book

Index 11

အပိုင်း(11)💜💜

  • Author : Lwanchin
  • Genres : Romance, Drama

ခေတ်..ရဲရဲမောင်လေးလို့ပြောတာ​ကြောင့် တက်တာတက်လာရတယ်..စိတ်ထဲတော့ ထင့်နေမိသည်။ 


ရဲရဲ တို့က ချမ်းသာပင်မဲ့ ဒီလိုကားမျိုတော့ စီးနိုင်လောက်မည်မဟုတ်...ဒါပင်မဲ့ သူ့မောင်ဆိုတဲ့လူက ပတ်ထားတဲ့နာရီကလည်း ကမ္ဘာကျော်တံဆိပ် စီးလာတဲ့ကားကလည်း အကန့်အသတ်နဲ့ ထုတ်ထားတဲ့ကား..ဒီကောင်လေးတော်တော်ပိုက်ဆံရှိမဲ့ပုံပဲ...ထိုကောင်လေးလို့သာ ခေတ်ပြာတာ ခေတ်ကိုကိုက်ပေါက်ရင် လက်တစ်ဖက်ထဲနဲ့တောင် ရလောက်သည်...ထိုကောင်လေးက တစ်ကိုယ်လုံးကို အနက်တွေပဲ ဝတ်ဆင်ထားကာ အင်္ကျီ အနက်လက်ရှည်ကို တတောင်ဆစ်ရောက်အောင်ခေါက်ဝက်ထားကာ သွေးကြောမျှင်လေးတွေကစိမ်းနေကာ ကားမီးရောင်နဲ့  ဝင်းလက်နေသည်။


ရှာဦးထုပ်ကိုလည်း ငိုက်စောင်းထားတာကြောင့် မျက်နှာမမြင်ရလည်း တော်တော်ချောမဲ့ ကောင်လေးလို့ ခေတ်စိတ်ထဲကနေ ချီးမွန်းလိုက်သည်။ရဲရဲနဲ့များကွာပ...ခေတ်ဒီလိုပြောတာ ရဲရဲသာသိရင် ခေတ်ကို အော်မှာသေချာသည်။


ခေတ်တွေးနေတုံး ကားလေးက မြို့ပြင်မထွက်ဘဲ လူချမ်းသာတွေနေထိုင်သည့် ရပ်ကွက်ထဲကို ပြီးတော့ အရမ်းခမ်းနားလှပပြီး ကြီးမာကျယ်ဝန်းသော ခြံဝန်းထဲသို့ မောင်းဝင်လာတော့ ခေတ်လန့်သွားကာ မျက်လုံးလေးပြူးသွားမိသည်။


ထို့အချိန် phက message ဝင်လာသဖြင့် ကြည့်လိုက်တော့ ရဲရဲဖစ်နေတာကြောင့် ခေတ်ဖတ်လိုကိတော့ "ခေတ် နင်မထွက်လာသေးဘူးလားတဲ့ ငါ့မောင်လေးအိမ်ရှေ့ရောက်နေတာ ၁နာရီလောက်ရှိပြီတဲ့"


အာ့တော့မှ ခေတ်လန့်သွားကာ ထိုလူကိုကြည့်လိုက်မိတော့ ကားကူရှင်ကိုမှီကာ ခေတ်ကို စွဲဆောင်မှုရှိသော မျက်လုံးများဖြင့် မေးကြည့်နေပုံကြောင့် ခေတ်လန့်သွားကာ..."ရှင်..ရှင် ဘာလုပ်တာလည်း.."

သူကအာ့တော့မှ ပြုံးလိုက်ပြီး


"ကိုယ့်စီက ထွက်ပြေးရတာ ပျော်ရဲ့လား..ခလေး..."

ခေတ်ဘာမှပြန်မပြောနိုင်အောင် မင်သက်နေမိတော့ သူက ခေတ်လက်ကလေးကိုဆဲဲပြီး..လှမ်းနမ်းလိုက်တော့မှ ခေတ်တုန်တက်သွားကာ....


"ရှင်..ရှင် ဘာလုပ်တာလည်း"


"ကိုယ့်စီက ထွက်ပြေးတဲ့ကောင်မလေးကို အပသ်ပေးလိုက်တာ" လို့သူပြောတော့ ခေတ်ရင်တွေတုန်ကာ ချွေးတွေထွက်ပြီး ကြောက်နေမိတော့ သူက ခေတ်ရဲ့နှဖူးက ချွေးစလေးတွေကို သုတ်ပေးပြီး...


"ကဲ..ရှင်းဘာကြောင့် ထွက်ပြေးတာလည်း..."


လည်းလို့သူမေးတာ...ခေတ်လည်း ကြောက်နေသောစိတ်ကို ရဲဆေးပြန်တင်ကာ 


"ခေတ်...ရှင့်ကိုလက်မထပ်ချင်လို့..." ခေတ်ပြန်ဖြေလိုက်တော့ သူကပြုံးကာ...


"ဘာကြောင့်လည်း...ကလေးမကြိုက်တာ ကိုယ့်ကိုပြောလေ..."


ခေတ်လည်း"ရှင်..ရှင်က မျက်နှာများတဲ့လူ.."


 "အဟင်း....ဘာကို မျက်နှာများတာလည်း ကလေးရဲ့.."


သူရယ်တော့ခေတ်လည်းစိတ်တိုသွားကာ..


"ရှင် ဘာရယ်တာလည်" 


"ကလေးပြောတာ သဘောကျလို့လေ.. မျက်နှာများတဲ့လူဆိုတော့"


"ရှင်မဟုတ်လို့လား"


ကလေးက အာ့လိုပြောတော့မဟော်လည်း မျက်နှာကို တည်လိုက်ကာ...


"ခေတ်..ကလေး ကိုယ့်ကိုကြည့်.."..


သူအာ့လိုပြောတော့ သူမလေးက မျက်ဝန်းဝိုင်းဝိုင်းလေးဖြင့် သူ့ကိုကြည့်လာကာ..


"ကိုယ်ဘဝမှာ ကလေးတစ်ယောက်ထည်းကိုပဲ လက်ထပ်ခွင့်တောင်းဖူးတာ...ဘာ်သူ့ကိုမှ မတောင်းဖူးဘူး..ကလေးယုံကြည့်ပေးပါ...မယာဆူးနဲ့လည်းကို ဘာမှမဆိုင်ဘူး...ကိုဆိုင်ချင်တာ ကလေးနဲ့ပဲ..."


ခေတ်လည်း သူ့အပြောကြောင့် ရင်တွေခုန်သွားကာ..."ရှင်..ရှင်မဟုတ်တာတွေမပြောနဲ့..ကျွန်မရှင့်ကို လက်မထပ်ဘူး..."


သူမလေးအာ့လိုပြောတော့မဟော်လည်း အကြံအိုက်သွားစွာ...


"မရတော့ဘူးလေဗျာ...ဖိတ်စာတွေတောင်အကုန်ဝေပြီးကုန်ပြီ...ကလေးနဲ့ လက်မထပ်ရရင် ကိုကဘယ်သူနဲ့လက်ထပ်ရမှာလည်..."


သူ့အပြောကြောင့် ခေတ်နှုတ်ခမ်းလေးမဲ့လိုက်ပြီး.."ရှင်ဟာမတွေကို သွားလက်ထပ်"


မဟော် အသည်းယားစွာဖြင့် "ခေတ်ကိုစိတ်မရှည်တော့ဘူးနော်...အသည်းယားလာပြီး ဘာလည်းဒီမှာ မင်္ဂလာ ဦးလိုက်ရတော့မလားပြော...အသည်းယားရင်လည်းဖက်နမ်းတက်တယ်နော်..."


သူအာ့ဒိလိုပြောလိုက်တော့ သူမမျက်လုံးပြူးပြူးလေးဖြင့် သူ့ကိုကြည့်ပြီး လက်ညိုလေးထိုးကာ...


"ရှင်..ရှင်အရှက်မရှိတဲ့လူ..ပါစပ်သရမ်းတဲ့လူ...ခေတ်ကိုပြန်ပို့ပေး..အခု.."


သူမလေးအာ့လိုပြောတော့ သူအသည်းယားစွာ အောက်နှုတ်ခမ်းလေးကိုက်ပြီး ကြည့်နေလိုက်တော့ သူမလေးကို သူ့ကိုပိုဒေါသထွက်ကာ...


"ရှင်ဘာကြည့်နေတာလည်...ခေတ်ပြောတာကြားလားးး...ခေတ်ကိုပြန်ပို့ပေး"


"No မပို့ပေးနိုင်ဘူး...ပြန်ပို့ပေးဖို့က လွဲရင်ကြိုက်တာပြော..."


ဟုတ်တယ် သူကပြန်ပို့ပေးရအောင် အရူးလား...သူ့ကို လက်မထပ်ချင်လို့ထွက်​ပြေးဖို့ပြင်နေတဲ့သူမလေးကို ပြန်ပို့ပေးလိုက်ရင် သူ့လောက်အသုံးမကျတဲ့လူ ကမ္ဘာမှာရှိမှာမဟုတ်...တော်သေးတယ်..ဒါတောင်သူမလေးအဒေါ်အိမ်က ကောင်မလေးကို မုန့်ဖိုးပေးပြီး သူမလေးရဲ့ အခြေအနေကိုစောင့်ကြည့်ခိုင်းထားခဲ့တာမှန်သွားတယ်လို့ဆိုရမည်..သူမလေးထွက်ပြေးမည်ကို ဟိုကောင်မလေးလှမ်းပြောတဲ့အချိန်တောက သူ့မှာ အရမ်းတုန်လှုပ်သွားခဲ့တာ...သူမလေးသူ့ကို မုန်းလို့ မချစ်လို့ ထွက်ပြေးမည်ထင်ခဲ့တာ..အခုတော့ သူက မျက်နှာများလို့တဲ့..အဟွန်း ဘယ်လောက်တောင်တုံးတဲ့ကောင်မလေးလည်း..သူများပြောတာအကုန်ယုံလိုက်တာပဲ...အခုအခြေအနေမှာ သူမလေးကို သူပြန်မလွှတ်နိုင်ပါ...သူမလေးငြင်းရင် သူမရရတဲ့နည်းနဲ့ အပိုင်သိမ်းဖို့ ဆုံးဖြတ်ပြီးသား...မင်္ဂလာပွဲကလည်း သဘက်ခါဆို ရောက်ပြီ..ဒီကြားထဲသူမလေး ထွက်မပြေးဘူးလို့ မပြောနိုင်...အဟွန်..ဂြိုလ်သူမလေး....


" ဒီမှာ...ရှင်...ခေတ်ခေါ်နေတာကြားလား..."


သူအတွေးလွန်နေကာ  ခေတ်ပြောမှ သတိရကာ...


"ခေတ်ဘာပြောတာလည်း"


သူမလေးက စိတ်မရှည်စွာ..." ရှင်..ခေတ်ကိုပြန်ပို့ပေးလို့..."


" ကလေးကို့ကို   ရှင်လို့မပြောနဲ့....ကလေးထက်ကို ၅နှစ်ကြီးတယ်...ကိုကိုတို့ ဒါမှမဟုတ်ကိုလို့ခေါ်..."


ခေတ်သူ့အပြောကြောင့် မျက်လုံးပြူးကာ" မခေါ်နိုင်ပါဘူး...ခေတ်ကိုအခုချက်ချင်းပြန်ပို့ပေးပါ..."


"မပို့နိုင်ဘူးလို့ပြောပြီးပြီပဲ... လာကိုယ့်အိမ်ကို သွားမယ်..."


သူ့အပြောကြောင့် ခေတ်လန့်သွားကာ "ဘာ

မသွားနိုင်ဘူး..လိုက်လည်းမလိုက်ဘူး.."


မဟော် ကလေးစကားကြောင့် မျက်မှောင်ကုတ်သွားကာ..."ရတယ်လေ..အာ့ဒါဆိုလည်း..ကားပေါ်မှာအိပ်တာပေါ့..ကိုကအဆင်ပြေတယ်နော်..."


မဟော်အာ့ဒိလိုပြောတော့ ခေတ်မျက်စောင်းလေးထိုးကာ.."ပြန်ပို့ပေးခေတ်ကိုအခု...နောက်ထွက်မပြေးတော့ဘူးလေနော်.."


"မရဘူး...လာသွားမယ်"


ခေတ်ဘယ်လောက်ပဲ ပြောပြော သူပုံစံက ခေတ်ကို ပြန်ပို့ပေးမည်ပုံမပေါ်...ခေတ်လည်းစိတ်ညစ်သွားကာ..."ရှင်ပြန်ပို့မှာလား မပို့ဘူးလား.."


သူက ခေတ်ကိုသေချာကြည့်ပြီး.."မပို့ဘူးလို့ ပြောပြီးပြီလေ..အာ့ဒါကလွဲရင်ကြိုက်တာပြော"


ရှင် ခေတ်လည်းဒေါသထွက်သွားကား သူ့လက်ကိုဆွဲယူကာ ကိုက်ချလိုက်သည်။


မဟော်ရုတ်တရပ် သူ့လက်ကိုဆွဲယူလိုက်သော ခေတ်ကြောင့် ကြောင်သွားကာ..သူမလေးကိုက်တော့မှ ရယ်မိသွားကာ...


"အဟင်း"


ခေတ်ကိုက်လိုက်တာတောင်ရယ်နေသော သူ့ကြောင့် ကိုက်နေရာမှ လွှတ်လိုက်ပြီး မျက်လုံးလေးပြူးပြီး မော့ကြည့်လိုက်တော့ သူက ချစ်ရည်လွှမ်းသော မျက်လုံးများဖြင့်ကြည့်ကာ..."တော်ပြီလား....ကိုက်အုံးမလား.."လို့ သူမေးတော့ ခေတ်အခုအခြေအနေကိုသတိရကာ...ရှက်သွားပြီး ကားတံခါးနားသို့ ကပ်ထိုင်ကာ အပြင်ဘက်ကို လည်ပင်းလေးလိမ်ကာ ကြည့်နေလိုက်သည်။


မဟော် အရှက်သည်းသွားသော သူမလေးကို ကြည့်ကာ အသည်းယားနေရသည်။ သူမလေးကို စချင်တာကြောင့်.."ကဲ...ကလေးကိုတို့ကားထဲမှာပဲ မင်္ဂလာဦးကြရအောင်" သူပြောလိုက်တော့ သူမလေးက သူ့ကို မီးတောက်နေသော မျက်ဝန်းများနှင့်ကြည့်ကာ....''ရှင်ပါးရိုက်ခံချင်လို့လားတဲ့"


"ဟားးး" မဟော်သူမလေးအပြောကြောင်​့ သဘောကျကာ ...


"ကလေးရိုက်ချင်လည်းရိုက်လေ...ကိုကတော့ဦးမှာပဲ..ဟားး.."


ခေတ်သူစနေမှန်းသိသော်လည်း ဒေါသထွက်သွားကာ....

"လူယုတ်မာကြီး..နှာဗူးကြီး"


"ကလေးကိုပဲ ဗူးတာပါကွာ"


ခေတ် အပျိုလေးခမျာ သူ့မ​ပြောကြောင့်ရှက်သွားကာ..."ရှင်တော်တော့နော်...လာမပြောနဲ့တော့..." 


မဟော်လည်း..သူမလေးရှက်နေတာ​ကြောင့် ဆက်မစတော့ဘဲ မချိုမချဥ်ဖြစ်နေသော မျက်နှာကို တည်လိုက်ကာ...


" ကဲ အိမ်ထဲဝင်မယ်နော်..."


ခေတ်လည်းဘယ်လိုမှ ပြောမရတာကြောင့်...သူခေါ်တဲ့ အိမ်ကြီးထဲကို လိုက်ဝင်လာလိုက်သည်။

 

အိမ်ထဲရောက်တော့ အသက်၅၀ ကျော်အဒေါ်ကြီးတစ်ယောက်ရယ် အာ့အဒေါ်ကြီးအနောက်မှာ ခေါင်းငုတ်မတ်တပ်ရပ်နေတဲ့ အိမ်အကူအဝတ်အစားဝတ်ဆင်ထားသော ကောင်မလေး ၁၅ ယောက်လောက်က ရပ်နေကာ သူ့အနားမှာအမြဲမြင်နေရတဲ့ သူ့အတွင်းရေးမှူး ဇိုင်းအာကာဆိုတဲ့လူရော နောက်တော့ အမည်းရောင်းဝတ်ဆင်ထားသော လူများရယ်..ဒီလူ တော်တော် ကြီးကျယ်တာပဲဟု ခေတ်စိတ်ထဲကနေပြောလိုက်ကာ...


မဟော်လည်း ခေတ်ရဲ့ မျက်နှာအမူအရာလေးကို တွေ့တော့ သဘောကျကာ..


"ခေတ်ကို မိတ်ဆက်ပေးမယ်....ဒါက ကြီးစိန် ကိုငယ်ငယ်လေးထဲက ကို့ကိုစောင့်ရှောက်လာတာ..ကို့အမေလိုပဲ..ကြီးစိန်ဒါက ကျွန်တော် ဇနီး စံခေတ်တော်ဝင်ပါ"


ခေတ်သူအပြော​ကြောင့်ရှက်သွားကာကြီးစိန်ဆိုတဲ့ အဒေါ်ကြီးကို ခေါင်ငြိမ်းပြုံးပြလိုက်သည်။


"သမီးလေးက ချစ်စရာကောင်းပြီး ဆံပင်အရှည်ကြီးနဲ့ကျက်သရေ ရှိလိုက်တာကွယ်"


ခေတ်ရှက်ပြုံးလေးပြုံးပြကာ...


" ကျေးဇူးတင်ပါတယ် ကြီးစိန်"


မဟော်လည်း သူမအပြောလေးကြောင့်..."ခေတ်အာကာကိုတော့သိတယ်မှတ်လား..."ခေတ်ခေါင်းငြိမ့်ပြလိုက်တော့...


အာကာက " တွေ့ရတာ ဝမ်းသာပါတယ် မမလေး.."

လို့ နှုတ်ဆက်တော့ ခေတ်လည်းပြန်ပြုံးပြလိုက်သည်။


သူတို့ကတော့ အိမ်မှာ အလုပ်လုပ်တဲ့ကောင်မလေးတွေ ခေတ်လိုအပ်တာရှိရင် ခေါ်ခိုင်းလို့ရတယ်..ဒီဘက်ကတော့ ကိုယ့်ရဲ့သက်တော်စောင့်တွေ...ဒါကတော့ခြံစောင့်တွေ...ကိုက သာမန်လူမဟုတ်တော့ ဒီလို ထားရတယ်လေ "ခေတ်သူ့အပြောကြောင့် မျက်နှာလေမဲ့ပြလိုက်တော့ သူကသဘောကျပြီးရယ်လေသည်။


အိမ်မှာရှိတဲ့ လူအကုန်လုံးက သခင်လေးရယ်လိုက်တာကြောင့် ပါးစပ်အဟောင်းသားလေးတွေနဲ့ကြည့်နေကြသည်။


သူတို့သခင်လေးက အာ့လို တစ်ခါမှ ရယ်တာမှမဟုတ်တာ...သခင်မလေးနဲ့တွေ့တော့မှ အခုလိုပုံစံမျိုးတွေမြင်ရတာမဟုတ်လား...

မဟော် မိတ်ဆက်ပေးအပြီး အကုန်လုံးက တွေ့ရတာဝမ်းသာပါတယ် သခင်မလေးလို့ပြောတော့...ခေတ်လည်းကြောင်အအလေးနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။


မဟော်သူမလေး ပင်ပန်းမှာဆိုးသောကြောင့် "ကြီးစိန် ခေတ်အတွက် အခန်းတစ်ခန်းစီစဥ်ပေးပေးပါ..."

ကြီးစိန်လည်းသဘောပေါက်ကာ...


"အေးအေးသားမဟော် ကြီးစိန်ပြင်လိုက်မယ်.."


ကြီးစိန်လည်းပြောပြီး ကောင်မလေးတွေကို ခေါ်ကာ..ခေတ်အတွက်အခန်းသွားပြင်တော့သည်။ မဟော်ကျန်တဲ့ သူတွေကို လုပ်စရာရှိတာလုပ်ဆိုပြီး​ပြောလိုက်တော့ အကုန်ထွက်သွားကြပြီး ဧည့်ခန်းထဲမှာ သူနဲ့ ခေတ်သာ နှစ်ယောက်ထည်း ကျန်နေခဲ့သည်။


ခေတ်လည်းအကုန်ထွက်သွားတော့..ထိုင်နေရာမှ သူ့ကိုမော့ကြည့်လိုက်တော့ ခေတ်ကို ချစ်ရည်များလွှမ်းနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသော သူ့ကိုတွေ့တော့ ခေတ်ရှက်သွားကာ ခေါင်းလေးငုံ့ချလိုက်သည်။


မဟော်လည်း သူအကြည့်ကြောင့် သူမလေးရှက်သွားသည့်ပုံစံလေးကို သဘောကြကာ ပြုံးလိုက်မိသည်။


 ခဏကြာတော့ ကြီးစိန်ပြန်လိုက်လာကာ..."သားမဟော် သမီးလေးအတွက် အခန်းပြီးပြီနော်..."


ခေတ်လည်းသူမအတွက်အခန်းပြီးပြီဆိုသောကြောင့် ထလိုက်ကာ ကြီးစိန်သွားမယ်လေလို့ပြောလိုက်တော့ ကြီးစိန်က သခင်လေးကို မနှုတ်ဆက်တော့ဘူးလားပုံစံဖြင့်ကြည့်ကာ ခေတ် အရမ်းနားချင်နေပြီ အာ့တော့မှ ကြီးစိန်က သြော်အေးအေး သမီးလေးလာဆိုပြီး ခေါ်သွားတော့ ခေတ်လည်းသူအရှေ့ကအမြန်ထွက်လာလိုက်သည်။


မဟော် သူကြည့်နေတာကြောင့် အမြန်လိုက်သွားသော သူမလေးပုံစံကို သဘောကြကာ အသည်းတွေယားနေမိတော့သည်။ မင်းနောက်မှတွေ့မယ်... အဟင်း...မဟော်လည်းရေးချိုးအနားယူရန် အခန်းရှိရာကိုတက်လာလိုက်သည်။


🍒🍒🍒🍒🍒🍒🍒🍒


မနက်ရောက်တော့ မဟော် ပျို့ကို သွားကြိုရန် ပြင်ဆင်ပြီး အခန်းထဲက ထွက်လာပြီး သူမအခန်းကို သွားဖို့ခြေဦးတည်လိုက်တော့ ပြီးမှ တစ်ခုခုကို သတိရပြီး ကိုယ့်အရှိန်သတ်လိုက်ရသည်။ 


မိန်းမပျို​လေး တစ်ယောက်ရဲ့ အခန်းကို သူသွားဖို့မသင့်တော်တာကို စဥ်းစားမိသွာကာ...ကြီးစိန်ကိုပဲ ခေါ်ခိုင်းလိုက်တော့မယ်တွေးပြီး...အောက်ထပ်ကို ဆင်းလာခဲ့သည်။


သူဆင်းလာတော့ သူမလေးက.... မနက်စာကိုအားရပါးရစာနေတော့ သူမျက်ခုံးပင့်သွားကာ...ခေါင်းလေးခါရမ်းပြီး တော်တော်အစားပုတ်တဲ့ ဂြိုလ်သူမလေး..အဟင်း...မဟော်ပြုံးပြီး ထမင်းစားခန်းထဲ ဝင်လာကာ...


"ကလေးက ဒီရောက်နေတာကို...ကိုက ကြီးစိန်ကိုသွားနိုးပေးဖို့ ပြောမလို့...အခုတော့သွားခေါ်ခိုင်းဖို့မလို တော့ဘူး... ကိုပါစားမယ်နော်..." 


သူရုပ်တရက်ဝင်လာပြီး အာ့လိုပြောတော့ ခေတ် စားနေသောခေါက်ဆွဲသီးသွားကာ...


"အဟွတ်...အဟွတ်..အဟွတ်...."


သူမသီးသွားတော့ မဟော်လည်း ပြာရာခက်သွားကာ ရေခရားထဲက ရေကို ထည်ပေးပြီး သူမလေးကို အမြန်ပေးလိုက်တော့ မျက်ရည်လေးဝဲစွာ ယူသောက်ရှာသည်။


"ကလေးရယ်ဖြေးဖြေးစားပါ ကိုလုမစားပါဘူး...''


ခေတ်လည်းစိတ်တိုသွားကာ..."ရှင်က ပြုန်းစားကြီးရောက်လာတာကို ဘာဖြစ်လို့ ရှင်အစောကြီးထတာလည်း.."


သူမမေးလိုက်တော့.သူထူထည်းနက်မှောင်သော မျက်ခုံးနှစ်ဖက်ကို ပင့်ပြကာ...


"ကိုက... သွားစရာရှိလို့ကွ...ပြန်လာရင် ကလေးနဲ့မိတ်ဆက်ပေးမဲ့သူပါလာလိမ့်မယ်...ဒါနဲ့ ကလေးပြန်ပြေးဖို့... တွေးနေတာမဟုတ်ပါဘူးနော်...အာ့လိုဆို အတွေးကို ဖျက်လိုက်..."


ခေတ်လည်း မနက်စာ အမြန်စားပြီး သူမနိုးခင် အိမ်ပြန်မယ် စဥ်းစားထားသော်လည်း...သူ့စကားကြောင့် မဖြစ်နိုင်တော့မှန်းသိကာ မျက်နှာလေးမသာမယာဖြစ် စိတ်မပါတော့စွာ မနက်စာ စားနေလိုက်သည်။


ခဏကြာတော့ သူက ''ကလေး..ကိုသွားတော့မယ် လိမ်လိမ်မာမာနေ ထွက်မပြေးနဲ့နော် ကလေးမှတ်ပုံတင်နဲ့ ပတ်စပို့တွေ ကို့စီမှာနော်...ကလေးသိအောင်ပြောထားတာ...မကြာခင်ပြန်လာခဲ့မယ်..."


သူစူပုတ်ပုတ်လေးဖြစ်နေသော သူမခေါင်းလေးကို ပုတ်ပြီး ထွက်လာလိုက်သည်။


သူ သူမရဲ့ ကလေးဆန်သော အမူအရာလေးတွေကြောင့် အဟွန်..မင်းလေးတော်တော်ချစ်ဖို့ကောင်းတာပဲ...သူ့ဘဝက သူမလေးဝင်လာမှပဲ ပြည့်စုံသွားတော့တယ်...မင်းရဲပိုင်ရှင်က... မဟော်ရောင်နီဆိုတဲ့...ကိုပဲကလေး...အဟင်း...သူလည်း စိတ်ထဲကပြောပြီး...သူမလးကို နှုတ်ဆက်ပြီး သူ့လူတွေကို သူမလေးကို ထွက်မပြေးနိုင်အောင်စောင့်ကြည့်နေဖို့ မှာပြီး..နောက်ဆုံးပေါ်ကားပေါ်တက်

..အာကာကို ကားမောင်းဖို့ အမိန့်ပေးလိုက်တော့သည်။


🔺🔺🔺🔺🔺🔻🔻🔻🔻🔺


ပျို့မြန်မာနိုင်ငံကို ရောက်ရင် သူ့ကိုတွေ့ရတော့မယ်ဆိုတော့  ..ရင်တွေခုန်ကာ... ပျော်ရွှင်နေတော့သည်။ မဟော်...ငါနင့်ကို လက်မလွှတ်တော့ဘူးသိလား..အဟင်း....ပြီးတော့ မဟော်က..သူမကို ပြောစရာရှိတယ် တဲ့....သူမထင်သလို သူ သူမကို ဖွင့်ပြောတော့မှာလား...ဒါဆိုရင်တော့ သူမတစ်ခါထည်းအဖြေပေးဖို့ ပြင်ဆင်လာခဲ့ပြီးပါပြီ....


ပျို့ တွေးပြီး ပြုံးလိုက်မိသည် ။ ခဏကြာတော့ လေယာဉ်ကြီးက မြန်မာနိုင်ငံ လေစိတ်ကွင်းပေါ်ကို တဖြည်းဖြည်း ဆင်းသက်လာခဲ့သည်။ပျို့လည်းရောက်ပြီဆိုတော့ မျက်နှာကို ခရွမ်းဘက်လေးနည်းနည်းလောက်ဖို့ပြီး နှုတ်ခမ်းနီလေးထပ်ဆိုးပြီး မှန်လေးကြည့်ကာ သူမရဲ့ချောမောမှုကို ကျေနပ်နေမိသည်။ ပြီးတာနဲ့ပျို့လည်း အဝတ်အစားအိတ်ယူကာ ထွက်လာလိုက်သည်။ 


အပြင်ဘက်ရောက်တော့ ဟော့တွေ့ပါပြီ အားလုံးထဲမှာထင်းနေပြီး အဖြူရောင်ရှပ်လက်ရှည်နဲ့ ဘောင်းဘီအနက်ရောင်ကို ဝတ်ဆင်ထားတဲ့ သူမရဲ့ အချစ်ဦး နတ်သားလေး စတိုင်ကျကျ ထိုင်ခုံပေါ်ထိုင်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ phကိုပဲ ကြည့်နေကာ ဘေးက လူတွေကတော့ သူ့ကို ချောလို့ အားကျတဲ့အကြည့်တွေနဲ့ ကြည့်နေတာကိုလည်း ဂရုပြုမိပုံမပေါ်..သူဘေးက အာကာက ပျို့ကို မြင်သွားပုံရကာ သူ့ကိုကပ်ပြောလိုက်တော့ သူကပျို့စီကို ထလာပြီး ပျို့အနားရောက်တော့ ကြိုဆိုပါတယ် ပျို့လို့ပြောပြီး ပျို့ပခုံးလေးကို လာပုတ်လေသည်။


ပျို့လည်းသူ့ကိုတွေ့တော့ အားရဝမ်းသာ သူရဲ့ခါးကို ဖက်ထားလိုက်တော့ သူကအံသြ သွားပုံရကာ...ခဏနေမှ ပျို့ပခုံးလေးကို ပြန်ဖက်လာတော့ ပျို့ဝမ်းသာပြီးပြုံးလိုက်ကာ ဖက်ထားရာကို လွှတ်လိုက်ပြီး..ပျို့မျက်ရည်လေး ဝဲကာ....


" မဟော်..နင်ကိုယ်တိုင်လာကြိုတော့..ငါအရမ်းဝမ်းသာတာပဲသိလာ..."


သူမအာ့လိုပြောတော့ သူက သူမခေါင်းလေးကိုပုတ်လိုက်ပြီး...နင်နဲ့ငါက ပြောစရာလား ပျို့ရဲ့..."လာသွားကြမယ်..."ဆိုပြီး ပျို့လက်ကို ဆွဲကာ ထွက်လာလိုက်သည်။


ပျို့လည်း သူအာ့လို ပျို့လက်ကို ဆွဲကာ ထွက်လာတော့ ကျေနပ်သွားက နှုတ်ခမ်းလေးတွန့်ပြုံးလိုက်ပြီး...ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူမတို့ကို ချစ်သူရည်းစားတွေလို့ ထင်ကာ အားကျနေကြသော အကြည့်တို့ကိုတွေ့ရတော့.. သူမကျေနပ်သွားကာ..နင်ကငါ့အပိုင်ပဲ...မဟော်...အဟွန်းး...

အကာလည်း သခင်လေး မပျိုသစ္စာလက်ကိုဘဆွဲကာ ခေါ်သွားတော့ ကြောင်ပြီး ခေါင်းကုတ်လိုက်မိကာ မပျိုသစ္စာရဲ့ အဝတ်အစားလှည်းကို တွန်းပြီး အနောက်က လိုက်လာခဲ့လိုက်သည်။


ပျို့လည်းကားပေါ်ရောက်တော့ မဟော့်ကိုစကားတွေအများကြီးပြောကာ...''မဟော်"လို့ပျို့ခေါ်လိုက်တော့ သူက


"ပြောလေပျို့"


ပျို့လည်းပြုံးလိုက်ပြီး..မဟော့်မျက်နှာကို အချစ်ပါသော မျက်ဝန်းများနဲ့ကြည့်ကာ..."


"နင်အရမ်းနုပြီး ချောလာတယ်နော်...ငါ့ကိုပြောစရာရှိတယ်ဆိုဘာလည်း..ပြောလေ.."


ပျို့လည်းစိတ်မထိန်းနိုင်စွာ မေးလိုက်တော့ မဟော်က နှုတ်ခမ်းလေးတွန့်ပြုံးပြကာ ပျို့ထိုအပြုံးလေးကိုပဲ... ငေးငေးလေးကြည့်နေမိ၏။


မဟော်က..."ပျို့ နင်အရမ်းစက်စုတာပဲ ဟိုအရင့်ကအကျင့်ကိုမပျောက်ဘူး..အိမ်ရောက်ရင် နင်သိလိမ့်မယ်..."လို့ပြောတော့ ပျို့ရင်တွေခုန်သွားကာ...အိမ်ကြမှ ငါ့ကို လူအများရှေ့မှာ လက်ထပ်ခွင့်တောင်းတော့မှာလား..အဟင်း..ပျို့ ပြုံးလိုက်ပြီး ရင်တွေခုန်နေမိတော့သည်။


🛑🛑🛑🛑🛑🛑🛑🛑🛑


ဆူး...မှန်တင်ခုံပေါ်က ပစ္စည်းတွေကို အကုန်ရိုက်ခွဲနေမိတော့သည်။ ဆူးမနေ့က အိမ်ပြန်ရောက်တော့ ဖေဖေက မျက်နှာမကောင်းစွာ ဆူးကိုခေါ်ပြီး..."သမီးလေး..ဖေဖေပြောစရာရှိလို့..."


ဆူးလည်းဖေဖေမျက်နှာမကောင်းတာကြောင့် စိုးရိမ်သွားပြီး "ဘာလည်းဖေဖေ...ဘာဖြစ်တာလည်း..ပြောလေဖေဖေ.."


ဦးချစ်လွန်း သမီးလေးအတွက် စိတ်မကောင်းမိသော်လည်း သူ့ကို ဟိုဘက်က လှမ်းသတိပေးနေတော့ မပြောမဖြစ်ပြောရကာ...သူ့လက်ထဲက မင်္ဂလာဆောင်ဖိတ်စာကို... သမီးလေးလက်ထဲသို့ ထည့်ပေးကာ...


"ဖွင့်ကြည့်လိုက်...သမီးလေး..ဖေ့ဖေ့အမှားပါ ဖေဖေသေချာမမေးမိတာ..ဖေ့ဖေ့သမီးလေး ခံစားရအောင် ဖေဖေလုပ်မိတာ..ဖေ့ဖေ့ကို ခွင့်လွတ်ပါကွယ်...ပြီးတော့ သမီး သူ့ကိုမေ့လိုက်ပါ... "


ဦးချစ်လွန်လည်းပြောပြီး မျက်နှာမကောင်းစွာ အပေါ်ထပ်ကို တက်သွားတော့သည်။


ဆူးလည်းဖေ့ဖေ့စကား​ကြောင့် မင်သက်နေကာ..လက်ထဲက ဖေဖေပေးသွားသော အဖြူနဲ့ ရွှေရောင်ဆက်ထားသော တန်ဖိုးကြီးလှပသော မင်္ဂလာဖိတ်စာကို ဖွင့်ကြည့်လိုက်တော့...အရင်ဆုံးမြင်ခိုက်ရတာက မောင်မဟော်ရောင်နီ+မစံခေတ်တော်ဝင် ဆိုတဲ့ ရွှေရောင်ဖြင့် လှပစွာ ရေးထိုးထားတဲ့  နာမည်တွေ​​ကြောင့် အံ့သြတုန်လှုပ်သွားကာ မယုံကြည်နိုင်စွာ မျက်ရည် များဝိုင်းလျှက် ခေါင်းကို ခါးရမ်းလိုက်ကာ...ဒါ..ဒါ..မဖြစ်နိုင်ဘူး...ကိုကိုက ငါနဲ့ဆောင်မှာ ကိုကိုက ငါ့အပိုင် အာ့မိန်းမခေတ်က ဘယ်လိုလုပ်ပြီး ကို့ကို ကို ဖြားယောင်းလိုက်တာလည်း..ငါ..ငါလက်မခံနိုင်ဘူး...ဆူးလည်း ဖိတ်စာကို လွတ်ပစ်ကာ အပေါ်တက်အခန်းထဲသို့ ဝင်လာပြီး...ဒေါသတွေထွက်နေမိတော့သည်။


မျက်ရည်တွေကျကာ အရူးမလေးသဖွယ်ဖြစ်နေသော ဆူးတစ်ယောက် နာကျင်နေသော ရင်ကိုအသာဖိကာ..နင်ကြည့်နေလိုက်..စံခေတ်တော်ဝင်.. ကိုကို့ ကို ငါပြန်ရအောင် ယူပြမယ်... နင်လည်းငါ့လို နာကျင်စေရမယ်....ကို့ကို ကိုငါမှမရရင်... နင်လည်းမရစေရဘူး....နင်အခုအချိန်တော့ ပျော်ထားလိုက်အုံး....ဆူး နာကြည်းစွာ ကျိန်းဝါးပြီး phနံပါတ် တစ်ခုကို ခေါ်လိုက်တော့သည်။


ဆက်ရန်


စားရေးသူ-  လွမ်းခြင်း


rate now: