မနက်ရောက်တော့ ခေတ်ကိုကိုအတွက် အဝတ်အစားထုပ်ပေးနေချိန် ကိုကိုက ရေချိုးခန်းထဲက ထွက်လာပြီး...
"ကလေး ကလေးအတွက် ညနေကြရင် ဝတ်စုံ အာကာလာပို့ပေးလိမ့်မယ်..အလှပြင်သမားလည်း လာလိမ့်မယ်နော်..ပြင်ပြီး ကိုကို ကိုစောင့်နေသိလား...."
ခေတ်နဖူးလေးကို လာနမ်းကာပြောတော့ ခေတ်လည်း ပြုံးပြီး...
"ဟုတ်ကဲ့ ကိုကို.. ကိုကိုကရော ညနေရေမချိုးဘူးလား..."
"အဟင်း ကိုကိုက ရုံးမှာတစ်ခါထည်းချိုးလာမှာဗျ..."
" သြော် ဟုတ်ကဲ့ကိုကို ခေတ်အဆင့်ပြင်ပြီး စောင့်နေလိုက်ပါ့မယ်..."
" အဟွန်း ကိုကိုကလေးက လိမ်မာတယ်.."
မဟော်ပါးလေးကို ထပ်နမ်းလိုက်တော့ သူမက ဆူပုတ်ပုတ်လေးဖြစ်သွားကာ...
"ကိုကိုနော်...ရုံးသွားတော့..."
သူမ မကျေမနပ်လေးပြောတော့ သူသဘောကျရယ်လိုက်ကာ..
"ဟားးး ဟုတ်ပါပြီ..ဒါပင်မဲ့ ဘယ်လိုလုပ်ရမလည်း ကိုကိုက မိန်းမနားက ခွားချင်တာမဟုတ်ဘူး..."
"ကိုကိုနှာဘူး...."
သူမနှာခေါင်းလေးတွန့်ပြကာပြောတော့ ..
"အဟွန်း.. ကိုကိုက နှာဘူးမဟုတ်ပါဘူးကွာ..ချစ်တာ..ကိုကို ချစ်ပုံမျိုးနဲ့ဆို ကလေး ကလေးတွေအများကြီး ထပ်မွေးပေးရအုံးမှာ..ဟား..."
သူစလိုက်တော့ သူမလေးရဲ့ မျက်နှာလေးနီရဲသွားပြီး..
"ကိုကိုနော် လာမစနဲ့ တော့ အလုပ်သွားတော့..."
"ဟာဗျာ..အတင်းပဲအလုပ်သွားခိုင်းနေတယ်...ကိုကိုက သူဌေးပါ အလုပ်သမားမဟုတ်ဘူးနော်..."
"သူဌေးဟုတ်လို့ အလုပ်ကို အချိန်ထိကျစွာ သွားခိုင်းတာပေါ့ ကိုကိုက အချိန်ကိုလေးစားမှ ကိုကိုလက်အောက်က ဝန်ထမ်းတွေကပါ အချိန်လေးစားမှာပေါ့..."
စကားတွေတက်လွန်းသော သူမလေးကို သူအသည်းယားစွာ နှုတ်ခမ်းကိုက်ပြီးကြည့်လိုက်တော့ သူမလေးက သူ့အကြည့်ကိုသဘောပေါက်သွားစွာ...
"ခေတ်... ခေတ် ရေချိုးအုံးမယ်.."
ပြောပြီးရေချိုးခန်းထဲ ပြေးဝင်သွားတော့သည်။
မဟော်လည်း ရေချိုးခန်းထဲပြေးဝင်သွားတဲ့ကလေးကိုကြည့်ပြီး သဘောကျကာ...
" ဟာ ကလေး ဖြေဖြေ ချော်လဲမယ်...''
အနောက်ကနေ လှမ်းပြောပြီး အရှက်သည်းနေသော သူမလေးကိုထပ်စချင်တာကြောင့်..ရေချိုးခန်းတံခါးနားသွားကာ တံခါးကို ခေါက်လိုက်ပြီး..
" ကလေး မြန်မြန်ချိုး ကိုကို စောင့်နေတယ်..."
" ဟာ ကိုကို ရှင်နှာဘူးပဲ....."
"ဟားးး"
ရေချိုးခန်းထဲကနေ လှမ်းအော်တဲ့အသံလေးကြောင့် မဟော်သဘောကျကာရယ်လိုက်ပြီး..
" ကလေး ကိုကိုသွားတော့မယ်နော် အိမ်အောက်ထပ်ဆင်းတာလည်းဂရုစိုက်နော်..."
သူမလေးကို ပြောပြီး မဟော်လည်းနှုတ်ဆက်ကာ ထွက်လာလိုက်သည်။
ခေတ်ထွက်သွားသော သူ့အသံကြားမှ ရေချိုးခန်းထဲကနေ ထွက်လာကာ တော်တော်ဆိုးတဲ့ လူကြီး အဟွန်း...
💠💠💠💠💠💠💠💠💠💠💠
ပျို့ ဒီနေ့ ပွဲတက်ရမှာဟုတ်လို့ အလှဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်နေမိသည်။ ဒီပွဲရဲ့ အဓိက အရေးကြီးတဲ့သူက သူမမဟုတ်လား...။ ဒီပွဲမှာ သူမ မဟော့်ကို အပိုင်သိမ်းရမဲ့ပွဲ...မဟော်ရဲ့ မဟော်သီ ဖြစ်ရတော့မဲ့ပွဲ...သူမရင်တွေခုန်နေမိသည်။
သူမ အခုလိုလုပ်လို့ မဟော် စိတ်အရမ်းဆိုးနိုင်သည်။ ဒါပင်မဲ့ တစ်သက်လုံးတော့ သူမကို စိတ်ဆိုးနိုင်မှာမဟုတ်...သူမတို့က ငယ်ငယ်လေးထဲက အရမ်းသံယောဇဥ် ရှိကြတာ မဟုတ်လား....ထို့စဥ်သူမ အိမ်အကူအဒေါ်ကြီး တက်လာပြီး...
"မမလေးပျို့ မမလေးခေါ်ထားတဲ့ ဒဇိုင်နာဆိုတဲ့ လူတွေရောက်ပါပြီ..."
" ok, ဆင်းခဲ့မယ် အဒေါ်ကြီး သူတို့ကို ဧည့်ခံထားလိုက်ပါ..."
သူမပြောပြီး သူမရဲ့ ခန္ဓာကိုယ် ကို မှန်ထဲတွင် တစ်ပတ်လဲ့လိုက်ပြီး ဘာမှပြောစရာမရှိအောင်လှပတဲ့ သူမအလှတရားများကို ကြည့်ကာ ကျေနပ်ပြုံးပြုံးလိုက်ပြီး ဧည့်သည်တွေကို တွေ့ဖို့အတွက် အောက်ထပ်ကို ဆင်းလာလိုက်သည်။
"မမလေး ပျို့မ င်္ဂလာပါရှင့်...မမလေးပျို့အတွက် အလှဆုံးချုပ်ထားတဲ့ ဝတ်ဆုံကို ဒီနေ့ စမ်းဝတ်ကြည့်ရပါ့မယ်..."
ဒဇိုင်နား ကောင်းဆောင်ဖြစ်သော လေဒီဆိုတဲ့ အမျိုးသမီးမကျ အမျိုးသားမကျသော လူကပြောတော့ ပျို့လည်းပြုံးလိုက်ကာ...
" Ok, ဝတ်ကြည့်တာပေါ့.... အလှဆုံးဟုတ်ပါတယ်နော် တို့က ဒီပွဲမှာ အားလုံးထက် ပိုထင်ရှာနေမှရမှာ ပြီးတော့ အလှဆုံးဖြစ်နေရမှာ..အဟင်း.."
ပျို့အပြောကြောင့် လေးဒီဆိုသော ဒဇိုင်နာက ...
"စိတ်ချပါ မမလေးပျို့..ဒီဝတ်စုံက မမလေးပျို့နဲ့လည်း လုံးဝလိုက်ဖက်မှုရှိပြီး..အလှဆုံးပါ..အားလုံးထဲမှာ ထင်းနေစေရမယ်...မမလေးရဲ့ အလှနဲ့ ဝတ်စုံရဲ့အလှနဲ့လပေါင်းဖက်လိုက်ရင် လုံးဝ perfect ဖြစ်သွားစေရမယ်...မမလေးက အခုတောင်ဘာမှ မပြင်မဆင်ပဲနဲ့တောင် လှပနေတာ ပြင်ပြီးသွားရင် ကျွန်မတို့တောင် မမလေးအလှကို မခန့်မှန်းနိုင်ပါဘူး အဟင်..."
လေဒီဆိုသော ထိုလူရဲ့အပြောကို ပျို့သဘောကျသွားကာ..
" Ok, မင်းကအရမ်းအပြောတက်တာပဲ..မင်းပြောသလို ဖြစ်လားမဖြစ်လားဆိုတာတော့ ဝတ်ကြည့်လိုက်ရင် သိမှာပေါ့..အဟင်း.."
" လုံးဝပြည့်စုံသွားရမယ် ဝတ်ကြည့်လိုက်ပါ့ရှင်..."
ပျို့လည်း ထိုအင်္ကျီပေါ်က အမဲရောင်ပိတ်စကြီးကို ပါလာသော ကောင်မလေးက ဖယ်လိုက်တော့ အံ့သြမင်သက်သွားတော့သည်။ wow..လှလိုက်တဲ့ ဝတ်စုံ အနီးရောင် ကို ရွှေမှုံလေးတွေ ကျဲထားသလိုမျိုး မီးရောင်အောက်တွင် လက်လက်ဖြစ်နေပြီး လက်ပြတ်လေးကို ရင်ဟိုက် sex ဆန်ဆန်လေးပြုလုပ်ထားပုံက အရမ်းအရိုင်းမဆန်စွာလှပနေသည်။
ပျို့သဘောအကျဆုံမှာ ဂါဝန်ရှည်လေးကို အောက်အနားစလေး ကို တစ်ဖက်ရှည်ထားပြီး ငွေးကြိုးလေးကို လက်နေအောင်တက်ထားပုံလေးက မဝတ်ကြည့်ဘဲနဲ့တောင် အလွန်လှပနေသည်။
လေဒီလည်း အံ့သြမင်သက်စွာ ဝတ်စုံကို ကြည့်နေသော မပျို့ကြောင့် ဂုဏ်ယူနေသော အပြုံးပြုံးလိုက်ကာ..
" ဘယ်လိုလည်း..မမလေးပျို့ ကြိုက်နှစ်သက်ရဲ့လား..ဟင်း..ဟင်း..."
" အို... ယူဝတ်စုံက ပြောတာထက်တောင် လှပနေပါလား..."
ပျို့အပြောကြောင့် လေဒီသဘောကျကာ...
" ဒါ မမလေးပျို့အတွက် အထူးစပါယ်ရှယ်လေ...သိတယ်မှတ်လား..လေဒီဆိုတာ နာမည်တစ်လုံးနဲ့နေလာတာ..."
"Ok, ကြိုက်သွားပြီ ဒီအတိုင်းဆို တို့ရဲ့ မူပိုင် ဒဇိုင်နာ က ယူဖြစ်တော့မယ်ထင်တယ်..တို့ကနောက်ပိုင်းဆို...ပွဲတွေက အမြဲတက်နေရတော့မှာ..တို့ရဲ့ပတနာက ကမ္ဘာကျော်ဆိုတော့လေ..."
လေဒီလည်း ဝမ်းသာသွားကာ....
" စိတ်ချပါ မမလေးပျို ကျွန်မက မမလေးအတွက် လုံးဝဆန်းပြားစေမဲ့ ဒဇိုင်းတွေ တီထွင်ပေးမှာပါ..အဟင်း.."
ပျို့လည်း လေဒီအပြောကြောင့် သဘောကျသွားကာ..
" Ok, ဒါဆို ဝတ်ကြည့်လိုက်တော့မယ်..."
လေဒီဆိုတဲ့ တစ်ယောက်နဲ့ သူအနောက်မှာ ပါလာတဲ့ မိန်းကလေးနှစ်ယောက်ကူညီဝတ်ပေးပြီးတော့ နံရံကပ်မှန်ကြီးပေါ်မှာ ပေါ်လာသော ပျိုသူမ ပုံရိပ်ကို ကြည့်ကာ ကျေနပ်နေမိတော့သည်။
သူမက မဟော်ရဲ့ဘမဟေသီဖြစ်ရင် ဒီလိုပွဲတွေကို အမြဲတမ်းတက်ရတော့မှာမဟုတ်လား..ပြီးတော့ မိန်းကလေးအများစုကလည်း ပျို့ကို အားကျနေကြမှာအမှန်..ကမ္ဘာမှာ ပျို့လောက်ကံကောင်းတဲ့ မိန်းမ ရှိပါအုံးမလား...ပျို့ မဟော်ရဲ့ တရားဝန် ဇနီမယားဖြစ်တော့မဲ့ အရေးကို ကြိုတွေးနေကာ ကျေနပ်နေမိတော့သည်။
"ဟယ် မမလေးပျို့ သေချာကြည့်ပါအုံး အရမ်းလှလိုက်တာ ပွဲလာတဲ့သူမှန်သမျှတော့မမလေးပျို့ အလှမှာ နစ်မျောကုန်မှာပဲ...."
ပျို့လည်းလေဒီအပြောကြောင့် မှန်ထဲတွင်ရှိနေသော သူမပုံရိပ်လေးကိုကြည့်ကာအကျေနပ်ကြီး ကျေနပ်နေမိတော့သည်။ဝတ်စုံလေးက ပျိူ့ရဲ့ ဘာမှ အပစ်ပြောစရာမလိုသော ခန္ဓာကိုယ် ကောက်ကြောင်းလေးပေါ်မှာ လှပ ချပ်ရပ်စွာ sexဆန်ဆန် နေရာယူထားလေသည်။
"မမလေးကြည့် မမလေး ဒါတောင်အလှမပြင်ရသေးဘူးနော် ပြင်ပြီးသွားရင် ကျွန်မတို့တော့ ရူးသွားလောက်တယ် အဟင်း..မမလေးရဲ့ ပတနာအစား ကျွန်မတို့ ရင်ခုန်လိုက်တာရှင်..အဟင်းး..."
"အဟွန်း ဟုတ်ပါပြီ အာ့လောက်လည်းမမြှောက်ပါနဲ့ တို့က ဒီဝတ်စုံကို မြင်ပြီးထည်းက ယူ့ကိုပဲ ပင်တိုင်ဒဇိုင်နာ အဖြစ် ရွေးချယ်ထားပြီးသားပါ..အဟင်း.."
ပျို့အပြောကြောင့် လေဒီနဲ့ ကောင်မလေးတွေလည်း ကျေနပ်သွားကြကာ
" ကျေးဇူးတင်ပါတယ် မမလေးပျို့ ကျွန်မတို့အကောင်းဆုံးကြိုးစားမှာပါ..."
" ok, အာ့ဒါဆို တို့ ဝတ်ဆုံပြန်ချွတ်တော့မယ်.. ခန္ဓာကိုယ်အသားအရေအတွက် တို့ပေါင်းတင်ဖို့ ပြင်လိုက်တော့နော်...တို့ခဏနေပြန်ဆင်းလယခဲ့မယ်.."
"ဟုတ်ကဲ့ မမလေးပျို့ အဆင်သင့်လုပ်ထားလိုက်ပါ.မယ်.."
ပျို့ခေါင်းငြိမ့်ပြပြီး ကျေနပ်သော အပြုံးတို့ဖြင့် လှပစ္စာအပေါ်တက်လာလိုက်တော့သည်။ ပျို့အခန်းထဲရောက်တော့ ဖော်ရွေသော အပြုံးတို့အစား အကောက်ကျစ်သော အပြုံးတို့က နေရာယူအစားထိုးဝင်လာကာ..တိုက်ဆိုင်စွာ ဝင်လာသော phနံပါတ်တစ်ခုကြောင့် အပြုံးတို့က ပိုပြီးအေးဆက်သွားကာ....
"အေးပြော.."
"Ok, ဘာအတိန်းအစောင်းမှ မခံနိုင်ဘူးနော်..သေချာစေ့စပ်အောင်လုပ်ထားပါ..."
"အဟင်း...မင်းအတွက် ဒီထပ်ပိုပေးမှာ သေချာတာပေါ့..see you.."
ပျို့ တစ်ဖက်ကလူပြောသော စကားများကြောင့် ကျေနပ်နေကာ အပြုံးတို့က ပိုပြီး အသက်ဝင်လာပြီး...ကို.. ဟုတ်တယ်သူမ မဟော့်ကို အာ့ဒိလိုခေါ်ချင်ခဲ့တာ..အခုတော့သူမ အာ့ဒိလို ခေါ်ဖို့ အခွင့်အရေး ရရှိလာတော့မယ်...ကို ကိုယ့်ကို လေ ပျို ပိုင်ဆိုင်ရတော့မယ်သိလား..အဟင်း...စံခေတ်တော်ဝင် မင်းလည်း အာ့နေရာကနေ ထွက်သွားရတော့မယ်သိလား...ဟားးးး... ကိုယ့်ကိုလေ ကျွန်မပိုင်ဆိုင်ရတော့မယ် သိလား...ဟားးးးး....ပျို ကျေနပ်စွာ အရူးတစ်ယောက်သဖွယ် ရယ်နေမိတော့သည်။
❤❤❤❤❤❤❤❤❤❤❤❤❤❤
ခေတ် ဒီနေ့ နေရတာ သိပ်မလန်းပေး...စိတ်ထဲလည်း တစ်ခုခုဖြစ်တော့မှာကို ကြိုသိနေသလိုမျိုး ခံစားနေရသည်။
"ဟာ..ငါဘာတွေစဥ်းစားနေပါလိမ့်... ..သိပ်အိပ်မပျော့တော့ လူက နုံးပြီး စိတ်ထဲ ထင်မိထင်ရာတွေ ထင်နေမိတာနေမှာပါ...''
ခေတ် မေချယ်ကို phဆက်အုံးမှပါ လက်ထပ်ပြီးထဲက တစ်ခါမှ မေချယ်စီမရောက်ဖြစ်တော့ အခုလောက်ဆို ခေတ်ကို မေချယ်စိတ်ဆိုးနေလောက်ပြီ.အဟင်း...ခေတ်လည်း မေ့ချယ်အကြောင်းတွေးမိတော့ ပြုံးလိုက်မိပြီး ph ခေါ်လိုက်တော့ တစ်ဖက်က ခဏနေတော့ phပြန်ဖြေလာကာ..
"Hello..မေချယ်လား..."
"ဟယ် သမီးခေတ်လေးလား.."
"ဟုတ်ကဲ့မေချယ်..."
"နေနိုင်လိုက်တာ သမီးရယ် မေချယ်ဘယ်လောက်လွမ်းနေလည်းသိရဲ့လား..."
မေ့ချယ်အပြောကြောင့် ခေတ်ပြုံးလိုက်မိကာ.....
"ခေတ်လည်း လွမ်းပါတယ် မေချယ်ရဲ့...ခေတ်လည်း အလုပ်ရူပ်နေတာနဲ့ မဆက်သွယ်ဖြစ်တာ. ..."
"ဘာပဲဖြစ်ဖြစ် မေချယ်ကိုတော့ အမြဲဆက်သွယ်ပါ ခေတ်လေးရယ်..."
"ဟုတ်ကဲ့ပါ..မေချယ်ရဲ့ ခေတ်အမြဲဆက်သွယ်ပါ့မယ်..."
"သမီးလေး အဆင်ပြေရဲ့လား.."
"ဟုတ်ပြေပါတယ်...ခေတ်မေချယ်ကို ပြောစရာရှိသေးတယ်..."
"ဘာများလည်းပြောပါအုံးတော်.."
"အဟင်း ခေတ်မှာ ရင်သွေးလေးရှိနေပြီသိလား..."
"ဟယ် ဒါဝမ်းသာစရာသတင်းပဲ... မမရိပ်တို့ရော သိပြီးပြီလားသမီး..."
"ခေတ်ပြောပြီပါပြီ..အခုမေချယ့်ကိုလှမ်းပြောတာ..."
"အာ့ဒါဆို မေချယ်တစ်ရက်ရက် သမီးစီလာအုံးမယ်..မောင်မဟော်ကရော သမီးကို ဂရုစိုက်ရဲ့လား..."
"ဂရုစိုက်ပါတယ်..မေချယ်...သူကပိုကိုပိုလွန်းတယ်...အဟင်..."
" ခေတ်လေးစီက အခုလိုကြားရတော့ မေချယ်ဝမ်းသာတာပဲ....မေချယ်နောက်ရပ်လာခဲ့မယ်နော်....သမီးလေးဂရုစိုက်နေအုံး..."
" ဟုတ်မေချယ်..ခေတ်ဂရုစိုက်ပါတယ်..မေချယ်နဲ့ ကယ်လေးလည်းကျန်းမာရေးဂရုစိုက်နော်...အာ့ဒါဆို ခေတ်phချလိုက်တော့မယ်နော်..."
"ကောင်းပြီ..သမီးခေတ်လေး..."
ခေတ်လည်းမေချယ်နဲ့ phပြောပြီး အချိန်ကြည့်လိုက်တော့ ၅နာရီ ထိုးနေပြီးဖြစ်ပြီး ပွဲက 7နာရီစမှာဆိုတော့ ခေတ်ပြင်ဆင်ရန် ရေချိုးလိုက်တော့သည်။ ရေချိုးပြီး အခန်းထဲကနေ ထွက်လာတော့...အပြင်ကနေတံခါးခေါက်သံကြောင့် ခေတ်သွားဖွင့်လိုက်တော့ အိမ်အကူကောင်မလေးဖြစ်နေကာ...
"မမလေးခေတ် အောက်ထပ်မှာ သခင်လေးလွတ်လိုက်တဲ့ အလှပြင်သမားနဲ့ အင်္ကျီ ဒဇိုင်နာတွေရောက်နေပါပြီ..."
"အွန်း အပေါ်ထပ်ကိုလွတ်လိုက်နော် ကြီးစိန်ကိူလည်း လိုက်လာဖို့ ပြောလိုက်နော်...."
"ဟုတ်ကဲ့ရှင့်..."
ကောင်မလေး အောက်ထပ်ဆင်းသွားတော့ ခေတ်လည်း နှာခေါင်းလေးတွန့်လိုက်ကာ အာ့လောက်ကြီးလိုလို့လား..ပိုကိုပိုတယ် အဟင်း...
"မမလေး ကျွန်မတို့ စပြင်ပါတော့မယ်..."
"ဟုတ်ကဲ့..."
ခေတ်ကို အလှပြင်ပေးတဲ့အမက သေချာပြင်ဆင်ပေးပြီးသွားတော့...
"ဟယ်မမလေး အရမ်းလှပြီး ချစ်စရာကောင်းလိုက်တာ...သခင်လေးက ဒါ့ကြောင့် သည်းသည်းလှုပ်နေတာနေမှာ...ဒါတောင်ဘဝတ် စုံမဝတ်ရသေးဘူးနော်...ကျွန်မပြင်လာတဲ့ တစ်လျှောက် သိပ်မပြင်ရဘဲ အရမ်းလှတဲ့သူက မမလေးပဲရှိသေးတယ်..."
ခေတ်လည်း ထိုအမအပြောကြောင့် မှန်ထဲက သူမပုံရိပ်လေးကို ပြန်ကြည့်မိတော့ အနောက်တိုင်းဆန်ဆန် နောက်ဖန်စီဆံထုံးလေးနဲ့ ခေတ်ရဲ့ မျက်နှာလေးက ရိုးရိုးရှင်းရှင်းလေး လှပနေပါသည်။
"မမလေး အာ့ဒါဆို သခင်လေးရောက်တော့မှာ ဟုတ်လို့ အဝတ်အစားလဲလိုက်ကြရအောင်..."
"ဟုတ်ကဲ့အမ...''
ခေတ်အဝတ်အစားလဲပြီလို့ မှန်ထဲက ပုံရိပ်လေးကို ကြည့်မိလိုက်တော့ အံ့သြမင်သက်သွားကာ မျက်ဝန်းပြူးပြူးလေးနဲ့ ကိုယ့်ကိုကို ပြန်ကြည့်နေမိသည်။ ဝတ်စုံလေးက အဖြူရောက်နှင့် ရွှေရောက်အဖျော့လေးကို ရိုးရိုးလေးဆက်ပြီး ချုပ်ထားသော ဂါဝန်လေးဖြစ်ပြီး ခေတ်နဲ့လိုက်ဖက်နေကာ ချစ်စရာအလွန်ကောင်းလှသည်။
ပြီးတော့ လှပသော လည်တိုင်လေးမှာ လည်ဆွဲကို စိန်အတုံးအမျှင်လေး တစ်ကုံးထည်းကိုး ရိုးရိုးရှင်းရှင်းလေးဝတ်ထားပုံက ကြည့်လိုက်တာနဲ့ ကျက်သရေရှိပြီး လှပလောက်ပါတယ်...
"ကြည့်ပါအုံး မမလေးက ချစ်ဖို့ကောင်းပြီး ကျက်သရေ အလွန်ရှိတာပဲ.."
" ကျေးဇူးပဲနော်..."
"မမလေးကလည်း မလိုပါဘူး ကျွန်မတို့က လှလို့လှတယ်ပြောတာပါ..."
ထိုအမအပြောကြောင့် ခေတ်ပြန်ပြုံးပြမိသည်။ပြီးတော့ ကြီးစိန်က ဘူးတစ်ဘူးကို ယူလာပြီး ခေတ်အရှေ့တွင် ဖွင့်လိုက်တော့ အဝတ်အစားလိုပဲ အဖြူနဲရွှေလေး ရောထားသော ဖိနပ်မနိမ့်မမြင့်လေးမှာ အလွန်ချစ်စရာကောင်းလှပြီး ခေတ်ရဲ့အာရုံကို ဆွဲဆောင်ထားတော့သည်။
ခေတ်ဖိနပ်လေးတွေကို အလွန်သဘောကျကာ စီးကြည့်လိုက်တော့ ခေတ်ရဲ့ ခြေထောက်သွယ်သွယ်ပြည့်ပြည့်လေးတွေနဲ့ အလွန်လိုက်ဖက်ပြီး ကြည့်ကောင်းနေတော့ ခေတ်ရယ်လိုက်မိသည်။ အဟင်း ဒါ ကိုကိုရဲ့ စိတ်ကူးပဲဖြစ်ရမယ်...အဟင်း....
ခဏနေတော့ ကားသံကြားတာကြောင့်...ကြီးစိန်က...
"ဟော သမီးခေတ်..သားမဟော်ပြန်လာပြီထင်တယ်..ကြီးစိန်သွားကြည့်လိုက်အုံးမယ်...''
ခေတ်ခေါင်းငြိမ့်ပြလိုက်တော့ ကြီးစိန်ထွက်သွားပြီး အလှပြင်ပေးတဲ့ အမတွေလည်း ပစ္စည်းများသိမ်းကာ အိမ်အောက်ထပ်ကို ဆင်းသွားကြတော့ ခေတ်တစ်ယောက်ပဲ အခန်းထဲတွင်ကျန်နေခဲ့ကာ ကိုကို လာခေါ်မှာကို စောင့်နေမိသည်။
ခဏကြာတာ့ကိုကိုက အမဲရောင် အနောက်တိုင်း ဝတ်ဆုံကိုဝတ်ထားပြီး ကြည့်ကောင်းခြင်းတွေက ကိုကို စီမှာများ စုပုံနေလားထင်လောက်ရအောင် ဘယ်လိုနေနေ ချောမောခန့်ညားနေသောကိုကိုရယ်ပါ...တည်တည်ငြိမိငြိမ်နဲ့ ခေတ်အရှေ့ကိုညလျှောက်လာပြီး...
"အရမ်းလှတာပဲ...ကိုကိုရဲ့ကလေးက..."
သူခေတ်ရဲ့ နားနားကို ကပ်ပြောတော့ ခေတ်ရှက်သွားကာ...
"ကိုကိုရောပဲ...အရမ်းကြည့်ကောင်းနေတာ..."
" အဟွန်း...ကိုကိုကလေးက ပိုချစ်ဖို့ကောင်းတာ.."
ခေတ်တစ်ကိုယ်လုံးကို စူးစိုက်ကြည့်ပြီး ပြောတော့ ခေတ် ပါးလေးတွေရဲပြီး ရှက်နေကာ ခေါင်းလေးငုံ့ထားလိုက်သည်။
မဟော်အရှက်သည်းစွာ ခေါင်းလေးငုံ့ထားသော ချစ်ဇနီးလေးရဲ့ မျက်နှာလေးကို အသာဆွဲမော့လိုက်တော့ သူမလေးက သူ့ကို မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ပြန်ကြည့်ကာ..
"ကိုကို ခေတ်အတွက်ဝတ်စုံတွေ ဖိနပ်တွေက ကိုကို ကိုယ်တိုင်စီစဥ်ထားတာလား..."
"ဘာလို့လည်း..ကလေးသဘောမကျလို့လား..."
ခေတ်အမြန်ခေါင်းလေးရမ်းပြကာ..
" မဟုတ်ပါဘူး...ခေတ်အရမ်းကြိုက်လို့..ဟီးး..."
မဟော်သူမလေးအပြောကြောင့် သဘောကျသွားကာ..သူမရဲ့ နဖူးလေးကို ငုံ့နမ်းလိုက်ပြီ..
"ကလေး အာ့လိုတွေမပြောပါနဲ့လား..."
"ဘာဖြစ်လို့လည်းဟင်..."
ခေတ်မျက်ဝန်းလေးဝိုင်းကာ သူ့ကို မေးလိုက်တော့...
" ကလေးက လှနေတော့ ကိုကို စိတ်မထိန်းနိုင်မှာဆိုးလို့..."
"အို..ကိုကိုကလည်း..."
သူမလေးပါးလေးတွေရဲကာ အရှက်သည်းနေတဲ့ပုံလေးက သူ့အတွက်တော့ ပိုပြီး ချစ်စရာကောင်းနေခဲ့သည်။
မဟော်သူမလေးကို အချစ်တွေပြည့်လျှံနေသော မျက်ဝန်းများနဲ့ ကြည့်ပြီး သူ့ကို မော်မော်လေးမော့ကြည့်နေသော သူမလေးရဲ့ မျက်နှာလေးစီသို့ သူ့ရဲ့ခေါင်းကတဖြည်းဖြည်းနိမ့်ကျသွားပြီး သူမလေးရဲ့ နှုတ်ခမ်းလေးကို ချိုချဥ်လုံးလေးလို စုပ်ယူနမ်းရှိုက်လိုက်တော့ သူမလေးက မျက်ဝန်းလေးများမှိတ်သွားကာ သူ့အနမ်းများကို ပြန်လည်တုပ်ပြန်လာသည်။ မဟော် သူမလေးက သူ့ရဲ့ အနမ်းတွေကို ပြန်တုပ်ပြန်လာသောကြောင့် ရင်ခုန်သံတွေပြောင်းဆန်ကုန်ကာ...သူမလေးရဲ့ နှုတ်ခမ်းအိအိလေးကို မလွတ်နိုင်တော့ဘဲ အချိန်တွေဘယ်လောက်ကြာသွားမှန်းမသိ နမ်းရှိုက်နေမိတော့သည်။
ပျို့ ဒီညပွဲအတွက် စိတ်လှုပ်ရှာနေမိသည်။ မကြာခင်အချိန်မှာ သူမ မဟော့်ကို ပိုင်ဆိုင်ရတော့မယ်ဆိုတဲ့ အသိက သူမကို ရင်ခုန်သံတွေ မြန်နေစေမိသည်။
ခေတ်ဆိုတဲ့ မိန်းမလည်း အာ့ဒိအချိန်ဆို လူ့လောကကြီးထဲမှာ ရှိတော့လောက်မှာမဟုတ်..မဟော်ကလည်း သူမရဲ့ လှည့်ကွက်ထဲကို ဝင်ပြီး သူမကို ငြင်းဆန်လို့ မရအောင် သူမ အစီအစဥ်တွေ သေချာ လုပ်ထားသည်။ သူမ ကောက်ကျစ်ရက်စက်သော အပြုံးတို့ဖြင့်ပြုံးကာ.....
ကျွန်မရဲ့ ကမ္ဘာထဲကနေ ကြိုဆိုပါတယ်....ကို....
ဆက်ရန်...
စားရေးသူ - လွမ်းခြင်း