book

Index 7

အပိုင်း (7)

  • Author : Lwanchin
  • Genres : Romance, Drama

ကျယ်တို့..မင်္ဂလာ ဧည့်ခံပွဲ ပြီးတော့ သူ့အဖေကို ကန်တော့သည်။ သူ့မိထွေးကိုတော့ သူက မကန်တော့နိုင်ဘူးလို့ အတိအလင်ပြောထားတော့ ဘေးတွင်ရပ်နေကာ မျက်နေပျက်နေရှာသည်။မွန်းမြတ်ခြယ်ကတော့ နှုတ်ခမ်းကို မဲ့ရွဲ့ကာ ကျယ်တို့ကို ဒေါသမျက်လုံးများဖြင့်ကြည့်နေသည်။ ကျယ်တို့သူ့ကိဂရုမစိုက်ဘဲ...သူ့ဖေဖေကို ကန်တော့ပြီးတော့ သူ့အဖေက ဆုတွေပေးတော့ ကျယ်တို့ကို စကားခဏပြောတာကြောင့် နားထောင်နေရသည်။


" သမီး...သားကို ဂရုစိုက်ပေးနော်...သားကလည်း သမီးအပေါ် ဂရုစိုက်...အဖေ ဘာအသံမှမကြားချင်ဘူးကွယ်...သားရ...ဖေဖေ စောင့်ကြည့်နေမှာနော်..."


" ဟုတ်ကဲ့ပါ..ဖေဖေရာ...ကျွန်တော် ကျွန်တော်မိန်းမကို ဂရုစိုက်မှာပါ..."


ကျယ်... သူမကို မိန်းမလို့ ပြောလိုက်တဲ့ သူ့အပြောကြောင့် ပါးလေးတွေ အရောင်ရင့်သွားကာ...ခေါင်းလေး ငုံ့နေမိတော့သည်။


သူ ပြောလိုက်တဲ့အပြောကြောင့် သူမလေးပါးလေးတွေရဲတဲ့အထိ ရှက်သွားသော သူမပုံလေးကို တွေတော့ အသည်းတွေယားနေကာ နှုတ်ခမ်းသာကိုက်နေမိသည်။


သူမလေးစိတ်ကျဥ်းကျပ်နေတဲ့ ပုံရတာကြောင့် သူအဖေတို့ကို...


" အဖေ...သားတို့နားတော့မယ်...ကျယ်လည်းမနက်ထည်းက တောက်လျှောက်ဧည့်ခံနေရတော့ ပင်ပန်းနေမှာပေါ့...အာ့ဒါကြောင့်..သားတို့နားတော့မယ်...အဖေပြန်ရင် အဖေဟာတွေအကုန်ပြန်ခေါ်သွားနော်..."


"တယ်..ဒီကောင်လေး..."


သားရဲ သည်းသည်းအပြောကြောင့် ဦတိန်ဆိုင်ပြုံးလိုက်ပြီး နောက်ဆက်တွဲပြောလိုက်တဲ့စကားကြောင့် စိတ်ဆိုးသလို ပုံစံလေးပြလိုက်တော့..မောင်းမင်းကြီးသားက သူ့ကို မျက်လုံးမိတ်ပြပြီး ပြန်ရန်ပြောတော့ သူ့မှာအလိုက်သိစွာ ချို တို့ တူရီကို ခေါ်ကာ ပြန်လာခဲ့ရသည်။


"အဟွန်း...တော်တော်သည်းတဲ့ကောင်း....ငါ့အတိုင်းဘဲ....အဟင်း..."


"အကိုကြီး...ဘာတွေပြုံးနေတာလည်း...."


သူပြုံးနေစဥ် ချိုမေးတာကြောင့် ချို့ဘက်ကို ခေါင်းငဲ့ကြည့်ကာ...


"ဘာမှ မဟုတ်ပါဘူး..ချိုရာ..သားအကြောင်းစဥ်းစားမိလို့ပါ..."


"အကိုကြီး...ချိုကတော့...သားရ အာ့ဒိမိန်းကလေးကို လက်ထပ်တာ သဘောမကျဘူးနော်..."


"ဟုတ်တယ်..လေးလေး...အာ့မိန်းမပုံက ကုတ်ကမြင်း...ရ ကို တကယ်ချစ်တာမဟုတ်လောက်ဘူး....ရ ရဲ့ စီးစိမ်ဥစ္စာတွေကို လိုချင်လို့ လက်ထပ်တာဖြစ်လောက်မယ်..."


ဒေါ်ပြုံးချို  သူတူမအပြောကို ထောက်ခံသလို ခေါင်းငြိမ့်ပြပြီး....


"ဟုတ်တယ်...အကိုကြီး ချိုလည်း အာ့ဒိလိုမြင်တယ်...အခုခေတ်မိန်းကလေးတွေက ယုံရတာမဟုတ်ဘူး ပြီးတော့ အာ့ဒိမိန်းကလေးက ဘယ်ကလာပြီး ဘာလုပ်မှန်းလည်းမသိ...သူပြောသမျှ အကိုကြီးတို့သားအဖသာ ယုံနေတာ..."


" ဟုတ်တယ်...ဟုတ်တယ်...လေးလေး ခြယ်ကတော့ ရကို....မရရအောင်ပြန်ယူမှာ...ခြယ်သာ...သူ့သတိုးသမီးဖြစ်ရမှာ..."


"ပြီးတော့လေ...အကိုကြီး သားရက အိမ်ထောင်ပြုပြီးပြီဆိုတော့ အကိုကြီး အမွေတွေကို ဘယ်လိုလုပ်မှာလည်း...ဟို... သားရကို ပေးတော့မှာလား..."


ဒေါ်ပြုံးချို လောဘရမက်များပြည့်နေသော မျက်ဝန်းများကို ဖုန်းကွယ်ကာမေးတော့ ဦးတိန်စိုင်ပြုံးနေလိုက်ကာ...


" သားရက....ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ကိုကပေးရင် ယူမယ်ထင်နေတာလား...အဟွန်း...ကိုရဲ့ ပိုင်ဆိုင်မှုတွေက သားရ အောင်မြင်လာလို့ ရတဲ့ ပစွည်းဥစ္စာတွေနဲ့ ယှဥ်လိုက်ရင် အသေးအမွှားလေးပါ...."


ဒေါ်ပြုံးချို ထိုအပြောကြောင့် မျက်ဝန်းတွေ ဝင်းလက်သွားကာ...


"ဒါဆို...သားငယ်ပဲ လက်ရှိအလုပ်တွေ ဦးဆောင်ရမှာလား..."


" သားငယ်လိမ်မာရင်ပေါ့..."


ဦးတိန်စိုင်အပြောကြောင့် ခြယ်တို့တူရီး အဓိပ္ပာယ် ပါသော မျက်ဝန်းများနဲ့  တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ...ခြယ်စိတ်ထဲမှာလည်း လောဘရက်မက်များတက်တာ...ရကို သူမပြန်ရဖို့ ဘာမဆိုလုပ်မယ်ဆိုတာကို မျက်လုံးများက သက်သေပြနေတော့သည်။


------------------^^^^^^^🍒🍒🍒🍒🍒🍒🍒


သူ့အဖေတို့ ပြန်သွားတော့ ကျယ်...အခန်းထဲဝင်ဖို့သူမရဲ့ အခန်းတံခါးဖွင့်တော့ ဖွင့်မရဖြစ်နေတာကြောင့် သူမစိတ်ညစ်သွားကာ....အောက်ထပ်ကို ပြန်ဆင်းပြီး ထမင်းချက်နေသော ကြီးပုကိုတွေ့တော့ သူမကြီးပုအနားသွားကာ...

"ကြီးပု..."


"ဟေ...သမီးကျယ်...အဝတ်အစားမလဲရသေးဘူးလား..."


ကြီးပုက အံသြ သလိုလေးမေးတော့ ကျယ်.. သတိုးသမီးဝတ်စုံလေးနဲ့ရှိနေသေးသော သူမကိုယ်သူမပြန်ငုံ့ကြည့်ကာ...


"ဟုတ်ကဲ့...ကြီးပု...ကျယ်အခန်းဖွင့်မရလို့..."


"ဟယ်...ဟုတ်လို့လားသမီးရယ်..ကြီးပုတောင်စောစောက ပန်းအိုးသွားထားသေးတယ်...တံခါးဖွင့်ထားပါတယ်.."


သူမဟုတ်လို့လားပုံစံဖြင့် ကြီးပုကိုကြည့်လိုက်တော့...


"တကယ်..သမီးကျယ်...ကြီးပုလိုက်ပြမယ်လာ.."


ထိုအချိန် သူအဖေ ဒီအိမ်မှာ ခိုင်းဖို့ရော သူမတို့ကို စောင့်ကြည့်ဖို့ရော ထားထားသော ကောင်းမလေး ရောက်လာကာ...


"မမလေးကျယ်...မမလေးက ဘယ်အခန်းကို သွားဖွင့်တာလည်းဟင်..."


ကျယ် ထိုမိန်းကလေးအမေးကြောင့် မျက်ခုံးလေးပင့်တက်သွားပြီး...


"ကျယ်အခန်းကို... ကျယ်ဖွင့်တာလေ..."


"ဟုတ်ကဲ့.... ကျွန်မမေးတာကလေ သူဌေးကြီးမပြန်ခင်က အခန်းတွေ အကုန်သော့လိုက်ခက်သွားတာ ကျွန်မမြင်လိုက်လို့ပါ...အာ့ဒါကြောင့် ကျွန်မမေးတာပါ..."


" ရှင်..."


နီလာအပြောကြောင့် သူမ မျက်လုံးလေးဝိုင်းပြီး ကကြီးပုံ နှုတ်ခမ်းလေးမှာ ပွင့်ဟသွားတာ တော်တော်နှင့် ပြနမစေ့နိုင်...


" သြော်..အာ့ဒါဆို ကျယ်လေးက အရင်နေတဲ့ အခန်းကိုသွားဖွင့်တာလား..ကြီးပုက သားရ အခန်းကိုမှတ်လို့..."


"ဟုတ်တယ်ကြီးပု...ကျယ်အဝတ်တွေက အာ့ဒိမှာလေ.."


"အာ့ဒါဆိုရင်မပူနဲ့ မမလေးရေ...မမလေးအဝတ်တွေ အကိုလေးအခန်းထဲ သူဌေးကြီး ရွေ့ခိုင်းလို့ အကုန်ရွေ့ပြီးပြီး ..."


နီလာထပ်ပြောလိုက်တာကြောင့်..ကျယ် အကြီးအကျယ် စိတ်ဓာတ်ကျသွားမိသည်။


"အာ့ဒါဆိုကျယ် အဝတ်သွားလဲလိုက်အုံးမယ်နော်..."


ကျယ်ကြီးပုနဲ့ နီလာကို နှုတ်ဆက်​ပြီး သူရှိရာ အခန်းစီကိုလေးတွဲသော ခြေလှမ်းတွေနဲ့ လျှောက်လာခဲ့လိုက်သည်။


သူမအခန်းရှေ့ရောက်တော့ တံခါးကို ခေါက်ကမလား မခေါက်ရဘူးလား စဥ်းစားနေစဥ် အခန်းတံခါးပွင့်လာတော့...သူက ရေချိုးပြီးလို့ အိမ်နေရင်း ချည်တီရှပ်နဲ့ အမြဲတမ်းဘောင်ဘီအပွအနက်ကိုသာ ဝတ်ဆင်တက်တဲ့သူက အခုလည်း ချည်တီရှပ် အဖြူရောင်နဲ့ ဘောင်းဘီအမည်းရောင်ကို ဝတ်ဆင်ထားပုံက ရှင်းသန့်နေသည်။ ကျယ်သူ့ကို ငေးနေတုံး...


" ကျယ်...ဘယ်တွေသွား နေတာလည်း...ကိုယ်စောင့်နေတာကြာပြီ..."


"ရှင်...ကျယ်...ကျယ်...အခန်းဖွင့်မရလို့ ကြီးပုကို သွားမေးနေတာပါ..."


သူမငေးကောင်းနေတုံးသူက မေးလိုက်တော့ သူမ ရှက်သွားကာ စကားတွေပါ ထစ်ကုန်တော့သည်။


သူ သူမအပြောလေးကြောင့် ပြုံးလိုက်ပြီး ဖေဖေက သော့တွေအကုန်ခက်သွားတယ်ကွာ...ပြီးတော့ မင်းနဲ့ကိုယ့်ကို အခန်းခွဲအိပ်လား မအိပ်လားဆိုတာ... နိလာတို့ကို စောင့်ကြည်ခိုင်းထားတယ်တဲ့ကွာ..."


သူစိတ်ညစ်သလိုလေးပြောတော့ သူမမျက်နှာငယ်လေးနဲ့ ပြန်ကြည့်လာကာ...


" အာ့ဒါဆို...ကျယ်က ဘယ်မှာနေရမှာလည်း..."


ငိုမဲ့မဲ့လေးမေးတော့ သူတဖက်လှည့်ပြီး သူမမမြင်အောင်ပြူံးလိုက်ကာ...


" ဟိုလေ...ကိုယ်တစ်ခုလောက်ပြောပါရစေ...ဖြစ်နိုင်မယ်ဆုရင်... ဒီအခန်းမှာပဲနေပါ..."


"ရှင်..."


ကျယ်မျက်ဝန်းများပြူးကျယ်သွားပြီး လန့်သွားကာ...


" ဟာ...တစ်မျိုးမထင်နဲ့ကွာ..ကိုယ်က ဆိုဖာမှာအိပ်မှာပါ..ပြီးတော့ တစ်ပတ်လောက်ပါပဲကွာ..မင်းဒီအခန်းထဲမှာ သက်သောင့်သက်သာနေပါ...."

 

သူကရှင်းပြသလိုလေးပြောတော့ ကျယ်...အားနာနာနဲ့ပဲ ခေါင်းငြိမ့်ပြလိုက်ရသည်။ ကျယ်က အပျိုလေးလေ .... ဟန်ဆောင်လက်ထပ်ထားတဲ့ တစိမ်း ယောကျာ်လေးတစ်ယောက်နဲ့ အခုလို တစ်ခန်းထဲနေရတာ...ဘယ်လိုလုပ်ပြီး သက်သောင့်သက်သာနေရဲမှာလည်း ရှင်ရယ်...


"ကျယ်..ကျယ်..."


သူမတွေးနေတုံး သူခေါ်သံကြောင့် လန့်သွားပြီး သူ့ကိုမော့ကြည့်လိုက်တော့...သူ့မျက်ဝန်းထဲမှာ ကျယ်ကိုကြည့်တဲ့အကြည့်တွေက နွေးထွေးပြီးနူးညံ့လိုက်တာ...


"မင်းအဝတ်စားလဲတော့လေ...ကို အလုပ်အခန်းထဲသွားပြီး အလုပ်လုပ်အုံမယ်...."


"ဟုတ်ကဲ့..."


သူထွက်သွားတော့ သူမသက်ပြင်းရှည်ကြီးကိုချကာ ရေချိုးရန် ကိုယ်ပေါ်မှာ လက်ဝတ်လက်စားတွေကိုဖြုတ်ပြီး သပတ်တစ်ထည်ယူကာ ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။


သူမခေါင်းရှင်းသွားအောင် ခေါင်းပါတစ်ခါထည်းလျှော်ပြီး ထွက်လာတော့ သူပြန်မရောက်သေးပေ။ ဒါကြောင့်သူမ သူပြန်မလာခင်အမြန်ပြီးအောင် အဝတ်အစားများကို အမြန်ဝတ်လိုက်ပြီး ခေါင်းကို ရေသုတ်နေချိန်....သူပြန်ဝင်လာပြီး.သူမကို တစ်ချက်ကြည့်ကာ...သူ့စားပွဲလို့ထင်ရတဲ့ စားပွဲခုံပေါ်မှ စာအုပ်တစ်အုပ်ကိုယူပြီး ပြန်ထွက်သွားတော့မှ...သူမသက်ပြင်းချလိုက်မိသည်။


"မိကျယ်ရေ...နင်တော့ ယောကျာ်းမယူချင်လို့ ထွက်ပြေးလာပါတယ်ဆိုမှ..... အခုတော့ တကယ်ယောကျာ်းယူလိုက်သလိုကြီး အဖြစ်ကို ရောက်နေတဲ့အဖြစ်.."


------------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒


သူအခန်းထဲ ဝင်တော့ သူမလေးလန့်ကာ သူ့ကို ပြူးတူးတူးလေးလိုက်ကြည့်နေတာကို သူတွေ့တော့ သူမပုံလေးကို အသည်းယားသွားမိကာ..ပြုံးလိုက်မိသည်။သူမပုံကြည့်ရတာ သူ့ကို တော်တော်ကြောက်နေပုံရသည်။ပြီးတော့ သူတို့ဒီလောက်ခမ်းခမ်းနားနာ မင်္ဂလာဆောင်ထားတာတောင် သူမပုံက ဟန်ဆောင်လက်ထပ်တာလို့ ထင်နေသေးတဲ့ပုံ...သူ...သူမ ကိစ္စတစ်ခုခုဆို သူ့ကို မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ပြန်ကြည့်နေတဲ့ပုံစံလေးက သူ့နှလုံးသားကို ဖမ်းစားနေတယ်ဆိုတာ ငတုံးမလေးမသိဘူးထင်ပါတယ်.....


အခုလည်း တကယ်အဖြစ်အမှန်ကို သိရင် သူမလေး သူ့ကို ဘယ်လောက်တောင် ဒေါသထွက်လိုက်မလည်း...


"အဟင်း..."


 သူမပုံလေးကို သူတွေးပြီးပြုံးမိကာ....


"အခုတော့ မင်းကိုယ့်လက်က ပြေးမလွတ်တော့ဘူး..ငတုံးမလေး.."


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: