ထိုကောင်မလေးက နောင်တို့ရှိရာ လျှောက်လာသည်။ သူ့ပုံစံက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသည့်ပုံစံ။ ပတ်၀န်းကျင်ကို ဂရုမစိုက်ဘဲ ခပ်တည်တည် လှမ်းလာေနသည့် ကောင်မလေးကို နောင်စိတ်၀င်တစား ငေးမောနေမိ၏။
" လှလိုက်တာ"
နောင့်ရင်ထဲ တိုးတိုးလေး ညည်းလိုက်မိ၏။ နောင်တို့ဆီ တစ်လှမ်းချင်း လှမ်းလာနေသည့် ထိုကောင်မလေးထံ အသိမဲ့စွာ နောင်ဆက်ေငးေနဆဲ။
" ညီမလေး တစ်ယောက်ထဲလား "
" မဟုတ်ဘူးမမ ဟိုးမှာ မမတွေလည်းပါတယ် ပြီးတော့ မေမေနုလည်းပါတယ် မမကိုတွေ့လို့ လာနုတ်ဆက်တာ "
ပြန်ဖြေနေသည့်သူ့ပုံလေးက ခုမှ ပတ်၀န်းကျင်ကို သတိထားမိဟန်နှင့် တစ်ချက်ဝေ့ကြည့်ရင်း အားလုံးကို အပြုံးလေးတစ်ပွင့် ပြုံးပြရှာသည်။
" ဆရာမကြီး ယဉ်ယဉ်နုလား ညီမလေး "
" ဟုတ်တယ်မမခင်မွန် "
ဆရာခက်ဝေဘေးက မခင်မွန်ဆိုသည့်
အမျိုးသမီးနှင့် စကားပြောနေရာက ထိုအမျိုးသမီးကပင် အားလုံးနှင့်စမိတ်ဆက်ပေးသည်။
" အားလုံးမိတ်ဆက်ပေးမယ်နော် ဒီဆရာမလေးနာမည်က အလင်းဖြူတဲ့
စာပေလောကထဲေရာက်လာတာ သိပ်မကြာသေးပေမယ့် သူ့စာမူလေးတွေက မဂ္ဂဇင်းတွေမှာ ခပ်စိပ်စိပ်ပါနေပြီလေ အားလုံးမှတ်ထားကြပါနော် "
ထိုဆရာမ မခင်မွန် မိတ်ဆက်ပေးမှ အလင်းဖြူမှန်း နောင်သိခွင့်ရလိုက်ခြင်းပါပင်။
" ဟင် "
နောင့်ရင်တစ်ခုလုံး အံ့ဩသွားရသည်။ သိပ်လှသည့် သည်ကောင်မလေးက အလင်းဖြူလား။
အလင်းဖြူကို အနီးကပ် မြင်လိုက်ရသည့်တခဏ နောင့် ရင်ခုန်သံများ ရပ်တန့်မတတ် ခံစားလိုက်ရ၏။ အလင်းဖြူက နောင်တို့ဘက်လှည့်ကြည့်လာပြီး ပြုံးပြသည်။ သူ့အကြည့်က နောင့်ဆီအရောက် နောင့်ကိုတခဏတာမျှ စူးစူးစိုက်စိုက်ကြည့်၏။ ပြီးမှ မျက်နှာလွှဲသွားသည်။
" နွေး "
ရုတ်တရက် ကိုထူးက လှမ်းခါ်လိုက်ေတာ့ ကောင်မလေးက ပြန်လှည့်ကြည့်ရင်း ဖြေ၏။
" ဪ ကိုထူးသစ်လရောင် ပြောပါ ဘာကိစ္စရှိလို့လဲ "
" နွေးဆီ အလည်လာချင်လို့ပါ ကိုယ့်သူငယ်ချင်းတွေက ရန်ကုန်ကလာလည်ကြတာလေ မန်းလေးရောက်ရင် နွေးဆီ လိုက်ပို့ပေးမယ်ပြောထားလို့ "
ကောင်မလေး စဉ်းစားသလို လုပ်ေနသေးသည်။
" အင်းပါ လာလည်ပေါ့ "
အများရှေ့ကြောင့်လား။ ဘာလားတော့မသိဘူး။ လာဖို့ခွင့်ပြုတော့ ကိုထူးကအရမ်းပျော်နေသည်။
နောင့်ရင်ထဲတော့ စူးခနဲခံစားလိုက်ရ၏။
ကျော်ခက နောင့်အနားကပ်ရင်း တိုးတိုးပြောသည်။
" အလင်းဖြူက တော်တော်လှတာကိုကွ ဒါကြောင့်လည်း ဟိုကောင် ကိုထူး ရူးနေတာ "
နောင်မချိတင်ကဲ ပြုံးပြလိုက်ရ၏။ ရင်ထဲစူးသွားသည့် ဝေဒနာက မခံစားနိုင်ေလာက်အောင် ပိုနာကျင်ေနသည်။
" နောင်နဲ့ ကျော်ခ ငါ့ကောင်မလေး ဘယ်လောက်လှလဲ မြင်ပြီမဟုတ်လား "
လက်မလေး ထောင်ပြပြီး ကြွားနေသည့် ကိုထူးကိုကြည့်၍ ကဗျာဆရာ ကိုခက်ဝေကပါ ရယ်သည်။
နောင်ဘာမှ ဆက်မပြောမိတော့ပါ။
မန္တလေးတောင်ခြေအနီးရှိ Mandalay Hill Resort ဟိုတယ်တွင် ကျင်းပသည့် ဧရာ၀တီ စာပေပွဲတော်အတွင်း ၀င်လာ၍ နေရာယူလိုက်ကြသည်။
နောင်တို့ရောက်သည့်ေန့ ဟောပြောမည့် ဆရာ ၊ဆရာမစာရင်းကြည့်ရင်း နောင့်အကြိုက် ဆရာကြီးများပါသဖြင့် နောင့်စိတ်များ ကျေနပ်မိရသည်။ ရန်ကုန်မှ လာရောက်ကြသည့်
မင်းသား၊အောင်လွင် မင်းသမီးကြီးေဆွဇင်ထိုက် ၊ မြင်စိုင်းသားအောင်အောင်တို့ပါ တွေ့ရ၍ ရုပ်ရှင်ဒါရိုက်တာအချို့ကိုလည်း မြင်ရသည်။ ထို့အပြင် စာပေလောကမှ ဆရာမဂျူး ၊ ဆရာမင်းချမ်းမွန် ၊ ဆရာမမေဇွန်အေး ၊ ဆရာမမိချမ်းဝေ ၊ ဆရာစိုးနံ့သာ ပုလောတို့အပြင် ဆရာမင်းအဂ္ဂ ၊ ဆရာလင်းသိုက်ညွန့်တို့ကိုပါ နောင်မြင်တွေ့လိုက်ရသည်။ ဆရာမဂျူး ၊ ဆရာမ မေဇွန်အေးတို့နှင့် ပုံတွဲရိုက်နေသည့် အလင်းဖြူကို နောင်ငေးနေမိပြန်၏။
မန္တလေးမှ စာရေးဆရာကြီးများ ဖြစ်ကြသည့် ဆရာမကြီးယဉ်ယဉ်နု ၊ ဆရာကြီး သိုက်ထွန်းသက် ၊ ဦးညီဇေမင်း ၊ ဦးညီပုလေး တို့ကိုပါ မြင်တွေ့ရသည်။ တချို့နောင်မသိသည့် နာမည်ကြီး ဆရာ ၊ ဆရာမများ တော်တော်ပါကြ၏။ အားလုံးနှင့် အမှတ်တရ ဓာတ်ပုံ တွဲရိုက်ကြတော့
နောင့်စိတ်ထဲ ဖြတ်ခနဲ အကြံရသွားသည်။
" ကိုထူး အလင်းဖြူနဲ့ အမှတ်တရ ပုံရိုက်ခွင့်တောင်းရအောင် "
နောင့်စကားကြားတော့ ကိုထူးတစ်ချက်တွေသွားသည်။ ပြီးမှ
" ခွင့်တောင်းကြည့်ဦးမယ် " ဟုဆို၏။
ကိုထူးက အလင်းဖြူအနား လျှောက်သွားရင်း မေးလိုက်သည်။
" နွေး ကိုယ့်သူငယ်ချင်းတွေက နွေးနဲ့အမှတ်တရ ဓာတ်ပုံတစ်ပုံလောက် ရိုက်ချင်လို့ အဲဒါခွင့်ပြုပါလား "
ရုတ်တရက် အလင်းဖြူက တွေပြီး စဉ်းစားနေ၏။ သို့သော် သူ့ဘေးနားမှ ဆရာမကြီးယဉ်ယဉ်နုက
၀င်ပြောမှ အဆင်ပြေသွားသည်။
" သမီးရယ် အမှတ်တရပဲ။ ရိုက်ပေးလိုက်ပါ "
" ဟုတ်ကဲ့ပါမေမေ "
ဆရာမကြီး ယဉ်ယဉ်နု စကားကို မလွန်ဆန်သည့်အနေနှင့် အလင်းဖြူက ခွင့်ပြုသဖြင့် နောင်တို့အားလုံးစုပြီး ဓာတ်ပုံ တစ်ပုံရိုက်လိုက်ကြသည်။ ပုံရိုက်ပြီးပြန်ထွက်ဖို့ပြင်နေသည့် အလင်းဖြူကို နောင်အမှတ်မထင် ခေါ်လိုက်မိ၏။
" ရှင်မ "
နောင့်ေခါ်သံကြားတော့ သူဆတ်ခနဲ တုန်သွားပြီး နောင့် ဘက်လှည့်ကြည့်လာပြီး ပြူးကျယ်သည့် မျက်၀န်းအစုံနှင့် စိုက်ကြည့်နေ၏။
ပြီးမှ အသံတုန်တုန်လေးနှင့် မေးသည်။
" ရှင် ရှင်ဘယ်လိုခေါ်လိုက်တာလဲဟင် "
ဖြတ်ခနဲ နောင်သတိရသွားပြီး မသိသလို ဟန်ဆေင်ရင်း
" ဟို ဆရာမလို့ ခေါ်လိုက်တာပါ ဆရာမ
ကျွန်တော်နဲ့အမှတ်တရ ဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးပါနော် "
ဟု ပြောလိုက်သည်။ အလင်းဖြူ သက်ပြင်းချသည်။ ပြီးမှ ခေါင်းလေးတစ်ချက်ညိတ်ပြရင်း ပြန်ဖြေ၏။
" ဟုတ် ရပါတယ်ရှင် ဒါနဲ့ ရှင့်နာမည်က ဘယ်သူလဲဟင် "
" ကျွန်တော့်နာမည် နောင်ပါဆရာမ ဘာဖြစ်လို့လဲဟင် "
" ရှင့်မှာ တခြားနာမည်ရှိေသးလားဟင် "
မျှော်လင့်ချက်တကြီး မေးနေသည့် သူ့မျက်၀န်းနက်နက်များသည် ငယ်ငယ်ကလို ဝိုင်းစက် လှပနေဆဲပင်။
" မရှိပါဘူးဆရာမ ကျွန်တော့်နာမည်က နောင်ပါပဲ "
" ဪ စိတ်မရှိပါနဲ့ရှင် ကျွန်မအသိတစ်ယောက်များ ဖြစ်နေမလားလို့ပါ "'
နောင့်ရင်ထဲ နင့်နေအောင် ခံစားလိုက်ရသည်။ ရှင်မသည် ငယ်ငယ်ကအတိုင်း အခုထိ အစွဲလန်းကြီးတုန်းပါလားဟု တွေးမိရင်း နောင့်လုပ်ရပ်က မှန်ရဲ့လားဆိုတာ သံသယ ၀င်လာခဲ့ရသည်။ ကျော်ခက နောင်နှင့်အလင်းဖြူအား ဓာတ်ပုံရိုက်ပေး၏။
ကိုထူးက နောင်တို့အနားရောက်လာကာ
အလင်းဖြူကိုလှမ်းမေးသည်။
" နွေး အပြန် ဘာနဲ့ပြန်မှာလဲဟင် "
" နွေးတို့ ကားပါတယ် ကိုထူးသစ်လရောင်
ကားစုပြီး ငှါးလာကြတာလေ "
" မပါရင် လိုက်ပို့ပေးမလို့ပါ "
" ရပါတယ် ကိုထူးသစ်လေရာင် အားလုံးပဲ နွေးကို
ခွင့်ပြုကြပါဦးနော် "
နောင်တို့အရှေ့ကနေ ထွက်သွားသည့်
အလင်းဖြူကျောပြင်ကို ငေးရင်း
နောင်အကြည့်ခွာဖို့ပင် မေ့နေ၏။
" နောင် ငါ့ကောင်မလေး လှလား "
" လှပါတယ်ကွာ သိပ်လှတာပေါ့ "
အလင်းဖြူကို ငေးမောေနသည့်နောင့်အား ကိုထူးက မေးလာသဖြင့် နောင်အလိုက်သင့် ပြန်ဖြေလိုက်သည်။
ထိုနေ့က ဧရာ၀တီ ပွဲတော်ကို သွားရသည့်အတွက် ကိုထူးကို နောင်ကျေးဇူးတင်မိရသည်ကအမှန်ပင်။ နောင်ကတော့ ရှင်မကိုသာ လိုက်ငေးနေမိ၏။ ရှင်မက တခါတလေ ကလေးလေးတစ်ယောက်လို လွတ်
လွတ်လပ်လပ်ရယ်နေသကဲ့သို့ တခါတခါကျ လူကြီးလေးလို
တည်ငြိမ်နေတတ်ပြန်သည်။
နောင်၏ရှင်မသည် ထိုသို့သောကောင်မလေးဖြစ်မည်ဟု နောင်ဘယ်သောအခါမှ မတွေးခဲ့မိပါ။ သူ့မိဘအိမ်တွင် နောင့်အလာကို စောင့်နေမည့် အူတူအတတကောင်မလေးအဖြစ်သာ နောင့်မျက်၀န်းထဲ မြင်နေမိခြင်းပင်။ သူဘာကြောင့်ဒီလောက်ပြောင်းလဲပြီး ထက်မြက်လာရသလဲဆိုတာတော့ နောင်အရမ်းသိချင်နေမိရ၏။
ရှင်မကို မြင်ပြီးသည့်နောက်ပိုင်း ငယ်သံယောဇဉ်ပင်မကပါ။ ရှင်မအလှကို နောင်မြတ်နိုးမက်မောလာရသည်။
တစ်ပါးသူလက်ထဲထည့်ဖို့ နောင်အတွေးနှင့်ပင် စဉ်းစားမရချင်ပါ။
နောင်တို့ ပြန်လာတော့ တော်တော်ပင် မှောင်စပြုနေ၏။ ထူးသစ်က
သူ့ဆိုင်မှာပင် ကားပေါ်ပါလာသူတစ်ဖွဲ့လုံးအား နောင်တှိ့နှင့်အတူတူ ပြုစုသည်။
ကိုထူးက ဘယ်သူ့ဖြစ်ဖြစ် ကူညီတတ်ပြီး လက်ဖွာသဖြင့် ကိုထူးအား လူချစ်လူခင် ပေါလေသည်။ ထိုညက နောင့်ကဗျာစာအုပ်အကြောင်း တိုင်ပင်ဖြစ်ကြ၏။
ကဗျာဆရာကိုခက်ဝေကပင် နောင့်ကိုစသည်။
" နောင် မန်းကိုပြောင်းခဲ့ကွာ "
ကိုခက်ဝေကို နောင်ရယ်ပြလိုက်၏။
ဖြစ်နိုင်လျှင် အလင်းဖြူအနား နောင်အပြေးပြီး လာေနချင်ပါသည်။ သို့သော် အလင်းဖြူအား နောင်နေ့စဉ် မြင်တွေ့နေရပါက နောင့်စိတ်အား ထိန်းချုပ်ခက်မှာ အသေချာပင်။ ထိုညက နောင်တို့ တော်တော်မိုးချုပ်မှ တည်းခိုရမည့်အိမ် ပြန်ရောက်ကြ၏။
နောင့်ရင်ထဲက ရှင်မနှင့်ပက်သက်သည့်
အလွမ်းကဗျာများ ချရေးနေမိစဉ် နောင့်ဖုန်းက မက်ဆေ့ ၀င်သံ ကြားလိုက်ရသည်။ နောင်ကြည့်လိုက်တော့ ခင်လင်းဖုန်းပင်။
ခင်လင်းဆီ နောင်ဖုန်းခေါ်လိုက်၏။
ခဏအကြာ ခင်လင်းဖုန်းလာကိုင်သည်။
" ဟယ်လို ကိုနောင် ရှင်ဘယ်နေ့ ရန်ကုန်ပြန်မှာလဲဟင် "
" အတိကျတော့ မသိသေးဘူး မခင်လင်း ဘာဖြစ်လို့လဲဟင် "
" မနက်ဖြန် ခင်လင်း အလုပ်နားရက်လေ အဲဒါ ကိုနောင် တွေ့ချင်တယ်ဆိုရင်
အဆင်ပြေတဲ့အကြောင်း လှမ်းေပြာတာပါ "
" ကျွန်တော်တွေ့ချင်ပါတယ် မခင်လင်း
ကျွန်တော်တို့ စကားေပြာဖို့လိုတာအမှန်ပဲ မနက်ဖြန် မခင်လင်း စောင့်နေလေ ကျွန်တော် ကိုထူးကို အကျိုးအကြောင်းေပြာပြီး လာခေါ်ပါ့မယ် "
" ဟုတ်ကဲ့ပါ ကိုနောင် အဲဒါဆို ခင်လင်း
ဖုန်းချလိုက်မယ်နော် ဂွတ်နိုက်ပါ ကိုနောင် "
" ဂွတ်နိုက်ပါ မခင်လင်း "
နောင်ဖုန်းချတော့ ကျော်ခက လှမ်းကြည့်မေးသည်။
" ခင်လင်းကို မင်းဘာကြောင့်သွားတွေ့မှာလဲနောင် "
" တွေ့ဖို့လိုလာလို့ပေါ့ကွာ "
" ခင်လင်းနဲ့ရှင်မဟာ သူငယ်ချင်းဆိုတာလည်း မင်းသတိပြုဦးနော် "
" ငါသိပါတယ်ကွာ "
ကျော်ခကို ပြန်ဖြေသည့်နောင့်အသံမှာ စိတ်ရှုပ်စရာများ ပါနေသည်။
နောင်ရေးထားသည့်ကဗျာလေးကို တင်ရန် နောင် လိုင်းဖွင့်လိုက်၏။
နောင် ရေးထားသည့် ကဗျာလေးကို တင်လိုက်သည်။
တစ်ခြမ်းပဲ့ကံကြမ္မာ
_______________________
ကောင်မလေးရေ
လမ်းလွဲခဲ့တဲ့ နှစ်ပေါင်းများစွာမှာ
အမှတ်တရတွေကို ရင်မှာထိုးပြီး
သတိရခြင်းတွေကို ငါရှင်အောင်ပျိုးခဲ့ပေါ့ ။
တစ်ခြမ်းပဲ့ ကံကြမ္မာဟာ
ကမ္ဘာကြီး ကျဥ်းတဲ့အကြောင်း
ရင်ကွဲပက်လက် ငါ့ညတွေကို
ဓားတွေထမ်းပြီး တံခါးခေါက်ပြတယ် ။
ဖမ်းဆုပ်ဖို့ မလွယ်သလိို
လွတ်ချဖို့လဲ မလွယ်ဘူး
ဖားတစ်ပိုင်းငါးတစ်ပိုင်း သံသရာမှာ
ရင်ကိုခွင်းမဲ့ မြှားတွေချည်းပဲ ။
နောက်ဆုံးတော့ ကိုယ့်ရင်ကိုယ်ခွဲပြီး
ကိုယ့်အသဲ ကိုယ်ပြန်မြို
ကိုယ့်မြို့ရိုး နံဘေးက
ဆွေးနေတဲ့ အနာတွေဟာ
နေမမြင့်လဲ ....အရူးရင့်ခဲ့ပြီ ။
နောင်
ကဗျာတင်ပြီးသည်နှင့် အလင်းဖြူအကောင့်ကို လှမ်းကြည့်မိ၏။
မီးစိမ်းနေသည့် အလင်းဖြူအကောင့်လေးကို မြင်လိုက်ရသည်။
နောင့်စိတ်ထဲ အလင်းဖြူနှင့် စကားပြောချင် လာသဖြင့် စာတစ်ကြောင်းပို့လိုက်၏။
" မအိပ်သေးဘူးလားဆရာမ "
နောင့်စာလေးရောက်သွားသော်လည်း အလင်းဖြူဘက်က စာပြန်မလာပါ။ နောင့်စာကို ကြည့်နေသည်ဆိုတာတော့ နောင်သိ၏။ နောင်သတိရသွားသည်။
အလင်းဖြူနှင့် အတူရိုက်ထားသည့် ပုံလေးကို ပို့ပေးရင်း
" ကျေးဇူတင်ပါတယ်ဆရာမ "
ဟု ထပ်ပို့လိုက်သည်။ ထိုအခါမှ
" ဪ ရှင်ကိုး "
ဟု ဆိုသည့်စာ ပြန်ပို့လာသည်။ နောင်ပြုံးလိုက်မိ၏။ သူ့ကို ရှင်မ မှတ်မိနေသည်။
" ဆရာမ နဲ့ ခင်မင်ခွင့်ရတာ အရမ်း၀မ်းသာမိပါတယ် "
" ကျွန်မလည်း ၀မ်းသာရပါတယ်ရှင် "
" ဆရာမနာမည်က အလင်းဖြူလား "
နောင့်စာ ပို့ပြီး စက္ကန့်အနည်းငယ် ကြာသွားပြီးမှ စာပြန်ရောက်လာသည်။
" အလင်းဖြူက စာရေးဖို့ရွေးလိုက်တဲ့ ကလောင်နာမည်ပါ ကျွန်မမှတ်ပုံတင်နာမည်က နဒီနွေးနွေး ကျွန်မအိမ်နာမည်ရှိသေးတယ် အိမ်နာမည်က ရှင်မ "
" ဪ နာမည်တွေ များလိုက်တာနော်
ဆရာမ ဘယ်နာမည်အနှစ်သက်ဆုံးလဲဟင် "
" အမှန်ပြောရမယ်ဆိုရင် ရှင်မက ကျွန်မငယ်နာမည်ပါ အဲဒီနာမည်က ကျွန်မ ဘဘပေးခဲ့တဲ့နာမည်ဖြစ်နေလို့ ကျွန်မ အကြိုက်ဆုံးပါ အဲဒီနာမည်ကို ကလောင်ပေးဖို့စဉ်းစားခဲ့ပေမယ့် မပေးဖြစ်ခဲ့ဘူး စာရေးဆရာမ သျှင်မရှိနေလို့ပါ ကျွန်မတို့စာရေးသူတွေက ရှေ့က ဝါရင့်ကလောင်တွေနဲ့ ကလောင်နာမည်မတူအောင် ဂရုစိုက်ရတယ်လေ "
" ဪ လေးစားပါတယ်ဆရာမ ဆရာမ၀တ္ထုတစ်ပုဒ်တော့ ကျွန်တော်ဖတ်ဖူးတယ် "ထောင့်ချိုးနားက နှလုံးသားတစ်စုံ " လေ အဲဒီစာမူလေးက ဆရာမ အဖြစ်အပျက်လားဟင် ကျွန်တော်အရမ်းကြိုက်တာပဲ "
" အဖြစ်ပျက်လားဆိုတော့ တစိတ်တဒေသတော့ ပါမယ်ထင်တယ် ခံစားရတဲ့အရာတစ်ခုကို စာအဖြစ် တခါတလေ ချပြရတာလည်း ရှိတတ်ပါတယ်ကျွန်မစာမူကို နှစ်သက်တယ် ကြိုက်တယ်ဆိုရင် စာရေးသူတစ်ယောက်အနေနဲ့ ပျော်ရတာပါပဲရှင် "
" ကျွန်တော့်ကိုစကားပြန်ပြောပေးလို့ ကျေးဇူးတင်ပါတယ်ဆရာမ "
" ကျွန်မ ခင်မင်တဲ့သူဆိုရင် ပြန်ပြောဖြစ်ပါတယ် ကျွန်မလည်း လူတစ်ယောက်ကို စုံစမ်းရှာနေမိတာ ရှင့်ကို စမြင်တော့ ကျွန်မသူငယ်ချင်းနဲ့ ဆင်သလိုလို ၊ တူသလိုလို စိတ်က ထင်နေမိသေးတယ် အခုတော့ သေချာသလောက်ပါပဲ ရှင်က သူမဖြစ်နိုင်လောက်ပါဘူး "
" ဘာဖြစ်လို့လဲဆရာမ ဘာလို့အဲဒီလို ဆရာမ ပြောနိုင်ရတာလဲဟင် "
နောင့်အမေးကို ရယ်စရာစတစ်ကာလေးတစ်ခုပို့ရင်းဖြေသည်။
" ရှင်သာ ကျွန်မသူငယ်ချင်း သူရိန်ဖြစ်နေမယ်ဆိုရင် ရှင်မက ကျွန်မဆိုတာသိတာနဲ့ ကျွန်မဆီ သူအေပြးလာမှာ သေချာနေလို့ပါပဲ သူရိန်က ကျွန်မစိတ် ညစ် ၊ စိတ်ဆင်းရဲအောင် ဘယ်တော့မှ လုပ်မယ့်သူမဟုတ်လို့ပါ "
အလင်းဖြူပို့သည့်စာကို ဖတ်ရင်း နောင့်တကိုယ်လုံးရှိ အကြောအချဉ်တွေ ရပ်တန့်သွားမတတ်ခံစားလိုက်ရသည်။ ရုတ်တရက်။ ဘာဆက်ပြောရမှန်းပင် မသိတော့ပါ။ ရှင်မရယ်။ နောင် နာနာကျင်ကျင် ညည်းညူလိုက်မိတော့သည်။
" အခုလို ခင်မင်ခွင့်ရတာ ကျွန်မလည်း ၀မ်းသာပါတယ်ရှင် ဒီနေ့တော့ အရမ်းပင်ပန်းနေလို့ ကျွန်မ စောစော နားတော့မယ်နော် "
" ဟုတ်ကဲ့ပါခင်ဗျား ဂွတ်နိုက်ပါ ဆရာမ
အိပ်မက်လှလှမက်ပါစေဗျာ "
နောင့်နုတ်ဆက်သံအား လက်မလေးတစ်ချက် ၊ အသိမှတ်ပြုပို့သွားရင်း အလင်းဖြူ လိုင်းပေါ်က ဆင်းသွားတော့သည်။ နောင့်မှာသာ အလင်းဖြူနှင့်သူ တွဲရိုက်ထားသည့်ပုံကို ငေး
ကြည့်ရင်း ထိုညက အိပ်မရတော့။
ရှင်မရယ်။ နင်နဲ့ငါ ပြန်ဆုံကြရပြီနော်။
နောင့်ရင်ဘတ်တို့သည် အလွမ်းကြား
နစ်မြုပ်နေေလတော့၏။
**********
နောင်တို့သုံးယောက် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ရင်း မနက်စာ စားနေကြသည်။ ကိုထူးကပင်
" မင်းတို့နှစ်ကောင် ဘယ်သွားချင်ကြသေးလဲ "
ဟု မေးသည်။ နောင်က ဖြေလိုက်၏။
" ဒီနေ့ ငါ ခင်လင်းနဲ့ တွေ့ဖို့ ချိန်းထားတယ် "
" ဟေ မင်း ခင်လင်းကို ငြိနေတာလား
မင်းရှင်မကို လိုက်မရှာတော့ဘူးလား "
ကိုထူးအမေးကို နောင်မဖြေဘဲ နောင်ဖြစ်ချင်တာ ပြောလိုက်သည်။
" ကိုထူး မင်းစီစဉ်ပေးပါလား ငါ ခင်လင်းနဲ့စကားပြောချင်တယ် "
ကိုထူးတစ်ချက်စဉ်းစားသည်။
" မင်းတို့ဆိုင်ထိုင်မှာလား
ဒါမှမဟုတ် ကျုံးဘေးနားသွားထိုင်မှာလား ကျုံးဘေးနားဆိုလည်း အေးဆေးစကားပြောလို့ရတယ် "
" ဟိုနေ့က ငါတို့ထိုင်ခဲ့တဲ့နေရာလေး ငါထိုင်ချင်တယ် ကိုထူး ကျုံးကိုငေးရင်း
ငါအေးဆေး စကားပြောချင်တယ် "
" အိုခေ ငါစီစဉ်ပေးမယ် ဒီမနက်ပိုင်း
မင်းတို့ဘယ်သွားချင်လဲ သွားချင်တဲ့နေရာသွား ငါလိုက်ပို့မယ် ကျုံးဘေးက ညနေမှ စကားပြောလို့ပိုအဆင်ပြေတယ် "
ကိုထူးစကားအဆုံး ကျော်ခက ၀င်ပြောသည်။
" ငါက မြွေဘုရား သွားချင်တယ် "
" အေး လိုက်ပို့မယ်ကျော်ခ နောင်ကကော "
မေးလာသည့် ကိုထူးအား နောင်သွားချင်သည့်နေရာတစ်ခုကို နောင်ပူဆာလိုက်၏။
" ငါက ရန်ကုန်မှာထဲက နာမည်ကြီးေနတဲ့ ရွှေသိမ်တော်ဘုရားကို သွားပြီး သစ္စာဆို ဆုတောင်းချင်တယ် တကယ်ဆုတောင်းပြည့်မပြည့် ငါသိချင်တယ် "
" နောင် ရွေသိမ်တော်ဘုရားက တကယ် တန်ခိုးကြီးပြီး ဆုတောင်းပြည့်တယ်ကွ
သစ္စာဆိုလို့ သစ္စာဖောက်ဖျက်ရင်
လည်း အန္တရာယ် ရင်ဆိုင်ရတတ်လို့ လူတိုင်းပြောနေကြတာ "
" ငါသွားချင်တယ်ကွာ မင်းလိုက်ပို့ပေးနော် "
" အေးပါ အဲဒါဆိုလည်း မနက်စာစားပြီး ငါတို့တန်းသွားကြမယ် နေ့လည်ကျ နေအရမ်းပူတယ် "
ကျော်ခက အားနာသလို ၀င်ဆိုသည်။
" ကိုထူး ကြာတော့ မင်းကိုအားနာလာမိတယ်ကွာ ငါတို့က လာဒုက္ခပေးသလိုဖြစ်နေပြီ "
ကျော်ခစကားအဆုံး ကိုထူးက အားရပါးရ ရယ်သည်။
" ဟား ဟား မင်းတို့ကလည်း သူငယ်ချင်းကြား အဲဒါတွေမ
လိုပါဘူးကွ မင်းတို့လာတာမဟုတ်ပါဘူး ငါက ခေါ်တာပါကွာ "
ကိုထူးကို နောင်သိပ်ခင်ရပါသည်။ ကိုထူး သဘောကောင်းပြီး နောင်တို့ကို ချစ်ခင်တာလည်း နောင်သိပါသည်။ နောင်လည်း ကိုထူးကို သိပ်ချစ်ရပါသည်။ တခါတခါကျ ရှင်မဟာ အလင်းဖြူပါဟု ဖွင့်ပြောပစ်လိုက်ချင်သည့် နောင့်စိတ် ၊နောင့်ဆန္ဒတွေကို မျိုသိပ်ပြီး နေရသည်မှာ နောင့်အတွက် အရမ်းပင်ပန်းရပါသည်။
လက်ဖက်ရည်ဆိုင်က ထွက်သည်နှင့် ကိုထူးက ကျောက်ဆည်ဘက်ကို ဦးတည်စမောင်းသည်။ ရန်ကုန်မန္တလေးလမ်းမကြီးအတိုင်း ကိုထူးကမောင်းလာ၏။ ကားမောင်းလာရင်း
ကိုထူးက နောင့်အား လမ်းတလျှောက် ရှင်းပြလာသည်။ မြစ်ငယ်ကျော်လာပြီး ပုလိပ်ရောက်တော့ မြွေဘုရားဆိုင်ပုဒ်လမ်းညွှန်တစ်ခုကို တွေ့လိုက်ရသည်။ ကိုထူးက ထိုလမ်းညွှန်အတိုင်း သံလမ်းကျော်ပြီး အနောက်ဘက်သို့ ဆက်မောင်းလိုက်၏။ တအောင့်လောက်ရောက်သည်နှင့် မြွေဘုရားနား
ရောက်သွားသည်။
ရောက်သည်နှင့် နောင်တို့သုံးယောက် ဆင်းလိုက်ကြ၏။ ပန်းသည်အချို့နှင့် မြွေစာရောင်းသူများ ရောက်လာပြီး ဈေးလာရောင်းကြသည်။ မြွေကြွေးရန် မြွေစာပါ ၀ယ်လိုက်ပြီး မြွေဘုရားဆီ တက်လိုက်ကြ၏။
ကျော်ခက ကလေးသဖွယ် ဘုရားပေါ်မှာ ခွေနေသည့် မြွေကြီးကို သဘောတကျ လှမ်းလှမ်းကိုင်သည်။
နောင်တို့ ဘုရားကန်တော့ လိုက်ပြီး ထိုဘုရားတနှံ့ လိုက်ကြည့်မိ၏။ တအောင့်ကြာမှ မြွေဘုရားကထွက်လာကြပြီး ကားကို ဆက်မောင်းလာသည်။
လမ်း၌ "ပေါ်တော်မူ ဘုရား သွားဦးမလား " ဟု ကိုထူးကမေးတော့
နောင်ခေါင်းခါပြလိုက်သည်။
" ရွှေသိမ်တော်ဘုရားပဲသွားချင်တယ် "
နောင့်စကားအဆုံး ကိုထူးက သီချင်းတစ်ပုဒ် ဖွင့်လိုက်သည်။ သီချင်းက ကြွေ ဆိုသည့် သီချင်း။
စကားပြော ( မဖြစ်နိုင်တဲ့ ဘဝတွေမှာအတူတူလက်
တွဲဖို့ဆိုတာ
အိပ်မက်တစ်ခုလိုပါ ချစ်သူ
နင်ငါ့ကို မေ့လိုက်ပါ
အချစ် က ငါ့အတွက်ပေးဆပ်မှုသက်
သက်ဖြစ်ခဲ့တဲ့အတွက် နင်မုန်းသွား
လည်း
ငါ့ကျေနပ်နေပါတယ်ကွာ )
(ကြာရင်တော့ အချိန်ကကုစားသွားမှာ
စိတ်ကသိပေးမယ့်
လွယ်လွယ်လေးပဲ မေ့ဖို့ ဒဏ်ရာတွေရခဲ့
တယ်
ရင်မှာတော့ သိုဝှက်သိမ်းဆည်းထားတဲ့
ငါ့ရဲ့ အချစ်တွေလည်း မေ့လိုက်ပါ
နင်လျှောက်မယ့် လမ်းတွက်
ဆူးခလုတ်ပါ
ပင်ယံနန်းစံပါတော်ဝင်ပန်းသဇင်ရာ
မသာယာနဲ့တော့ အချစ်တစ်ခုကို
ဘယ်သူမြင်နိုင်မှာလည်းအသဲကွဲဝေးရ
မှာကို မလားချင်စမ်းပါနဲ့ ဒီလိုဘဝတွေ
ထဲ
နင်ထင်ထားသလောက်အချစ်ကမလွယ်
အဆင်ပြေစေဖို လမ်းခွဲပေးလိုက်မယ်
''ကြွေ''......)2 cho:
စကားပြော( ငါ့တို့နှစ်ယောက်ဒီဘဝမှာမဆုံးဆည်းကြရပေမယ့် နောင်ဘဝကျရင် အတူနီးရပါစေလို့.....ဘုရားမှာငါ့ဆုတောင်းလိုက်ပါတယ်ဟာ...)
ထိုသီချင်းနားထောင်ပြီး နောင့်ရင်ထဲ နင့်နေမိသည်။ ကားပြတင်းမှန်ကတစ်ဆင့်
အဝေးကိုငေးနေသည့် မျက်၀န်း၌ မျက်ရည်ကြည်လေးများ ဝေ့လာ၏။
တအောင့်ကြာတော့ ကိုထူးက သီချင်းပိတ်ပြီး နောင့်ကို စကားလှမ်းပြောသည်။
" နောင် မင်းတစ်ခုခု ဖြစ်နေလား "
ကိုထူးကို ခေါင်းခါပြရင်း နောင်ပြုံးပြလိုက်သည်။
" မဖြစ်ပါဘူးကွာ မင်းကလဲ ငါက ဘာဖြစ်ရမှာလဲ "
" ငါ့ဆီလာတဲ့အချိန် မင်းတို့အဆင်မပြေဖြစ်မှာ ငါသိပ်ကြောက်လို့ပါ မင်းကို ငါသိပ်ချစ်တယ်နောင်ရ "
ကိုထူးရယ်။ နောင်စိတ်မကောင်းဖြစ်သွား၏။ အမှန်ဆို ကိုထူးက ဘာမှမသိရှာသူပါ။ နောင်ရယ်ပြလိုက်ရင်း ကိုထူးလက်မောင်းကို ဖွဖွလှမ်းထိုးလိုက်၏။
" ဟေ့ကောင် နာတယ်ကွ "
နာသွားသော်လည်း ကိုထူးက နောင့်ကို ပြန်အော်ရင်း ကြည်နူးစွာရယ်နေတော့သည်။
ကိုထူးမောင်းလာသည့်ကားက တစ်ဖက်ယဉ်ကျောကို ကွေ့ရန် နေရာယူရင်း နောင့်ကို " ရောက်ပြီကွ " ဟု လှမ်းဖြေသည်။ ကားရှင်းသည်နှင့် ရွှေသိမ်တော်ဘုရားရှိရာကို ဆက်မောင်းလာပြီး
ကားထိုးရာနေရာတွင် ကိုထူးက ကားကို ရပ်လိုက်သည်။ ပြီးမှ " ရောက်ပြီကွ ဆင်းကြ " ဟုဆိုသည်။
နောင်တို့ကားပေါ်က ဆင်းတော့ ဖိနပ်ကို ကားနားပင် ချွတ်ထားခဲ့ကြသည်။
ကိုထူးက ငှက်ပျောအုန်းပွဲ များရောင်းသည့်နေရာ ခေါ်သွားကာ ကန်တော့်ပွဲ
တစ်ပွဲကို မှာလိုက်၏။ ဈေးသည်က
ရေသန့်ဘူးတစ်ဘူးပါ လှမ်းပေးသဖြင့်
နောင်လှမ်းယူလိုက်သည်။
နောင့်ကို ကြည့်ရင်း ကျော်ခက ပွစိပွစိ ရွတ်၏။
" နောင်ရာ မင်းခေတ်လူငယ် မဟုတ်တဲ့အတိုင်းပဲ မင်းမှာဒီလိုအယူဆရှိနေတာ ငါအံ့ဩတယ် "
" ငါ့ယုံကြည်ချက်နဲ့ ငါကွာ မင်းမယုံရင် အေးဆေးနေ "
နောင်နှင့်ကျော်ခကို ကြည့်ရင်း ကိုထူးကစသည်။
" မင်းတို့က ကလေးတွေလား မကြီးမငယ် ကိုက်နေကြတယ် "
" မဟုတ်ပါဘူကွာ မန်းလေးရောက်လာမှ ဒီကောင် ဂေါက်နေတာ ကိုထူးရ "
ပြောပြောဆိုဆို နောင်တို့ ဘုရားရင်ပြင်
ရောက်လာကြသည်။ ဘုရားရင်ပြင်တွင် လာရောက် လှူဒါန်းကန်တော့ထားကြသည့် ပွဲများက မရေတွက်နိုင်အောင် အများအပြားတွေ့ရသည်။
နောင်တို့ သုံးယောက် လူရှင်းသည့်နေရာနားမှာ ထိုင်လိုက်ကြပြီး ရွှေသိမ်တော်ဘုရားကြီးအား ဖူးမျှော် ကန်တော့လိုက်ကြသည်။ နောင်က ငါးပါးသီလပါ ခံယူနေ၏။
နောင်ဘုရားကန်တော့နေစဉ်အတွင်း ကန်တော့ပွဲက နောင်တို့အနား လာပို့ပေးသည်။
ကိုထူးက နောင့်အားလှမ်းပြော၏။
" နောင် မင်းဘာကိုသစ္စာဆိုချင်တာလည်း ဒီကအဘကို ပြောပြလိုက် အဘက မင်းကို တိုင်ပေးလိမ့်မယ် "
ကိုထူးကို ေခါင်းညိတ်ပြရင်း ရှေ့မှာ ရှိနေသည့် အဘကို ပြုံးပြလိုက်သည်။
နောင့်ကို ကြည့်ပြီး ကျော်ခက
" ဒီကောင် ရှင်မကို ပြန်တွေ့ပြီး ဂေါက်သွားတာ သေချာနေပြီ "
ဟု မကြားတကြားပြောသည်။
နောင့်ရှေ့က အဘက မေးလာသဖြင့် ကျော်ခစကားကို နောင်မသိချင်ယောင် ဆောင်လိုက်ရသည်။
" ငါ့မြေးက ဘာကိုသစ္စာဆိုချင်တာလဲ "
" ဒီလိုပါအဘ ကျွန်တော့်မှာ ငယ်ငယ်ကထဲက ချစ်ရတဲ့ချစ်သူ ရှိပါတယ် သူ့အပေါ်ကို အခုထိ ကျွန်တော် မြတ်မြတ်နိုးနိုး တကယ်ချစ်ခဲ့ရတာပါ ကျွန်တော် သူကလွဲပြီး နောက်တစ်ေယာက်လည်း ထပ်မချစ်ခဲ့ပါဘူး အဲဒီသစ္စာ စကားတကယ်မှန်ကန်ခဲ့ရင် ကျွန်တော့်မှာ ရှိတဲ့ အပြစ်မှန်သမျှ သူခွင့်လွှတ်နိုင်ပြီး သူနဲ့ဆုံခွင့်ရပါရစေအဘ ကျွန်တော့်ကို အဲဒီလို တိုင်တည်ပေးပါအဘ "
နောင့်စကားအဆုံး နောင့်ရှေ့မှာ ရှိနေသည့်အဘက နောင့်ကို သစ္စာတိုင်တည်ပြီး သစ္စာဆိုစေသည်။ ကိုထူးနှင့် ကျော်ခက နောင့်ကို တအံ့တဩ ဝိုင်းကြည့်နေကြတော့၏။ ဘာရယ်မပြောပြတတ်သော်လည်း ရွှေသိမ်တော် ဘုရားကအပြန် နောင့်စိတ်များ ပေါ့ပါးလန်းဆန်းနေမိသည်မှာ အမှန်ပင်။
အပြန်လမ်းတလျှောက် နောင်တို့သုံးယောက် စကားမပြောဖြစ်ကြဘဲ အတွေးကိုယ်စီနှင့် တိတ်ဆိတ်နေကြသည်။ တည်းသည့်အိမ်ပြန်ေရာက်တော့ ခဏတဖြုတ် နားကြပြီး ရေချိုးခန်းထဲ၀င် ရေမိုးချိုးလိုက်ကြသည်။ ရေမိုးချိုးပြီးသည်နှင့် ရန်ကုန်ကိုလာတုန်းက ကိုထူးလက်ဆောင်၀ယ်ပေးသည့် အ၀တ်စားများထဲမှ တစ်စုံကို ရွေး၀တ်လိုက်သည်။ အလုပ်နှင့်အဆောင်ကလွဲလျှင် သွားစရာမရှိသည့် နောင်တို့အတွက် တခြားအ၀တ်စားက နေရာတိုင်းမ၀တ်ဖြစ်ပါ။ အားလုံးပြင်ဆင်ပြီးတော့
နောင့်ပုံက ရှင်းသန့်နေသည်။
အရပ်မြင့်မြင့် ၊ ကိုယ်ဟန်တောင့်တောင့် ၊ ဖြူသည့်အသားကိုပိုင်ဆိုင်ထားပြီး မျက်ခုံးထူထူ ၊ နှာတံပေါ်ေပါ်နှင့် နောင်၏အကြည့်ကိုခံရသည့် ကောင်မလေးတိုင်း နောင့်ကိုကြွေသွားကြသူချည်းပင်။ ပြင်ဆင်ပြီးထွက်လာသည့်နောင့်ကို ကိုထူးကစ၏။
" နောင် ခင်လင်းကို ကြွေအောင်လုပ်မလို့လား "
ကိုထူးစကားကို နောင်ပြန်မေဖြဘဲ ရယ်နေလိုက်၏။
နောင့်ကို ခင်လင်းဆီ လိုက်ပို့ရန် ကိုထူးက ကားပေါ်တက်ကာ မောင်းထွက်လာတော့သည်။
*"*******
ကိုထူးမောင်းသည့်ကားလေးက နတ်သမီးကေတီဗွီရှေ့ကျ ထိုးရပ်သွား၏။ ကိုထူးက ခင်လင်းကို ဖုန်းလှမ်းဆက်ပြီး မကြာခင် ခင်လင်းထွက်လာသည်။ ခင်လင်းက တည်ငြိမ်သော
ခြေလှမ်းနှင့် နောင်တို့ရှိရာ လျှောက်လာ၏။ ကားနားရောက်သည်နှင့် ကိုထူးက တံခါးဆွဲဖွင့်ပေးရင်း နောက်ခန်းမှာစီးနေသည့် ကျော်ခအား အရှေ့ကို ပြောင်းလာခိုင်းသည်။ ကျော်ခအရှေ့ကို ပြောင်းထိုင်တော့ ခင်လင်းက အနောက်ခန်း နောင့်ဘေးနား ၀င်ထိုင်၏။
ခင်လင်းကားထဲရောက်သည်နှင့် ကိုထူးက ကားကို စတင်မောင်းထွက်သည်။ ကိုထူးကားလေးက မန်းလေးကျုံးဘေးဆီကို ဦးတည်မောင်းနေ၏။ ခင်လင်းနှင့်နောင် အကြည့်ချင်းဆုံတော့ ခင်လင်းက တစ်ဖက်ကို မျက်နှာလွှဲသွားသည်။ နောင့်ဘေးနားမှာ ထိုင်နေသည့် ခင်လင်းကိုယ်မှ ရေမွှေးနံ့ သင်းသင်းလေး တစ်ချက်တချက် ရသည်။
နာရီ၀က်လောက်ကြာတော့ ကားလေးက တနေရာ၌ ထိုးရပ်သွား၏။
" ကဲ နောင် ရောက်ပြီ မင်းတို့ပြန်ခါနီး ဖုန်းဆက်လိုက် ငါလာကြိုမယ် ခင်လင်း ငါ့သူငယ်ချင်းကို နင့်လက်ထဲ အပ်ခဲ့ပြီနော် "
ကိုထူးက ခင်လင်းကိုပါ လှမ်းစ၏။ ခင်လင်းက ရှက်သည့်အမူရာလေးနှင့်
" ကိုထူးေနာ် " ဟုဆိုသည်။
ကိုထူးတို့ကားက နောင်တို့ကို နုတ်ဆက်ထားခဲ့ပြီး
ပြန်ထွက်သွားကြ၏။ နောင်နှင့် ခင်လင်း ကျုံးနံဘေး လူသွားလမ်းအတိုင်း
လျှောက်လာကြသည်။ ညနေစောင်းဖြစ်သဖြင့် လူသွားလူလာ တော်တော်စည်၏။ နောင်သဘောအကျဆုံးက ပန်းဝါဝါများ အဆုပ်လိုက် ၊ အဆုပ်လိုက် ခဲနေေအာင်ပွင့်နေကြခြင်းပင်။ တချို့ လူသွားလမ်းပေါ် အဝါရောင်အပွင့်သေးလေးတွေ ကြွေနေသည်ကို ကြည့်နေရင်း တကယ်လှပသည့် သဘာ၀ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလို နောင့်စိတ်ကို ကြည်နူးစေ၏။ နောင်တို့ ဆက်လျှောက်တော့
လူလွတ်နေသည့် ခုံလေးတစ်ခုံကို တွေ့လိုက်ရ၏။ ခင်လင်းက ပျော်သွားသည့်ပုံနှင့် နောင့်ကိုလှမ်းပြောသည်။
" ကိုနောင် ဟိုခုံလေးမှာ ခင်လင်းတို့ ထိုင်ကြရအောင် "
နောင်ခေါင်းညိတ်ပြတော့ ခင်လင်းက
ခုံလေးရှိရာ ပြေးသွား၏။ ခုလိုကျတော့လည်း ခင်လင်းပုံစံက ကလေးဆန်နေပြန်သည်။ နောင်ပါရောက်သွားတော့ ထိုခုံလေးပေါ် နောင်ပါ ထိုင်လိုက်ရင်း
တစ်ဖက်ကမ်းဘက်မှ ကျုံးအလှကို နောင်ငေးမိပြန်၏။ ကျုံးရေမျက်နှာပြင်ပေါ် ပြေးလွှားနေသည့် လှိုင်းကြက်ခွပ်များ ငေးကြည့်မိတေ့ မွန်းကြပ်နေသည့် နောင့်စိတ်များ ခဏတာ ကြည်လင်လာသည်။ လေတဖြူးဖြူးတိုက်ခတ်လာတော့ ခင်လင်း၏ ဆံပင်ရှည်များက တဖျပ်ဖျပ်လွင့်နေသည်။ ခင်လင်းကို လှမ်းကြည့်ရင်း နောင်ခေါ်လိုက်၏။
" မခင်လင်း "
" ရှင် "
ခင်လင်းက ပြန်ထူးရင်း နောင့်ကို လှည့်ကြည့်လာ၏။ ခင်လင်းမျက်၀န်းများကို
နောင်စူးစူးစိုက်စိုက် ပြန်ကြည့်နေမိရင်း ....။
************