🌈ကျွန်တော့်နှလုံးသား
မမထံဝပ်ဆင်း၍🌈
•~•~•~•~•~•~•~•
ရန်ကုန်မြို့တွင်ဖြစ်သည် ။ ယာဉ်ထိန်းရဲများသည် လမ်းမတစ်လျှောက် ရှုပ်ယှက်ခတ်နေကြပြီး ကားပေါ်မှ ခရီးသွားများကို တစ်စီးပြီးတစ်စီး စစ်ဆေးနေကြသည်။ အဖြူရောင် ဘင်ကားများတွေ့လျှင် ဘေးကပ်ရပ်ခိုင်းထားပြီး အထူးစစ်ဆေးစေသည်။ ရန်ကုန်မြို့ရှိ CCTV မှတ်တမ်းများကို စစ်ဆေးရန် ဗဟိုဌာနချုပ်ဆီသို့ ဗိုလ်မှုးကြီး ဦးသန်းထွဠ်နှင့်အတူ ထနှောင်း ၊ ဏီတို့လဲ လိုက်ပါလာခဲ့ပြီး ရွေတိဂုံဘုရားအနီးမှာ ကြွေတို့ကို ပြန်ပေးဆွဲခဲ့သော အဖြူရောင် ဘင်ကားကို ရှာဖွေသည်။
CCTV မှတ်တမ်းထဲတွင် ရွေတိဂုံဘုရား အရှေ့ဘက်မုဒ်၌ ကြွေနှိုင်းခတို့ညီအစ်မနှစ်ယောက် ပြန်ပေးဆွဲနေသည်ကို တွေ့ပြီး ကြွေတို့ကို ကားပေါ် အတင်းအဓမ္မ ဆွဲခေါ်တင်သည့် လူကို ပုံကြီးချဲ့ကြည့်သော် မျက်နှာဖုံးစွပ်ထားသောကြောင့် မမြင်ရပေ...။
ပြန်ပေးဆွဲကား သွားသော လမ်းကြောင်းကို မြို့ တစ်မြို့ပြီး တစ်မြို့ရှိ CCTVမှတ်တမ်းကကြည့်သော် လှိုင်သာယာမြို့တော်နားမှာတင် အဖြူရောင်ဘင်ကားအများအပြားများထွက်လာကြပြီး ပြန်ပေးဆွဲကားနှင့်ရောနှောသွားရာ ဘယ်ကားမှာ ကြွေတို့ ရှိနေသလဲဆိုသည်ကို မသိကြတော့ပေ....။
`` ဟာ.....တောက်စ်!....
ပရိယာယ် တော်တော်များတဲ့ကောင်တွေ...
အာ....
မင်းတို့ကို တွေ့လို့ကတော့ကွာ..
တောက်စ်..``
ဘရဏီသည် ထနှောင်းဒေါသကို အနောက်ကနေထိန်းပေးနေရသည်။ ရဲမှုးများကလဲ အတက်နိုင်ဆုံး ကူညီပေးသည်။ထိုအချိန် စင်ကာပူမှဟိန်းဇေယျာ ဖုန်းဆက်လေသည်။
`` ပြောဟိန်း...``
`` ထောင်မှုးဖုန်းဆက်တယ် နောင်တခမ်း ထောင်ဖောက်ထွက်ပြေးသွားပြီတဲ့..``
`` ဘာ !..``
ထနှောင်းသိလိုက်ပါပြီ သူ၏မျက်နှာပေါ်မှာ ပူပန် ဒေါသရိပ်တွေဟာ တည်မြဲသော မောဟအသွင် ကူးပြောင်းခဲ့လေပြီ..။ ဖုန်းကိုချပြီးနောက် ဘရဏီ့အကူအညီဖြင့် ထိုကား၏ တည်နေရာကို ဂြိုလ်တုမှတစ်ဆင့် ကားများကို hackစေသည်။ blackboxမှတဆင့် ယဉ်မောင်းသူနှင့် ကားထဲရှိအသံဗလံများကို နားထောင်ကြည့်သည်။ ညနေ ၆နာရီမှ စ၍ ကြိုးစားပမ်းစားရှာဖွေရာ နောက်နေ့မနက် ၃နာရီထိုးသော် ကားတစ်စီးမှ ထူးဆန်းသော စကားသံများ ကြားခဲ့ရသည်။
`` ခ..လာနားထောင်...``
ခသည် ရန်ကုန်မြို့ရှိ CCTVများကိုစစ်ဆေးနေစဉ် ဏီ့ခေါ်သံကြောင့် သူမအနားသို့သွားကာ ကားပေါ်မှ စကားသံတစ်ချို့ကို နားထောင်စေသည်။
`` Blood loyaltyအဖွဲ့ဆီကိုတဲ့ကွ..
သနားပေမဲ့ ဘယ်တက်နိုင်မလဲ...``
`` အေးကွာ... ဘာဖြစ်ဖြစ် ငါတို့ ချင်းပြည်နယ်ကို ရောက်ဖူးတာပေါ့ကွာ..``
ကားထဲမှ စကားအသံကြောင့် ထနှောင်းနှင့် ဘရဏီတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း စိုးရိမ်မှုဒီဂရီအမြင့်ဆုံးထိ ရောက်နေခဲ့ပါပြီ... ။ ညတွင်းချင်းပင် ရဲမှုးများကိုနူတ်ဆက်ကာ ထွက်လာခဲ့ပြီး နောက်နှစ်ရက်နေမှ အဆက်မသွယ်မလုပ်တော့ရင် ကျွန်တော်တို့ရဲ့နေရာကို လာခဲ့ပါ
ဟု..မှာကြားသွားသည်။ ထနှောင်းတို့ ရဲစခန်းမှထွက်သော် မိုးဇွန် ရောက်နှင့်နေပြီဖြစ်သည်။
`` သခင်ကြီး..``
မိုးဇွန်သည် ထနှောင်း၏ မျက်နှာအရိပ်အကဲကိုကြည့်ကာ နူတ်ဆက်၍ ထနှောင်းသွားရာနောက်ကို ဘရဏီနှင့်အတူ တိတ်ဆိတ်စွာလိုက်လာခဲ့သည်။ ကားပေါ်ရောက်မှ ဘရဏီသည် ကြွေတို့၏ မိဘများကို သတိရ၍ ထနှောင်းကို သတိလှမ်းပေးလိုက်သည်။
`` ခ... ကြွေနှိုင်းခတို့ မိဘတွေကို သတိပေးစရာများလိုမလား မဟုတ်ရင် သူတို့စိတ်ပူနေလိမ့်မယ်..``
ဏီ့စကားကြောင့် ကားမောင်းရင်း အတန်ကြာစဉ်းစားလိုက်သည့်အခါ...
`` ဟိုရောက်မှ စာတိုက်ကနေ လှမ်းပို့တာပေါ့ကွာ...``
ထနှောင်းမျက်ဝန်းမှ ဝမ်းနည်းသည့်အရိပ်အယောင်ကို ဒေါသတိမ်မဲအဖြစ်ဖုံးကွယ်ထားပြီး စိုးရိမ်စိတ်ကို ကားမောင်းသည့်နေရာတွင် အသုံးချကာ ဒလကြမ်း မောင်းထွက်လာခဲ့သည်။
ထနှောင်းခမောင်းလာသော ကားသည် ချင်းပြည်နယ်ထဲသို့ စိုက်ဝင်လာပြီး ဆင်သချိုင်းနားတွင် ဘရဏီကိုထားခဲ့ကာ သူမကို မဟာမြိုင်ရွာသို့သွားကာ အတော်ဆုံး ဓားရေးကျွမ်းကျင် သေနတ်ပစ်ကျွမ်းကျင်သည့် လူ၁၀ယောက်ကို ခေါ်ခိုင်းလိုက်သည်။ ထနှောင်းတို့ကတော့ကားကို အဲ့နေရာမှထားခဲ့ကာ ခြေကျင်ဖြင့် ကုက္ကိုလ်ကိုင်း ရွာထဲသို့တိတ်တဆိတ်ဝင်သွားခဲ့ပြီး ရွာထဲမှ မြင်းနှစ်ကောင်ကိုယူကာ စီးလျက် Blood loyaltyရွာသို့ ဒုန်းစိုင်း သွားလေပြီ...။
🌼°~°~°~°~°~°🌼
မှောင်းမည်းနေသည့်အခန်းတစ်ခုတွင် အအေးလှိုင်းဖြတ်လာသလို ချမ်းစိမ့်နေ၍ ခန္ဓာကိုယ်အပူချိန်သည် ၉၀အောက် ကျနေပြီဖြစ်သည်။ ကြွေနှိုင်းခနှင့် ခြွေနှိုင်းခတို့ ညီအစ်မနှစ်ယောက်သည် ထိုအခန်းထဲတွင် လက်များကိုနောက်ပစ်ပြီး ကြိုးချည်ထားကြကာ တစ်ယောက်ကျောပြင်နှင့် တစ်ယောက် ပူးချည်၍ မြေပြင်ပေါ်တွင် ထိုင်ခိုင်းထားသည်။
မိုးရာသီဖြစ်ပေမဲ့ အမှောင်ည၏ တိတ်ဆိတ်ခြောက်ကပ်မှုသည် အအေးဓာတ်အသွင်ကူးပြောင်းကာ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ကြွေ့ကို မနိုး နိုးအောင် နှိုးလိုက်သလို ဖြစ်ခဲ့သည်။
`` စီး...အေးလိုက်တာ...
ဟင်…ငါမျက်လုံးကို ဘာတွေစည်းနှောင်ထားတာလဲ..
အ့...ခန္ဓာကိုယ်ကလဲ လှုပ်လို့မရပါလား..``
မျက်လုံးကို ခပ်ပါးပါးအဝတ်စဖြင့် စည်းနှောင်ထားသောကြောင့် ပတ်ဝန်းကျင်ကို မမြင်ရပေ..၊ ဘယ်နေရာ ရောက်နေသလဲ မသိသဖြင့် စိုးရိမ်မှုက ကြွက်သားထဲရှိ သွေးကြောများကို တုန်လှုပ် လှုပ်ရှားစေခဲ့သည်။
`` မမ..တိုးတိုးနေ..
သူတို့မအိပ်သေးဘူး သူတို့အိပ်သွားမှ ညီမလေးတို့ လှုပ်ရှားတာပေါ့...``
ခြွေသည် သူ့အစ်မပခုံးကို
မှီကာ အသံခပ်အုပ်အုပ် ခပ်တိုးတိုးဖြင့် သတိပေးလိုက်သည်။
`` ဟင် ညီမလေး...
အမလေး..တော်သေးတာပေါ့... မမစိုးရိမ်နေရတာ..``
ခြွေသူမဘေးမှာ ရှိနေသည်ဆိုသည့် အသိစိတ်ဖြင့် အနည်းငယ် စိတ်ချမ်းသာခဲ့သည်။ထိုအချိန် အခန်းတွင်းသို့ လူအများမီးတုတ်ကိုင်ကာ ဝင်လာခဲ့သည်။
`` မင်းတို့ မေ့ဆေးပေးတာ အတော်များသွားပြီထင်တယ် ကြွေတို့ ခုထိမနိုးသေးပါလား..``
ကြွေနှင့်ခြွေသည် မေ့ချင်ဟန်ဆောင်ရင်း လူတစ်ယောက်စကားပြောသည့်အသံကိုကြားကာ ထိုအသံက သူမတို့ ၅နှစ်တိုင်တိုင် ရင်းနှီးကျွမ်းဝင်စွာ ကြားခဲ့ရသည့်အသံပင်ဖြစ်သည်။
`` စိတ်မပူပါနဲ့ ကိုယ့်လူရာ..
မနက်ကျ နိုးမှာပေါ့..
ကောင်မလေးတွေ အေးဆေးဖြစ်နေပြီဆိုတော့ သွားနားလို့ရပြီ..``
`` အင်း..ဒါပေမဲ့ မင်းတို့ကို တစ်ခုမှာထားမယ်
သူတို့ကို အသားနာအောင်မလုပ်နဲ့..တစ်ခုခုဖြစ်လို့ကတော့ ငါနဲ့အတွေ့ပဲ..!``
ထိုလူ့အသံမှ ကြွေတို့ကို ဖမ်းထားပေမဲ့ စိုးရိမ်နေသည့်အသံကလဲ ဖြစ်နေသည်။
`` အဟ! .. ဒါတော့စိတ်ချ... ကိုယ့်ဟာကိုယ်တောင် ယားလို့မကုတ်နိုင်ဘူး..``
ထိုလူများ ထွက်သွားပြီဆိုသည်နှင့် ကြွေနှင့်ခြွေသည် မျက်လုံးကိုစည်းထားသော အဝတ်ခပ်ပါးပါးထဲမှ ပတ်ဝန်းကျင်ကို မြင်ရအောင် မနည်းကြည့်ယူလျက် အရိပ်အခြေအနေကြည့်သည် ။ စိတ်ချရပြီဆိုတော့မှ လက်နှစ်ဖက်ကို ချည်ထားသည့် ကြိုးများမှ လွတ်အောင် ညီအစ်မနှစ်ယောက် စကားမပြောဘဲ ကြိုးစားရုန်းကန်နေကြသည် ။ လက်များမှာ အချိန်ကြာကြာ စည်းနှောင်ထား၍ ကြိုးအရာများထင်နေသည့်အပြင် လက်မောင်းမှ ကြွက်တက်ချင်သလို ဖြစ်လာခဲ့သည်။နောက်ဆုံး လက်မှာ ချည်ထားသော ကြိုးများမှ လွတ်သွား၍ ခန္ဓာကိုယ်တွင် ချည်ထားသောကြိုးကို လွယ်လင့်တကူ ဖြည်လိုက်နိုင်သည်။
နှစ်ယောက်စလုံးလွတ်သွား၍ တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ကြကာ နောက်လာမည့် အန္တရယ်ကို ခံနိုင်ရည်ရှိစေရန် အားပြုနေကြသည်။
မျက်လုံးတွင် ချည်ထားသောအဝတ်စကိုဖယ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှု့သော် စပါးကျီများထည့်ရာ ဂိုထောင်တစ်ခုဖြစ်နေသည်။ ကြွေသည် သူမ၏ညီမ ခြွေ့လက်ကို ကျစ်နေအောင် ဆုပ်ကိုင်ပြီးထွက်ပေါက် ဟုဆိုရမည်ဖြစ်သော သစ်သားတံတံခါးမကြီးဆီသို့ ဖြေးညင်းစွာလှောက်လာသည်။ အပြင်မထွင်ခင် သစ်သားကြားထဲမှ ဟနေသော အက်ကွဲကြောင်းမှနေတဆင့်အပြင်ကိုလေ့လာကြည့်သည်။
ဒီနေ့လမိုက်ညဖြစ်လိမ့်မည်။ မှောင်မည်းနေသည်မှာ ငွေရောင် ဖိုးလမင်း၏ အလင်းရောင်ပင်မတွေ့ရပေ...။ သို့ပေမဲ့ ရေနံဆီသုတ်ထားသော မီးတုတ်များသည် ၁၀ပေခြားတစ်တိုင် တစ်နေရာစီ ထွန်းညှိထားသည်။
အဆင်ပြေသည့်ပုံစံဖြင့် ညီအစ်မနှစ်ယောက် ခေါင်းငြိမ့်ပြကာ ကြွေသည် သူမ၏ ဂါဝန်အရှည်ကို အသာမပြီး ဂိုထောင်ထဲမှ သူမ၏ ညီမလက်ကိုဆွဲကာ ဘေးဘီဝဲယာကို ဂရုတစိုက်ကြည့်ပြီး သတိကပ်ကာ ခြေသံဖွဖွပြေးလာခဲ့သည်။ အိမ်ခြေ တစ်အိမ်ပြီးတစ်အိမ်၏ နောက်ကွယ်မှ တိုးတိုးသက်သာ ပြေးလာခဲ့သည်မှာ အောင်မြင်ခဲ့သည်။ ထိုရွာသည် အတော်သင့်ကျယ်ဝန်းသည်။ ရွာဂိတ်ပေါက်ကို ရောက်ဖို့ မိနစ်၂၀လောက်ကြာမှ တွေ့ရသည်။ ကြွေသွားရန် အားခဲလိုက်စဉ်တွင် ခြွေသည် သူအစ်မလက်ကိုဆွဲကာ တားလိုက်ပြီး အပေါ်သို့ ညွန်ပြသည်။
ကင်းထောက်စင်ပေါ်တွင် ဆလိုက်မီးထိုးကာ ရွာထဲလူဆိုး သူခိုးမဝင်စေရန် ကင်းစောင့်နေသည့် ဗလတောင့်တောင့် ယေကျာ်းကြီးတစ်ဦးရှိသည်။
ကြွေနှင့်ခြွေသည် သတိထားကာ သွားရန်ပြင်လိုက်စဉ် သူမတို့ကျောပြင်ကို စူးရှသည့်အရာနှင့် လာထောက်သည်ကို ခံစားမိ အနောက်လှည့်ကြည့်သော် ခြောက်သွေ့နေသည့်အပြုံးဖြင့် သူမတို့ကို ပြုံးကာ လူနှစ်ယောက်သည် ကြွေတို့ညီအစ်မနှစ်ယောက်ကို ဖမ်းခေါ်လာခဲ့သည်။
`` လွတ်....လွတ်စမ်..လူယုတ်မာတွေ..ငါ့အသားမထိနဲ့ ရွံတယ်..``
`` လွတ်ပါရှင်...ကျွန်မတို့ ညီအစ်မတွေက အစ်ကိုတို့ကို ဘာများလုပ်မိလို့လဲ.. လွတ်ပေးပါရှင်.....လွတ်ပေးပါ..```
လူဆိုးနှစ်ယောက်သည် ကြွေတို့ကို မည်သည့်စကားမှမပြောဘဲ အားဖြင့် ဆောင့်ဆွဲ ခေါ်လာခဲ့သည်။
ဖမ်းခေါ်လာသောနေရာသည် သူမတို့ ခုဏက နေခဲ့သည့် စပါးကျီဂိုထောင်မဟုတ်ဘဲ..
တရုတ်ရိုးရာစံအိမ်လို ကျယ်ပြန့်ပြီး တံခါးပေါက်၃ခုပါဝင်သည် စံအိမ်တစ်လုံးဆီသို့ဖြစ်သည်။
စံအိမ်၏ ခေါင်မိုးအစွန်းတွေကို နဂါးရုပ်ထုများ ထုလုပ်ထားပြီး ပျဉ်ထောင်အိမ်ဟုဆိုပေမဲ့ ပြောင်လက်နေသော ကျွန်းသားများနှင့် တည်ဆောက်ထားသောကြောင့် တစ်ခမ်းတနားဖြစ်နေသည်။ စံအိမ်ထဲဝင်လိုက်ချိန်တွင် နဂါးပုံစံထွင်းထုထားသည့် ကျွန်းသားထိုင်ခုံအကြီးကြီးတစ်လုံးရှိသည် ။ ထိုင်ခုံ၏အနောက်ပတ်ပတ်လည်ကို ရွေရောင်ခန်းဆီးများဖြင့် အလှဆင်ထားသည်။ ထိုထိုင်ခုံရှေ့တွင် ကြွေနှင့်ခြွေကို ဒူးထောင်ထိုင်ခိုင်းစေကာ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေ၏...။ မည်သူဆိုတာ မသိရချေ...။
အနည်းငယ်ကြာသော ရွေရောင်ခန်းဆီးနောက်ကွယ်မှ အဝတ်အစားမလုံ့တစ်လုံဖြင့် ရင်သားကို တစ်ဝက်လောက်ဖော်ထားပြီး တစ်လိုင်းကြိုးအကျီဖြစ်ပေမဲ့ တံတောင်ဆစ်နားကစ၍ လက်ကောက်ဝတ်အထိ ချည်ပိုးအထည်ဖြင့် စနစ်တကျချုပ်လုပ်ထားသည်။ အောက်ပိုင်းမှာ ချည်ပိုးထည်ကိုပင် ဘောင်းဘီအတိုချုပ်လုပ်ကာ အတိုအပြက် ပေါင်နားအထိသာ လုံခြုံသည်။ မျက်နှာတွင် ပိုးပုဝါစကို အုပ်ထားသောကြောင့် မည်သူ မည်ဝါမသိရပေ..။
``သူတို့ ထွက်ပြေးသွားလို့ ဖမ်းခေါ်လာခဲ့တာပါ သခင်မ..``
ကြွေ့အနောက်မှ ရပ်နေသည့် လူက ထိုမိန်းကလေးကို သခင်မဟု ခေါ်လိုက်သည့်အတွက်ကြောင့် သူမသည် ဒီနေရာ၏ခေါင်းဆောင်ဆိုတာ မပြောပေမဲ့သိလိုက်ရပါပြီ...။
ကြွေသည် သူမကိုကြည့်ကာ လွတ်ပေးစေရန် အကျိုးအကြောင်းများရှင်းပြသည် ။ ခြွေကတော့ မျက်နှာ ရှစ်ခေါက်ချိုးဖြင့် ဒေါသများထွက်လျက် ရှိပေသည်။
`` ကျွန်မတို့က ရှင်တို့ကို ဘာအမှားများ လုပ်မိလို့ ဖမ်းခေါ်လာရတာပါလဲ..ကျွန်မ သိရသလောက် ရှင်နဲ့ကျွန်မတို့ညီအစ်မနှစ်ယောက်မှာ ဘာရန်ညှိုးရန်စမှ မရှိဘူးထင်ပါတယ်...``
သူမသည် ကြွေတို့ကို တွေ့သည်နှင့် နဂါးပုံစံ ထွင်းထုထားသော ကျွန်းသားထိုင်ခုံတွင် ခြေတစ်ဖက်ချိတ်ထိုင်ကာ အက်ကွဲသံ နားကျည်းသံတို့ဖြင့် ရောနှောနေသည့် အသံဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ပြီးမှ ပြန်တည်ငြိမ်ကာ စူးရှသောအကြည့်တို့ဖြင့် ကြွေ့ကိုကြည့်လျက်..
``အဟွန်း...မတွေ့ရတာကြာပြီနော်... ဆရာမလေး ကြွေနှိုင်းခ...``
သူမသည် တပ်ထားသော မျက်နှာဖုံးကိုချွတ်ကာ မဲ့ပြုံးပြုံးပြီး ကြွေတို့ကို နူတ်ဆက်လိုက်သည်နှင့် ကြွေနှိုင်းခသည် သူမမျက်နှာကို မြင်ပြီးသကာလ ဝမ်းနည်းမှု ၊ ဝမ်းသာမှုနှင့် ကြောက်ရွံ့တုန်လှုပ်မှုတို့ ရောစပ်ကာ အသံတွေမှဖြင့် တုန်ယင်ကုန်သည်။
`` ဟင်....ရှင်.. ရှင်....``
🌼°~°~°🌼°~°~°🌼
အပိုင်း ( ၂၁ ) မျှော်...💁
ဒါနဲ့...
ကြွေတို့ကို ဘယ်သူတွေ
ဖမ်းခေါ်လာသလဲ သိလားဟင်..🤔
ကြွေနှင့်ထနှောင်းတို့ ပေါင်းဖက်ရပါ့မလား😔
နောက်လာမယ့်အပိုင်းတွေမှာ စောင့်မျှော်အားပေးကြပါဦးနော်🙆