ခေတ်နဲ့ ကိုကို ပြင်ဆင်ပြီးလို့ ထွက်လာတော့ အာကာက ကားကို အဆင်သင့်ဖွင့်ပြီး စောင့်နေသည်။ကိုကိုက ခေတ်လက်ကလေးကို ဆွဲကာ ကားပေါ်အရင်တက်စေသည်။ပြီးမှ သူဝင်ထိုင်ပြီး အာကာကို ကားထွက်ရန်ပြောလိုက်သည်။
မဟော် ကလေးမျက်နှာလေးကို ကြည့်လိုက်တော့ ချွေးစလေတွေထွက်နေကာ မျက်နှာလေးမှာ ပျက်ယွင်းနေတော့ မဟော် စိုးရိန်သွားကာ...
"ကလေး...ဘာဖြစ်နေတာလည်း..နေမကောင်းလို့လား..."
မဟော်မေးလည်းမေး ခေတ်နဖူးလေးကို စမ်းလိုက်တော့ ..
"ဘာမှမဖြစ်ပါဘူး...ခေတ်အခုလိုပွဲတွေကို မတက်ဘူးတော့ စိတ်လှုပ်ရှားနေမိလို့ပါ..''
အာ့တော့မှ မဟော် သက်ပြင်းအသာချကာ ကလေးရဲ့ အေးစက်စက်လက်ကလေးကို ကိုင်လိုက်ပြီး...
"ကလေး ကိုကို ကိုယ်ကြည့် ကလေးရဲ့ ခင်ပွန်းက ဘယ်လိုလူမျိုးလည်းဆိုတာတွေးလိုက် ကလေးသွားတဲ့နေရာတိုင်းမှာ ယုံကြည်မှုအပြည့်ရှိဖို့လိုတယ်...ဘယ်သူ့ကိုမှလည်း ကြောက်ဖို့မလိုဘူး အကုန်လုံးက ကလေးကိုပဲ ရှိန်ပြီးကြောက်နေရမှာ..ကလေးကို အန္တရယ် ရစေမဲ့အရာတွေကို ကိုကိုကာကွယ်ပေးမယ်... ကလေးနဲ့ ဘေ ဘီလေးက ကိုကိုရဲ့ ကမ္ဘာပါ..."
မဟော်ပြောလည်းပြော သူမရဲ့မပူသေးတဲ့ ဗိုက်ကလေးကို လက်နဲ့ အသာ ကိုင်လိုက်ကာ...
"ဘေ ဘီလေး...ဖေဖေပြောတာကြားလား..ဘေ ဘီလေးမေမေကို သတ္တိတွေပေးလိုက်ပါအုံး.."
မဟော်ပြောပြီး သူမနဖူးလေးကို နမ်းလိုက်ကာ...
"ကလေး..အခုရောကြောက်သေးလား..."
သူမေးလိုက်တော့ သူမလေးက မျက်နှာနီနီလေးနဲ့ ခေါင်းလေးခါပြလေသည်။
တကယ်ဆို ခေတ်မနက်ထည်းက မကောင်းတာ တစ်ခုခုဖြစ်တော့မှာကို ကြိုသိနေသလို စိတ်ထဲမှာထင့်နေမိသည်။ ကိုကို ကိုပြောပြရင်လည်း သူကနဂိုထည်းကမှ ခေတ်အပေါ်ဆို အရမ်းသည်းလွန်းနေတော့ အရမ်းစိုးရိန်မိမှာဆိုးလို့ ခေတ်မပြောတော့ပေ။ပြီးတော့ စိတ်ထဲက အာ့လိုထင်နေတာ ဖြစ်ချင်မှလည်းဖြစ်မှာပေါ့ ခေတ်အိပ်ရေးပျက်ပြီး စီတ်ထဲ ထင်နိုင်တာလည်းဖြစ်နိုင်သည်။
အာကာ သခင်လေးတို့ကိုကြည့်ပြီး ကြည်နှူးမိသည်။ သခင်လေးအနားမှာ သူနေလာတဲ့တစ်လျှောက် အခုလို နူးညံတဲ့ ပုံစံမျိုးတွေမတွေ့ဖူးပေ။အမြဲတမ်း မာကြောခက်ထမ်လာသမျှ မမလေးခေတ်နဲ့ တွေ့မှပဲ ပြောင်းလဲလာခဲ့သည်။ သခင်လေးကို အခုလိုတွေ့တော့ အာကာ အတိုင်းမသိဝမ်းသာမိပါသည်။
ကားလေးက လမ်းမအတိုင်းတရွေ့ရွေ့သွားနေပြီး မကြာမှီ မိတ်ဆက်ပွဲလုပ်မဲ့ မဟော် groupပိုင် ဟိုတယ်တစ်ခုထဲသို့ မောင်းဝင်လာခဲ့သည်။
မဟော်လည်းရောက်တော့ ကားပေါ်က အရင်ဆင်းလိုက်ချိန် သတင်းထောက်များဝိုင်အုံလာကာ...
" သခင်လေးမဟော်ရောင်နီရှင့်...မေးခွန်းလေးနည်းနည်းလောက်မေးလို့ရမလား..."
မဟော်ဘာမှမဖြေသေးဘဲ ကားအခန်းထဲက သူမလေးကို တံခါးဖွင့်ပေးပြီး လမ်းကမ်းလိုက်တော့ ကားထဲက ကြွေရုပ်လေးလို လှပနေသော သူမလေးက မဟော်ကို လက်ကလေးကမ်းပေးပြီး မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ထွက်လာတော့ သူသူမလေးရဲ့ လက်အေးအေးကလေးကို ဆုပ်ကိုင်ကာ...
"ရ ပါတယ်မေးပါ...ဒါပင်မဲ့ ကျွန်တော် ကို မေးခွန်း နှစ်ခုပဲ မေးပါ..."
မဟော်ဖြေမယ်လို့ပြောလိုက်တော့ သတင်းထောက်တွေ အံ့သြ သွားကား ဘေးမှ ကြွေရုပ်လေးလို လှနေသော သူမလေးကိုလည်း စိတ်ဝင်တစားကြည့်နေကြသည်။
"ဟုတ်ကဲ့ရှင့် သခင်လေးက လုပ်ငန်းတွေ ထပ်ပြီးတိုးချဲ့ဖို့ရှိပါသလားရှင့်..."
"ရှိပါတယ်..."
"နောက်မေးခွန်က သခင်လေးဘေးက မိန်းကလေးက သခင်လေးရဲ့ ဇနီးလားရှင့်..."
မဟော် သူတို့မေးမဲ့ မေးခွန်းကို သိပြီးသားပါ...သူတို့မင်္ဂလာပွဲတောက ဘယ်သတင်းထောက်မှ လက်မခံခဲ့တော့ သူမလေးကို မသိကြတာမစမ်းပါ...မဟော် အချစ်များပြည့်လျှံနေသော မျက်ဝန်းများနှင့် နတ်သမီးလေးလိုလှနေသော သူမလေးကို ကြည့်၍ ပခုံးလေးကိုဖတ်လိုက်ပြီး...
" ဟုတ်ပါတယ် သူမက ကျွန်တော်ရဲ့ ဇနီး ဒေါက်တာ စံခေတ်တော်ဝင်ပါ..."
မဟော်ပြောလည်းပြော သူမလေးကို ဖက်ကာ ဟောခန်းထဲ ဝင်လာလိုက်သည်။
အာကာလည်းသခင်လေးဘေးကနေ လိုက်လာကာ..
"တောင်းပန်ပါတယ် သခင်လေး ကျွန်တော်တို့ ပေါ့ဆမှုကြောင့် သတင်းထောက်တွေကို မတားလိုက်နိုင်ဘူး..."
"ရတယ်..ထားလိုက် အခုလိုကြတော့ ခေတ်ကိုသိသွားကြတာပေါ့..."
မဟော် မိတ်ဆက်ပွဲထဲရောက်တော့ အကုန်လုံးက မဟော်တို့ စုံတွဲကို အားကျလိုက်ဖက်သော အကြည့်တို့ဖြင့်ကြည့်ကြပြီး လုပ်ငန်းရှင်များကလည်း မဟော် နဲ့ လာမိတ်ဆက်ကာ စကားဖောင်ဖွဲ့ပြောကြသည်။
ထို့အချိန် လုပ်ငန်းရှင်တစ်ဦးက ရောက်လာပြီး...
"ကိုမဟော်တို့များ..လက်ထပ်ပွဲ ပြီးထဲက ဇနီလေးကို ဥထားလိုက်တာ အခုမှပဲ ပွဲထုပ်တော့တယ်..."
"မဟုတ်ပါဘူးဗျာ...ကျွန်တော်ဇနီးက အခုလိုပွဲတွေ သဘောသိပ်မကျတော့ မလိုက်ဖြစ်တာပါ..."
"သမီးရေ..သမီးခင်ပွန်းကို မလွတ်ထားနဲ့နော် သူအနောကိမှာ အလန်းလေးတွေ ဝိုင်းဝိုင်းကို လည်နေတာပဲနော်..ဟား..."
ခေတ်လည်း ထိုဦးလေးကြီးအပြောကြောင့် ပြုံးလိုက်မသည်။ ကိုကိုကိုဆို လုပ်ငန်းရှင်တိုင်းက အလှအယှက်လာနှုတ်ဆက်ကြတော့ ကိုကိုမှာ ခေတ်ကို စကားပြောဖို့တောင်မအားလှပေ..ကြာတော့ခေတ်လည်း ခေါင်းနောက်တောက်တောက်တောင်ဖြစ်လာသည်။
ကိုကိုက ခေတ်ကို မအားတာတောင် အရိပ်တကြည့်ကြည့် ကြည့်နေပြီး အာကာကို ခေတ်ရဲ့ဘေးမှာ ထားထားပေးသည်။
ထိုစဥ် ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်နဲ့ အနီးရောင်ဂေါင်ဝန်ကို sex ဆန်ဆန် လှပစွာဝတ်ဆင်လာသော မပျို့ကို ခေတ်တွေ့လိုက်သည်။ အကုန်လုံးကလည်း မပျို့စီကို အာရုံစိုက်သွားပြီး မပျို့ရဲ့ မျက်လုံးက လူကြီးတွေနဲ့ စကားပြောနေသော ကိုကိုစီကို ရောက်နေတာ ခေတ်တွေ့တော့ မျက်မှောင်ကြုတ်သွားမိသည်။
ပျိုရောက်နေတာကြာပါပြီ..အကုန်လုံးရဲ့ အာရုံကို ဖမ်းစားချင်လို့ တမင်နောက်ကျမှ ရောက်လာတာဖြစ်သည်။ ပျို့ထင်တဲ့အတိုင်း အကုန်လုံးရဲ့ မျက်လုံးတွေက ပျို့ရဲ့အလှကို အသိအမှတ်ပြုသော ပုံစံနဲ့ကြည့်နေကြတော့ ပျို့ပြုံးလိုက်ကာ အနောက်တိုင်းဝတ်ဆုံကို စမက်ကျစွာ ဝတ်ဆင်ထားသော မဟော်ထံကို တည့်တည့်မတ်မတ်လျှောက်သွားလိုက်သည်။
"မဟော်..."
မဟော်လည်း ပျို့အသံကြောင့် လှည့်လိုကိတော့...
"ပျို့ နင်နောက်ကျလိုက်တာ....."
မဟော်ရဲ့ အေးစက်စက်အမေးကြောင့် ပြုံးနေသော ပျို့အပြုံးတွေ ပျောက်ကွယ်သွားကာ...
"ဟုတ်တယ်..ငါလမ်းမှာ ကားပိတ်နေလို့..."
ပျို့ လိမ်လိုက်တော့ မဟော်က ယုံသွားပုံရကာ..
" အခုဒီပွဲမှာ နင့်ကို မိတ်ဆက်ပေးရမှာ ဒဇိုင်ဌာနရဲ့ မန်နေဂျာအနေနဲ့ ဘာပဲပြောပြော နောက်တစ်ခါ နင်က အကြီးအကဲ ဖြစ်တော့ အချိန်ကိုလေးစားပါ ကြားလား..."
"အေးပါ..."
မဟော်လည်း လုပ်ငန်းပါတနာတွေနဲ့ ပျို့ကို မိတ်ဆက်ပေးလိုက်လေသည်။ ပျို့မဟော် မိတ်ဆက်ပေးသော လူတွေကို မပြုံးချင်ပြုံးချင်နဲ့ ပြုံပြနေရတယ်။
မဟော်က ငါ့အလှအပမှာ ဘာမှမဖြစ်ဘူးလား..ပျို့ကိုမြင်တော့ ပုံမှန်အတိုင်းပဲ ဖြစ်နေကာ ပျို့အလှကို အံ့သြ သွားခြင်းလည်းမရှိ...ပျို လူတွေကို နှုတ်ဆက်နေရင်း မျက်လုံးဝေ့ကြည့်လိုက်တော့ ခေတ်ကို တွေ့ကာ ခေတ်က သူမဘေးက အာကာကို တစ်ခုခု ပြောပြီး အပြင်ဘက်ကို ထ ထွက်သွားတော့ ပျို့ မျက်လုံးကစားလိုက်ကာ ဦးထုပ်အနက်ရောင်ဆောင်းထားသော သူကို မျက်ရိပ်ပြလိုက်တော့ ထိုလူက ခေတ်အနောက်ကနေကလိုက်သွားတော့ ပျို ကောက်ကျစ်သုံးအပြုံးတို့ကို ပြုံးလိုက်မိသည်။
သူမကြိုတင် ကြံစည်ထားတဲ့အတိုင်း သူမပိုက်ဆံပေးခိုင်းထားသော ဝိတ်တာလေးက ပျို့တို့စီကို ဝိုင်ခွက်များလာပေးတော့ ပျိုမဟော်အတွက် ထိုကောင်လေးပေးသော ခွက်ကိုယူပြီး မဟော်ကိုပေးလိုက်သည်။
"မဟော်ရော့..နင့်အတွက်..''
" ကျေးဇူးပျို့..."
ခေတ်လည်းသူမ toilet. သွားတော့ အနောက်ကနေ တစ်ယောက်ယောက်လိုက်လာသလို ခံစားရတာကြောင့် အနောက်လှည့်ကြည့်မိတော့...ဘယ်သူမှမရှိ...
"ဘာလည်းဟ..ငါပဲ စိတ်ခြောက်ခြားနေတာလား..."
သူမပြောပြီး toilet ထဲဝင်လာပြီး လက်ဆေးလိုက်ကာ မှန်ထဲမှာ သူမပုံရိပ်လေးကို သူမပြန်ကြည့်နေတဲ့အချိန် ဦးထုပ်အမဲနဲ့ လူဝင်လာပြီးနောက်...ထိုဘလူက ခေတ်အနားတဖြည်းဖြည်းကပ်လာကာ....
''ရှင်..''
မဟော် ပျိုပေးလာသော ဝိုင်ခွက်ကိုယူပြီး နည်းနည်သောက်ကြည့်လိုက်သည်။အရသာလေးက မဆိုးပေ....မဟော် တစ်ခုခုကို သတိရသွားတော့ ကလေးရှိတဲ့ ဝိုင်းကို မျက်လုံးဝေ့ကြည့်လိုက်ချိန် ကလေးကို မတွေ့တာကြောင့် မဟော်စိုးရိမ်သွားကာ အာကာ့ကိုကြည့်လိုက်တော့လည်းမရှိတာကြောင့် သူ့လက်ထဲကဝိုင်ခွက်ကို ပျို့ကို ပေးထားခဲ့ပြီး..အကုန်လုံးကိုနှုတ်ဆက်ကာ....
" ခဏနော်..."
မဟော်ပြောပြီး hall ခန်းအပြင်ဘက်ကို ထွက်လာလိုက်တော့ အာကာကိုတွေ့ကာ..
" အာကာ..ခေတ်ရော...''
အာကာလည်း စိုးရိန်စွာမေးနေသောသခင်လေးကြောင့်...
"မမလေးခေတ်က သန့်စင်ခန်းခဏသွားချင်လို့ဆိုပြီး သွားတယ် သခင်လေး..ပြန်မရောက်သေးဘူးလား..."
မဟော် အာကာအမေးကို မဖြေတော့ဘဲ သန့်စင်ခန်းရှိတဲ့ ဘက်ကို ပြေးသွားလိုက်တော့သည်။
ပျို ကို ဝိုင်ခွက်ပေးကားထွက်သွားသော မဟော်ကြောင့် ပျိုမကျေမနပ်ကျန်နေခဲ့သည်။ ဝိုင်ကိုလည်း ကုန်အောင်မသောက်သွားဘူး ဒါပင်မဲ့ နည်းနည်းတော့ သောက်မိသွားတော့ ဆေးရဲ့ အာနိသင်က ပြတော့ပြလိမ့်မည်။
သူမအခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်..ဒါကြောင့် လိုက်သွားရန်ပြင်လိုက်တော့
သူမ phထဲကို ဝင်လာသော Message ကြောင့် မျက်မှောင်ကုတ်သွားကာ..ကြည့်လိုက်ပြီး..တောက်ခေါက်လိုက်ကာ..မဟော်အနောက်ကို လိုက်လာခဲ့လိုက်သည်။
ခေတ် toilet ထဲ ဝင်လာတဲ့ လူစိမ်းကြောင့် ဘေးက လက်သန့်ဆေးရေ ဖျန်းတဲ့ ဟာနဲ့ဖျန်းလိုက်ပြီး ထိုလူကို တွန်းကာ ထွက်ပြေးတော့ ထိုလူက ပွဲကိုပြန်သွားမဲ့ လမ်မှာ ပိတ်ရပ်သွားသလိုဖြစ်နေတာကြောင့် သူမ သန့်စင်ခန်းအနောက်ဘက်က အပေါက်ကနေ ထွက်ပြေးလာခဲ့သည်။
သူမ အပြင်ဘက်ရောက်တော့ စည်ပိုင်းကြီးတွေထားတဲ့ အနားရောက်လာကာ စည်ကြီးတစ်ခုအထဲ ဝင်ပုန်းနေလိုက်မိသည်။ထိူလူ က စည်ကြီးတွေအနားရောက်လာကာ ခေတ်ကို ရှာနေပုံရသည်။ ခေတ် စည်အပေါက်လေးကနေ ကြည့်လိုက်တော့ ထိုလူရဲ့ လက်ထဲမှာ အရောင်တဝင်းဝင်းနဲ့ ဓားတစ်လက်ကိုတွေ့တော့ ခေတ်အရမ်းကြောက်သွားမိသည်။
ခေတ်သူမရဲ့ ဗိုက်ကလေးကို ကိုင်ပြီး ဘေ ဘီလေးရေ မေမေတို့သေရတော့မှာလား..ခေတ်လက်ကလေးတုန်နေကာ..ချွေးစေးတွေပြန်လာပြီး အရမ်းကြောက်နေမိတော့သည်။ ဘေ ဘီလေးရေ မေမေတောင်းပန်ပါတယ်...ဘေ ဘီလေးကို မေမေ မကယ်တင်နိုင်တော့ဘူးထင်ပါတယ်...ခေတ်ဗိုက်ကလေးကို ကိုင်ကာပြောပြီး မျက်ရည်များစီးကျလာပြန်သည်။
ထိုအချိန် ခေတ်ကိုကို ကိုအားကိုးတကြီးတမ်စတမိသည်။ ကိုကိုရယ် ခေတ်နဲ့ ကလေးလေးကို ကယ်ပါနော် ခေတ်မျက်ရည်တွေကျကာ ကြောက်နေမိချိန် ထိုလူကလည်း ခေတ်ပုန်းနေတဲ့ စည်ကြီးအနားရောက်လာကာ ခေတ်ကို ဖမ်းမိတော့မယ်လို့ ခေတ်ထင်တဲ့အချိန်..
ထိုလူphဝင်လာပြီး..
" hello.."
"ဟိတ်ကောင် မင်းကိစ္စပြီးပြီလား.."
"အေးပြီးပြီ.."
"ဟာ ငါဒီမှာ ဟိုကောင်မလေးပျောက်သွားလို့..တော်ကြာမပျို့က ငါတို့ကိုပြောနေအုံးမယ်.."
"အာ့ဒါဆိုရှာမနေနဲ့ အခုအာ့ကောင်မလေး ကားမောင်းပြီးထွက်ပြေးတာ ငါမြင်လိုက်တယ်.."
"ဟာ သေချာလို့လားကွ.."
" သေချာတယ်ကွ...ငါမျက်လုံးနဲ့မြင်လိုက်တာ... ငါလည်းအစက လိုက်မလို့ဘဲ သူစီးသွားတဲ့ကားက ကားဟိုလူကားဆိုပြီး ပရိတ်ဖြတ်လိူက်တဲ့ကား..အာ့ဒါကြောင့်မလိုက်တော့တာ သေမှာပဲကို...".
" ဒါဆိုမင်း ဟိုလူကားကို ဘရိတ်မဖြတ်ဘိုက်ဘူးလား....''
"ဖြတ်လိုက်တာပေါ့ကွ... နှစ်စီးစလုံ.."
"ပြီးရော အာ့ဒါဆို မင်းဟိုလူကိူ message ပို့လိုက်တော့... "
" အခုပဲ ပို့ပြီးပြီ..."
"နေအုံး မပျိုက ဟိုလူကို မသတ်ခိုင်ဘူးနော်..မိန်းကလေးကိုဘဲသတ်ခိုင်းတာ..."
" ဟာမသိဘူးကွာ..ငါကနှစ်ယောက်လုံးမှတ်လို့.."
" ကိစ္စတွေက သေချာပိရိမှ ဖြစ်မှာနော်...ငါတို့အခု လုပ်ကြံတဲ့သူတွေက နယ်နယ်ရရလူတွေမဟုတ်ဘူး..."
" ငါသိပါတယ်ကွာ..."
"အေးကွာ အာ့ဒါဆိုငါလာပြီ.."
ထိုလူတွေ ပြောနေတဲ့ အကြောင်းအရာတွေကို ခေတ်အတိုင်းသားကြားနေရသည်။ မပျိုနာမည်ကြားတော့ ခေတ်မယုံကြည်နိုင်ခြင်းတွေဖြစ်ရကာ ဒီလောက်အကြံပတ်စက်မယ်လို့လည်းမထင်ခဲ့ပေ။ ခေတ်နှုတ်ခမ်းလေးကိုက်ကာ မျက်ရည်တွေကျနေမိတော့သည်။
" နေပါအုံးသူတို့ပြောသွားတာ ဘာကိုကိုကို ဘာဖြစ်တယ်.."
ခေတ်တစ်ခုခုကို တွေးမိသွားကာ..
"ဟင့်အင်း ဟင့်အင်း ကိုကို ဘာမှမဖြစ်ရဘူး...ကိုကို တစ်ခုခုဖြစ်ရင် ခေတ်သေလိမ့်မယ်..."
ခေတ်အရူးမလေးသဖွယ် မျက်ရည်တွေကျပြီး အပြင်ကို ပြေးထွက်လာခဲ့သည်။
မဟော်သူမလေးကို စိုးရိမ်စွာ သန့်စင်ခန်းရှေ့တွင် အော်ခေါ်လိုက်တော့ ပြန်မထူးတာကြောင့် အထဲဝင်ကာ တံခါးတွေဖွင့်ကြည့်လိုက်တော့ ဘယ်သူမ မရှိပေ..မဟော် စိုးရိမ်အားကြီးပြီး စိတ်တွေအရမ်းရူပ်ထွေးကာ ခါးထောက်ပြီး ဆံပင်ကို တစ်ချပ်သပ်လိုက်ချိန်
Ph message ဝင်လာတာကြောင့် ကြည့်လိုက်တော့ မျက်နှာမှာ ချက်ချင်းခက်ထန်အေးစက်သွားကာ..
"ဘယ်သူက ငါ့ကလေးကို ထိရတာလည်း..မင်းလွတ်အောင်တာပြေးတော့..."
မဟော်ချက်ချင်းပြန်ထွက်လာပြီး ကားပါကင်ကို ခြေဦးတည်လိုက်ချိန် ပျို့နဲ့ ဝင်တိုက်မိပြီး
''မဟော် နင်ဘယ်တွေသွား ငါလိုက်ရှာနေတာ..."
" ပျို ခေတ် ဘရိတ်မမိတဲ့ကားကို မောင်းသွားတယ်တဲ့.. အာ့ဒါကြောင့် ငါလိုက်ရမယ်..."
မဟော်အပြောကြောင့် ပျို့မျက်နှာကျေနပ်သော အပြုံးတို့ဖြစ်သွားပြီး ချက်ချင် စိတ်မကောင်းထိန့်လန့်ဟန် ပြောင်းလိုက်ကာ...
"ဘာ...ခေတ်က.. အာ့ဒါဆို အမြန်လိုက်မှပေါ့..."
"အေး..."
မဟော်ပြောလည်းပြော ပျို့ ကိုရှောင်ကာ ကားပါကင်ထဲ ဝင်လာလိုက်သည်။
"မဟော်..မဟော်..."
ပျို့အနောက်ကနေ လိုက်ပြီးအော်ခေါ်သော်လည်း မဟော်ရဲ့ကားက ထွက်သွားပြီဖြစ်သည်။ထိုအချိန် Message ဝင်လာတာကြောင့် ကြည့်လိုက်တော့ ဟိုလူတွေစီက ဖြစ်ကာ ဖက်ကြည့်လိုက်တော့ သူမ မျက်မှောင်ကုတ်သွားပြီး..phမှာ သမံသလင်းပေါ်ကို လွတ်ကျသွားတော့သည်။ပျို မကျ်ရည်တွေကျလာကာ...
"ဟင်..မဖြစ်ဘူး...မဟုတ်ဘူး..မဟော်...ငါ..ငါအာ့လိုဖြစ်စေချင်တာမဟုတ်ဘူး..."
ပျို ပြောလည်းပြော သူ့မရဲ့ ကားစီသို့ပြေးကား မောင်းထွက်လာပြီး မဟော်ရဲ့ အနောက်ကို လိုက်လာလိုက်သည်။ ပျိုကားမောင်းနေရင်း လက်တွေတုန်ကာ သူမအမှားတွေကို တွေးကာ မျက်ရည်တွေကျနေမိသည်။
''မဟော် နင်...နင်ဘာမှမဖြစ်ရဘူး..ငါနင့်ကို ဘာမှမဖြစ်စေချင်ဘူး ဘာမှမဖြစ်ရဘူး...ဟီးးဟီးးး"
ပျို့အရူးမလေး တစ်ယောက်သဖွယ် ငိုနေမိပြီး မဟော်အနောက်ကို အမှီရောက်ရန် ကားကို အရှိန်တင်လိုက်တော့သည်။
ခေတ်လည်း ကိုကို ကိုအရမ်းစိုးရိမ်သွားတာကြောင့် မိတ်ဆုံစားပွဲထဲသို့ ပြန်လာတော့ အာကာကိုပဲတွေ့ကာ အာ့ကာအနားပြေးသွားလိုက်ပြီး...
"ကိုအာကာ.."
ခေတ်ခေါ်လိုက်တော့ အာကာကလည်း ခေတ်ကို စိုးရိန်တကြီးကြည့်ကာ...
" ဟာမမလေး ခေတ် မမလေးကို သခင်လေးရှာနေတာ..ဘယ်တွေသွားနေတာလည်..."
ခေတ်လည်းဖြစ်တဲ့အကြောင်းကို ပြောပြလိုက်တော့ အာ့ကာမျက်နှာပျက်သွားကာ...တောက်ယုတ်မာလိုက်တာ..မပျိုကိုအာ့ဒိလောက်ထိ လုပ်မယ်လို့မထင်ထားဘူး...
"ဒါဆို သခင်လေးကို phဆက်ကြည့်ရမယ်..." အာကာ phထုပ်ပြီး ဆက်လိုက်တော့
မဟော် ကလေးကို စိုးရိန်စွား ဘာမှ မသိတော့ဘဲ ကားကို တရှိန်ထိုးမောင်းလာသည်။ဟိုလူပို့လိုက်သော message ကြောင့် ကလေး ဘရိတ်မမိသော ကားကို မောင်းသွားတယ်ဆိုတာကြောင့် ခေါင်းတွေကြီးတက်သွားကာ မျက်နှာ မှာ စိတ်တို ဒေါသထွက်မှုကြောင့် နီရဲနေပြီ လက်အကြောတွေတောင် ထောင်နေမိသည်။
ငါ့ကလေးကို ထိတဲ့ လူ သေမင်းကို သွားရမယ် အံကြိုတ်သံနှင့်ပြောလိုက် ကလေးphကို ခေါ်မယ်လုပ်တော့ သူမလေး phမယူလာတာ သတိရမိသွားသည်။
"ဟာ..ကျစ်.."
မဟော် ကားစတီယာကို လက်နဲ့ ထုလိုက်ပြီး လမ်းမကြီးအပေါ် ကလေးစီးသွားတဲ့ကားများတွေ့မလားဆိုပြီး ကြည့်ကာမောင်းလာလိုက်သည်။ထိုအချိန် phလာတာကြောင့် ကြည့်လိုက်တော့ အာကာစီကဖြစ်ကာ..
"Hello..."
"သခင်းလေး..မမလေးက ပွဲမှာပဲရှိတယ်... အခုကျွန်တော့်ဘေးမှာ...ပြီးတော့.."
"ဘာ..ကလေး..ကလေးက အာ့မှာလား..."
"Ok,ကောင်းပြီး ငါပြန်လှည့်ခဲ့မယ်...."
အာကာက ခေတ်က ပွဲမှာရှိတာ သူ့ဘေးမှာလို့ပြောတာကြောင့် စိတ်အေးသွားရပြီး စိတ်လှုပ်ရှားစွာ အမြန်မောင်းနေသော ကားကို ခဏရပ်ရန် ဘရိတ်ကို နင်းလိုက်ချိန် ဘရိတ်က နင်းမရတာကြောင့် မဟော်လန့်သွားကာ ဘေးကိုကြည့်လိုက်တော့..ပျို့က သူ့ကို ဘာတွေ လှမ်းအော်နေလည်းမသိ... မဟော်ကားအသံတွေကြောင့် ဘာမှမကြားရပေ...တိုက်ဆိုင်စွာ ခေါင်းကလည်း ထိုးကိုက်လာပြီး ထိုအချိန် ကုန်တင်ကားတစ်စီးက ဖြတ်ဝင်လာကာ မဟော်ရဲ့ ကားတည့်တည့်ကို ရောက်လာချိန် မဟော် မျက်လုံးစုံမှိတ်ပြီးကာကို လမ်းဘေးဆွဲချလိုက်တော့ ပျို့ရဲ့ကားက မဟော်ရဲ့ ကားအစားဝင်ခံသွားတော့သည်။
မဟော်လမ်းဘေးက ဓာတ်တိုင်ကို တိုက်မိပြီး သတိရတစ်ချက်မရတစ်ချက်ဖြစ်သွားရင်း. ..ကားအပြင်ဘက်ကို ခဲရာခဲဆစ် ထွက်လာနိုင်ခဲ့သည်။ ခေါင်းမှာလည်း သွေးတွေ စီးကျလာတာကို သူဂရုမမူနိုင်..သူအခုအချိန်မှာ ပျို့ရှိရာကို သွားဖို့သာ စိတ်စောနေမိသည်။မဟော် မတပ်ကို မရမကရပ်လိုက်ပြီး သူရဲ့ကားဘေးက ပျို့ရဲ့ကားကို ကြည့်လိုက်ချိန်
ရုပ်လုံးတောင်မပေါ်တော့သော ပျို့ရဲ့ကားလေးကာ ကြေမွ နေပြီး... ပျိုက ကားအပြင်ဘက်မှာ လွင်စင်နေပြီး သွေးအိုင်ထဲတွင်လဲနေကာ မြင်တော့ မဟော်ရှိသမျှအားနဲ့ အလန့်တကြားအော်ခေါ်လိုက်ကာ ထိုနေရာမှာပဲ လဲကျသွားတော့သည်။
"ပျို့....."
ပျို ပါးစပ်ထဲကနေ သွေးတွေအံထွက်လာပြီး ကားအောက်တွင် လှဲနေချိန် မဟော်ကားအပြင်ဘက်ကို ယိုင်တိယိုင်တိုင် ဆင်းလာကာ..ပျို့ကို လက်ကလေးလှမ်းပြီး အော်ခေါ်နေတာ ပျို့တွေ့ပါသည်။
ပျို့ မဟော်ခေါ်တာကို ထူးချင်ပါသေးသည်။ ဒါပင်မဲ့ ပျိုတစ်ကိုယ်လုံးလှုပ်မရတော့ အသက်ကိုတောင်ခက်ခက်ခဲခဲရူနေရသည်။ ပျို့ကျေနပ်သည်။မဟော်ဘာမှမဖြစ်တာဘဲ ပျိုကျေနပ်မိသည်။မဟော်တစ်ခုခုဖြစ်သွားရင် ပျို့ကိုပျို တစ်သက်လုံးအပစ်တင်လို့ ဆုံးမှာမဟုတ်။ အခု မဟော်ဘာမှမဖြစ်တာပဲ ပျိုဝမ်းသာလှသည်။
မဟော်ရဲ့ သံယောဇဉ်က ပျိုအပေါ်ညီမလေးတစ်ယောက်ထပ် မပိုနိုင်တာကိုလည်း ပျိုနားလည်သွားပါပြီ။သူ 1500 အချစ်နဲ့ ချစ်တာက စံခေတ်တော်ဝင်ဖြစ်နေတော့ ပျို့ ပြုံးလိုက်မိသသည်။ ထိုပြုံးလိုက်တဲ့ အပြုံးက ဖြူစင်သော အပြုံး ပျို့လုပ်ခဲ့တဲ့အရာတွေကြောင့် နောင်တရသော အပြုံးဖြစ်သည်။ ဟုတ်တယ် ပျိုနောင်တရမိသည်။ အခုတော့ အရာအားလုံးကို နားလည်မိတဲ့ချိန်မှာက လွန်ကုန်ပြီဖြစ်သည်။ ပျို့သိလိုက်ရတာက အချစ်ဆိုတဲ့အရာက အတင်းအကျက်လုပ်ယူလို့မရတဲ့ အရာတစ်ခုဖြစ်နေတာကိုပေါ့....
မဟော် ခေတ်အပေါ် ဘယ်လောက်ချစ်လည်းဆိုတာကို ပျိုမြင်လိုက်ရပါပြီ။ နောင်ဘဝဆိုတာရှိ
ခဲ့ရင် မဟော် နင်နဲ့ ခေတ်ကို ငါတောင်းပန်ချင်ပါသေးတယ်...ငါအပြစ်တွေက တောင်းပန်လည်း မကျေနိုင်တာကို သိပင်မဲ့ ငါနင်တို့ကျေနပ်တဲ့အထိ တောင်းပန်ချင်ပါသေးတယ်... ပြီးတော့ မကောင်းတဲ့ ငါ့ကို စိတ်ရင်းအမှန်နဲ့ မိသားစုဝင်တစ်ယောက်လို ပြုစုပျိုးထောင်ပေးခဲ့တာကိုလည်း ငါဝမ်းသာမိပါတယ်။ အခုအချိန်မှာ ငါသေမယ်ဆိုရင်တောင် သေပျော်ပါပြီဟာ... ပျို့မျက်ရည်တွေကျကာ...စိတ်ထဲကနေပြောပြီး ပါးစပ်ကနေ သွေးများအံလာကာ မျက်လုံးမိတ်သွားပြီး ပျို လူ့လောက ကြီးကို အပြီးအပိုင်နှုတ်ဆက်သွားပါတော့သည်။
ဆက်ရန်...
စားရေးသူ - လွမ်းခြင်း