book

Index 9

အခန်း (9)

  • Author : A Mon Ko
  • Genres : Romance, Drama

ချစ်သောသူနှင့် ကွေကွင်းရခြင်းဒုက္ခထက်

မချစ်မနှစ်သောက်သူနဲ့ ပေါင်းဖက်ရမယ့်

ဒုက္ခသည် ပို၍ ပူလောင်စေခဲ့ရပါသည်။

ရွှေအိမ်သူတို့ဘက်က အတင်းတောင်းဆိုလာ

၍ စေ့စပ်ပွဲ လုပ်ပေးခဲ့ရပါသည်။စေ့စပ်ပွဲလေး

ကိုတောင် သူ့မှာ တခမ်းတနား ကျင်းပပေး

လိုက်ရပါသည်။ဘာရည်ရွယ်ချက်နဲ့ သတင်း

စာခေါင်းစည်းပိုင်းအထိ တရားဝင်ကြေညာ

ခဲ့သလဲတော့ ညီလင်းညို မသိပါဘူး။


အရာအားလုံးက သူတို့စိတ်ကြိက်...မေမေ့

အလိုကျ သူ သဘောတူကြည်ဖြူပေးခဲ့တာ

ပါ။စေ့စပ်ပွဲတွင် ဒေါက်တာဇေယျကျော်ရော

သူရကျော်ထင်ပါ မြင်လိုက်ရ၍ သူ မသိမသာ

မျက်နှာပျက်သွားရပါသည်။နောက်မှသိရတာ

သူတို့သုံးယောက်က.  ကျောင်းနေဖက်

သူငယ်ချင်းတွေ ဖြစ်နေတာကိုပါပဲ။


ရွှေအိမ်သူက သူတို့နှစ်ယောက်နဲ့ ညီလင်းညို

ကို အပြန်အလှန် မိတ်ဆက်ပေးနေပြန်ပါ

သည်။


" နင့်လူကို ငါသိပြီးသားပါ..ဟုတ်တယ်မို့လား

  ကိုညီ.... "


သူရ အပြောကို ပြုံးရုံလောက်သာ သူတုံ့ပြန်

ခဲ့ပါသည်။ဇေယျကျော်ကဖြင့် စာနာတတ်သူ

ပီပီ သူ့အား မသိချင်ယောင်ဆောင်နေခြင်းနဲ့

ကူညီပေးလိုက်ပါ၏။


" ဟုတ်သားပဲ.... သူရအဖေနဲ့ ကိုနဲ့က...လုပ်

  ငန်းရှင်တွေဆိုတာ မေ့သွားတယ်.... သူက

  ဒေါက်တာဇေယျကျော်...ဟဲ့..ဒါ ကိုညီလင်း

  ညို... "


" တွေ့ရတာ ဝမ်းသာပါတယ်ဗျာ "


ဇေယျ ကမ်းလာသောလက်ကို သူ ပြန်လှမ်း

ဖို့ နှေးကွေးနေသည်။သူမ ကြည့်နေ၍ ဟန်

မပျက် လက်လှမ်းကာ လက်ဆွဲနှုတ်ဆက်

လျက် စိတ်မပါပဲ ပြုံးပြ ဖြစ်ပါသည်။ဇေယျ

ကို သူ စိတ်မပူပါဘူး။ဆရာဝန်တယောက်

လည်းဖြစ်...အနေအေးမှန်းလည်းသိသာနေ

၍ သူ့အကြောင်းတွေကို ဇေယျ ဘယ်တော့မှ

ပြောပြမှာ မဟုတ်ဘူး။သူ စိတ်ထင့်နေတာ

သူရကျော်ထင်က်ိုပဲ။သူနဲ့စိုး အကြောင်းကို

သူရ လိမ့်ပတ်လည်သည်အထိ အတွင်းကျ

ကျ မသိသော်ငြား ရိပ်မိတဲ့အဆင့်တော့ရှ်ိ

နေလိမ့်မည်။မလိုအပ်ပဲ ပြီးခဲ့တဲ့ ပြသာနာ

တွေ အချိန်ကုန်ခံ ရှင်းပြရတာမျိူး သူ

မဖြစ်စေချင်ဘူး။


ရွှေအိမ်သူ ဟိုဘက်ထွက်သည့်အချိန်တွင်

သူရက သူ့အနားကပ်လာပြီး...


" ကိုညီ ဟိုတခါခေါ်လာတဲ့ကောင်မလေး...

  ဘယ်မှာနေတာလဲ...အခုကိုညီလည်း

  ကိုယ့်ဘဝနဲ့ကိုယ်သာယာနေပြီပဲ...သူနဲ့

  ပြန်ချိတ်ပေးပါလား...ကျတော် သူ့တကယ်

  ငြိသွားတာ...လုပ်ပါဗျာ.... "


သူရ ကို ကြည့်ရတာ တကယ်သိချင်စိတ်နဲ့

ရွှေအိမ်သူမသိအောင် ကပ်မေးနေတာလား..

သေချာအောင် သက်သေထူဖို့ စကားစ

ရှာနေတာလား..။


" ဒီလောက်ပြသာနာတက်ထားတာတောင်..

  မင်းဘာလို့သွားငြိချင်နေရတာလဲ.. "


" အဲ့နေ့က ကျတော်လက်လွန်သွားတာဗျ...

  ပြန်စဥ်းစားကြည့်တော့...တောင်းပန်ရမယ်

  ထင်လို့...တကယ်စိတ်မကောင်းဘူးဗျာ "


ညီလင်းညို အသံထွက်လုမတတ် တစ်ချက်

ရီလိုက်မိသေးသည်။အသိသာကြီး လာရော

ပြီး မေးနေပုံထောက်ရင် ရိုးသားမှုမရှိတာ

သေချာ၏။


" သူ ဘယ်မှာနေလဲ...ငါမသိဘူး.... အဲ့နေ့ထဲ

  က..သူနဲ့ငါ ဘာအဆက်အသွယ်မှ မရှိတော့

  ဘူး "


" ခက်တာပဲဗျာ.... ကျတော်ကတော့ မတွေ့

  တွေ့အောင်ရှာမှာ "


" သဘောလေ.... "


စိုးမေလှိုင်နဲ့ ပက်သတ်ပြီး ညီလင်းညိုဘက်က

အမူအယာလေးတစ်စွန်းတစ်စ ပြောင်းလဲ

လာလေမလား သူရ အကဲခတ်ကြည့်နေတာ

ဖြစ်သည်။ဘာမှမဖြစ်သလို ဟန်ပန်နဲ့ ပေါ့ပေါ့

ပါးပါး ပြောခဲ့တာကိုပင် စိတ်ထဲ မကျေမနပ်

ဖြစ်နေမိသည်။ရွှေအိမ်သူက သူ ဘာပြော

ပြော မယုံဘူး ဘာညာနဲ့။


" နင့်ဘက်က သေချာရင် လက်ဆုပ်လက်ကိုင်

  ပြလေ... အထင်တွေနဲ့ ငါယူမယ့်ယောကျာ်း

  ကို မပုတ်ခတ်စမ်းနဲ့.... ငါမကြိုက်ဘူး "


ရွှေအိမ်သူကလည်း ခေသူ မဟုတ်ဘူးလေ။

ညီလင်းညိုအကြောင်း သူမ သိချင်တာပဲ။

သူရပြောတာတွေကိုလည်း နဲနဲလေး ယုံကြည်

မိတယ်။ဘယ်အရာမှ မသေချာသေးတာမို့

သူရကို မခံချင်စိတ်ဖြစ်အောင် တွန်းပို့ရင်း

တစ်ချက်ခုတ် နှစ်ချက်ပြတ်မယ့် ပွဲမျိူး

သူမ စီစဥ်ခဲ့တာဖြစ်သည်။


ညီလင်းညိုသည် သူရ ဘာများထပ်မေးမလဲ

ခနလောက် စောင့်ပေးလိုက်သည်။ကိုယ့်

အတွေးနဲ့ကိုယ် ဘာတွေကြံစည်နေမှန်းမသိတဲ့

သူရက ငြိမ်နေ၍ ညီလင်းညို လှည့်ထွက်လာ

ပါသည်။


ညီလင်းညို၏ နောက်ကျောကို သေချာ

ကြည့်ရင်း သူ ခံပြင်းနေပြန်သည်။အဲ့နေ့က

သူ ဟိုတယ်က မထွက်ခင် ဇေယျလက်ထဲက

ကောင်မလေးအား ညီလင်းညို ဆွဲခေါ်ပြီး

ကားပေါ်တင်သွားတာ သူ မြင်ခဲ့ရတယ်။

နောက်တနေ့ ဇေယျ အိမ် သူထပ်သွားတဲ့

အချိန် အဲ့ကောင်မလေးကို တဖက်ခြံမှာ

ထပ်တွေ့ခဲ့ရတယ်။သူ အသေးစိတ်စုံစမ်း

စရာမလိုပဲ စိုးမေလှိုင်ကို တွေ့ခဲ့သည့်ခြံဟာ

ညီလင်းညိုအပိုင်ဆိုတာ သိခဲ့ရသေးတာပဲ။

သည့်ထက်ပိုပြီး ရွှေအိမ်သူက ဘာသက်သေ

တွေ ထပ်လိုချင်နေသေးတာလဲ။


သူကလည်း ကိုယ့်မျက်နှာတည့်တည့်ကို

ကြည့်ပြီး မယုံပါဘူးလို့ ပြောနေတာလောက်

ခံရခက်တာမရှိဘူး။တဖြေးဖြေး အသဲတွေ

ယားလာရုံမက မယုံဘူးပဲ ထပ်တလဲလဲ

ပြောနေသော ရွှေအိမ်သူ့ကိုပါ ပေါက်ကွဲချင်

လာသည်။သည်ကြားထဲ ဇေယျကပါ သိသိရဲ့

နဲ့ မသိချင်ယောင်ဆောင်ပြီး လက်ဆွဲနှုတ်

ဆက်တာကိုပင် သူ ကြားထဲက တနုံ့နုံ့နဲ့ရယ်။


" ဟေ့ယောင် ဇေယျ လာအုံး.... "


ရှုပ်နေသည့်လူတွေကြား ဇေယျကို သူဆွဲ

ခေါ်လာသည်။


" မင်းလည်းသိတယ်မို့လား...ငါသိသလိုမျိူး"


" ဘာကိုပြောတာလဲ "


" ညီလင်းညိုအကြောင်းလေ... "


" မင်းဘာဖြစ်ချင်နေပြန်တာလဲ.... သူ့ဟာသူ

  နေပါစေလားကွာ... "


" အမြဲတမ်းအဲ့လိုအေးတိအေးစက်နဲ့...အမှန်

  ဆို ရွှေအိမ်သူက မင်းရမှာ.. "


" တော်ပါကွာ...ရလည်းမယူဘူး...သူ့

  အကြောင်းမင်းရောငါရော အသိဆုံး "


သူငယ်ချင်း အချင်းချင်း ဂျင်းလာထည့်နေ၍

ဇေယျ မပြောချင်ပါပဲ ပြောမိသွားသည်။

တော်ရုံ တစ်ဖက်သား မကောင်းကြောင်း

လူတကာကို သူ လိုက်မပြောတတ်ပါဘူး။

အားလုံးဟာ ကံစီမံရာအတိုင်းပဲ...။ကိုယ်ပြု

ခဲ့သမျှကံအတိုင်း ကောင်းကျိူး ဆိုကျိူးတွေ

ခံစား...စံစားရမှာပဲ။ရွှေအိမ်သူမှာလည်း

အကျင့်ဆိုးတွေရှိနေသလို ညီလင်းညိုသည်

လည်း သူ့အမှားနဲ့သူ ရှိနေခဲ့တယ်။ဒါကိုဘယ်

သူက သာတယ်...ဘယ်သူက နာတယ်ဆိုပြီး

ဂဏန်းပေါင်းစက်နဲ့ တွက်ချက်တိုင်းထွာလို့

မရပြန်ဘူး။ကံကြုံရင် ဆုံကြမယ်...အဲ့ထက်

ပိုသော ရေစက်ဆိုရင် ပေါင်းဖက်ရမယ်။

သူတို့ရဲ့ ကံတရားကို လိုက်ဖျက်ဆီးလို့မရ

သလို အတင်းဆွဲကပ်ပေးလို့လည်း မရဘူး။


" ရွှေအိမ်သူအကြောင်းတောင် မင်းသိရင်

  ညီလင်းညိုအကြောင်းလည်း သိရမယ်လေ

  ပြောစမ်းပါကွာ...သူ့ ကောင်မလေးက...

  မင်းနဲ့ခြံချင်းကပ်နေခဲ့တာ..ဘယ်လိုဆက်ဆံ

  ရေးမျိူးလဲ...မင်းတောင် ငါနဲ့ငြိမလိုဖြစ်ခဲ့

  သေးတာပဲ...စိုးမေလှ်ိုင်နဲ့မင်းလည်း အတိုင်း

  အတာတစ်ခုအထိတော့ ရင်းနှီးမှာပါ...."


ဒီကောင် ဘာလို့များ သူများအကြောင်းကို

လိုတာထက် ပိုစိတ်ဝင်စားနေလဲ တွေးမရနိုင်

ဖြစ်နေသည်။


" ငါ တကယ်မသိဘူး သူရ...ငါသူများ

  အကြောင်းစိတ်မဝင်စားဘူး "


" စိုးမေလှိုင် ကိုရော... "


သူရက မေးခွန်းကို အချိန်မဆိုင်းတန်းမေးပြီး

သူ့မျက်နှာကို အမိအရ အကဲခတ်ကြည့်ရာ

ဟန်ပျက်နေပုံကိုကြည့်ပြီး သဘောကျလျက်

ပြုံးနေပါသည်။


" ဒေါက်တာဇေယျကျော်...ဇေယျကျော်...

  လူနာတွေ နေမကောင်းရင် ဘာဆေးပေး

  ရမလဲ မင်းသိတယ်...နှလုံးမကောင်းတော့

  ဘူးဆိုရင် စက်ထည့်ပေးရမှာ မင်းရဲ့တာဝန်

  အေး...မင်းမကျွမ်းကျင်တဲ့ အချစ်ဆိုတဲ့

  ဘာသာရပ်ကို ဖြေမယ်များစိတ်ကူးရှ်ိရင်

  ဂိုက်တစ်ယောက်ကောင်းကောင်းလိုတယ်

  ကွ...စိတ်မပူပါနဲ့...ငါတယောက်လုံးရှိတယ်.

  စိုးမေလှိုင်က ရက်ရက်စက်စက် လှတယ်..

  ဒါပေမယ့်...သူ ဘယ်လိုမိန်းမစားလဲ...

  အကြမ်းဖျင်းတွက်ကြည့်ရသလောက်..

  မင်းလိုလူနဲ့ ဘယ်လိုမှ မတင့်တယ်တဲ့ပန်း

  တစ်ပွင့်ပဲ...စေတနာနဲ့ပြောတာပါကွာ...

  သူများတံတွေးခွက်ထဲ ယက်ကန်ယက်ကန်

  ဖြစ်မှာစိုးလို့...ဟားးး "


" ဒါတွေက မင်းသတ်မှတ်ထားတဲ့ အချစ်နဲ့

  ပက်သတ်ပြီး စံချိန်စံညွှန်းတွေလား "


" ဒါပေါ့... "


" ငါ့အတွေးက အဲ့လိုမဟုတ်ဘူး...ငါသာ

  မြတ်နိုးရင် အကြွေပန်းလည်း တယုတယ

  ကောက်မွှေးမယ်...မိန်းမပျက်မကလို့

  ဘယ်လိုမိန်းမပဲ ဖြစ်ပါစေ...ငါသာလက်

  ထပ်ယူခဲ့ရင်...အဲ့မိန်းခလေးက ဆရာဝန်

  ကတော် တယောက်ဖြစ်မယ်...လက်တွေ့

  ကျကျ စဥ်းစားစမ်းပါဟ...."


" လက်ထပ်ဖို့အထိတောင် တွေးနေပြီလား "


" ပြောပြီးပြီပဲကွာ...ငါသာတကယ်ချစ်သွား

  ရင် သူ့ဟာသူ ဘယ်လိုမိန်းမစားဖြစ်ဖြစ်

  လက်ထပ်ရဲတယ်...သမရ်ိုးကျဖြစ်စဥ်

  အတိုင်းမတွေးပါနဲ့...အရည်အချင်းရှ်ိတဲ့

  လူတစ်ယောက်က ဘယ်လိုမိန်းမကိုပဲယူယူ

  သုံးစားမရတဲ့အဆင့်ရောက်သွားမှာမှ

  မဟုတ်ပဲ.....လုပ်ရပ်နဲ့ အရည်အချင်းကပဲ

  စကားပြောသွားတာပါ...အတိတ်ကအတိတ်

  ပါ...အရိပ်မည်းဖြစ်ခဲ့တယ်ထားအုံး..ငါ့မှာ

  ရှိတဲ့ အလင်းရောင်နဲ့ တောက်ပစေမှာမို့

  အဲ့လောက်ထိ စိတ်ပူပေးစရာမလိုဘူး "


" ဒီလိုရှိတယ် ဒေါက်တာရ...လမ်းဘေးခွေး

  ကိုချစ်လို့ အိမ်ခေါ်မွေးလည်း...အိမ်မွေး

  ခွေး ဖြစ်မလာနိုင်ဘူးလေ...အပြင်အဆင်

  က စကားပြောသေးတယ် "


သူရ နဲ့ စကားဆက်ပြောချင်စိတ်မရှိတော့ပါ။

စိုးနဲ့သူဟာ အခုထိ မိတ်ဆွေအဆင့်ထက်မပို

သေးဘူး။မဆီမဆိုင် တဖက်မိန်းခလေးကို

ချိူးဖဲ့ပြောနေတာမျိူးကျ သူနဲ့အဆင်မပြေ

တော့ဘူးလေ။ငွေဂုဏ်မောက်ပြီး ကိုယ့်ထက်

နိမ့်ပါးသူတွေကို စော်ကားတတ်ကြတဲ့ လူ

တန်းစားများကို အထက်တန်းစားလို့ မမြင်

မိတာ အသေချာပဲ။


ဇေယျကျော် လှည့်ထွက်သွားတဲ့အချိန်ဝယ်

ရွှေအိမ်သူက ခပ်လှမ်းလှမ်းကနေ သူရ အား

မေးငေါ့ပြလျက် အခြေအနေဘာထူးလဲဟူ

သော သဘောဖြင့် မေးလိုက်လျှင် သူရက

ပခုံးနှစ်ဖက် တွန့်ပြကာ လက်ဖျားခါတယ်

ဟု အမူအယာဖြင့် ပြန်လည် အသိပေးလိုက်

ပါသည်။


အားလုံး ပြီးဆုံးသွားပြီဆိုမှ သူမ ဘာကို

အရစ်ရှည်ချင်နေတာလဲ မသိတော့ပါ။ခု

လည်းပဲ သူတို့စိတ်တိုင်းကျ သတင်းစာ

ခေါင်းစည်းပိုင်းမှာ တခမ်းတနား ကြေညာ

ခဲ့ပြီးပြီ။ဒါကို မကျေနပ်နိုင်သေးပဲ စိုး

အကြောင်း အောက်ဖဲလှန်ချင်နေတာ မိန်းမ

တယောက်၏ အတ္တလို့ ပြောလို့မရပါဘူး။

တစ်ဖက်လူရဲ့ အပြစ်ကို ဖိနင်းပြီး ငယ်နိုင်

သဘောနဲ့ စင်ပေါ်မှာ နေရအောင် တမင်

အကွက် ရှာနေခြင်း သက်သက်သာ ဖြစ်ပါ

လိမ့်မည်။


ပွင့်ပွင့်လင်းလင်း ပြောရရင် ရွှေအိမ်သူက

အမေတူသမီးလေ။သူ့အမေရဲ့ လမ်းစဥ်

အတိုင်း တပါးသူ အားနဲချက်ကို မရမက

ရှာဖွေပြီး နလန်မထူအောင် ကြိုးဆွဲကချင်

တဲ့ သဘောပဲ။


စေ့စပ်တယ်ဆိုတာ တရားဝင်လက်ထပ်ခဲ့

တာ မဟုတ်သေးဘူး။သို့ပေမယ့် ယူလိုတဲ့

အခွင့်အရေးတွေဟာ အတော်ကို များနေ

တယ်။အချိန်အတော်ကြာ စကားပြောကြည့်

မှ သူမသည် စကားပြောရာတွင် စည်းလွတ်

ဝါးလွတ် ပြောတတ်တာ သိခွင့်ရခဲ့သည်။


" ရှင့်ကို ကျမ သိချင်တာလေးမေးလို့ရမလား"


" မေးလေ... "


" ကျမနဲ့လက်ထပ်ပြီးရင်...အင်းယားလမ်းက

  ခြံမှာ ထားမှာပဲလား..."


" ဘာရယ်....."


" အဟင်းးးဟင်းး...ဘာမဟုတ်တာလုပ်ထား

  လို့...အဲ့လောက်ထိတုန်လှုပ်သွားတာလဲ...

  ကျမဘက်က ရိုးရိုးသားသားမေးလိုက်တာ

  ပါ "


" ရိုးသားစွာမေးတယ်ဆိုထဲက...အဲ့ဒါမင်း

  လိမ်နေတာပဲ...ဒီကိစ္စတွေအထိ သိအောင်

  လုပ်ထားတယ်ဆိုတာလည်း ငါ့ကိုမယုံကြည်

  တာပဲ...ငါ့အကြောင်းကို ဘယ်သူကမှ ငါ့

  လောက်မသိဘူး...အချိန်ကုန်ခံ...စစ်ကူ

  ခေါ်ပြီး လျှောက်စုံစမ်းမနေနဲ့.. သိချင်ရင်

  တိုက်ရိုက်မေး...မင်းမေးတာလည်းငါဖြေ

  မယ်....အင်းယားလမ်းက ခြံမှာ မင်းနေပိုင်

  ခွင့်မရှိဘူး..."


နေပိုင်ခွင့်မရှိဘူးဆိုတဲ့ စကားသည် သူမ

မာနကို ခပ်ပြင်းပြင်း ထုရိုက်လိုက်သလို

တဆစ်ဆစ် နာကျင်သွားရပါသည်။သူ့

သတင်းတွေက တကယ်ကြီး မှန်နေတာပဲ

လား။


" ဘယ်လိုစကားကြီးလဲ...နားခါးလိုက်တာ..

  ကျမကြားဖူးတာတော့ လင်ပိုင်တဲ့အရာ

  မှန်သမျှ...မယားလည်းပိုင်တယ်ဆို...

  ရှင့်ကျမှ ထူးဆန်းလှကြီလား...ကန့်သတ်  

  ချက်တွေ များနေပုံထောက်ရင်...ကျမက

  ရှင်ပိုင်ဆိုင်တာမှန်သမျှ ခွဲတမ်းချပြီးမှ

  စံစားရမယ့်အဆင့်များ ရောက်သွားတာ

  လား "


" နေစမ်းပါအုံး...မင်းက ငါ့ဆီကဘာတွေများ

  ကြီးကြီးမားမား မျှော်လင့်ပြီး လက်ထပ်ဖို့

  စဥ်းစားခဲ့တာလဲ ရွှေအိမ်သူ....မင်းပါးစပ်က

  ခွဲတမ်းချတာတွေ...စံစားရမယ်တွေ စကား

  ထဲထည့်ပြီး ပြောရမယ့်အဆင့်ကိုမရောက်

  သေးတာ မင်းနားလည်လား...ကျေးဇူးပြုပြီး

  စိတ်ကုန်အောင်မလုပ်ချင်စမ်းပါနဲ့...နောက်

  နေ့သတင်းစာထဲ...စေ့စပ်ပွဲဖျက်သိမ်းခြင်း

  ဆိုတဲ့ ခေါင်းစည်းအောက်ကို မင်းမရောက်

  ချင်ရင်ပေါ့... "


သူ့ဘက်က ​ပြောစရာ စကားကုန်ပြီမို့ ကနဦး

စေတနာလေးကိုပင် အမှိုက်ပုံးထဲ ထည့်ခဲ့ပြီး

ကိုယ့်ဘာသာ ပြန်လာခဲ့ပါသည်။မေမေက

ဧည့်သည်တွေရှိသေးတယ်ဆိုပြီး ကျန်ရစ်

ခဲ့ပါသည်။


" ကြည့်စမ်း...ပွဲက မပြီးသေးဘူး...ပြန်သွား

  တယ်...ဒါ သက်သက်ငါ့ကိုစော်ကားတာ "


ရွှေအိမ်သူတစ်ယောက် ဒေါသတွေဖြာထွက်

ကာ ဒေါ်ညွန့်ဝေ နားသွားပြီး...


" မာမီ့ သမက်ကဘာလဲ....ပွဲတောင်မပြီးသေး

  ဘူး...ပြန်သွားပြီ...သမီးတယောက်ထဲ...

  ဘယ်သူ့ကို ဘယ်လိုမျက်နှာပြရမလဲ "


ဒေါ်ညွန့်ဝေ နားတွင် ဒေါ်သစ္စာလည်း ရှိနေပါ

သည်။တမင်သက်သက် သူ့သားအကြောင်း

သူ့အမေလည်းသိအောင် ပြောပစ်လိုက်တာ။


" ကဲပါ...သမီးလည်းပြန်ချင်ပြန်တော့...

  နောက်ထပ်ဘယ်သူမှလာစရာမရှိတော့ဘူး..

  သွားတော့... "


စေ့စပ်ပွဲလေးပဲ လုပ်ရသေးတယ်...သူတို့

အချင်းချင်း ကီးမကိုက်ကြတော့ဘူး။ကြံစည်

ထားလေသမျှ သဲထဲရေသွန်မဖြစ်စေဖို့ သူမ

ထွက်လက်စ အရှိန်ကို စက်သေသွားအောင်

ဒေါ်ညွန့်ဝေ အတင်းချော့မော့ပြန်လွှတ်လိုက်

ရပါသည်။


" ကဲ သစ္စာ...ယူ့သားလုပ်ပုံတွေမဟုတ်ဘူး

  နော်...အစထဲက ကိုယ်ပြောပြီးသား...

  တယောက်ထဲလွှတ်မထားနဲ့လို့.....

  လတ်တလောထွက်နေတဲ့သတင်းတွေက

  လည်း ဘာတွေမှန်းမသိဘူး..."


" ငါ ဒီထက်ပိုပြီး မရှင်းပြပေးတတ်တော့ဘူး

  မဝေ...စိတ်မသန့်ရင်လည်း ပွဲဖျက်လိုက်

  လေ... "


" ယူ ဘာစကားပြောတာလဲ "


" နင်​ပြောပါများလို့...အင်းယားလမ်းက ငါ့

  သားဝယ်ထားတဲ့ခြံလည်း ရောက်ခဲ့ပြီးပြီ..

  ဘယ်သူမှမရှိဘူး....သံသယတွေများလွန်း

  နေရင် နင်တို့သားအမိပဲ သောကရောက်နေ

  ရမှာ...စေတနာနဲ့ပြောတာ..တမျိူးထင်မနေ

  နဲ့...ဟုတ်ပြီလား "


အတည်ပေါက်ကြီးနဲ့ ပြန်လည်ချေပခဲ့ပြီးမှ

အချိူလေး ပစ်ကျွေးခဲ့ပါသည်။ဒေါ်သစ္စာ

မှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်မို့သာ ငြိမ်ခံနေ

ရတယ်။ရွှေအိမ်သူက ဘာမှမက်လောက်စရာ

ရှိတာလည်း မဟုတ်။သား သဘောကျလာ

အောင် မိမိကပါ ရောပြီး လိမ်ထားရတာ..။

မဟုတ်တာတွေ အဟုတ်လုပ်ပြီး ချီးမွမ်း

ပေးထားရတာ...။


ကိုယ့်အကြောင်းတွေ သားသိမှာစိုးလို့ ဖုံးရင်း

နဲ့ မဝေကို ငယ်ကြောက်သဖွယ် သူကြိုးဆွဲ

ရာ လိုက်ကပေးနေရတဲ့ ဘဝကိုလည်း မုန်း

လှပါပြီ။


လူတိုင်းအမှားနဲ့မကင်းပါဘူး...ဒေါ်သစ္စာ

မှားခဲ့တဲ့ အမှားဟာလည်း အချစ်ကြောင့်

မှားမိခဲ့တာပါ။


@@@@@@@@@@@@@@@@@@@


" မကြီးသူဇာ.....ဒီမှာလာဖတ်ကြည့်... "


ဆွေဆွေသည် ယနေ့ထွက် သတင်းစာကို

ဖတ်ရင်း မျက်နှာကြီးတစ်ခုလုံး သုန်မှုန်

သွားကာ သူမရှေ့က ဖြတ်သွားသော မသူဇာ

အား လှမ်းခေါ်ပြီး ပြလိုက်ပါသည်။


" ဟယ်..... "


မသူဇာ ဖတ်ပြီးနောက် အတော်လေးအံ့သြ

သွားခဲ့ပါသည်။


" ဒီ သတင်းစာ...စိုး မမြင်အောင် လွှတ်ပစ်

  လိုက်.... "


" လွှတ်ပစ်မနေပါနဲ့ မကြီးရယ်...စိုး ဖတ်ပြီး

  ပြီ "


" ဟင် "


" စိုးးးးးး "


သူမတို့နှစ်ယောက် သတင်းစာကို သဲကြီးမဲ

ကြီး ငုံ့ဖတ်နေတုံး စိုး အနောက်မှာရောက်နေ

တာ သတိမထားမိလိုက်ကြဘူး။


" နင် ဘယ်လိုမှမခံစားရဘူးလား စိုး "


" ဘာကို ခံစားရမှာလဲ...အစထဲက ပေါင်းဖို့

  မဖြစ်နိုင်တော့လို့ လမ်းခွဲခဲ့ကြတာ..သူလည်း

  သူ့ဘဝနဲ့သူ....ငါနဲ့ဘာမှမဆိုင်တော့ဘူး...

  သူ့ဘဝအတွက် အကောင်းဆုံးမိန်းခလေးကို

  ရွေးခြယ်သွားတာကို ငါ အထွေအထူး

  ဝမ်းနဲပြနေတော့ရော ဘာထူးသွားမှာလဲ "


တကယ်က သတင်းစာကိုဖတ်ပြီးပြီးချင်း

ဘယ်သူမှ မရိပ်မိအောင် အိမ်သာထဲမယ်

အသံတိတ် ငိုခဲ့ပြီးသွားပါပြီ။ရှိုက်သံလေး

ပင် မထွက်ရဲ...ပါးစပ်ပိတ်ထားခဲ့ရတာမို့

အခုထိ ရင်ဘတ်ထဲ အသက်ရှုကျပ်နေတုံးပါ။

ငိုခဲ့ရလွန်းလို့ ကိုက်နေဆဲ မျက်ရိုးတွေကို

မျက်တောင်လေး တဖျက်ဖျက်ခတ်ရင်း

ခေတ္တ သက်သာလာလေမလား ကျိတ်ပြီး

ကုနေခဲ့ရတာ။


သူတို့ရှေ့သာ ဘာမှမဖြစ်သလို ဟန်ဆောင်

နေရပေမယ့် စိုး ရင်တစ်ခုလုံး ရစရာမရှိ..

အစိတ်စိတ်အမွှာမွှာ ကွဲကြေခဲ့ပြီးပါပြီလေ။


" တော်ပြီ တော်ပြီ...မပြောနဲ့တော့ဆွေဆွေ ...

  ဒီမှာလာကြည့်စိုး....တစ်လအတွင်း မကြီး

  တို့ရဲ့ အမြတ်တွေ... "


စိုး အာရုံပြောင်းသွားအောင် အလုပ်ဘက်

မြှားဦးလှည့်လိုက်ပါသည်။စိတ်ထဲကမပါ

ပဲ တက်ကြွချင်ယောင်ဆောင်နေတာဟာ

အရမ်းပင်ပန်းလွန်းခဲ့ပါတယ်။


သူတို့သုံးယောက် စာရင်းစာအုပ်ကိုဝိုင်းကြည့်

နေတုံး အပြင်ဘက်တွင် ကားသံကြားရာ

သုံးယောက်သား ခေါင်းထောင်လျက် ပြိုင်တူ

ကြည့်လိုက်ကြသည်။


ဒေါက်တာ ဇေယျကျော်ရဲ့ကား...။ဆင်းဆင်း

ချင်း သူ့ကိုကြောင်နန ငေးကြည့်နေသော

ထိုအုပ်စုအား ​ပြုံးပြလိုက်သေးသည်။သူ့

လက်ထဲမှာလည်း အထုပ်တွေနဲ့။အိမ်ထဲက

လူတွေသည် နောက်မှ သတိဝင်ကာ ဧည့်သည်

ကို ထွက်ကြိုဖို့ ကုန်းရုန်း ထကြတော့သည်။


" ဆရာ.....ဘယ်ကနေ ဘယ်လို... "


" ဒီကိုပဲ တမင်လာခဲ့တာဗျ.... ဒီနေ့ ကျတော့်

  နားရက်လေ..."


အထုပ်ကြီး အထုပ်ငယ်တွေ သယ်ပိုးလျက်

စိုးတို့နှင့်အတူ အိမ်ထဲဝင်လာပါသည်။


" အပျင်းပြေစားဖို့ သရေစာတွေဝယ်လာတာ

  ကလေးအကြိုက်မုန့်တွေကြီးပဲ...ယူလိုက်ပါ"


ဆိုလိုတဲ့သဘောက တန်ဖိုးကြီးလက်ဆောင်

တွေမဟုတ်ဘူး...သက်တောင့်သက်သာ 

လက်ခံပေးပါဆိုပြီး တောင်းဆိုလိုက်တဲ့

သဘော။သူ ကမ်းပေးတဲ့အထုပ်တွေကို

ဆွေဆွေက လှမ်းယူလိုက်တယ်။


ဆရာထိုင်ဖို့ မသူဇာက ဖျာတချပ် ခပ်သွက်

သွက် ခင်းပေးပါသည်။


" ကျတော်ရောက်ပြီဆို အလုပ်ကရှုပ်ပြီ...

  ဖျာခင်းစရာမလိုပါဘူး...ကျတော်က

  နားရက်မှာ မုန့်ဟင်းခါးချက်နည်းလာသင်

  တာ"


" ရှင်.... "


" ဘယ်လို.... "


တစ်ယောက်တစ်ခွန်းစီ အသံထွက်လျက် 

အံ့အားသင့်နေကြသည်။


" မနောက်ပါနဲ့ ဆရာရယ် "


" မနောက်ပါဘူး စိုးရ...ကျတော်အတည်ပြော

  နေတာ...မသူဇာလက်ရာ သိပ်ကောင်းတာ..

  ကျတော် မုန့်ဟင်းခါး အရမ်းကြိုက်တာလေ.

  ကိုယ့်ဘာသာ အိမ်မှာချက်စားရအောင်လို့ "


တမင် အကြောင်းရှာပြီး စိုးဆီကိုလာနေမှန်း

မသူဇာရော ဆွေဆွေပါ ရိပ်မိပါသည်။မသူဇာ

က သရိုးသရီနဲ့ စိုးကို ကြည့်နေရာ သူမ

မနေတတ်မထိုင်တတ်ဖြစ်သွားပြီး မျက်လုံး

ကြီး ပြူးပြလျက် အကြည့်တွေပြင်ဖို့ သတ်ိ

လှမ်းပေးလိုက်ပါသည်။


" သင်ပေးတာပေါ့ ဆရာရဲ့...အခုတောင်..

  ညနေအတွက် လုပ်ငန်းစကြတော့မှာ...

  ဆရာရောက်လာတာနဲ့အတော်ပဲ...လော

  လောဆယ်...အခြေခံနည်းက စလိုက်တာ

  ကောင်းမယ်ထင်တယ် "


" အခြေခံနည်းက ဘာများလဲ "


" ကြက်သွန်နီ ခွာတာလေ "


" ဟယ်....အားနာစရာကြီး...ဆရာကလည်း

  မဟုတ်တာတွေ လျှောက်နောက်မနေပါနဲ့...

  ဆေးထိုးအပ်ကိုင်တဲ့လက်က..ဘယ်လိုလုပ်

  မုန့်ဟင်းခါးချက်ချင်နေရတာလဲ "


" အာ...စိုးကလည်း...အမှန်ပြောရရင်...

  ကျတော် ဟင်းချက်နည်းတောင်သင်ချင်

  တာ... "


" ဆရာက ဝါသာနာပါလို့လား "


မသူဇာ မေးခွန်းအတွက် သူ ကျေနပ်သွားမိ

သည်။စိုးကို ရည်ရွယ်ချက်ရှိရှိ ငေးကြည့်ရင်း

သူ ပြောလာပါသည်။


" ဝါသာနာပါတယ်ဆိုတာထက်...ကျတော့်

  ဇနီးဖြစ်လာမယ့် မိန်းခလေးကို ချက်ကျွေး

  ချင်တာ... "


စိုးကို ငေးကြည့်ရင်း ပြောနေတာဖြစ်၍ သူမ

ဘာပြန်ပြောရမှန်းမသိ မျက်နှာတစ်ခုလုံး

ထူပူသွားသည်။ဆွေဆွေက အားကျတဲ့စိတ်

တို့ဖြင့် လက်ဖျားတွေအေးစက်လာသည်

အထိ ကြည်နူးနေမိ၏။မသူဇာကပဲ....စိုး

အစား ဝင်ပြောပေးလိုက်ပါသည်။


" ဆရာ့ကို လက်ထပ်မယ့်မိန်းခလေးက...

  အရမ်းကံကောင်းမှာပဲနော်...ကြည့်ရတာ

  တို့ဆရာမှာ ချစ်သူရှိတယ်နဲ့တူတယ်...ကျမ

  တို့နဲ့ မိတ်ဆက်ပေးလှည့်အုံး "


မသူဇာကလေ ဖြန်ဖျေပေးနေတာလား...ဝိုင်း

လှော်ပေးနေတာလား မသဲကွဲဘူးရယ်။အစထဲ

က မဖြစ်နိုင်ပါဘူးလို့စိုးဘက်က အတိအလင်း

ပြောပြပေးထားတာကို အောင်သွယ်တော်

လုပ်ပေးနေပြန်ပြီ။


" မရှိသေးပါဘူးဗျာ.... ချစ်ရမယ့်သူတော့

  ရှိနေပြီ... "


သူ့အပြောတွေအောက် စိုး တကယ်ပဲမနေ

တတ် မထိုင်တတ်ဖြစ်လာသည်။ထို့ကြောင့်

မသူဇာကို သူ မမြင်အောင် လှမ်းဆိတ်လိုက်

ပြီး ရပ်လိုက်ဖို့ သတိပေးနေရသည်။


" ဒါမဲ့လည်း ထင်သလောက်မလွယ်ပါဘူးဗျာ.

  သူ...ကျတော့်ကို လက်ခံမှာမဟုတ်ပါဘူး...

  ကဲပါ....အခြေခံသင်တန်းလေး စလိုက်ကြ

  ရအောင်လား... "


စိုး အတွေးထဲ သူ စိုးကို ချစ်နေတယ်ဆိုတာ

သတိထားမိရုံလေး လမ်းကြောင်းဖွင့်ပေးခဲ့

တာပါ။စိုး အနေခက်အောင် သူ မလုပ်ချင်ပါ

ဘူး။အရမ်းကြီး ပြောနေရင် စိုး စိတ်ဆိုးသွား

မှာ သူ ကြောက်ရပါသည်။စိုးကို သူ တန်ဖိုး

ထားသည်....  အလေးအနက်ထားသည်။

စိုးဆီက အချစ်ကိုရဖို့ ဘာနည်းကိုမှ သူသုံး

မှာ မဟုတ်ဘူး။စိုးဘက်က တဖြေးဖြေး

လက်ခံလာမယ့်အချိန်ကို သူ စိတ်ရှည်ရှည်နဲ့

စောင့်နေမှာ။


သူတို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြ

ပြီးသည့်နောက် မသူဇာ၏ အခြေခံ သင်တန်း

နည်းဖြစ်တဲ့ ကြက်သွန်ခွာခြင်း သင်ခန်းစာကို

စ်ိုးက လက်ထောက်အဖြစ် သေချာသင်ပြပေး

ခဲ့ပါသည်။စိုး မျက်နှာလေးကို တွေ့ချင်လွန်း

လို့သာ ကိုယ့်ကိုကိုယ် ဒုက္ခခံပြီး မကျွမ်းကျင်

သော အလုပ်တွေကို စိတ်ပါလက်ပါ လုပ်ပြ

နေခဲ့ရတာ။ခွဲစိတ်ခန်းတွေထဲက ဓားတွေက

လွဲ ဘယ်အိမ်သုံးဓားကိုမှ သူ ကိုင်ခဲ့ဖူးတာ

မဟုတ်ဘူး။


ကြက်သွန်ဥခွာရင်း မျက်ရည်တွေကျနေသော

ဆရာ့ကို စိုးကြည့်ရင်း ရီနေပါသည်။စိတ်

လွတ် ကိုယ်လွတ် ကလေးတယောက်လို

ရီနေတာလေးကို သူက သဘောကျရင်း ပြန်

ငေးနေပြန်ပါ၏။သူ့အကြည့်တွေကို ရင်မဆိုင်

ရဲတဲ့အခါ စိုး မျက်နှာလေး သိသိသာသာ လွှဲ

ဖယ်လိုက်ပြန်ပါသည်။


အချိန်တွေလည်း ဘယ်လိုကုန်လို့ကုန်သွား

မှန်းမသိ။အားနာနာနဲ့ပဲ စိုးတို့အိမ်မှာ နေ့လည်

စာ တဝ ဆွဲမိပြန်သည်။မသူဇာ လက်စွမ်းပြ

ထားသည့် ငါးပိချက်စပ်စပ်ကို စားပြီး သူ

နှာရည်တွေပါ ထွက်ကုန်သည်။စိုးနဲ့အတူ

စားရတဲ့ ထမင်းတနပ်မို့လို့လားမသိ...ပို၍

မြိန်နေပါသည်။


" နေ့တိုင်းလာစားရင် ကောင်းမလားမသိဘူး.

  မကြီးလက်ရာက ကောင်းလွန်းလို့ စွဲနေပြီ"


မသူဇာရဲ့ လက်ရာကိုစွဲတာလား....စိုးနဲ့အတူ

ထမင်းလက်ဆုံ စားရတာကို သဘောကျတာ

လား ခွဲခွဲခြားခြား ပြောပါ ဆရာရယ်လို့

မသူဇာ စနောက်ပြီး မေးပစ်လိုက်ချင်ပါ

သည်။


" ဆရာသာအားလို့ကတော့ နေ့တိုင်းလာစား

  ပါရှင်...."


မသူဇာကသာ သူ့ကို ဖိတ်ခေါ်နေတာ...စိုးက

ဖြင့် တစ်ခွန်းမှဝင်မပြောဘူး။


" မကြီးကဖိတ်ပေမယ့် တချိူ့က မသိချင်

  ယောင်ဆောင်နေတာလေဗျာ "


" စိုးကိုပြောနေတာလား "


ဆွေဆွေကတော့ လုပ်ချလိုက်ပြန်ပြီ။အဲ့လို

အရိပ်အချေလည်းမသိ...အကင်းလည်းမပါး

ဒဲ့ထိုးကြီး ပြောချလိုက်တော့ ဆရာတောင်

ဘာပြန်ပြောရမှန်းမသိ။စိုးက ပျာပျာယာ

ယာနဲ့....


" စိုးလည်း ခေါ်ပါတယ်...ဆရာအားတယ်ဆို

  လာခဲ့ပါ "


မသူဇာသည် ပြုံးစိစိနဲ့ရယ်။ဆရာကလည်း

ကျေနပ်သွားဟန် အားလုံးထဲမှ စိုးကို.ရွေးပြီး

နှုတ်ဆက်သွားပါသည်။


" စိုးရေ...တို့ဆရာကတော့...တဖြေးဖြေး..

  သိသာလာပြီနော်.... "


" ဟုတ်တယ်စိုး...ငါတော့တကယ်သဘောတူ

  တယ်...ဆရာ့ကိုကြည့်ရတာ နင့်ကိုတကယ်

  ချစ်နေတဲ့ပုံပဲ..... "


ဆွေဆွေနဲ့ မသူဇာသည် တစ်ယောက်တစ်ခွန်း

စီ ထင်ကြေတွေပေးလာကြပါသည်။အမှန်

တိုင်း ဝန်ခံရရင် အခုထိ ဆရာ့အပေါ် စိုးဘက်

က သဘောထားသည် အဖြူထည်သက်သက်

ပဲ ရှိခဲ့ပါသည်။စိုး နှလုံးသားက မချစ်တတ်

တော့လား....မချစ်ရဲတော့တာလား...ကိုယ်

တိုင်လည်း သေချာမသိတော့ပါ။


ကိုကြီးနဲ့စိုးကြားမှာတောင် မတူညီသော ကွာ

ခြားချက်တွေ အများကြီးရှိခဲ့ကြလို့ လမ်းခွဲ

လိုက်ကြတာ မဟုတ်ဘူးလား။ဆရာကပိုဆိုး

တာပေါ့....ဆရာဝန်တစ်ယောက်လည်းဖြစ်..

ပိုက်ဆံလည်း ချမ်းသာ...အဆင့်အတန်း

ရှိတဲ့ဘဝထဲက လူတစ်ယောက်..သူ့မိဘတွေ

ကလည်း ဆရာဝန်တွေကြီးပဲ။ပညာတတ်

မိသားစုထဲ ဆယ်တန်းပင်မအောင်ခဲ့တဲ့ စိုး

ဘယ်လို ဝင်ဆံ့နိုင်မှာတဲ့လဲ။


ဘဝဆိုတာ စိတ်ကူးယဥ်အတွေးထဲက ဇာတ်

လမ်းတစ်ပုဒ် မဟုတ်ဘူးလေ။


@@@@@@@@@@@@@@@@@@@


ဇေယျကျော်ရဲ့ ကားနောက်ကို သူ မသိအောင်

လိုက်ခဲ့ရင်း စိုးမေလှိုင်အိမ်ကို သူရ သိခွင့်ရခဲ့

ပြီ။ညီလင်းညိုနဲ့ ဆက်ဆံရေးပျက်ပြီးနောက်

ဇေယျက ဝင်လာတာများလား။စိုးမေလှိုင်နဲ့

ဇေယျတို့ ဆက်ဆံရေးသည် အတော်ရင်းနှီး

ပုံရသည်။


ကောင်မလေးက အခုတော့မုန့်ဟင်းခါးတွေ

ရောင်းလို့ပါလား။ဟိုတနေ့က သူတွေ့ခဲ့တဲ့

အပြင်အဆင်နဲ့ အခုသူတွေ့နေရသော ရိုးရှင်း

သည့် အပြင်အဆင်သည် တမူထူးခြားကွဲ

ပြားနေတာ ငြင်းမရပေ။


ပြောင်းလဲမှု၏ နောက်ကွယ်တွင် သူရဘက်က

စိတ်ဝင်စားခြင်းလေး ကပ်ပါလာသည်။သူ့

အနေနဲ့ သိပ်လှပေ့...လန်းပေ့ဆိုတဲ့ မိန်းမ

ပေါင်းများစွာကို တွေ့ခဲ့ဖူးပြီ...ချစ်ခဲ့ဖူးပြီ...။

ခုလို စိုးမေလှိုင်ရဲ့ မိတ်ကပ်တွေနဲ့ ပြင်ဆင်

ခြယ်မှုန်းထားတာမျိူးမဟုတ်ပဲ သနခါး

ပါးကွက်ကျားလေး လိမ်းကာ ပကတိအလှ

မျိူး ထင်ထင်ရှားရှားပေါ်လွင်နေသည့်

မိန်းမမျိူးတော့ ခုမှ တွေ့ဖူးတာ ဖြစ်သည်။

သူ့အတွက် ခံစားမှုအသစ်နဲ့ ရိုးရှင်းနေသည်။


" ဟိုကောင် ကောက်မွှေးမယ်ဆိုလည်း..နမ်း

  ချင်စရာပဲ... "


အဲ့လို စိတ်ထဲပြောမိပြီးကာမှ..ဟာ...ငါဘာ

တွေ တွေးနေပါလဲဟု ကိုယ့်စိတ်ကိုယ် မနဲ

ဘရိတ်အုပ်လိုက်ရသည်။ဒီလောက်ချူပ်ထိန်း

နေတဲ့ကြားက လူတွေရှုပ်ပွေနေတဲ့ဆိုင်ထဲ

ဘယ်လိုရောက်သွားမှန်းမသိ...ခက်တော့

ခက်နေပြီ။


စိုးမေလှိုင်ရဲ့ ဆွဲအားက တော်တော်ကြီးမား

တာပဲ။


စိုးသည် သူရ မျက်နှာစမြင်လိုက်ထဲက 

ပြသာနာ တစ်ခုခုတက်လာတော့မယ်ဆိုတာ

ကြိုသိနှင့်နေပြီးသား။သူရက သူ ဝင်လာထဲ

က မျက်နှာတည်တည်နဲ့ စိုက်ကြည့်နေသော

စိုးကို မြင်လိုက်ရုံနဲ့ ရှေ့က အုတ်နီခဲကို

သတိမထားမိတော့ပဲ ခလုတ်တိုက်လိုက်မိ

သေးသည်။


တစ်ယောက်ထဲ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း

မသိတော့ဘူး။


" မုန့်ဟင်းခါး ရလား "


" ဒါ မုန့်ဟင်းခါးရောင်းတဲ့ဆိုင်...စဖွင့်တာ

  မကြာသေးဘူး...ဘယ်နှစ်ပွဲယူမှာလဲ "


လေသံမာမာနဲ့ တစ်ခါမှ ဖောက်သည်တွေကို

မပြောဖူး၍ မသူဇာ မျက်လုံးပြူးနေသည်။

လာဝယ်တဲ့ကောင်လေးပုံစံက ထောင့်မကျိူး

တာတော့ မြင်မိပါရဲ့။


" စားမှာ....ထိုင်စားမှာ... "


" ဒါဖြင့်လည်း ဘာနဲ့လဲပြော "


" မုန့်ဟင်းခါးလေ... "


" ရှင်ဘယ်လိုလူလဲ...အလွတ်လား..ပဲကြော်

  နဲ့လား...ဒါကိုမေးနေတာ "


" စားလို့ရတာ အကုန်ထည့်.... "


တွေ့မယ်...ဒင်း..ငါ့ပါးကိုလူတွေရှေ့မှာရိုက်

ခဲ့တာ တသက်မမေ့ဘူး။အဲ့တုံးကတော့

ချက်ချင်းပဲ ဝါးမြိုတော့မယ့် ကျားတကောင်

လား မှတ်ရတယ်။ခုကျမှ အဆိပ်မရှိတဲ့

ရေမြွေလို လျှာတစ်လစ် လာထုတ်ပြနေသေး

တယ်။


ခုလည်းပဲကြည့်....တစ်ခါမှ သည်လိုဆိုင်မျိူး

မှာ ဝင်မစားဖူးမှန်း သိသာနေတာ။ဘယ်နား

ကို သူ ထိုင်ရမှန်းမသိ တောင်ကြည့် မြောက်

ကြည့်နဲ့ ယောက်ယက်တွေခတ်နေတာပဲ။


ထည့်လို့ရတာ အကုန်ထည့်ဆိုတာနဲ့ ငံပြာရည်

တွေရော အချဥ်ရော...ငရုတ်သီးမှုန့်ပါမကျန်

မလိုစေတနာနဲ့ အကုန်ထည့်ပေးလိုက်တယ်

အေးရော....။


စိုး လှမ်းပေးသော မုန့်ဟင်းခါးပန်ကန်ကို

ကြည့်ပြီး မသူဇာ လန့်နေသည်။စိုးက ပေး

လိုက်စမ်းပါဟု အံကျိတ်သံဖြင့် တိုးတိုးလေး

ကပ်ပြောလိုက်သည်။


" ဘယ်မှာထိုင်မှာလဲဟင်... "


" ဒီမှာထိုင်လို့ရလား "


" ရပါတယ် "


စိုး မျက်နှာလေးကို မော့ကြည့်ရင်း သူ

မုန့်ဟင်းခါး တစ်ဇွန်း ပါးစပ်ထဲကောက်ထည့်

လိုက်သည်။စစ ဝါးတုံးက မသိသာဘူး....

နောက်မှ ငန်တာရော...စပ်တာရော...အရသာ

နှစ်မျိူးပေါင်းပြီး မျက်နှာတွေ ထူပူသွား

သည်။စိုး သူ့ကို စိုက်ကြည့်နေ၍ ထွေးမထုတ်

ချင်တာနဲ့ အောင့်အီးပြီး မြိုချပြီးနောက်...

ရှုးရှုးရှဲရှဲတွေ ဖြစ်ကာ...


" အားးးစ်...ရေ....ရေခဲရေ...ရှိလား "


" ဒီမယ်ရှင့်....ဒါ လမ်းဘေးဆိုင်...ဘာရေခဲ

  ရေမှမရှိဘူး...အဲ့မှာရေနွေး...သောက်.. "


သူ့အကြောင်း မသိသေးသည့်မသူဇာက

ကောင်လေး သနားပါတယ်ဆိုပြီး ရေနွေး

တောင်ငှဲ့ပေးလိုက်သေးသည်။ဒင်းက အခု

ထည့် အခုသောက် ပစ်လိုက်တာ လျှာပူသွား

ပြီး ဖူးခနဲ မှုတ်ထုတ်လိုက်မိရာ ဘေးတွင်

ထိုင်နေသော အန်တီကြီးကို စင်သွားလေ

သည်။


" နင် ဘယ်လိုလုပ်လိုက်တာလဲ..အကုန်ပေ

  ကုန်ပြီ...သွားပါပြီဟယ်... "


" sor....sorry ပါဗျာ...အားးစ်...ပူတာ... "


သူ တစ်ယောက်ကြောင့် အားလုံး ပျာယာ

ခတ်ကုန်ကြသည်။သူ့ပုံစံကို ကြည့်ရင်း

စိုး ဟက်ဟက်ပက်ပက် ရယ်နေတော့သည်။

လှောင်နေသော စိုးကို သူ လုံးဝ စိတ်ဆိုးရမှန်း

လည်း မသိခဲ့။ရှက်ရှက်နဲ့ ဆိုင်ထဲက ထွက်

သွားဖို့ ဟန်ပြင်နေတုံး...


" ဟေ့လူ...မုန့်ဟင်းခါးဖိုးပေးခဲ့အုံး... "


" ဟာကွာာ.... မင်း....တွေ့မယ်...."


ပိုက်ဆံအိတ်ထဲက ငါးထောင်တန်တရွက်

စားပွဲပေါ် ချပေးပြီး တစ်ခါထဲ လစ်သွား

တော့သည်။ကားထဲရောက်သည်အထိ

အစပ်က မပြေသေး။ထူးဆန်းတာက သူမကို

စိတ်မဆိုးတဲ့အပြင် ကိုယ့်အဖြစ်ကိုယ့်ပြန်

တွေးလျက် ရယ်ပင်ရယ်နေလိုက်သေးသည်။


ကားထဲရောက်မှ ရေတဝသောက်ပစ်လိုက်

ပြီး စိုးကို လှမ်းငေးကြည့်လိုက်မိသေးသည်။

စိုးက သူကြည့်နေတာများ သိလေသလား

မသိ....မျက်စောင်းလှည့်ထိုးလေသည်။


စက်နှိုးတုံးရှိသေး...ရွှေအိမ်သူ ဆီကဖုန်းဝင်

လာသည်။သူမနဲ့လာတွေ့ဖို့ လှမ်းပြောနေတာ

ဖြစ်သည်။


" ငါမအားဘူး.... "


" လေသံကလည်း မာလှချည်လား..မေးစရာ

  ရှိလို့ လာခဲ့စမ်းပါ "


" မေးချင်လည်း အခုမေးဟာ.... "


" ဇေယျ ကိစ္စ ဘာထူးလဲ.... နင် သူ့နောက်

  လိုက်နေတာမဟုတ်လား.... "


" အေး... ထူးတယ်... "


စိုးမေလှိုင်နဲ့ ​ဇေယျ၏ ပက်သက်မှုအတိမ်

အနက်ကို သူ သိသလောက် ပြန်ပြောပြဖြစ်

ခဲ့ပါသည်။


" နင်ပြောပုံအရဆိုရင်...စိုးမေလှိုင်ရဲ့ စပွန်ဆာ

  က ညီလင်းညို...သူကအခုငါနဲ့လက်ထပ်မှာ

  မို့...စိုးမေလှိုင်ကို ကန်ထုတ်လိုက်တယ်.. 

  ငွေခမ်းသွားတဲ့ စိုးမေလှိုင်က အခုမုန့်ဟင်း

  ခါး ပြန်ရောင်းနေရတယ်...ဇေယျက သူ့ကို

  တဖက်သတ်ကြိုက်နေတယ်..နွားဖြစ်ခံပြီး

  တော်ကောက်ဖို့ ခြေလှမ်းနေတယ်...ဒီလို

  လား.... "


ရွှေအိမ်သူသည် ဖဲချပ်တွေ စီသလို စိုးမေလှိုင်

အကြောင်းကိုလည်း ထင်ကြေးတဝက်နဲ့

စနစ်တကျ ပြောကြည့်နေပါသေးသည်။သူမ

စကားအဆုံးတွင်...


" အေး...နင့်ကိုမခံချင်လို့ ဒီသပွတ်အူကြီးထဲ

  ပါနေမိတဲ့ငါလည်း ဘယ်အချက်နွားဖြစ်

  မလဲ မသိတော့ဘူး "


" ဟ.... နင်ပြောတော့...အဲ့ဆော်က နင်နဲ့

  အကြီးကြီး ငြိဖူးတာဆို...ခု ဘာကိစ္စ

  နင်က နွားရာဇဝင်ထဲ ပါချင်နေရတာလဲ "


" ငါလည်း မပြောတတ်တော့ဘူး...စိုးမေလှိုင်

  က အရမ်းလှတယ်...သူ့မှာ ဘယ်လိုပြော

  ရမလဲ...ဆွဲဆောင်မှုရှိတယ်ကွာ...ဖမ်းစား

  နိုင်တယ် သူ့အကြည့်တွေက... "


" ဒါဆိုညီလင်းညိုက...အဲ့မိန်းမကို ဘာလို့

  ကန်ထုတ်ခဲ့လဲ... "


" သူ ဝသွားလို့နေမှာပေါ့ "


သူတို့ အပြောထဲတွင် စိုးလည်း ရစရာကို

မရှိတော့ပါဘူး။အကြောင်းစုံကို မသိပဲ

တစ်ဖက်သားအား ချိူးနှိမ်ပြောဆိုရမယ်ဆို

ရင် ရွှေအိမ်သူ အရမ်းနှုတ်ယားတတ်တာ။

အဲ့လို ပယ်ပယ်နယ်နယ် ပြောလိုက်ရတာကို

ပင် အရသာရှိနေတတ်တာ။သူရ ကလည်း

ယောကျာ်းတန်မဲ့ အတင်းတုတ်တတ်တဲ့

အကျင့်က ဖျောက်မရဘူး။စိုးကို စိတ်ဝင်စား

စ ပြုတာကတဖက်...အဲ့စိတ်က အရမ်းကြီး

မဟုတ်ဘူး....မရလည်း သူ့အနေနဲ့က အထွေ

အထူး အသဲကွဲမယ့်လူ မဟုတ်ဘူး။


" ငါတော့ စိုးမေလှိုင်ကို စိတ်ဝင်စားသွားပြီ..

  သူ့လိပ်စာ ငါ့ပေးစမ်းပါ "


" နင်ဘာလုပ်အုံးမလို့လဲ "


" လျှာရှည်လိုက်တာဟာ...ပေးမှာသာပေး...

  ခုချက်ချင်း ငါ့ဆီ message ပို့ပေး "


" နေစမ်းပါအုံး... နင်ချိူးချင်တာ ညီလင်းညို

  လား...စိုးမေလှိုင်လား... "


" ဟဲ့....စိုးမေလှိုင်ကို ချိူးတော့ ငါဘာရမှာလဲ 

  ညီလင်းညိုရဲ့ အစွယ်ကိုချိူးချင်တာ...ငါက

  သေချာအောင်အတည်ပြုချင်တာ...သူ့

  အားနဲချက်ကိုကိုင်ပြီး...သူ့ကို ရုပ်သေးရုပ်

  တစ်ရုပ်လို ကြိုးကိုင်ချင်တာ...ဒီလောက်ပဲ

  စိုးမေလှိုင်ကို ငါအများကြီး အသုံးချရမယ်

  သူ့ဆီက အတည်ပြုစရာတွေ ရလေ...ငါ့

  အတွက် အမြတ်ထွက်လေပဲ..သဘော

  ပေါက်လား "


စိုးမေလှိုင်ကို သူမ လျှော့တွက်ထားပုံရပါ

သည်။သူ့ကိုတောင် ဘယ်လို ပညာပေးခဲ့လဲ

ရွှေအိမ်သူ မသိဘူး။အရာရာတိုင်းကို သူမ

စိတ်တိုင်းကျ ထပ်တူဖြစ်လာလိမ့်မယ်လို့

ထင်နေတဲ့ တလွဲမာနတွေဟာ တနေ့ အကြီး

အကျယ်လွဲမှားပြီး အဖတ်မဆယ်နိုင်သော

အရှုံးတွေ ဖြစ်လာမလား ဘယ်သူမှ ကြို

မမှန်းဆ နိုင်ပါဘူး။


စိုးမေလှ်ိုင်ကိုများ ညီလင်းညိုရဲ့ အစွယ်တွေ

ချိူးဖို့ အသုံးချမယ်သတဲ့။ရွှေအိမ်သူ မသိ

သေးတဲ့အချက်က စိုးသည် ကိုကြီး သိက္ခာ

တရားအတွက်ဆိုရင် အသက်ပင် စတေးရဲ

တဲ့အထိ ကာကွယ်ပေးဖို့ သတ္တိတွေ ရှိနေခဲ့

တယ်ဆိုတာပါပဲ။


******************************************


အခန်း (10) မျှော်


Author .. 😍 A Mon Ko 😍


rate now: