💦ကျွန်တော့်နှလုံးသား
မမထံဝပ်ဆင်း၍💦
•••••••••••••••
{ သတိရခြင်းတွေနဲ့အိပ်စက်ပြီး
တမ်းတခြင်းတွေနဲ့ နိုးလာတဲ့
မနက်ခင်းကို ဘယ်သူက
နှစ်သက်မှာလဲ...
ဒီလိုပဲ
နှစ်နှစ်ကာကာ ချစ်မိတော့လဲ
တစ်ဖက်လူပျော်ရွင်နေရုံနဲ့တင်
ဒုက္ခဆိုတာကြီးကို
ကျေနပ်စွာထွေးပွေ့နေမိတယ်...}
မြခွန်းသာသည် နေ့ရက်တိုင်း သူမအနားသို့ရောက်လာသူများကို အကူအညီတောင်းနေသည်။
မည်သူမှမကူညီချင်ပေ..။ သူမတောင်းသည့်အကူအညီက ကြွေနှိုင်းခကို တွေ့ချင်သည် ဆိုသည့်စကားပင်ဖြစ်သည် ။ ဘာမှမစားဘာမှမသောက်ဘဲ ထိုစကားသာ ပြောနေတော့ မြခွန်းသာထွက်မပြေးစေရန် စောင့်နေရသော လူသည် မသက်သာသည့်အဆုံး သူတစ်ပါးခံစားချက်ကို အလေးအနက်ထား ဆုံးဖြတ်တက်ပြီး စိတ်ထားကောင်းသည့် ဟိန်းဇေယျာကို ပြောလိုက်ရ၏။
အစောင့်ပြောသော စကားကြားကြားခြင်း ဟိန်းဇေယျာ အံအားသင့်ခဲ့ပေမဲ့ အကြောင်းအကျိုးကိုသုံးသပ်ပြီး မိုးဇွန့်နှင့်ဏီတို့ကို မပြောတော့ဘဲ ဆေးရုံသို့သွားကာ ကြွေနှိုင်းခကို မြခွန်းသာဆီ လိုက်ခဲ့စေရန် အကူအညီတောင်းလိုက်သည်။
ထနှောင်းခဘေးမှာသာ ဝတ်ကြီးဝတ်ငယ်ပြုစုနေသော ကြွေသည် ထနှောင်း၏လက်ဖမိုးလေးကို အနမ်းတစ်ပွင့်ခြွေကာ နူတ်ဆက်ရင်း ဟိန်းအနောက်မှ လိုက်လာခဲ့သည်။
ခြွေ့ကိုတော့ အစားအသောက်သွားဝယ်လိုက်ဦးမယ်ဟုသာ ပြောခဲ့သည်။ကြွေတို့ကားပေါ်ရောက်သည်နှင့် ခါးပတ်ပတ်ကာ စတင်ထွက်ခွာပါတော့သည်။
`` မြခွန်းသာက ကြွေ့ကို ဘာအကြောင်းကြောင့် တွေ့ချင်ရတာလဲသိလား...``
ဟိန်းသည် ကားကိုဂရုတစိုက်မောင်းရင်း ခေါင်းကိုသာသာ ခါပြသည်။
`` ကျွန်တော်လဲမသိပါဘူး...
သူပြောချင်တာ တစ်ခုခုရှိလိမ့်မယ်...ဒါပေမဲ့ ကြွေ့ကိုတော့ ထိခိုက်အောင်မလုပ်နိုင်ပါဘူး...``
မြူခိုးတွေဝေနေသည့် တောင်စောင်း တောင်တန်းများကိုကြည့်ရင်း ကြွေသည် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
မဟူရာစံအိမ်သို့ရောက်သည်နှင့် ဟိန်းခေါ်ဆောင်ရာနေရာသို့
ကြွေထပ်ကျပ်မကွာ လိုက်သွားပြီး မြေအောက်အကျဉ်းထောင်သို့ရောက်သော် ဆံပင်စုတ်ဖွားနှင့် ညစ်ပတ်ပေသလူးနေသော အမျိုးသမီးငယ်တစ်ဦး အချုပ်ခန်းထဲသို့ရောက်နေသည်ကိုတွေ့ရ၏။
တဖြည်းဖြည်းရုပ်လုံးပေါ်အောင်အနီးကပ်ကြည့်သော် ထိုအမျိုးသမီးငယ်မှာ မြခွန်းသာဖြစ်နေခဲ့သည်။
မြခွန်းသာသည် ကြွေ့ကိုတွေသည်နှင့်ကုန်းထလာကာ ဆံပင်ကိုသပ်ပြီး အရှေ့သို့တိုးလာခဲ့သည်။
ကြွေသည် သူမကို ဂရုဏမျက်လုံးများဖြင့်သာ ကြည့်နေမိပြီး ဆိတ်ဆိတ်နေခဲ့သည်။
ကြွေ့မျက်လုံးများကို စိုက်ကြည့်ကာ နူးညံ့သောအပြုံးဖြင့် ပြုံးနေသော မြခွန်းသာ ကိုကြည့်ရင်း ကြွေမျက်ခုံးပင့်ကာ အံဩခဲ့ရသည်။
`` နေကောင်းလားတယ်မလား ကြွေနှိုင်းခ...``
ကြွေသည် ညင်သာစွာခေါင်းငြိမ့်ပြလျက် သူမနေသော အကျဉ်းထောင်ကို မျက်လုံးကစားရင်း ဝေ့ဝိုက်ကြည့်နေမိသည်။
`` မြ..မြတို့ နှစ်ယောက်ထဲစကားပြောချင်တယ်ကြွေနှိုင်းခ..``
မြခွန်းသာစကားကြောင့် ဟိန်းသည် ကြွေ့အနားသို့သွားကာ မြခွန်းသာကို စူးစူးရဲရဲ စိုက်ကြည့်နေ၏...။
`` မြခွန်းသာ အမှားဆိုတာ တစ်ခါလုပ်ပြီးရင် တော်လောက်ပြီ...
ထပ်ကာထပ်ကာ လုပ်နေခဲ့မယ်ဆို ငါလဲ သည်းခံနေမှာ မဟုတ်ဘူး...``
မြခွန်းသာသည် ဟိန်းကိုမကြည့် ကြွေ့ကိုသာကြည့်ကာ တောင်းဆိုသလို ပြုမှုနေ၏...။
ကြွေသည် ဟိန်းလက်မောင်းကိုကိုင်ပြီး တစ်ယောက်ထဲနေခဲ့ရန် ခေါင်းငြိမ့်ပြလိုက်သည်။
`` ကြွေ့ကိုသူမ ဘာမှမလုပ်နိုင်ပါဘူး... စိတ်ချပါ...``
`` ကျွန်တော် အပေါ်ထပ်မှာ ရှိနေမယ်နော်...``
ဟိန်းသည် ကြွေ့ကိုခေါင်းငြိမ့်ပြကာ မြခွန်းသာကို သတိထားနေဟူသောအကြည့်မျိုးဖြင့် ကြည့်သွားပြီး အပေါ်ထပ်သို့ တက်သွားပါတော့သည်။ ဟိန်းထွက်သွားတော့မှ မြခွန်းသာသည် မြေပြင်မှာ ပုံလျက်ထိုင်ချကာ သူမ၏ခြေချောင်းလေးများကို စိုက်ကြည့်နေသည်။
`` ပြောပါညီမလေး...
မမဘာများကူညီပေးရမလဲ...``
ကြွေနှိုင်းခစကားကြောင့် မြခွန်းသာသည် သူမကိုမော့ကြည့်ရင်း မျက်ဝန်းမှ မျက်ရည်များရစ်ဝဲလာခဲ့သည်။
`` မြ..ဒီနေ့ ဒီအချိန်ထိလုပ်လာခဲ့တဲ့ လုပ်ရပ်ပေါင်းများစွာကို တောင်းပန်ပါတယ်လို့မပြောချင်ဘူး...
ဘာလို့ဆို မြ ခအပေါ်အချစ်စစ်နဲ့ချစ်ခဲ့လို့ပဲ...``
`` အင်း....မမ နားလည်ပါတယ်..``
မြခွန်းသာသည် ကြွေနှိုင်းခကိုမျက်နှာလွဲကာ အကျဉ်းထောင်တံခါးကိုကြည့်ရင်း ငိုပါတော့သည်။ မြခွန်းသာ ငိုနေသည်ကို မကြည့်ရက်နိုင်၍ ဟိန်းဆီကယူထားသော အကျဉ်းထောင်တံခါးသော့ကိုဖွင့်ပြီး သူမနားမှာထိုင်ကာ ပခုံးကို ပုတ်ပေးနေသည်။
`` မြ..မြမှားသွားပါတယ်...
အဟင့်...မြရဲ့အတ္တကို မြကိုယ်တိုင်ကြီးထွားလာအောင် မွေးမြူခဲ့မိတယ်..
ကိုယ်စိုက်တဲ့အပင် ကိုယ်ပြန်ရိတ်သိမ်းရမယ်ဆိုတဲ့စကားက သိပ်မှန်တာပဲ...``
`` အမှားကို အမှားမှန်းသိလာခဲ့ပြီ
အဲ့အမှားကို ပြုပြင်ပြောင်းလဲပစ်ချင်တဲ့စိတ်ကလေးလဲရှိလာနေပြီ ဆိုရင် အဲ့လူက လူကောင်းလူမွန်တစ်ယောက်ဖြစ်ဖို့ အတော်နီးစပ်နေခဲ့ပါပြီ... ညီမလေး..ညီမလေးက လမ်းမှန်ပေါ်ရောက်နှင့်နေပြီ.. ``
မြသည် ကြွေ့ဘက်သို့လှည့်ကာထိုင်လိုက်ပြီး ကြွေ့လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။
`` မမ...
မြရဲ့အမှားကို ခွင့်လွတ်ပေးပါနော်...မြအမှားတွေကို မြသိပါပြီ...
မြ ဘယ်တော့မှ ခနဲ့မမတို့ရဲ့အချစ်ခရီးကို ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး...နော်မမ...
ခွင့်လွတ်ပေးပါနော်....``
မြခွန်းသာ ပါးပြင်ပေါ်မှ စီးကျနေသော မျက်ရည်များကို ကြွေသည် တယုတယသုတ်ပေးရင်း ပြုံးနေ၏...။
``မမက အစကတည်းက ခွင့်လွတ်ပြီးသားပါကွယ်...မမကအငြိုးအတေးတွေမထားတက်ပါဘူး...
ညီမလေးဆီက အခုလိုစကားတွေကြားရုံနဲ့တင် မမဝမ်းသာလှပါပြီ..``
ကြွေ့ဆီက ခွင့်လွတ်မှု့ရသည်နှင့် မြခွန်းသာသည် ကြွေ့ရင်ခွင်ထဲသို့ဝင်ကာ ကြွေ့ခါးလေးကို ကျစ်နေအောင်ဖက်ပြီး ရှိုက်တငင်ငင်ငိုပါတော့သည်။
`` ဒီလို မေတ္တာတရားကြီးမားတဲ့ မမကိုမှ
မြ..မြစော်ကားမိရတယ်လို့...
မြကမကောင်းတဲ့မိန်းကလေးပါ..
တကယ်ဆို ခွင့်မလွတ်သင့်ပါဘူး``
`` အဲ့လိုမပြောပါနဲ့ ညီမလေးရယ် လူဆိုတာ အမှားနဲ့ကင်းတဲ့သူတစ်ယောက်မှမရှိကြပါဘူး...``
ကြွေ့ရင်ခွင်ထဲမှထွက်ကာ ကြွေ့လက်ကလေးကိုကိုင်ရင်း လေးနက်သောမျက်ဝန်းများဖြင့် မြခွန်းသာကြည့်လေသည်။
`` မမ..
ညီမလေးကို တစ်ခုလောက်ကူညီပေးပါလား..``
`` ဘာများလဲ ညီမလေး...
မမ ကူညီနိုင်တာဆို ကူညီပါ့မယ်..``
`` မမကူညီနိုင်ပါတယ်...
မဟုတ်ဘူး...မကူညီနိုင်ဘူးဆိုတာကိုမပြောပါနဲ့ အဆုံးစွန်ထိ
ကူညီပေးပါ...နော်မမ...
ကူညီပေးပါ..``
ကြွေသည် သူမကိုကြည့်ရင်းခေါင်းရှုပ်သွားပေမဲ့ သူမလက်ကလေးကို ဖွဖွလေးကိုင်ကာ အားပေးလိုက်သည်။
`` ပြောပါ...ဘာများလဲ...``
`` ညီမလေးအလှုတစ်ခုလုပ်ချင်လို့ပါ...``
`` အော် ဒါများ ညီမလေးရယ်..
ရတာပေါ့..ဘာများလဲလို့ မမမှာ စိတ်ပူလိုက်ရတာ...အလှုဆိုရင်တာ့ မမအစွမ်းကုန်ကူညီပေးမယ်...``
ကြွေ့စကားကြောင့် မြခွန်းသာမျက်လုံးမှာ ဝင်းလက်သွားကာ ဝမ်းသာမျက်ရည်များကျလာခဲ့သည်။
`` မငိုရဘူးလေ ညီမလေးရယ်..
ပြောပါဦးမမကို ဘာအလှုများလုပ်မလို့လဲ...``
ကြွေ့လက်ကလေးကို ဖွဖွကိုင်ရင်း သူမဘယ်ဘက်ခြမ်းက ရင်ဘက်ပေါ်သို့ တင်ပေးလိုက်ရင်း ပြုံးနေသည်။
`` ညီမလေးရဲ့နှလုံးသားကို လှုချင်ပါတယ်....
ထနှောင်းအတွက်...``
`` အို.....``
ကြွေနှိုင်းခသည် လန့်ကာ မြခွန်းသာကိုင်ထားသော သူမ လက်ကိုပင်လွတ်ချမိပြီး နောက်သို့အနည်းငယ် ဆုတ်မိသွားသည်။
မြခွန်းသာသည် ကြွေ့အနားသို့ တိုးကာ တတွင်တွင် ပူဆာနေတော့သည်။
`` မမ..မမဘဲ
ခုဏက ကူညီပေးမယ်ဆို...
အစွမ်းကုန်ကူညီပေးမယ်ဆို..
အခုဘာလို့များ တွန့်ဆုတ်နေရတာလဲ...``
ကြွေနှိုင်းခသည် မြခွန်းသာကို ကျောခိုင်းကာ အကျဉ်းထောင်အပြင်ဘက်က လက်ရန်းတိုင်ပေါ်ရှိ ကြက်ခိုးများကို ကြည့်ရင်း လက်သီးနှစ်ဖက်ကို ဆုပ်ပြီး အားတင်းထားရသည်။
``မမ..``
`` အို...တော်စမ်းညီမလေး...
ဒီအရာက သေဆုံးပြီးမှလှုရတဲ့အလုပ် ..၊ အခု ညီမလေးက လူကောင်း ၊ ကျန်းမာတဲ့ကလေးမလေး...
ဒါ...ဒါကို ဘာလို့များလှုရမှာလဲ
မဖြစ်နိုင်ဘူး...!``
`` မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးမမရယ်..
ညီမလေးက တကယ့်စိတ်ရင်းနဲ့
လှုချင်တာပါ....
ညီမလေးဘဝမှာ အခုအရွယ်ရောက်တဲ့အထိ ဘာကောင်းမှုကုသိုလ်မှမရှိသေးဘူး....ဒါကြောင့်...``
ခေါင်းငုံကာ စကားဆိုနေသည့် မြခွန်းသာနားသို့သွားကာ ကြွေသည် သူမလက်ကို ညင်သာစွာကိုင်လျက် မျက်ရည်များကျဆင်းနေခဲ့သည်။
`` ကိုယ့်ညီမလေးက ကိုယ့်အရှေ့မှာတင် ပျောက်ကွယ်သွားမယ့်ကိစ္စကို ကြည့်ရလောက်အောင် မမနှလုံးသားက အဲ့လောက် အကျည်းမတန်ဘူး....
ကိုယ့်အသက်ကိုယ်တန်ဖိုးထားပါ..၊
ဘဝမှာ မလုပ်ရသေးတဲ့အလုပ်တွေ ၊
မသွားရသေးတဲ့ခရီးတွေ ၊
မပြောလိုက်ရတဲ့စကားတွေ ၊
မပေါင်းသင်းရသေးတဲ့ သူငယ်ချင်းအသစ်တွေနဲ့ လုပ်စရာတွေအများကြီး လုပ်ရဦးမယ်လေ..
ဘာလို့များခေါင်းမာချင်ရတာလဲ..သူများတွေက အသက်ရှင်ချင်နေကြတာ..အခု..ခုညီမလေးက.. ``
မြခွန်းသာသည် သူမကို ကိုယ့်ညီမအရင်းတစ်ယောက်လို စိတ်ပူပေးနေသောကြွေ့ကိုကြည့်ရင်း ရှိုက်ငိုကာ ကြွေ့ကိုနွေးထွေးစွာ ဖက်ထားလိုက်သည်။
`` ကျေးဇူးတင်ပါတယ်မမရယ်..
မြကို ညီမလေးအရင်းတစ်ယောက်လို တန်ဖိုးထားတဲ့အတွက်..
တကယ်ကျေးဇူးတင်ပါတယ်...
ဒီလိုမေတ္တာမျိုးရလိုက်တာနဲ့တင် တခြားပျော်ရွင်စရာ၊ ခရီးအဝေးကြီးတွေ သွားစရာမလိုတော့ပါဘူး...
ညီမလေး ပြည့်စုံသွားပါပြီ...
ဒါကြောင့် ညီမလေးနှလုံးသားကို လက်ခံပေးပါ...
တောင်းပန်ပါတယ်...
အကျိုးမရှိ သေဆုံးသွားတာထက်စာရင် ဒီလိုမျိုးအကျိုးရှိရှိ အသုံးချသွားတာကို ညီမလေး ပိုလိုချင်ပါတယ်....``
ကြွေနှိုင်းခ မခံစားနိုင်တော့ပါ..ထိုနေရာကနေ ပြေးထွက်လာပြီး စံအိမ်အပြင်ရောက်မှ ငိုကြွေးနေပါတော့သည်။ အကျဉ်းထောင်ထဲမှာ ကျန်ခဲ့သော မြခွန်းသာသည်လဲ အံကြိတ်ရင်း အသံမထွက်အောင် ငိုကြွေးနေပါတော့သည်။
သူမတို့နှစ်ယောက်၏ မေတ္တာတရားများသည် ဟိန်းအပြင် စံအိမ်ထဲရှိ လူအများဆီသို့ ပြန့်လွှင့်ကုန်ကာ စိတ်မကောင်းဖြစ်နေကြသည်။
ခိုနားရာ ရင်ခွင်မရှိမှတော့
ဒီလောကကြီးမှာနေမပျော်တော့
စွန့်လွတ်သင့်တာတွေစွန့်လွတ်ရင်း
အမှီအခိုကင်းကင်းနဲ့
တိမ်တွေထဲ မျှောလွှင့်လိုက်ချင်ပြီ...။
( ⚈̥̥̥̥̥́⌢⚈̥̥̥̥̥̀)°°°°°~~~~( ⚈̥̥̥̥̥́⌢⚈̥̥̥̥̥̀)
ICUခန်းထဲတွင်သတိမေ့မျှောနေသည့် ထနှောင်းကိုကြည့်ရင်း ကြွေမျက်ရည်များကျဆင်းနေခဲ့သည်။ ထနှောင်းလက်ချောင်းကလေးများကို သန့်ရှင်းရေးလုပ်ပေးရင်း ထနှောင်းကြားလို ကြားငြား စကားများပြောနေ၏...။
`` သိလားထနှောင်း...မေတ္တာတရားဆိုတာ အနည်းငယ်ပေးလိုက်ရုံနဲ့ ရောင်ပြန်ဟပ်ပြီးကိုယ့်ဆီအများကြီး ပြန်ကျလာနိုင်တာမျိုး...
အင်း...
မိန်းကလေးတွေရဲ့အချစ်က သိပ်ကိုအင်အားကြီးမားတဲ့ လက်နက်တစ်မျိုးပဲ...
အသုံးချတက်ရင် ကိုယ့်အတွက်ကောင်းမွန်တာတွေပဲ ဖြစ်လာပြီး အသုံးမချတက်ရင်တော့ ဘေးထွက်ဆိုးကျိုးတွေက ပြောမပြတက်အောင် သိပ်များလွန်းတယ်..``
စကားများပြောရင်း ထနှောင်းမျက်နှာပေါ်က ချွေးလေးများကို သုတ်ပေးနေသည်။
``ဒီလိုပဲ...မြခွန်းသာရဲ့အချစ်ကို ထနှောင်းကမထီမဲ့မြင် သွားလုပ်မိတာကိုး....
တကယ်တော့ ညီမလေးက သိပ်ကို စိတ်သဘောထား လှတဲ့ကလေးပါ...
ပတ်ဝန်းကျင် မကောင်းတဲ့ အတွက်ရော စောင့်ရှောက်သူမကောင်းတဲ့အတွက်ရောကြောင့် မျိုးစေ့မမှန် အပင်မသန်ခဲ့တာ..
မမကတော့ အဲ့လိုပဲ ထင်တယ်..``
စကားပြောရင်း ထနှောင်းခန္ဓာကိုယ် သန့်ရှင်းရေးလုပ်ပြီးသည်နှင့် စောင်ကိုပြန်ခြုံကာ စားပွဲခုံပေါ်တွင် တင်ထားသော ထိုးလက်စ သိုးမွေးထည်ကို ပြန်၍ ထိုးနေ၏။
``ညီမလေးကပြောတယ် သူ့နှလုံးကို ထနှောင်းအတွက်ပေးပါရစေတဲ့...
အဟင့်ဟင့်...
မမဘယ်လိုစိတ်မျိုးနဲ့
ခေါင်းငြိမ့်ရမှာလဲထနှောင်းရယ်...
သူမက..သူမက ကလေးဘဲရှိသေးတာ...
သူ့ဆီကအသက်ကိုယူပြီး မင်းအတွက်..မင်းရှင်သန်လာဖို့အတွက်...
အို....မဖြစ်နိုင်တာတွေပါ...
မမ ညီမလေးတောင်းတဲ့အကူအညီကို ငြင်းခဲ့လိုက်တယ်သိလား
မမ မှန်တယ်မလားဟင်...
ထနှောင်းလေးလဲ မမနေရာမှာဆို ဒီလိုပဲ လုပ်မိမှာပဲ ဟုတ်တယ်မလားဟင်..``
သိုးမွေးချုပ်နေရင်း ပါးပြင်ပေါ်မှကျဆင်းလာသောမျက်ရည်များကို ထနှောင်းပေးထားသည် လက်ကိုင်ပုဝါအဖြူလေးဖြင့် သုတ်နေ၏..။
ထိုအချိန် အပြင်ဘက်မှာ ဝရုန်းသန်းကားဖြင့် ဟိန်းနှင့် ဏီရောက်လာခဲ့သည်။
``ကြွေ...ကြွေ....
မြန်မြန်...မြန်မြန်..``
အခန်းထဲဝင်လာသည်နှင့် ကြွေ့လက်ကိုဆွဲကာ အပြင်သို့ ဆွဲခေါ်လာခဲ့သည်။
`` ဟဲ့...ဘာဖြစ်ကြတာလဲ...
ဖြေးဖြေး...အမလေး..လာပါပြီ...``
ကြွေအခန်းအပြင်ရောက်သည်နှင့် ထပ်မံ ကားပေါ်သို့ ဆွဲခေါ်သွားကြပြန်သည်။
`` ဟဲ့...နင်တို့တွေ ငါ့အမကို ဘယ်ခေါ်သွားကြတာလဲ...``
ခြွေသည် ဆေးရုံဝန်းအတွင်း ကြွေ့ကိုဆွဲခေါ်သွားတာကိုမြသ်သည်နှင့် ဏီတို့ကို အော်ခေါ်ပြီမေးသည်။ ဏီက လက်ကာပြကာ ပြန်လာခဲ့မယ်ဟု လက်ပြရင်း ကားသည် ဆေးရုံဝန်းထဲမှ ထွက်ခွာသွားပါတော့သည် ။
``ဏီ...ဟိန်း...ဘာဖြစ်လာတာလဲ...အကြောင်းအရင်းပြောပါဦး..``
ကားမောင်းနေသော ဏီသည် စကားမပြောချင်၍ မျက်နှာလွဲထားသည့်အတွက် ကြွေ့ဘေးနားမှာ ထိုင်နေသော ဟိန်းကသာ ပြောပြရတော့သည်။
`` မြခွန်းသာ အခြေအနေမကောင်းဘူး...``
`` ဟင်..ဘယ်လိုတွေ ဖြစ်နေလို့လဲ..``
ဟိန်းသည် ဆက်၍မပြောချင်သည့်ပုံစံဖြစ်နေ၍ ဏီ့ပခုံးကို လှမ်းကာ ပုတ်လိုက်သည်။ ဏီကလဲ ဟိန်းကိုပြန်ပုတ်ကာ ကျစ်တစ်ချက်စုပ်သပ်လိုက်ပြီး...
`` မင်းဘဲ ပြောလိုက်ရင် ပြီးတာပဲဟာကို...ငါဒီမှာ ကားမောင်းနေတယ်လေ..``
`` ကဲ..ဘယ်သူပြောပြော သိရမှာဘဲဟာ...
ဘာဖြစ်နေကြတာလဲ..ပြော...
ကြွေ စိတ်ဆိုးလာပြီနော်...``
ကြွေ့ကိုကြည့်နေပြီးမှ မျက်နှာလွဲကာ ဟိန်းသည် ကားမှန်ကိုကြည့်ရင်း...တုန်ယင်သောအသံဖြင့် စကားဆိုလိုက်သည်။
`` မြခွန်းသာ...မနက်တုန်းက သူ့လက်ကောက်ဝတ်သူ လှီးချထားတယ်...``
`` ဘာ!...``
`` သူအခု ကြွေ့နာမည်ကိုပဲ အော်ခေါ်နေလို့ ကျွန်တော်တို့လာခဲ့တာပါ..``
ကြွေသည် ဟိန်းဆီမှ စကားကြားကြားရင်း ကျောက်ရုပ်တစ်ရုပ်လို ဖြစ်သွားကာ ခြေဖျားလက်ဖျားတွေ အေးစက်လာခဲ့သည်။ စိတ်ထဲမှ အစိုင်အခဲကြီးဟာ ရင်ထဲတွင့် စို့စို့နင့်နင့်ကြီး ဖြစ်လာကာ မျက်ဝန်းမှလဲ မျက်ရည်များအတားအဆီးမရှိ ကျဆင်းလာခဲ့သည်။
`` မြန်မြန်မောင်းဏီ....``
ဏီသည် စံအိမ်ဆီသို့အမြန်မောင်းလာခဲ့ရင်း ရောက်သည်နှင့် ကားပေါ်မှဆင်းကာ မြခွန်းသာဆီသို့ တိုက်ရိုတ် သွားတွေ့ပါတော့သည်။ မြခွန်းသာသည် ကုတင်ပေါ်တွင် ဖြူစုတ်သောမျက်နှာနှင့် ကြွေကို ပြုံးကာကြိုဆိုသည်။
သူမလက်ကိုလှမ်းကြည့်သော် မိုးဇွန်က သူမလက်ကောက်ဝတ်ကို ပက်တီးများဖြင့် သွေးတိတ်အောင် ပတ်ပေးထားပေမဲ့ ပတ်တီးပေါ်မှာတင် နီရဲနေသည့် သွေးများကိုကြည့်ရင်း ကြွေမျက်ရည်များကျဆင်းလာခဲ့သည်။
ကုတင်ပေါ်သို့တက်ကာ ကြွေ့ပေါင်ပေါ်မှာ မြခွန်းသာကို မှီအိပ်ခိုင်းစေပြီး ဟိန်းကို သူမဒဏ်ရာ သွေးတိတ်သွားအောင် ဆေးထည့်ခိုင်းသည်။ သို့ပေမဲ့ မြခွန်းသာက ဆေးထည့်မခံပေ...၊ သွေးများပေနေသော လက်ဖြင့် အိပ်လျက်ပင် ကြွေ့ခါးလေးကိုဖက်ပြီး ပြုံးနေ၏...။
`` ဘာလို့အဲ့လိုမိုက်မဲရတာလဲ...
ဘာလို့လဲလို့...အဟင့်ဟင့်..``
`` ညီမလေးကို ခွင့်လွတ်ပါမမရယ်...
ညီမလေး ဒီလိုမှမလုပ်ရင် မမက ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုမှာ မဟုတ်ဘူးလေ..``
`` မိုက်လိုက်တဲ့ကလေးရယ်....
လူတစ်ယောက်အသက်ရှင်ဖို့အတွက် လူကောင်းတစ်ယောက်က သေပေးစရာလိုလို့လား...
အဲ့လူအတွက် ထိုက်တန်လို့လား...အဟင့်ဟင့်...``
ကြွေနှင့်မြတို့ တစ်ဦးနှင့်တစ်ဦးကြင်နာစွာ ဖက်တွယ်ငိုယိုနေသည့်အဖြစ်ကို ဟိန်း၊ ဏီနှင့် မိုးဇွန်တို့မကြည့်ရက်နိုင်ပါ.. ၊
တစ်ယောက်တစ်နေရာမှာစီ ထောင့်ကပ်နေရင်း မည်သူမှမသိအောင် မျက်ရည် ဝဲနေသည်။
`` လူတွေအားလုံးပျော်ရွင်ဖို့အတွက် ဒီလူသားလေး ပျောက်ကွယ်ပေးလိုက်ရတာပါ....
ညီမလေးက မသေပါဘူး....မမရဲ့နှလုံးသားထဲမှာ အမြဲရှိနေမှာလေ...ဟုတ်တယ်မလား...ညီမလေးကိုအမြဲအမှတ်ရနေမယ်မဟုတ်လားဟင်...``
ဝိုင်းစက်နေသော မျက်ဝန်းများဖြင့် ကြွေ့ကိုမော့ကြည့်နေခိုက် ကြွေကလဲ သူမကို ခေါင်းငုံကာကြည့်နေပြီး ကြွေ့ မျက်ရည်များ မြ၏ ပါးမို့မို့လေးပေါ်သို့ လှိမ့်ကာ ကျဆင်းသွားသည်။မြသည် ကြွေ့ပေါင်ပေါ်မှာ သူမမျက်နှာအပ်ချလိုက်ပြီး ကလေးတစ်ယောက် အိပ်ချင်နေသလိုညည်းနေ၏။
`` မမရယ် ညီမလေးအိပ်ချင်လာပြီ...မျက်ခွံတွေက လေးလာလိုက်တာ...
ဒါပေမဲ့လေ...
ညီမလေးအခု ဘာမြင်ယောင်နေလဲသိလား
ငယ်ငယ်တုန်းက daisyပန်းတွေကြား ခနဲ့အတူ ပြေးလွှားဆော့ကစားနေတာကို မြင်ယောင်နေတယ်...
ကြည်နူးလိုက်တာမမရယ်....``
`` အို..ကလေးရယ်...
အိပ်မသွားပါနဲ့ဦး မမရွတ်တဲ့စကားတွေ ပရိတ်တော်ကို နာနေနော်..
ကြားလားကလေး..``
မြခွန်းသာ စကားမပြောနိုင်တော့ပါ ခေါင်းသာ သာသာငြိမ့်ပြရင်း ကြွေ့ခါးလေးကို တင်းစွာဖက်ထားနေ၏။ ကြွေသည် မြဘဝကူးကောင်းရန်အတွက် ဗောဇ္ဈဂ်သုတ်တော်ကို ရွတ်စေနေသည်။
``သံသာရ သံသရန္တာနံ ၊သဗ္ဗဒုက္ခဝိနာသနေ၊ သတ္တ ဓမ္မေ စ ဗောဇ္ဈဂ်ေ၊ မာရသေနာပမဒ္ဒနေ။
ဗုဇ္ဈိတွာ ယေစိမေ သတ္တာ ၊ တိဘဝါ မုတ္တကု တ္တမာ အဇာတိ မဇရာ ဗျာဓိံ ၊ အမတံ နိဗ္ဘယံ ဂတာ။``
ကြွေသည် ဗောဇ္ဈဂ်သုတ်ကို ရွက်ဖတ်ပူဇော်နေရင်း ကြွေ့ကိုဖက်ထားသော မြခွန်းသာ၏ လက်များ ပြေလျော့သွားခဲ့သည်။သို့ပေမဲ့ ကြွေနှိုင်းခ ရွတ်ဖတ်ပူဇော်သည်မှာမပျက်ပေ...။
မြခွန်းသာ၏ အသိဉာဏ်ထဲတွင် ငယ်စဉ်ကအမှတ်တရများဆီသို့ တိမ်းညွန့်ရင်း သူမနူတ်ခမ်းမှာ ကွေးညွတ်ကာ ပြုံးနေလျက်...
`` ဟဲ့..မြ...နင်အရမ်းမပြေးနဲ့လေ..``
`` လိုက်ဖမ်းလေ..ခ..
နင်ငါ့ကိုဖမ်းမိရင် ငါရပ်မှာပေါ့..
ခစ်ခစ်..``
၁၅နှစ်အရွယ် ထနှောင်းခနှင့် မြခွန်းသာတို့ ကလေးနှစ်ယောက်သည် daisyပန်းခင်းကြီးထဲ ပြေးလွှားဆော့ကစားနေကြသည်။
အရှေ့မှ ပြေးလွှားနေသော မြခွန်းသာကို ထနှောင်းခသည် လေအလျဉ်ဖြင့် ပြေးလွှားရင်း သေးသွယ်လှပလွန်းသည့် မြခွန်းသာခန္ဓာကိုယ်လေးကို သူ၏ရင်ခွင်ထဲသို့ဆွဲသွင်းကာ တအားဖက်ထားလိုက်လေသည်။
`` မိပြီကွ..ဟားဟား``
`` ခစ်ခစ်...ငါက အရှိန်လျော့ထားလို့ပါနော့်ဟွန့်...``
ညုဆူဆူဖြင့်ပြောနေသော မြခွန်းသာ ပါးပြင်လေးကို ထနှောင်းခသည် တုန့်ဆိုင်းမှုမရှိ ရွတ်ခနဲ နမ်းလိုက်သည်။
`` ဟွန့်...နင်ကလဲနော်..သူများကို..``
`` မြ...``
``ဟင်...``
ထနှောင်းခသည် မြခွန်းသာ၏ ခါးသိမ်သိမ်လေးကိုအနောက်မှဖက်ကာ သူမပခုံးပေါ်တွင် မေးတင်ထားပြီး မြခွန်ူသာကလဲ ထနှောင်းခဆံပင်ကို ဖွနေ၏...။
`` ငါကြီးလာရင်လေ...နင့်ကို လက်ထပ်လို့ရမလား..``
`` နင်ကငါ့ကို ချစ်လို့လား...``
`` ချစ်မှ လက်ထပ်လို့ရတာလား..``
`` ဒါပေါ့ ခရဲ့...``
`` ဒါဆို နင်ကရော ငါ့ကိုချစ်လားဟင်..မြ..နင်ငါ့ကိုချစ်လား..``
မြခွန်းသာသည် ထနှောင်းဘက်သို့စောင်းငဲ့ကာ ကြည့်ပြီးနောက် သူ၏ နူတ်ခမ်းထောင့်စွန်းကို ဖွဖွလေး အနမ်းခြွေလိုက်သည်။
`` ချစ်တာပေါ့ခရယ်..``
`` ဒါဆို ငါကြီးလာရင်
မဟုတ်ဘူး
မဟာမြိုင်ရွာရဲ့ သခင်ဖြစ်လာခဲ့ရင် နင့်ကို လက်ထပ်မယ်နော်...``
`` အင်း...``
အတိတ်များဆီသို့တိမ်းညွန့်ရင်း ပစ္စုပ္ပန်တွင် ကြွေနှိုင်းခ၏ ပရိတ်တော် အဆုံး မြခွန်းသာ၏လိပ်ပြာသည် အဝေးတစ်နေရာသို့ ငြိမ်းချမ်းစွာ ပျံသန်းသွားပါတော့သည်။
`` ညီမလေး!....
အဟင့်ဟင့်...ညီမလေးရယ်... ကောင်းရာသုကတိ ရောက်ပါစေကွယ်....``
မြခွန်းသာ၏ ရုပ်ကလပ်ကို ကုတင်ပေါ်တွင် သေချာချကာ ပုဝါအဖြူရောင်ကို တစ်ကိုယ်လုံး လွှမ်းခြုံပေးလျက် သူမဘေးမှာတင် ကြွေနှိုင်းခ ချုံးပွဲချ ငိုပါတော့သည်။
ဘရဏီတို့ သူငယ်ချင်းသုံးယောက်ကလဲ သူမဘေးသို့လာကာ ငယ်ငယ်ကသံယောဇဉ်များကို ပြန်တွေးရင်း ဝမ်းနည်းစွာဖြင့် ငိုကြွေးနေကြပါတော့သည်။
(ခင်များကို ချစ်တယ်ဆိုတဲ့
တက်နိုင်မှုလေးပဲ
ကျွန်တော်မှာရှိတယ်။
ခင်များရှိတဲ့နေရာကိုမလာနိုင်ဘူး
ကျွန်တော်ချစ်ခြင်းမေတ္တာကို
ခင်များနားလည်သဘောပေါက်အောင် မစွမ်ဆောင်နိုင်ဘူး။
ကျွန်တော့်အရပ်မှာ
ကြွေတဲ့ကြယ်တွေက
ဆုတောင်းမပြည့်ဘူး။
#crd)
အပိုင်း ( ၂၄ ) မျှော်...
မေငိုရလွန်းလို့ပင်ပန်းနေပြီ..
ဒီနေ့ ဘာမှမပြောတော့ဘူးနော်...
မေ့ဝတ္တုလေးကို အားပေးကြတဲ့ စာဖတ်သူတစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်🙏