book

Index 18

အပိုင်း ( ၁၈ )

❤️ကျွန်တော့်နှလုံးသား

             မမထံဝပ်ဆင်း၍❤️


°°~~°°~~°°~~°°


ယနေ့‌ ရာသီဥတုသာယာသည်။ အပြာရောင်ကောင်း‌ကင်ကြီးအောက်တွင် အဖြူရောင် 

တိမ်ပဆုပ်များက ကောင်းကင်တစ်ဝက်ကို နေရာယူထားကြသည်။ 


မိုးဥတုဖြစ်သည့်အလျှောက် 

အပြင်ဘက်တွင် မိုးသက်လေပြေ  အေးအေးလေးနှင့် စိုစွတ်နေသော မြေသင်းနံ့ သင်းသင်းလေးတစ်ချို့ရနေသည်။ တစ်ချို့လူများ ဆိုလျှင် ညဘက်က မိုးရွာထား၍ အေးချမ်းနေသော မနက်ခင်းကို နိုးမထချင်ပါ...၊ စောင်ထူထူထဲမှာသာ ကွေးနေလျက် လှပသော အိမ်မက်ခရီးကို စတင်ထွက်ခွာပေဦးမည်။


 သို့ပေမဲ့ ထနှောင်းခအိမ်မှာတော့  လင်းကြက် မတွန်ခင်ကတည်းက  အပြင်သွားရန်အတွက် အဝတ်အစားများရွေးကာ လူနှစ်ဦးအလုပ်ရှုပ်နေကြသည်။ ဘယ်အရာနှင့်များ လိုက်ဖက်မလဲဟု စဉ်းစားနေရသည်ကလဲ နိုင်ငံ့အရေးထက် ပို၍ရှုပ်ထွေးလှသည်။ 


မနက်၈နာရီထိုးသော် ထနှောင်းခသည် ခရမ်းနုရောင် အကျီလက်တိုနှင့် ဂျင်းဘောင်းဘီကိုဝတ်ဆင်လျက် shoeဖိနပ်ကိုစီးကာ အပြင်သွားရန်အဆင်သင့် ဖြစ်နေလေပြီ..။ 


သို့ပေမဲ့ မသွားရသေး အိပ်ခန်းထဲမှ တစ်ယောက်က အခုထိ ပြင်ဆင်လို့မပြီးနိုင်သေး၍ စုတ်တသပ်သပ်ဖြင့် အိမ်အဝမှာ စိတ်မရှည်စွာ စောင့်ဆိုင်းနေရသည်။


`` မင်းဒီနေ့ပြီးဦးမှာလား.. 

မလိုက်ခဲ့လဲရတယ်နော်..

ငါကမင်းပျင်းနေမှာစိုးလို့ခေါ်တာ..``


`` နေပါဦး ခ ရာ..ငါပြီးတော့ပါမယ်..``


`` မင်းအဲ့ဒီ့စကားပြောနေတာ မနက်၄နာရီထဲကပဲ....အဲ့ဒါကြောင့် မိုးဇွန်နဲ့ မတည့်တာနေမှာ..``


`` လာပါပြီကွာ..မင်းကလဲ..``


အိပ်ခန်းထဲမှ ဘရဏီသည် အကျီအဖြူရောင်လက်ရှည်နှင့် နက်ပြာရောင် ဂျင်းဘောင်းဘီကိုဝတ်ဆင်ကာ အဖြူရောင်shoeဖိနပ်လေးနှင့် လိုက်ဖက်လွန်းသည်။ သူမကို မသိလျှင် ယေကျာ်းသားတစ်ယောက်ဟု မြင်မိကြမှာမလွဲဧကန်ပင်..။ ထနှောင်းသည် သူမကိုမြင်သော်..ခေါင်းကုတ်ကာ စိတ်မကြည်မလင် ဖြစ်နေ၏။


`` ဒါပဲ...ဒီအကျီ ပဲ..

မနက်၄နာရီထဲက မင်းငါ့ကို အဲ့ဒီ့အကျီပဲပြတာ...

အဲ့တုန်းကတော့ မကြိုက်ဘူးဆို...``


ထနှောင်းပြောသောကြောင့် သူမသည် ထနှောင်းမျက်နှာကို မာမာတင်းတင်းကြည့်ကာ မျက်မှောင်ကုတ်ပြသည်။


`` လူဆိုတာ စိတ်အမျိုးမျိုးပဲကွ..

ဘာဖြစ်လဲ ငါ့ဘာသာငါ ကြိုက်လို့ဝတ်တာ..မင်းက ဘာပြောချင်လို့လဲ...``


အဝေးမှ မေးငေါ့ကာ မကြည်သည့်စိတ်ဖြင့် ထနှောင်းရင်ဘက်ကို လက်သီးဖြင့်ထိုးလျက် မေးသည်။


`` အေးပါကွာ..ငါမှားပါတယ်..

လာတက် သွားရအောင်..``


ထနှောင်းသည်ကားပေါ်သို့ မောင်းမည့်နေရာကနေတက်ကာ ဘရဏီ့ကို ကားပေါ်တက်ခိုင်းစေပြီး ကြွေရှိသည့် အိမ်ဘက်သို့ မောင်းထွက်သွားပါတော့သည်။


မိနစ်အနည်းငယ်အကြာ မောင်းပြီးသည်နှင့် ကြွေတို့လမ်းထဲ ကားဝင်ရန် ပြင်ဆင်ခိုက် လမ်းထိပ်တွင် ကြွေနှိုင်းခတို့ ညီအစ်မနှစ်ယောက်စလုံး စောင့်ကြိုနေသည်ကို ဘရဏီမြင်လိုက်ရသည်။


`` ဟျောင့် ဟိုဟာ..ဟိုမှာ ခြွေ ...

ဟာ... လှလိုက်တာကွာ.. ``


`` အေးကွာ...သိပ်လှတာပဲ..``


ဏီသည် ခြွေတို့ရှိရာသို့ ထနှောင်းကို ညွန်ပြပြီး သူမသည် ခြွေအလှမှာ ခဏတာ ယစ်မှုးနေ၏။ ထနှောင်းကလဲ ကားမောင်းနေချိန်  မျက်လုံးမှ‌ ကြွေ့အလှတရားကို မြင်တော့ ပါးစပ်မှ‌ auto သူမလှသည့်အကြောင်းထွက်လာခဲ့သည်။

ထနှောင်း အာမေဠိတ်ကြောင့် ဏီလန့်သွားကာ ထနှောင်းပခုံးကို ထိုးလိုက်၏..။


`` ဟာဟျောင့်..အဲ့ဒါ ငါ့စော်ကွ..``


ကားမောင်းနေရင်း အထိုးခံလိုက်ရသည့် ထနှောင်းသည် နဲနဲ အောက်သက်သက်ဖြစ်ကာ မျက်လုံးမှေးလျက် ဏီကိုကြည့်ပြီး..


`` မင်းစော်ကို ငါကဘာလုပ်ရမှာလဲ..

ဟိုမှာကြည့်..ရင့်ကျက်ပြီးကျက်သရေရှိတဲ့ မိန်းမလှမျိုးကို ပိုင်ဆိုင်ထားတဲ့ ငါ့မမကိုပြောတာ..``


ထနှောင်းပြောသည်မှာ မှန်သည်။ ကြွေနှင့် ခြွေတို့သည် ယခင်နေ့များထက် ယနေ့ ပို၍ လှနေသည်။


 ‌ခရမ်းနုရောင် ခြေသလုံးဖုံးသည့် ဂါဝန်သည် ခါးနားတွင် သိမ်ပြီး တင်ပါးနားက စကာ ကားထွက်နေသည့် ဂါဝန်အရှည်က ကြွေ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်ရုံသာမက ဆံနွယ်တစ်ဝက်ကို ငါးရိုးပုံစံကျစ်ထားပြီး ကျန်တစ်ဝတ်မှာ ဖြန့်ချထားသော သူမအလှသည် ခေတ်ဆန်ပြီး လှပကျော့ရှင်းအမျိုးသမီး‌ငယ်လေးနှင့်တူပေသည်။ 


ခြွေနှိုင်းခသည်လည်း ပိုးသားဒူးဖုံးဂါဝန်ကြောင့် သူမ၏ ရှည်လျားဖွေးမွတ်နေသည့် ခြေထောက်အလှကို ထင်ထင်ရှားရှားပေါ်လွင်ကာ... ဆံပင်ကို နှင်းဆီပန်းပုံသဏ္ဍာန် ထုံးတင်ထားပြီး ဆံမြိတ်ချထားသောကြောင့် ၂၁ရာစု ခေတ်လူငယ်၏ လှပမှုကို အထင်းသားမြင်နေရသည်။


ထနှောင်းသည် ကြွေတို့ရပ်နေသည့် နေရာမှာ ကားရပ်ကာ သူမတို့ကို ကားပေါ် ဝင်ထိုင်ခိုင်းစေသည်။ ကြွေ့ကို ရှေ့ခန်းမှာ ထိုင်စေလျက် ခြွေ့ကို ဏီရှိသည့် နောက်ခန်းတွင် ထိုင်ခိုင်းစေသည်။


`` မဂ်လာပါ...``


ခြွေ ကားပေါ်မှာ ထိုင်လိုက်သည်နှင့် ဏီ၏ နူတ်ဆက်မှုကြောင့် မျက်လုံးနှင့်သာ စကားပြောပြီး ဘေးပတ်ဝန်းကျင်ကိုသာ ကြည့်နေ၏။


`` မမဒီနေ့ သိပ်လှတာပဲ...``


ထနှောင်း၏ စကားကြောင့် ကြွေပြုံးကာ ခြွေရှိသည့်နေရာသို့ မျက်လုံးဖြင့် ညွန်ပြသည်။ ထနှောင်းသည် သူ၏ ခယ်မလေးကိုကြည့်တော့ လမ်းဘေးဝဲယာကိုသာ မျက်လုံးကစားနေ၏..။ ထနှောင်းသည် ခြွေ့ကိုကြည့်ကာ ဏီ့ကိုကြည့်ပြန်တော့ ဏီက ပခုံးတွန့်ပြရုံမှတပါး တခြား ဘာမှ မလုပ်နိုင်ချေ..


`` မမ ဘယ်သွားချင်လဲ..``


`` မမတို့အခုဗိုက်ဆာနေကြတာ..``


`` ဒါ‌ဆိုလဲ မုန့်တစ်ခုခု သွားစားရအောင် ဘယ်ဆိုင်သွားချင်လဲ..``


`` ရန်ကုန်ကဖေး``


နောက်ခန်းမှ ခြွေလှမ်းပြောသည့်စကားကြောင့် ထနှောင်း လည်ပြန်ကာ သူမကို ကြည့်ပြီး ခပ်ဖွဖွ ပြုံးပြသည်။ သူမသည်လည်း နူတ်ခမ်းတွန့်ရုံမျှ ပြုံးကာ လမ်းဘေးဝဲယာသို့ ထပ်ကြည့်ပြန်သည်။


`` ဒါဆို ရန်ကုန် ကဖေးအရင်သွားကြတာပေါ့``ဟုဆိုကာ 


 ရန်ကုန်ကဖီးသို့ မောင်းချသွားသည်။


ခြွေ၏အလှတရားများကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ‌ပြုံးနေသော‌ ဏီကြောင့် မျက်မှောင်ကြုတ်နေရသည်။ 


``နာမည်က ခြွေနှိုင်းခတဲ့နော်...``


`` အင်း ``


လေတဖြူးဖြူးတိုက်နေသည် ပတ်ဝန်းဘက်သို့ လှည့်ကာ ဏီ့အဖြေကို ဖြေသည်။ ဏီသိလိုက်ပါပြီ ဒီကောင်မလေးက မာနခဲလေးဆိုသည်ကို ..။


အဲ့လို အမှုအကျင့်မျိုးကို ဏီအသည်းခိုက်လာ‌သောကြောင့် သူမနံဘေးသို့ တိုးကပ်ကာ ထိုင်လိုက်သည်။ ခြွေသည် တသီးတသန့်နေရသည်သာ ကြိုက်သည် ။ သူမဘေးသို့ တစ်စုံတစ်ယောက် ကပ်လာသည်ကို မကြိုက်သည့် ပုံစံဖြင့် စုတ်တစ်ချက်သပ်ကာ ခြေထောက် ချိတ်ထိုင်လိုက်သည်။ ဏီကလဲ မတွန့်ဆုတ် သူမလို ခြေချိတ်ကာ သူမနောက်မှီထားသော ကူရှင်ပေါ်သို့ လက်တင်လိုက်သည်။


`` မင်းက ကြွေ့ညီမမှ ဟုတ်ရဲ့လား..``


``ဘာရှင့်..``


ခြွေ့နား နားကပ်ကာ တစ်ယောက်ထဲကြားရုံမျှ အသံကြောင့် ခြွေ ဒေါကန်ကာ မျက်နှာထား တင်းမာသွားသည်။

ကားရှေ့ခန်းမှ ထနှောင်းနှင့် ကြွေသည် ခြွေ့အသံကြောင့်  သူမတို့နှစ်ယောက်ကို နောက်လှည့်ကြည့်ကာ ပြုံးနေ၏..။


`` ခြွေ....

အဲ့လောက်ထိ ကလေးမဆန်နဲ့လေကွယ်..``


`` ခြွေက မမခေါ်လို့ လိုက်လာတာ..

ခြွေ ဒီလိုပုံစံတွေမကြိုက်ဘူးဆိုတာ မမသိပါတယ်..``


ခြွေသည် ကျောရိုးကိုမတ်ကာ ကြွေထိုင်နေသည့် ကူရှင်ကို ကိုင်၍ မျက်မှောင်ကြုတ်ကာ လေသံတွေတောင် တုန်နေ၏..။

ဏီကတော့ ကြွေနှင့် ထနှောင်းကို မျက်လုံးတစ်ဖက်မှိတ်ပြကာ သူထိုင်နေကြအတိုင်း ထိုင်မြဲ ထိုင်ဆဲပင်...။


`` ဏီ... ကလေးမကို သွားမစပါနဲ့ကွာ..``


``ငါမစပါဘူးကွ.. မင်းသိတဲ့အတိုင်း ငါကစပ်စုတက်တာလေ...

မသိတဲ့မေးခွန်းတစ်ချို့မေးရင်း ရင်းနှီးမှု့ကို ယူနေတာပါ..

ဟုတ်တယ်နော် ခြွေ...``


ရယ်ကျဲကျဲဖြင့် ထနှောင်းကိုပြောရင်း ခြွေ့ဘက်ကိုလှည့်ကာ စကားလှမ်းထောက်သည့်ဏီ့ကို  မကျေမနပ်ဖြစ်နေသည့်ပုံစံဖြင့် မျက်စောင်းလှမ်းထိုး၍ ကြွေ့အနောက်မှ သိုင်းဖက်ထားလိုက်ပြီး ကြွေ့ရင်ညွန့်ပေါ်ရောက်နေသည့် ခြွေ့လက်ကို ကြွေက ဆုပ်ကိုင်ထားလိုက်သည်။


`` မဆိုးနဲ့နော် ညီမလေး..``


`` ဟွန့်...ခြွေက ဘယ်နားဆိုးနေလို့လဲလို့..``


အစ်မကို ချွဲနွဲ့စွာပြောနေသည့် ခြွေ့ကို အနောက်မှ ဏီသည် အသည်းယားစွာဖြင့် ကြည့်နေသည် ။


 ရန်ကုန်ကဖီးသို့ရောက်သည်နှင့် ဆိုင်အတွင်းရှိ လူအများစုသည် ကြွေနှင့် ခြွေတို့ကိုသာ အာရုံရောက်နေကြပြီး မင်းသမီးများဟု ထင်ကြ၍ ဓာတ်ပုံ လာရိုတ်သူကရိုတ် ၊ accလာအပ်ခိုင်းသည့် သူများကလဲ ရှိကြသည်။


ထိုသည်ကို ထနှောင်းနှင့်ဏီက စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းနေရသည်။

အတန်ကြာသည်အထိ မပြီးနိုင်၍ ဏီသည် စိတ်မရှည်စွာဖြင့် ဝိတ်တာကို ခေါ်ကာ ခြွေတို့အနား လူရှင်းသွားအောင် ရှင်းခိုင်း လိုက်မှ အသံဗလံများ တိတ်ဆိတ်သွားသည်။ သို့ပေမဲ့ ဏီ့ကို ခြွေမကျေနပ်ပါ...။

 ဏီအနားသို့တိုးကာ သူ၏လက်မောင်းကို ခြွေဖျက်ခနဲ ရိုတ်လိုက်၍ ဏီနှစ်ခါ ပြန်ကြည့်ရသည် ။


`` ရှင့်မှာ အားနာတက်တဲ့စိတ်မရှိဘူး...ဒါမှမဟုတ်..မနာလိုတာလား..``


ခြွေ့အပြုအမှုကို ဏီသဘောကျစွာဖြင့် ခပ်ဟဟ ရယ်လိုက်သည်။


`` မဟုတ်ပါဘူး...ကိုယ်သဘောကျတဲ့‌သူအနားမှာ ယေကျာ်းလေးတွေ ဝိုင်းဝိုင်းလည်နေတာ မတွေ့ချင်လို့..``


ဏီ့စကားကြောင့် ခြွေ့မျက်နှာ နွေးခနဲဖြစ်သွားသည်။  ဏီ့ဘေးနားက ထပြီး ကြွေနှင့်အနီးဆုံးသို့တိုးကာ ကပ်ထိုင်လိုက်သည်။


ထနှောင်းနှင့် ကြွေသည်  ဏီတို့ကို ကြည့်ကာ ပြုံးနေ၏..။ ထနှောင်းကလဲ ‌ပတ်ဝန်းကျင်ကို အကဲခတ်က ကြွေလက်တစ်ဖက်ကို လက်ညိုးလေးဖြင့် ဖွဖွလေးတို့လိုက်သည်။ ခံစားမှုအရ ထနှောင်းဘက်သို့ လှည့်ကြည့်ကာ မျက်လုံးဖြင့် မေးခွန်းထုတ်လိုက်သည်။


ထနှောင်းသည် ကြွေ့နားနားသို့ကပ်ကာ တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်သဖြင့် ကြွေကလဲ ထနှောင်းအနားသို့ ကပ်လိုက်သည်။ ကြွေ့နား နားသို့ရောက်မှ ထနှောင်းသည်


`` ပျော်ရဲ့လားမမ..``


သူ့စကားကို ကြား၍ ပြုံးကာ ခေါင်းသာသာ ငြိမ့်ပြသည်။


ထပ်မံ၍ ထနှောင်းပြောရန် ဟန်ပြင်တော့ ကြွေကလဲ ထပ်မံနားထောင်ပြန်သည်။


`` ချစ်လား...``


ကြွေသည် ယောင်အမ်းအမ်းဖြင့် ရုတ်တရက်မေးလာသော စကားကို မရှောင်လွဲနိုင်ဘဲ ခေါင်းငြိမ့်လိုက်မိသည်။ ပြီးမှ သူမ မှားမှန်းသိ၍ ခေါင်းကို ဆက်ခနဲ အမြန် ခါလိုက်ရသည်။ ကြွေ့ပုံစံလေးကို ထနှောင်း သဘောကျစွာဖြင့် ခပ်အုပ်အုပ်ရယ်ကာ သူမလက်ကို ဖွဖွလေးဆုပ်ကိုင် ဖျစ်ညစ်လိုက်သည်။ ကြွေကလဲ မရုန်းမိပေ..။


ရန်ကုန်ကဖေးမှာ မုန့်များ စားကာ ပိုက်ဆံရှင်းပြီးသော် ဆိုင်ရှင်က ကင်မရာတစ်လုံးနှင့် ထနှောင်းတို့အရှေ့မှာ ရပ်လိုက်သည်။ 


``ကျွန်တော်တို့ ရန်ကုန်ကဖေး ကို အားပေးကြတဲ့ customerများကို  အမှတ်တရာဓာတ်ပုံ ရိုတ်ပြီး ဆိုင်နံရံမှာ ကပ်ထားလို့ရပါတယ်ခဗျ..။ အကယ်၍ လူကြီးမင်းတို့ မကြိုက်ရင် မရိုတ်ပါဘူး..``


ဆိုင်ရှင်စကားကြောင့် ဏီသည် အအေးတစ်ငုံသောက်ကာ မြိုချပြီး ဆိုင်ရှင်ကို လက်ကာ ပြလိုက်သည်။


`` ရိုတ်မှာပေါ့ဗျာ..ဒီလောက်ကောင်းတဲ့ ရာသီဥတု ၊ 

ဒီလောက်ကောင်းတဲ့ဆိုင်၊

 ဒီလောက်လှတဲ့ မိန်းမလှလေးတွေနဲ့မှ တွဲမရိုတ်ရရင် နောင် ဘယ်တော့်မှ ရိုတ်ရတော့မှာ မဟုတ်ဘူး..

ဟုတ်တယ်မလား ခ..``


ဏီ့စကားကို ထောက်ခံသည့် အနေဖြင့် ခေါင်းငြိမ့်ကာ ကြွေ့အနားသို့ တိုးကပ်ပြီး ဓာတ်ပုံရိုတ်ရန် postပေးနေပြီ..၊ 

ထနှောင်းနှင့်ကြွေသည် အဆင်သင့်ဖြစ်နေပေမဲ့ ဏီနှင့် ခြွေမှာ တစ်ယောက်က အနားကပ်ချင်ပေမဲ့ တစ်ယောက်ကပ်ခွင့်မပေးသဖြင့် ဓာတ်ပုံဆရာမှာ စိတ်မရှည်တော့ပြီ...။


`` ရိုတ်ရတော့မလားခဗျ.``


``ရိုတ်တော့ဗျာ..``


ဏီသည် စိတ်မရှည်စွာဖြင့် မျက်နှာဆူပုတ်ကာ ခြွေအနားမကပ်တကပ်နေ နေသည်။ ဓာတ်ပုံဆရာလဲ ရိုတ်ရော ထနှောင်းသည် ကြွေ့ခေါင်းလေးကို‌ကိုင်ကာ သူ့ပခုံးပေါ် ဖျက်ခနဲတင်လိုက်ပြီး ၊ ဏီကတော့ ခြွေ့ ခန္ဓာကိုယ်ကို ဆွေ့ကနဲဖက်လိုက်ပြီး သူမပါးပြင်ကိုနမ်းလိုက်သည့်ပုံစံသည် ဓာတ်ပုံထဲတွင်ပါလာခဲ့သည်။


ထနှောင်းနှင့် ကြွေသည် တစ်ယောက်နှင့်တစ်ယောက် ရှက်သွေးဖြာကာ ရင်ခုန်လှုပ်ရှားပျော်နေကြပေမဲ့


 ဏီနှင့် ခြွေကတော့ ဘု နှင့် ဘောက် ကျီးကန်းနှင့် သာလိကာလို ရန်ဖြစ်နေကြသည်။ ဏီက သူမရန်တွေ့တာလေးကို လိုချင်၍ နာရီစက္ကန့်မလပ်စနောက်သည်။ 

ခြွေက ဏီ့ကို အမြင်ကပ်၍ တစ်ခွန်းမကျန်ပြန်ပြောကာ ရန်တွေ့သည်။ သူတို့နှစ်ယောက်ကြောင့် ပျော်ရွင်ရပေမဲ့..အချစ်ဌက်နှစ်ကောင်အတွက်တော့ အနေကျဉ်းကျပ်ရသည်။


 ကြွေနှိုင်းခပျော်စေရန် ထနှောင်းသည် Happy worldသို့လိုက်ပို့သည်။ ကစားကွင်းထဲရှိ ကစားစရာများကို ကြွေနှင့်ထနှောင်းတို့က တစ်ယောက်မျက်ဝန်းကိုတစ်ယောက်ကြည့်ကာ ပျော်ရွင်စွာဖြင့် ယှဉ်ပြိုင်အနိုင်လိုမှုမပါ ဆော့ကစားနေကြသည်။


ဏီနှင့်ခြွေကတော့ ယှဉ်ပြိုင်လိုစိတ်ပြင်းပြပြီး တစ်ယောက်ယောက်နှင့်တစ်ယောက် အနိုင်ယူနေကြသည်။  သေနတ်ပစ်ဂိမ်းကစားနေရာတွင် ခြွေသည် သူ့လက်ထဲက သေနတ်ကို အစစ်ဖြစ်ပါစေဟု ဆုတောင်းကာ ဏီ့နားထင်တည့်တည့်ကို ချိန်ကာ ပစ်နေသည်။ ခြွေ့ပုံစံကို သဘောကျစွာဖြင့် ဟက်ဟက်ပက်ပက်ရယ်ကာ ရင်ဘက်ကိုဖိပြီး ဒဏ်ရာရသည့် ပုံစံလုပ်ပြသောကြောင့် ခြွေ့အပြုံးပန်းဟာ စတင် ပွင့်လန်းလာခဲ့သည်။


သရဲအိမ်ရှေ့သို့ရောက်သော် ခြွေသည် သရဲအိမ်ထဲသို့ ဝင်ရန် ကြွေ့ကိုပူဆာသည်။ ကြွေက မဝင်ရဘူးဟုတားပေမဲ့ ဏီက ခြွေ့ရှေ့မှာ မားမားမတ်မတ်ရပ်ကာ...


``Happy Worldမှာ အဓိက အကျဆုံးက သရဲအိမ်ပဲ ၊

ဒီထဲကိုမဝင်မှတော့ ပျော်စရာဆိုတာ ဘယ်မှာ ရှာရမလဲ ၊

မသိတော့ဘူး ဖြစ်သွားလိမ့်မယ်... ကြွေမဝင်ရဲရင် ကျွန်တော်ရှိတယ်လေ... ခြွေ့ကို ကျွန်တော်စောင့်ရှောက်လိုက်ပါ့မယ်...``


`` ရှင့်ကို ဘယ်သူက စောင့်ရှောက်ပါလို့ ပြောနေလို့လဲ..ခြွေမကြောက်ဘူး.. တစ်ယောက်ထဲသွားရဲတယ်...``


ဏီ့ပခုံးသာသာ သာရှိသော ခြွေခေါင်းလေး ကိုပုတ်ကာ ဏီက တိုးတိုးလေးကပ်၍ ပြောလိုက်သည်။


`` မင်းအဲ့လိုပြောနေရင် မင်းအမ လွှတ်မှာ မဟုတ်ဘူးနော်...``


မျက်လုံးကိုထောင့်ကပ်ကာ ဏီ့စကားကို စဉ်းစားဟန်ပြုပြီး ခေါင်းငြိမ်ကာ ထောက်ခံလိုက်သည်။


`` ဒါဆို သူနဲ့ သရဲအိမ်ထဲဝင်မယ်လေ..နော်မမ..ခွင့်ပြုပါနော်..``


``ခွင့်ပြုလိုက်ပါမမရယ်..သူလဲ ဆော့ချင်ရှာမှာပေါ့..``


ကြွေ့အနောက်ကနေ ထနှောင်းကလဲ တိုက်တွန်းနေသည်။


`` မမ မသွားစေချင်တာက ခြွေသိပ်ကြောက်ပြီးငိုနေမှာစိုးလို့ပါ..

ကဲ..ဒါဖြင့် တားမရလဲ သွားကွယ်..နောက်ဆက်တွဲ ကိစ္စက ကိုယ့်ဖြစ် ကိုယ်ခံနော် ညီမလေး..``


`` ယေး..ဟုတ်မမ..``


ကြွေ့ခွင့်ပြုချက်ရသည်နှင့် ဏီသည် သရဲအိမ်လက်မှတ်နှစ်စောင်ဝယ်ကာ ခြွေ့လက်ကို ကိုင်ပြီးဝင်သွားပါတော့သည်။


ကြွေသည် သူမ ညီမအနောက်ကိုကြည့်ကာ စိတ်မချဟန်ဖြင့် စိတ်ပူနေ၏...


``စိတ်မပူပါနဲ့မမရယ်... 

လာ..မောင်တို့..

လမ်းလျှောက်ကြရအောင်..``


`` ဟူး.......အင်းပါ..

ဟင်!!...``


ကြွေ့လက်ကို ဆွဲကာ ထိုနေရာမှထွက်ရန် ပြင်ဆင် ထနှောင်းစကားကြောင့် ကြွေမှင်သက်သွားသည်..။ ထနှောင်းသည် သူမဘက်သို့ လှည့်ကာ ရယ်ကျဲကျဲလုပ်ပြကာ ဆက်သွားသည်။


`` မင်း အဆင့်ကျော်နေပြီနော်...``


`` အော်..ကျွန်တော်က 

နောက်တောင်ကျနေပြီထင်နေတာ..``


`` ဟွန့်...``


ကြွေ့ မျက်စောင်းသာ ကျည်ဆံသာဆိုလျှင် ထနှောင်းခန္ဓာကိုယ်တစ်ခုလုံး နေရာအနှံ ဖြစ်နေလောက်ပြီ..။ထနှောင်းကိုင်ထားသော သူမလက်ကို ‌ဖြုတ်ချရန် ကြိုးစားပေမဲ့ ထနှောင်းက လွတ်မပေးချေ...၊


 ကြွေ့လက်ချောင်းလေးများကို ထနှောင်းလက်ချောင်းလေးများဖြင့် ‌တို့ထိကစားရင်း သူမကိုကြည့်ပြန်တော့ ပအို့ကလေးနှစ်ဖက်က ရဲတွတ်နေသည်။


`` ဒီမှာက မမအသိလဲ မရှိသလို ကျွန်တော့မိတ်ဆွေလဲမရှိပါဘူး..၊ ဒါကြောင့် ကျွန်တော် မမလက်ကို လွတ်လွတ်လပ်လပ် ကိုင်ခွင့် ရချင်တယ်...``


 သူမလက်ကလေးကို ကြင်နာစွာဆုပ်ကိုင်ရင်း ကစားကွင်းတစ်ဝိုက်သို့ အေးအေးသက်သာ လမ်းလျှောက်နေသည်။

ကြွေသည်လည်း ခွန်းတုန့်မပြန်သာပဲ ‌ထနှောင်းအနောက်မှာ ကပ်လျက် လိုက်ပါသွားခဲ့သည်။


သရဲအိမ်ထဲ စဝင်သည်နှင့် ခြွေသည် မာန်တင်းကာ ခေါင်းမော့လျက် ``ဟန်ကိုယ့်ဖို့`` ဟုဆိုကာ

 ခပ်တည်တည် ဝင်သွားခဲ့သည်။

 ဏီသည် ခြွေ့ကိုကြည့်ရင်း ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ အနောက်မှ လိုက်လာခဲ့သည်။


သရဲအိမ်ထဲသို့စဝင်သည်နှင့် မည်သည့်အလင်းရောင်မျှမရှိ ၊အခန်းတစ်ခန်းလုံး အနီရောင်များလွမ်းခြုံလျက် တစ်စုံတစ်ယောက်က ထွက်လာတော့မည့်ပုံစံလိုဖြစ်နေသည်။


`` ဟွန့်...ဘာကြောက်စရာရှိလို့လဲ..

အထဲမှာ သရဲလိုဟန်ဆောင်ထားတဲ့ ဝန်ထမ်းတွေပဲရှိတာ ဟုတ်တယ်မလား ..`` 


`` အင်း ဟုတ်တယ်..``


`` ရှင့်ကို ပြောနေတာမဟုတ်ပါဘူး..``


`` ဟောဗျာ..  ဒီအခန်းထဲ မယ်မင်းကြီးမနဲ့ ကျွန်တော်မျိုး နှစ်ယောက်ထဲရှိတာ

 ဒါဖြင့် ဘယ်သူ့ကို ပြောနေတာလဲ..``


`` ကိုယ့်ဘာသာ ပြောနေတာ...``


`` အင်း...ကောင်းပါပြီဗျာ..``


ဏီသည် သူမကိုကြည့်ရင်း ပင့်သက်တစ်ချက်ရှိုက်ကာ အရှေ့မှ သွားသည် ၊ သူမကတော့ အနောက်မှာ  တစ်ယောက်ထဲ စကားများပြောလျက် ကျန်ခဲ့သည် .။


`` ဒီလောက်လေးကို ကြောက်နေရင် ခြွေနှိုင်းခ ဆိုတဲ့ငါ့နာမည်ကို ပြောင်းပြန်...``


ဝုန်း....💥


``အား!!!! အမေရေ.…...!!``


ထောင့်တစ်နေရာမှ သရဲတစ်ကောင်သည် ခြွေ့ရှေ့သို့ ရောက်ချလာကာ ခြောက်လန့်နေ၍ ခြွေမှာ အသားကုန် အော်ချလိုက်ရသည် ။


``အမေရေ...!!.

အားးး....‌

ဟီး....မမရေ..... ဟီး.....သွား...သွား....မလာနဲ့သွား..ဟီး...``


စစဝင်ချင်းမှာပဲ မျက်နှာအရေခွံတစ်ဝတ်ကွာကျနေသည့် သရဲက ခြွေ့ကိုခြောက်ခဲ့သည်မှာ အောင်မြင်ခဲ့သည်...။

 ဏီသည် သူမအော်သံကြားသည်နှင့် အနောက်သို့ ပြန်ဆုတ်လာခဲ့ရသည်။


``သွား...ဟီး...

ကြောက်လိုက်တာ...ဟီး...

အရှေ့မှာ...အရှေ့မှာ ဘာလို့အဲ့လောက်တောင်မှောင်ရတာလဲ ဘာလို့အဲ့လောက်မှောင်ရတာလဲလို့ !..ဟီး.....``


ပြောပြောဆိုဆိုနှင့် တစ်လှမ်းချင်းအထဲသို့ဝင်ခဲ့သော် ‌အချုပ်ခန်းလိုအခန်းတစ်ခန်းဘေးမှ လမ်းသွယ်လေးတွေ့ခဲ့သည် ။ ထိုလမ်းသွယ်လေးကိုဖြတ်မှ နောက်ထပ်တစ်ဆင့်ကို ရောက်ပေလိမ့်မည် ။ သို့ပေမဲ့ သတ္တိခဲ ခြွေနှိုင်းခ ကတော့ ထိုလမ်းသွယ်ကိုဖြတ်ရန် တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေသည်...။


``ဘယ်လိုနေရာကြီးလဲ 

ဘာလို့ အမှောင်ချထားရတာလဲ..

ဟီး...မတော်လို့ သရဲများရောက်လာရင်...

ဘယ်နှယ့်လုပ်မလဲလို့..လူယုတ်မာတွေ...အခန်းတစ်ခုလုံးကို မှောင်ထားရတယ်လို့...ဟီး..``


ခြွေ့စကားကြောင့် ဏီ့မှာ အဝေးကနေ ခပ်အုပ်အုပ်ရယ်လျက် လက်ပိုက်ကာ ကြည့်နေမိသည်။


ဂီး.....


```အား!!💥မမရေ...

 ကယ်ကြပါဦး....ဟီး.....

ဟီး မမရေ...တောင်းပန်ပါတယ် လာခေါ်ကြပါ...

တောင်းပန်ပါတယ် မလုပ်ပါနဲ့ဟီး....မလုပ်ကြပါနဲ့...``


သူမကို မည်သူမှမလုပ်ပေမဲ့ တစ်ယောက်ထဲ ထိုင်ချကာအော်ငိုနေသောကြောင့် အချုပ်ခန်းထဲမှ သရဲနှစ်ကောင်ကဖြင့် သွားပြီးဆွဲထူရမလိုလို ဖြစ်လာခဲ့သည်...။ သရဲများက ခြွေ့ကို ဆွဲထူရန် အချုပ်ခန်းထဲမှ ထွက်လာတော့ ခြွေ ငယ်သံပါအောင်ငိုပြီး သရဲများကို နှင်လွတ်သည်။


``ဟီး....

တောင်းပန်ပါတယ် 

အဲ့လိုတွေ မလုပ်ကြပါနဲ့...

မလာကြပါနဲ့..

 ကျောင်းလဲမပြေးတော့ပါဘူး 

မမကိုလဲ စကားအမြဲနားထောင်ပါ့မယ် ...

မမဆီက ပိုက်ဆံလဲ မခိုးတော့ပါဘူး ...ကျောင်းမှာ ကောင်လေးတွေကိုလဲ အနိုင်မကျင့်တော့ပါဘူး ဟီး....

တောင်းပန်ပါတယ်...ဟီး....``


ဏီသည် သူမငိုနေသည်ကို မကြည့်ရက်နိုင်တော့၍ ခြွေ့လက်မောင်းကိုကိုင်ကာ ဆွဲထူလိုက်သည်။


``ဟေ့...လာ ထထ...အောက်မှာ ထိုင်မနေနဲ့..``


``ဟီး...ဟင်....

ရှင်...အဟင့်ဟင့်...

ကြောက်နေတာနဲ့ ရှင့်ကို 

မေ့သွားတယ်...ဟီး..

ဘာလို့ ထားခဲ့ရတာလဲအရူးရဲ့.

မိန်းကလေးတစ်ယောက်ကို ဒီလိုအမှောင်ထဲမှာ ထားသွားရတယ်လို့...ဟီး...``


`` အေးပါကွာ..

ငါပဲ မှားပါတယ်..ကဲ..လာလာ..``


အခန်းက မှောင်နေ၍ ဏီ့မျက်နှာကိုမမြင်ရပေ...

 ခန္ဓာကိုယ်အနေအထားနှင့် ကမ်းလာသော ဏီ့လက်ကိုသာ မြင်ရ၏..။


``ဒီမှာ ..အဟင့်...

ခြွေ့ကိုမထားခဲ့နဲ့နော်..

ခြွေ ကြောက်တယ်...

နောက်တစ်ခါ ထပ်ထားခဲ့ရင် ရှင့်ဗိုက်ခေါက်ကို ပြတ်နေအောင် လိမ်ဆွဲမှာ..

ကြားလား...ကြားလားလို့..`` 


ထိုင်ရာမှမထ ‌ဒီလောက်ကြောက်နေတာတောင်မှ အာဏာစက်က တည်မြဲနေတုန်း မာနတံခွန်က ထောင်လွှားနေတုန်းပင်..


``အေးလေ...ကြားတယ်လေ..

ဒါကြောင့် ထပါလို့ပြောနေတာ..``


``ဟင့်အင်း...

ခြွေမထနိုင်တော့ဘူး...

ဟင့်...

ကျေးဇူးပြုပြီး ခြွေ့ကို ချီသွားပါလားဟင်...``


``ဟမ်....

ချီတော့မချီနိုင်ဘူး...

မင်းမလိုက်နိုင်ရင် နေခဲ့ ငါ့မှာအချိန်မရှိဘူး မလိုက်ခဲ့ရင် ငါသွားပြီ...``


သူမကို ကျောခိုင်းရန် ကြံနေသည့် ဏီ့ လက်ကို အတင်းလိုက်ဆွဲကာမျက်နှာငယ်လေးဖြင့်...


``မလုပ်ပါနဲ့...

ကြောက်ပါတယ်ဆို ကြောင်နဲ့တို့

 ဆိုသလိုဖြစ်နေပြီ....

ဟင့်...လိုက်မယ် မထားခဲ့ပါနဲ့ ခြွေ..ခြွေကြောက်လို့ပါ....

ရှင်က သနားညှာတာမှုလဲမရှိဘူး 

ဒီကကြောက်လို့ဟာကို ဟင့်....``


ခြွေသည် ဏီ့လက်မောင်းကို အတင်းဖက်တွယ်ကာ တောင်ကြည့်မြောက်ကြည့်ဖြင့် ပါးစပ်ကလဲ ရေပတ်မဝင် တရစပ်ပြောနေသည်..။

လမ်းချိုးကွေ့သော် သရဲအရုပ်တစ်ကောင်သည် မျက်လုံးပြူးပြူးဖြင့် ခြွေသွားသည့် နောက်ကို လိုက်ကြည့်နေ၏...။


``အားးး!! ``


``ဘာဖြစ်တာလဲဟ!...``


``အမေရေ...ဟီး...

ဟို..ဟိုလူကြည့်နေတယ်...

ဟီး....

သွား..မကြည့်နဲ့ ဟီး... သွား...

ဦးလေးကြီးရယ်...

 အဲ့သရဲကိုမောင်းထုတ်လိုက်ပါလားဟယ်...

ဟီး ကြောက်လို့ပါ....``


``ဘာ...ဦးလေးကြီး...

ငါ့ကိုဦးလေးကြီးဟုတ်လား..``


ဏီ့လက်ကို ဖက်တွယ်ထားသော ခြွေ့ကို နှစ်ခါပြန် ပြန်ကြည့်ကာ သူ့အား ဦးလေးကြီးဟု ခေါ်လိုက်သဖြင့် အောင့်သက်သက် ဖြစ်ရသည်။


``သွားမယ် သွားမယ်

သွားမယ်..လာ..လာပါ..

 ဟီး..ဒီမှာ မနေချင်တော့ဘူး...ဟီး....``


ဏီ့ကျောပြင်ကိုတွန်းကာ

ထိုနေရာမှ တဖြည်းဖြည်းရွေ့သွားပြီး အစိမ်းရောင်များလွှမ်းခြုံထားသောနေရာအရောက်....


``အား..!! ဦးလေးကြီး 

ခြွေကြောက်တယ်``


`` ဘာဖြစ်ရပြန်တာလဲဟာ...`|


 ``အဲ့နေရာကနေ လက်ကြီးထွက်လာမလားမသိဘူး...

ဟီး...ခြွေ့ကိုမထားခဲ့ပါနဲ့ ဦးလေးကြီးရယ်...နော်..

ဟီး...ခြွေတောင်းပန်ပါတယ်နော်...``


``အေးပါဟ! ...မင်းကိုမထားခဲ့လို့ အခု ခေါ်လာတပေါ့..နောက်ပြီး ငါ့ကိုဦးလေးကြီးလိုမခေါ်...``


``အား!.....မမရေ....

ဟီး...

သရဲ...သရဲ...!``


အမိုးပေါ်ကနေ သရဲခေါင်းက ခြွေတို့ရှေ့တည့်တည့် ထွက်ကျလာလေတော့ ခြွေသည် ဏီ့ကိုယ်ပေါ်သို့ ခုန်တက်ကာ ဏီ့ရင်ဘက်ကို မျက်နှာအပ်၍ ငိုနေပြီး ဏီ့ကျောပြင်ကိုလဲ ထုရိုတ်နေပါတော့သည်။


``အား...ကြောက်တယ်....ကြောက်တယ်...!

ဦးလေးကြီး အဲ့ဟာကြီးကို လွှင့်ပစ်လိုက်...လွတ်ပစ်လိုက်ပါ..

ဟီး...ခြွေကြောက်တယ်..


``အေးပါဟာ...မရိုတ်ပါနဲ့ငါ့ကို 

နာတယ်ဟ..!

အဲ့ဒါ တကယ့်သရဲမဟုတ်ပါဘူး အရုပ်ပါအရုပ်....

မျက်လုံးလေး ဘာလေး ဖွင့်ကြည့်ဦး...``


ခြွေ့ကိုချီထားရာမှ သူမကျောပြင်ကို ကလေးတစ်ယောက်လိုပွတ်ကာ ချော့မော့နေရသည်။


``အား....မဖွင့်ကြည့်ဘူး....

မဖွင့် ဘူး ဖွင့်တာနဲ့ သရဲတွေပေါ်လာတော့မှာ 

ဟီး....ခြွေကြောက်တယ်

မမဆီခေါ်သွားပေးပါ...

မမဆီသွားချင်တယ်....ဟီး..

မမရေ...ခြွေသေပါတော့မယ်...လာခေါ်ပါ....``


``အေးပါဟာ.. သွားနေပါတယ် 

ဒီလောက်လေးနဲ့ နင်မသေပါဘူး..ငါ့ကိုယ်ပေါ်က ဆင်းလိုက်တော့နော်....``


``မဆင်းဘူး မဆင်းဘူး အဲ့သရဲတွေ‌ကိုကြောက်တယ်...

ဟီး...ခြွေသေရပါတော့မယ်..

ခြွေကြောက်လို့ သေတော့ပါမယ်ဆို...

ဘာလို့ဆင်းခိုင်းနေတာလဲလို့..

သွားစရာရှိ  သွားပါလား! ဟီး....``


 ဏီက ခြွေ့ကိုယ်လေးကို မနိုင့်တနိုင် ချီပိုးနေရသည်။  ဆင်းခိုင်းပြန်တော့လဲ ဖက်တွယ်ထားကာ လူကိုလဲ အော်ဟောက်နေသေးသည်။ ဏီခမျာ ခြွေ့ကြောင့် ရယ်ရမလား ငိုရမလား...မသိတော့ချေ...။


`` မသေပါဘူးကွ...မင်းဟာက

သူများကိုယ်ပေါ်လဲ တက်နေသေးတယ် အော်ငေါက်တာလဲ ခံရသေးတယ်..``


``ဒီနေရာကနေ အဝေးကို ခေါ်သွားပေးပါ...

တောင်းပန်ပါတယ်.....

ခြွေဒီမှာ မနေချင်တော့ပါဘူး...

ဟီး....``


သရဲအိမ်ထဲရှိ သရဲတွေဟာဖြင့် ခြွေ့အော်သံကြောင့် ‌ဆက်ခြောက်ရမှာ အားနာနေသည်။ 

နောက်ဆုံးတစ်ခု သရဲတံတားကိုဖြတ်ပြီးမှ အပြင်ကိုရောက်မည်ဖြစ်၍ တံတားပေါ်မှဖြတ်ရန် ခြွေ့ကို ကိုယ်ပေါ်မှ ဆင်းခိုင်းရသည်။


``ဘာမှမရှိတော့ဘူး ခြွေဆင်းဦး 

ဒီတံတားကိုဖြတ်ပြီးမှ အပြင်ရောက်မှာ ဒါကြောင့် ခဏဆင်း...``


``ဟင့်...

မဆင်းလို့မရဘူးလားဟင်..``


``မရဘူးး တံတားကနှစ်ယောက်ပူး သွားလို့မရဘူး ငရဲပြည်တစ်ခါထဲ ရောက်သွားလိမ့်မယ်..``


``ဟင်ဟုတ်လား.. ဒါဆိုဆင်းမယ် 

 ဆင်းမယ် ခြွေ့ကို မထားခဲ့နဲ့နော် ခြွေ့ကို လူ့ပြည်ရောက်အောင်ခေါ်သွားပေးနော် ..``


``အေး...ခေါ်သွားပေးမယ် ငါ့လွှတ်ဦးလေ....``


``မလွှတ်ဘူး..ဟီး..မလွှတ်ဘူး ခြွေလွှတ်လိုက်လို့ ဦးလေးကြီး ခြွေ့ကို ထားခဲ့ရင် ဘယ်လိုလုပ်မလဲလို့!``


ခြွေသည် ဏီ့ကိုယ်ပေါ်မှ ဆင်းလိုက်ပေမဲ့ ဏီ့ခါးကို အတင်းဖက်ထားပြီး တောက်တဲ့လို့ ကပ်တွယ်နေ၏...။ 


``မထားခဲ့ပါဘူးဟာ...ခဏလွှတ်..``


``မထားခဲ့ဘူးနော်...

ခြွေ့ကို တကယ်မထားခဲ့ဘူးနော်...အဟင့်..``


``တကယ်ပါဆို...လွှတ်....``


ခြွေလွတ်လိုက်သည်နှင့် ဏီသည် ခြွေ့ကို စနောက်ချင်သောကြောင့် ထွက်ပြေးရန် ခန္ဓာကိုယ်ကို အရှိန်တင်သလို လုပ်လိုက်၏ ။


``အားးး!လူယုတ်မာကြီး...

ဟီး....ဘာလုပ်တာလဲလို့ 

ဘာလုပ်တာလဲ!...ဟီး...

မထားခဲ့ဘူးဆို 

ပြောတော့ ခြွေ့ကို မထားခဲ့ဘူးဆို လူလိမ်ကြီးဟီး...ခင်များကို ရဲတိုင်မယ်...ဟီး...အဟင့်..ဟင့်..ဟီး...``


``ဒါဆို တိုင်လေ ငါထားခဲ့ပြီး....``


``အား.. မတိုင်တော့ဘူး မတိုင်တော့ဘူး ခြွေ့ကိုမထားခဲ့နဲ့..ဟီး..``


``ရဲတိုင်ဦးမှာလား....``


``မတိုင်တော့ဘူးလို့ တောင်းပန်ပါတယ် ရဲတိုင်မယ်လို့ပြောမိတာ တောင်းပန်ပါတယ် အပြင်ကိုခေါ်သွားပေးပါ...``


ဏီ ခြွေ့ကို အနိုင်ကျင့်လို့ရသည်မှာ ဒီ သရဲအိမ်ထဲမှာသာ ရှိသည်ဖြစ်၍

အခွင့်အရေး ရတုန်းရခိုက် အကုန်‌သုံးနေလေသည်။

 


`` အေး.... ကို့ကို ဦးလေးကြီးလို့မခေါ်နဲ့..ကိုကိုလို့ခေါ်...``


`` အင်းအင်း..

ကိုကို..ကိုကို..

အပြင်ခေါ်သွားပါတော့်...``


ဏီ့စကားနားထောင်သဖြင့် ဏီသည် ကျေနပ်စွာပြုံးပြီး ခြွေ့ခေါင်းလေးကို သပ်လိုက်သည်။


``လာ ကိုကို့လက်ကိုကိုင်...``


``ဟင့်..ဟုတ်ကဲ့......``


တံတားကိုဖြတ်ဖို့အတွက် ဏီ့လက်ကို အတင်းဆုပ်ကိုင်ပြီး အရဲစွန့်ကာ တံတားကိုဖြတ်လျှောက်သွားသည် ။

ထိုအချိန်တွင် တံတားတစ်ဝက်လောက်ရောက်သည်နှင့် ခြွေဆံနွယ်ကို တံတားဘေးက ခမ်းဆီးနောက်ကွယ်တွင်ရှိသောအရိုးခြောက်ရုပ်တွေက လှမ်းဆွဲပါတော့သည်...။


``အား....!!မမရေ...

ခြွေသေပါတော့မယ် 

ဟီး...ခြွေ့ကို လှမ်းဆွဲနေပြီ!...``


ကြောက်ကြောက် လန့်လန့်ဖြင့် ခြွေသည် ဏီ့ကိုယ်ပေါ်သို့ ခုန်တက်ကာ လည်ပင်းကို သိုင်းဖက်လိုက်သည်။ ခြွေ့ကြောင့် လည်ပင်းအစ်နေသော ဏီသည် ခြွေ့လက်ကို ဖယ်ပေမဲ့မရပေ...


``ဟေး....

မင်းမသေခင် ငါအရင်သေတော့မယ်ဟ..``


ခြွေ့လက်ကို အတင်းဆွဲဖြုတ်ပြီး ခြွေ့ ဆံပင်ကိုဆွဲသည့် အရိုးခြောက်ဆွဲထားသော ခြွေ့ဆံနွယ်ကို အသာအယာဖယ်လိုက်သည်။

ဏီသည် ခြွေအခြေအနေမဟန်တော့မှန်းသိ၍

ခြွေ့ကိုယ်လေးကို ကုန်းပိုးကာတံတားကိုဖြတ်ပြီး အပြင်သို့ မြန်မြန် ဆန်ဆန် ခေါ်လာခဲ့ရသည်။


အပြင်ရောက်သည်နှင့် ဏီသည် သူမကို အသာအယာချကာ ရေတစ်ဗူး အမြန်သွားဝယ်သည်။ ခြွေကတော့ ဆောင့်ကြောင့်ထိုင်ကာ ကလေးတစ်ယောက်လို အော်ငိုနေပါတော့သည်။ Happy worldလာကြသည့် လူအများကလဲ ခြွေ့ကိုကွက်ကြည့် ကွက်ကြည့် ကြည့်ကာ

ရယ်လျက် ထွက်သွားကြသည် ။ 


ရေဘူးဝယ်၍ ပြန်လာသော ဏီသည် ရေဘူးဖွင့်ကာ ခြွေ့ကို သက်သာစေရန် ရေတိုက်လိုက်သည်။


`` လူယုတ်မာတွေ.... Happy worldက သရဲအိမ်ကတဲ့...လုံးဝကြောက်စရာ မကောင်းဘူးတဲ့....ဟီး....လူလိမ်တွေ..``


``ဟုတ်လား...ဘယ်သူပြော‌တာလဲ..``


`` သင်တန်းကဟာတွေပေါ့..ဟင့်ဟင့်...``


သူမ အဖြေကိုနားထောင်ရင်း ရယ်နေသည့် ဏီ့ကိုကြည့်ရင်း ခြွေ သတိပြန်ဝင်လာခဲ့သည်။ မျက်ရည်များကိုသုတ်ကာ မတ်တပ်ထရပ်ပြီး အဝတ်အစားကို သပ်သပ်ရပ်ရပ်လုပ်ကာ အိဒ္နြေရရပြန်နေလိုက်သည်။


ဏီသည် သူမကိုကြည့်ရင်း ခပ်အုပ်အုပ်ရယ်ကာ သူမအရှေ့က ထွက်သွားပါတော့သည်။


အပိုင်း ( ၁၉ )မျှော်....


ဒါဒါလေးတို့လဲ မာနကြီးတဲ့ ချစ်သူတွေဆို သရဲအိမ်သာ ခေါ်သွားလိုက်သိလား..သူတို့က မာနသာကြီးတာ ကြောက်တက်လိုက်တာများ ကလေးတွေအရှုံးပေးရတယ်...😁


မေ့ဝတ္တုလေးကို အားပေးကြတဲ့ စာဖတ်သူ တစ်ဦးချင်းဆီကို

ကျေးဇူးတင်ပါတယ်ရှင့်...🙏


rate now: