book

Index 2

အပိုင်း ( 2 )

💕ကျွန်တော့နှလုံးသား 

           မမထံဝပ်ဆင်း၍💕


•~•~•~•~•~•


" ဟေး.....

အရပ်ကတို့ရေ....

 ဒီမှာလူတစ်ယောက် 

ဒဏ်ရာရလာလို့ပါ....

လာကူကြပါဦးဗျို့.....

အရပ်ကတို့ရေ....."


ကြွေနှိုင်းခ အသံအောင်မှုကြောင့် ပြေးလွှား ဆော့ကစားနေသော ကလေးများအပြင် ရွာအလယ်က သူကြီးအိမ်အထိ ကြွေ့ကိုလှမ်းကြည့်ကြပြီး အပြေးအလွှားရောက်လာကြသည်.. ။


သူစိမ်းမို့ ခပ်ဝေးဝေးကသာနေကြ၍ သူတို့ထဲက ရက်ကွက်လူကြီးဟုထင်ရသည့် ရွာလူကြီးသည် ရွာသားတွေထက် အရှေ့သို့ပိုတိုးလာပြီး ကြွေ့ကိုကြည့်လိုက် ၊ ကြွေခေါ်လာသည့်ဒဏ်ရာရနေသော လူကိုကြည့်လိုက်ဖြင့် သက်ာမကင်းဖြစ်နေကြသည်...။


``တူမကြီးကဘယ်ကလဲ ဒီသူငယ်ကရော ဘယ်သူလဲကွဲ့....``


``သမီးက ဒီကုက္ကိုလ်ကိုင်းရွာကို တာဝန်ကျတဲ့ ကျောင်းဆရာမပါ...

ဒီရွာကိုလာရင်း လမ်းမှာလူတစ်ယောက်လဲနေလို့ ကူမယ့်လူလဲမရှိတော့ ခေါ်လာတာပါ ။

 လူ့အသက် ကယ်ကောင်းပါတယ် ဘကြီးရယ်.. ကူညီပေးပါဦး...``


"ဟာ ကျောင်းဆရာမတဲ့ဟ..!

အထုတ်တွေကူသယ်ပေးလိုက်ကြဟေ့... !

တောင်းပန်ပါတယ် ဆရာမလေးရယ်..

 ကျွန်တော်တို့က ဓားပြတွေထင်လို့ပါ....ကျွန်တော်က ဒီရွာလေးကိုအုပ်စိုးရတဲ့ ရွာသူကြီးပါ "


"ရပါတယ် ဘကြီးရယ်..

ဘကြီးတို့ကစည်းကမ်းအတိုင်းလုပ်တာပဲ သမီးတို့က လိုက်နာရမှာပေါ့.."


" ဟုတ်ကဲ့ပါဗျာ..

သဘောထားကြီးပေးလို့ကျေးဇူးတင်ပါတယ်..

လူနာကိုလဲ ကျွန်တော်တို့ဆီက အကောင်းဆုံးသမားတော်နဲ့ပြသပေးပါ့မယ်..."


" ကျေဇူးတင်ပါတယ် ဘကြီး.."


" ခရီးဝေးကလာတော့ ပင်ပန်းနေရောပေါ့..ဆရာမလေးအတွက် နားခိုရာနေအိမ်ကို လိုက်ပြပေးပါ့မယ်..

ကျွန်တော့်နောက်ကလိုက်ခဲ့ပါ.."


"ဟုတ်ကဲ့.."


ရွာလူကြီးလမ်းပြတဲ့အတိုင်း ကြွေလိုက်သွားခဲ့ပါသည် ။ ဒဏ်ရာနှင့်လူကို ရွာသူရွာသားတွေက ‌သူတို့ရွာလေး၏ ဆေးပေးခန်းဟုခေါ်သော တဲပုလေးဆီသို့ ခေါ်သွားသည်...။


 ကုက္ကိုကိုင်းရွာသည် သိပ်သာယာ၏။  သဘာဝရဲ့အငွေ့အသက်တွေက ကြွေ့ခန္ဓာကိုယ်တစ်ခုလုံးကိုငြို့ငင်ဆွဲယူနေသလို လန်းဆန်းတက်ကြွလာသည်။ ရွာသူရွာသားများသည်လည်း ဖော်ရွေကြပါသည် ။ 


တစ်ရွာလုံးမှာ အကောင်းဆုံးအိမ်ကိုပြပါဆိုလျှင် ကြွေနေထိုင်နေသည့်  နှစ်ထပ်အိမ်ခြေတံရှည်ပျဉ်ထောင်အိမ်လေးကိုလက်ညိုးထိုးမလွဲ ဖြစ်ကြမည်သာ... ။


ယခုလသည် မေလကုန်တော့မည်။

ကလေးတွေ ကျောင်းတက်ဖို့ရန် သိပ်မလိုတော့ပေ..။

ရွာ၏ ခပ်လှမ်းလှမ်း ချောင်းတစ်ခုကျော်လိုက်ပြီး လမ်းအနည်းငယ်ထပ်လျှောက်လိုက်လျှင် နှစ်ထပ်အမြင့်ရှိသော ( အ  . ထ  .က (၂) )

ကျောင်းဆောင်ကြီးရှိ၏။


ကြွေသည် ထိုရွာလေးကို ရောက်လာခဲ့သည်မှာ ၅ရက်ကြာပြီဖြစ်၍ ကျောင်းကို လေ့လာရန်သွားရောက်သည်။

 ကျောင်းအဝင်ဝမှာရပ်ကာ ကျောင်းကြီးကိုကြည့်ပြီး

``ဒါငါစာသင်ရမယ့်ကျောင်းတော်ကြီးပဲ`` 

ဟူ၍ တွေးဆကာ

ကျောင်းအထဲဝင်ပြီး သန့်ရှင်းရေးတွေလုပ် ၊ ရွာရှိ ကျောင်းသားမိဘတွေနှင့်လဲ ရင်းနှီးမှုရယူပြီး ညနေစောင်းမှ အိမ်ပြန်လာခဲ့သည်..။


💓 ~ 💓 


`` အား ကျွတ်ကျွတ်ကျွတ်...

ဟာ...!သောက်ဂွပဲ...

ငါဘယ်ရောက်နေတာလဲ..

ဒီနေရာကဘယ်နေရာလဲ ၊ မဟူရာအိမ်တော်လဲမဟုတ်ပါလား...

အား..ကျစ်..နာလိုက်တာ...

မနက်က ခွန်းသော်နဲ့တိုက်ခိုက်နေတာ..ငါတောင်အောက်ကိုကျသွားခဲ့တာပဲ...

ဒါဆိုငါ့ကို ဘယ်သူကယ်ခဲ့တာလဲ...``


ထနှောင်းခသည် သတိရလာလာချင်း လှဲနေရာမှထိုင်ကာ သူ့ကိုယ်ပေါ်  ခြုံထားသည့် စောင်ကို ဖယ်ပြီး တစ်အိမ်လုံးကိုဝေ့ဝိုက်ကြည့်နေသည်။ ထိုအချိန် အိမ်ရှေ့မှ အသံကြား၍ နားစိုက်ထောင်နေ၏...။


``ရပါတယ်အဒေါ်ရယ်...

ကြွေ့ကိုစိတ်ချပါ..

ခမ်းနော်လဲရှိနေတာပဲ

မဟုတ်လား...

အဒေါ် ကြွေနဲ့လာအိပ်တာ ၅ရက်‌ကျော် ရှိနေပါပြီ...ဒီနေ့တော့နားလိုက်ပါဦး...အဒေါ်လဲပင်ပန်းနေပါပြီ ကြွေလဲ အားနာလှပြီ...``


``ဖြစ်ပါ့မလား ဆရာမလေးရယ် ဟိုဒဏ်ရာရနေတဲ့သူငယ်က နိုးလာရင်ဘယ်လိုလုပ်မလဲ... အဲ့သူငယ်က ဘယ်သူလဲသိရတာမဟုတ်ဘူး..လူဆိုးလူကောင်းဆိုတာ ဂျိုပါတာမှမဟုတ်တာ...``


``စိတ်ချပါ..ကြွေဂရုစိုက်ပါမယ်...ဟိုလူလဲသတိရလာမှာမဟုတ်သေးပါဘူး အဒေါ်ရယ်... ကြွေ့ကိုလဲစိတ်ချ ခမ်းနော်ကိုလဲစိတ်ချပြီး အိမ်ပြန်အိပ်နော်...``


``အင်းပါ..ဆရာမလေးရယ်...

ဒါဆို အဒေါ့်တူမလေးကိုထားခဲ့ပြီး အဒေါ်အိမ်ပြန်ခဏနားလိုက်ဦးမယ်နော်..``


``ဟုတ်ကဲ့ပါ..ဂရုစိုက်ပြန်ပါရှင့်...``


ထနှောင်းခသည် အချိန်တော်တော်အကြာ သတိပြန်မလည်လာရာမှ ယခုနိုးလာခဲ့ပြီး ဘယ်ဆီဘယ်ဝယ်ရောက်နေလဲဆိုတာ မသိ၍ စဉ်းစားနေတုန်း အိမ်ရှေ့မှ မိန်းအသံနှစ်ယောက်ကြားလိုက်ရသည်.. ။ ထိုနောက်ထနှောင်းခ နေသည့်အခန်းထဲသို့ လူတစ်ယောက် ဝင်လာသံကြားသည်နှင့် ထနှောင်းခသည်  အရင်အတိုင်း စောင်ကိုပြန်ခြုံကာ သတိမေ့ဟန်ဆောင်လိုက်သည်...။


``သူသတိပြန်မရသေးပါလား...

ဆရာဝန်ကတော့ သက်သာနေပြီဆို‌ပေမဲ့.. ဘာလို့ သတိပြန်မလည်လာသေးပါလိမ့်... 

ကလေးရယ်.. ဘယ်လိုဖြစ်လို့ ဒဏ်ရာတွေအများကြီးရအောင်လုပ်ရတာလဲ..အများကြီးနာနေမှာပဲနော်...ဓားပြတွေ လုပ်သွားတာများလား...

ဟင်း....အမြန်သက်သာလာပါစေ..``


ကြွေသည် ထနှောင်နိုးနေသည်ကိုမသိဘဲ ကုတင်ဘေးမှာ ထနှောင်းကို စောင်သေချာခြုံပေးပြီး နဖူးက ချွေးများကို ပုဝါဖြင့် တယုတယ သုတ်ပေးနေသည်။


``ခမ်းနော်ရေ...ကြွေ့ကိုရေနွေးနဲ့ရေအေးစပ်ထားတဲ့ ဇလုံနဲ့ပုဝါတစ်ခုယူလာခဲ့ပါကွယ်..ဒီကလေးကိုရေပတ်တိုက်ပေးချင်လို့.``


``ဟုတ်ကဲ့ပါဆရာမလေး..``


(ကြွေတဲ့လား သူမနာမည်က..

အသံလေးကချစ်စရာကောင်းလိုက်တာ.. သူမက ငါ့ကိုကယ်လာခဲ့တာလား..ငါသူမမျက်နှာကို ကြည့်ချင်လိုက်တာ...)


ထနှောင်းသည် စူးစမ်းချင်သည့် စိတ်ကြောင့် ကြွေမမြင်အောင် မျက်လုံးကိုနဲနဲလေးဖွင့်ကာ ကြည့်လိုက်သည်..


(သူမကအရမ်းလှတာပဲ... ငါ့ကိုထိတွေ့လိုက်တဲ့ သူမလက်ကလေးတွေကလဲ နွေးထွေးလိုက်တာ..

ငါ့ရင်တွေအရမ်းခုန်နေပါလား...

ကြွေဆိုတဲ့အတိုင်း မင်းကိုကိုယ်ချစ်မိနေပြီထင်တယ်.....)


``ဆရာမလေး..

ဒီမှာရေဇလုံနဲ့ပုဝါရပါပြီ...``


``ကျေးဇူးပါခမ်းနော်... 

သွားနားတော့နော်...``


``ဟုတ်ကဲ့ပါဆရာမလေး..``


ခမ်းနော်သည် သူ့တာဝန်တွေပြီးသွား၍ ‌ထနှောင်းခနေသည့်အခန်း ဘေးခန်းမှာ  သွားနားလေ၏..။ကြွေကတော့ ဇလုံထဲမှာရှိသော ရေထဲကို ပုဝါနှစ်ချပြီး စိုရွဲသွားသည့်ပုဝါကိုရေစင်အောင်ညစ်ကာ  ထနှောင်း မျက်နှာအနှံကို ရေပတ်တိုက်ပေးနေသည်...။


မျက်နှာပြီးတော့လည်ပင်း ၊ လည်ပင်းပြီးတော့ ထနှောင်း၏ လက်မောင်းရင်းကနေ လက်ချောင်းအထိ ရေပတ်တိုက်ပေးနေသည်။ ထိုသည်ကို 

ထနှောင်းသဘောကျသည်...။

ငယ်စဥ်ကတည်းက မိခင်နှင့်ဝေး ခဲ့၍ ခုလိုပြုစုယု‌ယနေသည်ကိုမခံစားဖူးချေ...။


ဓားပြခေါင်းဆောင်ဆိုတော့ နေ့ရက်တိုင်း မျက်နှာကတင်းမာ ခက်ထန်နေမှသာ သူ့တပည့်တွေကို ထိန်းကျာင်းလို့လွယ်သည်ကို သူသိသည်..။

ခုလို အပြုစုခံနေရသည်ကား နိဗ္ဗာန်ရောက်သွားသလို စိတ်ထဲပျော်မွေ့နေလေသည်...။

ကြွေသည် ရေပတ်တိုက်ပြီးရေသွားလဲမလို့မတ်တပ်ရပ်လိုက်သည်နှင့်  အိပ်ရာပေါ်မှာလှဲနေသည့် ထနှောင်းထံမှ ငြီးသံသဲ့သဲ့ကြားလိုက်ရသည်..။ထို့ကြောင့် ကြွေသည် ရေဇလုံကိုဘေးချကာ..ဇိုင်းလက်မောင်းကိုကိုင်ပြီးနိုးကြည့်လိုက်သည်..။


``နိုးပြီလားဟင်...

ဟေ့..နိုးပြီလား..``


``အားကျွတ်ကျွတ်...

ခေါင်း...ခေါင်းကိုက်လိုက်တာ...``


``ခေါင်းကိုက်တယ်ဟုတ်လား...ကြွေ..ကြွေဘာလုပ်ပေးရမလဲဟင်..``


``ရေ..ရေပေးပါ...ရေပေးပါ....``


``ဟုတ်ဟုတ်...ခဏလေး..``


ထနှောင်းသည် ခေါင်းကိုက်ဟန်ဆောင်ဆောင်ကာ ရေတောင်းသောက်သည်။ ကြွေမှာဖြင့် တကယ်ထင်ပြီး ပြာပြာသလဲဖြင့် အိမ်ရှေ့သောက်ရေအိုးစင် ရေအိုးထဲမှ ရေကို ထနှောင်းအတွက်သွားခပ်သည်..။


ထနှောင်းသည် သူ့အတွက်မိန်းကလေးတစ်ယောက် စိုးရိမ်ပူပန်နေသည်ကိုသဘောကျပြီး  တိုးတိုးတိတ်တိတ်ဖြင့် ပြုံးရယ်နေသည်...။

ကြွေသောက်ရေခပ်ပြီး ထနှောင်းဆီပြန်လာတော့ နေမကောင်းဟန်ထပ်ဆောင်ပြီးရေသောက်လိုက်သည်...။


``သက်သာရဲ့လား..

ဘယ်လိုနေသေးလဲ..အဆင်ပြေလား...``


ထနှောင်းသည် သူ့ကိုစိုးရိမ်တကြီးမေးနေသည့်ကြွေ့ကိုမျက်နှာမော့၍ကြည့်လိုက်သည်...


(လှလိုက်တာ...ငါ့ဘဝတစ်လျှောက်လုံး ဒီလိုစိတ်ထားရော ၊ ရူပကာပါ သိပ်လှလဲမိန်းကလေးမျိုး ဒီတစ်ခါပဲတွေ့ဖူးသေးတယ်..သဘောကျတယ်ကြွေ..)


ဟုတ်ပါသည်...ကြွေသည် သိပ်လှသည့်မိန်းမပျိုတစ်ယောက်ဖြစ်သည်..။

ဒီနေ့မှ ရင်ဖုံးအကျီ ခရမ်းရောင်ခါးတို ချည်အရောင်အပွင့်ရိုက် ထမီလေးကခြေမျက်စိဖုံးလွမ်းပြီး ချပ်ချပ်ကပ်ကပ်၊ သပ်သပ်ရပ်ရပ် ရှိလှသည့် ကြွေ့အဝတ်အစားသည် သူမ၏ ခန္ဓာအလှ ခါးသေးရင်ချီကို ပို၍ပေါ်လွှင်စေပါသည်..။

ပျော့ပျောင်းရှည်လျားသော ကြွေ့ ဆံနွယ်လေးဟာ အိပ်ခါနီးကပိုကရိုစီးထားသော်လဲ သူမနှင့်အတော်ကျက်သရေရှိလှပေသည်....။


``ဟေ့..သက်သာရဲ့လားလို့..

ဘာဖြစ်နေတာလဲဟင်...ခေါင်းကိုက်သေးလား..``


ကြွေသည် ထနှောင်းမျက်နှာရှေ့တည့်တည့်အော်လိုက်တော့မှ  အသိပြန်ဝင်လာကာ  သူ့ဗိုက်ကိုဖိလိုက်ပြီး....


``အ့..ဗိုက်တော့နည်းနည်းအောင့်နေတယ်ခဗျ....ကျွန်တော်ဘယ်ရောက်နေတာလဲဟင်...ကျွန်တော့မိဘတွေရော..ညီမလေးရော..``


ထနှောင်းမေးခွန်းကြောင့် ကြွေအံ့အားသင့်ခဲ့ပြီး‌ ကြွေ့ခေါင်းထဲ မေးခွန်းပေါင်းထောင်နဲ့ချီ ပြည့်နှက်သွားခဲ့သည်...။


``မမကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ...မမနာမည်က ကြွေနှိုင်းခပါ ၊ ဒီရွာလေးမှာတာဝန်ကျတဲ့ကျောင်းဆရာမပေါ့...

ဒီအိမ်ကခုလောလောဆယ် မမအိမ်လို့ပဲပြောရမယ်...

ကလေးကိုမမက တောင်ကြားထဲမှာသွေးတွေအလိမ်းလိမ်းနဲ့တွေ့လို့ ခေါ်လာခဲ့တာပါ...ကလေးလဲကျနေတဲ့ ဘေးမှာတော့ဘယ်သူမှမတွေ့မိပါဘူး..``


ထနှောင်းသည် ကြွေနူတ်ခမ်းပါးလေးက ထွက်ကျလာတဲ့စကားလုံးတိုင်းကို ‌သေချာ လိုက်နားထောင်ရဲ့လားတော့မသိ ၊ မက်မောဖွယ်ရာချစ်စရာကောင်းလွန်းပြီး ဆေးဆိုးပန်းရိုက် မဟုတ်သည့် ပန်းနုရောင်သန်းနေသော နူတ်ခမ်းဖူးလေးကို မျက်တောင်မခတ်ကြည့်နေမိသည်...။ကြွေစကားပြောရပ်သွားသည်နှင့် ထနှောင်းသည် ဟန်မပြတ် တည်ငြိမ်ကာခေါင်းကိုငိုက်ကျပြီး မျက်နှာညိုးသွားသည်...


``ကျွန်တော်နာမည်က ထနှောင်းခပါ ..၊ ကျွန်တော့်မိဘရယ် ၊ ညီမလေးရယ် ၊ ကျွန်တော်ရယ် မြို့ပေါ်မှာ ကုန်ပစ္စည်းတွေ သွားဝယ်ပြီးအပြန် ဓားပြတွေနဲ့တွေ့ခဲ့တာပါဗျာ...အခု...အခုတော့... 

ကျွန်တော့်မိဘတွေနဲ့ညီမလေးကို နောက်ဘဝမှာပဲတွေ့ရတော့မှာပေါ့ဗျာ...အဟီး.....ဟီး...``


``အဟင့်...ဟင့်....``


ထနှောင်း၏ လီဇယ်စကားတွေအောက် ကြွေယုံစားမိပြီး သူမပါလိုက်ငိုလေတော့ ထနှောင်းတစ်ယောက် ခေါင်းရှုပ်ရပြန်ပါသည်...

`ဘယ်လိုမိန်းကလေးပါလိမ့်`ဟုတွေးပြီး သူမကိုကြည့်ကာ လေးကိုင်းသဏ္ဍာန်နူတ်ခမ်းကနေ အပြုံးစလွင့်လွင့်လေး ဖြတ်ပြေးသွားသည်....


``စိတ်မကောင်းပါဘူးရှင်..

အဟင့် ...ဟင့်..

မမ ကလေးခံစားချက်ကိုနားလည်ပါတယ်...

အဟင့်...

မမလဲ မိဘတွေကိုခွဲခွာလာခဲ့ရတော့ ကလေးခံစားချက်နဲ့တိုက်ဆိုင်ပါတယ်...

အဟင့် ဟင့်...ဟီး...``


``ဟုတ်ပါပြီဗျာ...ဟုတ်ပါပြီ...

မမပဲငိုနေတော့...

ဝမ်းနည်းရမယ့်ကျွန်တော်က 

မမကိုအားနာမိသွားတယ်

...တိတ်တိတ် မငိုနဲ့တော့နော်...ကိုယ့်တာဝန်ပြီးသွားရင် မမမိဘတွေနဲ့ ပြန်တွေ့ရမှာပါ..တိတ်တိတ်....မငိုနဲ့တော့ မမပင်ပန်းလိမ့်မယ်``


``အဟင့်..ဟုတ်ကဲ့ပါ..ဟီး....``


(အော်..

တယ်ခက်တဲ့ကလေးမပါလား 

ပြောမိတဲ့ဒီပါးစပ်.. 

ကိုယ့်ဟာကိုယ်ပြန်ရိုတ်ရတော့မယ့်ပုံဖြစ်နေပြီ..

ဟင်း..စကားပြောင်းကြည့်ဦးမှ...)


`` မမ..မမကို ကြွေလို့ပဲခေါ်လို့မယ်နော်...

ကြွေ့အသက်ကဘယ်လောက်လဲဗျ..ကျွန်တော့်အသက်က ဒီ Augustဆို ၂၃နှစ်ပြည့်ပြီ...``


ကြွေသည် ရှိုက်တငင်ငင်ငို၍ ကျလာသော မျက်ရည်များကို ခုံပေါ်ရှိ  tissueဖြင့်သုတ်ကာ ထနှောင်းကိုကြည့်လိုက်သည်..


``အော်...ဟင့်...

ဒါဆို..ဟင့်...‌ကလေးက 

ကြွေ့ထက် ...ဟင့်..

အများကြီးငယ်တာပဲ...``


``ဟုတ်လား....ကြွေကအသက်ဘယ်လောက်လဲ...``


``ဟင့်..

ကြွေ့အသက်က August ၂၆ပါ ဟင့်....``


``wow..

ကြွေနဲ့ကျွန်တော်က လတူတာပဲ..

တွေ့ရတာဝမ်းသာပါတယ်ဗျာ...``


ကြွေသည် ထနှောင်းကို ငေးကြည့်နေမိသည်။


(စောစောက ဗိုက်နာပြီး သူ့မိဘတွေအတွက် ဝမ်းနည်းနေတဲ့လူက ဘာလို့အခုကျတော့ အရမ်းပျော်နေတဲ့ပုံပေါက်နေပါလိမ့်....။စိတ်ညစ်စရာတွေခေါင်းထဲသိပ်မထည့်တက်တဲ့ ပေါ့ပေါ့ပါးပါးလူငယ်မို့လို့လား...)


ကြွေသည် ထနှောင်းကိုကြည့်ပြီး တွေးမိတွေးရာတွေးနေမိပြန်သည်...


``ထနှောင်းဗိုက်နာသေးလား...``


ကြွေမေးတော့မှ ထနှောင်းသည် ဗိုက်ကိုသတိဝင်လာကာ ခါးကိုင်းပြီးဗိုက်ကိုနှိမ့်ကာ အိပ်ရာပေါ်လှဲချလိုက်သည်....


``ဟုတ်တယ်ကြွေ..

ကျွန်တ်ောနာနေသေးတယ်...

အ့..ကျွတ်ကျွတ် ကျွတ်``


``ဟုတ်လား..ဗိုက်ဆာတာလားဟင်..ထမင်းမစားတာ၁ပတ်ရှိပြီဆိုတော့...`` 


`` ရပါတယ် ကျွန်တော် မဆာပါဘူး..ခဏ နားလိုက်ရင် သက်သာ သွားမှာပါ..``


(ကြွေ့အပြုံးလေးနဲ့တင် ကျွန်တော် ဗိုက်ပြည့်ခဲ့ပါပြီ ကြွေရယ်..)


``အင်းပါ..ဒါဆိုလဲနားနေလိုက်ဦးနော်...ကြွေလဲ သွားအိပ်တော့မယ် တစ်ခုခုလိုအပ်ရင်ပြောပါ ..

ဟိုဘက်အခန်းမှာကြွေရှိပါတယ်..

ကြွေကအိပ်ရင် ကြက်အိပ်ကြက်နိုးလေ...``

{ကြက်အိပ်ကြက်နိုး = အအိပ်ဆက်ည်ဟုပြောခြင်းဖြစ်သည်}


``ဟုတ်ကဲ့..ကျေးဇူးပါကြွေ...``


ကြွေသည် ရေဇလုံကိုကိုင်ကာ ထနှောင်း အခန်းထဲမှထွက်သွားသည်..ထနှောင်းကတော့ တာဝတိံသာက နတ်သက်ကြွေလာတဲ့ နတ်သမီးလေးနဲ့စကားပြောလိုက်ရ၍ ယနေ့ည အိပ်ပျော်မယ်မထင်ပေ...။

 အိပ်ရာပေါ်မှာ ကြွေ့မျက်နှာလေးကိုထပ်ကာ ထပ်ကာမြင်ယောင်ရင်း လူးကာလိမ့်ကာဖြင့် ရင်တွေခုန်နေသည်...။


(မရေ...ထနှောင်းရဲ့လူကြမ်းနှလုံးသားထဲ မ ရဲ့အရိပ် ၊ မ ရဲ့အပြုံး တွေတစ်သက်တာစီးဝင်နှစ်မြောနေပြီ...ကျွန်တော်မရဲ့အချစ်ကိုမရမချင်း ဒီရွာကနေထွက်သွားတော့မှာမဟုတ်ဘူးဆိုတာ ကျွန်တော့်ဝိဉာဉ်ကိုတိုင်တည်ပြီးပြောရဲပါတယ်...၊

မနက်ဖြန်ကစပြီး ကျွန်တော့်ရဲ့အချစ်စွမ်းအားတွေ ကမ္ဘာမြေကြီးမှတဆင့် မ ဆီသက်ရောက်နိုင်ဖို့ ကျွန်တော် ကြိုးစားတော့မယ်...သိပ်ချစ်တယ်မရယ်......)


🌨️~💘~🌨️


ကလင်........📳.......

ကလင်...........📳


မနက်၅နာရီထိုးသည်နှင့် ကြွေ့ဟန်းဖုန်းလေးကနေ နိူးစက်အသံက အချိန်မှန်နိူးနေလေပြီ....


``ဝါး......Goodmorning

ကြွေနှိုင်းခရေ...တာဝန်တွေ ကျေပွန်အောင်လုပ်ဆောင်ဖို့အချိန်ကျပါပြီ...``


ကြွေသည်တစ်ယောက်ထဲ ခြင်ထောင်မိုးပေါ်ကိုကြည့်ကာ အကြောဆန့်ရင်း တစ်ယောက်ထဲ  စကားများပြောနေသည်...။

ထို့နောက် အိပ်ရာထသည်နှင့် ခြင်ထောင်သိမ်း ၊ အိပ်ရာသိမ်း ၊ စောင်ခေါက်ပြီး သပ်သပ်ရပ်ရပ်လုပ်ကာ မျက်နှာသစ်ဖို့အတွက် အိပ်ခန်းထဲမှထွက်လာသည်....


``မဂ်လာပါ.....``


``မေမေ့..!

အမလေးလန့်လိုက်တာရှင်..

ဘယ်လိုလုပ် မိန်းကလေးအိပ်ခန်းရှေ့ရပ်နေရတာလဲ...

အလန့်တကြားဟွန့်...``


ထနှောင်းသည် ခမ်းနော်အိပ်ရာထကတည်းက နိုးနေလေပြီ..။

ခမ်းနော်က အိမ်မှုကိစ္စတွေလုပ်ပြီး ကြွေ့အိမ်ထဲကနေ မနက်စောစော ထွက်သွားလေတော့ ထနှောင်းကလဲ အပူအပင်မရှိ ကြွေ့အခန်းရှေ့မှာ ကြွေထွက်လာမည်ကိုစောင့်‌ဆိုင်းနေခဲ့သည်မှာ နာရီဝက် ကျော်သွားလေပြီ...။


ထနှောင်းဘာလို့ ကြွေ့ကိုစောင့်နေရသလဲဆို မနက်ခင်းအိပ်ရာကနိုးထချိန်ဟာ မိန်းကလေးတွေရဲ့အလှဆုံးအချိန်ဟု လူကြီးတွေပြောသံကြားဖူးသောကြောင့် ဖြစ်သည်။


ကြွေသည် ထနှောင်းကို နူတ်ခမ်းလေးထော်ပြီး စိတ်ဆိုးမာန်ဆိုးနှင့် မျက်စောင်းထိုးသွားသည်က ထနှောင်း နှလုံးသားကို အချစ်မြှားဖြင့် ပစ်ခွင်းသွားသလို ရင်ဘက်ထဲ အမည်မသိ လှုပ်ခတ်နေမှုကြီးက ထနှောင်းကို မရိုးမယွဖြစ်စေခဲ့သည်.. ။ ထိုခံစားချက်ကို ထနှောင်း အရမ်းနှစ်သက်သည်...။


``မျက်နှာသစ်ပြီးပြီလား

ထနှောင်းလေး``


(ဟင်....ထနှောင်းလေးတဲ့လား..

ညင်သာလိုက်တာမရယ်...

မဆီကနေ ထွက်မသွားနိုင်အောင် လုပ်နေတာလားဗျာ...)


`` မသစ်ရသေးဘူးမမ ကျွန်တော် မမနဲ့အတူ လာသစ်ရမလားဟင်...``


``ဟယ်..ပေါက်တက်ကရ...

ကြွေသစ်ပြီးမှသစ်တော့...အစောထဲက ကြိုသစ်ထားတာမဟုတ်..``


``ဟုတ်ကဲ့... ကျွန်တော် စောင့်နေပါ့မယ်..``


ထနှောင်းသည် ဟုတ်ကဲ့လို့သာဆိုပြီး ထွက်မသွား ၊ 

သွားတိုက်နေတဲ့ကြွေ့ကို တစိမ့်စိမ့်ရပ်ကြည့်နေ‌သည်...။

ကြွေကတော့မသိ ထနှောင်းကိုကျောပေးလျက် မျက်နှာသစ်နေသည်။


 

တောရွာပေမို့ ရေချိုးခန်းဟူ၍ တစ်သီးတစ်သန့်မရှိပေ အိမ်အောက်တွင် ဝါးထရံကာထားကာ အရှက်လုံခြုံဖို့ တံခါးလဲမရှိ ရေတိုင်ကီတစ်လုံးနှင့် ရေဘုံးများသာရှိသည် ။ ရေကိုတော့ နေ့လည်တစ်ခါရေလာထည့်ပေးနေသော ရေထမ်းသမားတစ်ယောက်ရှိသောကြောင့် ရေအတွက်မပူရပေ..။


ကြွေသည် မျက်နှာသစ်နေရင်း အနောက်ကနေ ကျောမလုံသလို တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုလို ခံစားရသောကြောင့် ‌အနောက်သို့ဖြည်းဖြည်းချင်း လှည့်ကြည့်ရာတွင် လှေကားခွင်နားမှာ ဆောင့်ကြောင့်ထိုင်ကာသူမကို  တွေတွေကြီး ငေးကြည့်နေသော ထနှောင်းကိုမြင်လိုက်ရ၍ လန့်သွားသည် ။ 

ကြွေသည် ပလုတ်အမြန်ကျင်းကာ  ထနှောင်းဘက်သို့ မျက်နှာမှုလျက်ခါးထောက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့်ဆူငေါက်ပါတော့သည်...


"ဟေ့..မိန်းကလေးတစ်ယောက်  မျက်နှာသစ်တာတို့ ၊ ကိုယ်လက်သန့်ရှင်းနေတာတို့ဆို မကြည့်ရဘူးလေ..

ဒါလေးတောင်မသိဘူးလား

မင်းအသက် ၁၈နှစ်ပြည့်ပြီမလား..."


``မမ ကျွန်တော့်ကို မင်း ဆိုတဲ့နာမ်စားကြီးမသုံးပါနဲ့..စောစောကခေါ်သလို ထနှောင်းလေး လို့ပဲခေါ်ပါ...``


``ကဲထားပါတော့..ထနှောင်းလေး...မင်းမိဘတွေမသင်ပေးခဲ့ဘူးလား...``


`` အရင်က အကြောင်းတွေ ကျွန်တော် သိပ်မမှတ်မိဘူး..

အခု ကျွန်တော့်မှာ အားကိုးစရာဆိုလို့ မမပဲရှိတော့တာလေ...

အဖေနဲ့အမေလို မမလဲကျွန်တော့ရှေ့ကနေ ဗြန်းစားကြီးပျောက်သွားမှာစိုးလို့ မမဘယ်သွားသွား  ဘာလုပ်လုပ်ကြည့်နေတာပါ...``


``ဟင်း...ခက်တော့တာပဲ..

ကြွေဘယ်မှမသွားဘူး 

ပျောက်လဲမပျောက်သွားဘူး 

ဟုတ်ပြီလား ဒါကြောင့် မျက်နှာကို ဟိုဘက်နည်းနည်းလောက်စောင်းနေလိုက်နော်..``


``ဒါပေမဲ့ 

ကျွန်တော်ဟိုဘက်လှည့်နေတုန်းမမပျောက်သွားရင်ရော....``


``အော်...ဒုက္ခ 

ဒီမယ်...ကြွေက နတ်သိကြားလဲမဟုတ် ၊ မှော်ဖန်ဆင်းရှင်လဲမဟုတ် ၊ မြေလျှိုး‌မိုးမျှော်ပညာလဲမတက်ဘဲ ဘယ်လိုလုပ်ရုတ်တရက်ကြီးပျောက်သွားမှာတုန်း ဟိုဘက်သာလှည့်နေစမ်းပါဟယ်...``


``ဟုတ်ကဲ့...``


ထနှောင်းသည် ကြွေ၏ဆန်ကျင်ဘက်အရပ်သို့ မျက်နှာမှုလိုက်သည်။  ကြွေကလဲ စိတ်ချရပြီဆိုပြီး လက်တွေကို လက်မောင်းရင်းနားထိခေါက်တင်ပြီး ထမီကို ဒူးခေါင်းလောက်မတင်ကာ ၊ ပေါင်နှစ်ဖက်ကြားထဲ ထမီအစကိုထည့်လိုက်သည်။ ပြီးမှ ရေကန်ထဲကရေတစ်ခွက်ကိုခပ်ကာ လက်တွေခြေတွေဆေးရုံရှိသေး....


``မမ.....``


ဗွမ်း....💦


``အာ......ထနှောင်းခ...

သေနာလေး...သေပေတော့...``


ဂလုံ..ဂလွမ်..

ဂလုံ...ဂလွမ်...


‌ထ‌နှောင်းသည် အထိတ်တလန့် ကြွေ့ဖက်လှည့်ပြီး ခေါ်လိုက်တော့ ကြွေ့လက်ထဲကိုင်ထားတဲ့ရေခွက်ကပြုတ်ကျသွားခဲ့သည်..။

ထို့ကြောင့် ကြွေဒေါသထွက်လာကာ ကြမ်းပြင်ပေါ်ကျသွားတဲ့ရေခွက်ကိုပြန်ကောက်ပြီး ထနှောင်းဘက်ကို လှမ်းပစ်လိုက်သည်။ ထနှောင်းသည်လည်း  အလျင်အမြန် အိမ်ပေါ်ထပ်သို့ တက်ပြေးသွားပါတော့သည်...


📝 📝


``ဆရာမလေးရေ..

ဗျို့ဆရာမလေး...``


ခြံဝင်းအတွင်းသို့ လူငယ်တစ်ယောက် ဝင်လာကာ ကြွေ့ကိုအော်ခေါ်နေ၏ ။ ထနှောင်းသည် ထိုလူငယ်လေးကိုကြည့်ကာ အလိုမကျသည့်ပုံစံဖြင့် ခါးထောက်ပြီး အိမ်ပေါ်မှရပ်ကြည့်နေသည်။


``ဟေ့..

မင်းကဘယ်သူလဲ...ငါ့အိမ်ရှေ့မှာ

ဘာဖြစ်လို့ အော်ကြီးဟစ်ကျယ်လုပ်နေတာလဲ....``


``အော်...အကိုလေးနေကောင်းသွားပြီပေါ့...ကျွန်တော်က ဆရာမလေးကိုလာခေါ်တာပါ..သူကြီးခေါ်ခိုင်းလိုက်လို့...``


``အဲ့သူကြီးက ဘာလို့ခေါ် ခိုင်းရတာလဲ...အကြောင်းမရှိအကြောင်းရှာလို့...

သွားပြန်ပြောလိုက်..

 မမ မလာနိုင်ဘူးလို့..

တွေ့ချင်ရင် မမအိမ်လာခဲ့လို့ပြောလိုက်...``


ကြွေသည် အိပ်ခန်းထဲက ထနှောင်း ပြောသံကြားပြီး ခေါင်းနပန်းကြီးသွားရသည်..။

ထွက်လာလို့လဲ အဆင်မပြေသေး အကျီဝတ်လက်စတန်းလန်းနဲ့မို့.. ၊ အော်ပြောရင်လဲ ထနှောင်းကစိတ်ချရသူမဟုတ် မထင်ရင်မထင်သလို အိပ်ခန်းထဲဝင်လာတက်သေးတာ..


``ဟာဗျာ..

အကိုကလဲ ရင့်လာချေလား..

ကျုပ်က အကိုပြောခိုင်းသလို သူကြီးကိုပြောလိုက်ရင် နဗန်ကျင်းခံရမှာပေါ့ဗျ..``


``သူလုပ်တော့လဲခံလိုက်ပေါ့ဟ..

ငါ့အသားနာတာမှမဟုတ်တာ...``


``ဟာ..အကိုနော်... 

ကျုပ်စကားအကောင်းပြောနေတာ....ဆရာမလေးဘယ်မှာလဲ...ဆရာမလေး...ဆရာမလေးရေ...``


``အာ...ငါလုပ်ထဲ့လိုက်ရ....

မရှိပါဘူးဆို..သွားတော့..``


``လာပြီမောင်လေးရေ...

လာပြီ ဆရာမက နောက်ဘေးမှာ လုပ်စရာလေးတွေရှိလို့

ကြာသွားတယ်...

ကဲပြော...သူကြီးကဘာမှာလိုက်တုန်း...``


ကြွေသည် အခန်းထဲမှ အိမ်ရှေ့ထနှောင်း တို့ရှိရာဆီ ပြေးထွက်လာပြီး  ရန်ထဖြစ်တော့မည့်ဆဲဆဲ ထနှောင်းကို ကြွေ့အနောက်သို့ပို့လိုက်သည်....


‌ ကြွေက ထနှောင်းထက်အသက်ကြီးပေမဲ့ အရပ်အမောင်းဆိုလျှင် ကြွေ့အရပ်က  ထနှောင်း ရင်ဘက်လောက်သာသာရှိသည်...။

ရေမိုးချိုးပြီး  အစိမ်းရောင်မြန်မာရင်ဖုံးအကျီဝမ်းဆက်နှင့် သနပ်ခါးရနံ့သင်းသင်းလေးက ထနှောင်းရင်ကို လှုပ်ခတ်စေပါသည်...။

ရိုးရိုးလေးနှင့် လှနေသူမို့ ကြွေ့ကို ချစ်ခင်သူတွေ တောင်လိုယာလိုပုံနေမှာ အမှန်ပင်ဟု ထနှောင်းတွေးနေမိသည်..။


ဆံနွယ်လေးကို မနေ့ကလို ချမထားဘဲ မြင့်မြင့်ထုံးထားသောကြောင့် လည်တိုင်းစင်းစင်းလေးကနေ အကြောစိမ်းလေးက အထင်းသားပေါ်နေလေသည်...။

ထနှောင်းသည် ကြွေ့ကိုကြည့်ရင်း အရိုင်းစိတ်တွေဝင်လာခဲ့သည်...။

ဖြောင့်စင်းနေသော လည်တိုင်ကို ဖြစ်နိုင်လျှင် အနမ်းပေးလိုက်ချင်နေသည် ။ ထိန်းချုပ်ထားရသည်ကား လွယ်သည့်ကိစ္စမဟုတ်ပင်...။


``သူကြီးကခေါ်ခိုင်းလိုက်တာပါဆရာမလေး...``


``အင်း ဒါဆို‌ဆရာမလိုက်ခဲ့မယ်နော်...``


``ဟုတ်ကဲ့..

 ဆရာမလေး ဟိုလူကိုပါခေါ်လာခဲ့ဖို့သူကြီးက ပြောလိုက်ပါတယ်...``


လူငယ်လေးသည် ထနှောင်းကိုမကြည့်ဘဲ ကြွေ့ကိုသာ ပြုံးလျက်ကြည့်ပြီးပြောတော့ ထနှောင်းကသဝန်တိုနေရပြန်သည်....


``ငါကဘာလို့လိုက်ရမှာလဲ မလိုက်နိုင်ဘူး..မမ..

မမလဲမလိုက်နဲ့ အဲ့ဒီ့သူကြီးဆိုတဲ့ကောင်က စိတ်ချရတာမဟုတ်ဘူး...``


``ဟဲ့..ဘာတွေလျှောက်ပြော..``


``ဘာကွ..မင်းကများငါတို့သူကြီးကို..``


``စိတ်လျော့ပါကလေးရယ်..

ဆရာမတောင်းပန်ပါတယ်နော်...ဆရာမခဏနေကျရင်လာခဲ့ပါမယ်...ကလေးကအရင်ပြန်နှင့်လိုက်ဟုတ်ပြီလား...``


``ဟုတ်ကဲ့ပါ...

ဆရာမလေးရှိနေလို့ မင်းသက်သာတယ်မှတ်လိုက်ပါ...တောက်စ်...``


``အောင်မယ်...အသက်ကဖြင့်

ငါ့ခြေသန်းလောက်တောင်

မရှိသေးတဲ့ကောင်ကများ..

လာလေ..မင်းချချင်ရင် နေရာမရွေးနဲ့ ငါဘယ်သူလဲ မင်းသိရင် ဖျားသွားမယ်..``


``ဟေ့..ထနှောင်းခ!

 မင်းနော်..တော်တော်ဆိုးတာပဲ... အခုအဖြစ်အပျက်မှာ မင်းကမှားတယ်..ဘာလို့သူများကို ရင့်ရင့်သီးသီးသွားပြောရတာလဲ...

မမ မကြိုက်ဘူး..``


ထနှောင်းသည် ကြွေကသူ့ကိုဆုံးမနေပုံလေးကိုကြည့်ပြီး လက်ပိုက်ကာပြုံးစိစိဖြင့်သဘောကျနေသည်..


``မမရယ်...နာမည်က မရှည်လွန်းဘူးလား...ထနှောင်းလေး...လို့ခေါ်ပါလား...``


``အို...ထနှောင်းလေးပဲဖြစ်ဖြစ် 

ထနှောင်းကြီးပဲဖြစ်ဖြစ် မင်းလုပ်ရပ်ကမှားတယ်...``


``ဟုတ်ပါပြီဗျာ..ကျွန်တော့အမှားပါ ကျေနပ်ပြီလား...``


``အင်း..လာ..

ဒါဆို သူကြီးအိမ်သွားရအောင် 

ဟိုရောက်ရင် ‌စောစောက ကလေးကိုပြန်တောင်းပန်နော်...``


ကြွေသည် ထနှောင်းကိုပြောပြီး အိမ်အောက်ကို ဆင်းမည်အလုပ် ထနှောင်းက ကြွေ့လက်ကိုဆွဲလိုက်၍ ကြွေ့ခန္ဓာကိုယ်လေး အရှိန်ဖြင့် ထနှောင်း ရင်ခွင်ထဲဝင်ရောက်သွားပါတော့သည်...။

ကြွေသည် ထနှောင်းရင်ခွင်ထဲရောက်သွားသောကြောင့် ကြက်သီးထသွားက ထနှောင်းမျက်နှာကို မော့ကြည့်လျက် လျင်မြန်စွာရုန်းထွက်လိုက်သည်..။ ထနှောင်းကတော့ ကျေနပ်ပီတိဂွမ်းဆီထိကာ ပြုံးရွင်နေပါတော့သည်...


``တောင်းပန်ပါတယ်မမ..

ခုဏကမမပြောတဲ့အထဲမှာကျွန်တော်မကြိုက်တာရှိတယ်..``


``ဘာလဲ..ဘာကိုမကြိုက်လို့လဲ...``


``ကျွန်တော်တောင်းပန်မယ်ဆို မမကလွဲပြီး ဘယ်သူ့ကိုမှ မတောင်းပန်နိုင်ဘူး...နောက်ပြီး ကျွန်တော်က ငယ်ငယ်ထဲက ဘယ်သူ့ကိုမှတောင်းပန်ဖူးတာမဟုတ်ဘူး``


မဟုတ်ဘူးလေ ထနှောင်းရယ်...


``ဟုတ်တယ်မမ ကျွန်တော်မမပြောတဲ့အတိုင်းလိုက်ခဲ့မယ် ဒါပေမဲ့မတောင်းပန်နိုင်ဘူး...``


``ဟင်း..ကဲထားတော့..

လာ သူကြီးအိမ်ဆီ အရင်ရောက် သွားရအောင်...``


``မမ...``


``ဘာတုန်း...!``


``ကျွန်တော်မတောင်းပန်ဘူးနော်..``


``အေးပါဟယ်..လာသွားကြမယ်...``


`` မမ``


`` ထနှောင်းခ.. ဒီနေ့ငါတို့ သူကြီးအိမ်ရောက်ဖြစ်ပါတော့မလားဟမ်..``


`` ‌သွားရင် ရောက်မှာပေါ့မမမရယ်..နာမည်လေး ခေါ်ကြည့်တာကို စိတ်ချည်းပဲ..``


အပိုင်း (၃)မျှော်...💁


သူကြီးအိမ်မှာ ထနှောင်းခတို့ 

ဘာတွေမွှေဦးမလဲ စောင့်မျှော်ပေးကြပါဦးနော်...😘


မေ့ဝတ္တုလေးကို အားပေးလို့ ကျေးဇူးပါ🙏


rate now: