book

Index 9

အပိုင်း( ၉ )

💕ကျွန်တော့နှလုံးသား 

             မမထံဝပ်ဆင်း၍💕

•~••~•~••~•


ထနှောင်း ကုမ္မဏီကိုရောက်‌နေသည်မှာ ရက်ပိုင်းသာရှိသေးသည် ၊ ရှယ်ယာဈေးတွေ ပြန်တက်လာပြီး တည်ငြိမ်နေသည့် စက်ပိုင်းဆိုင်ရာတွေ လည်ပတ်နေကြပြီ။

 အသစ်ထွက်ရှိလာမည့် ထုတ်ကုန်ပစ္စည်းအတွက် customerများသည် စိတ်လှုပ်ရှားစွာဖြင့် လှုမှုကွန်ယက်မှာ ကြိုတင် ဘိုကင်လုပ်နေကြပြီ။ 


ကုမ္မဏီအခြေအနေကောင်းမွန်လာသည်ကို မိုးဇွန်သည် ပျော်ရွင်ဝမ်းမြောက်၏။ သို့ပါ‌သော်လဲ မိုးဇွန်ဆီမှာ သတင်းဆိုးရှိနေသည်။

 ထိုသတင်းဆိုးကို ထနှောင်းခကို ပြောရင်ကောင်းမလား ၊ မပြောဘဲ ထားရင်ကောင်းမလား ချီတုံချတုံဖြစ်နေသည် ။ 


စာရင်းတွေနှင့်အလုပ်ရှုပ်နေသောထနှောင်းခ၏ ဘေးတွင် ခေါင်းငြိမ့်ခေါင်းခါလုပ်နေသော မိုးဇွန်ကြောင့် ထနှောင်းမေးရပြီ..။


``မင်းဘာပြောချင်လို့လဲ ပြောပါ``


 ဖိုင်တွဲတွေကိုကြည့်ကာ အေးအေးသက်သာ ပြောနေသောထ‌နှောင်းကြောင့် မိုးဇွန်ခမျာပို၍ စိတ်ရှုပ်ရပေသည်။


``ဘာလဲ..သတင်းဆိုးလား``


``ဟုတ်ကဲ..ဥက္ကဌ``


``အင်း..ပြော..``


`` Blood loyalty အဖွဲ့မှာ ခေါင်းဆောင်ပေါ်လာပါပြီ ဥက္ကဌ``


``ဟုတ်လား ဘယ်သူလဲ..``


``ခွန်းသာရဲ့ညီမ မြခွန်းသာပါ``


``ဟဟ..နို့နံ့တောင်မစင်သေးတဲ့ကလေးမကိုမှ ခေါင်းဆောင်လုပ်ခိုင်းရတယ်လို့ ဟားးး

ဘီလီခွန်းက ဘယ်ရောက်သွားလို့လဲ..``


`` ဘီလီခွန်းနဲ့ မြခွန်းသာတို့ ကြိုးဝိုင်းထဲ ယှဉ်ပြိုင်ထိုးကြပါတယ်လို့သတင်းကြားပါတယ် ၊ အဲ့ဒီ့ပြိုင်ပွဲမှာ မြခွန်းသာနိုင်သွားလို့  အဖွဲ့ခေါင်းဆောင် တင်မြောက်လိုက်ရတာပါလို့ သတင်းရပါတယ် ဥက္ကဌ``


``အော်...ဒီလိုဆိုတော့လဲ ဘယ်ဆိုးလို့လဲ ဘီလီခွန်းက မိန်းကလေးတောင်မနိုင်ဘူး ၊ 

ဟားဟားဟား ရယ်ရတယ်ကွာ....ဘယ်လိုဟာတွေပါလိမ့်..``


လေကြောကတော့ ဒီအထိဖြောင့်နေသည်။ ရှေ့ဆက်စကားဆိုခဲ့သော် မုန်တိုင်းထနိုင်ဖွယ်ရှိသဖြင့် ကျန်သည့်စကားများမပြောခင် မိုးဇွန်သည် ခြေလှမ်းသုံးလှမ်း နောက်သို့ဆုတ်လိုက်၏။ပြီးမှဆက်ပြော၏။


`` အခု မြခွန်းသာဦးဆောင်တဲ့ Blood loyaltyဓားပြအဖွဲ့ဟာ ရွာ‌တိုင်းကို လိုက်လံသောင်းကျန်းနေပါတယ်လို့လဲ သတင်းကြားပါတယ်.. ``


ထိုစကားကြောင့် ထနှောင်းခ ရယ်သံတိတ်သွားခဲ့ပြီး မျက်နှာထားတင်းမာ‌နေသည်ကို မိုးဇွန် ရိပ်မိ၏။  ထိုကြောင့် ခြေလှမ်းများထပ်မံ၍ နောက်ဆုတ်မည်အလုပ်... ထနှောင်းခက မိုးဇွန်လက်ကိုဆွဲကာ ရှေ့သို့ ဆောင့်ဆွဲ့လိုက်သည်။


``ထပ်မဆုတ်နဲ့တော့ အဲ့ဒီ့ကပြော ``


``ဟုတ်..ဟုတ်ကဲ့ မြခွန်းသာက ရွာနီးချုပ်စပ်ကို ဓားပြမတိုက်ခင် ဥက္ကဌသတင်းကြားပြီး ကုက္ကိုလ်ကိုင်းရွာကို လာရှာပါတယ်တဲ့..အဲ့ဒါ...``


၎င်းစကားကြောင့် ထနှောင်းခသည် လှုပ်လှုပ်ရှားရှားဖြစ်ကာ မိုးဇွန်ရှိရာဘက်သို့ လှည့်ကာထိုင်လိုက်၏ ။


``အဲ့တော့...``


`` အဲ့ဒါ.. ဥက္ကဌကိုမတွေ့သွားပေမဲ့ ..

ဟို..ဆ..ဆရာမလေးနဲ့ထိပ်တိုက်တွေ့ပြီး ပြသာနာရှာသွားခဲ့ပါတယ်..``


ဒုန်း💥


ထနှောင်းခသည် ဒေါသပြင်းထန်စွာထွက်ပြီး စားပွဲခုံကို လက်သီးဖြင့် ထိုးချလိုက်သည်။ လုပ်လက်စအလုပ်များကို စိတ်မဝင်စားနိုင်တော့ ချစ်သောသူ အဆင်ပြေမပြေကိုသာ အာရုံထဲ တဝဲလည်လည်ဖြစ်နေသည်။ ထနှောင်းစိတ်ကို မိုးဇွန်သိသည်။ ရိပ်လဲရိပ်မိသည်။ ထို့ကြောင့် စိတ်ပြေစေရန် အလို့ဌာ ပြောပါသော်လဲ ဆေးမမှီတော့ပေ...။


``ဆ..ဆရာမလေး ဘာမှမဖြစ်ပါဘူးဥက္ကဌ..၊ ဆရာမလေး ဘေးကင်းဆဲပါ ကျွန်တော် စောင့်ကြည့်ခိုင်းထားပါတယ်..``


``တောက်စ်..

ငါ့‌ daisyပန်းကို ထိတဲ့ ကောင်ရဲ့နောက်ဆက်တွဲက ငရဲနဲ့မခြားခံရမယ်ဆိုတာ အဲ့ကောင်တွေ ကောင်းကောင်းသိစေရမယ်...``


ထနှောင်းသည် ထိုင်ရာမှထကာ ဖိုင်တွဲများသိမ်းပြီး အရေးကြီးသည့် ဖိုင်တွဲများကို မီးခံသေတ္တာထဲ သို့ထည့်သည်။ တခြားလိုအပ်သည်နှင့်မလိုအပ်သည်များကို ခွဲခြမ်းစိတ်ဖြာရင်း အပြင်သွားရန်အတွက် ပြင်ဆင်သည်။


`` ငါ့အတွက် လေယဉ်လက်မှတ် စီစဥ်ထားလိုက်...``


``ဗျာ....

မဖြစ်..မဖြစ်ပါဘူးဥက္ကဌ..

ကုမ္မဏီက အခုမှတည်ငြိမ်ကာစရှိသေး ဥက္ကဌ ထပ်ထွက်သွားရင် 

ဒုက္ကဌ လက်ထဲရောက်ဖို့သာ ရှိပါတော့တယ်...စဉ်းစားပါဦး..``


ထနှောင်းသည် မိုးဇွန်စကားကြောင့် ပို၍ စိတ်တိုသွားကာ မိုးဇွန်၏ ရင်ဘက်မှအကျီကိုဆောင့်ဆွဲ၍ နံရံသို့ကပ်ကာ ထိုးမယ့်ဟန်ပြင်လိုက်သည်။


`` မင်းမှတ်ထားမိုးဇွန်...

ဒီကမ္ဘာမှာ မမကလွဲပြီး ငါ့အတွက် အရေးကြီးတာ ဘာမှမရှိဘူး..

ဒီကုမ္မဏီမပြောနဲ့ ကမ္ဘာကြီးပျက်စီးနေရင်တောင် မမဆီရောက်အောင်သွားမယ် နားလည်လား..``


``ဟုတ်...ဟုတ်ကဲ့ပါဥက္ကဌ``


ထနှောင်းသည် တရှုးရှုး တရှဲရှဲဖြင့် ဒေါသထွက်ကာ မိုးဇွန်ကို တွန်းလွတ်လိုက်ပြီး အလုပ်ခန်းထဲမှ ထွက်လာခဲ့တော့သည်။ 


🍂~~~🍂


ဒိုင်း....💥


``အား...အမလေး....``


``တစ်ရွာလုံးအကုန် မရှိရှိတာ ထုတ်လာခဲ့... မပေးရင် ရိုတ်ပစ်လိုက် ၊ 


``ဟုတ်ကဲ့ပါ သခင်မလေး...``


ကြောင်မရှိလျှင် ကြွက်သောင်းကျန်းနေသည့်အတိုင်း မြခွန်းသာတစ်ယောက် စီးတော်ယာဉ်မြင်းကိုစီးကာ ကုက္ကိုလ်ကိုင်းရွာအပြင် တခြားရွာနီးချုပ်စပ်များဆီမှ အတင်းအဓမ္မ ပစ္စည်းများကိုလုယက်ရမ်းကားစွာ ရယူနေသည်။ ယခုလဲ ကုက္ကိုလ်ကိုင်းရွာအလှည့်ရောက်လာပြီဖြစ်၍ ရွာလမ်းမတစ်လျှောက် သေနတ်ပစ်သံကြောင့် လူ‌အများသည် ဟိုပြေးဒီပြေးနှင့် အနီးနားရှိ အိမ်ထဲသို့ခိုလှုံကာဝင်နေကြသည်။


ဒိုင်း💥...


``သခင်မကြီး ရောက်လာပြီလေ...ဘာလို့ပြေးပုန်းနေကြတာလဲ ရှေ့ထွက် ဦးခိုက်ကြရမှာ မသိကြဘူးလား! ထွက်ခဲ့စမ်း..!``


ဒိုင်း💥


သေနတ်ပစ်သံကြောင့် ဈေးမှ ဆန်အနည်းငယ်နှင့် ကြက်ဥနှစ်လုံးသာ ဝယ်လာခဲ့သော အသက်၈၀ကျော်အဘိုးအိုသည် မြခွန်းသာတို့ခပ်လှမ်းလှမ်းတွင် ဝပ်တွားလိုက်၏


``ဟေ့...ဟိုတုန့်နှေးတန့်နှေးနဲ့ လိပ်လိုအဘိုးကြီး ဒီမှာ သခင်မရောက်နေတယ် လာဦးညွတ်စမ်း...``


``အို... အကိုကြီးရယ် အဘိုးအိုက သနားပါတယ် မလုပ်ခိုင်းပါနဲ့...ရွာထဲကလူတွေက မြကို ရက်စက်တယ်ထင်နေပါ့မယ် အဟွန်း...``


မြခွန်းသာ၏ တပည့်ဖြစ်နေသော ဘီလီခွန်းသည် သခင်အားရ ကျွန်ပါးဝ ဆိုသည့်အတိုင်း မြခွန်းသာ စိတ်ကျေနပ်စေရန် သက်ကြီးရွယ်အိုမှမရှောင် ရိုင်းစိုင်းနေကြ၏


``သခင်မရယ်... ကြီးတာတွေငယ်တာတွေအသာထားပါ သခင်မက ဩဇာအတ္တိပနဲ့ တောက်ပနေတယ်ဆိုတာ တစ်မြို့လုံးသိဖို့လိုတယ်..``


``အကိုကြီးကလဲ အရမ်းတွေးတက်တာပဲ ခစ်ခစ်ခစ်..``


ဘီလီခွန်းတို့စကားပြောသံကို ကြားရသော အနီးနားရှိ အိမ်ဝိုင်းထဲက ရွာသားတွေသည် ပုန်းလျှိုးကွယ်ဝှက်ကာ ကြည့်နေရုံမှတပါ တခြားမတက်နိုင်ချေ..။


``ယုတ်မာလိုက်တာ အဲ့ဒီ့ဓားပြတွေက အသက်ကြီးသူတွေကို ရိုသေရမှန်းမသိ ငယ်သူတွေကိုသနားရမှန်းမသိနဲ့ ငရဲမှာဂျိုးကပ်ကြမယ့်ဟာတွေ...``


``မေမေရယ် တိုးတိုးသက်သာပြောပါ.. ဟိုကကြားသွားမှဖြင့်``


ရွာထဲရှိ အိမ်ဝိုင်းတွေထဲမှ မိသားစုများသည် မြခွန်းသာတို့ကို ပြစ်တင်ပြောဆိုသံတွေကို မမှု မျက်နှာပြောင်တိုက်ကာ အဘိုးအိုရှေ့သို့ ဖြေးညှင်းစွာ လျှောက်လာသည်။


``ဟေ့အဘိုးကြီး သခင်မကို ဦးညွတ်စမ်း...``


မြင်းနက်ပေါ်မှ မြခွန်းသာသည် ခေါင်းမော့ရင်ကော့ကာ အကြောက်တရား ကင်းမဲ့စွာဖြင့် မည်သူ့ကိုမှ လူမထင် အရာရာကို လောဘဒေါသနှင့်သာ မြင်နေ၏။


ဒိုင်း💥


``တော်တော်ပေကပ်ကပ်လုပ်နေတဲ့အဘိုးကြီး ပြောတဲ့အတိုင်းမလုပ်ဘူးလား နောက်ကျည်တစ်တောင့်က ခင်များခေါင်းတည့်တည့်ရောက်သွားမယ်နော်``


သေနတ်ကို ကလေးကစားစရာအရုပ်လို တစ်ဒိုင်းဒိုင်း ပစ်ဖောက်နေသာ ဓားပြတို့ကို အဘိုးအိုမကြောက် သူထိုင်မြဲ နေရာတွင် မြေကြီးကိုကြည့်လျင် ဝယ်လာသောကြက်ဥလေးနှင့်ဆန်ထုတ်ကို လွတ်မကျအောင်ထိန်းရင်း ထိုင်ဆဲထိုင်နေ၏ ။


``တောက်စ်...ခင်များကြီး!!``


``ရပ်လိုက်စမ်း....!``


``ဟမ်...``


ဘီလီခွန်း၏သေနတ်သည် အဘိုးအိုခေါင်းတည့်တည့်သို့ပစ်ရန် ချိန်ထားချိန် ကျောင်းမှပြန်လာသော ကြွေနှိုင်းခမြင်သွား၍ အဘိုးအိုဆီသို့ အပြေးလွှားသွားပြီး ရှေ့မှ မားမားမတ်မတ်ရပ်ကာ ကာကွယ်လိုက်သည်။


`` ရှင်တို့တွေမှာ ကိုယ်ချင်းစာစိတ်မရှိဘူးလားဟမ်...ဘာမှမလုပ်နိုင်မကိုင်နိုင် ချိနဲ့နေတဲ့အဘိုးအိုကိုမှ...``


``အဟင့်....အကိုကြီး.... 

မြနားညည်းတယ်ကွယ်.... မြအခုတလော စိတ်ရှုပ်တာမခံနိုင်ဘူး...``


ကြွေနှိုင်းခစကားကို မြခွန်းသာမကြားချင်တော့၍ ချွဲ့ပျစ်သောအသံဖြင့် ဘီလီခွန်းကိုပြောလိုက်သည်။ ‌လူအများနှင့် တစ်ယောက်မို့ ကြောက်ရွံ့ပေမဲ့ အားနည်းသည့် သူဘက်မှ ရပ်တည်ရမည်ဟူသော ကြွေ့ခံယူချက်က ဒီနေ့ကထိ မပြောင်းလဲခဲ့ပေ...။


``ကြားတယ်နော် သူတော်ကောင်းမလေး..ငါတို့သခင်မလေးက စိတ်ရှုပ်မခံနိုင်ဘူး ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့ မဟုတ်ရင် ဒီသေနတ်ထဲက ကျည်ဆံက မင်းအတွက်ဖြစ်သွားလိမ့်မယ်..``


 မြခွန်းသာနှင့် ဘီလီခွန်းတို့ကို ကြွေ ကြည့်‌ရင်း  စက်ဆုပ်ရွံရှာလာသည်။ သူမသည် မည်သူ့ကိုမျှ စကားမပြောဘဲ အဘိုးအိုကို ထူမကာ ဘေးဘက်ရှိ အိမ်ဝိုင်းအတွင်းသို့သွားခိုင်းစေ၏။ အဘိုးအို အိမ်ဝိုင်းထဲဝင်လာသော် အိမ်ဝိုင်းထဲမှ အဒေါ်ကြီးသုံး လေးယောက်က ထွက်လာပြီး အဘိုးအိုကိုတွဲကာ အမြန်အိမ်ထဲသို့သွင်းကာ တံခါးပိတ်လိုက်၏။ကြွေသည် အဘိုးအိုဘေးကင်းသွားမှ ဓားပြတွေရှေ့ ပြန်လာရပ်သည်..။ ကြွေ့အပြုအမှုကို မြခွန်းသာမနှစ်သက်တော့ပေ.. ၊ သည်းခံနိုင်စွမ်းအားသည် မြခွန်းသာအတွက် သက်သက်လွတ်ဟင်းစားရသလို ခံတွင်းမတွေ့ချေ..၊ မြင်းနက်ကို ဟန့်ပြီး ရှေ့သို့အနည်းငယ် တက်လာသည်။


`` ကြည့်စမ်း ကြည့်စမ်း..

ငါတို့အခု မှုလန်ကိုတွေ့နေရတာလား ၊ ဒါမှမဟုတ် မိုးပေါ်က ကွမ်ရင်မယ်တော် ရောက်ချလာတာလား...

အမလေး စေတနာတွေကောင်းနေလိုက်တာ ...

ငါမျက်ရည်တောင်ဝဲတယ်...``


ဒိုင်း..💥


အား!...အ...


မြခွန်းသာသည် ‌ကြွေနှိုင်းခကိုစောင်းမြောင်းပြော၍ သူမ၏မျက်လုံးကို ဘယ်လက်ဖြင့်အသာယပ်ခပ်ကာ ညာလက်တွင်ကိုင်ထားသော သေနတ်ချိန်မနေတော့ဘဲ ကြွေနှိုင်းခဆီသို့ပစ်လိုက်၏။ 


ပစ်မှတ်ကို မချိန် ၊ မကြည့်ဘဲ ပစ်လိုက်သည်မှာ ကြွေ့ သလုံးသားကို ကျည်ဆံဝင်သွား၏။ နာလွန်း၍ သွေးစများထွက်လာပြီး ခွေယိုင်လဲကျသွားသော ကြွေနှိုင်းခကိုကြည့်ရင်း မြခွန်းသာတစ်ယောက် ဝမ်းနည်းသည့် ဟန်မှုရာကို မသတီစရာ လုပ်ပြနေသည်။


`` အမလေး...

အဟင့်...တော်သေးတာပေါ့ ငါက ခေါင်းထိမယ်မှတ်တာ...သလုံးသားကိုထိသွားတာပဲ..

 ငါတို့ဆရာမလေးခြေထောက်‌ဒဏ်ရာရသွားပါပေါ့လား...

အဟင့် ဝမ်းနည်းလိုက်တာ..

အဟင့် ဘယ်လိုလုပ်မလဲဟင်...မနက်ဖြန်ကျောင်းတက်နိုင်ပါ့မလား..

အို....သနားပါတယ်ဟယ်....ကျွန်မ..ကျွန်မ ဘာပြန်လုပ်ပေးရမလဲဟင်..ဟို...ဟိုလေ...အရမ်းနာနေတော..မခံစားနိုင်တော့ဘူးမလားဟင်...ဒါဆို သေချင်နေပြီလားဟင်..သေချင်တဲ့ စိတ်ကလေူများဖြစ်ရင်ပြောနော်.. မနာမကြင်ဘဲ သေလို့ရတဲ့ သတ်နည်းတွေ မြသိတယ်သိလား..သနားပါတယ်ဟယ်...``


 သွေးများထွက်ကာ ညိုမဲလာသော သူမခြေထောက်ကိုကြည့်ရင်း မျက်ရည်များမကျဆင်းအောင်ထိန်းလိုက်သည်။ ထို့နောက် မြခွန်းသာကို စေ့စေ့ကြည့်လိုက်သည်။ မြခွန်းသာကတော့ ခနဲ့သလို ပြန်၍ပြုံးနေသည်။ 


`` အခုအချိန်မှာ ရှင်က ကျွန်မကိုကယကံနဲ့‌ရော ဝဇီကံနဲ့ပါ အနိုင်ကျင့်စော်ကားခဲ့ပေမဲ့  သံသရာတစ်ကွေ့ မှာ ထင်းခွေမကြုံ ရေခပ်ကြုံလာခဲ့ရင် ရှင်အခုလိုပဲ ရယ်မောနိုင်ပါစေလို့ဆုတောင်းပေးနေမယ်...``


``ဟားဟားဟား 

သေတော့မယ့်လူလို ဖြူရော်နေတဲ့ကောင်မကများ မာန်ကမလျော့ ငါ့ကိုကျိန်စာတိုက်ချင်နေသေးတယ်..

အဟွန်း...ထားလိုက်ပါတော့ 

ငါကဒီနေ့စိတ်ချမ်းသာနေလို့ 

အလျော့ပေးလိုက်မယ် .. 


နောက်တစ်ခါ ငါ့ရှေ့ ကန့်လန့်ကန့်လန့်လာလုပ်ရင် ဒီ့ထက်ပိုဆိုးသွားမယ်... အခုငါပြောနေတာက မေတ္တာရပ်ခံနေတာမဟုတ်ဘူးနော်ဆရာမလေး သတိပေးနေ‌တာ..

အဟွန်း... သွားကြမယ်...``


ဟည်း....🏇


ကြွေနှိုင်းခကို မခံချင်စိတ်ဖြစ်အောင်ပြောရင်း မြင်းနက်ကြီးကိုစီးကာ ကြွေနှိုင်းခအပေါ်သို့ ခုပ်အုပ် ကျော်သွားကာ တဟုန်ထိုးမောင်းထွက်သွားပါတော့သည်။


 တပည့်တပန်းများကလဲ သူမနောက်သို့ ခြေလျင်ပြေးလိုက်သွား၏။

ဓားပြများ ထွက်သွားပြီးနောက် အိမ်ဝိုင်းအသီးသီးမှ လူတွေသည် ပြာသလဲလဲ ထွက်လာကြပြီး ခွေလဲကျနေသော‌ ဆရာမလေးကြွေနှိုင်းခကို လှည်းယာဉ်ပေါ်သို့တင်ကာ မြို့ပေါ်ဆေးခန်းသို့မောင်းထွက်သွားသည်။


❤️~~~❤️


``Every consumer of perfume from our company, Adam, can walk with confidence to the beloved.``


``ဟာ..!

ဒါ...ဒါ... ဟိုကောင်မဟုတ်လား..``


``ဘယ်ကောင်လဲဥက္ကဌကြီး..

အော်...သူက EDENကုမ္မဏီရဲ့ 

ဥက္ကလေ ရုပ်ကလဲချော စီးပွားလုပ်တဲ့နေရာမှာလဲထက်မြက် ၊ လှုမှုရေးအရာမှာလဲ လူဝင်ရာဝင်နေတဲ့ သူဆိုတော့ သူ့ကိုလေးလဲလေးစားသလို ဂုဏ်လဲယူမိတယ်ဗျာ..

ဘာလို့ဆို သူက ကျွန်တ်ောတို့မြန်မာနိုင်ငံသားဖြစ်နေလို့ပဲ..အဲ့ကလေးက အလုပ်တွေလုပ်လဲ လုပ်နိုင်ပါတယ်ဗျ..သူ့ကြောင့် မြန်မာကို ကမ္ဘာက သိလာမှာ ကျွန်တော် ပြောရဲတယ်..``


ဖန်သားပြင် TVပေါ်မှာလာနေသော"EDEN"ရေမွေးကုမ္မဏီဥက္ကဌကို ကြည့်ရင်း "W"ကုမ္မဏီဥက္ကဌ‌နောင်တခမ်း သည် မယုံကြည်နိုင် ၊ အံဩခြင်းများစွာဖြစ်နေလေသည်။ 

EDENကုမ္မဏီဥက္ကဌကို ချီးမွမ်းခန်းဖွင့်နေသော ‌ကုန်သည်ကြီးနိုင်ရာဇာကိုပင် နောင်တခမ်းမျက်မုန်းကျိုးနေမိ၏..


``ဒါနဲ့Mr နိုင် အဲ့လူနာမည်သိလား``


``သိတာပေါ့ဗျာ နာမည်ကြီးceleကိုမှ မသိထားရင် ကျုပ်နိုင်ရာဇာအမှောင်ဖုံးနေမပေါ့ ..အဲ့ကောင်လေးနာမည်က Hardတဲ့ဗျာ.. မစ္စတာW မသိတာတော့ အံဩတယ်ဗျာ...``


Wသည်  ကုန်သည်ကြီးနိုင်ရာဇာ အနားမှထကာ စင်ကာပူတစ်မြို့လုံးကို မြင်ရသည့် မှန်အလုံကာ view point ပေါ်မှ မိုးရာသီမဟုတ်ပေမဲ့ မိုးညို့နေသော ကောင်းကင်ကြီးကို ကြည့်ပြီး မာန်ပါပါ ရယ်လိုက်သည်။ 


``အဟား...

သိရုံတင်ဘယ်ကမလဲဗျာ... ‌ကျွန်တော်က ယုန်ထောင်ကြောင်မိတာမဟုတ်ဘူး နဂါးမိတာဗျ..

နဂါး..နဂါး ဟားဟားဟား...``


"W"ကုမ္မဏီ၏ဥက္ကဌကြီး (နောင်တခမ်း) သည်  ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောသံကြောင့် ကုန်သည်ကြီးနိုင်ရာဇာအနည်းငယ် တွန့်ဆုတ်သွားရသည်။

Wသည် ဝိုင်အနည်းငယ်ထည့်ထားသော ခွက်ကိုယူကာ တစ်ကျိုက်တည်း အကုန်မော့ချလိုက်သည်။ သူ၏ စိတ်ထဲတွင် မသမာသော planတစ်ခုဆွဲရန် စီစဉ်နေပါတော့သည်။


🛫~~~🛫


ရန်ကုန်လေဆိပ်သို့ လေယာဉ်ဆိုက်သည်နှင့် အသင့်စောင့်ကြိုနေသော Mercedesနက်ပြာရောင်ကားကြီးပေါ် သို့ ထနှောင်းခနှင့် မိုးဇွန်တို့တက်သွားပြီး driverကို လေဆိပ်မှာထားခဲ့သည်။

 driverနေရာတွင်မိုးဇွန်နေရာယူလျက် ကုက္ကိုလ်ကိုင်းရွာသို့ ချီတက်ခဲ့သည်။ ရွာထဲသို့ ကားဝင်မရသောကြောင့် မိုးဇွန်နှင့်ကားကိုထားခဲ့လိုက်၍ တစ်ကိုယ်ထဲ လမ်းလျှောက်ထွက်လာခဲ့သည်။ မိုးဇွန်သည် သူ၏သခင်ကို အဝေးကကြည့်ရင်း ရင်မော‌နေရသည်။

ဘာလို့ဆို ဒီလိုပုံစံနဲ့ ရွာထဲများ ဝင်သွားခဲ့လျှင် မတွေးဝံ့စရာ အဖြစ်ပျက်များကို ရင်ဆိုင်ရပေလိမ့်မည်။ ထိုသည်ကို မိုးဇွန်က တွေ့သော်ငြားလဲ ထနှောင်းခကတော့ ဂရုပင်မစိုက် ခေါင်းထဲတွင် ကြွေနှိုင်းခတစ်ယောက်သာ စိုးမိုးနေ၏။


``သ..သခင်ကြီး..သခင်ကြီး..``


"....."


``သခင်ကြီး အဲ့ဒီ့အကျီနဲ့သွားလို့ မဖြစ်ဘူးလေ...``


ဟုတ်ပါသည်။ ထနှောင်းခ ယခုလိုပုံစံနှင့်သာ ရွာထဲဝင်သွားလျှင် တိုးရစ်ကြီးဟုဆိုကာ အနောက်မှကလေးနှင့်အရူးတစ်သိုက် မုန့်ဖိုးလိုက်တောင်းပေလိမ့်မည်။ ဒါမှမဟုတ် ဓားပြရှိုးလျှောက်လာသည်ဟုဆိုကာ ဝိုင်းထုကျမှာမြင်ယောင်သေး..


ထနှောင်း၏ပုံစံမှာခရမ်းနုရောင် SHIRTအကျီကို ဂျင်းပြာဘောင်းဘီထဲထည့်ဝတ်၍ ကုတ်နက်ပြာရောင်ကိုအပေါ်မှ ဝတ်ထားသည်။


မိုးဇွန်စကားကြောင့် ထနှောင်းသည် ကိုယ့်ကိုယ်ကို ပြန်ကြည့်ကာ  အပေါ်ကုတ်နက်ပြာရောင်ကို ချွတ်၍ မိုးဇွန်ကိုပစ်ပေးလိုက်သည်။ အကြေသားကောက်ပြီးပုံသွင်းကာသပ်တင်ထားသောဆံပင်ကို လက်ဖြင့်ထိုးဖွလိုက်သည်။ 


ဂျင်းပြာဘောင်းဘီထဲထည့် ဝတ်ထားသော ခရမ်းနုရောင်အကျီစကို အပြင်သို့ထုတ်၍ ကပိုကရိုအနေအထားဖြစ်‌စေရန် လုပ်သော်လဲ model bodyပိုင်ဆိုင်ထားသော ထနှောင်းခမှာမှု  ပို၍စမက်ကျလျက်ရှိနေသည်..။


`` အကျီကရောမလဲဘူးလား အခြေအနေသိပ်မကောင်းဘူးနော်သခင်ကြီး အရမ်းလန်းနေသေးတယ်..``


``ထားတော့... 

ဘုရားပေးတဲ့ဆုလာဒ်ကို ပြင်လဲ ဘာမှဖြစ်လာမှာမဟုတ်ဘူး..``


ထနှောင်းခစကားကြောင့် မိုးဇွန် မျက်ခုံးတစ်ချက်တွန့်သွားသည်။ သူ့လက်ထဲရှိ ကုတ်အကျီကို ကားထဲထည့်လိုက်ပြီး ထနှောင်းခအနားသို့ရောက်လာသည်။


``ကျွန်တော်လိုက်ခဲ့ရမလားသခင်ကြီး..စိတ်မချလို့ပါ..``


‌`` ဟာကွာ..

အောက်ချင်းဌက်မောင်နှံကြား နှံပီစုပ်က ကန့်လန့် ကန့်လန့်နဲ့..``


``ဟုတ်ပါပြီသခင်ကြီးရယ် 

အဲ့လောက်လဲမနှိမ်ပါနဲ့...``


စိတ်တိုတိုဖြင့် ကားပေါ်ပြန်တက်သွားသည့် မိုးဇွန်ကို လက်ပြကာ သူ၏ချစ်ရသူရှိရာ ရွာငယ်လေးဆီသို့သုတ်ခြေတင်ပြေးလွှားခဲ့သည်။

 ရွာထဲမှာလဲ ထနှောင်းအကြောင်း မသိတဲ့လူ မရှိသ‌လောက် ဖြစ်နေသောကြောင့် ပုန်းလျှိုး ကွယ်လျှိုးသွားကာ ကြွေနှိုင်းခရှိရာ နေအိမ်ပေါ်သို့တက်လာခဲ့သည်။ 


အိမ်တံခါးမှာ ဖွင့်ထားသောကြောင့် လွယ်လင့်တကူဝင်လို့ရခဲ့သည်။ ခြေလှမ်းတိုင်းဟာ  ရင်ခုန်သံစည်းချက်များစွာဖြင့် ပျော်ရွင်စွာလှမ်းရင်း အိမ်တံခါးမကြီးကို ပိတ်ပြီးချက်ချလိုက်သည်။ 


``ဘယ်သူလဲ..ခမ်းနော်လား..

ခမ်းနော်လားဟင်...

အခုအပြင်မှာဘယ်သူရောက်နေတာပါလဲ...``


အိပ်ခန်းထဲမှ မျှော်လင့်တမ်းတခဲ့ရသော ကြင်နာသူ၏အသံလေး..၊ သူမဒီနေ့ကျောင်းမသွားပါလားဟုတွေးကာ သူမရှိရာအိပ်ခန်းထဲသို့ အရဲစွန့် ဝင်လာခဲ့သည်။ အိပ်ခန်းထဲရှိ ခြင်ထောင်ထဲတွင် ခွေခွေလေးအိပ်လျက်ရှိသောသူမ ၊ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်အလှနှင့် ‌နက်မှောင်ပြီး ထူထဲလှသည့်ဆံနွယ်များက သူမဘေးဘက်ခေါင်းအုံးပေါ်တွင် အနားယူနေသည်။ 


ခေါင်းစခြေဆုံးအပြစ်ပြောရက်စရာမရှိသောသူမအလှကိုကြည့်ရင်း သလုံးသားတွင် ပတ်တီးစီးထားသည်ကိုတွေ့လိုက်ရသည်။ ပတ်တီးပေါ်တွင် သွေးစအနည်းငယ်လဲ ထွက်နေ၏။

ဖွေးဥပြီးသေးသွယ်လွန်းသည့် ကြင်နာသူ‌သလုံးသားပေါ်တွင် ဒဏ်ရာတွေ့လိုက်သောကြောင့် ထနှောင်းခ၏ သွေးကြောမျှင်များ  တင်းခနဲဖြစ်သွားကာ စိုးရိမ်မှုဒီဂရီတွေ အမြင့်ဆုံးထိရောက်ရှိသွားခဲ့သည်။


``အား..ကျွတ်ကျွတ်..

ပြန်လဲမဖြေပါလား..

အိမ်ရှေ့မှာ ဘယ်သူ..

ဟင်....``


ကုန်းကပ်ထလာသော ကြွေသည် အိပ်ခန်ဝမှာ တွေတွေငေးရင်း သူမကိုရပ်ကြည့်နေသည့် ထနှောင်းကိုကြောင့် ထိတ်လန့်သွားသည်။ ထနှောင်းသည် ကြွေရှိသော ခြင်ထောင်ထဲသို့ ဝင်လာကာ ဒဏ်ရာရှိသော ခြေထောက်ကိုကိုင်လိုက်သည်။


``မရယ်...ဘယ်လိုဖြစ်ရတာလဲ... ဘယ်သူလုပ်တာလဲ...

တော်တော်နာနေလားဟင်... ဘာဖြစ်သွားရတာလဲဗျာ..``


မမျှော်လင့်ထားသည့် နာကျင်မှု ၊ ပျော်စရာအမှတ်တရများထား‌ခဲ့သော သူ... 

အခုမှစိုးရိမ်တကြီး ခြင်ထောင်ထဲသို့အတင်းဝင်လာကာ ပြာပြာသလဲဖြစ်နေသောသူ့ကို စိတ်ထဲ အမှန်တကယ် နာကျည်းမိပါသည်။ သို့ပေမဲ့လို့...စိတ်ကူးနှင့် လက်တွေ့ ထပ်တူမကျနိုင်.. ၊

သူ့ကိုတွေ့ပြီဆိုလျှင် ပြစ်တင်ပြောဆိုမည်ဟု ဆုံးဖြတ်ထားပေမဲ့ စကားလုံးများသည် နူတ်ခမ်းဝမှာတင် ပျောက်ရှကုန်သည်။


`` ဘာလို့ရောက်လာတာလဲ..မင်းဒီကိုမလာသင့်တော့ဘူး...

ဒီအတောတွင်း ဘယ်လိုလဲ.. အဆင်ပြေရဲ့လား..

 နေကောင်းကျန်းမာနေလို့ မမဝမ်းသာပါတယ်.. 

အပြင်မှတစ်ယောက်မှမရှိဘူးလား... အကယ်၍များ မင်းကို တစ်ယောက်ယောက်တွေ့သွားခဲ့ရင် မင်းအသက် ဘယ်ကထွက်ရမလဲ မသိဘူးဖြစ်သွားမယ်..သွား..သွား...

အိမ်ပြန်တော့..သွား...``


 ထနှောင်းမျှော်လင့်ထားသည်မှာ ယခုလို ပုံစံမျိုးမဟုတ်.. 

စိတ်တို စိတ်ဆိုးကာ ရိုတ်နှက်လေမလားဟု တွေးထားပေမဲ့ အထင်နဲ့အမြင် တလွဲစီဖြစ်နေသည်။


 အနည်းဆုံး လိမ်ညာမှုဖြင့် ပြစ်တင်သံစကားများ ဒလစက် ကြားရမည်လို့သာထင်ခဲ့ရသည်။ သို့ပေမဲ့...ကြွေ၏ နူးညံ့သောနှလုံးသားသည် ထနှောင်း ဘဝင်ကို ငြိမ်းအေးပြီး ခရီးပန်းလာသမျှ ပြေပျောက်သွားစေခဲ့သည်။


``မမရယ်.. ကျွန်တော့်ကိုများ ဆူဆဲမလားဆိုပြီး တစ်လမ်းလုံးတွေးလာခဲ့တာ ..

မမစိတ်ဆိုးခဲ့ရင် ဘယ်လိုပြန်ချော့ရမလဲဆိုတာတွေပါ..

 ကျွန်တော် စဉ်းစားလာခဲ့တာ အခုတော့ မမကြင်နာမှုကြောင့် ကျွန်တော့်အပူတွေ ကင်းဝေးသွားခဲ့ပါပြီ...

ဒါနဲ့..မမခြေထောက်က ဘာဖြစ်တာလဲဟင် ကျွန်တော်မရှိတဲ့အခိုက်မှာ ပိန်သွားလိုက်တာမမရယ် ဖြူရော့‌နေတာပဲ...မှန်းစမ်း..ဟာ..ကိုယ်တွေလဲ ပူနေပါလား....


 အနည်းငယ်နွေးနေသာ့် ကိုယ်အပူချိန်ကြောင့် ဒဏ်ရာဟာ ဘယ်လောက်ဆိုးလဲ ထနှောင်းသိချင်လာသည်။

သိချင်စိတ်နှင့် ကြွေ့ခြေထောက်ကိုကိုင်ကာ သူ၏ပေါင်ပေါ်တင်လိုက်သည်။  အနာကိုကြည့်ရန် ပတ်တီးစကို ဖြည်ရန်အလုပ် ကြွေက ထနှောင်းလက်ကို ပုတ်ထုတ်လိုက်ပြီး ခြေထောက်ကို ပြန်ရုတ်လိုက်သည်။


``တော်ပါ...မမဘာမှမဖြစ်ဘူး

ဟုတ်ပြီလား...သိပ်လဲမစိုးရိမ်နဲ့တော့... မင်းပြန်တော့..``


ထနှောင်းလက်ကိုကိုင်ကာ စိုးရိမ်မှုဖြေဖျောက်ပေးနေသောသူမ ...သွယ်လျဖြူဖွေးနေသော သူမခြေထောက်မှာ ဒဏ်ရာက ညိုမဲစွဲလောက်အောင် နာနေပေမဲ့ အပြုံးပန်းတစ်ပွင့်ကတော့ ဘယ်တော့မှမပျောက်ခဲ့ပေ...။


``မမ``


``ဟင်...``


``ကျွန်တော့်အကြောင်း သိပြီးပြီမလားဟင်..``


``အဟွန်း...``


ခပ်ဆဆရယ်သံက အသက်မပါပေ...နာကျည်းစိတ်ကို ဖုံးကွယ်ထားကာ အရာရာကိုမေ့ပျောက်ထားပြီး...မမြင်ရသည့်ဆက်သွယ်မှုကြိုးမျှင်လေးကိုလဲ ဥပက္ခာကတ်ကြေးများနှင့် ညှပ်ပစ်ချင်သည်။ 


``မမ ဘာလို့ရယ်တာလဲဟင်....``


ထိုအချိန် အိမ်ရှေ့မှ တံခါးခေါက်သံကြားလိုက်ရသည်။ 


``ဒေါက်...ဒေါက်...

ဆရာမလေး...ဆရာမ‌လေး ရှိလားဟင်...ကျွန်မ ခမ်းနော်ပါ.... ဆရာမလေး အတွက် ဟင်းလာပို့တာ...ဆရာမလေး..``


``လူလာပြီ....သွားဖွင့်လိုက်ပါ ထနှောင်း..``


``ဗျာ...``


``ခမ်းနော်ကရပါတယ် မင်းကိုမတိုင်ပါဘူး...``


``ဟုတ်ကဲ့...``


ချစ်ရသူစေခိုင်းချက်ကြောင့် မည်သာ့်အန္တရယ်လာလာ ရင်ဆိုင်ဖို့ အင်အားတွေ အပြည့်ရှိနေ၍  ပိတ်ထားသော တံခါးမကြီးဆွဲဖွင့်လိုက်သည်။ ကျစ်ဆံမြီးနှစ်ဖက်နှင့် ခဖင်းရိုးရာ အဝတ်အစားကို ယဉ်ယဉ်လေးဝတ်ဆင်လျက် လက်ထဲတွင် ကြွေနှိုင်းခအတွက် ဟင်းလျာများနှင့် ဆေးထုတ်များ တပိုင်တနိုင်သယ်လာသော ခမ်းနော် ....


ထနှောင်းကိုတွေ့တော့ အိမ်ထဲသို့ပြေးဝင်ကာ ကြွေ့ဆီသို့အပြေးသွားလိုက်သည်..။


``ဆရာမလေး...ဆရာမလေး..``


``ကြွေအဆင်ပြေပါတယ်ခမ်းနော်

သူဘာမှမလုပ်ပါဘူး``


``ငါ နင့်ဆရာမလေးကို ဘာမှမလုပ်ပါဘူးဟာ...နင်က သိပ်အသည်းပိုတာပဲ...``


ခမ်းနော်သည် ထနှောင်းကို ကြည့်၍မရပေ...။ ယုံကြည်မှုလဲမရှိတော့၍ သူမခန္ဓာကိုယ်ဖြင့် ကြွေ့ကို ကာထားကာ ကပ်ကပ်လန် ရန်တွေ့ပါတော့သည်။


``ပိုရမယ်...ပိုရမယ်....နင့်ကြောင့်ဆရာမလေးဒဏ်ရာရတာ... နင်ကလေ အရှက်ကိုမရှိဘူး ..ဆရာမလေးရဲ့ မျက်နှာမှမထောက် ဒီကို ပြန်လာရဲသေးတယ်နော်....အံပါ့ဟယ်..``


``ခမ်းနော်...တော်ပြီ..မပြောနဲ့တော့...``


``မပြောလို့မရဘူးဆရာမလေး...

သူ့ကို ပြောမှကို ရမှာ..``


``ငါ ဘာလုပ်လို့လဲ ခမ်းနော်. .``


``ဘာလုပ်လို့လဲ ဟုတ်လား 

နင့်လူတွေလေ ယုတ်မာလိုက်တာ..

နင့်ကိုလာရှာတာ မတွေ့လို့  ရွာတွေကိုလဲ ဓားပြတွေလိုက်တိုက် ၊ အိမ်တွေဖျက်စီး ၊ နောက်ဆုံးအဘိုးအိုကို ကူပေးတဲ့ဆရာမလေးကိုတောင်မချန် သေနတ်နဲ့ပစ်သွားသေးတယ် အဲ့ဒါကို ဘာတဲ့ ``ပျော်လို့ ပစ်တာတဲ့`` ဆရာမလေးခမျာ အလှုးအလဲခံလိုက်ရတာ...``


``တော်ပြီဆို ခမ်းနော်...``


ဒေါသတကြီး မတ်တပ်ရပ်ကာ ခါးထောက်ပြီးပြောနေသောခမ်းနော်ကို ကြွေအတင်းလက်ဆွဲကာ ထိုင်ခိုင်းစေပြီး နူတ်ပိတ်လိုက်သည်။ 


တောက်စ်...!


``အဲ့ဒါ ငါတို့လုပ်တာမဟုတ်ဘူးခမ်းနော်...

မမ ကျွန်တော်တို့က ဘယ်တော့မှ ရွာသားတွေကို ဒုက္ခမပေးဖူးဘူး.. ယုံပါနော်မမ...``


 ကြွေ့လက်ကလေးကို ကိုင်ကာ ယုံတမ်းစကားဆိုနေသည့် ထနှောင်းကိုမကြည့်ဘဲ မျက်နှာလွဲကာ သူမလက်ကိုလဲ ရုတ်သိမ်းလိုက်သည်။


``ပြန်ပါထနှောင်း... ဒီ့ထက်နောက်ကျခဲ့ရင် မင်းအသက်အန္တရာယ် စိုးရိမ်ရတယ်...``


ကြွေအခုလို ပုံစံမျိုးကို ထနှောင်းမကြိုက်ပေ...။

 အရင်လို ဆူစေချင်သည်။ 

အရင်လို ဆုံးမစေချင်သည်။ 

အရင်လို အနမ်းများလဲ လိုချင်နေသေးသည်။ ထနှောင်းခ အကြောက်ဆုံးက အရင်လို ပြန်မဖြစ်နိုင်မှာကိုပဲ ဖြစ်သည်။

 ကြွေ့လက်ကို ဖမ်းဆုပ်ကာ တဒုတ်ဒုတ်ခုန်နေသော သူ၏နှလုံး သားရှိရာ ဘယ်ဘက်ရင်အုံ ပေါ်တင်လိုက်၏။


``မမကြားလား...

မမကြားရဲ့လားဗျာ.. 

ကျွန်တော်က မမအတွက်အသက်ရှင်နေတဲ့‌ကောင်ပါ... 

ကျွန်တော်လိုချင်တာ မမရဲ့ ဥပက္ခာမဟုတ်ဘူး 

မမရဲ့အချစ်တွေပဲ...

ကျွန်တော့်ကို ရွာသားတွေ တွေ့မှာ ကြောက်နေတာဆိုတော့ မမကျွန်တော့်ကို ဂရုစိုက်သေးတာပေါ့နော်.. 

ဒါဆို မမက ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့သဘောပေါ့နော်..``


``တော်ပြီထနှောင်းခ...

မင်းတော်‌သင့်ပြီ..

မင်းက တလွဲဆံပင်ကောင်းနေတယ် ..ငါ့လက်ကိုလွတ်..``


 ထနှောင်းဖမ်းဆုပ်ထားသော သူမလက်ကို အတင်းရုန်းထွက်နိုင်အောင်ရုန်းသည်။ သို့ပေမဲ့ ထနှောင်းက လွတ်မပေးချေ.. ။ ခမ်းနော်လဲ ကြည့်မရက်နိုင်၍ ကြွေ့ဘက်က ဝင်ဆွဲကာ ထနှောင်းကို တွန်းလွတ်နေသည်။


``ထနှောင်းခ..နင်ဆရာမလေးကိုအနိုင်မကျင့်စမ်းနဲ့.. ငါအော်လိုက်မှာနော်...နင်ဆရာမလေးကို လွတ်ပေးလိုက်...``


``တော်စမ်း! ခမ်းနော်.. သည်းခံတယ်ဆိုတာ အတိုင်းအတာပဲ... 

နင်ဒီ့ထက်ပိုပြီး ရောင့်တက်မလာနဲ့..

ငါမမကိုအနိုင်ကျင့်နေတာမဟုတ်ဘူး..ငါကြားချင်တာ...ငါမမဆီက ချစ်တယ်ဆိုတဲ့စကားပဲ....``


ဖြောင်း....👋


``ဟာ...``


``ဟင်....``


ထနှောင်း ခမ်းနော်ကို အော်ဟစ်ပြောဆိုနေချိန် ကြွေသည် အားရပါးရဖြင့် ထနှောင်းပါးကို ရိုတ်ချလိုက်သည်။ စူးရဲတောက်လောင်နေသည့် အကကည့်တို့ဖြင့် ထနှောင်းကိုကြည့်ကာ သူမလက်ကို အတင်းရုန်းထွက်လိုက်နိုင်၏။


``ငါ့မှာလဲ သည်းခံနိုင်စွမ်းက အတိုင်းအတာရှိတယ် 

ထနှောင်းခ..

မင်းမှတ်ထားဖို့က ငါ့မှာ ချစ်ရသူရှိတယ်...

ဒါကြောင့် ငါမင်းကို မချစ်နိုင်ဘူး...ငါကိုကို့ကို သိပ်ချစ်တယ်.. ကိုကိုက လွဲပြီး ဘယ်သူ့ကိုမှမချစ်နိုင်ဘူး  မင်းနားလည်ထား...``


``တော်တော့မမ...တော်ပါတော့...

ကျွန်တော့်ကိုမပြောပါနဲ့တော့ ..ပါးသာ အားရပါးရ ရိုတ်လိုက်ပါဗျာ..

ကျွန်တော်ခံနိုင်ရည်ရှိပါတယ်...

အဲ့ဒီ့စကားတွေတော့ မပြောပါနဲ့...ကျွန်တော် ခံနိုင်ရည်မရှိဘူး...

ကျွန်တော် နာကျင်ရတယ်ဗျာ...

ဘဝမှာ တစ်ခါသာ အရူးအမှုးချစ်ခဲ့ရတဲ့ အချစ်ဆုံးဆီက ဒီစကားကြားချင်လို့ လာခဲ့တာမဟုတ်ဘူးမမ``


ပျော့ခွေကာ ပုံလျက်ကျသွားသော

ထနှောင်းကို ခမ်းနော် သနားသည်။ 


တစ်ဖက်သတ်အချစ်ဆိုသည်မှာ တောင်ကမ်းပါးပေါ်က ပန်းရိုင်းနှင့်တူသည်။ မြင်လျက်နှင့် ပိုင်ဆိုင်ခွင့်မရသည့်အချစ်တစ်ခုကို ထနှောင်းခနီးတူ ခမ်းနော်လဲ ယခင်က ခံစားခဲ့ရဖူးသည်မို့ ကိုယ်ချင်းစာမိသည်။


(ဝဠ်ကြီးပါပေ့ ထနှောင်းရယ်)


``ဆရာမလေး...ဆရာမလေးရေ...``


ခြံရှေ့မှ  လူတစ်စုအော်ခေါ်သံကြားရသည်။ အသံများကြောင့် ကြွေနှင့် ခမ်းသည် လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အသံတိတ် မျက်ရည်များကျနေသည့်ထနှောင်းကို ထွက်သွားခိုင်းဖို့ရန် ပြင်ဆင်ရတော့သည်။


``သွားပါတော့  နင်ဒီမှာရှိရင် နင့်အတွက်လဲ မကောင်းသလို ၊ ဆရာမလေးအတွက်လဲမကောင်းဘူး...နင်ဆရာမလေးကိုချစ်တယ်ဆို သူ့အတွက် စဉ်းစားပေးပါ...``


 ခမ်းနော်စကားကြောင့် အောက်ငိုက်စိုက်ကျနေသော သူ၏ခေါင်းကို ဖြေးညင်းစွာ ကြွေ့က်ု မော့ကြည့်လိုက်သည်။ ယေက်ျားတန်မဲ့ မျက်ဝန်းမှ ပြည့်လျှံကျနေသော မျက်ရည်စများကို ကြွေနှိုင်ခ မြင်သော် မှင်သက်သွား၏။


``ကျွန်တော် မမကို သိပ်ချစ်တယ်... မမမှာ ချစ်သူရှိလဲချစ်တယ်... 

ယေကျာ်းရှိနေလဲ ချစ်နေဦးမှာပဲ.. ဒု . သ . န . သော ဆိုတာ နောက်ဘဝမှခံစားရမှာ ၊ ဒီဘဝမှာ မမအချစ်မှ မရရင် ကျွန်တော့်ဘဝက ငရဲကျနေသလိုဖြစ်နေမှာပဲ...

မမ မှတ်ထားပါ မမအချစ်နဲ့ မမခန္ဓာကိုယ်က ထနှောင်းခဆိုတဲ့ ကျွန်တော့အတွက်ပဲ... 

အခုတော့ မမ အေးဆေး နေနှင့်ပါ..

ကျွန်တော်ပြန်လာခဲ့မယ်... 

အဲ့ဒီ့အခါကျ မမ အဆင်သင့်ပြင်ထားပါ...ကျွန်တော့်အတွက် အဆင်သင့်ပြင်ထားပါမမ..``


ကြွေ့အနားသို့ တိုးကပ်စွာ ပြောပြီး နားသယ်စပ်ကို အနမ်းဖွဖွလေးခြွေကာ နောက်ဖေးပေါက်မှ ထွက်သွားသည် ထနှောင်းကို ကြွေသည် အသက်မရှုနိုင်ဘဲ ငေးကြည့်နေမိ၏...။


``အဆင်သင့်ပြင်ထားတဲ့လား...

ဘာအတွက်လဲ?....

ဘာအတွက်လဲ ထနှောင်းခ..``


အပိုင်း ( ၁၀ ) မျှော်...


မေ့ဝတ္တုလေးကို အားပေးလို့ ကျေးဇူးပါရှင့်


rate now: