book

Index 6

အခန်း (6)

  • Author : A Mon Ko
  • Genres : Romance, Drama

အကိုလေးတို့ကို တော်တော်နဲ့ပြန်လာမယ်

မထင်၍ မသူဇာတယောက် ဧည့်ခန်းတွင်

အေးအေးလူလူထိုင်လျက် ရုပ်ရှင်ကြည့်နေ

ပါသည်။သေချာတောင် အနားမယူရသေး..

ခြံရှေ့မှ ကားဟွန်းတီးသံ ကြားရာ အပြင်ကို

မြင်ရသော တံခါးပေါက်ကနေ အရင်လှမ်း

ကြည့်လိုက်သေးသည်။


" ဟယ်တော်.....ပြန်လာကြပြီ... "


ထိုသို့ရေရွတ်ရင်း ခြံထဲ အပြေးဆင်းလာပါ

သည်။ခြံတံခါးဖွင့်ပေးပြီးနောက် မသူဇာ

ဝင်လာသော ကားထဲ ပြူးပြဲ ကြည့်လိုက်မိ

သည်။စိုး တစ်ယောက်ပြန်ပါလာရဲ့လားပေါ့။

ပြီးမှ တံခါးပြန်ပိတ်ပြီး ကားနား အလျင်

အမြန် ပြန်ပြေးရသည်။


အကိုလေးရော စိုးကိုပါ မျက်နှာတွေမသာ

မယာနဲ့ မြင်လိုက်ရ၍ မသူဇာ ပင့်သက်ရှိုက်

လိုက်မိသည်။


" မသူဇာ....ခနလာခဲ့စမ်းပါအုံး... "


အမောပြေတစ်ခုခုသောက်ရန် သွားပြင်ဖို့

ခြေလှမ်းနေသော မသူဇာကို သူ လှမ်းပြော

လိုက်သည်။စိုးကလည်း သူ့ဘေးတွင်မထိုင်ပဲ

မတ်တပ်ရပ်နေရာ သူမဘေး မသူဇာ ကပ်

ရပ်လိုက်ပါ၏။


" ဟိုဘက်ခြံက ဆရာဝန်နဲ့ ဘယ်လိုသိခဲ့ကြ

  တာလဲ "


" ဗုဒ္ဓေါ...  "


ဘုရား တမိပြီးကာမှ ကိုယ့်ပါးစပ်ကိုယ်လက်

နဲ့ ပြန်ပိတ်လိုက်မိသော မသူဇာသည် စိုးထံ

အကြည့်လှမ်းပို့လျက် ဘာဖြေရမလဲ မေး

နေသယောင်ရှိနေရာ သူ စိတ်မရှည်ချင်တော့

ပါ။


" တစ်ယောက်ကိုတစ်ယောက် ကြည့်မနေနဲ့..

  ကျတော်မေးတာကို မသူဇာ တိတိကျကျဖြေ

  မသူဇာကို စိတ်ချယုံကြည်ခဲ့လို့...အိမ်ရော

  လူရော သေချာအပ်ထားခဲ့တာ...ပြောခဲ့ပြီး

  ပြီ...တခြားသူတွေ ဘယ်သူ့ကိုမှမသိစေချင်

  ဘူး...ဘယ်သူနဲ့မှမပက်သတ်ကြဖို့...အခု..

  ဘယ်လိုဖြစ်ရတာလဲ "


" ကျမအမှားပါ အကိုလေးရယ်...စိုးကို

  အပြစ်မတင်ပါနဲ့...စိုးနဲ့မဆိုင်ပါဘူး... "


" လိုရင်းပြော "


" ဟုတ်ကဲ့..စိုး နေမကောင်းတုံးက..အကိုလေး

  ပေးတဲ့ဆေးကိုတိုက်တယ် မသက်သာတော့.

  အနားက ဆေးခန်း ဆရာဝန်သွားပင့်တာပါ

  ​တိုက်တိုက်ဆိုင်ဆိုင် အဲ့ဆရာနဲ့တွေ့ပြီး...

  သူလာကြည့်ပေးရင်း ခင်သွားကြတာပါ "


" ဒါဖြင့် သူက ဒီခြံကို နောက်ထပ်များလာ

  သေးလား..."


မသူဇာသည် နောက်တကြိမ် စိုး မျက်နှာကို

ထပ်ကြည့်ပြန်သည်။သည်တစ်ခါတော့စိုးက

အမှန်အတိုင်းပြောပစ်လိုက် ဟူသော သဘော

ဖြင့် အသာလေးခေါင်းညိတ်ပြသည်။စိုးနဲ့

ပက်သတ်ပြီး ကိုကြီး အူတွေတိုနေတာ 

စိတ်ထဲ သဘောကျမိ၍ ဖြစ်ပါသည်။


" ဟို....ဟိုလေ.... တစ်...တစ်ခါ လာဖူးပါ

  တယ်..."


" ဘာလာလုပ်တာလဲ "


" ဟို...စိုး စားဖို့ပူတင်း လာပေးတာပါ "


" ရပြီ သွားတော့... နောက်တခါ သူထပ်လာ

  ရင်...ခင်ဗျားအထုပ်ပြင်ထား..သွား... "


သူ့ရှေ့က မသူဇာကတော့ ငိုမလိုမျက်နှာထား

နဲ့ ထွက်သွားပါပြီ။ခုဖြင့် စိုး အလှည့်ထင်ပါ

၏။စိုး လက်ကိုဆွဲပြီး အပေါ်ကို ခေါ်လာခဲ့

ပါသည်။


အခန်းထဲရောက်မှ....


" မင်း ဘာအကွက်တွေဆင်နေပြန်လဲ စိုးမေ

  လှိုင်...ငါကမင်းကို တသက်လုံးမပေါင်းဘူး

  ထင်ပြီး...နောက်တယောက်အသင့်ရှာထား

  တာလား... "


" ကိုကြီး ပြောနေတာတွေ စိုး တစ်ခုမှ

  နားမလည်ဘူး...စိုးကို ခနပဲပေါင်းပေါင်း...

  တသက်လုံးပဲပေါင်းပေါင်း...ကိုကြီး ဇနီး

  ဖြစ်နေသရွေ့...စိုးဘက်က သေတဲ့အထိ

  သစ္စာဖောက်မှာ မဟုတ်ဘူး..."


" ယုံရပါ့မလား စိုးမေလှိုင်ရဲ့...ဟမ်....ငါ့ကို

  လှည့်စားခဲ့တဲ့ မိန်းမတယောက်ဆီမှာ...

  သစ္စာတရားတွေ ရှိတယ်လို့ ငါယုံပေးရမှာ

  လား... "


" ဒါကတော့ ကိုကြီးအပိုင်းပဲလေ...လှည့်စား

  ခဲ့တယ်ဆိုတာလည်း မချစ်ခဲ့လို့...မချစ်ခဲ့

  ဖူးဆိုတာလည်း မမြင်ဖူးခဲ့လို့...လိမ်ခဲ့မိတယ်

  ဆိုတာလည်း ငွေမက်ခဲ့လို့..."


" တိတ်စမ်း.....ငွေမက်ခဲ့လို့...အဲ့ငွေလောက်

  တောင် မင်းငါ့အပေါ် မသာယာခဲ့ဖူးပါဘူး..

  မချစ်ခဲ့ဖူးပါဘူး...ဟုတ်တယ်မို့လား....

  ငါ့ထက်ငွေတွေပုံပေးနိုင်တယ်ဆို...အဲ့

  ဆရာဝန်ဆိုတဲ့ကောင်ဆီ မင်းပါသွားအုံး

  မှာပဲ...ဘယ်မလဲ သစ္စာတရား..ရိုးနေပြီ

  စိုးမေလှိုင်...ငါ...မင်းနဲ့ပက်သတ်ပြီး...

  ဘာတစ်ခုမှ အယုံအကြည်မရှိတော့ဘူး "


" ကိုကြီး..... "


စိုး ခေါ်သော်လည်း သူ လုံးဝ လှည့်မကြည့်ခဲ့

ပါ။စကားဆုံးသည်နှင့် စိုးကို သူ ကျောပေး

ထားခဲ့တာပင်။သူ့ဘက်က လှည့်မကြည့်

တော့ စိုး ရင်ထဲ ဘာတွေ ဖြစ်နေလဲဆိုတာ

ဘယ်သိတော့ပါ့မလဲ။မယုံကြည်တော့ပါဘူး

ဆိုတဲ့ လူတယောက်ကို စိုးရင်ထဲ ခံစားနေခဲ့

ရတဲ့ ခံစားချက်တွေ ပြောပြတော့ရော...

သူ့မျက်လုံးစိမ်းကြီးတွေနဲ့ ခါးသက်သက်

အပြုံးတွေ...ကြမ်းတမ်းတဲ့ ဒေါသတွေပဲ

ရလာအုံးမှာပဲ။


" ငါမင်းကို သတိပေးထားမယ်....သူနဲ့ကင်း

  ကင်းနေ....မင်းကိုငါ အခုလိုတွေပြောနေ

  တားနေရတယ်ဆိုတာ..သူ့နောက်မင်းပါ

  သွားမှာစိုးရိမ်ပြီး ပြောနေတာမဟုတ်ဘူး..

  ကိုယ့်ကိုကိုယ် အထင်ကြီးနေမှာစိုးလို့ပါ..

  သူ့အဖေက မကြာခင် ငါ့လုပ်ငန်းမှာ

  ပါတနာ ဖြစ်လာမယ့်လူပဲ...နောက်ထပ်

  သူ့အဖေနဲ့ ငါပက်သတ်ရအုံးမယ်..ငါ

  မင်းကို ယူထားတာ ဘယ်သူ့ကိုမှမသိစေ

  ချင်ဘူး...ကုန်ကုန်ပြောရရင် ငါ့မိဘတွေကို

  တောင် မသိစေချင်ဘူး...မင်းကငါ့အတွက်

  တိတ်တိတ်ပုန်းမယားတယောက် အဆင့်

  ထက်မပိုဘူး...ငါ့မှာလူသိရှင်ကြား လက်

  ထပ် ရတော့မယ့် မိန်းခလေးက အဆင်သင့်

  ရှိပြီးသား... "


သူ့ စကားတွေ ဆုံးအောင် သူမ မှာ နားထောင်

နိုင်စွမ်း မရှိတော့ပါ။တိတ်တိတ်ပုန်းမယား

တယောက်ထက် မပိုဘူးတဲ့။သူ့ဆီက ယူခဲ့

မိတဲ့ ငွေတွေအတွက် မိမိဘဝ အခုလို ဖြစ်ခဲ့

ရတာဆိုရင် တရားဥပဒေအတိုင်း ပြစ်ဒဏ်

ခံ လိုက်တာမှ ပိုသက်သာအုံးမည်။ဘယ်သူ့ကို

အပြစ်တင်ရမှန်းမသိတဲ့ မိုက်မဲသောလုပ်ရပ်

တွေ စိုး လုပ်ခဲ့ပြီးသွားပြီ။အကယ်၍ သူသာ

ပွင့်လင်းခဲ့ရင် စိုး စိတ်တွေ တမျိူး ပြောင်းလဲ

ချင် ပြောင်းလဲသွားမှာ။မမြင်ရတဲ့လူထက်

ငွေကို ပိုချစ်ခဲ့တာ စိုးအတွက် ကြီးမားသော

ပြစ်ဒဏ်တွေ ခံစားရဖို့များလား။


စိုးကို လက်ထပ်ထားပြီးမှ နောက်ထပ်မိန်းမ

တယောက်ကို လူသိရှင်ကြား လက်ထပ်အုံး

မှာတဲ့လေ။စိုး ဘဝက ဘယ်လောက်ထိ စုတ်

ပြတ်သပ်ပေးရအုံးမှာလဲ။အပျိူ ပြန်မဖြစ်

နိုင်တော့တဲ့ စိုးကို ဟိုဘက်ခြံက ဆရာနဲ့များ

ကြံကြံဖန်ဖန် သမုတ်နေထဲက သူ အချစ်ရေး

ဘာလို့ ကံခေခဲ့လဲ တွေးလို့ရနေပြီ။


စိုးသည် တစ်ခုခုထဲ နစ်မျောသွားဟန် သူ့

ရှေ့ကဖြတ်လျှောက်လျက် ဝရံတာဘက်

ထွက်လာခဲ့ပါသည်။


" ဒါ ဘယ်လဲ....မင်းအကောင်ပြန်ရောက်ပြီ

  လား သွားကြည့်မလို့လား..."


" ကိုကြီး.....  စိုးဘာပြောပြော ယုံမှာမဟုတ်

  ဘူးမို့လား...စိုးကလည်း ကိုယ့်ကိုမယုံတဲ့လူ

  တယောက်ကို ဘာဖြောင့်ချက်မှမပေးချင်

  တော့ဘူး.....ကိုကြီး ကြိုက်တာလုပ်...ထင်

  ချင်သလိုထင်...ပေးချင်တဲ့အပြစ်ပေး...

  ကိုကြီးပိုင်တဲ့အရုပ်ပဲ...လုပ်ချင်သလိုလုပ်...

  စိုး ဘဝက နိဂုံးချူပ်သွားပြီ...ဘာမှထပ်

  တွန့်စရာ အနားသတ် မရှိတော့ဘူး...ကိုကြီး

  ဖြစ်စေချင်တာ ဒါပဲမို့လား...စိုးမေလှိုင်ရဲ့

  ဘဝတစ်ခုလုံး ညီလင်းညိုကြောင့် စုတ်

  ပြတ်သပ်သွားတာမျိူး မြင်ချင်တာမို့လား..

  ဟုတ်တယ်..အခုလည်း စိုးဘဝက သေမထူး

  နေမထူးပဲ...ကိုယ့်ခင်ပွန်းရဲ့ စွန့်ပစ်ခံဘဝနဲ့

  နေခဲ့ရတဲ့ ဇနီးတယောက်ရဲ့ နင့်နေအောင်

  ခံစားရတဲ့ ခံစားချက်တွေ ကိုကြီး ဘယ်သိ

  မလဲ... "


စိုး မငိုချင်ပါပဲ မျက်ရည်တွေသည် သူ့အလို

လို ပါးပြင်တလျှောက်စီးဆင်းလာသည်။

တစ်ခါတစ်လေများ စိတ်ဓာတ်ကလေး မာ

ကြည့်ပါလားလို့ ကိုယ့်ကိုကိုယ် ပြန်အားပေး

သောလည်း ကိုကြီးရဲ့ မာထန်ထန်အပြော

တွေအောက်မှာ အခါခါ ဝမ်းနဲခဲ့ရပြန်သည်။


ညီလင်းညိုက စိုးကိုကြည့်ရင်းနဲ့ မျက်လုံးထဲ

မေမေ့က်ို မြင်ယောင်လာသည်။ကိုယ့်ခင်ပွန်း

ရဲ့ အစွန့်ပစ်ခံဘဝနဲ့ နေခဲ့ရတဲ့ ဇနီးတယောက်

ရဲ့ နင့်နေအောင် ခံစားရတဲ့ ခံစားချက်ကို

သူ မသိပေမယ့် မေမေတော့ သိနေလိမ့်မည်

ထင်ပါသည်။မေမေရော စိုးလိုပဲ ခံစားနေရ

ရှာမှာပဲလား။စိုးက သူ့အပေါ် အပြစ်တွေကျူး

လွန်ထားလို့ ကိုယ့်အပြစ်နဲ့ကိုယ် ခံရတာလေ။


မေမေကဘာအပြစ်မှမလုပ်ထားပဲ ယောကျာ်း

တစ်ယောက်ရဲ့ ဥပေက္ခာ ပြုခြင်းကို ခံနေရ

တာလဲ။သူကရော စိုးအပေါ် တရားရဲ့လား...

လက်မထပ်ရသေးတဲ့ ရွှေအိမ်သူအပေါ်မှာ

ရော တရားမျှတမှုရှိပါ့မလား။ကိုယ့်ဒေါသနဲ့

ကိုယ် စိုးကို လက်ထပ်ပေါင်းသင်းနေခဲ့ပြီး

ပြီ။စိုးကို သူ့လိုပြန်ခံစားစေချင်ရုံသက်သက်နဲ့

ရွှေအိမ်သူကို လက်ထပ်ခြင်းဟာ တရားမျှတ

မှု ရှိပါရဲ့လား။မေမေ စိတ်ချမ်းသာရင်ပြီးရော

ဆိုတာ တကယ်က သူ့လုပ်ရပ်တွေကို တွေးမိ

ရင် သက်သာအောင် cover ယူခဲ့မိတာ။


ဘာဖြစ်ဖြစ် ရွှေအိမ်သူကို လက်ထပ်ဖို့ကိစ္စ

သူ သေချာပြန်တွေးမှ ဖြစ်တော့မည်။စိုးမေ

လှိုင် ဆိုတဲ့ကောင်မလေးကလည်း သူ ထင်

သလောက် မဆိုးဘူးဆိုတာ သူ့မသိစိတ်က

လက်ခံပေးမိနေတယ်။သူရထင်ကျော်လိုလူ

မျိူးကို စိုးသာ ငွေတကယ်မက်ခဲ့ရင် သူမ

လွတ်လမ်းအဖြစ် ကောင်းကောင်းကြီး အသုံး

ချလို့ ရပါရဲ့နဲ့ အတင်းငြင်းဆန်ခဲ့တာရယ်..

သူ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာ

တောင်...ဒါသည် သူမ ပေးဆပ်ရမယ့်အပြစ်

လို့ ခံယူပြီး သူ့အနားက ထွက်မသွားတာရယ်.

ဒေါက်တာဇေယျကျော်အပေါ်တွင်လည်း

ပကတိ ရိုးသားသောအကြည့်မှနေ စိုးရင်ထဲ

ကို ထွင်းဖောက်မြင်နိုင်သည်ရှိရာ..စိုးဟာ

သူ ပြုပြင်ယူလို့ရမယ့် မိန်းခလေးမှန်း လက်

မခံချင်လည်း အသိအမှတ်တော့ပြုရမလို

ဖြစ်နေပြီ။သို့သော် သူမကို အစကနေပြန်ချစ်

ကြည့်ဖို့ ကြိုးစားမိလေတိုင်း မာန၏နောက်

ဆက်တွဲဆိုးကျိူး မခံချင်စိတ်က အမုန်း

လက်ကျန်တွေကို ထောက်ပြနေလေရာ

မချစ်ချင်တော့ပြန်ဘူး။သူမ လုပ်ရပ်တွေကို

သူ ခွင့်လွှတ်လိုက်ရင် ညီလင်းညို ဘဝတွင်

ရာဇဝင်ရိုင်းသွားလိမ့်မည်ဟူသော အတ္တစိတ်

က နှလုံးသားရဲ့ ရလဒ်အဖြေကို ချည်နှောင်

ထားခဲ့သည်။


သူ ခုတင်ပေါ်တွင် ခြေတွဲလွဲ ထိုင်ချလိုက်

သည်။ဖြစ်နိုင်ရင် စိုးကို သူ့အနားလာစေချင်

ခဲ့သည်။သို့သော် အတွေးများနေသောစိုးက

ဝရံတာဘက် မတ်တပ်လေးရပ်လျက် 

ကောင်းကင်ကြီးကို မော့ကြည့်နေသည်။သူနဲ့

နေရတာ မွမ်းကျပ်လာ၍ အသက်ဝဝ ထွက်

ရှုနေတာလည်း ဖြစ်နိုင်ပါသည်။


လွတ်လွတ်လပ်လပ်နေပါစေလေဆိုပြီး ပထမ

အကြိမ် လွတ်လပ်ခွင့် သူပေးထားမိခဲ့သည်။

သူလည်း စိတ်တွေချူပ်ထိန်းထားရတာတစ်

မျိူး...ဖေဖေ့ကြောင့် စိတ်ရှုပ်နေတာက တစ်ဖုံ

အလုပ်တွေပုံနေတာက တစ်ကြောင်း.....

ဦးနှောက်ခြောက်စရာတွေကြီး တွေ့နေရ

သကဲ့သို့ ဖြစ်နေသည်။မွေ့ယာပေါ် ခြေပစ်

လက်ပစ် လှဲချလိုက်ပြီး မျက်စိလေး ခန

လောက် မှ်ိတ်ထားရုံရှိသေး ဖုန်းဝင်လာလေ

သည်။ဖုန်းကို ကြည့်လိုက်လျှင် ရွှေအိမ်သူ

ဆက်နေတာ ဖြစ်ရာ မကိုင်လို့ မကောင်း၍

ချက်ချင်းကိုင်လိုက်ပါသည်။


" ရွှေအိမ်သူ ပြော.... "


ရွှေအိမ်သူဆိုတဲ့ နာမ်စား သူ့နှုတ်က ထွက်

သွားရုံ စိုး သူ့ဘက် ခနလေး လှည့်ကြည့်လိုက်

ပါသည်။စိုး ရင်တွေ နာကျင်လိုက်တာများ...

ပေါက်ကွဲထွက်သွားမလား စိုးရိမ်နေရသည်။


" ပြင်ဦးလွင်မှာပေါ့ အခုက.... "


" အင်း.... "


" ယူ...ဘာလို့ညာနေတာလဲ...ကျမ ပြောပြီး

  သားလေ...လူတယောက် ကျမကိုလိမ်နေ

  တယ်ဆိုရင် စိတ်ထဲအလိုလိုသိပါတယ်ဆို

  တာ..."


" ဘလိုင်းကြီးပါလားကွာ....ကိုယ် မင်းကို

  ဘာအတွက်လိမ်ရမလဲ..."


" ဒါဖြင့် ရှင့်ကားကို မြရိပ်ညိုဟိုတယ်ထဲ

  ကွေ့ဝင်သွားတာ တွေ့ခဲ့ရတဲ့ ကျမ မျက်လုံး

  နှစ်လုံးကိုရော ရှင်ဘာပြောပြချင်သေးလဲ "


" ပြောပြချင်တာပေါ့...အရာရာတိုင်းကို..

  အမြင်နဲ့ မဆုံးဖြတ်နဲ့လို့... "


" ဘာရယ်... "


" ဟုတ်တယ်လေ...မြရိပ်ညိုကိုသွားတာ...

  ကိုယ်သွားတာမဟုတ်ဘူး...အလုပ်ကိစ္စ

  နဲ့ ဖိတ်ထားတဲ့ပွဲမို့ ကိုယ်မလာနိုင်လို့...

  ကိုယ့်တပည့်တယောက်ကို လွှတ်လိုက်တာ

  ကားကတော့ကိုယ့်ကားပဲ...ပြင်ဦးလွင်ကို

  မနက်ကရောက်တယ်...company က

  ကားနဲ့သွားတာ...ရပြီလား... "


ရွှေအိမ်သူ ဘာတွေပြောနေတာလဲတော့

စိုး မသိပါဘူး။ဒီဘက်ကလူကဖြင့် အထင်လွဲ

မှာစိုးပြီး မဟုတ်တာတွေ အမှန်လုပ် သေချာ

ရှင်းပြနေလိုက်တာ။စိုးကိုပြောရင် လေသံက

မာလို့...ခုများကျ လေသံကအစ အေးနေတာ

ပဲ။


" မရသေးပါဘူး...ရှင့် location ပြလို့ရမလား

  ပြီးတော့...မြရိပ်ညိုကို ရှင်လွှတ်ခဲ့တဲ့....

  ရှင့်တပည့်ရဲ့ ဖုန်းနံပါတ်ရော ပေးလို့ဖြစ်

  မလား..."


" ခနလေး ရွှေအိမ်သူ....မင်းမှာငါနဲ့ပက်သတ်

  ပြီး...သံသယတွေ အရမ်းများနေတယ်...

  တယောက်နဲ့တယောက် ယုံကြည်မှုမရှိပဲ

  နှစ်ယောက်တဘဝ ထူထောင်ဖို့ရော...

  မင်းဘက်က သံသယကင်းရဲ့လား....

  ငါတို့ရဲ့ပေါင်းစည်းခြင်းက ယုံကြည်မှုနဲ့

  သွားမှအဆင်ပြေမှာ...မိဘတွေချင်း

  သဘောတူပြီးမှ...ဖြစ်လာမယ့်အိမ်ထောင်

  ရေးတစ်ခုမှာ...ဘာအချစ်မှ ပါသေးတာ

  မဟုတ်ဘူး...ကိုယ်ပြောတာ မင်းနားလည်..

  .... "


စကားတောင်မဆုံးသေး....သူမ စိတ်ကောက်

ပြီး ဖုန်းချသွားသည်။သူ့ဘဝမှာ မာနမထား

ခဲ့ပဲ ညလုံးပေါက်အသဲအသန်ချော့ခဲ့ဖူးတာ

ဆိုလို့ သူနဲ့ခပ်လှမ်းလှမ်းမှာ ဘာတွေတွေး

နေမှန်းမသိ အခုချိန်ထိ ပေတေရပ်နေတဲ့

ကောင်မလေး တယောက်ပဲရှိခဲ့ဖူးတယ်။

လွန်းရွှေဝါနဲ့တုံးက သူငယ်ချင်းအဆင့်ကနေ

ချစ်သူတွေ ဖြစ်ခဲ့တာမို့ သူမ ကောက်လည်း

အချိန်ကုန်ခံပြီး သူမချော့ခဲ့ဖူးဘူး။


ရွှေအိမ်သူ စိတ်ကောက်တာလောက်တော့

သူက စာဖွဲ့နေမယ့် ယောကျာ်းထဲ မပါဘူး။

သို့သော် စိုးမေလှိုင် စိတ်ကို ဒဏ်ရာပါးပါး

လေး ပေးချင်သေးတယ်။ဒါမို့လည်း ရွှေအိမ်

သူ့ဆီ မဆက်ချင်ပေမယ့် ဖုန်းထပ်ခေါ်ဖြစ်

ခဲ့ပါသည်။


" ကိုယ်ပြောတဲ့စကားမဆုံးသေးဘူး..ဘာလို့

  ဖုန်းချပစ်တာလဲ "


" ရည်းစားနှစ်ယောက်တောင် ရှင်ထားခဲ့ဖူး

  တာပဲ...ကျမ ဘာလို့ဖုန်းချတယ်ဆိုတာက

  အစ.. ကျမပါးစပ်ကပြောမှ သိမတဲ့လား "


" ဟားးးး....ဒါဆို ခင်ဗျားလေးက ကျူပ်ကို

  စိတ်ကောက်တယ်ပေါ့... "


တမင် စိုး ကြားအောင် သူမအနားလှမ်းလာ

ပြီး ပြောလိုက်တာဖြစ်သည်။ထိုစကားသည်

စိုးအတွက် အမှတ်တရ အမှတ်ရစရာတွေ

များခဲ့ပါသည်။ခင်ဗျားလေးဆိုတဲ့နာမ်စားကို

စိုး စိတ်ကောက်တိုင်း သူ သုံးခဲ့တာဖြစ်ပါ

သည်။ထို အခွင့်အရေးတွေကို စိုးက ဆုံးရှုံး

ခဲ့ရပြီး ရွှေအိမ်သူကတော့ အပြည့်အဝ ခံစား

နေရပါပြီ။


" ကိုယ်က သီချင်းဆိုပြမယ်ဆိုရင်ရော...

  စိတ်ကောက်ပြေမှာလား..."


" မပြောတတ်ဘူးလေ..ဆိုကြည့်ပေါ့..."


သူ တမင်ကြီးကို စိတ်ထဲကမပါပဲ ပြောနေတာ

ဖြစ်လေသည်။စိုး စိတ်ကောက်ရင် သူ အမြဲ

တမ်း သီချင်းဆိုချော့ခဲ့ရတာလေ။စိုး ဘယ်

လိုမှ နားထောင်နိုင်စွမ်းမရှိတော့ပြီမို့ သူ့

အနားက ထွက်သွားဖို့ ကျောခိုင်းစဥ် သူ

စိုးကို နောက်ကနေ သိုင်းဖက်ထားလိုက်မိ

သည်။


သူ့စိတ်ထဲ ရုတ်တရက် ဘာတွေဖြစ်သွားမှန်း

မသိတော့ဘူး။တဖက်က ရွှေအိမ်သူမှာ

အရူးလုပ်ခဲ့လိုက်ရရှာသည်။သူ ဖုန်းကို

ပါဝါ ပိတ်ပစ်လိုက်သည်။တချိူ့အရာတွေ

က တဖက်လူကို ဒုက္ခပေးရင်း ကိုယ်ပါပူ

လောင် သွားတတ်တာမျိူး။စိုးကို အမှတ်ရ

အောင် ဖန်တီးပေးရင်း သူမအပေါ်ထားခဲ့မိ

တဲ့ ချစ်ခြင်းတွေက သူ့ရင်ကို ရုတ်တရက်

နွေးထွေးစေလာတာမျိူး။


အဲ့ညက သူ စိုးကို ကြင်ကြင်နာနာ ထွေးပွေ့

ထားခဲ့မိတယ်။နူးနူးညံ့ညံ့ အနမ်းတွေဖလှယ်

ခဲ့ကြတယ်။အရိုးရှင်းဆုံး အချစ်ညလေးကို

မာနတွေမပါ အတ္တတွေကင်းစင်လျက်

နှလုံးသားရဲ့ အလိုအတိုင်း ဖြတ်သန်းခဲ့ကြပါ

တော့သည်။


@@@@@@@@@@@@@@@@@@@


ခံရခက်....တွေးရခက်သော ဝေဒ နာတွေနှင့်

အတူ နိုးထလာသော နံနက်ခင်းသည် ဇေယျ

အတွက် ပျော်ရွှင်စရာတွေ ဆိတ်သုဥ်းသွားခဲ့

လေပြီ။ဘယ်သူ့ကိုမှ မအပ်နှင်းခဲ့ရသေးသည့်

ရင်ခုန်သံအဖူးအပွင့်တွေကို တစစ ခြွေပစ်ခဲ့

သူ မိန်းခလေးက ပိုင်ရှင်ရှိနှင့်ပြီးသားတဲ့။


တွေးရခက်နေသည်က ထိုလူနဲ့အတူလွန်ခဲ့

သော ၆နှစ်ကျော်ကာလက ခြံကိုလာကြည့်

သွားတဲ့မိန်းခလေးသည် စိုးမေလှိုင် မဟုတ်ပါ

ဘူး။သူ့ မိန်းမလို့ တရားဝင်ကြေညာခဲ့တဲ့

ညီလင်းညိုကိုယ်တိုင် စိုးကို သူရကျော်ထင်

လက်ထဲ တပြန် ထည့်ပေးခဲ့သေးတာ။သူတို့

တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးဟာ

ဘယ်လိုပုံစံမျိူးပါလိမ့်။


ညီလင်းညိုကလည်း သူတို့အကြောင်းကို လို

တာထက်ပိုမသိစေဖို့ သတိပေးစကား ဆိုခဲ့

ပြီးသား။သူဟာ သူများအကြောင်းတွေကို

တကူးတက လိုက်စပ်စုတတ်တဲ့ ယောကျာ်း

မျိူး မဟုတ်သော်လည်း ကိုယ်စိတ်ဝင်းစားခဲ့

မိသည့် မိန်းခလေးအကြောင်းကိုဖြင့် အသေး

စိတ်ကအစ သိချင်နေမိသည်။သူမအိပ်ယာထဲ

လဲနေစဥ်က သူ ဆေးသွားကုခဲ့ပေးဖူးသည်။

အဲ့အချိန်က မျက်နှာပေါ်က ဒဏ်ရာတွေဟာ

ညီလင်းညို လက်ချက်များလား။


သူ ဒီဘက်ကနေ လှမ်းငေးကြည့်မိလေတိုင်း

စိုးသည် မသာယာသောမျက်နှာလေးနဲ့ အမြဲ

ထိုင်မှိုင်ငေးမောနေတတ်ပါသည်။မျှော်လင့်

ချက်မဲ့နေသော လူတစ်ယောက်လိုပေါ့။


ခုလည်းပဲ နိုးနိုးချင်း သူ ဝရံတာနား ထွက်လာ

မိပြန်သည်။ဘေးတစောင်းအနေအထားနဲ့

လှမ်းကြည့်လျှင် ရံဖန်ရံခါထွက်လာတတ်

သော စိုးကို တဖက်ဝရံတာတွင် တွေ့ခဲ့ရပါ

သည်။တွေ့လေမလား လှည့်ကြည့်မိရာမှ

ကံဆိုးခဲ့ရပြန်သည်။ကော်ဖီခွက် ကိုင်လျက်

သောက်နေတဲ့ ညီလင်းညိုကို ဝရံတာရှေ့တွင်

သူ တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။


ညီလင်းညိုနဲ့ သူ အကြည့်ချင်းဆုံမိသွား

သည်။သူ ရပ်ကြည့်နေမှန်းသိ၍ အထဲဘက်

လှည့်ကာ စိုးကို ခေါ်လိုက်ပါသည်။ညက

အချစ်ရှိန်တွေ သူ့ဆီ လက်ကျန်ရှိနေသေးရုံ

မက ကိုယ့်မယားကို ပိုးပန်နေသော လူရှေ့

ဒါငါပိုင်တာကွလို့ ကြေညာချင်တာလည်း

ပါ ပါသည်။


စိုး သူ့အနားရောက်သည်နှင့် သူမကိုရင်ခွင်ထဲ

ထည့်ကာ ပါးတစ်ဖက်အား ငုံ့နမ်းလိုက်သည်။

လက်ရှိအခြေအနေတိုင်းသာ ဆက်သွားရ

မယ်ဆိုရင် စိုး လောက်ပျော်မယ့်လူ မရှိတော့

ပါဘူး။သို့သော် ကိုကြီးစိတ်က ခန့်မှန်းလို့မရ

တဲ့ မိုးလေဝသ အခြေအနေတွေလို ဘယ်

အချိန်မုန်တိုင်းထန်အုံးမလဲ ရင်တထိတ်ထိတ်

ပါပဲ။


" မင်း လိမ်မာရင်...ကိုယ့်စိတ်တွေတမျိူး

  ပြောင်းလဲသွားမယ် စိုး...ဒါပေမယ့်..ငါ..

  အပြည့်အဝ မယုံသေးဘူး.... ငါ မင်းကို

  နင့်နေအောင် ချစ်ခဲ့မိတယ်ထင်တယ်...

  ဒီလောက် ငါခွင့်မလွှတ်နိုင်တဲ့အပြစ်တွေ..

  မင်းလုပ်ထားတာတောင်...ငါက ခွင့်လွှတ်

  ပေးဖို့ ကြိုးစားမိနေသေးတယ်...မင်း

  တကယ်ပဲ ငါ့ကိုစိတ်ရှုပ်စေတယ် စိုးရာ.. "


ပြောရင်း သူမကို တင်းကျပ်စွာ ပွေ့ဖက်ထား

မိပြန်သည်။ခြံထဲတွင် တံမြက်စည်းလှဲနေ

သော မသူဇာသည် အပေါ်က မြင်ကွင်းကို

ခိုးကြည့်ရင်း စိတ်ထဲ ကျိတ်ကာ ပျော်လာပါ

သည်။ခုလို မြင်စေချင်တာ...အဆင်ပြေစေ

ချင်တာ...ကြာလှပြီ။


ဒီကနေ့တော့ မုန်တိုင်း ကင်းစင်သွားတာ သေ

ချာသလောက်ရှိပြီမို့ မသူဇာ အိမ်အလုပ်တွေ

တယောက်ထဲ သိမ်းကျူံးလုပ်နေရတာတောင်

မောတယ်လို့ကို မထင်တော့ဘူး။ချစ်စခင်စ

ဇနီးမောင်နှံ နှစ်ယောက် မြိန်ရေရှက်ရေ စား

သောက်ဖို့ မသူဇာ စျေး သွားရန် ထွက်လာခဲ့

ပါသည်။


လမ်းခုလတ်တနေရာတွင် ဇေယျကျော်ကား

က မသူဇာကို ကျော်တက်ပြီးသွားကာမှ

ဆက်မမောင်းတော့ပဲ ကားကိုရပ်ထားလိုက်

ပြီး သူ ဆင်းလာပါသည်။မသူဇာ အနားကို

ရောက်မလာခင်ထဲက ခပ်လှမ်းလှမ်းကနေ

သူ ပြုံးပြနေရှာသည်။ကင်းကင်းနေရန်

အကိုလေး သေချာမှာထားတာ...ဘယ်လို

ဖြစ်လို့ လာတိုးနေရပြန်လဲမသိဘူး။အဲ့မျက်နှာ

အဲ့အပြုံးတွေ မြင်ရပြန်တော့ မသိတဲ့သူစိမ်း

တယောက်လို ရှောင်ထွက်သွားဖို့ကလည်း

အဆင်မပြေဘူးရယ်။


" စျေးသွားမလို့လား မကြီး... "


အခေါ်အဝေါ်ကအစ ပြောင်းလဲသွားပြီ...။

တရင်းတနှီး မကြီးလို့ ခေါ်ထဲက သူမမှာ

အကိုလေးပြောခဲ့သလို ကင်းကင်းနေဖို့ဆို

တာ အားနာစရာကောင်းသည့် ကိစ္စဖြစ်လာ

တော့သည်။


" ဟုတ်ကဲ့ ဆရာ... "


" ကျတော့်ကို အချိန်နဲနဲလောက်ပေးလို့ရ

  မလား.... "


" ဆရာ့ကိုကြည့်ရတာ...စိုးအကြောင်းမေး

  မလို့လားဟင်....ဒီလိုဆိုရင်..ကျမ....

  ပြောပြလို့မရတာပါ...တကယ်ပါဆရာရယ်

  ဆရာ့ကို လေးစားပါတယ်..ခင်ပါတယ်..

  ကျမ အလုပ်ပြုတ်အောင်တော့မလုပ်ပါနဲ့

  နော်..."


" သြ...ညီလင်းညိုက... ကျတော်နဲ့ကင်းကင်း

  နေဖို့ မကြီးကိုလည်း ပြောခဲ့တာပဲလား "


" ဟယ်... ဆရာသိနေတယ် "


" သိဆို...ကျတော့်ကိုလည်း စိုးနဲ့ကင်းကင်း

  နေဖို့ သတိပေးသွားတယ်လေ "


" အယ်...ဟုတ်ပါတယ် ဆရာရယ်..အကိုလေး

  နဲ့စိုးက လင်မယားအစစ်တွေပါ...အကိုလေး

  က စိုးကိုသိပ်ချစ်တာ...ဘယ်ယောကျာ်းနဲ့မှ

  အရောတဝင်နေတာ ကြိုက်တာမဟုတ်ဘူး "


မသူဇာ ပြောတာတွေကို သူက ပြုံးပြုံးလေး

နားထောင်ပေးနေသည်။လင်မယားအစစ်

တွေပါဆိုတဲ့ စကားကို သူ သဘောအကျမိ

ဆုံးပဲ။ဘယ်ယောကျာ်းနဲ့အရောတဝင်နေတာ

ကြိုက်တာမဟုတ်ဘူးတဲ့။မသိချင်တော့ဘူး

လို့ ဆုံးဖြတ်ခဲ့တဲ့ မိမိ ဆုံးဖြတ်ချက်ကိုတောင်

မသူဇာ စကားကြောင့် ပြန်ပြင်ချင်လာသည်။


" ဟုတ်ပါပြီဗျာ...ကျတော့်ဘက်က မရိုးသား

  ခဲ့လို့များ...သူအခုလို အားလုံးကိုခပ်ကင်း

  ကင်းနေခိုင်းနေတာဖြစ်မယ် "


" ရှင်... "


မသူဇာ အလန့်တကြား ရှင် လို့ ထအော်လိုက်

တာ သူ သဘောကျပြီး အသံထွက်ရီမိပါ

သည်။


" မနောက်ပါနဲ့ ဆရာရယ်...ကျမသွားတော့

  မယ်နော် "


သုတ်ခြေတင်ပြီး မသူဇာ ရှောင်ထွက်သွား

လေသည်။


မခူးရ....ပိုင်ရှင်ရှိသည်ဆိုတဲ့ ဆိုင်းဘုတ်ကြီး

အနား သူကတော့ တဝဲလည်လည် လုပ်နေမိ

အုံးမယ် ထင်တာပါပဲ။တစ်စုံတစ်ရာကို တိတ်ိ

ကျကျ သိရပြီဆိုမှ သူ လက်လွှတ်မယ် စိတ်

ဆုံးဖြတ်ထားသည်။အရာရာတိုင်းကို လက်

တွေ့ကျကျ တိုင်းထွာပြီး လေးလေးနက်နက်

စဥ်းစားပြီးမှ ရှေ့တစ်လှမ်းတိုးတတ်သည့်

အကျင့်သည် ဇေယျကျော်တွင် မွေးထဲက

ပါလာပြီးသား။


မိဘတွေက ဆရာဝန်တွေမို့လို့ သူ ဆေး

ကျောင်းတက်ခဲ့တာမဟုတ်ဘူး။သူကိုယ်တိုင်

ဝါသာနာပါခဲ့လို့ ဆရာဝန်ဖြစ်အောင် ကြိုးစား

ခဲ့တာ။သူဟာ စိတ်ကူးယဥ်သမား မဟုတ်...

လက်တွေ့သမား။မြင်သမျှတိုင်းလည်း မယုံ

တတ်ဘူး။သူ လိုချင်တဲ့အရာတစ်ခုဟာ

ဘယ်လောက်ပဲ ဟောင်းနွမ်းပျက်စီးနေပါစေ.

သူလိုချင်ရင် အဲ့အဟောင်းကိုပဲ သေချာပြု

ပြင်ပြီး သုံးတတ်တဲ့လူစားမျိူး။


စကားကုန်ကုန်ပြောရရင် စိုးမေလှိုင်ဟာ

အကြွေပန်း ဖြစ်သွားခဲ့ရင်တောင် သူ တယု

တယနဲ့ ကောက်နမ်းဖို့လည်း ဝန်မလေးဘူး။

စိုးကို သူမြင်မြင်ချင်း စိတ်ဝင်စားခဲ့မိတယ်။

မြင်ပါများလာတော့ ချစ်စိတ်တွေ မရည်ရွယ်

ပါပဲ ဖြစ်လာခဲ့မိတယ်။သူ့လို လူမျိူးက မိန်းမ

တစ်ယောက်ကို မြင်မြင်ချင်းချစ်ဖို့ မလွယ်ကူ

ခဲ့ပါ။


ကျောင်းတက်တုံးကလည်း စာတွေနဲ့ နပမ်း

လုံးခဲ့ရလို့ အချစ်ရေးကိစ္စကို ခေါင်းထဲ

မထည့်နိုင်ခဲ့ဘူး။အလုပ်သင်ဆရာဝန်ဘဝ

ရောက်ပြန်တော့ ကိုယ့်ရည်ရွယ်ချက်တွေ

မပြည့်ဝသေးလို့ အချိန်မပေးနိုင်ခဲ့ပြန်ဘူး။

လက်ရှိ အပြင်ဆေးရုံတစ်ခုမှ ဒုဆေးရုပ်အုပ်

ရာထူးနဲ့ နှလုံးအထူးကုဆရာဝန်တစ်ယောက်

ဖြစ်နေခဲ့ပြီ။ရည်မှန်းချက်တွေ အနဲငယ်ပြည့်

ဝ ချိန်မှာ အဖော်မရှာပါပဲ ကြင်သူ တွေ့ခဲ့

သော်လည်း ထိုမိန်းခလေးက သူလေ့လာခဲ့

ဖူးသော စာအုပ်တွေလို ခေါင်းခြောက်စရာ

မေးခွန်းတွေ အများကြီးနဲ့...အဖြေရှာရခက်

သော ပုစ္ဆာတွေကြီးပဲ။


သူ့အခြေအနေ...အဆင့်အတန်း..ရာထူးနဲ့

ဆိုရင် သူမထက် သာတဲ့ မိန်းခလေးမျိူး

အချိန်မရွေး ရှာယူလို့ရသည်။ဒါပေမယ့်

သူ့စိတ်ထဲ ငြိတွယ်သွားမိတဲ့ အရာကို ဘယ်လို

လူကမှ သုတ်သင်ရှင်းလင်းပစ်ဖို့ မလွယ်ကူ

ဘူး။သူကိုယ်တိုင်လည်း အပြီးတိုင်စွန့်လွှတ်ဖို့

ခက်ခဲနေဆဲပဲ။


စိုးမေလှိုင်နဲ့မတွေ့ခင်အချိန်ထိ သူ့စိတ်တွေ

သည် ပေါ့ပါးလန်းဆန်းခဲ့သည်။အလုပ်ထဲ

တွင် စိတ်ပါလက်ပါရှိခဲ့ပြီး အမြဲတက်ကြွ

လန်းဆန်းခဲ့သော ဆရာဝန်လေးတယောက်

ဖြစ်သည်။လူနာတွေ သူ့မျက်နှာမြင်ရုံနဲ့

ရောဂါတဝက်သက်သာသည်အထိ သူ့အပြုံး

တွေဟာ အသက်ဝင်ခဲ့ဖူးသည်။


လက်ရှိတွင် သူ့မျက်နှာသည် နေလောင်ခံ

ထားရသည့် ပန်းတစ်ပွင့်ပမာ ညှိုးနွမ်းနေ

လေပြီ။ဆေးရုံက အိမ်ကို ပြန်ရောက်သည်

နှင့် အခန်းထဲ ခွေနေမိတတ်သည်။ဘာစာအုပ်

မှလည်း မဖတ်ချင်တော့သလို သူ့အချစ်တော်

ခွေးလေးတွေနဲ့လည်း မဆော့ချင်တော့ဘူး။

ပစ်ထားတာ ကြာပြီဖြစ်တဲ့ ဂီတာလေးကို

အောက်ထပ်စတိုခန်းက သူ ထုတ်လာခဲ့

သည်။


အိမ်ထဲ ပြန်အဝင်တွင် အဖေနဲ့အမေ ပြောနေ

သည့် စကားဝိုင်းထဲ သူ ရောက်သွားခဲ့ပါသည်


" ဘယ်လိုဖြစ်ရတာလဲ ဖေကြီးရယ်...သူပဲ

  အစက လိုလိုလားလားနဲ့ ခေါ်ခဲ့ပြီး... "


" မသိပါဘူးကွာ....သူတို့လုပ်ငန်းအကြောင်း

  လည်း ကိုယ်နားမလည်ပါဘူး...ကျော်ထင်

  က...ရှယ်ယာဝင်ခိုင်းနေတာနဲ့...ကိုယ်လည်း

  စမ်းကြည့််ချင်ရုံသက်သက်ပဲ...ကောင်လေး

  က..ဒီမနက်မှ ဖုန်းဆက်တာပဲ "


" ဘာဖြစ်လို့လဲ အဖေ..... "


" အဖေ ရှယ်ယာထည့်မယ့်ကိစ္စ...cancel

  ဖြစ်သွားပြီးသား...သူတို့ဘက်က လုပ်လိုက်

  တာ.... "


ဘာ့ကြောင့် အဖေ့ကို cancel လုပ်လိုက်တာ

လဲဆိုတာ သူ ကောင်းကောင်းကြီးသိပါ၏။

ညီလင်းညိုအကြောင်းတွေ လူအများကြီး

သိသွားမှာ စိုးရိမ်လို့လေ။အဖေနဲ့အမေက

သူတို့အလုပ်နဲ့သူတို့ ရှုပ်နေကြတာ။မိုးလင်း

ရင် အလုပ်ကိုယ်စီထွက်သွားကြပြီး ပြန်လာ

ရင်လည်း မိုးချုပ်တတ်တာများတယ်။


ဟိုဘက်ခြံကို လူသစ်တွေရောက်နေတာ

အဖေနဲ့အမေ မသိဘူး။ပတ်ဝန်းကျင်ကို

လည်း စိတ်ဝင်စားဖို့ သူတို့မှာအချိန်မပေးနိုင်

ဘူး။လူမှုရေး နားမလည်တာမျိူးတော့

မဟုတ်ဘူးနော်။ကိုယ့်အလုပ်နဲ့ကိုယ်မို့ ဘယ်

အရာကိုမှ စိတ်မဝင်စားအားတာ။သူကသာ

စိုးမေလှိုင်ကြောင့် အရာအားလုံးကိုအချိန်ကုန်

ခံပြီး စိတ်ဝင်စားနေရတာ။


သူ ဂီတာလေးကို သေချာသန့်ရှင်းရေးလုပ်ပြီး

နောက် ခြံထဲ ဆင်းလာသည်။ထိုင်နေကျ ခုံ

တန်းလျားလေးတွင် နေရာယူလိုက်ပြီး လက်

ကွက် မှန်သေးလား စမ်းတီးကြည့်နေသည်။

အားလုံးအဆင်ပြေပြီဆိုမှ ချောင်းတစ်ချက်

ဟန့်ရင်း သီချင်းစဆိုတော့သည်။


သူ ဆိုလိုက်တဲ့သီချင်းက ရွှေထူးရဲ့ တံခါး

ဖွင့်ထားပါတယ်ဆိုတဲ့ သီချင်း။ခံစားချက်နဲ့

မတိုက်ဆိုင်ပေမယ့် ဆိုလို့ကောင်းလို့။


ဝဲပျံလာသည့် သူ့သီချင်းသံကြောင့် စိုး နေရ

ခက်သွားသည်။အကြောင်းမှာ ကိုကြီးက

စိုးကို သံသယမျက်ဝန်းတွေနဲ့ ကြည့်နေ၍

ဖြစ်ပါသည်။ကိုကြီးက အခုနောက်ပိုင်း

လုပ်စရာရှိတဲ့ အလုပ်တွေကို အိမ်ကိုယူလာ

တတ်ပါသည်။အပြင်လုံးဝ မထွက်တာလည်း

စိုး သတိထားမိသည်။ရွှေအိမ်သူနဲ့ တိုးမှာ

စိုးရိမ်လို့လား မပြောတတ်ဘူး။


" ဘာလို့ မအိပ်သေးတာလဲ..."


" ရှင်.... "


" နားထောင်လို့ကောင်းလား "


" ဘာက်ိုလဲ ကိုကြီး... "


" အဟွန်း....မသိချင်ယောင်ဆောင်နေသေး

  တယ်...ငါ မင်းကို ဘယ်နားသွားထားမှ

  လုံခြုံမှာလဲ... "


ရှင်းရှင်းလေးပါ ကိုကြီးရယ်..။လူသိရှင်ကြား

ကိုကြီး ဇနီးဆိုတာ ကြေညာလိုက်ရင် ဘယ်သူ

က စိုးကို ထိရဲမှာလဲ။ကိုကြီး ကိုယ်တိုင်ဖုံး

ကွယ်ထားမှတော့ စိုးကို ဘယ်သူက အလေး

ထားတော့မှာလဲ။


ပြောပြချင်တယ်...စိတ်ထဲရှိတဲ့အတိုင်း...။

လိုအပ်တာထက် ပိုပြီး အခွင့်အရေးယူတယ်

ဆိုပြီး အပြောမခံချင်လို့ ရင်ထဲမျိူသိပ်ထား

ခဲ့ရတဲ့ ခံစားချက်တွေမှ အများကြီးပဲ။


" ဒီလူက ပညာသာတတ်တာ...အသိညဏ်

  မရှိဘူး...ငါ့မိန်းမပါလို့ သေချာပြောခဲ့တာ

  တောင်...မျက်စိနောက်အောင်လုပ်နေတယ်

  မင်းကလည်း ဘာတွေလုပ်ထားမှန်းမှ မသိ

  တာ..."


" စိုး ဘာမှမလုပ်ထားပါဘူး "


" ယုံချင်စရာကောင်းတာက်ို "


အစထဲက အယုံအကြည်မရှိရင်လည်း မမေး

နဲ့ပေါ့။အလုပ်လုပ်ရတာကိုပဲ သူ့မှာ စိတ်

မဖြောင့်နိုင်။ကွန်ပျူတာကြည့်လိုက်...သူမဆီ

ကြည့်လိုက်နဲ့ သူ ဗျာများနေတော့သည်။


ထိုစဥ် သူ့ဖုန်းမြည်လာ၍ စိုးအကြည့်တွေက

ဖျက်ခနဲဆို သူ့ထံရောက်လာသည်။


သက်နောင်ဆီကဖုန်းလို့ တယောက်ထဲပြော

သလိုနဲ့ စိုးကြားအောင် ရေရွတ်လိုက်သေး

သည်။


" အေး...ပြော.... "


" သိရပြီ ကိုညီ.... "


" အင်း..... "


" စိုးမေလှိုင်ရဲ့အမ ဆွေဆွေလှိုင်နဲ့..... "


" ဘာ!! "


ဘာ ဆိုတဲ့အသံသည် အတော်ကို ကျယ်

လောင်သွားသည်။စိုးပင် ပခုံးလေးနှစ်ဖက်

တွန့်သွားပါသည်။မဆီမဆိုင် သူ့အကြည့်

စူးစူးတွေက စိုးထံ ရောက်လာသည်။သူ

ချက်ချင်းကြီးပြောင်းလဲလောက်အောင်

စိုး ဘာအမှားတစ်ခုမှ မကျူးလွန်ထားမိပါ

ဘူး။


သူ့စိတ်ထဲ ထင်နေတဲ့အတိုင်း ဖေဖေသည်

တခြားမိန်းမတယောက်အတွက်သာလျှင်

မြန်မာပြည်က်ို ခနခန ပြန်လာနေခြင်းဖြစ်ပါ

သည်။စိတ်အာဟာရ ကျွေးတာပါဆိုတဲ့ဖေဖေ

က စိုးမေလှိုင်အမကိုကျ ဘယ်သူမှမသိ

အောင် တိုက်ခန်းတွေဝယ်ပေး...လတိုင်း

အသုံးစရိတ်တွေထောက်ပံ့...လိုလေးစိတ်

မရှိအောင် ထား ခဲ့ပါလား။


" စိုးမေလှိုင်...ဒီခန လာစမ်းပါအုံး "


လေသံကအစ အသားလွတ် မာထန်သွား

သည်။


" မင်းတို့ ညီအမနှစ်ယောက်က...ငါတို့

  မိသားစုကို ဒုက္ခ ပေးဖို့မွေးဖွားလာကြတာ

  လား "


" ရှင်...ကိုကြီး ဘာတွေပြောနေတာလဲ "


" တော်လောက်ပြီ စိုးမေလှိုင်...ငါတစ်ခုခု

  ပြောတိုင်း...ဘာမှမသိသလို မျက်နှာဘေးနဲ့

  ဖြူစင်ချင်ယောင်ဆောင်နေတာတွေ ရပ်

  လိုက်ရင်ကောင်းမယ်...ဒီကိစ္စကို မင်းမသိပါ

  ဘူးလို့ ငြင်းရင် အဲ့ဒါမင်းညာတာ...ပြောစမ်း

  ပါအုံး.... မင်းအမရဲ့ စပွန်ဆာကို မင်းသိ

  တယ်မို့လား "


" ဘယ်လို... အဲ့လူကို စိုးတစ်ခါပဲ မြင်ဖူးတာ

  အဲ့ဒါစိုးနဲ့ ဘာမှမဆိုင်ဘူး "


" ဟ.... မင်းတို့ညီအမတွေက ဝေစားမျှစား

  တွေလေ... မဆိုင်ဘူးပြောလို့ရသလား...

  စိတ်ဓာတ်တွေက အောက်တန်းကျလွန်း

  တယ်...ကိုယ်အဆင်ပြေဖို့ပဲ ကြည့်တတ်တဲ့

  မင်းတို့လိုမိန်းမမျိူးတွေကြောင့်..အေးချမ်း

  တဲ့ မိသားစုဘဝတွေ ဖရ်ိုဖရဲ ဖြစ်ကုန်ကြ

  တာ... "


ဆွေဆွေလှိုင် ပြသာနာကို သူမ မွှေးခဲ့တဲ့မီးလို

သဘောထားပြီး သူ့ဒေါသတွေ ​ဖြာထွက်

ပေါက်ကွဲကုန်သည်။စိုးကို လက်ညှိုးငေါက်

ငေါက်ထိုးလျက် နာကျင်စရာ စကားလုံးတွေ

ဖြင့် နလန်မထူအောင် ကိုင်ပေါက်ခဲ့ပြန်ပါ

သည်။


" ပွင့်ပွင့်လင်းလင်းပြော ကိုကြီး...သူနဲ့ပက်

  သတ်တဲ့ ကိစ္စက စိုးဆီ ဘာလို့အဖျားခတ်

  နေရတာလဲ...အမှန်တိုင်းပြောရရင်..စိုး

  ဘာမှမသိဘူး...သူ့အဖိုးကြီး ဝယ်ပေး... "


အဖိုးကြီး ဟူသော နာမ်စားသုံးလိုက်၍ သူ

ဒေါသပိုထွက်သွားပြီး ထိုင်နေတဲ့စိုး၏ ပခုံး

တစ်ဖက်ကို သူ့လက်ဖြင့် တွန်းထုတ်လိုက်

ရင်း...


" သောက်စကားပြောတာ ဆင်ခြင်စမ်း....

  ဘာအဖိုးကြီး...ဟုတ်သလား...မင်းတို့ကို

  အခြေမပျက်အောင် အဲ့လူကပဲ...ပံ့ပိုးပေး

  နေတာ မဟုတ်ဘူးလား "


သာမန်ပြောထွက်မ်ိလိုက်တဲ့ စကားလေးကို

သူ ဒီလောက်ထိပေါက်ကွဲနေပုံ ကြည့်ရရင်...

ဟာ...အဲ့အဖိုးကြီးက ကိုကြီး အဖေများလား။

စိုး မျက်ဝန်းလေးတွေ ဝိုင်းစက်သွားခဲ့ချေပြီ။

အဆင်ပြေအောင် စိုးဘက်က မည်မျှပင်

ကြိုးစားပါစေအုံး...ကံတရားက မျက်နှာသာ

မပေးတော့တဲ့အခါ စိုးကြ်ိုးစား တည်ဆောက်

ထားခဲ့တဲ့ အိမ်ထောင်ရေးသည် ပြတ်တောက်

လွယ်သည့် ဆက်ဆံရေးတစ်ခုသာဖြစ်

ကြောင်း.တဖြေးဖြေး နားလည်လာခဲ့ရသည်။


" ဆွေဆွေ ဘာအလုပ်လုပ်စားတယ်ဆိုတာကို

  စိုးသိတယ်...သူ့အလုပ်အကြောင်းနဲ့ပက်

  သတ်တာ စိတ်မဝင်စားခဲ့ဘူး...သူ့လူနဲ့

  တစ်ခါပဲဆုံခဲ့ဖူးတယ်...သူကလည်း ခနခန

  မလာတတ်ဘူး...စိုး အမှန်အတိုင်းပြောပြ

  နေတာ ကိုကြီး... "


သူ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငိုက်စိုက်ချ

ထားမိသည်။သူ့ ခေါင်းထဲတွင် မေမေပဲရှ်ိ

တော့သည်။ဖေဖေ့အကြောင်းပိုသိရလေ

မေမေ့အတွက် ပိုခံစားရလေပဲ။ဖေဖေနဲ့

ပက်သတ်ပြီး မေမေဟာ မျက်စိပိတ် နားပိတ်

နေနိုင်လွန်းခဲ့သည်။ဒေါသထွက်တယ်ဆိုတာ

ထက် ရှက်စိတ်က ပိုများနေသည်။


" ငါ့ပါးစပ်နဲ့ ထုတ်ပြောဖို့တောင် ရှက်တယ်..

  မင်းသိလား....မင်းအမနဲ့ ဖြစ်နေတဲ့လူက

  ငါ့အဖေကွ...ဘယ်လောက်ရှက်ဖို့ကောင်း

  လဲ...ငါ တိတ်တိတ်ပုန်း လက်ထပ်ထားတဲ့

  မိန်းမက...ငါ့အဖေနဲ့ဖောက်ပြန်နေတဲ့လူရဲ့

  ညီမ.....မေမေ့အပေါ် ငါမတရားခဲ့ဘူး...

  အစထဲက ကြိုသိခဲ့ရင် မင်းကိုငါ....

  မချစ်ခဲ့ဘူး...လက်မထပ်ခဲ့ဘူး...ဘယ်

  လောက် သနားစရာကောင်းလဲ ငါ့အမေ..

  ဘာတစ်ခုမှ မသိရှာဘူး "


ပြောရက်လိုက်တာ ကိုကြီးရယ်...အခုလို

အခြေအနေဖြစ်အောင် ဖန်တီးခဲ့တာရော

ကိုကြီးပဲ မဟုတ်ဘူးလား။ဘာတစ်ခုမှမသိ

ရှာတဲ့ ကိုကြီး အမေကိုပဲ သနားတတ်ခဲ့တာ

လား။နေရာအပေးမခံရတဲ့ဘဝနဲ့ တိတ်တိတ်

ပုန်းမယားဆိုတဲ့ ခေါင်းစဥ် အတပ်ခံရတဲ့

မိန်းမတယောက်ရဲ့ ခံစားချက်ကိုရော

ထည့်မတွက်ပေးတော့ဘူးလား။


" အခုငါ ဘာဆက်လုပ်သင့်လဲ စိုးမေလှိုင်...

  ပြောစမ်းပါ..."


သူမ၏ ပခုံးနှစ်ဖက်ကို ဆွဲကိုင်လှုပ်ရမ်းရင်း

သူ မေးလိုက်သည်။သူ့မျက်နှာတစ်ခုလုံး

ရှက်စိတ်ကြောင့် နီရဲနေသည်။သူ ဘယ်လို

ခံစားနေရမလဲ စိုး နားလည်ပေးနိုင်ပါသည်။

အခုအခြေအနေမှာ သူ ဘယ်လိုဆုံးဖြတ်

ဆုံးဖြတ် စိုး ခေါင်းညိတ်လက်ခံရမှာပါ။


စိုး ဘာတစ်ခွန်းမှမပြောပဲ သူ့ရင်ခွင်ထဲ အရဲ

စွန့်ပြီး တိုးဝင်ခဲ့မိသည်။ဒါဟာ နောက်ဆုံး

အကြိမ် သူ့ကို အားရပါးရ ဖက်ခွင့်ရတာ

လည်း ဖြစ်ချင်ဖြစ်သွားနိုင်တာပဲလေ။


သူ စိုးကို လုံးဝ ပြန်မဖက်ထားခဲ့ပါဘူး။သည်

ထက် ပိုပြီး ငြိတွယ်လို့မရတော့မှန်း သူ သိ

နေခဲ့ပြီးပြီ။


အစထဲကိုက အချစ်နဲ့ပက်သတ်လာရင် သူ

ဟာ ချိူ့ယွင်းချက်တွေများ ရှိနေခဲ့တာလား။

ဘယ်သောအခါမှ ဖြောင့်ဖြူးသာယာနိုင်မှာ

လဲ။စိုး ငိုနေတာ သူ ကြားပါတယ်။စိုးကို စပြီး

လက်ထပ်ထဲက နာကျင်ခြင်းတွေ...အမုန်း

တွေပဲ သူ ပေးခဲ့ချင်တာ။ဒါပေမယ့် သူ အချိန်

အကြာကြီး မရက်စက်နိုင်ခဲ့ပါဘူး။သူမကပဲ

သူ့ကို တဖန်ပြန်လည် အနိုင်ယူနိုင်ခဲ့တာပါ။


အရာအားလုံးဟာ သူ့စိတ်တိုင်းကျတစ်ခုမှ

ဖြစ်မလာနိုင်တော့ပါဘူး။သူကိုယ်တိုင်လည်း

ဘယ်လမ်းကို ရွေးချယ်ရမလဲ ဝေခွဲရ ခက်

နေခဲ့သည်။


သေချာတာတစ်ခုက စိုးကို သူ နင့်နေအောင်

ချစ်ခဲ့မိပြီ ဆိုတာပါပဲ။


*******************************************


အခန်း (7) မျှော်


Author.. 😍 A Mon Ko 😍


rate now: