book

Index 21

အပိုင်း ( ၂၁ )

🌈ကျွန်တော့်နှလုံးသား 

       မမထံဝပ်ဆင်း၍🌈


🌼🌼🌼🌼🌼🌼


{ကံစီမံရာအတိုင်း လူသားတို့လျှောက်လှမ်းရမည်ဆိုလျှင် ကောင်းသည်ဆိုလျှင်လဲ ကိုယ့်ဆီ လာလိမ့်မည် ၊ 

ဆိုးသည် ဆိုလျှင်လဲ ရှောင်လွဲ၍မရနိုင်ပေ...။}


သူမ၏မျက်နှာကို မြင်လိုက်ရသည့်တခဏ ဝမ်းသာမှုနှင့် ဝမ်းနည်းမှုတို့သည် ရောနှောရှုပ်ထွေးကာ မျက်ဝန်းမှ ရီဝေ‌ဝေ   မျက်ရည်များ ရစ်ဝဲလာခဲ့သည်။


ခြွေသည် သူမ၏အစ်မ မှုမမှန်တော့သည်ကိုတွေ့၍ ကြွေ့လက်မောင်းကလေးကို အသာကိုင်လှုပ်ကာ သတိထားနေစေဖို့ တိုးတိတ်စွာပြောရသည်။ ကျွန်းထိုင်ခုံပေါ်မှာ အခန့်သားထိုင်နေသော သူမကို ကြွေ‌ ကြောင်အမ်းအမ်းကြည့်မိနေမိသည်။


`` ပုံသဏ္ဍာန်ကိုဖတ်ရရင်တော့...

အဟွန်း...

ငါ့ကိုမှတ်မိနေသားပဲ...

ဘယ်ဆိုးလို့လဲ..``


ခြွေသည် ကြွေ့လက်မောင်းကို အသာဖျစ်ညစ်ပြီး ကြွေ့နားရွက်နားသို့ကပ်ကာ သူမဟာ ဘယ်သူဘယ်ဝါဆိုတာ မေးသည်။


 သို့ပေမဲ့ ကြွေပြန်၍မဖြေ..၊ အဘယ်သို့ဖြေရမည်နည်း...

မမကြောင့် သေသွားခဲ့သူက အခုရုတ်တရက် မထင်မှတ်ပဲ ပြန်ရှင်လာခဲ့သည်လို့လား..


အို..ပြောမထွက်ရက်ပါ...


သူမကို သေစေချင်သည့် စိတ်ထားလဲ မရှိရိုး မှန်ကန်ပါသည်။ 

ဤသစ္စာမှန်ကန်ပါက ကျွန်မအပေါ်ထားသည့် သူမ၏ အမုန်းတရားများ တိမ်ကင်းစင်သည့် လပမာ ကြည်လင် အေးမြနေပါစေသား...။


‌`` ညီမကို တွေ့ရတာ တကယ်ဝမ်းသာမိပါတယ်...``


ကြွေ့စကားကြောင့် နောက်မှီကာခြေချိတ်ထိုင်နေသည့် မြခွန်းသာသည် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ကြွေ့ရှေ့နားသို့ ခါးကုန်းပြီး ကြည့်ရသည့်အဖြစ်သို့ရောက်ခဲ့သည်။


`` အဟ!... 

ဘာ...

ဘာပြောလိုက်တယ်..

ငါများ နားကြားလွဲနေသလား..``


ကြွေသည်ခေါင်းခါပြလျက်..

မြခွန်းသာကို ပြုံးကာ စကားဆိုသည်။


`` ကြွေတောင်းပန်ပါတယ်... 

ဖြစ်ခဲ့တဲ့ကိစ္စများဟာ ကြွေ့အမှားနဲ့လဲမကင်းပါဘူး... 

ဒါပေမဲ့ ညီမကို အသက်ရှင်လျက် ပြန်တွေ့ရလို့ တကယ်ကျေးဇူးတင်ပါတယ်....``


``အဟားဟား.... 

ဘယ်လိုကောင်မလဲဟ..ဟမ်!...

ကိုယ့်ကိုခုတ်မယ့်ဓားကိုမှ ကျေကျေ နပ်နပ် ဦးခိုက်နေသလိုပဲ...

ဒီမယ်...ကြွေနှိုင်းခ...

နင်ဘယ်လိုပဲ စကားလှလှတွေ သုံးသုံး သေမင်းဆီပို့မယ့် ငါ့စိတ်ကို ဘယ်ဘုရားမှ ကျွတ်တန်းဝင်အောင်မလုပ်ပေးနိုင်ဘူး...

မှတ်ထားလိုက်ကောင်မ..``


စူးစူးဝါးအသံဖြင့် နာကျည်းစွာအော်နေသည့် သူမကို ကြွေနှိုင်းခကြည့်ရင်း သူမဘေးမှာရှိသည့် ခြွေ့အတွက် ရုတ်တရက် စိုးရိမ်စိတ်‌တွေ ဝင်လာခဲ့ပါသည်။ ခြွေကိုကြည့်ကာ မျက်ရည်များ တဖြိုင်းဖြိုင်ကျဆင်းလာသည်။ ခြွေသည် ကြွေ့ကိုကြည့်ရင်း လက်မောင်းကလေးကိုကျစ်နေအောင် ဆုပ်ကိုင်ကာ ကြွေ့ပါးပြင်မှ မျက်ရည်များကို တယုတယသုတ်ပေးနေသည်။ 


မြခွန်းသာသည် သူမတို့နှစ်ယောက်ကိုကြည့်ရင်း စိတ်ထဲ ဆစ်ခနဲနာသွားသည်။ 


သူမဘဝတွင် ယုယကြင်နာမည့်သူ သူမဘက်မှ ကာကွယ်ပြောဆိုမည့်သူ ၊ အဆုံးစွန်ဆုံးဆို သူမ အားငယ်တဲ့အချိန် ပခုံးပုတ်ကာ အားပေးမည့်သူမှဖြင့်မရှိ..၊ ကြွေ့ကိုကြည့်ရင်း အားငယ်သလို ဝန်လဲတိုလာခဲ့သည်။


`` အဟွန့်...

 ဒီတစ်ခါခမ်းနော် မဟုတ်တော့ပါလား...ဓားစာခံနောက်တစ်ယောက်ပါလာပြန်ပြီပေါ့...သူ့ကိုရော ဘယ်လိုနည်းနဲ့သတ်ပေးရမလဲ...``


ကြွေ့ကို မျက်ခုံးပင့်ပြီး မဲ့ပြုံးပြုံးကာ ကြည့်နေသည့် မြခွန်းသာကို ကြွေကြောက်လာခဲ့သည် ။

သူမ၏ညီမခြွေ့ကို အနောက်ပို့ကာ လက်ဆန့်ပြီး ကာကွယ်ထားလိုက်သည်။


`` ညီမ မြခွန်းသာ... 

ဒီကိစ္စက ကြွေနဲ့ပဲဆိုင်တယ်..

တခြား‌သူတွေပါမလာပါစေနဲ့..

သက်ဆိုင်တဲ့သူ အချင်းချင်းသာ ထိခိုက်ပါစေ...

 တောင်းဆိုတာပါ....``


ကြွေ့စကားမှာ မြခွန်းသာ နာမည်ပါသွား၍ ခြွေ အံအားသင့်ခဲ့ရသည်။ သူမအစ်မကို သေလောက်အောင် နှိမ့်စက်သည့် ဓားပြမမှန်း ခမ်းနော် ပြောပြထားသည့်အတွက်ကြောင့် မြခွန်းသာနာမည်ကို ခြွေ ရင်းနှီးနေခဲ့သည်။ 


`` မမ...

သူက မမကိုထိခိုက်စေတဲ့ မြခွန်းသာလား...``


ကြွေ့လက်မောင်းကိုကိုင်ကာ မေးတော့ ကြွေသည် သူမ၏ညီမဘက်သို့လှည့်ကာ ပွေ့ဖက်ရင်း အသံတိတ်ငိုနေပါတော့သည်။ တစ်ခါတစ်လေ ရှိုက်သံသဲ့သဲ့ ပါဝင်ခဲ့သည်။ ခြွေကလဲ နူးညံ့စွာကြွေ့ ပခုံးကို ပုတ်ပေးရင်း နှစ်သိမ့်ပေးသည်။


`` တောင်းပန်ပါတယ် ညီမလေးရယ် မမကြောင့် ညီမလေးဒုက္ခရောက် ပြီ...``


`` အို...အဲ့လိုမပြောပါနဲ့မမရယ်..

တစ်ဘဝမှာ တစ်ခါသာ မမညီမဖြစ်ခွင့်ရခဲ့တာကို ညီမလေးက သိပ်ပျော်ခဲ့တာ... 

မမ စံရင် ညီမလေးလဲ စံမယ်..

မမ ခံရင် ညီမလေးလဲ ခံမယ်..

သာတူညီအမျှ ပေါ့မမရယ်...``


`` အော်..ကလေးရယ်..အဟင့်...``


‌ရှိုက်ငိုသံများကြောင့် မြခွန်းသာ ခေါင်းနောက်ရပြီ ။ကြွေတို့ညီအစ်မ ချစ်ခင်နေကြသည်ကို မမြင်နိုင် ..၊ စုတ်သပ်ပြီး သူမ၏ တပည့်များကိုခေါ်ယူလိုက်သည်။


`` ခေါ်သွားစမ်း သူတို့နှစ်ယောက် လယ်ကွင်းပြင်ရဲ့ လက်ဝါးကပ်တိုင်မှာ ချည်ထားလိုက်...``


လူဆိုးများသည် သူတို့တို့နှစ်ယောက်ကို ဆွဲခွာကာ အတင်းဆွဲခေါ်သွားခဲ့သည်။


`` မလုပ်ပါနဲ့...မလုပ်ပါနဲ့.. 

မြခွန်းသာ! 

ရှင် ကျွန်မကိုပဲလုပ်..

ညီမလေးကို မထိနဲ့...

တောင်းပန်ပါတယ်...ဟီး...

တောင်းပန်ပါတယ်ရှင်...

ညီမလေးက ကလေးပဲရှိသေးလို့ပါ...ညီမလေးကို လွတ်ပေးလိုက်ပါ....အဟင့်ဟင့်..``


မြခွန်းသာသည် ကြွေ့စကားကို အရေးမစိုက် သူမလက်သည်းများကိုသာ ဓားဖြင့်ညှိီနေ၏...။ ခြွေနှိုင်းခသည်လဲ ရုန်းကာသူမအမကို လွတ်ပေးဖို့ သူမ၏ ဝသီအတိုင်း ရုန်းရင်းဆန်ခက် ပြောသည်။


`` ငါ့အစ်မကိုမထိနဲ့.... လွတ်စမ်း... ဒီမယ် မြခွန်းသာ သတ္တိရှိရင် ငါနဲ့လာယှဉ်စမ်း.....

ငါ့အမကိုလွတ်လိုက်...``


`` ခြွေ...ညီမလေး တိတ်နေ...

အဲ့လိုမပြောနဲ့..မမကြောင့် ညီမလေးခံစားနေရတာ...

ဖြစ်မှဖြစ် မမဖြစ်ရမှာ...``


မြခွန်းသာသည် ခြွေ့စကားကြောင့် မျက်လုံး ဖြင့်မော့ကြည့်ပြီး ခပ်ဆဆရယ်သည်။ သူမဘေးရှိ ကြာပွတ်ကို ယူကာ ထလာခဲ့သည်။ မြခွန်းသာသည် ကြာပွတ်ကို သူမလက်ဖြင့် အသာအယာသပ်လိုက်ပြီး ခြွေနှိုင်းခ၏ သလုံးသားကို မညာမတာ အားဖြင့် ရိုတ်ချလိုက်ပါသည်။


အား...!


လက်ဝါးကပ်တိုင်တွင် ခြေအစုံလက်အစုံကို တင်းနေအောင် ချည်ထားသောကြောင့် နာကလဲနာ ကြာပွတ်ဖြင့် သေရာပါအမာရွက်ထင်အောင် အဆက်မပြတ်  ရိုတ်ခံနေရသောကြောင့် ခြွေနှိုင်းခ သတိမရတစ်ချက် ရတစ်ချက် ဖြစ်လာခဲ့သည်။


`` အမလေး...မလုပ်ပါနဲ့..မရိုတ်ပါနဲ့ ညီမလေးကို မရိုတ်ပါနဲ့...

ဟီး...တောင်းပန်ပါတယ်...

မြခွန်းသာ! ကြွေ...

ကြွေဘာလုပ်ပေးရမလဲဟင်...

ကြွေ့ကိုပြောပါ...ညီမလေးကို မနှိမ့်စက်ပါနဲ့ရှင်.. 

တောင်းပန်ပါတယ်..တောင်းပန်ပါတယ်... ``


ခြွေ့ကို ရိုတ်လိုက်တိုင်း

သူမအသားနာသလို ထပ်တူခံစားနေရသည့် ကြွေ့ကိုမြင်၍

 မြခွန်းသာအလိုလို ပျော်ရွင်နေ၏။

ထို့ကြောင့် ‌ကြွေနှိုင်းခစိတ်ဆင်းရဲစေဖို့ရာ ခြွေနှိုင်းခကို သွေးထွက်သံယိုဖြစ်စေတဲ့အထိ ရိုတ်နှက်နေသည်။


`` ခံစားစမ်း...

ခံစားလိုက်စမ်း...ဟားဟား...

ကြွေနှိုင်းခ....ကြွေနှိုင်းခ....

ဒီလိုလုပ်မှ ငါ့ရင်ထဲက ဖြစ်ပျက်နေတဲ့ ခံစားမှုတွေကို နင်နားလည်နိုင်မှာ...

 နင်နဲ့ ခ သိပ်ချစ်နေကြတုန်းကဆို...ငါ့မှာ...``


`` တော်စမ်း မြခွန်းသာ!.. 

ငါဘယ်တုန်းကမှ ထနှောင်းခကိုချစ်တယ်လို့မပြောဖူးဘူး...

ချစ်လဲမချစ်ခဲ့ဘူး....

ဒါကိုအရင်တုန်းကလဲ ငါပြောခဲ့တယ်..

အခုလဲ ငါပြောမယ်..!

နင်ချစ်တဲ့သူကို ရအောင်ယူပါ....

နင့်ကို ဘယ်သူမှအနှောင့်အယှက်မပေးပါဘူး..

နင်က နင်ဟာလေ..

 ကုလားမနိုင် ရခိုင်မဲနေတာပဲ

...အဟွန်း...``


``တောက်စ်...ကောင်မ..

အဲ့ဒါကို နင်ပေးနေတာလေ!!!...

နင်ငါ့ကို စက္ကန့်မလပ် အကုသိုလ်တွေ ပေးနေတာဟဲ့....``


လည်ချောင်းခြစ်သံဖြင့် အားကုန်အော်လိုက်ပြီး ကြွေ့နားသို့လာကာ ကြွေ့လည်ပင်းကို အားဖြင့် ညစ်လိုက်သည်။ မခံစားနိုင်အောင် နာကျင်နေပေမဲ့ ညီမလေးသက်သာအောင် ကြွေနှိုင်းခ ခမျာ နည်းမျိုးစုံသုံးပြီး သူမအနားရောက်အောင် စိတ်ဆွပေးခဲ့သည်မှာ အောင်မြင်သွားခဲ့သည်။

 မြခွန်းသာ သူမလည်ပင်းကိုညစ်ထားပေမဲ့ စိတ်ပူနေသည်မှာ ခြွေနှိုင်းခ သတိပြန်မလည်လာမှာကိုပင်...။


`` နင်ငါ့ကို ဒုက္ခတွေပေးခဲ့တာလေ...

 နင့်ကြောင့် ငါသေခဲ့ရတာ...

နင့်ကြောင့်ငါ ခ ရဲ့အချစ်ကို မရခဲ့တာ...

အရာရာနင့်ကြောင့်ချည်း ငါ့ဘဝမှာ ပျက်သုန်းနေခဲ့ရတာချည်း..

နင်အသက်ရှည်နေသ၍ ငါ့ဘဝ ကံဆိုးနေဦးမှာပဲ... 

ဒီတော့ သေလိုက်စမ်း ကောင်မ....``


 ကြွေသည် သူမ၏ညီမကို ဝေ့ခနဲကြည့်ပြီး မြခွန်းသာကို စေ့စေ့ပြန်ကြည့်ကာ ခနဲ့သလို ရယ်သံဆဆရယ်လိုက်သောကြောင့် မြခွန်းသာ ပို၍ ဒေါသထွက်ခဲ့သည်။


`` ဘာရယ်တာလဲကောင်မ ဟမ်!..

နင် သေသွားရင်တော့ ရယ်နိုင်လိမ့်မယ် မထင်ဘူး...``


မြခွန်းသာသည် ကြွေ့လည်ပင်းကိုညစ်ထားသောလက်ကို ပို၍ အားစိုက်လိုက်သည်။


`` အဟွတ်...ဟွတ်...ဟွတ်..

အဟင်း...

နင်ကလေ..တော်တော်သနားဖို့ကောင်းတာပဲ... 

ဘာမဟုတ်တဲ့ အချစ်ဆိုတဲ့အရာရဖို့ ၊ အချစ်ခံရဖို့ ၊ အချစ်ခံထိုက်သူဖြစ်ဖို့အတွက်နဲ့ တပါးသူအသက်ကို ကုလားဖန်ထိုးသလို လုပ်နေတယ်... 

ဒီလိုလုပ်ရုံနဲ့ နင့်ကို ထနှောင်းက ချစ်လာလိမ့်မယ် ထင်နေလား...


အဟ!.... ဆုတောင်းလိုက်မြခွန်းသာ ဘုရားမှာ ဖင်ထောင်ပြီး အခါတစ်ထောင်ဆုတောင်းလိုက် 

သေတောင်ပြည့်မှာမဟုတ်ဘူး...

အ့...အဟွတ်...ဟွတ်..``


ကြွေနှိုင်းခစကားသည် မြခွန်းသာ၏ အရှိုက်တည့်တည့်ထိမှန်သွား၍ လည်ပင်းညစ်နေသည့်လက်ကို ဖယ်လိုက်ကာ ကြာပွတ်ဖြင့် အားရပါးရ လွဲရိုတ်ပါတော့သည်။


အံကြိတ်ကာ ကြာပွတ်ဒဏ်ကို ကျိတ်မှိတ်ခံနေရှာသည့် ကြွေ့ကိုခြွေမကြည့်ရက်ပါ...သူမသည်လည်း အားမကျန်တော့၍ စကားပြောဖို့ကိုပင် အားထုတ်၍မရတော့ပေ...။ သူမအမကိုကြည့်ရင်း  မျက်ဝန်းထောင့်မှ မျက်ရည်များ ဖြိုင်းဖြိုင်းကျဆင်းခဲ့သည်။


`` ရပ်လိုက်စမ်း မြခွန်းသာ.. ``


မြခွန်းသာကို အနောက်မှ အော်ခေါ်လိုက်သူကို မမှု့ ၊ ဆက်၍

 ကြွေ့ ကိုရိုတ်နေသောကြောင့် ထိုလူသည် မြခွန်းသာလက်ကို ဆွဲကိုင်ကာ တွန်းထုတ်ပစ်လိုက်သည်။


`` မင်းလွန်သွားပြီ မြခွန်းသာ ငါ့ပိုင်တဲ့ပစ္စည်းကို ငါ့ခွင့်ပြုချက်မယူဘဲ မထိနဲ့...နောက်တစ်ခါဆို မလွယ်ဘူးမှတ်ပါ..``


မြေပေါ်မှာ ပုံလျက်ကျနေသော မြခွန်းသာသည် ဟက်ဟက်ပက်ပက်ရယ်မောရင်း ကုန်း၍ထလာပြီး ထိုလူကို စေ့စေ့ကြည့်လိုက်သည်။


`` နင်ဟာလေ....စင်ကာပူထောင်မှာ အလုပ်ကြမ်းဘဝကနေ သနားလို့ ထုတ်ပေးခဲ့တဲ့သူကို ဒီလိုပဲ‌ ကျေးဇူးဆပ်တာပေါ့ဟုတ်လား...

ငါမှ လာမထုတ်ရင် နင့်ဘဝ အဲ့ထောင်ထဲမှာပဲ အရိုးဆွေးတဲ့အထိ နေသွားရမှာ..ကြားလားနောင်တခမ်း..!!...``


နောင်တခမ်းသည် ဘာကိုမျှ မပြော ကြွေ့ပါးစပ်မှ ထွက်နေသောသွေးများကိုတယုတယသုတ်ပေးနေ၏။


`` အဟ!....

တော်တော်လှလိုက်တဲ့ ပြဇာတ်ပဲ... အဲ့ကောင်မက ယေကျာ်းတကာကို မြူစွယ်နေတဲ့ ပြည့်တဆာမပဲ...

သူ့ဆီက ဘာရလို့ နင်က ဘာတွေစိတ်လိုလက်ရလုပ်ပေးနေတာလဲ...ဟမ်!..``


ကြွေ့ကို ပြည့်တဆာမဟု ခေါ်လိုက်၍ နောင်တခမ်း ဒေါသထွက်သွားသည်။ မြခွန်းသာဘက်သို့လှည့်ကာမျက်မှောင်ကျုတ်လျက် ကြည့်နေသော နောင်တခမ်းကို မြခွန်းသာ မကြောက် မထီမဲ့မြင် မဲ့ပြုံးပြုံးလိုက်၏။


`` ကြွေနှိုင်းခဆိုတဲ့ မိန်းကလေးက နင်ထင်နေသလို မဟုတ်ဘူးမြခွန်းသာ ၊ သူမကို ပြောတဲ့စကားတွေကို ဆင်ခြင်ပါ...``


`` မြူစွယ်နေတာမလို့ မြူစွယ်နေတာလို့ပြောတာပေါ့အဟွန်း... ငါက နင့်ရဲ့ ကျေးဇူးရှင်ဆိုတာ နောင်တခမ်း !

နင်အသဲခိုက်အောင် မှတ်ထားစမ်း..!``


`` အပိုတွေ ပြောမနေစမ်းပါနဲ့ မြခွန်းသာရာ.... 

အကျိုးလိုလို့ ညောင်ရေသွန်းခဲ့တာမလား...

မင်းအတွက် မပါဘဲ ငါ့ကိုမကယ်လာပေးနိုင်ပါဘူးဆိုတာ 

ငါကောင်းကောင်းသိတယ်..``


`` အဟွန်း ဒီလိုသိထားတော့ ပိုကောင်းတာပေါ့...  ဒီမှာ...

နင်က ခ ကိုသတ်ပေး...ငါက ကြွေနှိုင်းခကို သတ်မယ်... ဘယ်လိုလဲ...``


နောင်တခမ်း၏ ရင်အစုံကို အလျားလိုက် ပွတ်သပ်နေပြီး မသတီစရာအပြုအမှုတွေကြောင့် နောင်တခမ်းစိတ်ပျက်နေခဲ့သည်။ စုတ်တစ်ချက်သပ်ပြီး မြခွန်းသာ လက်ကိုဖယ်ကာ လက်ဝါးကပ်တိုင်မှာ ကြွေနှိုင်းခကိုချည်ထားသော ကြိုးများကို ဖြုတ်နေ၏...။ မြခွန်းသာသည် သူမ၏ စကားကို နားမထောင်သောကြောင့် နောင်တခမ်း၏ ကျောပြင်ကို ကြာပွတ်ဖြင့် တရစပ် လွဲရိုတ်လိုက်သည်။ ပြင်းထန်စွာရသည့် ဒဏ်ချက်ကြောင့် နောင်တခမ်း ဒူးထောက်ရက်မိသားဖြစ်သွား၏။


``အား....မင်း...မင်း... ``


`` အဟွန်း... 

ရှင်က ကျွန်မ စကားမှ နားမထောင်ဘဲ...

ကြွေနှိုင်းခက ငါ့ဟာပဲ...‌

နင်က နင့်ရဲ့တာဝန်ဖြစ်တဲ့ ထနှောင်းခလာရင် သတ်ပစ်...ကြားလား..``


လေး ငါးချက် ရိုတ်ခံထားရ၍ နောင်တခမ်း အာမခံရဲတော့ပေ...။

ကြွေနှိုင်းခရှေ့မှဖယ်ကာ သူနေထိုင်ရာ တဲအတွင်းသို့ ဝင်သွားလေသည်။ မြခွန်းသာသည်လည်း ကာကွယ်မည့်သူမရှိတော့သဖြင့် ကြွေ နှိုင်းခနှင့် ခြွေနှိုင်းခကို တလှည့်စီ ရိုတ်နှက်ကာ နှိမ့်စက်နေသည်။ 


သူမရိုတ်နေသည်မှာ ညောင်းသွား၍ သူမ၏ တပည့်ကို ဆက်၍ ရိုတ်ခိုင်းစေသည်။ ကြွေနှိုင်းခတို့ညီအစ်မသည် ခန္ဓာကိုယ်မှာ ကြာပွတ်ဖြင့် အရိုတ်မခံရသည့် နေရာပင် မရှိတော့ချေ..။ သွေးများဟာလဲ မြင်မကောင်းအောင် စီးကျနေပြီး ပါးစပ်မှ သွေးများ အန်ထွက်ကုန်သည်။


ဒိုင်း..💥


ဟည်း..... Blood loyalty ရှိရာရွာသို့ သေနတ်သံနှင့်အတူ မြင်းစီးသူတို့ ဒုန်းစိုင်းဝင်လာသောအခါ မြခွန်းသာ ပြာပြာသလဲလဲဖြစ်သွားသည်။

 သူမ၏ ခါးထောင့်ကအိတ်ထဲတွင်စိုက်ထားသော ဓားမြောင်ကိုယူ၍ ကြွေနှိုင်းဆီ ပြေးလာခဲ့သည် ။


``ခွန်းသာ!....``


အဝေးမှထနှောင်းခသည် ကြွေ့ကို သတ်ရန် ရွယ်နေသော မြခွန်းသာကိုတွေ့၍ အားကုန်အော်ကာ သူ၏လက်ထဲရှိ သေနတ်ဖြင့် မြခွန်းသာကို ပစ်လိုက်သည်။ 


ကျည်ဆံသည် မြခွန်းသာ နံရိုးကြားထဲဝင်ကာ သူမလဲကျသွားပေမဲ့ ပြန်လည်ကုန်းထလာပြီး‌ သေနတ်ဒဏ်ရာကိုမမှု့  ဒူးထာက်လျက်သားနှင့်ပင် ကြွေ့ပေါင်သားကို ဓားမြှောင်ဖြင့် ထိုးချလိုက်သည်။


 မြခွန်းသာ ဓားချက်ကြောင့် နာလွန်း၍ အော်လိုက်သော ကြွေနှိုင်းခ၏ အသံသည် ချင်းတောင်တန်းရှိ ညဉ့်ဌက်များပင် ထပျံကုန်ကြသည်။


မမ!......


မိုးဇွန်သည် သူ၏ တပည့်များနှင့်အတူ Blood loyalty ဓားပြများကို 

သုတ်သင်ရှင်းလင်းစေပြီး ဏီကတော့ ခြွေနှိုင်းခရှိရာသို့သွားကာ ခြွေ့ကို ကယ်တင်သည်။


ထနှောင်းသည်လည်း မြင်းပေါ်မှ ခုန်ဆင်းကာ ကြွေ့ထံပြေးလာ၍ သေနတ်ကို မောင်းတင်ပြီး ကြွေနှိုင်းခပေါင်သားကို ဓားဖြင့်မွန်းနေသော မြခွန်းသာ ခေါင်းတည့်တည့်ကို ချိန်ထားလိုက်သည်။ 


ရုပ်ပျက် ဆင်းပျက်ဖြင့်  သွေးများစွာ ထွက်နေ‌သည့် ကြွေ့ကိုမြင်လိုက်ချိန်တွင် ထနှောင်း၏ နှလုံးသားတစ်စုံကို ထပ်ခြမ်းခွဲလိုက်သလို ဆူးပြီးနာကျင်လာကာ မျက်ရည်များ ကျဆင်းလာခဲ့သည်။ 


ကြွေသည် မြခွန်းသာကိုကြည့်၍ ထနှောင်းကို ခေါင်းခါပြနေ၏...၊ မြခွန်းသာကို မသတ်ရန်သာ သူမ ခေါင်းကို တွင်တွင် ခါနေ၏... 


မြခွန်းသာသည် ထနှောင်းကို မြင်သည်နှင့် ‌ရက်စက်ကြမ်းတမ်းသည့် အပြုံးဖြင့် ပြုံး၍ကြည့်နေ၏။  ဒူးထောက်လျက်သားနှင့် ကြွေ့ကိုထိုးနေသည့်  ဓားကိုလဲ မလွတ်သေးချေ...။


ထနှောင်းသည် မြခွန်းသာဆံပင်ကိုကိုင်ကာ မတ်တပ်ရပ်ခိုင်းစေပြီး ကြွေနှိုင်းခကို ကြည့်ခိုင်းစေသည်။


`` အဲ့မှာကြည့်စမ်း.... 

နင်သတ်လို့ သေတော့မယ့် မမက နင့်ကို မသတ်ဖို့ ငါ့ကိုပြောနေတယ်...

ကြည့်လိုက်စမ်း!...

နင်လို လူမျိုးက မမရဲ့ မေတ္တာနဲ့မတန်ဘူး...

ယုတ်ညံ့တဲ့မိန်းမ သွားစမ်း....!``


ထနှောင်းသည် ‌မြခွန်းသာကို ဆံပင်ဆောင့်ဆွဲကာ မြေပြင်ပေါ်သို့ လွတ်ပစ်လိုက်သည်။  ဖိုယို့ဖါးရားဖြစ်သွားသော ဆံပင်ကို အသာသပ်တင်ကာ လရောင်မရှိသည့် ကောင်းကင်ကြီးကိုကြည့်ရင်း အသံနက်ကြီးဖြင့် မြခွန်းသာ ရယ်ချလိုက်သည်...။။


ထနှောင်းသည် ကြွေနှိုင်းခကိုကြည့်ရင်း ဘယ်နေရာကနေ စ၍ ကိုင်ရမှန်းမသိအောင် ကြောက်ရွံနေမိသည်။ သွေးများအလူးအလိမ့်ဖြစ်နေသည့် ကြွေကို တုန်တုန်ယင်ယင်ဖြင့် လက်ဝါးကပ်တိုင်တွင် ချည်ထားသည့် ကြိုးများကို ဖြုတ်ကာ ပွေ့ချီထားချိန်...

 အနောက်မှ တရစပ် စက်သေနတ်ပစ်သံများ ကြားခဲ့ရသည်။  

သေနတ်ပစ်သံ ကြားကြားချင်း ကြွေ့ကိုပွေ့ချီကာ လှည့်ကြည့်လိုက်ချိန်တွင် ထိုစက်သေနတ်မှ ကျည်ဆံများသည် ထနှောင်းခ၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်ကုန်၏..။


သခင်ကြီး...!!!


ခ...!!!...


ဒူးထောက်လျက် ကျသွားသော ထနှောင်းသည် ကြွေ့ကို ပွေ့ချီထားသည့်လက်က လုံးဝပင် လျော့တွဲခြင်းမရှိ အခိုင်မာ ပွေ့ချီထားရင်း ကြွေ့ကို ငုံကာကြည့်လိုက်သည်။ 


ကြွေနှိုင်းခသည်လည်း ထနှောင်းကိုကြည့်ကာ မငိုဘဲနှင့် မျက်ရည်များ ရေတံခွန်စီးကျသလို ကျဆင်းလာခဲ့သည်။


 ‌ထနှောင်းသည် ကြွေ့ကို ပြုံး‌လျက်ကြည့်ရင်းက သူမကိုမြေပြင်ပေါ်သို့ ဖွဖွလေးတင်ပေးပြီးနောက် သူမရင်ခွင်ပေါ်မှာတင် လဲကျသွားပါတော့သည်။ ကြွေနှိုင်းခသည် သေနတ်ပစ်သံများကြား ထနှောင်းဆီမှ နောက်ဆုံးကြားလိုက်ရသည့်စကားမှာ..


`` ကြွေနှိုင်းခ ခင်များကို 

ကျွန်တော် သိပ်ချစ်ခဲ့ပါတယ်...``


အပိုင်း..( ၂၂ ) မျှော်....


ထနှောင်းခရော ကြွေနှိုင်းခရော အသက်ရှင်ပါ့မလား အသဲတို့ရေ...


မေတော့ ငိုနေပြီ..😢


rate now: