book

Index 3

အပိုင်း ( 3 )

💕ကျွန်တော့နှလုံးသား

              မမထံဝပ်ဆင်း၍💕


ကြွေသည် စိတ်မရှည်သည့် လေသံဖြင့်ပြောပြီး အိမ်အောက်သို့ဆင်းသွားသည်...။

ထနှောင်းသည် ကြွေ့ကိုကြည့်၍ ပြုံးလျက် ကြွေ့နောက်လိုက်ကာ လက်ကိုချိတ်လိုက်သည်...။


``ဟယ်..ဒီကလေး...

ဖယ်ဖယ်...လက်မတွဲနဲ့...

လူမြင်မကောင်းသူမြင်မကောင်း ဖယ်...``


``လူတွေမြင်မကောင်းရင်မျက်စိမှိတ်ထားလေ...ကျွန်တော်မြင်ကောင်းရင်ပြီးပြီ...``


``အော်..

ဒီကလေး လွတ်စမ်းပါ...``


``မလွတ်ဘူးဗျာ!!

မမက ဘာကိုဂရုစိုက်နေရတာလဲ..

ကိုယ့်မောင်လေးကို ဒီလိုပဲပစ်ထားတော့မှာလားဟမ်..!

ကျွန်တော်ကတော့ မမကလွဲရင် အားကိုးစရာလူရှိတော့လို့ အားငယ်နေတဲ့သူကိုမှ 

မမဗျာ...! ``


ထနှောင်းသည် နူတ်ခမ်းကြီးဆူကာ ဆောင့်ကြီးအောင့်ကြီးဖြင့် ကြွေ့လက်ကို ပို၍ ကျစ်နေအောင်ဖက်ထားကာ အော်ပါတော့သည်။

ကြွေသည် ထနှောင်းကိုကြည့်ရင်း ရယ်ရခက် ငိုရခက် ဖြစ်နေသည်။


``အမလေး လေး...

လူတက်ကြီးရယ်...

အသံလေးလျော့ပြောပါဟယ်..

မင်းပြောမှ မမကလူဆိုးလုံးလုံးဖြစ်ကုန်ပြီ...

လူတွေလဲ ဝိုင်းကြည့်ကုန်ပြီ..``


``ဒါဆိုလက်တွဲခိုင်း....``


``အေးပါ အေးပါဟယ်.. 

တွဲပါ..မင်းချည်းကြောက်နေရတယ်.. ငါ့ညီမတောင် ငါ့ကိုအဲ့လောက် မချွဲဖူးဘူး...

ဟင်း.....``


`` မမမို့လို့ ချစ်လို့

အယ်.… အသက်သခင် ကျေးဇူးရှင်မို့ ချစ်လို့ ချွဲတာပေါ့ ``


`` ခစ်ခစ် ဟုတ်ပါပြီသတဲ့ ရှင် ``


ထနှောင်းသည် အရင်က ဘယ်လောက်ပဲ ဩဇာညောင်းသည့် သခင်ကြီးဖြစ်ခဲ့‌ပါစေ..

 ကြွေနှိုင်းခနှင့်တွေ့မှ အဆော့သန်သည့်ကလေးငယ်လို မေတ္တာငတ်နေသည့် လူငယ်တစ်ယောက်လို ကြွေ့အပေါ်ဆိုးနေလေသည်။


📝 📝


``ဟျောင့်တွေ...

မင်းတို့အခုထိသခင်ကြီးကိုရှာလို့မတွေ့ကြဘူးလားဟမ်!!!...

တစ်ယောက်မှ စောက်သုံးမကျတဲ့ဟာတွေ...တွေ့အောင်ရှာကြစမ်းကွာ....``


``မိုးဇွန်ကတော့ သူ့သခင်ကို မတွေ့မချင်း တောင်ပေါ်က ဆင်းမည့်ပုံမပေါ်ချေ...။ထိုအချိန် မိုးဇွန်၏တပည့်တစ်ယောက်က ‌တောင်ပေါ်သို့ ရေးကြီးသုတ်ပြာပြေးတက်လာသည်..``


``သခင်လေး....

သခင်လေး...

သတင်းထူးတစ်ခု ပါလာပါတယ်...``


``ဘာသတင်းလဲ 

အမြန်ပြောစမ်း ..``


``သခင်ကြီးကို ကုက္ကိုကိုင်းရွာမှာတွေ့လိုက်တဲ့သူရှိတယ်တဲ့သခင်လေး.. ``


``ဘာ...ကုက္ကိုကိုင်းရွာမှာ 

သခင်ကြီးကရောက်နေတယ်..

မင်းသတင်းမှန်ရဲ့လားကွ...``


``ဟုတ်သခင်လေး...သခင်လေးသွားကြည့်သင့်တယ် ထင်ပါတယ်...``


``အေး...မနက်ဖြန်သွားကြမယ်...မြင်းတွေအဆင်သင့်ပြင်ထားကြ...``


``ဟုတ်ကဲ့ပါ....``


`` ကိုကြီးရေ....ဘယ်ရောက်လို့ဘယ်ပျောက်နေတာလဲဗျာ...ရွာထဲရောက်နေလို့ရှိရင်လဲ ပြန်မလာတက်လို့လား...၊ ဒါမှမဟုတ် ပြန်လာလို့မရလို့များ...

အာ...မဖြစ်နိုင်ပါဘူး...ဒီကောင်တွေ သတင်းမှားနေတဖြစ်မယ်...

ဘာဖြစ်ဖြစ် သွားကြည့်ရမှာပါလေ..``


💖~💖~


ကြွေနှင့် ထနှောင်းခတို့သည် သူကြီးရှိရာ နေအိမ်သို့ရောက်လာခဲ့ကြသည်။ ထိုနေရာတွင် ရွာထဲမှ စပ်စုစိန်အဖွဲ့နှင့် အင်တာနက်ထက်မြန်တဲ့ သတင်းလွှင့်သည့် အဒေါ်ကြီးအဖွဲ့လဲရှိသည်။


``မဂ်လာပါ ဘကြီး``


``မဂ်လာပါဆရာမလေး... 

ကြွပါခဗျ ကြွပါ..``


သူကြီးသည် ကြွေတို့ကို နေရာထိုင်ခင်း ပြင်ဆင်ပေးသည်။ ပုဇွန်ခြောက်အကောင်ကြီးကြီးပါသော လက်ဖက်သုပ်နှင့် ရေနွေးကြမ်းတို့ကို တည်ခင်းသည်။ သူကြီးကတော်နှင့် စပ်စုစိန်အဖွဲ့တို့သည် ကြွေ့လက်ကို တွဲလာသော ထနှောင်းကို ကွက်ကြည့်ကွက်ကြည့် ကြည့်ကာ အတင်းအဖျင်းများ တီးတိုးပြောနေကြသည်။ 


ထနှောင်းကလဲ ဟုတ်လဲ ဟုတ်သည် ထိုင်နေတာတောင်မှ ကြွေ့လက်ကို မဖြုတ်ပေးသေးချေ...။

ကြွေက ရိပ်မိသောကြောင့် ထနှောင်းလက်ကို မသိမသာဖြုတ်ပေမဲ့ ထနှောင်းက ကြွေ့လက်ကို ဖျက်ခနဲ ရိုတ်ကာ ကျစ်နေအောင် ဆက်ဖက်တွယ်ထားသည်။ ကြွေလဲ မတက်နိုင်တဲ့အဆုံး တိုးတိုးလေး သက်ပြင်းချကာ သူကြီးတို့ကို ရယ်ပြရပါတော့သည်။


``ဒီကလေးက လူများတော့ ကြောက်နေရှာတာလေ...``


`` မကြောက်ပါဘူး..မမကလဲ..``


ကြွေသည် ထနှောင်းကို ကြည့်ကာ စိတ်တိုဟန်ပြမှ ဖက်ထားသည့် ကြွေ့လက်ကို အနည်းငယ် ဖြေလျော့ပေးလိုက်သည်။ သူကြီးသည် ရေနွေးကြမ်းကို သောက်ရင်း ကြွေ့ကို အကျိုးအကြောင်းဆီလျော်စွာဖြင့် မေးခွန်းများမေးပါတော့သည်။


``နေရထိုင်ရတာ အဆင်ပြေရဲ့လားဆရာမလေး...``


``ဟုတ်ကဲ့ ပြေပါတယ်ဘကြီး၊ 

အိမ်လေးကလဲ အဆင်ပြေသလို ရွာလေးကလဲ သာယာပြီး အေးချမ်းတော့ စိတ်ချမ်းသာပါတယ်..၊ ဟိုနေ့က ကျောင်းတောင် ရောက်ဖြစ်ခဲ့ပါသေးတယ်ဘကြီး..``


‌`` ဟုတ်လား.. ကျောင်းအခြေအနေ ဘယ်လိုရှိပါသလဲ ဆရာမလေး ကျွန်တော်တို့ ဘာတွေများ ကူညီပေးရမလဲ``


`` ကျောင်းကတော့ အဆင်ပြေပါတယ်ဘကြီး ‌၊ ဒါပေမဲ့ ကျောင်းသွားမယ့်လမ်းမှာ  ချောင်းတစ်ခုရှိပါတယ် ၊ ခုလို နွေရာသီကတော့ ကိစ္စမရှိပေမဲ့ ၊ မိုးရာသီရောက်ခဲ့ရင်တော့ ကလေးတွေအတွက် အဆင်ပြေမယ်မထင်ပါဘူး...``


``ဝါး.....ပြန်ရအောင်မမရယ်...``


ကြွေနှင့် သူကြီးတို့က ကျောင်းကိစ္စ ရွာကိစ္စကို စိတ်ဝင်တစား ဆွေးနွေးနေကြပေမဲ့ ထနှောင်းကတော့ လူကြားထဲ အကျယ်ကြီးသန်းကာ ကြွေလက်ကိုလှုပ်၍ ပြန်ရန် ပူဆာလေ၏...။ ကြွေသည် ထနှောင်းကို စောင်းငဲ့ကြည့်ကာ တံတောင်နှင့်တွတ်၍ သူကြီးနှင့် စကားစ ပြန်ဆက်လေသည်။


`` စိတ်မပူပါနဲ့ ဘကြီးတို့တတွေ 

ပူးပေါင်းပြီး တံတားတစ်စင်းတည်ဆောက်လိုက်ပါ့မယ်...``


`` ကျေးဇူးတင်ပါတယ် ဘကြီး..``


`` ဟာ...မမကလဲ သူတို့ကောင်းဖို့အတွက် မမက ပြောပေးတာကို ဘာလို့ကျေးဇူးတင်နေရသလဲ..

တင်မှတင် သူတို့တင်ရမှာလေ..``


`` ဟဲ့..ဒီကလေး...``


ကြွေသည် ထနှောင်းကြောင့် လူအများကြားမှာ ချော့မရ ၊ ခြောက်မရနှင့်မို့ မျက်နှာပူနေရသည်။ သူကြီးသည် ထနှောင်းကိုကြည့်ကာ ရယ်လိုက်၏။ ဘေးဘက်က လူတွေကတော့ ထနှောင်းကို အမြင်ကပ်နေကြသည်။


``ဟားဟား... ဒီသူငယ်လေးက ပွင့်လင်းသားပဲ...နာမည်ဘယ်လိုခေါ်သလဲကွဲ့...``


``.....``


``အာ...ဘကြီး..

သူ့နာမည်က ထနှောင်းခလို့ခေါ်ပါတယ်ရှင့်..``


ထနှောင်းသည် သူကြီးမေးသည်ကို မဖြေဘဲ ကြွေ့‌လက်ချောင်းလေးများကို ဖြောင့်လိုက် ကွေးလိုက် ပုဇွန်ဆိတ်ဆိတ် ဆော့လိုက် လုပ်နေသည်။ ထိုသည်ကို ကြွေက အားနာစွာဖြင့် ထနှောင်းအစား သူကြီးကို ပြန်ဖြေသည် ``


``ထနှောင်း..လူကြီးကမေးရင် ပြန်ဖြေရမယ်လေ...``


`` မဖြေချင်ပါဘူး..ကိုယ့်နာမည် ကိုယ် ပြောချင်မှ ပြောမှပေါ့...``


``ထနှောင်းခ!!``


``ရပါတယ်ဆရာမလေးရယ် သူငယ်လေးက နေမကောင်းသေးလို့ ဖြစ်ပါလိမ့်မယ်... ၊ 

ဆရာမလေး ဒီသူငယ်လေးက ဘယ်ကလာလဲ မေးကြည့်ပြီးပြီလား...``


ကြွေသည် စိတ်တိုစွာဖြင့် ထနှောင်းကို အော်လိုက်တော့ ထနှောင်းသည် မျက်နှာပျက်ကာ သူကြီးကို စူးစူးစိုက်စိုက် ကြည့်လေသည်။ ထနှောင်းအကြည့်ကြောင့် သူကြီးသည် ကြက်သီးမွေးညင်းထကာ ကြွေ့ကို စကားလမ်းကြောင်းလွဲလိုက်ရပေးသည်။ 


`` ဟုတ်ကဲ့ဘဘကြီး ကြွေမေးကြည့်ပါတယ်  ။ ထနှောင်းက သိပ်မမှတ်မိဘူးလို့ပြောပါတယ် ။ ဒါပေမဲ့ သူ့မိဘတွေနဲ့အတူ မြို့တက်ပြီး..


အား..... !


ထနှောင်း ! ဘာလုပ်တာလဲ...``


ကြွေသည် သူကြီးကို ရေပတ်မဝင် ရှင်းပြနေချိန် ကြွေ့လက်ကို ထနှောင်းက ပုဇွန်ဆိတ်ဆိတ် ဆော့ရင်း လက်လွန်သွားကာ အားဖြင့် ဆွဲဆိတ်မိသွားသည်။ ထို့ကြောင့် သူကြီးနှင့် ပြောလက်စ စကား ရပ်တန့်သွားလေသည်။


`` အား! နာသွားလားမမ...

ဥုံဖွ ဥုံဖွနော်..ကျွန်တော်ဆော့တာများသွားတယ်..``


ရယ်ကျဲကျဲနှင့် ကြွေ့လက်ကို ဥုံဖွလုပ်ပေးနေသည့် ထနှောင်းကို ကြွေစိတ်ပျက်နေပြီ...။မျက်မှောင်ကြုတ်ကာ သူမလက်ကို ရုန်းဖယ်သော်လဲ ထနှောင်းက ခွင့်မပြု အတင်းဆွဲထားပြန်သည်။ထိုသည်ကို သူကြီးကတော်က မမြင်ရက်တော့၍ ပြောလေသည်။


``ကလေးမဟုတ် သူငယ်မဟုတ်ကွယ်..

ဆရာမလေးလက်ကို ကိုင်မထားစမ်းပါနဲ့..လွတ်ပေးလိုက်ပါ..ဆရာမလေးလဲ လွတ်လွတ်လပ်လပ်နေပါစေ...``


`` မလွတ်ပေးဘူးဗျာ..ဘာလဲ အားကျနေတာလား..၊

ဘေးမှာ ယေကျာ်းရှိတယ်လေ 

သူ့ဟာကိုင်ထားပေါ့...``


`` အလိုတော်...ဒီကလေး..``


`` တောင်းပန်ပါတယ် ကြီးကြီးရယ် ထနှောင်းက အတိတ်မေ့ရောဂါ ခံစားနေရတာပါ... ၊

 ခုဏက စကား ပြန်ဆက်ပါရစေ.. ထနှောင်းက သူ့မိဘနဲ့အတူ မြို့ကအပြန် ဓားပြတွေတိုက်ခိုက်မှုကြောင့် မိဘရော ညီမပါ ဆုံးရှုံးခဲ့ရသူပါ...၊

 ဒါကြောင့် ခွင့်လွတ်ပေးပါနော်...``


`` ဟုတ်ကဲ့ပါ ဆရာမလေးရယ်..

ဟွန့်....ဆရာမလေးကြောင့်သာပေါ့....မဟုတ်ရင် ဒင်းတော့မလွယ်ဘူး..``


သူကြီးကတော်စကားမဆုံးခင် ကြွေသည် ထနှောင်းလက်ကို ညစ်ကာ မတော်စကား မထွက်စေရန် တားထားလိုက်သည်။


`` နွေရာသီကလဲ ကုန်တေ့ာမယ်၊ မိုးရာသီရောက်ခါနီးပြီဆိုတော့..ကျောင်းလဲဖွင့်ချိန်နီးပြီလေ...၊ ဒါကြောင့် မေလ ၂၆ရက်နေ့ကစပြီး ရွာထဲက‌ ကလေးတွေ ကျောင်းအပ်လက်ခံနေပါပြီနော်..၊ ကျောင်းလာအပ်ရင် အစိုးရက ထုတ်ပေးတဲ့ ကျောင်းသုံးဗလာစာအုပ် ၊ ဖတ်စာအုပ် ၊ ကျောင်းသုံး ပစ္စည်းတွေအပြင် ကျောင်းအကျီတွေပါ အခမဲ့ပေးမှာပါ...။ ဒါကြောင့် ကျောင်းလာအပ်ကြဖို့ ရွာက ကျောင်းသားမိဘများကို ဖိတ်ခေါ်ပါတယ်နော်...``


``ကောင်းပါပြီ ဆရာမလေး..``


`` ဒါဆို ကြွေပြန်လိုက်ပါဦးမယ်..``


ပြန်တော့မည့် စကားကြားမှ 

ထနှေင်းသည် ကုန်းကပ်ထကာ အပြင်မှာ ထွက်ရပ်လိုက်သည်။


`` နေပါဦး ဆရာမလေးရယ်..

ဘကြီးခေါ်လိုက်တဲ့ အဓိက အကြောင်းအရာကို မပြောရသေးဘူး...``


`` ဟုတ်ကဲ့..ပြောပါ ဘကြီး...``


စကားဝိုင်းက မပြီးသေး၍ 

ထနှောင်းဒေါကန်လာကာ ကြွေတို့ထိုင်နေသည့် ကွပ်ပြစ်ပေါ်သို့ ခြေထောက်တစ်ဖက်တင်လိုက်သည်။


`` ခင်များကြီး သိပ်ကိုပေရှည်လွန်းတယ်..ဘာတွေများ အမှာတော် ခြွေ ဦးမလို့လဲဟမ်..``


`` ထနှောင်း.. လူကြီးကို အဲ့လို မပြောရဘူးလေ..``


`` ရပါတယ် ထားလိုက်ပါ ဆရာမလေးရယ် ..ဘကြီးပြောမှာက ဒီ သူငယ်လေး နေကောင်းလာပြီဆိုတေ့ာ သူ့ကို ဆရာမလေးနဲ့အတူ တစ်အိမ်ထဲ မထားသင့်တော့ဘူးထင်လို့..၊

အဲ့ဒါ သူ့ဇာတိကို မမှတ်မိခင်လေး  ကြွက်ပေါတို့နဲ့ အတူနေခိုင်းမလားလို့ပါ..`` 

( ကြွက်ပေါဆိုသည်မှာ သူကြီး၏ ညာလက်ရုံး ဖြစ်သည်)


`` ဘာကွ! မနေဘူး..ကျွန်တော်က မမနဲ့ပဲနေမှာ..ကြွက်ပေါနဲ့ရော ခင်များနဲ့ရော မနေဘူး... ကျွန်တော့်မှာ မမတစ်ယောက်လုံးရှိတယ်..``


`` မဟုတ်ဘူးလေး လူငယ်လေးရယ်..မင်း...``


( ဒီသူကြီး သိပ်လျှာရှည်တာပဲ...အရင်က သူတို့ဆီ ဓားပြလာတိုက်တုန်းကဆို ပါးစပ်ကမပြောနဲ့ ဘယ်အပေါက်ကမှ မထွက်ရဲတဲ့လူ..ခုမှ ပြောနေလိုက်တာများ...ငါထလုပ်လိုက်ရင်လဲ နာတော့မယ်...)

ထနှောင်းသည် သူကြီးကို စူးစိုက်ကြည့်ကာ စိတ်ထဲမှ အပြစ်များပြောနေ၏


`` မဟုတ်ဘူးတွေ ၊ ဟုတ်တယ်တွေ ပြောရအောင် ဒါက ဉာဏ်စမ်းပြိုင်ပွဲ မဟုတ်ဘူး.. 

မမဒီကိုကြည့်...``


ကြွေသည် ထနှောင်းကြောင့် အားလုံးကို မျက်နှာပူလှပြီ..။ ဒီကြားထဲ ကြွေ့မေးစေ့ကို ကိုင်ကာ ထနှောင်း မျက်နှာကို ကြည့်ခိုင်းစေတော့.. စပ်စုစိန်တို့အဖွဲ့အတွက် ပြောစရာ စကားရလေပြီဖြစ်သည်။


`` ကျွန်တော် မမနဲ့ပဲနေမှာ..

ဟုတ်ပြီလား..ခွင့်ပြုလား...မပြုဘူးလား..အင်းနဲ့ ဟင့်အင်း ဒါပဲပြော..

ဒါပေမဲ့ ပြောထားမယ်နော်.. မမက အင်းပဲ လုပ်လုပ် ၊ ဟင့်အင်း လုပ်လုပ်.. ၊ ကျွန်တော်က မမနဲ့ပဲ နေမှာ..ကဲ..ပြော..အင်းလား..ဟင့်အင်းလား..``


`` လက်ကို ဖယ်စမ်း ထနှောင်းခ ဆရာကြီးမလုပ်စမ်းနဲ့....၊

ဘကြီးတို့ရှင့် ကြွေ့ကို အားမနာပါနဲ့..‌ထနှောင်းကို ကြွေခေါ်ထားလိုက်ပါ့မယ်..ထနှောင်းက စကားအပြောသာ အချိုးမပြေတာပါ..ကိုယ်ကျင့်တရားလေးကတော့ ဖြူစင်ပါတယ်...``


ကြွေ့စကားကြောင့် ထနှောင်းခ ပျော်သွားသည်။


`` ကောင်းပါပြီ..ဆရာမလေး သဘောအတိုင်းပါပဲ...လိုအပ်တာရှိရင် ပြောတာ ဘကြီးတို့ အကုန်ပေးပါ့မယ်..``


‌`` ကျေးဇူးပါ ဘကြီး ကြွေတို့ကို သွားခွင့် ပြုပါဦး..``


`` ကောင်းပါပြီဗျာ.``


ကြွေသည် ထနှောင်းကို မခေါ်တော့ပဲ ရှေ့မှ ခပ်သုတ်သုတ် ထွက်သွားသည်။ ကြွေ စိတ်ဆိုးနေမှန်း ထနှောင်းသိသည်။ ထို့ကြောင့် အသွားတုန်းကလို ကြွေ့လက်ကို မချိတ်တော့ဘဲ ခပ်ဝေးဝေးကနေ လျှောက်လာသည်။


`` မင်းတော်တော်ဆိုးတယ်...လူကြီးသူမတွေကို ဒီလို ပုံစံနဲ့မပြောရဘူးဆိုတာ မသိလေသလား...``


``......``


``ဒီလိုပုံစံနဲ့ဆို မင်းကို ဘယ်သူက ခေါ်ထားချင်မလဲ...၊ လူဆိုတာ ချစ်အောင် မနေတက်အောင် မုန်းအောင်လဲ မလုပ်ရဘူးကွ..သိရဲ့လား..``


`` သိပါပြီ မမရယ်...ကျွန်တော်ဆင်ခြင်ပါ့မယ်..ဟုတ်ပြီလား..

နူတ်ခမ်းကြီး ဒီလို ဆူပုတ်မနေပါနဲ့ အရေးအကြောင်းတွေပေါ်လာဦးမယ်..``


ထနှောင်းသည် ကြွေခွင့်လွတ်သေရန် အနောက်ကနေ သိုင်းဖက်၍ ချော့ကာ အချွဲပိုနေပါတော့သည်။


`` အရေးအကြောင်းက မင်းကြောင့်ပဲထမှာ...

ပြောရဆိုရ ကျပ်ရင် ထမှာပဲ..

နောက်တစ်ခါ ပြောရဆိုရကျပ်ရင် ကြွက်ပေါတို့နဲ့ သွားထားပစ်မယ်...``


`` ဟိုး..ဟိုး...မလုပ်ပါနဲ့..ကျွန်တော်..စကားနားထောင်ပါ့မယ်...``


`` တကယ်လား.... ``


`` နှစ်ကယ်..နှစ်ကယ်...``


ထနှောင်းသည် ကြွေ့အနောင်မှ ဖက်ထားကာ ကြွေ့ပခုံးပေါ်မေးတင်ရင်း စကားပြောနေသည်။


‌`` ပြောင်ချော်ချော် မလုပ်နဲ့ဆို...``


`` တကယ်ပါဆို..

တကယ်...ကျေနပ်ပြီလား..``


`` ပြီးရော...ဖယ်..ပူတယ် ဝေးဝေးနေ..``


`` မနေချင်ဘူး.. မမနဲ့ ကော်လိုကပ်ထားချင်တာ...``


`` သိပ်ကိုဆိုးတယ် မင်းနဲ့တော့.. အိမ်ရောက်မှ ကြိမ်လုံးစာ ကျွေးဦးမယ်...``


`` ဟားဟား.ကျွေးပါဗျာ..ဒီက အစားခံချင်နေတာ..ဟားဟားဟား...``


📝 📝


Blood loyalty ဓားပြအဖွဲ၏ နေရပ်ထဲတွင် ဖြစ်သည်။


``ငါတို့သခင်ခွန်းသာ သေသွားခဲ့တဲ့နောက်ပိုင်း ဒီဓားပြအဖွဲ့ကိုခေါင်း‌ဆောင်မယ့်သူမပေါ်တာ၁လနီးပါးဖြစ်ခဲ့ပြီ ၊  ဒါကြောင့် သခင်ခွန်းသာအုပ်ချုပ်ခဲ့သလို ဘီလီခွန်းဆိုတဲ့ငါက ဒီနေ့ကစပြီး ဒီဓားပြအဖွဲ့ကိုအုပ်ချုပ်မယ်...

သဘောမတူတဲ့လူရှိသလား...``


``.... ``


``ကျုပ်ရှိတယ်!...``


``မင်းက ဘာသဘောမတူစရာရှိလို့လဲ...``


``သခင်ကြီးခွန်းသာ သေသွားရင် သူ့ရဲ့သွေးသားအရင်းကပဲ အုပ်ချုပ်ခွင့်ရှိတယ်လို့ 

ရှေးဘိုးဘွားဘီဘင်ကထဲကချခဲ့တဲ့ စည်းကမ်းအတိုင်း သွားသင့်တယ်လို့ ကျုပ်ထင်တယ်..``


``ဟုတ်တယ်``


``ဟုတ်တယ်``


လက်အောက်ငယ်သားများကလဲ  ထေက်ခံကြသည်။


``ကျုပ်လဲ နောင်ကြီး‌ဆောင် ပြောတဲ့အတိုင်းလုပ်သင့်တယ်လို့ထင်တယ်..``


``ဟ...မင်းတို့တွေမသိကြဘူးလား သခင်ကြီးခွန်းသာမှာဘယ်မှာသွေးသားရင်းရှိလို့တုန်း..

ငါကပဲသခင်ကြီးဘေးမှာ

အမြဲနေခဲ့တဲ့ သွေးရင်းမခြားတဲ့

ညီအကိုပဲကွ..ဒါကြောင့် ငါပဲဆက်ခံသင့်တယ်..``


``မဟုတ်ဘူး သခင်ကြီးခွန်းသာမှာ သွေးသားရင်းရှိတယ်....``


```ဟုတ်တယ်..


ဟုတ်တယ်...ဟုတ်တယ်...


သခင်ကြီးခွန်းသာမှာ သွေးသားရင်းရှိတယ်...!!!```


``ဟာ!! နားညည်းတယ်ကွာ...

မင်းတို့ သောက်ပေါက်တွေအကုန်ပိတ်....

ဘယ်မှာလဲ သခင်ကြီးခွန်းသာရဲ့သွေးသား...ငါ့ကိုပြစမ်း....ငါ့ရှေ့ခေါ်လာခဲ့....``


ထနှောင်းခနှင့် တိုက်ပွဲဝင်ရင်း အသက်ဆုံးရှုံးသွားသည့် Blood loyaltyဓားပြအဖွဲ့  ခေါင်းဆောင်ခွန်းသာတို့နယ်မြေမှာ ခေါင်း‌ဆောင်လုပွဲကို သဲကန္တာရနှင့်တူသော နယ်မြေကြမ်းထဲတွင် အပင်ဆို၍ မြက်ပင်နှင့်တူသောအပင်တောင်မတွေ့ချေ...။

နေရှိန်ရှိန် ၊ လေကြမ်ကြမ်း ၊ မြေကြမ်းကြမ်းမှာ သစ်ကောင်း ၊ ဝါကောင်းဖြင့်ခိုင်ခံစွာတည်ဆောက်ထားသော စင်မြင့်ထက်ဝယ် ပလ္လင်နှင့်တူသည့် ကျွန်းသစ်သားခုံပေါ်တွင် မိန့်မိန့်ကြီးအခန့်သားထိုင်နေသည့် ဘီလီခွန်း၏ စကားကို တချို့ဓားပြတပည့်နှင့် အပေါင်းအပါများက လက်မခံချင်ကြပေ..။


ထိုစဉ် စင်အောက်ရှိ လူပရိတ်သတ်အပေါင်းထဲမှ ထိုးထွက်လာသော မိန်းကလေးမှာ ဆံပင်ကိုအကြေကောက် ကောက်ထားပြီး အသားအရေက ရွာသူဟု ပြောစရာမလိုအရောင်က အညိုဘက်သန်းနေသည်..။

သူမမျက်နှာထက်တွင် အဝါရောင် ၊ အနီရောင်အစိမ်းရောင် အရောင်များ အစင်းကြောင်း၃ကြောင်းသုတ်ထားပြီးဝတ်ဆင်ထားသည့် အဝတ်အစားများက မပေါ့်တပေါ်ခါးလွတ်လက်တစ်လိုင်းကြိုးအကျီနှင့် ဂျင်းဘောင်းဘီအပြာဟာ ဒူးအောက် မရောက်တစ်ရောက်ဖြင့် အများအမြင်မှာ မသင့်တော်ပေမဲ့ ဓားပြခေါင်းဆောင်ခွန်းသာ၏ သွေးသားရင်း ညီမဖြစ်သူမို့ မည်သူမှ စေ့စေ့မကြည့်ရဲကြချေ...။


``ငါပဲ..ငါက ကမ္ဘာပေါ်မှာတစ်ဦးထဲသောကျန်ရစ်ခဲ့တဲ့သွေးသားရင်းချာတစ်ယောက်ပဲ....``


``ဟမ်..!ဟား..ဟား...ဟား....``


 စင်မြင်ပေါ်က ပလ္လင်ပေါ်မှာ မိန့်မိန့်ကြီးထိုင်နေသော ဘီလီခွန်းသည် စင်အောက်က ဓားပြခွန်းသာ၏ညီမဖြစ်သူ  မြခွန်းသော်ကိုကြည့်ကာ အားရပါးရ ရယ်ချလိုက်လေသည်...။


``ရှင်ကဘာကြောင့်ရယ်တာတုန်း....``


``မင်းက ဒီပလ္လင်မှာထိုင်ပြီးအုပ်ချုပ်ချင်နေသလား မြခွန်းသာ..

ဟားဟားဟား....

မင်းကမိန်းကလေးနော်.. ဘယ်လိုလုပ်မိန်းကလေးက ဘယ်အစွမ်းစနဲ့ လူအယောက်ရာကျော်ထောင်နီးပါးကိုအုပ်ချုပ်မလဲ..

အမိက ကျုပ်ကို ဟာသတွေလာပြောနေတာပဲ...ဟားဟား..``


မြခွန်းသာတစ်ယောက် ဘီလီခွန်း၏နှိမ်ချိုးသည့်အပြုအမှုနှင့်စကားတွေကို မခံချင်...။

စိတ်ထဲမှာ ဒေါသလေပွေကြီးက ဝုန်းခနဲထဖောက်လာကာ သူမခါးမှာချိတ်ထားသည့် လက်ကိုင်ဓားအတိုကိုထုတ်ကာ ပလ္လင်အမြင့်မှာထိုင်နေသည့် ဘီလီခွန်း၏ဘေးက မြှားပစ်စက်ကွင်းအဝိုင်းကိုလှမ်းပစ်လိုက်သည်....။


ဒုတ်..


အား..!


ဘီလီခွန်းကသူ့ဆီကိုလှမ်းပစ်လိုက်သော ဓားကိုမြင်ကာလန့်ဖျန့်ပြီး ထိုပလ္လင်မှ ထကာဘေးသို့ အနည်းငယ်သွား၍ မက်တပ်ထရပ်လိုက်သည်....


``ဟေ့အမိုက်မ..မင်း‌ပစ်လိုက်တဲ့ဓားကမတော်လို့ ငါ့လာမှန်ရင် ဘယ်နှယ့်လုပ်မတုန်း....``


``အဟွန်း... ရှင်ကခေါင်းဆောင်လုပ်ချင်နေမှတော့ ဒီလိုဓားရေးအခြေခံကိုနားမလည်တာတုန်း... အဲ့ဒီ့ပလ္လင်မှာထိုင်ချင်ရင်တော့ မြနဲ့ဓားရေးလာယှဉ်လှည့်...

ကျွန်မရှုံးရင် အဲ့ဒီ့ပလ္လင်ပေါ်မှာ ကြည်ဖြူစွာထိုင်ခွင့်ပေးမယ်...

ရှင်ရှုံးရင်တော့ ...

အဟွန်း.. မြရဲ့နောက်လိုက်ခွေးလုပ်ပေးရမယ်....

ဘယ်လိုလဲ...``


မြခွန်းသာသည် ဘီလီခွန်းကိုတစ်လှည့် သူမလက်ထဲကိုင်ထားသော ချွန်မြ‌နေသည့် ဓားကိုတစ်လှည့် ကြည့်နေပြီး မထီမဲ့မြင် ခပ်ဆဆရယ်နေသည်ကိုဘီလီခွန်းက ဒေါကန်လေ၏။


``မိန်းကလေးတစ်ယောက်နဲ့ ယှဉ်တိုက်ရအောင် ငါက ယုတ်ညံ့တဲ့ယေကျာ်းမဟုတ် မင်းဟာသတွေသိပ်မပြောစမ်းနဲ့မြခွန်းသာ...``


``ဘာလဲ...ရှင်က‌ကျွန်မကိုကြောက်နေတာလား..``


``ဘာကွ...မင်းငါ့ဒေါသကိုမစွစမ်းနဲ့မြခွန်းသာ.. 

သဘောကောင်းတယ်ဆိုတာလဲ အထိုက်အလျောက်ရှိတယ်...``


``ဒါဆို ရှင်သဘောတူတယ်လို့မှတ်လိုက်မယ်...မနက်ဖြန်ည လထွက်ချိန် ဒီနေရာမှာ ရှင်နဲ့ကျွန်မ စစ်ရေးပြိုင်ကြတာပေါ့...``


မြခွန်သာသည် ခေါင်းဆောင်လုပွဲအတွက် ဘီလီခွန်းကိုစိန်ခေါ်ပြီး ထိုနေရာမှလှည့်ထွက်သွား၍ လက်ထဲကဓားကို နောက်ပြန်ပစ်လိုက်ရာ ဘီလီခွန်းရဲ့ဦးထုပ်ကိုသွားမှန်ပြီး နံရံမှာ ဦးထုပ်ကသွားစိုက်သည်။ ဘီလီခွန်းက လူအများရှေ့မှာ သူ၏သိက္ခာကကိုချရလားဟူဆို၍ ဒေါသထွက်ကာ ထိုပလ္လင်ပေါ်၌ ကျန်ရစ်ခဲ့ပါတော့သည်....။


🌨️~🌨️


``ဆရာမလေး ကျောင်းသွားတော့မလို့လား...``


``ဟုတ်တယ်ခမ်းနော် ဒီနေ့ ကျောင်းစဖွင့်တယ်ဆိုတော့ ဆရာမက ကျောင်းစောစောရောက်နေမှ ဖြစ်မှာလေ...``


``မမ ကျွန်တော်လဲကျောင်းကိုလိုက်ချင်တယ်..``


``အို..ဘာလို့လုပ်မှာလဲ အိမ်မှာသာနေခဲ့ပါထနှောင်းရယ်...``


``ဟာ..မမကလဲ အိမ်မှာပျင်းတယ် ၊ ကျောင်းမှာ ကလေးတွေနဲ့အတူ စာသင်လို့လဲရတယ် မမနဲ့လဲအတူနေလို့ရတယ်...ဘယ်လောက်ကောင်းလဲ...``


``အယ်..နင်က ကျောင်းမှာစာသင်မှာမဟုတ်ပေါင် ၊ ကလေးတွေစာသင်တာကိုနှောင့်ယှက်မှာ ငါသိတယ်...``


ကြွေ့ကို အချွဲပိုနေသည့် ထနှောင်းကို ခမ်းနော်က စနေသည်။


``ခမ်းနော်...ခင်များနော်... အပိုတွေလျှောက်မပြောနဲ့...``


``ကဲပါကွယ်...ထနှောင်း လိုက်ချင်လဲ လိုက်ခဲ့ ဒါပေမဲ့ တခြားကလေးတွေနည်းတူ စာသင်ရမှာနော် ..``


``ဟုတ်ကဲ့ပါဆရာမ...``


``ခစ်ခစ်ခစ်.. ဟုတ်ပါပြီလာ..သွားရအောင် ခမ်းနော်ပါ စာလိုက်သင်မလား...``


``အို...မလိုက်ပေါင်..ကျုပ်က ထနှောင်းလိုအားနေတာမဟုတ် အလုပ်နဲ့အကိုင်နဲ့...``


``ခမ်းနော်!..ခင်များနော် ကျုပ်ဆွဲထိုးမိတော့မယ်..``


``ခစ်ခစ်ခစ်...ကဲပါကွယ်.. 

ဒီမောင်နှမတွေ ရန်ပဲဖြစ်နေကြတယ်..လာကြ..ကျောင်းသွားရအောင်...``


ခမ်းသည် ကြွေ့ဆွဲခြင်း‌တောင်း ကို ကိုင်ကာ နောက်မှဖြေးဖြေးချင်းလိုက်လာသည်။ ထနှောင်းနှင့်ကြွေကတော့ ‌အရှေ့မှစကားများကို စီကာပတ်ကုံး ရွင်ရွင်ပြုံးပြုံးဖြင့် ရေပတ်မဝင်ပြောကာ ကျောင်းလမ်းတစ်လျှောက် လျှောက်လာလေသည်။


``ဆရာမလေး ကျုပ်ကဒီဘက်လမ်းကချိုးသွားတော့မယ် ``


``အော်..အေးကွယ် ဂရုစိုက်နော်ခမ်း.``


``ဟုတ်ကဲ့ဆရာမလေး``


ကြွေသည် ခမ်းနော်ဆီက သူမ၏ဆွဲခြင်းတောင်းကိုယူကာ ခမ်း‌နော်ကိုတာတာ့ပြပြီး ရွာလမ်းအတိုင်းထနှောင်းနှင့်အတူ လျှောက်လာခဲ့သည်..။


``ဟည်း....(မြင်းအော်သံ)``


ဒိုင်း...!


``အမလေးဗုဒ္ဓေါ...

ထနှောင်းရေ...ရှေ့မှာသေနတ်အသံလဲကြားတယ်၊

 မြင်းဟီးသံလဲကြားတယ် သေချာတယ် ၊ ဒါဓားပြတွေ ရွာထဲဝင်လာတာဖြစ်မယ်..``


တုန်တုန်ယင်ယင် ပြောနေသောကြွေ့အသံကြောင့် ထနှောင်းသည်ကြွေကြောက်မှာစိုး၍ ဖက်ထားကာ သေနတ်သံလာရာသို့ မျက်မှောင်ကျုတ်ကာကြည့်လျက် ...


``လာ‌ မမ ကျွန်တော်တို့တခြားလမ်းဘက်ကသွားရအောင် 

ပေးခြင်းတောင်း..``


``အင်း အင်း``


ကြွေသည် ထနှောင်းကိုဆွဲခြင်းတောင်းပေးလိုက်သည်။ ထနှောင်းသည် ကြွေ့လက်ကိုဆွဲကာ  ရှေ့မှ မားမားမတ်မတ်ရပ်ပြီး ခြေလှမ်းကျဲကြီးဖြင့် မပြေးရုံတမယ် ခပ်သုတ်သုတ် လျှောက်လှမ်းခဲ့သည်...။


ဒိုင်း...!


``ဟိုရှေ့ကနှစ်ယောက် ဘယ်ပြေးမလို့လဲရပ်စမ်း...``


ဒိုင်း...!


``အမလေး..ဘုရားဘုရား 

လုပ်ပါဦး ထနှောင်းရယ် ကြွေ....ကြွေကြောက်တယ်..``


ကြွေသည် သေနတ်သံကြောင့်ကြောက်ကြောက်လန့်လန့်ဖြင့် 

ထနှောင်းလက်မောင်းကို ဖက်ကာ ဝိုင်းစက်‌နေသော မျက်ဝန်းထဲမှာ ငွေနှင်းရည်များတွဲလဲခိုလျက်...။


ထိုသည်ကို ထနှောင်းတွေ့တော့ချစ်သောသူကို မျက်ရည်ကျအောင်လုပ်ရလားဟု စိတ်ထဲ‌တွင်ကြိမ်းဝါး၍ လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး ထနှောင်းတို့အနောက်မှ ရောက်နေသော ဓားပြကိုရဲရဲတောက်နေသောမျက်လုံးဖြင့် လှမ်းကြည့်လိုက်သည်...။


``ဟင်..``


``ဟာ..``


အပိုင်း ( ၄ ) မျှော်..💁


ဟိ...ဘာတွေ ဆက်ဖြစ်ကြမလဲဟင်.. ချစ်သူထိ ဓားကြည့်တဲ့နော်..


ရှေ့လာမယ့် အခန်းဆက်တွေကို စောင့်မျှော်အားပေးကြပါဦးနော်


မေ့ဝတ္တုလေးကို အားပေးလို့ ကျေးဇူးပါရှင့်🙏


rate now: