လွတ်ကျသည့် ဖုန်းကို နောင်ပြန်ကောက်လိုက်၏။ ဖုန်းစကရင် မျက်နှာပြင်ကို ပွတ်ပြီး ပြန်ထပ်ကြည့်လိုက်သည်။ သေချာပါပြီ။
နောင့်ရင်တစ်ခုလုံး တလှပ်လှပ်။ စိတ်က နေမထိထိုင်မသာ။ နောင်ကုတင်ပါ်က ဆင်းလိုက်မိ၏။ ဟိုဘက် ၊ ဒီဘက်
လမ်းေခါက်တုံ့ ၊ခေါက်ပြန် လျှောက်လိုက်သည်။ တခဏအကြာ ကုတင်ထောင့်စွန်းမှာ ထိုင်ချလိုက်
ပြန်၏။ နောင့်ပုံစံကို ဂိမ်းဆော့နေသည့်ကျော်ခက မျက်မှောင်ကြုတ်ပြီး လှမ်းကြည့်သည်။
" ဟေ့ကောင် နောင် မင်းဘာဖြစ်နေတာလဲ လူက ဂနာမငြိမ်တဲ့ပုံနဲ့ ဘာလားကွာ "
ကျော်ခအမေးကို နောင်ပြန်မဖြေမိ။
နောင့်စိတ်ထဲ ၀မ်းသာသလိုလို ၊ ၀မ်းနည်းသလိုလို ခံစားချက်ကြီးသာ ကြီးစိုးနေ၏။
" ကျော်ခ ငါ ငါ ရှင်မကို ပြန်တွေ့ပြီ "
နောင့်စကားကြားတော့ ကျော်ခက မရှင်းသလို ထပ်မေးသည်။
" ဟေ ဘယ်လို ဘယ်လို "
ပြီးမှ ကုတင်ပေါ်မှာ ၀မ်းလျားမှောက်ရက် ဂိမ်းဆော့နေသည့် ကျော်ခက ငေါက်ခနဲ ထထိုင်ပြီး ထပ်မေးသည်။
" နောင် တကယ်လား ဘယ်မှာတွေ့တာလဲ မင်းကောင်မလေးက အခုဘယ်မှာလဲ "
နောင်တစ်ခွန်းချင်း ဖြေလိုက်သည်။
" ဖေ့ဘုတ်ပေါ်မှာ ကျော်ခ မင်းသိရင် မင်းလည်းအံ့ဩမှာ "
ကျော်ခက ဂိမ်းဆော့နေရာက fb ဖေ့ဘုတ်ထဲ ၀င်ကြည့်သည်။
" ဘယ်မှာလဲကွ ငါက ဘယ်လိုရှာရမှာလဲ "
ကျော်ခအမေးကို နောင်ဖြေလိုက်သည်။
" အလင်းဖြူwallကို၀င်ကြည့် "
နောင့်စကားအဆုံး ကျော်ခပါ ၀င်ကြည့်ရင်း တွေ့သွား၏။
" ဟာ အလင်းဖြူတင်ထားတဲ့ ပုံက မင်းမှာရှိတဲ့ ပုံနဲ့ လာတူနေပါလား "
" ဟုတ်တယ် ငါ့ရဲ့ရှင်မက အလင်းဖြူပဲ
ငါပျော်လိုက်တာကွာ ငါ...ငါ ရှင်မဆီ သွားတွေ့မယ် "
နောင့်စကားကြားတော့ ကျော်ခက သက်ပြင်းရှိုက်ရင်း ေခါင်းခါသည်။
" မဟုတ်သေးပါဘူး မင်းချက်ချင်းကြီးသွားတွေ့လို့ အဆင်ပြေပါ့မလား နောင် သေချာစဉ်းစားပါဦး "
" ဘာလို့မပြေရမှာလဲ ကျော်ခရာ ရှင်မက နှစ်ပေါင်းများစွာ ငါရှာနေရတဲ့
သူပါကွ ရှင်မကို ပြန်တွေ့ရပြီ ငါ ငါ အရမ်းပျော်တာပဲ အလင်းဖြူက ရှင်မဖြစ်နေလို့ ငါပိုပျော်မိတယ် "
" မင်း အလင်းဖြူကို သွားတွေ့ရင် ကိုထူးကို ထည့်မစဉ်းစားတော့ဘူးလား နောင်
ငါတော့ ကိုထူးအတွက် စိတ်မကောင်းတာအမှန်ပဲကွာ ကိုထူးကို မင်းဘယ်လိုလုပ်မလဲ "
အပျော်စိတ်ကြားက အလင်းဖြူကို အရမ်းသွားတွေ့ချင်နေသည့်နောင် ၊ ကျော်ခစကားများကြားမှ ကိုထူးအတွက်သတိရသွား၏။ သူ့အပေါ် အစစကောင်းသည့်ကိုထူး ၊ အလင်းဖြူကို သိပ်ချစ်သည့် ကိုထူး။ ရင်ဘတ်ထဲ နင့်မောသွား၏။ နောင်ငိုင်သွားသည်။
" နောင် မင်းမျှော်လင့်တဲ့ ရှင်မကို ပြန်တွေ့ရလို့ ငါတကယ် ၀မ်းသာမိတာအမှန်ပဲ ငါသာ မင်းနေရာမှာဆို ရှင်မကို ကိုထူးနဲ့ပဲ ပေးဆုံမိမှာ "
ကျော်ခကို နောင်စိတ်မဆိုးပါ။ ကျော်ခ ဘာကိုဆိုလိုသလဲ ဆိုတာကို နောင်အသိဆုံးပင်။ နောင်သက်ပြင်း ရှိုက်လိုက်မိ၏။ ကုတင်ပေါ်ပြန်တက်ပြီး ဖုန်းကို ဖွင့်လိုက်သည်။ မီးစိမ်းနေသည့် အလင်းဖြူအကောင့်ကို ကြည့်၍ နောင့်ပါးပြင်ပေါ် မျက်ရည်များ စီးကျလာ၏။ အလင်းဖြူတင်ထားသည့်ပုံကို ကြည့်ရင်း နောင်အားရပါးရ ငိုလိုက်မိသည်။ ကျော်ခက နောင့်အနား ရောက်လာပြီး နောင့်ပခုံးကို ဖြေသိမ့်သည့်အနေနှင့် ပုတ်ပေးသည်။
" မင်း ဘယ်လိုခံစားနေရမလဲဆိုတာ ငါသိပါတယ်ကွာ တိတ်ပါနောင်ရာ စိတ်လျှော့ပါသူငယ်ချင်း "
" ကျော်ခ ရှင်မကို ငါဖွင့်ပြောခွင့် မရှိတော့ဘူးလားကွာ ငါတို့ဘာလို့ အဲဒီလို ကံဆိုးရတာလဲ "
" ငါဘယ်လို ပြောရမလဲနောင်ရာ "
နောင့်ကိုကြည့်ပြီး ကျော်ခပါ မျက်ရည်ဝဲလာသည်။
အလင်းဖြူတင်ထားသည့် ပိုစ့်လေးကို ကြည့်ပြီး ဖုန်းစကရင်ပေါ်က ပုံလေးကို
နောင့်လက်ကလေးနှင့် ပွတ်သပ်နေမိ၏။
ရေးထားသည့်စာလေးက နောင့်ရင်ကို တလှပ်လှပ်ခုန်စေသည်။ " ကျွန်မဘ၀ရဲ့ အမှတ်တရပုံရိပ် " ဆိုသည့်စာသားအောက်မှာမှ အလင်းဖြူက နောင်နှင့်ရှင်မ ရိုက်ထားသည့် ဓာတ်ပုံလေးအား မှန်ဘောင်သွင်းထား၍ ေဖ့ဘုတ်ပေါ်တင်ထားခြင်းပင်။
ထိုပုံလေးမြင်တော့ နောင့်ရင်တစ်ခုလုံး
လန့်ဖျတ် အံ့ဩသွားရသည်။
လွမ်းလိုက်ရတာရှင်မရယ်။ လမင်းကြီးကို မော့ကြည့်ပြီး အားငယ်တတ်တဲ့ ကောင်မလေးလို့ပဲ ငါကထင်ထားတာ။ အခုတော့ နင်က အရမ်းကို ထက်မြက်ပြီး မာနသိပ်ကြီးတဲ့ကောင်မလေးဖြစ်ေနခဲ့ပြီ။ နင်က ဘ၀ကိုအံတုပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေတဲ့အချိန်မှာ ငါက ဘာမှမဟုတ်သေးတဲ့ ခပ်ညံ့ညံ့ကောင်လေးတစ်ယောက်ပါဟာ။
ငါမျှော်လင့်ထားတဲ့ရှင်မက လမင်းကိုမော့ကြည့်ပြီး ငိုတတ်တဲ့ ၊ အရမ်းအားငယ်တတ်တဲ့ ကောင်မလေးပါ။ အဲဒီလို ကောင်မလေးဆိုရင် ငါဟာ သူရိန်ပါဆိုပြီး ဖွင့်ဟ၀န်ခံ နင့်ဘေးနား ပြေးလာမိမှာ အမှန်ပဲ။ နင့်အနားလာဖို့ ငါမဝံ့တော့ဘူးရှင်မရယ်။ နင့်အတွက် ငါဂုဏ်ယူပါတယ်။ လေးလည်းလေးစားတယ်။ တန်ဖိုးလည်းထားရပါတယ်။ အဲဒီလိုပဲ ငါ့ရင်တွေ ကွဲမတတ်ခံစားနေရပါတယ်ရှင်မရယ်။ အဝေးကနေပဲ နင့်ကို ငါချစ်နေပါရစေတော့ ရှင်မရယ်။ ငါ့ကိုခွင့်လွှတ်ပါနော်။ ငါ့ကို နင်ခွင့်လွှတ်ပေးပါ။ ထိုညက နောင်အိပ်မရပါ။ နောင့်ရင်ထဲ နာကျင်နေရသည်။ တစ်ညလုံး အလင်းဖြူအကောင့်လေးသာ ငေးနေမိ၏။ နောင်အိပ်မရသဖြင့်
တရှူးရှူး အိပ်နေသည့် ကျော်ခကို ထားခဲ့ပြီး အိမ်ရှေ့ထွက်လာခဲ့မိသည်။
ထူးသစ်အိမ်ရှေ့ရှိ ခုံတန်းလေးတစ်ခုတွင် ဘာရယ်မဟုတ်ထိုင်ရင်း ဖြတ်သွားဖြတ်လာ ရှိနေသေးသည့် လူအချို့ကို ငေးနေမိသည်။ တခါတခါ ဆွဲငင်အူလိုက်သည့် ခွေးအူသံအချို့ကလွဲလျှင် မန္တလေးမြို့က တိတ်ဆိတ်ငြိမ်သက်နေကြ၏။
ထိုညက နောင်ကြေကွဲစွာ တစ်ယောက်ထဲ ငိုရှိုက်နေခဲ့မိသည်။
*************
" ဟေ့ ဟိုနှစ်ယောက် ထကြကွ နေမြင့်နေပြီ "
ကိုထူးအသံကြားတော့ နောင်နိုးနေရာက မသိချင်ယောင်ဆေင်နေမိ၏။
ကျော်ခက အိပ်ရာက လူးလှိမ့်ထရင်း
" ညက မအိပ်ဘူးအဲကောင် အခု
မထနိုင်ဘူးလားမသိဘူး "
" နောင်က ဘာလို့မအိပ်ရတာလဲ ကဗျာရေးနေတာလားကွ ဟေ နောင် "
ကိုထူးအမေးကို နောင်မသိချင်ယောင်ဆောင်နေသော်လည်း အားနာလာသဖြင့် အိပ်ရာကထလိုက်၏။
" ကိုထူး ငါမနက်ဖန် ရန်ကုန်ပြန်မယ်ကွာ "
နောင့်စကားကြားတော့ ကိုထူးက တအံ့တဩ ငေးကြည့်လာသည်။
" ဘာဖြစ်တာလဲ နောင်ရာ မင်းကလဲ နောက် လေးငါးရက်နေဦးလေကွာ မင်းတို့ကို ငါဘယ်မှမပို့ပေးရသေးဘူးလေ....... "
" ဘာလဲ ငါ့ဘက်က ဧည့်၀တ်မကျေလို့လား ပြောနောင် ဟေ့ကောင် ကျော်ခ နောင်ကဘာဖြစ်နေတာလဲ "
ကိုထူးက ကျော်ခပါ ပတ်မေးနေသဖြင့်
နောင်ကပျာကယာ ထဖြေလိုက်ရသည်။
" အလုပ်ကို စိတ်မဖြောင့်ဖြစ်နေလို့ပါကွာ "
" အလုပ်အတွက်ဆိုရင်တော့ အေးဆေးပဲ မင်းအလုပ်ပြုတ်ရင် မင်းအလုပ်ထက်သာတဲ့နေရာ ငါရှာပေးမယ် ဒီနေ့
မင်းတို့မရောက်ဖူးတဲ့နေရာ အကုန်ပို့ေပးမယ် "
နောင်ဆက်မပြောဖြစ်တော့ဘဲ ရေချိုးခန်းထဲ၀င်လိုက်သည်။ နောင်ေရချိုးပြီး ပြန်ထွက်လာတော့ ကျော်ခကို ကိုထူးက သူသိချင်သည်များ မေးနေပုံရ၏။
" ဟိုမှာလာနေပြီ သူ့သာမေးတော့ "
ကိုထူးက နောင့်ကို ဘာမှဆက်မမေးတော့သလို နောင်ကလည်း မသိချင်ယောင်ဆောင်ပြီး အပြင်ထွက်ဖို့ ပြင်ဆင်ေနလိုက်သည်။ နောင်ပြီးသည်နှင့် သူငယ်ချင်းသုံးယောက် အပြင်ထွက်လာကြ၏။
ဆိုင်တစ်ဆိုင် ၀င်ပြီး မနက်စာ စားလိုက်ကြသည်။ ကိုထူးက ငြိမ်သက်နေသည့် နောင့်ကို အကဲခတ်နေသည်။
" နောင် မင်းတစ်ခုခု ဖြစ်နေတယ်မဟုတ်လား ငါသိခွင့်ရမလား ငါ့ကိုပြောဖို့မခက်ခဲရင် ပြောပြပါလား "
ကိုထူးကို နောင်အားနာသွား၏။
ခေါင်းခါပြရင်း
" ဘာမှမဟုတ်ပါဘူးကွာ အဖေ့အကြောင်းတွေးမိလို့ပါ "
ဟု ဖြေလိုက်သည်။ ကိုထူးက စိုးရိမ်စိတ်ပူစွာ မေးသည်။
" မင်းအဖေ ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား ဒါမှမဟုတ် မင်းငွေလိုနေလား
မင်းကွာ ငါ့မှရင်မဖွင့်ရင် ဘယ်သူ့ရင်ဖွင့်မှာလဲ ငယ်ထဲက ပေါင်းလာရတဲ့သူငယ်ချင်း မဟုတ်ပေမယ့် မင်းနဲ့ကျော်ခကို ငါ့စိတ်ထဲ ညီအစ်ကိုရင်းလို ချစ်ခင်ရတယ်ဆိုတာ မင်းတို့ယုံပေးပါ "
ကိုထူးက ဂရုစိုက်လွန်းသည့်အခါ ကြာတော့ ကိုထူးကို နောင်အားနာလာရသည်။
" ဘာမှမဟုတ်ပါဘူး ကိုထူးရာ ငါက ခဏ ခဏ အဲဒီလို ဖြစ်တတ်လို့ပါ "
နောင့်အဖြေစကားကို ကိုထူးသိပ်မကျေနပ်သော်လည်း ဘာမှ ဆက်မေပြာတော့ပါ။
ကျော်ခက ၀င်ပြော၏။
" သူ့ကောင်မလေးကို လွမ်းလို့တဲ့ သူ့ရှင်မက နောက်ရည်းစားရသွားလို့ "
" ဟေ့ကောင် မင်း မင်း "
ကျော်ခစကား ကြားတော့ နောင်ဘာကြောင့်မှန်းမသိ။ ကျော်ခကို စိတ်တိုပြီးအော်လိုက်မိ၏။ တခဏတာ သတိလက်လွတ်ဖြစ်သွားသည့် နောင့်အသံကြောင့် ဆိုင်းအတွင်းထိုင်နေသည့် လူအချို့ကပါ နောင်တို့ဝိုင်းကို လှမ်းကြည့်လာသည်။
ကျော်ခက နောင့်အဖြစ်ကိုမြင်ပြီး သတိရသွားဟန်နှင့်
" ဆောရီးနောင် ငါသတိလစ်သွားတယ်
အရင်လိုထင်ပြီး ငါစလိုက်မိတာ "
ဟုဆိုသည်။ ကျော်ခတောင်းပန်စကားကို ကြားမှ နောင်လည်း စိတ်နှင့်လူ မကပ်သည့်အဖြစ်ကို သတိရသွားပြီး ပြန်ဖြေလိုက်သည်။
" ရပါတယ်ကွာ ငါပြန်
ချင်တယ် ကိုထူး ငါတို့တည်းတဲ့နေရာ ပြန်ပို့ကွာ "
" မင်းနားချင်ရင် ပြန်နားလေ ငါလိုက်ပို့ပေးမယ် "
ကိုထူးက နောင်တို့ကို ပြန်ပို့ပြီး အပြင်ခဏ ပြန်ထွက်သွားသည်။
" ငါအပြင်ခဏ သွားဦးမယ်နော် "
နောင်ေခါင်းညိတ်ပြ၍ အခန်းထဲတန်း၀င်ကာ အိပ်ရာပေါ်လှဲရင်း လူးလှိမ့်နေမိ၏။ တအောင့်အကြာမှ ေနာင့်လက်က ဖုန်းနံပါတ်စိမ်းတစ်ခုကို ခေါ်လိုက်မိသည်။ ဖုန်းက ၀င်သွားသော်လည်း တော်တော်နှင့်မကိုင်ပါ။ ဖုန်းကျခါနီးဖုန်းမကိုင်တော့ဘူးထင်မှ ဖုန်းလာကိုင်၏။
" ဟယ်လို ဘယ်သူပါလဲရှင် ကျွန်မ ခင်လင်းပါ "
ခင်လင်းအသံက ကြည်လင်ပြီး ချိုသာလွန်းသဖြင့် နားထောင်လို့ ကောင်းသည်။
" ကျွန်တော် နောင်ပါ မခင်လင်း
ကျွန်တော် ရန်ကုန်မပြန်ခင် မခင်လင်းနဲ့ တွေ့ပါရစေလား "
" ရှင် "
အံ့ဩသလို အသံလေးနှင့် ခင်လင်းဘက်မှ အသံတိတ်ဆိတ်သွား၏။ ပြီးမှ
" ဟုတ်ကဲ့ ကိုနောင်အဆင်ပြေမယ့်နေ့ ခင်လင်းဖုန်းကို ဆက်လိုက်ပါရှင် "
ဟုဖြေသည်။
" ကျေးဇူးပါမခင်လင်း ကျေးဇူးအရမ်းတင်ပါတယ်ဗျာ "
ခင်လင်းကို ကျေးဇူးတင်စကားဆိုရင်းနောင်ဖုန်းချလိုက်သည်။ နောင့်ရင်ထဲ
တဆစ်ဆစ်နှင့် နာကျင်နေမိ၏။ အိပ်ရာထဲခွေပြီး ငိုင်နေသည့် နောင့်ကို ကျော်ခက နားမလည်သလို မေးသည်။
" မင်းဘာဖြစ်နေလဲနောင် မင်းဘာဖြစ်ချင်လဲ ပွင့်ပွင့်လင်းလင်း ငါ့ကိုတိုင်ပင်လေ "
ကျော်ခအမေးကို နောင်းခေါင်းခါပြရင်း ပြောလိုက်သည်။
" အခုချိန် ငါဘာမှ မပြောချင်ဘူးကွာ ဘာမှလည်း မပြောနိုင်ဘူး "
နောင့်စကားကြားတော့ ကျော်ခက မကျေမနပ်ဆိုသည်။
" အေး မပြောချင်ရင်လည်း အရင်လို ပုံစံမပျက် နေလေကွာ အခုကျ မင်းက ဒီလိုပုံစံနဲ့ နေနေတော့ ငါတို့က ဘယ်လိုနေရမလဲ ကိုထူးလည်း သနားပါဦး မင်းကို ငါ့ထက်တောင် ကိုထူးပိုချစ်တာ မင်းအသိဆုံး "
" အေး အဲဒီလို သိလို့ ငါပိုခံစားနေရတာ
ငါအနှစ်နှစ်အလလက မျှော်လင့်ခဲ့ရတဲ့ သူ ငါမြတ်နိုးရတဲ့သူ ငါသိပ်ချစ်ရတဲ့သူ
ငါအခု ပြန်တွေ့ရပေမယ့် ငါ သူရိန်ပါလို့
ဖွင့်မပြောနိုင်ရတဲ့ငါ့ဘ၀ မင်းမှအဲဒီခံစားချက် မခံစားဖူးတာ မင်းဘယ်ကိုယ်ချင်းစာနိုင်ပါ့မလဲ "
နောင့်ရင်ထဲက စကားအချို့ မခံမရပ်နိုင်ဖြင့် ပွင့်အံထွက်လာရသည်။ နောင့်မျက်နှာက ဒေါသကြောင့်လား ၊ အလိုမကျစိတ်ကြောင့်လားမသိ။ မျက်နှာတစ်ခုလုံး နီရဲနေသလို အောက်နုတ်ခမ်းပါးအား အပေါ်ရှေ့သွားများနှင့် ဖိကိုက်ထားေလ၏။ နောင့်ကိုကြည့်ပြီး ကျော်ခက ခေါင်းခါရင်း ဆက်ပြောသည်။
" မဟုတ်သေးပါဘူး နောင်ရာ အလင်းဖြူဟာ ရှင်မဆိုတာ ကိုထူးသိသွားရင်
မင်းတို့ကြားက ဆက်ဆံမှု တမျိုးတဖုံေပြာင်းလဲသွားနိုင်တယ် ဆိုတာ မင်းက ငါ့ထက် ပိုသိပါတယ်ကွာ
နောက်တစ်ခုက မာနသိပ်ကြီးပြီး အကျင့်သိက္ခာကို သိပ်တန်ဖိုးထားတဲ့ရှင်မက
မင်းအကြောင်းသိရင် မင်းကို သူလက်တွဲမှာလား လက်ထပ်ရဲမှာလား
မင်းကကော ရှင်မကို ချစ်တယ်ပြောပြီး
မင်းရဲ့ဘ၀ကြီးကို သူ့အတွက် ဇွတ်ပေးမှာလား အဲဒါဆိုရင်တော့ မင်းအချစ်ကိုငါပျက်ရယ်ပြုရလိမ့်မယ်နောင် "
ကျော်ခစကားအဆုံး နောင့်ရင်ထဲ နာကျင်ရလွန်းသဖြင့် မချိတင်ကဲ ကျော်ခကို မေးလိုက်မိသည်။
" မင်းပြောပုံအရဆို ငါက ငါချစ်ရသူကို တစ်သက်လုံး မပက်သက်ဘဲနေရမှာလား ငါဟာ သူရိန်ပါလို့ ဖွင့်မပြောရဘူးပေါ့ ဟုတ်လားကျော်ခ ကံကြမ္မာက ဘာလို့ ငါ့ကို အဲဒီလောက် ရက်စက်ရတာလဲကွာ "
ကျော်ခက နောင့်အနားလျှောက်လာ၏။ ပြီးမှ နောင့်ပခူံကို လှမ်းဖက်ပြီးပြောသည်။
" ငါလည်း မင်းအတွက် စိတ်မကောင်းဖြစ်နေရတယ်ဆိုတာ
ယုံပါကွာ မင်းကိုမမှီပေမယ့် မင်းနဲ့ထပ်တူ ခံစားနေရတာပါကွာ ဒါပေမယ့်
ရှင်မကို မင်းတကယ်ချစ်ရင် သူ့အတွက်ပဲ မင်းစဉ်းစားပါနောင် "
" ရှင်မကို ငါသိပ်ချစ်တယ် ရှင်မမှန်းမသိခင်ကထဲက အလင်းဖြူကို ငါ့မသိစိတ်က ချစ်နေခဲ့မိတာ ကျော်ခရ အခုလိုအချိန်ကျမှ ငါက ရှင်မကို မသိသလို ၊ ငါသူရိန်မဟုတ်သလို ဟန်ဆောင်နေရမယ်ပေါ့ ငါ့အတွက် ရှင်မအတွက် အဲဒီလုပ်ရပ်က တရားတယ်လို့ ထင်လားကွာ "
" ရှင်မဟာ စာရေးဆရာမ မဟုတ်ဘဲ သာမာန်ကောင်မလေးတစ်ယောက်ဆိုရင် ငါအခုလောက်ထိ ပြောမိ တားမိမယ်မထင်ဘူး နောင် မင်းတို့ တစ်ယောက်နဲ့တစ်ယောက်သိသွားရင် ရှင်မကို မင်း ပိုဒုက္ခပေးမိသလို ဖြစ်နေမယ်ဆိုတာ ထည့်ပြီးမင်းအရင် စဉ်းစားပါ အရင်လို ပျော်ပျော်နေပါ နောင်ရာ နော် အချိန်ကြာလာရင် ရှင်မကို မင်းမေ့သွားမှာပါ "
ကျော်ခစကားနားထောင်ပြီး နောင်ခေါင်းခါပြလိုက်၏။
" ငါမေ့နိုင်ပါ့မလား ကျော်ခရာ ငါ ရှင်မကို သေမှ မေ့နိုင်မှာကွ "
ထိုစကားကို နာနာကျင်ကျင် ပြောေနသည့် နောင့်ပါးပြင်ပေါ်သို့ မျက်ရည်များစီးဆင်းကျလာကြသည်။
နောင်တို့စကားပြောပြီး ခဏအကြာ ကိုထူးပြန်ရောက်လာ၏။
" ဟေ့ကောင်တွေ ဒီနေ့ ပြင်ဦး
လွင် မရောက်ခင် ငါးမိုင်နဲ့ ခြောက်မိုင် ခုနှစ်မိုင် လိုက်ပို့ပေးမယ် "
" ငါမသွားချင်ဘူး ကိုထူး ငါဒီည အရမ်းမူးချင်တယ်ကွာ ပြီးတော့ ဂစ်တာတစ်လက်ရချင်တယ် ငါ သီချင်း အရမ်းဆိုချင်တယ်ကွာ "
နောင့်ကိုကြည့်ပြီး ကိုထူးသက်ပြင်းရှိုက်သည်။
" အေး ဟုတ်ပြီ မင်းတို့အဲဒါဆို အိမ်မှာပဲသောက်ကြ ဆိုင်မှာမေသာက်နဲ့ ငါစီစဉ်ပေးမယ် ဂစ်တာလည်း ငါတအောင့်နေယူလာခဲ့မယ် အိုခေ သူငယ်ချင်းတို့ ပျော်အောင်နေ "
ပြောပြောဆိုဆို ကိုထူး အပြင်ပြန်ထွက်သွားသည်။
နောင့်ကိုကြည့်ရင်း ကျော်ခ စိတ်တိုနေသဖြင့် ဘာမှ ပြန်မပြောတော့ဘဲ ဂိမ်းသာဆော့နေ၏။
နာရီ၀က်ကျော်ေကျာ်ကြာတော့ ကိုထူးပြန်ရောက်လာပြီး စားသောက်စရာအစုံနှင့် ဂစ်တာတစ်လက်ပါပါလာသည်။ ကျော်ခက ကိုထူးယူလာသည့် အစားအသောက်များကို ပန်းကန်အချို့ထဲ ထည့်ပြီး စားသောက်ရန် ပြင်ဆင်သည်။ ကျော်ခက
ကိုထူးယူလာသည့် ရေခဲစိမ်မြန်မာဘီယာ ပုလင်းများကို ထည့်ရန် ဖန်ခွက်များ မီးဖိုထဲ၀င်ယူ၍
အားလုံးသေက်ရန် ပြင်ဆင်ပေး၏။
နောင်က ကိုထူးလက်ထဲက ဂစ်တာလှမ်းယူရင်း
ကြိုးညှိလိုက်ကာ ကိုထူးကိုမေးလိုက်သည်။
" မင်းဂစ်တာက အသစ်ကြီးပါလားကိုထူး "
ကိုထူးက ပြုံးပြီးဖြေ၏။
" ဟုတ်တယ် မင်းတီးချင်တယ်ဆိုလို့ ငါ့အသိဆိုင်က ၀ယ်လာပေးတာ မင်းရန်ကုန်ပြန်ရင် ယူသွား ငါ့လက်ဆောင် "
" အားနာစရာကိုထူးရာ "
ကြိုးကို အသံစမ်းရင်း နောင်ဆိုလိုက်သည်။
" မင်းနဲ့ငါ့ကြား အားနာစရာလိုလို့လားနောင် ဒီလောက်ကိစ္စတွေက ငါတို့ကြားမှာ ဘာမှမပြောပလောက်အရာပါကွာ နောက်တစ်ခု ရှိသေးတယ်နောင်
မင်းကဗျာတွေကို စာအုပ်ထုတ်ပေးဖို့ ငါ အစ်ကိုခက်ဝေနဲ့ တိုင်ပင်စီစဉ်ထားတယ် အဲဒါ မင်းကို မပြောဘဲ သိမ်းထားတာ
ရုတ်တရက် မင်းကို ၀မ်းသာစေချင်လို့ "
ဂစ်တာကြိုးညှိနေရာက ရပ်လိုက်ပြီး
ကျော်ခပြင်ဆင်နေသည့် အရက်ဖန်ခွက်ကို နောင်တရှိန်ထိုး မော့ချလိုက်၏။ လည်ချောင်းမှတစ်ဆင့် ရင်ထဲပူဆင်းသွားသည့်အရာမှန်းသိရက် နောင် တစ်ခွက်ပြီး တစ်ခွက် ဆင့်သောက် လိုက်သည်။ ကိုထူးနှင့်ကျော်ခ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြတော့ ကျော်ခက ကိုထူးကို ပုခုံးတွန့်ပြသည်။
နောင် ဂစ်တာကို ပြန်ယူရင်း တီးလိုက်၏။
နောင်နာနာကျင်ကျင် သီချင်းတစ်ပုဒ် ဆိုလိုက်သည်။ နောင့်အသံက ဆွေးမြေ့နေ၏။
သီချင်း ချစ်သူ
မနက်ဖန်ဆိုရင်လည်း လွမ်းရဦးမယ်
ဘယ်အချိန်ထိ ခံစားလို့နေရမလဲ
ငါ့ကိုထားခဲ့တော့
မဖြေနိုင်အောင် အလွမ်းတွေအပြည့်နဲ့
ကျန်ခဲ့ပြီ
စူးရှတဲ့ အကြည့်လေးတွေ တမ်းတရင်းလေ
ဟိုအရင်ချိန်က ငါ့ရင်ထဲ
ပြောတဲ့ စကားလေးတွေ ပြန်လည်ကာ
ကြာယောင်မိတော့ ငါ့ရူးချင်တယ်
ဒီအချိန်မှာ ငါ့လွမ်းနေတာ မင်းမှမရှိ
တာ
ရင်ခွင်မှာ ငိုကြွေးနေ မင်းမသိတော့ပါ
နောင်ဘဝထဲ့ စောင့်လိုပါဦး အချစ်ဆုံး
လေးရာ
ငါ့လည်းပဲ တစ်နေ့တော့ မင်းနောက်
လိုက်လားခဲ့မှာ
..........
အတိတ်ကို ပြန်လည်တွေးရင်
မြတ်ဘုရားရဲ့ရှေ့ မှာ
လိုချင်တဲ့ ဆုတောင်လေးတွေ မပြည့်ခဲ့
ရှေ့ကို တွေးကြည့်ပါ
ငါ့ဘယ်လို အသက်ဆက်ပြီးတော့ ရှင်
ရမှာ
မင်းလေးရဲ့ ငိုငြီးသံ ပြန်ကြားပြီးတိုင်း
မှာ
ပြန်လာပါလို့ မပြောချင်လည်း ရှေ့ကို
တွေးကြည့်ပါ
ငါဘယ်လို အသက်ဆက်ပြီးတော့ ရှင်
ရမှာ
(ဒီအချိန်မှာ ငါ့လွမ်းနေတာ မင်းမှမရှိ
တာ
ရင်ခွင်မှာ ငိုကြွေးနေ မင်းမသိတော့ပါ
နောင်ဘဝထဲ စောင့်လို့နေပါဦး
အချစ်ဆုံးလေးရာ
ငါ့လည်းပဲ တစ်နေ့တော့ မင်းနောက်
လိုက်လားခဲ့မှာ......)2cho:
နောင့်သီချင်းထဲ ကိုထူးနှင့် ကျော်ခပါ စီးမျောသွားကြူည်။
နောင့်သီချင်းသံဆုံးတော့ ကိုထူးကဆိုသည်။
" နောင် မင်းအဆိုတော်လုပ်ကွာ အရမ်းအသံကောင်းတယ် "
ကိုထူးကို နောင်ခေါင်းခါပြရင်း ပြောလိုက်၏။
" ငါ ဘာမှမဖြစ်ချင်တော့တာပါကွာ ငါ့ဘ၀မှာ အစစ အကုန်ပျက်စီးသွားကြပြီကွ
ကိုထူး အရမ်းတန်ဖိုးကြီးတဲ့ အရာတစ်ခုကို မင်းစွန့်လွှတ်ရမယ်ဆိုရင် မင်းဘယ်လိုခံစားရမလဲဟင် "
နောင့်အမေးကို ကိုထူးက ပြုံးရင်းဖြေသည်။
" အရမ်းနှမျောမိမှာ ေသချာတာပေါ့
နေပါဦး နောင် မင်းတစ်ခုခု ခံစားနေရတာလား ငါ့ကိုပြောလို့ရလား "
ကိုထူးအမေးကို နောင်မကြားချင်ယောင် ဆောင်လိုက်၏။ နောင်သိချင်သည့်အရာသာ ကိုထူးကို ဆက်မေးလိုက်သည်။
" မတော်တဆ မင်းရဲ့အလင်းဖြူကို မင်းစွန့်လွှတ်ရမယ်ဆိုရင် မင်းဘယ်လိုခံစားရမလဲ "
" အင်း ငါအရမ်းခံစားရမှာပေါ့ သူ့ကို ငါသိပ်မြတ်နိုးတာလေကွာ ဒါပေမယ့် အလင်းဖြူကို ငါက ရအောင် လက်ထပ်မှာ သူလက်ခံလာမယ့်နေ့အထိ ငါစောင့်နေမှာ သူ့ကို ငါဘယ်တော့မှ မစွန့်လွှတ်ဘူးနောင် "
ကိုထူးအဖြေကြားတော့ နောင် နာနာကျင်ကျင် ပြုံး၏။
" တစ်ခါတလေ အချစ်ဆိုတာ သိပ်ချစ်နေပေမယ့် စွန့်လွှတ်ရတာတွေရှိတယ်
ကိုယ်ပိုင်ဆိုင်ချင်ပေမယ့် မပိုင်ဆိုင်ရက်တာမျိုးပေါ့ မင်းက ဒါတွေ သိမှာမဟုတ်ပါဘူးကွာ "
နောင့်စကားကြားတော့ ကိုထူးမျက်မှောင်ကြုံ့သွားသည်။
" နောင် မင်းရှင်မနဲ့ပက်သက်တာ တစ်ခုခုဖြစ်နေလား တခုခုဖြစ်ရင် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောသင့်တယ်မဟုတ်
လား ငါတို့က သူငယ်ချင်းလေကွာ "
ကိုထူးအမေးကို နောင်ဖြေရန်
သင့်တင့်မည့်စကားလုံး ရှာနေမိစဉ် ကျော်ခဆီက အသံထွက်လာ၏။
" သူ့ရှင်မက ယောက်ျားယူသွားပြီ ကိုထူးရေ့အဲဒါကြောင့် သူအသည်းကွဲပြနေတာ "
ကျော်ခစကားကို မယုံသည့်ဟန်နှင့် " ဟုတ်လားနောင် " ဟု ကိုထူးကလှမ်းမေးေသးသည်။
နောင်ဆက် မဖြေဘဲ ထိုနေ့က တစ်ခွက်ပြီးတစ်ခွက် ဆင့်ဆင့်ပြီး အမူးသောက်လိုက်မိလေသည်။
*************
နောက်ရက်များကျ ကိုထူးက ပြင်ဦးလွင်အနှံ့လိုက်ပို့သလို ခြောက်မိုင် ၊ ငါးမိုင် ၊ ခုနှစ်မိုင်ပါ လိုက်ပို့၏။ ခေတ္တခဏတော့ နောင့်စိတ်များ သက်သာလာသလို ရှိလေသည်။ မန္တလေး အထင်ကရနေရာများလည်း လိုက်ပို့ေပးသည်။
ကိုထူးသည် နောင်တို့အပေါ် ဧည့်၀တ် တော်တော်ကျေပါသည်။
နောက်ထပ် နှစ်ရက်အကြာ နောင်နှင့်ကျော်ခအား ကိုထူးက ဧရာ၀တီ စာပေပွဲတော်သို့ ထပ်မံလိုက်ပို့ေပး၏။ ကဗျာဆရာ ကိုခက်ဝေအပြင် နာမည်ရ ကဗျာဆရာအချို့နှင့်
စာရေးဆရာကြီးများပါ ပါသည်။
ဧရာ၀တီ စာပေပွဲတော်ကျင်းပသည့် အဆောက်အဦးထဲ ၀င်လိုက်သည်နှင့်
ကဗျာဆရာကိုခက်ဝေ၏အေဖာ် ဆရာမတစ်ယောက်က မိန်းကလေးတစ်ယောက်အား လှမ်းနှုတ်ဆက်သည်။ ထိုနှုတ်ဆက်လိုက်သည့် မိန်းကလေးအား နောင်တို့ အမှတ်မထင် လှမ်းကြည့်မိရာ ခေတ္တခဏ သူ့အလှကြားမှာ နောင်ဆွံ့အသွား၏။
ထိုမိန်းကလေးအား ငေးမိသည့်တခဏ ဘာကြောင့်မှန်းမသိ ၊ နောင့်ရင်ထဲ ရင်ခုန်နှုန်း မြန်လာတော့သည်။
*********