ခေတ်အခုဆို ဆေးရုံမှာ အလုပ်ပြန်ဝင်နေပြီဖြစ်သည်။ ကိုကိုကတော့ အစက အိမ်မှာပဲ အလုပ်လုပ်မယ်ဆိုပြီးအခုတော့ သူလည်းရုံးသွားနေပြီဖြစ်သည်။ခေတ်ကို ဆေးရုံကို မနက်ပိုင်း ဝင်ပို့ပေးပြီး.ညနေပိုင်းကြရင် ဝင်ကြိုပေးသည်။
ခေတ်ကိုယ့်ဘာသာ သွားမယ်ဆိုတာကို လက်မခံပေ။ ကိုကိုက ခေတ်ကို တုံနေအောက်ချစ်ပေးသည်။ စိတ်ချမ်းသာအောင်လည်းထားခဲ့သည်။ စိတ်မချမ်းသာရတာကတော့ အိမ်က မပျိုကြောင့်ဖြစ်သည်။ အခုတလောပိုဆိုးလားသည်။ တစ်ခါတစ်ခါ ခေတ်တို့အခန်းထဲ အထိ အအေးလာပို့တယ်ဆိုပြီး ရောက်လာတက်သည်။
ကိုကိုက မလာသင့်ကြောင်းပြောတာကိုလည်း မျက်ရည်လေးတစမ်းစမ်းနဲ့ ငိုပြကာ အမူအရာအပိုတွေဖြင့် ဒရမ်မာခင်းပြသည်။
ရုပ်လေးနဲ့စိတ်ဓာတ်က တခြားစီဖြစ်နေသည်။ခေတ်အရင်က မပျိုကို ခင်ပါသည်။ သူ့စိတ်ဓာတ်တွေ တဖြည်းဖြည်းနဲ့ပေါ်လာတော့ ခေတ်ကြည့်ရမတော့...။ ဒါကို ကိုကိုလည်း ရိပ်မိလောက်သည်။ သူငယ်ချင်းဆိုတော့ သိပ်တော့မပြောပေ....။
"ဟယ် ဒေါ်ခေတ် ဘာတွေတွေးနေတာလား..ဧကန်န ကိုမဟော်ရောင်နီအကြောင်းလား..."
"မဟုတ်ပါဘူး..ဖြူစင်ရယ်...ဒီလိုပါပဲ.. စိတ်ရှုပ်စရာလေးတွေရှိလို့..."
" နေပါအုံး...လက်ညိုးညွှန်ရာရေဖြစ်အောင်လုပ်ပေးနိုင်တဲ့အပြင် ရုပ်ရည်နဲ့ ပညာမှာလည်း အရမ်းတော်တဲ့ ယောကျာ်းကို ရထားတဲ့ ကျွန်မရဲ့ သူငယ်ချင်းလေးက ဘာကိုစိတ်ရူပ်စရာရှိတာတုံး..ရှင်ပြပါအုံး..."
ဖြူစင်အပြောကြောင့် ပျို့လည်းပချိုင့်လေးပေါ်အောင် ရယ်လိုက်ပြီး....
"ကိုကိုကြောင့်မဟုတ်ပါဘူး...ကိုကိုက ငါ့ကို ဂရုစိုက်တာ လွန်တောင်လွန်နေတာ...သူ့သူငယ်ချင်း..ပျို့သစ္စာကြောင့်..."
"ဟင် ငါတစ်ခါမှလည်းမကြားဖူးပါလား..."
"ဟုတ်တယ်သူက ငါတို့မင်္ဂလာပွဲမတိုင်ခင်ကမှ နိုင်ငံခြားကပြန်ရောက်လာတာ..ပြီးတော့ ချော်လဲပြီး ခြေထောက်ကျိုးလို့ မင်္ဂလာပွဲမတက်နိုင်တာ...အာ့ဒါကြောင့်နင်မသိတာ..."
"သြော် ငါသိပြီး ဆေးရုံမှာ ကိုမဟော်လာကြိုသွားတဲ့တစ်ယောက်လား.."
"အွန်း.."
"ဆိုပါအုံး..သူက ဘာတွေလုပ်လို့လည်း..."
ခေတ်လည်းဖြစ်ကြောင်းတွေကို ဖြူစင်ကိုပြောပြလိုက်တော့..
"ဟယ်..သူ့ရုပ်သူ့ရည်လေးနဲ့ဟယ်...အရှက်တော်တော်မရှိတာဘဲ....အာ့ဒါကိုမဟော်က ဘာမှမပြောဘူးလားး..."
"ကိုကိုက သိပ်မရိပ်မိတော့မပြောဘူးပေါ့..ပြီးတော့သူက သူ့မျက်လုံးထဲမှာ မပျို့ကို ညီမလေးတစ်ယောက်လိုပဲမြင်တော့ မပျို့ရဲ့ ပုံစံတွေကို သိပ်မရိပ်မိဘူးထင်တယ်..."
"အင်းပေါ့ ...အာ့ဒါကို နင်ဘာဆက်လုပ်မလည်း...သူကနင်တို့အိမ်မှာပဲ နေနေတာပဲလား..."
"အင်း..ခြေထောက်ကောင်းသွားရင်တော့ သူအတွက်စီစဥ်ပေးထားတဲ့ တိုက်မှာ ပြန်နေမယ်လို့ပြောတယ်..."
"နင်အာ့ဒါ ကိုမဟော်ကိုမပြောဘူးလား...''
ခေတ်ခေါင်းလေးခါပြကာ..
"မပြောပါဘူး...ငါကို ကိုကိုစိတ်ထဲမှာ စိတ်ထားသေးသိမ်တဲ့ မိန်းမဆိုပြီး မမြင်စေချင်ဘူးဟာ..."
" ဒါပင်မဲ့ နင်သတိတော့ထားနော်....အာ့လိုမိန်းမတွေက ပိုကြောက်ဖို့ကောင်းတယ် ကြည့်တော့ အေးအေးလေးနဲ့..."
" ငါလည်း သတိထားနေပါတယ် နင်လူနာသွားကြည့်ပြီးပြီလား..."
"အင်းပြီးပြီလေ ခဏနေ ငါ ဂျူတီ off တော့မှာ...နင်ရော..."
"ပြီးပြီ..ငါလည်းခဏနေပြန်တော့မှာ...ကိုကို လာနေပြီလို့ပြောတယ်..."
"အမလေး..အမလေး...အပျိုကြီးရှေ့မှာ...လာသာယာမပြနဲ့နော်..."
ဖြူစင်စသလိုနောက်သလိုလေးပြောတော့ ခေတ်သဘောကျရယ်လိုက်မိကာ အာ့အချိန်မှာပဲ ph လာသံကြောင့် ကြည့်လိုက်တော့ ကိုကိုဖြစ်နေတာကြောင့် ကိုင်လိုက်ကာ..
"Hello ကိုကို...."
"ကလေးပြီးပြီလား...ပြီးရင် ထွက်ခဲ့တော့နော်..ကိုကိုအရှေ့ရောက်နေပြီ..."
"ကိုကို...ဆေးရုံထဲမဝင်တော့ဘူးလား..."
"မဝင်တော့ဘူးကလေ....ကိုကို ခေါင်းကိုက်နေလို့..."
"အဟင်း လာလိမ်ပြန်ပြီ လူလိမ်ကြီး..အရင်ကလည်းနှလုံးရောဂါရှိတယ်ဆိုပြီး ညာသေး..."
မဟော်သဘောကျကာ ပြုံးလိုက်ပြီး...
"တကယ်ကလေးရဲ့..ကိုကို ခေါက်အရမ်းကိုက်နေတာ..."
အာ့တော့မှ ခေတ်လည်း သူ့အသံသိပ်မကောင်းတာကြောင့် စိုးရိမ်သွားကာ...
" ကိုကို အာ့ဒါဆို ခေတ်ထွက်လာပြီနော်..."
ခေတ်ပြောပြီး phချကာ ပြန်ရင်ပြင်တော့...
"ခေတ် ဂရုစိုက်ပေးလိုက်အုံးနော်..."
"အင်းပါ..ငါသွားပြီနော်..."
ခေတ်လည်းဖြူစင်ကို နှုတ်ဆက်ပြီး ကားစီကို ထွက်လာလိုက်သည်။
ကားပေါ်ရောက်တော့ ကိုကိုက ကားကူရှင်ကို လက်ပိုက်ပြီး ခေါင်းမှီထားကာ မျက်လုံးမှိတ်ထားသည်။ ခေတ် နှဗူးလေးသွားစမ်းတော့ မျက်လုံးပွင့်လာကာ...
"ကလေး ရောက်ပြီလား..အာကာ ကားထွကိတော့..."
"ကိုကို... အိမ်ရောက်ရင် ရေမချိုးနဲ့နော် ခြေလက်ဆေးပြီးနားနော် ခေတ်ဆန်ပြုတ်ကြိုပေးမယ် အာ့ဒါပဲ သောက်ပြီးအိပ်နော်...ပြီးတော့ ဒီနေ့ ကိုကိုအလုပ်တွေ အကုန်နားရမယ်..."
မဟော်လည်း သူ့ဘေးတွေ သာလိကာမလေးလို သူ့ကို စကားတွေမှာတမ်းကျွေသလို ပေါက်ပေါက်ဖောက်နေသော သူမလေးကို နှုတ်ခမ်းလေးကို ငုံနမ်းလိုက်တော့ ရှက်သွားကာ...
"ကိုကိုနော်...ရှေ့မှာကိုအာကာတို့ရှိတယ် ကဲမလာနဲ့..."
မဟော်ရယ်ပြီး ခေတ်မပြောကြောင့် အရှေ့မှန်ထဲကို ကြည့်တော့ အာကာမျက်နှာကြီးမှာ နီရဲလို့....
အိမ်ရောက်တော့...ကိုကိုက ခေတ်လက်ကို ဆွဲကာ အပေါ်ထပ်ကို တက်လာတော့ မပျို့က ခေတ်တို့အခန်းထဲကနေ ထွက်လာတာနဲ့ ကြုံတော့ ခေတ်နဲ့ကိုကို မျက်မှောင်ကုတ်သွားကာ...
"ပျို နင်ဘာဝင်လုပ်တာလည်း...အခန်းထဲကို..."
" နင့်အတွက် ငါဖျော်ရည်သွားထားထားတာ နင်ပြန်ရောက်တော့မှန်းသိလို့..."
"ရတယ် နောက်တစ်ခါမလိုတော့ဘူး ငါ့အတွက် မဖျော်နဲ့တော့ ပြီးတော့ နင်ဒီလို ဝင်ထွက်တာမကောင်းဘူး.."
"မဟော်ရယ် ငါကလေ... နင့်ကိုသောက်စေချင်လို့ဝင်ထားတာပါ...."
"ပျို နင်ဘာတွေဖြစ်နေတာလည်း...နင်ငါသိတဲ့ ပျိုနဲ့ တစ်ခြားစီဖြစ်နေတယ်..အရင်လိုပဲ ပြန်နေစမ်းပါ...ပြီးတော့ငါကအခုအိမ်ထောင်သည်..အခုလို ဝင်ထွက်တာမကောင်းဘူး...ပျို နင်ငါ့စကားကို နားထောင်ပါဟာ...အခုလိုတွေက မကောင်းဘူး..ငါအရင်ကထည်း မပြောချင်လို့ ဘာမှမပြောပဲနေတာ..."
'"တော်တော့မဟော် ငါကနင့်ကို သောက်စေချင်လွန်းလို့ ခြေထောက်မကောင်းတဲ့ ခြားကနေ ဖျော် ပေးတာပါ...နင်ကငါ့စေတနာအရမ်းစော်ကားတယ်..."
" တော်တော့ ပျို ငါနင်နဲ့ စကားဆက်မပြောချင်တော့ဘူး...ခေတ်ကိုယ် ရေချိုးတော့မယ်..."
ခေတ်လည်း ကိုကို အခန်းထဲ ဝင်သွားတော့မှ ဟန်ဆောင်အရမ်းကောင်းလွန်းသော မပျိုကို ကြည့်ပြီး...
"ဟန်ဆောင်နေရတာ...မပင်ပန်းဘူးလားမပျို့..."
ခေတ်အမေးကြောင့် ပျို့တုန်လှုပ်သွားကာ....
" ငါ..ငါက ဘာကို ဟန်ဆောင်နေလို့လည်း..."
"အဟွန်း..မပျို့ ခြေထောက်ဘာမှမဖြစ်ဘူးဆိုတာ ခေတ်သိတယ်...အာ့ဒါကြောင့် ဟန်ဆောင်စရာမလိုဘူး..."
" ဘာ..."
ပျိုထိန့်လန့်သွားကာ...
" နင်မဟုတ်တာမပြောနဲ့ ငါက ငါက ဘာကြောင့်ဟန်ဆောင်ရမှာလည်း..."
ခေတ်မပျို့တုန်လှုပ်နေသောအမူအရာကိုကြည့်ပြီးသဘောကြကာ..
"အဟွန်း မပျို့ရယ် ခေတ်ကစတာပါ..ဘာလို့ မျက်နှာမှာ သွေးမရှိတော့သလို ကြောက်ရွံ့သွားတာလည်း..."
"ဘာ နင်..."
"ဘာလည်း တကယ်ဟုတ်လို့လား..."
ခေတ်ထိုသို့ပြောမှပျိုလည်း ပျက်ရွန်းနေသော မျက်နှာကို ထိန်းကာ...
"ဟုတ်စရာလား ..ငါက မဖြစ်ဘဲဖစ်တယ်ဘဟန်ဆောင်စရာလား..."
"အင်းဘာ...အခုမပျိုခြေထောက် တော်တော်သက်သာလာပြီနော် မကြာခင် အကောင်းတိုင်းပြန်ဖြစ်တော့မယ်ဆိုတော့ မပျို လည်း ဒီမှာနေစရာမလိုတော့ဘူးပေါ့..."
"နေ ပါအုံး နင်က ငါ့ကို ဒီမှာမနေစေချင်တော့တဲ့သဘောလား..."
"ဟုတ်တယ် ခေတ်ရှင့်ကို မနေစေချင်တော့လို့ပြောနေတာ..."
"အဟွန်း အာ့ဒါဆိုရင် ဘယ်လိုလုပ်မလည်း မဟော်ကိုယ်တိုင် ငါ့ကို ခေါ်ထားတာဆိုတော့လေ...သူကသွားဆိုတော့မှ တို့ကသွားမှာ..တို့ကိုမင်း ဘာမှပြောစရာအကြောင်းမရှိဘူး..."
"မပျိုအရှက်မရှိရင်နေပေါ့...ခေတ်ကဒီအိမ်က အိမ်ရှင်မနော်..သိအောက်ပြောပြထာူတာ....ပင်ပန်းလို့ သွားနားလိုက်ပါအုံးမယ်..."
ခေတ်ပြောပြီး အခန်းထဲဝင်လာလိုက်သည်။တော်တော်အရှက်မရှိ လူမှုရေးနားမလည်တဲ့ မိန်းမ မဖြစ်ပါဘူး ငါပိုပြီးသတိထားနေမှရမယ်...
"ကလေးရေချိုးတော့လေ မျက်နှာလည်းမကောင်းပါလား...ဘာဖြစ်လို့လည်း..ပျို့ကြောင့်လား..အာ့ဒါဆိုရင်တော့ ကလေးရယ် ခဏသည်းခံပေးနော်...ကိုကို သူ့အတွက် ခြေထောက်ပြန်ကောင်းရင် စီစဥ်ထားပါတယ်..ပြီးတော့သူက ကိုကို ကိုသံယောဇဥ်ရှိတော့ အခုလိုတွေလုပ်ပေးနေတာနေမှာပါ..ကိုကိုလည်း သူ့ကျန်းမာရေးမကောင်းတာကြောင့် သိပ်မပြောချင်လို့ လွတ်ပေးထားတာ...ကလေးကို စိတ်အနှောက်အယှက်ဖြစ်စေလား...ဖြစ်ရင်လည်း ကိုကို သူ့အတွက်..."
မဟော်ပြောနေတာလေ တိိတ်ကျသွားပြီး သူမလေး သူ့နှုတ်ခမ်းကို လာနမ်းလိုက်တာကြောင့်ဖြစ်ကာ...သူမလေးက သူမျက်ကို မောမောလေးကြည့်နေပြီး ငေးနေကာ..
"ကိုကို ခေတ်နားလည်ပါတယ်...သူ့ကို ကိုကိုက ငယ်ငယ်ထဲက ဆောက်ရှောက်လာတော့..အခုအခြေအနေမှာ ကိုကိုမပြောရက်တာကို ခေတ်နားလည်ပါတယ်..အာ့ဒါကြောင့် အာ့ဒိကိစ္စတွေမပြောနဲ့တော့...ခေတ်ရေချိုး အုံးမယ်..ပြီးရင် ထမင်းသွားစားကြမယ်..."
အသက်သူ့ထက်ငယ်သော်လည်း သူ့အပေါ်အလွန်နားလည်ပေးတက်သော ချစ်ဇနီးလေးကို မဟော် အသည်းနှစ်အောင် ပိုပိုချစ်ရပါသည်။တစ်နေ့ထပ်တစ်နေ့လည်း ပိုပိုတိုးပြီး ချစ်လာမိသည်။အထီးကျန်ဆန်နေသော မဟော်ရဲ့ ကမ္ဘာထဲကို သူမလေးရောက်လာမှ သူ့ဘဝ အရာအားလုံးပြည့်စုံလာတာပါ။ ဒါ့ကြောင့် သူမလေးဟာ သူ့ရဲ့ အသဲနှလုံးပါ။သူရဲ့ အသက်လို့လည်း ပြောလို့ရပါတယ်...
ဘာမှမပြောပဲ ခေတ်ကိုကြည့်ကာပြုံးနေသော ကိုကိုကြောင့်...
"ကိုကို ခေတ်ပြောတာကြားလား.."
"အဟွန်းကိုကိုကြားပါတယ်...ရေအတူတူ ချိုးချင်တယ်လို့ပြောတာမှတ်လား..."
မဟော်သူမလေးကို စချင်တာကြောင့် မချိုမချဥ်ပြောလိုက်တော့ သူ့ကို မျက်စောင်းလေးထိုးကာ..
"ကိုကိုက နှာဘူး..အချိန်တိုင်းနှာဘူးးချင်နေတာ.."
"ဟောဗျာ...ကိုကိုက ရေဒီအတိုင်းပဲ ချိုးဖို့ပြောတာပါ..အခြားအရာတွေကို ကလေးဘာသာတွေးနေတာ..."
"ဟာ..ကိုကို အကျင့်ပုတ်..ခေတ်ကိုလာမခေါ်နဲ့..."
"ဟာဗျာ...အာ့လိုတော့မလုပ်ပါနဲ့..ကိုကို ညစာ အငတ်မခံနိုင်သေးဘူး..အဟွန်း.."
"ဟာ ကိုကိုဘာတွေပြောနေတာလည်း.."
သူမလေးက အရှက်သည်းစွာထအော်လိုက်တော့
"ဟောကြည့်..ကိုကို က ညစာထမင်းကိုပြောတာပါဗျာ.. လျှောက်တွေးမနေနဲ့..အဟွန်း.."
သူ့အပြောကြောင့်သူမလေးရှက်ပြီး ရေချိုးခန်းထဲပြေးဝင်သွားကာ ရေချိုးခန်းထဲကနေ..
"ဒီည ရှင်ကြီး အခြားအခန်းမှာ သွားအိပ် ခေတ်ကတော့ ရှင်ကြီးနဲ့ မအိပ်ဘူး..."
သူမလေး အော်ပြောတော့ မဟော်လည်း လန့်သွားကာ ရေချိုးခန်းတံခါးနားကပ်ပြီး..
"ဟာ ကလေးကလည်း ကိုကိုက စတာ..အာ့လိုမလုပ်ရဘူးနော်..ကိုကိုက ကလေးနဲ့ ခွဲမအိပ်နိုင်ဘူးနော်.."
ခေတ်လည်းရေချိုးခန်းထဲကနေ ဘာမှပြန်မပြောတော့ပဲ မကြားချင်ယောင်ဆောင်ကာ....ရေချိုးနေလိုက်သည်။
မဟော်စားသောက်ပြီးလို့ ဒီနေ့ခေါင်းကိုက်နေတာကြောင့် အလုပ်တွေပါလာတာကိုတောင်မလုပ်တော့ဘဲ အနားယူနေလိုက်သည်။ မယူလို့လည်းမရ ကလေးက သူ့ကို ရာဇသံပေးထားတယ်မဟုတိး်လား...မဟော်ပြုံးပြီ အိပ်ယာထဲ လှဲနေချိန် ကလေးရောက်လာကာ...
"ကိုကို ထဆေးသောက်ပြီးမှ အိပ်ရမယ်...ဒါမှ မနက်ဖြန်နေကောင်းမှာ..".
မဟော်လည်းထပြီး ကလေးပေးတဲ့ ဆေးကိုယူသောက်လိုက်ပြီး..
"ကလေး..."
"ဟင်"
"ကလေး ဆေးတွေနဲ့ မတားထားပါဘူးနော်...ကိုကိုတို့က ဘာလို့ကလေးမရသေးတာလည်း..."
ခေတ်သူ့အမေးကြောင့် ငိုချင်သလို ရယ်ချင်သလိုဖြစ်သွားကာ..
"ကိုကိုကလည်း ခေတ်တို့လက်ထပ်တာ.သိပ်မှမကြာသေးတာ..ပြီးတော့ ကလေးက အခုယူ အခုရတာမှမဟုတ်တာ..."
မဟော်ကလေးပြောတာ ဟုတ်နေတာကြောင့်..
"ကလေး ဆေးတွေမစားနဲ့နော်.."
"အင်းပါ.."
မဟော် လက်ဆန့်တန်းကာ..
"လာအိပ်ကြရအောင်..."
ကိုကိုခေါ်တော့ ခေတ်လည်း..
ကိုကို ရင်ခွင်ထဲ ဝင်တိုးကာ..အိပ်လိုက်တော့သည်။
💠💠💠💠💠💠💠💠💠💠💠
ပျို့အခန်းထဲတွင်ခေါက်တုပ်ခေါက်ပြန်လျှောက်ရင် ခေတ်ကို မဟော်မုန်းသွားအောင်ဘယ်လိုလုပ်ရမလည်းဆိုတာစဥ်စားနေမိသည်။ ဒါပင်မဲ့ မဟော်က ခေတ်ကိုအရမ်းချစ်တော့ သူမလုပ်ရမှာ မလွယ်ကူလှပေး...ဒါ့ကြောင့် မဟော်ကိုပဲ သူမအပိုင်ရအောင်လုပ်ရမယ်...ဟုတ်တယ်.. ငါမဟော်ကို အပိုင်ရစေရမယ်...
မဟော်အိပ်ပျော်နေရင်းphလာတာကြောင့် လန့်နိုးသွားကာ phကိုယူကြည့်လိုက်တော့..ပျို့ဖြစ်နေတာကြောင့် ဘာများဖြစ်တာလည်းဆိုပြီး phကိုင်လိုက်ကာ...
"Hello..ပျို့ပြော..."
"မဟော်..ငါနင့်ကို နေ့ခင်းက ကိစ္စအတွက်တောင်းပန်ပါတယ်နော်...ငါက စေတနာနင့်အပေါ် မိသားစုတစ်ယောက်လို ပိုသွားလို့ပါ..."
မဟော်လည်းသက်ပြင်းချလိုက်ကာ..
"အေးပါ..ရပါတယ်..ငါနင့်ကို ဘယ်လိုမှမထင်ပါဘူး...ငါတို့ရိုးသားပင်မဲ့ ခေတ်ကိုတစ်မျိုးမထင်စေချင်ဘူး..."
"အေးပါ..ငါလေနင့်ကိုလှမ်းပြောတာက ငါ့ခြေထောက်ပြန်ထောက်လို့ရတော့မယ်ထင်တယ်...ငါ့ခြေထောက်ပြန်ကောင်းရင် ငါအလုပ်ပြန်ဝင်တော့မယ်...ငါလုပ်ရမဲ့ ဌာနက ရုံးကြီးရဲ့ groupမှာမှတ်လား..."
"အင်းဟုတ်တယ်.."
"အေးပါ အာ့ဒါငါလှမ်းပြောတာ နင်သိရအောင်..."
"အင်းပျို ဂရုစိုက်အုံး အလုပ်ကအရေးမကြီးပါဘူး..နင်သက်သာအောင်နေ..."
"အင်းမဟော်..."
"ပျိုအာ့ဒါဆို..ဒါပဲနော် ခေတ်အိပ်နေတာ ငါ့အသံကြောင့်နိုးသွားမှာဆိုးလို့..."
"အင်းအင်း gn.."
"ဝk gn"
ပျို မဟော်phချသွားတော့ ကောက်ကျစ်သောအပြုံးဖြင့်ပြုံးလိုက်ကာ..စံခေတ်တော်ဝင် မဟော်ကို ငါ့စီပြန်ပေးဖို့ သိပ်မလိုတော့ဘူး..အဟင်း...နင်ဘယ်လိုဖြစ်မလည်းဆိုတာ ငါစောင့်ကြည့်နေအုံးမယ်ဟားး...
သူမအလုပ်လုပ်ရမဲ့ ရုံးချုပ်က မဟော်နေ့တိုင်းရုံးတက်နေတဲ့ ရုံးချုပ် groupဖြစ်သည်။အာ့ဒါဆို မဟော်နဲ့ နေ့တိုင်းအနီးကပ်တွေ့လို့ရသည်။ အာ့အခါမှ သူမအစီအစဥ်တွေကို အကောင်အထည်ဖော်လို့ရမည်။ အိမ်မှာဆို ဟိုမိန်းမခေတ်က သိပ်လွယ်တာမဟုတ်။ပျို့ကိုဆို သံသယမျက်လုံးနှင့်ပမြဲကြည့်တက်သည်။
ပြီးတော့ အာ့မိန်းမပုံစံက တစ်ခုခုကို သိနေတဲ့ပုံစံ။ ငါဟန်ဆာင်ထားတာကို သိလို့မြန်းလား..။အဟင်း...အာ့ဒါဆိုရင်တော့ သူမ စိတ်ပူစရာမလိုတော့..အခုပဲမဟော့်ကို ခြေထောက်ပြန်ကောင်းတော့မှာလို့ ပြောပြီးပြီပဲမဟုတ်လားးး...ဟားး ခေတ် ရှင်လည်သလောက်ကတော့ ပျို့တို့က သနားတယ်....အဟင်း....
❤❤❤❤❤❤❤❤❤❤❤❤
"ဘယ်လိုကိုကို...မပျို့က ခြေထောက်ပြန်ကောင်းသွားပြီလို့ပြောတာလား..."
"အင်း..ဟုတ်တယ်ကလေး..ညက ကိုကို ကိုphဆက်ပြီးပြောတာ..သူအလုပ်ပြန်ဝင်တော့မယ်တဲ့..."
"ချက်ချင်းကြီးပါလား..."
"ကလေးရယ်.. မြန်မြန်ပျောက်တော့မကောင်းဘူးလားဗျ..."
ကိုကိုကသဘောရိုးနဲ့ ထင်နေတော့ ခေတ်လည်း ဘာမှသိပ်မပြောချင်တော့..ဟိုမိန်းမကောင်းသွားပြီဆို.. ဒီအိမ်မှာမနေတော့ဘူးပေါ့...အာ့ဒါဆို ခေတ်နဲ့ လည်းပြဿနာမဖြစ်ရတော့..တစ်ရန်အေးတာပေါ့...ဟူးးး...
"ဟာ ကိုကိုမိန်းမက သက်ပျင်းတွေချနေပါလား..."
"မဟုတ်ပါဘူး..ကိုကိုရယ် ဆေးရုံက လူနာတွေအကြောင်းတွေးမိလို့ပါ..."
ခေတ်ကိုကို ကို နက်တိုင်တက်ပေးနေရင် ဖြေလိုက်တော့ ကိုကိုက ခေတ်ခါးသိမ်သိမ်လေးကို ဖက်ကာ...
"ကလေး ကလေးဆေးရုံမသွားနဲ့တော့ကွာ.."
"ကိုကိုနော် သဘောတူထားတာမေ့နေပြီလား..."
"ဟာ..မမေ့ပါဘူးကွာ..ပြီးရောပြီးရော..မြန်မြန်ကလေးယူမှပဲ..."
ရယ်ကျဲကျဲပြောသော ကိုကိုအပြောကြောင့် ခေတ်မျက်စောင်းလေးထိုးလိုက်တော့..
"ကလေးနော် မျက်စောင်းတွေခဏခဏမထိုးနဲ့ ဒီလူက အသည်းယားလာပြီ..."
"အဟင်း..."
"ကိုကို ခေတ်ဒီနေ့ ဆေးရုံမသွားဘူး ခေတ်နေလို့ သိပ်မကောင်းလို့...ကိုကိုပဲသွားလိုက်နော်..."
"ဟာကလေး ဘာဖြစ်တာလည်း..ဆရာဝန်ခေါ်ပေးမယ်လေ..."
"ရတယ်ကိုကိုရဲ့..ခေတ်က ခေါင်းနည်းနည်းမူးတာ ..."
မဟော်စိုးရိမ်စ္စာဖြင့်..
"ကိုကိုစီက ကူးတာလား..ညက ကိုကို တစ်ညလုံးဖက်ထားမိလို့..."
"မဟုတ်ပါဘူးကိုကိုရယ်..ခေတ်ညဘက်တွေ အိပ်ရင် နိုးပြီး ပြန်အိပ်မရဘူးဖြစ်နေလို့..."
"အာ့ဒါဆို ကလေး ဂရုစိုက်နော်.. ကိုကိုကြီးစိန်ကိုပြောထားခဲ့မယ်..ကလေးကိုဂရုစိုက်ဖို့...အကြောင်းရှိရင် ကို့ကို ကိုချက်ချင်းphခေါ်နော် ကြားလားကလေ..."
"ဟုတ်ကဲ့ပါ ကိုကိုရဲ့..."
ခေတ်အကဲပိုလွန်သော ကိုကို ကိုကြည့်ကာ သဘောကျနေမိတော့သည်။ ကိုကို ကိုသူမလက်လွှတ်အဆုံးအရူံးမခံနိုင်ပါ...ဘာပဲဖြစ်နေဖြစ်နေ ကိုကိုနဲ့ သူမရဲ့ အိမ်ထောင်ရေးကို တည်မြဲအောင်သူမဘက်က အစွမ်းကုန်ထိန်းသိမ်းရမည်။ယခုခေတ်မိန်းမတွေကမလွယ်ကြပါလားးးးး......
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း