book

Index 8

အခန်း(8)

  • Author : A Mon Ko
  • Genres : Romance, Drama

" စိုး မေ့လာခဲ့တယ် မကြီး.... "


Taxi ပေါ်ရောက်မှ စိုးက ကိုယ့်လက်ကိုယ်

ပြန်ကြည့်မိရင်း သူ ပေးခဲ့သော လက်စွပ်

ထားခဲ့ဖို့ သတိရသွားခဲ့တာဖြစ်သည်။


" ဘာများလဲ စိုး.... အဝတ်အစားတွေလား "


" မဟုတ်ပါဘူး မကြီးရယ်...သူပေးခဲ့တဲ့

  လက်စွပ်...ဒါ သိပ်စျေးကြီးတာ.. .ပြန်မပေး

  ပဲ ယူလာခဲ့မိတာဆိုတော့ တမျိူးများထင်

  နေမလား... "


" စိုးရယ်....အဲ့လောက်ထိလည်း ကိုယ့်ကို

  ကိုယ် သံသယဖြစ်မနေပါနဲ့...."


သူတို့အသိုင်းအဝိုင်းနဲ့ နောက်ထပ်ပက်သတ်

ရမှာလည်း စိုး ကြောက်မိပါသည်။စိုးဘက်က

တစ်ခုခုချိူ့ယွင့်သွားခဲ့လျှင် သူတို့အမြင်ထဲ

စိုးဟာ ဒီလက်စွပ်လေးအတွက်နဲ့ ငွေမက်

တယ်လို့ ခေါင်းစဥ်အတပ်ခံရမှာ စိုးရိမ်နေမိ

သည်။


" ဒါနဲ့ မကြီးက စိုးတို့နဲ့အတူ တကယ်ကြီး

  လိုက်နေမှာလား "


" အင်းပေါ့...စိုးပဲပြောတယ်လေ.. စိုးအဒေါ်က

  ထွက်ပြေးသွားပြီဆို..."


" ဟုတ်တယ် "


" မကြီး တကယ်ပြောတာ...စိုးကိုမြင်မြင်ချင်း

  ကိုယ့်ညီမလေးတယောက်လို သံယောဇဥ်

  ဖြစ်ခဲ့မိတယ်...စိုး ဒုက္ခရောက်တော့မယ့်

  အချိန် မကြီးရှိနေပေးချင်တယ်...အနဲဆုံး

  တော့ မကြီးတို့အတူကြိုးစားပြီး လမ်းစ

  တစ်ခု ရှာလို့ရတယ်လေ...စိုးတို့ညီအမကို

  လည်း ဘဝသစ်က ပြန်စစေချင်တယ်...

  စိုး အဒေါ်ကြောင့် ညစ်နွမ်းခဲ့ရတဲ့အသိတရား

  တွေကို မကြီး ပြောင်းလဲပေးချင်တယ်...

  မကြီး အတန်းပညာတော့မတတ်ခဲ့ဘူးစိုး..

  ဘဝပေးအခြေအနေအရ သင်ခဲ့ရတဲ့

  ဘဝသင်ခန်းစာအသိတွေကတော့ အများ

  ကြီး တတ်ကျွမ်းခဲ့ပြီးသား..."


" စိတ်ချပါမကြီးရယ်...စိုး ဘယ်တော့မှ

  သူများငွေကို အလကားမယူတော့ပါဘူး...

  ကိုယ့်​ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်

  အောင် ကြိုးစားသွားမှာပါ...ဆွေဆွေကလေ

  စိုးထက် ပိုပြီး ပြုပြင်ချင်စိတ်ရှိတဲ့လူပါ...

  သူဘယ်လို နားချခဲ့ ချခဲ့.. စိုး နားမထောင်

  ခဲ့တာ..."


မသူဇာသည် စိုး လက်ကလေးတွေကို ဆုပ်

ကိုင်ရင်း အားပေးလိုက်ပါသည်။ဖြစ်နိုင်ရင်

ကိုကြီးကို မုန်းပစ်လိုက်ချင်သည်...မေ့ပစ်

လိုက်ချင်သည်။နာစရာတွေက များလွန်းလို့

နာတတ်ဖို့ပင် မေ့သွားတဲ့အထိ အရေထူသွား

ခဲ့တာလား မပြောတတ်တော့ပါဘူး။


တချိူ့သူတွေက ပြောကြတယ်...လွမ်းစရာ

ရှိရင် နာစရာနဲ့ဖြေတဲ့။စိုးမှာတော့ နာစရာ

တပုံတပင်ရှိသော်လည်း အမှတ်မရှိတဲ့အသဲ

က ထပ်တလဲလဲ သတိရစေဖို့ နှိုးဆော်နေဆဲ

ပါပဲ။


တယောက်ယောက်နဲ့ စကားပြောနေဆဲ အချိန်

ခနလောက်သာ ကိုကြီးကို စိုး မေ့ထားနိုင်ခဲ့

သည်။တစ်ယောက်ထဲ တိတ်ဆိတ်စွာ ဖြတ်

သန်းနေရတဲ့ အချိန်တွေကဖြင့် စိုးအတွက်

တော့ ပူလောင်လွန်းလှသည့် ငရဲပါပဲ။


စိုးသည် အရင်နေရာလေးကို ​ခြေချမိရုံဖြင့်

ကိုကြီးရဲ့ အရိပ်တွေ အာရုံထဲ လွင့်ပျံလာ

ပါသည်။ဟော့ဒီက လူခေါ်ဘဲလ်လေးကို

သူ တစ်ခါမှ မတီးခဲ့ပါဘူး။သူ့တပည့်ကိုသာ

အခါခါ လွှတ်ပြီး မက်လောက်စရာ လက်

ဆောင်တွေပဲ ပို့ခိုင်းဖူးခဲ့တာ။ဒါပေမယ့် သူ

ဒီတံခါးရှေ့ ရပ်ခဲ့ဖူးတာလေး ပြန်တွေးကြည့်

ရင်း စိုး ရင်ထဲ ဝမ်းနဲလာပြန်သည်။


သတိရတဲ့စိတ်ဆိုတာ အဲ့အသေးအဖွဲ့လေးက

အစ တခမ်းတနားတွေးပြီး အကျယ်တဝန်း

လွမ်းမိတာမျိူးလား။


" စိုး....ညီမလေးရယ်..... "


စိုးကိုမြင်မြင်ချင်း ဆွေဆွေက ဖက်ပြီး ငိုနေ

ရှာသည်။ပြသာနာ အားလုံး၏ အစသည်

သူမကြောင့်လို ထင်နေပုံရ၏။


" ငါတကယ်မသိပါဘူး စိုးရယ်...သူတို့ကို

  သားအဖတွေမှန်း ငါမသိခဲ့ဘူး "


" နင့်အပြစ်မဟုတ်ဘူး အမရဲ့...ငိုမနေစမ်း

  ပါနဲ့...ငါပြောပြမယ်....လာ.... "


မသူဇာကိုပါ အခန်းထဲဝင်ဖို့ လက်ဆွဲခေါ်ခဲ့

ပါသည်။ထိုင်ခုံတွင် စိုး မထိုင်ပဲ အောက်မှာ

စိတ်ပျက်လက်ပျက် ထိုင်ချလျက် နံရံကို

ကျောကပ်ထားလိုက်သည်။


" ငါတို့ အိမ်ထောင်ရေးက နင့်ကြောင့်ကွဲခဲ့

  တာမဟုတ်ဘူး အမ... တချိန်ချိန်မှာ....

  မဖြစ်မနေကွဲမှာပဲ. ... သူ ဘယ်သူလဲနင်သိ

  လား "


" ဟင့်အင်း...."


" ဂျပန်ပြန်ကြီးလေဟာ.... "


" ဟင်..... "


" နင်အံ့သြသွားတယ်မို့လား...သူငါ့ကိုဘာလို့

  လက်ထပ်ခဲ့လဲ သိပြီလား...ဒါဆို အခုချိန်မှာ

  နင်မျက်ရည်ကျသင့်ရဲ့လား ပြော.... "


အံ့သြတာက တစ်ပိုင်းပါ စိုးရယ်။အခန်းထဲ

စဝင်လာထဲက သူမ မျက်နှာမကောင်းတာ

ဆွေဆွေ မြင်နေရတာပဲ။ဒါတောင်အပူရုပ်ကို

ဟန်လုပ်ပြုံးပြီး လွတ်လပ်သွားပြီလို့ ကြွေး

ကြော်ချင်သေးတာလား စိုးရယ်...။ငါလည်းပဲ

မိန်းမသား တစ်ယောက်ပါပဲ...အချစ်ဆိုတာ

ဘာလဲလို့ မြည်းစမ်းခွင့်မရခဲ့ပေမယ့် ကိုယ်

ချင်းစာကြည့်ပေးလို့ရပါတယ်။


အများရှေ့ လွတ်လပ်သွားပြီလို့ ဟန်ဆောင်

ပျော်ပေးခဲ့တဲ့ နင့်ရင်ထဲ အပိုလက်ဆောင်

အဖြစ် အချစ်တွေ.... အလွမ်းတွေ...ထည့်

ပေးခဲ့ရတယ်ဆိုတာ ငါ သိတာပေါ့။


" အခု ငါတို့ ဘာဆက်လုပ်ကြမလဲ...သူ့အဖေ

  က ဒီတိုက်ခန်းမှာ နေခွင့်မပေးတော့ဘူး..."


" နင်ကြောက်သလား ဆွေဆွေ....  "


" ဘာကိုလဲ "


" လောကဓံကို ရင်ဆိုင်ဖို့ နင်ကြောက်လားလို့

  ငါမေးနေတာ...ငါတို့ဘဝမှာ ငွေနဲ့ပက်သတ်

  ပြီး အပူအပင်မရှိခဲ့ဖူးဘူး...ဒါပေမယ့်အဲ့ငွေ

  တွေက ငါတို့ချွေးနဲစာနဲ့ ရှာထားတဲ့ပိုက်ဆံ

  တပြားမှမပါခဲ့ဘူး...ငါတို့မသိခဲ့လိုက်တာ

  တစ်ခုပဲရှိတယ်...အလွယ်ရနေတဲ့ငွေတွေထဲ

  ငါတို့ပေးဆပ်လိုက်ရတာ...ငါတို့ရဲ့သိက္ခာ

  တရားတွေ...ပြီးတော့ လူတိုင်းကိုစော်ကား

  ပိုင်ခွင့် လက်မှတ်တွေ...ငါတို့မရောင်းပဲ

  သူတို့လက်ထဲ ရောက်ကုန်တဲ့အထိ..ဘဝတွေ

  တန်ဖိုးကျခဲ့ရတယ် ဆွေဆွေရာ...နင်ရော

  ငါရော အတူတူပါပဲ...နင်လည်း ဘဝပျက်

  ခဲ့ရတယ်...ငါလည်း တစ်ခုလပ်ဘဝရောက်

  ခဲ့ရတယ်...ငါတို့တန်ဖိုးတွေက အစထဲက

  စျေးကျခဲ့ပြီးသားဟ...ငါတော့ ငါ့ဘဝကို

  ဒီအတိုင်းကြီး ရေစုန်မမျောချင်ဘူး...အစ

  ကနေ ပြန်ကြိုးစားကြည့်ချင်တယ်...နင်ရော

  ..... "


" အဲ့အသိမျိူးတွေ နင်အစောကြီးထဲက

  ရခဲ့ရင် သိပ်ကောင်းခဲ့မှာ စိုးရဲ့...နင်သိလား..

  ငါလေ...အန်တီခကို မလွန်ဆန်နိုင်လို့...

  ဘာတစ်ခွန်းမှ ဝင်မပြောခဲ့တာ..."


ညီအမ နှစ်ယောက်ကိုကြည့်ရင်း မသူဇာ

ရင်ထဲ ချိနေအောင် ခံစားခဲ့ရပါသည်။သူတို့

လေးတွေမှာ ကောင်းမွန်သောအသိတရား

လေးတွေ ပိုင်ဆိုင်ထားပါရဲ့ ပြုစုပျိုးထောင်

ခဲ့သူ၏ အတ္တတွေကြောင့် ပွင့်လန်းစ ပန်း

လေးတွေဟာ အငုံအဖူး အရွယ်မှာတင်

မြေမှာ ခ ခဲ့ရရှာသည်။


" နင်လည်းမငိုနဲ့....ငါလည်းမငိုတော့ဘူး...

  မေ့နေတာကြည့်အုံး...ငါတို့ကညီအမနှစ်

  ယောက်ထဲမဟုတ်တော့ဘူး...သုံးယောက်

  ဖြစ်သွားပြီ...ဒီမှာကြည့်.. ဒီအမ နာမည်က

  မသူဇာတဲ့...လောကကြီးအကြောင်းကို

  သင်ပေးမယ့် ငါတို့ရဲ့ မကြီးပဲ..."


ဆွေဆွေလည်း မသူဇာကို မြင်မြင်ချင်း ခင်

တွယ်သွားပါသည်။ဆွေဆွေက အနေအေး

တယ်...စကားနဲတယ်။လူတွေနဲ့ဘယ်လို

ပေါင်းသင်းဆက်ဆံရမလဲ သူမ မသိဘူး။

စိုးကသာ တွေ့ရာလူနဲ့ အဆင်ပြေအောင်

ပေါင်းတတ်တာ။လူမှုဆက်ဆံရေးအပိုင်း

မှာ ဆွေဆွေက ကလေးသာသာအဆင့်ပဲ

ရှိသည်။


သူတို့သုံးယောက် ခေါင်းချင်းဆိုင်ပြီး အဖြေ

တစ်ခုကို သဲကြီးမဲကြီး ရှာဖွေနေပါသည်။

၇ရက်ပြည့်ရင် ဒီတိုက်ခန်းပေါ်က ဆင်းပေး

ရတော့မည်။စိုးက ၇ရက်မပြည့်ခင် ဆင်း

သွားချင်တယ်ဟုပြောလာ၍ ဆွေဆွေ စု

ဆောင်းထားသောငွေလေးနဲ့ ရက်ပိုင်း

အတွင်း အိမ်ရှာဖို့ ပြင်ကြတော့သည်။


သည်ပတ်ဝန်းကျင်တွင်လည်း နေချင်စိတ်မရှ်ိ

တော့သည်မို့ မြောက်ဒဂုံ ဘက် ရပ်ကွက်ငယ်

လေးတစ်ခုတွင် ရှိသော အသင့်အတင့် လုံး

ချင်းအိမ်လေအား သူမတို့ ငှားခဲ့ကြပါသည်။


အခုမှ ဘဝကို အစကနေပြန်စဖို့ကြိုးစားကြ

တာဆိုတော့ အခက်အခဲတွေက အများကြီး

ပါပဲ။ငွေကြေး ပြည့်စုံမှုကလည်းမရှိတော့

လိုအပ်တာလေးပဲ ဝယ်ရင်း အလုပ်တစ်ခုခု

လုပ်ဖို့ရာ တိုင်ပင်ရပြန်သည်။


စိုးသည် ခုရက်ပိုင်း အိမ်ငှားတဲ့ကိစ္စ.အပြောင်း

အရွှေ့ အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေရာ

ထိုအချိန်လေးအတွင်းမှာဖြင့် ညီလင်းညိုကို

မေ့ထားနိုင်ခဲ့ပါသည်။တရေးရေး သတိရပြီး

တသသ လွမ်းနေသူမှာတော့ ညီလင်းညိုပင်

ဖြစ်နေတော့သည်။လွန်းရွှေဝါနဲ့တုံးကလို

အားလုံးကို စိတ်နာပြီး မြန်မာပြည်က အပြီး

ပိုင် ထွက်သွားချင်စိတ်မျိူး ခုချိန်မှာ ရှိမနေ

ခဲ့တာ အမှန်ပါ။


စိုးတစ်ယောက် ဘာတွေများလုပ်နေမလဲ

စိုးရိမ်စိတ်တို့က သူ့စိတ်ကို အကြီးအကျယ်

သောကပေးလျက် ရှိပါသည်။စိုးအပေါ်

ထားလက်စ စေတနာတွေသည် ယနေ့တိုင်

အောင် မပြောင်းလဲခဲ့သေးပါ။စိတ်ပူမိတဲ့

အချိန်တွေတိုင်း သူ့မှာအရူးမီး ဝိုင်းခဲ့ရပါ

သည်။


ဒီအတိုင်းသာဆက်သွားရင် ဘာအလုပ်မှ

ကောင်းကောင်းမလုပ်နိုင်ပဲ အရက်သမား

ဘဝ ရောက်ပေတော့မည်။အချစ်ကြောင့်

ကိုယ့်ကိုကိုယ်အဲ့လောက်ထိ ချောက်ထဲ

အတင်းမပို့ချင်တော့ဘူး။ထို့ကြောင့်လည်း

မသူဇာဆီ ဆက်သွယ်ပြီး စိုး အခြေအနေကို

မေးဖို့ သူ ဆုံးဖြတ်လိုက်ပါသည်။


မသူဇာသည် အရင်အလုပ်ရှင်တယောက်

လည်းဖြစ်ခဲ့...မိမိဘဝရဲ့ ကယ်တင်ရှင်လည်း

ဖြစ်ခဲ့ဖူးသော သူ့ကို ပထမဆုံးအကြိမ်နဲ့

နောက်ဆုံးအကြိမ်တွေ့ဖို့ အခွင့်အရေးပေးခဲ့

ပါသည်။သွားတွေ့မယ်ဆိုတာကိုဖြင့် စိုးကို

အသိမပေးခဲ့ပါဘူး။


" သူဘာတွေလုပ်နေလဲ မသူဇာ...သူ အဆင်

  ပြေရဲ့လား "


တွေ့တွေ့ချင်း စိုးအကြောင်းကို အသဲအသန်

မေးရှာသော အကိုလေးကိုကြည့်ပြီး သူမ

ဂရုဏာဒေါသ ထွက်မိပါသည်။အဲ့လောက်ထိ

ချစ်နေရဲ့သားနဲ့ ဘာလို့ အဖေကို မလွန်ဆန်

နိုင်ခဲ့တာလဲလို့ ယတိပြတ်မေးပစ်ချင်သည်။


" အဆင်ပြေပါတယ် အကိုလေး... "


" ဘယ်မှာနေကြတာလဲ "


" ဒါတော့ ပြောပြလို့မရဘူး...ကျမကိုခွင့်

  လွှတ်ပါ... "


" မသူဇာကပါ ဘယ်လိုဖြစ်နေရတာလဲဗျာ...

  ကဲပါ.... ကျတော် သူ့အတွက်တစ်ခုခုလုပ်

  ပေးချင်တယ်.. ခင်ဗျား ကူညီပေးနိုင်မလား"


" စိုး လက်ခံမှာမဟုတ်ဘူး အကိုလေး...

  ကျမလည်း ကူညီနိုင်မယ်မထင်ဘူး "


" ဟူးးး.... ဒါဖြင့် မသူဇာအတွက် ကျတော်

  ပေးမယ်ဆိုတဲ့ငွေတော့ ယူထားဗျာ....

  စိုးအတွက် ကျတော်ရင်အေးချင်တယ်..."


မသူဇာထံသို့ စာအိတ်လေး လှမ်းပေးလိုက်ပါ

သည်။ဒါမှ ငြင်းရင်လည်း မကောင်းတော့ပြန်

ဘူးလေ။အခုချိန် ငွေလိုနေတာတော့ အမှန်

ပဲ။မသူဇာသည် ထိုငွေတွေအပေါ် ကိုယ့်လုပ်

အားခရယ်လို့ သဘောပိုက်ကာ သံသယကင်း

စွာ လက်ခံခဲ့ပါသည်။အက်ိုလေး ခံစားနေရတဲ့

ဝေဒ နာတွေကို သူမ နားလည်ပေးလို့ရပါ

သည်။


မသူဇာသည် သူတို့နှစ်ယောက်နဲ့ အနီးကပ်ဆုံး

နေခဲ့သူဖြစ်ရာ တစ်ယောက်ကိုတစ်ယောက်

ဘယ်လောက်ချစ်ကြောင်း အသိဆုံးဖြစ်ပါ

သည်။


" စိုးကိုလမ်းမှန်ရောက်အောင်ပို့ပေးပါ မသူဇာ

   ကျတော် သူ့အတွက် အရမ်းစိတ်ပူနေရ

  တယ်...သူ့ကို အဆင်ပြေစေချင်တယ်...

  စိတ်ချလက်ချ ထားခဲ့လို့ရတဲ့အနေအထား

  ဆိုရင်...ကျတော် လှည့်ကြည့်မှာမဟုတ်ဘူး.

  ... "


" စိတ်ချပါ အက်ိုလေး...သူကိုယ်တိုင်က...

  ပြုပြင်ဖို့ကြိုးစားချင်နေတဲ့ကလေးပါ...

  အခုလည်း သူ့မာနလေးနဲ့သူ နေပါစေ... "


မသူဇာ လက်ထဲ သိန်း ၂၀ သူ ထည့်ပေးခဲ့

သည်မို့ အနဲငယ်စိတ်အေးရပါသည်။နောက်

ထပ် သူ့ဆီက အကူအညီတွေ မလိုတော့ဘူး

ဟု ယတိပြတ် ငြင်းဆန်နေ၍ သူ လက်လျှော့

ခဲ့ရပါသည်။


စိုးမေလှိုင်နဲ့ ရေစက်ကို သည်တင် ဖြတ်ချဖို့

သူ ဆုံးဖြတ်ချက်ချလိုက်ပါသည်။ဖက်တွယ်

ဖို့ အဆင်မပြေတော့ရင် ကိုယ့်ကိုကိုယ် သက်

သာအောင် မဖြစ်မနေ လွှတ်ချရတော့မည်

သာ ဖြစ်ပေသည်။ပြတ်သားသင့်တဲ့နေရာမှာ

တိကျစွာ စိတ်ဖြတ်နိုင်မှ သူ့ဘဝ အဆင်ပြေ

နိုင်တော့မယ့် အနေအထားမို့ မသူဇာနဲ့ နောက်

ဆုံးတွေ့ခဲ့ပြီးနောက် သူ့အလုပ်တွင်သာ စိတ်

နှစ်ထားကာ အလွန်နှေးကွေးလွန်သော အချိန်

တွေကို ရှည်လျားစွာ သူ ဖြတ်သန်းခဲ့ရပါ

သည်။


တနေ့ သူ အိမ်ကို ခါတိုင်းထက် စောစီးစွာ

ပြန်ရောက်လာပါသည်။သူ ရောက်သည့်

အချိန်တွင် မေမေ အိမ်မှာမရှိပါ။ကလေးမ

တွေကို မေးကြည့်တော့ မေမေ မှော်ဘီကို

သွားတယ်ဆိုပဲ။


" မှော်ဘီ..... ဘာသွားလုပ်တာလဲ "


" တပါတ်တစ်ခါသွားနေကျ.... "


နွယ်နီသည် အန်တီသစ္စာမကြိုက်တဲ့အလုပ်ကို

မှ ရွေးလုပ်မိသလို ဖြစ်သွားသည်။လူတွေ၏

သဘာဝအတိုင်း လုံးဝမပြောနဲ့လို့ တားထား

လျှင် နှုတ်က ယားလာပြီး လွှတ်ခနဲ ထွက်

သွားတတ်ကြသည်။ပြောထွက်ပြီးကာမှ

ညီလင်းညို ဆက်မေးလာလျှင် ဖြေစရာ

အဖြေမရှိမှာ စိုးရိမ်လာသည်။


" ဘယ်သူ့ဆီသွားတာလဲ... "


" ဒါတော့ ကျမလည်းမသိပါဘူး "


" ဘယ်ရက်တွေသွားတတ်လဲ "


" ကြာ....ကြာသာပတေးနေ့တိုင်း သွား..."


" ရပြီ ရပြီ...သွားတော့.... "


သူ သက်ပြင်းရှည်ကြီး မျှင်းချလိုက်ရင်း

အခန်းထဲ ဝင်လာခဲ့ပါသည်။ဖေဖေ ပြောခဲ့တဲ့

မင်းအမေပေါ်မူတည်တယ်ဆိုတဲ့ စကားက

သူ့ကို စိတ်ရှုပ်ထွေးစေလာပါသည်။မင်းသိ

ချင်ရင် မင်း အမေကိုမေးတဲ့။


မေမေ့ကို မေးဖို့ရာ သူ နှုတ်မရဲ ဖြစ်နေပါ၏။

တစ်ခုခုကို အမှန်အတိုင်းသိခဲ့ပါက နောက်

ထပ် ဒဏ်ရာ ရလာမှာ သူ ကြောက်နေတာ

ဖြစ်ပါသည်။


သူ ဖြတ်သန်းရမည့် ဘဝသည် အဲ့လောက်ထိ

ရှုပ်ထွေးလာလိမ့်မယ်လို့ တစ်ခါမှ မတွေးထား

ခဲ့မိဘူး။


@@@@@@@@@@@@@@@@@@@


ဒေါ်သစ္စာသည် သူ့ဆီကအပြန် အိမ်တန်းပြန်

ဖို့ စီစဥ်ထားသော်လည်း ရွှေအိမ်သူ့အမေ

သူမ ငယ်သူငယ်ချင်း ဒေါ်ညွန့်ညွန့်ဝေက

အရေးတကြီး ပြောစရာရှိတယ်ဟု လမ်းခု

လတ်တနေရာအရောက် ဖုန်းလှမ်းဆက်

သဖြင့် အိမ်မပြန်ဖြစ်တော့ပဲ သူတို့အိမ်ကို

ရောက်လာခဲ့ရပါသည်။


မဝေက သူမ အကြောင်းကိုသိထားသူပီပီ

အားနဲချက်သဖွယ် အမိအရကိုင်ထားပြီး

အခွင့်အရေးတွေ တစ်ခုပြီးတစ်ခု တောင်းဆ်ို

ခဲ့သည်။ဒါနောက်ဆုံးပါဆိုပြီး သူမ သမီးနဲ့

သားကို နေရာချထားပေးဖို့ မရမက တောင်း

ဆိုနေရာ အားလုံးအဆင်ပြေဖို့အတွက်

ဒေါ်သစ္စာ လက်ခံပေးခဲ့ရတာဖြစ်သည်။သား

ကိုယ်တိုင်က ရွှေအိမ်သူ့ကို သဘောကျတယ်

ဆိုတော့ ရင်ဘတ်ထဲက အပူလုံး အနဲငယ်

ကျသွားခဲ့ရပါသည်။


ဖြစ်နိုင်ရင် မဝေနဲ့ ဆက်မပက်သတ်ပဲ ကင်း

ကင်းရှင်းရှင်းနေလိုသော ဆန္ဒရှိခဲ့ဖူးပါသည်။

ပြသာနာတွေ၏ စလယ်အဆုံး သိထားခဲ့တဲ့

မဝေက ဒေါ်သစ္စာကို နည်းမျိုးစုံနဲ့ အကျပ်ကိုင်

ကာ ရုန်းမရအောင် ချည်နှောင်ခဲ့ပါသည်။


ဒေါ်သစ္စာရဲ့ သဘောကဖြင့် သူမ သေတဲ့အထိ

ထိုကိစ္စကို သား မသိအောင် လျှိူ့ဝှက်ချက်

အဖြစ် ထိန်းသိမ်းထားလိုပါသည်။သားစိတ်

ထဲ သူ့အမေကို စံပြမိခင်ကောင်းတယောက်

အနေနဲ့သာ ထင်မိမြင်မိစေချင်ပါသည်။ထို

ဆန္ဒထဲတွင် မိမိ၏ အမှားကို ဖုံးကွယ်လိုသော

လိုအင်လည်း ပါဝင်နေတာ မငြင်းနိုင်ပါဘူး။


" ကဲပြော....ဘာတွေအရေးကြီးနေတာလဲ "


" ယူ့ သားတော်မောင်ကိစ္စပြောချင်လို့...တမင်

  ခေါ်လိုက်တာ...လက်ထပ်မယ့်ကိစ္စ...ဟိုရွှေ့

  ဒီရွှေ့နဲ့ အရမ်းကြာနေသလားလို့ "


" မဝေရယ်...ငါ့သားက မြန်မာပြည်ပြန်

  ရောက်တာလည်းမကြာသေးဘူး...သူ့

  အလုပ်တွေကလည်း အခုမှအစပျိုးတုံး..

  အားလုံးအခြေတကျ ဖြစ်သွားရင်....

  ရွှေအိမ်သူကို လက်ထပ်မှာပါ...သားအတွက်

  စိတ်ချစမ်းပါ.... "


" စိတ်ချချင်ပါတယ်...ဟုတ်သော်ရှ်ိ..မဟုတ်

  သော်ရှ်ိ...ယူ့သားနဲ့ပက်သတ်တဲ့သတင်းတွေ

  ထွက်နေတယ်...တိတ်တိတ်ပုန်းမယားရှိ

  တယ်ဆိုပြီး.... "


" ဒီသတင်းကလုံးဝ အမှား....ငါလည်းကြား

  သားပဲ...သားကိုလည်းမေးပြီးပြီ...စီးပွား

  ရေးသမား အချင်းချင်း အပုတ်ချပြောနေတဲ့

  သတင်းတုပါကွာ...နောက်တက်လာမယ့်လူ

  ကိုနေရာမပေးချင်လို့ ပုတ်ထုတ်နေတာ...

  စိတ်အေးလက်အေးသာနေ... "


" ဒီလိုဆိုရင်လည်း လက်ထပ်ပွဲမလုပ်ခင်..

  အရင်စေ့စပ်ပေးထားစေချင်တယ် "


ဒေါ်ညွန့်ညွန့်ဝေတို့က မပိုင်ရင် ခြင်တောင်လူ

ငှားပြီး ရိုက်ခိုင်းတတ်တဲ့လူစားမျိူး။ချည်ပြီ

ဆိုရင်လည်း လျော့တိလျော့ရဲ ဘယ်တော့မှ

မလုပ်ဘူး။တစ်ဖက်လူ ရုန်းမရအောင်

အသေချည်ထားမှ နောက်ဆံမတင်းရမှာ

လေ။


" ကောင်းပြီလေ....ကိုယ် သားနဲ့တိုင်ပင်ပြီး

  အကြောင်းပြန်ပေးမယ်..အချိန်မရှိတော့ဘူး

  ပြန်တော့မယ်... "


သူမ ထိုင်ရာက ထလိုက်သည့်အချိန်ဝယ်

ဒေါ်သစ္စာ၏ အပြင်အဆင်ကို ခေါင်းအစ

ခြေအဆုံးကြည့်ပြီး မဝေ ပြောလာပြန်

သည်။


" ဟိုလူ့ဆီ သွားတာလား "


ဒေါ်သစ္စာ ချက်ချင်းကြီး မျက်နှာထား တင်း

မာသွားသည်။ပြီးမှ တဖြေးဖြေးပြုံးလာကာ

မဝေကို စိုက်ကြည့်ရင်း....


" ပေးထားတဲ့ ကတိကိုမမေ့ပါနဲ့ မဝေ...

  ကိုယ်က အချစ်ကို ကိုးကွယ်တတ်ခဲ့သလို..

  မိခင်တယောက်ရဲ့ အရိပ်မဲ ပေါ်သွားမှာစိုးတဲ့

  စိုးရိမ်စိတ်နဲ့ ထောင်ထဲဝင်ရဲတဲ့ သတ္တိမျိူး

  လည်း ရှိတယ်ဆိုတာမမေ့ပါနဲ့...အဲ့ဒါ

  မိခင်တစ်ယောက်ရဲ့ အတ္တပဲ... "


ခြိမ်းခြောက်သွားတာလား...အရှက်ပြေ ရမ်း

သွားတာလား မသဲကွဲ။ဘာဖြစ်ဖြစ် ကိုယ်ဖြစ်

ချင်တာတွေ ဖြစ်ခွင့်ရတော့မှာမို့ မဝေက

ကျေနပ်တယ်။


ဒေါ်သစ္စာ ခြံက အထွက် ရွှေအိမ်သူ့ကားက

အိမ်ထဲအဝင် မျက်နှာချင်းဆ်ိုင်ဆုံလေသည်။

ဆုံပေမယ့်လည်း သူမ အမေကို ဒေါသထွက်

ထားသည့်အရှိန်နဲ့ ရွှေအိမ်သူကို တချက်

မကြည့်ပဲ မျက်နှာလွှဲထားခဲ့ပါသည်။


ဘွားတော်က ဘာအထာလဲဟု သူမ စိတ်ထဲ

ကပြောရင်း ကားကို ဆင်ဝင်အောက် ထိုး

ရပ်ကာ အိမ်ထဲ ဝင်လာပါသည်။


" မာမီ့ ဘော်ဒါက ဘာအထာလဲ..သူ့ချွေးမ

  တယောက်လုံးတောင် အဖတ်လုပ်မသွား

  ဘူး "


သူမ အပြောကို မာမီက သဘောကျကာ

တခစ်ခစ် ရီနေနိုင်သေးသည်။


" အနာပေါ်တုတ်ကျသွားတာပါ သမီးရယ်..

  အာ့ဒါအသာထားစမ်းပါ...ညည်းအခုကျိတ်

  ဝိုင်းက ပြန်လာတာမို့လား...ငါပြောပေါင်း

  လည်းများပြီ...ခနလေး ငြိမ်နေစမ်းပါအုံး

  ဆိုတာ...နင့်ပိုးကိုက မသေတာ "


" မာမီကလည်းလေ....ကိုယ့်သမီးလေးပြန်

  ရောက်တာ...ရှုံးလား..နိုင်လားတောင်

  မေးဖော်မရဘူး.....အပြစ်တွေပဲပြောနေတာ

  ပဲ "


" ဟဲ့ ပြောရမှာပဲ.....ဟိုက နင့်အကြောင်း

  စုံစမ်းလို့....နင်ဖဲဂျိူးဆိုတာ သိသွားရင်

  သေပြီပဲ.... "


" အာ့မလေး မာမီရာ....ကိုယ့်လူလည်းကိုယ်

  သေချာပြန်မေးကြည့်စမ်းပါအုံး...သူမသာ

  ကိုယ်မသာပါ... "


" ဘာစကားကြီးတုံး နင့်ဟာက... "


မာမီ ဘာတစ်ခုမှ မသိသေးတာကို သနား

လိုက်တာဆိုသည့် သဘောနဲ့ သူမ ကြည့်

လျက်.....


" ဒီနေ့ဝိုင်းမှာ သူရကျော်ထင်နဲ့တွေ့တယ်...

  သူပြောတာတော့ မာမီ့လူက ကောင်မလေး

  လှလှလေးတယောက်ကို တိတ်တိတ်လေး

  ဖွက်ထားတာဆိုပဲ... "


" ဟယ်...မဖြစ်နိုင်တာအေ... "


" ဖြစ်နိုင်ရင်ရော မာမီ ဘာလုပ်မလဲ "


" ဒါဖြင့်လည်း သူရကို သေချာမေးစမ်းကြည့်

  ပါလား "


" ဒီကောင့်အကြောင်း မာမီသိသားနဲ့..ဘယ်

  တုံးကများစကားကို လေးလေးနက်နက်

  ပြောဖူးလို့လဲ...အမြဲအဲ့အတိုင်း တန်းလန်း

  ကြီးပဲ "


" သူရဆိုမှ ဒေါက်တာဇေယျကျော်နဲ့ရော

  တွေ့ဖြစ်သေးလား "


" No.... "


" အစက ညီလင်းညိုသာ ပြန်မလာဘူးဆိုရင်

  အဲ့ဆရာဝန်လေးနဲ့ စီစဥ်ပေးမလို့ "


" တော်ပါမာမီရယ်...ဇေယျက သူ့လူနာတွေပဲ

  ခေါင်းထဲရှိတာ...ဘာမှ ခံစားတတ်တဲ့လူ

  မဟုတ်ဘူး...ညီလင်းညို ကိစ္စလည်း မာမီ

  စုံစမ်းအုံး... တော်ကြာ မာမီ့သမီးလေး...

  ရာထူးပဲတိုးမလား...ရာထူးပဲကျသွားမလား

  မသေချာလို့ မာမီရေ.... "


ညီလင်းညိုအကြောင်းကတော့ စီးပွားရေး

လောကမှာ နာမည်ထွက်နေတာ ကြာပါပြီ။

သူ့အမေကိုယ်တိုင်က မဟုတ်ပါဘူးလို့

ပြတ်ပြတ်သားသား ငြင်းသွားသေးတာပဲ။

အို....တိတ်တိတ်ပုန်းရှိနေတော့ရော ဘာဖြစ်

လဲ...။ကိုယ့်သမီးကို လူသိရှင်ကြား လက်ထပ်

ယူမှာပဲဟာ။အသေးအမွှားပြစ်ချက်လေးတွေ

လောက်တော့ အေးအေးဆေးဆေး ရှင်းပစ်

လို့ရတယ်။ကိုယ့် သမီးက ငွေကိုရေလိုသုံး

ချင်တဲ့ မိန်းမ....။ငွေရှာတော်တဲ့ ညီလင်းညို

လို တစ်ဦးတည်းသော သူဌေးသား အမွေ

ဆက်ခံသူနဲ့မှ အဆင်ပြေမှာ။


@@@@@@@@@@@@@@@@@@@


" စိုးရေ...ဒီလို စကြရင်မကောင်းဘူးလား "


နေစရာ အိမ်လည်းရှိပြီ...လိုအပ်တာလေး

တွေလည်း ဝယ်ခဲ့ပြီးပြီမို့ ဆွေဆွေ့ဆီရှိတာ

တွေ ပြောင်လုနီးနီး ဖြစ်လာပြီ။အလုပ်ရှာဖို့

အတွက် ညီအမနှစ်ယောက် တိုင်ပတ်နေချိန်

မသူဇာ စကားကြောင့် ခေါင်းထောင်သွားကြ

ပါသည်။


" ဘာများလဲဟင်.... "


" ဒီရပ်ကွက်က ဘာပြောပြော လူစည်တယ်..

  မကြီးတို့ ညနေခင်း မုန့်ဟင်းခါးရောင်းရင်

  မကောင်းဘူးလား "


" ရှင်.... "


ဆွေဆွေ့ကို ကြည့်ရတာ စျေးရောင်းရမှာ

ရှက်သလိုလို ကြောက်နေသလိုလိုနဲ့။စိုးက

တော့ မသူဇာအကြံကို ထောက်ခံသည့်နှယ်

ခေါင်းတဆတ်ဆတ်ညိတ်ရင်း...


" အဲ့အကြံကောင်းတယ် မကြီး..."


" နင်ကလည်း ရှက်စရာကြီး... "


" ဒီမယ်အမ စျေးရောင်းတာပဲဟာ...သူများ

  ငွေတွေ အလကားကိုယ့်အိတ်ထဲ ထည့်နေ

  တာမှမဟုတ်ပဲ..နင်မရောင်းချင်နေ...ငါက

  တော့ရောင်းမှာပဲ..."


ဆွေဆွေ့ကို မသူဇာ အပြစ်မမြင်ခဲ့ပါဘူး။နဂို

ထဲက စျေးသည်သားသမီးမဟုတ်တာရော..

စျေးမရောင်းစားခဲ့ဖူးတာရော...လူတွေနဲ့

အများကြီး မဆက်ဆံခဲ့ဖူးတာတွေကြောင့်

သူမ ကြောက်လည်းကြောက်..ရှက်လည်း

ရှက်နေတာ ဖြစ်မှာပါ။


ဆွေဆွေသည် စိုး စကားကြောင့်စိတ်ထိခိုက်

သွားပုံရပါသည်။ကိုယ့်ကိုကိုယ် စိတ်ပျက်

သွားသည့်ဟန် အနောက်ဘက် ဝင်သွားလေ

သည်။


" ဆွေဆွေ့ကို တအားကြီးဖိမပြောပါနဲ့ စိုးရဲ့..

  သူက စိုးလိုမဟုတ်ဘူးလေ...အနေလည်း

  အေးတယ်....စျေးရောင်းရမှာသူရှက်နေတာ

  မဟုတ်ဘူး...ကြောက်နေတာ...နောက်ပိုင်း

  သူ အသားကျသွားမှာပါ "


" အင်းပါ...ဒါနဲ့မကြီးက မုန့်ဟင်းခါးရော

  ချက်တတ်လား "


" အို..စိုးကလည်း...ရွာမှာဆို အလှူရှိရင်မကြီး

  ချက်ပေးနေကျ...ရွာလက်ရာလောက်တော့

  ရပါတယ်... "


" အခုက မြို့လေမကြီးရဲ့... "


" ဒါဖြင့်လည်း မြို့အကြိုက်ပေါ့တော်..."


" ဟယ်....မြို့အကြိုက်က ဘယ်လိုကြီးတုံး.. "


" မြို့အကြိုက်က ဘာမှမဟုတ်ဘူး...ငါးများ

  များသာထည့်....ငံပြာရည်အကောင်းစားသုံး

  ဒါပဲ "


မသူဇာ အပြောကတော့ ဟုတ်နေရောပဲ။

အရင်းအတွက်လည်း စိတ်မပူနဲ့လို့ သူမ

က ပြောလာတော့ စိုးက မျက်ဆံအိမ်လေး

ထောင့်ကပ်ရင်း သူမကို ကြည့်နေလေရဲ့။

စိုးကို တော်ရုံလူ သွားလိမ်လို့မရဘူး။


" ကိုကြီးနဲ့တွေ့ခဲ့တယ်မို့လား.... "


" ဟိုလေ....ဒီလိုပါ... "


" စိုးကိုမညာပါနဲ့ မကြီးရယ်...တွေ့ခဲ့တယ်

  မို့လားဟင်....ကိုကြီးရော အဆင်ပြေရဲ့

  လားဟင် မကြီး.....သူ..စိုးကိုရောမေးသေး

  လား... "


မသူဇာရဲ့ လက်ဖျံလေးကို ကိုင်လှုပ်ရင်း

မေးနေပုံလေးဟာ သိချင်စိတ်တွေများနေ

မှန်း သိသာနေပါသည်။ဟိုတယောက်က

လည်း တွေ့တွေ့ချင်းဆိုသလို စိုးအကြောင်း

ပါးစပ်ဖျားက မချဘူး...မေးတာ။ခုလည်းပဲ

စိုးက ညီလင်းညိုအကြောင်း ထပ်မေးလာ

ပြန်ပြီ။မသူဇာကတော့လေ ကိုယ်တိုင်လည်း

မိမိခင်ပွန်းနဲ့ အကြာကြီး မပေါင်းခဲ့ရပဲ သေ

ကွဲ ကွဲခဲ့ရတာမို့ သိပ်ချစ်ကြတဲ့ လူသားနှစ်ဦး

ကို ဘယ်လိုအကြောင်းမျိုးနဲ့မှ မကွေကွင်း

စေချင်တာ အမှန်ပဲ။


" အကိုလေးက အဆင်ပြေပါတယ်...စိုးကို

  လည်းမေးရှာပါတယ်....စိုး အတွက်ဘာမှ

  မလုပ်ပေးနိုင်တာ သူ စိတ်မကောင်းဖြစ်နေ

  တယ်..."


" သူ့ဆီက ဘာအကူအညီများယူခဲ့သေးလဲ "


" စိုး လက်မခံမှန်းသိလို့ မကြီးမယူခဲ့ပါဘူး...

  ဒါမဲ့ မကြီးလုပ်အားခတော့ ယူခဲ့တယ် "


လုပ်အားခငွေထက် ပိုပေးခဲ့တာလည်း သူမ

စိုးကို မပြောပြဖြစ်ခဲ့ပါဘူး။


" အင်းပါ.... နောက်တစ်ခါတွေ့ခဲ့ရင် ဒီလက်

  စွပ်လေး...ကိုကြီးလက်ထဲထည့်ပေးပါ... "


ဘာမှမသက်ဆိုင်တော့တဲ့လူတွေမို့ စိုး ပြန်

ပေးချင်ခဲ့ပါသည်။တချိူ့ အမှတ်တရတွေက

သိမ်းထားလို့မှ မကောင်းခဲ့တာပဲ။


မသူဇာလက်ထဲ လက်စွပ်လေးကို စိုး ထည့်

ပေးခဲ့ပါသည်။မသူဇာလည်း စိုး ကျေနပ်

အောင်သာ ယူထားခဲ့ရတာ။အကိုလေးဘက်

က နောက်တကြိမ် ထပ်တွေ့တော့မှာမဟုတ်

ဘူးဆိုတာ စိတ်ထဲ သိနေတယ်။


သူမတို့ စိတ်ကူးထားတဲ့အတိုင်း မုန့်ဟင်းခါး

ဆိုင်ဖွင့်ဖို့ စတင်အကောင်အထည်ဖော်ခဲ့ကြ

ပါတော့သည်။ဆိုင်နာမည်ကို ညနေခင်း

မုန့်ဟင်းခါးဆိုင်ဟု နာမည်ပေးလိုက်ပါသည်။

မသူဇာသည် အစွမ်းကုန် ကြိုးစားပြီး ချက်ခဲ့

ပါသည်။ပထမ စရောင်းတဲ့ရက်က လူသိပ်

မသိသေးတာမို့ ငါးဆယ်သားပင် မကုန်ခဲ့ပါ။

လေး ငါးရက် ကြာလာပြီးနောက် မသူဇာ

လက်ရာသည် တစစ ကောင်းလာသလို

အမှန်တကယ်ကြီး အလုပ်ကြိုးစားနေသော

မုန့်ဟင်းခါးဆိုင်က ကောင်မလေးကို ရပ်ကွက်

ထဲက လူပျိူ..လူအို မကျန် သတ်ိထားမိလာ

ကြပါသည်။မသူဇာရဲ့လက်ရာထက် စိုး

မျက်နှာကို တစိမ့်စိမ့်ကြည့်ချင်လို့ တကူး

တက လာရောက်အားပေးသော အဖွဲ့က

သက်သက်ကို ရှိလာခဲ့ပါသည်။


ဆွေဆွေပင် တစစ ရောင်းအားတက်လာသော

ဆိုင်လေးကို အိမ်ထဲကငေးရင်း ကြည်နူးလာ

ခဲ့ပါသည်။စိုး မရှက်မကြောက် ရှေ့ထွက်

ရောင်းနေတာကို ကြည့်ပြီး သူမ အားကျလာ

သည်။နောက်ပိုင်းတွင် အိမ်ထဲကနေ ကြည့်

မနေတော့ပဲ ဆိုင်တွင် ချောင်ကပ် ပန်ကန်

ဆေးရသော အလုပ်ကို ဘယ်သူမှတာဝန်

မပေးပါပဲ ဆွေဆွေ ဝင်လုပ်လာပါသည်။


စိုးလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမလှ

လေး တစ်ယောက်အား ဘယ်သူက တစ်ခု

လပ် လို့ ထင်မလဲ။စိုးဘယ်သွားသွား မသူဇာ

ဘေးကပါလာလို့သာ ရပ်ကွက်ထဲကောင်လေး

တွေ အနားမကပ်ရဲကြတာ။မသူဇာက ဒီရပ်

ကွက်မှာ ဖိုက်တာ ဒီဇိုင်းနဲ့ နေနေရတယ်။


အိမ်တွင်မိန်းမသား သုံးယောက်ထဲရှိကြတာ

မို့လား။ကိုယ့်မျက်နှာက ချိူနေရင် အလွယ်

ရမလား စမ်းချင်ကြတာ လူ့သဘာဝပဲလေ။

ကိုယ်တိုင်က မျက်နှာသာမပေးပဲ မာထန်ထန်

နေထားမှ တော်ရာကျမှာ။


@@@@@@@@@@@@@@@@@@@


အဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင်ပါပဲ...။ဇေယျ

ကျော်သည် ပျောက်ချင်းမလှပျောက်သွား

သော စိုးမေလှိုင်ကို ဘယ်နေရာသွားသွား

မျက်စိရှင်ရှင်ထားပြီး ရှာနေမိတတ်ပါသည်။

အမြဲလိုလို သော့ခတ်ထားသည့် တစ်ဖက်ခြံ

ကို ကြည့်ရင်း စိုးနှင့် ညီမင်းညို တို့၏

အကြောင်း မတွေးပါပဲ ခေါင်းထဲရောက်လာ

တတ်ပါသည်။


လွန်ခဲ့တဲ့ ၂ရက်က သူရကျော်ထင် သူ့ဆီ

ရောက်ပြီး ရွှေအိမ်သူ စေ့စပ်တော့မယ့်

အကြောင်း လာပြောပြခဲ့သည်။ရွှေအိမ်သူ

ရယ် သူရယ် သူရ ရယ်က ကျောင်းနေဖက်

သူငယ်ချင်းတွေ ဖြစ်ပါသည်။သူရက သူမကို

ကျတော် စိတ်ဝင်စားခဲ့တယ် ထင်နေပုံရပါ

သည်။သူမ စေ့စပ်တော့မယ့်အကြောင်း

လမ်းမကြုံ ကြုံအောင် ဖန်တီးပြီး သတင်း

လာပ်ို့ပေးတာ ဖြစ်သည်။


သူ့အနေနဲ့ သူမ ဘယ်သူနဲ့ယူယူ ထိုပွဲကို

သူငယ်ချင်းတစ်ယောက်အဖြစ်သာ လာ

ရောက်ဂုဏ်ပြုပေးမှာဖြစ်ပြီး သူရ ထင်ခဲ့

သလို အပူတပြင်း ခံစားရလောက်တဲ့အထိ

ရွှေအိမ်သူအပေါ် စိတ်ဝင်စားခြင်း မရှိခဲ့ပါ

ဘူး။သူ စိတ်ဝင်သွားခဲ့သည့်အကြောင်းဟာ

သူမနဲ့ စေ့စပ်မယ့်လူသည် စိုးက ငါ့မိန်းမလို့

သူ့ရှေ့ တရားဝင်ကြေညာသွားခဲ့သော 

ညီမင်းညို ဖြစ်နေလို့ပါပဲ။


တိုက်ဆိုင်စွာပင် စိုးသည် တစ်ဖက်ခြံကနေ

အသိမပေးပဲ လုံးဝ ပျောက်ကွယ်သွားခဲ့ပါ

သည်။သူတို့ချင်း ကွာလိုက်ကြပြီလား....

ဒါမှမဟုတ် ညီလင်းညိုအ​ကြောင်းတွေ

သူသိနေလို့ တမင်စိုးကို တနေရာပို့ခဲ့တာလား

တွေးမရနိုင်တော့ပေ။


စိတ်ထားကောင်းရင် ကံကောင်းတယ်တဲ့။

သူ အခုကြုံခဲ့ရသည့် တိုက်ဆိုင်မှုလေးသည်

စိတ်ထားမွန်မြတ်ခြင်း စေတနာက စ အရင်း

တည်တယ်လို့ ပြောရမလားပဲ။သူ လတိုင်း

ဆေးဝါး၊ စားစရာ ၊ ငွေ...တတ်နိုင်သလောက်

ပေးကမ်းလှူနေကျ အဖွားဆီကအပြန်လမ်း

တဝက်လောက်မှာ လူစည်းကားနေသည့်

​ဆိုင်လေးထဲ အကြည့်ရောက်မိရာမှ ဗျာ

များလျက်ရှိသော ရောင်းတဲ့မိန်းခလေးကို

မြင်ပြီး ကားကို ရုတ်တရက် ရပ်လိုက်မိတဲ့

အထိ အံ့အားသင့်ခဲ့ရပါသည်။စိုးမှ ဟုတ်ရဲ့

လား နှစ်ခါပြန်ငေးယူခဲ့ရသည်။ဟုတ်ပါတယ်

..... ကျတော့်ရဲ့ စိုးလေးပါ။ပါးပြင်ဝယ် ပါး

ကွက်ကျားလေးနဲ့ ဆံပင်လေးစည်းထားတဲ့

ပြင်ဆင်ပုံသည် တမျိူးယဥ်နေပေသည်။

အထွေအထူးမပြင်လည်း နဂိုလှပတဲ့သူလေး

ဖြစ်နေရာ ဘယ်ဘက်ကကြည့်ကြည့် 

ချစ်စဖွယ်...မြတ်နိုးဖွယ် ကောင်းနေတော့

သည်။


သူ ခပ်တည်တည်နဲ့ဆိုင်ထဲ ဝင်သွားပြီး အပို

စားပွဲခုံတွင်မထိုင်ပဲ စျေးရောင်းခုံတွင် အရှေ့

တည့်တည့် ကျနစွာ နေရာယူပြီးနောက်...


" မုန့်ဟင်းခါးတစ်ပွဲ...ပဲကြော်...ငါးဖယ်နဲ့ "


" ရမယ်နော် အကို....ဟင်..."


" ဟယ်.... ဆရာ.... "


မသူဇာသည် စိုးနောက်မှ သူ့ကိုမြင်သွားပြီး

လက်ညှိုးကြီးထိုးလျက် ဟယ်...ဆရာဟု

ရေရွတ်လိုက်လျှင် သူက ဘာမှပြန်မပြောပဲ

ထုံးစံအတိုင်း သွားတတ်ကလေးနှစ်ဖက်ပေါ်

အောင် ပြုံးပြနေပါသည်။


" ထည့်ပါဗျ....ကျတော်အလကားမစားပါဘူး

  ပိုက်ဆံပေးမှာပါ.... "


စိုးက ဆရာနဲ့တွေ့တိုင်း သူ့အပြောတွေကြောင့်

အမြဲတမ်းပြုံးနေခဲ့ရပါသည်။ခုလည်းပဲ

ဆရာသည် ဘယ်ကနေ ဘယ်လို သည်အထိ

ရောက်လာပြီး စိုးတို့နဲ့ ရေစက်ပြန်ဆုံနေလဲ

မသိ။မသူဇာက စိုးပခုံးတစ်ဖက်ကို မသိ

မသာ တွန်းပြီး ဆရာ့အား မေးငေါ့ပြလျက်...


" ကံကုန်မယ်ထင်တာ..ပြန်ဆုံပြန်ပြီ... "


" ရှုးးး ကြားသွားမယ် မကြီး "


ဆရာက သူတို့အတွက် အရင်ထဲကရင်းနှီး

ပြီးသားလည်းဖြစ်...အထူးဧည့်သည်လည်း

ဖြစ်ရာ ဆိုင်မှာမစားခိုင်းပဲ အိမ်ထဲ ခေါ်လာ

ခဲ့ပါသည်။မသူဇာနဲ့ ဆွေဆွေက ဆိုင်စောင့်

အဖြစ် ကျန်ခဲ့ပြီး စိုးက ဆရာ့ကို ဧည့်ခံနေ

ပါသည်။


" ဘယ်ကနေဘယ်လို မျက်စိလည်ပြီး ရောက်

  လာတာလဲ ဆရာ... "


" ကျတော် စားပြီးမှပြောလို့ရမလားဗျ "


အလိုက်မသိသလိုများ ဖြစ်သွားမလား စိုး

မျက်နှာပူသွားချိန် သူက စိုးမျက်နှာလေးကို

ငဲ့ကြည့်ရင်း...


" ကျတော် နောက်တာပါစိုးရယ်...ပြောပြမှာ

  ပါ... "


" ဟယ်....အရင်စားပါ ဆရာရဲ့... "


" အမှန်အတိုင်း ဝန်ခံရရင် ကျတော်ဗိုက်

  တအားဆာနေတာဗျ.... "


ဆရာကလေ...အတည်ပေါက်ကြီးနဲ့နောက်

တတ်တယ်...တစ်ခါတစ်လေ သူပြောလိုက်

တဲ့စကားတွေက တစ်ဖက်လူကို စိတ်တွေ

ပေါ့ပါးလာစေတယ်။ဆရာဝန်တစ်ယောက်

ဆိုပြီး သူ့အပေါ်ရှိန်တာမျိူးတွေ မရှိရအောင်

လူတိုင်းကို တရင်းတနှီး ပေါင်းသင်းတတ်

သေးသည်။ဆရာနဲ့တွေ့တိုင်း စိုးမှာ စိတ်ညစ်

စရာတွေရှိသည့်တိုင် အနဲငယ်တော့ ပြုံးခဲ့ရ

မွဲ။


" ကျတော်က ဒီကို တစ်လတစ်ခါ အမြဲတမ်း

  ရောက်ဖြစ်တယ်...စိုးတို့ လမ်းထဲကပဲ...

  တစ်ယောက်ထဲနေတဲ့ အဖွားရှိတယ်...

  အဖွားနာမည်က ဒေါ်လေးရှင်...စိုးကအခုမှ

  ပြောင်းလာတော့ ဘယ်သိအုံးမလဲ...အဖွား

  ဆီ ကျတော် လတိုင်း တစ်ခေါက်တော့

  အမြဲရောက်ဖြစ်တယ်...အဖွားအတွက်

  လိုအပ်တာလေး လှူနေကျ...အားဆေးလည်း

  ထိုးပေးရင်းပေါ့... "


ဆရာ ပြောပြတာကို စိုး ခေါင်းလေးငဲ့စောင်း

ရင်း လေးစားစွာ နားထောင်နေမိပါသည်။

ဆရာက ထင်ထားတာထက်ပင် ပိုပြီး လေး

စားစရာ ကောင်းနေခဲ့ပါသည်။


" ဆရာက အရမ်းစိတ်ထားလှတာပဲနော် "


" စိုးပြောချင်တာက ကျတော်စိတ်ထားတော့

  လှပါရဲ့...ရုပ်မလှဘူးပြောချင်တာလား "


" အယ်...အာ့လိုမဟုတ်ပါဘူးဆရာရဲ့...

  ဆရာက ညိုချောပါ "


" ဗျာ..... "


အလိုက်သင့်ပြောရင်း စိုး ဘာစကားပြော

မှားသွားပြီလဲ နဲနဲလန့်သွားသည်။


" ကျတော့်ကို ချောတယ်လို့ပြောတာ..စိုးက

  ပထမဆုံးပဲသိလား "


အဲ့လိုကို သူက အတည်ပေါက်နဲ့ နောက်တတ်

တဲ့ လူမျိူးရယ်။ကိုယ့်ကိုကိုယ် ဆရာဝန်ဆို

ပြီး မာနထားခြင်း မရှိ...အမြဲတမ်း သာမန်

လူတစ်ယောက်လို ပြုမူနေထိုင်တတ်ခြင်း

သည် လူချစ်လူခင်ပေါများစေတဲ့အချက်

ထဲက အဓိက အချက် ဖြစ်ပါလိမ့်မည်။


ဆရာက ကိုကြီးလောက် ထင်းထင်းကြီး

မချောပေမယ့် ရုပ်ဆိုးတဲ့ထဲလည်း မပါခဲ့

ပါဘူး။ဆရာဝန်တစ်ယောက်ဖြစ်နေတာနဲ့တင်

ရွေးစရာ မိန်းမတွေ ထုနဲ့ထေး ရှိနေမှာပါပဲ။


" တကယ်ပြောတာပါ ဆရာရဲ့... "


" မမြှောက်ပါနဲ့ဗျာ...ကျတော်ကြုံတိုင်း...

  လာအားပေးမှာ စိတ်ချ.... မုန့်ဟင်းခါးက

  တော်တော်ကောင်းတာပဲ....ဘယ်သူချက်

  တာလဲ "


" မကြီး ချက်တာ "


" ဝါးးးး..... မသူဇာလက်ရာက တယ်စွမ်း

  ပါလား...."


ဆရာနဲ့ စိုး အဲ့ခနအတွင်း စကားတွေအများ

ကြီး ပြောဖြစ်ခဲ့ကြပါသည်။ဆရာသည် စိုးကို

ညီမင်းညိုနဲ့ ပက်သတ်ပြီး ဘာတစ်ခုမှ မေး

မသွားခဲ့ပါ။မမေးလည်း အမြင်နဲ့တင် သိနိုင်

ပြီမို့ စိုးအတွက် သူ စိတ်မကောင်း ဖြစ်ခဲ့ရပါ

သည်။ဘယ်လိုပုံစံမျိူးနဲ့ စိုးကို ညီမင်းညို

လက်ထပ်ခဲ့တာလဲ သူ မသိချင်တော့ပါ။

လွယ်လွယ်လေး ယူခဲ့ပြီး ခပ်ပေါ့ပေါ့စွန့်ပစ်

ခဲ့တယ်လို့ပဲ သူ မြင်ခဲ့ပါတယ်။


" ဘယ်လောက်ကျလဲဗျ.... "


" မဟုတ်တာဆရာ...ပေးစရာမလိုပါဘူး "


" အဲ့လိုတော့မဖြစ်ဘူး...ကျတော် ဒီကို

  နေ့တိုင်းတောင် လာစားဖြစ်မလားမသိဘူး..

  အဲ့ဒါမို့ ယူမှဖြစ်မယ်ထင်တယ် စိုး... "


ဆရာ့အပြောကို သဘောကျပြီး ဆွေဆွေ့လို

အနေအေးတဲ့လူတောင် အသံထွက် ရီမိ

သွားပါသည်။


" သူက စိုးရဲ့အမ ဆွေဆွေလှိုင်...အမ..ဒါ..

  ဒေါက်တာဇေယျကျော်... "


" မကြီးသူဇာ ပြောပြတဲ့ ဆရာဝန်လေးလား "


စိုး ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။သူ

လည်း ကျေနပ်သွားဟန် ရောယောင်ပြီး

ပြုံးပြနေမိပါသည်။သူ့အကြောင်းကို မေ့

မသွားရလေအောင် မသူဇာက ပြန်ပြောင်း

ပြောပြတယ်ဆိုရုံနဲ့ သူ ကျေနပ်နေခဲ့ပါပြီ။


" အားလုံးပဲ ကျတော့်ကို ခွင့်ပြုကြအုံး... "


တထောင်တန်ရယ် ငါးရာတန် ရယ် စုစုပေါင်း

ငွေ ၁၅၀၀ စိုးလက်ထဲ အတင်းထည့်ခဲ့ပြီး

သူ ပြန်သွားပါသည်။


" စိုးရေ....တို့ဆရာကတော့ ခြေလှမ်းတွေ

  စိပ်တော့မယ် ထင်တယ်... "


" မကြီးရယ်...မဖြစ်နိုင်ပါဘူး...စိတ်ကူးယဥ်

  စရာမကောင်းဘူး မကြီး...ဘဝတွေက

  အဝေးကြီး "


စိုးသည် ကိုကြီးတစ်ယောက်ထဲနဲ့တင် အချစ်

သင်ခန်းစာမှာ ဂုဏ်ထူးထွက်လောက်သည်

အထိ ကျွမ်းကျင် တတ်မြောက်သွားခဲ့ပါပြီ။

နောက်ထပ် ဘယ်အချစ်ကိုမှ စိုး နှလုံးသားက

လက်မခံချင်တော့ပါဘူး။ကိုကြီး ထွက်သွား

ပြီးထဲက စိုး နှလုံးသားတံခါးကို တသက်တာ

ပိတ်လိုက်ပါပြီ။


စိုးရဲ့ နှလုံးသားတံခါးကို ကိုကြီးပဲသော့ခတ်

သွားခဲ့တာလေ။သော့ပိုင်ရှင်က ကိုကြီးပေါ့။

အကြောင်းအမျိူးမျိူးကြောင့် ကိုကြီးများ

ပြန်လာခဲ့ရင်.....။


ဒါသည်ပင် စိုးရဲ့ မသိစိတ်ထဲက မျှော်လင့်

ချက်လေး တစ်ခုသာသာပါပဲ။ဘယ်လိုမှ

ပေါင်းဆုံဖို့ မဖြစ်နိုင်မှန်း သိသိကြီးနဲ့ကို

တောင့်တနေမိခြင်းဟာ စိုး မိုက်မဲခဲ့တာပါပဲ။

စိုးရဲ့ဘဝဟာ စိတ်ကူးယဥ်အချစ်ဝထ္ထုတွေ

ထဲကလို သူ့အလိုလို အဆင်ပြေချောမွေ့

သွားပြီး အချိန်တန် ရွှေမင်းသားနဲ့ ပေါင်း

ဖက်ရလေသတည်းဆိုတဲ့ လှလှပပ နိဂုံး

တွေလို ဇာတ်သိမ်းခွင့်မှ မရှ်ိခဲ့တာပဲလေ။


*******************************************


အခန်း (9) မျှော်


Author 😍 A Mon Ko 😍


rate now: