book

Index 24

အပိုင်း ( ၂၄ )

❤️ကျွန်တော်နှလုံးသား

             မမထံဝပ်ဆင်း၍❤️


°°°°°°°°°°°°°°°°°°


မြခွန်းသာ ဆန္ဒအတိုင်း သူမနှလုံးကို ထုတ်ယူပြီး ထနှောင်းခ အသက်ဆက်ရှင်ရန်အတွက် သူမရုပ်ကလပ်ကို ဆေးရုံသို့ခေါ်သွားခဲ့သည်။


ထနှောင်းခ ခန္ဓာနှင့် မြခွန်းသာ ခန္ဓာနှစ်ခုလုံးကို ခွဲခန်းထဲသို့ ခေါ်ဆောင်သွားကာ မြခွန်းသာ နှလုံးကို  ထနှောင်းခ ခန္ဓာထဲ ထည့်နေချိန် ခွဲခန်းအပြင်ဘက်မှ ထနှောင်း၏ သူငယ်ချင်းသုံးယောက်နှင့်အတူ ကြွေတို့ညီအစ်မနှစ်ယောက်ကလဲ ခွဲစိတ်မှုအောင်မြင်စေရန် ဆုတောင်းရင်း ရင်တထိတ်ထိတ်နှင့် စောင့်မျှော်နေကြသည် ။


အချိန်အားဖြင့် ၁နာရီကြာသော် ခွဲစိတ်မှုပြီးသွားသဖြင့် ခွဲခန်းထဲမှ ဆရာဝန်များ ထွက်လာသည်နှင့် ကြွေနှိုင်းခတို့ သွားရောက်မေးမြန်း၏။ ဆရာဝန်များသာ် ကြွေတို့ကိုကြည့်ရင်း ပြုံးလျက်...


`` ခွဲစိတ်မှု အောင်မြင်ပါတယ်..

အလှုရှင်ရဲ့ နှလုံးက သိပ်ကို အားကောင်းပြီးသန့်ရှင်းတဲ့နှလုံးဗျ...

စောစောစီးစီး သေဆုံးသွားတဲ့အတွက် စိတ်တော့မကောင်းပါဘူး...

ကဲ..ကျွန်တော်တို့ကို ခွင့်ပြုပါဦး..``


ဆရာဝန်ပြောသည့်စကားလုံးတွေထဲမှာ ဘယ်အရာအတွက် ပျော်ရွင်ရပြီး ၊ ဘယ်အရာအတွက် ဝမ်းနည်းရမည်ကို မသိတော့ချေ...၊ ခွဲခန်းအပြင်ဘက်သို့ထုတ်ယူလာသော မြခွန်းသာအလောင်းကို ကြည့်နေရင်းသာ ကြွေနှိုင်းခ ဖြေမဆည်နိုင်တော့ချေ...။


သူမကို ကောင်းမွန်စွာ သဂြိုလ်ပြီး ကောင်းရာဘုံဘဝ ရောက်အောင် မဟူရာစံအိမ်မှာတင် သံဃာ၁၀ပါးကိုပင့်ဖိတ်ကာ သက်န်း ၊ ဆွမ်း ၊ ခဲဖွယ်များကို မြခွန်းသာအတွက် ကပ်လှုပြီး ရေစက်သွန်းချ အမျှ ဝေပေးခဲ့သည်။ 


အလှုအထမြောက်သွားချိန်တွင် မဟူရာစံအိမ်သို့ ရဲမှုးများ ရောက်လာခဲ့သည်။ ငိုကြွေးရလွန်းလို့ ပင်ပန်းနေချိန် ရဲများကိုတွေ့၍ ကြွေနှိုင်းခ လန့်ကာ ဟိန်း ၊ ဏီနှင့် မိုးဇွန်တို့ကို အပြင်ထွက်မလာစေရန်ပြောပြီး ကြွေနှိုင်းခနှင့် ခြွေနှိုင်းခတို့သာ ရဲမှုးများကို ထွက်တွေ့သည်။ 


ကြွေ့အပြုအမှုကို မိုးဇွန်တို့နားမလည်ပေ...၊ ရဲများကလဲ ‌ကြွေ့ကိုကြည့်ရင်း ခေါင်းရှုပ်နေပေသည်။


`` မဂ်လာပါရှင့်... 

အကိတို့ ဘာအကြောင်းများ

ကြားလို့ လာခဲ့တာပါလဲရှင့်...``


ရဲများသည် ကြွေ့ကိုကြည့်ရင်း  အိမ်ခန်းအလယ်မှာ ခေါင်းပြူထွက်ကာ ရဲများကို ကြည့်နေသော မိုးဇွန်တို့ကို ကြည့်ပြီး ပခုံးတွန့်ပြ၏..။ မိုးဇွန်တို့ကလဲ မချိပြုံးပြုံးကာ နားမလည်သည့်ပုံစံဖြင့် ရဲများကို ပခုံးတွန့်ပြပြန်သည်။ 


`` အကိုတို့.. ဒီကို ဘာကိစ္စများရှိလို့လာပါသလဲရှင့်...``


`` အော်...ဟုတ်...

ကျွန်တ်ောတို့က ကိုထနှောင်းခနဲ့ တွေ့ချင်လို့ပါ..အခုသူက..``


 

ရဲများက ထနှောင်းကို တွေ့ချင်လို့ပါဟုဆိုသော်ကြွေရော ခြွေပါ ထိတ်ထိတ်ပြာပြာ ဖြစ်ခဲ့သည်။ ခြေမကိုင်မိ ၊ လက်မကိုင်မိဖြစ်ကာ ထနှောင်းအတွက် စိတ်ပူနေကြသည်။


`` ဟို....ထနှောင်းက လူကောင်းပါရှင်..

သူ့ကိုမဖမ်းပါနဲ့နော်..

သူက ကျွန်မကို လာကယ်ရင်း ဒီလို ဖြစ်သွားတာပါ..

အခု..အခုထနှောင်းက ဆေးရုံပေါ်မှာပါ..

သူ့မှာ အပြစ်မရှိပါဘူးရှင်...``


ရဲမှုးများသည် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း သဘောပေါက်သွားကာ ကြွေ့ကိုပြုံးကာသာ ကြည့်နေ၏...။


``ဒါဆို..ဒီက ညီမက  ကိုထနှောင်းခရဲ့ အမျိုးသမီးပေါ့...

တွေ့ရတာ ဝမ်းသာပါတယ်ဗျာ..``


`` ဟင်.. ဟုတ်...အဲ...``


`` ညီမက အကိုတို့ကို အထင်လွဲနေပြီထင်တယ် .. 

ကျွန်တော်တို့လာခဲ့တာက ကိုထနှောင်းခ ဆေးရုံတက်နေရတယ်ဆိုလို့ သတင်းလာမေးရုံသက်သက်ပါ..

ကိုထနှောင်းကို လာဖမ်းတာ မဟုတ်ရပါဘူးဗျာ..``


ရဲမှုးကြီးပြောပြီးသည်နှင့် အိမ်ခန်းထဲမှ ဟိန်းတို့လဲပြုံးကာ ‌ကြွေ့ဘေးနားရှိ ထိုင်ခုံအသီးသီးတွေ ထိုင်လိုက်ကြသည်။


`` ဟိန်း...မိုးဇွန်..

ရဲမှုးပြောတာ ကြွေနားမလည်ဘူး ကြွေက ထနှောင်းနဲ့ မင်းတို့ကို လာဖမ်းပြီထင်နေတာ...``


ခြွေကလဲ သူမအစ်မပြောသည်ကို ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြသည်။ မိုးဇွန်တို့သူငယ်ချင်းသုံးဦးသည် ခပ်ဟဟရယ်ကာ ရဲမှုးကို ကြည့်ရင်း အကျိုးအကြောင်း ရှင်းပြပါတော့သည်။


`` ကြွေက ကျွန်တော်တို့ကို 

တကယ့်ဓားပြလို့ ထင်နေတာထင်တာပဲ.. တကယ်တော့မဟုတ်ဘူးဗျ..

အယ်...ဘယ်လိုပြောရမလဲ အရင်ကတော့ဟုတ်တယ်...

မိုးဇွန် မင်းဘဲ ပြောပြလိုက်ကွာ..``


ဟိန်းသည် သူ၏ဘေးမှာ ထိုင်နေသော မိုးဇွန်ပခုံးကိုဖက်ကာ စကားလမ်းကြောင်း လှည့်လိုက်သည်။


`` ဒီလိုပါသခင်မ...သခင်ကြီးရဲ့ ရှေးဘိုးဘွားဘီဘင်ကနေ သခင်ကြီးဖခင်မျိုးဆက်အထိ တောတွင်းဓားပြတွေပါပဲ...

ဒါပေမဲ့ သခင်ကြီးဆက်ခံရမယ့်အလှည့်ရောက်တော့ သခင်ကြီးက ဒီလို ဓားပြတိုက်နေရတာကို သဘောမကျတော့ဘူးလေ ၊

 ဒါကြောင့် သခင်ကြီးကို လိုက်ဖမ်းနေတဲ့ ရဲမှုးကြီးတွေနဲ့ ပူးပေါင်းပြီး သခင်ကြီးကိုယ်တိုင် ဥပဒေ ဘက်တော်သားအဖြစ်နေလိုက်တာ ၊ 

ဒါပေမဲ့ အများအမြင်မှာတော့ ကျွန်တော်တို့ဟာ ဓားပြတွေပေါ့...

ဓားပြအဖြစ်နဲ့ ဒုစရိုတ်သမားတွေကို လိုက်လံဖမ်းဆီးနေတယ်ဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး..``


မိုးဇွန်ရှင်းပြတော့မှ ကြွေအနည်းငယ် နားလည်လာခဲ့သည်။ ခြွေကလဲ ပါးစပ်အဟောင်းသားဖြင့် အံဩကြီးစွာ နား‌ဆင်နေရသည်။ ထပ်မံ ရဲမှုးများကလဲ ပြော၏။


`` ကျွန်တော်တို့ရဲတွေ မလိုက်နိုင်တဲ့အမှုတွေဆို ကိုထနှောင်းဆီ လျှို့ဝှက်စွာ တာဝန်လွဲပြောင်းရတယ်..

ကိုထနှောင်းတို့ကူညီရင် မလိုက်နိုင်တဲ့အမှုဆို‌တာ မရှိဘူးဗျ..

တကယ် ချီးကျူးပါတယ်...``


`` ဒါဆို CID တွေလိုပေါ့...``


`` ဟုတ်တယ်..အဲ့လိုပေါ့..``


‌ထနှောင်း၏ ဂုဏ်သတင်းကြောင့် ကြွေနှိုင်းခ ပျော်ရွင်ရသည်။ ဓားပြအစစ်မဟုတ်မှန်းသိရတော့ ပို၍ ဝမ်းသာရပြီ။ ထို့နောက် ရဲမှုးများနှင့်အတူ ဆေးရုံသို့ ထနှောင်းအခြေအနေကို သွားကြည့်ကြသည်။ ဆရာဝန်စကားအရလဲ ထနှောင်းဟာ ဆေးအရှိန်ကြောင့် မေ့နေတာဖြစ်ပြီး ၂၄နာရီအတွင်း မေ့ဆေးပျယ်သွားလျှင် လူကောင်းအတိုင်း ပြန်လည် ကျန်းမာလာပြီဖြစ်ကြောင်းဝမ်းသာသတင်းအရ ကြွေအပြင် အားလုံးသော သူတို့ ပျော်ရွင်နေကြသည်။


ကြွေသည် ထနှောင်းဆီသို့ တစ်ကူးတစ်က လာလည်ကြသည့် ရဲများကိုလဲ ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံသည်။ ရဲများသည် တာဝန်များရှိသေးသောကြောင့် ဆေးရုံမှာ အချိန်ကြာမြင့်စွာမနေဘဲ ကြွေတို့ကို နူတ်ဆက်ကာ ပြန်သွားကြသည်။ဟိန်းတို့ သူငယ်ချင်းသုံးယောက်လဲ မနက်ကတည်းက အလုပ်များစွာနှင့် ရှုပ်နေကြသူမို့ ပင်ပန်းကာ စံအိမ်သို့ ပြန်သွားကြပြီ..၊ ခြွေကတော့ သူမဆေးရုံအခန်းမှာ အမာရွက်များပျောက်အောင်ကုသနေ၏..။ 


ကြွေတစ်ယောက်ထဲသာ ထနှောင်းအနားမှာ ပြုစုရင်း ထနှောင်းအိပ်နေသည့် ကုတင်ပေါ်မှာ ခေါင်းမှီကာ ပင်ပင်ပန်းပန်းနှင့် နှစ်ချိုက်စွာ အိပ်ပျော်သွားပါတော့သည်။


 နေရောင်စူးလွန်းအားကြီးလို့ မျက်လုံးကို ဖြေးညင်းစွာ ဖွင့်ကြည့်လေသော်..ကောင်းကင်ကြီးဟာ အပြာရောင်ဖြစ်နေပြီး  အဖြူရောင်တိမ်များက လေနှင်ရာသို့ ‌တဖြေးဖြေး ထွက်ခွာနေကြသည်။ ဘေးပတ်ပတ်လည်ကို ကြည့်သော် တောင်စောင်း ၊ တောင်တန်းများဝန်းရံထားပြီး မျက်စိတစ်ဆုံးတွင် အပြာရောင် Lavenderပန်းခင်းကြီးက အစွမ်းကုန်ဖူးပွင့်နေကာ မွေးရနံများ ထုံသင်းနေကြသည်။

ကြွေသည် ထိုမြင်ကွင်းမျိုးကို  မျက်တောင်မှဖြင့်မခတ်ချင်လောက်အောင် ‌ကြည့်နေပြီး သူမရင်ထဲတွင် ပြောမပြတက်အောင် ကြည်နူးနေ၏။ 


ပူပန်မှု ၊ လွမ်းဆွေးမှု ၊ ဝမ်းနည်းမှု ၊ စိုးထိတ်မှု တစ်ခုတလေမျှ မရှိဘဲ ကြည်နူးစိတ်ဖြင့်သာ လေပြေလေညှင်းများကို အားပါးတရ ရှုရှိုက်နေမိနေသည်။


`` မမရေ... ‌မမ..``


`` ဟင်..``


`` မမရေ....``


အသံလာရာသို့လှည့်ကြည့်သော် ဟိုးအဝေး lavenderပန်းများအကြား ထနှောင်းခ ပြေးလာနေသည်ကို တွေ့လိုက်ရ၏။ 

သူမ မသိလိုက်ခင်မှာပင် မျက်လုံးကိုဖွင့်ကြည့်လေသော်  ထနှောင်းရင်ခွင်ထဲသို့ ရောက်နှင့်နေလေပြီ..။


 ထနှောင်းသည် သူမခန္ဓာကိုယ်လေးကို ကျစ်နေအောင်ပွေ့ဖက်ထားပြီး ကြွေကလဲပြန်၍ ထနှောင်းခါးကို ပွေ့ဖက်ကာ အလွမ်းများကို အတိုးချ ဝေမျှနေပါတော့သည်။


`` လွမ်းလိုက်တာမောင်ရယ်...``


`` မောင်လဲ မမကို သိပ်လွမ်းတာပဲ...``


`` ဘာလို့ ဒီလောက်အကြာကြီး ပစ်ထားခဲ့ရတာလဲဟင်...``


ထနှောင်းသည် ကြွေ့ပခုံးအစွန်းနှစ်ဖက်ကို ကိုင်ကာ ကိုယ်နှင့်ခွာလိုက်ပြီး ကြွေ့မျက်နှာ ဝင်းဝင်းလေးကို တစေ့စေ့ကြည့်နေ၏...။


 တောင်လေညှင်းခတ်သံ ၊ သစ်ရွက်ပွတ်တိုက်သံနှင့် ‌ထနှောင်းနှင့် ကြွေတို့၏ အသက်ရှုသံကလွဲလျှင် ဤပတ်ဝန်းကျင်၌ မည်သည့်အသံမျှ မကြားရချေ...။ ‌


ထနှောင်းသည် ကြွေ့ပါးမို့မို့လေးကို ကြင်နာမှုအပြည့်နှင့် ဖွဖွလေး‌ကိုင်တော့ ကြွေသည် ထနှောင်းလက်ဖဝါးကို သူမ၏ပါးပြင်နှင့်  ပို၍ ထိကပ်ကာ မျက်ဝန်းများမှိတ်ထား၏။


`` မောင့်ကိုချစ်ရဲ့လားဟင်....``


တစ်ကိုယ်တည်းကြားရုံ တိုးလျသောအသံဖြင့် ထနှောင်း‌အမေးကို ကြွေသည် သူမလက်ဖဝါးနှင့် ထနှောင်းပါးပြင်ကို ထိကပ်လိုက်ပြီး ပြုံးလျက်သာဖြင့်...


`` ချစ်တာပေါ့မောင်ရယ်...

ချစ်လွန်းလို့ မောင့်ကို 

`` မောင်..`` လို့ခေါ်တာပေါ့.. 

အခုကစပြီး ချစ်ကို ထားမသွားပါနဲ့တော့နော်..``


အရည်လဲ့ကာ တောက်ပသော ထနှောင်း မျက်ဝန်းအစုံသည် ကြွေ့ကိုညို့ယူသလို.. မရည်ရွယ်ပါဘဲ ထနှောင်း၏ ဖူးငုံနေသော  နူတ်ခမ်းအစုံကို ဖြေးညင်းစွာ ထိကပ်နမ်းမိလိုက်သည်။ ထိုအချိန် နှာခေါင်းထဲသို့ တိုးဝင်လာသော  သင့်ပျံ့မွေးကြိုင်နေသည့် ရနံ့မှာ  lavenderပန်းရနံ့ပင်ဖြစ်သည်။


မျက်လုံးအစုံကို ဖွင့်ကြည့်သော် အခန်းတံခါးအဝကို တွေ့လိုက်ရ၏..။ သူမသည် ထနှောင်းအိပ်နေသော ကုတင်ပေါ်မှာသာ ခေါင်းတင်မှေးနေပြီး ထနှောင်းကတော့ အခုထိ သတိမရလာသေးပေ..။


`` အော်..အဟွန်း..

အိမ်မက်မက်နေတာပဲ.. 

အမလေး..ရှက်လိုက်တာနော်..``


မျက်နှာကို လက်ဖြင့်ကာရင်း အရှက်သည်းစွာဖြင့် ထနှောင်းကို ကြည့်လေတော့ သူသည် မျက်လုံးဖွင့်ရက်သားနှင့် သူမကိုကြည့်နေ၏။ ကြွေသည် အံဩစွာ မျက်လုံးကို ပွတ်သပ်ကာ ထနှောင်းမျက်နှာကို ပြန်ကြည့်လေသော်..

သူမကို ပြုံးကာကြည့်နေသော ထနှောင်းကိုတွေ့လိုက်ရ၍ ဆက်ခနဲ မတ်တပ်ထရပ်လိုက်မိသည်။ 


ထို့နောက် ကုတင်ခြေရင်းမှာ ခေါက်တုန့်ခေါက်ပြန်

လမ်းလျှောက်နေရင်း ထပ်မံ၍ပြန်‌ကြည့်သော် ထနှောင်းက သူမသွားသည့်နေရာတိုင်း လိုက်၍ကြည့်နေ၏..။


``တော်ပါတော့ချစ်ရယ် ....

 မောင်ခေါင်းမှုးလာပြီ..``


`` ဗုဒ္ဓေါ...``


ထနှောင်းနူတ်ခမ်းဖျားမှ ကြွေ့ကို 

`` ချစ်`` ဟုခေါ်ပြီး သူ့ကိုယ်သူ

 `` မောင် `` ဟု ခေါ်နေသောကြောင့် ကြွေ့နှလုံးသားမှာ သိမ့်ခနဲခုန်သွားကာ မျက်နှာမှာ နွေးခနဲ ဖြစ်သွားခဲ့သည်။


 ‌ထို့နောက်ကြွေသည် အခန်းတံခါးကို ဖွင့်ပြီးအပြင်သို့ ထွက်‌သွားသည်ကိုကြည့်ရင်း ထနှောင်းမှာ ပြုံးရယ်ကာဖြင့် ပီတိဖြစ်နေ၏..။

 

ခဏမကြာ ဆရာဝန်များနှင့်အတူ ထနှောင်းအခန်းထဲသို့ဝင်လာပြီး ထနှောင်း၏ ကျန်းမာရေး စစ်ဆေးချက်များကို ကြည့်ရှုနေရင်း ထနှောင်းသည် ကြွေ့မျက်နှာလေးကိုသာ မျက်တောင်မခတ် ကြည့်နေသောကြောင့် ကြွေနေရထိုင်ရခက်လာကာ ဆရာဝန်များ၏အရိပ်ကို ကွယ်ရင်း ရှက်သွေးဖြာနေသည်။


`` ဝမ်းသာပါတယ်ဗျာ...

ကိုထနှောင်းခ အစားထိုးလိုက်တဲ့နှလုံးကလဲကောင်းတယ် ခန္ဓာကိုယ်ကလဲ ကျန်းမာတယ်..

နောက်နှစ်ရက်လောက်ဆို ဆေးရုံမှ ဆင်းလို့ရပါပြီ...``


ထနှောင်းသည် ဆရာဝန်များကို ခေါင်းငြိမ့်ပြပြီး ကြွေကတော့ ဆရာဝန်များကို လိုက်ပို့ရန်အတွက် အပြင်ထွက်မလို့ကြံရွယ်တုန်း....


`` ချစ်...``


ထနှောင်း၏ခေါ်သံကြောင့် ကြွေနှိုင်းခကျောပြင်မှာ ကြက်သီးမွေးညင်းများ ဖြန်းခနဲထသွားကာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့သည်။ 

နောက်လှည့်ကာ စောင့်ငဲ့ကြည့်ပြီး ထနှောင်းအနားသို့ပြန်လာကာ လူနာစောင့် ထိုင်ခုံတွင် ထိုင်လျက် ရှက်ပြုံး ပြုံးနေ၏..။


`` ဘယ်လိုနေသေးလဲ ထနှောင်း.. သက်သာရဲ့လားဟင်...``


``  မောင် သက်သာလာပါပြီ... 

ချစ်က မောင့်ကို စိုးရိမ်နေတာပေါ့..``


ကြွေသည် သူမ၏ လက်ချောင်းများအချင်းချင်း အားဖြင့်ပွတ်သပ်ရင်း ထနှောင်းကို မခို့တရို့ကြည့်နေ၏..။


`` နေပါဦး..လူကို ပိုင်စိုးပိုင်နက်နဲ့..

ဘာလို့များ ချစ်တွေ မောင်တွေ ခေါ်နေရသလဲ...

တို့က အဖြေပေးပြီးပြီမို့လို့လား..``


`` မပေးရသေးဘူးလေ..``


`` ဒါ..ဒါဆို ဘာလို့များ ခေါ်ရသလဲ..

သူများတွေကြားရင် ချစ်သူတွေ ထင်နေဦးမယ်...``


နူတ်ခမ်းဆူဆူလေးဖြင့် ချစ်စရာကောင်းအောင် ပြောနေသော ကြွေ့ကို ထနှောင်းအသဲယားလာခဲ့သည်။ ဖြစ်နိုင်လျှင် သူ၏ ရင်ခွင်ထဲ ဆွဲသွင်းကာ ပွေ့ဖက်ထားချင်မိ၏..။


`` ဟုတ်တာပဲလေ.. မောင်တို့က ချစ်သူတွေပဲဟာ ...``


`` အို.. ထနှောင်းနော်...``


`` ဒါဆို ဘာလို့ အိမ်မက်ထဲမှာ မောင့်ကို ဘာလို့မောင်လို့ခေါ်ပြီး 

နူတ်ခမ်းကို လာနမ်းသေးလဲ..

မောင်က ပျော်လွန်းလို့ ချစ်ဆီကို မရရအောင် ပြေးလာခဲ့ရတာကို..``


`` ဟင်..``


ကြွေသည် လုံးဝန်းနေသောမျက်ဝန်းမှ အံဩထိတ်လန့်စွာဖြင့် ကျောရိုးတစ်ခုလုံး ဖြောင့်တန်းနေအောင် ခါးဆန့်ရင်း ထနှောင်းကို ကြည့်မိနေသည်။ 


`` အဲ့ဒါ...အဲ့ဒါက အိမ်မက် ... အိမ်မက်မဟုတ်ဘူးလား...``


`` လာပါဦးချစ်ရယ်...‌

မောင့်ကို အနွေးဓာတ်လေး လာပေးလှည့်ပါဦး..``


လက်နှစ်ဖက်ကို ဆန့်တန်းကာ သူ့ကိုပွေ့ဖက်ရန် ဟန်ရေးပြနေသည့် ထနှောင်းကိုကြည့်ရင်း ကြွေပြုံးနေမိ၏...။ 


``အခန်းထဲကို လူတွေရောက်လာရင် ဘယ်နှယ့်လုပ်မလဲ 

ရှက်စရာ..``


`` ဟာဗျာ ..

ချစ်က ပတ်ဝန်းကျင်ကို ချစ်တာလား မောင့်ကိုချစ်တာလား..``


ကလေးတစ်ယောက် မုန့်တောင်းနေသလို ပြုမှုနေသည့် ထနှောင်းကိုကြည့်ရင်း ကြွေ ခပ်ဟဟရယ်ကာ ထနှောင်းရင်ခွင်ထဲသို့တိုးဝင် ပွေ့ဖက်လိုက်ပါတော့သည်။


`` မောင်ထိုင်ချင်လာပြီ ကူပါဦး..``


`` ဟုတ်ကဲ့..``


လှဲနေသည့်ထနှောင်း၏ လက်မောင်းရင်းနှင့် ကျောပြင်ကို ဆွဲထူကာ ထထိုင်ခိုင်းလိုက်ပြီး ‌ထနှောင်းကျောအနောက်ကို သက်တောင့်သက်သာ ဖြစ်စေရန် ခေါင်းအုံခံလိုက်သည်။

ထနှောင်းသည် နေသားတကျဖြစ်သွားသည်နှင့် လက်ကိုဆန့်တန်းကာ သူ့အားပြန်ဖက်ရန် တောင်းဆိုပြန်သည်။ 


ကြွေသည် ကုတင်စောင်းတွင်ထိုင်ကာ ဘေးတစ်စောင်း အနေအထားဖြင့် ထနှောင်းပုခုံးပေါ် လက်တင်ပြီး နားထင်နားလေးက ဆံသားလေးများကို လက်မလေးဖြင့် ပွတ်သပ်နေသည်။ ‌


ကြွေ့ခါးသိမ်သိမ်လေးကို ထနှောင်းကလဲ ပြန်၍ ပွေ့ဖက်ကာ သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းရင်း နှစ်ဦးသားအကြည့်ချင်းဆုံရင်း အပြုံးများဖြင့် အခန်းတစ်ခုလုံးလင်းလက်နေစေသည် ။


`` ကျွန်တော့် မမကိုချစ်တယ်..

မမကရော...ကျွန်တော့်ကို ချစ်ရဲ့လားဟင်..``


ကြွေအနည်းငယ် တွေဝေ စဉ်းစားပြီးမှ ထနှောင်းအနားသို့ တိုးကပ်ကာ တိုးလျသောအသံဖြင့်


`` အင်း..ချစ်တယ်...``


`` ဒါဆိုကျွန်တော် တရားဝင် မမကို ``ချစ်``လို့ ခေါ်လို့ရပြီလားဟင်..``


`` ရပါပြီမောင်ရယ်..``


နှစ်ဦးသား အချစ်များဖြင့် ဖုံးလွှမ်းကာ အနမ်းများနှင့် ချစ်သူသက်တမ်း ( ၁ ) ရက်မြောက်နေ့ကို စတင်ကာ သတ်မှတ်လိုက်ပါတော့သည်။


(လောကမှာမမြဲခြင်းတရားတွေတည်ရှိနေပေမဲ့


သူ့ကိုချစ်တဲ့ အချစ်တွေက 


ထာဝရဆိုတဲ့

တည်မြဲခြင်းတွေနဲ့ 

လွမ်းခြုံထားခဲ့တယ်...💗)


     


(✿^‿^) (ʘᴗʘ✿) (✯ᴗ✯)


ဆေးရုံမှဆင်းပြီးသည်နှင့် ကြွေသည် ထနှောင်းခကို နေရာတစ်နေရာသို့ ခေါ်ဆောင်လာခဲ့သည်။ 

ထိုနေရာသည်က မြခွန်းသာ၏ အရိုးပြာအိုးကို မြုပ်နှံထားသော အဖြူရောင် အုတ်ဂူပင်ဖြစ်သည်။ 


  ကောင်းကင်ပေါ်မှ မိုးဖွဲလေးများရွာနေပေမဲ့ အဖြူရောင်တိမ်စိုင်များဟာ ထူထူထဲထဲ ရွေ့လျားနေကြပြီး

နေမင်းကြီးဟာလဲ အဆုံးစွန်ထိ တောက်ပလျက်ရှိနေသည်။


မြခွန်းသာ၏ အရိုးပြာအိုးမြုပ်ထားသော အုတ်ဂူရှေ့တွင် နှင်းဆီအနီရောင် ပန်းစည်းကိုတင်ထားလိုက်ပြီး ထနှောင်းရင်ခွင်ပေါ်မှာ ကြွေ့ခိုဝင်ကာ ကြေကွဲစွာဖြင့် ငိုပါတော့သည်။


ထနှောင်းသည်လည်း မငိုစေရန်အံကြိတ်ကာထိန်းရင်း ကောင်းကင်ပေါ်သို့သာ မော့ကြည့်နေခဲ့သည်။


`` တကယ်ဆို ညီမလေးရဲ့အချစ်က မောင့် အပေါ်မှာ သိပ်ကိုဖြူစင်ပါတယ်..

မောင့်အပေါ်ထားတဲ့ သူမရဲ့အချစ်က သူမရဲ့နှလုံးသားကို ပေးအပ်ပြီးသက်သေပြခဲ့တာပဲ... ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားလိုက်လဲမောင်ရယ်...``


ထနှောင်းသည် ကြွေ့ ဆံပင်လေးကိုသပ်ရင်း နှစ်သိပ်ကာ မြခွန်းသာ အုတ်ဂူကို တွေတွေ ငေးကြည့်နေမိသည်။


``  နောက်ဘဝမှာ မောင့်ထက်သာတဲ့သူနဲ့တွေ့ဆုံပြီး ပိုချစ်တဲ့သူနဲ့ တွေ့ဆုံပါစေလို့ ဆုတောင်းပါတယ်..``


မြခွန်းသာ၏ အုတ်ဂူကိုကြည့်ရင်း ကြင်သူနှစ်ဦး ဆုတောင်းမေတ္တာ ပို့သကာ မဟူရာစံအိမ်ဆီသို့ ပြန်လာခဲ့ကြသည်။ စံအိမ်သို့အရောက်တွင် သူမတို့ကို ဆီးကြိုနေသူမှာ ခမ်းနော်ဖြစ်၏...။


``မမ...!``


`` ဟင်..ခမ်းနော်...``


သူမသည် ကြွေ့ကို တွေ့သည်နှင့် အိမ်ပေါ်ထပ်မှ ဝရုန်းသုန်းကား ပြေးဆင်းလာခဲ့သည်။ ခမ်းနော်ပြေးဆင်းသွားသည်ကို မိုးဇွန်မြင်သည်နှင့် သူပါ ခမ်းနော်ပြုတ်ကျမှာစိုး၍ အနောက်က ပြေးလိုက်ကာ ထိန်းပေးရသည် ။


`` ဟာ..မိန်းမရာ.... 

ဘယ်လိုလုပ်လိုက်တာလဲ..

ကို့ကိုအသေသာ သတ်လိုက်စမ်းပါ...အဲ့လိုတော့မပြေးပါနဲ့ဗျာ.. ဗိုက်ထဲက ကလေးကို အားနာဦးမှပေါ့..``


```` ဟင်....ကလေး..````


မိုးဇွန်၏ စကားလုံးများသည် ထနှောင်းနှင့် ကြွေ့ကို မှင်သက်သွားစေပြီး ခမ်းနော်၏ ပူပူလေးထွက်နေသော ဗိုက်ကလေးဆီသို့ မျက်လုံးတွေ ရောက်ကုန်ကြသည်။


`` ဟိ...ဟုတ်တယ် မမရဲ့...

၅လရှိပြီတဲ့ အဟိ...``


လူကြီးရှက်တော့ ရယ်သည် ဆိုသည့် စကားအတိုင်း ခမ်းနော်၏ ရယ်သွန်းဖွဲ့မှုကို  ထနှောင်း သဘောကျစွာဖြင့် ကြွေ့ကို မေ့ငေါ့ပြသည်။ ထနှောင်းအ‌ကြည့်ကို ‌မနှစ်သက်ဟန်ဖြင့် သူ၏ လက်မောင်းကို ထုရိုတ်လေသည်။


`` ဘာကြည့်တာလဲ..မောင်နော်..

ခုမှ ချစ်သူသက်တမ်း ၄ရက်ပဲရှိသေးတာ ဟွန်း..``


ကြွေ့စကားကို သဘောကျစွာဖြင့် ထနှောင်နှင့်အတူ ခမ်းနော်ရော မိုးဇွန်ပါ ဟက်ဟက်ပက်ပက် ရယ်ချလိုက်လေသည်။ 


`` လာခမ်းနော်..အဲ့အရူးတွေနဲ့ မနေနဲ့ ကိုယ်တွေပါ ရူးသွားဦးမယ်...``


ခမ်းနော်လက်ကိုဆွဲကာ စံအိမ်နှင့်ဝေးရာဆီသို့ ကြွေခေါ်သွားလာခဲ့သည်။ 


`` ကဲ...ပြောပါဦး...

ခမ်းနော်တို့ရဲ့ ချစ်ဇာတ်လမ်းလေး ဘယ်အချိန်မှာ အစပျိုးခဲ့လို အခုလို မမဗိုက်ဖြစ်သွားရတာတုန်း..

ခစ်ခစ်ခစ်..``


 

မဟာမြိုင်ရွာလေးကို လှည့်ပတ်ကြည့်ရင်း ကြွေနှင့် ခမ်းနော်တို့ ရှေးဟောင်းနှောင်းဖြစ်များပြောကာ လမ်းလျှောက်လာကြသည်။


`` အဲ့ရေခဲတုံးကြီးကို အရည်ဖျော်ရတာလဲ မလွယ်ပါဘူးမမရယ်..``


`` ဟင် ဘာဖြစ်လို့ဟင်....``


`` မမထင်တာက သူက ခမ်းနော်ကို ချစ်ခွင့်ပန်တယ်လို့လေ..``


`` အင်းလေ..မဟုတ်ဘူးလား..``


`` အမလေးမမရယ် ဘယ့်နှယ့် တက်တက်စင်အောင် လွဲပါတယ်..

ခမ်းနော်ကသာ သူ့ဆီက အဖြေတောင်းရတာ..ဒါတောင် ဒင်းက မပေးချင် ပေးချင်ဖြစ်နေတာလေ...

သူက လူသာသတ်နိုင်တာမမရဲ့ အချစ်ကို ချစ်တယ်လို့ ဖွင့်ပြောရမှာကို ငရဲကြီးမှာ ကြောက်သလိုလို ၊ အိမ်မြှောင်ဥကိုပဲ အတင်းကိုင်ခိုင်းသလိုကို ဖြစ်နေတာ....``


`` ဟုတ်လား ဒါဆို ထနှောင်းနဲ့များကွာပါ့..``


`` ဟုတ်ပါ့မမရယ်..``


`` ဆက်ပြောပါဦး..``


ခမ်းနော်တို့သည် လမ်းလျှောက်လာရင်း ရွာအစွန်နား အရောက် တွင် စမ်းချောင်းတစ်ခုကိုတွေ့သည်နှင့် ထိုနားမှာ ထိုင်ကာ ခမ်းနော်နှင့် မိုးဇွန်တို့၏ အချစ်ရာဇဝင်ကို စီကာ ပတ်ကုံးပြောပါတော့သည်။


`` အဲ့လိုမမရဲ့... 

ငယ်ငယ်လေးကတည်းက ခမ်းနော်တို့ မေတ္တာတွေက ခိုင်ခံလာခဲ့ကြတယ်..တည်မြဲလာခဲ့တယ်..ဒါကို သူလဲ သိတယ်..ဒါပေမဲ့ သူကအုံပုန်းလုပ်နေတယ်လေ..``


`` မိုးဇွန်က အရှက်အကြောက်သိပ်ကြီးတယ်နဲ့တူတယ်..``


`` အို..ထားပါတော့ အရှက်အကြောက်ကြီးတယ်ဆိုတာ မိန်းကလေးထက်တော့ မသာသင့်ပါဘူး...

ဟုတ်တယ်မလားမမ..``


`` ဒါပေါ့..``


`` ခမ်းနော်မှာ ဒီလောက် ရေလာမြောင်းပေးလုပ်ပေးရ ၊ စောင်းမြောင်းပြောလိုက်ရတဲ့အချစ်စကားတွေ... ၊

ပေးလိုက်ရတဲ့ရည်းစားစာ..

ဒါတွေကို ဒင်းက သိရဲ့သားနဲ့ ဖတ်ရဲ့သားနဲ့ မသိကျေးကျွန်ပြုနေတာလေ...``


`` အော်..အော်..ဒါတော့ မကောင်းပါဘူး...``


`` ဘယ်ကောင်းပါ့မလဲ မမရ.. 

အဲ့ဒါနဲ့ ခမ်းနော်လဲ ‌ 

ညသန်းခေါင်ယံမှာ ဒေါသထွက်လွန်းလို့ စိတ်မထိန်းနိုင်တာနဲ့ သူ့ဆီကို လိုက်သွားတယ်လေ...

ခမ်းနော်မှာတော့ သူ့ကြောင့် အိမ်မှာ အိပ်လို့မပျော် ၊ စားလို့လဲမဝင် ၊ အလုပ်လုပ်တော့လဲ ကပျက်ကချော်တွေချည်း သူ့ကတော့ အိပ်မောကျနေလိုက်တာ...

ဟောက်သံတောင် ထွက်နေလေရဲ့.. 

အဲ့တုန်းက ခမ်းနော်လက်ထဲ ဘာပါသွားလဲ သိလား...`` 


`` ဘာပါသွားလဲဟင်...``


`` ဓားမ ပါသွားတာ မမရဲ့ ဓားမ..

ခမ်းနော် သူ့ဆီက အဖြေတောင်းကြည့်မယ် မရရင် အဲ့နေရာမှာ‌တင် သူ့ကို ခုတ်သတ်လိုက်မယ်ဆိုပြီး...``


`` အမလေး ခစ်ခစ်.. ခမ်းနော်ရယ်...ဘယ်လိုတွေ ဖြစ်ရတာလဲကွယ်...

မကြံကောင်းမစည်ရာ...အဲ့တော့ ဘာဆက်ဖြစ်‌သေးလဲ ပြောပါဦး.. ``


`` သူ့ကိုတွေ့တော့ နှိုးပြီး သူ့လည်ပင်းကို ဓားထောက်လိုက်တယ်လေ... 

ပြီးမှ...

ငါ့နင့်ကိုချစ်တယ်...

နင်ငါ့ကို ပြန်ချစ်မလား.. ရှည်ရှည်ဝေးဝေးတွေ မကြားချင်ဘူးနော်..

ချစ်လား မချစ်ဘူးလား အဲ့နှစ်ခွန်းပဲ ဖြေလို့ပြောလိုက်တာ..သူ့မှာ ကြောက်ကြောက်နဲ့ခေါင်းငြိမ့်ပြရှာတယ် အဲ့တော့မှ အဖြေပြန်ပေးတာလေ..ဟွန်း...

အာ့နဲ့ဟိ...ခမ်းနော်လဲ အဲ့နေ့မှာတင် သူနဲ့ မှားခဲ့မိလို့ ခုလို မမဗိုက် ဖြစ်လာရတာ...``


ခမ်းနော်၏ မချိပြုံးပြုံကာ ပြောနေသည့် ဟန်ပန်‌မှုယာလေးကိုကြည့်ရင်း ကြွေ့မှာ ရင်လှိုက် သည်းလှိုက် ရယ်ချလိုက်ပါတော့သည်။


`` ချစ်စရာကောင်းလိုက်တာ..

မမညီမလေးက ကိုယ်လိုချင်တာကို မရရအောင်ယူတက်တဲ့ အချစ်ဂျပိုးလေးပဲ..ခစ်ခစ်..``


 ခမ်နော်ကို ကြည့်ကာ ရယ်နေရင်း အနောက်ဘက်သို့ မျက်လုံးကစားလိုက်ချိန် မမြင်သင့်တာ မြင်လိုက်ရပြီး ကြွေ့ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

ခမ်းနော်သည် ကြွေကြည့်နေသည့် နေရာကို လိုက်ကြည့်ပြီးနောက်... ခပ်အုပ်အုပ်ရယ်လျက် ကြွေ့လက်ကို ဆုပ်ကိုင်လိုက်သည်။


`` ဒါဓမ္မတာပါပဲမမရယ်...

မနေ့ကမှ သူတို့ ချစ်သူစဖြစ်တာတဲ့..``


ခမ်းနော်စကားကြောင့် ကြွေပို၍ အံအားသင့်ရသည်။ အကြောင်းမှာ  ဘရဏီနှင့် ခြွေနှိုင်းခတို့သည် သစ်ပင်အကွယ်တွင်  မည်သူမှမရှိဘူးအထင်နှင့် အကြင်နာ အနမ်းများ လွတ်လွတ်လပ်လပ်ကို ချွေနေကြခြင်းပင်ဖြစ်သည်။


`` ခမ်းနော်.. ဏီက မိန်းကလေး မဟုတ်ဘူးလားဟင်..``


`` ဟုတ်ပါတယ် မမရဲ့..``


`` ဒါဆို ဘာလို့..``


`` အော်မမရယ်...အချစ်မှာ မျက်စိမှမရှိဘဲ.... ယေကျာ်း မိန်းမခွဲမနေဘဲ သူ့ကိုသူမို့လို ချစ်နေတာကရော မဖြစ်နိုင်ဘူးလား...

လာပါ.....သူများတွေ ကြည်နူးနေတာ သွားပြီးဖျက်လို ဖျက်စီးမလုပ်ချင်ပါနဲ့ ဝဋ်လည်နေပါ့မယ်...``


`` ဟင်...အေအေး..

သွားမယ်လေ...``


ကြွေတို့ လမ်းတစ်ဝက်နားရောက်နေသည့်ထိတိုင် ဏီတို့အခြေအနေကို နောက်ပြန်ကြည့်သော် မိုးမမြင် လေမမြင် ကြည်နူးနေကြသည်မှာ မပြီးနိုင် မစီးနိုင် ဖြစ်နေကြသည်။


အပိုင်း ( ၂၅ ) မျှော်....🙆


ထနှောင်းလဲ အသက်ပြန်ရှင်ပြီ ခမ်းနော်လဲ မမဗိုက်ဖြစ်သွားပြီ...

အဟိ..ခြွေတို့ကလဲ အဆင်ကိုပြေလို့...

အဲ့ဒီ့နောက်........

ဘာဆက်ဖြစ်မယ်ထင်ကြလဲဟင်...


နောက်အပိုင်းတွေမှာ စောင့်မျှော် အားပေးကြပါဦးရှင့်


မေ့ဝတ္တုလေးကို အားပေးကြတဲ့ စာဖတ်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့် 🙏


rate now: