💓ကျွန်တော့်နှလုံးသား
မမထံဝပ်ဆင်း၍ 💓
🥀~~~~~~~~~~~~~~~~~🥀
``မမလေးမြခွန်းသာ..
ဒုန်း..တဒုန်းဒုန်း..ဒုန်း..ဒုန်း...ဒုန်း
..``
``သခင်လေးဘီလီခွန်း...
ဒုန်း..တဒုန်းဒုန်း...ဒုန်း..ဒုန်း..ဒုန်း...``
လူအများသည် လက်ဝှေ့ကွင်း ဟုခေါ်သည့် ကွင်းပြင်ကြီးထဲတွင် ယှဉ်ပြိုင်နေသော ဘီလီခွန်းနှင့် မြခွန်းသာတို့ကို ကိုယ်စီကိုယ်စီ အားပေးနေကြသည်။
သူတို့နှစ်ယောက်စလုံး၏လက်ထဲတွင် ဓားကိုယ်စီဖြင့် တစ်ဖက်က လာသည့်ဓားချက်ကို တစ်ဖက်က ပညာသားပါပါ ခုခံရင်းတိုက်ခိုက်နေကြသည်။
ဆူညံသည့်ပတ်ဝန်းကျင်နှင့် ယှဉ်မပြိုင်ခင် အနည်ငယ်သောက်ထားသော ဝိုင်ကြောင့် ဘီလီခွန်းမှာ မှုးဝေဝေဖြစ်နေ၏။
မြခွန်းသာနှင့်ကတော့ ဆန့်ကျင်ဘက် ၊ ဖျက်လက်တက်ကြွသည့် ခြေလှမ်းတွေနှင့် တိုက်ကွက်အသစ်အဆန်းတွေကို သင်ယူထားသည့် လက်ရည်တွေကြောင့် မြခွန်းသာသည် ဘီလီခွန်းကို အသာစီးရနေပေသည်။
ခွင်း...
ခွမ်...
``အဟွန်း..
အကိုလေး မဟန်ရင် အရှုံးပေးလိုက်တော့ပါလားလို့...
အဟွန့်...
ခုများ လူအများအမြင်မှာ
မြဟာလူဆိုးကြီးဖြစ်ရတယ်..``
မြခွန်းသာ၏ အားပြင်းသည့် ဓားချက်ကြောင့် ဘီလီခွန်း ဘယ်လက်မောင်းရင်း၌ သွေးများထွက်ကာ အကြီးအကျယ် ဒဏ်ရာ ရထားသည်။
``မင်းပါးစပ်ပိတ်ထား..
ဘီလီခွန်းရဲ့ဘဝမှာ အရှုံးဆိုတဲ့စကား မရှိစေရဘူး...``
``အော်..အဲ့လိုလား ခစ်ခစ်ခစ်..``
``ငါမင်းကိုညှာထားလို့ ရောင့်တက်ချင်တာလား မြခွန်းသာ...``
``အို...မဟုတ်ရပါဘူး
အကိုလေးကလဲ...
ခစ်ခစ် မြကလေ ညက
ကာတွန်းကားစဉ်းစားမိလို့ပါ..
အရည်အချင်းမရှိဘဲ ဘုရင်ဖြစ်ချင်နေတဲ့ ကြောင်တစ်ကောင်အကြောင်းရိုတ်ထားတဲ့ ဇာတ်ကားလေ..
ခစ်ခစ်ခစ် သိပ်ရယ်ရတာပဲသိလား အကိုလေး...``
``တောက်စ်...
မင်းကိုငါ လုံးဝမညှာတော့ဘူးကွ...လာစမ်း...``
``ဟမ်...အဟွန်း...
အကိုလေးကလဲ အပိုတွေပြောနေပြန်ပြီ..
လက်တွေ့သာ ဖြစ်အောင်လုပ်ပါလားလို့..ခစ်ခစ်..``
ရား.....
ဘီလီခွန်းသည် ဒေါသမာန်အဟုန်ဖြင့် ဘယ်လက်က ဒဏ်ရာကိုလဲ ဂရုမစိုက်တော့ပေ ၊ မြခွန်းသာဆီတစ်ရှိန်ထိုး ဝင်ရောက်လာပြီး ရှိသမျှအားဖြင့် ခုတ်ပါတော့သည်။
မြခွန်းသာသည် လေအလျင်မှာ သစ်ရွက်ကလေးလွင့်နေသလို ဘီလီခွန်း၏ ဓားချက်ကို ရှောင်တိမ်းရင်း ဘီလီခွန်း၏ကျောအနောက်ဘက်သို့ လှစ်ခနဲ ဝင်ရောက်သွားသည်။ မြခွန်းသာသည် အခွင့်အရေးကို လက်လွတ်မခံ ဘီလီခွန်း၏ ကျောပြင်ကို ဓားအရှည်ဖြင့် ခုတ်ပစ်လိုက်ရာ ကျောပြင်ရှိ အကျီပြဲသွားပြီး သွေးများပန်းထွက်ကာ ဘီလီခွန်းလဲကျသွားပါတော့သည်...။
``ရေး...
မမလေးမြခွန်းသာ မမလေးမြခွန်းသာနိုင်ပြီကွ...ရေး...ဟေး....``
ဘီလီခွန်းသည် လဲကျရာမှ ပြန်ထရန် ကြံရွယ်တုန်း မြခွန်းသာက ဘီလီခွန်း၏ခေါင်းကို ညာခြေဖဝါးဖြင့်နင်းချလိုက်သည်
``အ့...မင်း....မင်း..``
``အဟွန်း...အကိုလေးကလဲ..
ပါးစပ်က မပြောရုံတမယ် ရှုံးနေတာ သိသာနေပြီကို ဘာလို့ပြန်ထမှာလဲ..
ဝန်ခံလိုက်တော့လေလို့ အဟွန်း...``
``မင်း....မင်း...!``
ဘီလီခွန်းသည် နောက်ဆုံးထိအရှုံးမပေးသေးတာကြောင့် မြခွန်းသာက ဓားအိမ်ဖြင့် ဘီလီခွန်း၏ ဒဏ်ရာကို ဆောင့်ထိုးချလိုက်သည်...။
``အ့...အား...အားးးးးးး``
``နာလို့လား...
မြက..မြက ဖြေးဖြေးလုပ်တာကို...
အဟွန့်...သိပ်အသည်းငယ်တာပဲကွယ်..``
``အားးးးမြ...မြခွန်းသာ
ငါအရှုံးပေးပြီ အရှုံးပေးပြီ
လွတ်ပေးပါတော့..အားးးးးးး``
``စောစောကမပြောဘူး..
ခုတော့ နာကျင်ရတယ်...သနားလိုက်တာ..ကျွတ်ကျွတ်ကျွတ်..``
မြခွန်းသာသည် ဘီလီခွန်း၏ အရှုံးဝန်ခံမှုကို သဘောကျ၍ နှုတ်ခမ်းကို မဲ့ကာ ဘယ်လက်ဖြင့်ခါးထောက်လိုက်ပြီး ညာလက်က အောင်နိုင်သူပီပီ ဓားကိုမြှောက်ကိုင်ကာ...
``ဟေး....!ဒီပွဲမှာ ဘယ်သူနိုင်တာလဲ....``
``မမလေးမြခွန်းသာပါ...
ဟုတ်ပါတယ်...
ဟုတ်ပါတယ်
အာ...နေဦးဟျောင့်တွေရ
မမလေးနိုင်သွားပြီဆိုတော့ အဲ့လိုခေါ်လို့မရတော့ဘူးလေ ``
``အော်ဟုတ်သားပဲ...သခင်မမြခွန်းသာ
သခင်မမြခွန်းသာ နိုင်သွားတာပါ...``
``ဟုတ်တယ် ငါ ဘီလီခွန်းကိုနိုင်ခဲ့ပြီ အခုချိန်ကစပြီး ငါက တောင်ကြားသခင်မဖြစ်သွားပြီ...``
``ဟုတ်တယ်...ရေး.....``
မြခွန်းသာသည် လူအများနှင့်အတူ အောင်ပွဲခံနေသည်။ မြခွန်းသာခြေဖဝါးအောင်ရောက်နေသည့် ဘီလွန်းခွန်းသည် မကျေနပ်ချက်တွေကိုမြိုသိပ်ရင်း အရှုံးပေးလိုက်သည်။
🌵~~~~🌵
ကောင်းကင်ကြီးသည် မီးခိုးရောင်သန်းနေပြီး မိုးမင်း၏အရှိန်အဝါကြောင့် နေမင်းခမျာ ခေတ္တခဏ ပုန်းခိုနေရသည်။
လေပြေအေးအေး တိုက်ခတ်ချိန် သစ်ရွက်ဝါလေးတွေနှင့်အတူ မြေသင်းနံ့ဟာ သင်းသင်းလေးရရှိနေပါသည်။ထိုအချိန် ရွာသူရွာသားများသည် ထင်းခွေသူခွေ ၊ ရေခပ်သူခပ် ၊ ပျိုးနူတ်သူနူတ်နှင့်အလုပ်ရှုပ်နေကြသည်။ ကျောင်းပိတ်ရက်ပေမို့ မြေနီလမ်းမကြီးဟာ အထီးမကျန်တော့ ကလေးများသည် ရယ်သံလွှင့်လွှင့်ဖြင့် ပြေးလွှား ပျော်မြူးနေကြသည်။
ကြွေနှိုင်းခသည် အပြင်သွားရန် သနပ်ခါးပါးကွက်ကြားလေးနှင့် မြန်မာဆန်ဆန် ရင်ဖုံးအပြာရောင်ဝတ်စုံလေးဝတ်ပြီး ဆံနွယ်ကို ထုံးတင်သည် ၊၊ ထိုဆံထုံးတွင် နှင်းဆီပန်းအဖြူရောင်ပန်ထားကာ ရှေ့ဆံမြိတ်လေးချလျက် ဈေးခြင်းတောင်းကိုင်ပြီး ခြံထဲသို့ဆင်းလာသည်။
ခြံထဲတွင် ရေကန်ထဲသို့ရေဖြည့်နေသာ ထနှောင်းသည် ကြွေ့ကိုမြင်ပြီး ထည့်လက်စရေပုံးကို ချကာ ပြေးလာသည်။
``မမ..မမအပြင်သွားမလို့လား``
``မင်းမြင်တဲ့အတိုင်းပဲ...``
``မမကျွန်တော့ကိုစိတ်ဆိုးတုန်းလားဟင်..``
ကြွေသည် ထနှောင်းစကားကို ပြန်မပြောတော့ဘဲ ထွက်ခွာသွားသည် ။
ထနှောင်းသည် မျက်နှာလေးညိုးကာ ရေပုံးကိုကိုင်လျက် ရေဆက်ထည့်နေသည်။
``မြို့ထဲသွားမလို့ လိုက်မယ်မလား``
လှည့်မကြည့်ဘဲပြောနေသောကြွေ့အသံကြောင့် ထနှောင်းပျော်သွားပြီး ရေပုံးကို ပစ်ချကာ ကြွေ့အနား ရောက်လာခဲ့သည်။
``လိုက်မယ် လိုက်မယ်မမ...အဟိ..``
ကြွေသည် ထနှောင်းမျက်နှာကိုမကြည့် သူ၏အဝတ်အစားများကိုသာကြည့်ကာ..
``မရဘူး ဒီလိုပုံစံနဲ့ ကျွန်မနောက်လိုက်ဖို့စိတ်မကူးနဲ့...``
``ဟင်..မမရယ် ကျွန်တော်မှာ အဝတ်အစား ကောင်းကောင်းမွန်မွန်မှမရှိတာ ..``
``အင်း ပြီးရော..``
ရွာထိပ်ရှိ လှည်းယာဉ်စီး၍ ကားမှတ်တိုင်သို့သွားကာ ကားတစ်စီးဌားပြီး ကြွေနှင့်ထနှောင်းတို့သည် မြို့မဈေးသို့ ရောက်လာခဲ့ကြသည်။
ဈေးသို့ရောက်လျှင်ရောက်ချင်း ကြွေသည် ယေကျာ်းလေးအကျီဆိုင်အတွင်းသို့ဝင်ကာ ထနှောင်းအတွက် အကျီနှင့်ဘောင်းဘီဝယ်ကာ ဝတ်စေသည်။
ကြွေသည် စိတ်ဆိုးမပြေသေးသော်ငြား ထနှောင်းကိုဂရုစိုက်သည်။
ထို့နောက်ကုန်မာပစ္စည်းဆိုင် အတွင်းသို့သွား၍ ဗူး ၊ ပလုံးများ ဝယ်ယူပြန်သည်။ နေ့လည် ၁၂နာရီအထိ ကြွေမှာ ဝယ်စရာတွေများနေသည်။ ထနှောင်းကိုင်ထားသည့် အထုပ်အပိုးတွေကလဲ မချိမဆံ့ များနေပြီဖြစ်သည်။ ထို့ကြောင့် coffee shopသို့ဝင်ကာ က်ောဖီသောက်ရင်းအနားယူကြသည်။
ထနှောင်းသည် လမ်းတစ်လျှောက် ကြွေ့မျက်နှာလေးကိုသာ အရိပ်တကြည့်ကြည့် ကြည့်နေရသည်။ကြွေသည် ထနှောင်းနှင့်မျက်လုံးချင်းမဆုံစေရန်သာ မျက်နှာလွဲ ပြီးဘေးပတ်ဝန်းကျင်တွေကိုကြည့်နေသည်။
``မမ..ကျွန်တော့်ကို စိတ်ဆိုးနေသေးလားဟင်..
ကျွန်တော် နောက်ဆို ဆင်ခြင်ပါ့မယ်ဗျာ..
မမကျွန်တော့်ကို အဲ့လို မခေါ်ဘဲနေရင် ကျွန်တော်မနေတက်လို့ပါ...
ကျွန်တော် တောင်းပန်ပါတယ်ဗျာ..
နော်မမ
ကျွန်တော့်ကိုပြန်ခေါ်ပါနော်.. ကျွန်တော် ဒူးထောက်တောင်းပန်....``
``ဟေး..ထနှောင်း..တော်တော် မမစိတ်ဆိုးပြေပြီ မတာင်းပန်နဲ့တော့..ထ..``
ထနှောင်းသည်ကြွေစိတ်ဆိုးပြေစေရန် ကြမ်းပြင်သို့ ဒူးထောက်တောင်းပန်ရန် ပြင်နေချိန် ကြွေသည် ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ ရှက်ရှက်နှင့်အတင်းပြန်ထခိုင်းရသည်။
``ဒါဆို မမစိတ်ဆိုးပြေပြီပေါ့နော်..``
``အင်းအင်း..
``ရေး..ပျော်ပြီ..``
ကြွေသည် စိတ်ဆိုးမပြေသေးပေမဲ့ ဆက်၍သာစိတ်ဆိုးနေလျှင် ထနှောင်း၏ ဒူးထောက်တောင်းပန်ပြီး ၊ အော်ကြီးဟစ်ကျယ် ငိုခြင်းချမှုကြီးကို မခံနိုင်၍သာ စိတ်ပြေလိုက်ရသည်။ ထိုသည်ကို ထနှောင်းသိသည်။
``မမ ဒီကော်ဖီက သိပ်သောက်ကောင်းတာပဲ ။ ဒါဘာကော်ဖီလဲဟင်..``
``ကပ်ပချီနို..``
``အချိုသိပ်များတာပဲနော်မမ``
``အင်း``
``မမသောက်တဲ့ကော်ဖီကဘာလဲဟင်``
`` မိုခါး..``
``မိုခါး! ဒါဆို ခါးမှာပေါ့နော်..``
``အင်း..ခါးသက်သက်အရသာရှိပြီး လူကြီးတွေကြိုက်တဲ့အရသာ``
``ဟင်း..မမကလဲ ကျွန်တ်ောက ကလေးမဟုတ်တော့ပါဘူးနော်..မမသောက်တဲ့ကော်ဖီလဲသောက်လို့ရနေပါပြီ...``
နူတ်ခမ်းဆူဆူဖြင့် ကလေးလိုချွဲနွဲ့ပြောနေသော ထနှောင်းကိုကြည့်ပြီး ကြိတ်ရယ်နေရသူမှာ ကြွေဖြစ်သည်။ ပြောနေသည်ကား လူကြီးဖြစ်နေပြီဆိုတယ် ကလေးလိုဆိုးတုန်း...``
``ဟုတ်ပါပြီ..စားပြီးရင်လဲထတော့..ခဏနေ ရေမွေးဆိုင်သွားရအောင်..``
``မမရေမွေးဝယ်မလို့လား..
ရေမွေးကုန်နေပြီလားမမ..``
``ဟင့်အင်း မကုန်သေးပါဘူး မမချစ်သူအတွက် လက်ဆောင်ပြန်ပေးချင်လို့..သူက ရေမွေးဆိုသိပ်ကြိုက်တာ..``
ထနှောင်းသည် ကြွေ့နူတ်ခမ်းပါးမှသူမ၏ချစ်သူဟု ပြောသောစကားကြောင့် စိတ်အနည်းငယ် နှောက်ကျိသွားသည်။ သို့ပေမဲ့ ဟန်မပြတ်သာ စကားပြောနေရ၏။
( မမရယ်.. ကျွန်တော့်စိတ်ကို မမြင်သေးဘူးလားဗျာ..မမနူတ်ခမ်းကပြောတဲ့စကားအားလုံးဟာ ကျွန်တော့်အတွက်ချည်း ဖြစ်စေချင်တယ်..ကျွန်တော်များ သိပ်အတ္တကြီးနေသလားဗျာ..)
``မမ ကျွန်တော့်ကိုလဲ ရေမွေးဝယ်ပေးပါလားဟင်..``
``မင်းလဲလိုချင်လို့လား..``
``ဟုတ်``
``အင်းလေ...ဒါဆိုကိုကို့အတွက်ဝယ်ရင်း ထနှောင်းကိုလဲဝယ်ပေးပါ့မယ်``
``တကယ်လားမမ...``
``တကယ်ပါဆို..ကဲလာ..သွားဝယ်ရအောင်..``
``ပျော်လိုက်တာ..မမရယ်
ဒါဆို ထနှောင်းမှာ မမဝယ်ပေးတဲ့ ပထမဦးဆုံးလက်ဆောင် ရှိတော့မှာပေါ့နော်..
မမက အကောင်းဆုံးပဲ..
မမထနှောင်းကိုအရင်ဝယ်ပေးနော်...
မမနော်...ထနှောင်းကို အရင်ဆုံးဝယ်ပေးလို့.. ``
ရေမွေးသွားတယ်သည့် လမ်းတစ်လျှောက် ကြွေ့အနောက်မှ နားပူနားဆာလုပ်ကာ တောက်လျှောက်ပါလာခဲ့သည်။ထိုအချိန် သူတို့နှစ်ယောက်ကိုကြည့်နေသည့် မျက်ဝန်းနက်တစ်စုံကို သူတို့ သတိမထားမိခဲ့ချေ..။
``အေးပါ ထနှောင်းခ ရယ်...
နင့်မလဲ တော်တော် စကားများတာပဲ..
ကဲ..ရွေး..ဘယ်လိုရနံ့ကြိုက်လဲ...``
ထနှောင်းသည် ရေမွေးဆိုင်သို့ရောက်သည်နှင့် ရနံ့ကို မစမ်းသပ်ခင် ထုတ်လုပ်သည့်နိုင်ငံ၊ ကုမ္မဏီနာမည်နှင့် ရေမွေးတံဆိပ်တို့ကို အရင်ကြည့်သည်။ပြီးမှ သဘောကျသည့် ရေမွှေးပုလင်းကိုယူကာ အရောင်းစာရေးမဆီက ရနံ့ခံစက္ကုတောင်းလျက် ထိုစက္ကုပေါ် ရေမွှေးကိုဖြန်းပြီး ရနံ့ကိုစစ်ဆေးသည်။ ကြွေသည် ထနှောင်း အပြုအမှုကိုကြည့်ရင်း အနည်းငယ်သံသယဝင်စ ပြုလာသည်။
(``ထနှောင်းခ..မင်းကဘယ်သူလဲ..မင်းအတိတ်မေ့ မနေဘူးမလား ၊ ငါ့အနားမှာ ဘာကြောင့် အခုချိန်ထိနေနေရသေးတာလဲ..
ငါ့ဆီကဘာလိုချင်နေတာလဲ..ငါမင်းကို ကြောက်လာအောင် မလုပ်ပါနဲ့ ထနှောင်းခရယ် ``)
``မမရေ..
လာကြည့် ဒီရေမွေးကိုလာကြည့်...
ကျွန်တော်ရှင်းပြမယ်.``
ကြွေသည် ထနှောင်းကိုကြည့်ရင်း စဉ်းစားခန်းဖွင့်နေချိန် ထနှောင်းသည် ရေမွေးပုလင်းတစ်ပုလင်းကိုကိုင်ကာကြွေ့ကို ခေါ်လိုက်သည်။
``မမ ဒီရေမွေးက မမနဲ့လိုက်တယ် ၊ မမအခုဆွတ်ထားတဲ့ ရေမွေးက Charlie Silverမလား ၊ အဲ့တာကောင်းပေမဲ့ ဒီဟာသုံးကြည့်လိုက် အရမ်းကောင်းတယ် တစ်ခါဆွတ်ထားရင် နောက်နှစ်ရက်ထိ အနံမပြယ်ဘူး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတယ် ၊ ရေမွှေးရွေးချယ်ရာမှ ရေမွှေးဆွတ်တဲ့လူက ရနံ့အမျိုးအစားအလိုက် အဆင့်အတန်းတွေကလဲ ကွာခြားသွားတယ်မမရဲ့..
ကိုယ့်ရွေးခြယ်မှုအပေါ်မှာ မှုတည်တယ်။
ကြွေသည် ထနှောင်းအပြုအမှုတွေကို သက်ာမကင်းဖြစ်ကာ အတန်ကြာသည်ထိ ထနှောင်းကိုကြည့်ရင်း ကမ်းလာသည့် ရေမွေးပုလင်းကို ယူလိုက်သည်
``JO MALONE !``
``အင်းဟုတ်တယ် ၊ ရနံ့က မပြင်းဘဲနဲ့သင်းသင်းလေး မမလိုရိုးရိုးယဉ်ယဉ်လေးနဲ့က သူနဲ့မှလိုက်တာ..သူက စင်ကာပူကထုတ်တာ အတုအပစိုးရိမ်စရာမလိုဘူးမမ.. ကျွန်တော်အာမခံတယ်..``
ရေမွေး၏ ဈေးနူန်းကိုကြည့်ရာ လူလတ်တန်းစား လူမျိုးတွေတောင် လက်လှမ်းမမှီနိုင်သည့် ဈေးနူန်း ...
``အမလေး 327000တဲ့ ဈေးက ခေါင်ခိုင့်နေတာပဲ...``
``အာ..မမကလဲ
ဈေးနူန်းကအရေးမကြီးပါဘူး ၊ အရည်အသွေးက အဓိကကျတာလေ.. သူ့ကြောင့် အသားအရည်ပျက်စီးမှာမပူနဲ့ ကျွန်တော်အာမခံတယ်..``
``ဟင်..မင်းကလဲ အာမချည်းခံနေတယ်.. မင်းက ဒီရေမွေးထုတ်လုပ်သူလား ဒါမှမဟုတ် ကုမ္မဏီပိုင်ရှင်လား..``
``အမ်...``
ကြွေ့အမေးမှာ ထနှောင်းတစ်ယောက် ခေါင်းမီးပွင့်သွားခဲ့သည်။ ပါးစပ်အဟောင်းသားနှင့်သာ ကြွေ့ကိုကြည့်လျက် ဘာပြန်ပြောရမလဲမသိလေသော ထနှာင်းကိုကြည့်ရင်း ကြွေ ရယ်လိုက်ပါတော့သည်။
`` ခစ်ခစ်..
မင်းဟာလေ စနေတာပါကွ
ဘယ်သူမှမင်းကို သူဌေးလို့ထင်မှာမဟုတ်ဘူး..``
``အမ်...အမ်း..အဟဲ...
ဟုတ်..ဟုတ်တယ်မမ...ဟိ...``
မမအတွက်ကတော့ နောက်မှဝယ်တော့မယ် ၊ အခုကကိုကို့အတွက် လာဝယ်တာဆိုတော့လေ..ကြည့်ပေးစမ်းပါဦး ထနှောင်းရယ် ဘယ်ဟာကောင်းလဲလို့..``
ထနှောင်းလက်မောင်းကိုဆွဲကာ ရေမွေးများတင်ထားသော ကောင်တာဆီသို့ ခေါ်လာခဲ့သည်။ ထနှောင်းသည် မျက်နှာမကောင်းတော့ပေ ၊ ကြွေနှင့် နှစ်လှမ်းအကွာမှာသာနေ၍ လက်ပိုက်ကာ အခြားနေရာဆီသို့ တောင်မြောက် ကြည့်နေ၏။
`` ဒီရေမွေးဆို ကောင်း..
ဟဲ့...အော်...
ထနှောင်းလာလေ..ကူညီခိုင်းပါတယ်ဆို ဘာလို့ အဝေးသွားနေရသလဲ လာခဲ့ဒီကို..``
အဝေးမှာရပ်နေသောထနှောင်းကို ထပ်မံဆွဲလာပြန်တော့
ထနှောင်းသည် သူ့လက်မောင်းကို ကိုင်ထားသော ကြွေ့လက်ကို ဖယ်ချလိုက်သည်။
``မကူညီချင်ပါဘူးဗျာ ကြိုက်တာဝယ်ပေးလိုက်ပေါ့``
``မမ ကြိုက်ပေမဲ့ မင်းကယေကျာ်းလေးဆိုတော့ ပိုသိမလားလို့ပါနော်..နော်လို့``
``မသိဘူး...အမ်..
သိပြီ ONE MEN ONLY ဆိုအဆင်ပြေလောက်အဲ့ဒါဝယ်ပေးလိုက်..``
``ဟင်..အဲ့ဒါက
အပေါစားကြီးမလား``
``မမကလဲ ပြောဆိုတော့လဲ ကျွန်တော်က ပြောရသေးတယ် ပြောပြန်တော့လဲ မကြိုက်ပြန်ဘူး!``
ထနှောင်းအသံသည် Centerတစ်ခုလုံး တိတ်ဆိတ်သွားအောင်လုပ်လိုက်နိုင်သည်။ ဟိန်းထွက်သွားသော သူ၏အသံကြောင့် အနယ်နယ်အရပ်ရပ်က လာကြသော ဝယ်သူများ၏ညအကြည့်တွေက ထနှောင်းနှင့်ကြွေ့ဆီသို့သာ...။
``တောင်း တောင်းပန်ပါတယ်ရှင့်.. အနှောင့်အယှက်ပေးမိပါပြီ..``
ကြွေသည် အရှက်သည်းစွာဖြင့် ပိုက်ဆံအိတ်ထဲမှ ၅၀၀၀တန် ၅ရွက်ကိုထုတ်ကာ ရေမွေးအရောင်းဝန်ထမ်းကိုပေးလိုက်သည်
``ညီမလေးမမကို
CHARLIE WHITE တစ်ဘူးပေးပါ``
``ဟုတ်မမ ``
အိတ်လှလှလေးဖြင့်ထုတ်ပိုးလာသော ရေမွေးဘူးနှင့်အတူ ပြန်အမ်းငွေကိုပါ ကြွေသည် အရောင်းဝန်ထမ်းမလေးဆီကယူပြီး မျက်နှာကို ပိုက်ဆံအိတ်ဖြင့်ကွယ်ကာ ထနှောင်းလက်ကိုဆွဲ၍ ထိုနေရာမှပြေးထွက်လာခဲ့သည်။ Center၏ မြေညီထပ်သို့ရောက်လေသော်...။
``ဘာလို့အဲ့လောက်အသံအကျယ်ကြီးအော်ရတာလဲ ငါ့မလဲနော်
ရှက်လိုက်တာ..``
``မမက ဘာမှန်းမှမသိဘဲ ကျွန်တော်က ဒီတိုင်းပြောလိုက်တာကို ``
``မင်းဒီနေရာကို ရွာကအလှုပွဲရောက်..
အမေ့...``
လက်ဟန်ခြေဟန်ဖြင့် အားရပါးရပြောနေသော ကြွေ့ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ဆွဲလှည့်ကာ အားရပါးရဖက်ထားလိုက်ပါတော့သည်...``
``ဟေ့ကောင်..မင်းငါ့မမကိုလွတ်လိုက်စမ်း...!
အပိုင်း( ၆ )မျှော်💁
ဟော့တော်.... ကြွေ့ကို ဘယ်သူများဖက်လိုက်တာလဲဟင်..😁
မေ့ဝတ္တုလေးကို အားပေးလို့ ကျေးဇူးပါနော်..😘😘💓