book

Index 14

အပိုင်း( 14)💜💜

  • Author : Lwanchin
  • Genres : Romance, Drama

မဟော် ပျို့ဒီနေ့ဆေးရုံဆင်းပြီးဆိုတော့....စံအိမ်ကိုခေါ်သွားဖို့ ပျို့စီရောက်လာခဲ့သည်။ဆေးရုံအခန်းထဲဝင်လိုက်တော့ ပျိုက လူနာကုတင်ပေါ်တွင်ထိုင်နေကာ စာအုပ်ဖက်နေသည်။


"ပျို ပြန်ဖို့ အဆင်သင့်ဖြစ်ပြီလာ..."


"အင်းဖြစ်ပြီ မဟော်..."


"ထ အာ့ဒါဆိုသွားမယ်..လာငါ့ကိုတွဲ"


ပျိုမဟော်က သူမကို တကယ်ခြေထောက်နာနေတယ်ထင်ကာ...ဂရုစိုက်နေတော့ ပျို့ ပြုံးမိသည်။ကားပေါ်ရောက်တော့ ပျို့ဘေးမှာ မဟော်က ထိုင်ပြီး အပြင်ဘက်ကို ကြည့်ကာ လိုက်ပါလာသည်။ ပျို့မဟော်ရဲ့ ချောမောခန့်ညားသော ရှပ်သွင်ကိုကြည့်ကာ တပ်မက်စိတ်များက တားစီးမရတော့...ဒီလူကို သူမပိုင်ဆိုင်ချင်သည်။ရအောင်လည်းပြန်ယူမည်။မဟော်က အရင်ထည်းကသူမရဲ့ အပိုင်မဟုတ်လားးးး......


"ပျို့ ပျို့ ရောက်ပြီလေ.."


ပျို့အတွေးလွန်နေကာ...မဟော်ခေါ်မှ လန့်သွားပြီး...


" သြော် အင်းအင်း..."


"လာ..သွားမယ်.."


"နေနေ သခင်လေး ကျွန်တော် မပျို့ကို ကူတွဲလိုက်မယ်..."


ကားအောက်ရောက်တော့ အာကာသခင်လေး ကူတွဲမှာဆိုးတာကြောင့် အမြန်ကူးတွဲပေးလိုက်သည်။ သခင်လေးနဲ့ မမလေးကို အာကာ ပြဿနာမဖြစ်စေချင်ပါ။


မပျို့ကို  ကြည့်ရတာ သိပ်မှုမှန်တာမဟုတ်။ ဘာတွေဆက်ဖြစ်အုံးမှာလည်း ဟူး...အာကာသက်ပြင်းချကာ မပျိုကို မပျိုအတွက် ပြင်ပေးထားတဲ့ အခန်းစီကို အိမ်အကူမလေးတွေအကူအညီနဲ့ ပို့ပေးလိုက်သည်။


"ပျို့ နားလိုက်အုံး ထမင်းစားတဲ့ အချိန်ကြမှ ငါလာခဲ့ ပေးမယ်..."


"အွန်းမဟော် ..ဒါနဲ့ ခေတ်ရော..."


ပျို့အမေးကြောင့် အိမ်အကူမလေးက..


"မမလေးခေတ်က မီးဖိုဆောင်မှာ ဟင်းဝင်ချက်နေပါတယ်..."


မဟော်လည်း ထိုကောင်မလေးအပြောကြောင့် မျက်ခုံးပင့်သွားကာ..


"ဘယ်လို ခေတ်က ကိုယ်တိုင်ဝင်ချက်နေတယ်ဟုတ်လားး...အဟွန်းး.."


"ဟုတ်ကဲ့.."


ပျို့လည်း မဟော်ရဲ့ ကျေနပ်သွားသော အပြုံးကြောင့် မေးမိသော ကိုယ့်ပါးစပ်ကိုသာ ပိတ်ရိုက်ချင်စိတ်ဖြစ်သွားကာ...ခေတ်အပေါ်မနာလိုစိတ်တွေ ပိုခိုင်မြဲလာခဲ့သည်။ 


ပျိုဆိုတာက အိမ်မှုကိစ္စဆို ဘာမှ လုပ်တက်တာမှမဟုတ်တာ...နိုင်ငံခြားမှာနေလာတော့လည်း အိမ်အကူမလေး ရဲ့ ချက်ကျွေးတာတွေပဲစားခဲ့တာ...အခုတော့ ခေတ်က ချက်ပြုတ်တက်နေတာလား...တောက်.... စံခေတ်တော်ဝင် နင်ဒီနေရာကနေထွက်သွားဖို့ ကြိုပြင်ဆင်ထားလိုက်တော...


"ပျို... ငါနင့်အတွက် Nurse လည်းခေါ်ပေးထားတယ်နော်...လိုအပ်တာရှိရင်ပြော ငါအပေါ်ထပ်တက်တော့မယ်..."


"အင်းအင်း..မဟော်..အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်နော်..."


ပျို့ပြောပြီး ကုတင်ပေါ်က ထရပ်လိုက်တော့ ချောလဲမလိုဖြစ်ကာ...မဟော်ဖမ်းထိန်းလိုက်တော့ တစ်ယောက်နဲ့ တစ်ယောက်ဖက်ထားသလိုမျိုးဖြစ်နေကာ ကြောင်သွားကြသည်။


ထိုအချိန် ခေတ်လည်း ကိုကိုတို့ကို ပြီးရင် ထမင်းစားဖို့ သွားပြောဖို့ အိမ်အကူမလေးကို ကိုကိုဘယ်မှာလည်းမေးတော့ မပျိုအခန်းထဲမှာဆိုလို တံခါးလေးဖွင့်လိုက်တော့ မြင်လိုက်ရသော မြင်ကွင်းကြောင့် ခေတ်အံ့သြ  သွားကာ ....


"ပျို့ရယ်..နင်ကငယ်ငယ်ကအတိုင်းပဲ နမော်နမတ်နဲ့..ဂရုစိုက်မှပေါ့..."


"Sorry မဟော် ငါသတိလက်လွတ်ဖြစ်သွားလို့...."


ခေတ်လည်း ထိုအခါမှ ဖြစ်စဥ်ကို သဘောပေါက်သွားကာ သက်ပြင်းအသာချပြီး..


" မပျို သက်သာရဲ့လား..."


"သြော် ခေတ်လာလေ..အမသက်သာပါတယ်..."


မဟော်လှည့်ကြည့်လိုက်တော့ တံခါးဝတွင် ရပ်နေသောခေတ်ကို တွေ့တော့ လက်ကလေးကို ကြင်နာယုယစွာ သွားဆွဲခေါ်ပြီး....


"ကလေး မီးဖိုထဲ ကိုယ်တိုင်ဝင်ပြီး ချက်နေတယ်ဆို.."


"ဟုတ်တယ်လေ..ကိုကိုအတွက်ရော..မမပျိုအတွက်ရော..မမပျိုက ဒီနေ့မှ ဆေးရုံဆင်းတယ်ဆိုတော့... အားရှိတာလေးတွေ ချက်ထားတယ်...''


" ကဲ ပျို တွေ့ပြီလား..ငါ့ကလေးက ဘယ်လောက်ချစ်ဖို့ကောင်းလည်းဆိုတာကို.."


ပျိုမဟော်အမေးကြောင့် မပြုံးချင်ပြုံးချင်နဲ့ ခေါင်းငြိမ့်ပြလိုက်သည်။


"ကိုကို ခဏနေ ထမင်းစားလို့ ရပြီနော်...မမပျိုရောပဲ..."


"ပျို ငါခဏနေ လူလွတ်ပြီး လာခေါ်ခိုင်းလိုက်မယ်နော်..."


"အင်းအင်းမဟော်..."


ခေတ်တို့ မပျိုအခန်းကထွက်လာတော့ ကိုကို က ခေတ်ပုခုံးလေးကို ဖက်ကာ..


"ကလေး...နောက်ကို အိမ်အလုပ်တွေမလုပ်နဲ့ကွာ..."


"ကိုကိုကလည်း...ခေတ်က အခုနေအားနေတော့ ဒီအတိုင်းမနေချင်ဘူး...ခေတ်ကိုကိုအတွက် ကိုယ်တိုင်ချက်ကျွေးချင်လို့.. ဝင်ချက်တာပါ...ဘာလည်း ကိုကိုက မစားချင်လို့လားပြော..."


ခေတ်စိတ်ဆိုးသလိုလေးပြောလိုက်တော့..


"ဟာ..ကလေးကလည်းမဟုတ်ပါဘူး..ကိုကိုက ကလေးကျွေးတာ အကုန်စားတယ်..ကလေးဘာကျွေးကျွေးအကုန်ကြိုက်တယ်..ကလေးပင်ပန်းမှာဆိုးလို့...ကလေးကိုလည်းစားချင်တယ်...."


"ဟာ ကိုကိုနော် မညစ်ပတ်နဲ့..."


"ဟားးး...ကိုကိုက ကလေးမေးလို့ဖြေတာပါ..."


ခေတ်မျက်စောင်းလေးထိုးပြီး ထွက်သွားရန်ပြင်တော့ သူက လက်ကိုဆွဲထားကာ...


"ဒါ ဘယ်လဲ...."


"အောက်မှာ ကြီးစိန်ကို ထမင်းပွဲခဏနေ ပြင်လို့ရပြီဆိုတာ သွားပြောမလို့..."


"သူ တို့သိပါတယ်ကွာ..အခု ရေသွားချိုးရအောင်...လာ..."


"ဟင်...မလာ..."


ခေတ်စကားတောင်မဆုံးသော ကိုကို ဆွဲခေါ်ရာနောက်ကို ခေတ်ရက်ကန်ရက်ကန်နဲ့ ပါသွားခဲ့သည်။

မဟော်အခန်းထဲရောက်တော့ အင်္ကျီ ချွတ်လိုက်ပြီး ထွက်ပြေးရန်ပြင်နေသော သူမလေးကို ကောက်ပွေ့ကာ ရေချိုးခန်းထဲဝင်လာခဲ့သည်။


"အာ..ကိုကို.. ဘာလုပ်တာလည်း..."


"အဝတ်အစားချွတ်တာလေကွာ.."


"ခေတ်မှ ရေမချိုးတာ.."


"မသိဘူး..ချိုရမယ်..."


"အို ကိုကို..."


ခေတ်အော်သံလေးပင်မဆုံးသေး ခေတ်ခေါင်းပေါ်က ရေခလုတ်ကလေးကို ကိုကိုဆွဲချလိုက်တော့ ခေတ်တို့နှစ်ယောက်အပေါ် ရေတွေကျလာကာ...ခေတ်တစ်ကိုယ်လုံးစိုရွှဲသွားတဲ့အချိန် ကိုကိုခေါင်းက တဖြည့်ဖြည်းနိမ့်ကြလာကာ ခေတ်ရဲ့ နှုတ်ခမ်းလေးကို စုပ်ယူနမ်းရိုက်လိုက်တော့ ခေတ်တုန်တက်သွားကာ မျက်ဝန်လေးမှိတ်လိုက်ပြီး..ခေါင်ဝန်အနားစလေးကိုသာ ကျစ်ကျစ်ပါအောက်ဘစုတ်ကိုင်ထားမိတော့သည်။


 ရေချိုးပြီး မဟော် ပြုံးစိစိနဲ့ ထွက်လာတော့ သူမလေးက သူ့ကို ကုတင်ပေါ်တွင် ခေါင်းထိုင်သုတ်နေရင် ဂြိုလ်ကြည့်ကြည့်နေသည်။


 သူက မျက်နှာချိုသွေးကာ...


"ကလေး..ကိုကို... သုတ်ပေးမယ်လေ..."


"မသုတ်နဲ့...ရတယ်.."


"ကလေးဖျားအုံးမယ်..."


သူမလေက သူ့ကို မျက်စောင်းထိုးပြီး နောက်တစ်ခါ ရေချိုးမယ်ဆို ကိုယ့်ဘာသာချိုး ခေတ်ကို လာမခေါ်နဲ့... ခေတ်စိတ်တိုစွာပြောလိုက်တော့ ...


"အချိန်ကြာသွားလို့လား...'' 


သူ့အမေးကို သူမလေးမဖြေပဲ မျက်စောင်းထိုးကာ တစ်ဖက်လှည့်သွားတော့ သူအသည်းတွေ ကလိစာတွေယားသွားကာ...


"ခေတ်..ကိုကိုဘက်ကိုလှည့်နော်...ဘာလည်းဒီမှာ ထပ်ချစ်လိုက်ရမလားပြော..."


သူ့ကို ဘယ်လောက်ကြောက်သွားရှာလည်းမသိ ချက်ချင်းပြန်လှည့်လာကာ သူခေါင်းသုတ်ပေးတာကို ငြိမ်ငြိမ်လေးခံယူနေခဲ့သည်။


ခေတ်သူ့ကို စိတ်တွေတိုနေမိသည်။ သူနဲ့ရေချိုးတာ နှစ်နာရီလောက်ကြာသည်။အောက်မှာ မပျိုတို့စောင့်နေမှာအားနာစရာ...ခေတ်သူ့ကြောင့် အောက်ဆင်းရမှာကိုတောင် ရှက်နေမိသည်။


"ကလေး လက်ရှည်ကော်လံနဲ့ အင်္ကျီရှိတယ်မှတ်လာ...အာ့ဒါထုတ်ဝတ်နော်..."


"ဘာဖြစ်လို့လည်း..."


ခေတ်ကြောင်အအလေးနဲ့ မေးတော့ သူကမချိုမချဥ်ပြုံးကာ မှန်ထဲမှာပြန်ကြည့်တဲ့ သူ့အပြောကြောင့် မှန်ထဲမှာကြည့်လိုက်တော့ ခေတ်မျက်နှာလေး ဆေးမင်ရောင်ပတ်ဖျန်းထားသလို ရဲသွားကာ...


"နှာဗူးကြီး.."


မဟော်အဝတ်အစားခန်းထဲကနေ သူမရဲ့ ကျိန်ဆဲသံလေးကြောင့် သဘောကျနေမိသည်။


"အဟွန်း...အရူးမလေး..."


ခေတ်နဲ့သူ အဝတ်အစားလဲပြီး အောက်ထပ်ဆင်းလာတော့..မပျိုတို့က ထမင်းဝိုင်းကို ရောက်နေပြီဖြစ်ကာ...


"ဟော သာနဲ့ သမီး ကို ကြီးစိန်တောင်အခုလာခေါ်တော့မလို့..."


"ဟုတ်တယ်ကြီးစိန် ကျွန်တော့ရေချိုးတာကြာနေလို့..."


မဟော်ပြောလိုက်တော့ မျက်နှာပျက်နေသောပျို့ စိတ်သက်သာရာ ရသွားကာ...


"မဟော်ရယ်...နင်ကလည်း...ရေကိုအာ့လောက်ကြီးအကြာကြီးမချိုးနဲ့လေ..ကျန်းမာရေးမကောင်းဖြစ်မှာပေါ့..."


" ငါက ဘာမှမဖြစ်ပါဘူး..."


ပျို့ဆက်ပြောမလို့ပြင်တော့...


"ကဲ ကလေးတွေ ထမင်းစားကြ​တော့..ဟင်းတွေအေးကုန်မယ်..."


ပျိုလည်း ဘာမှမပြောတော့ဘဲ ဟွန့်အဘွားကြီး နေရာတကာ ဝင်ပါတယ် ကြည့်နေရှင်လည်း..နောက်ပိုင်းဒီအိမ်ကနေ ဆင်းရတော့မှာ...ပျို စိတ်ထဲကနေ မကျေမနပ်ပြောလိုက်လေသည်။


ခေတ်လည်းမမပျို့ရဲ့ ကိုကိုအပေါ် ထားတဲ့ သဘောထားတွေက တဖြည်းဖြည်းရုပ်လုံးပေါ်လာတော့ သိပ်မကြိုက်ချင်တော့ပါ...ခေတ်ကိုတောင် စကားက ပြောချင်သလို မပြောချင်သလိုနဲ့...ကိုကိုရှေ့မှာဆို တစ်မျိုး အနောက်ကွယ်မှာဆို တစ်မျိုး...အခုလည်းခေတ်ကစိုးရိမ်ရမှာကို သူက စိုးရိမ်ပြနေသည်။ခေတ်လည်းတွေးမနေတော့ဘဲ...


"ကိုကိုရောထည့်စား..."


"ခေတ် ဒါတွေအကုန် ကလေးချက်ထားတာလား..."


"ဟုတ်တယ်သားရေ ...ခေတ်လေးက ပညာဘက်မှာတင်မဟုတ်ဘူး အချက်အပြုတ်မှာပါ ကျွမ်းတာတော့.. ငါ့သားတော့ မိန်းမကောင်းလေးရတာပဲ..."

"ဟုတ်တယ် ကြီးစိန်ရေ ကျွန်တော်တော့နောက်ဆို ဘယ်သူ့လက်ရာမှ မတိုးတော့ဘူးထင်တယ်..."မဟော်အပြောကြောင့် ခေတ်ပြုံးလိုက်သည်။


ကြီးစိန်အပြောကြောင့် ပျို နှုတ်ခမ်းလေးမဲ့လိုက်မိသည်။


"မပျို့ စားကောင်းလား ထည့်စားနော်..."


ပျို့ဟန်ဆောင်ပြုံးကာ


 "ကောင်းတယ်ခေတ် အရမ်းစားကောင်းတယ်...."

နင်အခုတော့ ဝအောင်ပျော်ထားအုံး တစ်ခေတ်သစ်....နောက်မှ ငါ့ကို ခြေသလုံးဖက်ပြီး လာတောင်းပန်ရလိမ့်မယ်...


❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤


ခေတ်တို့ထမင်းစားသောက်ပြီး အခန်းထဲဝင်လာတော့..


"ကိုကို...မနက်ဖြန် ဖေဖေတို့ ပြန်တော့မှာ အာ့ဒါခေတ် လေယာဉ် ကွင်းကို ခေတ်လိုက်ပို့မလို့..."


"ကိုကို သိတယ်လေ...ကိုကိုလည်း လိုက်ပို့မယ်..."


ခေတ်မျက်ဝန်းလေးဝိုင်းကာ...


"ကိုကိုက အားလို့လား...ခေတ်ပဲသွားလိုက်ပါ့မယ်..."


"ကိုကို့မိန်းမရဲ့ မိဘတွေအတွက်ပဲ ကိုကိုအားပေးရမှာပေါ့..."


"ဟီးဟီးး..အာ့ကြောင့်ကိုကို ချစ်တာ.."


"အဟွန့် ငချွဲမလေး..."


မဟော်ကိုလာဖက်သော သူမလေးကို ခါးလေးကို သိမ်းဖက်ထားလိုက်ပြီ...


"ကလေး....ကိုကို ကိုချစ်လား...ကလေးကိုကို ကိုမပြောရသေးဘူးနော်..."


ခေတ်သူ့အမေးကြောင့် သူ့အင်္ကျီစလေးကို ဖွဖွလေး ဆုပ်ကိုင်၍ သူ့ရဲ့ ချောမောခန့်ညားသော မျက်နှာကို  ငေးကြည့်လိုက်သည်။


"ဖြေပါကွာ...ကိုယ့်ကိုချစ်လား..."


သူမ သူရင်ခွင်ထဲ ပိုတိုးသင်လိုက်ပြီး...


"မချစ်ဘဲနဲ့ ကိုကို ကိုလက်ထပ်မလားလို့..."


"မရဘူး...အခု ကလေးပါးစပ်လေးက  ကိုယ့်ကို ဖြေပေးနော်...."


ခေတ်သူ့ရင်ဘက်ကို ခိုးနမ်းလိုက်ပြီး ချွဲနေလိုက်ကာ...


"ချစ်တယ်....ခေတ် ကိုကို ကိုချစ်တယ်..."

မဟော်လည်း သူမအဖြေလေးကြောင့် သဘောကျသွားကာ သူမနှဗူးလေးကို နမ်းလိုက်ပြီး...


"ကိုယ့်က ကလေးကို အများကြီးချစ်တာ..."


"ကလေး...ကိုကိုတို့ လူဦးရေတိုးဖို့ လုပ်ငန်းစလိုက်ကြရအောင်...."


"ဟာ..ကိုကိုနော် ထမင်းစားထားတာမကြာသေးဘူး...ပြီးတော့ ရေမချိုးခင်ကလည်...."


"ပြောလေ...ရေချိုခင်ကဘာဖြစ်လည်..."


မဟော်မချိုမချဥ်မေးတော့ ခေတ်အရှက်သည်းသွားကာ...


"မသိဘူး...လာမမေးနဲ့.. .ခေတ် ရေချိုးခန်းခဏဝင်အုံးမယ်..."


"ဟိတ်အာ့လိုတော့မရဘူးနော်..ကိုကို လူဦးရေတိုးဖိုးလုပ်ငန်းစဥ်ကို အပျက်မခံနိုင်ဘူးးး..."


မဟော်ပြောလည်းပြော သူတို့နှစ်ဦးရဲ့ ကိုယ်ပေါ်သို့ စောင်အဖြူကြီးကို လွှာခြုံလိုက်​လေတော့သည်။


💠💠💠💠💠💠💠💠💠💠💠


ညနေရောက်တော့ ခေတ်ပန်းပင်လေးတွေကို ရေလောင်းနေတော့ မပျို့က ဝှဲချဲလေးနဲ့ ခေတ်ဘေူကို ရောက်လာကာ...


"ခေတ် ဘာတွေလုပ်နေတာလည်..."


" သြော် မပျို...ပန်းပင်လေးတွေရေလောင်းနေတာလေ...မပျိုပျင်းနေပြီလား..."


ခေတ်မေးလိုက်တာကို မပျို့က ဘာကို သဘောကျသွားမှန်းမသိ ရယ်လိုက်ကာ...


"ပျို့မပျင်းပါဘူး...ပျိုချစ်တဲ့ ...သူကိုနေ့တိုင်းမြင်နေရတော့ ပျိုပိုပြီးတော့ကို စိတ်ချမ်းသာတာ.."


" ရှင်မပျို့..ဘာကိုပြောတာလည်း..."


"သြော် ပျို့ပြောတာက ဒီအိမ်ကလူတွေက ပျိုချစ်တဲ့သူတွေဘဲလေ...ငယ်ငယ်လေးထည်းက နေတော့ သူတို့ကို သံယောဇဉ် ရှိပြီးသားလေ... အာ့ဒါကိုပြောတာပါ..."


ခေတ်လည်း မပျို့ ဘာကို ရည်ရွယ်ပြီးပြောတယ်ဆိုတာ ကို သဘောပေါက်သော်လည်း မသိချင်ယောင်ဆောင်မေးလိုက်တော့...မပျို့ဖြေတာလေးကို ခေတ်သဘောကျရယ်လိုက်ကာ...


" မပျိုက သံယောဇဉ် အရမ်းကြီးတက်တာပဲနော်..."


"အဟင်း..ဟုတ်တယ်..ဒို့က သံယောဇဉ် အရမ်းကြီးတက်တာ..ဒိုလိုချင်တာဆိုလည်းမရရအောင်ယူတက်တယ်..."


ခေတ်ရဲ့ မျက်ဝန်းကို တည့်တည့်စိုက်ကြည့်ပြီးပြောပုံက စိတ္တဇ ဆန်လှသည်။ခေတ်လည်းပြုံးပြလိုက်ကာ..


"အာ့လို သံယောဇဉ် ထားတက်တာက ကောင်းပါတယ်...ဒါပင်မဲ့ လေ ရအောင်ယူတက်တယ်ဆိုတာကတော့ မပျိုသူများပစ္စည်းဆိုရင်လည်းယူမယ်လို့ သဘောထားတာလား...အာ့ဒါဆိုရင် ခိုးရာပါပစ္စည်းဖြစ်သွားလိမ့်မယ်မပျို့..."


ပျိုသူမအပြောကြောင့် မျက်နှာပျက်သွားကာ...

"အာ့လိုဆိုရင်လည်း ဒို့ကဘာမှ မဖြစ်ဘူး....ဒိုအာ့ပစ္စည်းကို ပိုင်ရင်ပြီးရော...ဒို့ ဘာဖြစ်ဖြစ် ခံနိုင်ရည်ရှိတယ်..."


"မပျို့ လိုချင်တဲ့ ပစ္စည်းက အခြားတစ်ဖက်က သူ့ရဲ့ပိုင်ရှင်ကို အရမ်းကြိုက်တော့...မပျိုလုယူရင်လည်း အခွံကြီးဖြစ်နေလိမ့်မယ်...ခွင့်ပြုပါအုံးရှင့်...ကျွန်မ ကိုကိုအတွက် ဟင်းချက်ပေးရအုံးမှာဟုတ်လို့...ကိုကိုကလေ ခေတ်ချက်ပေးတဲ့ ဟင်းလေးတစ်ခါပဲစားရသေးတာတောင် အခြားဟင်းမတိုးတော့လို့ နေ့တိုင်းချက်ကျွေးပါဆိုလို့လေ..."


ခေတ်လည်း စကားအနိုင်ပိုင်းကာ ထွက်လာလိုက်သည်။ တော်တော်အရှက်မရှိတာပဲ..ငါ့ကိုများ..နုံတယ်ထင်နေတာလား...ဝေးသေး မပျိုရေ ခေတ်တို့က ရှင့်ကို အကြောတောင်ပေးထားလိုက်အုံမယ်..ဟားး...


ပျို သူ့ကို စကားအနိုင်ပိုင်းသွားသော ခေတ်ဆိုတဲ့ မိန်းမကို အမုန်းကြီးမုန်းနေမိသည်။ခြေထောက်မကောင်းတာကို ဟန်ဆောင်ထားလို့သာ...ကောင်းတာကောင်းရင် ပျို့လည်း ချက်ပြုတ်တာသင်ပြီး မဟော့်ကို ချက်ကျွေးမိမှာ...ခေတ်နင်က နောက်မှ ရောက်လာတဲ့သူပါ...ငါက နင့်ထက်အရင် မဟော်ရဲ့ အနားမှာ ရှိနေတဲ့သူ နင်ငါ့ကိုမယှဥ်နိုင်ပါဘူး...


မဟော် ဒီတစ်ပတ်ရုံးကို မသွားဘဲ အိမ်မှာပဲ အလုပ်လုပ်ရန် ဆုံးဖြတ်ထားတာကြောင့် အလုပ်ခန်းထဲတွင် အလုပ်လုပ်နေတဲ့အချိန် တံခါးခေါက်သံကြားတာကြောင့် ခေတ်လို့ထင်မိကာ...ခေတ်မဟုတ်ဘူးဘဲ ဂျိုင်းထောင့်လေးနှင့် ပျိုဖြစ်နေတာကြောင့်...မျက်မှောင်ကုတ်သွားကာ..


"ဟာ ပျို..နင်ဘာလာလုပ်တာလည်း..ခြေထောက်လည်းမကောင်းဘဲနဲ့..."


မဟော်ပြောလိုက်တော့ ပျို့မျက်နှာလေး စိတ်မကောင်းဟန်လေးလုပ်ကာ..


"မဟော်ရယ်..ငါက နင့်အတွက် အအေးလာပို့ရမလားလို့ လာမေးတာပါ..ပြီးတော့ ငါက ဘာမှမလုပ်နိုင်တော့...လူပိုကြီးလို ဖြစ်နေတော့ အချို့က တစ်မျိုးထင်ကြလို့ပါ...နင်မကြိုက်ရင်... နောက်ငါမလာတော့ပါဘူး.."


ပျို့မျက်ရည်လေးဝဲကာ..အမှုအရာပိုစွာ သနားစရာကောင်းအောင် ပြောလိုက်တော့...


"ဟာ ပျိုရာ မဟုတ်ပါဘူး..ငါကနင့်ခြေထောက်အတွက်ပြောတာ...နင့်ကို လာတာမကြိုက်လို့မဟုတ်ပါဘူး..."


ပျို့မျက်ဝန်းလေး လက်စွာ..

"အာ့ဒါဆို ငါနင့်အတွက် နေ့တိုင်းအအေးဖျော်ပေးမယ်နော်..."


"မလုပ်ပါနဲ့...ငါ့အတွက် ခေတ်ဖျော်ပေးတယ်...နင်ခြေထောက်ကောင်းအောက်သာ ဂရုစိုက်ပါ..."


"မဟော် နင်အရမ်းပြောင်းလဲသွားတယ်သိလား...ငါကလည်းနင့်ရဲ့မိသားစုဝင်ပါဟာ...နင့်ကို စေတနာနဲ့ ဖျော်တိုက်ချင်လို့ပါ...."


ပျို့မျက်ရည်တွေကျကာပြောတော့


"အေးဟာ..ဖျော်တိုက်ဟုတ်ပြီလားး..ဒါပင်မဲ့ အလုပ်အခန်းထဲကို ငါတစ်ယောက်ထည်းရှိရင်မလာပါနဲ့ နင့်အတွက်မကောင်းဘူး...ပြီးတော့ ခေတ်လည်းတစ်မျိုးထင်လိမ့်မယ်..."


"အင်းပါ...ငါက နင့်ကို မိသားစုဝင်တစ်ယောက်လို သဘောထားလို့ပါ..ဟိုအရင်ကလည်း..ဒီလိုပဲ ဝင်ထွက်နေတာဆိုတော့ ငါသတိမထားမိလိုက်ဘူး..တောင်းပန်ပါတယ်မဟော်..."


ပျို့ထွက်သွားတော့မှ မဟော်လေးမှုတ်ထုတ်ကာ..ပျိုဘာတွေဖြစ်နေတာလည်း သူမခြေထောက်ဖြစ်လို့ အားငယ်နေတာလား..အားငယ်ရအောင်လည်း သူမလိုအပ်တာတွေ အကုန်သူဖြည့်စည်းပေးထားတညပါ..ခေတ်ကလည်း သူ့မအပေါ် နွေးနွေးထွေးထွေး ဆက်ဆံပါတယ်..ဟူး...ပျိုနင်ဘာတွေဖြစ်နေတာလည်း....


💠💠💠💠💠💠💠💠💠💠


ခေတ်တို့ မနက်ရောက်တော့ ဖေဖေတို့ကို လေယာဉ် ကွင်းလိုက်ပို့တော့ ...


"သမီးလေး...သားမဟော်အပေါ်အရမ်းမဆိုးနဲ့နော်..."


မေမေပြောတော့ ခေတ်နှုတ်ခမ်းလေးစူကာ..

"ဟုတ်ကဲ့ပါမေမေ...ခေတ်မဆိုးပါဘူး...ဖေဖေနဲ့မေမေလည်း ဂရုစိုက်နော်..ခေတ်ကိုလည်း phဆက်နော်..."


"အင်းပါသမီးရယ်...မေမေတို့ phဆက်မှာပါ..."


"မောင်မဟော် အန်ကယ့်သမီးလေးကို ဂရုစိုက်ပေးပါကွာ..."


"စိတ်ချပါအဖေ ကျွန်တော် ခေတ်ကိုဂရုစိုက်မှာပါ..."


ဦးခေတ်သစ်ခေါင်းငြိမ်ပြလိုက်ပြီး....


"သမီး မေချယ်က လာလည်ပါအုံးတဲ့....သမီးတို့အားရင်တစ်ရက်လောက်သွားလိုက်အုံး..."


ဖေဖေ​ပြောတော့ ခေတ်လည်း..

"ဟုတ်ကဲ့ဖေဖေ ခေတ်သွားလိုက်ပါ့မယ်..."


ခေတ်တို့ သားအမိသားအဖတွေ တစိယောက်နဲ့ တစ်ယောက်ပွေ့ဖက်ကြပြီး..လေယဥ်ထွက်ခွာချိန်နီးနေပြီကြောင့်...


"ကဲ့ သမီးနဲ့ သား ဖေဖေတို့သွားတော့မယ်နော်..."


"ဟုတ်ကဲ့အဖေ..."


ဦးခေတ်သစ်တို့လည်း မဟော်တို့ကို နှုတ်တက်ပြီး လေယာဉ် ပေါ်တက်သွားကြတော့သည်။


ခေတ်လည်း လေယာဉ် ကွင်းပြင်ရောက်တော့ မိုးပေါ်က ပျံသန်းသွားသော လေယာဉ် ကိုကြည့်ပြီး ဝမ်းနည်းကာ..မျက်ရည်ကျလာတော့...


"ဟာ..ကလေးကလည်း..ဘာလိုငိုတာလည်း..ကလေးလွမ်းရင် ကိုကို လိုက်ပို့ပေးပါ့မယ်ဗျာ...မငိုတော့နဲ့နော်...''


ခေတ်ကို မျက်ရည်တွေ လာသုတ်ပေး​​သော သူ့ကြောင့် သူ့မျက်နှာကို မော့ကြည့်လိုက်ပြီး...


"တကယ်နော်..ကိုကိုလိုက်မပို့လည်း..ခေတ်က ကိုယ့်ဘာသာသွားမှာ..."


မဟော်ဆူပုတ်ပုတ်လေးပြောနေသော သူမလေးကြောင့် သဘောတွေကျကာ..


"ဟုတ်ပါပြီ...ကိုကို လိုက်ပို့မှာပေါ့...လာကားပေါ် သွားကြရအောင်..."


ခေတ်လက်ကိုဆွဲကာ အာကာ  အသင့်ဖွင့်ပေးထားသော ကားပေါ်တက်ကာ အိမ်ပြန်ရန် မောင်းထွက်လာတော့သည်။


ပျိုခြေထောက်ထော့နဲ့ ထော့နဲ့နဲ့ ထမင်းစားခန်းထဲဝင်လာတော့ မဟော်တို့ကိုမတွေ့တာကြောင့် အသီးအရွက်ခြွေနေသော ကြီးစိန်ကို ...


"ကြီးစိန်..မဟော်တို့ရော..."


"သားမဟော် သမီးခေတ်လေးမိဘတွေကို လေယာဉ် ကွင်းသွားပို့တယ် သမီးပျို..."

ပျိုနှုတ်ခမ်းလေးမဲ့ကာ...


" သြော် ပြန်တာပဲ ပြန်ပေါ့ မဟော့်ကိုဘအလုပ်ရှုပ်ရအောင်..."


"အာ့လိုတော့မဟုတ်ဘူးလေ..ကလေးရယ်..ယောက္ခမ ဆိုတော့ မိဘပဲလေ အာ့တော့ ရိုသေရတာပေါ့.."


"အင်းပါ..ကြီးစိန်သူတို့ ဘယ်အချိန်ပြန်လာမှာလည်း...ပျို အအေးဖျော်ပေးမလို့..."


"သွားတာကြာပြီဆိုတော့ ရောက်တော့မယ်ထင်တယ်.."


"အာ့ဒါဆို ပျို့အအေး ဖျော်လိုက်တော့မယ်နော်..."


"အေးအေးသမီး.."


ပျို့အအေးဖျော်နေတုံး ကားသံကြားတာကြောင့် မဟော်တို့ ပြန်ရောက်ပြီ ဖြစ်လောက်မည်။ ပျို့အအေးခွက်လေးကိုင်ကာ..ခြေထောက်ထော့နဲ့ထော့နဲ့လေးနဲ့ ဧည့်ခန်းကိုဘထွက်လာလိုက်တော့ တွေ့ပါပြီး ဘယ်အချိန်ကြည့်ကြည့် ချောမောခန့်ညားနေတဲ့ သူမရဲ့ အချစ်ဦး...ပျို့ တွေးနေတုံးမဟော်က ပျို့ကိုတွေ့သွားပြီး..


"ပျို..လာလေ..ဘာရပ်လုပ်နေတာလည်..."


"အဟင်း..နင့်အတွက် ငါအအေးဖျော်ပြီးလာပို့တာ...နင်ပဲ နေ့တိုင်းဖျော်ပေးတာကို သောက်မယ်ဆို..."


ပျို့စကားကြောင့် မဟော် မျက်​မှောင်ကြုတ် သွားကာ ခေတ်ကို ကြည့်လိုက်တော့ ခေတ်က သူ့ကိုပြန်ကြည့်နေတာနဲ့ဆုံသည်။


"နင်ခြေထောက်နာနေတယ်လေ... အာ့ဒါကြောင့် တစ်ကူးတကကြီး မလုပ်ပါနဲ့ ကြီးစိန်တို့လည်းရှိတာကို.."


"မဟော်ရယ် ငါကနင့်ကို ငါကိုယ်တိုင်ဖျော်ပေးတာပဲ သောက်စေချင်လို့ပါ..."


ခေတ်ကြားထဲကနေ ကြည့်မရတော့တာကြောင့် ကဲပါကိုကိုရယ် မပျို့က ဒီလောက်သောက်စေချင်နေတာကို သောက်လိုက်ပါ..ရပ်နေရတာ အားနာစရာကြီး မပျိုကကိုကို့အတွက်ပဲ ဖျော်တက်တာလား...

ပျို့ခေတ်အမေးကြောင့် ပြုံးလိုက်ပြီး


" ခေတ်အတွက် က ပျိုမဖျော်တာ ခေတ်က ဘယ်လိုအရသာ ကြိုက်မှန်းမသိလိုလေ မဟော်ကြတော့ ပျို့ဖျော်တာသောက်ဖူးနေတော့လေ..


"သြော် အာ့ဆို နောကိတစ်ခါ တစ်အိမ်သားလုံးကို မပျို ဖျော်တိုက်ပါအုံးနော်..မပျိုလက်ရာကောင်းမှာပါ ကိုကိုတောင်ကြိုက်တယ်ဆိုတော့ ခြံစောင့်တို့ အိမ်ကကောင်မလေးတွေရော အကုန်ကြိုက်ကြမှာ..ဒီရာသီကလည်းပူနေတာဆိုတော့..."


''ပေးပေး ရော့ကိုကိုသောက်ကြည့်ရမ်း...".


မဟော်သူကို အတင်းတိုက်သော ခေတ်ကြောင့်နည်းနည်းသောက်ကြည့်ကာ...


"ဘယ်လိုလည်းကိုကို မပျိုဖျော်တာ...ကောင်းရဲ့လား..''


"အင်းမဆိုးပါဘူး..''


"အာ့ဆိုရပြီ မပျို့ တစ်ခါထည်း အိမ်ကလူတွေ အကုန်တိုက်ချင်လို့လေ အအေးလေးတစ်လက်စထည်းဖျော်ပေးပါလား....မပျိုလက်ရာဆို အကုန်ကြိုက်ကြလောက်တယ်..."


"အင်းရတယ်လေ..."


"ဖြူဖွေးရေ...ဖြူဖွေး...လာပါအုံး..."


"မမလေးရောက်ပါပြီ...."


"မပျို့ကဘတစ်အိမ်လုံးကို အအေးဖျော်တိုက်မလို့တဲ့ လိုအပ်တာတွေ ဝိုင်းလုပ်ပေးလိုက်...ဝင်တော့မဖျော်ပေးနဲ့နော်..မပျိုကိုယ်တိုင်ဖျော်မှာ...'' 


"ဟုတ်ကဲ့မမလေး.."


"ကဲ မမပျို ခေတ်တို့လည်း ပင်ပန်းတော့ နားလိုက်အုံးမယ်..ပြန်ဆင်းလာရင် မမပျို့ဖျော်ထားတဲ့ ဖျော်ရည်ကို ခေတ်တို့လည်းသောက်မယ်နော်..."


ခေတ်ဘေးမှာထိုင်ပြီး phကိုအေးဆေးကြည့်နေသော ကိုကို ကို...


"ကိုကို သွားမယ်လေ...''


"အွန်း..သွားမယ်လေ..."


ခေတ်မဲ့ပြုံးပြုံးလိုက်ကာ မပျို့အကြံလောက်ကတော့ ခေတ်တို့က တောက်ချလိုက်မယ်အဟင်း...ကလေးအကွက်တွေဟွန့်.... 


ပျို အပေါ်ထပ် တက်သွားသော ခေတ်တို့ကို အမုန်းမျက်လုံးများဖြင့် ကြည့်ကာ ကျန်ခဲ့သည်။


မဟော်အရှေ့မှာ ခေတ်ကပြောနေတော့ ပျို မကောင်းတက်လိုသာခေါင်းငြိမ့်လိုက်ရတယ်။စံအိမ်မှာက အလုပ်သမားတွေ အကုန်ပေါင်းဆို နည်းတာမဟုတ် အများကြီးဖျော်ရလိမ့်မယ်။ခေတ်ဆိုတဲ့ မိန်းမ ပျိုကို တမင်သက်သက် ပညာပေးသွားတာ ပျိုနှုတ်ခမ်းလေးကိုက်ကာ.. နင်အလှည့်လည်းမကြာခင်ရောက်လာလိမ့်မယ်.. စံခေတ်တော်ဝင်...


ဆက်ရန်....


စာရေးသူ  - လွမ်းခြင်း


rate now: