မြန်မာနိုင်ငံရဲ့ လူချမ်းသာ အရာရှိသားသမီးတွေသာ
လာနိုင်သော class တစ်ခုတွင်...ကခုန်နေသော
လူငယ်တွေကြားမှာ ဝိုင်ကို အရသာခံစွာ သောက်နေသော သူဌေးကြီး ဦးတိန်စိုင်နဲ့ ဒေါ်ပြုံးချိုချိုတို့ရဲ့ သားငယ်...
ဂန္တာရ ရဲ့ ညီငယ် ရင်ခွင်နှိုင်း....လူငယ်ဆန်ဆန် ခေတ်ကာလ သားသမီးတို့ရဲ့ အသည်းကို
မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တာနဲ့ သူ့အရှေ့မှာ
မိန်းမတွေက ခံစားဖို့အသင့်....ဖြစ်နေအောင်
သူပုံစံက လူငယ်ဆန်စွာ ချောမောလွန်းပါတယ်...
လူငယ်ဆိုတော့ သူလွတ်လွတ်လပ်လပ်နေတာကို
သူကြိုက်နှစ်သတ်သည်။
ဒါကြောင့်လည်း... သူမာမီကို နိုင်ငံခြားမှာ
ကျောင်းတက်တယ်လို့ညာပြောပြီး ကိုယ်ပိုင်
ကွန်ဒိုတိုက်ခန်းတစ်ခန်းဝယ်ယူကာ နေထိုင်ခဲ့သည်။
မာမိကတော့ သူတကယ်ပညာသင်ယူနေတယ်ဆိုပြီး
ပိုက်ဆံတွေကို တောင်းသလောက်ပေးခဲ့သလို ဒယ်ဒီကလည်း ပိုက်ဆံကို လိုသလောက် သူ့ကိုဖြည်းဆည်းပေးခဲ့သည်။
သူအချုပ်အနှောင်တွေကို မနှစ်သက်ပါ...အခုလို လွတ်လွတ်လပ်လပ်နေရတာကိုပဲ
သူကြိုက်နှစ်သက်သည်။ မာမီကတော့
သူကျောင်းပြီးလို့ ပြန်လာခဲ့ရင်...ဒယ်ဒီရဲ့ နေရာကို
သူ့ကို ဦးဆောင်စေချင်သည်။ သူထိုအရာတွေကို
သူမမက်ပါ...ထို အရာတွေကို ဆက်ခံဖို့
အကိုကြီးရှိနေတာပဲ...သူ...အကိုကြီးကို သူချစ်ပါသည်။
ဒါပင်မဲ့ ကိုကြီးက သူ့အပေါ် အရမ်းစိမ်းသည်။
သူအကိုကြီးနဲ့ ရင်းနှီးချင်လို့ အတင်းလိုက်ကပ်
တာတောင် ကိုကြီးက သူ့ကိုအကပ်မခံပေ။
သူဘယ်လောက်ပဲ လိုက်ကပ်လိုက်ကပ် သူ့ကိုဆို
ခပ်စိမ်းစိမ်းနေသည်။ အဖေတူ အမေကွဲ
ဖြစ်သော်လည်း ကိုကြီးကိုတော့ သူအာ့ဒိအိမ်စရောက်ထည်းက အကိုအရင်းတစ်ယောက်လို သူချစ်ပါသည်။
သူအခုချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒ ကိုပြောပါဆိုပါက....
ကိုကြီးရဲ့ အချစ်တွေကို သူရချင်တယ်....
သူ့အပေါ် ညီငယ်အရင်းတစ်ယောက်လို မြင်စေချင်ပါတယ်....
"ဟေ့...ယူမကဘူးလား....လာလေ..."
သူတွေးနေတုံး သူ့ကိုအထာလာပေးတဲ့ ခပ်ဟော့ဟော့
မိန်းမတစ်ယောက်ကို သွားဆိုသည့်သဘောဖြင့်
လက်ခါပြလိုက်ပြီး လက်ထဲက ဝိုင်ခွက်ကို
အသာလှုပ်ရမ်းပြီး ယောကျာ်းလေးတန်မဲ့
နီရဲနေသော နှုတ်ခမ်းပါးများက ဝိုင်ကို အရသာခံပြီး သောက်နေလိုက်သည်။
သူအခုလို လွတ်လွတ်လပ်လပ် နေတာကို ကြိုက်သည်။
ဒါပင်မဲ့ သူလည်း ကိုကြီးလိုပဲ....မိန်းမတွေကိုတော့ မကြိုက်... မိန်းမတွေက အလွန်နားညီးလှသည်။
သူထိုအရာတွေကို စိတ်မရှည်....ယုတ်စွအဆုံး
မေမေနဲ့ မေမေတူမ မွန်းမြတ်ခြယ်ကိုတောင်
သူစိတ်မရှည်...မွန်းမြတ်ခြယ်ရဲ့... စိတ်ဓာတ်ကိုလည်းသူမကြိုက်....မိန်းမတွေကို မကြိုက်ဘူးဆိုပင်မဲ့...သူတောင်ကြီးသွားတောက မိန်းမလှလေးတစ်ယောက်ကိုတော့ အခုထိ သူမမေ့.... သူမလေးက အခြားမိန်းကလေးတွေလို ထူးထူးခြားခြား ပြင်ဆင်ထားခြင်မရှိ....ပကတိအလှအပများနဲ့ သူ့အာရုံများကို စွဲဆောင်နိုင်ခဲ့သည်။
သူ အခုချိန်ထိ မိန်းမတွေကို စိတ်မဝင်စားတာ.....ထိုမိန်းကလေးက...သူ့နှလုံးသာကို အပိုင်ယူသွားခဲ့တာ မဟုတ်ပါလား.....
သူ...သူမအကြောင်းကို တွေ့နေရင် အပြုံးတို့က နှုတ်ခမ်းပါးမှာ ဖြစ်ထွန်းနေပြီး...
"မင်းဘယ်ရောက်နေလည်း....ကောင်မလေးရယ်....မင်းစီကို...ကိုယ်အရောက်လာခဲ့အုံးမယ်ပါ..အဟွန်း...ဒီတစ်ခါပြန်တွေ့ရင်တော့ မင်းကို...ကိုယ်လက်မလွတ်တော့ဘူး....ကိုယ့်ရဲ့ ဘုရင်မလေး..."
---------------☪☪☪☪☪☪☪☪☪
ကော်ဖီဆိုင်တစ်ခုတွင်....
"တောက်ကြာလိုက်တာ....စောက်ကောင်...."
မွန်းမြတ်ခြယ်....သူမသူငယ်ချင်း အောင်ကောင်းဆိုတဲ့ သူနဲ့ တွေ့ဖို ဒီဆိုင်မှာ ထိုင်စောင့်နေတာ ကြာပြီဖြစ်တာကြောင့် လက်ကနာရီကို တစ်ချက်ကြည့်ပြီး ကျိန်ဆဲနေလိုက်သည်။ သူ အောင်ကောင်းကို အခုလိုချိန်းတာ ကိစ္စတစ်ခု တိုင်ပင်ရန်အတွက်ဖြစ်သည်။
အောင်ကောင်းက ပိုက်ဆံပေးရင် ဘာမဆို လုပ်မဲ့ ကောင်ဖြသ်သည်။ လက်ရဲ့ ဇက်ရဲ့လည်းဖြစ်သည်။ သူမကို ကျောင်းတက်ထဲက သဘောကျနေတဲ့ သူလည်းဖြစ်သည်။ သူမအချိုသတ်ပြီး ခိုင်းဖို့ ထိုအချက်ကြောင့်လည်း အောင်ကောင်းကို ရွေးချယ်ခဲ့သည်။ သူမအဖို့ဆို အောင်ကောင်လိုလူမျိုးကို စကားပြောဖို့မပြောနဲ့ အဖက်တောင် မလုပ်....
" sorry...ခြယ်...ငါနောက်ကျသွားတယ်...ကားလမ်းပိတ်နေလို့..."
ခြယ် ပျက်နေသော မျက်နှာကို အမြန်ပြင်ဆင်ကာ အပြုံးများကို ဖန်တီးလိုက်ပြီး....
"အဟင်း...ရပါတယ်...ကောင်း...ငါလည်းစောစောကမှရောက်တာ..."
"ဟုတ်လား....ငါက နင်ငါ့ကိုဆက်သွယ်တော့ အရမ်းဝမ်းသာသွားတာဟ....နင့်ကိုငါအမြဲသတိရနေတာသိလား..."
သူကပြောလည်းပြော သူမလက်ကလေးကိုလာကိုင်တော့ သူမမျက်နှာပျက်သွားပြီး အသာရုန်းလိုက်ပြီး...
"အဟင်း....ကောင်းရယ်...ငါလည်းသတိရပါတယ်....အလုပ်တွေရူပ်နေတော့ မဆက်သွယ်ဖြစ်တာ..."
သူမဟန်လုပ်ကာပြောလိုက်တော့ ထိုလူက ယုံသွားပုံရကာ ခေါင်းငြိမ့်ပြပြီး သူမကို အချစ်မျက်ဝန်များနဲ့ကြည့်ကာ...
"အေးပေါ့...နင့်အဒေါ်က သူဌေးကြီးနဲ့ လက်ထပ်ယူလိုက်တော့ နင်တို့လည်း ချမ်းသာသွားပြီး အလုပ်တွေလုပ်နေရတော့ ရူပ်နေမှာပေါ့....ငါနားလည်ပါတယ်....ပြီးတော့..အခုနင် အာ့သူဌေး company မှာပဲ အလုပ်လုပ်နေတာလား..."
သူ့အပြောကြောင့် သူမ ပျက်နေသော မျက်နှာကိုပြင်ရင်း...စာပွဲခုံအောက်က လက်သီးလေးကတော့ ဆုပ်ထားလျှက် ဒေါသထွက်နေကြောင်း သက်သေပြနေသည်။
"အင်းလေး....လေးလေးက အခုငါ့ကိုနေရာတစ်ခုပေးတယ်လေ...ငါအခုအာ့မှာ အလုပ်ဝင်တော့မှာ....အစကတော့ ငါ့ကိုယ်ပိုင်စီးပွားရေးပဲလုပ်နေတာပါ..
ဟင်း...ဟင်း...."
"ဟုတ်လား ကောင်းတာပေါ့...နင်တို့ဘဝတွေကတော့ ကောင်းစားသွားပြီ...ဒါနဲ့ နင်ငါ့ကို ဘာကိစ္စ တွေ့ဖို့ ချိန်းတာလည်း..."
" သြော်...ငါဘာမှထွေထွေထူးထူးတော့..မဟုတ်ပါဘူး....မတွေ့ရတာလည်းကြာလို့လေ....ပြီးတော့ နင်ပြောတာ ငါစဥ်းစားပေးနေတယ်ဆိုတာပြောရင်...."
"ဘာ....ဘ....ခြယ် နင်တကယ်ပြောတာနော်....ငါ့ကိုစဥ်းစားပေးမယ်ဆိုတာ...."
သူမအပြောကြောင့် စိတ်လှုပ်ရှားစွာ ထမေးသော သူ့ကြောင့် သူမ ဟန်ဆောင်ရှက်ပြုံးလေးပြုံးကာ အမူယာပိုစွာ...ခေါင်းလေး ငြိမ့်ပြလိုက်တော့....
"ဟာ....ခြယ်ရယ်...ငါလေ...ငါအရမ်းဝမ်းသာတာပဲ...ငါမထင်ထားဘူးသိလား....နင်ငါ့ကို ဒီတစ်သတ်မစဥ်းစားပေးတော့ဘူးထင်တာ....ငါဝမ်းသာတယ်ကွာ..."
"ဒါပင်မဲ့လေ....ငါနင့်ကို စဥ်းစားပေးရင် နင်ငါ့ကိုတစ်ခုခုတော့ ပြန်ပေးရမယ်..."
" ဟာ...ပြောစရာလားဟာ....တစ်ခုမကဘူး ကြိုက်တာပြော....ကြိုက်တာခိုင်း....ငါအသက်နဲ့ရင်းပြီး အကုန်လုပ်ပေးမှာ..."
ပြောနေရင်း သူမမျက်ရည်တွေကျလာတာကြောင့် အောင်ကောင်းပြာယာခက်စွာ သူမအနားတိုးသွားလိုက်ပြီး ပခုံးလေးကို ကိုင်ကာ....
"ဟာ....ခြယ်....ဘာဖြစ်လို့လည်း....ငါပြောတာမှားသွားလို့လားဟာ...ပြောပါ...ငါ....ငါ...ငါပြောတာမကြိုက်လို့လားဟင်..."
သူမမျက်ရည်တွေကျပြီး ခေါင်းလေးခါပြကာ....
"မဟုတ်ပါဘူး....ငါ...ငါ..နင်ငါ့အပေါ် အခုထိချိန်ထိ ချစ်နေနိုင်သေးတာကို....ဝမ်းသာသွားလို့ပါ....အဟင့်..."
ခြယ် အမူယာပိုစွာ မျက်ရည်လေးကို လက်ခုံနုလေးနဲ့ သုတ်ပြီးပြောတော့...
"ခြယ်ရယ်...ငါလန့်သွားတာပဲ...ဘာပဲဖြစ်ဖြစ် နောက်ဆို မျက်ရည်မကျနဲ့ဟာ...ငါနင်မျက်ရည်ကျတာကို မခံစားနိုင်ဘူး....နင့်ကို မျက်ရည်ကျအောင် လုပ်တဲ့သူမှန်သမျှကိုလည်း ငါ သူတို့မျက်ရည်ကျအောင် ပြန်လုပ်ပေးမယ်...ခြယ်ကို မျက်ရည်ကျအောင်လုပ်တဲ့သူက ကိုယ့်ရန်သူပဲ..."
ပြောလည်းပြော သူမပါးပေါ်မှ မျက်ရည်အစများကို လက်နဲ့သုတ်ပေးပြီး သူမပခုံးလေးကိုထက်လိုက်ကာ...
"တကယ်လားဟင်...ငါ့ကိုမျက်ရည်ကျအောင်လုပ်တဲ့သူတွေကို မျက်ရည်ကျအောင်ပြန်လုပ်ပေးမယ်ဆိုတာ..."
"အင်းတကယ်ပေါ့...."
သူမရှက်ပြုံးလေးပြုံးပြလိုက်ပြီး အောင်ကောင်းကို ပခုံးမှ ဖက်ထားလိုက်ပြီး အခြားတစ်ဖက်မှာတော့ ချက်ချင်းပြောင်းသွားတဲ့ မျက်နှာပေါ်တွင် ကောင်ကျစ်ယုတ်မာမူများနဲ့ အပြုံးကိုတော့ အောင်ကောင်းတစ်ယောက် မမြင်နိုင်ခဲ့ပါ ။
------------------------------------☪☪☪☪☪☪☪☪☪☪☪☪☪☪☪
ရ...အလုပ်တွေလုပ်နေရင်း....လက်က နာရီကိုကြည့်လိုက်တော့ ၃နာရီခွဲနေပြီ ဖြစ်တာကြောင့် အလုပ်တွေကို အိမ်ပြန်သယ်သွားဖို့ပဲ ဆုံးဖြတ်လိုက်မိသည်။
အရင်တောက ရ အလုပ်တွေပြီးမှ အိပ်ပြန်တက်ပင်မဲ့...အခုတော့ ဇနီသည်အသစ်လေးကြောင့် စောစောပြန်တက်နေပြီဖြစ်သည်။ရ...ကိုယ့်ကိုကိုယ် တွေးပြီး ပြုံးနေစဥ်...
"အကိုလေး....ကျွန်တော်ဝင်လာမယ်နော်...ဟဲဟဲ.."
"ဝင်ခဲ့လေ...မင်းမျက်နှာဘာဖြစ်နေတာလည်း စပ်ဖြဲဖြဲနဲ့..."
ရအိမ်ပြန်သယ်ဖို့ Computerနဲ့ Fileအချို့ကို အိပ်ထဲထည့်နေရင်းပြောတော့....သူရမျက်နှာ မဲ့ရှုံ့သွားကာ...
"အကိုလေးကလည်း...ကျွန်တော်က ပြုံးပြုံးရွှင်ရွှင်နေတာပါ...အကိုလေးလည်း ကျွန်တော်လို့ ပြုံးပြုံးလေးနေပါလား အမြဲတမ်းရုပ်တည်ကြီးနဲ့ နေနေပြီး..."
"တော်စမ်းပါ....အခုဘာပြောမလို့လည်း..."
"အကိုလေး အလုပ်ဆင်းတော့မလို့လား..."
"အင်း...ရတယ်ပြော..."
ကျွန်တော် မနက်ဖြန် အရောင်းပြခန်းဆောက်မဲ့ အင်ဂျင်နီယာ တွေနဲ့ တွေ့ဖို့ပြောပြီးပါပြီး အကိုလေးကျွန်တော့်ကို mailပို့ထားတာလည်း သူတို့ကို ကျွန်တော်ပို့ပြီးပြီ....မနက်ဖြန် ဟိုဘက်က ပစ္စည်းတွေဝင်ပြီး...မြို့နယ်အလိုက် ဆိုင်ခွဲတွေကို ပို့ရမှာ....အာ့တော့ ကျွန်တော်ပစ္စည်းသွားစစ်ပြီး တစ်ခါထည်း...ကားပေါ်တင်ပြီး မြို့နယ်အလိုက်ပို့ခိုင်းလိုက်တော့မယ်နော်...."
" Ok ကောင်းတယ်...မင်းအာ့ဒိဘက်ကိုအာရုံစိုက်လိုက်.....ငါဆောက်လုပ်ရေးဘက်ကို ကြည့်လိုက်မယ်...."
"ပြီးတော့အကိုလေး....သဘက်ခါ ဆွဲခွဲ မန်နေဂျာတွေခန့်ဖို့ ကျွန်တော် အင်တာဗျူး အတွက် ချိန်းလိုက်မယ်နော်..."
သူတစ်ချက် စဥ်းစားသလိုဖြစ်ပြီးမှ....
"အင်းခေါ်လိုက် HR ဘက်ကိုပြောလိုက်..ငါကိုယ်တိုင်ဗျူးမယ်...မန်နေဂျာရော အခုထပ်ဖွင့်မယ် ဆိုင်ခွဲတွေအတွက်အရောင်းဝန်ထမ်းရော အယောက် ၃၀လောက်လိုချင်တယ်...."
"ဟုတ်ကဲ့...အကိုလေး...ကျွန်တော်ပြောလိုက်ပါ့မယ်...."
"သြော်...နောက်ရက်ကစပြီး...ငါ့ကို ထမင်းမမှာပေးနဲ့တော့..."
"ဗျာ...ဘာဖြစ်လို့လည်း အကိုလေး...."
သူရအမေးအမြန်းထူတာကို သူစိတ်မရှည် သလို မျက်မှောင်ကုတ်ပြီး...
" ငါ့မိန်းမက ငါ့ကို နေ့တိုင်းထမင်းချိုင့်ထည့်ပေးမှာ...."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း