book

Index 1

အပိုင်း ( 1 )

💞ကျွန်တော့ နှလုံးသား 

          မမထံဝပ်ဆင်း၍💞


•~~•~~•~~•


ဒိုင်း ဒိုင်း ဒိုင်း.....💥


``ဟေ့ကောင်တွေ ပစ်ကွ...

မင်းပထွေးတွေကို ညှာမနေနဲ့ ၊ 

ဒီပွဲက သူမသေရင် ကိုယ်သေပဲကွ...ချစမ်းကွာ....``


တက်........


ဟေး........


Demon Kingဦးဆောင်သောဓားပြအဖွဲ့သည် ဆင်သချိုင်းထဲတွင် Blood loyalty ဓားပြအဖွဲ့နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေကြသည် ။ သူတို့၂ဖွဲ့သည် ရှေးဘိုးဘွားဘီဘင်  ဓားပြလက်ထက်ကတည်းက မကျေနပ်ချက်များစွာဖြင့် အညိုးတငွေ့ငွေ့လောင်ကျွမ်းနေသော ဓားပြတွေဖြစ်သည် ။ 


ဒီနေ့တော့ သိက္ခာတိုက်ပွဲဖြစ်သည့်အလျောက် သူတို့၂ဖွဲ့၏ ခေါင်းဆောင်၂‌ဦးထဲမှ တစ်ဦးကျရှုံးမှသာ ထိုစစ်ပွဲကိုရပ်ရမည်ဟူသော စည်းကမ်းကိုချထားသည့်အတွက်ကြောင့် တိုက်ပွဲက ဆူညံပွတ်လောရိုက်ကာ သွေးစိမ်းရှင်ရှင်တွေဖြင့် မြင်မကောင်းအောင် လူတွေ သေနေကြသည်...။ သို့ပေမဲ့ လက်မလျော့ကြသေးပေ.....။


``ဟျောင့်  ထနှောင်းခ !

မင်းလက်နက်ချရင်ချ 

အေး...မဟုတ်ရင်တော့ ငါ့အဆိုးမဆိုနဲ့တော့...``


``ဟား..ဟား...

ဒီမှာ ‌‌ခွန်းသာ မင်းကြောင့်ဘယ်တော့မှ ထနှောင်းခ ရာဇဝင်မရိုင်းစေရဘူး ..

အိမ်ပြန်ခရီးမှာ မင်းလည်ပင်းကသွေးကို ငါ့ခြေဆေးပြီး မင်းရဲ့အသားကို ထျန်း နဲ့လော့ကိုကျွေးပစ်မယ်ကွ..ဟားဟားဟား...``

(ထျန်းနဲ့လော့သည် ထနှောင်းခ

၏အချစ်တော်အမဲလိုက်ခွေးဖြစ်သည်)


ဒိုင်း

ဒိုင်း...💥


Blood loyalty ဓားပြဗိုလ် ခွန်းသာသည် Demon King ဓားပြဗိုလ် ထနှောင်းခကို ခြိမ်းခြောက်ကာ သေနတ်ချခိုင်းသည်..။ 

သို့ပေမဲ့ ထနှောင်းခသည် ဓားပြဗိုလ်တွေထဲမှာ အရက်စက်ဆုံးနှင့် ကြောက်သွေးမျှင်မျှင်မှ မပါသော လူဟု ကျော်ကြားရသည့်ဂုဏ်ပုဒ်နှင့်အညီ

 "အသံကြောင့်ဖားသေ "

ဆိုရိုးစကားအတိုင်း ခွန်းသာကို စကားအရာနှင့်ကိုင်ချုပ်ကာ အရင်သတ်သည်။ စိတ်ကို ပိုင်အောင်ချုပ်ပြီးမှ လက်ရုံးရည် ယှဉ်သော အကျင့်သည် ထနှောင်းခ၏ ကိုယ်ပိုင်ပုံစံဖြစ်သည်။


သူတို့တပည့်များသည်လည်း အနောက်မှာ အချင်းချင်းသတ်ဖြတ်နေကြပြီ...

ထနှောင်း နှင့် ခွန်းတို့ခေါင်းဆောင်နှစ်ဦးသည် တောင်တန်းများကြားသေနတ်သံတွေဖြင့် ပဲ့တင်သံထပ်ကာ သွေးထွက်မှ အောင်မြင်မည်ဟူသောစည်းကမ်းရှိသောကြောင့် ချက်ကောင်းကိုသာ ပစ်၍ သတ်နေကြသည်။ 

သို့ပေမဲ့ ဘယ်သူမှမထိကြ။ နှစ်ဖက်စလုံးက စစ်ဘက်ရေးရာတွင် ရှုံးနိမ့်ခြင်းမရှိ ၊ မည်သူလာလာ ကိုယ်ကချည်းအနိုင်ရထားသူချင်းမို့ ဒီချိန်မှာသိက္ခာတွေ ရေစုန် 

မမျှောအောင်ထိန်းရင်း တိုက်ခိုက်နေကြသည်....။

ထိုသို့ တိုက်ခိုက်နေကြရင်း ထနှောင်းခဘက်မှ ကျည်ကုန်သွားလေတော့ ကျည်မရှိတော့သည့်သေနတ်ကိုပစ်ချကာ စလွယ်သိုင်းထားသည့် ဌက်ကြီးတောင်ဓားကို ဓားအိမ်မှ ဆွဲချွတ်၍ ခွန်းသာကိုတိုက်ခိုက်ပါတော့သည်...


လျင်မြန်သောခြေလှမ်း ၊ မမှန်းနိုင်အောင် လှုပ်ရှားနေသော ဓားချက်တွေနှင့် ကရာတေးသိုင်းတက်သူပီပီ  တစ်ဖက်က ရန်သူကို သတိမလွတ်စေဘဲ တန်ပြန်တိုက်ခိုက်သည်....

ထနှောင်းခ၏ ဓားချက်များကြား ခွန်းသာ၏ကျောပြင်မှာ သွေးအလိမ်းလိမ်းထွက်ခဲ့ပြီ..


ခွန်းသာသည် ရှောင်ရင်းတိမ်းရင်း ခုတ်လာမည့်ဓားချက်အရေအတွက်ကို မှတ်ကာ ထနှောင်းခ သတိလွတ်ခနဲဖြစ်သွားစဉ် ထနှောင်းခ၏ ညာဘက်‌ရင်အုံနှင့် ဘယ်ဘက်ပေါင်ကို သေနတ်ဖြင့်၂ချက်ပစ်လိုက်သည်....


သတိတစ်ချက်လွတ်သွားသည်နှင့် ရန်သူ၏အသာစီးရသွားသော

ထနှောင်းခ၏ ဒေါသသည် ငယ်ထိပ်ရောက်ကာ သူ၏ဘယ်လက်ဖြင့် ခွန်းသာ၏မျက်နှာကိုထိုးလိုက်ပြီး ညာလက်က ဓားဖြင့် ခွန်းသာ၏ နှလုံးတည့်တည့်သို့ထိုးသွင်းလိုက်သည်....

ထနှောင်းခလက်ချက်ဖြင့် ထိုနေရာမှာတင် ခွန်သာလိပ်ပြာ ကမ္ဘာသို့ခြားသွားခဲ့ပြီ....


ထနှောင်းခသည် ရန်သူ့ကိုအနိုင်ရကာ တစ်ကိုယ်လုံးသွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာကိုမမှု့ လေးကိုင်းသဏ္ဍာန်နူတ်ခမ်းပါးလေးမှ အပြုံးပန်းကိုပွင့်လန်းစွာပြုံးပြီး တိမ်မရှိဘဲ ပြာနှမ်းနေသော ကောင်းကင်ကိုကြည့်ကာ ပျော်ရွင်နေသည်..

သို့ပေမဲ့ သူရောက်နေသည့်နေရာက တောင်ကမ်းပါးအစပ်ဖြစ်နေလေသည်..


``အောင်ပြီ...အောင်ပြီကွ....``


ဟား..ဟား..

ဟာ...


အားးးးးးးးးးးးးးး!


ထနှောင်းခသည် လက်ကိုမြောက်ကာ  ကြွေး‌ကြော်ခိုက်မှာပင် ခြေချော်ကာ ခန္ဓာကိုယ်ကိုမထိန်းနိုင်ဘဲ တောင်အောက်ကိုပြုတ်ကျသွားပါတော့သည်...


သခင်ကြီးထနှောင်းခ.....!!!!!!


🌄💮🌄


ကလင်....ကလင်...ကလင်....


``ဗျို...အိမ်ရှင်တို့ စာလာတယ်..

စာလာတယ်ဗျို့.....``


``လာပြီရှင့်..လာပြီ..``


`တိမ်ဖြူလွှာ` စံအိမ်ကို စာပို့သမားရောက်လာ၍ ထိုစံအိမ်ထဲမှ  ကြွေနှိုင်းခဆိုသည့် မိန်းကလေးသည် အိမ်ပေါ်ထပ်မှ အပြေးလေးဆင်းလာပြီး စာပို့သမားဆီကစာကိုလာယူသည်။  

သူမကိုတစ်အိမ်လုံးက ``ကြွေ`` ဟုခေါ်ကြသည်။ စာပို့သမားလေးသည် ကြွေ့ကိုမြင်လိုက်သည်နှင့် သူမဆီကနေ အကြည့်တို့မခွာနိုင်တော့ပေ..သူမကသာမာန်မိန်းကလေးတွေထက် အလှပိုနေသည်ကိုး... Universityမှာလဲ queen ၊ တစ်မြို့နယ်လုံးမှာလဲ ပရဟိအလုပ်ဖြင့် ကျက်သရေ ဂုဏ်‌ဆောင်ထွန်းပြောင်လင်းနေသူမို့ သူမအလှကို ဘယ်သူမှ မမှီနိုင်ပေ...


``အကို..အကို...ဒီမှာရှင့်!...

စာပေးပါဦး....``


``ဟမ်..ဟင်..

အော်...အေးညီမ ဒီမှာလက်မှတ်ထိုးပေးပါဦးနော်..``


``ဟုတ်ကဲ့..``


ကြွေသည် စာပို့သမားဆီက စာရသည်နှင့် အိမ်ပေါ်သို့တက်သွားသည် ။ စာပို့သမားလေးကတော့ သူမကိုကြည့်လို့ရနိုင်သလောက် မျက်စိတဆုံးထိ ရင်သက်ရူမောကြည့်ပြီး မြင်ကွင်းထဲက ပျောက်ကွယ်သွားမှ ထွက်ခွာသွားတော့သည်။


ကြွေ့အလှသည် ရှားပါပေသည် ။ကြွေဆိုသည့်အတိုင်း မြင်သူတကာ ငေးမောရလောက်အောင် အသားအရည်ကလဲ ဖြူဖွေးနူးညံ့နေပြီး သူမဆံနွယ်ဟာ တင်ပါးကျော်သည် ။ မျက်နှာလေးကလဲ ဘာမှလိမ်းစရာမလိုအောင် ရှမ်းမလေးလို ပအို့နှစ်ဖက်က အမြဲ ရဲတွတ်နေတက်သည် ။ မျက်တောင်လေးကလဲ ကော့ဆင်းနေပြီး ပန်းနုရောင်နူတ်ခမ်းသားလေးက ဆေးမဆိုးပဲနဲ့ဖူးငုံကာ လှသွေး‌ကြွယ်နေသည်။

 ခါးသေးရင်ချီ‌ လှရက်လွန်းသည့် ခန္ဓာကိုယ်ပေါ်တွင် မြန်မာဆန်ဆန် ခါးတိုရင်ဖုံးလေးနှင့် ချည်ပွင့်ရိုတ် ထမီလေးကိုဝတ်ဆင်ထားသောကြောင့် ‌ဖုံးဖိမရသည့် ကောက်ကြောင်းအလှကို မည်သူကများ မျက်ကွယ်ပြုသွားချင်မည်နည်း....


``မေမေရေ....ဖေဖေရေ.... Transfer ကျလာပြီ...

မေမေရေ....ဖေဖေ...ညီမလေး..လာကြည့်ပါဦး...``


ကြွေသည် ဧည့်ခန်းထဲမှနေ၍ သူမ၏မိဘနှစ်ပါးနှင့် တစ်ဦးတည်းရှိသောညီမလေးကိုလှမ်းခေါ်သည်။ ကြွေနှိုင်းခသည်  ကျောင်းဆရာမမို့ ယခုနှစ်ကျောင်းပြောင်းကာ နယ်ဆင်းရမည်ဟုသာသိထားသည်။ ဘယ်မြို့ဘယ်ရွာလဲဆိုတာ မသိရသေးချေ... 


``သမီးလေး... 

Transferကျလာပြီလား မြန်လိုက်တာကွယ် မေမေတို့နဲ့ခွဲရဦးမှာပေါ့နော်...``


``မေမေရယ် အဲ့လိုမပြောပါနဲ့ သမီးက ကျောင်းဆရာမလေ ကလေးတွေရဲ့အနာဂတ်လှပဖို့က သမီးလက်ထဲမှာသာ ရှိတယ်လေမေမေရယ်...

သမီးကြောင့် ကလေးတွေစာတက်လာမယ် ၊ ပညာတက်လာမယ် မြန်မာပြည်ကြီးလဲတိုးတက်လာမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ....ဟုတ်တယ်မလား..``


``အို..သမီးရယ် 

နှမ်းတစ်စေ့ကြောင့် ဆီမဖြစ်ပါဘူးကွယ်....``


``မေမေကလဲ နှမ်းတစ်စေ့ကြောင့်ဆီမဖြစ်ပေမဲ့ သမီးတို့လိုနှမ်း‌စေ့လေး‌တွေများလာရင် ဆီပင်လယ်ကြီးဖြစ်သွားမှာ..``


``ဟားဟား....ဒီသားအမိတွေတက်လဲတက်နိုင်ကြတယ် 

အမေကလဲ သမီးကိုအလျော့မပေး သမီးကလဲအမေ့ကိုမငဲ့ညှာ 

ကြည့်ကောင်းပါတယ်ကွာ..

ဟားဟား....``


``ယေကျာ်းနော်...``

``ဖေဖေနော်..``


``ဟုတ်ပါပြီဟုတ်ပါပြီ 

ဖေဖေပဲမှားတာပါ..

ကဲ...ကြည့်ပါဦး ဒီနှစ်ဘယ်မှာတာဝန်ကျတာလဲ``


ကြွေအဖေသည် သူ၏မိန်းမနှင့်သမီးစကားရည်လုပွဲကစားနေသည်ကိုဘေးနားကကြည့်ရင်း လှောင်ရယ်ရယ်နေသည် ။


ကြွေသည် တာဝန်ကျမည့်နေရာရေးထားသည့် စာရွက်ကို ကြည့်ရင်း စိတ်ထဲမှာ ထိတ်ခနဲကြောက်သွားသည် ။ မျက်နှာသိပ်မကောင်းတော့ချေ...

ကြွေ့မိဘတွေသည် ကြွေ့ရဲ့ မျက်နှာအမှုအရာကို ကြည့်လိုက်ပြီး ကြွေ့ဆီက စာရွက်ကိုယူလိုက်ကာ ဖတ်ကြည့်လိုက်သည်။


``ဟာ..ဒါ..ဒါ..

နာမည်ကြီးနေတဲ့ဓားပြရွာမလား..

ဟုတ်တယ်မလားယေကျာ်း...

ကြည့်ပါဦးရှင်...``


ကြွေ့အမေပေးတဲ့စာရွက်ကို 

ကြွေ့အဖေက မျက်မှန်တပ်ကာသေချာကြည့်လိုက်သည် ။ 

ဟုတ်ပါသည် ။

ဒီနေရာက နာမည်ကြီးနေတဲ့ ကုက္ကိုလ်ကိုင်းရွာပင်...

ဘယ်ကျောင်းဆရာ/ဆရာမပဲသွားသွား အသက်နဲ့ခန္ဓာပြန်ပါလာခဲ့ရင် အတော်ကံကြီးပေလို့ဟု ပြောရလောက်အောင် ကြောက်စရာကောင်းသည့် ဓားပြရွာဖြစ်သည်....


``ဟင့်အင်း..သမီး မသွားရဘူး...အဲ့နေရာမှာကလေးတွေလဲရှိမှာမဟုတ်ဘူး 

ရှိရင်လဲစာသင့်မယ့် ကလေးတွေမဟုတ်ဘူး...သမီးလဲသိပါတယ် အဲ့နေရာက ဘယ်လောက်ကြမ်းတယ် ၊ ဓားပြတွေက ဘယ်လောက် ဆိုးတယ်ဆိုတဲ့အကြောင်းကို...

မသွားပါနဲ့ကွယ်..မေမေသမီးအတွက်စိုးရိမ်လို့ပါ...``


ကြွေသည် သူမအမေကို သေချာကြည့်လိုက်ပြီး သူမအမေလက်ကို ကြင်နာစွာဆုပ်ကိုင်ကာ ပြုံး၍နေ၏...


ကြွေပြုံးနေပြီဆို သူမ၏မိဘတွေက သိလိုက်ပြီ..။သူမကိုဘယ်လောက်ပဲတားတား ရောက်အောင်သွားမည်ဆိုတာ မေးစရာမလိုတော့ချေ... ။

ခေါင်းမာလွန်းသည်က သူမအမေနဲ့တူသည်...။ထို့ကြောင့် ကြွေ့အမေက ခြေဖဝါးကိုဆောင့်ကာ အောင့်ကာနင်းပြီး အပေါ်ထပ်ရှိ အိပ်ခန်းထဲသို့တက်သွားပါတော့သည်။ ကြွေ့အဖေသည် ကြွေကိုကြည့်ကာ


``သမီး..တကယ်သွားချင်လို့လား``


``ဟုတ်ဖေဖေ...

အဲ့ဒီ့က ကလေးတွေကသနားပါတယ်...သမီးကြောင့် ကလေးတွေ စာတက်ပေတက်ကြီးတွေ ဖြစ်ပြီးနိုင်ငံလဲတိုးတက်သွားရင် ဓားပြဆိုတဲ့လူတွေလဲပျောက်သွားမှာလို့ သမီးထင်မိတယ်ဖေဖေ``


``အင်း...ဖေဖေနားလည်ပါတယ် ဒါပေမဲ့ သမီးမေမေကို ဘယ်လိုလုပ်မလဲ..``


ဖေဖေပြောတာလဲမှန်သည် ။ ဒီကိစ္စအတွက် ကြွေနှိုင်းခတစ်ယောက် ခေါင်းစားရပေတော့မည် အမေနှင့်ကလေးတွေကြား

ဘယ်သူကိုရွေးရမလဲစဉ်းစားနေတာနဲ့တင် တစ်ရက်ကျော်သွားခဲ့လေပြီ...

သူမအိပ်ခန်းထဲမှ မွေ့ယာပေါ်တွင် လူးလိမ့်ကာ ဘယ်အရာကိုရွေးရမှန်းမသိတော့ ...

သူမ၏စီနီယာကျသော ကျောင်းဆရာတစ်ယောက်ကို video call ခေါ်ပြီးမေးကြည့်ရန် အတွက် အိပ်ရာပေါ်ကထကာ စာရေးစားပွဲပေါ်တွင်တင်ထားသည့် ကွန်ပြူတာကိုဖွင့်ပြီး ဖုန်းခေါ်လိုက်သည် ...


``Hello...``


``Helloအကို ညီမကြွေပါ ၊

 ကြွေမေးစရာလေးရှိလို့အကို့ကိုလှမ်းခေါ်လိုက်တာပါ..

အားရဲ့လားရှင့်..``


``အားပါတယ်ညီမရေ... 

အကိုပန်းချီဘာသာရပ်ကို

စာတန်းပြုစုနေတာ ကိစ္စမရှိဘူး ညီမ ဘာမေးမလို့လဲ``


``ဟုတ်ကဲ့ ညီမ မနေ့က Transferကျတယ်``


``ဟုတ်လား ဒါဆို ရာထူး‌တိုးတော့မှာပေါ့ငါ့ညီမက ``


``ခစ်ခစ် အဲ့လိုလဲမဟုတ်ပါဘူး သွားရမယ့်နေရာက အရမ်းဝေးပြီးအန္တာရယ်များလို့ မေမေတို့က

မလွတ်ချင်ဘူးဖြစ်နေတယ်လေ..``


``ဟုတ်လား ဘယ်နေရာမို့လို့လဲ``


``ချင်းပြည်နယ်ရဲ့အစွန်ဆုံး‌နေရာဘက်က ကုက္ကိုကိုင်းရွာကိုပါ..

အဲ့ရွာပတ်ဝန်းကျင်က ဓားပြတွေ ကျက်စားရာနေရာဖြစ်တယ်လို့ ကြားဖူးတော့ မေမေတို့ကမလွတ်ချင်ဘူးလေ..

အဲ့ဒါညီမပယ်ချလိုက်ရင် ကလေးတွေအတွက်အဆင်ပြေမလား 

အဲ့မှာ လူစားဝင်ဖို့ဆရာမတွေရှိသေးလားသိချင်လို့ပါ...``


``အော် ကုက္ကိုကိုင်းပဲ....

အင်း..မိဘတွေမလွတ်စေချင်ဘူးဆိုတာကတော့ သဘာဝကျပါတယ် ..

အဲ့ရွာက အေးချမ်းပေမဲ့ ဓားပြတွေကြောင့် စိတ်ညိုးနွမ်းရတယ် 

ဟုတ်ပါတယ်လေ..

ဒါပေမဲ့ ညီမ အကို့သဘောကတော့ကလေးတွေ မျက်နှာကိုထောက်ပြီး သွားစေချင်တယ်..ကလေးတွေက ပညာမသင်ရရှာတော့ ပင်ပန်းပြီး ရွာကလဲဆင်းရဲမွဲတေနေပြီ 

ညီမလိုဆရာကောင်းကလဲရှားတယ်...ဒါပေမဲ့ညီမသဘောပါလေ.. အကိုတို့ဘက်မှာကတော့ ဘယ်သူမှမသွားချင်ကြဘူး..``


ကြွေသိလိုက်ပါပြီ ထိုနေရာကို သွားမှဖြစ်လိမ့်မယ်ဆိုတာ ရိပ်မိလိုက်ပြီ....


``အော်..ဟုတ်ကဲ့....ကျေးဇူးပါအကို.. ညီမကြောင့်အနှောင့်အယှက်ဖြစ်သွားပြီ..ခုလိုဖြေပေးလို့ကျေးဇူးပါနော်....``


``ရပါတယ်ညီမ``


``ဟုတ်ကဲ့ဒါဆို 

နိုင်ငံ့တာဝန်ကျေလိုက်ပါဦး 

ညီမဖုန်းချလိုက်တော့မယ်နော်....``


``ဟုတ်ကဲ့ပါ....``


ဖုန်းချပြီးနောက် ကြွေသည် ခရီးဆောင်အိတ်ထဲကို ဗီဒိုထဲက မြန်မာဆန်ဆန်ထမီနှင့်အကျီတွေကိုသာရွေးချယ် ထည့်ပြီး ထုတ်ထားလိုက်သည် ။

တခြားတိုလီမုတ်စတွေပါလိုအပ်မယ့်ပစ္စည်း ပစ္စယတွေကို ထည့်လိုက်သည်..။

ထို့နောက် ရေမိုးချိုး ၊ ဈေးသွားကာ သူမအမေနှင့်အဖေအကြိုက် ဝက်နံရိုးပေါင်း ၊ မုန်ညင်းရွက်ပြုတ်ကြော် ၊ အစိမ်းကြော်နှင့် ကြံမဆိုင်ဟင်းတို့ကို ချက်ပြုတ်နေပါတော့သည်...


ကြွေနှိုင်းခ၏မိဘများက သူတို့အခန်းထဲမှနေ၍ ဟင်းအနံ့တွေမွေးကြိုင်လာနေသည်ကိုသိသောအခါ ကြွေ့အမေ ငိုပါတော့သည်..


ကြွေဟင်းချက်ပြီဆိုလျှင် 

သူမမိဘတွေအတွက် 

နူတ်ဆက်ခွဲခွာသည့်‌နေ့၊ အထိမ်းအမှတ်နေ့ ၊ မိသားစု‌မွေးနေ့နှင့် ရက်ကြီးခါကြီးမှသာချက်ပြုတ်လေ့ရှိသည်..


မွေးနေ့လဲမရှိ ရက်ကြီးခါကြီးလဲ မရောက်သေးတဲ့အတွက် သူမချက်ပြုတ်နေသည်ကား နူတ်ဆက်ခြင်းအထိမ်းအမှတ်အတွက်သာဖြစ်ကြောင်း ကြွေ့မိဘတွေသိ၍ ငိုနေကြရပြီ...ဘယ်သူတားတား တားလို့ရမည်မဟုတ်ကြောင်းကိုလဲ သိသည်...။ထို့ကြောင့် လက်လျော့ကာ ကြွေ့အမေသည် အိပ်‌ယာပေါ်တွင် ဖက်ခေါင်းအုံးကိုဖက်ကာငိုလျက် 

ကြွေ့အဖေကတော့ ရေချိုးခန်းထဲသွား၍ ငိုနေလေသည်...။


မိဘများ၏ သောက ၊ သုခတို့သည် သူတို့၏ သားသမီးတို့ ပြုမှု ပြောဆိုသည်နှင့် သက်ဆိုင်ကြောင်း ကြွေနှိုင်းခ သိ‌ပါသော်လည်း အကြောင်းတရားတွေ တိုက်ဆိုင်လာသောအခါ မသက်သာတဲ့အဆုံး မျက်ကွယ်ပြုလိုက်ရပေသည်။


ညနေ ၇နာရီထိုးသော်....


‌``မေမေရေ....

ဖေဖေရေ...ထမင်းစားချိန်ရောက်ပြီ...ညီမလေးရေ...ခြွေနှိုင်းခ လာ ထမင်းစားရအောင်အခန်းထဲကထွက်ခဲ့တော့.``


ကြွေနှိုင်းခသည် သူမမိဘတွေကို ထမင်းစားဖို့ခေါ်ပြီးတာနဲ့ သူမညီမခြွေနှိုင်းခ အခန်းရှေ့သွားက တခါးခေါက်ပြီး ထမင်းစားဖို့လှမ်းခေါ်သည်...


ခဏအကြာ ကြွေ့မိဘတွေသည် အခန်းထဲမှထွက်လာခဲ့လေပြီ..အဝတ်အစားအသစ်မဟုတ်ပေမဲ့ မနွမ်းသည့် စပန့်သားတွေဖြင့် ထမင်းစားခန်းသို့ရောက်လာကာ ထိုင်ခုံတွင်ဝင်ထိုင်လိုက်ကြသည်...

ခြွေနှိုင်းခသည်လဲ ရောက်လာပြီး ထမင်းဝိုင်းထဲတွင် ထိုင်လိုက်ကြသည်...

ကြွေသည် မိဘများရောက်သည်နှင့် ထမင်းဟင်းများခူးခပ်ပြီး ကြံမဆိုင်ဟင်းရည်ပန်းကန်ကို အလယ်ထိုင်ပန်းကန်တွင်ထည့်ကာ ထမင်းဝိုင်းအလယ်တွင်ချလိုက်သည်....။


``မေမေနဲ့ဖေဖေတို့အတွက် သမီးဟင်းတွေချက်ထားတယ်..

မေမေတို့အကြိုက် ဝက်နံရိုးပေါင်းလေး.. ဦးပေါင်းထည့်ပါတယ်နော်မေမေတို့ ...``


ကြွေသည် မိဘများထမင်းပန်းကန်ထဲသို့ ဟင်းများဦးချကာထည့်ပေးလိုက်သည်...။ပြီးတော့မှ ညီအမနှစ်ယောက် ထည့်စားလေသည်...။ ယနေ့ထမင်းဝိုင်းသည် ယခင်နေ့များနှင့်မတူ တိတ်ဆိတ်ငြိမ်သက်လျက် ...။

ထိုအရာကို ကြွေ နှင့် ခြွေ ညီအမနှစ်ယောက်လုံးမကြိုက်ပေ..။

တိတ်ဆိတ်မှုကြီးကို ဖြိုခွင်းလိုက်သည်က ကြွေ...


``မေမေ...ဖေဖေ...

စားကောင်းလား သမီးချက်ထားတာ..သမီးက 5 starစာဖိုမှုးလက်ရာထက် ကျော်အောင်လုပ်နေတာ...ဒါပေမဲ့ မေမေ့လက်ရာကိုတော့ မမှီသေးပါဘူး ဟုတ်တယ်မလား ..``


``အင်း``²


မိဘနှစ်ပါးလုံးက ``အင်း`` တစ်လုံးကလွဲရင် ဘာမှမပြောကြ...


``မေမေ..သမီးကလေ....``


``ငါနားလည်ပါတယ်အေ...

သွားသွား...!

တားလဲသွားမှာပဲမလား ..

သွားပါအေ..သွားပါ .. 

ငါမတားတော့ပါဘူး..

ရှိတာမှ သမီးနှစ်ယောက်ထဲမို့လို့ 

သေသွားမှာစိုးလို့တားတာ...!

ညည်းက ကိုယ့်အသက်တောင် မနှမြောတာ ငါကဘာလို့ စိုးရိမ်ရမှာလဲ..

အဟင့်...သွား...!

ငါမတားဘူး..

ယေကျာ်း ရှင်လဲမတားနဲ့....

ငါထမင်းဝပြီ...မစားတော့ဘူး...

နင်တယ်အေ...နင်တယ်....``


ကြွေ့အမေသည် မျက်ရည်များကျကာ ထမင်းဝိုင်းထဲမှ ထသွားတော့သည် ကြွေ့အဖေကတော့ ကြွေ့ကိုကြည့်ကာ 


``သမီးသဘောပါပဲ...အန္တရယ်ကင်းကင်းပြန်လာရင်

ရပါပြီ...သမီးအမေက စိတ်ထဲမပါဘဲပြောသွားတာသိတယ်မလား..``


``ဟုတ်ကဲ့ ဖေဖေ သမီးသိပါတယ်...``


``အေးကွာ..ဖေဖေလဲ ထမင်းဝပြီ...သွားတော့မယ်..``


ကြွေ့ဖေဖေသည်လဲ မျက်နှာမကောင်းစွာဖြင့် ထမင်းဝိုင်းထဲမှ ထွက်သွားလေဆော့သည်....


ထမင်းစားခန်းထဲတွင် ကြွေတို့ညီအမနှစ်ယောက်သာ ကျန်နေခဲ့သည်....ခြွေသည် သူမ၏အမကိုသိပ်ချစ်သည်။ တားလဲမရသူမို့ စိတ်အနှောင့်အယှက်ဖြစ်စေမည့်စကားကိုရှောင်ကာ သူမ၏အမ စိတ်ချမ်းသာစေမည့်စကားကိုသာ ရွေးပြောပါသည်။


``မမ..သတိတော့ထားနော်...

အဆင်မပြေရင် ပြန်လာခဲ့ဟုတ်ပြီလား...ပင်ပန်းခဲ့ရင် ဖုန်းဆက်နော် ညီမလေး မမပင်ပန်းမှုတွေ ဖြေဖျောက်ပေးမယ်..

 မမအန္တရယ်ကင်းအောင် ခြွေ အိမ်ကနေဘုရားရှစ်ခိုးပြီးဆုတောင်းနေပါ့မယ်... ``


``ကျေးဇူးပါညီမလေး‌ရယ်...မမ မရှိတဲ့အချိန်တွေမှာ ဖေဖေနဲ့မေမေကို ဂရုစိုက်နော်..``


`` စိတ်ချပါမမ..``


☃️🌸☃️


``ညီနောင်တို့ ရှာကြစမ်း.....

ငါတို့သခင်ကြီးကို ရှာမတွေ့မချင်းအိမ်မပြန်ဘူး..

သခင်ကြီးကငါတို့ရဲ့ကျေးဇူးရှင်ပဲ...ဒီလိုအချိန်မှာ ငါတို့ရဲ့ကျေးဇူးကိုဆပ်ရမယ်..နားလည်လားညီနောင်တို့..``


``နားလည်ပါတယ် အကိုကြီး..``


ထနှောင်းခတောင်ပေါ်မှာခွန်းသာနှင့်တိုက်ခိုက်ရင်း တောင်ပေါ်မှ ပြုတ်ကျသွားသည့်အတွက် ထနှောင်းခ၏ ‌တပည်လဲတဖြစ် ညီအကိုလဲဖြစ်သည့် မိုးဇွန်က ဦးဆောင်၍ အသည်းအသန်ရှာနေကြသည်။ 

ခွန်းသာ၏အလောင်းကိုသာ တွေ့ပြီး ထနှောင်းခ၏  အလောင်းဖြစ်ဖြစ် အသက်ရှင်လျက်ဖြစ်ဖြစ် တွေ့လိုတွေငြားရှာပေမဲ့ ‌မတွေ့ကြချေ..။

 

မိုးဇွန်နှင့် တပည့်သားတွေသည် တခြားဘာသဲလွန်စမှမတွေ့သည်ကို ပို၍ စိတ်ပူသည်။  တောင်ပေါ် တောင်အောက် နေရာအနှံရှာဖွေနေကြသည်..


တောင်ပေါ်တောင်ကြား ၊ တစ်ရွာဝင်တစ်ရွာထွက် နေရာအနှံလိုက်ရှာသော်လဲ မတွေ့ခဲ့ပေ...။သို့ပေမဲ့ သူ့တို့ သခင်ကိုဇွဲမလျော့ဘဲ နေ့မအားညမနား လိုက်လံ ရှာဖွေနေခဲ့သည်...


💮🌸💮


ကြွေနှိုင်းခသည် နိုင်ငံ့ဝန်ထမ်းတစ်ယောက်၏တာဝန် ၊ ဆရာမတစ်ယောက်၏ တာဝန်ကျေပွန်ရန်အလို့ဌာ မိသားစုကို စွန့်ခွာရမည့်အချိန်ကို ရောက်လို့လာခဲ့ပေသည်...


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြွေနှိုင်းခအပြင် ခြွေနှိုင်းခနှင့် သူမတို့၏မိဘများက ကြွေနှိုင်းခကို လေယဉ်မထွက်ခင် ၁၅မိနစ်အလိုတွင် အလွမ်းမျက်ရည်မဆည်နိုင်အောင်သွန်းဖြိုးနေကြပြီး ၊ စိတ်မချခြင်းများစွာနှင့် ကြွေနှိုင်းခကိုကြည့်နေကြသည်...


``သမီးလေး..ဂရုစိုက်နော်... 

ဟိုမှာ ရန်ကုန်လို အစာရေစာပြည့်စုံပါ့မလား...ပတ်ဝန်းကျင်မကောင်းတဲ့လူတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲကွယ်...

ငါ့သမီးလေးကို ပိုးလိုနူးနူးညံ့ညံ့လေးမွေးလာခဲ့တာ သူများဆီမှာ အနိုင်ကျင့်ခံနေရတာတော့ မမြင်ချင်ဘူးကွယ်...``


ကြွေနှိုင်းခ၏ မိခင်သည် သူမလက်ကိုဖွဖွလေးကိုင်ကာ တတွတ်တွတ်ဖြင့်ပြောနေသည်..

ကြွေ့ဖခင်ကတော့ သူ၏မိန်းမပခုံးကိုဖက်ထားပြီး ငိုချင်သည့် မျက်ဝန်းကိုတင်းခံကာအံကြိတ်ပြီး ကြွေ့ကို ကြည့်နေသည်...

ခြွေကတော့ သူမ၏အမကြွေ့ခါးကိုဖက်ပြီး ငိုနေပါတော့သည်...


🗣️📢``ချင်းပြည်နယ်လို့သွားမည့် လေယာဉ်သည် စတင်ထွက်ခွာဖို့ အချိန် ၅မိနစ်သာ လိုပါတော့သည်ဖြစ်ပါ၍  ခရီးသည်များ လေယာဉ်ပေါ်သို့တက်ရောက်ပါရန် မေတ္တာရပ်ခံပါသည်ရှင့်....``


လေယာဉ်မယ်တစ်ယောက် သတိပေးသံကြောင့် ကြွေသည်လက်မှတ်ဖြတ်သည့်နေရာသို့ လှမ်းကြည့်လိုက်သည်...ထို့အတူ ကြွေ့မိဘတွေနှင့်ညီမကပါ လှမ်းကြည့်ကာ ကြွေ့ကို နောက်ဆုံးတစ်ခေါက်ပွေ့ဖက်လိုက်ကြပြီး ပါးပြင်လေးကိုအာဘွားပေးကာ ခြွေနှိုင်းခတို့နားကထွက်ခွာသွားသည့် ကြွေနှိုင်းခကို သူမ၏မိဘများကလေယာဉ်ပေါ်မတက်မချင်း

တာတာ့အကြာကြီးပြနေသည်...။


ကြွေနှိုင်းခသည်လဲ လေယာဉ်ပေါ်မတက်ခင် သူမမိသားစုဘက်သို့လှည့်ကာ ဝေ့ကာယမ်းကာ လက်လှမ်းပြရင်း ဖြူဖွေးနေသောပါးပြင်ထက်မှ ကျဆင်းနေသည့် မျက်ရည်များကို တစ်သျူးဖြင့်သုတ်ကာ လေယာဉ်ပေါ်သို့တက်သွားပါတော့သည်...။


ငယ်ငယ်လေးထဲက ခုချိန်ထိမိဘနှင့်တစ်ခါမှ မခွဲခွာဖူးခဲ့သော ကြွေနှိုင်းခသည် တစ်ယောက်ထဲ ကြိတ်ငိုရင်း ချင်းပြည်နယ်သို့သွားသည့် လမ်းတစ်လျှောက် စဉ်းစားနေမိသည်.. 


(" ငါရွေးချယ်ခဲ့တဲ့လမ်းကမှန်ရဲ့လား...မိဘတွေနဲ့ခွဲခွာရလောက်တဲ့အထိ ကြိုစားမယ့်ရလာဒ်ကရော အောင်မြင်ပါ့မလား....ငိုခဲ့ရတဲ့မျက်ရည်နဲ့တန်အောင် အိမ်ပြန်ချိန်‌ကျရင် ငါ့မိဘတွေဆီ အောင်မြင်မှုတွေတစ်ပွေ့တစ်ပိုက်ကြီး ယူဆောင်သွားရမယ်...ကြွေ...ဖိုက်တင်း..")


ကြွေတစ်ယောက် လေယာဉ်ကိုမိနစ်၂၀လောက်သာစီးလိုက်ရပြီး ချင်းပြည်နယ်လေဆိပ်သို့ရောက်လာခဲ့သည် ....ထို့နောက် လေယာဉ်ပေါ်မှဆင်းကာ အနီးနားရှိ တက္ကစီကိုစီးလျက် လိုရာခရီးသို့မောင်းနှင်လာခဲ့သည်...


" တူမကြီးက ချင်းပြည်နယ်ကို ခုမှရောက်ဖူးတာလား...လာလည်တာလား အမျိုးရှိလို့လားတူမကြီး.."


" မဟုတ်ပါဘူး ဘဘကြီး သမီးက ကျောင်းဆရာမပါ ဒီပြည်နယ်မှာတာဝန်ကျလို့ ကလေးတွေကိုစာလာသင်တာပါ .."


"အော်..ဆရာမလေးပေါ့....ကောင်းတယ်ကွယ်..

ကောင်းတယ်..ခုဘဘကြီးဘယ်ကိုပို့ပေးရမလဲသမီး.."


ကြွေသည် သူမဖုန်းထဲမှ messageပို့ထားတဲ့ လိပ်စာကိုတက္ကစီမောင်းသည့် ဘဘကြီးကို ဖတ်ပြလိုက်သည်...


"ကုက္ကိုကိုင်းရွာလို့ပြောပါတယ်ဘဘကြီး အဲ့ကိုပို့ပေးပါရှင့်..."


"ဘယ်လို ကုက္ကိုကိုင်းရွာ...

ဟာ..အန္တရယ်များလိုက်တာကွယ်...

ငါ့တူမကြီးတော့ကံဆိုးတာပဲ.. သတိထားပါသမီးရေ..

ဘဘကြီး သမီးအတွက်ဆုတောင်းပေးနေပါ့မယ်"


တက္ကစီမောင်းသည့် ဘဘကြီးသည် ကြွေပြောတဲ့လိပ်စာကို ကြားရပြီး မျက်နှာ‌ပျက်သွားကာ ဂရုဏာစိတ်ဖြင့် ဆုတောင်းပေးနေသည်ကို 

ကြွေ့စိတ်ထဲအလိုမကျပေ...


" ဘာလို့လဲ ဘဘကြီးရယ်...သမီးကို ဘာလို့ဆုတောင်းပေးရတလဲဟင်.."


"ဒီလိုပါကွယ်..အဲ့ရွာရဲ့ မနီးမဝေးတောထဲမှာ ဓားပြတွေနေကြတယ်ကွဲ့.. အဲ့ဓားပြရွာကို ဘယ်သူမှခြေရာခံလို့မရဘူး..

ဘယ်ရဲသားကမှလဲ အဲ့ဓားပြတွေကို မဖမ်းရဲကြဘူး.. လက်မြောက်ထားရတယ်တူမကြီးရဲ့ ကုက္ကိုကိုင်းရွာထဲကိုဝင်လာတဲ့ ဆရာဆရာမတွေလဲ များလှပြီ.. တစ်ယောက်မှ မမြဲဘူးကွဲ့..ဒါကြောင့်အဲ့ရွာက ကလေးတွေကလဲ စာမတက်တဲ့သူတွေများတယ်...ဓားပြတွေက သိပ်ဆိုးတာကိုး‌လေကွယ်... ရှိတာအကုန်ပေးရတယ် ၊ မပေးနိုင်ရင် လူသတ်တယ်..သိပ်ကြောက်စရာကောင်းပါတယ်ကွယ်..``


တက္ကစီမောင်းတဲ့ ဘဘကြီးစကားကြောင့် ကြွေအနည်းငယ်ကြောက်သွားသည်...လူသတ်သည်ဟု ကြားသိရ၍ ပိုကြောက်သွားခဲ့သည်... ဘဘကြီးသည် ကားမောင်းနေရင်းမှ ရှေ့ဆက်မသွားတော့ဘဲ ရပ်လိုက်၏..


``ဘဘကြီး ရောက်ပြီလားဟင်.``


`` ရောက်တော့မရောက်သေးဘူး တူမကြီးရယ်...ရွာအဝင်ဝမှာပဲ ဘဘကြီးချပေးခဲ့မယ်..ရွာထဲကိုဝင်လို့မရဘူး.. ဒီကနေ လမ်းအနည်းငယ်လျှောက်သွားလိုက် လမ်းကွေ့နားမှာ နွားလှည်းတစ်စီး တွေ့လိမ့်မယ် အဲ့လှည်းကိုစီးပြီး သမီးသွားချင်တဲ့နေရာကိုသွားနော်...``


``ဟုတ်ကဲ့ ရပါတယ်ဘဘကြီး ကားခဘယ်လောက်ကျလဲရှင့်...``


`` ၅၀၀၀ပါတူမကြီး...``


ကြွေသည် တက္ကစီမောင်းသည့် ဘဘကြီးကို ငွေချေပြီး မွဲတိမွဲခြောက်အပင်များကြားမှ ရွာလမ်းအတိုင်းလျှောက်လာလိုက်တာ လမ်းဆုံးတော့ လမ်းဆုံလမ်းခွ နှစ်ခုကိုတွေ့လိုက်ပါသည် ။ သို့ပေမဲ့ ထိုလမ်းဆုံနှစ်ခွမှာ နွားလှည်းမပြောနဲ့ မြင်းလှည်းတောင်မတွေ့ချေ...။ ဘယ်လမ်းကိုဝင်ရမလဲမသိတာကြောင့် ``ရူပ်ပါတယ်``ဟုတွေးပြီး ညာဘက်လမ်းကွေ့ထဲ အထုပ်အပိုးများကို ဆွဲကာဝင်သွားပါတော့သည်..


လမ်းတစ်လျှောက် သစ်ရွက်ခြောက်အကြွေနှင့် သဲတွေဖုန်တွေကလွဲရင် ဘာမှမတွေ့ချေ..။လမ်းကလဲ လျှောက်လေဝေးလေ ၊ ပြေးလေမောလေ ဖြစ်လာသောကြောင့် လွယ်အိတ်ထဲက ရေဘူးကိုမော့သောက်လိုက်သည့် ရေသောက်ပြီး ဘေးဘီဝဲယာကိုကြည့်လိုက်တော့  တောင်ကတုံးတွေကြားမှာ ခြောက်ကပ်နေသော သွေးများနှင့်လဲကျနေသည့်လူတစ်ဦးကိုတွေ့လိုက်သည်...။

ကြွေသည် အပြေးလေးထိုလူ၏အနားသို့သွားကာ အဝေးကနေ အသက်ရှိသေးလားဆိုပြီး အနားကတုတ်ချောင်းဖြင့် ထိုလူ၏ခန္ဓာကိုယ်ကို ထိုးကြည့်သည်...


``ဟေ့....ဟေ့လူ...

ဟေ့လူ...အသက်ရှိသေးလား...

အယ်..မေ့နေတဲ့လူကပြန်ထူးမှာတော့မဟုတ်ဘူး 

အနားသွားကြည့်ဦးမှ ..``


ကြွေသည် အထုတ်အပိုးတွေချပြီးရေဘူးကိုကိုင်ကာ မရဲတရဲ ထိုလူအနားသို့သွားကာ ထိုလူ၏လက်မောင်းကိုကိုင်လျက် လှုပ်နိုးကြည့်သည်... 

ငြီးသံသဲ့သဲ့လေးကြားလိုက်ရသည့်နောက် အသက်ရှိနေသေးသည် ကယ်ရမည် ဟူသည့်အသိစိတ်ဖြင့် ကိုင်လာသောရေဘူးကိုအဖုံးဖွင့်ကာ ကြွေ့လက်ခုပ်ထဲသို့ရေထည်လျက် ထိုလူ၏မျက်နှာကို ပတ်ဖြန်းစေသည် ။ အနည်းလှုပ်ရှားလာပေမဲ့ သတိပြန်မရသေးသည့် ထိုလူ့ခန္ဓာကိုယ်ကို ထားခဲ့ပြန်ရင်လဲမကောင်း..၊

ထို့အတွက်ကြောင့် အဝတ်အိတ်ကိုဇစ်ဖွင့်ကာ အိတ်ထဲမှ လူတစ်ရပ်စာရှိသော မာဖလာကိုထုတ်ပြီး ထိုလူ၏ ခန္ဓာကိုယ်အောက်ထဲထိုးသွင်းကာခင်းလိုက်သည်.. ။တဖန် အိတ်ထဲမှခါးပတ်ကိုယူကာ မာဖလာနှင့် ထိုလူကို တသားထဲကျစေရန် ခါးပတ်နှင့် ချည်လိုက်၏။


ခန္ဓာကိုယ်တစ်ပိုင်းက မာဖလာခြုံလွှာပေါ်ခင်းပြီးသည်နှင့် ကျန်သည့်မာဖလာတစ်ပိုင်အစကို နှစ်ခြမ်းဖြဲလိုက်ကာ ကြွေ့ခါးကိုချည်လိုက်သည် ။ အဆင်သင့်ဖြစ်သည်နှင့် အထုတ်အပိုးများကိုစလွယ်သိုင်းပြီး ထိုလူ့ကိုပါ တပါထဲရွာလမ်းအတိုင်း တရွတ်တိုက် ဆွဲခေါ်လာပါတော့သည်.....


" အမလေးဟယ်.....လေးလိုက်တာ! ဒီလူကလဲ ဘာတွေစားထားလို့ အဲ့လောက်ဝဖီးနေရတာလဲ.. အော်..ငါလေးလဲ ရွာထဲမဝင်ရသေးဘူး အခုထဲက ပင်ပန်းနေပြီ...နောက်ပိုင်းဘယ်လိုလာမလဲမသိဘူး...

မောလိုက်တာမေမေရေ..........."


ပင်ပန်းကြီးစွာဖြင့် ကြွေနှိုင်းခသည် အထုတ်အပိုးတွေနှင့်  ‌သန်မာသည့်ယေကျာ်းတစ်ယောက်ကိုပါ  မချီရုံတမယ်ဆွဲခေါ်လာခဲ့သည်မှာ ခုဆို ရွာအဝင်ဝကိုရောက်နေလေပြီ။အိမ်ခြေ၃၀၀ခန့် ရှိမည်ဟု ထင်ရသောရွာလေးကို မြင်သည်နှင့် ကြွေသည် အထုတ်တွေကိုပစ်ချပြီး သူမနှစ်ဖက်လုံးကိုအပေါ်သို့မြှောက်ကာ လူတွေကိုအော်ခေါ်ပါတော့သည်..


" ဟေး.....အရပ်ကတို့ရေ....

 ဒီမှာလူတစ်ယောက် ဒဏ်ရာရလာလို့ပါ....

လာကူကြပါဦးဗျို့.....

အရပ်ကတို့ရေ....."


အပိုင်း ( 2 ) မျှော်....


ကြွေခေါ်လာတဲ့ လူက ဘယ်သူလို့ထင်လဲဟင်..

ရှေ့မှာ ရင်ခုန်စရာတွေ ဖန်တီးထားတာဖို့ စောင့်မျှော်ပေးပါဦးနော်...


မေ့ဝတ္တုကို အားပေးလို့ကျေးဇူးပါ.. လိုအပ်ချက်များကိုလဲ ဝေဖန်ထောက်ပြပေးပါဦးနော်...

    

                          📝စံရတနာသူ


rate now: