book

Index 16

အပိုင်း ( ၁၆ )

💞``ကျွန်တော့်နှလုံးသား 

             မမထံဝပ်ဆင်း၍ ``💞

•~•~•~•💞•~•~•


ဖုန်အလိမ်းလိမ်းတွေကြား နက်‌ပြာရောင် ကားတစ်စီးပေါ်တွင် ကြွေရှိနေမည်ကိုသိ၍  လှမ်းအော်ခေါ်လိုက်သည်။ ထိုကားသည် ထနှောင်းအော်ခေါ်တော့မှ အရှိန်အနည်ငယ် မြင့်လိုက်သောကြောင့် မြင်းဇက်ကြိုး သိမ့်ခနဲတုန်အောင် ခါလိုက်ကာ ကြွေ့ကားဘေးနားသို့ ဒုန်းစိုင်း ရောက်လာခဲ့သည်။ 


ကားထဲတွင် ကြွေနှိုင်းခသည် ကားရပ်စေရန် သူ၏မိခင်နှင့် မောင်းနေသူ နောင်တခမ်းကို အတင်းပြောယူနေရသည်။ ခဏအကြာတွင် ကြွေ ဘာပြောလိုက်၍လဲမသိ ကားသည် ရုတ်ချည်း ရပ်တန့်သွားသည်။ ကားရပ်သွားမှ မြင်းကိုရပ်ကာ ထနှောင်းဆင်းလာပြီး ကြွေ့အနားသို့ ခြေလှမ်းကျဲကျဲဖြင့် သွားကာ သူ့ခန္ဓာကိုယ်ထဲ နစ်မြုပ်သည်အထိ ‌ကြွေ့ကို ပွေ့ဖက်ထားလိုက်သည်။


`` မမဘာလို့ ကျွန်တော့်ကိုထားသွားရတာလဲဟင်...

မမပြောတော့ ဘယ်သွားသွား ကျွန်တော့်ကို ပြောသွားမယ်ဆို..``


ကြွေ့ပခုံးပေါ်သို့ ထနှောင်း၏ မျက်ရည်စက်တချို့ ကျဆင်းသွားကြောင်းကို ကြွေ့ခန္ဓာကိုယ်၏ စိုစွတ်မှုအရ သိနိုင်ပါသည်။ အရင်လို ထနှောင်းကျောပြင်ကို လက်ဖြင့် နှစ်သိမ့်ကာ ဖွဖွလေး ပုတ်ပေးသော်ငြားလဲ ထနှောင်းစိတ်ထဲတွင် အားရမည်မဟုတ်ပါ...။


 ခွဲခွာခြင်း၏ နောက်ဆက်တွဲ ရလာဒ်မှာ အလွမ်းအဆိပ်သင့်ခြင်းပင် ဖြစ်သည်။ ထိုအရာကို ခံနိုင်ရည်ရှိစေရန် တစ်စုံတစ်ခုကို သူ့ထံ အပေါင်ခံထားမှရမည့် လူမျိုးထဲတွင် ထနှောင်းပါဝင်နေသည်။


`` မမ မသွားမဖြစ်မို့သာ သွားရမှာပါ...``


`` ဒါဆို ကျွန်တော့်ကို နူတ်ဆက်စကား မပြောသင့်ပေဘူးလား..``


ကြွေသည် ထနှောင်းလက်မောင်းကိုကိုင်ကာ ကိုယ်ချင်းခွာမည်အပြု သူက လက်သင့်မခံပေ..။ တင်းကျပ်စွာ ပွေ့ဖက်ထားမှုကြောင့် ကြွေ့မှာ အသက်ရှုပင် ကျပ်ချင်လာခဲ့သည်။


`` မမ နူတ်ဆက်စာ ရေးပေးသွားပါတယ်..``


`` ကျွန်တော့်ရဲ့အချစ်က အဲ့ဒီ့နူတ်ဆက်စာလောက်နဲ့ ရပ်တန့်နိုင်လိမ့်မယ် ထင်နေသလား.. ``


ကြွေသည် ရှိသမျှအားဖြင့် ထနှောင်းလက်ကိုတွန်းဖယ်ကာ လူချင်းခွာလိုက်သည်။ သို့ပေမဲ့ အေးစက်ကာ ချွေးများစိုရွဲနေသည့် သူ့လက်ကတော့ ကြွေ့လက်ဖဝါးနှစ်ဖက်စလုံးကို လွတ်မပေးသေးချေ...။


`` မမသိလား... တစ်ခါတစ်ရံ လောကကြီးက ဆန်းကြယ်တယ်.. အမှန်တကယ် ချစ်ကြတဲ့သူတွေက ဝေးနေကြပြီး ၊ အနှစ်မပါတဲ့ချစ်ခြင်းတွေကတော့ နီးစပ်လွယ်နေကြတယ်..``


`` အချစ်တစ်ခုထဲရှိရုံနဲ့ ဘဝတစ်ခုလုံးကို တည်ဆောက်လို့မရဘူးထနှောင်း.. ``


`` ဘဝတစ်ခုလုံးတည်ဆောက်ဖို့ အရည်အချင်းနဲ့ ဥစ္စာတွေက ကျွန်တော့်မှာ အပြည့်ရှိတယ်...

မျက်နှာမငယ်အောင်လဲထားနိုင်တယ် ၊ စိတ်တစ်ချက်ညစ်ရင် နားခိုနိုင်ဖို့ ရင်ခွင်တစ်စုံလဲရှိတယ် ၊ တစ်ဘဝလုံးစာ မညီးမညူ ပြောဆိုခွင့် ၊ နားထောင်ခွင့်ရမယ့် လူတစ်ယောက်လဲရှိတယ် ၊ နားလည်မှုအပြည့်ပေးနိုင်တဲ့ နှလုံးသားတစ်စုံလဲရှိနေတယ်..ဘာများလိုသေးသလဲ..

ဘာကြောင့်များ တွေဝေနေဦးမှာလဲ မမရယ်..``


ကြွေသည် မျက်အိမ်အတွင်းမှ အရည်လဲ့နေသော သူ၏မျက်ဝန်းကိုကြည့်ရင်း သူမလက်က သူ၏ပါးပြင်ဆီသို့ ဖြေးညင်းစွာ ကိုင်တွယ် မိရက်သားဖြစ်သွားသည်။ ထို့နောက် အပြုံးတစ်ချက်ပြုံးလိုက်ရင်း သူ့လက်ကို လွတ်ချလိုက်သည်။


`` လွတ်လပ်တဲ့ ဌက်တစ်ကောင်ဖြစ်ချင်သေးတယ်.. 

ဘယ်သူ့ကိုမှ ဒဏ်ရာမပေးနိုင်တဲ့ ဓားတစ်လက်ဖြစ်ချင်တယ်.. ကမ္ဘာအနှံ့ရွက်လွှင့်ရင်း အချစ်ဆိုတဲ့အရာကို နားလည်တဲ့အထိ လေ့လာချင်သေးတယ်...``


ထနှောင်းသည် ကြွေ့စကားလုံးတွေကို နားလည်မှုအပြည့်ရှိသော မျက်ဝန်းဖြင့်ကြည့်ကာ ခေါင်းသာသာငြိမ့်ပြသည်။ စိတ်ထဲတွင် ပြိုလဲနေသည်ကို ဘယ်သူမှ မသိမမြင်နိုင်ပေ...။


`` ကောင်းပါပြီ... 

ဘယ်နေရာသွားသွား မမရဲ့ နှလုံးသားတစ်နေရာကိုတော့ ကျွန်တော့်အတွက် သိုဝှက်ထားပေးပါ.. ‌ကမ္ဘာအနှံရွက်လွှင့်လိုက်ပါ... 

နားချင်တန်ပြီဆို ကျွန်တော့်ဆီလာခဲ့ပါ...

ခိုနားရာအရပ်ဟာ ကျွန်တော်ရှိရာအရပ် ဖြစ်ပါရစေ..``


ကြွေ့သည် ပြုံးရုံသာပြုံးပြီး ကားပေါ်သို့ တက်ကာ မောင်းထွက်သွားပါတော့သည်။ ကြွေသွားရာလမ်းကိုထနှောင်းကြည့်ရင်း ဆောင်းလေနဲ့အတူ မျက်ရည်များလဲ ခဲကုန်ပြီ..။ ပါးစပ်မှထွက်လာသော အခိုးအငွေ့အချို့နှင့်အတူ  ဝိဉာဉ်ပါ တစ်ခါထဲ ထွက်သွားချင်ကြောင်း ထနှောင်းတောင်းတမိပါသည်။ ကြင်နာသူ၏ အပြုံးတစ်ပွင့်သည် အရာရာကို စွန့်လွတ်ဖို့ သတ္တိရှိလာခဲ့သည်။ 


ထနှောင်းထံသို့ မိုးဇွန်လာပေးသော စာတစ်စောင်ကို ငေးကြည့်နေမိ၏..။ အတန်ကြာမှ ကြွေထွက်သွားသည့် ကတ္တရာလမ်းမတဆုံးကို ငေးကြည့်ပြီး  ကြွေပေးခဲ့သောစာကို ဖွင့်ဖောက် ဖတ်ကြည့်လိုက်ရာ...စာထဲတွင် ဤသို့ဖြစ်၏.....။


{ထွက်ခွာသွားပြီးမှတော့ 

ကျန်ရစ်ခဲ့သူကို အဆင်ပြေပါစေလို့ မပြောခဲ့ချင်ပါဘူး..။

အချစ်တစ်ခုအတွက် ဘဝကို 

ရိုးရိုးရှင်းရှင်း မဖြတ်သန်း‌စေချင်ဘူး... 

အောင်မြင်မယ့်လမ်းစကို အချစ်အတွက်နဲ့ မရပ်တန့်ပါနဲ့...၊

ဆက်လျှောက်လှမ်းပါ...

အောင်မြင်မှုဆိုတာ 

တက်လှမ်းနိုင်သမျှ ရလာမယ့်အသီးအပွင့်တိုင်းကို မင်းနဲ့အတူ လက်တွဲလာခဲ့တဲ့သူတွေကိုပါ မျှဝေပါ....။


မင်းနဲ့မမက ဘဝမှာ ရေစက်ရှိလို့ တွေ့ဆုံလာရတာပါပဲ...၊

အဲ့ဒါကို ဖူးစာလို့မသတ်မှတ်စေချင်ဘူး...။ 

ရေစက်ရှိနေသေးရင် မမတို့တတွေ ပြန်တွေ့ခွင့်ရမှာပါ...၊

ဘဝမှာ တစ်ခါတွေ့ဆုံခဲ့ပေမဲ့ အမှတ်တရကောင်းတွေ သင်ခန်းစာတွေ အများကြီးရခဲ့လို့ ကျေးဇူးတင်ပါတယ်..။ ရှေ့ဆက် ဘဝခရီးလမ်းမှာ ထနှောင်းလေး...

မင်းအဆင်ပြေပါစေ...။}


စာကိုဖတ်ပြီးနောက် နေရောင်ထိုးကျနေသော ချင်းတောင်တန်းကြီးကိုကြည့်ကာ အားကုန် အော်ငိုလိုက်သည်။ အသံဝင်လုနီးပါးအထိ အော်ဟစ်ရင်း အားရတော့မှာ မြင်းပေါ်သို့ ပြန်တက်ကာ သူ၏‌ အိမ်ပြန်လမ်းကို ဖြေးညင်းစွာ   မောင်းနှင်လာခဲ့ပါတော့သည်။


(စိတ်တော့မရှိပါနဲ့ ‌မမရယ်... ကျွန်တော်တစ်နေ့ မမပြောတဲ့  ရေစက်ဆိုတာကြီးကို ဖူးစာဖြစ်အောင် လုပ်ယူပြမယ်.. 

တစ်နေ့နေ့ တစ်ချိန်ချိန်ပေါ့...)


🍑°~°~°🍑°~°~°🍑


ရန်ကုန်သို့ ပြန်ရောက်ပြီး ၄ရက်အကြာတွင် တိမ်လွှာဖြူစံအိမ်ထဲသို့ နောင်တခမ်းထပ်မံ၍ ရောက်လာခဲ့သည်။ အိမ်ရှင် အလိုမတူ၍ မလာပါနှင့်တော့ဟု မနှင်ထုတ်ရုံ တမယ် ပြောထားပေမဲ့ အတ္တ၏ စေခိုင်းချက်အရ မာနကိုချိုးနှိမ်၍ နောင်တခမ်း ထပ်မံ၍ ရောက်လာပြန်သည်။ 


တိမ်လွှာဖြူစံအိမ်ရှိ ခြံဝန်းထဲတွင် 

ပန်းများစွာစိုက်ပျိုးထားသည် ။ မြေအိုးဖြင့် စိုက်ပျိုးထားသော နှင်းဆီ  အဖြူ အနီ အဝါ...၊ ကစ်စမီကွစ်ပန်း ပန်းရောင် ၊ အနီရောင် ၊

မြေပေါ်တွင် အုတ်နီခဲများကို ဒေါင်လိုက်ဝန်းရံစီကာ စိုက်ပျိုးထားသော Lilyပန်း ၊ Hydrangeaပန်း ၊ Anemone Wind ပန်း တို့သည် အရောင်အသွေးစုံလင်စွာ ပွင့်လန်းနေကြသည်။ 


ပန်းများကို ကျေနပ်စွာ ရေလောင်းနေသော ကြွေ့ကို တွေ့လိုက်ရ၍ ခမ်းသည် ကားကိုစက်သတ်ကာ ရောက်လာခဲ့သည်။


``နေကောင်းတယ်နော်ကြွေ...``


အသံကြားပေမဲ့ ကြွေလှည့်မကြည့်ချေ..လောင်းမြဲလောင်းတိုင်း ပန်းပင်များကို ရေလောင်းနေ၏..။


`` ကိုယ်က ဒီနားမှာ အလုပ်ကိစ္စလေးရှိတော့ အလုပ်ပြီးအပြန် ကြွေတို့ဆီဝင်လာခဲ့တာလေ.. သတိရတာလဲပါတာပေါ့..``


`` ဟုတ်ကဲ့.. ဧည့်သည်ရောက်လာမှတော့ အိမ်ထဲကိုဝင်လှည့်ပါဦးလေ...``


ခမ်းအရှေ့မှ ခပ်သုတ်သုတ်ဖြင့် အိမ်ပေါ်သို့ တက်မည်အလုပ် ကြွေ့ခါးလေးကို ဖမ်းဆွဲပြီး သူ၏ရင်ခွင်ထဲသို့ သွင်းကာဖက်ထားလိုက်သည်။


`` ဒါဘာလုပ်တာလဲ ကိုနောင်တခမ်း..``


`` ကို့ကို ဥပက္ခာမပြုပါနဲ့..ကိုယ်မှားသွားတယ်...၊ နောက်တစ်ကြိမ် ကြွေ့ဆီက အခွင့်အရေးတစ်ကြိမ်ထပ်မံရရှိလေဦးမလား.``


ခပ်ဆဆရယ်သံနှင့်အတူ ခမ်းကို လည်ပြန်မော့ကြည့်ရင်း...


`` ကိုနောင်တခမ်း ကြားဖူးလေမလား .. ကြမ်းကျွံလျှင် နူတ်ရ ၊ စကားကျွံလျှင် နူတ်၍မရ`` ဆိုတဲ့စကားပုံကိုပေါ့..  ကြွေတို့က သူစိမ်းဖြစ်သွားပါပြီ ၊ ဒီလိုအပြုအမှုတွေက လုပ်ဖို့မသင့်တော်တော့ပါဘူး... ``


နာကျည်းစိတ်တွေ ချုပ်တည်းကာ အေးအေးသက်သာ ခွန်းတုန့်ပြန်ခဲ့သည်။ သူမအဖေ စကားအရ ခမ်းသည် ကြွေနှင့် စေ့စပ်ကြောင်းလမ်းမှု့ကို ဖျက်သိမ်းရန် ပြောထားသည့်စကားကြောင့် သူမသိက္ခာနှင့် မာနကို အဆုံးစွန်ထိ စော်ကားလိုက်သည်ဖြစ်၍ ‌ထိုနေ့မှစ ခမ်းကို ကြွေစကားမပြောနိုင်တော့ချေ...၊


 ခမ်းစကားအလိုအရ ‌ကြွေသည် ချက်ခြင်းပင် စေ့စပ်ကြောင်းလမ်းမှုကို သူမမိဘနှင့် ခမ်းရှေ့မှာပင် ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။ သို့ပေမဲ့ ခမ်းကတော့ မျက်နှာပြောင်တိုက်ကာ နေ့စဉ်နေ့တိုင်း ကြွေ့ဆီသို့ လာခဲ့သည်။ အရင်လို ပွေ့ဖက်နမ်းရှိုက်ချင်သည့် အပြုအမှုတွေ လုပ်ချင်ပါသော်လဲ ကြွေသည် ခွင့်မပြုတော့ပေ...၊ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းမှုနှင့်အတူ သူမတို့၏ ၄နှစ်တာ အချစ်ခရီးလမ်းလဲ ထိုနေရာမှာတင် ရပ်တန့်ခဲ့ပြီဖြစ်ကြောင်း သူမနှင့်အတူ ခမ်းလဲသိပါသည်။ 


ပြတ်ဆဲသွားသည့် ဆက်ဆံရေးတစ်ခုကို ဘယ်လိုမှ ကုသ၍မရတော့ပါ..။ အခိုက်အတန့်တစ်ခုအထိ ချစ်ခြင်းမေတ္တာတွေ ဖွဲ့နှောင်ခဲ့ပေမဲ့ စကားတစ်ခွန်းကြောင့် ဤနှောင်ကြိုး ပျက်တောက်ခဲ့သည်။ 


ဘဘောထားကြီးစွာဖြင့် အရင်က ကောင်းခဲ့ဖူးသော အမှတ်တရများကို ငဲ့ညှာကာ ကြွေသည် ခမ်းကို လက်သင့်ခံထားသည်။ သို့ပေမဲ့ ချစ်သူရည်းစား ဆက်ဆံရေးအသွင်တော့ မည်မျှ တွန်းပို့ တွန်းပို့ မရောက်တော့ချေ..။


°~°~°~°~°❤️


EDENကုမ္မဏီတွင် သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု လွန်ခဲ့သည့် ၂ရက်ကတည်းက ကြေညာထားသည်ဖြစ်၍ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံအသီးသီးက သတင်းထောက်များ မီဒီယာများစွာသည် နေရာအသီးသီးယူထားကြပြီဖြစ်သည်။ 


ထို့နောက် စင်ပေါ်သို့ ဟိန်း ၊ ဘရဏီနှင့် သွေးမျက်ရှင်တို့ တက်လာကာ မီဒီယာများ အရှေ့တွင် ကိုယ့်နေရာကိုယ်ယူကာ ထိုင်လိုက်ကြသည်။ အတန်ကြာမှ ကုမ္မဏီ၏ဥက္ကဌ Mr' Hardတက်ရောက်လာကာ သူ၏အနောက်တွင် မိုးဇွန်ကပ်လျက် လိုက်ပါလာသည်။


 Hardရောက်လာသည်နှင့် မီဒီယာနှင့် သတင်းထောက်သမားများသည် ဓာတ်ပုံများတဖျတ်ဖျတ် ရိုတ်သူကရိုတ် ၊ ကင်မရာနှင့် ဗီဒီယို ရိုတ်သူကရိုတ်နှင့် အလုပ်ရှုပ်နေကြသည်။ Hardသည် မားမားမတ်မတ်  မတ်တပ်ရပ်ကာ မိုက်ခ်ကို ကိုင်လျက် သတင်းထောက်များအရှေ့သို့ ဦးညွတ်လိုက်သည်။ ပြီးနောက် ကင်မရာကို..ဂရုဏာ ၊ ရဲဝံ့မှုတို့ ရောနှောနေသည့် မျက်ဝန်းတို့ဖြင့်ကြည့်ကာ ...


`` ကျွန်တော်အခု သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့အကြောင်းအရင်းကတော့ ဒီနှစ်ထုတ်လုပ်မယ့် ထုတ်ကုန်ပစ္စည်းဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ရပါကြောင်း အရင်ပြောလိုပါတယ်..``


Hardစကားကြောင့် စင်အောက်ရှိ  သတင်းထောက်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သတင်းရေးသူကရေး အတင်းပြောသူကပြောဖြင့် ဆူဆူညံ့ညံဖြစ်သွားကြသည်။ သတင်းထောက်ထဲမှ တစ်ယောက်သည် မတ်တပ်ထရပ်ကာ မေးခွန်းအချို့မေးလေသည်။


`` ဒါဆို ဥက္ကဌပေးထားတဲ့ကတိ ပျက်သွားပြီလို့ ဆိုလိုတာပေါ့..``


`` ဟုတ်ပါတယ်..``


`` ဘာအကြောင်းပြချက်များပေးမလဲ သိချင်ပါတယ်... နိုင်ငံအနှံက clientsတွေက EDENကထုတ်မယ့် productတွေကို မျှော်လင့်နေကြတာပါ.``


သတင်းထောက်မေးလာသည့် အမေးကို ချိုသာစွာပြုံးကာ ပြန်လည်ချေပ သည်။ ပရိတ်သတ်များက၏ တီးတိုးသံဟာဆိုရင် ရပ်တန့်မသွားပဲ ဇရပ်ကျသလို ပို၍ ကျယ်လောင်လာခဲ့သည်။


``ဒီကိစ္စအတွက် ကျွန်တော်တို့ဘက်က စိတ်မကောင်းပါဘူးလို့ ပြောချင်ပါတယ်...။

အကြောင်းပြချက်ကတော့ ခိုင်လုံစွာ တည်ရှိနေပါတယ်..။

အမှန်တကယ်ဆို ထုတ်ကုန်က ထုတ်လုပ်ပြီးနေပါပြီ.. ကုမ္မဏီရဲ့ သစ္စာဖောက်တစ်ယောက် လုပ်ကြံမှုကြောင့် ပျက်စီးသွားရခြင်းဖြစ်ပါတယ်..``


`` သစ္စာဖောက်..! 

လုပ်ကြံတယ်! ဟုတ်လား..``


ပရိတ်သတ်များသည် Hardချေပသည့် စကားကြောင့် ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။ 


`` မကြာခင်မှာ အဲ့ဒီ့သစ္စာဖောက်ကို ဒီနေရာမှာပဲ ဖော်ပြသွားမှာပါ ၊ ``


Hardသည် ထိုသို့ပြောပြီး စင်ပေါ်ရှိ ဟိန်းဘေးတွင် လွတ်နေသော နေရာ၌ ထိုင်လိုက်သည်။ ခဏအကြာ သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် နေရာသည် အမှောင်အတိကျသွားပြီး စင်ပေါ်ရှိ ပိတ်ကားပေါ်တွင် videoစလိုက်ထိုးပြသထားသောအရာသို့ နိုင်ငံအနှံက သတင်းစာသမားများက စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။ 


ပိတ်ကားပေါ်တွင် EDENကုမ္မဏီ၏ ဓာတ်ခွဲခန်းကို တွေ့ရပြီး ထိုဓာတ်ခွဲခန်းထဲသို့ ဒုဥက္ကဌ သွေးမျက်ရှင်ဝင်လာ၍ ဖော်မြူလာထဲသို့ တစ်စုံတစ်ခုထည့်လိုက်သည်ကို သတင်းထောက်များက တွေ့လိုက်ရ၍ သူတို့၏ မျက်လုံးများသည် သွေးမျက်ရှင်ဆီသို့ ဦးတည်ကုန်ကြသည်။


 သွေးမျက်ရှင်သည် ထိုvideoကြောင့် မျက်နှာ ပျက်ယွင်းသွားကာ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။ ထထွက်သွား၍လဲမရ သူမဘေးနှစ်ဖက်တွင် ဟိန်းနှင့် ဘရဏီက ထိုင်နေပြီး သူမ၏ ပေါင်နှစ်ဖက်ကို ကိုင်ထားကြသည်။ ဘရဏီသည် သွေးမျက်ရှင်ကို မျက်လုံးမှိတ်ပြကာ ဗီဒီယိုကို ဆက်၍ ကြည့်ခိုင်းစေသည်။ ထိုဗီဒီယို ပျောက်သွားပြီး အသံဖိုင်တစ်ခုထွက်လာခဲ့တော့သည်။


``Hello...``


``ကျွန်မ ရှင်ပြောတဲ့အတိုင်းလုပ်ပြီးပြီ...``


``အေး..!

 ရှင်ပြောသလို ကျွန်မ ဥက္ကဌရာထူးမရလို့ကတော့ ရှင့်ရဲ့ကောက်ကျစ်တဲ့ အကြံကို တစ်ကမ္ဘာလုံးသိအောင် ဖွင်ပြောပစ်မှာ``


``အဟက်...မလိုပါဘူး....

ရှင့်ကတိတည်ရင် ရပြီ..``


အသံဖိုင်ကြားပြီးသည်နှင့် သတင်းထောက်များသည် သွေးမျက်ရှင်ဆီသို့ ရောက်လာကာ ဓာတ်ပုံများ တဖြတ်ဖြတ်‌ရိုတ်နေကြသည်။ထို့နောက် ထပ်မံ၍ နောက်ထပ်အသံဖိုင်တစ်ခု ကြားရပြန်သည်။


``Hello``


``ယုတ်မာလှချေလား ဟမ်...

ကျွန်မက ရှင့်ကို ဥက္ကဌရာထူးရအောင်ပဲ လုပ်ခိုင်းတာလေ 

ကုမ္မဏီကို ဖျက်သိမ်းခံရအောင်လုပ်ခိုင်းတာမဟုတ်ဘူး!!``


`` ကိုယ်က မင်းအတွက်လုပ်ပးနေတာပါ... ဒီလိုမှ..အဟက်..

 Hardဆိုတဲ့အကောင်ကို ဖြုတ်ချလို့ ရမှာပေါ့``


`` ကုမ္မဏီကို ထိခိုက်ခဲ့ရင် ဘယ်လိုလုပ်မလဲ..``


`` စိတ်ချပါ သွေးမျက်ရှင်ရာ..

မင်း လုပ်တုန်းကလုပ်ပြီး အခုမှ ဘာလာကြောက်ပြနေတာလဲ... ဝက်ဖြစ်မှတော့ မစင်ကြောက်မနေနဲ့တော့..

တိုက်မှတိုက် အဆုံးစွန်အထိတိုက်..

မဟုတ်ရင် လက်ထဲ ရောက်ခါနီးမှာ ပြန်ပေးနေရလိမ့်မယ်...``


``အဟွန့်..

 ဒါဆိုလဲ လုပ်လိုက်ကြတာပေါ့..`` 


အသံဖိုင်ပြီးဆုံးသည်နှင့် အခန်းတစ်ခုလုံး လင်းထိန်လာပါတော့သည်။ သတင်းထောက်များသည် သွေးမျက်ရှင်နားသို့ကပ်ကာ ..


`` ဘာကြောင့် ဒီလို လုပ်ရပါသလဲ..``

`` ဘာအကြောင်းပြချက်များ

 ပေးနိုင်ပါသလဲ..``


`` အနီးစပ်ဆုံး ဖြေရှင်းမှုတစ်ခုကြားချင်ပါတယ်`` 


ဟူ၍သာ ထပ်ခါတလဲလဲမေးနေကြသည်။ သွေးမျက်ရှင်သည် သူမ၏မျက်နှာကို ကာလျက် သတင်းထောက်များကို နှင်ထုတ်၏..။ ဏီနှင့် ဟိန်းသည်လည်း သွေးမျက်ရှင်ကို ကာကွယ်ကာ သတင်းထောက်တွေကို အရမ်းမမေးဖို့ မတွန်းဖို့ပြောရသည်။ 


Mr Hardက မတ်တပ်ထရပ်လိုက်ပြီး မိုက်ခ်ကို ကိုင်တော့မှ သတင်းထောက်များ အနည်းငယ်ကျဲသွားသည်။


`` ဥက္ကဌ ဘာများပြောချင်ပါသလဲရှင့် ၊

 ဒုဥက္ကဌသွေးမျက်ရှင်က ဥက္ကဌရဲ့ ညီမလဲဖြစ်နေတော့ သူမကို တရားဥပဒေအတိုင်း လုပ်သွားဖို့ရှိပါသလား..``


Hardသည် စိုးရိမ်သည့် အမှုအရာဖြင့် သူမကိုကြည့်ကာ ...


`` ပြောရရင်တော့ဗျာ..အသားထဲက လောက်ထွက်တယ်ဆိုရမှာပေါ့.. ကျွန်တော်တို့ပြသွားတဲ့ အသံဖိုင်အရဆိုလျှင် သူမနဲ့အတူ ကြံရာပါတစ်ဦးရှိနေပါသေးတယ် အသံဖိုင်အရ ဘယ်သူပါလိမ့်လို့ ကျွန်တော်တို့ တွက်ချက်ကြည့်ပါသေးတယ်..ခင်များ‌တို့ရော အဲ့ဒီ့အသံကို ကြားဖူးကြသလား..``


Hardစကားကြောင့် သတင်းထောက်များသည် တွေဝေသွားပြီး တစ်ယောက်ကိုတစ်ယောက် မေးငေါ့ကာ ဖြေကြည့်မေးကြည့်လုပ်နေကြသည်။


`` ကျွန်တော်တို့အနီးစပ်ဆုံးလူကိုရှာကြည့်တဲ့အခါ ကြံရာပါက ကျွန်တ်ောတို့ ကုမ္မဏီက မဟုတ်ခဲ့ပါဘူး.. ဒါကြောင့် CCTVမှတ်တမ်းကို လေ့လာကြည့်တဲ့အခါ ကျွန်တော် ခရီးသွားနေတဲ့ကာလအတွင်း ကုမ္မဏီထဲကို သူစိမ်းတွေအတော် အဝင်အထွက်များခဲ့တယ်.. အဲ့ဒီ့လူတွေရဲ့ ကိုယ်ရေးအကျဉ်းကို ရှာကြည့်လိုက်တဲ့အခါ....``


Hardသည် စကားကိုဆွဲပြောပြီး ပရိတ်သတ်တွေထဲမှ တစ်စုံတစ်ယောက်ကိုရှာသော် သူလိုချင်သည့်သူက ရှေ့တည့်တည့်တွင် ရှိနေပေသည်။ ထိုလူကို ခနဲ့သလို အပြုံးတစ်ခုပြုံးပြလျက် ပြောလက်စ စကားကို ဆက်ပြေပါတော့သည်။


`` သူတို့တွေက`  W ` ကုမ္မဏီက ဖြစ်နေပါတယ်..``


ပရိတ်သတ်ထဲမှ Hardကြည့်သော သူမှာ ဒက်ဗလျူပင်ဖြစ်သည်။ သူသည် နောက်ဆုံးထိုင်ခုံအတန်းတွင်ထိုင်လျက် လက်ပိုက်ကာ ပြုံးပြုံးကြီး နားစွင့်နေ၏...။


`` ဟာ..!``


သတင်းထောက်တွေ၏ တုန်လှုပ်မှုသည် Wကို အနည်းငယ် ရိုတ်ခတ်လိုက်သည်။ပြုံးနေရာမှ တည်ငြိမ်သွားသော ဒက်ဗလျူ၏အပြုအမှုကို ကြည့်ရင်း Hard ကျေနပ်နေသည်။ ပိတ်ကားပေါ်တွင် W ကုမ္မဏီဥက္ကဌအပါအဝင် သူ၏ တပည့်များသည် သွေးမျက်ရှင်နှင့်အတူ Edenကုမ္မဏီသို့ ဝင်ထွက်သွားလာနေသည့်  ဓာတ်ပုံများ ပေါ်လာခဲ့သည်။


`` ဒါက စွပ်စွဲချက်များ ဖြစ်နေမလား ဥက္ကဌ..``


သတင်းထောက်တစ်ယောက်၏ စကားကြောင့် Hardပြုံးမိသည်။


`` ကာယကံရှင်ကပိုသိပါတယ်...``


ဟုပြောပြီး သတင်းစာရှင်းလင်းပွဲကို ပိတ်သိမ်းလိုက်သည်။ ရဲမှုးများကလဲ သတင်းထောက်များကြားမှ သွေးမျက်ရှင်ကို ဆွဲခေါ်ထုတ်သွားလေသည် ။


ရဲမှုးများသည် video clipကိုယူကာ Wကုမ္မဏီဥက္ကဌ Mr'Wကို စစ်ဆေးမေးမြန်းရန် စခန်းသို့ခေါ်ယူသွားခဲ့သည်ဟု သတင်းများကြားခဲ့သည်။ 


Hardသည် ကုမ္မဏီ၏ ဂုဏ်သိက္ခာနှင့်အတူ သူ၏မာနများကို အဖယ်ဆည်နိုင်ရုံသာမက ရန်သူကိုလဲ အမိဖမ်းနိုင်ခဲ့လေပြီ.. ။ 


🎆°~°~°~°~°🎆


သုံးနှစ်ကြာသော် ~~~~


``အေး...လာလာ..ကလေးတွေ ပစ္စည်းတွေကို ဆိုင်ထဲသွင်းပေးပါကွယ်..မိန်းကလေးတွေပဲရှိကြတော့ အလေးအပင်တွေမ မယ့်သူမရှိကြဘူးလေ...``


``ဟုတ်ကဲ့အမ...ကျွန်တော်တို့ ဆိုင်ထဲမှာ နေရာတကျ ချပေးခဲ့ပါ့မယ်..``


ဗိုလ်ချုပ်ဈေးထဲတွင် `` ကြွေ`` ဟူသောနာမည်ဖြင့် တခမ်းတနား ပိုးထည် ၊ ချည်ထည်ဆိုင်ကြီးကို ကြွေနှိုင်းခ ဖွင့်လှစ်ခဲ့ပါသည်။


 ဝါသနာပါသော ဆရာမအလုပ်ကိုစွန့်လွတ်ကာ မိဘနှင့်အတူနေလိုသည်ကတစ်ကြောင်း ၊ မိဘများလဲ ဆရာမအလုပ်ကို စွန့်လွတ်ခိုင်း၍က တစ်ကြောင်းမို့ ဝါသနာကို မျက်ကွယ်ပြုကာ ရှေ့ရေးမျှော်တွေးပြီး မိန်းကလေးနှင့်လိုက်ဖက်သော ပိုးထည်ဆိုင်ကို ဖွင့်ရန်သာ စီစဉ်လိုက်ခြင်းဖြစ်သည်။ သူမဆိုင်သည် အရောင်းသွက်၍ အပြောချိုသာပြီး ပစ္စည်းမှန် ၊ ဈေးနူန်းမှန်သောကြောင့် ဝယ်သူများအကြိုက်တွေ့စေသည်။


`` ဟယ်..ကြွေ ပစ္စည်းတွေ ရောက်လာပြီလား...``


ဘေးဆိုင်က ယေကျာ်းဝတ်များရောင်းသော မိန်းကလေးများသည် ကြွေ့ကို သိပ်ခင်မင်သည်၊ ‌ကြွေ့ကို ညီအမအရင်းသဖွယ် အရာရာကို တိုင်ပင် နှီးနှော၏။


`` ဟုတ်တယ် မိုးရေ...ပစ္စည်းတွေထပ်ရောက်လာပြန်ပြီ..မှာထားတဲ့သူက မှာထားတော့လဲ ဝယ်ရပြန်တာပေါ့..``


`` ကြွေပင်ပန်းတော့မှာပဲ..``


`` မပင်ပန်းပါဘူး မိုးရယ်...အလုပ်လုပ်တာပဲလေ..အထိုက်အလျောက်တော့ ချွေးစို့တာပေါ့...စိတ်မပူပါနဲ့နော်..``


မိုးသည် ကြွေ့ကို ပစ္စည်းများ ကူသိမ်းပေးကာ ဝိုင်းလုပ်ပေး၏ သူမ၏ဆိုင်မှာ ဝန်ထမ်းများ ထားခဲ့သောကြောင့် ဆိုင်အတွက် ပူစရာမလိုပေ...။


`` မပူပါဘူးရှင်..မိုးအစား ပူပေးမယ့်သူတစ်ယောက် ရှိတာပဲဟာ 

အဟွန်း..``


မိုးသည် စကားပြောရင်း ဆိုင်အပြင်ဘက်သို့ မေးငေါ့ပြသည်..။


``အို...သူရောက်လာပြန်ပြီ...``


 ဗိုလ်ချုပ်ဈေးမှာ ဆိုင်စဖွင့်ကတည်းက သူသည် ကြွေ့ဆိုင်ရှေ့မှာ ၁၅မိနစ်လောက် အမြဲလာရပ်ကြည့်၏။ သူ့ကိုကြည့်လျှင် မျက်လုံးမှိတ်ပြသည် ၊ ပန်းစည်းများလာပေးတက်သည် ၊ ချောကလက်နှင့် ကြွေနှိုင်းခ ကြိုက်တက်သည့် ကြွေထည်ပစ္စည်းများကိုလဲပေးတက်သည်။ 


သူဘယ်နှယ့်၍များ ကြွေ့အကြိုက်တွေသိနေလဲ မသိပါ..။ ဟိုတစ်ခါကဆို လမ်းမှာ ဖိနပ်ပျက်၍ စိတ်ညစ်နေချိန် ဘယ်ကနေ ဘယ်လိုပေါ်လာလဲမသိသည့် သူသည် ကြွေ့ ခြေထောက်ရှေ့သို့ ပန်းကတ္တိပါဖိနပ်တစ်ရံ လာပေးကာ ပြေးထွက်သွားသည်။ သူပေးသည့် ဖိနပ်ကို စီးကြည့်သော် ကြွေ့ခြေထောက်နှင့် ကွက်တိဖြစ်နေသည်။


သူဘယ်သူလဲ ကြွေမသိပါ။ သူ့မျက်နှာကိုလဲ မမြင်ဘူးပါ ။ အဘယ်ကြောင့်ဆိုသော် သူ့မျက်နှာကို maskအမြဲအုပ်ထားပြီး လျှာထိုး ဦးထုပ်အနက်ရောင်က အမြဲစောင်းထားသည်။သူ့အရပ်ကိုခန့်မှန်းရလျှင် ၆'၈ လောက် ရှိလိမ့်မည်။


 အဝတ်အစားဆိုလျှင်လဲ ဟူဒီအကျီအပွနှင့် ဂျင်းဘောင်းဘီအပွကို အရောင်သာ ကွဲလွဲလိမ့်မည်။

 ဒီပုံစံသာ သူအမြဲဝတ်ဆင်သည်။ ဆိုင်သိမ်းလို့ အိမ်ပြန်လျှင်လဲ အနောက်မှ လူတစ်ယောက်အမြဲလိုက်လာသလိုခံစားရသည်။ နောက်လှည့်ကြည့်ပြန်တော့လဲမတွေ့ ၊ တစ်ခါတစ်ရံ သတိထားမိတဲ့အချိန် နောက်လှည့်ကြည့်လျှင် သူဖြစ်နေတက်သည်။


သူကို တွေ့နေရသည်မှာ ၂နှစ်ကျော်လေပြီ...။ သူ၏အသံကိုမကြားဖူးသေးပါ။ 


သူ၏အသံဆိုလို့ လူကို

 `` ရွတ် ရွတ် `` ဟူ၍ အနောက်မှ လိုက်ကာ ခေါ်တက်သည်။ ပြီးလျှင် မျက်လုံးမှိတ်ပြသည် ။  ဘယ်လိုလူမျိုးလဲ ကြွေမပြောပြတက်ပါ...။ ကြွေ သူ့အကြောင်းသိသည်ကား သူသည် ဇွဲ ကြီးသည် လုံလရှိသည်၊ ကျန်တာကိုတော့ ဘာမျှ မသိချေ..။


ဒီနေ့ ဆိုင်သိမ်းနောက်ကျ၍ စီးမည့် Bus carကားမှာ ‌လွဲချော်ခဲ့သည်။ အိမ်ရှိကားကလဲ ဝက်ရှော့ ရောက်နေသည် ။ ထို့ကြောင့် မှတ်တိုင်မှာသာ တစ်ယောက်ထဲ ခြင်းတောင်းကလေးဆွဲကာ ကားလာမည့်အရပ်ကို မျှော်နေရပေသည်။


`` ဟေ့ ကောင်မလေး တစ်ယောက်ထဲလား.. အဖော်မပါဘူးလား..မိုးချုပ်နေပြီနော်...ပြန်တက်ရဲ့လား..``


မုတ်ဆိတ်မွှေးရေးရေးနှင့် အသက်၃၀ကျော် ကုလားတစ်ယောက်သည် ကြွေထိုင်နေသည့် ထိုင်ခုံးနားသို့ အတင်းတိုးထိုင်ကာ ပရောပရည်လုပ်နေသည်။ အကူအညီတောင်းစရာ လူကလဲမတွေ့ လူခြေလဲ တိတ်ဆိတ်နေသည်။


`` ဟေ့..ခေါ်နေတာတောင် အဖတ်မလုပ်ပါလား...ဘာလဲ မာနကြီးနေတာလား...``


ထိုကုလားသည် ကြွေ့အနားသို့ တိုးကပ်လာလေသည် ။ ကြွေထပ်၍တိုးမရတော့ပြီ ဘေးဘက်တွင် နံရံသာရှိတော့သည်။ ထိုအချိန် လူတစ်ယောက်သည် ကြွေ  နှင့် ကုလားကြားသို့ဝင်ထိုင်ကာ ကြွေ့ခြင်းတောင်းကို သူ၏ဘေးဘက်သို့ ထားလိုက်ပြီး ကြွေ့လက်ကို သူ၏လက်မောင်းသို့ ချိတ်ကိုင်စေသည်။ သို့မှသာ ကုလားသည် ကြွေတို့ကို ကွက်ကြည့် ကွက်ကြည့် ကြည့်ပြီး ထိုင်နေရာမှ ထထွက်သွားလေသည် ။ 


ထိုလူကိုကြည့်သော် ဟူဒီကောင်လေးဖြစ်နေသည် ။ ဟူဒီအမြဲဝတ်ထားသည့်အတွက်ကြောင့်  ကြွေ့ဘာသာ သူ့ကို နာမည်ပေးလိုက်ခြင်းသာဖြစ်သည်။ သူ့လက်မောင်းကို ကိုင်ထားသော ကြွေ့လက်ကို ကမန်းကတန်းဖြုတ်လိုက်ပြီး  မတ်တပ်ထရပ်လိုက်သည်။

သူ့မျက်ဝန်းကို ကြည့်လိုက်သော် ရွန်းရွန်းဝေကာ တောက်ပနေ၏။


`` ကျေးဇူးပါ..``


သူက ခေါင်းခါပြသည်။ ထိုင်ခုံမှာ လာထိုင်ရန် ခုံပေါ်သို့ပုတ်ပြပြီး သူက ခပ်ဝေးဝေးတွင် ထိုင်လိုက်သောကြောင့် ကြွေထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။


`` ရှင့်ကို ခဏခဏတွေ့ရတယ်နော်... ဟိုနေ့က ဖိနပ်အတွက် ကျေးဇူးပါ...``


သူက ကြွေ့ကို ဘေးတစ်စောင်း

လှည့်ကာ စိုက်ကြည့်နေသည်။ ကြွေစကားပြောလျှင်လဲ ခေါင်းငြိမ့်ခေါင်းခါသာလုပ်ပြီး ကြွေ့မျက်နှာကိုသာ ငေးကြည့်နေ၏.။


``ကျွန်မ နာမည်က ကြွေနှိုင်းခပါ.. ရှင်လာလာနေတဲ့ အထည်ဆိုင်က ကြွေ့ဆိုင်ပေါ့..``


သူသိသည်ဟု ခေါင်းငြိမ့်ပြသည်။တခြားဘာမှပြန်မပြောချေ...။ ကြွေအနည်းငယ် သိလိုစိတ် ပြင်းပြလာသည်။ သူစကားမပြောတက်တာလား ၊ မပြောချင်လို့လား ၊ မပြောတက်ချင်ယောင် ဆောင်နေသည်လား..။ စိတ်၏စေခိုင်းရာအနောက်သို့ လိုက်သွားခဲ့ပါသည်။


`` ရှင်နာမည်ကရော ဘာလဲဟင်...

ရှင်က...

ဟို...စကားမပြောတက်တာလားဟင်..


ကျွန်မ စကားပြောမှားသွားရင် 

ခွင့်လွတ်ပါနော်...``


သူသည် ကြွေကိုကြည့်ရင်း ပြုံးကာ စိတ်ပါလက်ပါ ရယ်လိုက်သည်။


ဟားဟားဟား.....


``ဟင်....သူ့အသံ....

သူ့အသံက...မင်း....မင်းက....``


ကြွေအံဩစွာဖြင့် မတ်တပ်ရပ်ကာ သူ့ကိုကြည့်တော့ သူ့မျက်နှာမှာ တပ်ထားသောMaskကိုချွတ်ကာ ကြွေ့အား ချိုသာသော အပြုံးတို့ဖြင့် အားရဝမ်းသာစွာပြုံးပြသည်။


``ဟင်.....``


အပိုင်း ( ၁၇ ) မျှော်....


သူက ဘယ်သူလဲဟင်....


ဒါဒါလေးတွေတော့မသိဘူး...


မေ့မှာ ရင်ခုန်နေပြီ....😁


မေ့ဝတ္တုလေးကို အားပေးကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်🙏


rate now: