book

Index 4

အပိုင်း { 4 }

💕ကျွန်တာ့်နှလုံးသား

                  မမထံဝပ်ဆင်း၍💕

•~•~•~•~•~•


``ဟေး ဟေး ဟေး ဟေး...``


မှောင်မိုက်နေသည့် ဟင်းလင်းပြင်တောပြင်ကြီးထဲ ရေနံဆီသုတ်ထားသည့်မီးတုတ်များ နေရာအနှံတွင် ထိုးစိုက်ထားကြသည် ။


မီးအလင်းရောင်ရှိသည့်ကွင်းပြင်အဝေးတွင် လူသူအများအပြားသည် ဓားပြခေါင်းဆောင်လုပွဲသို့‌ သူ့ထက်ငါ အရင်နေရာလုပြီး လာကြည့်ကြသည်..။ 

 ဓားပြခေါင်းဆောင်၏ညီမ မြခွန်းသာ နှင့် တိုက်ပွဲအတော်များများမှာ ရှုံးပွဲမရှိခဲ့သော ဘီလီခွန်းတို့၏ ဓားရေး ၊ လက်ရုံးရည် တိုက်ပွဲဆိုတော့ ဗုံတီးတဲ့သူကတီး ၊  ညာသံပေးပြီး အခမ်းအနားကိုဖွင့်နေသောသူကဖွင့်ဖြင့် ဆူညံပွတ်‌လောရိုတ်နေကြသည် ။ 


သတ်ကွင်း၏အရှေ့ဘက်တည့်တည့်ရှိ မြင့်မားလှပသည့်စင်မြင့်ပေါ်ရှိ

ကျွန်းခုံပေါ်မှာမိန့်မိန့်ကြီးထိုင်နေသော ဘီလီခွန်းသည် တိုက်ပွဲဝင်ရန်အတွက်မြခွန်းသာကိုစောင့်ဆိုင်းနေလေသည်..။


``ဟေ့..လာကြစမ်း...``


``ဟုတ်ကဲ့သခင်လေး..``


ဘီလီခွန်း၏အော်ခေါ်သံကြောင့် အနောက်ဘက်မှရပ်နေသော သစ္စာခံတပည့်က ဘီလီခွန်းနားရောက်လာခဲ့သည်။


``မြခွန်းသာဘယ်မလဲ အလံဖြူပြမယ်ဆိုလဲ ‌အဲ့လောက်မကြာသင့်ဘူး ၊ ငါစောင့်နေရတာ လမင်းတောင်ပြန်ဝင်တော့မယ်...``


``ကျွန်..ကျွန်တော်...``


``အော်... အကိုလေးက 

မြကိုစောင့်နေတာလား...``


မြခွန်းသာသည် အသံသာကြား၍ လူရုပ် မမြင်ရသောကြောင့် ဘီလီခွန်းနှင့် သူ့တပည့်တွေကဘေးဘီဝဲယာ လိုက်ရှာနေကြသည်..။


``အဟွန်း...

အဲ့လောက်သဲကြီးမဲကြီး 

မရှာပါနဲ့ရှင်..

မြဒီမှာရှိပါတယ်...

ခစ်ခစ်ခစ်..``


မြခွန်းသာအသံလာရာကို ကြည့်တော့လဲသူမကိုမတွေ့ချေ.. ။ 

ဘီလီခွန်း ဒေါကန်လာပါ‌၍ 

မတ်တပ်ထရပ်ကာ ကျီးကန်းတောင်းမှောက် ရှာဖွေပါတော့သည်။


``ဟေ့...ဘယ်မလဲမြခွန်းသာ...

မင်းဘာဖြစ်ချင်သလဲ ငါ့ကိုခေါင်းမှုးအောင်မလုပ်စမ်းနဲ့ကွ...``


``အဟွန့်...မြကဘယ်မှာခေါင်းမှုးအောင်လုပ်နေလို့လဲလို့ 

ခစ်ခစ်ခစ်..``


``ဟေး...

မြခွန်းသာ မင်းပုန်းမနေစမ်းနဲ့ ငါ့‌အရှေ့အရောက်လာခဲ့စမ်း..``


``အဟွန်း...အကိုလေးကလဲ မြလိုမိန်းကလေးကိုတောင် ရှာလို့မတွေ့နိုင်ရင် ကိုယ့်ရန်သူဆိုဘယ်နှယ့်လုပ်မလဲလို့ ခစ်ခစ်ခစ်..``


မြခွန်းသာသည်ခပ်ဆဆ ရယ်သံနှင့်အတူ ဘီလီခွန်း၏ ဘေးဘက်တွင်အလိုလိုပေါ်လာပြီး ဘီလီခွန်း၏ပခုံးကိုဖက်ကာ နားရွက်နားမှာ တိုးတိုးလေးကပ်ပြောလိုက်သည်..။


``ဒါတောင် ခေါင်းဆောင်လုပ်ချင်သေးတယ်ပေါ့..

မရှက်ဘူးလားဟင်..``


``တောက်စ်..!

မင်းကများ...``


``ဟိုး..ဟိုး...နေပါဦးရှင်... 

ဒေါသထွက်ရင် အအိုမြန်တယ်ရှင့်..

အကို့ဒေါသကို ပြိုင်ပွဲမှာသာအသုံးချစမ်းပါ...

အဟွန်း...ဒါမှမဟုတ် အလံဖြူလေးများ..``


``တိတ်စမ်း...!

ဘီလီခွန်းဘဝမှာ ဘယ်သောခါမှအရှုံးမရှိစေရဘူး...အထူးသဖြင့် မင်းလက်ထဲမှဆိုရင်ပေါ့...``


``အော်..‌အော်..ဒါဆိုလဲ....``


မြခွန်းသာသည် စကားကိုလက်စဖြတ်ကာ ဘီလီခွန်းကိုညွန်ပြ၍ သူမကိုယ်တိုင်သည် သတ်ကွင်းထဲ ဝင်ကာ မဲ့ပြုံးပြုံးလျက် ခါးထောက်ကာ အန္တရယ်ငရဲဟူသမျှလက်ဖြန့်ကာရဲရဲဝံ့ဝံ့ကြိုဆိုနေ‌သည်...။


💞  📝


ထနှောင်းသည် သူနှင့်ကြွေတို့အနောက်တွင်ရှိသော ဓားပြတွေကိုလှည့်ကြည့်တော့ ရှေ့ဆုံးကသေနတ်ကြီးတကားကားနှင့် ဓားပြ၏ မျက်နှာကိုအဝတ်ဖြင့်ဖုံးထားသည်။ 


ထိုဓားပြသည် မျက်လုံးနှစ်လုံးသာ ဖော်ထားပြီး ဓားပြခေါင်းဆောင်ဟုထင်ရသည့်လူနှင့် ထနှောင်းမျက်လုံးတို့အကြည့်ချင်းဆုံရာတွင် နှစ်ဦးလုံးကအံဩစွာ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ ထိုလူသည်မှာ အခြားမဟုတ် မိုးဇွန်ဖြစ်မှန်း ထနှောင်းသိလိုက်သည် ။


``ဟာ သခင်...``


ဖောက်!💢


အ့...``


မိုးဇွန်သည် ‌ထနှောင်းကိုမြင်တော့  သူ၏သခင်ပါလားဟု ဝမ်းသာအားရဖြင့် ``သခင်ကြီး`` ဟုခေါ်တော့မည့်စဲစဲမှာ ထနှောင်းက သူ့ခြေထောက်နားက ခဲလုံးကို ခြေမ‌နှင့်ခြေညိုးညပ်ကာ လက်ဖဝါးပေါ်သို့ပစ်တင်ပြီး ကြွေမမြင်အောင် ထနှောင်းသည် လက်ခလယ်နှင့် လက်မတို့၏အားဖြင့် မိုးဇွန်၏ဝမ်းဗိုက်ပေါ်သို့ခဲလုံး ပစ်လိုက်သည်..။


မိုးဇွန်သည် ဗိုက်ကိုပွတ်ကာ ထနှောင်းကိုပြန်ကြည့်သည်။ ထနှောင်းက ထွက်သွားတော့ဟူသည် ပုံစံဖြင့် မျက်စပြလိုက်သည် ။

 ပြီးမှ...


``အား!

မမ...မမ 

ကျွန်တော်ကြောက်တယ် ဓာ ..ဓားပြတွေပဲမမ..

ကျွန်တော် ကြောက်တယ် 

ကြောက်တယ်...အီး...``


ထနှောင်းသည် သူ့လက်ကိုဖက်ထားသည့်ကြွေ့လက်ကို ဖြုတ်ကာ ကြွေ့လက်မောင်းကို ပြန်ဖက်ပြီး ကြွေ့အနောက်မှ ဓားပြများကို ကြောက်ဟန်ဆောင်လိုက်သည်။ ထနှောင်းကြောင့် မိန်းမတန်မဲ့ ကြွေသည် မိန်းမ ဘသား လုပ်ရပြန်တော့မည်....။


``ဟဲ့.. 

ငါကြောက်ဖို့လဲထားပါဦးဟယ်...

နင်ကလဲ ယေကျာ်းကြီးဖြစ်ပြီး..

ဘာလဲ ငါက ဓားပြတွေနဲ့ သွားဖိုက်ရမှာလားဟမ်..``


``ဟာ...မမကလဲ ကျွန်တော်တို့မိဘတွေကိုသတ်တာလဲ အဲ့လိုဓားပြတွေပဲ ၊ ဒါကြောင့်ကျွန်တော်ကြောက်တယ်...ကြည့်ကြပ်သာ ဖြီးဖျန်း ပြောလိုက်ပါလားမမရယ်..

ကျွန်တော် အရမ်းကြောက်လွန်းလို့ပါ ``


``ဟင် ထနှောင်းမိဘတွေကိုသတ်တာ သူတို့လား ``


``အာ..

ဒါတော့ ဘယ်ဟုတ်မလဲမမရ.. မဟုတ်ဘူး ၊ သူတို့မဟုတ်ပေမဲ့ သူတို့လိုလူမျိုးတွေလေ..``


ကြွေ့အနောက်ဘက်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ပြောနေသည့် ထနှောင်းကိုကြည့်ကာ ကြွေသည် သက်ပြင်းတစ်ချက်ချပြီး ထနှောင်းပခုံးကိုနှစ်သိမ့်သည့်အနေဖြင့် ပုတ်လိုက်သည်။ ထို့နောက် ဓားပြတွေဘက်သို့လှည့်ကာ ဆရာမပီပီ စကားအရာကြွယ်ကြွယ်ဖြင့် ကြောက်ပေမဲ့ ပြောရပါတော့သည်။


``အဲ့ဒီ့က အကိုတွေရယ် ကြွေတို့က ကျောင်းသွားမလို့ပါ ၊ ကြွေ့ဆီမှာလဲ ဘာအဖိုးတန်မှမရှိပါဘူး ဒါကြောင့် လွတ်ပေးပါနော်... ကြွေက  အနာဂတ်ကလေးတွေ ဘဝလှပဖို့ ဖန်တီးပေးနေသူပါ... ဒါကြောင့် လွတ်ပေးပါနော်..``


မိုးဇွန်သည် ကြွေ့ကိုကြည့်လိုက် ၊  ထနှောင်းကိုကြည့်လိုက် လုပ်ပြီး သူ၏ အောက်လက်ငယ်သားတွေဘက်သို့ မြင်းဇက်ကြိုးကိုကိုင်ပြီးလှည့်လိုက်သည်.။


``ညီအကို‌တို့ရေ.. 

ကျောင်းဆရာမဆိုတော့ ငါတို့ကလေးတွေအတွက်လှပတဲ့အနာဂတ်တွေပေးနိုင်တယ် ၊ 

ဒါကြောင့်ထားခဲ့လိုက် ဆက်သွားကြရအောင်.``


မိုးဇွန်သည် သူ့တပည့်တွေကို‌မျက်လုံးမှိတ်ပြကာ ပြောပြီး ထနှောင်းကိုကြည့်ကာ ခေါင်းငြိမ့်ပြလျက် ထိုနေရာမှထွက်ခွာသွားသည် ။

 ဓားပြအောက်လက်ငယ်သားတွေကလဲ  သခင်လေးမိုးဇွန်စကားကိုနားထောင်ကာ ထွက်သွားခဲ့ပေမဲ့ သူတို့မျက်လုံးတွေက ထနှောင်းကိုသာ လှည့်ကြည့်နေကြသည်...။


``ဟူး...တော်ပါသေးတယ်...``


``အမယ်..ဒီစကားကို ကျွန်မပြောရမှာမဟုတ်ဘူးလား...``


``အာ...မမကလဲ 

စကားပဲဘယ်သူပြောပြောပေါ့ မှုပိုင်မှမရှိဘဲ...ဘေးကင်းဖို့သာ အဓိကလေ.. ``


``ဟုတ်ပါပြီရှင်..

ဟုတ်ပါပြီ လာသွားရအောင်..၊ ကျောင်းနောက်ကျနေမယ်...၊

ဒါနဲ့ထ‌နှောင်းလေး သူတို့တွေက မမတို့ကို ဘာမှမလုပ်ပေမဲ့ ကျန်တဲ့ရွာသားတွေဆီက လုယက်ရိုတ်နှက်မလားမသိဘူးနော်...``


``စိတ်ချမမ သူတို့ဘာမှမလုပ်ဘူး အိမ်ဘဲတန်းပြန်မှာ``


``ဟင်.. ထနှောင်းကဘယ်လိုသိ``


ကျောင်းသွားမည့်လမ်းမတစ်လျှောက် ကြွေနှင့် ထနှောင်းတို့သည် ရောက်တက်ရာရာစကားများပြောကာ ကျောင်းသို့ လျှောက်လှမ်းလာသည်။

ထနှောင်း၏သတိလက်လွတ် စကားလုံးတွေကြား ကြွေ အံအားသင့်သွားရသည်..။ ထနှောင်းသည်လဲ သူစကားလွန်သွားမှန်းသိ၍ ခေါင်းနပန်းကြီးကာ ချက်ချင်း ပြန်ဖြေသည်။ 


``အဲ..အို..အော်...

ဒီလိုလေ...ကျွန်တော်က ကြည့်တာနဲ့သိတယ် ၊ အဲ့ဓားပြတွေက ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တဲ့ ဓားပြလိုမဟုတ်ဘူး ၊ ကျွန်တော်တို့ကို တိုက်ခိုက်တဲ့ ဓားပြတွေဆို ကျောင်းဆရာမ မပြောနဲ့ ကလေးသေးသေးလေးတောင်မချန်ဘူး အကုန်သတ်ပစ်တာလေ...``


``အော်...ရက်စက်လိုက်ကြတာ....

ဒါဆို ဓားပြတောင်မှ လူဆိုးလူကောင်းရှိသေးတာပေါ့နော်...``


``ဒါပေါ့မမရဲ့.. လူတိုင်းကို တသတ်မတ်ထဲမကြည့်နဲ့...အရာအားလုံးက ကိုယ်ထင်နေသလိုမဟုတ်ဘူး... ``


``အော်...အင်းပါ``


ထနှောင်းစကားကြောင့် ကြွေသည် အတွေးပင်လယ်ဝေနေခိုက် ကြွေ့ ကိုကြည့်ပြီး ထနှောင်းခမျာ သက်ပြင်းတိုးတိုးလေးချလိုက်ရသည်..


📝🍂🍀


ရွာလမ်းမတစ်လျှောက် နွေရာသီ၏ ဂုဏ်သတ္တိကိုဖော်ကျူးထားသော နေမင်းကြီး၏အလင်းရောင်သည် ဓားပြမိုးဇွန်တို့ကို ချွေးသံတလုံးလုံးဖြင့် သူတို့၏နေရပ်သို့ပြန်လာစေသည်..။


``သခင်လေး...‌

အစောကတွေ့တာ သခင်ကြီးမဟုတ်လား ဘာကြောင့် မသိချင်ယောင်ဆောင်လိုက်တာလဲဗျ..``


မိုးဇွန်၏ တပည့်ဖြစ်သူက မေးလေတော့ မိုးဇွန်သည် သူ့ဘက်သို့ ခေါင်းတစ်ချက် စောင်းငဲ့ကြည့်ပြီးနောက် အရှေ့သို့ပြန်ကြည့်လိုက်သည် ။


``ငါလဲမသိဘူး ကိုကြီးမှာအကြောင်းရှိလို့နေမှာပေါ့ကွာ...၊ 

ငါတို့ညနေထိ သခင်ကြီးအလာကိုစောင့်မယ် ၊ မလာခဲ့ရင်တော့နက်ဖြန် မင်း ငါနဲ့ရွာထဲကိုလိုက်ခဲ့ ၊ ရုပ်ဖျက်ပြီး သခင်ကြီးကိုသွားတွေ့ရအောင် ..``


``ဟုတ်ကဲ့ပါသခင်လေး...``


🍀☘️🍂


ယနေ့ ချင်းပြည်နယ် ကုက္ကိုလ်ကိုင်းရွာ၏ နေ့လည်ခင်းရာသီဥတုသည် ဆီးနှင်းတောင်ပေါ်ရောက်နေသလို အေးချမ်းလှ၏။ ထိုအအေးဒဏ် ကိုအံတု၍ ပြည်တွင်း deliveryသမားလေးကတော့ သူ၏တာဝန်ကျေပွန်အောင် မြို့ကလာသောပစ္စည်းများကို လိုက်လံပို့ဆောင်နေသည် ။ထိုပစ္စည်းများထဲတွင် ကြွေနှိုင်းခ၏ပစ္စည်းများလဲပါဝင်သည်..။


``ဆရာမလေးရေ.... ဗျို့...ဆရာမလေး ဆရာမလေးရှိလားဗျို့``


``လာပါပြီဗျ...ခင်များကလဲ အော်ကြီးဟစ်ကျယ်နဲ့ဗျာ ဘာဖြစ်တာလဲ မီးလောင်လို့လား....``


``ဟာဗျာ....ခင်များကလဲ 

ဖွဟဲ့ လွဲပါစေဗျာ...``


``ကဲပါ..လုပ်မနေနဲ့ 

ဒီကိုဘာလာလုပ်တာလဲမြန်မြန်ပြော ကျုပ်ကအားတာမဟုတ်ဘူး..``


``အယ်...ထူးဆန်းပါပေ့ 

မအားရအောင် ခင်များက 

ဘာလုပ်နေလို့တုန်း...``


``ဟ! ကျုပ်က ခန္ဓာကိုယ်ဖွံဖြိုး

တိုးတက်အောင် တစ်စိတ်တစ်ပိုင်းက ကူညီရာရောက်စေတဲ့ အိပ်စက်ခြင်းဆိုတဲ့ အလုပ်ကိုလုပ်နေတာဗျ..လွယ်တာမဟုတ်ဘူး..``


``ဟင်..ဟားဟားဟား...

ခင်များဗျာ..တကယ့်လူပဲ..``


``ဟေ့လူ..လာရင်းကိစ္စပြောလေ..``


``အော်...ဟုတ်သား ခင်များနဲ့စကားပြောကောင်းလို့ လာရင်းကိစ္စမေ့တော့မလို့ပဲ... ဒီမှာဗျာ ကျုပ်က စာပို့ပစ္စည်းပို့ deliveryသမားလေးဆိုတော့ကာ...``


``ဟာဗျာ...

ခင်များသိပ်လျှာကြောရှည်တယ်...တော်ပြီကျုပ်အိမ်ထဲပြန်ဝင်တော့မယ်...``


``နေ..နေပါဦးဗျာ..ခင်များကလဲစိတ်ကြီးပဲ ဆရာမလေးကိုမြို့ကပို့လိုက်တဲ့ပစ္စည်းလာပို့တာပါ..ဆရာမလေးရော...``


``ဒီချိန်ကကျောင်းတက်ချိန်လေ..ကျောင်းမှာပေါ့ဗျ..ပစ္စည်းတွေကိုကျုပ်ပေးခဲ့..မမလာရင်ပေးလိုက်မယ်...``


``ကောင်းတယ်ဗျာ..ကျုပ်လဲ ကျောင်းသွားစရာမလိုတော့ဘူး ဒီမှာဆရာမလေးပစ္စည်းက၂ထုပ်....ကျေးဇူးပဲနောင်ကြီးရေ....``


 ထနှောင်းသည် deliသမားလေးပေးသည့် ပစ္စည်းတွေကိုကြည့်လိုက်တော့ ရောင်စုံစက္ကုတွေဖြင့်စနစ်တကျထုပ်ပိုးထားသည် ။

အထဲကပစ္စည်းကို မမြင်ရချေ.. ထို့ကြောင့် စူးစမ်းချင်စိတ်ကိုမြိုသိပ်ပြီး မှန်ဗီဒိုပေါ်သို့တင်လိုက်ကာ သူ၏စက်တော်ခေါ်ရာနေရာသို့ပြန်ပြီးမှေးစက်နေပါတော့သည်...။


&              &      


ကလောင်..ကလောင်..


``ကဲ..ကလေးတို့ရေ..

ကျောင်းဆင်းလို့ရပြီ မနက်ဖြန်နဲ့သန်ဖက်ခါ ကျောင်းပိတ်တယ်နော်...``


``ဟေး....မနက်ဖြန်ကျောင်းပိတ်တယ်...ပျော်လိုက်တာ....``


``ရေး....ငါမနက်ဖြန် ရွာနောက်ပိုင်းက ချောင်းထဲရေကူးရင်း ငါးဖမ်းသွားမယ် ဘယ်သူလိုက်မလဲ ..``


``ငါလိုက်မယ်``


``ငါရောပဲ``


``ဟျောင့်ငါ့လဲခေါ်နော်...``


``အေးပါကွာ အကုန်လိုက်ကြ ဟုတ်ပြီလား..``


 မနက်ဖြန် စနေ ၊ တနဂ်နွေမို့ ကျောင်းပိတ်ရက်ဖြစ်သည်ကြောင့် ကလေးများက သူတို့၏သဘောသဘားအလျောက် ပျော်ရွင်ခုန်ပေါက်ပြီး တစ်ယောက်တစ်ပေါက် စကားပြောနေသည်ကား လက်ပံပင် ဆရက်ကျနေသည့်အလားပင်..။


ဗြန်း...ဗြန်း...ဗြန်း...


ကြွေသည် စာရေးခုံပေါ်သို့ ကြိမ်လုံးဖြင့် ရိုတ်ချလေတော့ ကလေးတွေအသံသည် တိတ်ဆိတ်ငြိမ်သက်လျက်လက်ပိုက်ကာ သူတို့၏ဆရာမကြွေနှိုင်းခကို ရိုသေသမှုဖြင့်

ကြည့်နေကြသည်...။


``ကလေးတို့ကို ဆရာမပြောပြမယ်နော် ၊ မနက်ဖြန်ကျောင်းပိတ်ပြီဆိုတာဟုတ်တယ် ၊ ဒါပေမဲ့ ဘယ်နှစ်ရက်ပိတ်တာလဲကွယ်...``


``နှစ်ရက်ပါဆရာမ``


``ဟုတ်တယ် နှစ်ရက် ...

အဲ့ဒီ့နှစ်ရက်ကလေးပိတ်တာကို ပျော်နေရမှာမဟုတ်ဘူးနော်.. စာမေးပွဲက ဘယ်နေ့လဲ``


``၁၂ရက်နေ့ပါဆရာမ...``


``မှန်ပြန်ပြီကွယ်...

ဒီနေ့ဘယ်နှစ်ရက်နေ့လဲ 

သိကြလား...``


``၈ရက်နေ့ပါ``


ဆရာမက စာမေးပွဲနီးကပ်နေပြီဖြစ်ကြောင်း သတိပေးလိုက်သောအခါ ခုဏန ပျော်ပျော်ရွင်ရွင် ကခုန်မြူးတူးနေသည့် အသံများဟာ လေလွင့်သလို ပျောက်ရှကုန်ပြီး တိုးညင်းသော အသံများဖြစ်ကုန်ကြသည်..။


``ဟယ်တော်....အသံက ဘယ်လိုဖြစ်သွားကြတာလဲ....ပြန်ပြောကြစမ်း...ဒီနေ့ဘယ်နှစ်ရက်လဲ...``


``၈ရက်နေ့ပါဆရာမ...!!``


ကြွေ ထပ်မံပြောခိုင်းတော့မှ အားမာန်အပြည့်နှင့် အော်ကာပြောတော့သည်...


``အင်း...ဒါဆို စာမေးပွဲရက်ရောက်ဖို့အတွက် ဘယ်နှစ်ရက်လိုသေးလဲ...``


``၃ရက်ပဲလိုပါတော့တယ် ဆရာမ..``


``ဒါဆို ကလေးတို့ စာရကြပြီလား...``


``ရပါပြီဆရာမ``!!


``မရသေးပါဘူးဆရာမ...!!အဟိ...``


``ဟယ်...စာမရသေးဘူးဆိုတဲ့အသံကိုဆရာမကြားလိုက်တယ်နော်...

စာမေးပွဲက ပါပုနားကပ်နေပြီ..

ဒါကိုမရကြသေးဘူးလား...``


ကလေးတွေသည် ဆရာမပြောသည့်စကားလုံးများထဲတွင် ထူးဆန့်သည့်စကား ၊ သူတို့မကြားဖူးသည့်စကားလုံးပါလာသောကြောင့် တစ်ယောက်မျက်နှာတစ်ယာက်ကြည့်နေကြသည်... ကျောင်းသားတွေထဲမှ တစ်ယောက်သည် မတ်တပ်ရပ်ကာ သူမေးချင်သည့် မေးခွန်းကို လက်ပိုက်ပြီး မေး၏။


``ဆရာမ..သားတစ်ခုလောက်မေးချင်လို့ပါ...``


``အေး မေးပါ..ဘာများလဲ``


``ခုဏန ဆရာမပြောတဲ့စကားလုံးတွေထဲမှာ ``ပါပု``ဆိုတာပါတယ်လေ...အဲ့ဒါဘာလဲသိချင်လို့ပါ...``


``အော်..

ခစ်ခစ်...

ဒီလိုကလေးတို့ရဲ့ စကားများ အမှားပါတက်တယ်။ 

ယဉ်ကျေးတဲ့စကားကို ပြောတဲ့လူတိုင်းကို လူတိုင်းကနှစ်သက်ရုံတင်မက နတ်သိကြားတွေပါ ကောင်းချီးပေးကြတယ်..။

ဒီလိုပဲ ဆရာမက ``တင်ပါး``ဆိုတဲ့အရာကို ``ပါပု``လို့ဆိုလိုက်တဲ့အတွက် ယဉ်ကျေးရာလဲရောက်တယ် တပါးသူရဲ့နားထဲမှာလဲ နားထောင်လို့ကောင်းတာပေါ့...``


``ဒါဆို တင်ပါးကို ပါပုလို့ဆရာမကခေါ်တာပေါ့နော်...``


``အင်းပေါ့...``


ကလေးတွေသည် စကားလုံးအသစ်အဆန်းရသွား၍ ပျော်နေကြသည်...


``ကလေးတို့ရေ..

ကျောင်းပိတ်ရက်မှာ ဆော့ချည်းမနေကြနဲ့နော် စာလဲလုပ်ကြ..

ကဲ...ကျောင်းဆင်းလို့ရပါပြီ.``


ရေး.....


ကလေးတွေသည်ဆရာမကို အာစယဂုဏံဖြင့် နူတ်ဆက်ပြီး စာသင်ခန်းမထဲက ‌အလုအယက်ပြေးထွက်သွားကြသည်..။

ကြွေကတော့ ပစ္စည်းတွေကို ကြိမ်ခြင်းတောင်းလေးထဲထည့်ကာ ကျောင်းစောင့်ဦးလေးကြီးကို နူတ်ဆက်ပြီး အိမ်သို့ပြန်လာခဲ့သည်။


×°×°×°


``ထနှောင်းရေ...ထနှောင်း...``


ကြွေသည့် အိမ်ရှေ့ရောက် အိမ်တံခါးတွေက ဟာလာဟင်းလင်း ဖြစ်နေသည်။ ခြံရှေ့က အိမ်ထဲသို့လှမ်းကြည့်တော့ မည်သူမှမရှိချေ..။ အိမ်ထဲကိုလဲ တန်းဝင်မသွားရဲ ၊ မတော်လို့ ဓားပြတွေ  ၊ သူခိုးတွေများ ရှိနေမှဖြင့် ဆိုသည့်စိတ်နှင့် ခြံရှေ့ကသာ ထနှောင်းကိုအော်ခေါ်နေသည်..


``ထနှောင်း...

အော်...ဒီကလေး ဘယ်တွေသဝေထိုးနေလဲမသိဘူး 

အိမ်တံခါးလဲမပိတ်ခဲ့ဘူး ။ ဟူး...``


ထိုစဉ်အိမ်ထဲမှ ထနှောင်းသည်အိပ်ချင်မှုးတူးဖြင့်ထွက်လာခဲ့သည်။


``အမ်..မမလာပြီလား...``


``ဟေ့...မင်..မင်း...``


ကြွေသည် ထနှောင်း ကိုမြင်သည်နှင့် လန့်ကာ သူ၏ဆန့်ကျင်ဘက်သို့လှည့်ပြီး မျက်လုံးမှိတ်ထားလိုက်သည်...။


``ထနှောင်း!..မင်း..မင်းကတော့...``


``ဘာလို့လဲမမကလဲ ကိုယ့်မမကျောင်းကပြန်လာလို့ ထွက်ကြိုတာလေ...

ဘာလဲ မကြိုက်တာလား..``


``ကိုယ့်...ကိုယ့်အောက်ကို 

ကိုယ်ငုံ့ကြည့်ဦး ထနှောင်းခရဲ့!

အမလေး...ငါသေချင်ပါတယ် ဘာတွေမြင်နေရပါလိမ့်.. ``


``ဟင်...ဟာ့...

အမလေး...

ကန့်တော့မမ ကန့်တော့်...``


ထနှောင်းသည် ကြွေ့ခေါ်သံကြောင့် အိပ်ချင်မှုးတူးထလာ၍  စွပ်ကျယ်လက်ပြတ်အကျီနှင့် အောက်က ပုဆိုးမပါ ဘစ်ဘောင်းဘီနှင့်သာ သတိလက်မဲ့ ထွက်လာခဲ့သည်။ 

ထနှောင်းသည် ကိုယ့်အောက်ကိုယ် ငုံ့ကြည့်ပြီး လန့်ဖြန့်၍ ကြွေ့ကိုလဲ အားနာသွားပြီး အိမ်ပေါ်သို့ ပြေးတက်သွားခဲ့သည်။။


``ဘယ်လိုကလေးပါလိမ့်..

ကိုယ့်ဟာကိုယ် ဘာပါလို့ ပါမှန်းသိမှာမဟုတ်ဘူး.. အရူးလေး..``


``မမ မလာနဲ့ဦးနော်

 ကျွန်တော် အဝတ်လဲနေတယ်..``


``အမလေး..

ခင်များလေးကြည့်ခိုင်းရင်တောင်မကြည့်ဘူး ကျုပ်ဘာသာ မီးဖိုချောင်ထဲဝင်တာ..``


ထိုနေ့တစ်နေ့လုံးကြွေသည် ထနှောင်းကိုဆူလိုက်တာ ထနှောင်းခမျာ မျက်နှာလေးငယ်ကာ ဘုရားကျောင်းဆောင်ရှေ့မှာ ငိုင်ကာ ထိုင်နေတော့သည်..။


``ကျွန်မမို့လို့သာပေါ့ တခြားသူသာဆို အထင်သေးလိုက်မယ့်ဖြစ်ခြင်း ၊ 

ဒီလိုနမော်နမဲ့ ပုံစံနဲ့ ဘဝကို ဘယ်လိုကျော်ဖြတ်မလဲ...၊

ကျွန်မက ခင်များလေးကို ကိုယ့်မောင်လေးတစ်ယောက်လို ချစ်လို့ပြောနေတာ  ၊ ခုလိုပြောနေတာ ကျွန်မအတွက်ဘာမှမပါဘူး.. နားလည်လား``


 ဧည့်ခန်းထဲစာရင်းတွေလုပ်ရင်း ဆူနေသည့်ကြွေ့ထံသို့ ထနှောင်းသည် ရေတစ်ခွက်လာပေးသည်။

ကြွေသည် ထနှောင်းပေးသည့် ရေကိုကုန်အောင်သောက်ကာ ဆက်၍ဆူနေပြန်သည်။


ထနှောင်းသည် ကြွေ့စကားသံတိတ်သွားအောင် ဘာလုပ်ရမလဲဟု မီးဖိုချောင်ထဲသွား၍ ထိုင်ကာစဉ်းစားနေသည်။ နားထဲတွင် ဂွမ်းစို့ထားသည်လဲမရ ။ ကြားနေရသေးသည်။ ထို့နောက် နေ့လည်ကရန်ကုန်ကနေကြွေ့အတွက် ပါဆယ်ထုတ်လာပို့မှန်းသိတော့မှ အကြံရသွားခဲ့သည်...။


``ဒီလိုပုံစံနဲ့ကြီးလာရင် ဘယ်သူမှအလုပ်ခန့်မှာမဟုတ်ဘူး..ဒါဆို ဘာနဲ့ သွားလုပ်စားမလဲ ..ဟမ်.. တောင်းစားမလို့လား..``


``မမ...``


``ဘာလဲ..!``


``ဟို..မမစကားကို ဖြတ်ပြောတာမဟုတ်ပါဘူး ၊ မမအတွက် ရန်ကုန်ကနေ ပါဆယ်ထုတ်ရောက်လာလို့ပါ..``


``ဟွန့်..ခင်များလေးနော် ကြပ်ကြပ်သတိထား..``


``ဟုတ်...😑``


ကြွေသည် ထနှောင်းပေးသည့်ပါဆယ်ထုပ်ကိုယူကာ ဖောက်တော့မှ အသံတိတ်သွားသည်။


(အမလေး...တော်သေးတယ်..ကျေးဇူးကြီးလှပါတယ် ပါဆယ်ထုပ်ကြီးရာ..ငါ့မှာ မင်းပေးတဲ့အသက်ပဲရှိပါတော့တယ်..)


ထနှောင်းသည် ကြွေ့အနောက်မှ အသံတိတ် ပါဆယ်ထုတ်ကို ဦးခိုက်နေသည်။

ကြွေသည် ပါဆယ်ထုတ်ကို စနစ်တကျဖွင့်ဖောက်နေသည်။


(မမက အသေးစိတ်ကအစ စနစ်ကျတာပဲ.. ၊ ဘယ်အရာမဆို အလေးအနက်ထားတယ်။ ဒါကြောင့် မမကို့ ဒီကောင်လေးကချစ်နေရတာမမရဲ့..သိရဲ့လား)


ထနှောင်းသည် စိတ်ထဲရှိစကားများကို ပြုံးရွင်ကာ ပြောနေသည်။

သိူ့ပေမဲ့ ကြွေ၏ စကားကြောင့် မျက်နှာ ပျက်သွားရသည်။


``ဟယ်..ကိုကိုပေးလိုက်တာပဲ...``


``ဟမ်..ကိုကို!..``


ထနှောင်းသည် ကြွေ့စကားနှင့်ထပ်တူလိုက်ပြောပြီး ကြွေထိုင်နေသည့်နေရာ၏ အရှေ့ဘက်သို့ရောက်လာကာ တင်ပလေခွေထိုင်လိုက်သည်။


``မမ.. မမမှာ အကိုရှိလို့လား၊

 ညီမလေးပဲရှိတာဆို..``


``အော်..ကိုကိုဆိုတာက..

အဟွန်း...မမရဲ့...

မမရဲ့ချစ်သူကိုပြောတာလေ..ဟိ``


``ဗျာ!...ချစ်သူ``


``အွန်း..ဒီမှာလေ မမအရမ်းလိုချင်တဲ့ ကဗျာစာအုပ်ကို ကိုကိုကရှာပြီးဝယ်ပေးလိုက်တာ..၊

ကဗျာစာအုပ်နာမည်က


 "အလွမ်းပြေငြိမ်းရေးစာချုပ်"ပေါ့ မောင်လှမျိုး (ချင်းချောင်းခြံ)

ရေးတာလေ..

မမအရမ်းလိုချင်ခဲ့..ဟိ...

မမကိုကိုက မမ ပြောရင်တစ်ခွန်းထဲပဲ ဘယ်အရာမဆို ရအောင်ယူလာပေးတယ်...သိပ်ချစ်လိုက်တာ ကိုကိုရယ်..မွ...``


ကြွေသည် သူမ၏ချစ်သူပေးလိုက်သော စာအုပ်ကိုကိုင်ကာ အကြင်နာ စကားလေးများပြောပြီး ထိုစာအုပ်ကို အနမ်းတွေ တဖွဖွ ခြွေနေ၏..``


``မမ..!``


``ဟင်..``


``ဒီစာအုပ်ပေးတဲ့လူက မမချစ်သူလား..``


``အွန်းပေါ့...မမနှလုံးသားရဲ့မှုပိုင်ရှင်လေး..``


``မမသူ့ကိုချစ်လား..``


``ချစ်တာပေါ့ ထနှောင်းရဲ့ ...

 မမဘဝမှာ မိဘပြီးရင် ကိုကို့ကို အချစ်ဆုံးပဲ..

ကိုကိုက မမရဲ့ဘဝအဖော်မွန်လို့ဆုံးဖြတ်ထားတာ..``


ဒုန်း...💢


``ဟင်..ထနှောင်း...ဘာလုပ်တာ..``


``ပေးစမ်း အဲ့စာအုပ်..``


ထနှောင်းသည် ချစ်သူကြောင့် ပြုံးရယ်နေသည့်ကြွေ့ကို မနှစ်မြို့ဘဲ စာပွဲခုံကို သူ၏လက်သီးဖြင့်ထိုးချလိုက်ပြီး ကြွေ့လက်ထဲရှိ တယုတယကိုင်ထားသည့် စာအုပ်ကိုယူကာ အိမ်နောက်ဘေးသို့လွှင့်ပစ်လိုက်သည်။


``ဟာ...ထနှောင်းခ..

ဒါဘာလုပ်တာလဲ..

မင်းတော့ ငါအလိုလိုက်ထားလို့ရောင့်တက်လာပြီပဲ..

စာအုပ်လေးတော့သွားပါပြီဟယ်..``


ကြွေသည် ထနှောင်းကိုဆူပြီး  ကဗျာစာအုပ်ကို ထယူဖို့အသွား

 ထနှောင်းသည်

ကြွေ့ကိုမသွားစေရန်  လက်ကောက်ဝတ်ကို ဆွဲချပြီး သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။


`` ထ..ထနှောင်း..မင်းဘာလုပ်တာလဲ လွတ်စမ်း...``


ထနှောင်းသည် သူ၏ရင်ခွင်ထဲသို့ရောက်နေသည့် ကြွေကို အတင်းဖက်ထားပြီး ကြွေ့မျက်နှာဝင်းဝင်းလေးကို မျက်တောင်မခတ် အကြာကြီး စိုက်ကြည့်နေမိသည်.. 


`` ထနှောင်းခ လွတ်စမ်းလို့ငါပြောနေတယ်လေ....


``ဟင်..

ဟာ...တောင်း တောင်းပန်ပါတယ်မမ...ကျွန်တော်...``


ဖျန်း...👋


``မင်းငါ့သိက္ခာကိုမှ မထောက် မတော်လို့ တစ်ယောက်ယောက်ကများဝင်လာရင် ဆရာမဆိုတဲ့ ငါ့သိက္ခာ ၊ အရှက်နဲ့လူလုပ်နေတဲ့ငါ့ကိုယ်ကို ဘယ်လိုလုပ်ရမလဲ..``


``မဟုတ်...

အဲ့လို...မဟုတ်..‌ကျစ်...

တောင်းပန်..``


``တော်ပြီ...ငါနင်နဲ့စကားပြောချင်စိတ်မရှိတော့ဘူး ငါ့ကို စကားလာမပြောနဲ့..``


ကြွေသည် ဒေါကန် မောကန်  ခပ်ထန်ထန်လေးဖြင့် ခြေဖနောင့်ကို ဆောင့်ကာ ဆောင့်ကာနင်း သွားပြီး ကြမ်းပြင်ပေါ်ကျနေသည့် စာအုပ်ကိုကောက်ကာ အခန်းထဲသို့ဝင်သွားပါတော့သည်...။


🥀 ~~~~ 🥀 ~~~~ 🥀~~~~ 🥀


အပိုင်း ( ၅ )မျှော်....


ထနှောင်းလေးကို ကြွေ အထင်လွဲသွားပြီလားဟင်....


ကြွေက စိတ်ကြီးကကြီးနဲ့ ရှေ့ဆက် ဘယ်လိုဖြစ်မလဲ စောင့်ကြည့်ပေးကြပါဦးနော်...


rate now: