"ဟော... မမရိပ်ရေ.. မောင်မဟော်နဲ့ သမီးလေးခေတ်ရောက်လာပြီ..."
ဒေါ်ပန်းရိပ်လည်း ချယ်အသံလေးကြောင့် သမီးလေးကို တွေ့ချင်စောဖြင့် အမြန်ထွက်လာကာ အပြင်ရောက်တော့ သမီးလေးနဲ့ သမီးလေးဘေးမှာ ခပ်ချောချော လူငယ်တစ်ယောက်ကို တွေ့ရလေးသည်။
"သမီးလေး..ခေတ်.."
"မေမေ..."
ခေတ်မေ့မေ့ကို တွေတော့ပြေးဖက်ကာ ခေတ်တို့သားအမိဘအလွမ်းသယ်နေကြတုန်း...
"မေကြီးရေ...လွမ်းတာလည်းလွမ်းကြပေါ့..အိမ်ထဲဝင်လာကြပါလား...ဟိုမှာမောင်မဟော် အပြင်မှာရပ်နေရပြီ..."
ဦးခေတ်သစ်လှမ်းပြောတာကြောင့် ခေတ်တို့လည်းအခုမှ သူ့ကို သတိရကာ..
"လာသား...မေမေက သမီးလေးကို လွမ်းလို့ sorryနော်သား..."
ဒေါ်ပန်းရိပ်အားနာစွာမဟော့်ကိုပြောလိုက်တော့...
"ရ ပါတယ်ခင်ဗျာ...ကျွန်တော် ဘာမှမဖြစ်ပါဘူး..."
ခေတ်တို့ ဧည်ခန်းထဲမှာ အကုန်ထိုင်ပြီး မင်္ဂလာ ကိစ္စကို ဆွေးနွေးကြတော့ သူလုပ်ဆောင် ထားတာကို ပြောပြ သွားတာတွေက အပစ်ပြောစရာမရှိအောင် ဒေါက်စေ့လွန်းနေကာ ခေတ်ကြောင်အအလေးနဲ့ပဲ နားထောင်နေမိသည်။
ဖေဖေနဲ့ မေမေကလည်း သူ့ကို သားဆိုတာ ပါးစပ်ဖြားကကို မချတော့ သူကလည်းအာ့ဒါကို သဘောကျနေတာ အမြင်ကပ်စရာကောင်းလှသည်။ မင်္ဂလာ ကိစ္စတွေဆွေးနွေးလို့ အပြီးမှာ မေမေက ခေတ်ကို မနက်ဖြန်မှ ပို့ပေးမယ် ထားခဲ့ပါလို့ ပြောတာကြောင့် သူအင်တင်တင်နဲ့ ထားခဲ့ရသည်။ ခေတ်ကိုထားခဲ့ရလို့ ဖြစ်ပျက်သွားတဲ့ မျက်နှာကိုမြင်ယောင်ကာ ခေတ်သဘောကျနေမိသည်။
🛑🛑🛑🛑🛑
ပျိုအတွက်စီစဥ်ပေးထားတဲ့ အိမ်ကိုရောက်တော့ ပျိုအခန်းထဲဝင်ကာ ငိုနေမိသည်။ မဟော်ရယ်..နင်အရမ်းရက်စက်လိုက်တာ...ငါက လွယ်လွယ်နဲ့ အရှုံးပေးရတော့မှာလား....ဟင့်အင်း...ငါဘယ်တော့မှ နင့်ကိုလက်မလျော့ နိုင်ဘူး...ငါနင့်ကို ပြန်ရအောင်ယူမယ်...နင်ကငါ့အတွက်ပဲ မဟော်...အာ့ဒိအတွက် ငါမတရားဘူးဆို sorry ပဲမဟော် နင်ကငါ့အပိုင်ဟုတ်လိုဘဲ...
ပျို့ကောက်ကျစ်သော အတွေးတို့က ခေါင်းထဲ ဝင်လာကာ phနံပါတ်တစ်ခုကို ခေါ်လိုက်တော့သည်။
မဟော် ခေတ်တို့အိမ်ကပြန်ရောက်ရောက်ချင်း ရေချိုးပြီး အိပ်ယာပေါ်လှဲနေရင်း သူ့တစ်ယောက်ထည်းပြန်လွတ်တာကို ဘာမှမပြောဘဲ ဒီအတိုင်းကြည့်နေတဲ့ ခေတ်ကို အသည်းတွေယားနေမိသည်။ဘာပဲ ဖြစ်ဖြစ် မနက်ဖြန်ဆို ကို မင်းကို ပိုင်ပြီးပဲ..အဟွန်း...မဟော် ခေတ်အကြောင်းတွေးနေစဥ်...phလာတာကြောင့် ကြည့်လိုက်တော့..ပျို့စီက ဖြစ်ကာ...
"Hello.. ပျိုပြောလေ..."
" ကိုမဟော်ရောင်နီလားရှင်..."
မဟော် မျက်မှောက်ကြုတ်သွားကာ ပျို့phနဲ့ သူ့ကိုခေါ်တာ ပျို့မဟုတ်ဘဲ အခြားသူဖြစ်နေတာကြောင့်
"ဟုတ်ပါတယ်...အခုပြောနေတာက... ဘယ်သူလည်...ဒါပျိုသစ္စာ ph မဟုတ်လားးး..."
"ဟုတ်ပါတယ်...မပျိုသစ္စာရဲ့ ph ပါ...မပျိုသစ္စာက ရေချိုးခန်းထဲ ချော်လဲပြီး ခြေထောက်ကျိုးသွားတာကြောင့်...ဆေးရုံကိုရောက်နေတာပါရှင့်..."
"ဗျာ..ဟုတ်ကဲ့..ဘယ်ဆေးရုံလည်းဗျ..ကျွန်တော်လာခဲ့ပါ့မယ်.."
"ဟံသာဆေးရုံပါရှင်..."
" ကျေးဇူး"
မဟော်လည်း ပျို့ခြေထောက်ကျိုးတယ်ဆိုသောကြောင့် စိုးရိမ်သွားကာ..အာကာကို ကားလှမ်းထုပ်ခိုင်းပြီး ဟံသာဆေးရုံကို မောင်းခိုင်းလိုက်တော့သည်။
ဆေးရုံရောက်တော့ မဟော် ပျို့အခန်းကို မေးကာ ဝင်သွားတော့...ပျို့က သတိမေ့နေတာလား မှိန်းနေတာလားတော့မသိ ကုတင်ပေါ်တွင်လှဲနေကာ ခြေထောက်မှာတော့ ကျောက်ပတ်တီး စည်းထားသည်။ မဟော်လည်း ပျို့ကို သနားသွားကာ...
"အာကာ...ပျို့ကိုဆေးရုံတင်တဲ့သူဘယ်သူလည်း သိလား.."
"စောစောက Nurse ပြောတာတော့ အန်တီကြီးတစ်ယောက်လို့တော့ပြောတယ်...."
"Ok, ကျေးဇူးတင်ကြောင်းပြောပြီး လုပ်အပ်တာပေးလိုက်....ပြီးရင်..ပျို့ကို မဟော်ဆေးရုံကို ရွေ့ဖို့လုပ်လိုက်..."
"ဟုတ်ကဲ့...သခင်လေ...."
မဟော်လည်း..အာကာထွက်သွားတော့..လှဲနေသော ပျိုကုတင်ဘေးက ထိုင်ခုန်တွင်ဝင်ထိုင်ကာ...ပျို့ကို ကြည့်ပြီး သနားနေတော့သည်။
ပျို့ဘဝနဲ့ သူ့ဘဝက အတူတူပဲမဟုတ်လား မိဘတွေကလည်းဘငယ်ငယ်က ဆုံးသွားကြတာချင်းလည်းတူတယ် ပြီးတော့ ပျို့က မိန်းကလေး...ပိုခံစားရမှာပေါ့....
ခဏနေတော့ ပျို့နိုးလာကာ...
"မဟော်နင်ရောက်နေတာလား...."
" အင်း....နင်သက်သာရဲ့လား..."
ပျို့မျက်နှာလေးမဲ့ပြကာ...
"အင်း..ဒါပင်မဲ့ ခြေထောက်တော့ နာနေတယ်..."
"အင်...ဆရာဝန်က နင့်ကို တစ်လနှစ်လလောက်နားရမယ်ပြောတယ်...ခဏနေမဟော်ဆေးရုံကို ရွေ့ပေးဖို့ပြောထားတယ်..."
ပျို့မျက်ရည်လေးတွေကျကာ အမှုအယာပိုစ္စာဖြင့်...
'' ကျေးဇူးတင်ပါတယ်မဟော်...နင်က ငါ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်ပါ...ငါ့ကိုဆေးရုံက ဆင်ရင်...လူတစ်ယောက်လောက်ရှာပေးနော်....ငါခြေထောက်မကောင်းတော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး..."
"နင်ခြေထောက် ကောင်းတဲ့အထိ စံအိမ်မှာ လိုက်နေလိုက်...ကြီးစိန်တို့လည်းရှိတော့ အဆင်ပြေတယ်..."
"ဖြစ်ပါ့မလားမဟော်ရယ်....ပြီးတော့ခေတ်ရော ရှိနေတော့ သင့်တော်ပါ့မလား..."
" ဘာမသင့်တော်တာ ရှိလို့လည်း နင်ကငါ့ညီမလေးဘဲ ခေတ်ကလည်း သဘောထားသေးသိမ်သူမဟုတ်ပါဘူး....အာ့ဒါကြောင့် ဆေးရုံဆင်းရင်.. စံအိမ်ကို လိုက်နေဖို့ပြင်..."
"ပြီးတော့တောင်းပန်ပါတယ်နော်...နင့်မင်္ဂလာဆောင်ကို ငါမလာနိုင်တော့လို့......"
"ရ ပါတယ်ပျိုရယ်...နင်သာဂရုစိုက်...."
ခဏနေအာကာဝင်လာကာ...
"သခင်လေး မပျိုအတွက်အကုန်စီစဥ်ပြီးပါပြီ..."
"Ok"
"ပျို့ နင့်အတွက် ငါ အကုန်စီစဥ်ပြီးပြီ...ငါခဏပြန်အုံးမယ်.. မင်္ဂလာပွဲ ပြီးရင် မဟော်ဆေးရုံကို ငါလာခဲ့မယ်..."
ပျိုခေါင်းလေးငြိမ့်ပြကာ..."မဟော်..ဆေးရုံဆင်းရင်..နင်လာခေါ်နော်..."
"အွန်း..လာခေါ်မယ်... "
ပျိုလည်းမဟော်ထွက်သွားတော့...စောစောက သနားစရာကောင်းအောင် ဟန်ဆောင်ထားသော မျက်နှာကို ပြင်လိုက်ပြီး...ဟားးး..ခေတ်တွေ့လား..မဟော်က ဒို့ဖြစ်တာနဲ့ စိတ်ပူပြီးရောက်လာတာပဲ...ပျိုခြေထောက်တွေက ဘာမှမဖြစ်ပါ..ပျိုဒီလိုပုံစံတွေဖြစ်လာအောင်..အိမ်မှာသန့်ရှင်းရေး လာလုပ်မဲ့ အဒေါ်ကြီးရဲ့ phနံပါတ်ရှိတာကြောင့် ခေါ်ပြီး ပိုက်ဆံပေးကာဆေးရုံကို ပို့ခိုင်းခဲ့သည်။
ဒီရောက်တော့ ဆရာဝန်ကို ပိုက်ဆံပေးပြီး သူ့ကို လိမ်ခိုင်းခဲ့သည်။ အခုတော့ ပျိုရဲ့လှည့်ကွက်ထဲကို မဟော် ဆင်းသက်လာခဲ့ပြီ.... ပြီးတော့သူ့မျက်လုံးတွေထဲမှာ ပျို့အပေါ် သံယောဇဉ်တွေ မြင်နေရတယ်.. အဟင်း...ပြီးတော့ သူမဖြစ်စေချင်သလို သူ့အိမ်မှာနေရတော့မယ်...ခေတ်မင်း...မဟော့်ကို ..ဒို့လက်ထဲ ပြန်ထည့်ပေးဖို့သာ ပြင်ဆင်လိုက်တော့...ပျိုသဘော ကျစ္စာပြုံးနေတုံး...Nurse တစ်ယောက် ရောက်လာကာ...
"မပျိုရှင့်...မဟော်ဆေးရုံကို ပြောင်းဖို့ သခင်လေးမဟော် စီစဥ်ပေးသွားပါတယ်..."
Nurseမလေး အပြောကြောင့် အဓိပ္ပါယ် ပါပါ ပျို့ ပြုံးပြလိုက်ကာ ရှေ့ဆက်လုပ်ဆောင်ရမဲ့ အစီအစဉ်တွေကို ကောက်ကြစ်စွာတွေးနေလိုက်သည်။
🍑🍑🍑🍑🍑🍑🍑🍑🍎🍒🍒
မဟော်ပြန်ရောက်တော့ညအချိန်ရောက်နေတာကြောင့် ရေပြန်ချိုးပြီး အိပ်ယာထဲ ဝင်ကာ ခေတ်အသံလေး ကြားချင်တာကြောင့် ခေတ်ကို phခေါ်လိုက်သည်။
ခေတ်လည်းစာဖတ်နေရင် phလာတာကြောင့် ကြည့်လိုက်တော့ မသိသော phနံပါတ်ဖြစ်နေတာကြောင့် ကိုင်လိုက်ကာ...
"Hello...စံခေတ်တော်ဝင်ပါရှင့်..."
"အဟွန်...ကလေးလား..."
"ဟင်..ရှင်..ရှင်.."
မဟော်မျက်မှောင်ကြုတ်သွားကာ..
"ဘာရှင်လည်း...ကလေးမမှတ်သေးလား...ကိုကို ကို ဘယ်လိုခေါ်ရမလည်းဆိုတာကို..."
"ခေတ်..ခေတ်မှတ်မိပါတယ်...ခေတ်ကို phဆက်တော့ အံသြ သွားလို့ပါ..."
လျှာခလုတ်တိုက်မတက်ရှင်းပြနေသော ကလေးကြောင့် မဟော်ပြုံးလိုက်မိကာ...
" မနက်မင်္ဂလာပွဲရှိတော့ စောစောအိပ်ကလေး..."
"ဟုတ်ကဲ့...ရှင်..အဲ ကိုကိုလည်းစောစောအိပ်နော်..."
"ကလေးကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်...."
"ကိုကို လို့ခေါ်တာလေ..."
မဟော်လည်း ကလေးက သူ့ကို ခေါ်လိုက်သော ကိုကိုဆိုတာကြောင့် မျက်နှာကြီးမှာ ပြုံးဖြီးနေတော့သည်။
"ခေတ်အိပ်တော့မယ်နော်...မနက်ဖြန်လည်း စောစောထရမှာဆိုတော့..."
" ဟုတ်ပါပြီဗျာ...အာဘွားနော်...ကလေး.."
ခေတ်လည်းသူ့အပြောကြောင့် ရင်ခုန်သွားကာ phချလိုက်ပြီး...မနက်ဖြန် ရောက်တော့မယ့် မင်္ဂလာပွဲ့အကြောင်းကို စဥ်းစားနေမိသည်။
မင်္ဂလာပွဲ သုံးပွဲကို တစ်ရက်ထဲဆိုတော့ ခေတ်တို့ပင်ပန်းမှာသေချာသည်။ ခေတ်သူ့အရှေ့ရောက်ရင် ရင်ခုန်သည်။ ဒါကအချစ်လား အချစ်ဆိုရင်တော့ ခေတ်မုန်းတယ်လို့ ကျွေးကြော်ထားသော သူ့ကို ခေတ် ချစ်မိနေတာ သေချာနေပါပြီ။
❤❤❤❤❤❤❤❤
မနက်ရောက်တော့...ခေတ်တို့ မနက်ပိုင်း ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေး လက်မှတ်ရေးထိုးတဲ့ အခန်းအနားလုပ်ခဲ့ပြီး...နေ့ခင်းပိုင်းမှာတော့ သူ့ပိုင်တဲ့ဟိုလ်တယ်တစ်ခုမှာ မင်္ဂလာပွဲ ဆင်နွဲခဲ့သည်။ သူက ကမ္ဘာစီးပွားရေးသမားဆိုတော့လည်း ဂုဏ်သရေရှိအလွှာအသိုင်းအဝိုင်းအသီးသီးက ဧည်သည်တွေ တင်ရောက်ကြသည်။
လာတဲ့သူတိုင်းကတော့ ခေတ်တို့နှစ်ယောက်ကို လိုက်ဖက်တယ် အရမ်းချောကြတဲ့ ဇနီးမောင်နှံဆိုပြီး ချီးမွန်းကြသည်။ မိန်းကလေးတွေကလည်း ခေတ်ကို အားကျတဲ့ အကြည့်နဲ့ကြည့်ကြတော့ ခေတ်မနေတက ဒါကိုသူက အလိုက်မသိစွာ ခေတ်ကို လက်ကို ကိုင်ထားတာ မလွတ် ဟိုဘက်ခေါ်သွားလိုက် ဒီဘက်ခေါ်သွားလိုက်နဲ့ ခေတ်မသိသော လူတွေနဲ့ မိတ်ဆက်ပေးတော့ ခေတ်မှာ ကြောင်အအလေးနဲ့ပဲ ပြုံးပေးနေရသည်။
ခေတ်တို့ ညနေရောက်တော့ သူ့စံအိမ်ထဲက ခြံထဲမှာပဲ Dinner လုပ်ပြန်တော့ လာသမျှဧည်သည်တွေကို ဧည့်ခံရပြန်သည်။
မဟော် မနက်ကပြီးခဲ့တဲ့ မင်္ဂလာပွဲတွေမှာလည်း မြန်မာဝတ်စုံလေးနဲ့ လှနေသော ချစ်ဇနီးလေးကို ချစ်မဝဖြစ်နေကာ..အခုလည်း မင်္ဂလာဝတ်စုံ ခေါင်ဝန် ပေါ့ပေါ့ပါးပါး လေးနှင့်လှနေသော ချစ်ရသူလေးကို ချစ်မဝစ္စာကြည့်တော့ သူမက သူ့ကိုကြည့်ပြီး မျက်စောင်းထိုးကာ...
" ဘာကြည့်တာလည်..."
"လှလို့.."
သူပြောလိုက်လို့ သူမလေးရှက်သွားတဲ့ ပုံစံလေးမှာ သူ့ကိုအသည်းယားစေသည်။
ဧည်ခံပွဲ ပြီးတာကြောင့် မေမေတို့ ဖေဖေတို့ကို နှုတ်ဆက်ကာ ခေတ်လည်း အဝတ်လဲဖို့ အပေါ်ထပ်က ခေတ်တို့အခန်းထဲသို့ ဝင်လာပြီး လက်ဝတ်လက်စားတွေချွတ်ပြီးတော့ ရေတစ်ခါထည်းချိုးရန် ရေချိုးခန်းထဲဝင်လာလိုက်သည်။
သူကတော့ သူရဲ့ မိတ်ဆွေတွေ အတင်းဆွဲထားတာကြောင့် ခဏနေခဲ့ရသည်။ ခေတ်ရေ ချိုခန်းထဲက ထွက်လာတော့ အိမ်ယာပေါ်ထိုင်နေသော သူ့ကို တွေ့တော့ လန့်သွားကာ....
"ကိုကို...ဘာလို့ အသံမပေးတာလည်း...ခေတ်လန့်သွားတာပဲ..." ရင်ဘက်လေးဖိကာပြောတော့...
"အဟွန်း...ကလေးယောကျာ်းက ရုပ်ဆိုးလို့လား..."
သူက ခေတ်ကိုကြည့်ပြီး မချိုမချဥ်ပြောတော့ ခေတ်လည်းရှက်သွားကာ...
"ခေတ်...အဝတ်လဲလိုက်အုံးမယ်..."
မဟော်ခေတ်ရှက်နေမှန်းသိတာကြောင့် ခေတ်အနားကို ထလာကာ...ခေတ်ရဲ့ နားရွက်နားကပ်ပြီ...
"ဘာလို့လဲမှာလည်...ပြီးရင်လည်း ချွတ်ရမှာကို...ကိုခေတ်ကိုစားချင်နေပြီ..."
"အို..."
ခေတ်လည်းသူ့အပြောကြောင့် ရှက်လန့်သွားကာ...ရေချိုးခန်းထဲ ပြေးဝင်ဖို့ ကျန်တော့ မဟော်က ခေတ်ရဲ့လက်ကလေးကို ဆွဲလိုက်ကာ ပွေ့ချီလိုက်ပြီး မင်္ဂလာ ကုတင်ကြီးစီသို့ သူခေါ်ဆောင်သွားတော့ ခေတ်သူ့အင်္ကျီရင်ဘက်စကို လက်ကလေးနှင့် ဆုပ်ကိုင်ကာ လိုက်ပါသွားပြီး သူက ခေတ်ကို ကုတင်ပေါ်အသာချကာ အချစ်များပြည့်လျှံနေသော မျက်လုံးများဖြင့် ကြည့်ကာ
"ကိုစတော့မယ်နော်..."
ခေတ်လည်းမျက်ဝန်းလေးများမှိတ်ချလိုက်ကာ..သူခေါ်ဆောင်ရာ အချစ်ကမ္ဘာကြီးစီသို့ သူနဲ့အတူ လိုက်ပါသွားတော့သည်။
မနက်ရောက်တော့ မဟော် ဘေးကို လက်နှင့်စမ်းကြည့်လိုက်တော့ သူမလေးမရှိတော့တာကြောင့် မျက်လုံးပွင့်သွားကာ.. ညက အကြောင်းကို ပြန် တွေးမိတော့ ပြုံးမိကာ သူမလေးကို သူတရားဝင် ပိုင်ဆိုင်သွားပြီးပဲ..အဟွန်း... သူမလေးသူ့ကိုမနိုးဘဲ...အရင်ထွက်သွားတာကြောင့် ....ပြီးမှအပစ်ပေးမယ်ဆိုပြီးတွေးကာ...ရေချိုခန်းထဲဝင်ကာ ရေချိုးလိုက်တော့သည်။
ခေတ်လည်း ညကအဖြစ်အပျက်ကြောင့် သူ့ကို မျက်နှာချင်းဆိုင်ရမှာ ရှက်နေတာကြောင့် သူမနိုးခင်အရင်ထကာ.. မနက်စာဝိုင်းတွင် သူ့အတွက်မနက်စာပြင်ပေးနေမိသည်။
ခေတ်ညက အကြောင်းကို တွေမိတော့ မျက်နှာလေးရဲသွားကာ..သူတော်တော်ဆိုးပါသည်..ခေတ်ကို တစ်ညလုံး အချစ်အကြောင်းတွေပြောကာ..သူ့ကမ္ဘာထဲက ရုံးထွက်ခွင့် မပေးခဲ့ပေ..။
မဟော်အောက်ထပ်ရောက်တော့ တွေ့ပါပြီး သူဝယ်ပေးထားသော အဖြူရောင်ဂေါင်ဝန်လေးကို ဝတ်ထားသော သူ့ရဲ့ချစ်ဇနီးလေး..သူ့ကိုကျောခိုင်းပြီး မနက်စာပြင်နေတော့...မဟော်လည်း ထမင်းစားခန်းထဲက ကောင်မလေးတွေကို ထွက်သွားဖို့ အချက်ပြလိုက်ကာ မဟော့်ကို အနောက်ခိုင်းကာ မနက်စာပြင်နေသော သူမလေးရဲ့အနားကို တဖြည်းဖြည်းကပ်သွားပြီး...ခါလေးကို ဖက်လိုက်ကာ..
"ဘာဖြစ်လို့ ကိုကို ကိုမစောင့်ပဲ အိပ်ယာကထသွားတာလဲ...."
ခေတ်လည်း အနောက်ကနေ ခါးကို ဖတ်ပြီးမေးနေသော သူ့ကြောင့် ရှက်သွားကာ ဘေးဘီကို ကြည့်ပြီး..
"ကိုကို...လွတ် လူတွေနဲ့ကို..."
"အဟွန်း..ကလေးရှက်နေမှန်းသိလို့ အပြင်ကို ထွက်ခိုင်းလိုပြီ...အဟွန်း..."
ခေတ် သူကရယ်ပြီးပြောတော့ ပိုရှက်သွားကာ...
"ကိုကို.."
"ဗျာ...''
"လွတ်.."
"မလွတ်ဘူး..မနက်က ကိုကို ကိုမစောင့်ပဲ တစ်ယောက်ထဲ ထားခဲ့တဲ့အတွက် အပစ်ပေးမလို့..."
မဟော်သူမကိုယ်လေးကို မျက်နှာချင်းဆိုင် ဆွဲလှည့်လိုက်ကာပြောတော့ သူမလေးက ရှက်မျက်နှာ ရဲရဲလေးနှင့် သူ့ကို မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ကြည့်တော့ သူ့မှာအသည်းတွေယားကာ သူမနှုတ်ခမ်းလေးစီ ဦးတည်လိုက်တော့...
"အွန်း..ကိုက...."
ခေတ်စကားတွေတောင်မဆုံးလိုက် ခေတ်နှုတ်ခမ်းလေးကို အပိုင်သိမ်းလိုက်သော ကိုကိုကြောင့် ခေတ်မျက်ဝန်းလေးတွေ မိတ်ပေးလိုက်မိတော့သည်။
သူ သူမလေးကို နမ်းတာ အချိန်တွေ ဘယ်လောက်တောင် ကြာသွားလည်းမသိ....သူမလေးက သူ့ကို တွန်းတော့မှ လွတ်ပေးလိုက်ကာ သူမလေးကို ကြည့်တော့ သူနမ်းလိုက်လို့ ပေါက်သွားသော နှုတ်ခမ်းလေးကိုကြည့်ကာ..သူစိတ်မကောင်းဖြစ်သွားမိသည်။
"Sorry..ကလေး..ကိုကို အချစ်ကြမ်းသွားမိလို့..."
"ကိုကိုက ခေတ်ကိုဆို အမြဲတမ်းကြမ်းနေတာပဲ..."
သူမလေးက မျက်စောင်းလေးထိုးပြီးပြောတော့ မဟာ်သဘောကျသွားကာ...
"ကလေးဟုတ်လို့ပါကွာ..ကလေးက နမ်းချင်စရာကောင်းနေတော့ ကိုကိုက စိတ်မထိန်းနိုင်ဘူးလေ..."
"ကိုကို မနက်စာ စားမှာလားမစားဘူးလား..."
ခေတ်မျက်စောင်းလေးထိုးပြီးပြောတော့..
"ကလေးမျက်စောင်းတွေ ခဏခဏမထိုးနဲ့နော်..ဒီမှာတင် ကိုကို စိတ်မထိန်းနိုင်ဖြစ်သွားမှ အပစ်လာမတင်နဲ့....."
ခေတ်မှာ သူ့အပြောကြမ်းကြမ်းတွေကြောင့် ဒေါသလေးထွက်ကာ အရှက်သည်းနေမိတော့သည်။
မနက်စား စာနေရင်း ခေတ်က မင်္ဂလာပွဲမှာ မပျိုကို မတွေ့တာကြောင့်...
"ကိုကို..."
မဟော်သတင်းစာ ဖက်ကာ လက်ဖက်ရည်သောက်နေရင်း ကလေးခေါ်သံကြောင့် မျက်လုံးလေးပင့်ကြည့်ကာ....
"ပြောလေ..ကလေ...ဘာပြောမလို့လည်..."
"ဟိုလေ...မင်္ဂလာပွဲ မှာ မပျို့ကိုလည်း မတွေ့မိဘူးနော်..."
မဟော်လည်း ကလေးအပြောကြောင့် ပျိုကိုဒီမှာခဏထားဖို့ ကလေးကို ပြောဖို့အခုမှ သတိရကာ...
"ကိုကို အာ့ဒါပြောမလို့...ပျို့က ရေချိုးခန်းထဲမှာ ချော်လဲပြီး..ဆေးရုံမှာ..သူ့ခြေထောက်က တစ်လနှစ်လလောက် အနားယူရမယ်...အာ့ဒါကြောင့် သူကဟိုမှာတစ်ယောက်ထည်းဆိုတော့ အခက်ခဲရှိတော့... ဒီမှာခေါ်ထားဖို့.. ကလေးသဘောတူရဲ့လား...ကလေးသဘောမကျရင်ပြောနော် ကိုကိုအခြားနေရာစီစဥ်ပေးလိုက်မယ်...."
ခေတ်လည်းသူ့အပြောကြောင့် မပျိုက ကိုကို ကိုသဘောကျနေတဲ့သူဆိုတော့ လာနေမှာကို သိပ်သဘောမကျသော်လည်း..ကိုကို မျက်လုံးထဲမှာ...ခေတ်ကို သဘောထားသေးသိမ်တဲ့သူလို မမြင်စေချင်တာကြောင့်..
"ကိုကို...သဘောလေ...ခေတ်က ရပါတယ်.."
" ကျေးဇူးတင်ပါတယ် ကလေးရယ်.."
"မနက်ဖြန် ပျို အလုပ်ပြန်ဝင်မယ်နော်..."
ကလေးအပြောကြောင့် မဟော်သဘောမကျကာ..
" ကလေး အလုပ်မလုပ်ပါနဲ့လား..ကွာ..ကိုတို့က မကြာခင်..သားသမီးတွေရှိလာရင် ကလေး ပင်ပန်းမှာပေါ့..."
"ကိုကိုကလည်း..ခေတ် အလုပ်က မထွက်ဘူးနော်...တော်ကြာပတ်ဝန်းကျင်ပြောနေအုံးမယ် ချမ်းသာတဲ့ ယောကျာ်းရပြီး ဘာမှမလုပ်တော့ဘူးဆိုပြီး..."
"ဂရုစိုက်စရာလား..ကလေးရာ..ကလေးယောကျာ်းက မဟော်ရောင်နီလေ.ကလေးကို ဘယ်သူမှမပြောရဲဘူး..ကလေးပြီးတော့..ဆေးတွေနဲ့မတားနဲ့နော်..ကိုကို ကလေးလိုချင်တယ်..."
ဘုရားရေ ....ခေတ်ဘုရားတမိလိုက်သည်။လက်ထပ်ထားတာမနေ့ကမှ သူက ကလေးလိုချင်တယ်ပြောနေတော့ ခေတ်အံသြ စွာ...
"မမြန်လွန်းဘူးလား....ကိုကို ကလေးယူတာက..."
"မမြန်ဘူး..ကလေ..ကိုတို့အသက်တွေက ၂၆ဖြစ်နေပြီလေ..ရင်သွေးလေးတော့ရှိသင့်နေပြီ...ကိုကလေးရဲ့ ကိုယ်ပွားလေးတွေကို လိုချင်တယ်..."
ခေတ်သူ့အပြောကြောင့် ထူပူသွားကာ.. မျက်နှာရဲရဲလေးနဲ့ပဲ...
"ဟုတ်ကဲ့..."
မဟော် အရှက်သည်းနေသော ချစ်ဇနီးလေးရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းကာ
"ကိုကို ရုံးသွားတော့မယ်...ပြီးတော့ကလေးဟန်းနီးမွန်း မထွက်ချင်ဘူး ဆိုတာသေချာလား...စဥ်းစားအုံးနော်..."
"ဟုတ်တယ်ကိုကို... ခေတ်မသွားချင်ဘူး...ခေတ်ရင်သွေးလေးမလွယ်ခင်အထိတော့ ဆေးရုံသွားမှာနော်...."
မဟော် လက်မလျော့စွာ ပြောနေသောသူမအပြောလေးကြောင့် ခွင့်မပြုချင်သော်လည်း ခေါင်းငြိမ့်ပြလိုက်ကာ...သူမလေး အလုပ်မလုပ်တော့အောင် ကလေးအမြန်ယူရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
🔷🔷🔷🔷🔷🔷
မယာဆူးတစ်ယောက် ဆေးရုံတက်လိုက်ရပြီး...သက်သာလို့ ပြန်ဆင်းလာချိန်မှာ ကိုကိုမဟော်နဲ့ ခေတ်ဆိုတဲ့ မိန်းမက လက်ထပ်ပြီးသွားပါပြီ...ဆူးအိမ်ပြန်ရောက်တော့..ဖေဖေကလည်း ဆူးကိုခေါ်ကာ ကိုကိုမဟော့်ကို လက်လွတ်ဖို့ ထပ်ပြောသည်။ ပြီးတော့ ဆူးကို ကောင်လေးတစ်ယောက်က လက်ထပ်ခွင့် တောင်းတဲ့အကြောင်းကိုလည်းပြောတော့.. ဆူးအံ့သြ သွားကာ...
"ဆူး..ကိုကိုမဟော်ကို လက်မလွတ်နိုင်ဘူးဖေဖေ.."
"ဘာပြောတယ်မိဆူး..နင်ငါ့ကို ဘဝပျက်အောင်လုပ်ချင်နေတာလား...ငါတို့ အာ့ဒိမဟော်ဆိုတဲ့ ကောင်ကိုသွားထိရင် အခုအတိုင်းနေရမယ်လို့..နင်ထင်နေတာလာ...မဟုတ်တာတွေလုပ်မယ်လို့ တွေးထားရင် အခုချက်ချင်း ဖြတ်လိုက်မိဆူး...ပြီးတော့ ဟိုလူငယ်လေးနဲ့ သမီးအကြောင်းဖေဖေသိသွားပြီး..အာ့တော့ အာ့ဒိလူငယ်လေးနဲ့ လက်ထပ်ဖို့ ပြင်ဆင်ထား...ငြင်းဖို့မကြိုးစားနဲ့တော့..."
ဆူးလည်းဖေဖေ့အပြောကြောက့် အံ့သြ တုန်လှုပ်သွားကာ...
"ဖေဖေ ဖေဖေပြောနေတာ ကောင်းလင်းရှိန်ကိုပြောနေတာလားး...."
"ဟုတ်တယ် သမီး အာ့ဒိလူငယ်လေးက သမီးကို တာဝန်ယူလက်ထပ်ချင်တယ်တဲ့..သူ့အမှားလည်း သူဝင်ခံသွားတယ် သူ့မိဘတွေနဲ့ လာပြီး ငါ့စီမှာ လာတောင်းကြတာ သူ့မိဘတွေကလည်း ငါနဲ့ စီးပွားရေးနယ်ပယ်မှာအသိတွေ ...တာဝန်ယူစိတ်ရှိတဲ့ သူနဲ့တွေ့လို့ ညည်းကံကောင်းတယ်မှတ် မိဆူး..ဒါကြောင့်ဘာစကားမှ ငါမကြားချင်ဘူး...မောင်ကောင်းလင်းရှိန်ကို လက်ထပ်ဖို့သာပြင်ထား.."
ဖေဖေပြောပြီးထွက်သွားတော့ ဆူးမျက်ရည်တွေကျကာ ငိုနေမိတော့သည်။ကောင်းလင်းရှိန်နဲ့သူက ကလပ်တစ်ခုမှာတွေ့ခဲ့ကြတာပါ အာ့ဒိမှာ အရက်တွေ ဆူးအလွန်အကျွန်သောက်ပြီး ကောင်းလင်းငှားထားတဲ့ ခန်းကို မှားဝင်သွားတော့ သူလည်းမူးနေကာ နှစ်ယောက်စလုံးမှားခဲ့ကြသည်။
သူက ဆူးကိုတာဝန်ယူမယ်လို့ပြောပါတယ်..ဆူကလက်မခံဘဲ လျော်ကြေးပေးမယ်လို့ပြောတော့ သူကဆူးစီမှာ ၅သန်းပေးရမယ်ဆိုပြီး ချိန်းခြောက်တော့ ဆူးသူ့ကို အထင်သေးစ္စာ ဆက်ဆံခဲ့မိသည်။အခုတော့ ဆူးသူ့ကို လက်ခံရတော့မှာလား...ဆူး ဖေဖေပြောသွားတာတွေကို သေချာစဥ်းစားကြည့်တော့...ဟုတ်နေတာကြောင့် ဆူး ကောင်းလင်းရှိန်ကို လက်ခံဖို့တွေး လိုက်မိသည်။
ကိုကို တို့အိမ်ထောင်ရေးကိုလည်း ဆူးမဖြတ်စီးချင်တော့ပါ..ဆူးအသိတရားအမြန်ရတာပဲ ဝမ်းသာမဆုံးဖြစ်ကာ..ကောင်းလင်းကို လက်ခံဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။
ဆက်ရန်..
စာရေးသူ - လွမ်းခြင်း