မဟော်သူနမ်းလိုက်လို့ ကြောင်အအလေးဖြစ်နေတဲ့ ခေတ်ကိုကြည့်ပြီး ခေါင်းလေခါးရမ်းကာ မဟော်ရယ်မိလိုက်သည်။နမ်းတာလေးတောင် သူမကြောက်လန့်ပြီး ဖြူဖျော့သွားတာ အခြားအရာတွေဆို မဟော်မတွေးဝံတော့..
"အဟင်..."မဟော်ရယ်လိုက်ကာ နံဖူးမှဆံစလေးတွေကို လေနဲ့မှုတ်ထုတ်လိုက်တော့မှ သူမလန့်သွားကာ....
"အို...ရှင်...ရှင် ကျွန်မကို...ဘာလုပ်လိုက်တာလဲ"
ခေတ်လည်းအခုမှ သတိရပြီး ရှက်ရမှန်းသိကာ
"ကို နမ်းလိုက်တာလေ" မဟော်ပါးပြင်လေးတွေရဲကာ ရှက်နေသော သူမလေးကို အသည်းတွေယားနေမိတော့သည်။
ခေတ်လည်းသူ့အပြောကြောင့် ဒေါသထွက်သွားကာ...လက်ညိုးလေးတထိုးထိုးဖြင့်..
"ရှင်...ရှင်..ရှင်နဲ့ခေတ်က ဘာဆိုင်လို့နမ်းရတာလည်း.."
မဟော်မျက်ခုံတွေပင့်တက်သွားကာ မသိဘူးလားသဘောဖြင့်.."မင်းနဲ့ကိုနဲ့က ဆိုင်တော့မှာဆိုတာမသိဘူးလားး"
"ရှင်...''
ခေတ်ဒေါသထွက်သွားကာ.."ရှင် လူကြီးလူကောင်း ပီသရင် မိန်းကလေးတစ်ယောက်ကို အခုလိုမပြုမူပါနဲ့..."
မဟော် မထိသည့်ပုံစံမျိုးဖြင့် ပုခုံးလေးနှစ်ဖက်တွန့်ပြကာ...
"ကိုယ် လူကြီးလူကောင်းပီသတယ်လို့ တခါမှမပြောဖူးပါဘူး... အခုလည်း..မင်းက ကိုယ့်မိန်းမ ဖြစ်တော့မှာဟုတ်လို့ မတွေ့ရတဲ့ရက်တွေအတွက် အတိုးချပြီးလာနမ်းတာ ကိုယ့်အပစ်လားးး..."
"ဘာ..ဘယ်သူက မိန်းမလည်...ရှင့်မိန်းမကို သွားပြော..."
"ကို့မိန်းမက ဒီမှာလေ မကြာခင် ကိုယ့်မိန်းမဖြစ်တော့မှာ..."
မဟော်လည်းသူနမ်းလိုက်လို့ ထော်ထော်လေးဖြစ်နေသော နှုတ်ခမ်းလေးနဲ့ မျက်နှာလေးကို သေချာကြည့်ကာ...ထပ်နမ်းချင်စိတ်ကို မနည်းထိန်းနေရသည်။
"ရှင်..ရှင်ဘာကြည့်တာလည်းးး...."
ခေတ်လည်းသူ့အကြည့်တွေကြောင်ပိုက်ရှက်သွား
ကာပြောလိုက်တော့...
သူက..အသားယားလို့တဲ့ဆိုပြီး...
ပြောလည်းပြော ခေတ်ပါးပြင်မို့မို့လေးကို တစ်ခါ ငုံ့နမ်းလိုက်ပြန်သည်...
ခေတ်သူ့အပြုမှုကြောင့် ဒေါသထွက်ကာ..
"မကြာခင် ရှင့်မိန်းမဖြစ်မဲ့ သူကိုသွားပြော သွားနမ်းသွား... ရှင်က မျက်နှာများတဲ့သူပဲ မိန်းကလေးတိုင်းကို လက်ထပ်ခွင့်လိုက်တောင်းနေတာလားး..."
လက်ညိုးလေး ထိုးကာ ပြောသော သူမလေး အပြောကြောင့် မဟော် မျက်ခုံးတွေပင့်တက်သွားကာ ...
"ကလေးဘာတွေပြောနေတာလည်း...ကိုက ဘယ်သူ့ကို လက်ထပ်ခွင့်တောင်းရမှာလည်း...ကလေးတစ်ယောက်ထည်းကိုပဲ လက်ထပ်ခွင့် တောင်းထားတာ.."
ခေတ်...သူအပြောကြောင့် မျက်နှာလေးမဲ့လိုက်ပြီး..
" ဒါဆို မမာယာဆူးကရော..."
မဟော် သူမလေးအပြောကို နားမလည်စွာ...
"ဘာကိုလည်း''
"ရှင် သူ့ကိုလည်း လက်ထပ်ခွင့်တောင်းထားတယ်ဆို"
ခေတ်အသည်းယားသွားကာ...အသံစ္စာစ္စာလေးဖြင့်ပြောလိုက်တော့....
အာ့တော့မှ မဟော်သဘောပေါက်သွားကာ...မာယာဆူးက ခေတ်ကိုမဟုတ်တာတွေ ပြောလိုက်ပြီထင်တယ်.. သူ့အဖေပြောတည်းက မဟော်လက်ထပ်မဲ့သူ ရှိတယ်လို့ပြောလိုက်ပြီးသားပါ..မာယာဆူး ဘာကြောင့် ကလေးကိုအခုလိုတွေ လိုက်ပြောနေရတာလည်...ဒီကိစ္စကို သူတစ်ခါထည်း အပြတ်ရှင်းမှရမယ်...မဟုတ်ရင်ဂြိုလ်သူမလေးက သူ့ကို မကြည်ကြည့် ကြည့်နေတာ မပြီးနိုင်...
"သြော်..ကလေးက ကို့ကို သဝန်တိုနေတာလား...အာ့ဒါဆိုရင်တော့စိတ်ချ...ကိုမှာ ကလေးပဲရှိတာ...ကလေးကိုပဲချစ်တာ...နောက်ထပ်ဘယ်သူ့ကိုမှ မချစ်ဘူးနော်...ကလေးပဲ ကို့မိန်းမဖြစ်မှာ...ပြီးတော့ ကလေးကို ကိုနမ်းပြီးပြီး...အာ့ကြောင့် ကိုယ့်ကို ကလေးတာဝန်ယူရမယ်...."
ခေတ်ကို ကလေးချင်းထပ်အောင်ခေါ်ပြီး ချစ်စကားတွေပြောကာ ပါးစပ်အရသာခံနေသော သူ့ပုံစံကို ကုတ်ဖဲ့ချင်စိတ်ကို မနည်းထိန်းကာ...
"ရှင်..အရှက်မရှိတဲ့သူ"
"မင်းမို့လို့ပါ...မင်းနဲ့ပတ်သတ်ပြီးကိုယ့်မှာ အရှက်မရှိဘူး..."
ခေတ်ဘယ်လောက်ပြောပြော သူ့မျက်နှာကို မချိုမချင်ပုံစံမျိုဖြစ်နေတာ့...
"အရူးကြီး" လို့ ခေတ်ပြောလိုက်တော့
မဟော်ပြန်ပြောတာက... "အရူးမိန်မ ဖြစ်ချင်လို့လားတဲ့"
ခေတ်လည်း သူ့ကိုတွန်းထုတ်ပြီး အပြင်ကို ပြေးထွက်လာလိုက်တော့သည်။
မဟော်လည်း..သူမပြေးထွက်သွားမှ...ဆံပင်တွေထဲကို လက်နဲ့သပ်လိုက်ကာ..ရယ်နေမိသည်။
"အဟင်း...တော်တော်အသဲယားဖို့ကောင်းတဲ့ ဂြိုလ်သူမလေး..."
မဟော်...အပြင်ပြန်ထွက်လာတော့..
အာကာကပြေးလာကာ...
"ဟာ..သခင်လေး ကျွန်တော်လိုက်ရှာနေတာ"
မဟော် အခုထိ မျက်နှာပိုးမသတ်နိုင်သေးသော မျက်နှာကို တစ်ချက်ပြင်ပြီး တည်လိုက်ကာ
"မင်းက ငါ့ကို ဘာကိစ္စရှာရတာလည်း..."
"ဟာ..သခင်လေးကလည်း...လာနောက်နေတယ်..သခင်လေးပဲ ကျွန်တော်ကို .... အိမ်ပြန်မယ်လို့ပြောပြီး....အာ့ဒါရုံးခန်းထဲဝင်ရှာတော့ မတွေ့လို့ ကျွန်တော်လိုက်ရှာရတာပေါ့...''
"ဟုတ်လား..."
"သြော်..မာယာဆူးအဖေကို ပြောလိုက် သူ့သမီးကို ကြည့်ထိန်းထားလို့...နောက်လာမဲ့ Project တွေနဲ့ .
လက်ရှိနေရာကို မပျောက်ပျက်စေချင်ရင်"
မာယာဆူး မင်းကမီးနဲ့ လာကစားနေတာပဲ...မင်းလာထိတာက ငါ့အသဲနှလုံးသား....
အာကာလည်း...
"ဟုတ်ကဲ့..သခင်လေး"
မဟော် ၂နာရီ ဖလိုက်နဲ့ ရောက်ရောက်ချင်း သူမလေးကို တွေ့ချင်တာကြောင့် ဆေးရုံခဏ ဝင်မယ်ဆိုပြီး အကြောင်းပြကာ..ဆေးရုံသို့ ခဏဝင်လာပြီး ဆေးရုံအုပ်ဦးသစ်နဲ့ စကားပြောကာ အာကာကို အရှေ့ကအရင်သွားနှင့်လို့ပြောလိုက်ပြီး..သူက ခေတ်စီကိုရောက်လာခဲ့သည်။
"သခင်လေး..မမလေးခေတ်စီလာတာလား''
"အင်း''မဟော်ပြန်ဖြေလိုက်တော့ အာကာက သူ့ကိုပြူးပြီးကြည့်ကာ...
"သ...သခင်လေး...နှုတ်ခမ်းမှာသွေးတွေ"
မဟော် အာကာအပြောကြောင့် ရယ်လိုက်ကာ...
"ကြောင်မလေး ကိုက်သွားတာနေမယ်...အဟင်းးး.."
အာကာလည်းကြောင်သွားကာ...ငါတို့သခင်လေးနှုတ်ခမ်းကြောင်ကိုက်လို့ပေါက်တာတောင်ရယ်နေပါ့လား...ဘုရား... သခင်လေး ဘာတွေများဖြစ်နေတာလည်း..
ထိုအချိန်သခင်လေးက ကားရှိရာသို့သွားနေသောကြောင့် အာကာလည်းအနောက်ကနေ စဥ်းစားပြီး အပြေးလိုက်လာခဲ့သည်။
မဟော် ဓာတ်လှေကား ဆင်းခါနီး သူမလေးကိုတွေ့မလားဆိုပြီး မျက်လုံးဝေ့ကြည့်တော့ သူမလေးကိုဘအရိပ်အယောင်တောင်မတွေ့ရတော့ပါ။
အဟင်း..သူ့ကိုတော်တော်ကြောက်သွားမဲ့ပုံပဲ...မင်းဒီရက်ပိုင်းတော့ လွတ်အောင်ပြေးထား...လက်ထပ်ပြီးရင် မင်းအချိန်တွေက ကိုယ့်အပိုင်ပဲ...
ခေတ်လည်း ဟိုအကျင့်ပုတ်ကြီး ပြန်သွားမှ အခြားအခန်းထဲက ထွက်လာကာ....ဘုရား..ဘုရား..ငါရင်တွေခုန်နေတာလာ...မဟုတ်လောက်ဘူး...ငါ..ငါကြောက်လို့ဖြစ်လိမ့်မယ်...သူမစောစောကအကြောင်းကို တွေးမိတော့ ရှက်နေမိသည်။
သူမကို မပြောမဆို နမ်းသွားသော အကျင့်ပုတ်ကြီးကို ရှက်ဒေါသလည်း ထွက်နေမိတော့တယ်.....
ဖြူစင်က ရောက်လာပြီး..
"ဒေါ်ခေတ် ရှင့်နှုတ်ခမ်းမှာ သွေးတွေ..."
ထိုအခါ ခေတ်လန့်သွားကာ..
"ဟမ်..သြော်..ဟိုဟာလေ..."ခေတ်လည်းဖြူစင်ကြည့်သောညအကြည့်ကြောင့် စကားတွေထစ်ကာ....
ဖြူစင်ကမျက်လုံးတွေပြူးကာ.. "ခေတ်မှန်မှန်ပြောနော်... ဘာဖြစ်တာလည်..."
"သြော်...နှုတ်ခမ်း...နှုတ်ခမ်းကိုက်မိတာ..."
"ဟမ်..ဘယ်သူနှုတ်ခမ်းနဲ့ကိုက်မိတာလည်းခေတ်ရဲ့"
"ခေတ်နှုတ်ခမ်းနဲ့ကိုက်မိတာပါ ဖြူစင်ရယ်".
ခေတ်လိမ်ပြောလိုက်တော့မှ ဖြူစင်က တကယ်ထင်သွားပြီး သက်ပြင်းအသာချကာ..
"ခေတ်ရယ်တော်သေးတာပေါ့..ငါကလန့်သွားတာပဲ ဘာအကောင်များကိုက်တာလည်းလို..."
ဖြူစင်အာ့လိုပြောတော့ ခေတ်လည်း ပါးပြင်လေးရဲသွားကာ သူ့ကိုစိတ်ထဲကနေ ကျိန်ဆဲနေမိတော့သည်။
💠💠💠💠🛑🛑🛑🛑
ဆူး လူနာကြည့်ပြီးပြန်လာတော့...ကိုကိုမဟော့်ကို လှမ်းတွေ့လိုက်ကာ...အမှီပြေးပြီး အနောက်ကလိုက်ခဲ့သော်လည်...ကိုကိုမဟော်ကားက ထွက်သွားပြီးဖြစ်သည်။
ဟွန့်..အကျင့်ပုတ်ကြီး မကြာခင် သူ့သတိုးသမီးဖြစ်တော့မဲ့ ဆူးကိုတောင်မတွေ့သွားဘူး...ဟွန့် ဆူးစိတ်ကောက်သလို တစ်ယောက်ထဲ စိတ်ထဲကပြောလိုက်ပြီ..အဟင်း..ဘာလည်းကိုကိုက ငါ့ကို အကုန်လုံးစီစဥ်ပြီးမှ အံ့သြ သွားအောင်လုပ်မှာဆိုတော့ ငါအခုအချိန်လေးကို မသိချင်ယောင်ဆောင်လိုင်ပါ့မယ်...မကြာခင် ငါက ကိုကို သတိုးသမီး ဖြစ်တော့မှာ နောက်နှစ်ရက်လောက်ဆို ငါကို့ကို့ ကိုပိုင်တော့မှာ...အဟင်း..ကိုကိုရေး ဆူးတော့ရင်တွေခုန်နေပြီသိလား....
ပြီးတော့ ငါဒီနေ့ အလှပြင်ဆိုင်သွားအုံးမှပဲ..ကိုကိုရေ ရှင့်ရဲ့မဟေသီ ဖြစ်တော့မဲ့ ကျွန်မ... အလှဆုံးဖြစ်အောင်နေမှာပါ။
ဟိုမိန်းမခေတ်လည်း အခုလောက်ဆို သူ့နေရာသူသိလောက်ပြီပေါ့...ဟွန့်ကြည့်လို့ကိုမရဘူး..ဖြူစင်သယောင်နဲ့ ငါ့ကိုကို ကို မြူဆွယ်တဲ့မိန်းမ...နောက်ဆုံးတော့လည်း ကိုကိုက ငါ့ကိုပဲရွေးချယ်သွားတာပဲ..ဟာ...ဟားး..."
ဆူးကိုယ့်အတွေးကို သဘောကျကာ ပြုံးလိုက်ပြီး အလှပြင်ဆိုင်သွားဖို့ ပြင်တော့
အိပ်ထဲက phထမည်တော့ကြည့်လိုက်တော့
မသိတဲ့ နံပါတ်ကြီးဖြစ်နေတာကြောင့်..ဆူးတွေဝေစ္စာကြည့်ပြီး...ကိုကိုများလား..ဆူးကိုမတွေ့သွားလို့...phဆက်ပြီးလှမ်းပြောတာလား...အဟင်းဆူးသဘောကျပြီး phကိုင်လိုက်ကာ..
"Hello....မာယာဆူးပါရှင်"
ဟိုဘက်က ပြန်ပြောလိုက်သော သူကြောင့် ဆူးမျက်နှာဖြူဖျော့ပြီး ကြောက်ရွံ့တုန်လှုပ်သွားကာ...
"နင်...နင်...ဘာကိစ္စ ငါ့စီphဆက်တာလည်း..."
ဆူးတုန်လှုပ်စွာပြောလိုက်ပြီး...ဟိုဘက်ကပြန်ပြောသောစကားကြောင့် ဆူးမျက်ရည်တွေ ကျလာကာ..
"နင်အယုတ်တမာကောင်..ကောင်းပြီးငါဘယ်ကို လာတွေ့ရမလည်းပြော..."
ဟိုဘက်ကလူပြန်ပြောသောနေရာကြောင့်ဆူးဒေါသထွက်သွားကာ...
"နင်..နင်အယုတ်တမာကောင်.. ခွေးကောင်..အခြားနေရာချိန်း..ငါလာခဲ့မယ်..အာ့ဒိကိုတော့မလာနိုင်ဘူး..."
ဆူးအာ့လိုပြောတော့ သူက ဆူးကိုချိန်းခြောက်စကားပြောတာကြောင့် ဆူး လက်လျော့လိုက်ကာ
"ကောင်းပြီး နောက်နေ့ငါလာခဲ့မယ်..နင်ပြောတာလည်းယူခဲ့မယ်..ငါ့ကိုphထပိမဆက်နဲ့... "
ဆူးပြောပြီး phချလိုက်ကာ....အာ့နေရာမှာပဲ တွေတွေကြီး ရပ်နေမိသည်။
ခေတ်လည်း အိမ်ပြန်ဖို့ ကားပါကင်ကိုသွားတော့..တစ်ခုခုကို ကြောက်ရွံ့နေတဲ့ မာယာဆူးကို တွေ့လိုက်တော့..အံ့သြသွားကာ...
"မမာယာ..ဘာဖြစ်နေတာလည်"
အာ့တော့မှ မာယာဆူး သတိရကာ
"ဘာမှမဖြစ်ဘူး...ဒို့သွားပြီ"
ဆိုပြီးထွက်လာလိုက်သည်။
ခေတ်လည်းကြောင်သွားကာ ဘာလည်းဟ ငါက အကောင်းနဲ့မေးတာကို ခေတ်လည်းတွေးမနေတော့ဘဲ ကားမောင်းပြီးထွက်လာလိုက်သည်။
💗💗💗💗💗💗💗💗💗💗💗💗💗
သူမအိမ်ပြန်ရောက်တော့ မေမေချယ်က...
"သမီး...လာထိုင်အုံး..."
"ဟုတ်ကဲ့...မေချယ်'' သူမဝင်ထိုင်လိုက်တော့..
မေချယ်က သူအရှေ့က အနီရောင်ဗူးမြောက်များစွာကို ဖွင့်ပြတော့ သူမအံ့သြသွားကာ..
" မေချယ်...ဒါတွေက..ဘာလုပ်မို့လည်..."'
ထိုအခါ မေချယ်က ရယ်ပြီး..
"ဟယ်တော..သမီးခေတ်ရယ်...ဒါသမီးခေတ်အတွက် မင်္ဂလာပွဲ မှာ သမီးကြိုက်တာ ဝတ်ဖို့ဆိုပြီး မောင်မဟော်လာပေးခိုင်းထားတာ....
"ဟာ...မေချယ်ကလည်...ခေတ်မဝတ်ချင်ဘူ..ပြန်ပေးလိုက်ပါ..."
"ဟော့ငါ့သမီးကတော့...အာ့လိုလည်းမဟုတ်ဘူးလေ..သူက သာမန်လူမဟုတ်ဘူးလေ..အာ့တော့ သူ့သတိုးသမီးဖြစ်မဲ့..ငါ့သမီးလေးကလည်း...အများထဲမှာ ထင်းပြီး တောက်ပနေရမယ်လေ.."
"ပြီးတော့မနက်ဖြန် သမီးဆေးရုံသွားဖို့မလိုဘူးတဲ့...ဝတ်စုံစမ်းဝတ်ကြည့်ရမယ်တဲ့...ပြီးတော့သမီးသွားစရာမလိုဘူးနော်..ဒဇိုင်နာတွေ အိမ်ကို လာခဲ့လိမ့်မယ်...မင်္ဂလာပွဲက လာမဲ့ အင်္ဂါနေနော်သမီး...အကုန်ပြင်ဆင်ပြီးပြီ..."
ခေတ်... ဖြူစင်ပြောလို့ မင်္ဂလာရက်ကို သိပြီးပါပြီ...သူက ဘာလည်း ခေတ်သတိုးသမီးဆိုလည်း ခေတ်ကို နည်းနည်းတော့ပြောပြသင့်တယ်မဟုတ်ဘူးလား...အခုတော့သူ့သဘောအတိုင်းလုပ်နေတာ...တွေ့ကြသေးတာပေါ့...ရှင်မင်္ဂလာကို တစ်ယောက်ထည်းသာဆောင်...ခေတ်စိတ်ထဲကနေ တွေးနေပြီး...
"သမီးခေတ်...သမီးခေတ်.."
"ရှင်မေချယ်..."
"ဘာတွေတွေးနေတာလည်း... မေချယ်ခေါ်နေတာ တောင်မကြားဘူး..''
ခေတ်မေချယ်ပြောမှ သတိရကာ ရယ်ပြလိုက်ပြီး..
"ဘာမှမဟုတ်ဘူး..မေချယ်.. ခေတ်ဆေးရုံက လူနာတွေအကြောင်းတွေးမိသွားလို့ပါ.."
အာ့တော့မှ မေချယ်ကသဘောကျပြီး..
"အဟင်း...ဖြစ်ကမယ် ငါ့သမီးကတော့.."
"ပြီးတော့ မင်္ဂလာပွဲက သုံးပွဲနော်သမီး...လက်မှတ်ထိုးမှာနဲ့ မင်္ဂလာဆွမ်းကျွေးက တစ်ပွဲ..ဘိတ်သိတ်တင်အခန်းအနားက တစ်ပွဲ ဒင်နာကတစ်ပွဲ..ဒါတောင်မောင်မဟော်က အလုပ်တွေအရမ်းများနေလို့ ဒီလောက်ပဲလုပ်တာ...သူက နိုင်ငံခြားမှာလည်းဆောင်ချင်သေးတာ...သမီးလေးသဘောမကျမှာဆိုးလို့...သူ့အပေါင်းအသင်းတွေကလည်း နိုင်ငံတကာမှာရှိတယ်လေ...မေချယ်ကတော့ ခေတ်လေး အာ့လိုကောင်လေးမျိုးနဲ့ လက်ထပ်ရတာ အရမ်းဂုဏ်ယူတာပဲ..''
ခေတ်လည်းမေချယ်ပြောတာတွေ နားထောင်ပြီး အခန်းထဲ ဝင်လာလိုက်သည်။
နောက်ပြီး ခေတ်တစ်ခုခုကို သတိရသွားကာ တောင်ကြီးက ရဲရဲစီ phဆက်လိုက်သည်။ရဲရဲက ခေတ်ရဲ့ ငယ်သူငယ်ချင်းဖြစ်ကာ ခေတ်USကို ပြောင်းတော့ ကွဲသွားပြီး အဆက်သွယ်ပျက်ခဲ့သည်။ နောက်တော့ အသိတစ်ဦးကြောင့် အဆက်သွယ်ပြန်ရကာ ခေတ်စီအလည်လာခဲ့သည်။
နောက်တော့ phနဲ့ပဲ အမြဲအဆက်သွယ်ရကာ ခေတ်ရဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်လည်းဖြစ်သည်။
"Hello"
"ရဲရဲလား"
" ငါ့ကို မနက်ဖြန်ညနေကြရင် လာခေါ်ပေးပါလား "
"အေးဟုတ်တယ်... ငါအကြောင်းရှိလို့...နင်လာခေါ်ပေး..."
"ဟမ် နင့်မောင်ဝမ်းကွဲကို လွှတ်မှာဟုတ်လာ..."
"အော်နင်ရောပါမှာလား...တော်သေးတာပေါ့.."
"အေးပါပြီးရော..ငါခြံပြင်ကနေစောင့်နေမယ်နော်..."
"အေး..အေး..ဒါပဲနော်..."
ခေတ်လည်း phချပြီး ဟင်းဟင်း...ကိုမဟော်ရှင်ဘာတက်နိုင်သေးလည်...မင်္ဂလာဆောင်ကို ရှင်တစ်ယောက်ထည်းသာဆောင်...အာ့အချိန်ဆို ခေတ်လည်းတောင်ကြီးရောက်နေလောက်ပြီ...ဆေးရုံကိုလည်း ခွင့်တင်ထားတယ်ဆိုတော့...ခေတ်စိတ်မပူပါ...တောက်ကြီးမှာတစ်လလောက်နေပစ်လိုက်မယ်..ဟားးး..ခေတ်ကိုယ့်စိတ်ကူးနဲ့ကို...သဘောကျနေတော့သည်။
ဒါပင်မဲ့ ခေတ်မသိလိုက်တာက အိမ်အကူမလေး ခေတ်phဆက်နေသော စကားမျာကို ကြားသွားချင်းဖြစ်သည်။
နောက်နေ့ရောက်တော့ သူ့လွှတ်လိုက်သော ဒဇိုင်နာများရောက်လာပြီး ခေတ်ကို ဝတ်စုံတွေ အစမ်းဝတ်ခိုင်းသည်။ ခေတ်လည်းကျေနပ်အောင်ဝတ်ပြလိုက်တော့...ဒဇိုင်နာခေါင်းဆောင်ဖြစ်ဟန်တူသော အမလားအကိုလားတော့မသိဘူး ခေတ်ကို
"ဟယ်လှလိုက်တာကြည့်စမ်း...ချုပ်လာတဲ့ သတိုးသမီးတွေထဲမှာ...ညီမလေးအလှဆုံးပဲ...ဒါကြောင့်...သခင်လေးက တမ်းတမ်းစွဲဖြစ်နေတာပေါ့..."
ခေတ်လည်း အာ့တစ်ယောက်အပြောကြောင့် ပါးပြင်လေးရဲပြီး ရှက်သွားကာ....
"ဟုတ်ကဲ့ကျေးဇူးပါ နော်"
မေချယ်ကလည်း လာကြည့်ပြီး ဟိုတစ်ယောက်လိုပဲ လှတယ်ပြောတော့ ခေတ်မနေတက်စွာ...
"ဟိုလေ..ပြီးပြီဆိုတော့.. ခေတ်အပေါ်တက်တော့မယ်နော်..."
လို့ပြောတော့ အကုန်လုံးက ဟုတ်ကဲ့မမလေးလို့ပြောတော့ ခေတ်လည်းကြောင်သွားကာ..
"ဟို..ခေတ်ကိုအာလိုမခေါ်ပါနဲ့...ခေတ်လို့ပဲခေါ်ပါ.."
"မရလို့ပါမမလေး..မမလေးက မကြာခင် သခင်လေးဇနီးဖြစ်တော့မှာမို့ အာ့ဒိလိုပဲ..ခေါ်မှ ရမှာပါ..."
ခေတ်လည်းပြောမရတာကြောင့် စိတ်ရူပ်စွာအပေါ်သို့တက်လာခဲ့သည်။အမလေးဒါတောင်လက်မထပ်ရသေးဘူး လက်တာထပ်လိုက်ရင် ဘယ်လောက်တောင် အနေကြပ်လိုက်မလည်းဟူးးးခေတ်သက်ပြင်းချလိုက်ကာ....အခန်းထဲဝင်လာလိုက်သည်။
မေချယ်ကတော. ဟိုလူလွှတ်လိုက်တဲ့ လူတွေနဲ့စကားကောင်းနေတော့သည်။ခေတ်လည်း ညကြရင် ထွက်ဖို့ အဝတ်အစားအိပ်ပြင်ကာ အဝတ်အစားတွေထည့်နေချိန်...မေချယ်ရောက်လာပြီ အခန်းအပြင်ကနေ...
"သမီးခေတ်ရေ... ခဏနေထမင်းစားဖို့ ဆင်းလာခဲ့နော်..."
ခေတ်လည်း မေချယ့်အသံကြောင့် လန့်သွားကာ
အဝတ်အစားတွေကို စောင်နဲ့ဖုံးလိုက်ကာ
"ဟုတ်ကဲ့...မေချယ် ခေတ်ဆင်းလာခဲ့မယ်နော်..."
"အေးအေးသမီးလေး"
မေချယ်ပြောပြီး ထွက်သွားတော့မှ ခေတ်အဝတ်အစားအိတ်ကိုအမြန်ပြင်ကာ...ထမင်းစားဖို့ အောက်ထပ်ဆင်းလာခဲ့သည်။
ခေတ်ဆင်းလာတော့...ထမင်းဝိုင်းမှာကယ်လေးရော မေချယ်ရော ရောက်နေပြီဖြစ်ကာ..ကယ်လေးက...
"လာသမီးလာ...ထမင်းစားကြစို့"
"ဟုတ်ကဲ့"
မေချယ်ကထမင်းနဲ့ ဟင်းတွေကို ခေတ်ကိုထည့်ပေးရင်း...
"မနက်ဖြန်မမရိပ်တို့ ရောက်မယ်နော်သမီး မင်္ဂလာဆောင်က သဘက်ခါဆိုတော့...မနက်ဖြန်မနက် ဖလိုက်နဲ့ ရောက်မယ်တဲ့...သွားကြိုမလို့ သမီးလိုက်အုံးမလား..."
"မလိုက်တော့ဘူးမေချယ် ခေတ်အိမ်ကနေပဲ မေမေတို့ကို စောင့်နေတော့မယ်"
"အင်းအင်းပြီးရောသမီး..."
ခေတ်လည်းစားသောက်ပြီး...အပေါ်ကို တက်လာကာ အပြင်ထွက်ဖို့အချိန်ကိုစောင့်နေမိသည်။ခေတ်စောင့်နေရင်း phက message ဝင်လာတာကြောင့် ကြည့်လိုက်တော့ ရဲရဲစီကဖြစ်ကာ သူကိစ္စတစ်ခု ရှိတာကြောင့် သူ့မောင်လေးတစ်ယောက်ပဲ လွှတ်လိုက်မည်ဖြစ်ကာ ယုံရကြောင်း ခဏနေရောက် တော့မည်ဖြစ်ကြောင်း ရေးထားသည်။ခေတ်လည်း ရဲရဲမောင်ဆိုတာကြောင့် ဘာမှပြန်မပြောတော့ဘဲ ခြံပြင်ထွက်ရန် အဝတ်အိတ်ယူကာ အသာဆင်းခဲ့တော့သည်။
ခေတ်ခြံပြင်ရောက်တော့...ကားအကောင်းစားအမည်းရောင် တစ်စီးရပ်ထားတာကိုတွေ့တော့ ရဲရဲမောင်ရဲ့ကားဖြစ်မည်ထင်ကာ ကားနားလျှောက်သွားတော့ တံခါး ပွင့်သွားတာကြောင့် ခေတ်လည်း ရဲရဲမောင်လား..လို့မေးလိုက်တော့ ထိုလူက ဦးထုပ်ကို ငိုက်စောင်းထားပြီး ခေါင်းငြိမ့်ပြတော့ ခေတ်လည်းကားပေါ်တက်ကာ အရှေ့ခန်းမှာဝင်ထိုင်လိုက်တော့ ကားးလေကလည်း လမ်းအတိုင်းမောင်းထွက်လာတော့သည်။
ဆက်ရန်
စာရေးသူ - လွမ်းခြင်း