book

Index 8

အပိုင်း ( ၈ )

💕ကျွန်တော့်နှလုံးသား 

            မမထံ ဝပ်ဆင်း၍💕

•~•~••~•~•~•~•


⏰ကျလက်..ကျလက်...

ဂျလိ..ဂျလိ..⏰


နှိုးစက်မြည်သံနှင့်အတူ သူရိန်နေမင်းကြီး၏အလင်းရောင်သည်လည်း ကမ္ဘာမြေပေါ်သို့ တရွေ့ရွေ့ဆင်းသက်လာသည် ။

အသိစိတ်တို့က နိုးထပေမဲ့ ခန္ဓာကိုယ်ကမထချင်သေးဖြစ်နေသည့် ကြွေသည် နှိုးစက်ကို ပိတ်ကာ အချိန်ကြည့်တော့ မနက်၅နာရီခွဲ...


 ညက အဖြစ်အပျက်များသည် တိတ်ခွေကို နောက်ပြန်ရစ် ကြည့်ရသလို မျက်ဝန်းမှ ပြန်လည် မြင်ယောင်နေသောကြောင့် အရှက်သည်းကာ အိပ်ရာပေါ်လှုးလှိမ့်နေသည်။

 ဖက်ခေါင်းအုံးနှင့် သူမခေါင်းကိုထုလိုက် ၊ အိပ်ရာပေါ် ထုလိုက်နှင့် အနမ်းတစ်ခုအတွက် နောင်တကြီးစွာရနေသည်။ 


``ငါမနေ့က ဘာဖြစ်သွားတာလဲ..

ငါမနေ့က ဘာဖြစ်သွားတာလဲလို့..! တစ်ယောက်ယောက်ကများ ငါ့ကို အောက်လမ်းနဲ့ ပြုစားလိုက်တာလား.. 

အား...

စိတ်ညစ်တယ် စိတ်ညစ်တယ် 

ဒီမျက်နှာနဲ့ အပြင် 

ဘယ်လိုထွက်မလဲ .. 

သူ...

သူရော ဘယ်လိုဖြစ်နေမလဲ.. 

ရှက်လိုက်တာ..ကြွေနှိုင်းခရယ်..

နင်က သာမန်မိန်းကလေးမှ မဟုတ်တာ..

ကျောင်းဆရာမဖြစ်နေပြီလေ...သိက္ခာလေးဘာလေးရှိစမ်းမှပေါ့ဟဲ့..ခုများတော့.. 

ကြွေနှိုင်းခရယ်..

 နင်ရူးနေလားဟမ်... 

သူက နင့်မောင်လေးလေ..

အဲ့ဒါကို... ဘာလို့များသူ့ကို 

အဲ့လို.... 

ဟင်..နေပါဦး ညတုန်းက သူကလဲငါ့ကို..

အား...မသိတော့ဘူး မေမေရေ...

သမီးကို လာခေါ်ပါ...အိမ်ပြန်ချင်လာပြီ..အဟင့်..``


 အိပ်ခန်းထဲမှ တစ်ယောက်ထဲ အရှက်သည်းနေသောကြွေသည် ဖြစ်နိုင်လျှင် လေထဲမှာ အခိုးအငွေ့အဖြစ်သာ ပြန့်လွှင့်ပျောက်ကွယ်သွားချင်နေသည်။

 ယနေ့ကျောင်းဖွင့်ရက်ဖြစ်၍ ကျောင်းသွားရမည်ဖြစ်သောကြောင့် စောစောထရမည်ဟုသိသော်လဲ အပြင်ထွက်ရမှာ ကြောက်နေမိသည်။


``Fighting..

ရင်ဆိုင်ရမှာက ရင်ဆိုင်ရမှာပဲ ရှောင်လွဲလို့မှမရတာ...

Harry Potterလို မှော်တုတ်လဲမရှိတော့ အချိန်ကျော်လွှားလို့လဲ မရဘူး..

ဒါကြောင့် ခုလဲတွေ့ရမှာ နောင်လဲတွေ့ရဦးမှာ..

ဟုတ်ပြီလား...ကြွေနှိုင်းခ 

နင်ကဘယ်သူလဲ သံမဏိနှလုံးသားနဲ့လူပဲဟာ..

ဟုတ်တယ်မလား..

ညတုန်းကဘာဖြစ်ခဲ့တာလဲ မသိတော့ဘူးလေ..ဟုတ်တယ်... 

ညတုန်းက ဘာမှမဖြစ်ခဲ့ဘူး... 

ဘာကိုမှ မမှတ်မိတော့တာ..

ကဲ..ဘာတက်နိုင်သေးလဲ...``


တစ်ယောက်ထဲ အရူးလို စကားများပြောကာ လက်သီးလေးကိုကျစ်နေအောင်ဆုပ်ပြီး အရဲတစွန့်ဖြင့် အိပ်ခန်းတံခါးကိုဖွင့်လိုက်သည်။

 ပထမဆုံးခြေလှမ်းမချမှီ ခါးလည်ရှိသော် ဆံနွယ်ကို တစ်ပတ်ရစ်ထုံးနှောင်ပြီး ကလစ်ဖြင့် ညှပ်ကာသိမ်းလိုက်သည်။ ပြီးမှ ဘေးဘီဝဲယာကိုကြည့်၍ ဧည့်ခန်းထဲသို့ လှမ်းလာခဲ့သည်။ ယခင်ဆို ကြွေဧည့်ခန်းထဲရောက်ဖို့မပြောနှင့် တံခါးဖွင့်လိုက်သည်နှင့်  အရင်ဆုံးတွေ့ရသည်မှာ ထနှောင်းခပင် ။ ယခုတံခါးဖွင့်လိုက်လဲမတွေ့ ဧည့်ခန်းထဲသွားတော့လဲ ထနှောင်းကလိုက်၍မလာ။ ထူးခြားဖြစ်စဉ်ဖြစ်နေသည်။

 ခြေသံလုံလုံဖြင့် နောက်ဘေးဘက်နှင့် ခြံဝန်းထဲ ပတ်ရှာပြန်တော့လဲမတွေ့ပေ..။


``ဒီကောင်လေး ငါ့ကို ရှက်လို့များ မနက်စောစော ရွာထဲသွားနေ နေတာများလားဘဲ... 

ကောင်းပါတယ် မျက်နှာပူစရာ လူမရှိတော့ဘူးပေါ့လေ...``


ထနှောင်းမရှိတော့၍ စိတ်‌လျက်ပေါ့ပါးကာ အိမ်မှုကိစ္စများကို လွတ်လပ်စွာ လုပ်ကိုင် နိုင်တော့သည်။ ပြီးသော် မျက်နှာသစ် ရေမိုးချိုးကာ ကျောင်းသွားရန် ပြင်ဆင်သည်။ ထနှောင်းမရှိသော်လဲ အိမ်၌ ဟာတာတာဖြစ်နေပြီး ဆည်းလည်းသံ တစ်ခုပျောက်သွားသလို ကြွေ့ရင်ထဲ ခံစားနေရသည်။


``မဂ်လာပါဆရာမ...``


 ကျောင်းယူနီဖောင်းဖြစ်သော အဖြူ အစိမ်းဝတ်စုံလေးဝတ်ကာ  ပါးပြင်ပေါ်တွင် ဖွေးဖွေးဖုံနေသည့်သနပ်ခါး ပါးကွက်ကြားလေးနှင့် ကျက်သရေရှိစွာ ထုံးနှောင်ထားသော ဆံထုံးလေးကိုထုံးပြီး နှင်းဆီအနီလေးကိုပန်ထားသည်။ ကျော့မော့သပ်ရပ် သန့်ရှင်းနေသော  ကြွေသည် ထမင်းချိုင့်ပြင်ဆင်ပြီး၍ ကြိမ်ခြင်းတောင်းလေးထဲ ထည့်ကာ ကျောင်းသွားရန်အဆင်သင့်ဖြစ်နေချိန် ခမ်းနော်က အိမ်ဝိုင်းသို့ဝင်လာကာ ကြွေ့ကိုအရင်ဆုံးနူတ်ဆက်လိုက်သည်။


``မဂ်လာပါကွယ်...

အော်..ဒါနဲ့ ရွာထဲမယ် ထနှောင်းကိုမတွေ့ခဲ့ဘူးလားဟင်...``


``မတွေ့ခဲ့ပါဘူးဆရာမ 

ထနှောင်းဘယ်သွားလို့လဲဟင်...``


``မသိပါဘူးခမ်းနော်ရယ်..

 မနက်ထဲက မတွေ့ဘူးဖြစ်နေလို့..``


``သူ ရွာထဲက ကလေးတွေနဲ့ ဒိုးပစ်နေတာ ဖြစ်မယ်ဆရာမ မဟုတ်ရင်လဲ  အိမ်ပြန်သွားတာနေမှာပေါ့..``


``အမ်...မဖြစ်နိုင်ပါဘူးခမ်းနော် ထနှောင်းက အတိတ်မေ့နေတဲ့ဟာ..``


``ဒါလဲ ဟုတ်သား...``


ကြွေသည် ကျောင်းသွားရန်အဆင်သင့်ဖြစ်နေပြီ ။ ကျောင်းရှိ ကလေးတွေအတွက် စာစီထားသော သင်ရိုးကုန်ဖိုင်တွဲကို မေ့ကျန်ခဲ့၍ သွားယူရန် စာအုပ်စင်နားသို့ လှမ်းလာသည်။ ထိုစာအုပ်စင်ပေါ်ရှိ ဖိုင်တွဲပေါ်တွင် ခေါက်လျက်သားစာရွက်ပေါ်မှာ ဘောပင်အနီရောင်တစ်ချောင်း တင်ထားသည်ကိုတွေ့လိုက်ရသည်။ ကြွေသည် ထိုစာရွက်ကို မသက်ာ၍ ယူကာဖွင့်ဖတ်လိုက်သောအခါ...


ထိုစာသည်ကား ကြွေ့အတွက်

ထနှောင်းရေးထားသော နူတ်ဆက်စာ ဖြစ်နေ၏...။ ထိုစာဖတ်ရင်း ဘယ်ဘက်ခြမ်းရှိ နှလုံးသားတည်ရှိရာနေရာ၌ ဆစ်ကနဲ ဓာတ်လိုက်သလို ခံစားလိုက်ရသည်။ စာရွက်ထဲတွင် ရေးထားသော အကြောင်းအရာသည်ကား ...


 { ``မမသို့....

မမရေ...ကျွန်တော်အရင်ဆုံးပြောချင်တာက မမကို သိပ်ချစ်တယ်ဆိုတာပါပဲ..


ဘယ်တုန်းထဲကလဲမေးရင် မမကို

စတွေ့ကတည်းကပါ..

တကယ်ဆို ကျွန်တော် အတိတ်မေ့နေခဲ့တာမဟုတ်ပါဘူး .. 

မမအနားက မခွဲခွာနိုင်လို့ အတိတ်မေ့ချင်ဟန်ဆောင်ခဲ့ရတာပါ..

ဒီ့အတွက်လဲ တောင်းပန်ပါတယ်၊


ဒါပေမဲ့ မမကိုချစ်တဲ့ ကျွန်တော့်အချစ်တွေကတော့ ဒီကနေ့ထိတိုင် ဟန်ဆောင်လိမ်ညာခြင်း စိုးစဉ်းမျှ မရှိခဲ့ဘူး ဆိုတာကိုတော့ မြတ်စွာ ဘုရားရှေ့မှ သစ္စာဆိုဝံ့ ၊ ကျိန်ဆိုဝံ့ပါတယ် ..


 တစ်ချိန်ချိန်တော့ မမနဲ့ကျွန်တော်ပြန်တွေ့ရမှာပါ..

အဲ့ဒီ့အချိန်ရောက်ရင်တော့

မမကျွန်တော့်ကိုပုန်းနေမှာ မဟုတ်ဘူးလို့လဲ ယုံကြည်ပါတယ်...


ကျွန်တော့်အကြောင်းကိုတော့ မမနဲ့တွေ့မှ ပြောတော့မယ်နော်.. 

ကျွန်တော့်ကိုယုံကြည်ပါ ကျွန်တော်က လူဆိုးမဟုတ်ရပါဘူး..

အကြောင်းကြောင်းကြောင့် တစ်နေ့တစ်နေ့ တစ်ချိန်ချိန်မှာ ကျွန်တော့ကိုယ်ရေးအကျဉ်းကို သိခဲ့ရင် မမသိထားရမှာက ကျွန်တော် လူဆိုးမဟုတ်ပါဘူးဆိုတာပါပဲ...


အဓိကအကြောင်းကတော့ ကျွန်တော် မမကိုသိပ်ချစ်တယ်ဆိုတာပါပဲ...

မမနဲ့ကျွန်တော်ပြန်တွေ့ခဲ့ရင် 

မမနဲ့ မမရည်းစားဟိုလူနဲ့ ရေစက်ကုန်နေပါစေ..


   ( မမချစ်နေသော ကျွန်တော်...) }


``အမယ်..ဘယ်သူက သူ့ကို ချစ်နေလို့လဲ..အရူးလေး..``


``ရှင်...ဆရာမ... 

ဘာပြောတာလဲဟင်..``


``အော်..ဘာမှမဟုတ်ပါဘူး..

လာကျောင်းသွားရအောင်..ဟုတ်ဆရာမ...``


 


 ကြွေနှင့် ခမ်းနော်တို့သည် ကျောင်းသွားဖို့အတွက် ခြံထဲဆင်းခိုက် ကျယ်လောင်စူးရှသော သေနတ်သံတစ်ခုကို ကြားလိုက်ရသည်...။


ဟည်း.....

ဒိုင်း..💥


``အား..! အမလေး...ဘုရား...``


ဒိုင်း..💥

ဒိုင်း....💥


``ထနှောင်းခ..ထွက်လာခဲ့စမ်း...``


 မြင်းကိုဒုန်းစိုင်းစီးကာ သေနတ်ကို မိုးပေါ်ပစ်ပြီး ကြွေနှိုင်းခတို့အိမ်ရှေ့ရောက်သည်နှင့် ထိုမြင်းစီးသည်တို့သည် ရပ်တန့်သွား၏။ 

ကြမ်းတမ်းခက်ထန်သော မျက်နှာပေးများနှင့် ကြောင်ကြောင်ကျားကျား အဝတ်အစားများ ဝတ်ထားသော မြင်းစီးသည်တို့မှာ နာမည်ဆိုးနှင့်ကျော်ကြားသည့် Blood loyalty ဓားပြအဖွဲ့ပင်ဖြစ်သည်။ ထိုလူတွေထဲမှ လူတစ်ယောက်သည် ကြွေနှိုင်းခအိမ်ဝိုင်းရှေ့မှာ သေနတ်သံများ ညံစီစွာပစ်ခတ်ပြီး လူတစ်ယောက်ကို အော်ခေါ်နေ၏..။


`` ထနှောင်းခ ထွက်လာခဲ့စမ်း..

ထွက်လာခဲ့စမ်းကွ..မင်းကို သခင်မကတွေ့ဖို့စောင့်နေတယ်``


ဒိုင်း..💥

``ထွက်လာခဲ့စမ်း..``


ကြွေနှင့် ခမ်းနော်သည် သေနတ်သံကြား၍ ကြောက်ကြောက်လန့်လန့်ဖြင့် ခြံထဲမှာသာ  ဒူးတုပ်ထိုင်ကာ လက်မြှောက်ထားသည် ။ ထိုဓားပြတို့စကားထဲတွင် ထနှောင်းခနာမည်သာ ကြားနေရ၍ ကြွေနှင့် ခမ်းနော်တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ အံအား သင့်နေသည်။


`` ဆရာမ.. ကြားလိုက်လားဟင်``


``အင်း..

ဒီကောင်လေး ဓားပြတွေကို ဘာပြသာနာသွားရှာလိုက်ပြီလဲမသိပါဘူး...``


ဒိုင်း💥..

``မထွက်လာသေးလား ဒီမှာ သခင်မက..``


``ဟိုး..တော်ပြီ..``


မြင်းအနက်ရောင်ပိုင်ရှင် မြခွန်းသာသည် သူ၏တပည့်ကို လက်ကာပြ၍ မြင်းပေါ်မှ ဆင်းလာကာ ကြွေတို့ခြံထဲသို့ ဝင်လာ၏။

ခါးကြားမှာ ပစ္စတိုသေနတ်တစ်လက်နှင့် ဆံပင်များကို ကျစ်ဆံမြီးအသေးအမျှင်မျှင်များစွာ ကျစ်ထားသောသူမသည် ကြွေ့ကိုကြည့်ကာ ပြုံးလိုက်သည်။


``အော်...

ဒါက အသစ်ရောက်လာတဲ့ ကျောင်းဆရာမဆိုလား..အဟွန်း... ``


မြခွန်းသာသည် အပြုံးတစ်ခြမ်းဖြင့် ရယ်သံသဲ့သဲ့ဟန်လုပ်ကာ သူမ၏တပည့်တွေရှိရာသို့ မျက်နှာမှုလိုက်သည်။


``နင်တို့တွေကလေ...အလိုက်ကမ်းဇိုးကို မသိဘူး ဒီမှာဆရာမရှိနေတာမမြင်ဘူးလား...!

ဆရာမလေ..မြတ်သောဆရာမ အာစရိယဂုအနန္တောတဲ့ဟဲ့...

လာလာ...ဆရာမထ...``

 

မြခွန်းသာသည် တပည့်များကို ငေါက်ပြီး ကြွေ့ကိုဆွဲထူစဉ်...

တဖန် သူမ၏တပည့်များဘက်သို့ လှည့်ကာ မေးခွန်းတချို့ မေးလိုက်သည်။


``အော်...နေပါဦး...

ဟိုကောင်တွေ ငါမသိလို့ ဖြေစမ်း...ငါတို့က ဘယ်သူတွေလဲ...ဘာတွေလဲ``


မြခွန်းသာ၏ တပည့်များသည် မြခွန်းသာစကားကို နားမလည်ပေ..။ သို့ပေမဲ့သူတို့ နားလည်သည့်အတိုင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြိုင်တူ ဖြေလိုက်၏။


````ဓားပြတွေပါ သခင်မ````


``အေးဟုတ်တယ်..ဓားပြတွေဆိုတာ စာသင်တာနဲ့ဆိုင်လား...``


````မဆိုင်ပါဘူး..


နေဦးကွ..ဆိုင်လားပဲ..


မဆိုင်ပါဘူးကွာ..````


``မဆိုင်ဘူးဟဲ့...ငနဲလေးတွေရဲ့...``


````ဟုတ်ပါတယ် သခင်မ မဆိုင်ပါဘူး...````


``အေးဒါဆို ဆရာမနဲ့ရော ငါတို့တွေ ဘယ်ဆိုင်ပါ့မလဲနော့...``


ဘုန်း..


‌``အ့...``


``ဆရာမလေး..!``


မြခွန်းသာသည် တရိုတသေကိုင်ထားသော ကြွေ့လက်ကို  အားဖြင့်တွန်းထုတ်လိုက်သောကြောင့် ကြွေသည် မြေကြီးပေါ်သို့ အကြမ်းပတမ်း ပြုတ်ကျသွားခဲ့သည်..။ ကြွေ့လက်ဖဝါးနှင့် တံတောင်များတွင်လဲ ပွန်းရာ ပဲ့ရာများ ရသွားခဲ့သည်။ ကြွေဖြစ်သွားသည့် ပုံစံကို  မြခွန်းသာ အားရသည်ထင်၏..။ သူမမျက်နှာတွင် အပျော်များကထိန်းမရ လျှံကျနေသည်။ ခမ်းနော်သည် ဓားမြတွေကို ကြောက်ပေမဲ့ ကြွေလဲကျသွားသည်ကိုတော့ မမြင်ဟန်မဆောင်နိုင် ၊ ဒီ့အတွက်ကြောင့် ကြွေ့ခန္ဓာကိုယ်ပေါ်ရှိ ဖုန်သဲများခါထုတ်ကာ မတ်တပ်ရပ်စေသည်။


``ရတယ် ခမ်းနော်..ကြွေ ဘာမှမဖြစ်ပါဘူး..``


``အဟော်..ဟော်..မဟာဂရုဏာရှင်ဆရာမလေးရယ်... ထနိုင်သေးရဲ့လားဟင်...``ခစ်ခစ်ခစ်...


``ဒီက ညီမလေးက ဘာများအလိုရှိလို့ပါလဲ...``


``ဟမ်...!

အဟော်.... တပည့်တို့ရေ... ဒီဆရာမလေးက ကန်းနေသလားပဲ.. ငါတို့ ဘာအလိုရှိလဲဆိုတာ သူမ မကြားလိုက်ဘူးထင်တယ် ပြန်ပြောလိုက်စမ်း...``


``ကျွန်မသိပါတယ်...ညီ‌မပြောတဲ့သူက ဒီမှာမရှိဘူး  ၊ ဒါကြောင့် တခြားဘာများ အလိုရှိသေးလဲလို့ပါ...``


``ဘာ!...ဒီမှာ မရှိဘူး..ဟုတ်လား... 

ဒါဆို သူက တကယ်ရှိနေတာပဲပေါ့..သူအသက်ရှင်နေတာပေါ့..ဟုတ်လား...``


``ဒီမယ် ညီမ...ညီမနဲ့ ထနှောင်းလေးနဲ့ ဘာပြသာနာရှိခဲ့လဲတော့မသိပေမဲ့.. ကျွန်မပြောတဲ့စကားတိုင်းက အမှန်တွေချည်းပါပဲ..ထနှောင်းလေး ဒီမှာမရှိပါဘူး..တခြား အလိုမရှိတော့ဘူးဆို လာရာလမ်းအတိုင်း ပြန်ကြွသွားဖို့ မေတ္တာရပ်ခံပါရစေ...``


``ဟားဟားဟား...

ငါ့ဘဝမှာ ပထမဆုံး ဟာသကောင်းတစ်ပုဒ်နားထောင်လိုက်ရတာပဲ...ဘာ!..

ထနှောင်းလေး..ဟုတ်လား..

နာမည်ကြီး ဓားပြတစ်ယောက်ကို ဒီလိုနူးနူးညံ့ညံ့ခေါ်တာ ပထမဆုံးကြားဘူးတာပဲ...ဟားဟားဟား..

ငါတို့ဆရာမလေးက ငအမလေးပဲ....သူဘာမှမသိဘူး...ဟားဟားဟား..``


ဓားပြခေါင်းဆောင် မြခွန်းသာစကားကို ကြွေနားမလည်ပါ..

သူမကြောင်‌အမ်းအမ်းနှင့်သာ လှောင်ရယ်နေကြသည့် ဓားပြတွေကိုကြည့်နေမိသည်။


``ဒီမယ်...ရှင်တကယ်မသိတာလား မသိခြင်ထောင် ထောင်နေတာလားဟမ်...ငါရယ်ရလွန်းလို့ အူတက်တော့မယ်...``


``ညီမဘာပြောတာမှန်း အမတကယ်မသိပါဘူး... ကျေးဇူးပြုပြီးရှင်းအောင် ပြောပြပေးပါ...``


``ဟမ်!... ဒီလောက်ပြောနေတာကို နားမလည်သေးဘူးပေါ့... အင်းလေ..ရှင်က ရှင်းအောင်ပြောပါဆိုလို့ ပြောမယ်နော်... ရှင်နဲ့တစ်အိမ်ထဲအတူနေခဲ့တဲ့ ထနှောင်းခဆိုတဲ့လူက Demon King ဓားပြခေါင်းဆောင်ပဲ.. 

ကဲ...နားလည်ပြီလား နောက်တစ်ခါတော့ ထပ်မပြောတော့ဘူးနော်..အဟွန်း....``


``ဟင်... 

ထနှောင်းကဓားပြခေါင်းဆောင်..

မဖြစ်နိုင်တာ ထနှောင်းက ကလေးပဲရှိသေးတာ ဘာကြောင့် ဓားပြခေါင်းဆောင် ဖြစ်ရမလဲ...မဟုတ်ဘူး..မဟုတ်ဘူး....

ရှင်တို့လိမ်ပြောနေတာပဲ....``


မယုံကြည်နိုင်ခြင်းများစွာဖြင့် နားနှစ်ဖက်ကိုပိတ်ကာ အရူးတစ်ယောက်လို အော်ငိုနေသည့် ကြွေ့ကို မြခွန်းသာတို့က လှောင်ရယ်ရယ်ကာ ဟားတိုက်နေခဲ့သည်။ 


'အမှတ်တမဲ့ တွေ့ဆုံခဲ့ပြီး အမှတ်တရတွေ ဖန်တီးခဲ့ပြီးမှ တဖန်အမှတ်မထင် ခွဲခွာသွားပြန်တယ်...

ရေစက်ရှိလို့ ဆုံတွေ့ခဲ့ပေမဲ့ ရေစက်ကုန်လို့ ထွက်ခွာသွားရမယ်ဆို တစ်ဖက်သားကို မျက်ရည်တွေနဲ့မထားခဲ့ပါနဲ့..နာကျင်စွာနဲ့ ထားခဲ့ရမယ်ဆိုရင်တောင် အချစ်တွေနဲ့သာ ကျန်ရစ်ခဲ့ချင်ပါတယ်...'


အတူနေလာခဲ့တဲ့တစ်လျှောက် ဟန်ဆောင်ခြင်းများစွာနှင့် ဘဝအမှန်ကို လျှိုဝှက်ထားသော ထနှောင်းခကို ကြွေ နာကျည်းမုန်းတီးနေပါတေ့သည်။


❤️~❤️


``ဟယ်...ချောလိုက်တာ``


``ဟုတ်ပါ့...

သူကမင်းသားများလား

ဒီနေရာမှာ ရှုတင်ရှိလို့များလား``


``မသိပါဘူးဟယ်.. ဒါပေမဲ့ သူသိပ်မိုက်တယ်ဆိုတာတော့ ငါသေချာပြောရဲတယ်...``


အပြာရောင်မိုးကောင်းကင်အောက် နေမင်းကြီးနှင့်အပြိုင် မိုးကောင်းကင်မှ ဆင်းသက်လာသော လေယာဉ်တစ်စီးထဲတွင်  အနောက်တိုင်းအကျီနက်ပြာရောင်ဝတ်စုံနှင့် ဆံပင်အလယ်ခွဲကို သပ်တင်ထားသော ခန့်ညားပြီး စမတ်ကျနေသည့်လူတစ်ယောက်သည်  ရန်ကုန်လေဆိပ်ဝန်းထဲသို့သို့ ဝင်လာခဲ့သည်။ ထိုလူသည်မှာ ထနှောင်းခပင်ဖြစ်သည်။  လေဆိပ်တခွင်ရှိ သက်ဆိုင်ရာ မိသားစုအသီးသီးကို လာရောက်ကြိုဆိုနေကြသော မိန်းကလေးများသည် ထနှောင်းခကို မြင်သည်နှင့် သည်းသည်းလှုပ် မျက်စိကျနေကြသည်။ ထိုမိန်းကလေး‌တွေထဲမှ အနက်ရောင် အနောက်တိုင်းအကျီဝတ်ထားသည့် လူတစ်စုသည် ထနှောင်းခကို ဦးညွတ်ကာ ‌ကြိုဆိုသည်။


``မဂ်လာပါသခင်ကြီး...

ဒီလောက်အစောကြီးလာမယ်လို့ မထင်မိဘူး...``


``ငါကလာမယ်ဆို မိုးနတ်မင်းတောင် ဝင်တားလို့မရဘူး``


မိုးဇွန်နှင့် သူ၏တပည့်များသည် 

ထနှောင်းခ ရန်ကုန်လာနေပြီဆိုသည့်သတင်းအရ မနက်၅နာရီထဲက ရန်ကုန်လေဆိပ်မှာအသင့်စောင့်နေကြသည်။


( ၅ : ၃၀ )ကွက်တိမှာ ထနှောင်းခရောက်လာ၍ အဆင်သင့်ဆီးကြို နူတ်ဆက်ကြသည်။


``လေယာဉ်က ဘယ်အချိန်လဲ ``


``( ၆ : ၀၀)ပါ နာရီဝက်လိုသေးတဲ့အတွက် မနက်စာ စားလို့ရပါသေးတယ်..``


``တော်ပြီ..ငါဗိုက်မဆာဘူး အလုပ်ကိစ္စဆက်ကြတာပေါ့...``


``ဟုတ်..``


ထနှောင်းခသည် ချင်းပြည်နယ်မှာ နေလာခဲ့သောအချိန်က မျက်နှာအနေအထား ၊ ခန္ဓာကိုယ်အသွင်အပြင်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတို့သည် ချင်းပြည်နယ်မှာပဲ ကျန်ခဲ့၍ထင်၏ ၊ ရန်ကုန်လေဆိပ်ရောက်သည်နှင့် ထနှောင်းခ၏ မျက်ဝန်းမှာ လေးနက်ပြီး အေးစက်နေသည် ။ စကားတစ်ခွန်းထက်လဲ ပို၍မပြောချင်။ ယခင်ထက်ပို၍စိတ်ဆက်လာသည်။


`` ဘာ‌ကြည့်နေတာလဲ မိုးဇွန် အလုပ်ကိစ္စပြောမယ်ဆို အလုပ်နဲ့ ပတ်သတ်တာတွေပြရမှာမဟုတ်လား!``


``ဟုတ်...ဟုတ်ကဲ့..``


ထနှောင်းသည် လေဆိပ်ဝန်းထဲရှိ ထိုင်ခုံတန်းမှာထိုင်၍ သူ၏တပည့်များက ရှေ့နှစ်ယောက် နောက်နှစ်ယောက်ဆီ မတ်တပ်ရပ် ကင်းစောင့်နေကြပြီး မိုးဇွန်ကတော့ ထိုင်ရမလို ထရမလိုနှင့်  တာ ဖိုင်တွဲတွေထဲမှ အရေးကြီးဆုံးတစ်ခုကိုထုတ်ကာ ပြလိုက်သည်။


``ဒီမှာပါသခင်ကြီး``


``အခုဘယ်ရောက်နေလို့ သခင်ကြီးလို့ခေါ်နေတာလဲ``


အေးစက်သည့်မျက်ဝန်းနက်မှ မာန်ပါပါစောင်းကြည့်သော ထနှောင်းအကြည့်‌တွေကြောင့် မိုးဇွန်ခမျာ ကြက်သီးမွေးညင်းများထနေရသည်။ 

ဆောင်းရာသီ၏ နံနက်ခင်းဆိုပေမဲ့လည်း ရက်စက်သည့်လေပြေများက မိုးဇွန်နှင့် သူ၏တပည့်များအနားမှ တဝဲလည်လည်ခံစားနေရသည်။ 


``တောင်းပန်ပါတယ် ဥက္ကဌကြီး ကျွန်တော် ဆင်ခြင်ပါ့မယ်..

အခုကျွန်တော်တို့ စမ်းသပ်နေတဲ့ပန်းက ကျူးလစ်( Tulip )ပါ ၊ ဒုတိယအရေးကြီးဆုံးဖိုင်တွဲမှာတော့ ကလျာဏီ (Kalyani )ထည့်သွင်းထားပါတယ်...``


``အင်း..ဒါဆို( Kalyani ) ကလျာဏီကိုအရေးကြီးဆုံးထဲထည့်လိုက် ၊ ( Tulip ) ကျူးလစ်ကို တတိယတန်းထည့်ပြီး ၊ (African Violet) အာဖရိကန် ဗိုင်အိုလက် ကို ဒုတိယတန်းထဲ ထည့်လိုက်...``


``ဟုတ်ကဲ့ပါဥက္ကဌ ``


``နောက်ဘာရှိသေးလဲ``


လေဆိပ်အတွင်းရှိ ထိုင်ခုံပေါ်တွင် ခြေတစ်ဖက် ချိတ်ထိုင်ကာ စမတ်ကျကျဖြင့် ဖိုင်တွဲများကို စစ်ဆေးနေသည်။ မိုးဇွန်ကလဲ မတ်တပ်ရပ်၍ ထနှောင်း စစ်ဆေးမည့် ဖိုင်တွဲများကို ထုတ်ယူပေးနေကာ နှစ်ယောက်သား အလုပ်ကိစ္စနှင့် နပန်းလုံးနေ၏။


``ဓာတ်ခွဲခန်းထဲက ရေမွေးထုတ်လုပ်ပုံတွေကို အသေးစိတ် video clipလုပ်ထားပါတယ်။ mettingမှာ လိုအပ်ရင်သုံးလို့ရအောင် ပြုလုပ်ထားပါတယ် ဥက္ကဌ ``


``အင်း..မကြည့်တော့ဘူး ငါမင်းကို ယုံကြည်လိုက်မယ်``


``ဟုတ်ကဲ့...``


``နောက်တော့ရော...``


``မရှိတော့ပါဘူး ဒါပေမဲ့ ရှယ်ရာရှင် ဦးခွန်းလုံဆီသွားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ် ၊ သူနဲ့ ဥက္ကဌ ပူးပေါင်းလိုက်တာနဲ့ Mettingမှာ ဘာစကားမှ သိပ်ပြောစရာမလိုတော့ပါဘူး ``


``အင်း..

လေယာဉ်ဆိုက်တာနဲ့ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားလိုက်..``


``ဟုတ်ကဲ့...``


ထနှောင်းသည် အလုပ်ကိစ္စများဆွေးနွေးပြီးသည်နှင့် လေယာဉ်လက်မှတ်ကိုဖြတ်ကာ ‌ဆိုက်ရောက်လာသော လေယာဉ်ပေါ်သို့ တက်သွားပါတော့သည်။


🌼~~~~🌼


‌ချင်းပြည်နယ် ကုက္ကိုလ်ကိုင်းရွာရှိ မှုလတန်းကျောင်းအိုလေးတွင် ကလေးများ၏ စာအံ့သံများသည် သာယာနာပျော်ဖွယ် ကျက်သရေ ရှိလှသည်။ ရွာလမ်းမတစ်လျှောက်တွင်လည်း ယခင်လို လူသွားလူလာများ သိပ်မရှိတော့ပေ.. ။

နေ့လည်( ၁၁ : ၀၀ )မို့ အိမ်ရှင်မများ ထမင်းဟင်းချက် သူကချက် ၊ အိမ်ထောင်ဦးစီးတွေက ယာခင်းလယ်ခင်းထဲသို့ အလုပ်သွားသူက သွားနေတာမို့ ရွာထဲ ဆိတ်ငြိမ်နေပေသည်။


မှုလတန်းကျောင်းမှာ ကလေးတွေသည် ကျောက်သင်ပုန်းပေါ်က စာများကို အော်ဆိုကာ စာအုပ်ထဲ ရေးသူကရေး ၊ စာမဆိုဘဲတိတ်ဆိတ်စွာ စာရေးသူကရေးနှင့်အလုပ်ရှုပ်နေကြပေမဲ့ ‌ဆရာမလေးကြွေနှိုင်းခမှာ မနက်က အဖြစ်အပျက်ကြောင့် ရင်မောနေရသည်မှာ အခုထိမပျောက်သေးပေ..။

သူမအိမ်မှာ ( ၆လနီးပါး) တစ်အိမ်ထဲအတူနေ ၊ အတူစား ၊ အတူပျော်ခဲ့ကြသော ထနှောင်းခဆိုသည့် ကောင်လေးက ရွာသားတိုင်း သတ်ဖြတ်ချင်နေကြသော ဓားပြခေါင်းဆောင်ဆိုတာ သူမ မရိပ်မိခဲ့ချေ...။ 


အခုထိယုံဖို့ခက်ခဲနေမိသည်။ အိမ်မက်သဖွယ် အဖြစ်ပျက်များက မြန်ဆန်လွန်းလှသည်။ တစ်နေကုန် မေးခွန်းပေါင်းများစွာနှင့် ငူငူငိုင်ငိုင်ဖြစ်နေသော ကြွေနှိုင်းခကို ခမ်းနော်မကြည့်ဝံ့ပါ။


 ကျောင်းတက်တော့လဲ စိတ်မပါလို ကျောင်းပြန်တော့လဲ ရွင်ပျမှုမရှိသောမျက်နှာနှင့် ကလေးတွေကို စာသင်နေသည့်အချိန်မှ လွဲရင် ကျန်သည့်အချိန်မှာ ကြွေနှိုင်းခကို တစ်စုံတစ်ခုက ပြုစားထားသည့်ပုံစံလိုဖြစ်နေသည်။


``နေကောင်းရဲ့လားဆရာမလေး...

ဆရာမလေး...``


``ဟင်.. 

ကြွေနေကောင်းပါတယ်ခမ်းနော်.. မနက်မှပြန်လာလေ ခမ်းနော်လဲ ကြွေ့ကိုစောင့်ရှောက်ရတာနဲ့တင် ပင်ပန်းနေပါပြီ အားနာလိုက်တာ...``


``အာ...ဆရာမလေးရယ် အဲ့လို မပြောပါနဲ့ ခမ်းနော်က ဆရာမလေးကို အခုလို ပြုစုပေးနေရတာနဲ့တင် ဂုဏ်ယူနေတာ

ခမ်းနော်အခုစိုးရိမ်နေတာ ဆရာမလေးရဲ့ကျန်းမာရေးပဲ.. ထနှောင်းခပြန်သွားကတည်းက ဆရာမလေး မျက်နှာ ညိုးကျသွားတယ်..ကိုယ့်ကိုယ်ကို အားရှိအောင်နေပါ ဆရာမလေးရယ်နော်..``


‌စာတမ်းပြုစုရင်း စိတ်တွေလေလွင့်နေသော ကြွေ့ကိုကြည့်ကာ အကျီခေါက်နေသောခမ်းနော်သည် ကြွေ့အတွက် စိတ်မကောင်းဖြစ်နေသည်။ ထနှောင်းက ဓားပြဆိုတာမသိဘဲ အတူနေခဲ့သည်ကတစ်ကြောင်း ၊  စိတ်ပျော့ညံ့စွာဖြင့် ဖြစ်ပျက်ခဲ့သော အနမ်းတစ်ပွင့်က  ဓားပြနှင့်ဟူသော အတွေးများကြောင့်  ရင်နာနေသည်ကတစ်ကြောင်းနှင့် ကြွေနှိုင်းခ နောင်တကြီးစွာ ဘဝခရီးကိုရှေ့ဆက်နေရသည်။


💕~~~💕


Metting‌ခန်းမကြီးထဲတွင် Edemကုမ္မဏီ၏ ရှယ်ရာရှင်အသီးသီးများက အရင်စောကာ ရောက်နှင့်နေကြသည်။ ကုမ္မဏီ၏ ဒုက္ကဌဖြစ်သော သွေးမျက်ရှင်နှင့် သူမ၏မိခင် ဒေါ်ခင်သွေးနုတို့သည်လည်း ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် နိုင်ငံအနှံ့က သတင်းထောက်များကလဲ ကုမ္မဏီ ဥက္ကဌ၏သတင်းနှင့် productအသစ်တွေအကြောင်း  စိတ်ဝင်စား၍ စုံညီစွာရောက်ရှိနေကြပြီ။


Mettingစဖို့အချိန် ၄မိနစ်သာလိုတော့သည် ။ သို့ပေမဲ့ ဥက္ကဌHard (ထနှောင်းခ) ရောက်မလာသေး၍ ရှယ်ယာရှင်များက ပျံကျဈေးလို အတင်းအဖျင်းများ အုံအုံကြွကြွပြောနေကြသည်။


``ဥက္ကဌရောက်လာပါပြီ..``


Mettingခန်းမ၏ တံခါးကို မိုးဇွန်ကဖွင့်စေပြီး ဥက္ကဌHard (ထနှောင်းခ)သည် အနက်ရောင်အနောက်တိုင်းဝတ်စုံပေါ်မှာ အနီနှင့်အနက်ရောင်ပေါင်းစပ်ထားသော နက်(ခ်)တိုင်ကို သားနားစွာ ဝတ်ဆင်ထားသည်။ 

နက်မှောင်သော ဆံပင်ကို မို့မို့မောက်မောက်သပ်တင်ထား၍ မာန်ဟုန်ပြင်းစွာဖြင့် မည်သူ့ကိုမှမကြည့်ဘဲ ဥက္ကဌထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ 


သူ၏ မိခင်နှင့် ညီမဖြစ်သူတို့ကHard (ထနှောင်းခ) နူတ်ဆက်လေမလားဟု မျှော်လင့် ကြီးစွာစောင့်ကြည့်ကြပေမဲ့ Hard (ထနှောင်းခ)သည် မျက်လုံးတောင် ဆွေမကြည့်လေသောကြောင့် သူမတို့မှာ ထွက်သွားလေသော ဒေါသကို မြိုသိပ်ကာ အပြုံးတုဖြင့် ဟန်ဆောင်ထားရ၏ ။


``ကဲ...စလို့ရပြီ...

ကျွန်တော်လဲရောက်ပြီဆိုတော့ ဘာများပြောချင်‌ကြလဲ..

လွတ်လပ်စွာဆွေးနွေးလို့ရပါတယ်.. 

သတင်းမီဒီယာသမားများကလဲ လွတ်လပ်စွာ သတင်းယူလို့ရပါတယ်..``


Hardသည် အဖွင့်စကားကို လွတ်လပ်စွာပြောလိုက်သည့် အတွက် မီဒီယာသမားများသည်

 ဓာတ်ပုံများတဖျက်ဖျက်ရိုတ်ကြပြီး ရှယ်ယာရှင်များဟာ ကုမ္မဏီ၏လိုအပ်ချက်များကို ခေါင်းချင်းဆိုင်ဆွေးနွေးနေကြသည်။ ရှယ်ရာရှင်တွေထဲမှ အမျိုးသားတစ်ယောက်သည် ပထမဆုံးစကားစဆိုလေသည်။


``ဥက္ကဌပြန်လာတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ဥက္ကဌဒီကုမ္မဏီကို တာဝန်ယူစဉ်အတွင်း ပျက်ကွက်မှုတွေသိပ်များတယ် ၊ ဒါကြောင့်ရှယ်ယာဈေးတွေလဲကျသွားပြီး ထုတ်ကုန်တွေလဲနှေးကွေးလာတယ် ။ customerတွေက အသစ်အဆန်းတွေ သိပ်လိုချင်နေတာလဲ ဘာမှမထုတ်ပေးနိုင်ဘူး ဒါကြောင့်...``


ထိုအမျိုးသားစကားဆိုနေစဉ် ဥက္ကဌHard(ထနှောင်းခ)သည် ခြေချိတ်ထိုင်လိုက်ကာ  လက်ကာပြလိုက်သည်။


 ``ရှယ်ယာဈေးတွေကျလာတာက ခင်များတို့အလုပ် လေ..၊ ကျွန်တော်တို့က customerတွေ စိတ်တိုင်းကျ အသစ်အဆန်းတွေ မထွင်နိုင်ဘူးလို့ ဘယ်သူပြော‌လဲ..

ဘယ်ကကြားလာတာလဲ...အဲ့ဒီ့ပြောတဲ့သူကို မေးကြည့်ပါဦး Edem ကုမ္မဏီက ဘယ်တုန်းကများ productတွေ ရပ်ဆဲသွားတာ မြင်ဖူးလို့လဲလို့...``


ဥက္ကဌHardသည် နောက်ဆုံးစကားအဆုံး သူ၏ညီမနှင့် မိခင်ကို လှမ်း၍ကြည့်လိုက်သည်။ သူမတို့နှစ်ယောက်ကလဲ မျက်လုံးကလေး ကလယ်ကလယ်နှင့်Hard ၏ ဆန့်ကျင်ဘက်အရပ်သို့ မျက်နှာလွဲလိုက်သည်။


``ဒါဆိုကျွန်တော်တို့ကိုပြပါ..ဘယ်အရာတွေကအသစ်အဆန်းတွေလဲ ၊ ဒုက္ကဌ သွေးမျက်ရှင်ကတော့ ကျွန်တော်တို့ကို တင်ပြပြီးပြီ..``


ရှယ်ယာရှင်တစ်ဦး၏စကားကြောင့် Hardစိတ်ခုသွားခဲ့သည်။ Hardဘေးဘက်တွင်ရပ်နေသော မိုးဇွန်သည် ဖိုင်တွဲနှင့်တကွ video clipကိုပါ အားလုံးကြည့်နိုင်အောင်

စက်ထဲထည့်၍ ခန်းမ၏ရှေ့တည်တည့်တွင်ရှိသော ပရိုဂျက်တာပေါ်တွင် ပြသစေသည်။ 

videoထဲတွင် ဓာတ်ခွဲခန်း၏အခြေအနေနှင့် ရေမွှေး ထုတ်လုပ်ရာတွင် ပန်းတို့၏ အခြေခံအရည်အသွေးတွေကအစ စနစ်တကျ ထုတ်ဖော်ပြသထားသည်ကို ရှယ်ယာရှင်တွေက ကြည့်ပြီး ကျေနပ်နေကြသည်။ 


``ကျွန်တော်တို့အခု ထုတ်လုပ်မယ့်ရေမွှေး အသစ်က ကလျာဏီပန်းရဲ့အဆီအနှစ်နဲ့ သူရဲ့ရနံ့တို့ဖြစ်တယ်။ 

ကလျာဏီပန်းရဲ့ ထူးခြားချက်က ရေမွေးအပြင်းစားကိုမှ နှစ်သက်တဲ့ customerတွေအတွက် အထူးထုတ်လုပ်ထားပါတယ်။


 နောက်ပြီး ကလျာဏီပန်းရဲ့အဓိပ္ပါယ်က လမ်းပြကြယ်ဟု အဆိုရှိတယ် ၊ တံငါသည်တွေ ပင်လယ်မှာ လမ်းပျောက်ခဲ့သော် ကလျာဏီပန်းရဲ့ ရနံ့နဲ့သူတို့ရဲ့ ကမ်းစပ်(အပြန်လမ်း)ကိုရှာဖွေကြတယ်၊ 

အဲ့ဒီ့ရည်ရွယ်ချက်ကို ကိုယ်စားပြုပြီး လူငယ်တွေ အချစ်စစ်တို့ရှာဖွေခဲ့ရာမှာလဲ ဒီရေမွှေး ကို အသုံးပြုခဲ့ရင် အချစ်စစ်အချစ်မှန်က ကိုယ့်ဆီလာမယ်လို့ ယုံကြည်ပါတယ်။


Hardစကားကြောင့် ရှယ်ယာရှင်များနှင့် မီဒီယာသမားတို့သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေကြသည်။ သွေးမျက်ရှင်ကတော့ လက်သီးဆုပ်ကာ ကြိတ်မနိုင်ခဲမရ ဖြစ်နေ၏။


 ``ဒုတိယထုတ်ကုန်ကတော့ ကျူးလစ်ပန်းပါပဲ..

ကျူးလစ်ပန်းရဲ့အဓိပ္ပါယ်က အချစ်စစ်ကို စောင့်မျှော်ခြင်းလို့အဓိပ္ပါယ်ရတယ်... 

သူ့ရနံ့က ပြင်းတဲ့အမျိုးအစားထဲမှာပါတဲ့အတွက် ရေမွှေးအပြင်းစားကိုမှ ကြိုက်တဲ့သူတွေအတွက် အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်..။


တတိယ ထုတ်ကုန်ကတော့ African Violetပန်းပါ ၊

 သူရဲ့အဓိပ္ပါယ်က လူသားဆန်ခြင်း ၊ သစ္စာရှိခြင်းလို့အဓိပ္ပါယ်ရတယ်၊ ဒါပေမဲ့ ဒီပန်းဟာ ရနံ့မပြင်းဘဲ သင်းသင်းလေးနဲ့ ကိုယ့်ကိုယ်ကို ပညာရှိဆန်ဆန် confidentရှိစေပါလိမ့်မယ်..၊ ပွဲသွားပွဲလာများမယ့် customerတွေအတွက် ဘေးနားက ကိုယ့်မိတ်ဆွေတွေကို ရေမွှေးကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုလို့ တိုးစေပါတယ်..``


Hardသည် စကားပြောရင်း မီဒီယာသမားတွေဘက်သို့ လှည့်ကာ နိုင်ငံတကာက customerများအတွက် ကုမ္မဏီ၏အသစ်ထွက်ရှိသော ရေမွှေးများကို တလက်စထဲ ကြော်ငြာလိုက်သည်။


``Every customer of perfume from our company, Adam, can walk with confidence to the beloved.

(ကျွန်ုပ်တို့ Edem ကုမ္မဏီမှထုတ်လုပ်သော ရေမွှေးသုံးစွဲသူတိုင်း မြတ်နိုးရသူဆီသို့ ယုံကြည်မှုရှိရှိ လျှောက်လှမ်းလို့ရပါပြီ)


Hardစကားအဆုံးမှာ မီဒီယာသမားများကို မျက်လုံးမှိတ်ပြပြီး ရွင်ပြသော အပြုံးလေးတစ်ပွင့် ပြုံးပြခဲ့ကာ ခပ်ဆဆရယ်လိုက်၏။

မီဒီယာသမားများထဲတွင် အမျိုးသမီးများ‌ရှိသောကြောင့် Hardအပြုံးမှာတင် သူတို့နှလုံးသားအရည်ပျော်ကျကာ Hardဆီသို့ kissများတရစပ်ခြွေနေသည်  ။ 

ထို့နောက် Hardသည် ရှယ်ယာရှင်တွေဘက် ပြန်လှည့်ကာ ပြောလက်စ စကားလက်ကျန်များ ပြန်ပြောသည်။


``ကျွန်တော့်ရဲ့ထုတ်ကုန်များကို confidentရှိရှိ စိတ်ချစွာ သုံးစွဲနိုင်ကြောင်းပြောလိုပါတယ်...နောက်လာမယ့်အသစ်သစ်သော ရနံ့များကို ပြည်သူတွေရှေ့မှောက် လေပြေလေးနဲ့အတူ သယ်ဆောင်လာပါမယ်လို့အာမခံပါတယ်...``


👏 ဖြောင်း ဖြောင်း ဖြောင်း....👏


Hardစကားအဆုံးမှာ ဒေါ်သွေးနုနှင့် သွေးမျက်ရှင်တို့နှစ်ဦးကလွဲလျှင် 

ရှယ်ယာရှင်များနှင့် မီဒီယာသမားများက ဂုဏ်ပြုဩဘာလက်ခုပ်သံများပေးကြသည်


``ဥက္ကဌHardကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ အသစ်သစ်သောထုတ်ကုန်တွေအတွက် ကျွန်တော်တို့လဲ တစ်ဖက်တစ်လှမ်းကနေ တိုးတက်ကောင်းမွန်အောင် ကူညီပေးပါရစေ...``


Hardသည် လေးနက်တည်ကြည်သောအမှုအရာဖြင့် ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။ ထို့နောက်သူ၏ညီမ ဒုဥက္ကဌဖြစ်သော သွေးမျက်ရှင်ကိုကြည့်ကာ ဆန့်ကျင်ဘက်ထိပ်ဆုံးမှာထိုင်နေသည့် ဘုတ်အဖွဲ့ဝင်တွေကို မေးခွန်းထုတ်လိုက်၏။


``ကျွန်တော် ဘုတ်အဖွဲ့ဝင်တွေကို တစ်ခုလောက်မေးချင်ပါတယ်၊

 ဒီကုမ္မဏီက စည်းကမ်းချက်တွေနဲ့ထုံမွှမ်းထားတဲ့ နာမည်ကြီးကုမ္မဏီတစ်ခုဆိုတာ ဘုတ်အဖွဲ့တင်တွေ သိပါတယ်နော်...


Hard မေးခွန်းကို ဘုတ်အဖွဲ့ဝင်များက လက်ခံကြောင်း ခေါင်းငြိမ့်ပြသည်။


 ``ဒါဆို..ကုမ္မဏီစည်းကမ်းနံပါတ်47မှာပါသည့် စည်းကမ်းချက်အတိုင်း ဥက္ကဌမရောက်လာမချင်း ဒုက္ကဌမှစ၍ သန့်ရှင်းရေးပါမကျန် သူတို့ productတွေကို ထုတ်ဖော်ပြသခွင့်ရှိပါသလား ၊ အကယ်၍စည်းကမ်းချက် ဖောက်ဖျက်ခဲ့သော် ဘယ်လိုအပြစ်မျိုးပေးနိုင်ပါသလဲ ကျွန်တော့်ကိုဖြေကြားပေးပါ..``


ဘုတ်အဖွဲဝင်များသည် စည်းကမ်းချက်များထည့်သွင်းထားသော  စာအုပ်က်ုကြည့်ကာ Hardမေးခွန်းကို ပြန်လည်ဖြေဆိုစေသည်။


``ဥက္ကဌပြောတဲ့ ကုမ္မဏီစည်းကမ်းနံပါတ်47ကို ဖောက်ဖျက်ခဲ့သည်ရှိသော် သူ့ရဲ့productမှန်သမျှကို တစ်နှစ်တာ ပိတ်သိမ်းခွင့်ရှိပြီး ရာထူးက6လရပ်ဆိုင်းခွင့်ရှိပါတယ်...``


ဘုတ်အဖွဲ့ဝင်တွေသည် ဥက္ကဌHardစကားကို လေးစားစွာပြန်ဖြေခဲ့သည်။ ထိုစကားတွေကြောင့် ‌ဒုက္ကဌ သွေးမျက်ရှင်နှင့် ဒေါ်သွေးနုတို့မှာ တုန်လှုပ်ချောက်ခြားနေခဲ့သည်။ ရာထူးက6လရပ်ဆိုင်းခဲ့လျှင် ထိုရာထူးအတွက် အသစ်တစ်ယောက်ကို ခန့်အပ်ထားနိုင်သည်။ 


ထိုအသစ်ခန့်ထားသော ဒုက္ကဌက အဟောင်းဒုက္ကဌထက် အလုပ်လုပ်ရာတွင် ပိုတော်ခဲ့လျှင် ဖြုတ်ချခွင့်ရှိသည်ဆိုသည့် နောက်ဆက်တွဲ စည်းကမ်းများကို ပို၍ သိထားသောကြောင့် သွေးမျက်ရှင်မှာ ပို၍ ကြောက်လန့်ခဲ့သည်။


``ဒီလိုဆို ဥက္ကဌဖြစ်တဲ့ ကျွန်တော်ရောက်မလာသေးတဲ့အချိန်မှာ ဒုက္ကဌက product‌တွေကို ရှယ်ရာရှင်တွေရှေ့မှာ ပြသခဲ့တယ်လို့ ကြားထားတယ်...

ဒါကြောင့် ဒုက္ကဌသွေးမျက်ရှင် ..

ခင်များအပြစ်ကို ခင်များသိပါတယ်နော်....``


သွေးမျက်ရှင်သည် Hardကိုကြည့်ကာ လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်သည်။ ထို့နောက် အံတကျိတ်ကျိတ်နှင့်ထိုင်ရာမှထလိုက်ကာ ဥက္ကဌHardခြေရင်းမှာ ဒူး‌ထောက်ချလိုက်သည်။


ဒေါ်သွေးနုကတော့ သူမသမီးအဖြစ်ကို သနားလေလေ Hardကို ပိုမုန်းလေလေ ဖြစ်နေသည် ။ ကိုယ့်အတက်ကိုယ်ပြန်ဆူးနေသည်ကို သတိမထားမိကြပေ...။


``ကျွန်မ..ကျွန်မတောင်းပန်ပါတယ် ဥက္ကဌ 

ကျွန်မတောင်းပန်တာလက်ခံပေးပါ ၊ ကျွန်မရဲ့ productကို ရပ်ဆိုင်းထားလဲ ရပါတယ်.. 

ဒါပေမဲ့ ရာထူးကတော့ ရပ်ဆိုင်းမထားပါနဲ့လို့ မေတ္တာရပ်ခံပါရစေ...ကျွန်မအမှားကို သိနေပါပြီ..ဒါကြောင့် ဥက္ကဌက သဘောထားကြီးစွာ..``


``အဟွတ်..ဟွတ်...``


Hard၏ချောင်းဟန့်သံသည် ‌သွေးမျက်ရှင်၏အသံကိုဖုံးလွမ်းသွားသည်။ Hardသည် သူမကိုမကြည့်ဘဲ မီဒီယာသမားတွေဘက်သို့လှည့်ကာ ရယ်ပြုံးခြင်းမရှိ စကားကိုတည်င်ြမ်စွာ ဆိုလိုက်၏။


``စည်းကမ်းက စည်းကမ်းပါပဲ..

ဖောက်ဖျက်ခဲ့ရင် အကျိုးဆက်က ဖောက်ဖျက်သူနဲ့ပဲ ဆိုင်တယ်ဆိုတာ Mr's သွေးမျက်ရှင် သိရဲ့သားနဲ့ အခုလိုလုပ်နေလို့လဲ ဘာအကျိုးမှရမှာမဟုတ်ဘူး 

ကဲ...ဒီနေ့အစည်းအဝေးကတော့ ဒီလောက်ပါပဲ..``


ဥက္ကဌသည် အရယ်အပြုံးမဲ့စွာဖြင့် ထိုmettingခန်းမထဲမှ ထွက်လာခဲ့သည်..။သွေးမျက်ရှင်သည် သူမ၏စကားကို အလေးမထား နားမထောင်သောကြောင့် ဒေါသ ချောင်းချောင်းထကာ ပြောဆိုပါတော့သည်။


``Hard....နင်က နာမည်နဲ့‌လိုက်အောင်သိပ်ကို အကြင်နာတရားကင်းမဲ့တာပဲ..

ငါတို့က မောင်နှမတွေဖြစ်နေတာတောင် အလျော့မပေးတက်ဘူး နင်ကလူမဟုတ်ဘူး..

နင်ကလူမဟုတ်ဘူး..! အား..! ရူးချင်တယ်!...``


မီဒီယာသမားတွေသည် လက်သီးလက်မောင်းတန်းကာ အကျည်းတန် အော်ဟစ်ပြစ်တင်ပြောဆိုနေသော သွေးမျက်ရှင်ကို ဓာတ်ပုံတွေတစ်ဖျက်ဖျက် ရိုတ်နေကြသည်။Hardကတော့ အရေးတောင်မစိုက် ခပ်မိုက်မိုက်ဖြင့်သာ ဘောင်းဘီအိတ်ထဲ လက်ထဲပြီး Mettingခန်းမနှင့်အဝေးဆုံးသို့ ရောက်ရှိသွားပါတော့သည်။


``အို...ရပ်လိုက်ကြစမ်း...

 အလိုက်ကမ်းဇိုးမသိတဲ့ဟာတွေ...``


``သမီးလေး...စိတ်ထိန်းမှပေါ့ကွယ်... အားလုံးကိုတောင်းပန်ပါတယ်ရှင့် ကျွန်မသမီးလေးက စိတ်ထိခိုက်နေတဲ့အချိန်မို့ပါ...တောင်းပန်ပါတယ်...ဓာတ်ပုံမရိုတ်ကြပါနဲ့..``


``မာမီဘာမှတောင်းပန်စရာမလိုဘူး..``


``ကဲ..လာစမ်းပါကွယ်..``


ဒေါ်သွေးနုသည် သူမ၏သမီးလက်ကိုအတင်းဆွဲကာ ခန်းမထဲမှ ထွက်လာခဲ့သည်။


💣~~💕


အပိုင်း ( ၉ ) မျှော်...


မေ့ဝတ္တုလေးကို အားပေးလို့ ကျေးဇူးပါရှင့်



rate now: