ပျို့ သူမ ရုံးခန်းကနေ မဟော်ရှိတဲ့ ၆လွှာကို ဖိုင်တွဲလေးကိုင်ကာ တက်လာလိုက်သည်။ အဖြူရောင် ရှပ်လက်ရှည်နဲ့ အမည်းရောင် ဒူးလောက်စကပ်ကို ဒေါက်ဖိနပ်အမြင့်လေးနဲ့တွဲဝတ်ထားပုံက မြင်တဲ့သူငေးကြည့်လောက်အောင် ခေတ်ဆန်ဆန်လှပနေပါသည်။ ပျို့အတွင်းရေးမှူးမလေးကို..
"မဟော်ရှိလာ...."
"ဟုတ်ကဲ့ရှိပါတယ်မမ.....ဟို.."
အတွင်းရေးမှူးမလေးတောင် စကားဆုံးအောင်မပြောရသေး ပျိုမဟော်ရုံးခန်းထဲဝင်လာလိုက်သည်။
"မဟော် မောနင်း..."
"အင်းမောနင်း.."
မဟော် ရုံးခန်းထဲ တံခါးမခေါက်ပဲ ဝင်လာတဲ့သူက ပျို့ဆိုတာ ထင်ပြီးသားပါ။ ပျို့ကလွဲရင် သူ့ရုံးခန်းကို တံခါးမခေါက်ဘဲ ဘယ်သူမှ မဝင်ရဲကြပါ...
"မဟော်...မနက်ဖြန်ည Company မှာ Design မိတ်ဆက်ပွဲ ရှိတယ်နော် နင်ရော တက်မှာမဟုတ်လား...."
"အင်း ငါတက်မှာ ပြီးတော့ အခြား ဧည်သည်တွေရောဖိတ်ထားသေးတယ်လေ..."
"သြော်..ကောင်းတာပေါ့..ငါကဒီမှာ ပထမဆုံးတက်ရတာဆိုတော့ နည်းနည်းစိတ်လှုပ်ရှားနေတာ နင်ရှိလို့တော်သေးတာပါ..."
ပျို့အပြောကြောင့် မဟော်ပြုံးလိုက်ကာ..
"ပျို့ နင် ဘာကို စိတ်လှုပ်ရှားရတာလည်း ဒီလိုပွဲမျိုးမတက်ဖူးတာလည်းမဟုတ်ဘဲနဲ့ ပြီးတော့ ဒီပွဲမှာ နင့်ကိုလည်း မိတ်ဆက်ပေးရမယ်လေ..."
" aww ဘာပဲဖြစ်ဖြစ်လေ ဒီမှာ ပွဲတက်ရမှာ ပထမဆုံးဆိုတော့ နည်းနည်းစိတ်လှုပ်ရှာသတာပေါ့ဟ..."
"နင် ငါ့စီလာတာ အာ့ဒါမေးမလို့လား..."
ပျိုအာ့တော့မှ လက်ထဲက ဖိုင်တွဲကို ငုံ့ကြည့်ပြီး...
" ဒီမှာ အာ့နေ့တင်ပြမဲ့ ဖိုင်တွဲ အာ့ဒါနင်ကြိုက်ရဲ့လားလို့ လာပြတာ..."
မဟော် Computerနဲ့ အလုပ်ရူပ်နေရင်း ပျို့ကို မကြည့်ဘဲ..
"အွန်း ထားခဲ့ပျို..ငါဒါတွေပြီးရင် တစ်ချက်ကြည့်လိုက်မယ်..."
ပျို့မဟော်ရဲ့ စတိုင်ကျကျအလုပ်လုပ်နေပုံကိုကြည့်ကာ ငေးနေမိသည်။သည်ယောကျာ်းက ဘယ်လိုနေနေ စွဲဆောင်မှုကို ရှိနေတာပါ... မနက်ဖြန်ပွဲက သူမ သူ့ကို ပိုင်ဆိုင်ရမဲ့ပွဲပါ...အဟင်း...
"မဟော်.."
မဟော်ပျို့ခေါ်တော့ အလုပ်လုပ်နေရင်း မကြည့်ဘဲ ထူးကာ...
"အွန်းပြောလေ..."
"နင် စံခေတ်တော်ဝင်ကို အရမ်းချစ်တာပဲလား.."
ပျို့အမေးကြောင့် မဟော်ကွန်ပျူတာကို နှိပ်နေသော လက်ချောင်းလေးတွေရပ်သွားကာ...
"ထူးထူးဆန်းဆန်း ဘာလို့မေးတာလည်..."
"အဟင်း ငါသိချင်လို့ပါ...ပြီးတော့ စံခေတ်တော်ဝင်နဲ့ ငါနဲ့ကို ဘယ်သူ့ကို သံယောဇဉ် ပိုရှိလည်း..."
"ဟာ ပျို့ရာ..နင်ကလည်း ပေါက်ကရတွေလာမေးပြန်ပြီ..''
"ဖြေပါဟာ..ငါသိချင်လို့..."
"နင်ကနင် ခေတ်ကခေတ်လေ ဘာဆိုင်လို့လည်း...ပြီးတော့ ခေတ်က ငါ့ရဲ့ဇနီး နင်က ငါ့ရဲ့ ညီမလေးလေ...''
မဟော်ရဲ့ အဖြေကြောင့် ပျို့ဝမ်းနည်းသွားကာ ငါ့ကို ညီမလေးတဲ့လားမဟော်ရယ်..ငါနင့်ရဲ့ ညီမ မဖြစ်ချင်ဘူး..နင့်ရဲ့မဟေသီပဲ ဖြစ်ချင်တာ...ပြီးတော့ နင့်ကို ငါပိုင်ဆိုင်ချင်တယ်မဟော်...ငါ့ဘဝမှာ ငယ်ငယ်ထဲက နင့်ကိုပဲ အားကိုးပြီးနေလာခဲ့တာ...ငယ်ငယ်လေးထဲက ငါသတ်မှတ်ခဲ့တာ နင်က ငါ့ရဲ့အပိုင်ပဲ..အာ့ဒါ့ကြောင့် ငါပြန်ယူပါရစေ..နင်ငါ့ကိုမုန်းလည်း ငါခံနိုင်တယ်မဟော် နင့်ဘေးမှာနေရရင်ပြီးရော...နင့်ကို မောင်နှမ သံယောဇဉ် မထားနိုင်လို့ ငါ့ကို ခွင့်လွတ်ပါနော်...
"ဟဲ့ မိပျို ဘာတွေစဥ်းစားနေတာလည်း..."
မဟော်ခေါ်လိုက်မှ ပျို့လန့်သွားကာ မဟော်ရဲ့ ခန့်ညားချောမောနေသော မျက်နှာကို ကြည့်ပြီး...
"မဟော် ငါလေ...ငါအမှားတစ်ခုခုလုပ်မိရင် နင်ငါ့ကို ခွင့်လွတ်မှာလား...''
မဟော် တစ်ခုခုကို စဥ်းစားနေပြီးမှ...
" အဟင်း...အမှားဆိုတာ အမျိုးမျိုးရှိတယ်ပျို့..ခွင့်လွတ်လို့ရတဲ့ အမှားနဲ့ မခွင့်လွတ်သင့်တဲ့အမှာဆိုပြီးရှိတယ်...ငါလည်းအာ့အတိုင်းဘဲ ခွင့်လွတ်သင့်ရင် ခွင့်လွတ်ပေးမယ် မခွင့်လွတ်သင့်တဲ့ အမှားဆိုရင်တော့ မခွင့်လွတ်နိုင်ဘူး...ဒါနဲ့နေပါအုံး နင်ငါ့ကို ထူးထူးဆန်းဆန်းတွေပဲ လာမေးနေတယ် အဟွန်း...နင်ဘာအမှားလုပ်ထားလို့လည်း ပြောလေ......''
မဟော်မေးတော့ ပျိုလည်းမျက်နှာပျက်ယွင်းသွားပြီး ချက်ချင်းပြုံးပြလိုက်ကာ..
"အဟင်း..ငါက ဘာမှမလုပ်ပါဘူး...နင်က ငါ့ကို ညီမလေးလို ချစ်တာဆိုလို့ မေးကြည့်တာ...''
မဟော်ဆက်ပြောမလို့ ပြင်တော့ phလာတာကြောင့် ကြည့်လိုက်တော့ ကလေးစီက ဖြစ်နေတာကြောင့်....ပျို့ခဏနော်...မဟော်ပြောပြီး ပြတင်းပေါက်နားသွားကာ...
"Hello..ကလေးပြော..''
"ဟာ..လုပ်လုပ်ရှားရှားသိပ်မလုပ်နဲ့...ကြားလား...ကြီးစိန်ကို မိသားစုဆရာဝန်ခေါ်ခိုင်းလိုက်နော်ကလေး..."
"ဟာမရဘူး ခေါ်ခိုင်းလိုက်နော်..."
"ကိုကို ခဏ နေပြန်လာခဲ့မယ် ...ကလေးအခန်းထဲမှာပဲနေနော်...ကြားလား.."
"အွန်းအွန်း ကိုကို အာ့ဒါဆို အခုပဲ ပြန်ခဲ့မယ်နော်..."
"အွန်း...အာဘွား.."
ပျို့ မျက်မှောင်လေးကုတ်လိုက်ပြီး မဟော် phပြောနေတာကို နားစွင့်နေမိသည် ။ဘာအကြောင်းဖြစ်တာကြောင့် မဟော် ဒီလောက်သည်းနေရတာလည်း...ဟိုကဘာပြောလိုက်လို့ အစောကြီး အိမ်ပြန်မယ်ပြောနေရတာလည်း...အာ့လို ဂရုစိုက်မှုတွေက ငါ့အပိုင်တွေဖြစ်ရမှာ..သူစိုးရိမ်ကမှာက ငါ့ကိုပဲစိုးရိမ်ရမှာ..စံခေတ်တော်ဝင် နင်ထွက်သွားရဖို့ အချိန်တန်တော့မှာပါ..ပျိုနှုတ်ခမ်းလေးကိုက်ကာ မကျေမနပ် စိတ်ထဲကနေပြောလိုက်လေသည်။
ခဏနေတော့ မဟော် အလုပ်စားပွဲကို ပြန်ရောက်လာကာ...
"ပျို ငါပြန်တော့မယ်..အိမ်မှာ ခေတ် မူးလဲလို့တဲ့..."
ပျို့လည်းဟန်ဆောင်ပြုံးလိုက်ကာ..
" သြော်ဟုတ်လာ...ပြန်လေ...ပျို့ကိုလည်း ဂရုစိုက်လိုက်အုံးနော်..ရုံးဆင်းမှ ငါလိုက်လာမယ်နော်.."
"Ok ပျို့ "
မဟော်လည်းပျို့ကိုပြောပြီး သိမ်းစရာရှိတာသိမ်းပြီး အာ့ကာကို ကားထုတ်ခိုင်းလိုက်ကာ ပြန်ရန်ထွက်လာလိုက်သည်။
❤❤❤❤❤❤
ခေတ် phဆက်ပြီး မိနစ်နှစ်ဆယ်လောက်ကြာတော့ ခြံထဲတွင် ကားဝင်လာသံကြားလိုက်ရတော့..ခေတ်ပြုံးမိသည်..ကိုကိုပြန်လာပြီပဲ..ကားကိုဘယ်လိုမောင်းပြီး ပြန်လာလိုက်လည်းမသိဘူး.. အာ့ကိုကိုကလေး အကဲကို ပိုလွန်းတယ် အဟင်း....
"ဟာ ကလေး ဘယ်လိုနေသေးလည်း..."
မဟော် အခန်းထဲဝင်ဝင်လာချင်း ကုတင်ကိုမှီကာ ထိုင်နေသော ကလေးကြောင့် အမြန်အနားသွားကာ စိုးရိန်တကြီးမေးလိုက်တော့...သူမလေးက သူကိုပြုံးပြီကြည့်ကာ..ခေါင်းခါပြတော့ မဟော် မျက်ခုံးပင့်တက်သွားကာ...
" ဟာဗျာ..ဘာကို ခေါင်းခါပြတာလည်း...ကလေးရာ.."
မဟော်ပြောလည်းပြော ကလေးနှဗူးလေးကို စမ်းလိုက်တော့ သူမလေးက သူမနှဗူးပေါ်တင်ထားသော သူ့ရဲ့ လက်နှစ်ဖက်ကို သူမလက်ကလေးနဲ့ ဆွဲယူပြီးတော့ သူ့ကို အချစ်တွေပြည့်နေသော မျက်ဝန်းဝိုင်းဝိုင်းလေးများနဲ့ ကြည့်ကာ..
"ကိုကို ခေတ်ကိုလေ အရမ်းချစ်တာပဲလား.."
"ဟာဗျာ ဘယ်လိုမေးလိုက်တာလည်း ချစ်လိုက်တာကိုမှ တုန်နေတာပဲ ထားစရာတောင်မရှိဘူး..."
သူအာ့လိုပြောတော့ သူမလေးက ရယ်ပြီး မျက်ရည်တွေကျလာတော့...မဟော် လန့်သွားပြီး ခေါင်ကြီးသွားကာ...
" ဟာ ကလေး ဘာလိုငိုတာလည်း..ကိုကိုစကားပြောတာမှားသွားလို့လား...ဘယ်နားနာလို့လည်း..."
သူမှာ လက်တကားကားနဲ့ သူမလေးကို မျက်ရည်သုတ်ပေးရမလို ဖတ်ပဲဖက်ထားရတော့မလို မဟော်တစ်ယောက်ထည်းအလုပ်တွေ ရှုပ်နေစဥ် သူမလေးက
"ကိုကို ခေတ်ကို ဘေဘီလေးတွေရလာရင် ခေတ်ထက် ဘေဘီလေးတွေကို ပိုမချစ်ရဘူးနော်..."
မျက်ရည်လေးတွေကျကာပြောနေသော သူ့ကလေးကြောင် မဟော် ပါးစပ်အဟောင်းသားဖြစ်သွားကာ ရယ်ရမလို ငိုရမလိုဖြစ်သွားပြီးမှ...
" ကလေးရာ ကိုကိုက ကလေးကို ဒီလောက်ချစ်တာ ဘေဘီလေးတွေရလာရင်လည်း ကလေးကို ပိုချစ်မှာဟုတ်ပြီလား..နေပါအုံး ဘေဘီလေး ဆိုတော့...''
မဟော် အံသြစွာ မေးလိုက်တော့ သူမလေးက သူ့ရင်ခွင်ထဲ ဝင်တိုးလာကာ သူ့ခါးကို ဖက်ထားပြီး ရင်ခွင်ထဲကနေ ခေါင်းငြိမ့်ပြကာ သူမမျက်နှာလေးနဲ့ သူရင်ဘက်ကိုကပ်ထားသည်။
"ဟာ ကလေး တကယ်..တကယ်ပြောတာလား..ကိုကို ကိုကြည့်စမ်းပါဗျာ..."
မဟော်ပြောလည်းပြော သူ့ရင်ခွင်ထဲကို ခွေးပေါက်လေးလို တိုးဝင်နေပြီး သူ့ရက်ဘက်မှာ မျက်နှာအပ်ထားသော ချစ်ဇနီးလေးရဲ့ မျက်နှာလေးကို အသာ ဆွဲမော့လိုက်ပြီး..
"ကလေး တကယ်လားလို့..."
သူမလေးက ရှက်လို့ထင်သည် မျက်နှာလေးမှာ စတော်ဘယ်ရီသီးလေးလို ကိုက်ချင်စရာကောင်းအောင် ရဲနေကာ သူ့ကို ခေါင်းငြိမ်းပြတော့..မဟော် ပြောမပြတက်လောက်အောင်ပျော်ရွှင်ရပါသည်။
" ဝမ်းသာလိုက်တာ ကလေးရယ်.. ဒါက ရှက်စရာမဟုတ်ပါဘူးကွာ..ဂုဏ်ယူရမှာ..ကလေးကို ကိုကို ကျေးဇူးတင်ပါတယ်နော်...ကိုကို ကိုရင်သွေးလေး လက်ဆောင်ပေးလို့ ကိုကိုလေ ဘေဘီလေးကို ဘယ်လောက်မျှော်လင့်နေတယ်ဆိုတာ ကလေးသိရဲ့လား..ကိုကို ကျေးဇူးတင်ပါတယ်..ကိုကိုကလေးကိုလည်း အရမ်းချစ်တယ်..."
ပြောလည်းပြော ခေတ်နဖူးလေးကို လာနမ်းတော့ ခေတ်မျက်လုံးလေးမိတ်ပြီး သူ့အနမ်းကို ခံယူနေမိသည်။
သူစီက ဒီလိုကြားရမှာကို ထင်သော်လည်း လက်တွေ အခုလို ကြားလိုက်ရတော့ ခေတ်ဘေဘီလေးအတွက် ပြောမပြတက်အောက် ဝမ်းသာပါသည်။ သူ့ကို ရင်သွေးလေး လွယ်ပေးနိုင်လို့ ခေတ်အရမ်းပျော်ရွှင်မိသည်။
"ကိုကို ဘေဘီလေးကို ဘာလေးလိုချင်လည်းဟင်..."
သူမက သူ့ရင်ခွင်ထဲကနေ ချစ်စရာကောင်းလောက်အောင် မျက်လုံးဝိုင်းဝိုင်းလေးနဲ့မေးတော့ သူအသည်းယားစွာ နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်ကာ..
"ကိုကိုက ကလေးဘာလေးမွေးပေးမွေးပေး အကုန်ချစ်တယ်..သိလား.."
သူ့အပြောကြောင့်သူမလေးကရယ်ကာ..
"ကိုကိုက ပိုကိုပိုတယ်..."
နှာခေါင်းလေးတွန့်ပြောတော့ သူရယ်လိုက်ကာ..
"တကယ်ပြောတာ ကလေးရဲ့..ကိုကိုနဲ့ ကလေးရဲ့ ရင်သွေးပဲ ကိုကို အကုန်ချစ်တယ်..."
"ကိုကို ရေချိုး အဝတ်အစားလဲတော့လေ.."
သူမလေးပြောမှ သူသတိရကာ..
"အွန်..ကလေးခေါင်းရောမူးနေသေးလား...ဆရာဝန်ထပ်ခေါ်အုံးမလား.."
"မမူးတော့ပါဘူး ကိုကိုရယ်... ဆရာဝန် က ဆေးလည်းပေးသွားတယ်...သေချာလည်းစမ်းသက်ပေးသွားပါတယ်...ပြီးတော့ ကိုယ်ဝန်က ၂ပတ်လောက်ရှိပြီတဲ့..."
" ကလေးဒီနေ့ကစပြီး ဆေးရုံမသွားနဲ့တော့နော် အိမ်မှာပဲနေ ပျင်းရင် ကိုကိုညနဲ့ Company လိုက်ခဲ့..."
"မလိုက်ချင်ပါဘူး ကိုကိုရယ်... ခေတ်အိမ်မှာပဲနေမှာ.''
ခေတ် Company မလိုက်တာ မပျို့ကြောင့်ဖြစ်သည်။ ခြေထောက်ကောင်းသွားတော့ သူအရင်အိမ်မှာ ပြန်ပြောင်းနေမယ်ပြောတော့ ခေတ် အံ့သြခဲ့ရသည်။ သူမပြောင်းအောင် ခေတ်ကပဲ ခဏခဏပြောနေလို့ ပြောင်းပေးရမဲ့ ပုံစံဖြစ်အောင် ကိုကို ကိုပြောခဲ့သေးသည်။
ကိုကိုကတော့ ခေတ်အာ့လို မဟုတ်တာကို ယုံတော့ ဘာမှတော့မပြေပေ။ဒါတောင်တစ်ခါတစ်ခါ ဟင်းတွေချက်ပြီး ကိုကို အတွက်ဆိုပြီး လာပို့သေးသည်။သူ့ကိုယ်တ်ုင်ချက်တာလား ဝယ်လာတာလားလို့တော့မပြောတက်။ အိမ်ပြန်ပြောင်းသွာူတာကလည်း ဘာတွေကြံစည်အုံးမလည်းမသိ။ တော်တော်ဆိုးတယ် ခေတ်ဘဝမှာ ဒီလောက်ဆိုးတဲ့ မိန်းမကို မတွေ့ဖူးပေ။
မဟော်သူမလေးရဲ့ နဖူးလေးကို နမ်းပြီးရေချိုးခန်းထဲဝင်လာခဲ့သည်။ တော်တော်ဆိုးတဲ့ကလေး ကိုယ့်မွေးလာမဲ့ ကလေးကို သူမထက် ပိုချစ်မှာဆိုးလို့ဆိုပြီး ငိုတောင်ငိုသည်။ ကလေးတာမွေးမှာ အခုထိ ကလေးစိတ်က မကုန်သေး...တော်တော်အသည်းယားဖိူ့ကောင်းတဲ့ သူ့ဇနီးလေး.. အဟွန်း..မဟော်သဘောကျကာ ရယ်လိုက်တော့သည်။
မဟော်ရေချိုးပြီး ရေချိုးခန်းထဲက ထွက်လာတော့ သူမလေးက ကုတင်ပေါ်မှာအိပ်ပျော်နေပြီဖြစ်သည်။ မဟော်လည်း အလုပ်ပင်ပန်းလာတာကြောင့် သူမလေးအနားဝင်လှဲလိုက်ကာ သူမခါးလေးကို ဖက်ပြီး အနားယူနေမိသည်။
ခေတ်ဘယ်လောက်တောင် အိပ်ပျော်သွားမှန်းမသိ ခေတ်နိုးလာတော့ ကိုကိုက ခေတ်ဘေးမှာ နှာဗူးပေါ် ဘက်တင်ပြီး အိပ်ပျော်နေသည်။ ခေတ်ဘေးတစောင်းလေးလှဲကာ ကိုကို မျက်နှာကို သေချာကြည့်ကာ..ကိုကိုက ချောလိုက်တာ ခေတ်မွေးလာမဲ့ ကလေးလေးကလည်း ကိုကိုနဲ့တူရင် အရမ်းချောမှာပဲ...ခေတ်မပူသေးသော ဗိုက်ကလေးကိူညကိုင်ကာ..
''ဘေဘီလေးရေ..ဘေဘီလေးဖေဖေက အရမ်းချော အရမ်းတော်တာသိလား...ဘေ ဘီလေးမြင်ရင်လည်း ဖေဖေကို အရမ်းချစ်မှာ အမြန်ထွက်ခဲ့တော့နော်..."
"ဟုတ်လား ဘေဘီလေးက ချစ်မှာတဲ့...ဘေဘီလေးက လည်းပြန်ပြောနေတယ် သူ့ဖေဖေကို မေမေက ဒီထပ်ပိုပြီး ဂရုစိုက်ပေးပါတဲ့..."
ခေတ်ရုပ်တရက်ထပြောသော ကိုကိုကြောင့် ရှက်သွားကာ...
"ကြည့် ကိုကို ဘယ်အချိန်ကနိုးနေတာလည်..."
"အဟွန်းးး ကိုကိုက မအိပ်ပါဘူး..လှဲယုံပဲလှဲနေတာ...ကဲ ကလေးထ ညနေစောင်းတော့မယ် ရေချိုးပြီးရင် ထမင်းသွားစားရအောင် ကြီးစိန်ကို ကလေး အတွက် အားရှိစေမဲ့ ကြ က်စွတ်ပြုတ်လေး လုပ်ခိုင်ူထားတယ်..."
" အွန်း...ခေတ်ရေချိုးအုံးမယ် အာ့ဒါဆို..."
ခေတ်ရေချိုးဖို့ ထတော့ ကိုကိုကပါ လိုက်ထတော့ ခေတ်မျက်လုံးလေးပြူးကား...
"ကိုကို ဘယ်သွားမလို့လည်း..."
"ကလေးကို ရေကူချိုးပေးမလို့လေ..."
ပြောလည်းပြော အင်္ကျီလက်ရှည်ကို ခေါက်တင်နေတော့ ခေတ်လန့်သွားကာ..
"မရပါဘူး...ခေတ်ဘာသာချိုးမယ်..."
" မရဘူး ကလေးချော်လဲရင် ဘယ်လိုလုပ်မလည်း...ကိုကိုချိုးပေးမယ်..စိတ်မချဘူး..."
ခေတ်မျက်စောင်းလေးထိုးကာ အကဲပိုလွန်းသော သူ့ကိုကြည့်မရတော့စွာ...
"ကိုကိုရယ် ကလေးက အခုမှ နုနုလေးပေးရှိသေးတာလေ အာ့လောက်လည်းအကဲမပိုပါနဲ့..."
ခေတ်အပြောကြောင့် မဟော်သဘောကျကာရယ်လိုက်ပြီး..
"မပိုပါဘူး လိုတောင်လိုသေးတယ်...လာပါကွာ..နောက်ကြနေမယ်..."
ပြောလည်းပြော ခေတ်ကို ကလေးတစ်ယောက်လို ပွဲ့ခေါ်သွားပြီး ရေချိုးခန်းထဲဝင်လာလိုက်သည်။
ခဏကြာတော့ ရေချိုးခန်းထဲတွင်...
"အား ကိုကို နှာဘူး...."
"ဟားးးး...."
ခေတ်ရဲ့ ဆုပုတ်ပုတ်အော်သံလေးနဲ့ မဟော်ရဲ့ ရယ်သံလေးက ကြည်နူးဖွယ် လွင့်ပျံလာတော့သည်။
ထမင်းစားသောက်ပြီး ခေတ်တို့ ခဏ ခြံထဲ လမ်းလျှောက်စကားပြောတော့ကိုကိုက ခေတ်ကို ခေါင်းငဲ့စောင်းကြည့်ပြီး..
"ကလေး ကိုကိုတို့ Company က မနက်ဖြန်ညကြရင် Design မိတ်ဆက်ပွဲရှိတယ်..အာ့ဒါကလေးလိုက်ခဲ့နော်..."
ခေတ်ကိုကိုပြောတာကို နားထောင်ပြီး..
"ကိုကို ခေတ်နောက်တစ်ခေါက်မှ လိုက်ခဲ့လို့မရဘူးလား..."
"ကလေး မလိုက်နိုင်လို့လားဟင်..."
မဟော် စိုးရိန်စွာပြောတော့ သူမလေးက ချစ်စရာကောင်းအောင်ရယ်ပြပြီး..
"မဟုတ်ပါဘူး..ခေတ်အာ့လို သိပ်မသွားတော့ အဆင့မပြေမှာဆိုးလို့ ကိုကိုရဲ့..."
" ကလေးရယ် နောက်ဆို ကလေးအာ့လိုပွဲတွေကို လိုက်ရတော့မှာ..အခုလိုက်တော့ အတွေ့အကြုံပိုရှိသွားတာပေါ့..."
ခေတ်သူပြောတာလည်းဟုတ်သလိုရှိနေတာကြောင့်
"ဟုတ်ကဲ့ ကိုကို ခေတ်လိုက်ခဲ့ပါ့မယ်..."
မဟော်လည်း အဲ့တော့ မှ ပြုံးသွားကာ..
"ကလေးကို ကိုကို ကျေးဇူးတင်တယ်နော်..."
သူမက မျက်ဝန်ဝိုင်းဝိုင်းလေးဖြစ် သူ့မျက်နှာကို ချစ်စဖွယ်မော့ကြည့်ပြီး ....
"ဘာကိုလည်း ကိုကို..."
"အရာအားလုံးအတွက်ပေါ့... ကိုကို ကိုမိသားစုဘဝလေးရအောင် ရင်သွေးလေးလွယ်ပေးတဲ့အတွက်ရော...အကုန်လုံးပဲ ကိုကိုအပေါ် ဇနီးတာဝန်ထပ်ပိုပြီး ဂရုစိုက်ပေးတဲ့အတွက်ရော..."
ခေတ် သူ့ရဲ့ မျက်နှာကို အချစ်များပြည့်လျှံနေတဲ့ မျက်ဝန်းလေးများနှင့်ကြည့်ကာ....သူ့မျက်နှာကို လက်ကလေးနဲ့ လှမ်းကိုင်းလိုက်တော့..သူက ခေတ်ရဲ့ ခါးသိမ်သိမ်လေးကို ပြန်ဖက်ထားပြီး ခေတ်လိုပဲ အချစ်တွေ ပြည့်လျှံနေသော မျက်ဝန်းများနှင့်ပြည့်နေသည်။
"ခေတ်လည်း ကိုကို ကိုကျေးဇူးတင်ပါတယ်..ခေတ်ကို အရမ်းချစ်ပေးတဲ့အတွက်ရော ရောက်လာတော့မဲ့ ရင်သွေးလေးကို ချစ်ပေးတဲ့အတွက်ရော..."
"ကလေးရယ် မင်းတို့သားအမိသာ ကိုကိုရဲ့ အချစ်ဆုံးတွေပါကွာ..ပြီးတော့ တန်ဖိုးဖြတ်မရတဲ့ ရတနာလေးတွေပါ..."
မဟော်ပြောလည်းပြော သူမရဲ့ နဖူးလေးကို နမ်းပြီး အနမ်းများကိုအစပျိုးလိုက်ကာ တဖြည်းဖြည်း နှုတ်ခမ်းလေးစီသို့ရောက်တော့ သူမလေးက မျက်လုံးလေးမှိတ်ကာ ခေါင်းလေးမော့ပြီး သူရဲ့ အနမ်းများကို ခံယူနေတော့သည်။
ခေတ်စိတ်ထဲကနေ ကံကြမ္မာရယ် ခေတ်တို့ရဲ့ အိမ်ထောင်ရေးလေးကို ဒီအတိုင်းလေးပဲ ကြည်ကြည်နူးနူးလေးပဲ ဆက်ရှိနေခွင့်ပေးပါ....
ဆက်ရန်...
စာရေသူ - လွမ်းခြင်း