🌈ကျွန်တော့်နှလုံးသား
မမမထံဝပ်ဆင်း၍🌈
°~°~°~°~°~°~°
{တချို့နေ့ရက်တွေက
မှော်အိမ်မက်လို ကဗျာဆန်ပေမဲ့
နောက်ကွယ်မှာခြောက်ခြားစရာ
အလိုမကျမှုတွေက
အတိုင်းထက်အလွန်
နှိပ်စက်တက်ကြစမြဲပါ...}
ထနှောင်းအနောက်မှ စက်သေနတ်ဖြင့် တရစပ်ပစ်နေသော နောင်တခမ်းကို မိုးဇွန်သည် အဝေးကနေ ပစ္စတိုသေနတ်ဖြင့် ခမ်း၏ နှဖူးတည့်တည့်ကို ပစ်လိုက်တော့မှ သေနတ်ပစ်သံ ရပ်စဲသွားပြီး ထိုနေရာမှာတင် ခမ်းသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီ...။
ကြွေ့ကိုယ်ပေါ်မှာ သွေးများအလိမ့်လိမ့် ထွက်နေသော ထနှောင်းကို ကြွေသည် ထမကြည့်နိုင်၍ သူ၏မျက်နှာအနှံကို လက်ဖြင့်စမ်းကြည့်သော် ပါးစပ်မှ ချွဲကျိကျိအရည်များ ထွက်လျက်ရှိသည်ကို ခံစားမိလိုက်၏။
ထိုအရည်ကို သွေးဟု သတ်မှတ်ပြီး နှာခေါင်းနားသို့ စမ်းကြည့်သော် ထွက်သက်ဝင်သက် လှုပ်ရှားမှု ငွေ့ငွေ့လေးမျှဖြင့် မခံစားမိတော့ချေ...။
ကြွေဆက်၍မစမ်းနိုင်တော့ပေ...။
သူမလက်ကို မြေပြင်ပေါ်သို့ အကြမ်းပတမ်း လွတ်ချလိုက်၍ ရှိုက်တငင်ငင် ငိုချလိုက်ပါတော့သည်။ မိုးဇွန်သည် ထနှောင်းနာမည်အော်ခေါ်ရင်း ထနှောင်း ခန္ဓာကိုယ်ကို ထမ်းပိုးကာ ကြွေ့အနားမှအဝေးဆုံး ထွက်ခွာသွားခဲ့သည်။
ဝေဝေဝါးဝါးဖြင့် မိုးဇွန်ပခုံးပေါ်မှာ ပါသွားသည့် ထနှောင်းကို ကြည့်ရင်း ကြွေသည်လည်း လောကကြီးနှင့်အဆက်အသွယ် ပျက်တောက်သွားပါတော့သည်။
အာဃာတများနှင့် လွမ်းခြုံထားသောစစ်ပွဲသည် နာရီပေါင်းများစွာ မရပ်တန့်နိုင်ပေ...။ ခြွေ့ကို ကားပေါ်တင်ပြီး ပြန်လာသောဏီသည် ထိုစစ်ပွဲကို ရပ်တန့်ရန်အတွက် နာမ်မရှိသည့် ရုပ်တစ်ခုလိုဖြစ်နေသော မြခွန်းသာကိုဆွဲထူကာ သူမလည်ပင်းကို ဏီ့လက်ဖြင့်ညစ်ထားလိုက်ပြီး ကောင်းကင်ပေါ်သို့ သေနတ်ထောင်ပစ်လိုက်သည်။ ဏီ့သေနတ်သံကြောင့် လူအများသည် ဏီ့ရှိသည့်နေရာသို့ လှည့်ကြည့်လာချိန်တွင် ဏီသည်မြခွန်းသာ နားထင်တည့်တည့်ကို သေနတ်ဖြင့်ချိန်လိုက်ပြီး ဩဇာအပြည့်ရှိသောအသံဖြင့် အမိန့်ပေးလိုက်သည်။
``Blood loyaltyတွေ... မင်းတို့ သခင်မကို ငါတို့ဖမ်းဆီးလိုက်ပြီ...
Blood loyaltyအဖွဲ့ ကျရှုံးပြီ!.....``
Blood loyaltyဓားပြအဖွဲ့သည် အားမရှိတော့သော မြခွန်းသာကိုကြည့်ပြီး ထွက်ပြေးကုန်ကြသည်။ ဏီသည် သူမအဖွဲ့ကို ဆက်မလိုက်စေရန် လက်ကာပြမှ ဏီ့အနားသို့ အကုန်ရောက်လာကြသည်။
`` သူမကို မဟူရာစံအိမ်ကိုခေါ်သွားပြီး ထောင်ထဲထည့်ထားလိုက်..မသေစေနဲ့...ဒဏ်ရာကို သမားတော်နဲ့ ကုသပေးလိုက် ... ဒါပေမဲ့ သူမ ထွက်ပြေးခဲ့ရင် ငါတို့ရဲ့ညံ့ဖျင်းမှုက အဲ့ဒီ့နေရာမှာ ပေါ်လွင်သွားလိမ့်မယ်...``
`` စိတ်ချပါ သခင်လေး...``
ဏီသည် မြခွန်းသာကို သူမအဖွဲ့တွေရဲ့ လက်ထဲ ထည့်လိုက်ပြီး ကြွေ့ကိုပွေ့ချီကာ ခြွေရှိသည့်ကားပေါ်သို့တင်၍ အနီးရှိ ဆေးရုံသို့မောင်းကာ အရေးပေါ်အခန်း၌ ကုသပေးစေသည်။
ခြွေနှင့်ကြွေတို့ စိတ်ချသည့်အခြေအနေရောက်တော့မှ မိုးဇွန်ရှိသည့်နေရာကို ဏီလိုက်သွား၍ ငိုနေသည့် မိုးဇွန်ကို နှစ်သိမ့်ပေးသည်။
`` ဆရာဝန်ဘာပြောလဲ မိုးဇွန်..``
ခေါင်းငုံကာ အသံတိတ်ငိုနေသော မိုးဇွန်ပခုံးအစွန်ကိုကိုင်၍ မေးတော့ မိုးဇွန်တော်ရုံနှင့် မဖြေခဲ့ပေ..။
အတင်းလှုပ်ကာမေးတော့မှ ဏီ့ကိုဖက်ကာ ငိုရင်း တုန်ယင်သောအသံဖြင့် ဖြေသည်။
`` ကျည်ဆန်တွေက ကိုကြီးခန္ဓာကိုယ်ထဲ ဖောက်ဝင်ကုန်တယ်တဲ့ကွာ..ကိုကြီးက အခုထိခွဲခန်းထဲမှာပဲရှိသေးတယ်....
လေးနာရီ ရှိပြီကွ...လေးနာရီရှိပြီ.. အခုထိ ထွက်မလာသေးဘူး..
ဟီး....``
`` စိတ်မပူပါနဲ့ကွာ..ခ ကကြံခိုင်တဲ့ကောင်ပါကွ..သူငါတို့ကို မရက်စက်နိုင်ပါဘူး...``
``ဆရာ..ဆရာဝန်ပြောတာက စိုးရိမ်ရတယ်တဲ့ကွ...
ဟ့..ဘယ်လိုလဲကွာ..ဘာလို့ကံတရားကြီးက ကိုကြီးအပေါ် ရက်စက်နိုင်ရတာလဲ...သူ့ဘဝမှာ အခုထိ အေးအေးချမ်းချမ်း မနေရသေးဘူး...
ဟီး...ဒီလိုနဲ့...ဒီလိုနဲ့သာ
ကိုကြီးထွက်သွား.....``
`` ဘာလို့ ခက ထွက်သွားရမှာလဲ မင်းပါးစပ်ပုတ်ကြီး ပိတ်ထားလိုက်စမ်း...``
ဏီ့ကိုဖက်ကာငိုနေရင်း သူတို့အနောက်မှ ဟိန်းရောက်လာခဲ့သည်။ ဟိန်းသည် မိုးဇွန်ဘေးနားသို့ ကပ်ကာထိုင်လိုက်ပြီး မိုးဇွန်၏ ဒူးခေါင်းကို အားဖြင့်ဖိကိုင်ကာ ဏီနှင့် မိုးဇွန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
`` ခ အသက်ပြန်ရှင်လာမှာ...
ဒီကောင်က မြွေပွေးလို အသက်ပြင်းတဲ့ကောင်ဆိုတာ မင်းတို့အသိပဲမဟုတ်လား...အခုငါတို့လုပ်ရမှာက မြတ်စွာဘုရားထံမှာ ဆုတောင်းပြီး ငါတို့စိတ်ထဲမှာ ခအသက်ရှင်ရမယ်လို့ ယုံကြည်နေဖို့ပဲ...``
ဟိန်းစကားကို ထောက်ခံသည့်ပုံစံဖြင့် နှစ်ယောက်လုံးခေါင်းငြိမ့်သည်။ပြီးမှ နှစ်ယောက်လုံးသည် ဟိန်းကို အံဩစွာဖြင့် မျက်လုံးပြူးကာကြည့်လိုက်ကြသည်။
`` မင်းတို့နှစ်ကောင် ဘာဖြစ်တာလဲ...``
`` ဘာဖြစ်ရမလဲ..မင်းဒီကို ဘာလာလုပ်တာလဲ..
ကုမ္မဏီကို ဘယ်လိုထားခဲ့တာလဲ..
ကုမ္မဏီမှာ ငါတို့သုံးယောက်လုံး မရှိရင် အာ...ဒုက္ခတွေရောက်ကုန်တော့မှာပဲဟာ...``
ဏီသည် ခေါင်းကိုဖွကာအလိုမကျသည့်ပုံစံဖြင့် ဟိန်းကိုပြောလိုက်တော့ ဟိန်းသည် ပြုံး၍သာနေ၏..။
`` စိတ်မပူစမ်းပါနဲ့ကွာ.. အမေရှိနေတာပဲဟာ...``
``` အမေ!...```
`` ဟုတ်တယ်.. အမေဒေါ်ခင်သွေးနုလေ...``
ဟိန်းစကားကြောင့် ဏီနှင့် မိုးဇွန်သည် မတ်တပ် ထရပ်ရသည့်အဖြစ်သို့ရောက်ခဲ့သည်။
`` သူမက ဖြစ်ပါ့မလားဟ...သူမက သခင်မကြီးဆိုပေမဲ့...``
`` စိတ်ချစမ်းပါ မိုးဇွန်ရာ..
ငါသုံးနှစ်လုံးလုံး အမေ့ကို trainingလုပ်ပေးခဲ့တာ...
အခု လက်လွဲလို့တောင်ရနေပြီ...``
ဟိန်းပြောပေမဲ့ ဏီနှင့် မိုးဇွန်မှာ အောင့်သက်သက်ဖြင့် စိတ်တိုင်းမကျသေးပေ....။
`` ဒါနဲ့ဏီ ကြွေနှိုင်းတို့ ညီအစ်မတို့ရော...``
`` သူတို့လဲ တော်တော်လေးထိခိုက်ခံထားရတယ်.. စိုးတော့မစိုးရိမ်ရပါဘူး..``
သူငယ်ချင်းသုံးယောက် စကားပြောနေချိန် ခွဲခန်းထဲမှ ဆရာဝန်တွေ ထွက်လာပါတော့သည်။ သူငယ်ချင်းသုံးယောက်သည် အပြေးအလွှားသွားကာ ဆရာဝန်ကို မေး၏..။ ဆရာဝန်၏ မျက်နှာအနေအထားမှာ ညိုးနွမ်းနေပြီး လက်အိတ်များနှင့် Maskကိုချွတ်နေ၏..။
``လူနာ ထနှောင်းခရဲ့ အမျိုးတွေလား...``
`` ဟုတ်ပါတယ်ခဗျ..ဟုတ်ပါတယ် ခ ..ခအခြေအနေဘယ်လိုလဲဗျ...``
`` လူနာက အခြေအနေမကောင်းပါဘူး ၊ ကျည်ဆံက နှလုံးကို ဖောက်ဝင်သွားပါတယ် ၊ အဲ့ဒါကို ကုသလို့ရပေမဲ့...``
ဆရာဝန်ရဲ့စကားကိုကြားသည်နှင့် မိုးဇွန်အဝေးကို ပြေးထွက်သွားပါတော့သည်။ ဏီနှင့် ဟိန်းသာ ဆရာဝန်စကားကို ဆက်ကာ နားထောင်နေရသည်။
`` ဘာဖြစ်ဖြစ်ဗျာ...
ခကို ရအောင်ကုပေး...ပိုက်ဆံကိစ္စတွေ လာမပြောနဲ့ ကျွန်တော်တို့အကုန်တက်နိုင်တယ်...
ဘာလုပ်ရမလဲပြော..``
စိတ်မရှည်စွာဖြင့် ဆရာဝန်ကို ဏီအော်ပါတော့သည်။ ဏီ့ပခုံးကို ဖျစ်ညစ်ကာ စိတ်ထိန်းထားရန် ပြောတော့မှ အနည်းငယ် ငြိမ်ကျသွားသည်။
`` လူနာကို နှလုံးအစားထိုး ကုသမှရမယ်... အခုလောလောဆယ် နှလုံးအလှုရှင်က မရှိသေးဘူး..``
`` ဒါဆို နှလုံးအလှုရှင်ကို ကျွန်တော်တို့က ထိုင်စောင့်နေရမှာပေါ့...
အဲ့လိုစောင့်နေရင်း
ခ..ခသေသွားရင်
ဘယ်လိုလုပ်မလဲ...
ဘယ်လိုလုပ်မလဲလို့!...
ဟီး....အာ..ငါကွာ....``
ဒုန်း..!
ဒုန်း...!
ကြိတ်မနိုင်ခဲမရဖြင့် နံရံကိုသာ သွေးထွက်အောင် လက်သီးဖြင့် ထိုးနေသည့် ဏီ့ကို အနောက်မှ ဟိန်းဖက်ထားရင်း ထိန်းနေရသည်။
`` ဒါဆိုဆရာ..ခအတွက် နှလုံးအလှုရှင်တွေ့ရင် ပြောပါဗျာ...
ကုသလို့ရမယ့် နည်းလမ်းတွေနဲ့အစွမ်းကုန်ကုပေးပါ...
ဘာဖြစ်ဖြစ် ခ အသက်ရှင်လာရင်ပြီးရော...ကူညီပေးပါဦးဆရာ...
တောင်းဆိုပါတယ်``
ဆရာဝန်သည် ဟိန်းကိုခေါင်းငြိမ့်ပြကာ အနားမှထွက်သွားလေတော့သည်။ အော်ငိုကာ ကြမ်းပြင်ပေါ်သို့ ခွေယိုင်လဲကာ ကျသွားသော ဏီသည် ရုတ်တရက် ခေါင်းထဲတစ်စုံတစ်ခုဝင်လာပြီး ဟိန်းကို တွန်းကာ ဆေးရုံဝန်းထဲမှ ထွက်သွားပါတော့သည်။
``ဟေ့ကောင်...ဏီ..ဏီ...
စိတ်ထိန်းဦး...
စိတ်ထိန်းပါဦးကွ..ဘယ်သွားမလို့လဲ..``
ဏီ့အနောက်မှ ဟိန်းပြေးလိုက်သွားသည်ကို ထောင့်တစ်နေရာမှာ ထိုင်ငိုနေသော မိုးဇွန်ကပါမြင်၍ သူတို့နောက်ပြေးလိုက်သွားခဲ့သည်။
ဏီကားပေါ်တက်တော့ မိုးဇွန်တို့ပါ လိုက်၍ တက်ကြပြီး ခဏအကြာ မဟူရာ စံအိမ်ရှေ့မှာရပ်၍ ဝရုန်းသုန်းကား စံအိမ်ပေါ်သို့ ဏီပြေးတက်သွားသည်။
``ဏီ.... မင်းမှားမယ်နော် ဟျောင့်...``
`` ဏီ...!``
မိုးဇွန်နှင့် ဟိန်းပြောပေမဲ့ ဏီ့နားထဲ မဝင်ပေ... ။
မဟူရာအိမ်တော်၏ မြေအောက်ထောင်ကိုဆင်းသွားကာ မြခွန်းသာဆီသို့ ဒေါသူပုန်ထကာ ဝင်သွားပါတော့သည်။
မြခွန်းသာသည် ဏီတို့လာသည်ကို သိပေမဲ့ မထ ၊
အိပ်မြဲတိုင်းသာ အိပ်၍နေသည်။ ဒေါသဒီဂရီတစ်ရာကျော်တက်နေသောဏီသည် မြခွန်းသာကိုတွေ့သည်နှင့် သူမ၏ဗိုက်ကို တရစပ်အားဖြင့် ကန်ပါတော့သည်။
`` နင့်ကြောင့်...အဲ့ဒါနင့်ကြောင့်
ခသေရတော့မယ်...
ကောင်မ...သေစမ်း..
ကဲကွာ...သေစမ်း...``
`` ဏီ..ဏီ...မင်းလွန်မယ်..ဟျောင့် တော်တော့ ကွာ...``
မိုးဇွန်သည် သူမခါးကိုဖက်ကာ မြခွန်းသာကို ဆက်မကန်တော့ရန် ဆွဲဖယ်လိုက်ပေမဲ့ မရ...၊
မိုးဇွန်ကိုပါ ကန်ထုတ်လိုက်ကာ မြခွန်းသာဆီသွားပြီး မျက်ရည်များစွာနှင့် ထပ်ကန်နေပါတော့သည်။
ဒဏ်ရာမကျက်သေးသည့် နံရိုးနေရာကို အကန်ခံရသောမြခွန်းသာသည် ရိုးတွင်းချင်ဆီအထိလှိုက်အောင် နာပေမဲ့ ထနှောင်းသေရတော့မည်ဆိုသည့်စကားကြောင့်ဒဏ်ရာများဟာ သူမနှလုံးသားဒဏ်ရာလောက် မကြီးကျယ်တော့ပေ...။ ပြန်၍လဲမခုခံတော့ဘဲ မျက်ရည်များသာ တိတ်တဆိတ်ကျရင်း ရင်ထဲကဝေဒနာကို ကျိတ်မှိတ်စွာ ခံစားနေပါတော့သည်။
`` လာ လာ...လာပါတော့ကွာ...
ကျေနပ်သင့်နေပါပြီကွာ...ဟိုမှာလဲ မျဉ်းမျဉ်းပဲကျန်တော့တယ်...``
``မကျေနပ်ဘူးကွ! မကျေနပ်ဘူး...
ခက နှလုံးအလှုရှင်သာမရှိတော့ရင် သေရတော့မှာ
အဲ့ဒါသူ့ကြောင့် လေ...မင်းသိရဲ့လားဟမ်!
သူမရှိတော့ရင် ခဘဝလှပသွားပြီ..
ငါဒီနေ့ သူ့ကိုရအောင်သတ်မယ်...သတ်မယ်ကွ...``
ပါးစပ်နှင့်ပြော၍မရတော့သောအခါ ဟိန်းသည်ဏီ့ကို သူ၏ပခုံးပေါ်သို့ထမ်းကာ ထိုနေရာမှ ထွက်ခွာသွားပါတော့သည်။
`` ဖယ်စမ်းကွ..လွတ်စမ်း...
အဲ့ကောင်မကို ငါသတ်ရမှကျေနပ်မှာ...ငါ့ကိုလွတ်စမ်း!...``
ဘရဏီတို့ပြန်သွားသောအခါ မြခွန်းသာ ထထိုင်ကာ ဒူးနှစ်ဖက်ကိုဖက်၍ ဆောင့်ကြောင့်ထိုင်ပြီး ငိုနေပါတော့သည်။
`` ခ...ငါနင့်ကို သေစေချင်တယ်..
ဒါပေမဲ့ နင်သေတော့မယ်ဆိုတဲ့အသံကြားတော့ ငါ့ရင်တွေ သိပ်နာတယ်ဟာ...ငါ့ရင်တွေ သိပ်နာနေတယ်..
အဲ့ဒါဘာကြောင့်လဲ...
ဘာကြောင့်လဲလို့!....
အဟင့်ဟင့်....
နင်ငါက ငါ့ရဲ့မေတ္တာတွေကို
မမြင်ခဲ့ဘူး အဟွန်း...
ငါကလဲ ငါ့မေတ္တာတွေကို ဘယ်လိုပုံစံနဲ့ ပြရမလဲ မသိခဲ့ပါဘူး...
ဒါပေမဲ့ အခုငါသိသွားပြီ....
ငါမေတ္တာ ငါ့အချစ်တွေကို ဒီလိုနည်းနဲ့ပဲ ပြသခွင့်ရှိတော့မယ်...
ထနှောင်းခ...
နင်ကျေးဇူးပြုပြီး..လက်ခံပေးပါ ...``
🌈°~°~°~°🌈
ခန္ဓာကိုယ်အနှံမှ ကိုက်ခဲနာကျင်လာ၍ မျက်လုံးအစုံမှာ ပွင့်အာလာခဲ့သည်။ မျက်လုံးစဖွင်ဖွင့်ချင်း ပထမဦးဆုံး မြင်လိုက်ရသောအရာမှာ ဖြူဖွေးစွတ်နေသည့် ဆေးရုံနံရံပင်ဖြစ်သည်။ ဘေးသို့စောင့်ငဲ့ကြည့်သော် သူမလက်ကို ဖွဖွလေး ဆုပ်ကိုင်ထားသည့် ခြွေနှိုင်းခပင်ဖြစ်သည် ။
``နိုးပြီလားမမ...``
အပြုံးဖြင့် ဆီးကြိုနေသောသူမ၏ညီမကို ပြန်လည်ပြုံးပြကာ လှဲနေရာမှ ထလာခဲ့သည်။ ခြွေသည် ကြွေ့အနောက်မှ ခေါင်းအုံးခုကာ မှီစေ၏။
`` သက်သာလား ညီမလေး..``
`` ဟုတ်ကဲ့ ညီမလေးသက်သာပါတယ်...အရှိုးရာတွေကတော့ ဆေးပုံမှန်လိမ်းပေးနေရင် အမာရွက်မကျန်ခဲ့ဘဲ ပျောက်သွားမှာပါတဲ့``
ခြွေ့ခန္ဓာကိုယ်ပေါ်မှ ကြာပွတ်နှင့် ရိုတ်ခံထားရ၍ အရှိုးရာများထင်နေသည်ကိုကြည့်ရင်း ကြွေမျက်ရည်များ ကျလာခဲ့သည်။ ကြွေ့မျက်ရည်များကို ခြွေသည်တယုတယ သုတ်ပေးနေရင်း သူမပါ ငိုနေခဲ့သည် ။
`` အဟင့်...
ညီမလေးက မမနဲ့မတွေ့ရတော့ဘူးထင်နေတာ...ညီမလေးသတိရတာ ကြာနေပါပြီ မျက်လုံးဖွင့်ရမှ ကြောက်နေခဲ့တာ..၊
မမ မရှိတော့လျှင်ဆိုတဲ့
အတွေးက ညီမလေးကို ငရဲပို့လိုက်သလိုပဲ...
သိပ်ကြောက်စရာကောင်းပါတယ်မမရယ်...အဟင့်ဟင့်...``
`` တောင်းပန်ပါတယ် ကလေးရယ်... မမကြောင့် ကလေး စိတ်ထိခိုက်ရပြီ...``
`` ဟင့်အင်းမဟုတ်ပါဘူး...
အဲ့လိုမပြောပါနဲ့ မမအသက်ရှုနေတဲ့ အသံကိုကြားရတာနဲ့တင် ညီမလေး ကျေးဇူးတင်လှပါပြီ.....``
ခြွေ့ပါးပြင်ပေါ်မှ ကျဆင်းလာသော မျက်ရည်များကို ကြွေ့လက်ဖဝါးလေးဖြင့် တယုတယသုတ်ပေးကာ ညီအစ်မနှစ်ယောက် အားပေးနေကြသည်။ ထိုအချိန် ကြွေ့ခေါင်းထဲသို့ ဖျက်ခနဲဝင်လာသည့်လူက ထနှောင်းခဖြစ်သည်။
`` ဟင်... ထနှောင်း...! ညီမလေး ထနှောင်းသတင်းဘာကြားသေးလဲဟင်...``
ကြွေ့အမေးကို ခြွေသည် ခေါင်းငိုက်စိုက်ကာ တစ်လုံးချင်းစီ ဖြေးညင်းစွာ ပြောနေမိသည်။
`` ကိုထနှောင်းက အရေးပေါ်အခန်း နံပါတ်၃မှာပါမမ ...
သူ....သူ့အခြေအနေမကောင်းဘူးလို့လဲ ကြားပါတယ်...``
`` ဘာ!...``
ခြွေ့စကားဆုံးသည်နှင့် သူမကိုခြုံထားသော စောင်ကိုဖယ်ကာ ကုတင်အောက်ကို ဆင်းလိုက်ပါသည်။ ခြေထောက် ဒဏ်ရာက မကျက်သေး၍ ထောက်လိုက်တိုင်း အတွင်းသားထဲက ပြင်းပြစွာ နာကျင်လွန်းနေသည်။သို့ပေမဲ့ မမှု ..
ရင်ထဲက နာကျင်လွန်းသည့် ဒဏ်ရာလောက် ခြေထောက်ဒဏ်ရာကမမှုပေ...။
`` မမ...မမ နေမကောင်းသေးဘူးလေ..ပြန်လှဲနေပါဦး...``
`` ဟင့်အင်း...ဟင့်အင်း...
ထနှောင်းကိုသွားကြည့်ရမယ်..သွားရမယ်ဖယ်ပါညီမလေးရယ်...``
မျက်ဝန်းအိမ်မှ မျက်ရည်များ ပြည့်နေသည့် ကြွေ့ကို ခြွေသနားကာ ခဏစောင့်ခိုင်းစေပြီး ကြွေ့အတွက် ဝှီးချဲသွားယူကာ ကြွေ့ကို ဝှီးချဲပေါ်ထိုင်စေပြီး ထနှောင်းရှိရာနေရာသို့ ခြွေကိုယ်တိုင် လိုက်ပို့သည်။
ထနှောင်းအခန်းရှေ့သို့ရောက်သည်နှင့် ခြွေသည် အပြင်မှာ ရပ်ကျန်ခဲ့ကာ ကြွေကတော့ အခန်းအတွင်းသို့ ဝင်သွားသည်။
အခန်းထဲသို့ ရောက်သည်နှင့် ဆေးပိုက်များတန်းလန်းနှင့် ကုတင်ပေါ်တွင်မလှုပ်မယှက်လှဲနေသည့် ထနှောင်းကိုတွေ့ကာ သူ၏လက်ဖဝါးကိုဆုပ်ကိုင်ရင်း ကြွေ ချုံးပွဲချ ငိုကြွေးနေပါတော့သည်။ သူမမျက်ရည် များသည် ရွာနေသည့်မိုးသာဖြစ်ခဲ့လျှင် ချင်းပြည်နယ်တစ်ခွင်လုံး ရေလွှမ်းမိုးမှုဖြစ်မှာ အမှန်ပင်...။
`` မမတောင်းပန်ပါတယ်...အဟင့်...
မမတောင်းပန်ပါတယ် ထနှောင်းလေးရယ်....မမကြောင့် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံနေရတယ်...
မမဆီပြန်လာခဲ့ပါ....မမဆီ ပြန်လာခဲ့ပါနော်...
မင်းသာပြန်လာခဲ့ရင် မင်းတောင်းနေတဲ့အဖြေကို အခုချက်ချင်း မမပေးလိုက်မှာ..
မင်း မမဆီကအဖြေကို လိုချင်ရင်....
ပြန်လာခဲ့နော်..ဟုတ်ပြီလား..
အဟင့်ဟင့်...``
ကြွေသည် ထိုနေရာကနေမခွာတော့ပေ...ထနှောင်းအနားမှာတင် နေကာ..အနီးကပ်ပြုစုနေတော့သည်။
ဝေးကွာရတဲ့ အကြောင်းတရားဟာ တို့ကြောင့်ပါလို့ ဆွဲတွေးလိုက်ရတဲ့တခဏ ကိုယ်နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ တိတ်ဆိတ်သွားတယ်...။
ဒါထောက်ခံတဲ့
သဘောတရားများလား...
တို့ဟာ အရင်က နေကြာပန်းတစ်ပွင့်ဖြစ်ချင်ခဲ့တာ..
မင်းကိုငေးကြည့်နေရင် ပြည့်စုံပြီပေါ့...
ဟင့်အင်း...
အခုတော့ lavenderပန်းပဲ ဖြစ်လိုက်ချင်ပြီ...
တစ်နေ့နေ့တော့ မင်းကို ဘယ်လောက်ချစ်ကြောင်း
တို့ဖွင့်ပြောရဦးမယ်...
တို့အချစ်တွေ ဖွင့်ဟတဲ့တစ်နေ့ ကမ္ဘာလောကကြီးတစ်ခွင်လုံး lavenderပန်းတွေ ပွင့်လန်းနေခဲ့ရင် သိပ်ကောင်းမှာပဲ....။
အပိုင်း ( ၂၃ ) မျှော်...💁
ကြွေ ထနှောင်းကို အဖြေပေးနိုင်ပါ့ဦးမလားကွယ်...😔
မေ့ဝတ္တုလေးကို အားပေးကြတဲ့ စာဖတ်သူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်🙏