💓ကျွန်တော့်နှလုံးသား
မမထံဝပ်ဆင်း၍💓
ရန်ကုန်မြို့ကြီးသည် ယနေ့ နေသာနေသည်။ခြွေနှိုင်းခတို့အိမ်မှာလဲ ယနေ့ ရာသီဥတု ကောင်းနေ၏။အကြောင်းကား စင်ကာပူမှ ပြန်လာသော ခြွေနှိုင်းခ၏ မတ်ောရသေးသော ခဲအိုရောက်နေခြင်းကြောင့် ယခင် တိတ်ဆိတ်နေသည့် အိမ်သည် ယခု ဧည့်သာသောကြောင့် ရွင်လန်းစည်ပင် ရွန်းရွန်းဝေနေသည်။
``ကျွန်တော်သွားလိုက်ပါဦးမယ်
အန်ကယ်နဲ့အန်တီ..``
``အေးကွယ် ဂရုစိုက်ဦး
သမီးလေးဆီရောက်ရင် အန်တီတို့ကို နှစ်ရက်တစ်ခါ ဖုန်းဆက်ဖို့ပြောပေးဦးသားရေ...သားနှမက ဟိုရောက်ကတည်းက ဖုန်းမဆက်ဘူးကွဲ့..``
``ဟုတ်ကဲ့အန်တီ သားပြောလိုက်ပါ့မယ်.. ညီမလေးခြွေ ကိုကြီးသွားတော့မယ်``
``ဟုတ်ကဲ့ကိုကြီး
ညီမလေးရဲ့ပါဆယ်ထုတ်ကို မမဆီရောက်အောင်ပေးခဲ့နော်..``
``ဟုတ်ပါပြီဗျာ...
ကျွန်တော်သွားလိုက်ပါဦးမယ်``
အပြာရင့်ရောင်Mercedes
ကားသည် ကြွေနှိုင်းခ၏ နေအိမ်ခြံဝန်းထဲမှ ထွက်ခွာသွားရာ ချင်းပြည်နယ် ဟားခါးမြို့သို့ ရောက်လာခဲ့သည်။ ဟားခါးမြို့၏ရူမငြီးနိုင်သော သဘာဝအလှတရားများကို ငေးမောရင်း မြို့၏အစွန်ဆုံး ကုက္ကိုကိုင်းရွာဆီသို့ ရောက်ခဲ့ပါတော့သည်။
ရွာထဲရှိ ကလေးများကို ကြွေနှိုင်းခရှိလေမလားမေးကြည့်လေရာ `ဆရာမ မြို့ဈေးသွားသည်` ဟုသည့်စကားကြောင့် ဟားခါးမြို့ပေါ် ပြန်တက်လာခဲ့သည်။
ကြွေ၏အမှုအကျင့်အရ ဈေးထဲသို့ မသွားနိုင်ကြောင်းသိ၍ centerထဲသို့သာဝင်ခဲ့ပြီး လှည့်ပတ်ရှာလေရာ စူးရှသောအသံတစ်ခုကြောင့် ထိုနေရာသို့ တစိုက်မတ်မတ်ရောက်လာခဲ့ပါသည်။
အော်သံကြားရာနေရာသို့ရောက်သော် ယေကျာ်းတစ်ယောက်နှင့်စကားများနေသော စွာတေးလန်မလေးကြွေ့ကိုတွေ့လိုက်ရပါသည်။ သူမအံအားသင့်အောင် သူမ မသိလိုက်ချိန်တွင် သူမခန္ဓာကိုယ်ကို တစ်ပတ်လည် လှည့်လိုက်၍ ထိုလူ၏ရင်ခွင်ထဲသို့ထည့်ကာ ထွေးပွေ့ထားလိုက်၏..။
``အမေ့..``
``ဟေ့ကောင် မင်းမမကို လွတ်လိုက်စမ်း.. လွတ်လိုက်စမ်းလို့..``
``ဟင်..ကိုကို..``
ကြွေ့နူတ်ခမ်းလေးသည် ထိုလူ၏ရင်ခွင်ဆီသို့ မမျှော်လင့်ဘဲ အကြင်နာတစ်ပွင့် ပေးလိုက်မိသည် ။ ထိုလူမှာ တစ်ခြားမဟုတ် ကြွေ ချစ်ရပါသော ချစ်သူ ကိုကိုပါ...။
``ဟေ့ကောင်
ငါဆွဲထိုးမိတော့မယ်နော်..``
``နေ..နေပါဦး ညီကိုရယ် အေးဆေးပေါ့..
ဒီမှာဖက်လို့ ကောင်းတုန်းရှိသေး ကံယကံရှင်တောင်ဘာမှမပြောဘဲ..နော့်...``
အံတကြိတ်ကြိတ်ဖြင့် လက်သီးလက်မောင်းတန်းကာ ထိုးမယ့်ဟန်ပြင်နေသော ထနှောင်းကိုကြည့်ကာ ထိုလူသည် ကြွေ့ကိုတင်းကျပ်စွာဖက်ထားပြီး မခံချင်အောင်ထပ်ကာ စပါသေးသည်..။
``ကိုကိုရယ်
ထနှောင်းကို ထပ်မစပါနဲ့တော့ ကလေးခမျာ သနားပါတယ်..``
ကြွေသည် ထနှောင်းကိုစနောက်နေသော ထိုလူ၏ရင်ခွင်ကို သူမ၏လက်သီးသေးသေးလေးဖြင့် ညင်သာစွာထုလိုက်သည်။
``ဟားဟားဟား ဟုတ်ပါပြီဗျာ..
sorryညီကို ``
``ထနှောင်းဒေါသပြေတော့နော် ဒီလူက တအား အနောက်သန်တာ ..
ခစ်ခစ်...``
အပြစ်ကင်းစင်စွာပြုံးနေသော မမကိုကြည့်ရင်း ထနှောင်း ရင်ခုန်လာပါသည် ။ တရစပ်ထဲ ထိုအမည်မသိသောလူ၏ လက်ကို ကြွေချိတ်ထားသောကြောင့် ထိုလူကိုတဖန် ဒေါသထွက်လာပါသည်။
( ဒီလူက ဘယ်သူများလဲ..ငါသိနေတယ်လို့ ခံစားမိနေတယ်...)
`` ထနှောင်း မမမိတ်ဆက်ပေးမယ်.. သူက မမပြောပြောနေတဲ့ မမချစ်သူ နောင်တခမ်းတဲ့..
ဒက်ဗက်လျှူလို့လဲခေါ်ကြတယ် စင်ကာပူမှာ ရေမွှေးကုမ္မဏီတည်ထောင်ထားတာလေ...
မမကြောင့်သာ ရန်ကုန်ရောက်လာတာပေါ့...ခစ်ခစ်... ပင်ပန်းနေပြီလားဟင် ကိုကို..``
`` မပင်ပန်းပါဘူးဗျာ..ကိုယ့်ချစ်သူရှိရာအရပ်ဆီကို လာရတော့ လမ်းခရီးတွေက ဖြောင့်ဖြူးနေလိုက်တာမှဗျာ..လွန်ရော..``
`` အို...ခစ်ခစ်...
ကိုကိုက သိပ်အပိုပြောတာပဲ..``
ထနှောင်းသည် ကြွေမိတ်ဆက်ပေးသည် နောင်တခမ်းကို မှတ်မိသွားသည်။ စီးပွားပြိုင်ဘက်လဲဖြစ် မဟာရန်သူပြိုင်ဖက်လဲဖြစ်သည့် နောင်တခမ်းကို မေ့ခဲ့လျှင်မှု ထနှောင်းခရာဇဝင် ရိုင်းသွားပေလိမ့်မည်။
(ဒက်ဗက်လျှူ
အော်...ဒက်ဗက်လျှူ
မင်းကဒီရောက်နေတာပဲ.. ဘယ်လောက်ပဲ ကွယ်ဝှက်ထားပါစေ ထနှောင်းခရှေ့ရောင်ရင်တော့ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့တော့ ဗူးပေါ်သလို ပေါ်မှာပဲ..
အဟက်...ဒက်ဗက်လျှူရေ...
မင်းကတော့ ကျားရှေ့မှောက်ယက်လဲတာပဲ...)
``အဟားဟား...``
``အယ်...ဘာရယ်တာလဲ ထနှောင်းလေး..``
``မဟုတ်ပါဘူး...မမ
တွေ့ရတာဝမ်းသာပါတယ်
ကိုနောင်တ..``
ထနှောင်းသည် ဒက်ဗက်လျှူကို ဖြူစင်မှုကင်းမဲ့သည့်အပြုံးဖြင့် ပြုံးကာ လက်ဆွဲနူတ်ဆက်သည်။နောင်တခမ်းကတော့ ထနှောင်းကို ခုထက်ထိ မသိသေးချေ....။
``ထပ်တူပါပဲဗျာ..
အကိုမရှိတဲ့အချိန် ကြွေ့ကိုစောင့်ရှောက်ပေးလို့ကျေးဇူးပါဗျာ..``
``အာ..
ဒါတွေက ပြောစရာမလိုပါဘူး အကိုရှိရှိမရှိရှိ စောင့်ရှောက်ပေးရမယ့်တာဝန်က ကျွန်တော့်မှာ အပြည့်ရှိပါတယ်....``
(မင်းရဲ့နာမည်အရင်းက နောင်တခမ်းတဲ့လား
အဟက် မပူနဲ့ဒက်ဗလျှူ
မင်းနာမည်နဲ့လိုက်အောင်
ငါလုပ်ပြမယ်..
ဘယ်သောခါမှ ငါ့ကိုမနိုင်ဖူးသလိုဘဲ.. မင်း မမကိုလဲ ဘယ်တော့မှ
မပိုင်ဆိုင်စေရဘူး
မမက ငါ့အတွက်ဘဲ..)
``ဘာပြောလိုက်တာလဲညီကို..``
``အော်..
မမကိုကျွန်တော့်က စောင့်ရှောက်ပေးရမယ့် တာဝန်အပြည့်ရှိတယ်လို့ပြောတာပါ.. အကို ရှိရှိမရှိရှိလေ..အဲ့ဒါပြောတာ..
နားမလည်ပြန်ဘူးလား..
ထပ်ပြောပြရမလား...``
ထနှောင်းနှင့် ခမ်းသည် အခုမှစတွေ့သည် အခုပဲ မျက်လုံးချင်းစီးချင်းထိုးနေကြပြီ...။
``ကဲ..ထားပါလာ..
အိမ်ပြန်ကြရအောင်
အိမ်ရောက်မှ ကိုကိုခမ်းအတွက်
စပါယ်ရှယ်ဟင်းလျာမျိုးစုံချက်ကျွေးမယ်...
ကိုကိုခမ်းနော် သိပ်ဆိုးတယ် ရောက်လာမယ်ဆိုကြိုမပြောဘူး သဲက ကိုကိုခမ်းအတွက် အစားအသောက်တွေ ပြင်ဆင်ထားချင်တာပေါ့...``
ကြွေသည် ခမ်းလက်မောင်ကိုဖက်တွယ်ရင်း ကလေးတစ်ယောက်လို နွဲ့ဆိုးဆိုးနေသည် ။ ခမ်းသည် ထနှောင်းကို အလိုမကျပေမဲ့ ချစ်သူကြွေ၏ ချစ်စရာအမှုအရာအောက်မှာ မျှောလွှင့်ကာ ကြွေ့မေးစေ့လေးကို ကိုင်ရင်း ချစ်ခွန်းတွေ ဖွဲ့သီနေ၏..။
``ကိုကိုက သဲကို အံဩသွားစေချင်လို့ပေါ့..
လာမယ်ဆိုတာ ကြိုပြောမှတော့ surpriseဘယ်ဖြစ်တော့လဲ...
ကိုကို့ရဲ့ သဲလေးက မတွေ့ရတာကြာတော့ ပိုလှလာတယ်..နှင်းဆီဖြူလေးတောင် သဲအလှကြောင့် မှေးမှိန်သွားရပြီ...``
``ခစ်ခစ်..ဟုတ်ပါပြီရှင်..
အဲ့လိုစကားတွေနဲ့ပဲ ချုပ်ကိုင်နေသိလား...ဟွန့်..သဲမှာ ကိုကို့ကို ချစ်လွန်းလို့ အရည်ပျော်ကျမတက်ဘဲ...``
``ဟားဟား..ဟုတ်ပါပြီဗျာ..``
အချစ်ရနံတွေ သင်းနေသော ကြွေတို့နှစ်ဦးသားကို ကြည့်ရင်း ထနှောင်း ဒေါသစိတ်အနည်းငယ် ဖြစ်လာခဲ့သည်။
လက်သီးကို ကျစ်နေအောင်စုတ်ပြီး ခန္တီတရားနှင့် ရွာထဲသို့ ရောက်လာခဲ့၏။
ကြွေသည် အိမ်သို့ရောက်သည်နှင့် ဈေးကဝယ်လာသော ကုန်စိမ်းများနှင့် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေပြီ...။
`` ကြွေ..ကိုကိုဘာကူညီပေးရမလဲ``
``ဘာမှလုပ်စရာမရှိပါဘူး
ထိုင်နေလေကိုကို ဗိုက်ဆာနေပြီလားဟင်..``
``မဆာပါဘူး ကြွေတစ်ယောက်ထဲ လုပ်နေရတော့ ကိုကိုမကြည့်ရက်လို့ပါ..``
``အို...မကြည့်ရက်လဲကြည့်ပေါ့ တစ်ခါတစ်လေမှ တွေ့ရတဲ့ကိုယ့်ချစ်သူကို ကြွေကိုယ်တိုင်ချက်တဲ့ အိမ်ထမင်းဟင်းကျွေးချင်လို့ပါ..
သွားထိုင်နေ...လိမ္မာတယ်သွားသွား...``
ငါးအစိမ်းကို သန့်ရှင်းနေသော ကြွေသည် ခမ်းကို မီးဖိုချောင်မှအတင်းနှင်ထုတ်လိုက်သည်။
ခမ်းသည် အိမ်၏ပတ်ဝန်းကျင်ကိုသေသေချာချာကြည့်ရင်း ဘုရားကျောင်းဆောင်အောက်မှာ ပမာမခန့်ဒူးထောင်ပေါင်ကား ထိုင်ပြီး စာကြည့်နေသည့် ထနှောင်းကိုကြည့်ရင်း မျက်မှောင်ကျုတ်လိုက်၏..။
``ညီလေး...မင်းကဘယ်ကလဲ``
``.....``
``ကျောင်းပြီးပြီလား...``
``.....``
``ဘာအလုပ်လုပ်တာလဲ...``
``......``
``ဟေ့..ဒီသောက်ကလေး..
လူကြီးကမေးရင် ပြန်ဖြေရတယ်ကွ...နားမလည်ဘူးလား
ဘယ်လိုကောင်မှန်းမသိဘူး``
ခမ်းသည် သူ၏စကားကို အဖတ်မလုပ်သောကြောင့် စိတ်တိုလာကာ
ထနှောင်းအရှေ့မှာ ထိုင်ရင်းအော်ငေါက်လိုက်သည်...
``ဒီမှာ စာဖတ်နေတယ်လေ..
ယဉ်ကျေးမှုမရှိတဲ့ မသိတဲ့လူပဲ..``
``ဘာကွ...``
ဘုန်း...!
ဒေါသတကြီးဖြင့် အော်လိုက်သည့် ခမ်းကို ထနှောင်းသည် ဖတ်နေသည့်စာအုပ်ကို ဘေးဘက်ရှိ စားပွဲခုံပေါ်သို့ ဘုန်းခနဲ အသံမြည်အောင် ရိုတ်ချလိုက်သည်။
``ခင်များ ဘာဖြစ်ချင်နေတာလဲ..``
``ဟ!..
အဲ့စကားက ငါပြောရမှကွ..
မင်းအသက်က ငါ့လက်မလောက်တောင်မရှိသေးဘူး လူကြီးကို ပမာမခန့်နဲ့...``
``ဘယ်သူကလူကြီးလဲ ဒီနေရာမှာ လူကြီးရှိလို့လား..ရွယ်တူတွေပါပဲဗျာ...သိပ်ကဗျာဆန်မချင်ပါနဲ့...``
ထနှောင်းသည် ဘေးနှစ်ဖက်ခွဲထားသည့် ဆံပင်ကို လက်ချောင်းသွယ်သွယ်လေးဖြင့် ထိုးဖွပြီး နံရံသို့မှီကာ စမတ်ကျကျထိုင်ကာ ခမ်းကိုစူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။ တစ်ခွန်းမခံပြန်ပြောနေသည့် ထနှောင်းကို ခမ်းသိပ်မကြည်တော့ပါ...``
``မင်းကဘယ်သူလဲ..
မင်းမျက်နှာဖုံးနောက်မှာ အရိပ်မည်းရှိနေတာ ငါသိတယ်...
မင်းကြွေ့ဆီက ဘာလိုချင်နေတာလဲ....``
ထနှောင်းသည် မှေးထားသော မျက်လုံးကို အနည်းငယ်ဖွင့်ကာ အသက်မဲ့နေသော မျက်နှာထားဖြင့် ခမ်းမျက်နှာ ရှေ့တည့်တည့်သို့တိုးကပ်ပြီး...
``အချစ်...``
``ဘာ!...``
``ခင်များ မမဆီက အချစ်ကို ဘယ်လိုရယူခဲ့လဲလို့မေးတာ``
``မင်းဘာလုပ်မလို့လဲ..``
`` သိချင်လို့.``
`` မပြောဘူးကွာ..``
`` ဒါဆို ခင်များက ဘာလုပ်စေချင်တာလဲ...``
``ငါလုပ်စေချင်တာပြောရင် မင်းကလုပ်ပေးမလို့လား...``
``ခင်များက ကျွန်တော့်အဖေလား...``
``မင်း....မင်း....``
``အဟက်...``
သူတပြန် ကိုယ်တစ်ပြန် စကားစစ်ထိုးရင်း ခမ်းအနည်းငယ်ရှုံးသွားသည့်အတွက် ထနှောင်းသည် ခနဲ့သလို ရယ်လိုက်ပြီး နူတ်ခမ်းမှာ အပြုံးတစ်ဝက်သာပြုံးကာ မတ်တပ်ထရပ်လိုက်သည်။ ပြီးမှ ထိုင်နေသည့် ခမ်းအရှေ့ကို ထနှောင်းသည် ခါးကုန်းကာ ခမ်းနားသို့ တိုးကပ်လိုက်သည်။
``ခုဏက မမနားကို ခင်များသွားလို့မရဘူးမလား...
ဘယ်ရမလဲ..မမစိတ်အရင်းခံထဲမှာ ခင်များမှမရှိဘဲ... ကြည့်နေ..မမစိတ်ထဲ ဘယ်သူရှိလဲ လုပ်ပြမယ်..``
တိုးညင်းစွာပြောပြီး ခါးကိုပြန်မတ်လိုက်သည်။
`` မမရေ...ကျွန်တော်ဘာလုပ်ပေးရမလဲ..``
`` အားလားထနှောင်းလေး...ဒါဆို မမအနား လာပါဦးကွယ်..``
`` အဟ!.. လာပြီမမရေ...ကျွန်တော် မမအနားကို ရောက်အောင်လာပြီ..``
ထနှောင်းသည် ခမ်းကိုမျက်လုံးတစ်ဖက်မှိတ်ပြကာ ဆံပင်ကိုသပ်တင်ပြီး မီးဖိုချောင်ထဲသို့ စမတ်ကျကျ ဝင်သွားသည် ထနှောင်းကိုကြည့်ရင်း ခမ်းတစ်ယောက် ဒေါကန်နေ၏..။
``မမ...
အော်..မမရယ် မီးမွေးနေတာလား၊ အသားစိမ်းတွေကိုဆေးပြီးပြီလား၊ အရွက်တွေကိုဆေးလိုက်ဦးလေ...
ပေး ကျွန်တော်က မီးမွေးလိုက်မယ်..``
မတောက်သည့်မီးကို မွှေးနေသည့် ကြွေ့ကိုကြည့်ရင်း ထနှောင်းသည် သူကိုယ်တိုင် မီးမွှေးဖို့ ကြွေ့ဆီက လုယက်လိုက်သည်။
``အေးဟယ်...ကျေးဇူးပဲ
ဒါဆိုမမအသီးအရွက်တွေဆေးလိုက်မယ်...``
``အင်း....အေးဆေးလုပ်
ထမင်းလဲမချက်ရသေးဘူးမလား...မီးမွှေးပြီးတာနဲ့ ကျွန်တော် ထမင်းချက်လိုက်မယ်..``
``ဟိ..ငါ့မောင်လေးက တအားလိမ္မာတာပဲ...ဘယ်သူ့မောင်လေးပါလိမ့်...``
``ဘယ်သူ့မောင်လေးကမလဲ မမကြွေနှိုင်းခဆိုတဲ့ သိပ်ချစ်စရာကောင်းတဲ့ကြွေ ရဲ့မောင်လေးပဲပေါ့...``
``ခစ်ခစ်ခစ် ဟုတ်ပါပြီသတဲ့ရှင်...``
ပျော်ရွင်ရယ်မောနေသည် ဇိုင်းနှင့်ကြွေ့ကို အနောက်မှ သဝန်တိုစွာ စိတ်အမှောင်ကျကာ ကြည့်နေသည့် သူမှာ နောင်တခမ်းသာဖြစ်သည်။
ခွပ်...ခွပ်..ခွပ်....ဟည်း.....
(မြင်းအော်သံ)
``ဟာ...ရွာထဲကိုမြင်းတွေနဲ့လူတစ်စုဝင်လာပါလား...ဘာတွေလဲဟ``
``ကိုနောင်တ အဲ့ဒါဓားပြတွေ...ဝပ်နေ ဝပ်နေ..``
ထနှောင်းစကားကြောင့် ခမ်းသည် မတ်တပ်ရပ်နေရာမှ မှောက်လျက်ဝပ်တွားလိုက်သည်။ ထိုသည်ကို ထနှောင်းကကြည့်၍ ရယ်ကာ မတ်တပ်ထရပ်လိုက်သည်။
``ဟေ့...ထနှောင်းဘာထရပ်လုပ်တာလဲ ထစမ်း..အသက်ပါချင်လို့လားဟမ်...``
မြေကြီးသို့ ဝပ်တွားနေသည့် ကြွေသည် စိတ်ပူ၍ ထနှောင်းလက်ကိုကိုင်ကာ ဆွဲချနေသည်။
``ကျွန်တော် ရွာထဲသွားကြည့်မလို့မမ|`
``ဟဲ့..ဒီကလေး သေချင်နေတယ် အချိန်အခါကြည့်ဦး ဒါကရွာဘုရားပွဲလှည့်နေတာမဟုတ်ဘူးဟဲ့..``
``ဟုတ်တယ် ဟျောင့် မင်းအမစကားနားထောင် ထိုင်နေစမ်းပါ..``
ထနှောင်းသည် ခမ်းစကားကို ကြားပေမဲ့ မကြားချင်ယောင်ဆောင်ကာ ကြွေ့လက်ကို ညင်သာစွာကိုင်၍ ဖယ်လိုက်သည်..
``ရပါတယ်မမရယ် ကျွန်တော်ဂရုစိုက်မှာပါ...
ကျွန်တော်က သိပ်စပ်စုတက်တာလေ မမသိတယ်မလား ၅မိနစ်ပဲ..၅မိနစ်ပြည့်သွားရင် ပြန်လာခဲ့မယ်..ဟုတ်ပြီလား``
ထနှောင်းသည် ပြောလဲပြော
ထိုနေရာမှ ထွက်လဲပြေးသွားသည်။
``ထနှောင်း...ထနှောင်း!...
ဟာ...ဒီကလေးကလဲလေ..
ကျစ်...``
``စိတ်မပူပါနဲ့ကြွေရယ် သူက ကလေးမဟုတ်တော့ပါဘူး
သူ့အန္တရယ် သူသိပါတယ်..``
သက်ပြင်းကို ဖွဖွလေးချကာ ချက်လက်စဟင်းကို ကြွေသည် ဆက်ချက်လျက် ထနှောင်းထွက်သွားသည့် တံခါးမဆီသို့ မျက်လုံးက ခဏခဏ ရောက်နေလေသည်
❤️•••••❤️
ထနှောင်းသည် မြင်းခွာသံနောက်သို့ လျင်မြန်သော ခြေလှမ်းများဖြင့် လိုက်ပါသွားသည်။ ထနှောင်းသည် ရွာသားတွေမမြင်အောင် မျက်ခြေဖျက်ခဲ့ပြီး ရွာအပြင် သချိုင်းကုန်းနားရောက်သော် မြင်းခွာသံမရပ်သေးပေမဲ့ ထနှောင်းခြေလှမ်းများ ရပ်တန့်သွားသည်...။
``ရပြီ..ရပြီ...
ဒီမှာ ဘယ်သူမှမရှိ ပြန်လာခဲ့...``
ထနှောင်း၏ အာဏာစက်သည် ထိုမြင်းစီးသူတွေအပေါ် အကျိုးသက်ရောက်သည်။
မြင်းစီးသူမှာ စုစုပေါင်း ၅ယောက်ရှိသည်။ အနက်ရောင်ဝမ်းဆက်ဖြင့် မျက်နှာဖုံးမှာ ကြောင်အမည်းပုံတပ်ထားပြီး ကျားသားရေကို ဝမ်းဗိုက်တွင်စည်းထား၏။
မြင်းစီးသူတွေသည် ထနှောင်းအရှေ့သို့ရောက်သော် မြင်းပေါ်မှာဆင်းကာ မျက်နှာဖုံးများကိုချွတ်လျက် ဒူးထောက်သည်။ ဘယ်လက်က ရက်ဘက်ပေါ်သို့ ကပ်ထားပြီး ညာလက်မှာ မြေကြီးပေါ်သို့ လက်ဝါးဖြန့်ကာ ချထားသည်။
``ဦးညွတ်ပါတယ် သခင်ကြီး...``
``ဦးညွတ်ပါတယ် သခင်ကြီး...``⁴
ရှေ့ဆုံးမှ မြင်းစီးသူက ထနှောင်းကိုနူတ်ဆက်ပြီးမှ အနောက်က မြင်းစီးသူ၄ယောက်က တပြိုက်နက်ထဲ ထနှောင်းကို နူတ်ဆက်သည်။
``အင်း... ဘာကိစ္စရှိလို့ ဒီလိုအရေးပေါ်အချက်ပေးသုံးရတာလဲ``
(ထနှောင်းကို လိုအပ်လာသည့်အခါတွင် မြင်းခွာသံကို ယခင်ကထက် ပိုမိုကျယ်လောင်စေ၍ မြင်းစီးသူတို့မှာ မည့်သည့်အသံမျှ မထွက်စေဘဲ မြင်းအော်သံသာ ကြားစေပြီး မြင်းစီးသူတို့ မျက်နှာဖုံးတွင် ကြောင်မည်းမျက်နှာဖုံးတပ်ခိုင်းပြီး ကျားသားရေကို ဝမ်းဗိုက်တွင် စည်းနှောင်ထားခြင်းသည် သူတို ထနှောင်းကို အလိုရှိကြောင်း အခေါ်တော်လွတ်သည့်အခါများတွင်သာ သုံးလေ့သုံးထရှိကြသည်)
``ကျွန်တော် ကုမ္မဏီကို ထိန်းနိုင်သလောက် ထိန်းထားပါတယ် သခင်ကြီး ...
ဒါပေမဲ့ formulaတွေကို သခင်ကြီးလောက်နားမလည်တော့ ဒီလအတွင်းအနည်းငယ် အခက်ကြုံနေရပါတယ် ...
နောက်ပြီး ဥက္ကဌနေရာမှာ သခင်ကြီးက တော်တော်ကြာကြာပျောက်နေလို့မကောင်းပါဘူး ။ သခင်မလေးကလဲ သခင်ကြီးမရှိတဲ့အချိန်မှာ မန်နေဂျင်းရာထူးကနေ ဒုဥက္ကဌနေရာကို jump promotionဆိုပြီး ရောက်သွားပါပြီ..ကျွန်တော်လဲ...``
``ဘာ....!
ဘယ်သူ့သဘောနဲ့လဲ ဒီကောင်မလေးက မြွေပွေးလိုအဆိပ်ရှိတဲ့လူဆိုတာ မသိလို့လား..ဟမ်...
ဘယ်သူ့သဘောနဲ့ သူ့ကို ဒုဥက္ကဌရာထူးပေးလိုက်ရတာလဲ...``
ထနှောင်း ဒေါသသည် သူ၏အသံနေရာတွင် ပေါ်လွင်သည် ။ ထနှောင်းအော်သံကြောင့် အနောက်က တပည့်တွေသည် ဒူးထောက်လျက် အနောက်သို့အနည်းငယ်ဆုတ်သွားသည်..။
``သခင်မကြီးသဘောထားပါ..
ကျွန်တော်တားနိုင်သလောက် တားပေမဲ့ ..
သခင်ကြီးက သခင်မကြီးအကြောင်းကို ကျွန်တော့်ထက် ပိုသိလိမ့်မယ်လို့ယုံကြည်ပါတယ်..``
တောက်စ်...!
``ကဲ..ထားတော့ရပြီ မင်းတို့လဲသွားတော့``
မိုးဇွန်သည် အရဲစွန့်၍ ထနှောင်းကိုမော့ကြည့်ကာ
``သခင်ကြီးကရော ``
``ငါ့ကိုမမစောင့်နေတယ်``
``ဒါပေမဲ့ ကျွန်တော်တို့လဲ သခင်ကြီးကိုစောင့်နေပါတယ်...
သခင်ကြီး ဒီတစ်ခါမလိုက်ခဲ့ရင် သခင်ကြီးရဲ့ရာထူးကို စွန့်လွတ်
ရပါလိမ့်မယ်...``
ထနှောင်းသည် မိုးဇွန်ကိုစူးရှသည့်မျက်ဝန်းများဖြင့် ကြည့်လေသော် မိုးဇွန်သည် အကြည့်ကိုမရုတ်ပဲ ထနှောင်းကို ကြည့်မြဲကြည့်နေဆဲ...။
``ကျွန်တော်က သခင်ကြီးကိုလေးစားပါတယ်..
အမြဲတမ်း သခင်ကြီးရဲ့ ရှေ့ရေးကိုပဲတွေးတောနေတာပါ...
ဒီတစ်ခါမလိုက်ခဲ့ရင် ဒီဓားနဲ့ ကျွန်တော် လည်ပင်းကို ဖြတ်ပြီးမှ သွားလိုရာသွာပါ...``
မိုးဇွန်သည်ကျောဘက်တွင်ချည်ထားသော ထနှောင်း၏ကျောက်စီဓားကို ဆွဲထုတ်ပြီး ထနှောင်းကိုပေးလိုက်၏။
ထိုအခါမှ ထနှောင်းသည် အနည်းငယ်စိတ်လျော့ကာ မိုးဇွန်လက်မောင်းနှစ်ဖက်ကို ကိုင်၍ မက်တပ်ရပ်ခိုင်းစေသည်။
``အေးပါကွာ..ငါလိုက်ခဲ့ပါ့မယ်
စောင့်နေသူကို မျှော်ရအောင် မလုပ်သင့်ဘူးလေ ..
မင်းလဲ ရည်းစားလေးဘာလေးထား.. ဒါမှ အချစ်ဆိုတာတွေ ဘာတွေကို နားလည်မှာ အခုတော့ ငါဘာပြောပြော နားလည်မှာမဟုတ်ဘူး..``
ထနှောင်းစကားကြောင့် မိုးဇွန်နှင့်တပည့်တွေသည် မျက်လုံးအပြူးသားဖြစ်ရပါသည်။
``မနက်ဖြန် ထွက်ကြတာပေါ့``
``ဘယ်နှစ်နာရီပါလဲသခင်ကြီး...``
``ဟျောင့်...မင်းရောင့်တက်လာပြီ
ငါ့ဘာသာ ဘယ်အချိန်သွားသွားပေါ့ကွ..မင်းအပူပါလား ..
ငါရောက်တဲ့အချိန်က အဲ့ဒီ့အချိန်ပဲ မှတ်ထားလိုက်``
``အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူးသခင်လေး လေယဉ်လက်မှတ်ဖြတ်ရဦးမှာမို့လို့ပါ..``
ထနှောင်းသည် မိုးဇွန်ကို ကြည့်မရတော့၍ သူ၏အနားသို့တိုးကပ်ကာ
``ငါ့မှာအပေါဆုံးက ခြေသလုံးမွှေးနဲ့ပိုက်ဆံပဲ...
ပိုက်ဆံတွေအဲ့လောက်ပေါနေတာ မင်းကြိုက်သလောက်သာသုံး....``
ထနှောင်းသည် ထိုသို့ပြောပြီး အဝေးသို့ပြေးထွက်သွားခဲ့သည်။ ကျန်ရစ်သူ မိုးဇွန်မှာ ထနှောင်းထွက်သွားသည်ကိုကြည့်ရင်း ဒူးမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ လှဲကျသွားခဲ့သည်..။
``သခင်လေး သခင်လေး..
အဆင်ပြေရဲ့လားဗျာ..``
``အမ်..အင်..အင်း...ပြေ...ပြေတယ် ..``
``မတ်တပ်ရောရပ်နိုင်သေးရဲ့လားသခင်လေး``
မိုးဇွန်တပည့်တွေက လဲကျသွားသည် မိုးဇွန်ကို ထူမပြီး မတ်တပ်ရပ်ခိုင်းပေမဲ့ မိုးဇွန် ခြေမခိုင်ဘဲ ခဏခဏ ပြုတ်ကျလေသည်.။
``သခင်လေးကလဲဗျာ သခင်ကြီးကို အဲ့လောက်ကြောက်တာ ဘာလို့တစ်ခွန်းမကျန်သွားပြောလဲ...``
``ငါမပြောရင် မင်းတို့ပြောမလို့လားဟမ်...
ဟိုမှာကလဲ အခြေအနေဆိုးနေပြီကွ..``
``ဒါလဲဟုတ်သားပဲ..``
``ဟုတ်သားပဲလုပ်မနေနဲ့ ငါမြင်းမစီးနိုင်တော့ဘူး မင်းတို့ချီသွားရင်ချီသွားမဟုတ်ရင် ကားခေါ်လာခဲ့...``
``ဟာဗျာ...သခင်လေးကလဲ...
ဒီသချိုင်းကုန်းနား ဘယ်ကားလာမှာမို့လို့လဲ....``
``ဒါဆို မင်းတို့ ငါ့ကိုမချီတက်ဘူးလား....!``
မိုးဇွန် စိတ်တိုတိုဖြင့် အော်လိုက်မှ တပည့်တွေသည့် ခေါင်းကုတ် -င်ကုတ်ဖြင့် မိုးဇွန်ကို ပွေ့ချီပြီး အိမ်ပြန်လမ်းမှာ ညည်းညူသံများစုံလင်စွာဖြင့် ပြန်လာခဲ့ကြသည်။
အပိုင်း ( ၇ ) မျှော်...
မင်းသား နဲ့ မင်းသမီးခွဲရတော့မှာလားဟင်🙄
နောက်အပိုင်းတွေမှာ ဗီလိန်မမ နှစ်ယောက်ထွက်လာမယ်နော်...🤼
မေ့ဝတ္တုလေးကို အားပေးလို့ကျေးဇူးပါရှင့်🤗