တီ...တောင်..
ခြံဝကနေ ဘဲတီးသံကိုကြား၍ ဒေါ်ဝင့်စိန်ခြယ် အိမ်အကူမလေး မအေးကို လှမ်းခေါ်လိုက်သည်
"မအေးရေ ..မအေး "
အော်ဒီကောင်မလေး ဘယ်ရောက်နေလည်းမသိဘူး ဒေါ်စိန်ဝင့်ချယ်ပြောပြီး...
" ငါကိုယ်တိုင်ပဲသွားပါလိုက်ပါ့မယ်"
ဒေါ်စိန်သင့်ချယ် ခြံဝကိုရောက်တော့ မျက်လုံးမျက်ခုံး ဝိုင်းဝိုင်းနက်နက်လေးနှင့် ဖြောင့်ဆင်းေသာဆံနွယ်တွေကလည်းတင်ပါးလောက်ရှိပြီး ကကြီးပုံနှုတ်ခမ်းလေးနှင့်အတူ အလှဆုံးမှာ ယပ်တောင်သဖွယ် ဖြန်ချထားသော မျက်တောင်ရှည်တို့က ဝန်းရံထားကာ ခြုံကြည့်လိုက်လျှင် အလွန်လှပပြီး မိန်းကလေးချင်းတောင် ငေးလောက်ဖွယ်ကောင်းသော မိန်းမလေးဖြစ်သည်ဟု ဒေါ်ဝင့်စိန်ခြယ် ကောက်ချက်ချလိုက်သည်။ချယ်တွေးပြီး အရှေ့က မိန်းကလေးကရယ်ပြတော့ ချယ်လည်းပြန်ပြုံးပြလိုက်ပြီး..
"အို ...သမီးက ဘယ်သူများလည်းကွယ် "
ဒေါ်ဝင့်စိန်ခြယ် ဒီပတ်ဝန်းကျင်မှာ တစ်ခါမှ မတွေ့ဖူးသော သူမလေးကို သိလိုစွာဖြင့် မေးလိုက်သည်နှင့် တစ်ပြိုင်နက်
သူမလေးဘေးက အထုပ်တွေရော သူမလေးကိုရောကြည့်ကာ ဒေါ်ဝင့်စိန်ခြယ် အံ့သြနေရသည်။
စံခေတ် တအံ့တသြော်မေးနေသော မေမေချယ်ကို ကြည့်ပြီ ပချိုင့်လေးခွက်ဝင်အောင် ရယ်ပြလိုက်ပြီး
"ခေတ်က စံခေတ်တော်ဝင်ပါ မေမေချယ်" လို့ပြောပြီး ရယ်ပြလိုက်တော့ အာ့တော့မှ မေမေချယ်မျက်နှာ အံ့သြဝမ်းသာချင်းများနဲ့
"အို...သမီးခေတ်လေးလား "
"ဟုတ်ပါတယ်မေမေချယ်"
ခေတ်ကိုပြေးဖတ်ပြီး" ကြည့်ပါအုံး.. သမီးလေးရယ် လှလာလိုက်တာ မေချယ် မှတ်တောင်မမှတ်မိဘူး"
မေချယ်ပြောလိုက်တော့ ခေတ် သဘောကျစွာပြုံးလိုက်မိသည်။
မေချယ် မမှတ်မိတာလည်း အပစ်မဆိုသာ ခေတ်က ငယ်ငယ်ကနှင့်လုံးဝမတူဘဲ အရမ်းလှလာတယ်ဆိုတာ လူတိုင်းချီးမွန်းကြပါတယ်။
ခေတ်မေမေနဲ့ မေမေချယ်က ညီမတစ်ဝမ်းကွဲတော်ပါတယ်။ခေတ်ငယ်ငယ်ထဲ ခေတ်မိဘတွေ စီးပွာရေးက US မှာဆိုတော့ တစ်မိသားစုလုံးဟိုကို ပြောင်းပြီး နေထိုင်ဖြစ်ခဲ့ကြတယ်။
အာ့ဒိအချိန်တောက မေချယ်ကတော့ ခေတ်ကိုထားခဲ့ဖို့ မေ့မေ့ကို ပြောရှာပါတယ်။
မေမေကတော့
"အို ..ချယ်ရယ် ရိပ်တို့က သမီးလေးတစ်ယောက်ထည်းရှိတာ ရိပ်မခွဲနိုင်ဘူးချယ်ရယ်...သမီးလေးကို တစ်နှစ်တစ်ခေါကတော့ ချယ်စီ အလည်ပို့ပေးမှာပါပြောတော့..."
မေမေချယ် လက်လျော့ခဲ့ရတယ်...
ခေတ်အစပိုင်းတော့ တစ်နှစ်တစ်ခါ မေ့ချယ်စီပြန်လာ ဖြစ်ပါတယ်နောက်ပိုင်း အတန်းတွေ တဖြည်းဖြည်ကြီးလာတော့ စာတွေနဲ့ လုံးပန်းနေတော့ ပြန်မလာဖြစ်တော့ဘဲ phနဲ့ ပဲ အဆက်သွယ်ရှိ တော့ မေချယ် မမှတ်မိတာ ဖြစ်နိုင်သည်။
"အို....သမီးခေတ်လေး လာလာအိမ်ထဲဝင် .."
"မောင်သန့်ရေ... မောင်သန့်"
''ဗျာ မေမေကြီး ''
"လာပါအုံး''
" ဒီမှာခေတ်လေး ပစ္စည်းတွေ အပေါ်ထပ်က အမြဲတမ်းရှင်းထားတဲ့ အခန်းကို ထားပေးနော်..."
"ဟုတ်ကဲ့မေမေကြီး..."
"လာ..သမီး " မေချယ်က ခေတ်လက်ကို ဆွဲပြီး အိမ်ထဲကို ဦးဆောင်ပြီးခေါ်လာသည်။
မေချယ်က ဧည့်ခန်းထဲရောက်တော့...
"ကဲ ဆိုပါအုံး ခေတ်လေးကလာတာ အကြောင်းမကြားဘူး... လာမှာသိရင် သမီး အန်ကယ်လေး လာကြိုခိုင်းမှာပေါ့ "
မေချယ် အာ့လိုပြောတော့ ခေတ်က ချစ်စရာအပြုံးလေးဖြင့် ပြုံးပြကာ
"မေချယ်ကို အံ့သြစေချင်လို့လေ ဟီး..ဟီ.."
ခေတ်ပြောလိုက်တော့ မေချယ်က ခေတ်နှာခေါင်းလေးကို ညစ်ပြီး
"ညည်းလေးရယ်ထား ..."ဆိုပြီး ပြောတော့..
ခေတ်လည်းမေချယ်ကလည်းဆိုပြီး..မေချယ်ကို ဖက်လိုက်ကာ ချွဲနေလိုက်သည်။
မေချယ်ကသဘောကျကာ ခေတ်ခေါင်းလေးကို ပုတ်ပြီး ဒါနဲ့သမီး မမရိပ်တို့ရော...
မေချယ်မေးတော့ ခေတ်လည်း ခေါင်းလေးငြိမ့်ကာ..
"မေမေနဲ့ဖေဖေက နောက်မှပြန်လာလည်မယ်တဲ့...ခေတ်က အရင်အရင်ပြန်လာပြီး အလုပ်ဝင်မလို့ မေချယ်ရဲ့..."
ခေတ်ပြောလိုက်တော့ မေချယ်က အံ့သြစ္စာဖြင့်...
"ဟယ်...ဒါဆို သမီးခေတ်က အပြီးပြန်လာတာပေါ့ ... "
ခေတ်ခေါင်းလေးငြိမ့်ပြလိုက်တော့ မေချယ်က ပြုံးကာ..
"ဒါနဲ့သမီးက ဘယ်ဆေးရုံမှာ ဝင်မှာလည်း...."
မေချယ်မေးတော့ ခေတ်လည်းမျက်ဝန်းလေးဒေါင့်ကပ်ကာ
"မဟော် ဆေးရုံကြီးပါမေမေချယ်..."
အာ့တော့မှ မေချယ်က အံသြဝမ်းသာသွားကာ..
"ဟယ်ငါ့.သမီးက တော်လိုက်တာ မဟော်မှာဆိုရင် သမီးလေ ဂုဏ်လည်းရှိတယ် လစာလည်းကောင်တယ် ပညာလည်းရတယ်..အခွင့်အရေးတွေလည်း အများကြီးရမှာ သမီးရဲ့.."
မေချယ်ပြောတာ ဟုတ်တာတော့ ဟုတ်သည် မဟော်ဆေးရုံဆိုတာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာကပါ အထင်ကြီးသောဆေးရုံ တောင်ယုံလူဆို အနားတောင်မကပ်နိုင်ပါ ။
နိုင်ငံတကာက အရမ်းတော်သော တော်ဝင်သမားတော်ကြီးတွေ ဆရာဝန်ပါမောက်ခကြီးတွေပါ ဒီမဟော်ဆေးရုံကြီးမှာပဲ အလုပ်လုပ်ကြသည်။ မဟော်မှာအလုပ်ဝင်ဖို့ကလည်း မလွယ်ကူလှပါ အဆင့်ဆင့်အင်တာဗျူးတွေကို ခက်ခဲစွာ ဖြေရပြီး လက်တွေ့တွေကိုပါ လုပ်ဆောင်ပြီးမှ သူတို့သတ်မှတ်ထားတာတွေ အကုန်လုပ်နိုင်မှ ဒီဆေးရုံကြီးမှာ အလုပ်ရကြသည်။
ခေတ်ကိုယ်တိုင်လည်း အင်တာဗျူး အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှ ယခု အလုပ်ဝင်ခွင့် ရခဲ့သည်။အရမ်းတော်တဲ့ ဆရာဝန်တွေရှိတာကြောင့် လာလိုက်တဲ့လူနာ အကုန်ရောဂါတွေ တကယ်ပျောက်ကင်း သက်သာသွားတာကြီးပဲ...ဆရာဝန်တွေရတဲ့လစာကလည်း အပြင်ဆရာဝန်တွေထပ် ၅ဆလောက်ပိုရသည့်အပြင် အခြားအခွင့်အလမ်းများစွာကို လည်း ပေးထါးသေးသည်။
ဒါ့ကြောင့်လည်း လူတိုင်ရဲ့ ခေါင်းထဲမှာ ငါပညာတက်ဖြစ်ရင် မဟော် groupမှာ လုပ်မယ်လို့ ကြွေးကြော်ပြီး ကြီးပြင်းလာခဲ့ကြျာများသည်။ လူငယ်တွေရဲ့ ပန်းတိုင်ဟာ မဟော်groupဖြစ်နေတော့သည်။
ဆရာဝန်တွေ တော်တာ စည်းကမ်းရှိတာလည်မပြောနဲ့ အာ့ဒိဆေးရုံရဲ့ သူဌေးက ဒေါက်တာ ပါရဂူဘွဲ့အပြင် စီးပွားရေး ဘွဲ့မြောက်များစွာရယူထာသော ကမ္ဘာ့အချမ်းသာဆုံးသော နိုင်ငံပေါင်းများစွာမှာဆေးရုံတွေအပြင် စီးပွားရေး စိန်ရွှေရတနာ ဆောက်လုပ် ရေး လက်ညိုးထိုးရင်မလွဲလောက်အောင် လုပ်ငန်းများစွာပိုင်ဆိုင်ထားသော ပျိုပျို အိုအို ဝိုင်းဝိုင်းလည်နေသော ဥစ္စာပေါ ရုပ်ချော ပျိုတိုင်းကြိုက်သော နှင်းဆီခိုင် ဦးမဟော်ရောင်နီ ပင်ဖြစ်သည်။
သူက ရည်းစားရှုပ်တယ်လို့လည်း ခေတ်ကြားဖူးသည်။ ရည်စားတွေထည်လဲတွဲနေသော ထိုလူကြီးကို ခေတ် မတွေ့ဖူသော်လည်းမုန်းမိသည်။
သူက ကမ္ဘာကျော် စီးပွားရေး လုပ်ငန်ရှင်ဖြစ်သော်လည်း အင်တာဗျူးမခံဘူးလို့လည်း ခေတ် ကြားဘူးသည်။ဒါကြောင်လည်း သတင်းတိုင်းမှာ သူ့နာမည်သာပါပြီး ရုပ်ကို တစ်ခါမှတော့ မတွေ....တွဲသမျှ မိန်းကလေးတွေကလည်း နာမည်ကြီး အသိုင်းအဝိုင်းကြီးတွေကပဲ.... မိန်းကလေးတိုင်း သဲသဲလူပ်သမျှ သူကတော့ ရေခဲတုံးကြီးပါပဲ..... ဖြစ်လည်းဖြစ်ချင်စရာ သူက ချစ်တယ်လို့ မပြောပဲ အလိုလို သူ့ရှေ့မှာ ခစားကြတာကို...ဒါပင်မဲ့ ခေတ်ကတော့ မုန်းမိသည်။
ခေတ် ဆရာဝန်အလုပ်ကို အရမ်းဝါသနာပါသည်။ ဒါကြောင့်လည်းကြိုးစားခဲ့တာ။ခေတ်လည်းအရမ်းတော်တဲ့သူပါ တော်လို့လည်း မဟော်ဆေးရုံရဲ့ဝင်ခွင့်မှာ ပါခဲ့တာပေါ့။
ဒါပင်မဲ့ သူက မဟော်ဆေးရုံမှာ သိပ်မနေ ဆေးရုံမန်နေဂျာနဲ့ပဲ လွဲထားပြီးတစ်ခါတစ်ရံမှ လာတက်တယ်လို့လည်းကြားဖူးတာ။ဒါ့ကြောင့် ...ခေတ် ကမ်းလှမ်းတဲ့ ဆေးရုံတွေထဲက ဒီဆေးရုံကိုရွေးချယ်ပြီ ဝင်ခွင့်ရအောင် ဖြေခဲ့တာ။
ဟွန့်..ခေတ်သူ့အကြောင်းတွေးပြီး မဲ့မိသည်။
"ဟယ်သမီး...ဘာတွေ မကျေနပ်နေတာလည်း ဟွန်းးးးး"
မေချယ်ကပြုံးပြီးမေးတော့..ခေတ်လည်းရယ်ပြလိုက်ကာ..
"ဟီးဟီးးး ဘာမှမဟုတ်ဘူးမေမေချယ် ခေတ်တစ်ခုတွေးမိလို့ပါ..."ခေတ်ပြောလိုက်တော့ မေ ချယ်က..
"ကဲ မတွေးနဲ့ေတာ့ ရေချိုးပြီးရင် နားနေ ဟင်းကျက်ရင် မေချယ်လာခေါ်မယ်နော်..."
မေချယ်ကပြောပြီး ထရပ်လိုက်တော့.. ခေတ်လည်းမေချယ်လက်ကို ဆွဲကာ..
"ခေတ်ဝိုင်းချက်မယ်လေ.."
ခေတ်အပြောကို မေချယ်ကသဘောကျကာ.
"အမလေး..ခေတ်လေးနားပါ နောက်ရက်မှ မေချယ်တို့ကို ချက်ကျွေးနော်..."
"ဟီးဟီး ဟုတ်ကဲ့.. "
ခေတ်နိုင်ငံခြားမှာနေပင်မဲ့ မြန်မာအစားအစာတွေကို ကျွမ်းကျင်အောင် ခေတ် ချက်တက်ပါတယ်။ Us မှာဆို ခေတ် ဖေဖေနဲ့မေမေကို ချက်ကျွေးနေကြပါ။
ခေတ်လည်းမေချယ်ကို ပြောပြီး ရေချိုးဖို့ အပေါ်ထပ်က ခေတ်အတွက် အခန်းထဲသို့ ဝင်လာလိုက်သည်။
ခေတ်.ရေချိုးပြီးအောက်ထပ်ကို ဆင်းလာတော့ မေချယ်ရဲ့ အမျိုးသားဦးတိုင်းအောင် ခေါ် ကယ်လေးလည်း ပြန်ရောက်နေပြီး ဖြစ်သည်။ ကယ်လေးတို့ ဇနီးမောင်နှံက ကလေးမရကြပါ။အာ့တော့ခေတ်ကိုပဲ သမီးလေးအရင်းတစ်ယောက်လို ချစ်ကြ သည်။
ကယ်လေးက ခေတ်ကိုမြင်သွားကာ...
"ဟာ..ငါ့သမီးလေးက မှတ်တောင်မှတ်မိဘူး..ထွားလာလိုက်တာ..အသက်ကြီးလာတော့ မိန်းမချောလေးကို ဖြစ်လို့...ကယ်လေးတောင်မနည်းကြည့်ယူရတယ်ဟေ..."
ကယ်လေးအပြောကြောင့် ခေတ်နဲ့မေချယ်လည်း ရယ်လိုက်မိသည်။
''အာ့ဒါတော့ပြောမနေနဲ့ ကိုရေ..ချယ်တောင်ခေတ်လေးစရောက်တောက မမှတ်မိဘူး..ခေတ်လေးမိတ်ဆက်တော့မှ မှတ်မိတာ..."
မေချယ်ပြောတော့ ခေတ်လည်းသဘောကျကာ
"အခုတော့ ခေတ်ကို မှတ်မိသွားကြပြီမှတ်လား..."
အာ့တော့မှ ကယ်လေးနဲ့ မေချယ် ရယ်လိုက်ကာ မေချယ်က
"ကဲ့... ထမင်းစားကြစို့'' ပြောပြီး ခေတ်ကို ဟင်းတွေထည့်ပေးကါ ...
"သမီးစားနော်..သမီးကြိုက်တဲ့ဟင်းတွေကြီးပဲ..."
ခေတ်လည်းခေါင်းငြိမ့်ပြကာ မေချယ်ထည့်ပေးသော ထမင်းကို အားရပါးရစားလိုက်တော့သည်။
ခေတ်တို့ ထမင်းစားသောက်ပြီး စကားခဏပြောကြကာ ကယ်လေးက ....
"သမီးခေတ် စောစောနား မနက်ဖြန် အလုပ်ဝင်ရမှာဆိုတော့ အနားယူဖို့လိုတယ်..."
"ဟုတ်ကဲ့ ကယ်လေ " ခေတ်လည်းစောစောအနားယူချင်တာကြောင့် မေချယ်ကို ပါ နှုတ်ဆက်ပြီး အခန်းထဲ ပြန်ဝင်လာလိုက်တော့သည်။ အိပ်ယာပေါ်ရောက်တော့ မနက်ဖြန် ဝင်ရမဲ့ အလုပ်အကြောင်းတွေးပြီး အိမ်ပျော်အောင် အိပ်လိုက် တော့သည်။
ခေတ်မသိလိုက်တာက သူမုန်းနေသောသူက သူမရဲ့ ဘဝမှာ အရေးပါဆုံးဖြစ်လာမယ်ဆိုတာကိုပေါ့....
ဆက်ရန်
စာရေးသူ- လွမ်းခြင်း