book

Index 19

အပိုင်း ( ၁၉ )

💙ကျွန်တော့်နှလုံးသား 

                    မမထံဝပ်ဆင်း၍💙


°~°~°~°~°~°~°


သရဲအိမ်ထဲမှ မျက်ရည်ပင်လယ်ဝေကာ ထွက်လာသော ခြွေ့ကိုကြည့်ရင်း ဏီသည် ပြုံးကာ   ဂျင်းဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ပြီး အရှေ့မှ ထွက်သွားလေသည်။ 


ခြွေသည် သရဲအိမ်ထဲမှ အဖြစ်အပျက်ကို စဉ်းစားရင်း ရှက်ရှက်နှင့် ကိုယ့်နှဖူးကို ရိုတ်နေ၏။ အရှေ့မှ ဂရုမစိုက်ဘဲ ထွက်သွားသော ဏီ့ကျောပြင်ကို ကြည့်ရင်း ရှက်ပြုံးပြုံးနေပါတော့သည်။


`` ဟေ့...ဟိုလူ... စောင့်ဦးလေ..``


ခြွေသည် ပြောလဲပြော ဏီ့ဘေးနားသို့ ခပ်သုတ်သုတ် ပြေးလာခဲ့သည်။ ဏီကတော့ ဘာမှမပြောပဲ ပတ်ဝန်းကျင်ကိုသာ စိတ်ဝင်တစား ကြည့်နေ၏။ သရဲအိမ်ထဲမှ အဖြစ်အပျက်ကို ဘာတစ်ခုမှ ထုတ်မပြောသည့်အပြင့် ခြွေ့ကိုပြုံးရုံသာ ပြုံးပြသည့် ဏီ့စိတ်ဓာတ်ကို ခြွေလေးစားလာခဲ့သည်။


`` ဟို...ခြွေ့အကြောင်းကို မမကို မပြောဘူးမလားဟင်..``


မျက်လုံးကလေး ကလယ်ကလယ် ဖြင့် လက်သီးလေးကို ကျစ်နေအောင်ဆုပ်ပြီး ဏီ့ကိုမော့ကြည့်ကာ ‌ စကားဆိုသည့် ခြွေ့ကို စောင်းငဲ့ကြည့်ရင်း ခေါင်းခါပြလိုက်သည်။


မျက်လုံးထောင့်ကပ်ကာ သူမကို ခိုးကြည့်လိုက်ချိန်တွင် ပြုံးရွင်နေသည့် သူမကြောင့် ‌ဏီ့ရင်ထဲ ရေလှိုင်းစီးသလို သိမ့်ခနဲ ခုန်သွားသည်။ 


သူမကို ဆက်ကြည့်နေလျှင်  ဏီ့နူတ်ခမ်းမှ ချစ်စကားဆိုမိတော့မည်ဖြစ်၍ ပတ်ဝန်းကျင်ကိုသာ တောင်တောင် မြောက်မြောင်ကြည့်နေရသည်။


`` အခုထိ ရှင့်နာမည်ကို မသိရသေးဘူးနော်...``


`` ကို့နာမည်က ဘရဏီ... ``


`` အော်..နာမည်လေးက လှလိုက်တာ..``


ထို့နောက် သူတို့နှစ်ယောက်ကြားတွင် စကားသံ တိတ်ဆိတ်သွားပြန်သည်။ ဏီသည် မယောင်မလည်နှင့် ခြွေ့ဘက်လှည့်ကြည့်သော်  ခြွေကလဲ ဏီ့ကို ကြည့်နေချိန်နှင့် တိုက်ဆိုင်ကာ နှစ်ယောက်စလုံး လန့်သွားကြသည်။ ပြီးမှ အပြုံးများဖြင့် မရဲတရဲပြန်ကြည့်ကာ ခြွေ၏ ခပ်ဟဟရယ်သံကြောင့် ဏီ့ရင်ထဲအပူလုံးကြီးကျသွားပါတော့သည်။


``ခြွေက ကျောင်းပြီးပြီလား...``


`` ဟင့်အင်း ရန်ကုန်တက္ကသိုလ်မှာ ဝိဇ္ဇာတတိယနှစ်..ရှင်ကရော..``


`` B.Tech ( နည်းပညာဘွဲ့ ) နဲ့ကျောင်းပြီးပြီ...အခု EGENကုမ္မဏီမှာ Managerial လုပ်နေတယ်..``


`` ဝါး..ကောင်းလိုက်တာ..``


သူမလက်ကိုကြည့်ရင်း ဏီသည် လက်တွဲ၍ ‌လမ်းလျှောက်ချင်နေသည်။ ကလေးတစ်ယောက်ကို လက်ကို လွဲကာ လျှောက်လှမ်းနေသောကြောင့် ဏီ့အတွက် အခွင့်မသာခဲ့ပေ...။ ဏီသည် လျှောက်လှမ်းပေါ် လမ်းလျှောက်နေရင်း ရပ်တန့်လိုက်သောကြောင့် ခြွေက မေးရပြီ...။


`` ဘာလုပ်စရာရှိလို့လဲ...

ဘာလို့မသွားတော့တာလဲဟင်..``


ခြွေ့မျက်နှာ ဝိုင်းဝိုင်းလေးကို တမော့တမောငေးကြည့်ယူလျက် ပင့်သက်တစ်ချက်ရှိုက်ပြီး စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။


`` ခြွေ ..

ကိုယ်မင်းကို ပြောချင်တာ တစ်ခုရှိတယ်..``


`` အင်း...ပြောလေ...``


ဝိုင်းစက်နေသော အညိုရောင် မျက်ဝန်းကလေးက ဏီ့ကိုကြည့်နေသည်မှာ  အပြစ်ကင်းစင် လွန်းလှသည်။ 


`` ကို...ကိုလေ...မင်းကို...``


`` ဟာ..ဟိုမှာ မမတို့ကို တွေ့ပြီ...``


စကားမဆုံး ဏီ့အနောက်မှာ ကြွေနှင့်ထနှောင်းတို့ကိုတွေ့ ၍ ခြွေသည် ခုန်ပေါက်ကာ ကြွေ့တို့အနားသို့ရောက်သွားသည်။ ပြောလက်စ စကားကို မျိုချရင်း ထနှောင်းဘက်သို့လှည့်ပြီး စူးရှရှ ကြည့်လိုက်သည့် ဏီ့အကြည့်ကြောင့် ထနှောင်းမျက်နှာလွဲလိုက်ရသည်။


`` ပျော်ခဲ့ရဲ့လား ညီမလေး...``


``ဟုတ်မမ.. 

တကယ်တော့ သရဲအိမ်ကလုံးဝကြောက်စရာမကောင်းပါဘူး..

နော့်..``


ဏီ့ဘက်သို့လှည့်ကာ စကားလှမ်းထောက်ပြန်တော့ ဏီကလဲ မျက်ခုံးပင်ပြီး ပြီတီတီအပြုံးနှင့် ခေါင်းငြိမ့်ပြရသည်။ 


`` ဘယ်သွားကြဦးမလဲ..``


ထနှောင်းမေးခွန်းကြောင့် သုံးယောက်စလုံး သူ့ကိုကြည့်ကာ သွားမည့်နေရာကို စဉ်းစားနေကြသည်။


`` မွေးနေ့မှာဆို ဘုရားကို ဘာလို့မသွားကြတာလဲ...

မြန်မာအယူဝါဒမှာ မွေးနေ့ရောက်ပြီဆိုတာနဲ့ မိဘကိုအရင် ကန့်တော့်ပြီး ဘုရားမှာ ဆွမ်းဆီမီးသွားကပ်ကြရတယ်...``


`` ဒါဆိုကျွန်တော်တို့ ဘုရားသွားရအောင်လေ.. ဒီကနေထွက်ရင် ရွေတိဂုံဘုရားအရှေ့ဘက်မုဒ်ရောက်လိမ့်မယ်...``


`` အင်း 

လမ်းလျှောက်သွားကြတာပေါ့.. ``


ထနှောင်းသည် ကြွေ့ကို မျက်စိအောက်ကနေ အပျောက်မခံနိုင်ပါ..။ ခရီးအစမှ ဆုံးသည်အထိ သူမနှင့်အတူ စကားစမည်ပြောရင်း သွားချင်ပေမဲ့ ခြွေက သူမလက်ကိုကျစ်နေအောင်ဖက်တွယ်ထားသောကြောင့် ဏီနှင့်သာအရှေ့မှ ခပ်သုတ်သုတ်သွားရသည်။ ဏီ့ကိုကြည့်ပြန်တော့လဲ မျက်နှာစူပုတ်လျက် ..သက်ပြင်းကလဲ ခဏခဏ ချနေသည်။


`` ဏီ..မင်းဘာဖြစ်နေတာလဲ..``


ထနှောင်းကို စေ့စေ့ကြည့်ပြီး ဆက်ကနဲပြန်လှည့်ကာ ခပ်ခွာခွာနေလိုက်သည်။ ဏီ့ပုံစံကို ထနှောင်း နားမလည်ပေ၊

 ဏီ့အနားသို့ ထပ်မံသွားကာ အသံခပ်အုပ်အုပ်ဖြင့် ပြောသည်..။


``မင်းပုံစံက ဘာဖြစ်နေတာလဲ..

အဲ့လိုပုံစံကို ငါကလုပ်ရမှာလေ..

မမနဲ့ငါ့ကို နှစ်ယောက်ထဲနေဖို့အတွက် မင်းကခြွေ့ကို ဆွဲခေါ်ထား...``


`` ဟျောင့်ငါ့လာမပြောနဲ့ကွ...ငါခြွေ့ကို ဖွင့်ပြောတော့မယ့် အချိန်မှာ မင်းတို့ရောက်လာလို့ ပျက်သွားတာလေ...``


ဏီကလဲမခံ ထနှောင်းကိုခပ်အုပ်အုပ်အသံဖြင့် ပြန်ပြောသည်။ နှစ်ယောက်သား သူ မကြည် ကိုယ် မကြည်ဖြင့် ရွေတိဂုံဘုရားရင်ပြင်တော်ပေါ်သို့ရောက်သွားကြသည်။


 မွေးနေ့တူ ၊ နေနံတူသည့် ထနှောင်းနှင့် ကြွေတို့စုံတွဲအတွက် လွတ်လွတ် လပ်လပ်ရှိစေရန် ဏီသည် ခြွေ့ကိုခေါ်ကာ မြောက်ဘက်မုဒ်ရှိ စေတီပုထိုးနားသို့ ခေါ်သွားသည်။


နှစ်ယောက်ထဲ လွတ်လပ်သွားသည့်အတွက်ကြောင့် ထနှောင်းနှင့် ကြွေတို့သည် ဘုရားကို ရေသပ္ပာယ် ၊ ဆီမီးနှင့် အမွေးတိုင်များ ကပ်လှုပူဇော်ရင်းဝတ်ပြုဆုတောင်းကြသည်။ 


ယေကျာ်းလေးဖြစ်၍ ဘုရားရှိစ်ခိုးဦးချသည်မှာ မြန်နေသည့် ထနှောင်းသည် ၊ သေချာစွာ ဝတ်ပြုဆုတောင်းနေသော ကြွေ့ကိုကြည့်ကာ ဖုန်းကင်မရာဖြင့် အမှတ်တရ ဓာတ်ပုံရိုတ်ယူသည်။ ကြွေဘုရားရှိစ်ခိုးပြီးသည်နှင့် အရိပ်ရတန်ဆောင်းပေါ်မှာ နှစ်ဦးသားထိုင်ရင်း ရွေတိဂုံဘုရားကြီးသပ္ပာယ်ပုံများ ၊ ရန်ကုန်မြို့တွင် အကြီးဆုံးဘုရားဖြစ်ကြောင်း ၊ နိုင်ငံခြားသားဧည့်သည်တော်တွေလဲ အများအပြားလာရောက်ကြောင်း ၊ ရှေးဟောင်းနှောင်းဖြစ်များပြောရင်း နှစ်ဦးသားရင်းနှီးမှုထက် ချစ်ခင်စုံမက်မှုအနည်းငယ်ပိုလာသည်ကို နှစ်ယောက်စလုံး ရိပ်မိနေကြသည်။


`` မမ ခုဏက မမဘာတွေဆုတောင်းနေတာလဲ..

ကျွန်တော့်ကို ပြောပြလို့ရမလား..``


ဘေးတစောင်းအနေအထားဖြင့် ထိုင်နေသော ကြွေ့ဘက်သို့ထနှောင်းသည် တည့်တည်ထိုင်ကာ ကြွေ့အနားသို့တိုးကပ်လိုက်သည်။


`` မမ အမြဲဆုတောင်းနေကြကတော့ မေမေနဲ့ဖေဖေ ကို သက်ဆုံးတိုင်ကိုယ်ဖိရင်ဖိ ကျွေးမွေးပြုစုစောင့်ရှောက်နိုင်သော သမီးကောင်းတစ်ယောက်ဖြစ်ပါစေလို့လေ..``


``ဒီနေ့ကရော..``


ထနှောင်းသည် ကြွေ့လက်ဖဝါးလေးကို သူ၏လက်ဖဝါးပေါ်တင်ကာ လက်ချောင်းကလေးများကို ပွတ်သပ်ကစားနေ၏..။


`` ဒီနေ့ကတော့ မေမေနဲ့ဖေဖေတို့အသက်ရာကျော်တိုင် နေထိုင်နိုင်ပါစေ..ညီမလေးဘဝမှာလဲ ခလုတ်မထိဆူးမညှိပါပဲ ဘဝခရီးလမ်း သာယာဖြောင့်ဖြူးပါစေလို့ ဆုတောင်းတယ်...``


`` ဟင်..ဒါဆို မမအတွက်ကရော..``


နားမလည်သည့်ပုံစံဖြင့် မေးနေသည့်ထနှောင်းကိုကြည့်ကာ ကြွေ့နူတ်ခမ်းကို လက်ဖြင့်အုပ်ပြီးရယ်လိုက်၏..၊ ပြီးမှ သူမလက်ကို ကိုင်ထားသော ထနှောင်းလက်ကို ဖယ်လိုက်၏..။


`` မမက ဆုတောင်းစရာမလိုဘူး...

မမကိုယ်တိုင် ကောင်းမှုကုသိုလ် ပြုလုပ်တဲ့သူဆိုတော့ ကောင်းကျိုးတွေက မမအရင်ဆုံးရမှာပဲလေ.. မမရင်ထဲမှာ ဘာတွေ ဖြစ်နေသလဲ၊ ဘာလိုအပ်ချက်ရှိနေသလဲဆိုတာ မြတ်စွာဘုရားက သိပါတယ်... ဒါကြောင့် ဆုမတောင်းတော့တာ...``


သူ၏လက်ကိုဖယ်လိုက်သော ကြွေ့လက်ကို ပြန်၍ ဆုပ်ကိုင်ကာ လက်နှစ်ဖက်လုံးဖြင့် ဖျစ်ညစ်ထားလိုက်ပြန်သည်။


`` မမကရော ကျွန်တော်ဘာဆုတောင်းလဲ မမေးတော့ဘူးလား..``


ကြွေသည် ထနှောင်းကိုင်ထားသော သူမလက်ကိုကြည့်ရင်း မျက်ခုံးပင့်ကာ ထနှောင်းမျက်ဝန်းကို စေ့စေ့ကြည့်ရင်း ပြုံးလိုက်၏..။


``ထနှောင်းဆုတောင်းကရော

 ဘာလဲဟင်..``


`` မမရဲ့ ဖူးစာဖက်ဖြစ်စေဖို့..``


ထနှောင်းအဖြေကြောင့် ကြွေခဏတာ အံအားသင့်ခဲ့ပြီး ကျေနပ်ပီတိဖြင့် ခပ်အုပ်အုပ် ရယ်လိုက်သည်။


`` ဘာလို့ရယ်တာလဲမမ..ကျွန်တော်မမကို တကယ်ချစ်တာပါ...

ဘုရားထံမှောက်မှာ သစ္စာဆိုရဲပါတယ်...မမကို တင့်တောင်းတင့်တယ် လက်ထပ်ယူပြီး ညိုငြင်မှုကင်းစွာနဲ့ မမမျက်နှာတစ်ချက်

မညိုးရအောင် ထားမယ့်သူပါ..``


ကြွေသည် ရေပက်မဝင်တရစပ် ပြောနေသော ထနှောင်းမျက်ဝန်းကို ကြည့်ရာတွင် ယုံကြည်မှု အပြည့်ရှိနေသည်။ တပြိုင်နက်ထဲ ကြောက်ရွံ့စိုးထိတ်မှု တစ်စုံတစ်ခုဖြစ်နေသလို သူ၏မျက်အိမ်ငယ်ဟာ တုန်လှုပ်နေ၏..။


`` ဟုတ်ပါပြီထနှောင်းရယ်.. 

မမသိပါတယ်..``


`` မမသိရုံနဲ့မဖြစ်သေးဘူးလေ..

လက်ခံယူရမယ်.. 

အသိအမှတ်ပြုရမယ်..

ကျွန်တော့်ကို မမဘဝထဲ ဝင်ခွင့်ပြုရမယ်... ဒီလိုမှ ..``


ဆန့်ကျင်ဘက်အရပ်သို့လှည့်ကာ မျက်နှာထား တည်ငြိမ်သွားသည့်ကြွေ့အပြုအမှုကြောင့် ထနှောင်းရင်ထဲ ကြောက်ရွံ့ တုန်လှုပ်သွား၏..။


`` မမ...

ကျွန်တော့်ကို မချစ်နိုင်သေးတာလား...

ဒါမှမဟုတ် ရှေ့လူကို မေ့မရနိုင်သေးတာလား..``


ကြွေ ပြန်မဖြေခဲ့ပါ...

ရွေတိဂုံဘုရားကြီးကိုသာ ဖူးမြော်ရင်း တိတ်ဆိတ်နေသည်။ ကြွေနှင့် ထနှောင်းကြားမှာ စကားမပြောရသည့် စက္ကန့်၃၀ဟာဆိုလျှင် ကမ္ဘာနှစ်ခုခြားထားသလို ရင်ထဲလှစ်ဟာနေ၏...။ 


ထနှောင်းသည်လည်း ကြွေဖူးမြော်နေသည့် ရွေတိဂုံဘုရားကြီးကိုသာ စေ့စေ့ကြည့်ရင်း မျက်ဝန်းအိမ်ထဲမှ မျက်ရည်များဝေ့တက်လာခဲ့သည်။


`` အကယ်၍များ မမထားသွားခဲ့လျှင်ဆိုပြီး ကျွန်တော်မတွေ့ဝံ့ဘူး ၊ မတွေးရဲဘူး ၊ 

မတွေးခဲ့ပါဘူးမမရယ်... 

ဒါပေမဲ့ အခုခေါင်းထဲ မေးခွန်းတွေ ထောင်သောင်းချီပြီး ဝင်လာနေတယ်... ၊

အဲ့မေးခွန်းတွေကို ပြန်ဖြေဖို့ ကျွန်တော့်မှာ ခွန်အားမရှိ‌ဘူး...``


ကြွေသည် ထနှောင်းကိုမကြည့် သူ၏လက်ကို ဆုပ်ကိုင်ကာ ဖွဖွလေး နှစ်သိမ့်သလို ပုတ်ပေးနေသည်။


`` အချစ်ဆိုတာ မီးနဲ့တူတယ်ထနှောင်း...

မကစားသင့်ဘူး...

မတော်လို့ တောက်လောင်ကုန်ရင် ဘေးဘက်က မဆိုင်တဲ့အရာတွေကိုပါ ကူးစက်သွားနိုင်တယ်..

ဆင်ခြင်တုံတရားနဲ့ရှေ့ဆက်ပြီး သတိလေးနဲ့ နေသွားတာအကောင်းဆုံးပါပဲ....``


ထနှောင်းကိုမကြည့်ဘဲ ဖြတ်ပြေးသွားသည့် မိုးပေါ်က တိမ်‌ဖြူလေးတွေကိုကြည့်ရင်း ကြွေစကားဆိုနေသည်။ ကြွေ့စကားများကိုနားထောင်ရင်း ထနှောင်းသည် ကြွေ့လက်ကလေးကို အားဖြင့် ဖျစ်ညစ်မိ၏..။


ကြွေပြောသည့်စကားက အငြင်းစကားလား...မဟုတ်နိုင်...၊

လက်ခံသည့်စကားဆို ပို၍မဖြစ်နိုင်ချေ..၊ 


 ထနှောင့်ကြောင့် နာသွားသည့် သူမလက်ကို ဖယ်မလို့ ရုန်းပေမဲ့ ထနှောင်းက လွတ်မပေးချေ..။ သူမလက်ကလေးကို ပွတ်ပေးကာ အသာအယာဆုပ်ကိုင်ပြီး ကြွေ့လက်သန်းကြွယ်လေးကိုကြည့်နေ၏....


`` ဒီနေရာမှာ ကျွန်တော်က လက်စွပ်ကလေးကို ကျွန်တော်ကိုယ်တိုင် စွပ်ပေး မယ်...

အဖြူရောင်ဂါဝန်လှလှလေးဝတ်ပြီး မဂ်လာလျှောက်လှမ်းကနေ လာတဲ့မမကို မဂ်လာစင်ပေါ်မှာ ပြုံးပြုံးကြီးလက်ကမ်းကြိုဆိုရင်း မမအသိုင်းအဝိုင်းကိုရော ကျွန်တော့်ပတ်ဝန်းကျင်ကိုပါ အသိပေးမယ်... 

ထနှောင်းခနဲ့ ကြွေနှုင်းခတို့ ဇနီးမောင်နှံ ဘဝတစ်ခုကို ချစ်ခြင်းမေတ္တာတွေနဲ့ စပြီး တည်ထောင်ပါပြီလို့လေ.... 

ဖြစ်နိုင်ပါဦးမလား...မမ..``


ဆန့်ကျင်ဘက်အရပ်ကိုသာ ငေးနေသော ကြွေ့မေးစေ့လေးကိုကိုင်ကာ ထနှောင်းဘက်ကို ကြည့်ခိုင်းစေတော့ ကြွေ့မှာ ပါးချိုင့်လေးပေါ်အောင် ပြုံး၍ပြသည်။


`` အဲ့လိုအပြုံးတွေနဲ့ 

မောင့်ကို မနှိမ့်စက်ပါနဲ့မမရယ်... မောင်တကယ်ချစ်တာပါ..``


``မောင် `` ဆိုသည့်စကားလုံးကို ကြွေမနှစ်သက်သည့်ပုံစံဖြင့် မျက်မှောင်ကြုတ်နေ၏ ။


``လူကြားထဲမှာဆို အဲ့လိုမခေါ်ပါနဲ့.. 

မပိုင်ဆိုင်ရသေးတဲ့ အရာဝတ္တုတစ်ခုကို စရံအရင်သတ်ပြီး ယူထားလို့ရပေမဲ့လို့ အချစ်ကိုတော့ အဲ့လိုလုပ်မရဘူးလေ..

စဉ်းစားပါရစေဦး...``


`` ကျွန်တော် ၃နှစ်ကျော် စောင့်ခဲ့ပြီးပါပြီ.. 

ဘယ်နှနှစ် ထပ်စောင့်ရဦးမှာလဲဗျာ..``


`` စိတ်ရှည်သည်းခံမှပေါ့...

အဟွန်း..``


``ဒါဖြင့် မနက်ဖြန်ဆိုရင်ရော..``


`` အို...မြန်လှရီလား..``


`` မမြန်ပါဘူး မမရယ် 

နောက်ကျနေပြီကို...``


`` ဒါဖြင့် ပြန်ကြစို့ကွယ်..အပြင်မှာနေတာ ကြာခဲ့ပြီ..``


``ဟုတ်ကဲ့..``


ထနှောင်းသည် တန်ဆောင်းပေါ်မှအရင်ဆင်းကာ အောက်ရောက်မှ ကြွေ့ခါးလေးပေါ် လက်တင်ပြီးချီ၍ အောက်သို့ ချလိုက်သည်။

လေတဖြူးဖြူးဖြင့် ‌ကြင်သူနှစ်ဦးလမ်းလျှောက်လာရင်း လမ်းတစ်ဝက်တွင် ခြွေတို့ကို တွေ့၍ အရှေ့ဘက်မုဒ်မှ ဆင်းပြီး Happy worldသွားမည့်လမ်းပေါ်သို့ ပြန်သွားခဲ့သည်။


 ခြွေနှင့်ကြွေသည် အရှေ့မှ သွား၍ ဏီနှင့် ထနှောင်းတို့သည် သူမတို့ အနောက်မှ ခပ်ခွာခွာ လိုက်လာခဲ့သည်။ Happy worldသွားရန်အတွက် ကားလမ်းမကို ဖြတ်ကူးရန် ကားရှင်းမရှင်းကြည့်နေစဉ် ကြွေ့တို့ညီအစ်မနှစ်ယောက်ရှေ့သို့ အဖြူရောင် အလုံပိတ် ဘင်ကားတစ်စီးရောက်လာကာ သူမတို့အော်ချိန်တောင်မရဘဲ အဓမ္မကားပေါ်သို့တင် ပြန်ပေးဆွဲသွားပါတော့သည်။


`` မမ...!!``


`` ခြွေ...!!``


 ထနှောင်းတို့ မြင်မြင်ခြင်း အနောက်ကနေ ပြေးလိုက်ပေမဲ့မမှီတော့ချေ....၊ 

ကားနံပါတ်ကိုသာ မှတ်ပြီး ထနှောင်းကားကိုအမြန်ယူကာ ထိုကားနောက် လိုက်သွားခဲ့သည်။ 


`` မိုးဇွန်ဆီဖုန်းဆက်

 ရန်ကုန်အမြန်လာခိုင်းဖို့ပြောလိုက်...``


`` အင်း...``


ဏီသည်လည်း စိတ်ပူစွာဖြင့် ဖုန်းကို ထုတ်ကာ မိုးဇွန်ကို ခေါ်လိုက်ပြီး ကြွေတို့ကို ခေါ်သွားသည့် ကားကို လိုက်ရှာပေမဲ့ မတွေ့တော့ချေ..၊ ထိုကားမောင်းသူ သည် ရန်ကုန်မြို့ကို နှံစပ်သည့်လူဟု ထင်မိ၏..၊ မျက်ခြေဖျက်သွားသည်မှာ လဲသိပ်မြန် လွန်းသည်။


စီယာတိုင်ကိုထုကာ ကြိတ်မနိုင်ခဲမရ အော်ဟစ်ရင်း  ထနှောင်း ဒေါသတွေ ငယ်ထိပ်ထိ တက်ရောက်လာခဲ့သည်။ ‌မျက်စိရှေ့မှာတင် လူနှစ်ယောက်လုံးကို ကားတင်ပြေးသွားသည်ကို မြင်လိုက်ပြီး ဘာမှ မလုပ်နိုင်အောင် အသုံးမကျသည့် လူတစ်ယောက်လို ဘရဏီကလဲ အခံရခက်နေသည်။


`` ခ..အဲ့ဒါ ဘယ်ကောင်လို့ထင်လဲ...

ကြွေနှိုင်းခတို့မှာ ရန်သူရှိမယ်လို့တော့ ငါမထင်ဘူး..ရန်ကုန်မှာ မင်းရန်ဘက် ဘယ်သူရှိလဲ...``


ဏီ့မေးခွန်းကြောင့် သေချာစွာ စေ့စေ့စပ်စပ်စဉ်းစားသော်လဲ အဖြေက ထွက်မလာခဲ့ချေ..။

ထိုအခါ ထနှောင်းသည် အကြံတစ်ခုရသွားပြီး ကားကိုတရကြမ်းမောင်းထွက်လာကာ ရဲဘက်စခန်းသို့ ဝင်လာခဲ့သည်။ 


စခန်းထဲရောက်သော် ပခုံးထက်တွင် ကြယ်သုံးပွင့်ရှိသည့် ဗိုလ်ကြီးဆီသို့ တည့်တည့်ရောက်လာကာ ထိုဗိုလ်ကြီးကို ထနှောင်းနှင့် ဘရဏီက အလေးပြုလိုက်၏။


``လေးစားပါတယ် ဗိုလ်ကြီး...``


ထနှောင်းအသံကြောင့် စာရေးစားပွဲပေါ်တွင် အလုပ်ရှုပ်နေသော ဗိုလ်ကြီးမော့ကြည့်ရာ ထနှောင်းကိုတွေ့သည်နှင့် မတ်တပ်ထရပ်ပြီး  လေးစားသော အမှုအရာဖြင့် ထနှောင်းတို့ကို ထိုင်ခိုင်းစေသည်။


`` လေးစားပါတယ်.. 

ဘယ်သူများလဲလို့ ကိုထနှောင်းခတို့ပါလား...

ဒီတစ်ခါ missionကရော ဘာလဲခဗျ.. ``


ထနှောင်းသည် ရဲဝံ့ပြတ်သားသော အကြည့်ဖြင့် ထိုဗိုလ်ကြီးကိုကြည့်ကာ တစ်စုံတစ်ခုကို ပြောရန် စီစဉ်ပါတော့သည်။


`` ဒီတစ်ခါကတော့ ဘာmissionမှ မရှိဘူး...ဒါပေမဲ့ ကျွန်တော်တို့ ဗိုလ်ကြီးတို့ကို ကူညီခဲ့သလို ဗိုလ်ကြီးတို့ကလဲ ကျွန်တော်တို့ကို ပြန်ကူညီရမယ့် အလှည့် ရောက်ပြီ...


`` ဝမ်းသာအားရ ကူညီဖို့အဆင်သင့် ရှိနေပါပြီ..

လူဘယ်နှစ်ယောက်လိုသလဲ... ဘာတွေလိုအပ်သလဲ...ပြောပါ..

ကိုထနှောင်းခ..``


`` လူကတော့မလိုပါဘူး ဒါပေမဲ့ ရန်ကုန်မြို့တော် ရဲ့ cctvကို ကျွန်တော်တို့ ခဏကြည့်ချင်တယ်.. 

ယဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး နယ်စပ်မြို့တံခါးတွေ ပိတ်ချလိုက်ဖို့ အကူအညီတောင်းပါရစေ...``


`` ရပါတယ်...

ဒါပေမဲ့ ဘာကိစ္စများလဲ သိပါရစေ...``


‌ထနှောင်းသည် ဗိုလ်ကြီးရှေ့သို့တိုးကာ..လက်သီးကို ကျစ်နေအောင်ဆုပ်ပြီး...ရဲရဲတောက်မျက်ဝန်းတို့ဖြင့်...


`` ကျွန်တော့်မိန်းမကို ပြန်ပေးဆွဲသွားလို့ပဲ...အဲ့ဒီ့ကောင်တွေကို တွေ့ရင် ကျွန်တော်တို့ဘက်ကိုသာလွဲပေးပါ.. ငရဲကျတယ်ဆိုတာ ဘယ်လိုအရသာမှန်းသိအောင် အဲ့ကောင်တွေကို ဆုံးမပြရမယ်....

ထနှောင်းခရဲ့ daisyကို ထိတဲ့သူမှန်သမျှ အသေဆိုးနဲ့ သေစေရမယ်လို့ အာမခံတယ် ``


အပိုင်း ( ၂၀ ) မျှော်...💁


ဒါနဲ့....

ထနှောင်းခက ဘယ်သူလဲသိလား..

ကြွေ့ကိုခေါ်သွားတာကရော 

ဘယ်သူတွေလဲ သိကြလားဟင်..


နောက်လာမယ့်အပိုင်းဆက်တွေကို စောင့်မျှော် အားပေးကြပါဦးရှင့်


မေ့ဝတ္တုလေးကို အားပေးကြတဲ့ စာဖတ်သူ တစ်ဦးချင်းကြီးကို ကျေးဇူးတင်ပါတယ်ရှင့် 🙆🙆


rate now: