book

Index 9

အပိုင်း(9)

  • Author : Lwanchin
  • Genres : Romance, Drama

သူပြင်ဆင်ပြီးတော့ ရုံးသွားဖို့ အောက်ထပ်ဆင်းလာပြီး...သူမကို တွေ့လို့တွေ့ညား လိုက်ကြည့်လိုက်တော့

 သူမရဲ့ အရိပ်အရောင်တောင် မတွေ့ရတော့ပေ....

သူနမ်းလိုက်လို့ ရှက်ပြီး ထွက်ပြေးသွားတာ

 သူတောင် မဖမ်းမိလိုက်ပေ..."တော်တော်မြန်လိုက်တဲ့ကောင်မလေး....အဟွန်း..."


ဒီနေ့တော့  သူ့အပြုံးတွေ နှုတ်ခမ်းမှာ

 ဖြစ်ထွန်းနေမိတာတော့ အသေအချာပင်...


သူ သူမကို ကြည့်တော့မတွေ့တာကြောင့် 

နှုတ်မဆက်တော့ဘဲ ကားစီသွားဖို့...

 ခြေလှမ်းပြင်လိုက်တုံး...


"အကိုလေး..အကိုလေး...ခဏနေပါအုံး...."


နီလာ လက်ထဲတွင် ထမင်းဘူးပုံစံလေး 

ကိုင်ကာအပြေးတပိုင်း ပြောလာတော့

 သူ နီလာကိုကြည့်ပြီး...


"ဘာဖြစ်လို့လည်းနီလာ..."


"အဟဲ...ဟိုမမလေးက အကိုလေးအတွက်

 ထမင်းချိုင့် ထည့်ပေးထါးတာ ပေးခိုင်းလိုက်လို့ပါ....."


ထိုတော့မှ သူမျက်နှာပြုံးကြသွားပြီး...

သူမလေးရှက်လို့ နီလာကို ပေးခိုင်းပုံရသည်။


"အွန်း...ပေးလေ....နင့်မမလေးကို ဘယ်မှ

 မသွားနဲ့လို့ အလုပ်တွေလည်းအရမ်းမလုပ်စေနဲ့..."


"ဟုတ်ကဲ့အကိုလေး...စိတ်ချ..."


သူနီလာ့အပြောကို ခေါင်းငြိမ့်ပြပြီး  နီလာ

 လက်ထဲက ထမင်းအထပ်ဆင့်ဗူးလေးကို 

ယူပြီး ကားမောင်းကာ ထွက်လာလိုက်တော့သည်။


ကျယ်....မီးဖိုအနောက်ဘက်တွင် ရပ်နေရင်း...

သူကားမောင်းထွက်သွားသံကြားမှ

 သူမရင်ဘက်လေးကို အသာဖိကာ

 သက်ပြင်းချလိုက်မိသည်။ သူတော်တော်ဆိုးပါသည်။ 

သူမပါးလေးကို မပြောမဆို နမ်းလိုက်တာကြောင့်

 သူမ ကြောင်ကြည့်နေရင်း သူ့လက်တွေက

သူမခါးလေးကို လာဖက်တော့မှ သတိရကာ...

အတင်းဆွဲဖယ်ပြီး ရှက်ကာ ပြေးထွက်လာခဲ့သည်။

 

မပြောမဆို နမ်းလိုက်တာကြောင့် သူမနှုတ်ခမ်းလေးကို

ဆူပြီး..သူနမ်းသွားလို့ အခုထိနွေးနေတဲ့

 ပါးလေးကို အုပ်ကိုင်ကာ...


"ဟွန်...လူဆိုး..."


သူမနှုတ်ခမ်းက အပြုံးလေးတွေရဲ့ အဓိပ္ပါယ်

 ကိုတော့ သူမ...အဖြေမရှာမိသေချေ....


"အကိုလေး....ကျွန်တော်တို့ဒီနေ့ မြေကွက် 

စာချုပ် ချုပ်ရမှာကြောင့် မြေကွက်ပိုင်ရှင်တွေနဲ့ 

ဒီနေ့တွေ့ရပါမယ်..."


သူရပြောလာတာကြောင့် သူရုံးခန်း စားပွဲတွင်

 ခြေချိတ်ထိုင်လိုက်ပြီး ...


"ဘယ်အချိန်လည်း...."


"နေ့လည်း ၁နာရီပါ...အကိုလေး..."


"ကောင်းပြီး ပိုက်ဆံလည်း အဆင်သင့်ပြင်ထားလိုက်..."


"ဟုတ်ကဲ့...အကိုလေး..."


သူရ ​ပြောပြီးတာတောင် မသွားသေးတာကြောင့်

 သူမော့ကြည့်ပြီး ဘာပြောစရာကျန်သေးလည်း

 သဘောဖြင့် မေ့ဆက်ပြလိုက်တော့....


"ဟို..အကိုလေး နေ့လည်းစာ မှာရအုံးမလားဗျ..."


သူ့ဘေးစားပွဲမှာ ချထားတဲ့ အထပ်ဆင့်

ထမင်းဘူးလေးကို ကြည့်ပြီး မေးတော့ သူပြုံးလိုက်ပြီး...


"မမှာနဲ့တော့....ငါ့မိန်းမ ထမင်းချိုင့်ထည့်ပေးလိုက်တယ်..."


သူရ အကိုလေးအပြောကြောင့် ပါးစပ်ပါဟသွားတဲ့ 

အထိ ဖြစ်သွားမိသည်။ အကိုလေးက တကယ်ကြီး 

အတည်လက်ထပ်လိုက်တာလား....အစတောကတော့

 သူပဲရုပ်တည်ကြီးနဲ့ အခုတော့ ငါ့မိန်းမ ငါ့မိန်းမနဲ့

 ပြုံးဖီးနေတာပဲ မမလေးရဲ့ အစွမ်းအံ့မခန်းပါလား....

သူရစိတ်ထဲကနေပြောလိုက်ပြီး...


"ဟုတ်ကဲ့အကိုလေး..."


သူပြောပြီး ထွက်လာလိုက်သည်။ သူစိတ်ထဲကနေ

 ​ပြောတဲ့ စကားတွေကို ကြားလို့ကတော့ သူ့ကို 

တစ်ခုခုနဲ့ ပစ်ပေါက်မှာအမှန်....


ရ သူရထွက်သွားတော့မှ သူပြောလိုက်တဲ့

 စကားကို သဘောကျကာ....


"အဟွန်း...ဟုတ်တယ်....မင်းက ငါ့မိန်းမ..."


------------------------------------------☪☪☪☪☪☪☪☪☪☪☪☪☪☪☪


"ဒေါ်လေး....ခြယ်...အပြင်သွားအုံးမယ်..."


ဆံပင်တွေကို အခွေလိပ်ကြီးတွေ ကောက်ထားပြီး 

နားကွင်းအဝိုင်းခပ်ကြီးကြီးကို ပန်ထားပြီး

 နှုတ်ခမ်းလေးကို နုရဲနေသော အနီရောင်လေး

ဆိုးထားပြီး စကပ်အကြပ်အမဲစက်ရောင်လေးနဲ့ 

ကော်လံ လက်စက ခါးတိုလေးဝတ်ထားပြီး

 ခေတ်ဆန်ဆန်လေးနဲ့ လှပေနေတဲ့ ခြယ်ပုံစံလေးကို

 ဒေါ်​ပြုံးချို ကြည့်လိုက်ပြီး....


"သမီးက...ဘယ်ကို သွားမှာလည်းခြယ်..."


"ခြယ် သူငယ်ချင်းတစ်ယောက်စီကိုပါ...

အပြန်တော့ နည်းနည်းနောက်ကျမယ်နော်...ဒေါ်လေး..."


" အင်းပါ...ပိုက်ဆံရော...ရှိသေးရဲ့လား...

လိုသလောက်ယူသွားနော်..ဒေါ်ငွေခင်ရဲ့တူမက 

အကုန်လုံးထပ် သာနေရမယ်..."


ဒေါ်ပြုံးချို အပြောကြောင့် မွန်းမြတ်ခြယ် 

သဘောကျသွားကာ...အခုအချိန်ထိ 

နုပျိုလှပနေသော ဒေါ်ငွေခင်အနားတိုးသွားပြီး

 ခါးလေးကို ဖက်ကာ..


"အဟင်း...အာ့ဒါကြောင့် ဒေါ်လေးကို ချစ်တာ...

ပြီးတော့လေ...."


ဒေါ်ပြုံးချို နားနား ကပ်ပြီး တိုးတိုးကပ်ကာ 

ပြောလိုက်သောစကား​ကြောင့် ဒေါ်ငွေခင် 

မျက်နှာ ဝမ်းပသွားပြီး....


" သမီး...တကယ်လား...."


မွန်းမြတ်ခြယ်နှုတ်ခမ်းလေးဖိကိုက်ကာ 

နားကွင်းဝိုင်း​ကြီး လှုပ်ခါသွားအောင်...

ခေါင်းလေးငြိမ့်ပြပြီး...


"ဒါပေါ့...ဒေါ်လေးရာ...အာ့ဒါကြောင့် ခြယ် 

အပြင်ထွက်နေရတာပေါ့...ပြီးတော့ ဒီဂန္တာရ

 စံအိမ်နဲ့ ဂန္တာရ ဆိုတဲ့ အရှင်သခင်အပါအဝင်...

ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေဟာ...ခြယ်လက်အောက်ရောက်လာစေရမယ်..."


ဒေါ် ပြုံးချို တူမချောရဲ့ အပြောကြောင့် 

မျက်နှာမှာ လောဘရောင်တောက်နေသော 

မျက်နှာမှာ ဝမ်းပပြုံးရွှင်နေကာ...


" သမီးဘက်က သေချာရင်တော့ သေချာ

 အကွက်ချပြီးလုပ်နော်...ဒေါ်လေးဘက်က

 အကုန် ပံ့ပိုးမယ်...ပိုက်ဆံ ဆိုတာ ဒေါ်လေး 

အိမ်က အဘိုးအိုကြီးကို တစ်ချင်နွဲ့လိုက်တာနဲ့ Okပြီ...."


"စိတ်ချပါ  ဒေါ်လေးရယ်...ခြယ်က ဘယ်သူဟုတ်လို့လည်း...မွန်းမြတ်ချယ်လေ...မပိုင်ရင်

 ခြင်တောင်မရိုက်ဘူး...အဟင်းအဟင်း..."


ပြောပြီး နှစ်ဦးလုံးရဲ့ မျက်နှာကိုယ်စီမှာတော့ 

ရက်စက်ယုတ်မာမှုတွေက အထင်းသားမြင်နေရသည် ။


ထိုအချိန် ဦးတိန်ဆိုင် ဧည်းခန်းထဲကို ဝင်လာကာ...


"ဒီတူကြီး နှစ်ယောက်...ဘာတွေ ..သဘောကျ

ရယ်နေတာလည်း."


ဦးတိန်ဆိုင် ဝင်လာတာကြောင့် တူရီနှစ်ယောက် 

မျက်နှာကို ပြင်က အပြုံးတုများကို ဖန်တီးလိုက်ပြီး....


" မဟုတ်ပါဘူး..ကိုကြီးရဲ့...ခြယ်လေးက 

ပွဲတက်စရာရှိလို့.... လက်ဝတ်လက်စားအကြောင်း 

ပြောနေတာ..."


" ဟေ...ဟုတ်လား....အာ့ဒါဆို မင်းမှာရှိတာတွေ 

သမီးခြယ်ကို ကြိုက်တာယူဝတ်ခိုင်းလိုက်လေကွာ...."


ဦးတိန်ဆိုင်အပြောကြောင့် ဟန်ဆောင်အပြုံးကို

 ဖန်တီးပြုံးထားသော ခြယ်မျက်နှာလေး 

ခရမ်းချဥ်သီးတစ်လုံးလို နီရဲညိုပုတ်ကာ ပျက်သွားပြီး...


" တောက်...စောက်အဖိုးကြီး...ငါ့ကိုများ 

သူများအကျဝတ်ဖို့ပြောရက်တာ..ဒင်းကိုလည်း 

ကြည့်နေ ရနဲ့ လက်ထပ်ပြီးရင် ရှင်စည်းစိမ်တွေ 

အကုန်ယူပြီး ကန်ထုတ်ပြမယ်....အဖိုးကြီး...."


မွန်းမြတ်ခြယ် ဦးတိန်ဆိုင်အပြောကြောင့် စိတ်ထဲတွင်

ကြိတ်ပြီး မေတ္တာပို့နေတော့သည်။


ဒါကိုသိသော ဒေါ်ပြုံးချိုက....မျက်နှာကို

 အစွမ်းကုန် ဟန်ဆောင် အပြုံးတုလုပ်ပြီး...


"အကိုကြီးရယ်...သမီးမွန်းမြတ်ခြယ်က..ဧည့်ခံပွဲသွား

ရမှာလေ...ချိုဝတ်ပြီးသားတွေက ဝတ်တော့ကောင်းမလား...အာ့ဒါကြောင့် အသစ်လုပ်ရအောင် ချို့ကို ပိုက်ဆံနည်းနည်းပေနေါ်...အကိုကြီ..."


"ဟင်...ဟိုရက်က ချို ပိုက်ဆံ ကိုယ့်စီက 

သိန်း၃၀၀ တောင်းထားသေးတယ်လေ...

အာ့ထဲက လုပ်ပေးလိုက်လေ..."


"ဟာ...အကိုကြီးကလည်း...အာ့ဒိပိုက်ဆံက... 

အကိုကြီးသားအတွက်လည်း...ချို ပိုက်ဆံပို့ပေး

ရသေးတယ်လေ...ကုန်ပြီပေါ့..."


ချို့အပြောကြောင့် ဦးတိန်စိုင် သက်ပြင်းချကာ...


"ချို ပိုက်ဆံတွေကို အရမ်းမသုံးပါနဲ့ လိုအပ်မှသုံး...

သမီးခြယ်အတွက် အခုဝယ်ဖို့ ကိုယ်ထုပ်ပေးလိုက်မယ်..."


လိုချင်တာ ရသွားတော့ မွန်းမြတ်ခြယ်နဲ့ ဒေါ်ပြုံးချိုတို့ မျက်နှာများမှာ ဝမ်းပသွားပြီး မျက်လုံးချင်းစကားပြောကာ....


"လေးလေး....​​ခြယ် အလုပ်လုပ်ချင်တယ်....ခြယ်...

ကိုယ့်ပိုက်ဆံကို ရှာသုံးချင်တယ်...လေးလေးစီမှာ 

အခုလိုပြန်တောင်းနေရတာလည်းအားနာလာပြီ...လေးလေး Company မှာလေးလေး စီစဥ်ပေးနော်...."


ဦးတိန်ဆိုင် တစ်ခုခုကို စဥ်းစားနေပြီးမှ....


"ရတယ်..သမီးခြယ်...Marketing ဘက်မှာ နေရာရှိတယ်...သမီးနဲ့လည်း အဆင်ပြေမှာပါ...သမီး စိတ်ဝင်စားရင် မနက်ဖြန် ဝင်ပေါ့..."


" တကယ်လား..လေးလေး....စိတ်ချနော်..ခြယ် အလုပ်ကြိုးစားမှာပါ...ခြယ်ကို အခုလို စဥ်းစားပေးလို့..

လေးလေးနဲ့ ဒေါ်လေးကို ခြယ်ကန်တော့ပါရစေ...."


ခြယ် အမူအယာပိုစွာ ထိုင်ကန်တော့လိုက်တော့...ဦးတိန်ဆိုင်က...


"ရပါတယ်...သမီးခြယ်...ချို့ရဲ့တူမက လေးလေးရဲ့

တူမပဲပေါ့....သမီးခြယ်သာ အလုပ်ကို

 ပိုအောင်မြင်အောင်လုပ် လေးလေးဘက်က

 လိုအပ်တာပံ့ပိုးပေးမှာပါ..."


"ဟုတ်တယ်..သမီး...အလုပ်ကို အောင်မြင်အောင်ကြိုးစား...သမီးလေးလေးရှိတယ်..."


" စိတ်ချပါ...လေးလေးနဲ့ဒေါ်လေး...စိတ်မ

ပျက်စေရပါဘူး..."


မွန်းမြတ်ခြယ် ပြောလည်းပြောကာ အဓိပ္ပာယ်

 ဖော်မရသော အပြုံးကိုလည်း ပြုံးလိုက်တော့သည်။


--------------------------------------☪☪☪☪☪☪☪☪☪☪☪☪☪


ကျယ်...မနက်က ချက်ပြုတ်ပြီးလို့ အိမ်အလုပ်

တွေလျှောက်လုပ်သော်လည်း နီလာက သူလုပ်မယ်ဆိုပြီး ကျယ်ကို ဘာမှ ပေးမလုပ်တော့...ကျယ်ပျင်းသလို

ရှိတာကြောင့် ခြံထဲက စိုက်ပျိုးထားသော 

အပင်လေးတွေကို လိုက်ကြည့်နေမိသည်။

ကျယ်...အပင်တွေကိုကြည့်ပြီးတော့ ရေးဗန်းနား

လေးက ထိုင်ခုံလေးပေါ့တွင် ထိုင်ပြီး....ကျယ်ရေးဆက်ရမဲ့ အကြောင်းတွေ တွေးကာ ရင်လေးနေမိသည်။


ကျယ်...ဒီကနေ ထွက်သွားရင် ဘယ်ကို 

သွားရမှာလည်း ကျယ်...ဇာတိကိုပဲ...ကျယ်ပြန်ရမလား....ကျယ်...အဒေါ်တွေစီပြန်ရင်လည်း ကျယ်...

ကို ယောကျာ်းက ပေးစား ကြအုံးမယ်...ကျယ်...ကိုယ့်ဘဝကိုယ်တွေးကာ...စိတ်ပျက်နေမိသည်။


ကျယ်...ဒီမှာနေရတာလည်း...သူ ကျယ်အပေါ်ကောင်းရှာပါတယ်...အဝတ်အစားကအစ ကျယ်အတွက်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို 

သူကိုယ်တိုင်ဝယ်ပေးတော့ သူ့ကို အားနာမိတာအမှန်...

ဟိုရက်ကလေးတောင် ကျယ်သုံးဖို့ဆိုပြီး ပိုက်ဆံတွေ အထပ်လိုက်ပေးထါးတာလည်း ကျယ် ရေတောင်မရေမိချေ။


 ကျယ်...သူများပိုက်ဆံကို အလကာ မယူချင်ပါ...

ဒါကြောင့် သူပြန်လာရင်တော့ ကျယ်ကို 

လစာပေးမယ်လို့ ပြောထားတော့ ကျယ်...ကို 

လစာတစ်ခုသတ်မှတ်ပေးပြီး ကျယ်လစာကိုပဲ 

ကျယ်ယူပြီး ပိုတာ သူ့ကိုပြန်ပေးဖို့ စဥ်းစားထားသည်။

 သူပေးတဲ့ ပိုက်ဆံလေးတွေစုထားရမည်း။ ဒီအိမ်က

 သူမဘယ်တော့ ထွက်သွားရမလည်းဆိုတာ မသိ။ 

ထွက်သွားခဲ့ရရင်လည်း သူမအာ့ဒိပိုက်ဆံလေးတွေနဲ့

 ရင်းနှီးစားသောက်ရမည်မဟုတ်လား...


သူမတွေးပြီး.... သက်ပြင်တွေပဲ ချနေမိတော့သည်။


သူမရဲ့အခုလိုအခြေအနေက ကောင်းလားဆိုးလား

ဆိုတာကိုတော့ ဂန္တာရ ဆိုတဲ့...သူမဟန်ဆောင်

လက်ထပ်ထားတဲ့ ယောကျာ်းကသာ အဖြေပေးနိုင်တော့မည်...မဟုတ်လား.....


----------------------------------------******************


ရ...နေ့ခင်းမြေကွက်အဝယ်အတွက် ရောင်းသူတွေနဲ့တွေ့ပြီး စာချုပ်တစ်ခါထည်းချုပ် ငွေချေပြီး ရုံးပြန်လာတဲ့အချိန် ၃နာရီထိုနေပြီ ဖြစ်သောကြောင့် လုပ်စရာရှိတဲ့အလုပ်တွေကို  Computerဖွင့်ပြီး လုပ်နေလိုက်သည်။ခဏကြာတော့ သူရရောက်လာကာ...


"အကိုလေး...ကျွန်တော် ဝင်လာခဲ့မယ်နော်..."


"အင်းဝင်ခဲ့..."


"အကိုလေး အာ့ဒိမြေကွက်တွေကို ကျွန်တော်တို့

မနက်ဖြန် အရောင်းပြခန်းတွေဆောက်ဖို့ 

ဆောက်လုပ်ရေး သမားတွေနဲ့ တွေ့ဖို့

 ချိန်းလိုက်တော့မယ်နော်.."


"Ok, ကောင်းတယ်...ပုံစံကို ငါဒဇိုင်းဇွဲထားတယ် 

မင်းကို Mailပို့လိုက်မယ်ကြည့်လိုက်..."


"ဟုတ်ကဲ့...အကိုလေး...ဒါနဲ့လေ...အကိုလေး 

ဒီလောက်ချမ်းသာနေပြီကို...ဘာလို စီးပွားရေးတွေ 

ထပ်တိုးချဲ့ရတာလည်း...အကိုလေး.... နောက်ရမဲ့ 

သားတွေသမီးတွေအတွက်လား...မမလေးအတွက်လား...ဟဲ...ဟဲ..."


"မင်းက...သိချင်တယ်ပေါ့..."


ရမချိုမချဥ်မေးလိုက်တော့...


"ဗျာ...ရပါတယ် ကျွန်တော်မသိချင်တော့ပါဘူး...အဟဲ...ကျွန်တော်သွားတော့မယ်နော်..."


သူရ အကိုလေတစ်ခုခုနဲ့ မပေါက်ခင် အမြန်ပြေး

ထွက်လာခဲ့လိုက်သည်။ အကိုလေးသူ့ကို

 အာ့လိုပြောရင် ကြောက်ရသည်။ တစ်ခုခုနဲ့ 

ပစ်ပေါက်တက်သော အကိုလေး လက်ကို 

သူသိနေသော ကြောင့်ဖြစ်သည်။


သူရထွက်သွားတော့ ရ ခေါင်းကို မနိုင်ဘူးဆိုသည့်

သဘောဖြင့် ခါလိုက်ပြီး Computerပေါ် လက်ချောင်းတွေရွေ့လိုက်ကာ အလုပ်ကို ဆက်လုပ်နေလိုက်သည်။


အလုပ်တွေပြီးရင် သူ အိမ်ကို စောစောပြန်ရမည်။

အိမ်မှာသူမိန်းမက သူပြန်အလာကို စောင့်နေလိမ့်မည်မဟုတ်လား....


ဆက်ရန်....

စားရေးသူ - လွမ်းခြင်း


rate now: