အွန်လိုင်းက ပစ္စည်းအမှာစာရင်းကို သေချာစစ်လိုက်၏။ မန္တလေးမြို့တွင်းကေတာ့ နွေးဘာသာ လိုက်ပို့သည်။ ဖုန်းတစ်လုံးနှင့် လိပ်စာအတိကျမေးရသလို ၊ တချို့နေရာများဆို နွေးပင် မရောက်ဖူးပါ။ မေးစမ်းရင်း သွားရသည်။ တခါတလေ လမ်းကမှားသေး၏။ တစ်ခုတော့ကောင်း၏။
ဘယ်မှမသွားတတ်သည့်နွေးအတွက်
တော်တော် သွားတတ်လာသည်။
ပို့ရမည့်ပစ္စည်းများ နွေးဆီရောက်တော့ နွေးက အချိန်မဆွဲဘဲ လိုက်ပို့သည်။
တခြားမြို့ကဆိုလျှင် မြို့ခံ deliveryနှင့် ချိတ်ဆတ်ပေးရပြန်သည်။
တစ်ချို့ဆို ကားဂိတ်ကတစ်ဆင့် ၊ တစ်ချို့ကျ စာတိုက်ကတစ်ဆင့်။ သည်အလုပ်က စလုပ်ခါစ အဆင်ပြေပါ့မလားတွေးပူမိသော်လည်း အခုနောက်ပိုင်း လုပ်ငန်းက တဖြည်းဖြည်း သင်လာပါသည်။ သည်နေ့လည်း မန္တလေးနေ လေးဦးကို ပို့ပေးရမည်။ တခြားသူကိုမငှါးဘဲ နွေးကိုယ်တိုင် လိုက်ပို့၏။
နွေးဆီ ရောက်နေသည့်ပစ္စည်းများကို နာမည် ၊ အကောင့်နှင့် ဖုန်းနံပါတ် လိပ်စာ တွဲထားသည်။ တစ်ဦးက ကျွဲဆည်ကန်ကား၀င်းနားက မဟန်နီ။
နောက်တစ်ဦးက ဘုရားကြီးအနောက်မုခ်က မသက်ဝေ။ နောက်တစ်ဦးက အမရပူရက မခိုင်ခိုင်။ နောက်တစ်ဦးကတော့ ၆၂ လမ်းက ဧကရီ။
ပို့ရမည့် အထုပ်တွေ သေချာထုပ်ပိုးပြီး အိမ်ကစထွက်လိုက်သည်။ လမ်းအသင့်ဆုံးနှင့် အဆင်ပြေသည့်နေရာက အရင်စပို့ရမည်။
ကျွဲဆည်ကန်ကား၀င်းနားက မမဟန်နီဆီ အရင်ပို့ရန် မောင်းလာခဲ့၏။
ကျွဲဆည်ကန် ကား၀င်းနားရောက်တော့
မမဟန်နီဖုန်းကို အဆတ်မပြတ်ခေါ်ရသည်။
ဖုန်းက၀င်ပြီး မကိုင်ပါ။
စိတ်အနည်းငယ် မောသွားရ၏။
Sm ကနေ ပစ္စည်းလာပို့တာပါမမဟု
သုံးလေးစောင်ဆက်တိုက်ပို့လိုက်သည်။ သိပ်မကြာခင် ဖုန်းအ၀င်ေကာ ပြန်၀င်လာ၏။ ကိုင်လိုက်တော့ မမဟန်နီဖုန်း။
" ဟယ်လို မမဟန်နီ မမမှာတဲ့ ပစ္စည်းလေး လာပို့တာပါ "
" ညီမလေးရေ ဖုန်းနားမရှိလို့ မသိလိုက်တာပါ မမအခုထွက်လာပြီ ခဏနော်ညီမလေးရောက်တဲ့နေရာကပဲစောင့်နော် "
" ဟုတ်ကဲ့ပါမမ ကျေးဇူးတင်ပါတယ် "
ဖုန်းချပြီး ခဏစောင့်လိုက်သည်နှင့် မမဟန်နီ့ကို တွေ့လိုက်ရပြီ။ နွေးကို မှတ်မိပုံရ၏။ လက်လှမ်းပြသည်။
" စောင့်ရတာ အားနာလိုက်တာညီမလေးရယ် ညီမလေးက အပြင်မှာပိုချောတယ်နော် ချစ်စရာလေး "
ဖော်ရွေသည့် မမဟန်နီကို နွေးရယ်ပြလိုက်၏။ တမြို့ထဲ နေကြသော်လည်း အပြင်မှာ မမြင်ဖူးကြပါ။
အွန်လိုင်းပေါ်မှာခင်ပြီး မိတ်ဆွေဖြစ် ၊ အားပေးကြခြင်းဖြစ်သည်။ မမဟန်နီကတော့ ပရိုဖိုင်ထဲကပုံထက် အပြင်မှာ အနည်းငယ် ပို၀ပါသည်။
" မမရေ အခုလိုအားပေးတာ ကျေးဇူးပါနော် နောက်လည်း နွေးကို အားပေးပါနော် "
" ရပါတယ်ညီမလေးရေ နောက်လည်းအမြဲအားပေးမယ် နွေးက သိပ်ခင်ဖို့ကောင်းတာပဲ စာေရးလည်း တော်တယ်နော် နွေးစာလေးတွေ အမြဲဖတ်ဖြစ်တယ် "
" ကျေးဇူပါမမ အဲဒါဆို နွေးသွားပြီနော်
နောက်ထပ်ပို့ရဦးမှာမို့ ခွင့်ပြုပါနော်မမ"
" အိုခေ ညီမလေး ဘိုင့်ဘိုင် "
မမဟန်နီကို နုတ်ဆက်ပြီး ကျွဲဆည်ကန်လမ်းကတစ်ဆင့် အမရပူရဆီ ဦးတည်မောင်းလာလိုက်၏။ အမရပူရ ၊ ဗားကရာတိုက်နားဆိုသဖြင့် ဗားကရာတိုက်နားရောက်သည်နှင့် မခိုင်ခိုင်ဖုန်းကို ဆက်လိုက်သည်။
" ဟုတ် မခိုင်ခိုင် နွေး ဗားကရာေကျာင်းေရှ့ ရောက်နေတယ် မမ အဲဒါ ဘယ်ကိုဆက်လာရမလဲဟင် ဟုတ်မမ ဟုတ်
အဲဒါဆို ဒီနားကပဲ နွေးရပ်စောင့်နေလိုက်မယ် ဟုတ်ကဲ့ပါမမ ဪ နွေး
အပေါ်က အင်္ကျီနက်ပြာနဲ့ ဘောင်းဘီအနက်နဲ့ပါ ဟုတ်မမ ပစ္စည်းငွေက
အားလုံးပေါင်း ၄၈၀၀၀ ပါမမ ဟုတ်ကဲ့ပါမမ အားေပးတာေကျးဇူးတင်ပါတယ်မမ "
မခိုင်ခိုင်က ဗားကရာလမ်းထိပ်ကို သူထွက်ခဲ့မည်ဟု ဆိုသည်။ သူ့အိမ်က အွန်လိုင်းမှာ၀ယ်တာ မသိစေချင်လို့ဆိုတော့ နွေးပဲ ရပ်စောင့်နေလိုက်ပါသည်။ ဆယ်မိနစ်လောက်စောင့်တော့ မခိုင်ခိုင်ရောက်လာ၏။
နွေးအား ကျသင့်ငွေ ရှင်းပြီး မှာသည့်ပစ္စည်းများ စစ်ယူသည်။
" နောက်လိုအပ်လည်း မှာပါနော်မမ
မမတို့ ဈေး၀ယ်သူတွေ စိတ်ချမ်းသာရ
စေပါမယ် "
" အမလေး ငါ့ညီမလေးမြင်လိုက်ထဲက
ပိုချစ်သွားလို့ နောက်ထပ်အားပေးမယ်သိလား "
" ကျေးဇူးပါမမ အဲဒါဆို နွေးသွားပြီနော် "
မခိုင်ခိုင်ကို နုတ်ဆက်ပြီးသည်နှင့် ဘုရားကြီးအနောက်မုခ်ကို ဆက်မောင်းလာသည်။ အမရပူရက ထွက်တော့ နေက မွန်းတည့်လာပြီ။ မန္တလေးအပူရှိန်က မြင့်မြင့်လာသဖြင့် နွေး၏ဖြူနုသော မျက်နှာလေးက နီရဲလာ၏။ အနောက်မုခ်နားရောက်တော့ ပစ္စည်းမှာသည့်မမက မန္တလေး စစ်ကိုင်းလမ်းမကြီးဘေး၌ နေသူ ဖြစ်သဖြင့် နွေးအတွက် သိပ်မခက်ခဲပါ။
နွေး ဖုန်းခေါ်လိုက်၏။ အခန့်သင့်ပင် မသက်ဝေက ဖုန်းကိုင်ပါသည်
" ညီမလေးရောက်ပြီလား "လမင်းလေး "ထမင်းဆိုင်ကိုလာလိုက်ေနာ်ညီမေလး
လမ်းဘေး မှာ ဆိုင်ဆိုင်းပုဒ် ကြည့်လိုက်နော် ညီမလေး "
မသက်ဝေစကားအဆုံး လမ်းဘေးတစ်ဖက်တစ်ချက် အကဲခတ်ရှာကြည့်ရင်း ဖြည်းဖြည်းမောင်းလာလိုက်သည်။
ဟော။ တွေ့ပြီ။ " လမင်းလေး" ထမင်းဆိုင် ဆိုင်းပုဒ်ရှေ့ ဆိုင်ကယ်ကို ထိုးရပ်လိုက်၏။
" ညီမလေး လာ လာ "
မသက်ဝေက ဖော်ဖော်ရွေရွေပင် နှုတ်ဆက်ခေါ်သည်။
" delivery ငှါးပါလား ညီမရယ်
ကိုယ်တိုင်ပို့တာ ပင်ပန်းလိုက်တာ "
နွေးပြန်ပြုံးပြရင်း ဖြေလိုက်၏။
" ကိုယ်တိုင်လိုက်ပို့တော့ ပို့ခပါ ရတာပေါ့မမရယ် နောက်တစ်ခုက ကာစတန်မာတွေကို စိတ်ပိုချမ်းသာစေတယ်လေ ပြီးတော့ ရင်းနှီးေနွးထွေးမှုလည်း ဖြစ်စေတာပေါ့မမ "
နွေးစကားအဆုံး မသက်ဝေက ရေခဲသေတ္တာထဲက ကျွဲရိုင်းတစ်ဗူး ထုတ်လာပေးသည်။
" ညီမလေး သောက်လိုက်နော် အမောပြေ "
နွေးအားနာစွာ ငြင်းလိုက်၏။
" မသောက်တော့ပါဘူးမမရယ် "
" အအေးတစ်ဗူးဖိုးတော့ တိုက်နိုင်ပါတယ်နော် ကိုယ့်ညီမလေးကို "
မသက်ဝေစကားကြောင့် လှမ်းေပးေနသည့် အအေးဗူးကို အားနာပြီး ယူလိုက်ရ၏။
နွေးကို မြင်သည့်သူတိုင်း ချစ်ခင်နှစ်သက်ကြခြင်းမှာ ဘုရား၊ တရား ရိုသေကိုင်းရှိုင်းသည့် အကျိုးကျေးဇူးကြောင့်ဟု ထင်ပါသည်။
မသက်ဝေကို နှုတ်ဆက်ပြီး နောက်ဆုံး
၆၂ လမ်းရှိရာ ပြန်မောင်းလာခဲ့၏။ နောက်ဆုံး ကာစတန်မာက ဧကရီပင်။ သူ့ပစ္စည်းက မိန်းကလေးအလှပြင် ပစ္စည်းများဖြစ်၍ အားလုံးပေါင်း သုံးသောင်းခွဲဖိုး ကျသည်။
လေးဆယ့်ငါးမိနစ်လောက် မောင်းလိုက်တော့မှ ၆၂ လမ်း လမ်းမကြီးကို ရောက်လာ၏။ ဧကရီပေးထားသည့် ဖုန်းနံပါတ်ကို
နွေးဆက်လိုက်သည်။
" ဟယ်လို မဧကရီလားရှင် အစ်မမှာတဲ့ ပစ္စည်းလာပို့တာပါရှင့် အဲဒါ ဘယ်နားထပ်လာရမလဲရှင် "
" ဪ ဟုတ်ကဲ့ ဟုတ်ကဲ့ပါရှင့် "
သူညွှန်ပြသည့်လိပ်စာကိုမှတ်ရင်း နွေးဖုန်းချလိုက်၏။ ဆယ်မိနစ်လောက် မောင်းလိုက်သည်နှင့် ကြီးမားခန့်ထည်သည့် နှစ်ထပ်တိုက်အိမ်ကြီးတွေ့လိုက်သည်နှင့် ဆိုင်ကယ်ကို နွေးရပ်လိုက်သည်။
" ဒီအိမ်ပဲ "
ရေရွတ်ပြီး ရောက်ကြောင်းဖုန်းဆက်မည်လုပ်တော့ နွေးအရွယ် ကောင်မလေး သုံးယောက် ထွက်လာကြသည်။ သူတို့ကို ကြည့်လိုက်သည်နှင့် ၀တ်စားထားပုံက ပိုက်ဆံရှိသားသမီးမှန်းသိသာစေ၏။
နွေးက အနီးရောက်လာသဖြင့် သူတို့ကို ပျူငှာစွာ ပြုံးပြလိုက်သည်။
" တို့က ဧကရီပဲ တို့မှာတဲ့ပစ္စည်းက "
နွေးက ထုပ်ပိုးလာသည့်ပစ္စည်းကို ဧကရီ့ကို လှမ်းပေးလိုက်၏။
" ဘယ်လောက်ကျလဲ "
" သုံးသောင်းခွဲပါရှင် "
ဧကရီက ပိုက်ဆံထုတ်ပေးမည့်ဟန် ပြင်နေစဉ် သူ့သူငယ်ချင်းမများဖြစ်ဟန်တူသည့် ကောင်မလေးနှစ်ယောက်က အထုပ်ကိုဖြည်ကြည့်ကြသည်။
" ဟယ် ပစ္စည်းတွေက စစ်ရဲ့လား ဧကရီရယ် စီးတီးမတ်မှာ ကိုယ့်အကြိုက်၀ယ်လို့ရနေတာကို အွန်လိုင်းကမှာရတယ်လို့ ဒါနဲ့ နင်က ဒီလို ဈေးအပေါပဲကို သုံးမလို့လား နင့်အဆင့်နဲ့ဟာ "
နွေးစိတ်ထဲ တင်းခနဲ ဖြစ်သွားသည်။
စိတ်ကိုလျှော့လိုက်၏။ ကိုယ့်ရှေ့မှာ ပေါ်တင် ကိုယ်ရောင်းသည့်ပစ္စည်းအား နှိမ့်ချသလို ဆက်ဆံသဖြင့် မကြိုက်သည်ကတော့အမှန်။
" ဟယ် ငါ့အဆင့်နဲ့ ဒီလိုမျိုးသုံးစရာလား
အိမ်ကခိုင်းထားတဲ့ အိမ်ဖော်မတွေအတွက်ပါ ငါ့အလစ်မှာ
ငါ့ပစ္စည်းတွေ ခိုးခိုးသုံးလို့ သူတို့အတွက် မှာပေးတာ လူဆိုတာ
တန်ရာ တန်ရာမှန်းရ၊ သုံးရတာကို ဒင်းတို့ကို သိစေချင်တယ်လေ
နေတော့ အနုတ်စုတ်ဂုတ်စုတ် ၊ စိတ်ကမှန်းတော့ ရွှေထုတ် ဘယ်လိုအဆင်ပြေပါ့မလဲ နင်တို့နဲ့ တန်ရာတန်ရာသုံးဆိုတာကို ပြချင်လို့ အကုန်ခံမှာလိုက်တာ "
သူတို့စကားများက အစွန်းမလွတ် ၊ အသွားမလွတ်ဖြစ်နေသော်လည်း နွေးနှင့်မဆိုင်သည့်အတွက် နွေးမသိသလိုနေလိုက်ပါသည်။
" ရော့ ကျသင့်ငွေ "
နွေးလက်ထဲ ပိုက်ဆံလှမ်းထည့်ပေးသဖြင့် နွေးယူရင်း ဆိုင်ကယ်ကို စက်နိူးလိုက်သည်။
" နေဦး နဒီနွေးနွေး "
နွေးဆိုင်ကယ်ကို လှမ်းကိုင်ပြီး တားလိုက်သည့် ဧကရီကို နွေးအံ့ဩစွာကြည့်လိုက်သည်။
" ဟုတ်ကဲ့ ဘာကိစ္စ ရှိလို့လဲရှင့် မဧကရီ က ကျွန်မနာမည်အရင်းကို သိနေတာလား ကျွန်မကတော့ မဧကရီကို မသိဘူးရှင့် "
နွေးအဖြေကြားတော့ သူက ပခုံးတစ်ချက်တွန့်ပြရင်း ခနိုးခနဲ့ရယ်သည်။
" သိတာပေါ့ ရှင်က ထူးသစ်လရောင်တို့ဆိုင်မှာ ကပ်ရှာစာရေးမလုပ်ခဲ့ဖူးတာကအစ "
" ရှင် ဟုတ်လား ကျွန်မကတော့ ရှင့်ကိုမသိတာသေချာတယ် "
ဧကရီက နွေးကို စူးစိုက်ကြည့်ရင်း တစ်ခွန်းချင်းဆိုသည်။
" ထူးသစ်လရောင်က သူဌေးသားမို့ အမိဖမ်းချင်နေတဲ့ မင်းရဲ့စိတ်ကို ပြင်လိုက်ပါ နဒီနွေးနွေး ထူးသစ်လရောင်က ငါနဲ့စေ့စပ်ထားသူ မိဘချင်းသဘောထားသူ တစ်ချိန်ကျ ငါတို့လက်ထပ်ရင် မင်း ဒူးနဲ့မျက်ရည်သုတ်နေရမှာစိုးလို့ စေတနာနဲ့ သတိပေးတာနော် "
သည်လောက်ဆို နွေးသဘောပေါက်လိုက်ပြီ။ နွေးကိုေခါ်၍ ချိုးချင်သဖြင့် နွေးဆီက ပစ္စည်း၀ယ်ခြင်းပင်။ နွေးက သူများကိုမစော်ကားသလို ကိုယ့်ကိုလာစော်ကားလျှင် ခေါင်းငုံ့ခံတတ်သူ မဟုတ်။ ဧကရီ့ကို ခပ်တည်တည်ပြန်စိုက်ကြည့်ပြီး ပြောလိုက်၏။
" မင်းတို့စေ့စပ်တာ ငါနဲ့ဘာဆိုင်လဲ ငါစိတ်မ၀င်စားဘူး အဲဒါငါ့ကိစ္စလည်း မဟုတ်ဘူး ထူးသစ်လရောင်လို လူမျိုးကို မင်းပဲ မက်ချင်မက်မယ် ငါကတော့ မမက်ဘူး မယုံရင် မင်းလူကို မေးကြည့်လိုက်လေ ငါက ဘယ်လိုမိန်းကလေးလဲဆိုတာ...."
" သူဌေးသားဖြစ်လို့ အမိဖမ်းတယ်ဆိုတဲ့စကား ပြန်ရုတ်သိမ်းလိုက် ငါက မိဘပိုက်ဆံရှိလို့ မိဘပိုက်ဆံနဲ့ ထင်ရာလုပ်တတ်တဲ့ မင်းတို့လို ရေပေါ်ဆီတွေကို အထင်မကြီးဘူး...."
" မင်းမိဘတွေ အခုနေ ထသေကြည့်ပါလား ကိုယ့်ထမင်းကိုယ်ရှာစားဖို့နေနေသာ မိဘထားခဲ့တဲ့ပစ္စည်းကို ထိန်းသိမ်းတတ်အောင် အရင်သင်ယူလိုက်ပါဦးနော် "
နွေးစကားအဆုံး ဧကရီ ဒေါသဖြစ်ပြီး
ကဆုန်ပေါက်ပြီး ပြန်အော်သည်။
" နင် နင် ရိုင်းလှချည်လား ကပ်ရှာမက လူပါး၀လို့ "
" ငါက အရင်စမရိုင်းတတ်ဘူး ငါ့ကို လာရိုင်းရင်လည်း သည်းမခံတတ်ဘူး
ကပ်ရှာမက ဘာဖြစ်လဲ သူများပစ္စည်း ခိုးစားတာမှ မဟုတ်တာ ငါ့ထမင်းလုတ်ကို ငါ့လုပ်အားခနဲ့ သန့်သန့်ရှင်းရှင်း ရှာစားတာ နင်တောင်မှ နင့်ထမင်းနင် ရှာစားတတ်ပြီလား မိဘကျွေးထားလို့ နင်ထမင်း၀နေတယ်ဆိုတာ နင့်ကိုယ်နင် သတိပြန်ပေးလိုက် "
နွေးစိတ်အရမ်းတိုလာသည်။ ဒေါသကို ထိန်းပြီး ဆိုင်ကယ်ကို စက်နှိုးလိုက်၏။
" ကောင်မ အနုတ်စုတ်မ အဆင့်မရှိတဲ့ဟာမ အောက်တန်းစားမ "
ဧကရီက ဒေါသတကြီး ထပ်အော်သည်။ ဧကရီ့သူငယ်ချင်းများက ဒေါသဖြစ်နေသည့် ဧကရီကို ဝိုင်းဆွဲထားကြ၏။
" လာစမ်းပါဧကရီရယ် တုမဖြစ်စမ်းပါနဲ့ အဆင့်မရှိတဲ့ဟာမကို "
နွေး ဆိုင်ကယ်စက်ကို ရပ်ပစ်လိုက်၏။ အိမ်ထဲ၀င်ကြတော့မည့် ဧကရီတို့ကြားလောက်သည့်အသံနှင့် အော်ပြောလိုက်သည်။
" ဟေ့ ဒီမှာဧကရီ အဆင့်မရှိတဲ့ဟာမဆိုတာ ဘယ်လိုရုပ်လဲ နင်သိလား မသိရင် နင့်ရုပ်ကိုနင်မှန်ထဲ ပြန်ကြည့်လိုက်ဧကရီ လူတစ်ယောက်ရဲ့အဆင့်တန်းဆိုတာ ငွေနဲ့ဆုံးဖြတ်လို့မရဘူး အဲဒီလူပြုမူတဲ့ လုပ်ရပ် အမူကျင့်နဲ့ပဲဆိုင်တယ် ငွေရှိရင် အဆင့်တန်းရှိတယ်ဆိုတဲ့ခေတ်က ကျန်ခဲ့ပြီ နင့်လုပ်ရပ်က အဆင့်တန်းရှိလား အောက်တန်းကျတဲ့လုပ်ရပ်လားဆိုတာ နင့်ဘာသာ ပြန်စဉ်းစား "
ပြောပြီးသည်နှင့် ထိုနေရာက ဆိုင်ကယ်ကို အရှိန်တင် မောင်းထွက်လိုက်သည်။ နေပူသဖြင့် ပင်ပန်းသည့်စိတ်က အခုတော့ ပိုပင်ပန်းရပြီ။ အိမ်ရောက်သည်နှင့်
ဧည့်ခန်းမှာ ခြေပစ်လက်ပစ်ထိုင်ချရင်း
ဒေါသက အလိပ်လိုက်၊အလိပ်လိုက် ထွက်လာသည်။
သည်နေ့ တမင်ခေါ် အစော်ကားခံလိုက်ရခြင်းပါ။ မွန်းကြပ်လွန်းသဖြင့် အခန်းထဲ၀င် ခဏလှဲလိုက်၏။ ဘယ်လိုမှနေမရ။ စိတ်က နေမထိ ထိုင်မသာ ။
နောက်ဆုံး ဘယ်လိုမှ နေမရသဖြင့် ခင်လင်းဆီ ဖုန်းခေါ်လိုက်သည်။
ခဏအကြာ ခင်လင်းဖုန်းလာကိုင်၏။
" ဟဲလို နွေး ပြောလေ "
" ငါ့ကို ကိုထူးသစ် ဖုန်းနံပါတ် တစ်ချက်လောက် "
" အေး ပို့ပေးမယ် နွေး နင်ဘာဖြစ်ေနလဲဟင် တစ်ခုခုဖြစ်နေလား ထူးထူးခြားခြား ကိုထူးဖုန်းနံပါတ်ဘာလို့ေတာင်းတာလဲဟင် "
" အဲဒါတွေ ငါ အခုမေပြာအားဘူးဟာ
ဖုန်းနံပါတ်အရင်ပို့ပေး "
" အေး အေး ပို့လိုက်မယ်"
ခင်လင်းက ဆက်မပြောဘဲ ဖုန်းချသွားပြီး ထူးသစ်လရောင်ဖုန်းနံပါတ်အား
Sm ပို့လိုက်သည်။ နွေး ဖုန်းနံပါတ်ကိုမှတ်ပြီး ထူးသစ်လရောင်ဆီ ပထမဆုံး ဖုန်းခေါ်လိုက်လေသည်။
*******
တစ်နာရီ ၀န်းကျင်ကြာတော့ ထူးသစ်လရောင် ရောက်လာ၏။
လူခေါ်ဘဲလ် မြည်သံကြားမှ နွေး အိမ်ရှေ့ထွက်လာ၍
တံခါးဖွင့်ပေးလိုက်ပြီး အိမ်ထဲ၀င်ဖို့ ခေါ်လိုက်သည်။
ကိုထူးသစ်လရောင်က သူ့ဆိုင်ကယ်အား အိမ်ရှေ့မှာပင် သော့ခတ်ထားခဲ့၍
နွေးနောက် လိုက်လာခဲ့၏။
" ခဏထိုင်ပါ ကိုထူးသစ်လရောင် "
နွေးက အိမ်ဧည့်ခန်းမှာ ထူးသစ်လရောင်အား
ခဏထိုင်ရန် ဆိုလိုက်သည်။
ထူးသစ်က ဧည့်ခန်းတွင် ထိုင်ရင်း နွေးကို ပြုံးပြလိုက်၏။
" နွေး ကိုယ့်ကို ဖုန်းဆက်တာက ဘာအကြောင်းထူးလဲဟင် "
ထူးသစ်အမေးကို နွေးက ဘာမှပြန်မဖြေသေးပါ။ ထူးသစ်မှာသာ နွေးဖုန်း သူ့ဆီ၀င်လာသဖြင့် ထခုန်မိသည်အထိ
ပျော်ခဲ့ရခြင်းပင်။ "အမြန်လာခဲ့မယ်နော် " ဆိုလိုက်ရသော်လည်း ရေမိုးချိူးပြင်ဆင်ရသည်နှင့် နာရီ၀က် ၀န်းကျင်
ကြာသွား၏။ နွေးအတွက် ရန်ကုန်က သူ၀ယ်လာသည့် ပစ္စည်းများကို ထုတ်ပိုးရင်း အမြန်ရောက်လာခြင်းဖြစ်သည်။ နွေးက သူ့ကို ဧည့်ခန်းမှာ ခဏထားပြီး အိမ်ထဲခဏ၀င်ပြီး ပြန်ထွက်လာ၏။ နွေးလက်ထဲက အရာတစ်ခုကို မြင်တော့ သူ့ရင်ထဲ စိုးရွံ့သလိုလို ခံစားလိုက်ရသည်။
သူ့ရှေ့က ဆက်တီစားပွဲပေါ် ထိုအရာလေးအားချရင်း နွေးက သူ့ဘက်တွန်းပေးသည်။
" ကိုထူးသစ်လရောင် ဒါလေးမှတ်မိလား "
သူခေါင်းညိတ်ပြလိုက်၏။ ခင်လင်းကတစ်ဆင့် သူပေးခိုင်းလိုက်သည့် ရိုးလက်စ် နာရီလေး။
" ခင်လင်းယူလာပေးလို့ ကျွန်မယူထားလိုက်တာ ကိုထူးသစ်နဲ့ မတွေ့သေးလို့ ပြန်မပေးရသေးတာပါ "
" နွေးရယ် ကိုယ်က အမှတ်တရ တန်ဖိုးထားပြီးပေးတဲ့ လက်ဆောင်ပါ နွေးဆီေရာက်ပြီးသားပစ္စည်းကို ကိုယ်ပြန်မယူနိုင်ဘူး နွေးလက်ခံပေးပါ "
သူ့စကားအဆုံး နွေးမျက်နှာက ပိုမိုတင်းမာသွားသလိုရှိသည်။
" ကျွန်မလက်မခံနိုင်ဘူး ကိုထူးသစ် ဒီလို ဈေးကြီးပစ္စည်းမျိုးက ကျွန်မတို့အခြေနေနဲ့ မပက်သက်ပါဘူးကျွန်မတို့အခြေနေနဲ့ ငါးသိန်းကျော်နာရီ မအပ်စပ်ပါဘူးရှင် "
နွေးစကားက သူ့ရင်ကို နာကျင်ေစသည်။
" ကိုယ် မနေ့ညကမှ ရန်ကုန်က ပြန်ရောက်လာတာပါ နွေးဆီ လာဖို့လုပ်နေဆဲ နွေးဖုန်း၀င်လာလို့ အရမ်းပျော်ခဲ့ရတာပါနွေးရယ် ဘာလို့ကိုယ့်အပေါ် နွေးအရမ်း ခါးသည်းနေရတာလဲဟင် "
နွေးမျက်၀န်းများက ဒေါသကြောင့်ထင်၏။ တဖျတ်ဖျတ်ပိုလက်လာကြသည်။
" ရှင့်ဆီက ကျွန်မက ဘာလက်ဆောင်တွေ တောင်းဖူး မျှော်လင့်ဖူးလို့ ရှင်က လက်ဆောင်တွေ ခဏခဏ၀ယ်ပေးနေရတာလဲ ဒီပစ္စည်းေတွ ၀ယ်ပေးရင် ရှင့်ကို ကျွန်မက လက်ခံမယ်လို့ ရှင်ထင်ထားတာလား ကိုထူးသစ် "
" နွေး မဟုတ်ဘူး အဲဒီလို မဟုတ်ရပါဘူးကွာ"
ထူးသစ်လရောင် ပျာပျာသလဲ ငြင်းလိုက်မိသည်။ နွေး တစ်ခါမှ သူ့အပေါ် ပုံမှန်ထက်ပိုမေရာသလို အခုလို ခါးခါးသည်းသည်းလည်း မဆက်ဆံဘူးပါ။
" ရှင့်ကိုရော ကျွန်မက ဘာမျှော်လင့်ချက်ပေးပြီး ဆွဲဆောင်ခဲ့ဖူးလဲ ကျွန်မဘ၀ကို ကျွန်မဘာသာရပ်တည်နေတာ ဘယ်သူ့ထောက်ပံ့မှုမှယူစရာမလိုဘူး ကျွန်မှာ လက်နှစ်ဖက်ရှိနေသ၍ ကျွန်မ ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘူး ရှင်နဲ့ပက်သက်တဲ့သူတွေက ဘာလို့ ကျွန်မကို အကြောင်းမဲ့ လာစော်ကားချင်နေရတာလဲ "
နွေးတစ်ခုခု ဖြစ်နေတာ သေချာပါသည်။ သူ့ရင်ထဲ နွေးအတွက် ပိုစိတ်
ပူသွား၏။
" နွေး ဘာဖြစ်လို့လဲဟင် နွေးဘာဖြစ်နေတာလဲ ကိုယ်နားလည်အောင် ရှင်းပြပါကွာ "
" ရှင့်ဆီမှာ စေ့စပ်ထားတဲ့သူရှိတာတောင် ရှင်က ကျွန်မအချစ်ကို ရဖို့ကြိုးစားနေတယ် ရှင့်ဟာမက အခု ပစ္စည်းမှာ ၊ လာပို့ခိုင်းပြီး သူ့သူငယ်ချင်းတွေနဲ့ ကျွန်မကို ဝိုင်းစော်ကားလိုက်ကြတယ်လေ သူဌေးသားကိုအမိဖမ်းချင်ရင် ဒူးနဲ့မျက်ရည်သုတ်ရမယ်လေး ဘာလေးနဲ့
ကျွန်မနဲ့ ရှင် ဘာမှမဆိုင်ကြောင်း ရှင့်ဟာမသိအောင် ရှင်ရှင်းပေးပါ ..."
သူနားလည်လိုက်သည်။ ဧကရီ ပြဿနာရှာလိုက်လေပြီ။
" ဧကရီ တောက် ဧကရီ ကွာ "
မျက်၀န်းမှာ ဝဲနေသည့်မျက်ရည်ကို မကျအောင်ကြိုးစားထိန်းရင်း မာကျောသယောင်ဟန်ဆောင်ပြနေသည့် နွေးရင်ထဲ ဘယ်လောက်ခံစားရမလဲဆိုတာ
သူရိပ်မိသည်။
" ကိုထူးသစ် ရှင့်ကို ကျွန်မ ခဏခဏ ငြင်းခဲ့ပြီးပြီ အခုလည်း ထပ်ငြင်းတယ်
ကျွန်မက ကျွန်မဘာသာ ကျွန်မဘ၀ကို
ရိုးရိုးသားသားရပ်တည်နေတာပါ
ကျွန်မဘာမှ မကျူးလွန်ဘဲ ရှင်နဲ့ပက်သက်တဲ့သူက တမင်ေခါ်ပြီ ကျွန်မကိုစော်ကားတယ် အရှက်ခွဲတယ် ရှင်နဲ့ဘယ်သူစေ့စပ်ထားမှန်းလည်း ကျွန်မမသိဘူး ရှင့်အကြောင်း လိုတာထက် ကျွန်မပိုမသိခဲ့သလို စုံစမ်းစရာမလိုလို့
ကျွန်မ မစုံစမ်းဘူး နောက်ထပ်လည်း
အစော်ကားမခံနိုင်တော့ဘူး အဲဒီတော့
ကျွန်မနဲ့ဝေးဝေးနေပေးပါ "
နွေးက သူပြောချင်ရာပြောပြီး တစ်ချက် သူ့ကိုလှမ်းကြည့်၏။ သူ့အကြည့်နှင့်ဆုံတော့ နွေးမျက်နှာလွှဲသွားသည်။
သူ့ရင်ထဲ လာကာစက အတွေးနှင့် ပျော်နေရသည့် ကြည်နူးမှုများ လုံး၀ပျက်စီး သွားရသည်။
သူ့ရင်တစ်ခုလုံး စုတ်ပြတ်သတ်မတတ်
နာကျင်နေရသည်။ နွေးကို သူခေါ်လိုက်၏။
" နွေး "
" ပြောပါကိုထူးသစ်လရောင် "
နွေးတစ်ယောက်ထဲ ခေါ်ခဲ့ရှာသည့် ကိုလရောင်ဆိုသည့် နာမည်လေးပင် နွေးမခေါ်တော့ပါလား။ နွေးရယ်။ အချစ်က အရမ်းနာကျင်စေတယ်ကွာ။ မင်းမျက်နှာထက်မှာ အဲဒီလိုစိတ်ရှုပ်နေတဲ့ပုံစံအရိပ်အေယာင်လေးတောင် ကိုယ်မမြင်နိုင် မကြည့်နိုင်တာပါကွာ။ သူ့ရင်ထဲက စကားများကို နွေးမကြားအောင် တိတ်တိတ်ရေရွတ်လိုက်မိသည်။
" ကိုယ့်ကြောင့် နွေးထိခိုက်ရမယ်ဆိုရင်
ကိုယ်က ဘယ်ေတာ့မှ နွေးထိခိုက်အောင် လုပ်မယ့်သူ မဟုတ်ပါဘူးနွေးရယ်
အဲဒါေတာ့ နွေး သိထားပေးနော် နွေးနားမှာ ကိုယ်ရှိနေလို့ နွေးအတွက် အနှောင့်ယှက် ဖြစ်စေတယ်ဆိုရင် နွေးနဲ့ဝေးဝေးမှာ ကိုယ်နေပေးပါ့မယ် ......"
" ဒါပေမယ့် တစ်ခုတော့ ကိုယ်ထပ်တောင်းပန်ပါရစေ နွေးရယ် "
ပြောပြောဆိုဆို သူယူလာသည့်အထုတ်ကလေးကို စားပွဲပေါ်တင်လိုက်၏။
နွေးက စူးစမ်းသလို တစ်ချက်လှမ်းကြည့်ရင်း မေး၏။
" ဒါကဘာတွေလဲ ကိုထူးသစ်လရောင် "
" နွေးအတွက် ကိုယ့်ရဲ့လက်ဆောင်ပါ ရန်ကုန်ကနေ အမှတ်တရ၀ယ်လာတာမို့ လက်ခံပေးပါ နွေး "
" ကျွန်မ လက်မခံဘူးလို့ ရှင့်ကို ပြောထားတယ်နော် မလိုချင်ဘူး ရှင့်ပစ္စည်းတွေ အကုန်ပြန်ယူသွား "
" နွေးကို ကိုယ်တောင်းပန်ချင်တာ အဲဒါပဲ နွေးစကားနားထောင်ပြီး နွေးဘေးနားက ကိုယ်ထွက်သွားပေးမယ် တစ်ခုတော့ နွေး ကိုယ့်ကို လိုက်လျောရမယ်
ကိုယ်ေပးတဲ့လက်ဆောင်ကို ဒီတစ်ခါတော့ နောက်ဆုံး အမှတ်တရ အနေနဲ့ နွေးလက်ခံပေးပါ "
" ကျွန်မ မလိုချင်ဘူး ပြန်ယူသွားကိုထူးသစ်လရောင် "
" မယူဘူးနွေး နွေးလက်ထဲထားခဲ့ပြီ နွေးဘာလုပ်လုပ် မလိုချင်ရင် လွှင့်ပစ်လိုက်ပါ "
နွေးကို နောက်ဆုံးပြောပြီး နွေးအိမ်ထဲကေန ချာခနဲ လှည့်ထွက်လာလိုက်သည်။
သူ့ရင်တစ်ခုလုံး မွမွကြေ၍ နာကျင်နေရသည်။ သူ့ပါးေပါ်စီးကျလာသည့် မျက်ရည်များကို ပွတ်သုတ်လိုက်၍ မိန်းမတစ်ယောက်ကို သူမျက်ရည်ကျအောင် ချစ်ခဲ့မိခြင်းပါလားဟု တွေးမိလိုက်ေသးသည်။
သူ့စိတ်ထဲနာကျင်လာရသည်နှင့်အမျှ သူမြင်ယောင်မိသည်က ဧကရီ။
သူ့မျက်နှာသည် ရုတ်ချည်းတင်းမာသွားသည်။ သူ့ဆိုင်ကယ်ကို အရှိန်တင်လိုက်ပြီး သူ၏ FZ ဆိုင်ကယ်က သူ့ဒေါသကဲ့သို့ပင် လေးညှို့မှလွှတ်လိုက်သည့် မြှားတစ်စင်းအဖြစ် တရှိန်ထိုး ပြေးနှင်လျှက် ရှိတော့သည်။
************