book

Index 7

အခန်း(7)

  • Author : A Mon Ko
  • Genres : Romance, Drama

တစ်ညလုံး ကောင်းကောင်းအိပ်မပျော်သော

ညီလင်းညိုသည် သူ့ဘေး အိပ်ချင်ယောင်

ဆောင်နေတဲ့စိုးကို မနှိုးရက်တော့ပဲ ရေချိူး

ခန်းထဲ ဝင်သွားပါသည်။အကောင်းဆုံးအဖြေ

တစ်ခုထွက်ဖို့ သူ ညလုံးပေါက်စဥ်းစားခဲ့ပြီး

ပြီ။စိုး လက်ကိုလွှတ်ချဖို့ရာ သူ့အနေနဲ့ အလွန်

ခက်ခဲနေပါသည်။အမုန်းတရားနောက်ကွယ်

မှ တဖန်ပြန်လည်နိုးထလာသည့် ချစ်ခြင်း၏

ထုထည်သည် ထင်ထားတာထက် ပိုခိုင်ခံ့

လျက် ရှိနေ၏။


ရေအဝချိူးပြီးနောက် စိတ်နဲနဲလန်းလာသည်။

သူ ရေချိူးခန်းထဲက ထွက်လာလျှင် စိုး ငူငူ

လေးထိုင်နေတာ လှမ်းမြင်လိုက်ရသည်။အဲ့

လောက်ထိ ရက်စက်ပြနေတဲ့လူအနား မနေ

ရတော့မှာကို ဘာလို့မပျော်နိုင်တာလဲ စိုးရယ်

ဟု စိတ်ထဲက ပြောမိသည်။တစ်ချိန်က သူလို

ချင်ခဲ့တဲ့ အချစ်တွေ ခုမှအရနောက်ကျခဲ့လေ

ပြီ။သူ ဘယ်လောက်ပြောပြော စိုးက စိတ်

မနာခဲ့ပဲ အနားမှာတွယ်ကပ်နေခဲ့သည်။


" ဘာထိုင်လုပ်နေတာလဲ... မျက်နှာသွားသစ်

  လေ... "


" ကိုကြီးက....ပြန်တော့မှာလား.... "


" အင်း... "


" စိုးကရော...... "


" ကိုယ်ဘာမှမဆုံးဖြတ်ရသေးဘူးစိုး....မင်း

  ကိုယ့်အနားက ထွက်မသွားပါနဲ့..... "


စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောပြီး

ကာမှ သူ တံတွေးမျိူချလိုက်ပါသည်။စိုးနဲ့

ပက်သတ်ပြီး နုနုရွရွတွေ တသက်မပြောတော့

ဘူးလို့ ဆုံးဖြတ်ထားခဲ့မိတာကို။


စိုးကို မျက်နှာချင်းမဆိုင်ရဲဟန် ကျောပေး

လျက် အဝတ်အစား လဲလိုက်ပါသည်။ပြီး

လျှင် သူ သွားရမယ့် နေရာတစ်ခုရှိသည်။

ဖေဖေ့ကို သူ သွားတော့မယ်။ဘယ်အတိုင်း

အတာအထိ ဆွေဆွေလှိုင်နဲ့ ပက်သတ်နေအုံး

မှာလဲ တိုက်ရိုက်မေးမယ်။မေမေ့အတွက်ရော

ထည့်မတွေးပေးတော့ဘူးလား သူ သိချင်မိ

တယ်။အဖွားမဆုံးခင်က ပြောခဲ့ဖူးတယ်...

ဖေဖေ စီးပွားရေးကျပြီး စိတ်ဓာတ်ကျနေတဲ့

အချိန် မေမေက အားပေးခဲ့ဖူးတယ်...။သည်

လောက် ဇနီးတာဝန်ကျေပွန်ခဲ့တဲ့ မေမေ့ကို

ဖေဖေ ဘာတွေစိတ်ကုန်နေတာလဲ။


ယောကျာ်းတို့ရဲ့ သဘာဝအတိုင်း ဒီကိစ္စကို

ဖေဖေက ဝါသာနာပါခဲ့တာလား။ယောကျာ်း

တိုင်းတော့ မဟုတ်ဘူးပေါ့။လူတိုင်းမှာလည်း

ပြင်မရတဲ့ အကျင့်ဆိုးတွေ ရှိတတ်ကြတာပါ

ပဲ။တချိူ့တွေကျတော့လည်း လောင်းကစား

ကို မိန်းမထက်တောင် ပိုဖက်တွယ်တတ်ကြ

တယ်။တချို့ယောကျာ်းတွေကျ အရက်ကို

ပင် မိန်းမနဲ့လဲလောက်တဲ့အထိ ကြိုက်ကြ

တယ်။တယောက်နဲ့တယောက်တော့ မတူကြ

ပါဘူး။ပြီးပြည့်စုံကောင်းမွန်သော ယောကျာ်း

ဆိုတာမျိူးတော့ မရှိပါဘူး။


သက်နောင် အကြောင်းကြားပေးခဲ့သည့်

ဟိုတယ်ကို ညီလင်းညိုလိုက်သွားဖြစ်ပါ

သည်။ကောင်တာတွင် ဖေဖေ့နာမည်ကိုရှာ

ခိုင်းပြီး ဧည့်သည်ရောက်နေကြောင်း လှမ်း

အကြောင်းကြားခိုင်းလိုက်သည်။ရှိနေရဲ့သား

နဲ့ဖေဖေကိုယ်တိုင် မရှိပါဘူးလို့ ဟိုတယ်

ဝန်ထမ်းတွေကို ညာခ်ိုင်းသေးသည်။


" တွေ့ချင်တဲ့လူက ညီလင်းညိုလို့ပြောလိုက် "


သည်တော့မှ ဖေဖေက သူ့အခန်းထဲကို လွှတ်

ခိုင်းခဲ့ပါသည်။ဖအေတူသားမို့ သားဖြစ်သူ

ဟိုတယ်အထိရောက်လာခြင်းအပေါ် သူ

မအံ့သြခဲ့ပါ။သူ့အနေနဲ့လည်း သားနဲ့ပက်

သတ်ပြီး သိချင်တာတွေ များနေခဲ့တယ်။

မနေ့ညကမှ ဆွေဆွေ့ဆီက မထင်မှတ်ပဲ

သားအကြောင်းသိခွင့်ရခဲ့တာ။ဒါမို့လည်း

ပြောခဲ့ပါတယ်...ဖအေတူသားလို့။


သူအခန်းထဲရောက်သည်နှင့် ဖေဖေက အသင့်

ငှဲ့ထားသော ဝိုင်ခွက်ကို လှမ်းပေးလာပါသည်

ပြီးတော့ ဖေဖေသည် သူ့က်ို ပြုံးပြုံးကြီးစိုက်

ကြည့်လျက်ရှိသည်။အပြစ်လုပ်ထားတဲ့ဖေဖေ

က ရှိန်ခြင်း ရှက်ခြင်း မရှ်ိပဲ သူနှင့်မျက်နှာချင်း

ဆိုင် ခုံတွင်ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်ပါ

သည်။


" အရင်သောက်လိုက်တာ ကောင်းမယ်ထင်

  တယ်... "


" စောစောစီးစီး ကျတော်မသောက်တတ်ဘူး

  ဖေဖေ... "


လက်ထဲက ဝိုင်ခွက်ကို ပြန်ချမယ်အလုပ်

ဖေဖေက သူ့လက်ကိုဖမ်းကိုင်လိုက်ပြီး သူ့

နှုတ်ခမ်းနား ဝိုင်ခွက်ကိုတေ့ပေးလိုက်သည်။


" သောက်လိုက်...ဒီစကားဝိုင်းမှာ သားအဖဆို

  တဲ့ စည်းတွေမထားချင်ဘူး..မင်းလည်းငါ့ကို

  သိချင်တာ အကုန်မေးခွင့်ရှိသလို...ဖေဖေ

  လည်း မင်းဆီက သိချင်တာတွေရှိနေတယ် "


မျက်နှာထားတည်တည်နဲ့ စိုက်ကြည့်ရင်း

ဖေဖေ ပြောလာ၍ သူအနဲငယ် စိုးထိတ်မိပေ

မယ့် သူတို့သားအဖ နှစ်ယောက်လုံးဟာ 

အပြစ်ရှ်ိသူအချင်းချင်းမို့ တယောက်

အကြောင်း တယောက်သိတဲ့အထာမျိူးဖြင့်

သူ သက်ပြင်းကျိတ်ချလိုက်ပါသည်။


ဝိုင်တစ်ခွက်ကို သူ ကျိတ်မှိတ်ပြီး မျိူချလိုက်

သည်။ဖေဖေက ငါးမုန့်ကြော်တစ်ခု ကမ်းပေး

ပြန်သည်။


" အမြည်းစားမှ ပိုပြည့်စုံတဲ့အရသာကို ခံစား

  မိလိမ့်မယ်...ဘယ်လိုလဲသား...မင်းထပ်

  သောက်ချင်စိတ်မဖြစ်ဘူးလား "


ဖေဖေ ဘာကိုရည်ရွယ်ပြီးပြောနေတာလဲ။


" ဆွေဆွေလှိုင်က မင်းအခုသောက်နေတဲ့ဝိုင်

  လိုပဲ...တစ်ခွက်ဖေဖေသောက်မိတယ်...

  အမြည်းလေးစားမိတယ်...ဟော...နောက်

  ထပ်...နောက်ထပ် ဖေဖေ သောက်ချင်လာ

  တယ်...မထူးဆန်းဘူး...ဖေဖေကတစ်ခု

  ပေးတယ်...သူက တစ်ခုပြန်ပေးတယ်...

  ဒါပဲ...အားလုံးဟာ အလုပ်သဘောဆန်ဆန်

  ပဲ..."


ဦးဟန်မင်းညိုသည် ကျတော့်ရဲ့ အဖေ။ဖေဖေ

က လူကဲခတ်တဲ့နေရာမှာလည်း သိပ်တော်

တယ်။စီးပွားရေးလုပ်တဲ့နေရာမှာလည်း 

သူများထက် ရှေ့တစ်လှမ်း ပိုမြင်တတ်တယ်။

ဖေဖေ့ဆီက တချိူ့သောအရာတွေကို သူ

အတုခိုးပြီး သင်ယူခဲ့ရဖူးတယ်။ခုလည်းပဲ

ဖေဖေသည် သူရောက်လာရခြင်းအပေါ်

လက်တွေ့ကျကျ ပြန်လည် ဖြောင့်ချက်ပေး

နေပြန်သည်။တစ်ဖက်လူကို နှုတ်ပိတ်သွား

အောင် ချေပပြောဆိုနိုင်တဲ့ အရည်အချင်း

သည် ဖေဖေ မွေးထဲက တတ်လာတဲ့ပညာ

တစ်ခုလို ဖြစ်နေပါသည်။


" အလုပ်သဘောက ဘယ်အတိုင်းအတာထိ

  ပက်သတ်ရအုံးမှာလဲဖေဖေ....မြန်မာပြည်

  မှာ မေမေရှိနေသေးတယ်ဆိုတာရော...မေ့

  များနေသလားလို့ပါ..."


" ဒါဖြင့်ငါ့သားကရော...မိဘတွေရှိနေသေး

  တယ်ဆိုတာ မေ့များသွားတာလား "


သားအဖနှစ်ယောက်သည် တစ်ယောက်ကို

တစ်ယောက် အပြန်အလှန်ကြည့်ရင်း ပြုံး

လိုက်ကြသည်။ဦးဟန်မင်းညိုက သူ့ကို

လျှော့မတွက်နဲ့လို့ အကြည့်ကနေတဆင့်

သတိပေးလိုက်သလို သားဖြစ်သူကလည်း

ဖေဖေ့လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ မပြော

ရုံတမယ် အကြည့်တွေက အဓိပ္ပါယ်သက်

ရောက်နေခဲ့ပါသည်။


" ကျတော် နောက်တခွက်များ သောက်လို့

  ရသေးလား... "


" ok.... "


ဖေဖေ ကိုယ်တိုင် သူ့ခွက်ထဲ ဝိုင် ထပ်ဖြည့်

ပေးပါသည်။


" ဖေဖေ့ ဝိုင်က သောက်လို့တော့ကောင်းတယ် 

  ဝိုင်အမျိူးအစားတွေက အများကြီးရှိတယ်

  ဖေဖေ...ကျတော်က ဖေဖေ့လို သောက်ပြီး

  ရင်းသောက်ချင်တဲ့အထိတော့ မစွဲဘူးဗျ...

  ရံဖန်ရံခါ သောက်ချင်စိတ်ရှိမှ သောက်တတ်

  တာမျိူး..... "


" အဲ့ဝိုင်ပုလင်းကို သိန်းတထောင်နဲ့အလဲ

  အလှယ်လုပ်ပြီး ဝယ်ခဲ့တာကရော... "


သူ ပြုံးလိုက်မိသည်။ဆွေဆွေလှိုင်ဆီက

တဆင့် သူနဲ့စိုးအကြောင်းကို ဖေဖေ သိနေ

ခဲ့ပြီပဲ။အခုဖြစ်လာတဲ့ ပြသာနာသည် ထင်

ထားတာထက် ပိုရှုပ်ထွေးသွားစေခဲ့ပြီ။


" အင်းယားလမ်းမှာ သူ့က်ို ထားထားတာလား

  သောက်ချင်စိတ်ရှိမှ သောက်တတ်တဲ့ ဝိုင်

  လေးတစ်ခွက်က သိပ်တန်ကြေးကြီးလွန်း

  မနေဘူးလား ငါ့သားရာ...သူတို့ဘယ်လို

  အစားထဲကလဲ မင်းသိနေတာပဲ...ငါ့ကိစ္စ

  ထက်...မင်းလုပ်ထားတာတွေသာ...မင်း

  အမေသိရင် ပိုဆိုးမယ်...ဖေဖေကတော့

  နားလည်ပေးနိုင်တယ်...မရှင်းတာတစ်ခုထဲ

  အတည်လား...အပျော်လား...အတည်ဆို

  ရင်တော့ ဖေဖေ့ဘက်က No ပဲ "


ရှင်းလို့မရတော့မှန်း သူ လက်ခံရတော့မယ့်

အခြေအနေရောက်လာခဲ့ပါသည်။စိုးနဲ့သူ့ရဲ့

ရေစက်က သည်လောက်ပဲ ပါခဲ့တာလား။

အစထဲက ဖူးစာမပါခဲ့ရင်လည်း ဘာလို့များ

ဆုံစည်းပေးခဲ့ရတာလဲဗျာ။


" ကျတော့်အကြောင့်နဲ့ ကျတော်ပါဖေဖေ...

  သူ့ကို အတည်မဟုတ်ပါဘူး.... "


တကယ်လည်း အတည်ယူခဲ့တာမျိူးမှမဟုတ်

ခဲ့တာပဲ။အငြ်ိုးကြီးကြီးနဲ့ စနစ်ကျကျ လက်

တုံ့ပြန်ဖို့ သူ လက်ထပ်ခဲ့တာ။နောက်ပိုင်းမှာ

သူ ပြန်ရှုံးခဲ့တာပါပဲ။ညီမင်းညိုရဲ့ ရာဇဝင်

တွေ ရိုင်းသွားအောင် စိုး လုပ်နိုင်ခဲ့ပါတယ်။

အစက ပြန်ချစ်ကြည့်ဖို့ ကြိုးစားနေဆဲမှာ

နှလုံးသားတွေ ကွဲကြေခဲ့ရပြန်ပြီ။


ဒါဟာ ကိုယ်မင်းကို ပေးခဲ့တဲ့ အပြစ်မဟုတ်

ဘူး...ကံတရားက မင်းကိုဒဏ်ခတ်ခဲ့တာ

စိုးရဲ့။ငါ့စေတနာတွေက အရမ်းကိုဖြူစင်ခဲ့

လို့...ငါ့အချစ်တွေက အရမ်းကိုလေးနက်ခဲ့

လို့...ငါဒဏ်မခတ်ရသေးခင် မင်းကို...

ကံကြမ္မာက ပြစ်ဒဏ်ချခဲ့ပြီ။


" ထင်ပါတယ်...ဘယ်သူမှမသိအောင်..

  လက်ထပ်တယ်ဆိုထဲက..ငါ့သားမှာ

  အကြောင်းအရင်းရှိလိမ့်မယ်ဆ်ိုတာ...

  ဖေဖေသိပြီးသား..."


" စိုးမေလှိုင်ကိစ္စကို ထားပါ...ဟိုမိန်းမကို

  ဖေဖေ ဘယ်လိုလုပ်မှာလဲ... "


" အေးဆေးပါသားရာ...ငါက မင်းကိုပဲစိတ်

  ပူတာ...ဆွေဆွေလှိုင်က ဆူးမရှိတဲ့ပန်း...

  ဖေဖေ့လက်ခုတ်ထဲကရေ....ငါထားရာနေ

  စေရာ သွားရတဲ့ဘဝ...ရှော့မရှ်ိဘူး..မင်းရဲ့

  စိုးမေလှိုင်ကသာ တကယ့်မြွေဟောက်မ

  လေး...အသက်ငယ်ငယ်နဲ့ အဆိပ်ပြင်းတယ်

  ရက်ရက်စက်စက်လှသလောက်..သိပ်

  ကြောက်စရာကောင်းတယ်...မင်းခွာမရမှာ  

  ပဲ စိုးရိမ်တာ "


" အဲ့အတွက်တော့ ဖေဖေမစိုးရိမ်ပါနဲ့...သူ့

  အစွယ်တွေ ကျတော်ရိုက်ချိူးပြီးပြီ...

  ကျတော့်နာမည် ညီလင်းညိုပါ....ဖေဖေ

  လျှော့တွက်နေသေးတာလား..."


" ဟားးးး....ဟားးးး...ကြိုက်တယ် "


သားအဖ နှစ်ယောက်လုံး ဝိုင်အရှိန်နဲ့

တော်တော်ကောင်းနေပြီ။ရီဝေဝေလေးနဲ့မို့

စကားပြောရတာ ကောင်းလာသည်။


" ဖေဖေက စီးပွားရေးသမားဆ်ိုတော့..လုပ်

  ငန်း ဆန်ဆန်ပြောမယ်ကွာ....မင်းလည်း

  ရပ်လိုက်တော့.....ဖေဖေ့ဘက်ကလည်း

  အပြတ်ဖြတ်ပေးမယ် "


" အလဲအလှယ်က အဲ့လောက်ထိမရိုးရှင်းဘူး

  ဖေဖေ...ကျတော်က ဖေဖေ့သားမို့ တိတိကျ

  ကျလေး ဖြစ်စေချင်တယ်... "


" အဟင်းးး....ကြည့်ရတာ...ငါ့သားဘက်က

  ပေးဆပ်ရမယ့်အရင်းအနှီးက ကြီးတယ်

  ထင်တယ် "


သားအဖချင်းတောင် ဖေဖေက သူ့ကို လာရွဲ့

နေသေးသည်။


" ကျတော်ဆက်ပြောရမလား... "


" ပြောစေဗျာ... "


" ကျတော့်ဘက်က ရပ်တန်းကရပ်ဖို့ဆိုတာ

  လွယ်လွယ်လေးပါ....ဖေဖေကတော့...

  ဆွေဆွေလှိုင်နဲ့ ဇာတ်လမ်းပြတ်ပေးရုံ

  လောက်တော့ မရတာအမှန်ပဲ...နောက်ထပ်

  မေမေ စိတ်ဆင်းရဲစေမယ့်အရာတွေ...

  မလုပ်တော့ပါဘူးဆိုတဲ့ကတိနဲ့...အလဲ

  အလှယ်လုပ်မှ အဆင်ပြေမယ် "


ဦးဟန်မင်းညိုသည် တစ်စုံတစ်ရာကို လေး

လေးနက်နက် စဥ်းစားဟန် သက်ပြင်းရှည်

ကြီး မျှင်းချလိုက်သည်။


" ဆွေဆွေလှိုင်ကိစ္စကလွဲရင်...ကျန်တာတွေ

  သားနဲ့မဆိုင်တော့ဘူး....အရာအားလုံးက

  မင်းအမေအပေါ် မူတည်တယ် "


" ဖေဖေ ဘာတွေပြောနေတာလဲ....ဘာကို

  ပြောချင်တာလဲ "


" အချိန်မတန်သေးဘူးသား...အရမ်းသိချင်

  ရင်...မင်းအမေကိုသွားမေး...ဖေဖေ ဒီ

  တစ်သက် ဘယ်သူ့ကိုမှ ဘာအကြောင်းနဲ့မှ

  မပြောဘူးလို့ ဆုံးဖြတ်ထားတယ်...ကဲ...

  သားပြန်တော့...ဖေဖေ့အတွက် စိတ်မပူနဲ့..

  သဘက်ခါ ဂျပန် ပြန်မှာ "


မေမေ့ဆီရော မလာတော့ဘူးလားဟု သူ

မေးဖို့ ပြင်ပြီးကာမှ မမေးဖြစ်ခဲ့ဘူး။မေမေနဲ့

တိုက်ရိုက်ပက်သတ်ပါတယ်ပြောရအောင်

မေမေကရော ဘာအမှားတွေများ ကျူးလွန်

ခဲ့ဖူးလို့လဲ။


သူအခန်းတံခါးနားရောက်လျှင် ဖေဖေ မူးမူး

နဲ့ဆိုလိုက်သော သီချင်းသံသည် အပြင်အထိ

ဝဲပျံလာခဲ့ပါတော့သည်။


🎤🎤 သစ္စာမရှိဘူး သစ္စာရေ....🎤🎤


ကျတော့် မေမေက တကယ် သစ္စာမရှိခဲ့တာ

များလား......။


@@@@@@@@@@@@@@@@@@@


ချစ်ရတဲ့သူနှင့် ကွေးကွင်းရခြင်းဒုက္ခသည်

မည်မျှ ပူလောင်ရသလဲ စိုး ကြုံနေရပါသည်။

ကိုကြီး ပြန်မလာတော့မှာ စိုး စိတ်ထဲ တွေးပူ

နေမိသည်။


ကိုကြီး ထွက်သွားထဲက စိုးရင်ထဲ ဟာတာတာ

နဲ့ တစ်ခုခုဆွဲထုတ်ခံထားရသလို စိတ်နွမ်းနေ

ခဲ့ရပါသည်။တနေကုန် တမှိုင်ထွေထွေဖြင့်

ငေးချင်ရာငေးနေသော စိုးကို မသူဇာ စောင့်

ကြည့်နေတာ ကြာပြီ။


" ဒီညတော့ ကိုကြီးပြန်လာမယ်မထင်တော့

  ပါဘူး.... "


မသူဇာက သူ့ကို လှမ်းပြောတယ်အထင်နဲ့

လှည့်ကြည့်တော့ စိုးသည် တနေရာကိုငေး

စိုက်ကြည့်ပြီး တယောက်ထဲပြောနေတာဖြစ်

လေသည်။သူတို့နှစ်ယောက် အဆင်ပြေနေ

ကြလို့ မသူဇာမှာ ဝမ်းသာနေတာ။အခု ဘယ်

လို ဖြစ်ကြပြန်ပြီလဲ မသိ။


ခြံရှေ့က ဝဲပျံလာသော ကားဟွန်းတီးသံ

ကြောင့် စိုး ထိုင်ရာက အမြန်ထလိုက်ပြီး

ခြံထဲ ပြေးဆင်းသွားသည်။အပျော်တွေနဲ့

ခြံထဲ ဆင်းလာသောစိုးကို ကားထဲက ညီလင်း

ညိုရော တစ်ဖက်ဝရံတာက ဇေယျကျော်ရော

ခံစားချက်တစ်မျိူးစီနဲ့ ငေးကြည့်နေကြပါ

သည်။


စိုးသည် ညီလင်းညိုကို မြင်မှ စိတ်ထဲလန်း

ဆန်းသွားသည့်နှယ် ပုံမှန်လူတယောက်လို

တက်ကြွနေပါ၏။ကိုယ်တိုင်ခြံတံခါးဖွင့်ပေးပြီး ကား အထဲရောက်သည်နှင့် တံခါးသွက်

သွက်ပိတ်ကာ သူ့အနား အပြေးလေးလှမ်း

သွားပါသည်။


အဲ့လောက်တောင် ချစ်ရတာလား စိုးရယ်...။

ကိုယ် ရူးလောက်အောင်လိုချင်ခဲ့တဲ့ အချစ်

မျိူးကို မင်းဘက်က ပေးခဲ့ပေမယ့် အခုချိန်

မှာ ဘာမှအသုံးမဝင်တော့ဘူးလေ။ကိုယ်တို့

ကျောခိုင်း နှုတ်ဆက်ရမယ့်အချိန်နီးလာပြီ။


" အိမ်မပြန်ဖြစ်ဘူးလား ကိုကြီး.... "


" အင်း.... "


စိုးလက်ကလေးကို သူ နောက်ဆုံးအကြိမ်

ဖမ်းဆုပ်ထားမိပါသည်။စိုးနဲ့အတူ အိမ်ထဲ

ဝင်လာပြီး....


" မသူဇာ.... "


" ဟုတ် အကိုလေး... "


" ဒီည မသူဇာကို အလုပ်ရှုပ်စေမိမယ်နဲ့တူ

  တယ်...ကားထဲက ပစ္စည်းတွေ သယ်ပြီး

  ညအတွက် တစ်ခုခုစီစဥ်ပေးပါအုံး....

  ဒီညကို အမှတ်တရလေး ဖြစ်စေချင်လို့ "


ထူးဆန်းတဲ့ စကားလုံးတွေ သူ့ထံက စိုးကြား

ခဲ့ပြီးနောက် ဘာဆက်ဖြစ်အုံးမှာလဲ စိတ်ထစ်

သွားရာ ဆုပ်ကိုင်ထားမိသား လက်တစ်ဖက်

ကို စိုး ဖြေလျှော့လိုက်ချိန် သူကပဲ စိုးလက်

တွေကို တင်းတင်းကျပ်ကျပ် ပြန်ကိုင်ထား

ခဲ့ပါသည်။


" ကောင်းသောလမ်းခွဲခြင်းနဲ့ပဲ နှုတ်ဆက်တာ

  ကောင်းပါတယ် စိုးရယ်.... "


စိုး ဘာတစ်ခွန်းမှမပြောနိုင်ပဲ သူ့မျက်နှာကို

အားရအောင် မော့ကြည့်လျက် မျက်ရည်တွေ

ဝိုင်းနေရှာသည်။


ညသည် တိတ်ဆိတ်သည်ထက် ပို၍ ခြောက်

ခြားဖွယ်ကောင်းလှသည်။စားပွဲထက်တွင်

ဝိုင်နှစ်ခွက်ရယ် စားစရာတွေရယ် အစီအရီ

ရှိနေသော်လည်း နှစ်ယောက်သား မစားဖြစ်

သေးပဲ တစ်ယောက်မျက်နှာတစ်ယောက်

ကြည့်နေကြပါ၏။


" ဒီရက်ပိုင်းအတွင်း မင်း ကိုယ့်ကြောင့်စိတ်

  ဆင်းရဲခဲ့ရတယ်မို့လား.... "


" ဟင့်အင်း.... "


စိုးအကြည့်တွေကို ရင်မဆိုင်ရဲဟန် ဝိုင်တစ်

ခွက် လှမ်းယူလိုက်သည်။အများကြီး

မသောက်မိစေဖို့လည်း ကိုယ့်ကိုကိုယ်သတိ

ပေးနေရသေးသည်။စိုးကလည်း ကျန်တခွက်

ကို လှမ်းယူလိုက်ပြီး မြန်မြန်ဆန်ဆန် မော့

သောက်ပစ်လိုက်သည်။


" အားးးး ပူလိုကျတာ.....ဝှုးးးးးး "


" ဝိုင်ဆိုတာ အဲ့လိုသောက်ရတယ်လို့ ဘယ်သူ

  ပြောလဲ... တစ်ခါမှမသောက်ဖူးဘူးလား "


" အဟွန်းးးး....တကယ်တော့စိုးကလေ....

  ပွဲတက်မယားသာ အငှားလိုက်ခဲ့ဖူးတာ..

  အဲ့ပွဲတွေမှာ သောက်နေကျ ဝိုင်တွေ အရက်

  တွေ လျှာဖျားလေးနဲ့တောင် ထိခဲ့ဖူးတာ

  မဟုတ်ဘူး...သြော်...ကိုကြီးယုံချင်မှယုံ

  နော်.... "


" ယုံပါတယ်.... "


ယုံပါတယ်ဆိုလို့ စိုး မျက်လုံးလေးပြူးကျယ်

သွားသည်။


" ယုံတယ်ဆိုရင် နောက်တခွက်လောက် "


ခွက်လေး သူမက သူ့ရှေ့ ထိုးပေးလာသည်။

ကြည့်ရတာ ရီဝေဝေလေးနဲ့ ခရီးအစရောက်

နေပြီ ထင်၏။သူ နောက်တခွက်ထည့်ပေးရင်း

....


" ဝိုင်ဆိုတာ ဖြေးဖြေးလေးသောက်ရတယ်..

  တခါထဲမော့သောက်ပစ်တော့ ဘာအရသာ

  ရှိလဲ "


" အရေးကြီးထဲ ဗိုက်ထဲရောက်ဖို့မဟုတ်ဘူး

  လား ကိုကြီးရဲ့...ပြီးရင် မူးမယ်...ပြီးရင်..

  အိပ်ပျော်သွားရော...အဲ့လိုမို့လား..."


ဒီညတော့ သူမ မူးနေတာကိုပဲ သူ ထိုင်ကြည့်

တော့မည်။ကြိုက်သလောက်သောက် ပြော

ချင်ရာပြောပါစေဆိုပြီး သူ လွှတ်ထားလိုက်

သည်။


" ကိုကြီးသိလား....စိုးကလေ...တစ်ခုရှိတယ်"


အခွက်ရေ စိတ်လာတော့ လျှာကသွက်လာ

သလိုနဲ့ လေးလာပြီ။သူမ မူးနေတာလေးက

ချစ်ဖို့ကောင်းနေ၍ သူ ပြုံးပြုံးကြီး ထိုင်

ကြည့်နေမိပြန်သည်။


" အင်း..... "


" စိုးလေ...စိုး..... "


ကိုယ့်ရင်ဘတ်ကိုယ် လက်ဖြင့်ပုတ်ရင်း ငို

နေပြန်သည်။နှာရည်လေးနဲနဲကျလာတာကို

ရှုံ့သွင်းလိုက်သေးသည်။ပြီးတော့လက်ကျန်

လေး မော့ပြီး.....


" စိုးမှာ မိဘတွေမရှ်ိဘူး....ဆွေမျိူးတွေက

  အဆက်အသွယ်ဖြတ်ထားတယ်...အဒေါ်

  လက်ထဲ ကြီးပြင်းလာတယ်...သူ့ကြောင့်

  စိုး ငွေတွေကိုချစ်တတ်ခဲ့တယ်...သူကလည်း

  စိုးကို ငွေပုံပေါ်ပျော်အောင်ထားတယ်...ငွေ

  အလွယ်ရမယ့်နည်းတွေ သင်ပေးတယ်...

  ငယ်ရွယ်တဲ့အချိန် သူများပိုင်ဆိုင်တဲ့ငွေတွေ

  ကိုယ့်ဆီ လွယ်လွယ်လေးရောက်လာတာကို

  ငါတော်တယ်ဆိုပြီး ဂုဏ်ယူခဲ့ဖူးတယ်.....

  အခုလေ....ကိုကြီးကိုအပြင်မှာ မြင်ဖူးတဲ့

  အချိန်ကစပြီး အချစ်ဆိုတာဘာလဲ စိုးသိ

  ခွင့်ရခဲ့တယ်...ဆုံးရှုံးရမှာကြောက်လာတယ်

  အနားကနေကန်ထုတ်ခံရမှာ စိုးရိမ်လာတယ်

  ကိုကြီး ဘယ်လောက်ရက်စက်ပါစေ...အနား

  ကနေ တဖဝါးမှ မခွာချင်ခဲ့ဘူး...စိုး...စိုး...

  နောင်တ ရလိုက်တာ ကိုကြီးရာ... "


သူမ စကားအဆုံးတွင် သူ စိုးကိုရင်ခွင်ထဲ

ထည့်ထားမိခဲ့သည်။စိုးက သူ့ရင်ခွင်ထဲ

မျက်နှာလေးအပ်ရင်း အားရအောင်ငိုနေခဲ့

ပါသည်။


" ဒီအတိုင်းလေးပဲနေသွားလို့မရဘူးလားဟင်.

  ကိုကြီး နောက်တယောက်ယူချင်လည်းယူပါ

  စိုးဆီ စိတ်ပါမှ.... "


သူမ စကားဆက်ပြောလို့မရအောင် စိုး နှုတ်

ခမ်းကို သူ့လက်ညှိုးဖြင့် ပိတ်ထားလိုက်သည်

ယောကျာ်းတန်မဲ့ သူ မျက်ရည်မကျချင်ဘူး။


စိုးကိုကြည့်ရသည်မှာလည်း ဝိုင်အရှိန်ကြောင့်

တော်တော်ကိုမူးနေလေပြီ။


" သွားအိပ်တော့ စိုး.... "


" စိုး မအိပ်ချင်ဘူးကိုကြီး..ဒီညလေးပဲ ကိုကြီး

  အနား စိုးနေခွင့်ရတော့မှာလေ... "


ခွဲရမယ့်လူတွေမို့ သည့်ထက်ပိုပြီး သူ အငြိ

တွယ်မခံချင်တော့ဘူး။စိုးအတွက် သူ စဥ်းစား

ပေးထားတာတွေ အများကြီးပါ။ဖေဖေက

ရော ဆွေဆွေလှိုင့်ကို လက်ရှိနေတဲ့တိုက်ခန်း

ပေးထားခဲ့မှာလား။


စိုးအတွက် သူ ဒီခြံကြီးကို ပေးခဲ့ဖို့ ဆုံးဖြတ်ခဲ့

ပါသည်။စိုး ဘဝတစ်ခုလုံး သူ စိတ်ကြိုက်နင်း

ချေခဲ့မိပြီ။အမုန်းတွေကြောင့် စိတ်ထင်တိုင်း

ပြင်မရတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့မိပြီး

ပြီ။မျက်နှာလွှဲလို့ရတဲ့ အရာဆိုပေမယ့် စိုးဟာ

သူ ထင်သလောက်မဆိုးခဲ့ဘူးလေ။စိုးရဲ့အပျိူ

စစ်စစ် ဘဝကို သူ ခူးယူနိုင်ခဲ့သေးတယ် 

မဟုတ်လား။သူမပြောနေကျ စကားအတိုင်း

စိုးဟာ မိန်းမကောင်းတစ်ယောက် မဟုတ်

သည့်တိုင် မိန်းမပျက်တစ်ယောက်တော့

မဟုတ်ခဲ့ဘူးဆိုတာ မဂ်လာဦးညထဲက သိ

ခွင့်ရခဲ့တာပါ။


သူမရှိလည်းပဲ ရပ်တည်နိုင်အောင် စိုးအတွက်

တစ်ခုခု လုပ်ပေးခဲ့ချင်သည်။စိုးသာ သူ့စကား

နားထောင်ပြီး ဆယ်တန်းပြန်ဖြေခဲ့ရင် ခုချိန်

လူရိုသေရှင်ရိုသေ အလုပ်တစ်ခုရမှာ သေချာ

သည်။


သူ့မှာ ပြောစရာ စကားတွေအများကြီး ရှိနေ

ခဲ့သည်။သို့သော် မအိပ်ဘူးဆိုတဲ့ စိုးက သူ့

ပေါင်ပေါ် ခေါင်းလေးအပ်ပြီး အိပ်ပျော်လျက်

ရှိသည်။


စိုးကို အခန်းထဲပွေ့ချီ ပို့ပေးပြီးနောက် သူ

အောက်ထပ်ပြန်ဆင်းလာသည်။


" မသူဇာ....ခန..... "


" လာပြီ အကိုလေး.... "


ဆေးလက်စ ပန်ကန်တွေကို ဒီအတိုင်းပစ်ထား

ခဲ့ပြီး သူ့အနား မသူဇာ လှမ်းလာပါသည်။


" ကျတော်...စိုးမေလှိုင်နဲ့ မနက်ဖန်ကွာရှင်း

  တော့မယ် "


" ရှင်.... "


" မသူဇာကို ကျတော် ၆လစာ ၁၂သိန်းပေးမှာ

  ပါ.... မသူဇာ ရွာပြန်ဖို့လည်းမပူနဲ့...ငမိုင်း

  ပြန်ပို့ပေးလိမ့်မယ် "


" ငွေကအရေးမကြီးပါဘူး အကိုလေးရယ်...

  မပေးလည်းရပါတယ်...ကျမ သိချင်တာ

  မေးလို့ရမလား "


" ရတယ် မေးပါ "


" အခုယူ အခုကွာရတယ်ဆိုတော့...စိုးဘက်

  ငဲ့မကြည့်တော့ဘူးလားရှင် "


" တချိူ့ကိစ္စတွေမှာ...လူတွေနားလည်အောင်

  ရှင်းပြလို့မရတဲ့အနေအထားတွေရှိတယ်...

  ကျတော် သူ့ကို လက်လွတ်စပယ် မထားခဲ့

  ပါဘူး...ဒီခြံနဲ့တိုက် သူ့အတွက်နစ်နာကြေး

  ပေးခဲ့မှာပါ...မပူပါနဲ့.... "


မသူဇာလည်း ဒီထက်ပိုပြီး ဘာမှမမေးဖြစ်

တော့ပါဘူး။ညီလင်းညိုအတွက်ကတော့

မိန်းမတစ်ယောက်က်ို လက်ထပ်ယူလိုက်

ခြင်းဟာလည်း လွယ်ကူခဲ့သလို မပေါင်းနိုင်

ရင် ကွာရှင်းပစ်လိုက်ဖို့လည်း ဝန်မလေးတဲ့လူ

ရယ်လို့ မသူဇာ ထင်ခဲ့မိပါသည်။


ပိုက်ဆံရှိရင် အရာအားလုံး စိတ်တိုင်းကျ

ဖြစ်ခွင့်ရှိတာပဲလား....။


@@@@@@@@@@@@@@@@@@@


" စိုး....စိုး....စိုး..... "


အိပ်မောကျနေသော စိုးကို သူမ အချိန်ကြာ

တဲ့အထိ မနဲနှိုးယူခဲ့ရပါသည်။ပြီးမှ စိုး အလန့်

တကြားနဲ့ ထထိုင်ပြီး....


" ကိုကြီးရောဟင်.... "


" အောက်မှာ စိုးကိုစောင့်နေကြတယ်...ပြင်

  ဆင်ပြီး ဆင်းလာခဲ့နော်.... "


စိုး ရင်ထဲ ဟာတာတာနဲ့ လှိုက်မောသွားသည်။

ကိုကြီး စိုးကိုပိုင်ဆိုင်ဖို့ အိမ်လာခဲ့တုံးကလည်း

စိုး ဒီလိုပဲ အိပ်ပျော်နေခဲ့တာလေ။အဲ့အချိန်

လန့်နိုးတုံးက ရင်ခုန်ခြင်းတွေနဲ့ပေါ့။အခုက

ဖြင့်......။


" ဘယ်သူတွေရောက်နေတာလဲ မကြီး "


" သူ့သူငယ်ချင်းနဲ့....နောက်တယောက်က

  မကြီး မသိဘူး...လူကြီးတယောက်ပဲ... "


လူကြီးတစ်ယောက်ဆိုတာ ရှေ့နေပဲ နေမှာ

ပေါ့။စိုး ရေချိူးခန်းထဲ ဝင်သွားပြီး ရေကို

ဝတဲ့အထိ ချိူးပစ်လိုက်သည်။ပြီးလျှင်

ကိုကြီး စိုးဆီလာတောင်းတုံးက ဝတ်လာခဲ့

သည့် အနက်ရောင်ကို သတိရမိသွားပြီး

စိုးလည်း အနက်ရောင်ဂါဝန် တစ်ထည်

ဗီရိုထဲက ဆွဲထုတ်လိုက်သည်။လမ်းခွဲရတော့

မည့်နေ့သည် စိုးအတွက်တော့ မဂ်လာမရှ်ိ

သော ရက်စွဲတစ်ခုပါပဲ။


ဂါဝန် ဝတ်ပြီးနောက် မှန်တင်ခုံရှေ့ထိုင်ကာ

အပူသည်ဖြစ်နေတဲ့ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်

နေမိသည်။အရင် စိုးမေလှိုင်မှ ဟုတ်ပါရဲ့လား

လို့ပေါ့။ကိုကြီးလက်ထဲမှာတင် အခြွေခံခဲ့ရ

သည့် ပန်းလေးတစ်ပွင့်သည် ကြွေကျတော့

မယ့် အဆင့်ရောက်ခဲ့လေပြီ။


အရာရာဟာ အကောင်းပကတိအတိုင်း မဖြစ်

နိုင်တော့ဘူး။ဒါကိုပင် စိုးရဲ့ အပြစ်တွေ

အတွက် ပေးဆပ်ခြင်းဟု ခေါင်းစဥ်ပြောင်း

တပ်လိုက်လျှင် ကိုယ့်စိတ်ကိုယ် သက်သာရာ

ရနိုင်ပါသည်။သူနဲ့ လက်ထပ်ခါစက စိုး

ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တွေ ပေါက်

ခဲ့ဖူးသည်။ဝဋ်ကြွေး ကြီးမားမယ်လို့ ထင်ခဲ့

ရသလောက် မသိစိတ်ကအချစ်ကြောင့်

ကုန်လွန်ခဲ့သည့် အချိန်တွေကိုပင် နဲလွန်း

တယ်ဟု ထင်မှတ်ခဲ့မိသည်။


ဘယ်အချိန်ကနေ စချစ်သွားခဲ့မိတာလဲ ကိုယ်

တိုင်လည်း တွေးမရခဲ့ဘူး။ကိုကြီးနဲ့ပက်သတ်

ရင် အရာရာဟာ အသိနောက်ကျလျက် 

နောင်တ တရားတွေ တပွေ့တပိုက်နဲ့သာ

အဆုံးသတ်ခဲ့ရတာကြီးပါပဲ။ယခုလမ်းခွဲ

ခြင်းသည်ပင် ကံတရားအလိုကျဆိုတာထက်

စိုးဟာ ကိုကြီးနဲ့ ဘယ်လိုမှ မတင့်တယ်လို့

ခွာချခံရတဲ့ အပေါစား တံဆိပ်တစ်ခုဖြစ်နေ

လို့ပါပဲ။


ကောင်းမွန်စွာမွေးဖွားရှင်သန်ခဲ့ပြီး လမ်းမှန်

သာလျှောက်ခဲ့ရင် သာမန်မိန်းခလေးတွေလိုပဲ

ဘဝက မတင့်တယ်ရင်တောင် အပယ်ခံဘဝ

ရောက်မှာ မဟုတ်ဘူး။အသက်အရှည်ကြီး

မနေပေးသွားခဲ့တဲ့ မိဘတွေကို အပြစ်တင်

ရမလား..ကိုယ်ကောင်းစားဖို့အတွက်သာ

ကြည့်ပြီး စိုးတို့ညီအမတွေကို လမ်းမှားတွန်း

ပို့ပေးခဲ့တဲ့ အန်တီခ ကိုပဲ အပြစ်တင်ရမလား။

တကယ်တော့ မိမိသာလျှင် အပြစ်ရှိသူပါပဲ။


အရာအားလုံးကို စိုး လွှတ်ချဖို့ ဆုံးဖြတ်ချက်

တွေနှင့်အတူ အောက်ထပ် ဆင်းလာခဲ့ပါ

သည်။စိုးဆီ လာတောင်းတုံးက ရှေ့နေကြီးကို

အရင် မြင်လိုက်ရ၍ စိတ်ထဲ ဝမ်းနဲသလိုဖြစ်

လာပေမယ့် ထိန်းထားနိုင်ခဲ့ပါသည်။


ဆက်တီထိုင်ခုံပေါ်  စိုးထိုင်လိုက်သည်နှင့်

ရှေ့နေက စာချူပ်ကို ကမ်းပေးပါသည်။သူမ

စာချူပ်ကို ယူကြည့်ပြီး ရင်ထဲနင့်သွားခဲ့ပါ၏

ကိုကြီးသည် စာချူပ်ပေါ်တွင် လက်မှတ်

အရင် ထိုးခဲ့ပြီးသား ဖြစ်နေလို့ပါပဲ။စိုးမှာသာ

ဘောပင်နဲ့ စာရွက်ထိဖို့ တုန်လှုပ်နေတာ။သူ

ကဖြင့် ပေါ့ပေါ့ပါးပါး ထိုးခဲ့ပြီး ဖြစ်နေပါ

သည်။


" ကိုယ်အချိန်မရဘူး စိုးမေလှိုင်.... "


လက်မှတ်ထိုးဖို့ တုံ့နှေးနေသော စိုးကို သူ

မပြောချင်ပါပဲ တိုက်တွန်းလိုက်ရပါသည်။

ပေါင်းစည်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး

ဆိုပါလျှင် ကိုယ့်ကိုကိုယ် စိတ်သောကမပေး

ဖို့ အတတ်နိုင်ဆုံး မေ့ဖျောက်နိုင်အောင် ကြိုး

စားရပေမည်။ထင်သလောက်မလွယ်ကူ

သော်ငြား အလုပ်လုပ်တဲ့နေရာတွင်ကအစ

တိကျပြတ်သားသော ညီလင်းညိုသည်

စိုးကိုလည်း မေ့ပစ်နိုင်မည့် သတ္တိမျိူး ရှ်ိ

ခဲ့ပါသည်။


စိုး လက်မှတ်ထိုးပြီးပြီဆိုမှ....


" မင်း ကိုယ့်ကိုလက်ထပ်ခဲ့မိလို့ မနစ်နာစေရ

  ပါဘူး...ဒီခြံနဲ့တိုက် မင်းနာမည်နဲ့ အပြီးလွှဲ

  ပေးမှာပါ "


ထိုစကားကို ကြားကြားချင် စိုး သဘော

ပေါက်လ်ိုက်မိတာ တစ်ခုထဲရှိသည်။ကိုကြီးက

နောက်ဆုံးအချိန်ထိ စိုးကို ငွေမက်တဲ့လူ

စာရင်းထဲ ထည့်သွင်းခဲ့တာပင် ဖြစ်လေသည်။

စိုး ဘဝတစ်ခုလုံး ဘာမှပြင်ဆင်လို့လည်းမရ။

အကောင်းပကတိ မဖြစ်နိုင်တော့သည့် နစ်

နာကြေးဟာ သာမန် မိန်းမတွေအတွက် ယူ

သင့်ယူထိုက်တယ်လို့ သတ်မှတ်ရသော်လည်း

အပြစ်တွေအများကြီးကျူးလွန်ခဲ့ဖူးသူ စိုး

အတွက်တော့ ဝဋ်ကြွေးကိုလည်း ကြောက်

လှပါပြီ။နောင်သံသရာ အဆက်ဆက် ခုလို

ဘဝဆိုးမျိူးနဲ့ မကြုံရစေဖို့ စေတနာနဲ့ပေး

သော ပကာသနကိုလည်း တစ်မြူမှုန်မျှ ယူဖို့

စိတ်ကူး လုံးဝမရှိခဲ့ပါ။


" အဲ့လောက်ထိ ပေးစရာမလိုပါဘူး "


သူတို့ စကားဝိုင်းထဲ နောက်ပါးဆီမှ အသံတစ်

ခု လွှမ်းမိုးသွားသည်။အနောက်ကနေ တိတ်

တဆိတ် ရောက်လာသူအား ဝိုင်းကြည့်မိ

ကြလျှင် ဦးဟန်မင်းညိုက ခနဲ့တဲ့တဲ့ပြုံးလျက်

သူ့သားဘေးတွင် ထိုင်ချပြီး နေကာမျက်မှန်

ကို ချွတ်လိုက်ပါသည်။


" ထင်တယ်....ငါထင်တဲ့အတိုင်းပဲ...တော်

  သေးတာပေါ့ကွာ...မှီရုံလေး "


" ဖေဖေ..... "


" မင်း ပါးစပ်ပိတ််ထား..ဒီဟာမ ဘယ်လောက်

  လည်လဲ မင်းသိလား...မင်းဟာမင်းဘယ်လို

  အကြောင်းနဲ့ပဲ ယူခဲ့ ယူခဲ့...နစ်နာကြေး

  အဲ့လောက်ထိပေးစရာမလိုဘူး...ဒီမှာ

  စိုးမေလှိုင်... မင်းဘယ်လိုမိန်းမစားလဲ ကိုယ့်

  ကိုကိုယ်သိတယ်...အချဥ်လာမဖမ်းနဲ့....

  ငါ့သားပေးပေမယ့်...ငါမပေးဘူး "


" ဖေဖေ.... "


စိုး ဒေါသတွေ မနဲချူပ်ထိန်းထားရသည်။

အဲ့လူကြီးဟာ ကိုကြီးအဖေသာ မဟုတ်ခဲ့ဘူး

ဆိုလျှင် ချက်ချင်းထသတ်ပစ်သည်။အသား

တွေ တဆတ်ဆတ်တုန်နေသော စိုးကိုကြည့်

လိုက် ဘာတစ်ခုမှမသိပဲ ရောက်လာသော

ဖေဖေ့ကို ကြည့်လိုက်နဲ့ သူ ကြားထဲက စိတ်

ရှုပ်ချင်လာသည်။


" ဒီခြံက ကျတော့်ပိုက်ဆံနဲ့ဝယ်ထားတဲ့ခြံ...

  ကျေးဇူးပြုပြီး ငြိမ်နေပေးလို့မရဘူးလား

  ဖေဖေ.... "


" ငါက မင်းအဖေမို့လို့ကို ငြိမ်နေလို့မရတာ

  ကွာ....ရှင်းသလား....မတန်ဘူး ငါ့သားရ..

  အရူးထမနေစမ်းနဲ့...."


" ဒုက္ခပဲ ဖေဖေရာ..."


" ရှင်တို့သားအဖနှစ်ယောက် ပြောလို့ပြီးပြီ

  လား....ကျမ ပြောလို့ရပြီလား.... "


စိုးရဲ့ အပြောအဆိုတွေ ပြောင်းလဲသွားတာ

ကြည့်ပြီး သူ အံ့အားသင့်နေသည်။


" ပြောစမ်း စိုးမေလှိုင်....ငါ့သားကိုမပြောနဲ့

  ငါ့ကိုပြော...ဘာတွေတောင်းဆိုချင်သေး

  တာလဲ "


 "ပြောမှာပါ...နှစ်ယောက်လုံးကိုပြောမှာ...

  ဦးဟန်မင်းညိုကိုပဲ အရင်ပြောပါရစေအုံး..

  ကျမကို ဘယ်လိုမိန်းမစားလဲလို့ ပြန်မေး

  နေတဲ့ အန်ကယ်ကရော ဘယ်လိုယောကျာ်း

  မျိူးပါလိမ့်....ပြီးတော့မရှင်းတာလေးတစ်ခု

  ရှိတယ်...အဆင့်အတန်းဆိုတာရော..ဘာနဲ့

  တိုင်းထွာတာလဲ အန်ကယ်...ငွေကြေးပြည့်

  စုံခြင်းနဲ့လား..လူ့ကျင့်ဝတ်စည်းကမ်းနဲ့လား"


" စိုးမေလှိုင်.... မင်း..... "


အနာပေါ်တုတ်ကျသွားသည့်နှယ် ဦးဟန်မင်း

ညို မတ်တပ်ထရပ်လိုက်သည်။


" ပြန်ထိုင်လိုက်ပါ ဖေဖေ....ကျတော့်ကိစ္စ

  ကျတော်ရှင်းပါရစေလား...."


ဖေဖေ့မှာလည်း ကိုယ့်အပြစ်နဲ့ကိုယ် ရှိခဲ့တာ

ပဲလေဟူသော အကြည့်တွေနဲ့ သားက ကြည့်

နေတာ သူ ဒေါသအထွက်ဆုံးပဲ။အထူးသဖြင့်

စိုးမေလှိုင်ကို ပိုပြီး ဒေါသထွက်ရတယ်။ဘာ

မဟုတ်တဲ့ လက်တဆစ်လောက် မိန်းခလေး

က သူ့အား လူတွေရှေ့ အရှက်ခွဲဖို့ စကားဦး

သမ်းနေတာကို လက်ပိုက်ကြည့်မနေနိုင်တော့

ဘူး။


" စကားတတ်တိုင်းမပြောစမ်းနဲ့ စိုးမေလှိုင်..

  မင်းတို့လို မိန်းမပျက်တွေရှိနေသရွေ့....

  ယောကျာ်းတွေက စိတ်အာသာဖြေကြမှာပဲ

  မဆီမဆိုင် လူ့ကျင့်ဝတ်တွေ စကားထဲ

  ထည့်ပြောလောက်တဲ့အထိ အရည်အချင်း

  မင်းမှာ ပြည့်စုံလို့လား "


" ငါပိုက်ဆံရှိတယ်ဆိုပြီး...လိုချင်တာရဖို့

  အတွက် ရုန်းမရအောင်အချည်နှောင်ခံခဲ့

  ရတဲ့ မိန်းမတွေကရော မိန်းမပျက်တွေပဲလား

  အန်ကယ်...ကျမ အမကရော ရှင့်လိုလူကြီး

  လက်ထဲ နုပျိူခြင်းတွေအပ်ခဲ့ရတာ ပျော်နေ

  တယ်များထင်နေသလား....ခုံမင်ဖက်တွယ်

  တုံးကရော မိန်းမကောင်းလေးဆိုပြီး တန်

  ဖိုးကြီးကြီးပေးပြီး ရှင့်လက်ထဲရောက်အောင်

  နည်းမျိူးစုံနဲ့ ငါးစာချိတ်ခဲ့တာလဲ ထည့်ပြော

  အုံးလေ...ကျမတို့ညီအမတွေက မိန်းမ

  ကောင်းစံချိန်စံညွှန်းနဲ့ ပြည့်ချင်မှပြည့်မယ်..

  မိန်းမပျက်တော့မဟုတ်ဘူး...ရှင်သေတဲ့

  အထိ မှတ်ထားစမ်း "


စိုးသည် ရင်ထဲရှိသမျှ မရှက်တမ်း လူတွေရှေ့

ပေါက်ကွဲခဲ့လိုက်မိပါသည်။စရောက်ထဲက

တစ်ခွန်းမှ ဝင်မ​ပြောခဲ့သော ငမိုင်းသည်ပင်

စိုးကို အသံတိတ် နားလည်ပေးနိုင်သည့်

အကြည့်မျိူးဖြင့် ကြည့်လာသလို အဝေး

တနေရာက လှမ်းအကဲခတ်နေသော မသူဇာ

သည်လည်း စိုးအနားကို ရောက်လာပြီး....


" သွားကြမယ် စိုး..... "


စိုးလက်ကို ဆုပ်ကိုင်ပြီး မသူဇာ ဒီလူတွေ

ကြားက ဆွဲထုတ်ဖို့ ဟန်ပြင်လိုက်ပါသည်။

စိုးကို ဘယ်အတိုင်းအတာထိ စော်ကားဖို့

လုပ်နေကြအုံးမှာလဲ။နစ်နာသူဟာ စိုးမေလှိုင်

ပါ...။မိန်းမပျက်တွေ...အပေါစားတွေ ခန

ဘေးချိတ်ထားလိုက်အုံး။သက်ဆိုင်သူနှစ်

ယောက်ပဲ ဖြေရှင်းပါစေပေါ့။မသူဇာလည်း

သိသင့်သလောက် သိခဲ့ရပြီမို့ ခနလေးအတွင်း

ဆုံးဖြတ်ချက်တစ်ခု ခိုင်မာစွာချခဲ့ပြီး ဖြစ်

သည်။


" ကျမ ရွာမပြန်တော့ဘူး အကိုလေး...စိုးနဲ့

  အတူနေသွားမယ် "


စိုးသည် မမြင်ရပဲ နှောင်တွယ်ခဲ့သည့်သံယော

ဇဥ်ကြိုး တစ်ချောင်းအတွက် အံ့အားသင့်စွာ

ပီတိဖြစ်ခဲ့မိပါသည်။


" ခနလေး မကြီး.... ကိုညီမင်းညိုကိုလည်း

  ကျမ ဘက်ကပြောစရာရှိတယ် "


အခေါ်အဝေါ်တွေကအစ ပြောင်းလဲသွားသော

စိုးကို ကြည့်ပြီး...


" ပြောလေ စိုး.... "


ဦးဟန်မင်းညိုက ဒေါသတွေ ဆက်တိုက်

ထွက်နေဟန် စိုးကို အစိမ်းလိုက်ဝါးမြိုမယ့်

မျက်လုံးမျိူးတွေနဲ့ ကြည့်နေဆဲ။


" ရှင်ပေးတဲ့ ဒီခြံ.... ကျမ မယူဘူး...ကျမလို

  အပေါစားမိန်းမတယောက်အတွက်လည်း

  နစ်နာကြေးပေးစရာမလိုဘူး...ရှင့်အပေါ်

  ကျူးလွန်ခဲ့မိတဲ့ အပြစ်ကြွေးတွေ ကျေခဲ့

  ပြီလို့ သတ်မှတ်ပေးပါ....မျှတရဲ့လားရှင် "


မျှတရဲ့လားရှင်...ဟူသော စကားကိုပြော

ခဲ့တဲ့ချိန် စိုးလေသံလေး ပျော့သွားရုံမက

ငိုသံတဝက်ပါ ရောယှက်နေရာ သူ့ရင်တွေ

နင့်နေအောင် ခံစားနာကျင်သွားခဲ့ပါသည်။


ရင်ထဲရှိသမျှအရာရာ ကုန်လောက်နီးနီး

ဖွင့််ချခဲ့ပြီးပြီမို့ မသူဇာနဲ့အတူ စိုး တို့ထွက်

လာခဲ့ကြပါသည်။စိုးတို့ထွက်သွားပြီးနောက်

သူပါ ချက်ချင်းထကာ နောက်ကလိုက်သွား

ပါသည်။ဦးဟန်မင်းညို တားချိန်တောင်မရ

ခဲ့ပါ။


" စိုး.....နေပါအုံး စိုးရယ်.... "


သူ ခေါ်သော်လည်း စိုးက ရပ်မပေးပဲ ဆက်

သွားနေရာ သူမရှေ့ ပိတ်ရပ်ပစ်လိုက်ပါသည်


" ဘာပြောစရာများ ကျန်သေးလို့လဲ... "


" ကိုယ့်စေတနာကို လက်ခံပေး..ကိုယ်တောင်း

  ဆိုတယ် စိုးရာ.... မင်းကို ဒီပုံစံနဲ့မထားခဲ့နိုင်

  ဘူး.... "


ကိုယ် ဘာကြောင့် အခုလိုတွေလုပ်ပေးနေလဲ

စိုး သိလား။မင်းအကြောင်းကို ဒီကကောင်က

သိလို့ကွ...။မထူးဇာတ်ခင်းပြီး လမ်းမှားဆက်

လျှောက်မှာ စိုးရိမ်လို့။


" စိတ်မပူပါနဲ့ကိုကြီး.....ကိုကြီး ပေးတာတွေ

  စိုးမယူနိုင်တာ တောင်းပန်ပါတယ်...စိုးမှာ

  လက်ကျန်မာနတွေ ရှိသေးတယ်ဆိုတာ..

  ကိုကြီး အဖေသိအောင်ပြောပြပေးရင်

  ကျေနပ်ပါပြီ... နောက်ထပ်လည်း မပက်

  သတ်ကြရတော့မယ့် လူတွေမို့...ကိုကြီး

  အဖေအပေါ် နောက်ဆုံးအကြိမ် ရိုင်းပျမိ

  တာလည်း ခွင့်လွှတ်ပါ...စိုး သွားမယ် ကိုကြီး

  ..... "


ပြတ်သားလှကြီလား စိုးမေလှိုင်ရယ်...။သည်

လူကြီး ဘယ်လိုကျန်ရစ်ခဲ့မလဲ လည်ပြန်လေး

တစ်ချက်တောင် ငဲ့မကြည့်သွားပါလား။


သူသည် စိုးခြံပြင်ကို ရောက်သွားတဲ့အထိ

ပေတေရပ်လျက် ငေးကြည့်နေမိပါသည်။သူ့

ဘေး ငမိုင်းရောက်လာပြီး....


" ဖြစ်ခဲ့သမျှအရာရာကို မေ့လိုက်ပါတော့ကွာ.

  မင်းရှေ့ဆက်ရမယ့် ဘဝအတွက်သာ စဥ်း

  စားပါ.... "


ရှေ့ဆက်ရမယ့် ဘဝထဲ စိုးမေလှိုင်ဆိုတဲ့

မိန်းမဆိုးလေး တကယ်မပါတော့ဘူးလား။

တကယ်တမ်း နင့်နေအောင် ခံစားရပြီး ကျန်

ရစ်ခဲ့မယ့်လူဟာ သူ မဟုတ်ဘူး...စိုး ဖြစ်နေ

ရမှာလေ။


​သြော်....ဘဝဆိုတာ ကိုယ်စီစဥ်ရေးဆွဲထား

ခဲ့သလို တစ်ခုမှ ကျကျနန ဖြစ်မလာပါလားသူ သိခွင့်ရလိုက်ပါတော့သည်။


လွမ်းမိအုံးမယ် စိုးရယ်....။ကိုယ့်ရဲ့ တစ်ဦး

တည်းသော မိန်းမဆိုးလေးအတွက် ဘယ်

လောက်ထိ ခံစားနေရအုံးမှာလဲ....။


*******************************************


အခန်း(8) မျှော်


Author 😍 A Mon Ko 😍


rate now: