❤️ကျွန်တော့်နှလုံးသား
မမထံ ဝပ်ဆင်း၍❤️
🍂°~~°°~~°~~°🍂
ရန်ကုန်မှ နောင်တခမ်းနှင့်အတူ ဦးတင်အောင်မြင့် မိသားစုသည် ချင်းပြည်နယ် ကုက္ကိုလ်ကိုင်းရွာသို့ရောက်လာခဲ့သည်။ ရောက်လျှင် ရောက်ချင်း ရွာ၏ သူကြီးမှ ဆရာမလေး ကြွေနှိုင်းခ၏မိဘများဆိုသည်နှင့် တလေးတစားခေါ်ယူကာ ရိုရိုသေသေ ဆက်ဆံကြသည်။
ဦးတင်အောင်မြင်နှင့် နောင်တခမ်းကတော့ သူကြီးနှင့် စကားပြောနေခဲ့ပြီး ခြွေနှိုင်းခနှင့် သူမ၏ အမေကတော့ ကြွေနှိုင်းခ တည်းခိုသော အိမ်ကလေးသို့ ရောက်လာကာ နေထိုင်မှုပုံစံကို လှည့်လည် ကြည့်သည်။
သူမ၏ စည်းကမ်းရှိမှုသည် နှစ်ပတ်လောက် ပျောက်နေသည့်တိုင် အိမ်က သန့်ရှင်း သပ်ရပ်နေ၏။
ကြွေနှိုင်းခ မိခင်သည် ကြွေနှိုင်းခနေသော အခန်းထဲသို့ဝင်ကာ သူမ၏ အဝတ်သေတ္တာလေးကို ဖွင့်ကြည့်ရင်း အကျီများကို ဖက်တွယ် နမ်းရှိုက်ရင်းငိုပါတော့သည်။
ထို့နောက် စာအုပ်စင်ပေါ်တွင် သူမနေ့စဉ် အမြဲမှတ်သားထားသာ ဒိုင်ယာရီစာအုပ်ကလေးကို ခြွေနှိုင်းခ ဖွင့်ဖတ်ကြည့်ကာ ငိုပါလေတော့သည်။
စာအုပ်ထဲတွင် သူမအမြဲအိမ်ကိုသတိရကြောင်း ၊ အချစ်ဆုံးမှာ ညီမလေးဖြစ်ကြောင်း ၊ မိဘနှစ်ပါးကို ပထမဆုံးအကြိမ် စိတ်ဆင်းရဲအောင်လုပ်မိတဲ့အတွက် တစ်သက်လုံးနောင်တ၍ မဆုံးမှာဖြစ်ကြောင်း စာအုပ်ထဲ ကြွေ၏ ရင်ထဲက ခံစားချက်များ ထည့်ရေးထားသည်။
``သမီးလေးရယ်..ဒါကြောင့် မေမေတားပါတယ်..
မသွားပါနဲ့..မသွားပါနဲ့လို့...
ခုများတော့...အမလေး..မေ့သမီးကိုယ်ကျိုးနည်းပြီထင်ပါတယ်..
အဟင့် ဟင့်...``
`` မငိုပါနဲ့မေမေရယ်...မမအဆင်ပြေမှာပါ...
နတ်သိကြားတွေက မမကို ဒီအတိုင်းမထားပါဘူး....``
``အေး..အေးပါကွယ်...မေမေတို့ သမီးအမကို ဘေးကင်းစေဖို့ ဘုရားမှာ ဆုတောင်းကြရအောင်နော်..``
`` ဟုတ်ကဲ့..``
ခြွေနှိုင်းခတို့ သားအမိသည် ကြွေနှိုင်း၏ ဘုရားကျောင်းဆောင်ကို ပန်း ၊ ရေချမ်း ၊ဆီမီးများ ကပ်လှုပူဇော်ရင်း ကြွေ့အတွက် ဆုတောင်းနေပါတော့သည်။
ရွာသူကြီးသည် ကြွေနှိုင်းခ၏ ဖခင် ဦးတင်အောင်မြင့်ကို အကျိုးအကြောင်းများရှင်းပြကာ ဆရာမလေး ဒီလို ဖြစ်ရတာ စိတ်မကောင်းပါဘူး ဆိုသည့် အကြောင်းနှင့် တခြားအကြောင်းများကို ပြောရင်း စကားဖောင်ဖွဲ့နေကြသည်။
`` အဲ့ဒါကို ဘာလို့ ရဲမတိုင်ကြသလဲဗျာ..
ဒါကို ကျွန်တော်တို့ဘက်က သေသေချာချာကိုင်တွယ် ဖြေရှင်းရမယ်မလား... ``
ဦးတင်အောင်မြင့် စကားကြောင့် သူကြီးသည် ခေါင်းခါပြကာ ရေနွေးတစ်ကျိုက် သောက်လိုက်သည်။
`` ရဲတိုင်လို့ရရင် ကျွန်တော်တို့က အစထဲကတိုင်ပြီး အဲ့လိုဓားပြတွေကို ရွာသားတွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်မှာပေါ့ဗျာ..
အခုဟာက ရဲတွေကလဲ မြေကြမ်းတယ် ၊ ဘာကြမ်းတယ်ဆိုပြီးမလာတာက တစ်မျိုး ၊ တချို့ရဲတွေဆို အဲ့ဒီ့ဓားပြတွေနဲ့ ပူးပေါင်းထားကြသေးတာဗျ..
အရင်ကတော့ ရဲသားကြီးတွေလဲ တိုက်ရှာပါတယ်၊ ဓားပြတွေရဲ့ နယ်မြေက ကျယ်ပြန့်ပြီး ဝေးလွန်းတာကြောင့် ရှာလို့လဲမတွေ့ ၊ ရှာတွေ့ တဲ့ ရဲတွေကလဲ ဓားပြနယ်မြေထဲမှာဆိုတော့ အသက်ပါမလာကြတာတွေချည်း..
ဒါကြောင့် ကျွန်တော်တို့လဲ လက်လျော့ ထားကြတာပါဗျာ...``
`` တောက်စ်...အဲ့လိုမျိုးလုပ်နေလို့ မြန်မာပြည်ကြီးမတိုးတက်တာ..``
`` ဟုတ်တယ် နောင်ကြီးရာ...
ကျွန်တော်တို့ကလဲ ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်းမသိလိုက်တာ ခက်တယ်..``
သူကြီးစကားကြောင့် နောင်တခမ်းစိတ်ဝင်စား၍ ပြန်မေးလိုက်သည်။ ဦးတင်အောင်မြင့်သည်လည်း သမီးအပူကြောင့် ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ရော မျက်နှာအနေအထားပါ အရင်လို လန်းဆန်းတက်ကြွမနေတော့ပေ..။
`` ဒီလိုလေ ငါ့တူရယ်..
ဆရာမလေး ကယ်လာတဲ့ လူကို ဘကြီးတို့ကလဲ လူကောင်းအမှတ်နဲ့ ကယ်တင်ထားတာလေ...
ဘယ်သူထင်မှာလဲ အဲ့ကောင်လေးက ဓားပြဗိုလ်ဆိုတာကို...
အသက်ကလဲ ငယ်ငယ်ရွယ်နဲ့ဆိုတော့ ...
ဒါပေမဲ့ ဆင်သေကို ဆိတ်သရေ ဖုံးလို့ရမတဲ့လား..
ခဏလေးအတွင်း ဗူးပေါ်သလို ပေါ်တာပါပဲ.....``
သူကြီးစကားကြောင့် နောင်တခမ်း နားလည်သလိုလိုနဲ့ နားမလည်တော့ချေ..၊ အားမလို အားမရနှင့် သူကြီးအနားသို့ တိုးထိုင်လိုက်သည်။
`` ဘကြီးပြောတာ ကျွန်တော် သိပ်နားမလည်ဘူး...
ကြွေ့အိမ်မှာနေတဲ့ ထနှောင်းခအကြောင်းကို အခုပြောတာလား..``
`` ဘာတွေပြောနေတာလဲ မောင်ရင် အန်ကယ့်ကိုရှင်းပြပါဦး..``
ဦးတင်အောင်မြင့်သည် ခမ်း စကားထဲတွင် ကြွေပါနေသည့်အတွက် စိတ်ပါလက်ပါ ဖြစ်ကာ ငိုင်နေသည့် စိတ်တွေ ဆက်ခနဲ ထလာခဲ့သည်။ စကားဝိုင်းသည်လည်းအရင်ကထက် ပို၍ စည်ကားလာခဲ့သည်။
`` ဟုတ်တယ် ငါ့တူ
ဆရာမလေးကယ်လာတဲ့ ထနှောင်းခဆိုတဲ့ ကောင်လေးက ဓားပြဗိုလ်ဘဲ..
အခုတော့ ထမင်းကျွေးတဲ့လက်ကို ကိုက်တဲ့ ခွေးဖြစ်နေပြီ...``
`` တောက်စ်...ဒါဆို သမီးလေးကယ်ထားတဲ့ လူကပဲ သမီးလေးကို ပြန်ဖမ်းသွားတာပေါ့...``
သူကြီးသည် မျက်နှာညိုးငယ်စွာဖြင့် ဦးတင်အောင်မြင့်ကို ခေါင်းငြိမ့်ပြသည်။
`` ကျုပ်ရင်နာတာ အဲ့ဒါတွေပဲ..
စိတ်ထားအဲ့လောက်ထိ မဖြူစင်နဲ့လို့ ခဏခဏပြောပေမဲ့..
အများအမြင်မှာ ကျုပ်ကပဲ ဒေဝဒတ်ဖြစ်ရတယ်.. ``
``ကျေးဇူးရှိမှ ကျေးစွတ်လို့ရတယ် ဆိုတာ အဲ့ဒါပြောတာပေါ့ နောင်ကြီးရာ...``
သူကြီး၏ စကားကြောင့် ဦးတင်အောင်မြင့်သည် သက်ပြင်းချရင်း ငိုင်ကျသွားသည်။ သူ၏ သမီးဖြစ်သူကို ဘယ်မှာသွားရှာရမလဲ.. သဲလွန်စတောင် မချန်ထားခဲ့တဲ့ နယ်မြေပေါ်မှာ ဘယ်အရာကို အစဆွဲပြီး ရှာဖွေရမှန်းမသိတော့၍ ထပ်ကာ ထပ်ကာ သက်ပြင်းချပြီး သူကြီး၏ ခြံအပြင်တွင် ခွပ်နေကြသော ကြက်နှစ်ကို သာငေးကြည့်နေမိတော့သည်။
လူကြီးတွေက အာခေါင် အာရင်းအသံတွေဖြင့် ပြောနေသော်ငြား နောင်တခမ်းကတော့ လက်သီးကိုကျစ်နေအောင် စုပ်ပြီး စိတ်ထဲတွင် ထနှောင်းခကို ကျိန်ဆဲနေပါတော့သည်။
( မင်းဘယ်လောက်ထိ ငါ့ဆီမှာရှိတဲ့အရာတွေကို ဆွဲယူဖို့ကြိုးစားနေတာလဲ Hard..
ဒီတစ်ခါတော့မရဘူး...ဒီတစ်ခါတော့ မင်းရှုံးပြီ...ကြွေနှိုင်းခကို ဘယ်တော့မှ မင်းမပိုင်စေရဘူး...အဟက်..မင်းငါ့လက်ထဲမှာဘဲ ကျရှုံးစေရမယ်...)
❤️ 🍂 ❤️ 🍂 ❤️
``Hello..``
``ပြောပြော...
လိုမှ ခေါ်တဲ့ လိုသုံးတွေ..``
`` ဒီနေ့ငါ ရန်မဖြစ်ချင်ဘူး
ဘရဏီ ဥက္ကဌက မင်းကို အလုပ်တစ်ခု ခိုင်းလိုက်တယ်..``
``ဘာ!...ဟဲ့..နင်ငါ့အကြောင်းမေ့နေပြီလား ၊ ငါကခိုင်းတိုင်းလုပ်ရအောင် နွားမဟုတ်ဘူး..``
`` အေးပါ..ဥက္ကဌ အကူအညီ တောင်းခိုင်းလိုက်တာ ဟုတ်ပြီလား..``
`` အင်း ဘာလဲပြော..``
`` ကုမ္မဏီ ဒုက္ခရောက်တော့မယ်.. အကြောင်းအရင်းက ပင်မဓာတ်ခွဲခန်းထဲကလို့ ဥက္ကဌ ထင်နေတယ်..
ဒါကြောင့် ဓာတ်ခွဲခန်းထဲက formula liquidကို ယူလာခဲ့...
နောက်ပြီး တစ်လစာ CCTVမှတ်တမ်းကိုလဲ ယူလာခဲ့...
ဥက္ကဌက ဒီကိစ္စကို သိုသိုဝှက်ဝှက် လုပ်ခိုင်းလိုက်တယ်...
ဘာအသံမှ မကြားချင်ဘူး..``
`` ဘာလဲ အမိန့်ပေးနေတာလား...``
`` ငါ....!!
မင်းနော်.. မင်း..မိန်းကလေးသာမဟုတ်ရင် ငါဆဲပြီးပြီ အခြောက်မရဲ့..``
`` ဘယ်သူပြောလဲ ငါမိန်းကလေးလို့...နင့်လို အားနေငိုနေတဲ့လူ မဟုတ်ဘူး...``
``အေး...
ငါက အသဲနှလုံးရှိတဲ့ အမျိုးဟဲ့..
နင့်လိုသံမဏိနှလုံးသားမဟုတ်ဘူး..
နောက်ပြီး ငါက ဘုရားပေးတဲ့ ပုံစံအတိုင်းပဲနေတယ်..
သွေဖယ်ပြီး ခြောက်မနေဘူး...``
`` ဘာ!...နင်...``
တီ..............
`` သောက်ရူး ဖုန်းချသွားတယ် ငါနဲ့လဲ ဖက်မကိုက်တက်ဘဲနဲ့... အေး...နင်ငါ့အပေါ်အကြွေးတင်သွားပြီ မိုးဇွန်...``
မိုးဇွန်သည် စင်ကာပူတွင် ရှိသော ဘရဏီဆိုသည် ယောကျာ်းလျာ ( Tom boy ) လေးကို ဖုန်းဆက်၍ ထနှောင်းခ ပြောသလို အလုပ်ကိစ္စလုပ်ခိုင်းလိုက်သည်။
EDEN ကုမ္မဏီပြိုလဲမည့်အချိန်တိုင်း သူမကိုအကူအညီလှမ်းတောင်းရသည်။ ထနှောင်း၏ ပထွေးကုမ္မဏီဆိုပေမဲ့ ပထွေးက ကင်ဆာရောဂါနဲ့ စောစောစီးစီး ကွယ်လွန်သွားတဲ့အခါ..
ထိုကုမ္မဏီကို ဦးဆောင်ရန် ထနှောင်းမိခင် ဒေါ်ခင်သွေးနုသည် အသက် ၁၇နှစ်သာ ရှိသေးသည့် ထနှောင်းခကို မရရအောင် ခေါ်ကာ ဦးဆောင်ခိုင်းစေသည်။
ပြိုလဲတော့မည့်ကုမ္မဏီကို ဦးဆောင်ရာတွင် ထနှောင်းခအပြင် ဘရဏီနှင့် ဒေါက်တာ ဟိန်းဇေယျာလဲပါ၏..။ သူတို့နှစ်ဦးလုံးသည် ထနှောင်း၏ ငယ်သူငယ်ချင်းအရင်းကြီးများ ဖြစ်ကြသည်။ ဆယ်ကျော်သက်အရွယ်နှင့် ကြီးလေးသည့် တာဝန်ကို ထမ်းဆောင်ချိန်တွင် ဒေါ်ခင်သွေးနုသည် ထနှောင်းကို တစ်ချက်မှ လာမကြည့်
``ပင်ပန်းနေပြီလား သားရေ``
ဟူ၍လဲ လာမမေး မျက်နှာလွဲ ခဲပစ်လုပ်နေသည်။ ထို့ကြောင့် ဘရဏီသည် ထနှောင်း၏မိခင်ကို ထနှောင်းထက်ပင် ပို၍ မုန်းသည်။
သူမသည် မိန်းကလေးဆိုပေမဲ့ မိန်းကလေးနှင့် တစ်စက်မှ မတူ စကားပြောရင်လဲ ခပ်ပြတ်ပြတ် ၊ အနေအထိုင်ဟူသည်မှာလဲ
တကယ့်ယေကျာ်းလေးတစ်ယောက်လို ဆံပင်ကလဲ အမြဲလိုလို ကတုံးဆံပင်ပေါက်ပုံစံပဲညှပ်ထားသည်။ ဘယ်ခွေးမှ လူမထင်သည့် လူဂွစာ စရိုတ်မျိုးရှိ၏..။
သူမ နေသည့်နေရာသည် ကုမ္မဏီနှင့် မနီးမဝေး ၁၃ထပ်ကွန်ဒိုတိုက်ခန်းတွင် ဖြစ်သည်။ မိုးဇွန်နှင့် ဖုန်းပြောပြီးနောက် သူမသည် Marketကိုသွားသည် ။
လက်အိတ် ၊ ဖော်မြူလာထည့်ရန် ပုလင်းအရွယ်စုံနှင့် တခြား လိုရမယ်ရများသွားဝယ်သည်။
မနက်ပိုင်းတစ်ခုလုံး အေးအေးသက်သာ နေပြီးမှ ညဘက် လူခြေတိတ်ချိန် ၁၂နာရီဆိုလျှင် ကုမ္မဏီထဲသို့ အမဲရောင် ဟူဒီအကျီဝတ်ကာ လွယ်အိတ်တစ်လုံးနှင့် ကိုယ့်ကုမ္မဏီထဲကိုယ် ခိုးကြောင်ခိုးဝှက် ဝင်ရပါတော့သည်။
ပါးစပ်ထဲသို့ ပီကေ၃ခုကို တစ်ပြိုက်နက်ထဲ ထည့်ကာ စားလိုက်ပြီး ဓာတ်ခွဲခန်းရှိရာသို့ ရောက်လာခဲ့သည်။ ဓာတ်ခွဲခန်းသို့ဝင်ရန် ကုတ်နံပါတ် ကိန်းဂဏာန်းကို ရိုတ်ထည့်ရသည်။ ကုတ်နံပါတ်သည် အရင်ကုတ်နံပါတ်မဟုတ်တော့သည့်အတွက် မိုးဇွန်ကို ဖုန်းခေါ်ကာ လှမ်းမေးရသည်..။
`` Hello...``
`` နင်တို့တွေဟာလေ သစ္စာကိုမရှိဘူး ငါခဏလေးအလုပ်ကိုမလာလိုက်တာနဲ့ ကုတ်နံပါတ်ပြောင်းထားတယ်..``
`` အော်အေး..ငါပြောဖို့မေ့သွားတယ် လိုက်မှတ်..``
`` မှတ်စရာမလိုဘူး..
နင့်ဘိုးအေက ငါ့ရှေ့မှာ နှိမ့်ထည့်လိုက်ရုံပဲ..ပြော..``
`` 1681995``
တီ....
`` ပွင့်သွားပြီ..ဒါနဲ့ ဘယ့်သူသက္ကရာဇ်ကြီးလဲ..``
`` ဥက္ကဌကတော်..``
`` ဘာ!``
ဘရဏီအော်လိုက်သည်မှာ လွန်သွား၍ တိတ်ဆိတ်နေသည့် ကုမ္မဏီတစ်ခုလုံး ဘရဏီ့အသံ ပဲ့တင်ထပ်သွားခဲ့သည်။
`` ဘယ်သူလဲ....ဘယ်သူရှိလဲ...``
လုံခြုံရေးဝန်ထမ်းသည် အသံကြောင့် ဓာတ်ခွဲခန်းဘက်သို့ လျှောက်လာခဲ့သည်။ ဘရဏီသည် ဓာတ်ခွဲခန်းထဲအမြန်ဝင်၍ တံခါးကို ပိတ်လိုက်ပြီး စက်ပစ္စည်းများ၏ အနောက်ဘက်တွင် ဝင်ရောက် ပုန်းခိုလိုက်သည်။ လုံခြုံရေးဝန်ထမ်းသည် နေရာအနှံ ဓာတ်မီးတစ်လက်ဖြင့် လိုက်လံရှာဖွေးရင်း မတွေ့တော့မှ ပြန်ထွက်သွားသည်။
ထိုမှသာ ပုန်းနေရာမှ ပြန်ထွက်လာပြီး ဖုန်းကိုပိတ်ကာ လုပ်လက်စအလုပ်ကို ဆက်လုပ်သည်။ အိတ်ထဲမှ လက်အိတ်ကို ထုတ်ဝတ်ကာ လက်ညိုးလောက်ရှိသော ပုလင်းနှစ်လုံးကို ထုတ်လိုက်သည်။
ပြီးသည်နှင့် ဓာတ်မီးကိုဖွင့်ကာ formulaကို ပုလင်းထဲသို့ထည့်လိုက်သည်။ပြီးနောက် ပုလင်းတွေကို ပလက်စတစ်ဖြင့် သေချာစည်းနှောင်ကာ လွယ်အိတ်ထဲသို့ထည့်ပြီး ကြောင်မျက်လုံးဖြင့် ဓာတ်ခွဲခန်းထဲရှိ ထူးဆန်းသည့်အရာများကို ပိုက်စိတ်တိုက်ရှာပါတော့သည်။
ကြမ်းခင်းများကို သေချာကြည့်သော် အဝါရောင်ဆံပင်အရှည်တစ်ပင် နှစ်ပင်ကိုတွေ့ရ၏..။
မသကာ်၍ စက်ပစ္စည်းအောက်ဘက်တွေကို ငုံ့ကြည့်သော် ပုလင်းအဖုံးတစ်ခုကို တွေ့လိုက်ရသည်။ ထိုသည်ကို ဇာဂနာနှင့်ကောက်ယူကာ ပလက်စတစ်အိတ်ထဲသို့ ထည့်လိုက်သည်။ တခြားဘာမှမရှိတော့၍ ဓာတ်ခွဲခန်းထဲမှ ထွက်ကာ security roomထဲသို့ ဝင်ပြီး တစ်လစာ မှတ်တမ်းအပြင် ရှိသမျှ မှတ်တမ်းတွေအားလုံးကို USBထဲသို့ ထည့်ကာ လေတချွန်ချွန်နှင့် ကုမ္မဏီထဲမှ ထွက်လာခဲ့သည်။
😍 🍂 😍 🍂 😍
ဒေါက်တာဟိန်းဇေယျာသည် မနက်မိုးလင်းသည်နှင့် မဟူရာစံအိမ်သို့လာကာ ကြွေ့ကို အားဆေးလာထိုးပေးသည်။ အခုထိ သတိပြန်မလည်လာသေးသော ကြွေ့ကို ကြည့်ရင်း ထနှောင်းခတစ်ယောက် မျက်တွင်းတွေ ချောင်လာခဲ့သည်။
``သခင်ကြီး ရွာထဲမှ သတင်းလာပို့ပါတယ်..``
ခေါင်းကိုက်နေ၍ ကြွေ့ဘေးနားရှိ ထိုင်ခုံမှာထိုင်နေသည့်အချိန် ရွာထဲမှ ကင်းထောက်တစ်ယောက် ထနှောင်းအရှေ့သို့ ရောက်လာခဲ့သည်။
`` တိုးတိုးသက်သာပြော သခင်ကြီးရော သခင်မရော နေမကောင်းဘူး..``
`` ဟုတ်ကဲ့ပါဆရာ..
ကုက္ကိုလ်ကိုင်းရွာကို ဒီနေ့ သခင်မရဲ့ မိဘတွေရောက်လာပါတယ်..
အခု သူကြီးအိမ်မှာ ရှိနေပါတယ်..``
`` ဘာ! မမရဲ့ မိဘတွေဟုတ်လား..``
ခေါင်းကိုက်နေသည်တောင် ဘယ်ရောက်သွားလဲမသိ ငေါက်ခနဲ မတ်တပ်ရပ်လိုက်သည့်အထိ လန့်သွားခဲ့သည်။
``ဟုတ်ပါတယ်..``
`` မေမေတို့လိုက်လာတယ်ဟုတ်လား...``
ကြွေသည် ထနှောင်းတို့ပြောသည့် အသံကြောင့် နိုးလာခဲ့သည်။ ကြွေနိုးလာသည်နှင့် ထနှောင်းက ကြွေ့ကိုယ်လေးကို ထိန်း၍ ထိုင်ရအောင် ဖြေးညင်းစွာ ချီကာ ကုတင်ပေါ်တွင် လှဲနေရာမှ ထိုင်ခိုင်းလိုက်သည်။
`` သက်သာရဲ့လားမမ..ဘယ်နား နာနေသေးလဲဟင်..``
ထနှောင်းပခုံးပေါ်မှီနေသည့် ကြွေသည် ထနှောင်းကိုကြည့်ကာ သူ၏မျက်နှာလေးကို ကိုင်လျက်..
`` မမ နေကောင်းသွားပါပြီ..မမ မေမေတို့ကို သတိရတယ်..မေမေတို့နဲ့ တွေ့ချင်လိုက်တာ ထနှောင်းရယ်..``
ထနှောင်းမျက်နှာကို ကိုင်ထားသော ကြွေ့လက်ကို ဆုပ်ကိုင်ကာ သူမ လက်ဖဝါးနုနုလေးကို အနမ်းခြွေလိုက်၏။ ဒေါက်တာ ဟိန်းဇေယျာကလဲ ပစ္စည်းတွေသိမ်းရင်း ကင်းထောက်ကို မျက်စပစ်ကာ ပြန်လွတ်ပြီး သူပါ အခန်းထဲမှ တံခါးပိတ်ကာ ထွက်လာခဲ့သည်။
`` မမက အန်တီတို့နဲ့ တွေ့ချင်လို့လားဟင်..``
`` ဟုတ်တယ် ထနှောင်းလေး..
မမမေမေတို့နဲ့ ခွဲနေရတာ ကြာပြီလေ..သူတို့ကို သိပ်သတိရတာပဲ...``
`` ဒါဆို ကျွန်တော်ကရော..``
`` ထနှောင်းကလဲ မမကို အရင်လို လာတွေ့ပေါ့ မမက ရွာမှာပဲ နေရဦးမှာ .. ကလေးတွေကလဲ စာသင်နှစ်မကုန်သေးဘူးလေ..``
ထနှောင်းသည် ကြွေ့လက်ကလေးကို သူ၏နူတ်ခမ်းနှင့် ထိပြီးမျက်လုံး မှိတ်ထားကာ အချိန်အကြာကြီး နေနေ၏.. ။
ထနှောင်းခံစားရသည့် ဝေဒနာကို ကြွေသိပါသည်။ သူမသည် လှဲနေရာမှဒူးထောက်ထကာ ထနှောင်းနှင့် မျက်နှာချင်းဆိုင် ထိုင်လျက် ထနှောင်း၏ နှဖူးကို အနမ်းတစ်ပွင့်ခြွေလိုက်သည်။
`` မမကို အိမ်ပြန်ပို့ပေးနော်..မမ ဒီမှာနေတာ ကြာသွားပြီ..ကုက္ကိုလ်ကိုင်းရွာကို လာခဲ့တဲ့ ရည်ရွယ်ချက် ၊ တာဝန်တွေကို ပြီးအောင် လုပ်ရဦးမယ်လေ..ဒါကြောင့်..``
ထနှောင်းသည် ကြွေ့ခါးလေးကို ဖတ်ကာ သူမရင်ခွင်ထဲသို့ တိုးဝင်ပြီးဖက်တွယ်ထားလိုက်သည်။
`` မမအဲ့ကိုသွားရင် ကျွန်တော်နဲ့ ဝေးရတော့မှာ..
မမကသာ နေနိုင်ပေမဲ့..ကျွန်တော်က ခံနိုင်ရည်မရှိဘူး..မမမှာ မိဘတွေရှိပေမဲ့ ကျွန်တော့်မှာ မရှိဘူး...ကျွန်တော့်မှာ မမကလွဲရင် ဘယ်သူ့မှမရှိဘူး...``
သူမရင်ခွင်ထဲမှာ ရှိုက်သံမထွက်ဘဲ တုန်ခါနေသောအသံဖြင့် အသံတိတ်ငိုနေသော ထနှောင်း၏ ကျောပြင်ကိုပုတ်ကာ နှစ်သိမ့်ပေးနေမိသည်။
`` ထနှောင်း ပျင်းရင် မမဆီလာလည်လေ.. မမက အရင်အိမ်မှာပဲ အမြဲရှိနေမှာပဲဟာ..မမတို့က လူချင်းဝေးနေပမဲ့ နှလုံးသားချင်းကတော့ နီးနေကြမှာပဲမဟုတ်လား..``
``.......``
ထနှောင်း မည်သည့်စကားကိုမှ မပြောတော့ပါ..။ သူ၏မျက်ရည်များသည် လွမ်းဆွတ်မှုကို ဖော်ပြသည်။
ထွက်မသွားပါနဲ့လို့ မပြောလိုတော့ လက်လွတ်လိုက်သည်ကသာ ချစ်သောသူအတွက် ပျော်ရွင်မည်ဆိုလျှင် နှလုံးသားကွဲလဲ ကွဲစေဦးတော့ မျက်ရည်များနှင့်သာ ပျော်နေဦးမှာဟု ထနှောင်းစိတ်ထဲတွင် ထပ်ကာ တလဲလဲ ပဲ့တင်သံ ထပ်အောင် ဖြေသိမ့်နေတော့သည်။
🍂••••~~~••••🍂
ညနေစောင်းသော် မဟူရာစံအိမ်ထဲသို့ ဧည့်သည်မဟုတ်သော ဧည့်သည် ရောက်လာခဲ့သည်။
`` ဝေး...ဟေး...
ဘော်ဒါကြီးတို့ အဆင်ပြေလား..``
ထိုလူသည်မှာ စင်ကာပူကရောက်လာသည့် ဘရဏီပင်ဖြစ်သည်။ လွတ်လပ်ပေါ့ပါးစွာဖြင့် ခုန်ပေါက်လျက် ဓားရိုးရှိသည့် ထီးတစ်ချောင်းကိုကိုင်ကာ လျှောက်သွားနေပေသည်။
အများမြင်လျှင် ဓားကြီးတကားကားနှင့် ကြောက်စရာကောင်းသော ယေကျာ်းသားတစ်ယောက်လို ပုံစံဖမ်းကာ ဟန်ရေးပြနေခြင်းဖြစ်သည်။ ခက်တာက မဟာမြိုင်တစ်ရွာလုံးက ဘရဏီအကြောင်းကို ခရေစေ့တွင်းကျ အကုန်သိနေတာမို့ အထင်ကိုမကြီးကြတော့ပေ..။
`` အဆင်ပြေပါတယ် ဏီရေ...``
`` အေး ငါလဲပြေတယ်ကွ...! ဟေး...ဒီမှာ ခရီးဝေးကဧည့်သည်ရောက်လာတယ်လေကွာ...
ကြိုဆိုတာလေး ဘာလေးမလုပ်ကြဘူးလား..အလိုက်ကမ်းဇိုးမသိကြတဲ့ဟာတွေ..``
ဘရဏီသည် မဟူရာစံအိမ်ဧည့်ခန်းထဲရှိ ကျွန်းထိုင်ခုံပေါ်တွင် ကားယားပက်လက်ကြီးထိုင်လျက် မဟူရာစံအိမ်က လူတွေကို ခပ်မိုက်မိုက် အော်ခေါ်နေပါတော့သည်။
ကြီးလှသည် ဘရဏီလာသည်ဆိုသည်နှင့် သူမအကြိုက် အော်ဂဲနစ်သီးနှံဖျော်ရည်ကို ဖျော်လာကာ ဘရဏီရှေ့သို့ လာချပေးသည်။ ဘရဏီသည် ကြီးကြီးကျယ်ကျယ်တွေသာ ပြောနေပေမဲ့ လူကြီးသူမကိုတော့ ရိုသေသည်။ ကြီးလှ သူမအရှေ့ရောက်လာသည်နှင့် ကျုတ်ကျုတ်လေးပြန်ထိုင်ကာ နူတ်ဆက်သည်။
`` မဂ်လာပါကြီးလှ ..
ကြီးလှကတော့ သန်တုန်း မြန်တုန်း တုတ်ခိုင်တုန်းပဲနော်...
ဒါကို ဘာလို့ ယေကျာ်းမယူတာလဲ...
ဘာလဲ ကျွန်တော့်ကို စောင့်နေတာလား..``
`` ခစ်ခစ်...တော်ပါပြီကွယ်..ဒီအရွယ်ရောက်မှ အပူမရှာချင်တော့ပါဘူး...
သခင်ကြီးစိတ်အခြေအနေသိပ်မကောင်းတာမို့ သမီးဘက်က စကားအပြောအဆို ဆင်ခြင်နော်...``
`` စိတ်ချပါကြီးလှရယ်...
ဏီက အဲ့ကောင်ကြီးကို ပိုင်ပြီးသားပါ..``
`` အေးကွယ် ဒါဆိုလဲ ကြီးလှသွားတော့မယ်..``
`` ဟုတ်ကဲ့..``
ကြီးလှလဲ ပြန်သွားရော ဘရဏီမှာ အရင်လို ပက်လက် ကားယားပြန်ထိုင်ပြီး လူတွေကို အော်ခေါ်နေပြန်သည်။
`` ဟျောင့်တွေ...ငါဒီမှာ သစ်ကုလားအုတ်ဖြစ်နေပြီ..
အပေါ်ထပ်မှာ အိမ်ကြီးရှင်လုပ်မနေနဲ့ ဆင်းလာခဲ့ဦး...``
ဘရဏီ ခဏခဏ အော်ခေါ်သောကြောင့် မိုးဇွန် အလုပ်လုပ်လက်စ တန်းလန်းနဲ့ လာခဲ့ရသည်။ ဘရဏီရှေ့ ရောက်သည့်နှင့် လက်သီးလက်မောင်းတန်းကာ ထိုးမယ့်ဟန် ပြင်နေသော မိုးဇွန်ကို
မထီမဲ့မြင် ကြည့်လိုက်၏..။
`` အော်..လာပြီပေါ့ဟမ်...``
`` မင်းအပေါက်ကို ဖြစ်နိုင်ရင် ဘရိတ်ဆွဲလို့ရမယ့် ခလုတ်တစ်ခု တပ်ပေးလိုက်ချင်တယ်...``
`` နေစမ်းပါ...
ဘယ်မလဲ ဟိုအကောင်..
ခေါ်လိုက်လေ..
မင်းကလဲ ဘာလုပ်နေတာလဲ ထိုင်လေ..အော်..ပြောနေရတယ်..
ရှိန်မနေစမ်းပါနဲ့..ကိုယ့်လူတွေပဲဟာ ``
မတ်တပ်ရပ်ကာ လက်ပိုက်ပြီး ဘရဏီ့ကို မျက်မှောင်ကြုတ်ကာ ကြည့်နေသော မိုးဇွန်ကို ဧည့်သည်က ပြန်ထိုင်ခိုင်းရသည်။ထိုအချိန် အပေါ်ထပ်မှာ ထနှောင်းနှင့် ကြွေနှိုင်းခတို့ ဆင်းလာခဲ့သည်။ အားနည်းနေသည့် ကြွေနှိုင်းခ လက်မောင်းကိုတွဲကာ ဆင်းလာသော ထနှောင်းခကို ကြည့်ရင်း ဘရဏီမှာ အူလှိုက် အသည်းလှိုက် ရယ်ပါတော့သည်။
``ဖူး..... ဟားဟားဟား...
တလောကလုံးကြောက်ရတဲ့ ကောင် အခု မယားကြောက်ဖြစ်ရပြီ...
ဟားဟားဟား...
ငါသေးတောင်ထွက်တယ်...
ဟားဟားဟား..``
ကြွေသည် ဘရဏီ့ကိုကြည့်ရင်း ကြောင်အမ်းအမ်းဖြစ်နေ၏။ ထနှောင်းကတော့ ဘရဏီ့ကို ဂရုပင်မစိုက်.. စံအိမ်ထဲမှ ဆင်းပြီး ကြွေ့ကို ရွာပြန်ပို့ရန်သာ ပြင်ဆင်နေသည်။ခမ်းနော်ကလဲ သူတို့အနောက်မှ တဖြေးဖြေးခြင်းလိုက်လာခဲ့သည်။
`` ဟျောင့်..ငါမသေသေးဘူးနော်.. ငါ့လဲ အရည်ရောအဖတ်ရော လုပ်ပါဦးကွ...``
`` ဟျောင့် မင်းအပေါက်ကို ငါဘာနဲ့စို့ပေးရမလဲ... သခင်ကြီးက စိတ်အဆင်မပြေသေးဘူးကွ..``
ဘရဏီသည် ထနှောင်းပုံစံကို ကြည့်ပြီး သဘောမခွေ့သဖြင့် မတ်တပ်ထရပ်ကာ မိုးဇွန် ပခုံးကိုသိုင်းဖက်လိုက်၏။ သူမခန္ဓာကိုယ်သည် ညှပ်ညှပ်သေးသေးလေးပေမဲ့ အရပ်ကတော့ (၅' ၆) မိုးဇွန်နှင့် မတိမ်းမယိမ်းပင်...၊
ထိုသည်ခမ်းနော်က မြင်လိုက်၍ စိတ်ထဲစနိုးစနောင့်ဖြစ်သွားသည်။ မိုးဇွန်ကလဲ ရိပ်မိကာ ဘရဏီ့လက်ကို အတင်းပြန်ဖြုတ်သည်။
`` နေစမ်းပါ...ဘာဖြစ်နေတာလဲ..!
အရင်ကလဲ ဖက်နေကျဟာ...
ဘာလဲ အနောက်က ကောင်မလေးက မင်းစော်လား..``
ဘရဏီသည် သူမတို့ကို ကွက်ကြည့်ကွက်ကြည့် ကြည့်နေသော ခမ်းနော်ကိုမြင်၍ မိုးဇွန်ကိုပိုဖက်ကာ နားရွက်အနားသို့ တိုးကပ်ပြီး စကားပြောသည်။ အဝေးကမြင်လျှင် ဘရဏီကပဲ မိုးဇွန်ကို နမ်းနေသယောင်...၊
`` ဟျောင်...ငါဆွဲထိုးမိတော့မယ်..
ဖယ်စမ်းကွာ..``
မိုးဇွန်သသည် ဘရဏီ့ကို တွန်းထုတ်၍ ခမ်းနော်အနောက်သို့ လိုက်သွားခဲ့သည်။
`` အဟွန့်...တူများကို ထားခဲ့နဲ့လေ...
တူများက အားငယ်နေတာ..``
ဒေါသတကြီးနှင့် ဆောင့်အောင့်ကာ ထွက်သွားသော မိုးဇွန်နောက်သို့ ဘရဏီလိုက်၍ ထစပြန်သည်။ သူတို့နှစ်ယောက် တွေ့ပြီဆိုလျှင် အမြဲကြောင်နဲ့ကြွက်လိုဖြစ်နေသည် ။ သို့ပေမဲ့ စိတ်ဆိုး ၊ စိတ်ကောက်တာမျိုး မဖြစ်ကျ ၊ ဖြစ်လဲ ခဏတာပင် .. ပျော်ပျော်နေတက်သော ဘရဏီကြောင့်သာ ထနှောင်းတို့သူငယ်ချင်းတွေ အမြဲပျော်ရွင်ရသည်။
`` ငမိုး...ငါတို့အခုဘယ်သွားနေတာလဲ..``
`` သခင်မကို အိမ်ပြန်ပို့နေတာ..ရွာမှာ သခင်မမိဘတွေရောက်နေလို့..``
`` အော်..ယောက်ခမနဲ့ သားမက်တွေ့ဆုံပွဲပေါ့..ကြည့်တော့ကောင်းပြီ.. ဒါမှန်းသိရင် ငါနေကြာစေ့ ယူလာခဲ့ပါတယ်..``
ဘရဏီ့စကားကို မိုးဇွန်က ကြားနေကြဆိုတော့ ကိစ္စမရှိပေမဲ့...
ခမ်းနော် နားထဲမှာတော့ ကန့်လန့်ဖြစ်နေသည်။ သူမသည် ဘရဏီ့ကို ပေစောင်း ပေးစောင့်ကြည့်ကာ မျက်စောင်းထိုး၍ ကြွေ့ဘေးနားသို့ကပ်သွားသည်။
`` စကားကြည့်ပြောဟ!.. တခြားသူကြားရင် မကောင်းဘူး...``
`` အေးပါ..``
ထနှောင်းသည် လမ်းတစ်လျှောက် ကြွေ့လက်ဖဝါးလေးကို ကိုင်ကာ နွေးထွေးမှုအပြည့်ပေးလျက် လျှောက်လာခဲ့သည်။
`` မမ ဟိုကိုရောက်ရင် ကျွန်တော့်ကို မေ့မသွားနဲ့ဦးနော်...``
`` အင်း..``
`` မမက ကလေးတွေ စာသင်နှစ်ပြီးရင်ရော ဒီမှာပဲ ထပ်နေဦးမှာလား..``
`` ဒါတော့ မမလဲ မသေချာပါဘူး.. ဒါပေမဲ့ ဘယ်သွားသွား ထနှောင်းလေးနဲ့ အဆက်အသွယ်မပြတ်စေရပါဘူးလို့တော့ ကတိပေးတယ်...``
`` အင်း..``
ထနှောင်းတို့သည် ဆင်သချိုင်းနား ရောက်သည်နှင့် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် .. ကြွေ၏မိဘကို ဆင်သချိုင်းမှာသာစောင့်ရန် ၊ တခြား ဘယ်သူမှ မခေါ်လာစေရန် ထနှောင်းသည် စာဖြင့် ပေးပို့ထားသောကြောင့်ဖြစ်သည် ။ ခဏအကြာ ကြွေ၏မိဘနှင့်အတူ ခြွေနှိုင်းခနှင့် နောင်တခမ်းတို့ပါ ဆင်သချိုင်းအနားသို့ ရောက်လာခဲ့သည်။
`` ဟာ..ဟိုမှာ သမီးလေး...သမီးရေ...``
`` ဟင် မေမေ...``
ဒေါ်မိုးကြွေလွှာသည် ကြွေ့ကိုမြင်သည်နှင့် သူ၏ယေကျာ်းလက်ကို လွတ်ချကာ ကြွေ့ထံသို့ပြေးလာခဲ့သည်။ ကြွေသည်လည်း သူ၏အမေလဲကျမည်စိုးသောကြောင့် ထနှောင်းလက်ကိုဖြုတ်ကျ သူမအမေဆီသို့ ပြေးသွားသည်။
`` အမလေး...မသေကောင်းမပျောက်ကောင်း ကလေးရယ်...မေမေပြောပါတယ်....ဒီကို မသွားချင်စမ်းပါနဲ့လို့..အခုတော့..သမီးလေး..ဟီး..ငါ့သမီးလေး သနားပါတယ်ကွယ်...``
ဒေါ်မိုးကြွေလွှာသည် ကြွေ့ကိုဖက်ထားကာ မျက်နှာအနှံ အားရပါးရဖြင့် အနမ်းများပေးနေသည်။ ထိုသည်ကို ထနှောင်းကြည့်ရင်း ဝမ်းသာပီတိဖြင့် ပြုံး၏။
`` သမီးဘာမှမဖြစ်ပါဘူးမေမေရယ်..သမီးနေကောင်းပါတယ်``
`` ဘာလို့ ဘာမှမဖြစ်ရမှာလဲ ဓားပြတွေက ခေါ်သွားလို့ဆို..``
`` မဟုတ်ပါဘူး..ဓားပြတွေက သမီးကို တိုက်ခိုက်နေချိန်မှာ ထနှောင်းက လာကူညီပေးတာပါ..အဲ့ဓားပြတွေကြောင့် သမီးဒဏ်ရာအပြင်းအထန်ရသွားတော့ သူတို့အိမ်ကို ခဏခေါ်သွားပြီး သမီးနေကောင်းလာတဲ့အထိ ဆေးကုပေးနေတာပါ..``
``မင်းလားကွ..ဟမ်..!
ငါ့သမီးကို ခေါ်သွားတာ..``
ဦးတင်အောင်မြင်သည် ဒေါကြီးမောကြီးဖြင့် ထနှောင်း၏ မျက်နှာကို ဆွဲထိုးပါတော့သည်။ ထနှောင်းကတော့ ဘာမျှ ပြန်မလုပ် ၊ မပြောဘဲ ခေါင်းငုံကာသာ ငြိမ်၍ ခံနေ၏..။ မိုးဇွန်က မနေနိုင် ကူမယ်ကြံတော့ ထနှောင်းက လက်ကာပြလိုက်၍ နောက်ပြန်ဆုတ်လိုက်ရသည်။
``မလုပ်ပါနဲ့ ဖေဖေ..ဖေဖေ...မလုပ်ပါနဲ့...
ထနှောင်းက လူကောင်းပါ..သူဘာမှမလုပ်ပါဘူး..သမီးကို ကူတောင် ကူညီသေးတာဖေဖေရဲ့...``
ဦးတင်အောင်မြင့်ကို မနည်းဆွဲတားကာ ရှင်းပြတော့မှ ရပ်တန့်သွားသည်။ ဒေါသအရှိန်ကတေ့ မပျောက်သေးပေ..။
`` ကျွန်တော်တောင်းပန်ပါတယ်အဖေ..
အဖေတို့အဲ့လောက်ထိ စိတ်ပူနေမယ် မထင်ခဲ့လို့ပါ..``
ထနှောင်း၏ လည်ပင်းအကျီစကို အားဖြင့်တင်းကာ ဆွဲကိုင်ထားသော ဦးတင်အောင်မြင့်သည် ထနှောင်းစကားကြောင့် မျက်လုံးပြူးကာ ကြွေ့ကိုကြည့်လိုက် ၊ ထနှောင်းကိုကြည့်လိုက် ဖြစ်နေရသည်။
ကြွေကတော့ လက်နှစ်ဖက်ကိုသာ ဆုပ်နယ်နေပြီး ဘာပြောရမှန်းတောင် မသိသည့် အခြေအနေ ရောက်နေ၏..။
ထိုပွဲကိုကြည့်နေသော မိုးဇွန်နှင့် ခမ်းနော်တို့မှာ ရင်တဒိတ်ဒိတ် ဖြစ်နေပေမဲ့..ဘရဏီကတော့ မိုးဇွန်ပခုံးကိုဖက်လျက် ပီကေဝါးရင်း အတင်းပြောအားရှိနေသည်။
`` ဟျောင့် မိုးဇွန်..မင်းသခင်ကတော့ လုပ်ချလိုက်ပြန်ပြီ...``
`` ဘာပဲဖြစ်ဖြစ် မင်းအပေါက်ပိတ်ထားရင် အဆင်ပြေတယ်..``
မိုးဇွန်စကားကြောင့် ဘရဏီသည် မိုးဇွန်နောက်စေ့ကို ဖျက်ခနဲ ရိုတ်လိုက်သည်။ ထို့နောက် မျက်လုံးကစားပြီး နေရာအနှံလျှောက်ကြည့်လေရာ ဒေါ်မိုးကြွေလွှာအနားတွင် ရပ်နေသည့် ခြွေနှိုင်းခမြင်သွားပါတော့သည် ။
သူမ၏ ပခုံးထောက်နေသောဆံနွယ် ကော်ဖီအရောင်ဟာ အသားဖြူဖြူ မျက်နှာသွယ်သွယ်လေးနှင့် လိုက်ဖက်နေသည် ။ ကုတ်အကျီ အဖြူရောင်လေးနှင့် လူငယ်ဆန်ဆန် ဂျင်းဘောင်းဘီအပြာဝတ်ထားသည်က မော်ဒန်တွေထက်ပင် စတိုင်ကျနေလေ၏..။
ဘရဏီသည် သူမကို တွေ့လျှင် တွေ့ချင်း မျက်လုံးထဲမှာ ပိုးစုန်းကြူးတွေ ဖြတ်ပြေးသွားသလို တလက်လက်ထနေပြီး နှလုံးခုန်သံများက တဒိတ်ဒိတ်နှင့် မရပ်တော့ပေ..။
`` ဒုက္ခပဲ ဟျောင့်ရေ...ငါ့ရင်ဘက်ကို စမ်းကြည့်စမ်း...``
ထနှောင်းတို့ဖြစ်ရပ်ကို စိတ်ဝင်တစားကြည့်နေသည့် မိုးဇွန်သည် ဘရဏီ့စကားကြောင့် သူမကို နှစ်ခါပြန်ကြည့်ရသည်အထိ ဖြစ်ခဲ့သည်။
`` ငါအဲ့လောက်ထိ နှာဗူးမကျဘူးဟျောင့်..
အေး..ကျချင်ကျမယ်..မင်းကိုတော့မဟုတ်ဘူး.``
`` ဒီသူတောင်းစားကတမှောင့် ..ငါ့နှလုံးသားတွေ တဒိတ်ဒိတ်နဲ့ ခုန်နေလို့ပြောတာကွ..မရပ်တန့်တော့ဘူး...``
``မင်းနှလုံးပဲ ခုန်နေတာမဟုတ်ဘူး...တခြားသူတွေလဲ ခုန်နေတာပဲ..သခင်ဆို ပိုတောင်ခုန်နေဦးမှာ..``
မိုးဇွန်ကြောင့် ဘရဏီfeelနေရာမှ အရှိန်ပျက်သွားခဲ့သည် ။ မိုးဇွန်အနားမှ တစ်လှမ်းလောက်ခွာကာ ခြွေနှိုင်းခကိုသာ ဆက်၍ ကြည့်နေတော့သည်။
`` အဲ့ဒါကြောင့် မင်းစော်မရတာကွ..ငါ့နှလုံးသားခုန်နေတာက ငါ့အရှေ့က ကော်ဖီရောင်ဆံနွယ်ပိုင်ရှင်ကောင်မလေးကြောင့်ပဲ...
သူ့ကြောင့် ငါ့နှလုံးသားဒုတိယအကြိမ် ခုန်သွားရပြီ...``
ဘရဏီ့စကားအရ အရှေ့ကို လှမ်းကြည့်သော် ကြွေနှိုင်းခ၏ ညီမမှန်း မိုးဇွန် သိလိုက်ရပါပြီ..။
`` ဟာ..မလုပ်ပါနဲ့ကွာ..သူ့ကိုတော့ ချမ်းသာပေးလိုက်ရအောင်.. သူက သခင်ကြီးရဲ့ ခယ်မဟ..``
`` အော်အဲ့လိုလား...ဒါဆို မင်းသခင်နဲ့ငါက မယားညီအကိုဖြစ်ပြီပဲ...``
`` မင်းဘာစကားပြောတာလဲကွ..
ဟမ်..``
ဦးတင်အောင်မြင့်အော်သံကြောင့် မိုးဇွန်ရော ဘရဏီ့စကားသံပါရပ်သွားခဲ့ရသည်။ ဦးတင်အောင်မြင့် ဒေါကန်လာလျှင် တလောကလုံး အေးချမ်းမည်မဟုတ်တော့ပါ...။ အရာရာတိုင်းကို ဝါးလုံးချီးသုတ် ပတ်ရမ်းနေတော့မည်ဆိုတာ ကြွေသိ၍ သူမ၏အဖေလက်ကိုဆွဲလာကာ သူမအမေနှင့်အတူ နေခိုင်းလိုက်ရသည်။
`` ထနှောင်းတို့လဲ ပြန်တော့လေ..ဒီအထိ လိုက်ပို့ပေးလို့ ကျေးဇူးနော်..
လာဖေဖေ သမီးတို့လဲ ပြန်ရအောင် မေမေ..ညီမလေး..လာကွယ်... သွားရအောင်...``
သူမအဖေနှင့် အမေလက်ကိုဆွဲကာ ရွာကိုပြန်ရန် နောက်ပြန်လှည့်လိုက်သည်။ဦးတင်အောင်မြင့်ကတော့ ထနှောင်းကို မျက်နှာမလွဲနိုင်ပေ..၊ ထနှောင်းကလဲ ကြွေ့ကို ဆွေးဆွေးကြီး အရှိန်မပျက်ကြည့်နေ၏..။
ကြွေ၏ကျောပြင်ကိုသာကြည့်ရင်း ဆင်သချိုင်းနားမှာသာ မျက်ရည်စက်လက်နှင့်အတူ အလွမ်းလေထန်ကာ ထနှောင်းခ ကျန်နေခဲ့သည်။
ဘရဏီသည်လည်း ခြွေနှိုင်းခ၏အလှကြားမှာ မျှောပါရင်း သူမထွက်သွားသည်ကြည့်ကာ ရင်ထဲတွင် ဟာတာတာနှင့် ကျန်ခဲ့ပါတော့သည်...။
အပိုင်း ( ၁၅ )မျှော်...💁
မေ့ဝတ္တုလေးကို အားပေးကြတဲ့
စာဖတ်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်🙏