💕ကျွန်တော့်နှလုံးသား
မမထံဝပ်ဆင်း၍💕
•~•~•~•~•~•~•~•
``ဆရာဝန်သွားခေါ်ချေ..``
``ဟုတ်...ဟုတ်ကဲ့...``
ထနှောင်းသည် ဝမ်းဗိုက်မှ သွေးများစွာထွက်နေသည့် ကြွေ့ကိုပွေ့ချီကာ မဟူရာစံအိမ်အတွင်းသို့ ဝင်လာပြီး အိပ်ခန်းတစ်ခုအတွင်းသို့ဝင်ကာ မေ့မျောနေသော ကြွေ့ကို ကုတင်ပေါ်သို့ဖြေးညင်းစွာ တင်လိုက်သည်။
``မလုပ်ပါနဲ့မမရယ်..
ကျေးဇူးပြုပြီး တောင့်ခံထားပါဦးဗျာ.. မမမှာ ကျွန်တော် ရှိသေးတယ်နော်.. ကျွန်တော်စောင့်နေတယ်သိလား... ကျွန်တော် သိပ်ချစ်တယ် ဆိုတာ မမ မသိဘူးဆိုလဲရပါတယ် ..ပြန်သာလာခဲ့ပါ...ကျွန်တော့်ဆီ ပြန်လာခဲ့ပါဗျာ.. ``
မျက်ရည်များနှင့် တရစပ်ပြောနေသော စကားတို့ကို ထနှောင်းမှတ်မိချင်မှ မှတ်မိပေရော့မည်။ ကြွေ့ခန္ဓာကိုယ်မှ ထွက်နေသော သွေးများကို ပုဝါဖြင့် သုတ်ပေးကာ ဒဏ်ရာပေါ်သို့ ဝါဂွမ်းစများအုံပေးသည်။
``သွေးတွေရယ် မထွက်မပါနဲ့တော့...
အာ...မမ!...
မမ မရှိရင် ကျွန်တော် သေမှာဗျ နားလည်လား!.. ပြန်လာခဲ့နော် ပြန်လာခဲ့...ဒါ ကျွန်တော့်အမိန့်ပဲ...
တောက်စ်...ခွေးမ...ငါ့ချစ်သူကိုမှ မင်း...``
ဒေါသနှင့်အတူ ဝမ်းနည်းခြင်းအရိပ်အယောင်တွေကြောင့် အသံများပင် တုန်ယင်နေသည်။
သွေးတွေပေနေသော ကြွေ့အကျီကို လဲရန် ချွတ်လိုက်သောအခါ ဒဏ်ရာက အတော်ကြီးမာနေသည် ။ ရေစိမ့်ကျနေသလို ဒဏ်ရာထဲမှ သွေးတွေဟာလဲ စီးဆင်းမပျက်...၊ အိပ်ခန်းတံခါးကို ပိတ်လိုက်ပြီး ကြွေ့ခန္ဓာကိုယ်တစ်ခုလုံး ဝတ်စားလစ် ဖြစ်အောင် ချွတ်ချလိုက်သည် ။ ပြီးမှ ထနှောင်း၏ အကျီတစ်ထည်ကို ယူကာ ဝတ်ဆင်ပေးလိုက်သည်။
``ဒေါက်..ဒေါက်...သခင်ကြီး ဆရာဝန်ပါလာပါပြီ....``
တံခါးခေါက်သံကြားသည်နှင့်ထနှောင်းသည် မြန်မြန်ဆန်ဆန်သွားဖွင့်ပေးကာ ဆရာဝန်ကို ကြွေ့ဆီသို့ခေါ်လာသည်။
``လုပ်ပါဦးကွာ...မမကို..မမကို ကယ်ပေးပါဦး...``
ဆရာဝန်နှင့် ထနှောင်းတို့က ငယ်ပေါင်းကြီးဖော်တွေဖြစ်သည်။သူသည် ထနှောင်းကို ကြည့်ကာ ခေါင်းငြိမ့်ပြလျက် လုပ်ရိုးလုပ်စဉ်အတိုင်း ဒဏ်ရာကိုဆေးထည့်သည် ။ ထိုးခံရသော ဓားက သံချေးမတက်သည့်ဓားမို့ စိတ်ချရပေမဲ့.. အတွင်းဒဏ်ရာ တော်တော်နက်သည်။
``ဟိန်း...သူမက ငါ့ရဲ့ဘဝပဲ..သူမ မရှိရင် ငါသေသွားမှာ... ဒါ...ဒါကြောင့်..``
`` ငါသိပါတယ် သူငယ်ချင်း ဒဏ်ရာကို ချုပ်ရမယ်...နောက်ပြီး သူသွေးထွက်လွန်နေတယ်.. သွေးသွင်းဖို့လိုတယ်...နေဦး..သူဘာသွေးလဲ ငါစစ်လိုက်ဦးမယ်...``
ဒေါက်တာဟိန်းဇေယျာသည် ကြွေ့လက်ထိပ်က သွေးကိုဖောက်ကာ ပစ္စည်းကိရိယာစုံလင်စွာဖြင့် သွေးကိုစစ်ဆေးသည်။
`` B သွေး.. ဒီရွာထဲမှာ ဘယ်သူကBသွေးလဲ...မြန်မြန်ရှာမှရမယ်..``
``ငါ..ငါလေကွာ...ငါက Bသွေးပါကွ..``
``အေး ဟုတ်သား...
ဒါဆို ဒီမှာ ကုတင်တစ်လုံးချ သွေးသွင်းမယ်..သွေးယူမယ်..``
``အင်း..
ကြီးလှ...မိုးဇွန်...
ဟာ...ဘယ်တွေ ရောက်နေကြတာလဲကွာ... ကြီးလှရေ...``
ဟိန်းအချက်ပြလိုက်သည်နှင့် ထနှောင်းသည် အိမ်ရှိလူတိုင်းကို အော်ခေါ်ပါတော့သည်။ ထနှောင်းဆီသို့ ကြီးလှရောက်လာ၍ မိုးဇွန်မပါလာချေ..။
``မိုးဇွန်ရော..မိုးဇွန်ရောကြီးလှ...``
``ဟို.. ကလေးမလေးတစ်ယောက် ပခုံးမှာ ဒဏ်ရာနဲ့မို့လို့ မိုးဇွန် ဟိုဘက်အခန်းထဲမှာ ဆေးထည့်ပေးနေပါတယ်..``
ထိုမိန်းကလေးမှာ ခမ်းနော်ဟု ထနှောင်းသိလိုက်ပါပြီ..၊ တခြား မပြောလိုတော့ဘဲ အခြားသူများကိုသာခေါ်၍ အခန်းထဲသို့ ကုတင်တစ်လုံးချကာ ထနှောင်းသွေးကိုထုတ်သည်။ ထနှောင်းသွေးကိုထုတ်နေချိန်မှာပင် ကြွေ့ရဲ့ဒဏ်ရာကို ဟိန်းဇေယျာက ချုပ်ရိုးချုပ်နေသည်။ ဒဏ်ရာကို ချုပ်ပြီးသော် ဆေးပတ်တီးဖြင့် စည်းကာ ပေနေသော သွေးများကို သန့်စင်ပေးသည်။
ဟိန်းဇေယျာက ဆရာဝန်ဖြစ်နေလို့သာ သွေးထုတ်နေသည့် ထနှောင်းမှာ အတော့်ကိုသည်းခံထားရသည်။ ဘယ်ယေကျာ်းလေးမှ ကြွေ့ကိုအထိမခံစေချင်ပါ...။
ခဏကြာသော် ကြွေ့ကို သွေးသွင်းရန် ပြင်ဆင်သည်။ ထနှောင်းဆီက သွေးကို ကြွေ့ထံပြန်၍ သွင်းစေသည်။ သွေးထုတ်ပေးလိုက်ရသော ထနှောင်းမှာ အနည်းငယ်မှုးဝေသွားသည် ၊ ပင်ပန်းသည့်ဒဏ် ၊ အစာရေစာ ဝဝလင်လင်မစားရသည့် ဒဏ်တွေနှင့် အခု သွေးပါထုတ်ပေးလိုက်ရသောကြောင့် ထနှောင်းမှာ မတ်တပ်ရပ်နိုင်ဖို့ အားပင်မရှိတော့ပေ..။
``ကြီးလှ.. ထနှောင်းအတွက် ကြက်ဥ အကာကျက်နှစ်လုံးနဲ့ အိုဗာတင်းကို ၇ဇွန်းထည့်ပြီးဖျော်လာခဲ့ပါ..``
``ဟုတ်ကဲ့..``
ကြီးလှမှာ အသက် ၆၀ကျော်ရှိပေမဲ့လဲ သွက်လက်ဖျက်လက်နေသည်။ ဆရာဝန်ပြောသည်နှင့် မီးဖိုချောင်သို့သွားကာ အစားအသောက်များ ပြင်ဆင်နေ၏။
``ကဲ...မင်းလှဲနေလိုက်.. လူနာလဲ စိတ်ချရတဲ့အခြေအနေမှာရှိနေပြီ..``
``ကျေးဇူးပါကွာ..``
``မလိုပါဘူး ခ ရာ.. ငါမိုးဇွန်းဆီသွားကြည့်ဦးမယ်..``
``အင်း..``
ဟိန်းဇေယျာသည် ထနှောင်းအခန်းထဲမှ ထွက်လာ၍ မိုးဇွန်ရှိရာ အခန်းထဲသို့ရောက်လာသည်။ အခန်းထဲသို့ရောက်သည်နှင့် ရှိုက်သံ သဲ့သဲ့ကြားရသည် ။ နေရာအနှံတွင် သွေးများပေနေသော ဂွမ်းစများကလဲ ဟိုတစ်ခု ဒီတစ်လွှင့်နှင့် ..၊ မိုးဇွန်သည် လူနာ မိန်းကလေး၏ ဒဏ်ရာကို ဆေးထည့်ပေးရင်း မျက်ရည်များစွာနှင့် ငိုနေ၏..။
`` မိုးဇွန်...``
မိုးဇွန်သည် သူ၏နာမည်ခေါ်ရာသို့ လှည့်ကြည့်ပြီး ဟိန်းဇေယျာမှန်းသိသော် ပြေးဖက်ကာ ပို၍ ငိုနေ၏။
``ခမ်း..ခမ်းနော်ကို ကူညီပေးပါဦးဗျာ..ကျွန်တော့်ရဲ့ ခမ်းနော်ကို အသက်ပြန်ရှင်အောင် လုပ်ပေးပါ ကိုကြီးရာ..``
``အေးပါ..ငါကုပေးပါ့မယ်.. စိတ်သာချ..မင်းခမ်းနော် ဘာမှမဖြစ်စေရဘူး..``
မိုးဇွန်ကျောပြင်ကိုပုတ်ကာ နှစ်သိမ့်ပေးပြီး ခမ်းနော်ကိုလာကြည့်သည်။ ခမ်းနော်၏ဒဏ်ရာသည် လှုပ်ရှားနိုင်သည့်အကြောနှင့်မလွတ်သည့်အတွက် အနည်းငယ် စိုးရိမ်နေရသည်။မိုးဇွန်ကိုလဲ ပြောပြ၍ မဖြစ် ၊ ငယ်ငယ်က သူ၏ကြောင်လေး ခေါင်မိုးပေါ်မှ အောက်ဘက်ရှိ ရေတွင်းထဲသို့ကျကာ ရေမွန်း၍ သေသွားတာတောင်မှ ၁၀ရက်လောက် ငို၍ မပြီးနိုင်တော့သည့်မို့..
မိုးဇွန်ကို ခမ်းနော်အခြေအနေမပြောတော့ပေ..၊ လုပ်စရာရှိတာလုပ်၍ ဒဏ်ရာကို ချုပ်ရိုးချုပ်စေကာ ပတ်တီးစည်းလိုက်သည်။ သူမလက်ကို ပတ်တီးစ၏ကြိုးနှင့်ချည်ကာ ကုတင်တိုင်နှင့် ကပ်ချည်၍ ဆန့်ဆန့်ဖြောင့်ဖြောင့် လုပ်ထားလိုက်သည်။
``ဘာ..ဘာဖြစ်တာလဲကိုကြီး..
ခမ်းနော် ဘာဖြစ်တာလဲ..``
`` ဘာမှမဖြစ်ပါဘူးကွာ..မင်းဆေးထည့်ပေးထားတာ..
မင်းတော်တယ်..မဟုတ်ရင် ထနှောင်းချစ်သူလို မင်းရဲ့ချစ်သူလဲ သွေးထွက်လွန်နေမှာ..``
ဟိန်း၏စကားကြောင့် မိုးဇွန်အနည်းငယ်ရှက်သွားသည်။ သို့ပေမဲ့ ရှက်ဟန်မပေါ်စေရန် မျက်နှာထား တည်ကြည်လိုက်သည်။
`` သူ..သူမက ကျွန်တော့်ချစ်သူမဟုတ်ပါဘူး...``
`` ဘာလဲ ဒါဆို မိန်းမလား..``
`` အာ..ကိုကြီးဗျာ..``
`` အေးပါကွာ..မင့်လဲနားဦး.. ညနေတစ်ခါ ငါလာကြည့်မယ်..``
``ဟုတ်..``
`` သူမကို ဒီတိုင်းထားခဲ့လိုက်ပါ .. ထနှောင်းမင်းကို ခေါ်နေတယ်..``
`` ဟုတ်ကဲ့ ကျွန်တော် သွားလိုက်ပါ့မယ်...``
ဟိန်းဇေယျာ ပြန်သွားပြီးသည်နှင့် မိုးဇွန်သည် အိပ်ခန်းထဲပြန်ဝင်ကာ ခမ်းနော်ကို စောင်သေချာခြုံပေးလိုက်သည်။ သွေးများပေနေသည့် သူ၏ခန္ဓာကိုယ်ကို သုတ်သင်ကာ အကျီလဲပြီးမှ ထနှောင်းဆီသို့ ထွက်လာခဲ့သည်။
ထနှောင်းရှိရာအခန်းသို့လိုက်ရှာသော်မတွေ့..
ထို့ကြောင့် ကြီးလှကို ခေါ်မေးရာ.. `` မည်သူမှ မဝင်ရဆိုသည့် `` ဂန္ဓာမာအခန်းပဲဖြစ်သည်။
``အင်း..ကျေးဇူးပဲကြီးလှ..``
မိုးဇွန်သည် ကြီးလှအနားက ထွက်သွားရန် ရွယ်တုန်းမှာပင် သူ၏လက်ကို ကြီးလှ လှမ်းဆွဲလိုက်၏..။
`` ငါ့တူ.. အဲ့ကောင်မလေးကို အဲ့အခန်းထဲ ဝင်ခွင့်ပြုတယ်ဆိုတော့ သူက...``
`` ဟုတ်တယ် ကြီးလှ
ဆရာမလေးက မဟာမြိုင်ရဲ့ သခင်မပဲ..``
မိုးဇွန်စကားကြောင့် ကြီးလှမှင်သက်သွားကာ စံအိမ်အပြင်ဘက်သို့ ပျော်ရွင်ကာ ပြေးထွက်သွားသည်။ ထို့နောက် မိုးဇွန်သည်လည်း ထနှောင်းရှိရာအခန်းအတွင်းသို့ ဝင်လာခဲ့သည်။ အခန်းထဲတွင် ကုတင်နှစ်လုံးရှိသည့်အနက် တစ်လုံးထဲမှာပင် လူနှစ်ယောက် အိပ်စက်နေကြသည်။
``အဟမျး...ဟမျး...``
အခန်းထဲမဝင်ခင်အပြင်မှ ချောင်းဟန့်သံပေးရာ ကြွေနှိုင်းခကုတင်ပေါ်မှာ သူမကိုဖက်ကာ အိပ်နေသော ထနှောင်းခသည် အိပ်နေရင်း မိုးဇွန်ကို လှမ်း၍ ကြည့်လိုက်၏။
ထို့နောက် ``ကျွတ်``စုတ်သံနှင့်အတူ မကြည်မလင်စွာဖြင့် အိပ်ရာပေါ်မှ ထလာသည်..။
``သက်သာပါရဲ့လား သခင်ကြီး..``
`` အင်း.. ခမ်းနော် ဘယ်လိုနေလဲ..``
`` သက်သာပါတယ်..
သခင်ကြီးက ခမ်းနော်ကို အစထဲက သိနေတာလား..``
`` အင်း မမနဲ့အတူတူနေတာလေ..ဒါနဲ့ မင်းကရော ခမ်းနော်ကို ဘယ်လိုသိတာလဲ..``
ထနှောင်းသည် အကျီလက်ကို ခေါက်တင်ပြီး ကြွေအိပ်နေသော အိပ်ရာကို ဆန့်ဆန့် ပြန့်ပြန့် ခင်းလိုက်ကာ ကြွေ့ကိုယ့်ပေါ်သို့ စောင်ခြုံပေးလိုက်၏။
မိုးဇွန်သည် ထနှောင်းမေးခွန်းကို သိပ်မဖြေချင်..
လရောင်ကျနေသော အခန်းပြတင်းပေါက်ကိုသာ တွေတွေကြီး ငေးကြည့်နေမိသည်။
`` အတိတ်ဆိုးမို့လို့လား..မပြောချင်ရင် မပြောပါနဲ့..အကယ်၍ ရင်ဖွင့်ချင်လာပြီ မင်းအကို ငါတစ်ယောက်လုံး ရှိတယ်..``
ပက်လက်ထိုင်ခုံပေါ်မှာ ရေနွေးကို မှုတ်ကာသောက်ရင်း မိုးဇွန်ကို မသိမသာအကဲခတ်ကြည့်နေသည်။ သူပြောချင်နေပုံရသည် ။ သို့ပေမဲ့ ပြောမထွက်သည့် ပုံစံဖြစ်နေ၏..။
``ငါ့ဘဝမှာတော့ အဖေပြီးရင် မင်းက ဒုတိယအယုံကြည့်ရဆုံး ဆွေမျိုးသားချင်းပဲ..၊
ငါ့အမေရဲ့မကောင်းမှုတွေ ၊ ကြုံတွေ့လာရတဲ့ အခက်အခက်မှန်သမျှတွေကို မင့်ကိုပဲ ယုံကြည်ပြီး အကုန်ပြောပြတာပဲ မဟုတ်လား..၊ ဒါကြောင့် မင်းလဲ ငါ့ ယုံကြည်တယ်ဆိုပြောပြပေါ့..``
ဟုပြောရင်း ရေနွေးကို တစ်ငုံသောက်လိုက်ပြီး မိုးဇွန်ကို လှမ်းကြည့်ရာ သူ၏ မျက်ဝန်းထဲတွင် မျက်ရည်များက ပြည့်လျှံနေ၏..။
``ကျွန်တော်က သခင်ကြီးကို ယုံကြည်ပါတယ်..
သခင်ကြီးရဲ့ အဖေကြောင့်သာ ကျွန်တ်ောက အခုလို မကြောင့်မကြတဲ့ ဘဝမျိုးကို ရလာခဲ့ရတာပါ..မယုံကြည်လို့ မပြောချင်တာ မဟုတ်ပါဘူး..
ကျွန်တော့်ပါးစပ်နဲ့ သူမနာမည်ကို ခေါ်ဖို့ မသင့်လျော်ဘူးလို့ထင်လို့ပါ..
ဟီး...``
ပြောလဲပြော..ငိုပါ ငိုချလိုက်သည့် မိုးဇွန်ကို ထနှောင်းကပွေ့ဖက်ပြီး နှစ်သိမ့်ပေးနေ၏..။
``လာ..ထိုင်ကွာ... မင်းလို စိတ်ထားကောင်းတဲ့သူက ဘာအပြစ်များကျူးလွန်ခဲ့လို့ အခုလိုငိုရတဲ့အထိ ဖြစ်ရတာလဲ..``
ထိုင်ခုံမှာထိုင်ရင်း လက်ဖမိုးနှင့် မျက်ရည်ကိုသုတ်ကာ ကြမ်းပြင်ကိုကြည့်ရင်း ပြောမထွက်သည့်စကားကို မိုးဇွန် စပြောပါတော့သည်။
``ခမ်းနော်..သူမက ကျွန်တော့်ရဲ့ အချစ်ဦးဆိုလဲ မမှားသလို အမေတစ်ယောက်ဆိုလဲ မမှားပါဘူး..
Blood loyaltyဓားပြအဖွဲ့တွေကြောင့် ကျွန်တော့်မိဘတွေ သေဆုံးချိန်မှာ သူမကပဲ ကျွန်တော့်ကို နှစ်သိမ့်ပေးခဲ့တယ်..သူမ မိဘတွေလဲ ကျွန်တော့်မိဘတွေနဲ့ တစ်ချိန်ထဲ သေဆုံးခဲ့ရပေမဲ့ .. ကျွန်တော့်ကို နှစ်သိမ့်ပေးတယ် ချော့မြူပေးတယ်.. ၊ သူမရဲ့ အဒေါ်အိမ်မှာ ကျွန်တ်ော ကပ်နေခဲ့ပေမဲ့ သူမကြောင့် မျက်နှာ မငယ်ခဲ့ပါဘူး.. ``
`` အဲ့တုန်းက မင်းက ဘယ်အရွယ်လဲ..``
`` ကျွန်တော် ၈နှစ်သားအရွယ်ပါ.``
`` အော်..အဖေမင်းကို မွေးစားတဲ့အချိန်က မင်း၁၁နှစ် ရှိပြီမလား..``
`` ဟုတ်ပါတယ် သခင်ကြီး ..၊ အဲ့ဒီ့အချိန်တုန်းက ကျွန်တော် သူမကို ပြန်လာခဲ့မယ်ဆိုပြီး ထားသွားခဲ့တာ အခုချိန်ထိကျွန်တော် သူမကို မတွေ့ဖြစ်ခဲ့တာပဲ...
သခင်ကြီးနဲ့ အလုပ်တွေအပေါ်မှာသာ စိတ်နှစ်ရင်း သူ့ကို မေ့ဖျောက်ခဲ့ပေမဲ့....``
`` အင်း..ဒီလိုပဲပေါ့ကွာ... အချစ်ဦး မြေးဦးရတဲ့အထိ မမေ့ဘူးဆိုသလိုပေါ့..``
ထနှောင်းစကားကြောင့် မိုးဇွန်ပြုံးမိသလို ၊ စိတ်ထဲလဲ လေးပင်သောအရာဝတ္တု လွှတ်ချလိုက်သလို ပြေပျောက်သွားသည်။
``သခင်ကြီး....သခင်လေး..``
မိုးဇွန်၏တပည့်သည် အိပ်ခန်းဝမှာ ဦးညွတ်ကာ နူတ်ဆက်၏..
``လာကွာ..ဝင်လာခဲ့..``
ထနှောင်းဝင်လာခိုင်းသည်နှင့် ထိုလူသည် ခေါင်းငုံကာ လေးစားစွာဖြင့် ဝင်လာခဲ့သည်။
`` ဘာများသတင်းထူးလို့လဲ ``
`` သတင်းကတော့ထူးပါတယ် သခင်လေး.. ကျွန်တော်တို့ ရွာထဲမှာ အလောင်းရှင်းနေချိန်ရုတ်တရက် မြခွန်းသာ အလောင်းပျောက်သွားပါတယ်...``
`` ဘာ.. ရုတ်တရက်ကြီး ပျောက်သွားတယ်ဆိုတာ ဘာသဘောလဲ အလောင်းကောင်ကတော့ လမ်းမလျှောက်တက်ပါဘူ...``
`` ငါသူမကို နှလုံးတည့်တည့်ကို ပစ်လိုက်တာပါ... မသေနိုင်တာတော့မဖြစ်နိုင်ဘူး...``
မေးစေ့ရှိ ထွက်ခါစ မုတ်ဆိတ်မွှေး များကို ထနှောင်းက ပွတ်သပ်ရင်း မြခွန်းသာအကြောင်း စဉ်းစားနေသည်။
`` ဒါမှမဟုတ် သူ့တပည့်တွေက ခေါ်သွားတာ ဖြစ်လိမ့်မယ်.. သခင်ကြီး..``
မိုးဇွန်စကားကို ခေါင်းငြိမ့်ရင်း ထနှောင်းခ ထောက်ခံနေသည်။ ထို့နာက် သတင်းလာပို့သည့် လူကို ပြန်လွတ်လိုက်သည်။
`` ကဲပါကွာ...ထားလိုက် လာမယ့်ဘေး ပြေးတွေ့ရုံပေါ့...မင်းလဲနားတော့လေ..``
``ဟုတ်ကဲ့ ဒီကိစ္စကို မစိုးရိမ်ပါနဲ့ သခင်ကြီး ကျွန်တော် စုံစမ်းလိုက်ပါ့မယ်...``
`` အင်း..``
မိုးဇွန်ထွက်သွားသည်နှင့် တိုက်ပွဲမှာ ဖြစ်ခဲ့သာ့်အကြောင်းကို စဉ်းစားရင်း မျက်ရည် ကျနေသည်။ မြခွန်းသာနှင့် ထနှောင်းခတို့သည် ငယ်စဉ်က သိပ်ချစ်ခဲ့ကြသော သူငယ်ချင်းနှစ်ဦးဖြစ်သည်။ မိဘတွေ၏ အာဃတနှင့်ရန်ငြိုးတွေကြောင့် သူမနှင့် ကွဲကွာခဲ့ရပေမဲ့ ငယ်ငယ်က သံယောဇဉ်ကတော့ ပျောက်ပျက်မသွားပေ..။
ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ဆုံးရှုံးသွားသော အသက်များကို စဉ်းစားရင်းနဲ့ပင် ထနှောင်းတစ်ယောက် ဒီညတော့ အိပ်စက်၍မရတော့ပြီ.....။
📝 📖
``မေမေပြောတယ်...
သမီးကိုမသွားပါနဲ့လို့.. အခုတော့ဖြစ်ပြီ... ဘယ့်နှယ့်လုပ်မလဲ...
ထားတော့..အခု မေမေတို့နဲ့ လိုက်ခဲ့ချေ...``
``ဟုတ်တယ်သမီး ဖေဖေတို့နဲ့ ပြန်လိုက်ခဲ့တော့...သမီးကို စိတ်မချတော့ဘူး..
တစ်ခါထဲလိုက်ခဲ့မှ စိတ်အေးရမယ်...``
``လိုက်ခဲ့ပါမမရယ်... ဖေဖေပြောတာ မှန်ပါတယ်.. နော်..မမ``
ကြွေနှိုင်းခ၏ မိဘများနှင့် ညီမလေးသည် ကြွေ့လက်ကို အတင်းဆွဲကာ အိမ်ပြန်ဖို့ခေါ်နေသည်။ သူတို့၏ မျက်နှာများသည် ကြွေ့မျက်ဝန်းထဲတွင် ကြီးမားပြီး ကြောက်စရာ အလွန် ကောင်းနေ၏..။
``ဟင့်အင်း...ဟင့်အင်း...
စာသင်နှစ်ဝက်ရောက်နေပြီ.. ကလေးတွေကို ဒီအတိုင်း ထားခဲ့လို့ မဖြစ်ဘူး..၊
သမီးမလိုက်ပါရစေနဲ့ မေမေတို့ရယ်...၊
သမီးကျောင်းပြီးမှ လိုက်ခဲ့ပါရစေ..နော်...``
``မရဘူး...အခုလိုက်ခဲ့..အခုလိုက်ခဲ့မှရမယ်...ဘာမှပြောမနေနဲ့ လိုက်သာလိုက်ခဲ့...``
``အို...မလိုက်ဘူး...မလိုက်ဘူး...``
``မလိုက်ဘူး!!!!!``
``ဟာ...မမ... မမနိုးလာပြီ...
ကျွန်တော် စိတ်ပူလိုက်ရတာမမရယ်....``
ကြွေ အိမ်မက်မက်နေခြင်းသာ ဖြစ်သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် ရွေရောင်အဆင်းရှိပြီး ထည်ဝါလွန်းသည့် အခန်းကို ရောက်နေကြောင်း ကြွေသိလိုက်ရသည်။ အိပ်နေသော ကုတင်မှာ မှို့အစစ်ဖြင့် ချုပ်လုပ်ထားသော နွေးထွေးအိစက်နေသည့် မွေ့ရာတစ်ခုဖြစ်သည်။
``မမ...မမသက်သာရဲ့လား.... ဘယ်နား နာနေသေးလဲဟင်..``
အသံလာရာသို့ကြည့်သော်...
သူမလက်ကိုကိုင်ရင်း စိုးရိမ်တကြီးမေးနေရှာသည့် ထနှောင်းခ ဖြစ်နေသည်။ လှဲနေရာမှ ကုန်းထသောအခါ ဗိုက်ကဒဏ်ရာက မကျက်သေး၍ တစ်ဆစ်ဆစ် နာလာသည်။
``အ့..``
``မမဒဏ်ရာက မသက်သာသေးဘူး..ခဏလှဲနေဦးနော်...ကျွန်တော် မမရေသောက်ဖို့ ရေသွားယူလိုက်ဦးမယ်..``
ထနှောင်းသွားရာကို လိုက်ကြည့်ပြီး အားကုန်သုံးကာ ထထိုင်ရင်း ဝမ်းဗိုက်ကို ခေါင်းအုံးဖိထားလိုက်သည်။
အခန်းပတ်ပတ်လည်ကို ကြည့်သော်...
နံရံကပ် wallpaperအရောင်ဟာ ရွေရောင်တောက်တောက်ကို သုံးထားပြီး အခန်းတစ်ခုလုံး စာအုပ်စင်တွေနှင့် စာအုပ်များပြည့်နှက်နေသည်။
ထို့နောက် ထနှောင်းရောက်လာကာ လက်ထဲတွင် ရေတစ်ခွက်ပါလာသည်။
``မမ...ရေသောက်လိုက်ပါဦး...``
ကြွေသည် ထနှောင်းကမ်းလာသောရေကို ကြည့်ကာ ယူလိုက်ပြီး အကုန်မော့ချလိုက်သည်။ ထို့နောက် ခေါင်းထဲ တစ်စုံတစ်ခုရောက်လာသည်။
``ခမ်းနော်!
ခမ်းနော်ရော..ခမ်းနော်
ဘယ်မှာလဲ..``
``စိတ်ချပါမမ ခမ်းနော်
ဆေးရှိန်မပြေသေးလို့ ဟိုဘက်အခန်းမှာ အိပ်နေပါတယ်..
ဒဏ်ရာက နက်တော့ အတော်ချုပ်ယူလိုက်ရတယ်တဲ့ ဆရာဝန်က ပြောတယ်...``
``ဒါဆို...မြခွန်းသာကရော..``
``သူကတော့...
သေပြီ...``
ထနှောင်းစကားကြောင့် ကြွေ့မျက်ဝန်းထဲမှ မျက်ရည်များဟာ လိပ်တက်လာပြီး တသွင်သွင် စီးကျလာပါတော့သည်။ ထနှောင်းကိုင်ထားသော သူမလက်ကို ဇက်ခနဲ ဖြုတ်ချလိုက်သည်။
``အဟင့်..မင်းကြောင့်..
အဲ့ဒါမင်းကြောင့်...
ဘာလို့ သူ့ကိုသတ်လိုက်ရတာလဲ.. နင်တို့ ဓားပြတွေကလေ...
လူတွေရဲ့အသက်ကို ဘာထင်နေကြလဲမသိဘူး...လူတွေပါဟယ်..အသက်တစ်ချောင်းပဲ ရှိကြတဲ့ လူသားတွေပါ... သေမင်းတောင် လာမခေါ်သေးတဲ့သူကို
ပြီးစလွယ် သေမင်းဆီအရောက်ပို့လိုက်သရသလား
အဟင့်...``
ထနှောင်းရင်ဘက်ကို ထုကာရိုတ်ကာ ငိုနေသည့် ကြွေ့လက်ကို ညင်သာစွာဆုပ်ကိုင်ရင်း သူမကို ရင်ခွင်ထဲသို့ထည့်ကာ ပွေ့ဖက်လိုက်၏...။
``သူက မမကိုနာအောင်လုပ်လိုက်တာကိုး...
ကျွန်တော်ချစ်တဲ့သူကို သွေးမပြောနဲ့ ဆံချည်မျှင် တစ်မျှင် ပါသွားရင်တောင် ကျွန်တော် မခံစားနိုင်ဘူး..``
`` မင်း သိပ်ရက်စက်တယ်.. မင်းက တကယ့်လူဆိုးပဲ...
မြခွန်းသာက မင်းကြောင့်သာ ငါ့ကို အပြစ်ရှာတာ...
မင်းကြောင့်မဟုတ်ရင် ခမ်းနော်လဲ ဘာမှဖြစ်စရာမလိုဘူး...
မင်းကြောင့်မဟုတ်ရင် သူလဲ သေစရာမလိုဘူး...
မင်းကြောင့်မဟုတ်ရင် ငါလဲ မငိုရဘူး...အဟင့် ဟင့်..အားလုံးမင်းကြောင့်ပဲ..``
ကြွေ အတ်ေဝမ်းနည်းနေသည်။ တစ်သက်နှင့်တစ်ကိုယ် လူသားအချင်းချင်း သတ်၍သေသော လူကို မတွေ့ ဘူးသေးချေ...
ဘဝမှာ ဆိုးရွားသည့် အမှတ်တရတွေကို ထနှောင်းက ကြွေ့ကို ပေးလိုက်မိသည်မို့ ထနှောင်း နောင်တ ရနေသည်။
``တောင်းပန်ပါတယ် မမကျွန်တော် မှားသွားပါပြီ...``
``မင်း တောင်းပန်လို့ မြခွန်းသာ ပြန်ရှင်လာမှာလား...
ပြန်ရှင်မယ်ဆို..တောင်းပန်ပါ..
အခါတစ်ထောင်မက တောင်းပန်ပြီး မြခွန်းသာကို အသက်ပြန်ရှင်အောင်လုပ်ပေး..အဟင့်ဟင့်...``
ထနှောင်းသည် ကြွေ့ကို နားမလည်တော့ချေ..ကိုယ့်ကို ဒုက္ခရောက်အောင် လုပ်တဲ့သူကိုမှ သနားနေသည်။ ထနှောင်းသည် ကြွေ့ခန္ဓာကိုယ်ကို နွေးထွေးမှုရစေရန် ပွေ့ဖက်ပြီး သူမနှဖူးလေးကို
အနမ်းဖွဖွ ခြွေလိုက်သည်။
`` နောက်တစ်ခါ မမ မကြိုက်တာ မှန်သမျှ မလုပ်တော့ဘူးနော်.. ကျွန်တော်ကတိပေးပါတယ်..
ကျွန်တော့အသက်နဲ့ ရင်းရပါစေ..
မမ မကြိုက်တာမှန်သမျှ စွန့်လွတ်ဖို့ ကျွန်တော် ကတိပေးပါတယ်..``
ထနှောင်းစကားကြောင့် ကြွေသည် ထနှောင်းရင်ခွင်ထဲမှ ထွက်ကာ ထနှောင်းမျက်နှာကို ကြည့်လိုက်သည်။ သူ၏ပါးပြင်ကို ဖြေးညင်းစွာကိုင်ရင်း ....
``တကယ်ပြောတာလား..
ကြွေမကြိုက်တာဆို မင်းက တကယ်စွန့်လွတ်မှာလား..``
``တကယ်ပြောတာမမ..
ကျွန်တော်တကယ်ပြောတာ ဘာလို့ဆို...ကျွန်တော် မမကိုချစ်တဲ့အချစ်က စစ်မှန်လို့ပဲ..ကျွန်တော် မမကို သိပ်ချစ်တယ်...
``အဲ့ဒါတွေထားပါ...
မင်းပြောခဲ့တဲ့အတိုင်း စွန့်လွတ်ပေးပါ ကြွေမကြိုက်တာကို..``
``အင်း...ပြောပါမမ
မမဘာကိုမကြိုက်တာလဲ...``
``မင်းရဲ့အချစ်...``
``ဗျာ !``
``ဟုတ်တယ် ကြွေ့ကိုချစ်နေတဲ့ မင်းရဲ့အချစ်..
အဲ့ဒါကို စွန့်လွတ်ပေးပါ..
ကြွေ့ကိုမချစ်ပါနဲ့...အကြောင်းအရင်းကိုဆော့ ကြွေ့ထက် မင်းပိုသိပါတယ်..``
ထနှောင်း၏နှလုံးသားသည် စက္ကန့်ပိုင်းအတွင်း ထိန်းမရအောင် တအားလှုပ်ခုန်ပြီး အောင့်တက်လာသည်။ မကြားချင်သည့် စကားများ ကြားလိုက်ရသည့်အတွက် ရူးချင်လောက်အောင် ခံစားရသည့် စိတ်ကို ထိန်းချုပ်ရခက်နေသည်။ ထိုစိတ်ကို လွတ်ချလိုက်လျှင် ကြွေ့အတွက် စိုးရိမ်ရပေလိမ့်မည် ။ ထို့ကြောင့် ထနှောင်းသည် ကြွေ့အနားမှ ဝုန်းဒိုင်းကြဲကာ ထွက်ခွာသွားပါတော့သည်။
📝 📝
``မစိုးရိမ်ပါနဲ့..
နယ်သာလန်က ပရောဂျက်ကို ဥက္ကဌက အချိန်ယူရေးဆွဲနေတာပါ..
ပရောဂျက်ပြီးသွားရင် ပြန်လာပါလိမ့်မယ်...``
``......``
``ဟုတ်ပါတယ်...ပစ္စည်းကောင်းလိုချင်ရင် အချိန်ကောင်းကိုတော့ စောင့်ရမှာပဲလေ..``
``.....``
``ဟုတ်ကဲ့ ကောင်းပါပြီ...မဂ်လာ ညချမ်းပါ....``
မိုးဇွန်သည် ရှယ်ယာဝင်များကို ဒိုင်ခံဖြေရှင်းပေးနေရသည်။ ကုမ္မဏီတစ်ခုလုံး၏ ကိစ္စအဝဝကို ထနှောင်းခ မလုပ်နိုင်သဖြင့် သူတစ်ယောက်ထဲ ကိုင်တွယ်ဖြေရှင်းနေသည်။ ဖုန်းပြောပြီးသည်နှင့် သက်ပြင်းချကာ အခန်းထဲမှအထွက် .....၊
``ဟင်``
``ဟာ``
မိုးဇွန်အခန်းထဲမှ ထွက်လာသည်နှင့် ကြွေ့ဆီသို့သွားရန် လာသည့် ခမ်းနော်နှင့် မျက်နှာချင်းဆိုင် တိုက်မိသွားသည်။
``ခမ်း...ခမ်းနော်..``
``ဟင်...နင်...နင်က..``
`` ငါ မိုးဇွန်ပါ....``
`` မိုးဇွန်....``
ခမ်းနော် သည် အရင်နှင့်မတူဘဲ အရပ်ရှည်ကာ ခန့်ညားချောမောလာသည့် မိုးဇွန်ကိုကြည့်ရင်း ဝမ်းနည်း ဝမိးသာ ဖြစ်ရသည်။
`` မိုးဇွန်..ငါက နင့်ကို ဒီကမ္ဘာကြီးထဲမှာ မရှိတော့ဘူး ထင်နေတာ..``
`` ငါတောင်းပန်ပါတယ်..``
``နင်က ဒီမှာ ဘာလုပ်နေတာလဲဟင်..``
``မိုးဇွန် လာခဲ့စမ်း!..``
ရင်ခေါင်းအသံဖြင့် မိုးဇွန်ကို ထနှောင်းအော်ခေါ်နေသည်မို့ ကိစ္စ အဝဝကို ခမ်းနော်ကို မရှင်းပြတော့ဘဲ ထနှောင်းခေါ်ရာသို့သာ လိုက်သွားခဲ့သည်...။ မိုးဇွန်၏ ကျောပြင်ကို ငေးကြည့်ရင်း ကျလက်စမျက်ရည်ကို သုတ်ကာ ပြုံးရယ်မိ၏..။
``အော်...မိုးဇွန်ရယ်..ဒါကြောင့် နင်ပျောက်နေခဲ့တာကိုး...
ကျေးဇူးတင်ပါတယ်..နင်ရှိနေတာနဲ့တင် ငါသေပျော်ပါပြီ...``
ခမ်းနော်သည် မိုးဇွန်သွားရာနောက်ကို တဆုံးထိကြည့်ပြီးနောက် ကြွေရှိရာအခန်းသို့ ရောက်လာခဲ့သည်။
``ဆရာမလေး...``
``ခမ်းနော်ပါလား...လာလေ..``
ခမ်းနော်လာ၍ ကြွေသည် အိပ်ရာထက်လှဲနေရာမှ ထထိုင်လိုက်သည်။ ခမ်းနော်ကို ကုတင်ပေါ်မှာ ထိုင်ခိုင်းလိုက်ပြီး ကြွေသည် တယုတယဖြင့် သူမလက်ကို ကိုင်ထားလိုက်သည်။
``အဆင်ပြေလားခမ်းနော်... ဘယ်နား နာနေသေးလဲဟင်...``
``ပြေပါတယ်ဆရာမလေး..
ခမ်းနော် သက်သာနေပြီ..
ဒီလိုအနာတွေက အသေးအဖွဲတွေပါ...
ခမ်းနော်တို့ တောင်ယာသွားခုတ်ရင် ခြေဖဝါးကို ထုတ်ချင်းပေါက် သစ်ငုတ်စိုက်ဝင်သွားတာ..
အဲ့ဒါကိုတောင် ခမ်းနော် ခံနိုင်သေးတာပဲ... ဒီလောက်တော့ အပျော့ပေါ့....``
ညင်သာသောမုသာဝါဒကြောင့် ကြွေပြုံးမိသည်။ ကြွေသည် ခမ်းနော်လက်ကို ကိုင်ရင်း မျက်ရည်တစ်ပေါက် ကျလာခဲ့သည်။
``အယ်..ဆရာမလေး...
ဘာလို့ငိုနေတာတုန်း...
မငိုပါနဲ့ဆရာမလေးရယ် ခမ်းနော် ဘာမှမဖြစ်ပါဘူး...ဒီမှာကြည့် ခမ်းနော် သက်သာလာပြီ..``
မတ်တပ်ရပ်ကာ ခန္ဓာကိုယ် တစ်ပတ်လည်ပြီး သူမ ကျန်းမာကြောင်း ကြွေ့ကို မစိုးရိမ်ဖို့ ပြောသည်။သို့ပေမဲ့ ကြွေသည် သူမကြောင့် အနာတရဖြစ်သွားသူမို့ ကြွေဖြေမဆည်သာပါ..။
``အဟင့်...တောင်းပန်ပါတယ် ခမ်းနော်ရယ်...ကြွေ့ကြောင့် ခမ်းနော်ခုလို ဖြစ်ရတာ..ကြွေတောင်းပန်ပါတယ်...``
ခမ်းနော်သည် ကြွေငိုနေသည်ကို မကြည့်ရက်နိုင် ၊ ခေါင်းငုံကာ ငိုနေသည့် ကြွေ့မေးစေ့ကို အသာလေးမကာ ပါးပြင်ပေါ်မှ ကျနေသည့် မျက်ရည်များကို ခမ်းနော်အသာအယာ သုတ်ပေးသည် ။
``တောင်းပန်ရကြေးဆို ခမ်းနော်တို့က တောင်းပန်ရမှာပါ..
ကိုယ့်ရွာကို စာလာသင်တဲ့ ဆရာ ၊ ဆရာမတွေကို ခမ်းနော်တို့က ဘာအကူအညီမှ မပေးနိုင်ခဲ့ဘူး။ ဓားပြတွေကြောင့် အသက်ပေးလိုက်ရတဲ့ ဆရာမတွေရှိသလို ၊ ဓားပြတွေကြောင့် စာလာမသင်တော့တဲ့ ဆရာမတွေလဲရှိတယ်..၊
ဒီထဲကမှ ဆရာမလေးကသာ သတ္တိရှိရှိနဲ့ အဆုံးထိ ရင်ဆိုင်ပြီး ကလေးတွေရဲ့ အနာဂတ်ကို ကြည့်ပေးနေလို့ ခမ်းနော်တို့က ဆရာမလေးကို ကျေးဇူးတင်နေရတာပါ...၊
ဆရာမလေးကြောင့် ကလေးတွေ စာတက်နေရပြီလေ..မဟုတ်လား...နော့်..``
မေးငေါ့ကာ စိတ်ပြေစေရန် စကားပြောနေသည့် ခမ်းနော်ကြောင့် ကြွေတဖန် ပြုံးလာခဲ့ပါသည်။
``ကျေးဇူးပါ ခမ်းနော်ရယ်...
နောက်ဆို ကြွေ့ကို ဆရာမလေးလို့မခေါ်နဲ့
ကြွေလို့ခေါ်ပါ...``
``အာ...ဆရာမလေးကလဲ..
ဆရာမလေးကို လေးစားချစ်ခင်လို့ ဆရာမလေး..လို့ခေါ်တာ ကြွေ..လို့မခေါ်ရက်ပါဘူး...``
``လုပ်ပါ...ခေါ်ပါနော်...``
``အို...မခေါ်ပါဘူးဆို...``
``ဒါဆို မမလို့ခေါ်...``
``မမ!...`|
``အင်း....မမလို့ခေါ်...``
``ဟုတ်..ဒါဆို ဆရာမလေးကို ဒီနေ့ကစ မမလို့ခေါ်မယ်နော်...``
``ဟုတ်ကဲ့ပါရှင့်...``
``ခစ်ခစ်ခစ်...``
📝 📝
ဝုန်း...
ဒိုင်း....
ထနှောင်း၏ နားနေဆောင်ထဲ ဝင်သွားငည်နှင့် အရာအားလုံးကို ဖျက်စီးနေပြီး ဝုန်းဒိုင်းကျဲနေသည့်
ထနှောင်းကို ထပ်မလုပ်စေရန် ဝင် ဆွဲလိုက်ရသည်။
``ဟာ!...သခင်ကြီး...သခင်ကြီး... စိတ်လျော့ပါဦးဗျာ...ဘာဖြစ်ရတာလဲ..``
``တောက်စ်....အဲ့ဒါ ဟိုမိန်းမကြောင့်
ဟိုမိန်းမကြောင့်
မမငါ့ကို မုန်းသွာတာ...အာ...``
ဒုန်း...
ဂလွမ်...
``သခင်ကြီး!....``
ထနှောင်းသည် ပါးပြင်ပေါ်မှ မျက်ရည်များ တတွင်တွင် စီးကျလာကာ နှလုံးသား၏ ခံနိုင်ရည်မရှိသော နာကျင်မှုကို မခံနိုင်၍ စာအုပ်များထည့်ထားသော မှန်ဗီဒိုကြီးကို လက်သီးဖြင့် ထိုးချလိုက်လေသည်။
သူ၏လက်တွင် ထွက်လာသောသွေးများကို ကြည့်ကာ စာရေးစာပွဲဆီသို့သွား၍ စာရွက်ပေါ်တွင် ထွက်နေသောသွေးများကို စုတ်တံဖြင့် ယူပြီး ခံစားချက်များကို ချရေးပါတော့သည်။
ထနှောင်းရေးသည့် ခံစားချက်များမှာ ဤသို့ဖြစ်သည်။
{အချစ်ပင်ဆိုသည်မှာ
အချစ်တွေကို မြေဩဇာလုပ်၍ မျှော်လင့်ချက်နှင့် ရေလောင်းပေးရပါသည်။
သူ့စကားတွေသည် နေရောင်ခြည်ဖြစ်စေပြီး ၊ သူ့အပြုံးကြောင့် အချစ်ပင်ဟာ
ကြီးထွားလာခဲ့သည်။
သို့ပေမဲ့ အမုန်းမုန်တိုင်းနှင့် ကြမ္မာလေထန်လာခဲ့သော်...
ထိုအချစ်ပင်သည်
အချိန်ကြာကြာပျိုးထောင်
ရှင်သန်လာသမျှ ခဏလေးအတွင်း ညိုးနွမ်းခြောက်သွေ့ကုန်၏။ }
ထိုစာရွက်ကို လေသလပ်ခံ၍ ခြောက်သွားလျှင် ဘောင်သွင်းကာ မဟူရာစံအိမ်၏ ဧည့်ခန်းအတွင်းမှာ ထီးထီးကြီး ချိတ်ထားလေသည်။
( မမ.. ဒီစာက ကျွန်တော့်သစ္စာ ၊ ကျွန်တော့်မျက်ရည် ၊ ကျွန်တော့်သွေးနဲ့ မမချစ်တဲ့ ကျွန်တော့်အချစ်တွေ ပေါင်းစပ်ထားတဲ့စာပဲ.. ဒီ့ထက်ပိုပြီး မမုန်းပါစေနဲ့လို့ ကျွန်တော်ဆုတောင်းပါတယ်..
မဟုတ်ရင် ကျွန်တော် ခံနိုင်ရည်မဲ့လာပြီး မမအတွက်စိုးရိမ်ရနိုင်တယ်...
ကျွန်တော် သိပ်ချစ်တယ်..
သိပ်ချစ်တယ်ကြွေနှိုင်းခရယ်..)
📝 📝
EDEN ကုမ္မဏီ၏ ဓာတ်ခွဲခန်းထဲသို့ ဒုဥက္ကဌသွေးမျက်ရှင်ဝင်လာခဲ့သည်။ သွေးမျက်ရှင်ကိုမြင်သော် ရေမွေးပညာရှင်တွေသည် လုပ်လက်စအလုပ်ကို ဘေးချကာ သွေးမျက်ရှင်ကို လေးစားစွာဖြင့် နူတ်ဆက်သည်။
``မဂ်လာပါ ဒုဥက္ကဌ ``
``အခြေအနေဘယ်လိုလဲ...``
``ကောင်းပါတယ် ၊
ဒါပေမဲ့ ဥက္ကဌရဲ့ ညွန်ကြားမှုက မလာသေးတော့ ဖော်မြူလာလုပ်ရာမှာ ကြန့်ကြာနေပါတယ်...``
သွေးမျက်ရှင်သည် ဓာတ်ခွဲခန်းထဲရှိ အရာမှန်သမျှကို လိုက်လံစစ်ဆေးပြီး တွေ့သမျှ အကုန် လိုက်ကိုင်ကြည့်နေသည်။
အမွှေးနံသာ ထုတ်လုပ်သည့်နေရာဖြစ်၍ အနည်းငယ်သာ မှားယွင်းခဲ့လျှင် သိန်းပေါင်းသန်းနဲ့ချီ ကုန်ကျခဲ့သည့် ဖော်မြူလာတစ်ခုလုံးသည် အစကနေ ပြန်လည် ထုတ်လုပ်ရမည်ဖြစ်သည်။
ရေမွှေးပညာရှင်တွေသည် ဘာအကာအကွယ်မှ မပါသည့်အပြင် စက်ပစ္စည်းတွေကို မထီမဲ့မြင် လျှောက်ကိုင်နေသည့် သွေးမျက်ရှင်အတွက် မျက်ခုံးလှုပ်နေကြပေသည်။ ထို့ကြောင့် ပညာရှင်တွေထဲမှာ အနည်းငယ် စကားသွက်သည့် တစ်ယောက်က ရှေ့ထွက် သွေးမျက်ရှင်ကို တားပါတော့သည်။
``ဒုဥက္ကဌ ...ကျွန်တ်ောတစ်ခုလောက် တောင်းဆိုချင်ပါတယ်..``
``....``
``ဖော်မြူလာတွေနဲ့ စက်ပစ္စည်းတွေကို မကိုင်ပါနဲ့လားခဗျ...၊ သူတို့တွေက အထိမခံနိုင်တဲ့ ပစ္စည်းတွေ့မလို့ပါ...``
သွေးမျက်ရှင်သည် ထိုလူဘက်သို့လှည့်ကာ ကြည့်လျက် လျှောက်လာသည်။ ထိုလူ၏အကျီကို သေချာဝတ်ဆင်ပေးပြီးနက်(ခ်)တိုင်ကို လည်ပင်းအစ်အောင် ဆွဲတင်လိုက်သည်။
`` နင်တို့က မေ့နေတာပဲ...
ဒီကုမ္မဏီမှာ ထနှောင်းခမရှိရင် ငါကခေါင်းဆောင်ပဲ....မေ့သွားတာလား...
ဒီဘာမဟုတ်တဲ့ဖော်မြူလာရော ၊ဒီစက်ပစ္စည်းအစုတ်ရော ဒီကုမ္မဏီအပြင် နင် တို့ ကို လဲ ငါပိုင်တယ်...!!``
``အဟွတ်..ဟွတ်..ဟွတ်..``
သွေးမျက်ရှင်သည် စကားပြောပြီး ဖော်မြူလာထုတ်လုပ်သည့်နေရာဆီသို့ ပြန်လည်ထွက်သွားလေသည်။ ထိုလူသည် သွေးမျက်ရှင်ကြောင့် လည်ပင်းအစ်နေသည့် နက်(ခ်)တိုင်ကို ပြန်ဖြုတ်ကာ အသက်ကို မနည်းရှုနေရသည်။
သူမသည် ဖော်မြူလာထုတ်လုပ်သည့်နေရာရောက်လျှင် ဘေးဘီဝဲယာဆီသို့ မသိမသာ အနည်းငယ်ကြည့်လျက် သူမအကျီအိတ်ထဲမှ ပါလာသော လက်သန်းလောက်ရှိသည့် ပုလင်းကိုထုတ်ကာ အဖုံးကိုဖွင့်သည် ။ ထိုအဖုံးသည် လက်ချော်ပြီး အောက်သို့ပြုတ်ကျသွားသည်။ ရေမွှေးပညာရှင်တွေကိုကြည့်တော့ သူတို့အလုပ် သူတို့လုပ်နေ၍ ရှုပ်ယှက်ခက်နေကြသည်။ သူမသည် အဖုံးကိုမကောက်တော့ဘဲ ပုလင်းထဲမှ အရည်တွေကို အငွေ့တလောင်းလောင်းထနေသည့် ဖော်မြူလာများစပ်ထားသည့် ဖန်ပုလင်းအကြီးစားထဲသို့ ထည့်လိုက်၏။ ပြီးမှ ဟိုကြည့်ဒီကြည့်ကြည့်ကာ ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့သည်။ သူမလုပ်ဆောင်သွားသည့် အဖြစ်အပျက်ကို မည်သူမှ မမြင်လိုက်ချေ...။
သွေးမျက်ရှင်သည် အမြန်ဆုံးခြေလှမ်းနှင့် Toiletထဲသို့ ဝင်လာခဲ့သည်ပြီး toiletထဲရောက်သည်နှင့် ဖုန်းကိုဖွင့်ကာ တစ်စုံတစ်ယောက်ဆီ ဆက်သည်။
``Hello...``
``.....``
``ကျွန်မ ရှင်ပြောတဲ့အတိုင်းလုပ်ပြီးပြီ...``
``......``
``အေး..!
ရှင်ပြောသလို ကျွန်မ ဥက္ကဌရာထူးမရလို့ကတော့ ရှင့်ရဲ့ကောက်ကျစ်တဲ့ အကြံကို တစ်ကမ္ဘာလုံးသိအောင် ဖွင်ပြောပစ်မှာ``
``.....``
``အဟက်...မလိုပါဘူး....
ရှင့်ကတိတည်ရင် ရပြီ..``
သွေးမျက်ရှင်သည် ဖုန်းချပြီးသည်နှင့် အကြံအစည်အောင်နိုင်သူ တစ်ယောက်လို ပြုံးပျော်ကာ ထိုနေရာမှ ထွက်သွားပါတော့သည်။
📝 📝
အပိုင်း ( ၁၂ ) မျှော်...
ထနှောင်း နဲ့ ကြွေတို့ရဲ့ အချစ်ခရီးလမ်းက ဖြောင့်ဖြူးပါ့ဦးမလား
ဒါဒါလေးတွေတော့ မသိဘူး
မေတော့ရေးရင်းရေးရင်း နောက်ဘာဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားလာပြီ😁
နောက်လာမယ့်အပိုင်းဆက်တွေကို စောင့်မျှော်အားပေးကြပါဦးရှင့်
မေ့ဝတ္တုလေးကို အားပေးကြတဲ့
စာဖတ်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်🙏