💏ကျွန်တော့်နှလုံးသာ
မမထံဝပ်ဆင်း၍💏
`•`•`•`•`•`•`•`
အချစ်ဟူသည် အနေဝေးမှ ပို၍ချစ်မြတ်နိုးလာသည်ဟုထင်ကြသော လူတစ်စုလဲရှိသလို ၊ အနေနီး၍ မြင်ဖန်များလာသူတို့မှာလဲ အထိအတွေ့အပေါ်သာယာလာ၍ ရမ္မာက်ကို အချစ်ဟု ထင်နေသောလူတစ်ချို့လဲရှိ၏ ။
ဒေါက်....ဒေါက်....ဒေါက်...
တံခါးခေါက်သံနှင့်အတူ အိမ်ထဲသို့ဝင်လာသော ထနှောင်းကို ကြွေသည် နူတ်ခမ်းဆူပြီး စိတ်တိုနေသည့် ပုံစံဖြင့် ဖတ်နေသောစာအုပ်နှင့် လှမ်းပေါက်လိုက်သည်။
``သွား...ဘာလာလုပ်တာလဲ..
ကျွန်မအိမ်က ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့ရတဲ့ နေရာမဟုတ်ဘူး..
စည်းမရှိကမ်းမရှိနေရာလဲမဟုတ်ဘူး ...``
``ကျွန်တော်တောင်းပန်ပါတယ်မမရယ်...
ကျွန်တော်က ရွာထဲမှာ ကလေးတွေဒိုးပစ်တာကိုကြည့်ရင်းနဲ့
ကြာသွားတာ နောက်ပြီး ကြာကန်မှာ သူတို့တွေနဲ့ ရေကူး...``
``မလိုချင်ဘူး ပြောမနေနဲ့...
လူဆိုတာ ပြောပြီးသားစကားကို တည်မြဲအောင် စောင့်ထိန်းရတယ်ကွ....``
``မမကလဲ...ကျွန်တော်ဒိုးပစ်...``
``မင်းဒိုးပစ်တာ ညမိုးချုပ်တဲ့အထိ ပစ်နေရသလား အခုဘယ်အချိန် ရှိပြီလဲ ဟမ်...``
``၆နာရီလောက်ရှိမယ်မမ ကျွန်တော်လဲမသိဘူး
မမမေးမယ်မှန်းသိရင်
ဦးပောာတာကြီးဆီမှာ အချိန်မေးလာပါတယ်....``
``၆နာရီ မဟုတ်ဘူးဟဲ့...၈နာရီ ၈နာရီရှိပြီ...``
ကြွေသည် စိတ်တိုတိုဖြင့် ထိုင်နေရာမှထကာ ခြေသံဆာဆာဖြင့် ထနှောင်းအနားသို့ ကပ်ပြီး ဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်ပါတော့သည်။
``အား...!
မမ..မမနာတယ်ဗျ...
လွတ်..အား....သေပါပြီ မေမေရေ...``
``နာတယ်ဟုတ်လား..
ဟမ်...
ကျွန်မတောင်မနာဘူး မင်းက ဘာလို့နာနေတာလဲ...``
``အား....မမကဘယ်လိုနာမလဲ ကျွန်တော့်ကို လိမ်ဆွဲနေတော့ ကျွန်တော်ပဲ နာတာပေါ့လို့...
အား....!တောင်းပန်ပါတယ် တောင်းပန်ပါတယ် နောက်မသွားတော့ပါဘူးလို့..
အား....!
ရွာသူကြီးရေ....ဒီမှာ သားကိုအနိုင်ကျင့်နေပါတယ်..``
ထနှောင်းသည် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အားဖြင့်အသားကုန် အော်တော့မှ ကြွေ လွတ်ပေးလိုက်သည်။ သို့ပေမဲ့ မျက်စောင်းတခဲခဲဖြင့် မကျေနပ်သလို ပုံစံလုပ်ပြနေတော့ ထနှောင်းခမျာ ဇက်ကလေးပုကာ ငုပ်လျှိုးနေရသည်။
``အားယိုးယိုး...
တောင်းပန်ပါတယ် မမရယ် ကျွန်တော် နောက်မလုပ်တော့ပါဘူး..``
``ဟွန့်...ကျွန်မမှာရင်မောလို့
ဒီကောင်လေးကို ဓားပြတွေက မှတ်မိပြီး သတ်သွားလေမလား ..
ဒါမှမဟုတ်သူတို့နေရာကိုပဲ ခေါ်သွားလေမလား ...
ဒဏ်ရာတွေဗလဗွနဲ့ ပြန်လာမလား အမျိုးမျိုးတွေးပူနေရတာ...
အခုတော့ မင်း ဘာမှမဖြစ်ဘဲ ပြန်လာရတယ်လို့....``
``ဟာဗျာ...မမစကားကြီးကလဲ ကျွန်တော့်ကို တစ်ခုခုဖြစ်စေချင်သလိုပဲ...``
``မင်းသေချင်နေပြန်ပြီနဲ့တူတယ်..``
``အား...မဟုတ်ဘူး မဟုတ်ဘူး
ခုဏလေးတင် တော်တော်မှတ်သွားပြီ..
ဟိ...ကျွန်တော် မမနားမှာပဲ တစ်သက်လုံး လိမ်လိမ်မာမာနေတော့မယ်နော်..``
``ဟွန့်...သတိထားနေ...``
ထနှောင်းသည် အိမ်မှာ တစ်ခုခုလိုနေသည်ကို သတိထားမိလေ၏။ အသွားနှင့်အပြန်ကား မတူချေ..။
အိမ်အတွင်း ၊ အပြင်ကို လှန်လှောရှာဖွေရင်း ခြံဝင်းအတွင်းပါမကျန်ရှာပြီး ကြွေ့ကိုကြည့်ပြန်တော့လဲ တည်တည်ငြိမ်ငြိမ်နှင့် စာပြန်ဖတ်နေသည်။
``မမ....``
``ဟင်...``
``ဟိုလူရော...``
``ဘယ်လူလဲ...``
``မမလူလေ...ကိုနောင်တ``
``အော်...ကိုကိုခမ်းလား
နေ့လည်က အရေးကြီးကိစ္စရှိလို့ဆိုပြီး သူ့ကုမ္မဏီက ဖုန်းဆက်တယ်လေ.. စားပြီးသောက်ပြီး ထနှောင်းကိုစောင့်ပါသေးတယ် ဒင်းကကြာနေတာကိုး.... မစောင့်နိုင်တော့တာနဲ့ ကိုကိုခမ်းလဲ ညနေကျတော့ ရန်ကုန်ပြန်သွားလေရဲ့...``
``ပြန်သွားပြီလား...
ကျွန်တော်သိတယ်..
သူကျွန်တော့်ကို ကြောက်နေတာနေမှာ...ဟုတ်တယ်မလားမမ...
ဒီလူကျွန်တော့်ကို ကြောက်လို့ ပြန်သွားတာနေမယ်နော်မမ..``
စာဖတ်နေစဉ် ထနှောင်းစကားကြောင့် စာအုပ်လေးကို ဘေးချကာ မျက်စောင်းလေးထိုးလျက် ထရပ်ပြီး မီးဖိုချောင်ထဲသို့ဝင်သွားသည်..။
``နော်မမ ဟုတ်တယ်မလား
အဲ့လူ ကျွန်တော့်ကို ကြောက်လို့ ပြန်သွားတာမလား``
ကြွေသည် လျှပ်စစ်မီးဖိုလေးကိုဖွင့်ကာ ဟင်းတွေကို အပူပေးနေပြီး စကားတစ်ခွန်းမှ ပြန်မပြောသည့် ကြွေ့ကို ထနှောင်းအသည်းယားလာပါတော့သည်။
``မမ..ကျွန်တော် ပြောတာမကြားဘူးလားဗျာ...``
ကြွေအနောက်မှာရပ်ကာ သူမ၏ပခုံးကိုကိုင်ရင်း ဆံနွယ် တစ်ဝတ်စည်းကာ တစ်ဝတ်ဖြန့်ချထားသည့် ကြွေ့အနားက ရှန်ပူအနံသင်းသင်းလေးက ထနှောင်းရင်ကို လှိုက်ကာခုန်စေမိသည်။
စိတ်အရိုင်းကို မနည်းဖြေဖြောင့်ကာ ထိန်းချုပ်ထားရသည်က ထနှောင်းအတွက် မလွယ်ကူပေ..။
``မင်းထမင်းမစားရသေးဘူးမလား ၊ အိမ်ရှေ့မှာ စားပွဲခုံချထား နောက်ပြီးရင် ဟင်းပန်ကန်တွေလာယူလှည့်..``
``မမရော မစားရသေးဘူးမလားဟင်``
``အင်း..မင်းကိုစောင့်နေတာ``
`` ယေး...ငါကွ...
ဒါဆို စားပွဲခုံ သွားချထားတော့မယ်..``
ထနှောင်းသည် အိမ်ရှေ့သို့ လေတချွန်ချွန်ဖြင့်သွားကာ ဧည့်ခန်းထဲ၌ စားပွဲခုံချလိုက်ပြီး ကြွေပေးသော ဟင်းပန်းကန်များကို တစ်ပန်ကန်ချင်း စားပွဲခုံပေါ်သို့တင်သည်။ နောက်ဆုံး ဟင်းချိုအလယ်ထိုင်ပန်ကန်ယူနေစဉ် ကြွေ့ အိပ်ခန်းထဲမှ Ringtoneအသံကြားလိုက်ရသည်..။
``ထနှောင်းလေးရေ ပြီးရင် မမအိပ်ခန်းထဲက ဖုန်းလေးတစ်ချက် ယူလာပါဦး..``
အလယ်ထိုင်ပန်ကန်လုံးထဲက ဟင်းရည်မှောက်ကျမည်စိုးသောကြောင့် ထိုပန်းကန်လုံးကို မျက်လုံးကမခွာဘဲ သေချာကြည့်ကာ လမ်းလျှောက်လာပေမဲ့ ကြွေခိုင်းသည့် ဖုန်းကိုယူဖို့ ပန်းကန်လုံးကိုကိုင်ကာ အိပ်ခန်းထဲသို့ ဝင်သွားသည်။
ဒုန်း...
ခလွမ်း....
``အား....ပူတယ် ပူတယ်...
အား....``
``ဟင်...
ထနှောင်း ဘာဖြစ်တာလဲ...``
အခန်းထဲမှထနှောင်းအော်သံ ကြား၍ ကြွေသည် လုပ်လက်စအလုပ်ကို ပစ်ချကာ ထနှောင်းရှိသည့် နေရာဆီသို့ အပြေးလေး လာခဲ့သည် ။
``ဟဲဟဲ..မမ
ပန်းကန်လုံးကျကွဲသွားပြီ
ကျွန်တော်က တမင်တကာလုပ်တာမဟုတ်ပါဘူးဗျာ..ဒီခန်းဆီးကြီး ကိုးလို့ကန့်လန့်နဲ့ဆိုတော့လေ...အဲ့ဒါ..ဟို..တောင်းပန်ပါတယ်``
ကြွေကြည့်လေတော့ အိပ်ခန်းအဝမှာ ဟင်းချိုအလယ်ထိုင်ပန်းကန် ကျကွဲသွားပြီး ထနှောင်းခန္ဓာကိုယ်နှင့် လက်များမှာလဲ အပူလောင်ထား၍ နီထွက်နေသည်။ အသားများမှာလဲ အရေခွံတွေလှန်လျက်ရှိနေပြီ...။ဒါကို သူအသားနာနေသည်ကိုမမှု့ ကြွေစိတ်ဆိုးသွားမည်ကိုသာ အရေးစိုက်နေ၍ စပ်ဖြဲဖြဲလုပ်ပြကာ ကြွေ့ကိုစနေသည်။
``အို....ဒုက္ခပါပဲ...
မင်းဟာလေ အမြဲ နမော်နမဲ့
ဘယ်နှယ့် အိမ်ရှေ့မှာ ပန်းကန်သွားချခိုင်းတာလေ
ဘာလို့ အိပ်ခန်းထဲ ရောက်နေရတာလဲ..
လာလာ..ဆေးထည့်ရအောင်
နေဦး ဆေးမထည့်ခင် ရေအရင်ဆေးရမယ်...``
ကြွေသည် အလိုမကျသော ပုံစံဖြင့် နူတ်ခမ်းလေးထော်ထော်ကလေးနှင့် ထနှောင်းကို ဆူနေသည်မှာ အလွန်ချစ်စရာကောင်းလှသည်။ အိမ်အောက်ရှိ ရေချိုးခန်းနှင့်မတူသော ရေချိုးခန်းထဲသို့ ထနှောင်းကိုခေါ်လာပြီး အပူလောင်ထားသော နေရာများကို သန့်ရှင်းပေးသည် ။
ဝမ်းဗိုက်ပေါ်တွင်လဲ အပူလောင်ထားသောကြောင့် ထနှောင်းဝတ်ထားသော အကျီကို ကြွေသည် အကြောက်အလန့်မရှိ ဆွဲချွတ်သည်..။
``ဟာ..ဟာ!..
မမ ဘာလုပ်တာလဲ.. ``
``ဖယ်စမ်းပါဟယ်...
မင်းဗိုက်ပေါ်မှာလဲ အပူလောင်ထားတယ်မလား
ဒါကြောင့် အကျီချွတ်ရတာပေါ့...
မြန်မြန်လုပ်မှ မဟုတ်ရင် အမာရွက်ကျန်ခဲ့လိမ့်မယ်... လက်ဖယ်စမ်းပါ...ငါချွတ်ပေးမယ်...``
``အာ...မမ..
မမကလဲဗျာ..
ကျွန်တော် ရှက်တယ်ဗျ...``
``အမလေး..လေး...
မိန်းကလေးဖြစ်တဲ့ ငါက မရှက်ရဘူး ငြိမ်ငြိမ်နေကွာ မဟုတ်ရင် ပိုဆိုးလာလိမ့်မယ်..``
ထနှောင်းသည် ကြွေ့ကို အရှက်သည်း၍ သူ၏ခန္ဓာကိုယ်ကို အတင်းကာနေသည် ။ကြွေကလဲ ထနှောင်း လက်များကိုအတင်းဖယ်ကာ အကျီကိုအောင်မြင်စွာ ချွတ်လိုက်သည်။ အကျီအောက်တွင် တန်ဖိုးကြီးရတနာ six-packကလဲ အသက်ရှုလိုက်တိုင်း မို့မောက် ဖောင်းကြွလာသည်။ ထိုနေရာကို ကြွေသည် စွပ်ကျယ်သားအကျီစဖြင့် ရေစွပ်ကာ ဖွဖွလေးပွတ်ပြီး ဟင်းအရည်များကိုဖယ်ကာ သေသေချာချာ ကျကျနန သန့်စင်ပေးနေ၏...။
(ဒီကောင်မလေး မြွေမကြောက် ကင်းမကြောက်နဲ့ လက်ရဲဇက်ရဲပဲ..
ဟင်း..မမနော်..မမ..
ကျွန်တော်ကသမာဓိအားကောင်းနေလို့ တခြားသူဆိုမမ မလွယ်ဘူး..ဟူး...
ဒါပေမဲ့..ဒီလိုပုံစံနဲ့ ဆက်သွားနေရင်တော့...ကျွန်တော်လဲ မလွယ်ဘူးမမရယ်..ခက်တယ်...)
``ဒီမှာတွေ့လား နီရဲပြီးအရေခွံတွေလှန်နေလိုက်တာ မြင်ရက်စရာတောင်မကောင်းဘူး ..
ဒါကိုနည်းနည်း ကြာကြာထားလိုက်ရင် သေရာပါအမာရွက်ကျန်ခဲ့လိမ့်မယ်..``
အပူလောင်ထားသော နေရာမှာ ဝမ်းဗိုက်အလယ် ချက်နားတဝိုက်နှင့် ချက်အောက်ပိုင်းနားတို့ဖြစ်သည် ။ သူမ၏ခေါင်းထဲတွင် ရှက်သည် မရှက်သည်မရှိတော့ ထနှောင်း သက်သာလျှင် ပြီးရောဆိုသည်သာရှိ၏။
ရေချိုးလိုက်လို့လဲမဖြစ် ထနှောင်းအအေးပတ်သွားမည်ထင်၍ သူမသည် အိမ်ပေါ်သို့တက်ကာ သူမ အိပ်ခန်းထဲက wet tissue များကိုယူခဲ့ပြီး အနာနေရာတစ်ဝိုက်သုတ်ပေးသည်။
``နည်းနည်းတော့နာမယ်နော် အနာပေါ်မှာ ဟင်းအဆီလေးတွေရှိနေတော့ ဆေးရတာခက်နေတယ်...
ဒါကြောင့် ဒီလို သုတ်ပေးတာ..``
``ဟုတ်ကဲ့မမ ကျေးဇူးပါ``
သူမသည် အနာဖြစ်သည့်နေရာတော်တော်များများကိုသုတ်ပေးပြီး နောက်ဆုံး ချက်အောက်ပိုင်းကိုသုတ်မယ်ရွယ်တော့ ထနှောင်းက သူမလက်ကိုဖျက်ခနဲ ကိုင်လိုက်သည်...။
``ရပြီမမ လုံလောက်ပြီ..
ကျန်တာကျွန်တော်ပဲ ဆက်လုပ်လိုက်တော့မယ်...မမကို ပင်ပန်းစေမိပြီ..``
``အေးပါရပါတယ် ဒါဆို မမ အိမ်ပေါ်ကဟာတွေ သန့်ရှင်းရေးလုပ်လိုက်ဦးမယ် ...``
``ဟုတ်ကဲ့...``
ကြွေ အိမ်ပေါ်သို့ တက်သွားပြီနောက် ထနှောင်းသည် ရေတိုင်ကီကိုမှီကာ ခုန်နေသော သူ၏နှလုံးသားလေးကို ဖိထားရ၏။
(ဒီလိုပုံစံမျိုး နောက်တစ်ခါ မမထပ်လုပ်ရင် ကျွန်တော် ခံနိုင်ရည် ရှိတော့မယ်မထင်ဘူးမမ ...
မမဒီလိုကြင်နာပြနေရင် ကျွန်တော်ထွက်သွားဖို့ ဘယ်ဝံ့တော့မလဲ..
ဆွဲမထားပါနဲ့ဗျာ..)
🌼~~~~~🌼
``သတင်းထူးပါလာပါတယ် သခင်မကြီး....``
မိုးမခစံအိမ်တွင် မြခွန်းသာသည် အမဲသားကင်နှင့် ဝိုင်ခွက်ကို ရောစပ်ကာသောက်သုံးနေစဉ် ကုက္ကိုလ်ကိုင်းရွာကို ကင်းလှည့်နေသည့် သူမ၏တပည့်က သတင်းထူးတစ်ခု ယူလာသည်။
``မင်းဘာလာလုပ်တာလဲဟမ်..
ဒီအချိန်က သခင်မ နေ့လည်စာ စားချိန်လေ...
သွား!..ထွက်သွားစမ်း...``
ဘီလီခွန်းသည် မြခွန်းသာ၏ ကျွန်စစ်စစ်ဖြစ်ခဲ့ပြီ။ သခင်အားရ ကျွန်ပါးဝဟူသည့်စကားအတိုင်း မြခွန်းသာအလိုကျ အကုန်လိုက်လုပ်ပေးသည်။
``အဟွန်း...ရပါတယ်အကိုရယ်.
ညီမသူ့ရဲ့သတင်းထူးကို နားထောင်ချင်သေးတယ်..နော်အကို..``
ချွဲနွဲ့ကာ ပြောဆိုနေသည့် မြခွန်းသာကို ဘီလီခွန်းမနှစ်သက်ပေမဲ့ ကြိတ်မှိတ်ခံနေသည်။
``သခင်မက သတင်းထူးနားထောင်ချင်တော့လဲ ကျွန်တော်လိုက်လျောပေးရမှာပေါ့..
ဟိုကောင် မင်းဆီက ဘာသတင်းထူးသယ်လာလဲ..သခင်မကြီးကို ရိုရိုသေသေပြော သတင်းထူးမဟုတ်လို့ကတော့ မိုးကြိုးဓားမှာ မင်းလည်ပင်းသွေးသုတ်ပေးရလိမ့်မယ်...``
``ဟုတ်..ဟုတ်ကဲ့ပါ...
ကျွန်တော် ရွာထဲ ကင်းလှည့်နေချိန် Demon Kingဓားပြအဖွဲ့က အနက်ရောင်ဝတ်စုံတွေနဲ့ ရွာတစ်ပတ်ပတ်နေပါတယ် ။ သေချာတာကတော့ သူတို့သခင်ကြီး မသေသေးဘူးလို့ ကျွန်တော် ယူဆမိပါတယ်...``
``.......``
``ဒါပဲလားဟင်...``
``ဟုတ်..ဟုတ်ကဲ့ပါ သခင်မကြီး``
အသတ်ခံရမည်စိုးသောကြောင့် တုန်တုန်ယင်ယင်ဖြင့် ပြောနေသည့် သူရှေ့ကို မြခွန်းသာသည် ရွေတုံးတစ်တုံးပစ်ချလိုက်၏။ထိုရွေတုကိုမြင်သော် ကင်းစောင့်သမာသည် မျက်ဝန်းထဲ လက်လက်ထကာ လေးဖက်ထောက်လျက် ထိုရွေတုံးကို ခွများအစာမြင်ရင် ဟပ်သလို အပြေးသွားယူလိုက်၏
``ဟာ....ကျေး...ကျေးဇူးတင်ပါတယ်သခင်မ သခင်မကြီးကျန်းမာပါစေ...အသက်ရာကျော် နေနိုင်ပါစေ...``
မြခွန်းသာ ခြေဖဝါးကိုကိုင်ကာ ကန်တော့နေသောထိုလူကို မြခွန်းသာက ကျေနပ်နေသောအပြုံးဖြင့် ပြုံးကာ ကြည့်နေ၏..။
``ကဲပါလေ...သွားတော့ဟုတ်ပြီလား...``
``ဟုတ်ကဲ့ပါ..ကျေးဇူးကြီးလှပါတယ်..``
ထိုလူထွက်သွားသည်နှင့် မြခွန်းသာ အိမ်တော်ကိုစောင့်ရှောက်နေသည့် စစ်သူကြီးက မြခွန်းသာကို ကြည့်လေသော် မြခွန်းသာ ခေါင်းငြိမ့်ပြသည်ကို တွေ့၍ ထိုအိမ်မှ သတင်းလာပေးသော လူမထွက်သွားခင် စစ်သူကြီးသည် ထိုသတင်းပေးသူ၏ လည်ပင်းကို ဓားဖြင့် ခုတ်ချလိုက်သည်။
ထိုသတင်းပေးသည် အော်သံမထွက်ခင်မှာပင် အသက်ထွက်သွားခဲ့သည်။
``ဟားဟားဟား...
ဟားဟားဟား..
တို့စစ်သူကြီးအရမ်းတော်တာပဲ..
သိပ်တော်တယ်...ပေး အဲ့ရွေတုံး..သူ့လိုသတင်းပေးကို ဘာကြောင့်များ ငါ့ရွေတုံးပေးရမှာလဲ အနူလက်နဲ့ ရွေခွက်နဲ့က ဘယ်တော့မှ ထိုက်တန်မယ့်အရာတွေမဟုတ်ဘူး....``
ဟားဟားဟား...
မြခွန်းသာရယ်နေပုံကို ဘီလီခွန်းကြည့်လျက် မနှစ်မြို့သည့်ဟန်ဖြင့် ပြုံးပြရင်း သွေးတွေထွက်ကာ ဆန့်တငင်ငင်ဖြစ်နေသော သတင်းပေးကို အလိုလို သနားနေမိသည်။
📖 📝
ကလင်.....📲
``Hello....|`
``မိုးဇွန် မနက်ဖြန် ရှယ်ယာရှင်အစည်းအဝေးပွဲရှိတယ်နော် မင်းသိသေးရဲ့လား``
``ဟုတ်ကဲ့ သိပါတယ် သခင်မကြီး``
``ဒါဆို ဘယ်မလဲ မင်းသခင်..
သူရောက်မလာရင်တော့ ကုမ္မဏီ စည်းကမ်းအတိုင်း သွားရမယ်ဆိုတာ သိတယ်ဟုတ်...``
``ကျွန်တော်နားလည်ပါတယ် မနက်ဖြန်သခင်လာမှာပါ...
ကုမ္မဏီကို မသာမာတဲ့လူတွေထဲ မရောက်စေရဘူးလို့ သခင်ပြောထားပါတယ်...``
``ဘာ!...မင်း..မင်း...``
``သခင်က ပြောတဲ့အတိုင်း လုပ်တက်တယ်ဆိုတာ သခင်မကြီးသိပါတယ်...
ဒါဆို..ပြောစရာမရှိရင် ကျွန်တော် ဖုန်းချလိုက်တော့မယ်..``
မိုးဇွန် ဖုန်းချပြီးနောက် ဖုန်းထဲတွင်လေယဉ်လက်မှတ်ကို ကြိုတင်ဘိုကင်လုပ်ထားသည်များကို ကြည့်၍ သက်ပြင်းချလိုက်သည်။
``သခင်ကြီးရေ.....ကျွန်တော်တို့ရဲ့ မျှော်လင့်ချက် ရေစုန်မျှောအောင် မလုပ်ပါစေနဲ့လို့ ဆုတောင်းပါရစေဗျာ...``
🙂~~~~🙂
အိမ်တစ်အိမ်လုံး ကြွေတစ်ယောက် သန့်ရှင်းရေးလုပ်ပြီးလို့ ဖက်ဖက်ကို မောနေလေပြီ။ အမောတကောဖြင့်
ဧည့်ခန်းရှိ ခုံပေါ်မှာထိုင်ရင်းအမောဖြေကာ အိမ်ပေါ်သို့ အဝတ်ဗလာဖြင့်တက်လာသော ထနှောင်းကိုမြင်ပြီး ပူထူသွား၏။
ထနှောင်းကတော့ ကြွေ့ကိုမမြင် သူ၏အနာကိုလက်ဖြင့် တို့ခနဲ ဆိတ်ခနဲလုပ်နေသည်။
(ဗုဒ္ဓေါ....ငါခုဏက အဲ့ခန္ဓာကိုယ်ကြီးကို ကိုင်နေတာလား အမလေး ကြက်သီးထလိုက်တာ..)
ဗမာလူမျိုးဖြစ်သည်ကိုပြောစရာမလို အသားအရည်ကရွေဝါရောင်တောက်ပကာ ဝမ်းဗိုက်မှာ six-packရှိနေသဖြင့် လုံးဝကို smartကျသည့် bodyကြောင့် ကြွေမှင်သက်ခဲ့သည်။
``ထနှောင်း!...ဒီလိုကြီးမနေနဲ့လေ
အကျီအမြန်သွားဝတ် ဖျားနေမယ်...``
ကြွေ့ခေါ်သံကြောင့် ခေါင်းမော့လာကာ အဝတ်ဗလာဖြင့် ကြွေ့ဆီသို့ ထနှောင်းပြေးလာခဲ့သည်။
``မမ...ဒီမှာကြည့်ပါဦး ကျွန်တော့်အသားကလေ...``
``သွားသွား..မကြည့်ဘူး အကျီသွားဝတ် ပြီးမှဆေးထည့်ရင်းကြည့်မယ်``
``ဗျာ..
အော်...ဟုတ် ဟုတ်...``
ရှက်ရှက်နှင့် ကြွေ့ခမျာ ထနှောင်းကို သူမရှေ့ကထွက်သွားရန် နှင်ထုတ်လိုက်ရသည် မနှင်ထုတ်၍လဲမရပေ ။ အပေါ်ပိုင်း အကျီမပါဗလာပေါ်မှာ ယေကျာ်းဆန်နေမှုကြီးက အပြင်းအထန်ပေါ်လွင်နေသည်။ ငွေမှင်ရောင် ရေပေါက်လေးများကလဲ အကြောက်အလန့်မရှိ တင်းမာနေသည့် six pack တွဲလောင်းခိုလျက်...။
(မမဘာဖြစ်သွားတာလဲ နေရင်းထိုင်ရင်း မျက်နှာတွေလဲနီရဲလို့ မမဖျားနေတာများလား )
ကြွေနှင်ထုတ်လိုက်သည်ကို တလွဲတွေးကာ ဖျားနေသည်ထင်၍ သူ့ကိုကူးမည်မည် စိုးသောကြောင့် အဝေးသို့ပို့သည်ဟု ထင်နေသည်။အိမ်နောက်ဖေးမှ အကျီဝတ်ဖို့မေ့ကာ ထနှောင်းသည် ပြေးထွက်လာပြီး ဧည့်ခန်းရှိ ကြွေ့အနားမှာ ထိုင်လိုက်၍ ကြွေ့နှဖူးကိုစမ်းလိုက်သည်။ စမ်းလိုက်သော ထနှောင်းလက်သည် ရေစိုနေ၍ အေးစက်နေသည်။ ထိုအေးစက်နေမှုကြီးကို ခံစားလိုက်ရသည့်ကြွေမှာ အသွေးအသားထဲကပင် တုန်ခါသွားပြီး ကြက်သီးမွှေးညင်းများ ဖြန်းခနဲထလာကာ မျက်နှာတွင်ရှိသော ပအို့ကလေးမှာ ခုဏကထက် ပို၍ ရဲတွတ်လာပါတော့သည်။
``ဟဲ့....လန့်..လန့်လိုက်တာ ထနှောင်းရယ် ဘာဖြစ်တာလဲ..``
``မမ..အယ်..မမဖျားနေတာတော့မဟုတ်ဘူးမလား..``
``မ..မဟုတ်ပါဘူး မင်းအကျီ..မဝတ်...``
``မမ မဖျားဘူးဆို ဘာလို့ မျက်နှာနီနေတာလဲ ခုဏက ပင်ပန်းသွားလို့များလား..``
ထနှောင်းမေးမှ ကြွေအရှက် ပိုသည်းလာခဲ့သည်။ သူမ မျက်နှာကို လက်နှစ်ဖက်ဖြင့် ကွယ်ထားပြီးခေါင်းကို ငုံချလိုက်သည်။
``မမ မဖျားပါဘူးဆို သွား... မင်းအကျီလဲမဝတ်ထားဘူး သွားတော့
တခြားသူတွေမြင်ရင် ဘယ်နှယ့်လုပ်မလဲ...``
ကြွေသည် ထနှောင်းရှေ့တည့်တည့် ထိုင်နေရာမှ ဘေးစောင်းလိုက်ပြီး မျက်နှာကို လက်ဖြင့်ကွယ်လိုက်သောကြောင့် ထနှောင်း သဘောပေါက်သွားခဲ့သည်။
``ဘယ်သူမြင်မလဲ မြင်ပါစေပေါ့
ပိုတောင်ကောင်းသေး ကြော်ငြာစရာမလိုတော့ဘူး..``
``ဟဲ့...မင်း..မင်းစကားက ဘယ်တွေ ရောက်သွားလဲဆိုတာ မသိဘူးလား``
တင်းမာနေသည့် ထနှောင်းလက်မောင်း ကြွက်သားကြီးတွေကို ထုရိုတ်နေသည့် ကြွေ့လက်ကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက် ထနှောင်းသည် ညို့ဓာတ်ပြင်းကာ ဆွဲဆောင်နိုင်လွန်းသည့် အကြည့်ဖြင့် ကြွေ့ကိုကြည့်လျက် နှစ်ဦးသား နဂိုထက်ပို၍နီးကပ်လာခဲ့သည်။
တိတ်ဆိတ်လွန်းသည့် အခန်းကျဉ်းထဲ နာရီလက်တံလည်နေသည့်အသံနှင့် အသက်ပြင်းပြင်းရှုနေသည့် ကြွေ့အသက်ရှုသံမှလွဲ၍ တခြား မည်သည့်အသံမှ မကြားရတော့ချေ..။
တစ်ဦးနှင့်တစ်ဦး နီးကပ်လာတိုင်း ကြွေ့မျက်ဝန်းမှာ အလိုလျောက် မှိတ်သွားပြီး ထနှောင်း၏အနမ်းကို မသိစိတ်က လက်ခံလိုက်သည် ။ ထနှောင်းသည်လည်း ကြွေနှိုင်းခ၏ အချက်ပေးကောင်းမှုကြောင့် ဖူးငုံကာ ဆေးမဆိုးပဲ ပန်းရောင်သန်းနေသည့် နူတ်ခမ်းပါးလေးကို အလိုရမ္မက်ပြင်းထန်ကာ အချစ်စိတ်တို့ကြွလာသဖြင့် ဖြစ်ချင်ရာဖြစ် မျက်လုံးစုံမှိတ်ပြီး နမ်းရှိုက်လိုက်သည်။
လျှပ်တပြပ်ဖြစ်ပေါ်လာသော ရင်ခုန်သံနှင့် အမှတ်မထင်ဖြစ်ပေါ်လာသော အနမ်းတို့သည် အသွေးအသားတို့နှင့် ဖွဲ့စည်းထားသော ပုထုဇဉ်တို့အတွက် ရှောင်လွဲ၍ မရနိုင်...။
အနမ်းတို့သည် အချိန် ကြာမြင့်လေသည်နှင့်အမျှ
ရမ္မက်အဖြစ်သို့ ပြောင်းလဲခဲ့သည်။
ချစ်သောသူနှင့် အနမ်းခြွေနေခိုက် ထနှောင်းခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဟော်မုန်းအနံ့တို့မှာ ကြွေနှိုင်းခ၏ အသိစိတ်ကို ပြန်လည်နှိုးထရန် ခွင့်ပြုလိုက်သလို အနမ်းမိုးများလဲ ရပ်တန့်စေခဲ့သည်။ ထနှောင်းကိုကြည့်လေသော် အဝတ်ဗလာဖြင့် ခန္ဓာကိုယ်မှ ချွေသံတရွဲရွဲ ဖြစ်နေသည်..။
ကြွေသည်ကိုယ့်ကိုယ်ကိုမုန်းမိနေ၏ ။ ကြွေနှင့် ထနှောင်းတို့ကြားမှာ ခြားထားတဲ့ အဖြူရောင်စည်းကို သူမကိုယ်တိုင် အရောင်ဆိုးမိစေသည်။
``S...sorry.. မမကိုခွင့်လွတ်ပါ..``
ထထွက်သွားသည့် ကြွေ့လက်ကို ထနှောင်းက ဆွဲထားလိုက်ပြီး ကြွေ့၏ လက်ကောက်ဝတ်ပေါ်က အကြောစိမ်းမျှင်မျှင်လေးတွေထင်းနေသည့် နေရာပေါ်သို့ ဖွဖွလေး အနမ်းတစ်ပွင့် ခြွေလိုက်သည်။
``ဘာဖြစ်လို့လဲမမ...ကျွန်တော်တို့အဆင်ပြေနေတာပဲဟာ...``
``တောင်းပန်ပါတယ်..
မမ..မမမှာ ချစ်သူရှိတယ်..ဒါကြောင့်...``
ကြွေ့စကားတို့မှာ ထနှောင်း၏အနမ်းကို သစ္စာဖောက်သလို ခံစားရ၍ ဒေါသစိတ် အနည်းငယ် ဖြစ်လာခဲ့သည်။
``ဘာချစ်သူလဲဗျာ....မမသူ့ကို မချစ်ဘူးမလား..
နောက်ပြီး ဘယ်လိုချစ်သူက နယ်ဝေးမှာ ရောက်နေတဲ့ချစ်သူကို ဖုန်းတစ်ခါတောင်မဆက်ဘဲ လာတော့လဲ တစ်ညတောင် အတူတူ မနေသွားတဲ့ဟာ...
ဒါသူလဲမမကိုမချစ်...``
``တော်တော့ ထနှောင်း တော်တော့..``
ထနှောင်းဆွဲထားသော သူမလက်ကို အတင်း ဖြုတ်လိုက်ပြီး အော်ငေါက်လိုက်သည်။ သို့ပေမဲ့ ထနှောင်းစကားလုံးတွေက မရပ်တန့်ခဲ့ ၊ မက်တပ်ထရပ်ကာ ကြွေ့အနောက်ကနေ သူမခါးကိုသိုင်းဖက်ပြီး သူမ၏ပခုံးပေါ် ထနှောင်းမေးစေ့ တင်ထားလိုက်သည်။
``မတော်နိုင်ဘူးမမ...မမပြောပါ ကျွန်တော့်ကို ချစ်နေတယ်မလား ဟုတ်တယ်မလားဟင်...``
ထနှောင်းသည် ပြောလဲပြော ကြွေ့လည်တိုင်ကို အနမ်းကြွေလိုက်၏..။ ထိုသည်ကို ကြွေကမကြိုက် အတင်းရုန်းထွက်သည်။
``တော်တော့ဆို ထနှောင်း..မင်းလုပ်ရပ်က တရားလွန်လာပြီ..
နောက်ပြီး မင်းအနံ့...မင်းဆီကအနံ့ကို ငါမခံနိုင်ဘူး...``
``ဗျာ..!``
``ဟုတ်တယ်..မင်း...မင်း...
အာ..ထားလိုက်တော့
မင်းဘာမင်း ထမင်းစားလိုက်တော့...မမ မဆာတော့ဘူး..``
ထနှောင်းကိုတွန်းထုတ်ကာ အိပ်ခန်းထဲသို့ပြေးဝင်သွားသော ကြွေ့ကိုကြည့်ရင်း ထနှောင်း မျက်ဝန်းအိမ်မှ ပထမဆုံး မျက်ရည်ဝဲခဲ့ရသည်။
``ကျွန်တော်တကယ်ချစ်တာပါ
ကျွန်တော် တကယ်ချစ်တာပါမမရယ်...
ကျွန်တော်မမကို ခံစားချက်အစစ်အမှန်နဲ့ချစ်ခဲ့တာကို မမသိရင်ကောင်းမယ်ဗျာ...``
🌼~~~🌼~~~
``ဖြစ်ပါ့မလားသခင်မ...ထနှောင်းခ အသက်ရှင်နေတာမှန်ခဲ့ရင် ကျွန်တော့်တို့ရဲ့အသက်တွေ အိုးစားကွဲလိမ့်မယ်...``
``အဟွန့်..ဘာလဲ..
အကိုက ကြောက်နေတာလား..``
``ဘာဖြစ်ဖြစ်လေ အိပ်နေတဲ့ကျားကို သွားမနှိုးတာကောင်းပါလိမ့်မယ်``
``အဟားဟား....
အကိုကတော့လုပ်ပြီ...စကားပုံရှိတယ်လေ ကြားဖူးရဲ့လား
``ကျားဆရာကြောင်``တဲ့
ဘယ်သူ့အသက်ကို ဖက်နဲ့ထုပ်ပြီး ဘယ်သူက ဟားတိုက်ရယ်ရမလဲ ကြည့်ကြတာပေါ့ ...
ဖြစ်မလာသေးတဲ့အနာဂတ်ကိုတွေးကြောက်နေတဲ့ အထဲ မြခွန်းသာမပါဘူး..``
``ဟ!...သွားစမ်း``
ဟည်း.....🏇
ဘီလီခွန်းသည် မြင်းခွာသံနှင့်အတူ ကုက္ကိုကိုင်းရွာထဲသို့ စီးနင်းထွက်ခွာသွားသည့် မြခွန်းသာကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချမိသည်။
သူသည် ထနှောင်း၏လက်ရုံးရည်ကိုသိသည်။ ထို့ကြောင့် ကြောက်လန့်နေသည်မှာ အမှားတစ်ခုမဟုတ်ပေ။ သူ့အကိုတုန်းကလဲ စကားနားမထောင် မာန်မာနထောင်လွှားကာ မာနဟူသည့် အရာအတွက်နှင့် အသက်ကို စွန့်လွတ်ခဲ့ရပေသည်။မြခွန်းသာသည်လဲ သူ့အကိုလို ဖြစ်သွားခဲ့လျှင်လဲ သူ့အတွက် ကောင်းသည်ဟုတွေးကာ အပြုံးတစ်ချက် ပြုံးလိုက်ပြီး
မြခွန်းသာနောက်မှ မြင်းစီးကာ လိုက်ပါသွားခဲ့သည်။
🏇~~~🏇
အပိုင်း ( ၈ ) မျှော်...
ထနှောင်းတို့ကတော့ လုပ်ချလိုက်ပြီ..😁
မနက်ဖြန်ကြွေနှိုင်းခတို့ ထနှောင်းရှေ့ ဘယ်လိုမျက်နှာ ထွက်ပြရမလဲမသိတော့ဘူး...ညက နည်းနည်း လွန်သွားကြတာကိုး.............