေတ်ကို တစ်ခုလောက်ကူညီပါ..."


"ဟုတ်ကဲ့ မမလေး..."


" အခုဖြစ်သွားတဲ့ ကိစ္စတွေရဲ့ အမှန်တရားတွေကို ကိုကို ကို မပြောပါနဲ့..မပျို့နဲ့ ပတ်သတ်ပြီးတော့ပေါ့..."


"ဗျာ..မမလေး...ဘာ..."


"ခေတ်ကို အာ့ဒါလေး ကူညီပေးပါ...ခေတ်တောင်းဆိုတာပါ..."


အာကာလည်း ထိုတော့မှ ခေါင်းငြိမ့်ပြကာ...


"ဟုတ်ကဲ့မမလေး..ကျွန်တော် သခင်လေးကို မပြောတော့ပါဘူး..."


ခေတ်လည်း အာကာအပြော​ကြောင့် ခေါင်းငြိမ့်ပြလိုက်ပြီး မပျို ဒါဟာ မပျို ကိုကို အတွက် အသက်ပေးချစ်သွားခဲ့လို့ ခေတ်ဘက်က နောက်ဆုံးအနေနဲ့ အမှန်တရားကို ဖုန်းကွယ်ပေးပါ့မယ်...မပျို့လည်း ကောင်းရာဘုံကို ရောက်ပါစေ။ခေတ်တွေးနေတဲ့အချိန်...ခွဲစိတ်ခန်းထဲကနေ ကိုကို ကိုတွန်းလှည်းနဲ့ တွန်းထွက်လာကြတော့ ခေတ်အနားပြေးသွားလိုက်ကာ..ကိုကိုရဲ့ သတိမေ့နေတာတောင် ချောမောနေသော မျက်နှာလေးကို လက်လေးနှစ်ဖက်နှင့်ကိုင်ပြီး မျက်ရည်တွေ စီးကျနေမိသည်။


"မမလေး သခင်လေးကို မဟော်ဆေးရုံပြောင်းဖို့ အကုန်လုံးစီစဥ်ပြီးပါပြီ..."


ခေတ်လည်း အာကာအပြော​ကြောင့် ကိုကိုကို စိုးရိမ်ပူပန်စိတ်က များနေတာကြောင့် ဆေးရုံပြောင်းရွေ့ဖို့တွေကို မေ့နေကာ...


" ကျေးဇူးတင်ပါတယ် အာကာ.."


" ရပါတယ်မမလေး...ဒါကျွန်တော်လုပ်ရမဲ့အရာတွေပါ...မမလေး အိမ်ပြန်ပြီး အဝတ်လဲလိုက်ပါလား...ပြီးမှ ဟော်ဆေးရုံကို လိုက်လာခဲ့ပါလား..."


"ရတယ်အာကာ...ခေတ် အိမ်ကကောင်မလေးတစ်ယောက်ကို အဝတ်အစားလာပို့ခိုင်းလိုက်မယ်..."

ခေတ်တို့လည်းပြောပြီး ကိုကို ကိုမဟော်ဆေးရုံက VIP အခန်းမှာ ပြောင်းရွေ့ထားလိုက်တော့သည်။ မဟော်ဆေးရုံကို ကိုကိုရောက်တော့ ဆရာဝန်တွေကတော့ အကုန် ဂရုတစိုက်ပြုစုကြသည်။ခေတ်လည်း အိမ်မပြန်ဘဲ ကိုကို နဲ့ပဲ ဆေးရုံခန်းထဲမှာနေလိုက်သည်။ VIP အခန်းဆိုတော့ ရေချိုးခန်းအိမ်သာ အစုံပါတော့ နေရတာ ခေတ်အတွက်အဆင်ပြေပါတယ်။


 ကိုကို ကို ဆေးရုံပြောင်းထားသော်လည်း အခုထိတော့သတိမရသေးပေ။ ကိုကိုဖြစ်တာကို သတင်းမပြန့်စေရန် အာကာက အကုန်ပြောထားတော့ ဘယ်သူမှ သတင်းတွေ မဖျန့်ရဲ့ပေ။ ဒါကြောင့် အရမ်းရင်းနှီးတဲ့ လုပ်ငန်းရှင်တချို့သာ လာရောက် သတင်းလာမေးကြသည်။ ကယ်လေးနဲ့ မေချယ်လည်း ရောက်လာကာ ခေတ်နဲ့ နေပေးမယ်ပြောသော်လည်း ခေတ်က အတင်းအိမ်ပြန်ခိုင်းခဲ့သည်။ ခေတ်တို့ကြောင့် လူကြီးတွေကို မပင်ပန်းစေချင်ပါ။ ဖေဖေနဲ့ မေမေကလည်း phဆက်ပြီး အရမ်းစိုးရိန်နေကြပြီး လာဖို့ပြောတော့ ခေတ်မနည်းတားထားရသည်။ ဖြူစင်ကတော့ ကိုကို ဆေးရုံစရောက်ထည်းက ခေတ်နဲ့နေပေးပြီး အိမ်မပြနိတော့ပေ။


 ခေတ်လည်း သတင်းလာမေးတဲ့သူတွေပြန်သွားတော့ ကိုကို ကိုရေဖက်တိုက်ပေးဖို့ ပြင်ဆင်တော့သည်။ ရေဖက်တိုက်ဖို့ ကိုကို လက်ချောင်းသွယ်သွယ်လေးတွေကို ဆွဲယူပြီး...


"ကိုကို... ဒီနေ့နဲ့ဆို ကိုကိုအိပ်နေတာ ၆ရက်ရှိနေပြီနော်...ထတော့..ဘေဘီလေးက မေးနေပြီ..သူဖေဖေက သူ့ကို စကားလာမပြောတော့လို့တဲ့..."


ခေတ်ရေဖက်တိုက်ပေးနေရင်း အင့်ကနဲ့ ရှိုက်ကာ ပြောပြီး မျက်ရည်တွေကျကာ ငိုနေမိသည်။


ဒေါက်..ဒေါက်...


"ခေတ်ရေ ငါဝင်ခဲ့မယ်နော်..."


ခေတ်လည်း အပြင်က ဖြူစင်အသံကြောင့် မျက်ရည်တွေ သုတ်လိုက်ကာ ကိုကိုကို ရေဖက်တိုက်တာ အဆုံးသတ်ပေးပြီး..


"အင်း..ဝင်ခဲ့လေ..ဖြူစင်.."


ဖြူစင်ဝင်လာတော့ ငိုထားသော ခေတ် မျက်နှာလေးကို စိတ်မကောင်းစွာကြည့်ပြီး...


"ခေတ်ရယ် အရမ်းလည်းမငိုပါနဲ့.. နင်အရမ်းငိုနေရင်.. ဗိုက်ထဲက ကလေး ထိခိုက်နေအုံးမယ်..ကိုမဟော်လည်းမကြာခင်သတိရလာမှာပါ..."


" ငါသိပါတယ် ဖြုစင်ရယ် ကိုကို မကြာခင် သတိရလာမယ်ဆိုတာ...သူ..သူသတိရလာရင်.. ငါလေ..ငါရင်မဆိုင်ရဲဘူးဟ..ငါနဲ့ ငါကလေးကိုလေ..သူ..သူမမှတ်မိမှာ.. ငါအရမ်းကြောက်တယ်..ဟီး...ဟီး....ငါနဲ့ ငါ့ကလေးလေးကိုလေ တစီမ်းတွေလို ကြည့်လာမဲ့အကြည့်ကို ငါ..ငါကြောက်တယ်.ဟီး....."


ခေတ်ဝမ်းနည်းစွာ ငိုတော့ ဖြူစင် ခေတ်ပုခုံးလေးကို ဖတ်ကာ မျက်ရည်တွေကျလာပြီး...


"ခေတ်ရယ်...ကိုမဟော်က နင့်ကိုဒီလောက်ချစ်တာကို... နင်တို့သားအမိကို မှတ်မိမှာပါ...မမှတ်မိရင်တောင် တစိမ်းတော့ ဆန်မှာမဟုတ်ပါဘူးဟာ...ပြီးတော့ အတိတ်မေ့တယ်ဆိုတာလည်း..မသေချာမှမသေချာသေးတာဟ.."


"ဟင့်အင်း..ဖြူစင်ရယ် ငါလည်းဆရာဝန်တစ်ယောက်ပါ...ဆေးပညာသဘောတွေအရ ငါသိပါတယ်..."


ခေတ် ငိုရှိက်ရင်းပြောရင် ဖြူစင်ကို ပြန်လည်ဖက်ထားကာ...


"ဖြူစင် ကိုကိုကလေ နင်ပြောသလိုဆို ငါ့တို့သားအမိကို စိမ်းနေမှာတော့မဟုတ်ပါဘူးနော်..."


"ဒာပေါ့ခေတ်ရဲ့..အတိတ်မေ့တာကလည်း ကံကောင်းရင် ပြန်သတိရတက်တာပဲလေ..အာ့ဒါကြောင့် နင်အရမ်းစိတ်ဆင်းရဲမခံပါနဲ့...နင့်ဗိုက်ထဲက ကလေးအတွက် အားရှိအောင်နေရမယ်..ကိုမဟော်ကလည်း နင့်ကို အခုလို စိတ်ဆင်းရဲနေမျာကို ကြိုက်မှာမဟုတ်ဘူး...လာငါ ကြက်ပြုတ်လေးယူလာတယ်..သောက်လိုက်အုံးနော်.."


ဖြူစင်ပြောလည်းပြော ခေတ်လက်ကလေးကိုဆွဲကာ ထမင်းစားပွဲခုံရှိတဲ့နေရာလေးကို ခေါ်လာပြီး...ခွန့်ကျွေးတော့ ရှိုက်နေရင် မျက်ရည်တွေကျကာ စားရှာပါသည်။


မဟော် နားထဲမှာ အရမ်းရင်းနှီးနေတဲ့ အသံလေးက ဝေးသွားလိုက်နီးလာလိုက်နဲ့ ကြားနေရသည်။ ပြီးတော့ ငိုသံနေရော တောင်းပန်သံတွေရောပဲ...မဟော် သူတို့ကို ပြန်ပြောဖို့ အားယူကာ စကားပြောသော်လည်းမရ လဲကျနေသော သူရဲ့ ခန္ဓာကိုယ် ကို  အတင်းအားကုန် ထသော်လည်း မထနိုင်ပေ။ မဟော် သူ့နားထဲမှာ ကြားနေရတဲ့ ငိုသံလေးကို မငိုအောင် အားပေးချင်တယ် စိတ်ထဲမှာ ချော့ချင်နေတယ်..သူမငိုသံက သူ့ရင်ကို နာကျင်စေတယ်...ကျေးဇူးပြု၍ မငိုပါနဲ့ ကောင်မလေးရယ်...မင်းငိုရင်... ကို ရင်ထဲမှာ နင်ကျင်ရလို့ပါ...။မဟော်ပြောရင်း ဘာမှ မလုပ်နိုင်သော သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေမိတော့သည်။


ခေတ် ကိုကို ကိုရေဖတ်တိုက်ပေးပြီး..ခေတ်လည်း ရေတစ်ခါးထည်းချိုးလိုက်ကာ ရေချိုးခန်းထဲ ကထွက်လာပြီး ကိုကိုအနားသွားလိုက်တော့ ကိုကို မျက်လုံးမှ မျက်ရည်တွေကျနေတာတွေ့တော့..ခေတ်အံ့သြသွားပြီး ကိုကို လက်ကလေးကို ကိုင်ကာ စီးကျနေသော မျက်ရည်လေးတွေသုတ်ပေးလိုက်ပြီး...


" ကိုကို ကိုကိုမကြာခင် ခေတ်နဲ့ ဘေ ဘီလေးစီ ပြန်လာတော့မှာမှတ်လား...အဟင်း...ခေတ်နဲ့ ​ဘေ ဘီလေး သတိရနေပြီ ကိုကိုရဲ့...ဟီး...မြန်မြန်သတိရပါတော့နော်...ခေတ်ရင်တွေ အရမ်းနာကျင်နေပြီ...ခေတ် မခံစားနိုင်တော့လို့ပါ ကိုကိုရယ်..."


ခေတ်ကိုကိုလက်ကလေးကို ကိုင်ပြီး မျက်ရည်တွေကျကာ ငိုနေမိတော့သည်။


နောက်ရက်ရောက်တော့ မေချယ်နဲ့ ကယ်လေးတို့ရောက်လာကာ..


"ကြည့်ပါအုံး မေချယ်သမီးလေး မျက်နှာလေးတော်တော် ချောင်ကြသွားတာပဲ...သမီးရယ်...စိတ်မကောင်းတာလည်းစိတ်မကောင်းတာပေါ့..မောင်မဟော်ကလည်း အသက်အန္တာရာယ်မရှိတော့ပါဘူး..အကယ်၍အတိတ်မေ့ခဲ့ရင်လည်း ဒီခေတ်ကြီးမှာကုလို့ရပါတယ်သမီးရယ်...ပြီးတော့ သမီးဗိုက်ထဲမှာ ရင်သွေးလေးလည်းရှိနေတော့..သမီးဂရုစိုက်ရမယ်လေ...မောင်မဟော်ကလည်း..သမီးအခုလို ဖြစ်နေတာသိရင် စိတ်ကောင်းမှာမဟုတ်ဘူးနော်..."


" ဟုတ်တယ်နော်သမီး..သမီးကိုယ်သမီး ဂရုစိုက်ရမယ်...ကယ်လေးတို့လည်းရှိတာပဲ...မောင်မဟော် ဘာမှထပ်ဖြစ်မှာမဟုတ်ပါဘူး..."


ကယ်လေးနဲ့မေချယ်ကပြောတော့ ခေတ်လည်း ခေါင်းငြိမ့်ပြလိုက်ကာ...


" ဟုတ် ခေတ်ကိုခေတ် ဂရုစိုက်ပါ့မယ်..."


ကယ်လေးနဲ့ မေချယ် စကားတွေပြောပြီးပြန်သွားတော့ အာကာရောက်လာကာ....


" မမလေး ပိန်သွားတယ်..ဂရုစိုက်ပါဗျာ..သခင်လေးလည်းသိရင် စိတ်ကောင်းမှာမဟုတ်ဘူး...သခင်လေးနိုးလာရင်လည်း မမလေး ပိန်သွားမှန်းသိရင် ကျွန်တော်တို့ကို သူဇနီးကို အစားဝင်အောင် မကျွေးဘူးလားဆိုပြီး တစ်ခုခုနဲ့ ကောက်ပေါက်လိမ့်မယ်ဗျ..."


အာကာစကားကြောင့် ခေတ်ပြုံးလိုက်ကာ...


" အာကာကို ခေတ်ကျေးဇူးအများကြီးတင်ပါတယ်..ကိုကိုကလေ တန်ဖိုးရှိတဲ့ အတွင်းရေးမှူးရထားတာသိလား..အကာရှိနေလို့ပေါ့ နောက်မင့်ဆို ခေတ် ကိုကို Company တွေနဲ့ လွယ်မှာမဟုတ်ဘူး..."


" ရပါတယ်မမလေး..ဒါကျွန်တော်လုပ်ရမဲ့ တာဝန်တွေပါ..ပြီးတော့သခင်လေးက ကျွန်တော်ရဲ့ အကိုလိုပါပဲ..."


ထိုအချိန်..


"ခေတ်ရင် ဖြူစင် ဝင်ခဲ့မယ်နော်..."


" ဝင်ခဲ့လေ ဖြူစင်ရဲ့..."


ဖြူစင် ဝင်လာတော့ ခေတ်က ...


" အာကာကို မိတ်ဆက်ပေးရအုံးမယ်...အာကာဒါက ခေတ်ရဲ့ အခင်ဆုံးသူငယ်ချင်း..ဖြူစင်တဲ့...ဖြုုစင်ဒါက ကိုကိုရဲ့ ညီလိုလည်းဟုတ် အယုံကြည်ရဆုံးအတွင်းရေးမှူးဖြစ်တဲ့ ဇိုင်းအာကာတဲ့..."


ဖြူစင်နဲ့အာကာလည်း တစ်ယောက်နဲ့တစ်ယောက် ပြုံးပြကာ ရယ်ပြပြီး နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာတော့ မြင်မြင်ချင်းအချစ်ဆိုတဲ့ ရင်ခုန်သံတွေက အစပြုနေပြီဆိုတာ နှစ်ယောက်စလုံးသိခဲ့ကြလေသည်။


မဟော် နားထဲမှာ သူ့ကို ပြန်လာဖို့ပဲ ပြောနေတဲ့ အရမ်းရင်းနှီးတဲ့ မိန်းကလေးတစိယောက်ရဲ့ ငိုသံ သဲ့သဲ့လေးကို အမြဲကြားနေရတော့ မဟော် သူမလေးစီ သွားဖို့ အမြဲကြိုးစားနေမိသည်။ ကံကောင်းထောက်မစွာ သူဒီတစ်ခါ အားကုန်ထလိုက်တော့ သူ့ ခန္ဓာကိုယ် က လှုပ်ရှားလို့ရသွားကာ...မျက်လုံးဖွင့်ကြည့်လိုက်ချိန် သူ့ရဲ့ဘေးမှာ ထိုင်ခုံပေါ်ထိုင်ပြီး ခေါင်းလေးက သူ့ကုတင်ပေါ်ကိုတင်ကာ အိပ်ပျော်နေသော မိန်းမလှလေးတစ်ယောက်ကို တွေ့တော့ မဟော်အံ့သြစွာ ငါနားထားမှာကြားနေရတဲ့ မိန်းကလေးတစ်ယောက်အသံက သူမလေးလား...


"သူမလေးက လှလိုက်တာ ''


မျက်တောင်အရှည်ကြီးတွေက ယပ်တောင်သဖွယ် ဖြန့်ချထားပုံလေးက ကြည့်နေရင်းနဲ့တောင် ထိုမျက်ဝန်းလေးကို နမ်းချင်စိတ်တွေဖြစ်ပေါ်လာတာတဖွားဖွား...အိပ်နေတာတာင် ချစ်စရာအရမ်းကောင်းလွန်းနေသည်။ သူမလေးက သူ့အနားမှာရှိတာဆိုတော့ သူနဲ့သူမလေးက ဘာတော်တာလည်း။ 


သူမလေးကို သူပိုင်ဆိုင်ချင်တယ်။ ပြောလည်းပြော သူ့လက်များက သူမလေးရဲ့ ခေါင်းလေးကို အသာ သွားထိတော့...သူမလေးနိုးလာကာ..သူ့ကိုမြင်တော့ အရမ်းဝမ်းသာသွားပုံရကာ...လှပ​သော မျက်ဝန်းလေးမှ  မျက်ရည်တွေစီးကျလာကာ..


"ကိုကို..ကိုကို..သတိရလာပြီနော်..ခေတ်လေ..."


"မင်းက ဘယ်သူလည်း ကိုယ်တို့ သိနေတာလား...."


"ရှင်..."


ခေတ်လည်း သူ့အမေးကြောင့် ထိန့်လန့်စွာ သူ့ကိုကြည့်နေမိတော့သည်။


ဆက်ရန်...

စာရေးသူ -  လွမ်းခြင်း


rate now: