သူအလုပ်တွေပြီးလို့ လက်ကနာရီကို ကြည့်လိုက်တော့ ၁၂နာရီ ထိုးတော့မှာကြောင့် သိမ်းစရာရှိတာသိမ်းကာ...အိပ်ရန် အခန်းကိုပြန်လာခဲ့သည်။ သူအခန်းထဲရောက်တော့ သူမလေးက ညအိပ်ဂေါင်ဝန်အဖြူလေးကို ဝတ်ထားပြီး ဘာမှမချယ်အသမရှိသော ပကတိမျက်နှာလေးက ကြည်လင်နေကာ သူမရဲ့အလှက နန်းဆန်လှပါပေသည်။ ပင်ပန်းသွားလို့ ထင်တယ်...ဆိုဖာပေါ်တွင် အိပ်ပျော်နေတာတွေ့တော့ သူမျက်ခုံးပင့်တက်သွားကာ.
"သူမ ဘာဖြစ်လို့ကုတင်ပေါ်မှာမအိပ်တာလည်း...သူ့ကိုစောင့်နေတာလား..."သူတွေးနေရင် သူမလေးအနားကို လျှောက်သွားပြီး သူမရဲ့ လှပသော မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေကာ..သူမလေးရဲ့ နှုတ်ခမ်းဖူးဖူးလေးကို လက်ချောင်းသွယ်များနဲ့ အသာထိလိုက်မိတော့ သူ့နှလုံးခုံသံတွေ ဆိုင်တီးသလို အသံတွေမြည်လာကာ...သူလက်ကိုအမြန်ယုတ်လိုက်မိပြီး...
" ရ...မင်းဘာဖြစ်နေတာလည်း....စိတ်ထိန်း...စိတ်ထိန်း..."
သူ့ကိုယ်သူရင်ဘက်လေးဖိကာ ပြောလိုက်ပြီး သူမလေးကို ရပ်ကြည့်နေမိသည်။ သူမလေးက အိပ်နေတဲ့ အချိန်တောင် အလှတရားတို့က မပျောက်ပျက်သွားပါ..အိပ်နေတဲ့ပုံစံလေးက တကယ့်ကလေးလေးနဲ့တောင်ပိုတူနေပါသေးသည်။ သူနဲ့သူမ တွေ့တဲ့အချိန် သိပ်မကြာသေးသော်လည်း သူ သူမလေးကို ရင်ခုန်တယ်...ပြီးတော့ သူမကိုသူတစ်သက်လုံးစောင့်ရှောက်ချင်တယ်...အပိုင်ရချင်တယ်...ဒါကြောင့်လည်း အဖေရဲ့ စကားကိုနားထောင်သလိုနဲ့ သူသူမလေးကို အပိုင်သိမ်းခဲ့မိသည်။ ဒီငတုံးမလေးကတော့ သိမှာမဟုတ်...အဟွန်း..အချစ်ကို မယုံကြည်တဲ့သူ အခုတော့ သူမနဲ့တွေ့မှ မြင်မြင်ချင်းအချစ်ဆိုတာကို သူလက်တွေ မြင်နေရပါသည်။
သူ သူမလေးကိုကြည့်နေရင်း စိတ်မထိန်းနိုင်စွာ သူမ နှင်းဆီဖူးနှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်ကာ..အနမ်းသခိုးလုပ်လိုက်မိသည်။ သူနမ်းလိုက်တာတောင် သူမလေက တုပ်တုပ်မလှုပ် ...
"အဟွန်း..တော်တော်ပင်ပန်းသွားတာပဲ..."
သူများတွေရဲ့ မင်္ဂလာဦးကြတော့မသိ..သူမင်္ဂလာဦးကတော့ ကိုယ့်မိန်းမ ကိုတောင် ပြန်ခိုးနမ်းရတဲ့အဖြစ်...
"အဟွန်း..."
ရကိုယ့်အဖြစ်ကို သဘောကျကာ...နှုတ်ခမ်းတွန့်ယုံပြုံးလိုက်ပြီး သူမမျက်နှာပေါ်ကျနေသည့် ဆံနွယ်လေးတွေကို သက်တင်ပေး ကာ...
"ပိုင်နေပြီပဲရ...မင်းလောဘမကြီးသင့်သေးဘူး..."
သူ့ကိုယ်သူဆုံးမသလိုလေးပြောပြီး သူမကိုယ်လေးကိုပွေ့ကာ..ကုတင်ပေါ်ကိုတင်ပေးလိုက်ပြီး သူကတော့ ဆိုဖာမှာသွားအိပ်လိုက်ပြီး သူ့ဘက်လှည့်နေတဲ့ သူမမျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေကာ ဒီရေးအလားတရိပ်ရိပ်တိုးနေသော အချစ်တွေကို ထိန်းနေရတော့သည်။
-------------------------------------------------☪☪☪☪☪☪☪☪☪☪☪☪
ကျယ်နိုးလာတော့ နာရီကြည့်လိုက်တော့ မနက်၆နာရီထိုးမေပြီဖြစ်တာကြောင့် အမြန်ထလိုက်ကာ...ပြီးမှတစ်ခုခုကို သတိရသွားပြီး ဘေးဘီကိုကြည့်လိုက်တော့ ဆိုဖာပေါ်တွင် သူက နှဖူးပေါ် လက်တင်ပြီးအိပ်နေတာ့မြင်တော့ သူမနှုတ်ခမ်းလေး ဟသွားပြီး...ညက အကြောင်းကိုပြန်စဥ်းစားတော့....သူမ..သူ့ကို စောင့်နေရင်း ဆိုဖာပေါ်မှာ အိပ်ပျော်သွားခဲ့တာဖြစ်သည်။ အခုတော့ သူမ အိပ်ယာပေါ်ရောက်နေတာ သူရွေ့ပေးတါပေါ့...ကျယ်...တွေးမိတော့ ပါးလေးတွေရဲလာကာ....အရှက်သည်းနေမိသည်။
ကျယ်...သူမနိုးခင် အိပ်ယာအမြန်ထကာ တစ်ခါထည်းသိမ်းလိုက်ပြီး ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ် ကိုယ်လက်ဆေးလိုက်ပြီး အောက်ထပ်မှာ ချက်ပြုတ်ဖို့ ဆင်းလာခဲ့လိုက်သည်။
မီးဖိုဆောင်ထဲရောက်တော့ ကြီးပုက သူမကို မြင်တော့ ပြုံးပြကာ..
"ဟယ်...သမီးကျယ်လေး..ဘာလို့အစောကြီးထတာလည်း...မနေ့ကလည်းပင်ပန်းထားတာ နားနေတာမဟုတ်ဘူး..."
" ရပါတယ်..ကြီးပုရဲ့...ကျယ်..မပင်ပန်းပါဘူး...ပြီးတော့ ကျယ် ချက်ပြုတ်ဖို့အတွက် ဆင်းလာတာ..."
"ကြီပုလုပ်နိုင်ပါတယ်ကွယ်....အခုဆို နီလာလည်းရှိနေတာပဲကို..."
"ဟုတ်တယ်မမလေးရဲ့...နီလာတို့လုပ်ပါ့မယ်...မမလေးသွားနားနေပါ...မနေ့ကလည်းပင်ပန်း..ညကလည်း..."
"အယ်...ဒီကောင်းမလေး..ဘာတွေပြောနေတာလည်း...ဟိုမှာသမီးကျယ်...မျက်နှာတွေရဲနေပြီ..."
ကြီးပုဝင်ပြောတော့...နီလာက မျက်လုံးလေးပြူးကား..
"ဟာကြီးပုကလည်းနီလာက ညကလည်း မမလေးတို့ သူဌေးကြီးအသိတွေနဲ့ စကားပြောရတော့ နောက်ကျမှ အိပ်ပြန်ရောက်တော့ အာ့ဒါကြောင့်အိပ်ယညဝင်နောက်ကျတာကိုပြောတာပါ....ကြီးပုက ဘာကိုထင်တာလည်း..."
"အို...ကျုပ်က ဘာမှမထင်ပါဘူးတော်..."
"ထင်ပါတယ်...ကြီပု ထင်လို့ပြောတာပေါ့..."
"မထင်ပါဘူးဆို တကယ်တည်းမှပဲ..."
ကြီးပုမျက်စောင်းထိုးကာပြောတော့ နီလာနဲ့ သူမလည်း ရယ်လိုက်မိကြသည်။
"ကဲ့...ကြီးပု...ဒီနေ့ ကျယ်ချက်ပေးမယ်နော်...ကြီးပုနဲ့ နီလာက ဘေးကနေပဲ ဝိုင်းလုပ်..."
" ဟာ...အာ့ဒါဆို နီလာတို့မမလေးလက်ယာစားရတော့မှာပေါ့နော်...ဟိုတစ်ခါ မမလေးလက်ယားစားဖူးပြီးထည်းက အခုထိ အာ့အရသာ ပါးစပ်မှာဆွဲနေတာ..."
" ဒါပေါ့...ကျယ်လေးက ဟင်းချက်သိပ်ကောင်းတာ...သားရဆိုအရင်တောက အိမ်မှာထမင်းသိပ်မစားဘူး..အခုဆို အိမ်မှာပဲထမင်းစားတယ်...စာလိုက်ရင်လည်း လိုက်ပွဲက အမြဲယူတယ်...အဟင်း..."
"ကဲ့ပါ...ကျယ်ကိုအရမ်းမမြှောက်ပါနဲ့...ကျယ်နေ့တိုင်းချက်ကျွေးမှာပါနော်..."
ကျယ်စလိုလေးပြောလိုက်ပြီး....
"ကြီးပု..သူ့အတွက်မနက်စာ ပြင်ထားသေးလား..''
"ကော်ဖီနဲ့ မုန့်ပြင်ထားတယ်သိမီး..."
"ရတယ်...ကျယ်သူ့အတွက် ထမင်းကြော်ပြင်ပေးမလို့ ပြီးတော့ သူက ဒီနေ့ရုံးသွားမှာဆိုတော့ ထမင်းချိုင့်ပါထည့်ပေးဖို့ ဟင်းအမြန်ချက်ရမယ်...နီလာက အမကို ကြ က်သွန်ထောင်းပေးနော်..."
" ဟုတ်ကဲ့..မမလေး.."
ကျယ်လည်းပြောလည်းပြော သူမနက်စာ စားဖို့ ထမင်ကြော်ဖို့ အရင်လုပ်တော့သည်။သူမ ထမင်းအပူကို တစ်ယောက်စာယူကာ ကြက်သွန်ကိုပါးပါးလှီးပြီး ရေဆေးကာ...အနည်းငယ်ကို ထမင်းကြော်ထဲထည့်ကာ ကျန်တဲ့အနည်းငယ်ကို လျှာလကာရည်နဲ့ အချဥ်နည်းနည်းစိမ်လိုက်သည့်။
ခရမ်းချည်သီးအနည်းငယ်လှီကာ..ကြက်ဥ ကို ထမင်းကြော်အိုးထဲ အရင်ထည့်လိုက်ကာ ပြီးနောက် လှီးထားသော ခရမ်းချဥ်သီးအနည်းငယ်နဲ့ ကြက်သားအနည်းငယ်ကို ထည့်ကာ ထမင်းကို နာနာလေးကြော်လိုက်ပြီး သူက အစပ်မစားတာကြောင့် ငရုပ်သီးစိမ်းကိုတော့ အချဥ်စိမ်ထားသော ကြက်သွန်ထဲသားအနည်ငယ်ထည့်လိုက်သည်။
အကုန်ပြီးတော့ ပုဂံလှလှလေးထဲ ထည့်ကာ အချည်ကိုတော့ ပုဂံခွက်သေးသေးလေးထဲထည့်ပြီး စားပွဲခုံပေါ်သွားတင်ပေးထါးလိုက်သည်။ ပြီးတာနဲ့ သူမ ဟင်းချက်ချင်းကိုစတင်တော့သည်။
ရ. ...သူနိုးလာပြီး ကုတင်ပေါ်ကို ကြည့်လိုက်တော့ သူမမရှိတော့တာကြောင့် ထပြီး အိပ်သာနဲ့ ရေချိုး ခန်းဘက်ကြည့်တော့လည်း မရှိတာကြောင့် သူမအောက်ထပ်ဆင်းသွားပြီဆိုတာ သိလိုက်ကာသူလည်း မျက်နှာသစ်ဖို့ နားနေသော ခါးကို အသာဖိကာ ရေချိုးခန်းထဲ ဝင်လာခဲ့သည်။
မျက်နှာသစ်ပြီးမနက်စာစားဖို့ အောက်ထပ်ဆင်းလာတော့ မွှေးပျံပျံ အနံ့လေက သူ့ကို ဗိုက်စာအောင် ဆွဲဆောက်နေတော့သည်။သူထမင်းစားခန်းကိုရောက်တော့ သူမလေးက ဘာတွေချက်ပြုတ်နေလည်းမသိ..မီးဖိုထဲတွင် အလုပ်ရူပ်နေကာ သူ့ကိုတောင်လှည့်မကြည့်နိုင်...သူ သူမနောက်ကျေလှလှလေးကို ငေးနေတုံး..
"သားရ...မနက်စာအဆင်သင့်ပဲနော်...သမီးကျယ်လေးက သားအတွက် ထမင်းကြော်ထားတာ စားကြည့်အုံး..."
ကြီးပုပြောတာကြောင့် သူမလှည့်ကြည့်လိုက်တော့ သူက သူမကို စိုက်ကြည့်နေကာ...သူ့မျက်ဝန်းများက သူမအပေါ်နူးညံ့နေတာ သူမမြင်တော့ ရှက်သွားကာ...ခေါင်းလေးပြန်လှည့်လိုက်ပြီး ချက်စရာရှိတာ ချက်ပြုတ်နေလိုက်သည်။ ကျယ်...လှည့်မကြည့်ဘဲ သိနေတာကတော့...သူကျယ်...ကိူကြည့်နေတယ်ဆိုတာပါပဲ....''ဟွန်း...သူဘာဖြစ်နေတာလည်း...သူ့အကြည့်တွေကလည်း တစ်မျိုးကြီးပါလား..."
ရ...ကြီးပါအပြောကို ပြန်ပြုံးပြလိုက်ကာ သူမလေးသူ့ကို လှည့်ကြည့်တော့ သူကြည့်နေတဲ့အချိန်နဲ့ တိုက်ဆိုင်တော့ သူမလေးရှက်သွားတဲ့ပုံလေးကြောင့် ပြုံးလိုက်မိကာ..သူ့အရှေ့တွင် သူမလေး သူ့အတွက်ကြော်ပေးထါးသော ထမင်းကြော်လေးကို ကြည့်လိုက်တာ့ စားချင်းစရာလေးဖြစ်တာကြောင့် သူခပ်စားလိုက်တော့ အရသာက အရမ်းကောင်းနေတာကြောင့် စားကောင်းကောင်းနဲ့ စားလိုက်တာ တစ်ပန်ကန်ပင်ကုန်သွားသည်။
သူ..သူမကို ချီးကျူးမိသည်။ သူမရဲ့ ဟင်းချက်လက်ယာက အရမ်းကောင်းပါသည်။ အခုဆို သူ့မှာ အခြားသူတွေချက်တဲ့ ဟင်းတွေတောင်မတိုးတော့ သူမချက်တဲ့ဟင်းကိုပဲ စားချင်နေမိသည်။ သူစားသောက်ပြီး အပေါ်တက်ပြီး ရုံးသွားဖို့ ပြင်ရန် သွားခါနီး ချက်ပြုတ်နေသော သူမကိုတစ်ချက်ကြည်ကာ....
"ကို ၈နာရီခွဲရုံးသွားမယ်ကျယ်.."
"ရှင်....ဟုတ်...ဟုတ်ကဲ့..."
ချက်ပြုတ်နေတုံး သူအသံကြောင့် သူမလှည့်ပြီ ပြန်ပြောလိုက်သည်။
"ကြီးပုဟင်းတွေက အကုန်ခဏနေ ချလိုက်တော့နော်..ကျယ်သူ့ကို အဝတ်အစားသွားထုပ်ပေးလိုက်အူံးမယ်...ထမင်းချိုင့်ကို ကျယ်ပြန်ဆင်းလာမှ ပြင်ပေးမယ်နော်..."
"အေးအေး...သမီးကျယ်...သွားသွား...ကျန်တာကြီးပုတို့ လုပ်ထားလိုက်မယ်..."
"ဟုတ်ကဲ့..."
ကျယ်အခန်းထဲရောက်တော့ သူ့ကိုမတွေ့ ရေချိုးခန်းဘက်က ရေကျသံကြောင့် သူရေချိုးနေတာဖြစ်မည်...သူမထွက်လာခင်သူမ သူ့အတွက် အင်္ကျီက အမြန်ထုတ်ထားရမည်။ သူမ သူနဲ့မျက်နှာချင်းမဆိုင်ရဲပါ...ညက သူမကို အိပ်ယာပေါ်ရွေ့ပေးတါကိုတောင်သူမ မနိုးတဲ့အတွက် ရှက်နေမိသည်။ ကျယ်...ကိုယ့်ကိုကိုလည်း အပြစ်တင်လို့မဆုံး...ဒီလောက်မပြီးရွေ့ပေးတါတောင် မနိုးတဲ့ ကိုယ်အဖြစ်ကို ရှက်လည်းရှက်မသည်။
သူမအမြန်အဝတ်အစားထုပ်ပေးကါ...အပြင်ပြေးထွက်ရန်ပြင်နေတုံး သူရေချိုးခန်းတံခါးဖွင့်ပြီးပြန်ထွက်လာတော့ သူမကြည့်လိုက်မိချိန် သူ့ရေလဲဝတ်ဆုံကိုသာဝတ်ဆင်ထားသောကြောင့် သူမမျက်နှာခရမ်းချဥ်သီးလေးလို ရဲတက်သွားတော့သည်။
သူထွက်လာတော့ သူ့ကိုကြည့်ပြီး ရှက်သွားသော သူမလေးကို သူစချင်လာတာကြောင့်...
"ကျယ်...ကို့ကို အင်္ကျီက ဝတ်ပေး..."
"ရှင်.."
သူ့ကို မကြည့်ဘဲ တသ်ဖက်လွဲထားသော သူမလေး သူ့စကားကြောင့် လန့်ပြီး သူ့ကိုကြည့်ကာ ခဏပါပဲ ချက်ချင်းမျက်နှာလေးကို ပြန်လွဲပစ်ပြီး...
"ဟို....မဝတ်ပေးလို့မရဘူးလား..."
မရဲတရဲလေးသူ့ကိုပြောတော့ သူမ မရဲတရဲလေးပြန်ပြောတော့ သူခပ်တည်တည်လုပ်ကာ...
"မရဘူး...ကိုယ်မင်းကြောင့် ကိုယ်တွေလက်တွေနာနေတယ်ကွ..."
သူအပြောကြောင့် သူမလေးက ဘာဆိုင်လည်းဆိုတဲ့အကြည့် နဲ့ သူ့ကိုကြည့်လာတာကြောင့်...
"ဟုတ်တယ်လေ...မင်းကကုတင်ပေါ်မှ.အိပ်တယ်...ကိုယ်က ကို့အရပ်နဲ့ ဆိုဖာမှာအိပ်ရတော့ အကြောတွေ တောင့်ပြီး ကိုယ်တွေလက်တွေနာတာပေါ့..."
သူ့အပြောကြောင့် သူမလေးအားနားသွားသော မျက်နှာလေးဖြစ်သွားကာ..သူ့အနားရောက်လာပြီး...သူ့ကို အင်္ကျီ ဝတ်ဖို့ ကူညီပေးတော့သည်။
သူ့ကို အင်္ကျီ ဝတ်ဖို့ လုပ်ပေးနေသော သူမမျက်နှာရှင်းရှင်းလေးကို သူကြည့်ပြီး နမ်းချင်စိတ်တဖွားဖွားဖြစ်ပေါ်လာကာ...
"ကျယ်...မင်းကို့အနား ထပ်တိုးခဲ့..."
သူမလေးသူပြောတဲ့အတိုင်း သူအနားတိုးလာတော့ သူ သူမရဲ့ ပါးအိအိလေးကို မွှေးကြူလိုက်တော့ ....
"အို....."
သူမလေးသူ့ကို သူမပါးလေးအုပ်ကိုင်ကာကြောင်ကြည့်နေတော့သည်။ထိုအချိန် သူနဲ့သူမ မျက်ဝန်းနှစ်စုံ အချိန်အနည်းငယ်ကြာအောင် စုံစည်းနေပြီး....နှလုံးသားနှစ်စုံရဲ့ ရင်ခုန်သံတွေကလည် စည်းချက်မြည်စွာဖြင့်.....
ဆက်ရန်.....
စာရေးသူ - စာရေးသူ လွမ်းခြင်း