book

Index 12

အပိုင်း(၁၂)

💏ကျွန်တော့်နှလုံးသား 

               မမထံဝပ်ဆင်း၍💏


°~°~°~°~°~°


ယနေ့ကောင်းကင်ပေါ်ရှိ တိမ်များသည် ပြာခရမ်းအရောင်ဖြစ်နေသည်။ 

ဒဏ်ရာမှာလဲ အနည်းငယ် သက်သာလာပြီး ၊ နေသာသောကြောင့် ကြွေနှိုင်းခသည် ခမ်းနော်နှင့်အတူ မဟူရာစံအိမ်မှထွက်ကာ မြင်းလှည်းစီးပြီး ထနှောင်းခ၏ မွေးရပ်မြေကို လှည့်ပတ်ကြည့်ရှု့သည်။


မဟူရာစံအိမ်၏ တည်နေရာသည် စိမ်းစိုနေသော တောနက်ကြီး၏ နောက်ကွယ် ချင်းတောင်တန်း များအကြား သီးပင်စားပင်များ စိုက်ပျိုး၍မရသော မြေရိုင်းများပေါ်တွင် တည်ဆောက်ထားသည်။သို့ပေမဲ့ ခေတ်မှီနည်းပညာနှင့် ထနှောင်းခ၏ ဇွဲ ၊ လုံလ အားစိုက်မှုကြောင့် မြေရိုင်းကို ပြန်လည်ပြုပြင်ပြီး စိုက်ပျိုးမြေဖြစ်အောင် ဖန်တီးသည် ။ ထနှောင်းခ၏ ကျေးဇူးကြောင့် ဤမြေပေါ်တွင် သက်ရှိသတ္တဝါများအပြင် စိုက်ပျိုးသီးနှံများလဲ အောင်မြင် ဖြစ်ထွန်းခဲ့ပြီ။


ထိုမြေကွက်၏ဧရိယာ အကျယ်အဝန်းကို ခန့်မှန်းရလျှင် ပေ၁၀၀၀ ဝန်းကျင် ရှိလိမ့်မည်။ ဧရိယာထဲမှာ ထနှောင်းခတို့၏ ဓားပြအဖွဲ့သည် တစ်ရွာတစ်ကျီဆောက်ထားသည့်အလား ၊ ပျဉ်ထောင်အိမ်ပုလေးတွေက အတန်းလိုက် စီစီရီရီ သေသေသပ်သပ်ဆောက်လုပ်ထားကာ အိမ်ဝိုင်းတစ်ခုချည်းစီတိုင်းတွင်  စိုက်ပျိုးရန်လယ်ကွက်တစ်ကွက်စီ ရှိကြသည်။ 


အိမ်ခြေများကိုရေ‌တွက်သော် ခန့်မှန်းခြေအရ ၁၀၀လောက် ရှိလိမ့်မည်။ ထိုရွာကလေးထဲတွင် နေထိုင်ကြသော မိသားစုတစ်စုချည်းစီတိုင်းသည် ယဉ်ကျေးသိမ်မွေ့ပြီး ၊ ဘာသာတရားလဲ ကိုင်းရှိုင်းကြသည်။ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကြသည်။


 ဓားပြခေါင်းဆောင် ထနှောင်းခကိုလဲ လေးစားကြသည်။  ထိုသည်ကို ကြွေနှိုင်းခနှင့် ခမ်းနော်တို့မြင်သော် ပါးစပ်အဟောင်းသားဖြစ်ကာ ငေးကြည့်နေရုံမှတပါး အခြားမရှိပေ..။ 


``မမကြွေ..ဒီရွာကို ထနှောင်းအုပ်ချုပ်တာထင်တယ်နော်..

ဒါပေမဲ့ ထနှောင်းကို ဘယ်သူမှမကြောက်တဲ့အပြင် အားလုံးက လေးစားရိုသေနေကြတယ်...``


``ဟုတ်တယ်နော် ခမ်းနော်..မမလဲ မယုံနိုင်ဘူးဖြစ်နေတာ...ဒီရွာကို သူတည်ထောင်ခဲ့တာ ဖြစ်မှာပါ..``


``မဟုတ်ဘူးဆရာမလေးရဲ့ ဒီရွာက တည်ရှိနေရာ နှစ်ပေါင်းအတော်ကြာပြီ ကျွန်တော်တို့ မမွေးခင်ထဲက..``


ကြွေတို့၏ မြင်းလှည်းကို မောင်းပေးနေသူမှာ မိုးဇွန်ဖြစ်သည် ။

မိုးဇွန်သည် ကြွေနှင့် ခမ်းနော်တို့စကားကို ကြား၍ ကြားဝင်ကာ ရွာ၏အခြေအနေကို ရှင်းပြပေးသည်။


``ဟုတ်လား..ဒါဆို အုပ်ချုပ်သူက ထနှောင်းလား..``


``ဟုတ်ပါတယ် ဆရာမလေး.. သခင်ကြီးရဲ့ ဘိုးဘွားဘီဘင်က ဒီရွာကိုတည်ထောင်ခဲ့တာပါ..

သခင်ကြီးရဲ့ဖခင်ဆုံးတော့ ဒီရွာရဲ့ဆက်ခံသူက အလိုလို သခင်ကြီးလက်ထဲရောက်လာခဲ့တာ..

ဒီရွာက အရင်ကဆို ဒီလိုပုံစံမဟုတ်ဘူး ၊ သခင်ကြီးလက်ထဲရောက်မှ တိုးတက်လာတာ..``


လမ်းတစ်လျှောက် ဖုန်တွေသဲတွေ တလိမ့်လိမ့်ဖြင့် မောင်းလာကြပြီး ဘေးဘီဝဲယာကို ကြည့်သော် ရွာသူ ရွာသားများက ကြွေနှိုင်းခ ကိုတောက်လျှောက် လိုက်ကြည့်နေကြသည်။ ကြွေနှိုင်းခပြန်လည် ပြုံးပြသော် ရွာသူရွာသားတို့က တုံပြန်မှုမရှိဘဲ မျက်နှာသေကြီးနှင့်သာ စူးစိုက်ကြည့်နေ၏။


``အော်...ထနှောင်းလေးကတော်လိုက်တာ...``


``ဟုတ်ပါတယ် ဆရာမလေး..

တကယ်တော့ သခင်ကြီးက ဘဝအခြအနေအရ မလွဲသာ မရှောင်သာမို့ ဓားပြဘဝရောက်နေတာ..သခင်ကြီးက အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ပါ..

နူးညံ့ပြီး စိတ်ထားအရမ်းကောင်းတယ် ၊ ကျွန်တော်တို့ကို ညီအကိုအရင်းလို ၊ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပေါင်းသင်းတာ..``


မိုးဇွန်စကားတွေကြောင့် ကြွေနှင့် ခမ်းနော်တို့က မျက်စောင်းတခဲခဲနှင့် မိုးဇွန်ကို အမြင်ကက်နေကြသည်။မိုးဇွန်မကြားအောင်တမျိုး ၊ ကြားအောင်တမျိုး တီးတိုးစွာအတင်းပြောနေကြသည် ။


``အမလေးနော်...ကိုယ့်ငါးချဉ်ကိုယ်ပြန်ချဉ်နေတယ်... အဲ့လောက်ထိလဲ လမ်းကြောင်းမပေးပါနဲ့..ကြွေလဲ ထနှောင်းစိတ်ထားကို သိပါတယ်...``


``ကျွန်တော့်စကားတွေမှာ အပိုတွေမပါ ပါဘူးဗျာ...``


``သိပါပြီရှင်...သိပါပြီ..

ဟော..ဟိုးကအိမ်က ရက်ကန်းရုံမလား

အဲ့ကိုမောင်းပေးပါဦး မိုးဇွန် ကြွေကြည့်ချင်လို့...``


``ဟုတ်ကဲ့ပါ သခင်မလေး``


မိုးဇွန်သည် ကြွေညွန်ပြသည် ရက်ကန်းရုံသို့ မြင်းလှည်းမောင်းကာ ရောက်လာပါတော့သည်။


♥️ 📝


စင်ကာပူရှိ EDEN ကုမ္မဏီ၏ ရေမွှေးထုတ်လုပ်သည့်ဓာတ်ခွဲခန်းထဲတွင် ရေမွှေးပညာရှင်များသည် ဝရုန်းသုန်းကားဖြစ်နေကြသည်။ ရေမွှေးပညာရှင်တို့သည် ခေါင်းချင်းဆိုင် တိုင်ပင်ဆွေးနွေးကာ ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို ပြန်လည် စမ်းစစ်ပြီး ဘယ်နေရာမှာ အမှားပါသွားသလဲဟု စုံစမ်းလေ့လာပေမဲ့ ထပ်ကာတလဲလဲ လေ့လာပါသော်လဲ အဖြေရှာမတွေ့ပေ..။ ရေမွှေးအနံမှာ မွှေးသော ၊ ပြင်းသော ဆွဲဆောင်မှုရှိသော ရနံ့တွေဘာတစ်ခုမှမရတဲ့အပြင် လူသေကောင်အပုပ်နံ့က ဓာတ်ခွဲခန်းတစ်ခုလုံး ထုံမွှမ်းလျက်ရှိနေသည်။


ဒုဥက္ကဌကို တင်ပြတော့လဲ ဒုဥက္ကဌသွေးမျက်ရှင်က ခေါင်းရှောင်လျက် ရှိပေသည်။ ထို့ကြောင့်မတက်နိုင်တဲ့အဆုံး ဥက္ကဌထနှောင်းခ၏ အတွင်းရေးမှုးကိုသာ ဖုန်းဆက် ဖြေရှင်းခိုင်းရတော့မည်ဟူ၍သာ အကြံထွက်ပေါ်ခဲ့သည်။


📝💓


ကြွေနှိုင်းခနှင့် ခမ်းနော်တို့သည် မိန်းကလေးတို့၏သဘာဝအလျှောက် ရက်ကန်းရုံထဲဝင်ပြီဆိုတာနဲ့  ရက်ကန်းယက်ထားသောချည်ထည်များကို တစ်ခုပြီးတစ်ခု လိုက်စပ်စုကာ မွှေနှောက်နေသည်။


``လှလိုက်တာမမရယ်... 

ဒီချည်ပေါင်းသားလေးတွေကို ခမ်းနော်သိပ်ကြိုက်တာပဲ...``


``ဟုတ်လား ခမ်းနော်ကြိုက်ရင် ယူနော် မမဝယ်ပေးမယ်``


``တကယ်လားမမ``


``အင်းပေါ့..

မမလဲ ကော်တွန်သားလေးတွေကို သိပ်ကြိုက်တာ..``


ကြွေသည် ရက်ကန်းရုံမှထွက်သော ကော်တွန်ချည်သားတွေကို သူမအကြိုက်ခရမ်းနုရောင်များသာ ရွေးနေသည်။ ထိုချည်ထည်များကို ရက်လုပ်သော မိန်းမပျိုလေးသည် ဆရာမလေးကိုကြည့်ကာ ပြုံးနေ၏


``မဂ်လာပါဆရာမလေး...``


``မဂ်လာပါညီမလေး..``


``ဆရာမလေးက အပြင်မှာပိုချောတာပဲ...``


``ဟင်...ကြွေ့ကိုသိလို့လားဟင်..``


`` သိတာပေါ့ ဆရာမလေးရဲ့ ဒီမဟာမြိုင်ရွာရဲ့ သခင်မပဲဟာ.. ကျွန်မတို့က သခင်မကို မြင်ဖူးချင်နေကြတာ..``


``ရှင်...``


ရက်ကန်းသည်မလေး၏ စကားကြောင့် ကြွေနှင့် ခမ်းနော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း နားမလည်မှုများစွာနှင့် အံအားသင့်နေကြသည်...။


``မမကြွေကို ဘာလို့ သခင်မလေးလို့ ခေါ်တာလဲဟင်..``


ခမ်းနော် မေးသည့်မေးခွန်းကို ကြွေကလဲထောက်ခံကြောင်း ခေါင်းငြိမ့်ပြကာ ရက်ကန်းသည်မလေးဖြေမည့်အဖြေကို နားစွင့်နေ၏။ မိုးဇွန်ကတော့ စပ်စုမလေးနှစ်ယောက်ကို ဆိုင်အပြင်ကနေသာကြည့်နေ၏။


`` သခင်မက သခင်ကြီးရဲ့ ကြင်ယာတော်မို့လို့ပေါ့.. 

သခင်ကြီးက သူ့ဘဝမှာ မိန်းမတွေဆို ဘယ်မိန်းမမှ စိတ်ဝင်စားခဲ့တာမဟုတ်ဘူး...

အခုသခင်မနဲ့တွေမှ သခင်ကြီးကချစ်တက်လာခဲ့တာ...

သခင်ကြီးရဲ့ ပင်ပန်းမှုတွေ ၊ နာကျင်မှုတွေ ၊ ဒုက္ခ ၊ သုခတွေကို သခင်မကပဲ ကျွန်မတို့ရွာသားတွေကိုယ်စား ဖြေဖျောက်ပေးပါနော်..``


``ဟုတ်..ဟုတ်ကဲ့...အာ...မဟုတ်ပါဘူး..ကြွေက ထနှောင်းရဲ့ ကျေးဇူးရှင်မို့လို့ အနည်းငယ်သာ ‌အရေးပေးခံနေရတာပါ..၊ သူနဲ့ကြွေက ဘာမျှ မဆိုင်ပါဘူး..``


ရက်ကန်းသည်မလေးသည် ကြွေစကားကြောင့် အနည်းငယ် မျက်နှာပျက်သွားသည်။


 ``ထားပါလေ... ဒါနဲ့ ဒီနေရာကြီးတစ်ခုလုံးကို ထနှောင်းတစ်ယောက်ထဲကပဲ ပိုင်တာလားဟင်...``


ကြွေ့မေးခွန်းကို လှိုက်လှဲစွာ ရက်ကန်းသည်မလေးက မညီးမညူဖြေရှာသည်။


``ဟုတ်တာပေါ့သခင်မရဲ့ ဒါတင်မဟုတ်ဘူး...သခင်ကြီးက ကျွန်မတို့ မိသားစုတွေရဲ့ အသက်နဲ့ အိုးအိမ်ကိုပါ သခင်ကြီးကပဲပိုင်တာ..သခင်ကြီးက ကျွန်မတို့ရဲ့ ဖန်ဆင်းရှင်လို့ခေါ်လဲမမှားဘူး..``


``ဟင်...ဘာလို့..``


ခမ်းနော်သည် ရက်ကန်းသည်မလေးနူတ်ခမ်းမှထွက်သည့် စကားလုံးတိုင်း သူမအတွက် အထူးအဆန်းကိုဖြစ်နေသည်။


``ဘာလို့ဆို ကျွန်မတို့အတွက် နေရာထိုင်ခင်း ၊ ဝမ်းရေးနဲ့ လုံခြုံမှုအားလုံးကို သခင်ကြီးကပဲ ပေးခဲ့တာ..

သခင်ကြီးကြောင့်သာလျှင် ကျွန်မတို့ အေးအေးချမ်းချမ်းနေနိုင်လာခဲ့တာပါ ..``


``အော်.... ဒီလိုဆိုတော့လဲ ထနှောင်းက ကောင်းသားပဲ..ကြွေထင်နေတာက ထနှောင်းက ရက်စက်ကြမ်းတမ်းတဲ့ လူသတ်ဓားပြအကြီးစားကြီးလို့..``


``အို..မဟုတ်ရပါဘူး...

သခင်ကြီးက လူ့အသက်ကို ပြီးစလွယ်သတ်ပစ်တဲ့ လူစားထဲမှာ သခင်ကြီးမပါဘူး...ကိုယ့်မျိုးနွယ် ၊ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံအတွက်သာ တိုက်ခိုက်ခဲ့တာ သွေးစွန်းခဲ့တာပါရှင်... တကယ်ဆို သခင်ကြီးက စိတ်သဘောထား နူးညံ့တဲ့လူပါ...``


``အမလေး မမကြွေရယ် ထနှောင်းခ သူ့ကိုရှေ့နေခဘယ်လောက်တောင်ပေးထားလဲမသိ... 

ထွက်လာတဲ့စကားလုံးတိုင်းက လဲသေနိုင်လောက်တယ်...``


``ဟုတ်ပါ့တော်... အဲ့အမစကား‌ကြားမှာ မမလဲ မျှောနေလိုက်တာ ခမ်းနော်ပြောမှ စိတ်ကူးယဉ်တာတွေ ရပ်သွားတော့တယ်..``


ကြွေစကားကို ခပ်မြန်မြန် ပြန်လည်ချေပသောရက်ကန်းသည်မလေးကြောင့် ကြွေတို့မှာ ပြောမည့်စကားတွေကိုတောင် တံတွေးနှင့်အတူ ဝမ်းဗိုက်ထဲသို့ ပြန်လည် မျိုချလိုက်ရသည်။


ကြွေနှင့် ခမ်းနော်သည် ရက်ကန်းသည်မလေး မကြားအောင် ထနှောင်းအကြောင်း တီးတိုးပြောနေ၏..။ အတင်းပြော၍ကောင်းတုန်း အနောက်မှ အထိတ်တလန့်အသံ ထွက်ပေါ်လာသည်။


``ဘာ!......``


``အမလေး..လန့်လိုက်တာ...``


လှည့်၍ကြည့်သော် ဖုန်းထဲမှ စကားကြောင့် မိုးဇွန်သည် အလန့်တကြားနှင့် အာမေဠိတ်အကျယ်ကြီးထွက်လာခဲ့သောကြောင့် ကြွေနှင့်ခမ်းနော် အတင်းတုပ်နေရာမှ ရပ်တန့်သွားခဲ့သည်။မိုးဇွန်သည် ဖုန်းဆက်ရင်း ဇောချွေးများ ရုတ်တရက် တဒီးဒီးကျလာသည်.။


`` မင်းတို့တွေလုပ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင့်ချည်းပဲ...

သခင်ကြီးတစ်သက်နဲ့တစ်ကိုယ် ထုတ်ဖော်လာခဲ့ ဖော်မြူလာတွေ ဘာအစွန်းထင်းမှ မဖြစ်ခဲ့ဘဲ..


မင်းတို့လက်ထဲရောက်မှ ဖြစ်ပျက်နေရလားကွ.. အဲ့ဒါဘယ်လိုလုပ်မလဲ..


`` ......``


ငါနဲ့သခင်ကြီးက အလေလိုက်နေတာမဟုတ်ဘူးကွ... အရေးကြီးတဲ့အလုပ်မို့လို့ ကုမ္မဏီကနေ ခဏထွက်လာခဲ့တာကွ...


``.....``


`` အခုမှတော့ ဘာလုပ်လို့ရဦးမှာလဲ ဒက်ဗလျူကုမ္မဏီကလဲ ငါတို့ဖော်မြူလာတွေကို လာကြည့်ကြတော့မယ်... 

သခင်ကြီးရှိတုန်းက အားလုံး အဆင်ပြေနေရက်သားနဲ့ ဆင်ပြောင်ကြီးအမြှီးကျမှတစ်နေတယ်...အခုသခင်ကြီးစိတ်အခြေအနေက ကောင်းတာမဟုတ်ဘူးကွ..

 ငါမှာလဲ မင်းတို့ကြောင့် 

ကြောက်ပါတယ်ဆို ကြောင်နဲ့တို့ ဆိုသလိုဖြစ်နေပြီ..``


``......``


`` ထားလိုက်တော့ကွာ... ငါ့ဘာသာငါ ကြည့်ကြပ်ဖြေရှင်းလိုက်တော့မယ်...``


ဟူး...


မိုးဇွန်သည် ဖုန်းချလိုက်သည်နှင့် ခေါင်းငိုက်စိုက်ကျကာ စိတ်ဓာတ်တွေကလဲ ဟိုးအဝီစိနားရောက်တော့မည်ဖြစ်သည်။ ထိုသည်ကို ကြွေမြင်ကာ မိုးဇွန်အနားသို့သွား၍ သူ့ပခုံးကို လှမ်းပုတ်လိုက်သည်။


``မိုးဇွန် ဘာဖြစ်တာလဲ.. အဆင်ပြေရဲ့လား``


မိုးဇွန်သည် ခမ်းနော်ကိုကြည့်ရင်း ကြွေ့ကို စကားပြန်ပြောသည်။


``အဆင်မပြေပါဘူးဗျာ.. 

သခင်ကြီးရဲ့အလုပ်က အမှားအကြီးကြီးဖြစ်နေတယ်.. 

သခင်ကြီးကလဲ အခုတလော ဆရာမလေးကြောင့် စိတ်အခြေအနေကလဲ မကောင်းတော့ အလုပ်ကိစ္စအဆင်မပြေတာကို ပြောဖို့က ကျွန်တော့်အတွက် အဆင်မပြေဘူးဖြစ်နေတယ်ဆရာမလေး...``


``ဒါဆို ကြွေဘာလုပ်ပေးရမလဲဟင်..``


``ဆရာမလေးကျွန်တော်ပြောတဲ့အကူအညီကို လက်ခံနိုင်ပါ့မလား..``


``ပြောပါ... ကြွေ တက်နိုင်သလောက် ကူညီပါ့မယ်...``


``ဟုတ်..သခင်ကြီးကို နှစ်ရက် သုံးရက်လောက် စိတ်အခြေအနေပြန်ကောင်းအောင် ဆရာမလေးက ကူညီပေးပါလားဗျာ...

  ဒါမှ ဒီအလုပ်ကိစ္စကို ကျွန်တော် ပြောနိုင်မှာမို့လို့ပါ...``


ကြွေသည် မိုးဇွန်ပြောသည့်စကားကို တခဏမျှ စဉ်းစားပြီး သက်ပြင်းရှည် တစ်ချက်ချကာ ခေါင်းငြိမ့်လိုက်သည်။


``ကြွေကူညီပေးပါ့မယ်..ဒါပေမဲ့ မိုးဇွန်ဘက်ကလဲ ကတိပေးပါ...``


``ဟုတ်ကဲ့ ကျွန်တော် ဆရာမလေးတောင်းတဲ့အရာမှန်သမျှ အကုန်လုပ်ပေးပါ့မယ် ကတိလဲပေးတယ်ဗျာ..``


``အင်း... ထနှောင်းစိတ်အဆင်ပြေလာပြီဆို ကြွေ့ကို ရွာပြန်ပို့ပေးရမယ်လို့ ကတိပေးပါ...``


``ပေးတယ်ဗျာ ပေးတယ်``


``အင်း....``


ကြွေတို့သည် ထိုရက်ကန်းရုံမှာတင် ညနေဆောင်းအထိနေပြီးမှ မဟူရာစံအိမ်သို့ ပြန်လာခဲ့ကြသည်။


📝 💓


ညစုနးစုန်းချုပ်သည်နှင့် မဟာမြိုင်ရွာထဲတွင် ရွာသူရွာသားများစုပေါင်း၍ မီးပုံပွဲကျင်းပနေကြသည်။ မဟူရာစံအိမ်၏ ဝရံတာပေါ်ကနေ ညအိပ်ဂါဝန်ဖားဖားကြီးဝတ်ထားပြီး မီးပုံပွဲကို တမေ့တမောကြည့်နေသူမှာ ကြွေနှိုင်းခပင်ဖြစ်သည်။


``မမ...``


ခေါ်သံကြောင့် လှည့်ကြည့်လိုက်သ်ောအခါ ထနှောင်းခသည် ကြွေ့အနားမှာ ဝရံတာကိုမှီ၍ ကြွေ့ကိုကြည့်နေ၏။  ကပိုကရိုဆံပင်လေးနှင့် ၊ ညဝတ်အကျီမှာလဲ နွမ်းလျလျ အပြုံးကတော့ ကြွေ့အရှေ့မှာဆို ချမ်းသာနေသည်။


``ဘာကြည့်နေတာလဲမမ အပြင်မှာအေးတယ်..အိမ်ထဲဝင်ရအောင်လေ..``


``ထနှောင်း..``


``ဗျာ...``


``ဟိုး..မှာကြည့်စမ်းပါဦး ... ရွာသူရွာသားတွေ ပျော်ပျော်ရွင်ရွင်နဲ့ မီးပုံပွဲ ကျင်းပနေလိုက်ကြတာ..

စည်းစိမ်ကြွယ်ဝမှုတွေ သူတို့မှာ မပိုင်ဆိုင်ကြပေမဲ့ နွေးထွေးမှုနဲ့ စိတ်ချမ်းသာမှုတွေကတော့ ပြည့်ဝနေကြတယ်...``


ကြွေညွန်ပြသောနေရာကို ကြည့်လိုက်သော် ရွာထဲတွင် ထင်းအများအပြားကို တငွေ့ငွေ့လောင်ကျွမ်းနေသည့် ဘေးပတ်ပတ်လည်တွင် သီချင်းဆိုသူက ဆို ၊ ကခုန်နေကြသူက က ၊ ပွဲကြည့်ပရိတ်သတ်အများအပြားကလဲ ထန်းရည်နှင့် စည်းစိမ်ယစ်နေသူကလဲ ယစ်မှုးနေကြသည်။ ထိုလူအများအပြားတွင် ငိုင်၍ ဝမိးနည်းသောလူ တစ်ယောက်မျှ မရှိကြချေ..။


``ဟုတ်တယ်မမ..``


``သူတို့တွေက ညတိုင်းမီးပုံပွဲ ကျင်းပကြတာလားဟင်``


``ဟုတ်တယ် မနက်ပိုင်းမှာ ပင်ပန်းလာခဲ့သမျှ ညပိုင်းရောက်ရင် ထန်းရည်နဲ့ ကြက်သားစားရင်း ၊ မီးပုံပွဲမှာကရင်း ပျော်ရင်း ဘဝအမောတွေဖြေဖျောက်ကြတယ်လေ...``


ထနှောင်းသည် မီးပုံပွဲမှာပျော်ရွင်နေကြတဲ့ လူတွေကို ကြည့်ရင်း ပြုံးကာ ဆွေးဆွေးကြီးကြည့်နေသည်။ ထနှောင်း၏ အခုလိုအပြုအမှုကို ကြွေပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ အပူပင်တွေအားလုံးကို မြိုသိပ်ကာ အနားရှိတဲ့လူတွေကို အပြုံးတွေ ပျော်ရွင်မှုတွေသာ ပေးချင်နေသည့် လူတစ်ယောက်လို ၊ သူ့ရင်ထဲမှာရှိတဲ့ အရာမှန်သမျှကို တခြားသူမမြင်အောင် ကွယ်ဝှက်ရင်း သက်ဆုံးတိုင် နေထိုင်ချင်တဲ့သူလို ကြွေ့မျက်လုံးထဲ မြင်နေရသည်။ 


ဝရံတာ လက်ရန်းပေါ်တင်ထားသော ထနှောင်းလက်ဖဝါးကို ကြွေ လက်နုနုလေးဖြင့် ဖြေးညှင်းစွာ ဖွဖွလေးဆုပ်ကိုင်လိုက်သည်။ 


ထိုသည်ကို ထနှောင်းက သူ့လက်ကိုကြည့်လိုက် ကြွေ့မျက်နှာကိုကြည့်လိုက်လုပ်ရင်း ကြွေ့လက်ကို ပြန်၍ဆုပ်ကိုင်ကာ ကောင်းကင်ယံပေါ်က အခြွေအရံမရှိသော အထီးကျန် လမင်းကြီးကို

ကြည့်ရင်း ညလေတိုက်ခတ်မှုကို သည်းခံကာ နှစ်ဦးသား တစ်ယောက်ပခုံးကို တစ်ယောက်မှီလျက် တစ်ဦး ကြင်နာမှုကို တစ်ဦး မည်သည့်အသံမှမထွက် ပြသနေကြသည် ။


ချစ်ခြင်းဟူသည် ထုတ်ဖော်မပြသော်ငြား တိတ်ဆိတ်မှုမှနေတဆင့် တစ်ဖက်လူ၏ မျက်ဝန်းမှ အဖြေရှာနိုင်သည်။


တချို့ချစ်ခြင်းတွေသည် မေးခွန်းမရှိ အဖြေမပေးသာဘဲ တစ်ယောက်အနားမှာ တစ်ယောက် ရှိနေရုံနဲ့တင် တင်းတိမ်နိုင်ကြ၏...။


👩‍🌾•~•~•👩‍🌾


ချင်းပြည်နယ်၏ ရာသီဥတုသည် နေမင်းကြီးဟာ ထွန်းလင်းတောက်ပနေပေမဲ့ အအေးဓာတ်က ကြက်သီးမွှေးထလောက်တဲ့အထိ အေးချမ်းနေသည်။ သို့ပေမဲ့ လယ်ထဲမှာ ကောက်စိုက်နေကြသော လယ်သမလေးများသည် အအေးဒဏ်ကို မမှု ၊ အပူဒဏ်ကို ခမောက်တစ်လုံးသာ ကာထားပြီး တူးဆွထားသော စိုစွတ်နေသည့် မြေသားနုနုထဲကို စပါးပင်များ ထိုးထည့်စိုက်ပျိုးနေသည်။


 ကောက်စိုက်သမ တေးသံသာကလဲ ညံညံစီကာ သီဆိုနေသည်မှာ ဘေးကကြည့်နေသည့်သူတွေအတွက် ပီတိတန်ခိုး ဖြစ်ထွန်းစေသည်။


ထိုကောက်စိုက်သမလေးတွေ ရှိသော် လယ်ကွင်းထဲသို့ ကြွေသည် ထမီတိုတိုဝတ်ကာ ဆင်းသွားသည်။ လက်ထဲမှာတော့ လက်တစ်ဆုပ်စာ ပျိုးပင်ကို ကိုင်ထားသည်...။


``ဟာ...သခင်မလေး...ဘာလာလုပ်တာလဲ..သွား..သွားပါ ကုန်းပေါ်ပြန်တက်ပါ....``


‌``ကြွေလဲ စပါးကို စိုက်ဖူးတယ်ရှိအောင် စိုက်ချင်လို့ပါ..ခွင့်ပြုပါနော်..``


``မဟုတ်ဘူးသခင်မလေးရဲ့ သခင်ကြီးတွေ့ရင် ကျုပ်တို့ဘဲ အပြောခံရမှာ..``


``မခံရပါဘူး တီရယ်... ထနှောင်းလာရင် ကြွေပြောလိုက်ပါ့မယ်..``


လယ်သမလေးတွေသည် ကြွေပြောသည့်စကားမှာ `` တီ `` ဆိုသည့်စကားလုံးပါသွားသည့်အတွက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မေးငေါ့ပြနေသည်..။


``ဒါဆိုလဲ ခဏပဲနေနော်..တစ်ပင်နှစ်ပင်ပဲ ပျိုးပါ..ကျန်တာတွေကိုတော့ ကျုပ်တို့ပဲ လုပ်ပါရစေ...``


``ဟုတ်..ဟုတ်..ဟိ...ပျော်လိုက်တာ..

ဘယ်လိုထည့်ရမလဲ ပြောပါဦးတီရယ် ကြွေမသိလို့...``


``အမ်....အော်..

ဒီလို ကျုပ်တို့လို အတန်းလိုက်ညီအောင်နေရာချပြီး ပျိုးပင်ရဲ့ တစ်ဝက်နီးပါး မြေကြီးထဲနှစ်ပြီးစိုက်ထည့်လိုက်ပါ...``


``ဟုတ်ကဲ့တီ..``


``ဟော....သခင်မလေး... 

ခုဏထဲကပြောနေတာ..ကျုပ်တို့ကို ဘာလို့များ တီလိုခေါ်ရတာလဲ..ကျုပ်တို့က ညစ်ပတ်ပြီး တီကောင်တွေနဲ့များတူနေလို့လား...``


``ရှင်...မ...မဟုတ်ပါဘူး...`


လယ်သမလေးတွေရဲ့စကားကြောင့် ကြွေထိတ်ထိတ်ပြာပြာ ငြင်းလိုက်ရသည်။


``ကြွေက တီလို့ဘာလို့ခေါ်ရသလဲဆို ကြွေ့ထက် တီတို့က အသက်လဲကြီးတယ် ဝါလဲကြီးတယ်လေ.. တီဆိုတာက `` အန်တီ ``ကို အဖျားဆွတ်ပြီး `` တီ `` လို့လှလှပပခေါ်ကြတာပါ.. ရန်ကုန်မှာဆို အဒေါ်တွေဆို တီ..တီလေး..အဲ့လိုတွေပဲ ခေါ်ကြတယ်..``


``အော်..မသိပါဘူးသခင်မလေးရယ်..ကျုပ်တို့ကို ရွံလို့များလားလို့..``


``ခစ်ခစ်ခစ်..မဟုတ်ရပါဘူးရှင်..``


လယ်ကွင်းထဲမှာ ရယ်သံတွေဆူဆူညံညံနှင့် စကားသံများဟာ ယခင်ကထက် ပို၍ ခင်မင်ရင်းနှီးလာကြသည်။


ထိုအချိန် မဟူရာစံအိမ်မှာ မိုးကြိုးမုန်တိုင်း တိုက်ခတ်နေသည်။တစ်အိမ်လုံးမနေရ ထနှောင်း၏ အော်ဟစ်သောင်းကျန်းမှုကြောင့် မျက်နှာငယ်လေးတွေ ဖြစ်နေကြသည်။


``တောက်စ်...!

မင်းတို့တွေ လူတစ်ယောက်လုံးပျောက်သွားတာတောင်မသိကြဘူးလား... 

ဒီအိမ်ကလူတွေက ဘာလုပ်နေကြတာလဲ..

သေသွားကြပြီလားဟမ်.. မျက်လုံးတွေ နားတွေအများကြီးရှိရက်နဲ့ ထွက်သွားတဲ့လူကိုတောင် မတွေ့ကြဘူး...


ဟာကွာ....တောက်စ်..``


ခွမ်း.....


ထနှောင်းသည် မဟူရာစံအိမ် တစ်ခုလုံးရှိ ပစ္စည်းများကို ဖြိုပျက် ဖျက်စီးနေသည်။

မိုးဇွန်ရော ခမ်းနော်ရော.. 

အစေခံများပါ ထနှောင်း၏ ပြောဆိုမှုအောက်  ခေါင်းငုံလျက် တစ်ယောက်မှ တုတ်တုတ်ပင် မလှုပ်ရဲကြပေ..။


အကြောင်းကား..

မနက်မိုးလင်းကတည်းက ကြွေ့အခန်းထဲမှာ ကြွေမရှိတော့၍ ဖြစ်သည်။ ကြွေသွားတက်သော ရက်ကန်းရုံ ၊ အထည်ပစ္စည်းတန်းဘက်တွေ သွားကြည့်ပြန်တော့လဲမတွေ့သောကြောင့် ထနှောင်းသည် ထူပူကာ အရူးတစ်ယောက်လို စကားများတစ်ယောက်ထဲပြော၍ ရှိသမျှ ပစ္စည်းတွေ ရိုတ်ခွဲနေပါတော့သည်။ 

မျက်အိမ်မှာ သွေးကြောများက နီတွက်နေ၍ မျက်ရည်များလဲ တဖြောက်ဖြောက်ကျနေသည့် မိုးလို ရွာသွန်းနေပါသည်။


``ထွက်သွားသူထက် ကျန်ရစ်သူက ပိုနာကျင်ရပါတယ်..။ 

အဲ့ထဲမှာမှ နူတ်ဆက်စကားတောင် ပြောခွင့်မရတဲ့ အဖြစ်က ဘယ်လောက်တောင် သောကမီးတွေ တောက်လောင်နေလဲဆိုတာ သိရဲ့လား...


ကျွန်တော်မမကို ချစ်တဲ့အချစ်တွေကို ဒီလိုပုံစံနဲ့ ဥပက္ခာပြုသွားတော့မှာလားဗျာ... 

ကျွန်တော့်ဘဝမှာ မမကလွဲရင် တခြား ဘယ်အရာမှ မရှိတော့လို့ ဖြစ်နိုင်ရင် ပြန်လာပါ..

ပြန်လာခဲ့ပါဗျာ..

တောင်းပန်ပါတယ်...

ဟီး...တောင်းပန်ပါတယ်ဗျာ....!``


အမှောင်ကျနေသော အဝတ်ဗီဒိုထဲမှာ တစ်ယောက်ထဲ စကားများပြောရင်း မရပ်တန့်နိုင်သောမျက်ရည်နဲ့အတူ ဖြတ်ပစ်မရတဲ့ အချစ်ကြိုးမျှင်တို့ကလဲ ဖြေရှင်းမရသည့် ပုစ္ဆာတစ်ပုဒ်လို ရှုပ်ထွေးလျက်..


ထိုအချိန်....


``သခင်ကြီး....သခင်ကြီး...

တံခါးဖွင့်ပါဦးသခင်ကြီး သခင်မလေးကို ရွာနောက်ပိုင်းက လယ်ကွင်းထဲမှာ တွေ့တယ်လို့ ကြားပါတယ်...``


``ဘာ!....``


မိုးဇွန်စကားကြောင့် မျက်ရည်များ ရပ်တန့်သွားကာ ခေတ္တခဏရပ်တန့်ခဲ့သော အသက်ရှုသံတို့က ပြန်လည်လည်ပတ်လာ၍ အဝတ်ဗီဒိုထဲမှ ထနှောင်းသည် ကမှုးရှုးထိုး ကုန်းကပ်ထလာသည်။

တံခါးကိုဖွင့်ကာ အပြင်မှာ ရပ်နေသော မိုးဇွန်ကိုတောင် ရှိနေတယ်လို့မထင် ဖြတ်တိုက်သွားပြီး မဟူရာစံအိမ်ပေါ်ကနေ အပြေးအလွှားဆင်းကာ ရွာနောက်ပိုင်းရှိ လယ်ကွင်းထဲသို့ လိုက်သွားပါတော့သည်...။


``ဟာ..သ..သခင်ကြီး...

နပေါဦး..

ဟာ...ဒုက္ခပါပဲ... ဆင်းရဲသားလို ဘောင်းဘီဖင်ပြတ်နဲ့ အပြင်ထွက်သွားရတယ်လို့ ငါ့အကိုတော့ ဆေးကိုမမှီတော့ဘူး...


သခင်ကြီး..စောင့်ပါဦး...``


မိုးဇွန်သည် ကုတ်အကျီအရှည်တစ်ထည်ကို ကောက်ယူကာ ထနှောင်းအနောက်မှ မိန်းမကြီးတစ်ယောက်လို ပွစိပွစိစကားများပြောလျက် လိုက်ပါသွားသည်။


လယ်ယာစိုက်ပျိုးသည့် နေရာရောက်သည်နှင့် တောင်တောင်မြောက်မြောက် ရှာဖွေရင်း နားခိုရာ ဘင်ဂလိုတွေထဲလဲ ဝင်၍ကြည့်သည်။ 


``ဟာ...``


``အယ်...``


``သ..သခင်ကြီး..``


``မဂ်လာပါသခင်ကြီး...``


ရွာလမ်းတစ်လျှောက် ရွာသားများသည် ထနှောင်းကိုမြင်သည်နှင့် လေးစာစွာနူတ်ဆက်ကြပေမဲ့..

ထနှောင်း၏အဝတ်အစားကိုကြည့်ကာ မျက်လုံးပြူးနေကြသည်။


``မမရေ...မမ....ကြွေနှိုင်းခရေ...

ခင်များဘယ်မှာလဲ....!!!!!``


နေရာအနှံ ကျီးကန်းတောင်းမှောက်ရှာပေမဲ့ ထနှောင်းမတွေ့ခဲ့ပေ...။

ထနှောင်းအနားသို့ ရွာသားတစ်ယောက် ရောက်လာပြီး ခေါင်းငုံကာ...

ကြွေရှိသည့်နေကာသို့ ညွန်ပြလိုက်၍ ထိုနေရာသို့ ထနှောင်းသည် အပြေးအလွှား ရောက်လာခဲ့သည်...။


တွေ့ပါပြီ..လယ်ကွင်းတစ်ခုထဲမှာ ရွံ့တွေ ဗွက်တွေနှင့် လယ်စိုက်နေသော  ကြွေနှိုင်းခ...၊ 

လယ်သမလေးတွေနှင့် မျက်နှာဝင်းဝင်းပေါ်မှာ ရွံ့အနည်းငယ်ပေနေပေမဲ့ ပါးချိုင့်လေးပေါ်အောင် ပြုံးရယ်နေသည်မှာ ထနှောင်းကို အားဆေးတစ်ခွက် ကျွေးလိုက်သလိုမျိုး အားအင်အပြည့် ရှိလာခဲ့သည်။


``ဟာ...သခင်ကြီး...``


လယ်သူမလေးတစ်ယောက်က ထနှောင်းကို မြင်၍ ခေါင်းငုံကာ နူတ်ဆက်လိုက်သည်။ 

တခြားလယ်သူမလေးတွေကလဲ ထနှောင်းကိုမြင်သော် တုန်လှုပ်ချောက်ခြားပြီး ကြွေ့ကိုမကြည့်‌အားတော့ပဲ ခေါင်းငုံကာ ကြောက်လန့်နေကြသည်...။ ကြွေကတော့ ထနှောင်းကို မြင်သည်နှင့် ရယ်ကျဲကျဲလုပ်ပြသည်။


``ထနှောင်း..ဟိ...

ဒီမှာ မမ လယ်စိုက်နေတာ...

ပျော်စရာကြီးသိလား..ခစ်ခစ်...``


ထနှောင်းသည် သူ၏ရင်ထဲတွင် ပြောမပြတက်သော ဝေဒနာတစ်ခု ၊  နှလုံးသားကို တံလှပ်နှင့် ထိုးစိုက်လိုက်သလို နာကျင်နေသည်။ 


 တရစပ်ထဲ ပျော်ရွင်မှုတို့က အတိုင်းအဆမရှိ..ကြွေ့ကိုကြည့်ကာ ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းနေ၏..။ ထိုသည်ကို ကြွေရိပ်မိပြီး လယ်ထဲမှ ကုန်းပေါ်သို့တက်လာရန် ပြင်ဆင်တော့သည်။


``ထနှောင်း...‌ထနှောင်း...

မမပြောပြမယ်...

ဟို...တီတို့က မမကိုမခေါ်ပါဘူး..

မမကသာ ပျင်းလို့ဆေ့ာလဲ ဆော့ချင် ၊  စပါးမစိုက်ဘူးတော့လေ..

အဲ့ဒါ....

အ့...ထနှောင်းကူပါဦး အပေါ်တက်ချင်လို့...``


ကြွေသည် စကားများပြောရင်း ကုန်းမြင့် နိမ့်နိမ့်လေးပေါ်တောင် မတက်နိုင်၍ ထနှောင်းကို လက်ကမ်းကာ ဆွဲတင်ခိုင်းရသည်။ 

ထနှောင်းသည် မည်သည့်စကားမျှ မပြောဘဲ ကြွေ့ကိုဆွဲတင်ကာ သူမခန္ဓာကိုယ်ကို ထနှောင်းကိုယ်ထဲမြုပ်အောင်ဆွဲသွင်းပြီး ကျစ်နေအောင် ပွေ့ဖက်ထားလိုက်သည်။


လယ်သူမလေးတွေကလဲ အရိပ်ပြအကောင်မြင်ကာ ထိုနေရာမှ တဖြေးဖြေး ထွက်သွားလေသည်။


``မမဘာမှမဖြစ်ပါဘူး..

မမက လယ်စိုက်ရုံပါ...

 ထနှောင်းကို စိတ်ညစ်အောင်လုပ်မိစေပြီလားဟင်...မမတောင်းပန်ပါတယ်နော်..

မမ နောက်တစ်ခါလယ်ထဲမဆင်းတော့ပါဘူး...``


``အဟင့်..ဟင့်..မမဗျာ...``


``ဟောတော့်...

ထနှောင်းငိုနေတယ်...ပြစမ်း...``


ထိန်းသိမ်းထားသော မာနလေးသည် ကြွေရှေ့ရောက်မှ ဘုတ်ခနဲ ပြုတ်ကျသွားသည်။ 

ယေကျာ်း၏မျက်ရည်တို့သည် သူတို့ကို အသည်းနှစ်အောင် ချစ်သည့်သူတွေရှေ့မှာသာ ကျဆင်းသည်။ 

ကြွေသည် ထနှောင်းဖက်ထားရာမှ ရုန်းထွက်ကာ ထနှောင်းမျက်နှာလေးကို ကိုင်လျက် ကြွေ့မျက်လုံးကို ကြည့်ခိုင်းစေသည်။ 

ထနှောင်းပါးပြင်ပေါ်မှ အဖြူရောင်မျက်ရည်များကို ကြွေ့လက်မလေးဖြင့် ဖိပွတ်ကာ သုတ်ပေးလိုက်ပြီး...၊


``ဘာလို့များ ငိုရတာလဲ ထနှောင်းရယ်... 

မမ ဘာအမှားများ လုပ်မိလို့လဲ..``


``နောက်တစ်ခါ ကျွန်တော့်ကို ထားပြီးမထွက်သွားပါနဲ့...

ထွက်သွားမယ်ဆိုရင်လဲ ကျွန်တော့်ကို အသိပေးပါ..

ကျွန်တော့်နှလုံးသားကို သစ်စိမ်းချိုး ချိုးသလို မလုပ်သွားပါနဲ့...

ကျွန်တော့်အချစ်က ဟာသတစ်ပုဒ်မဟုတ်ဘူး...

မမကိုချစ်တဲ့ ကျွန်တော့်အချစ်က နှလုံးသားမှာ တက်တူးထိုးထားသလို ဖြတ်မရအောင်စွဲထင်နေပြီဗျ..ဒါကိုသိရဲ့လား...``


ကြွေသည် ထနှောင်းကို ကြည့်ရင်း မျက်နှာ ညိုးငယ်သွားသည်။ ထနှောင်းမျက်နှာကို ကိုင်ထားသောလက်တွေကလဲ ပြေလျော့သွားခဲ့သည်။ 


``မမကျွန်တော့်ကို မချစ်‌သေးနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်..

နားလည်နားလည်တယ်..

တဆင့်ခြင်းဆီ ကျွန်တော်လှမ်းလာခဲ့မှာပါ... 

တစ်လှမ်းခြင်းစီ မမအချစ်တွေကို ရအောင်ယူမှာပါ...

ကျွန်တော့်ကို မမစိတ်မပျက်သွားစေဖို့သာ မျှော်လင့်ပါတယ်..``


ထနှောင်းစကားကိုသာ နားထောင်ကာ မည်သည့်စကားများကို မပြောဘဲ ခေါင်းငုံနေသည်။ 

ထိုအချိန် ကြွေ့ခြေသလုံးမှ ယွစိယွစိဖြစ်လာ၍ စောင်းငဲ့ကြည့်သော်..၊


``အား!!!!!!လုပ်ပါဦး...

ကယ်ပါဦးထနှောင်းရေ....``


ကြွေအော်လိုက်သည့်အတွက် ဘာလုပ်လို့ဘာကိုင်ရမလဲဖြစ်နေသည့်ထနှောင်းသည် ကြွေကြည့်နေသည့် နေရာကို ကြည့်လိုက်သော်  သူမသလုံးသား ဖွေးဖွေး ဥဥပေါ်မှာ ဖောင်းကားအောင်သွေးစုပ်ထားသော မျှော့ကြီးကပ်နေသည်ကို တွေ့လိုက်ရသည်....။


``အီး...ဟီး..

ဘာကြီးလဲ...လုပ်ပါဦး...တောင်းပန်ပါတယ်...

အဲ့ဟာကြီးကို ဖယ်ပေးပါ...ဟီး...``


မျက်ရည်များနှင့် တငိုငိုတရယ်ရယ်ဖြစ်နေသည့် ကြွေ့ကိုကြည့်ရင်း ညစ်နေသည့် ထနှောင်းစိတ်တွေ ကြက်ပျံဌက်ပျံသလို ပျောက်ပျက်ကုန်သည်။


`` ဘာကြည့်နေတာလဲလို့!.... ကြည့်ကောင်းနေသလားဟမ်..

အဲ့ဟာကြီးကို ဖယ်ပေးပါလို့...``


``ဟုတ်...ဟုတ်ကဲ့..

ကျွန်တော်ဖယ်ပေးပါမယ်..``


မျော့ကိုဖယ်ရန် ခါးကိုင်းလိုက်သောထနှောင်းသည် အကြံတစ်ခုရသွား၍ မဖယ်တော့ဘဲ ခါးကိုပြန်မတ်ကာ မျက်ခုံးတွန့်ပြ၍ ကြွေ့ကို လူဆိုးကြီးတစ်ယောက်လို ပြုံးကာကြည့်နေ၏...။


``ဖယ်ပေးလေ...

အဟင့်..ကြောက်လို့ပါ...``


``အဲ့ကောင်ကို မမက ကြောက်လို့လား...``


``ဟာ..

ကြောက်လို့ဖယ်ခိုင်းနေတာပေါ့ ချစ်လို့ဖယ်ခိုင်းရမလား..``


``ဟုတ်လား..

ဒါဆို ကျွန်တော် ဖယ်ပေးမှာပေါ့..အဟွန်း..ဒါပေမဲ့အလကားတော့မရဘူး..

 ကျွန်တော့်ကိုနမ်း...

ကျွန်တော့်ကို နမ်းရင် အဲ့အကောင်ကို ဖယ်ပေးမယ်...``


``ဟာ...ဒီကောင်လေး..

ပွဲလှန်တုန်း ဖျာခင်းနေတယ်..``


``အဲ့လိုပွဲက တစ်ခါတစ်လေမှ ရတာမို့လို့ပေါ့မမရယ်..ကဲပါ..

နမ်းမှာလားမနမ်းဘူးလား....``


ထနှောင်း အကျပ်ကိုင်နေတော့  ရှက်သွေးဖြာနေသောကြွေသည်  ဟိုကြည့်ဒီကြည့် ကြည့်ရင်း ကြွေတို့အနားသို့ လျှောက်လာသော

 မိုးဇွန်ကိုတွေ့၍ ပျော်သွားသည်။


``မိုးဇွန်..မိုးဇွန် လာပါဦး မမကို မျော့ကြီးကပ်နေလို့ လာခွာပေးပါနော် မမကြောက်လို့ပါ..``


``ဟုတ်..``


အလိုက်ကမ်းဇိုးမသိ ကြွေ့အနားဆီသို့ လာရန်ပြင်နေသည့် မိုးဇွန်ကို ထနှောင်းက မျက်လုံးမှေးကာ အံကြိတ်လျက် ဒေါသအကြည့်တို့ဖြင့် ကြည့်လိုက်တော့မှ 

မျက်လုံးအပြူးသားဖြင့်မိုးဇွန်သည်  ထနှောင်းကိုကြည့်ရင်း ခေါင်းကုတ်ကာ နောက်ပြန်လှည့်သွားသည်။


``ဟဲ့...မိုးဇွန်...ဘယ်သွားတာလဲ..

မမဆီလာပါဦး...``


`` ခဏလေးဆရာမလေးရေ...

ကျွန်တော် အိမ်မှာ ကြောင်လေးကို ရေချိုးဖို့မေ့ကျန်ခဲ့လို့ သွားလိုက်ပါဦးမယ်..``


ကြွေခေါ်နေပေမဲ့လဲ နောက်ကို လှည့်မကြည့် လက်သာပြကာ သုတ်ခြေတင် ပြေးထွက်လာခဲ့သည်..။


``ဟာ...စိတ်ညစ်လိုက်တာ..``


``ဘာညစ်စရာရှိလို့လဲ ဒီမှာ ကျွန်တော် တစ်ယောက်လုံးရှိနေတာပဲဟာ...``


``ညစ်တာပေါ့ မင်းက အသားယူမလို့ကိုး...``


``ချစ်တာကိုမမရယ်...

ကဲပါ...နမ်းမှာလား မနမ်းဘူးလား..``


``လူတွေရှိတယ်လေ...``


ကြွေသည် ထနှောင်းပခုံးကိုကျော်၍ ဘေးဘီဝဲယာကိုကြည့်သော် လယ်သမလေးများသည် ပြုံးဖြီးဖြီးနှင့် ကြွေတို့ကို ကွက်ကြည့်ကွက်ကြည့် ကြည့်နေသည်။ကြွေရှက်နေသည်ကို ထနှောင်းသိသွားသည်နှင့် လယ်သမများကို အမိန့်ပေးလိုက်၏။


``ဟေး...

အားလုံး ဟိုဘက်လှည့်နေကြ.... ငါနဲ့မမတို့ နမ်းနေတာကို မကြည့်ကြနဲ့ ကြည့်တဲ့သူတွေ့ရင် ဒဏ်ငွေကောက်မယ်...``


``ဟဲ့..အို......

ဘယ်တွေပြောလိုက်ရတာလဲ..

ရှက်လိုက်တာ...``


``အော်...မမပဲရှက်လို့ဆို..ကဲထားပါ နမ်းတော့...``


ထနှောင်းသည်မျက်ဝန်းကို မှိတ်ပြီး ကြွေနမ်းလာမည်ကို စောင့်မျှော်လိုက်သည်။ ကြွေသည် ရှက်ရှက်နှင့် အရပ်ရှည်လွန်းသည့်ထနှောင်းကို  ခြေဖျားထောက်ကာ ထနှောင်းပခုံးကိုသိုင်းဖက်လျက် နှင်းဆီပွင့်ဖက်လိုနီရဲနေသည့်  

နူတ်ခမ်းပါးလေးများကို ဂဟေဆက်လိုက်ပါတော့သည်။ 


နှစ်ဦးစလုံး၏ ရင်ခုန်သံများသည် စည်းချက်ညီညီ လှိုက်ခုန်နေပြီး အနမ်းများက ရပ်တန့်၍မရ ...


 ကလေးတစ်ယောက်

 ချိုမြိန်လွန်းသည့် သကြားလုံးတစ်လုံးစားရသလို ပျော်ရွင်နေသည်။


ကြွေ့ခြေထောက်ရှိ မျော့အကောင်သည်လဲ ခွာစရာမလိုတော့ ဗိုက်ဝ၍ သူ့အလိုလို မြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။ 


မျော့ဆင်းသွားမှ ကြွေသည် အနမ်းများရပ်တန့်ကာ ‌သူမခြေထောက်ကိုငုံကြည့်ရင်း ထနှောင်းကို မျက်စောင်းထိုးလိုက်သည်။ 


``မမ..မျော့လေး ရှက်သွားတယ်ထင်တယ်..သူ့ဘာသာသူ ဆင်းသွားတယ်..``


ရယ်ကျဲကျဲ ပြောနေသည့် ထနှောင်းကို ကြွေကြည့်မရချင်တော့ပါ။ ထနှောင်းသည် ကြွေ့သွေးတွေကိုစုပ်သွားသည် မျော့ကို ယူကာ လယ်ကွင်းထဲသို့ ပစ်ချလိုက်သည်။ ထနှောင်းလုပ်ရပ်ကြောင့် အနားရှိ လယ်သမများနှင့် ကြွေတို့ မျက်လုံးအပြုးသားဖြစ်ရသည်။


``ဘာလို့ လယ်ထဲ ပြန်ထည့်လိုက်ရတာလဲ..``


``မမလယ်ထဲ ထပ်ဆင်းရင် အဲ့မျော့ထပ် ပြန်တွယ်အောင်လို့လေ...ဒါမှကျွန်တော်လဲ မမအနမ်းကို...``


``အို...တော်ပြီ...သွား...အရူးလေး...``


``အရူးတကာ့အရူးထဲမှာ ကျွန်တော်က အချစ်ရူးပါနော်...``


``ဖယ်ပါ...ပြန်တော့မယ်....``


ထနှောင်းကိုတွန်းကာ လှည့်ထွက်သွားသည့်ကြွေကိုကြည့်ရင်း ထနှောင်းအသဲယားလာ၍ သူမကို ပွေ့ချီလိုက်၏..။


``မမခြေထောက် ညောင်းနေပါ့မယ်..``


``ဟေ့..မချီနဲ့ ပြန်ချ...

ပြန်ချပေး...ငါ့နှယ့်နော်...ရှက်လိုက်တာ...``


``ရှက်ရင် ကျွန်တော့်ရင်ခွင်ထဲ ခေါင်းဝှက်နေလေမမရယ်``


လယ်သူမလေးတွေကတော့ ထနှောင်းတို့ကို ကြည့်ရင်း ပြုံးကာ လက်ခုပ်တီးနေကြသည်။


အပိုင်း ( ၁၃ )မျှော်....💁


ဒီနေ့ နေသိပ်မကောင်းလို့ 

စာတင်တာ နောက်ကျသွားပါတယ်

တောင်းပန်ပါတယ်နော်🙏


နောက်အပိုင်းတွေမှာ ဝမ်းနည်းစရာတွေချည်း လာတော့မှာမို့ 

ဒါဒါလေးတွေအတွက် အအီပြေ roတာလေးတွေ ထည့်ရေးပေးလိုက်တာပါ...🙆


မေ့ရဲ့အားအင်ဟာ ဒါဒါလေးတွေရဲ့ အပြုံးပါပဲ...😘


မေ့ဝတ္တုလေးကို အားပေးကြတဲ့ စာဖတ်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်..🙏


rate now: