book

Index 5

အခန်း (5)

  • Author : A Mon Ko
  • Genres : Romance, Drama

ညီလင်းညိုသည် တိုက်ပေါ်တက်သွားသော

သူ့အဖေကို အချိန်ကြာကြာ ထိုင်စောင့်နေပါ

သည်။တစ်နာရီကျော်ကျော် ကြာသွားပြီး

နောက် ဆင်းလာမယ့်ပုံအရိပ်အယောင်ပင်

မတွေ့ရ၍ သက်နောင်ဆီဖုန်းဆက်ကာ လာခဲ့

ဖို့ ခေါ်လိုက်ပါသည်။သက်နောင် ရောက်ကာ

မှ...


" ငါ့အဖေ ဒီတိုက်ပေါ်တက်သွားတယ်...ဖေဖေ

  ဘယ်သူ့ဆီလာလဲ ငါသိချင်တယ်...ဘယ်မှာ

  နေလဲဆိုတာကအစ..."


" ဟုတ်.... ကိုညီ...."


" စိုးမေလှိုင် ဝတ်စုံ အဆင်သင့်ဖြစ်ပြီလား "


" ဖြစ်ပြီ ကိုညီ "


" အေး ကောင်းတယ်...ဒါဖြင့် ငါသွားမယ် "


သက်နောင်နဲ့ အကုန် လွှဲထားခဲ့ပြီး သူ ထွက်

လာခဲ့ပါသည်။Company အခုမှ ထောင်ကာ

စမို့ သူ့တွင်လုပ်စရာ အလုပ်တွေ များလွန်း

နေသည်။သည်ကြားထဲ ဖေဖေ့ကိစ္စကပါ

အရေးတကြီး သိခွင့်ရဖို့ လိုအပ်နေရာ အရာ

အားလုံး ထောင့်စေ့အောင် အပြီးသတ်ဖို့

သူ သေချာစဥ်းစားပြီး လုပ်နေရပါသည်။


ဒီည ဆေး company တစ်ခု၏ နှစ်ပတ်လည်

အခမ်းအနားပွဲကို စိုးမေလှိုင်နဲ့အတူ ပွဲတက်

ဖို့ သူ စီစဥ်ထားခဲ့ပါသည်။ထိုပွဲတွင် သူမကို

နေရာပေးဖို့ မဟုတ်ပဲ စနစ်တကျ အရှက်ခွဲဖို့

ရည်ရွယ်ပြီး သူ ပွဲကိုခေါ်သွားမှာ ဖြစ်သည်။


သူ့ရုံးကို ရောက်သည်နှင့် စိုးမေလှိုင် ရောက်

မရောက် ဖုန်းလှမ်းဆက်၍ မေးလိုက်သည်။

သူမ ဖုန်းမကိုင်ပဲ မသူဇာ လာကိုင်ရာ သူ

စိတ်ထဲ မကျေမနပ် ဖြစ်သွားသည်။


" သူ ဘယ်ရောက်နေလို့လဲ "


" အိပ်နေတယ်အကိုလေး.. "


" ဟ... မိုက်လှချည်လား...စည်းစိမ်အပြည့်ပဲ

  နောက်တစ်နာရီကြာရင်....သူ ညဝတ်ဖို့

  ဝတ်စုံ တယောက်လာပို့လိမ့်မယ်...ဒီညနေ

  ခြောက်ခွဲ လာခေါ်မယ်...အဆင်သင့်လုပ်

  ခိုင်းထား "


ဘာတွေ ဖြစ်လာအုံးမလဲ မသူဇာ ရင်ထိတ်

နေပြီ။စိုး ပြောတာတော့ သည်ည ပွဲတစ်ခု

အတူတက်ရမယ်တဲ့။ဘာပွဲမို့ ဝတ်စုံကအစ

တကူးတက ပို့ပေးရတာလဲ မသိဘူး။


မသူဇာတစ်ယောက် အိမ်ထဲတွင်လုပ်စရာရှိ

တာတွေ ပြီးပြတ်ပြီးနောက် ခြံသန့်ရှင်းရေး

လုပ်နေစဥ် တစ်ဖက်ခြံက ဆရာလေးသည်

ခြံရှေ့ကနေ သူမကို လှမ်းခေါ်နေပါသည်။


" သြော်.... ဆရာလေးပါလား... "


" တံခါးမဖွင့်ပေးတော့ဘူးလားဗျာ... "


မနက်ကမှ လတ်လတ်ဆတ်ဆတ် အဆူခံထား

ရတာနော် မိသူဇာလို့ မှတ်ညဏ်က သတိရပေ

မယ့် ခြံဝ နေပူပူအောက်ဝယ် လက်ထဲမှာ

လည်းအထုပ်တွေနဲ့ ပြုံးပြုံးကြီးမတ်တပ်ရပ်

နေသော ဆရာ့ကို သူမ ခြံထဲ မဝင်ခိုင်းရ

အောင်အထိ မရက်စက်နိုင်ခဲ့ပါဘူး။


" ဝင်ပါ ဆရာလေး....တံခါးဖွင့်ဖို့မေ့သွား

  တာ..."


" ဟုတ်ပါပြီဗျာ...အမရဲ့ ညီမလေးအခြေ

  အနေလာကြည့်ရင်း...အမတို့ညီအမတွေ

  စားဖို့..."


မသူဇာ ယူရမလား...မယူရမလား..ဝေခွဲမရ

ဖြစ်နေသည်။


" ယူပါဗျာ....ကျတော် ထမင်းတနပ်တကယ်

  မကျွေးခိုင်းပါဘူး...အမ မစားရင်တောင်..

  အမ ညီမလေး....သူက အားနဲနေတာလေ..

  ပူတင်းစားရင် အားရှိတယ်..."


ဆရာလေးကို အိမ်ထဲဝင်ရန် မသူဇာ ခေါ်

သော်လည်း သူက မဝင်တော့ပါဘူးဗျာတဲ့။

ခြံထဲက ခုံလေးတွင်ပင် သူ ထိုင်ချလိုက်ရင်း

ပန်းပင်လေးတွေကို ဂရုတစိုက် ငေးကြည့်

နေလေရဲ့။


ထိုအခိုက် စိုး ခြံထဲကို ဆင်းလာရာ....


" စိုးရေ..... ဒီမယ်လေ...စိုးကို လာကြည့်ပေး

  တဲ့ ဆရာလေး...ခုလည်း...စိုးစားဖို့ ပူတင်း

  လာပေးတာတဲ့...."


" အားနာစရာတော့ ကောင်းနေပြီ ဆရာရယ်..

  ဟို...အဲ့နေ့က စိုး ဘာမှမမှတ်မိဘူး...ခုလို

  စေတနာနဲ့ လာကြည့်ပေးတာ ကျေးဇူးပါပဲ

  ဆရာ.... "


စိုးနဲ့မသူဇာက မတ်တပ်ရပ်အနေအထားနဲ့

သူက ထိုင်နေသော ဟန်နေဟန်ထားသည်

စကားပြောရာတွင် အဆင်မပြေ ဖြစ်နေ၍

သူ အရင်ပြုံးပြပြီးမှ...


" ထိုင်ကြပါလားဗျာ...ကျတော် မော့မော့ပြီး

  စကားပြောရင်...ဇာတ်ကြောတက်လို့ဗျ "


စိုး ရီချင်စိတ်ကို မနဲထိန်းရင်း သူ့ ဘေးတွင်

ထိုင်လိုက်ပါသည်။မသူဇာကတော့ စိုးဘေး

မယ်ပေါ့။


" မျက်နှာက ဒဏ်ရာတွေ သက်သာသွားပြီပဲ..

  ဆေးတွေရော သောက်နေသေးရဲ့လား...

  တချိူ့လူနာတွေက...ကောင်းသွားပြီဆိုတာ

  နဲ့ ဆေးဆက်မသောက်ကြတာများတယ်..

  ဆေးပတ်မလည်တော့ဘူးပေါ့...နောက်တခါ

  ပြန်ဖြစ်တော့ ပိုခံရတယ် "


" ဟုတ်ကဲ့ဆရာ...စိုးလည်း..... "


" ကြည့်ရတာ အဲ့လူတွေထဲ စိုးလည်း ပါတယ်

  ထင်တယ်.. "


ဆရာက လူကဲခတ်တဲ့နေရာမှာလည်း တော်ပုံ

ရသည်။စိုး နှုတ်ခမ်းလေး ကွေးရုံလောက်သာ

ပြုံးနေမိပေမယ့် စိတ်ထဲမှာဖြင့် ပေါ့ပါးလာခဲ့

ပါသည်။


" ဟုတ်မယ်ထင်တယ် "


" နာမည်က စိုးပဲလား "


" စိုးမေလှိုင် ပါဆရာ."


" ဒါဆို တော်တော်ဆိုးတဲ့ကောင်မလေးဖြစ်

  မယ်နဲ့တူတယ်...မျက်နှာပေါ် ဒဏ်ရာတွေ

  ရတဲ့အထိ...ဟားးးး "


ဇေယျကျော်သည် သူမတို့အကြောင်းကို

ဘာတစ်ခုမှမသိသူဖြစ်၍ သူ့စတိုင်လ်အတိုင်း

ပေါ့ပေါ့ပါးပါး ပြောခဲ့တာဖြစ်သော်လည်း

စိုးအနေနဲ့ အမှန်တရားတွေ နားထောင်နေရ

သလို ဖြစ်နေရာ ငြိမ်ကျသွားပါသည်။ဒါကို

သူ ရိပ်မိပါသည်။


" ဒါနဲ့...ဒီအိမ်ကိုပြောင်းလာတာ မကြာသေး

  ဘူး ထင်တယ်... "


" ဟုတ်တယ် ဆရာ...ဆရာကရော... "


" ကျတော်က ဟိုဘက်ခြံမှာနေတာ ကြာပြီ..

  ဒီအိမ် အရင်ပိုင်ရှင်တွေ ရောင်းခဲ့တာ..

  ၆နှစ်ကျော်လောက်ပဲရှိအုံးမယ်..အရင်လူ

  တွေနဲ့တုံးက ကျတော်တို့မိသားစုနဲ့အရမ်း

  ခင်ကြတာ...ဒီခြံကို ဝယ်လိုက်တာ...

  လက်ထပ်တော့မယ့် အတွဲ...ဝယ်သာဝယ်

  ထားတာ...လာနေပုံမရဘူး...အခုမှ စိုးတို့

  ညီအမ တွေ နေတာသိတာပဲ "


" သြော်...ဟုတ်လား...စိုး... "


စကားလွန်သွားမှာ စိုးရိမ်၍ မသူဇာက သူ

မသိအောင် စိုး ပေါင်ကိုလှမ်းတို့လိုက်သည်။

သူ ဆက်မေးလာရင်လည်း စိုးတို့ဘာဖြေရ

မှန်းမသိ။


ဇေယျကျော်ကလည်း သူမတို့ကို မြင်ရုံနဲ့

တစ်ခုခုကို ဖုံးကွယ်ထားမှန်း သိပါသည်။သူ

များ အိမ်တွင်းရေးကို လိုအပ်တာထက် ပို

မသိချင်ပါဘူး။


" ဒါဆို ကျတော်ပြန်လိုက်ပါအုံးမယ်...ပူတင်း

  စားနော် အားရှိအောင် "


" ဟုတ်ကဲ့ပါ ဆရာ...."


ဆရာ ထွက်သွားတာကို သူမတို့ မျက်စိတဆုံး

ငေးကြည့်ရင်း သူ့အရိပ်လုံးလုံး ပျောက်ကွယ်

သွားမှ သက်ပြင်းကိုယ်စီ ချလိုက်ကြတော့

သည်။


" မလွယ်ဘူး စိုးရေ...ဆရာ ဒီဘက်ခနခနသာ

  လာနေရင် အကိုလေးနဲ့ တနေ့မဟုတ် တနေ့

  တိုးလိမ့်မယ် "


" မတိုးမိအောင် နေရမှာပေါ့ "


" ဟယ်.... "


ဒါဖြင့် ဆရာ့ကို နောက်တကြိမ်လာရင်လည်း

စိုးက လက်ခံစကားပြောအုံးမယ်ဆိုတဲ့

သဘောလား။မသူဇာ တစ်ခုခုကို ကြိုသိနေ

တယ်နော်.....စိုး မျက်လုံးတွေက ရိုးသား

သော်ငြား ဆရာ့အကြည့်တွေသည် လိုတာ

ထက်ပ်ိုတဲ့ အရိပ်အယောင်တွေ မြင်နေရတယ်


စိုးက မရိပ်မိဟန် မသူဇာကိုပင် ပြုံးပြလျက်

အိမ်ထဲဝင်သွားလေသည်။မသူဇာလည်း ပန်း

ပင်တွေ ရေဆက်လောင်းရန် ရေပိုက်လှမ်း

အယူ ခြံရှေ့တွင် ကားတစ်စီး ဟွန်းသံပေးနေ

၍ တံခါးသွားဖွင့်ပေးရာ ညီလင်းညို လွှတ်

လိုက်သည့်လူက စိုး ဝတ်ဖို့ အဝတ်အစားတွေ

လာပ်ို့ပေးတာ ဖြစ်ပါသည်။တော်သေးသည်..

ထိုလူနဲ့ ဆရာ မတိုးသွားတာပဲ ကံကောင်း

တယ် ပြောရမည်။


ထိုလူပြန်သွားပြီးနောက် မသူဇာသည် အကို

လေး လူကြုံပေးခိုင်းလိုက်သော ဝတ်စုံအထုပ်

ကိုယူကာ စိုးထံ လွှဲပေးပါသည်။စိုးသည် 

အိတ်ထဲက အဝတ်အစားတွေကို စိတ်ဝင်စား

ခြင်းမရှိသည့်နှယ် ခုတင်ထက်တွင် ပစ်ပုံထား

လိုက်သည်။


ထို့နောက် အန်တီခ သတင်းသိလို၍ ဆွေဆွေ့

ဆီ ဖုန်းလှမ်းဆက်လိုက်သည်။၂ ခါခေါ်လည်း

မကိုင်...ဘာတွေအလုပ်များနေမှန်းမသိ။စိုး

ဘက်က မခေါ်တော့ဘူးလို့ ဆုံးဖြတ်လိုက်

ချိန်မှ ဆွေဆွေ ဖုန်းပြန်ခေါ်လေသည်။


" နင် ဘာလုပ်နေတာလဲ...ဖုန်းကို ချက်ချင်း

  မကိုင်ဘူး..."


" ငါလည်း ငါ့အလုပ်နဲ့ငါလေ...နင်လည်းသိ

  သားနဲ့...အဖိုးကြီး ပြန်ရောက်နေတယ်...

  အန်တီခလည်းမရှ်ိဘူး....ဒါကို သူက..

  ချစ်တီးကျပြီး အရင်လို ဟိုတယ်မသွားတော့

  ဘူး...ဒီမှာပဲ... "


" ကဲ.... တော်ပါပြီဟာ...အဲ့ဒါတွေနားမထောင်

  ချင်ဘူး.... အန်တီခ သတင်း ဘာထူးလဲ "


" ဟယ် စိုးရယ်...မနက်ကမှ နင်ငါ့လာမေး

  တာလေ....ချက်ချင်းကြီး စုံစမ်းရအောင်

  လည်း ငါမအားဘူးလေ...."


" ကျစ်....ခက်တော့တာပဲ "


" နင်ငွေလိုနေတာလား... လိုရင်ငါ့ဆီကယူ

  လေ "


ဆွေဆွေ့လို ငတုံးမကို နားလည်သည်အထိ

ရှင်းပြဖို့ဆိုတာ မျက်နှာချင်းဆိုင်တွေ့ နားထဲ

ဝင်အောင် တိုက်ရိုက်ပြောမှ အဆင်ပြေမယ့်

အနေအထားမျိုးရယ်။


" ငါလိုနေတာ ငွေမဟုတ်ဘူး...အန်တီခ ယူ

  သွားတဲ့ ပိုက်ဆံအားလုံး ပြန်လိုချင်တာ..

  ငါလောနေတယ်ဆိုတာလည်း...အချိန်

  အရမ်းကြာသွားရင် သူ ဖြုန်းထားတဲ့ငွေ

  တွေ ပြန်မဖြည့်နိုင်မှာကိုစိုးလို့..ကဲ ကဲ...

  ဒါပဲဟာ "


စိုး တစ်ယောက်လေ...ဘာတွေဖြစ်နေမှန်းကို

မသိဘူး။ပွင့်ပွင့်လင်းလင်း ပြောပြဆိုတော့

လည်း မဟုတ်ပြန်ဘူး။မနေ့တနေ့ကမှ ယူ

ထားတဲ့ အိမ်ထောင်ရေးက အဆင်မှပြေရဲ့

လား မသိဘူး။သူ့ယောကျာ်းကလည်း

ဆွေဆွေ့ကို ဘာတွေပြောလို့ ပြောသွားမှန်း

ကိုမသိဘူး။


" ကလေးလေး.....ဘာတွေ တွေးနေတာလဲ..

  ကိုကြီး မဝသေးဘူးနော်....ပြန်လာအုံး...

  ဒီကို..."


အဲ့အသံတွေ ကြားရတာ ဆွေဆွေ တဖြေး

ဖြေး စိတ်ကုန်ချင်လာသည်။ကိုယ့်အဖေ

အရွယ်လူကြီး၏ အထိအတွေ့တွေကိုလည်း

သူမ တစ်ခါမှ မသာယာခဲ့မိဖူးပါဘူး။


အန်တီခ အတင်းလုပ်ခိုင်းလို့သာ သူမမှာ

ငြင်းမရခဲ့တာ။သူမတုံးကလည်း စိုးလိုပဲ

ပြောခဲ့သည်။ပွဲတက်မယားတဲ့....ပွဲအတူ

တက်ရင်း သူမ မှာ နောက်ဆုံး ဘဝပါ တွဲပေး

လိုက်ရတာပဲ။ဒါတောင် အန်တီခက သူမကို

နုံတယ်လို့ အပြစ်တင်ချင်သေးတာ။သူ ကိုယ်

တိုင်ပဲ ဇာတ်ညွှန်းရေး...သူကိုယ်တိုင်ပဲ

ဒါရိုက်တာလုပ်ပြီး သူမ ဘဝကို တိုက်ခန်း

တစ်ခန်းစာနဲ့ လဲယူခဲ့တာ ဆွေဆွေ မသိတာ

မှတ်လို့။


ဆွေဆွေ့ဘဝထက်စာရင် စိုး ကအများကြီး

တော်ပါသေးတယ်။တကယ်က စိုးအကြောင်း

ကို သူမ မသိသေးလို့ အားကျနေတာ။


" ဒီနေ့မင်းကို ကြည့်ရတာ အာရုံမလာသလို

  ပဲကွာ...ဘာတွေညစ်နေတာလဲ ကိုကြီးကို

  ပြောပြ....ဒီမှာ ကိုကြီးကနော်...အိမ်က

  ဘွားတော်ကြီးဆီတောင်မပြန်ပဲ..ကလေး

  ရင်ခွင်ထဲ လာအောင်းနေတာဗျ...လူကို

  လန်းအောင် ကိုယ့်ကိုကိုယ်တော့ ရေဖြန်း

  အုံးလေကွာ....မျက်နှာလေးက မသာမယာ

  နဲ့ ဘာဖြစ်နေတာလဲ "


" အန်တီခ ဘယ်မှာရှိလဲ ဆွေ သိချင်တယ်

  ကိုကြီး... "


" ဟင်... သူမရှိတာ ကလေးအတွက်ပိုအဆင်

  ပြေမယ် မထင်ဘူးလား...ခု....သူ ထွက်

  သွားတာတောင် သူ့အကြွေးတွေ ကလေးပဲ

  ဆပ်ပေးနေရတာ...အဲ့လောက် ဒုက္ခတွေ

  ပေးနေတဲ့လူကို ကလေးက ဘာလို့မျှော်လင့်

  နေရတာတုံး...အမှန်အတိုင်းပြောရရင်..

  သူ ကိုကြီးဆီက ယူခဲ့တာတွေအများကြီး..

  ကလေးမျက်နှာနဲ့မို့ ကိုကြီး ပေးခဲ့တာ..သူ

  နဲ့ အဆက်အသွယ်ပြတ် ပိုတောင်ကောင်း

  သေး...ဘယ်လောက်သာယာလဲ "


အရေးထဲ သူ ဝန်ပေါ့သွားတာတွေ စကားထဲ

ထည့်ပြောနေသေးသည်။ဆွေဆွေလည်း

စိုးလိုပဲ လွတ်မြောက်ချင်ပြီ။မယားငယ်

သာသာ ဘဝနဲ့ အဆုံးမသတ်ချင်တော့ဘူး။


" ကိုယ့်ကိစ္စနဲ့ကိုယ်ပါ ကိုကြီးရယ်..သူ့ဘာ

  သာ တစ်ယောက်ထဲ ထွက်သွားရင်ကိစ္စ

  မရှိဘူး...အခုစိုးရဲ့ငွေတွေကို ယူပြီး ထွက်

  ပြေးသွားတာ "


" ဟင်....ဒါကထူးဆန်းလို့လား ဆွေဆွေရဲ့...

  မင်းအဒေါ်ငွေမက်တာ...မင်းတို့ညီအမတွေ

  အသိဆုံးပဲ....စိုးက အိမ်ထောင်ကျနေပြီဆို

  သူ့ ယောကျာ်းက သူဌေးမို့လား...ဘာတွေ

  နှမြောနေတာလဲ..."


" မသိပါဘူး....ကိုကြီး ဘာမှမသိဘူး "


" ဟုတ်တယ် ကိုကြီး ဘာမှမသိဘူး...အေး..

  ကိုကြီးသိတာလည်း တစ်ခုထဲ....အဲ့ဒါ

  ဘာလဲဆိုတော့....."


သူ့ရင်ခွင် ပွပွကြီးထဲ ဆွေဆွေ့က်ို  အတင်းဆွဲ

သွင်းလိုက်ပါသည်။သူ ဘာလုပ်လုပ်ဆွေဆွေ

သည် ကြိုက်တယ်လည်း ပြောခွင့်မရှ်ိသလို

မကြိုက်ဘူးဆိုပြီးလည်း ရုန်းထွက်ခွင့်..ငြင်း

ပိုင်ခွင့်မရှိပါ။လက်ရှိနေသော တိုက်ခန်းက

သူ ဝယ်ပေးထားတာဖြစ်ပြီး ဆွေဆွေ့အသုံး

စရိတ်အားလုံး သူ တာဝန်ယူထားတာ ဖြစ်

လေသည်။


သည်နွံထဲက ရုန်းထွက်ဖို့ဆိုရင် ဦးဟန်မင်းညို

နဲ့ ကင်းအောင်နေနိုင်မှရမည်။သူ့ ဘဝထဲက

နုတ်ထွက်မည်ဆိုလျှင် တိုက်ခန်းပြန်အပ်ရ

မည်။အစစအရာရာ အသေးစိတ်ကအစ ဘဝ

ကို တစ်ကနေ ပြန်စရမည်။ဒါတွေ တွေးမိရင်

ဖြင့် ဆွေဆွေ့မှာ လက်ရှိဘဝကို မပျော်မွေ့

သော်လည်း ရွေးစရာလမ်းမရှိသကဲ့သို့ ဖြစ်

နေပြန်သည်။


လမ်းဆုံးရောက်နေတာမှ မဟုတ်ပဲလေ......

ကောင်းသောလမ်းခွဲတစ်ခုဖြင့် ကြုံအုံးမှာပါ

ပဲဆိုပြီး ကိုယ့်စိတ်ကိုယ် အားတင်းထားရ

တော့သည်။


@@@@@@@@@@@@@@@@@@@


" စိုးရေ အဆင်သင့်ဖြစ်ပြီလား "


အကိုလေး လာမယ့်အချိန်နီးနေ၍ မသူဇာ 

သူမ အခန်းထဲဝင်လာပြီး သတိပေးလိုက်ပါ

သည်။


" ကျန်တာအကုန်ပြီးပြီ...ဒီဝတ်စုံကြီး..စိုး

  မဝတ်ရဲဘူး.... "


ဂါဝန်လေးက တလက်လက်တောက်ပြောင်

နေသည်။ကြိုးတစ်လုံးကိုမှ ရင်ညွန့်နဲ့နောက်

ကျောကိုဦးစားပေး ဖော်ထားသည်။နောက်

ကျော တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေ

သည်ထား...ဒီလောက်အနေအထားဆိုရင်ဖြင့်

စိုး ဝတ်ရဲသေးသည်။အခုဟာက ရင်ညွန့်

တော်တော်ကို ဟိုက်နေသည်။


" ဟုတ်ပါရဲ့...ဂါဝန်ကြီးကလည်း "


သူ ပို့ခိုင်းသည့် အဝတ်အစားကို မဝတ်ပါက

ဒေါသူပုန်ထပြီး သောင်းကျန်းမှာကိုလည်း

နှစ်ယောက်သား ကြိုသိပြီးသားပင်။


" ဘယ်လိုလုပ်ရမလဲ မကြီး.... "


" အချိန်မရှိတော့ဘူးစိုး....ဝတ်သာဝတ်လိုက်

  တော့....စိုး အခက်တွေ့အောင် သူ တမင်လုပ်

  ထားတာ...ဘာပွဲလဲတော့ မကြီးမသိဘူး...

  ဘာပွဲဖြစ်ဖြစ် အချိန်ခနလေးပဲကြာမှာပါ "


ပွဲတော်တော်များများကို စိုး တက်ခဲ့ဖူးပါသည်

အလုပ်သဘောအရ ပိုက်ဆံရလို့ တက်ခဲ့တဲ့

ပွဲတွေ ဖြစ်သည်။ကိုယ်ဝတ်မယ့် အဝတ်အစား

ကို စိတ်ကြိုက်ရွေးဝယ်ပြီး အဆင်ပြေသလို

ဝတ်ခဲ့တာပင်။သောက်ကြ စားကြ...ပျော်ကြ.

စကားတွေပြောကြ...ဒါလူကြီးလူကောင်း

တွေ၏ ပွဲတက်သည့် စတိုလ်တစ်ခုသာ ဖြစ်

နေမလားပဲ။တချို့သူဌေးတွေကျ ပွဲတက်လာ

သည့်အခါ သူတို့ဇနီးတွေ ခေါ်လာကြသည်။

တချိူ့တွေကျ စိုး တို့လို မိန်းခလေးမျိူးတွေ

ငွေပေးပြီး ခေါ်တတ်ကြသည်။ဘာရယ်

မဟုတ်....လှလှပပလေးတွေ အနားမှာခေါ်

ထားပြီး စီးပွားရေးသမားအချင်းချင်း အလုပ်

စကားပြောတဲ့အခါ တစ်ဖက်က မျက်စိကျရင်

ထိုးကျွေးကြတာ ဖြစ်သည်။အဲ့အချိန်မှာ

အန်တီခ ပြောခဲ့သလိုပဲ....လည်ရင်ရှောင်

ထွက်...နုံရင် ခံပေတော့ပေါ့။


" စိုး....ဘာတွေ တွေးနေတာလဲ.. မြန်မြန်လဲ

  တော့ "


စကားတောင်မဆုံးသေး....ခြံရှေ့ ကားဟွန်း

တီးသံ ကြားရလျှင် မသူဇာ ဗျာများသွား

တော့သည်။စိုးကို မြန်မြန်ဝတ်ဖို့ ပြောခဲ့ပြီး

မသူဇာ ခြံထဲ ပြေးဆင်းသွားသည်။ခြံတံခါး

ကို အလောတကြီး ဖွင့်ပေးနေသည့် မသူဇာ

အား ဟိုဘက်ခြံက ဝရံတာကနေ ဇေယျကျော်

လှမ်းကြည့်နေမိသည်။


ကားထဲကလူ ဘယ်သူလဲဆိုတာ သိချင်စိတ်

ဖြစ်မိသော်လည်း သူလည်း သွားစရာနေရာ

ရှိနေ၍ အိမ်အတွင်းဘက် ပြန်ဝင်သွားပါသည်


ဇေယျကျော် အထဲဝင်သွားချိန် ညီလင်းညို

ကားထဲက ဆင်းလာသည်။ပြီးလျှင် အပေါ်

တစ်ခါထဲ တန်းတက်သွားပြီး အခန်းထဲဝင်

လာပါသည်။အခုထိ ဝတ်လို့မပြီးသေးသော

သူမကို သူ မျက်မှောင်ကုတ်ပြီး ကြည့်လိုက်

ရင်း....


" မင်းကိုအဆင်သင့်လုပ်ထားလို့ ပြောခဲ့တာ..

  နားများလေးသွားတာလား...."


" မဟုတ်ပါဘူး....ဒီ အဝတ်အစားကြီး..စိုး

  မဝတ်တတ်လို့ပါ "


" ဘာရယ်....ဟားးးးး....မင်းလို မိန်းမက..

  ဒါလေးမဝတ်ရဲဘူး...ဟားးးး..တော်ပါတော့

  စိုးမေလှိုင်ရာ....ငါ့ကိုဟာသတွေလာပြော

  မနေစမ်းနဲ့...ဒီအလုပ်က မင်းလုပ်နေကျ

  အလုပ်....ဒီလိုပွဲမျိုးမှာ များများဖော်လေ..

  မင်းအတွက် ငွေများများရလေ မဟုတ်ဘူး

  လား...ခုမှ ဘာမဝတ်ရဲတာတွေ ပြောနေတာ

  လဲဟ "


ကိုကြီး စိုးကို တစက်ကလေးမှ အထင်မကြီး

တာ စိုးသိတယ်...ကိုယ့်အပြစ်နဲ့ကိုယ်မို့ နား

လည်ပေးလို့ရတယ်။ဒီအလုပ် လုပ်စားတိုင်း

မိန်းမပျက်တွေပါကွာ ဆိုပြီး ဝါးလုံးရှည်နဲ့

သိမ်းကျူံးရမ်းပစ်တာမျိူးတော့ စိုး လက်မခံ

နိုင်ဘူး။စိုးက ကြုံရာခုတင်မှာ တွေ့ရာလူနဲ့

တက်အိပ်..ရသမျှငွေ အိတ်ထဲအပါထည့်

တတ်တဲ့ မိန်းမပျက် မဟုတ်ဘူး။


ငွေမက်ချက်မက်မယ်....သူများငွေကို ကိုယ့်

လက်ထဲရောက်ဖို့ မာယာတွေခင်းပြီး ကျား

တွေနဲ့ အပျော်တမ်း ကစားချင်ကစားမယ်။

ကိုယ့်ဘဝကိုယ် တန်ဖိုးမထား...ဖြစ်ချင်ရာ

ဖြစ် နေတတ်တဲ့ အတန်းအစားထဲက မဟုတ်

ဘူး။


" ဘာလဲ.... မင်းသောက်ချိုးက ဘာအထာ

  လဲ "


နှုတ်ခမ်းကို တင်းတင်းစေ့ရင်း တစ်စုံတစ်ရာ

ကို မျက်တောင်မခတ် အချိန်အကြာကြီးစိုက်

ကြည့်နေသော စိုးကိုပင် သူက မကျေနပ်သည့်

အလား ပြန်ဒေါသထွက်နေသေးသည်။


" ဒါဝတ်မှဖြစ်မှာလား ကိုကြီး...စိုးလုပ်ခဲ့တဲ့

  အပြစ်တွေအတွက် ပြန်ပေးဆပ်ရမယ့်ထဲ..

  စိတ်ဒဏ်ရာတွေအပြင်...အရှက်တရားတွေ

  ပါ...ပါတာလား "


" ဟ.... မင်းမှာ အရှက်တရားဆိုတာရော

  ပါလို့လား...မွေးထဲက အရှက်တရားဆိုတာ

  ရော ပါလာခဲ့လို့လား....မင်းလုပ်ရပ် မင်း

  မရှက်တတ်ခဲ့လို့...အခုလိုပေးဆပ်ဖို့ဖြစ်လာ

  တာလေ...ဘာတွေအသံကောင်းဟစ်နေတာ

  လဲ..."


" ဒီမယ်ကိုကြီး....ငယ်ရွယ်တဲ့အချိန် ဘေးက

  ပံ့ပိုးမှုနဲ့ လျှောက်ခဲ့တဲ့လမ်းက ကောင်းလား

  ဆိုးလား...စိုး မသိခဲ့ဘူး...အမှန်တရားကို

  ရေးရေးလေး မြင်ခဲ့တာတောင် အဆုံးထိ

  ဆက်သွားဖို့ တစုံတယောက်က တွန်းအား

  ပေးခဲ့တာ...ကိုကြီးဆီက ငွေတွေ ညာယူခဲ့

  ရုံလောက်နဲ့တော့ စိုးကို အရှက်သိက္ခာမဲ့တဲ့

  မိန်းမပျက်စာရင်းထဲ သွင်းစရာမလိုဘူး

  ထင်ပါတယ် "


" သြ....စိုးမေလှိုင်...မင်း စကားတွေသိပ်တတ်

  နေပါလား...ဒီမှာ ငါဆိုတဲ့ကောင်က...မီးရှို့

  ရင် ပြာဖြစ်မယ့် ငွေစက္ကူတွေအတွက် မင်း

  ကို ပြစ်ဒဏ်ခတ်အငြိုးဖွဲ့နေတယ်များ ထင်

  နေသလား...မင်း ခံရတဲ့အပြစ်ထက်စာရင်.

  မင်းကြောင့် ငါခံစားခဲ့ရတဲ့ နာကျင်ခြင်းတွေ

  က ပိုများတယ်မင်းသိလား...ငါ့အချစ်တွေ

  မင်း စော်ကားခဲ့တာ...ငါ့စေတနာတွေ မင်း

  ချနင်းခဲ့တာ...ငါအမုန်းဆုံးပါဆိုတဲ့အရာတွေ

  မင်း စနစ်တကျ ကျူးလွန်ခဲ့တာ...အတန်

  တန်ပြောခဲ့တယ်...ငါဆိုတဲ့ကောင်ကို...

  မလိမ်နဲ့..မညာနဲ့....မလှည့်စားနဲ့...မင်းက

  လေ...ငါ့ကိုအရူးလုပ်ခဲ့ရုံတင်မကဘူး.. 

  ငါ့ကို ငနုံတယောက်လိုသဘောထားပြီး

  မင်းလှောင်ပြောင်ခဲ့တာ....အဲ့လိုတွေမလုပ်

  ခဲ့ပါဘူးလို့ မင်း ငြင်းရဲသလား...ဒါတွေဆက်

  မပြောချင်ဘူး စိုးမေလှိုင်....ကြာရင် မင်းကို

  ငါ့လက်နဲ့ သတ်ပစ်မိလိမ့်မယ် "


သူ ပြောခဲ့တာတွေသည် မုသား တစ်ခွန်းမှ

မပါခဲ့ပါ။ဒါတွေဟာ အမှန်တရားစစ်စစ်တွေ

ဖြစ်ကြောင်း သူမ၏ မျက်ရည်တွေက သက်

သေပြနေပါသည်။ထို မျက်ရည်တွေသည်

ဝမ်းနဲလွန်းလို့ ကျလာတာမဟုတ်...ဘဝမှာ

ပထမဆုံး မိမိလုပ်ရပ်အတွက် နောင်တရခဲ့

လွန်းလို့ ကျလာသည့် မျက်ရည်တွေပင်။


အစက မဝတ်ဖူးလို့ ဆုံးဖြတ်ထားသည့်ဝတ်စုံ

ကို သူမ ယူပြီး ကလကာနောက်တွင် သွားလဲ

လိုက်သည်။သူမ လဲနေတာကို မစောင့်ပဲ သူ

အောက်ထပ်ဆင်းလာပြီး ကားထဲတွင် ထိုင်

နေလိုက်သည်။


ခနကြာလျှင် အနီရဲရဲ ဂါဝန်အရှည်လေးနဲ့

အတူ သူမ ကားအနား လျှောက်လှမ်းလာပါ

သည်။သူ မျက်တောင်မခတ်ပဲ ငေးကြည့်နေ

မိသည်။စိုးမေလှိုင်သည် ရက်ရက်စက်စက်

လှတယ်ဆိုတာထက် ခန္ဓာကိုယ်ကောက်

ကြောင်း ဖြောင့်ရာ မြင်သူတိုင်း ရင်ဖိုရုံမက

အသက်ရှုပင် မှားလောက်တဲ့အထိ အလှ

တရားကို ပိုင်ဆိုင်ထားသူဖြစ်သည်။


ဒီဇိုင်နာ ဂူဂူးကို သူ တလက်စထဲ အပြစ်တင်

ချင်သွားသည်။ဝတ်စုံက သူမ ကိုယ်ပေါ်လွှမ်း

လိုက်မှ ရင်ညွန့်အထိ တော်တော်ဟိုက်နေမှန်း

မြင်သာတော့သည်။သူ့စိတ်ထဲ ဘာတွေခံစား

နေလဲဆိုတာ ကားရှေ့ခန်းတွင် ထိုင်နေသည့်

သက်နောင် ရိပ်မိနေသည်။


စိုးမေလှိုင်က ကားထဲ မဝင်သေးပဲ ကားနား

တွင် ပေတေတေ ရပ်နေသည်။ခါတိုင်းသာ

ဒီလိုအချိုးမျိုးဆို သူ ဟောက်ပြီးနေပြီ။


သက်နောင်ကပဲ ကြားထဲက ချောင်းတစ်ချက်ဟန့်လိုက်ရင်း သူ့ဆရာကို သတိပေးလိုက်ပါ

သည်။


" မင်း ဘာရပ်လုပ်နေတာလဲ..ကားထဲဝင်လေ"


" ဝင်မလို့ပါပဲ... အရှေ့ကထိုင်ရမလား...

  အနောက်ကထိုင်ရမလား..မပြောသေးလို့ "


ရွဲ့တာ ရွဲ့တာ....။စိုးမေလှိုင်တို့ ရွဲ့ချက်က

ထင်တောင်မထင်ထားဘူး။


" နောက်မှာလာထိုင်.... "


အနောက်ကို လာထိုင်ခိုင်းလိုက်ခြင်းသည် 

သူမကို အခွင့်အရေးပေးခဲ့တာ မဟုတ်ဘူး။

မသိစိတ်၏ တွန်းအားပေးမှုကြောင့် နှုတ်က

သူ့အလိုလို ထွက်သွားတာဖြစ်ပါသည်။


" ဟိုဘက် ထောင့်ကိုတိုး...ဖြစ်နိုင်ရင် မင်း

  နဲ့ ယှဥ်ပြီး ထိုင်ချင်တာမဟုတ်ဘူး..မဖြစ်

  မနေတက်ရမယ့်ပွဲမို့သာ သွားရတာ...ကိုယ့်

  ကိုကိုယ်လည်း သိပ်အထင်ကြီးမနေနဲ့..ငါ့

  မျက်လုံးထဲ မင်းက သာမန်မိန်းမတယောက်

  ပဲ....အဲ့ထက်မပိုဘူး "


စိုးလည်း ဘာတစ်ခွန်းမှ မပြောမိပါပဲ

အကြောင်းပြချက်တွေ ချခင်းပြနေသော 

သူ့အား စိုး လက်ဖျားခါသည့် အကြည့်တို့

ဖြင့် စွေကြည့်ရင်း ဟိုဘက်ထောင့်ကို တိုး

ကပ်လိုက်ပါသည်။


သူတို့ကား ထွက်သွားပြီး ခနအကြာတွင်

ဇေယျကျော်ကားလည်း ခြံထဲက ထွက်လာခဲ့

ပါသည်။ခြံတံခါးပိတ်နေသော မသူဇာကို

လက်ပြနှုတ်ဆက်သွားသေးသည်။


တိုက်ဆိုင်ပြန်ပြီကွယ်....။


@@@@@@@@@@@@@@@@@@@


မြရိပ်ညို ဟိုတယ်ထဲသို့ ကားလေး ချိူးကွေ့

ဝင်လာပါသည်။ကားပါကင်တွင် ရပ်လိုက်ပြီး

နောက် သူရော စိုးပါ ကားထဲက ဆင်းလာကြ

ပါသည်။မြရိပ်ညို ဟိုတယ်ကို ရောက်ဖူးတာ

ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးခါရှ်ိသွားခဲ့ပြီ။စိုး

အတွက်တော့ ဒါတွေသည် မထူးဆန်းတော့

ပါ။


" ငါနဲ့ ခပ်ခွာခွာလိုက်ခဲ့.... .


ဘာအစီအစဥ်တွေ ဆွဲထားပြန်လဲ စိုး သေချာ

မသိပါဘူး။သူပြောတော့ ပွဲအတူတူတက်ရ

မယ်ဆိုပြီး ခေါ်လာခဲ့တာပဲ။ခုကျ သူနဲ့ခပ်ခွာ

ခွာ လိုက်ခဲ့တဲ့။သူကတော့ ဖုန်းပြောရင်း

အရှေ့က ခပ်သွက်သွက် လျှောက်နေလေရဲ့။


" မောင်ညီလင်းညို....... "


အန်ကယ်ကြီးတစ်ယောက်သည် ခန်းမထဲ

ကနေ သူ့ကို လှမ်းခေါ်လိုက်သည်။


" လာလေ.... ဘာလုပ်နေတာလဲ "


သူက ရှေ့ဆက်သွားဖို့ ခြေလှမ်းပြင်ပြီးပြီ။

သူမက ရပ်နေ၍ လှမ်းပြောလိုက်ခြင်း ဖြစ်

သည်။


" ဒါလေးလား..... "


" ဟုတ်တယ် အန်ကယ်...သဘောကျရဲ့လား"


သူမကို ဝါးမတတ်စိုက်ကြည့်ရင်း အဲ့လူကြီး

က ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။သူ

ဘာတွေဖန်တီးနေတာလဲ စိုး တရေးရေး

သဘောပေါက်လာသည်။စိုး အထင်က သူနဲ့

အတူ ပွဲတက်ခွင့်ရတယ် ထင်နေတာ။ဘယ်

ဟုတ်ပါ့မလဲ။လှိုက်ဖို ဝမ်းနဲလာသည့် စိတ်တို့

ကို သူမ အံကျိတ်လျက် ထိန်းချူပ်ထားသည်။


" သူက ငါ့လုပ်ငန်းအတွက် ရှယ်ယာအများ

  ဆုံး ထည့်မယ့်လူ...သေချာပြုစုပေးလိုက်.

  ဒါတွေက မင်းလုပ်နေကျအလုပ်တွေပဲ...

  သင်ပေးစရာမလိုဘူးထင်တယ်...."


အန်ကယ်ကျော်ထင် အနား သူ့သားရောက်

လာ၍ သားဖြစ်သူက သူ့အား ဘာတွေကပ်

ပြောနေမှန်းမသိ။အဲ့အချိန်ကို အခွင့်ကောင်း

ယူပြီး ညီလင်းညိုသည် စိုး နားလည်အောင်သေချာရှင်းပြခွင့် ရလိုက်ပါသည်။စိုးစိတ်ထဲ

ကနေပြောလိုက်ပါတယ်။လူကြီးလူကောင်း

တွေ တက်တဲ့ပွဲမှန်သမျှ ဒီလိုကြီးပဲလားလို့..။


" မောင်ညီလင်းညိုရေ...အန်ကယ်တော့..

  သားတော်မောင်ကို အလျှော့ပေးလိုက်ရပြီ"


" ဗျာ.... "


" ဟော့ဒီက မိန်းမလှလေးကို သားက သဘော

  ကျလို့....သူ့ပဲ ပေးလိုက်ပါ...ဒီညအတွက်

  အကောင်းဆုံးလက်ဆောင်ဖန်တီးပေးခဲ့တာ

  သိပ်ကျေနပ်တယ်..."


သူရကျော်ထင်အတွက်လို့ ပြောလာတော့

သူ့စိတ်ထဲ တမျိူး ဖြစ်သွားသည်။ဒီကောင်နဲ့

စိုးက မတိမ်းမယိမ်း အရွယ်ပင်။သူရကျော်

ထင်က အဖေ့အရိပ်ကို အကာအကွယ်ပြုရင်း

ပွေရှုပ်နေတဲ့ ကောင်။တွဲလိုက်တဲ့ မိန်းမတွေ

များ စာအုပ်တစ်အုပ်စာလောက် ရှိတယ်။

အဖိုးကြီးရန်က စိုး လွတ်အောင် ရုန်းနိုင်မယ်

အထင်နဲ့ သူ တမင်ဖဲ့ချင်လို့ ထိုးကျွေးခဲ့တာ။


သူရကျော်ထင်နဲ့ဆို အစထဲက စိုးကို ပွဲမထုတ်

ခဲ့ဘူး။ဒီကောင်က ငါးမရ ရေချိူးပြန်မယ်

ဆိုတဲ့ လူစားမျိူး။


" အထဲဝင်ရအောင်လေ ညီလင်းညို...ဟိုမှာ

  မင်းကိုစောင့်နေတယ်...ဒေါက်တာသော်ဇင်

  ထိုက် ကလည်း စီးပွားရေးနဲ့ပက်သတ်ပြီး

  စိတ်ဝင်စားတယ်..."


ဦးကျော်ထင်သည် သူ့ကို ပခုံးကနေ သိုင်း

ဖက်ရင်း ခေါ်ထုတ်သွားလေသည်။စိုးက

သူ့နောက်လ်ိုက်ရမယ်အထင်ဖြင့် ရှေ့ခြေ

တစ်လှမ်းတိုးမိရုံပဲရှိသေး...သူရကျော်ထင်

သည် စိုး လက်ကိုဖမ်းဆုပ်က်ိုင်ရင်း...တား

လိုက်ပါသည်။


" ဟေးးး.....ဒီညအတွက်...မင်းက ကိုယ့်ရဲ့

  နတ်သမီးပဲ....လာ..... "


သူ ဆွဲခေါ်ရာနောက် တန်းလန်းပါသွားသော

စိုးက်ို စိတ်မချဟန် ညီလင်းညို လည်ပြန်

ငေးလျက်ကြည့်နေမိသေးသည်။သူ.ဆင်ထား

တဲ့အကွက်နဲ့ တလွဲကြီးဖြစ်လာတော့ ရင်ပူ

မိတာ အမှန်ပဲ။မသိစိတ်က တစ်ခုခုကို လိုတာ

ထက်ပိုပြီး ခံစားနေရတာမျိူး။


" ရှင်....ရှင် ကျမလက်ကိုအခုလွှတ်...လွှတ်

  စမ်း.... "


" ဘာလား..... မင်းကို ပိုက်ဆံပေးမှာလေ...

  ဘာတွေမာနကြီးပြနေတာလဲ...လာစမ်းပါ..

  ဒီပွဲတက်ပြရင်း လူရှာရတာ မင်းအတွက်

  ပင်ပန်းတယ်.....ကိုယ်တယောက်နဲ့တင်

  မပြည့်စုံသေးဘူးလား "


" ဒီမယ်....ရှင်...ဘာစကားတွေပြောနေတာလဲ

  ကျမကို ဘယ်အတန်းစားထဲက ထင်နေတာ

  လဲ "


သူ့လက်ကနေ သူမ ရုန်းထွက်ဖို့ အသဲအသန်

ကြိုးစားပါသည်။သူမ ရုန်းနေ၍ လက်ကိုင်

ထားရုံမကတော့ပဲ သူ့ရင်ခွင်ထဲရောက်လုနီး

နီး သိုင်းဖက်ထားလိုက်ပါသည်။သူ အပြင်ကို

ရောက်အောင် ဆွဲခေါ်ထုတ်နေတာ ဖြစ်သည်။

စိုး သူနဲ့ လုံးဝ မလိုက်နိုင်၍ ကြောက်ကန်

ငြင်းဆန်နေသော်လည်း ညီလင်းညို ချိူးသွား

တဲ့ အချိူးကြောင့် သူမဟာ မိန်းမပျက်ဘဝ

ရောက်မှန်းမသိ ရောက်ခဲ့ရလေပြီ။


ပထမဆုံးအနေနဲ့ သူမ သိက္ခာကို ချကျွေးခံရ

တာဖြစ်၍ ငိုလဲငိုချင်မိသလို ဒေါသလည်း

တအားထွက်လာရာ သူ့ကို တွန်းထုတ်လိုက်

မိသည်။လူမြင်ကွင်းတွင် ဖင်ထိုင်ရပ် လဲကျ

သွားတဲ့သူက စိုးကို ရှက်ရမ်း ရမ်းချေပြီ။


" မိန်းမပျက်မကများ...ငါ့လိုကောင်ကို...

  တွန်းထုတ်ရဲတယ်...ကဲကွာ...."


စိုး ပါးတစ်ဖက်ကို လူတွေအများကြီးရှေ့ သူ

ရိုက်ပစ်လိုက်သည်။အခြေအနေတွေ ရုန်းရင်း

ဆန်ခတ် ဖြစ်နေထဲက ညီလင်းညိုရော

ဦးကျော်ထင်ရောပါ သူတို့နှစ်ယောက်ကို

ကြည့်နေတာဖြစ်ရာ သူရကျော်ထင်က စိုး

ပါးကိုရိုက်လိုက်သည့်အချိန်မှာဖြင့် ညီလင်း

ညို ထိုင်ရာက မတ်တပ်ထ ရပ်လိုက်မိသည်။


စိုးသည် လူအများရှေ့ ပါးအရိုက်ခံရတာ

ထက် မိမိကို မိန်းမပျက်မလို့ အသံကျယ်

ကြီးနဲ့ လက်ညှိုးထိုး ပြောခဲ့တာကိုပို၍ ရှက်

ခဲ့မိပါသည်။အရာရာကို အားတင်းထားသော်

လည်း စိုး ပြိုလဲချင်လာသည်။စိုးရဲ့သိက္ခာ

တရားတွေကို ဘယ်သူကမှ မကယ်တင်ပေး

ကြတော့ဘူးလား။


အားလုံးရဲ့ အကြည့်တွေသည် စိုးဆီ ပုံရောက်

လာကြသည်။ညီလင်းညို ကိုယ်တိုင်လည်း

စိုးဆီ သွားရမလား....နေရာတင် ပြန်ထိုင်

ရမလား တွေဝေနေခဲ့မိသည်။စိုးက သူ့ကို

အကူအညီတောင်းဟန် အကြည့်တွေဖြင့်

လှမ်းကြည့်နေသည်။


" မှတ်ပြီလား ကောင်မ....သူရကျော်ထင်ကို

   ဒါမျိူးလာမလုပ်နဲ့.....အသာတကြည်ခေါ်

  တုံး...လိုက်ခဲ့...."


သူမလက်ကို အတင်းပြန်ဆွဲဖို့ကြိုးစားချိန်

တစ်စုံတစ်ယောက်က သူရကျော်ထင်လက်ကို

လှမ်းပုတ်ချလိုက်​ပြီး စိုးရှေ့ မားမားမတ်မတ်

ရပ်လျက် ကာကွယ်ပေးခဲ့ပါသည်။


" ဟာ....ဒေါက်တာဇေယျကျော်...မေတ္တာရှင်

  ကြီး...ဒုက္ခ ပါပဲကွာ...မင်း ဘာလာရှုပ်ပြန်

  ပြီလဲ..."


" ပွဲက ကြည့်လို့မှမကောင်းတာပဲကွာ....

  ယောကျာ်းရင့်မာကြီးက...အားနွဲ့တဲ့

  မိန်းခလေးတယောက်ကို လူပုံအလယ်..

  ကိုယ်ထိလက်ရောက်စော်ကားနေတာ..

  ငါလက်ပိုက်ကြည့်မနေနိုင်ဘူး... "


" ဟ....ကွိုင်ပဲ...မင်းဘာသာမင်း အခန်း

  လေးအောင်း..စာတွေကျက်..ပြီးရင်ဆေးကု

  ဒါပဲလုပ်စမ်းပါ...မင်း မြည်းစမ်းကြည့်ခွင့်

  တောင်မရခဲ့တဲ့ လောကစည်းစိမ်တွေ

  အကြောင်း ခုနေပြောပြလည်း မထူးတော့

  ဘူး...အေးဆေး ကိုယ့်ပွဲကိုယ်သွားတက်..

  သူငယ်ချင်းအချင်းချင်းကွာ....မိန်းမ

  တယောက်ကြောင့် ရန်သူတွေမဖြစ်ချင်ဘူး

  မင်း ဒိုးတော့... "


ကျောပေး အနေအထားနဲ့ ရပ်နေတဲ့လူကို

အစက ဘယ်သူမှန်း စိုး မသိခဲ့ဘူး။ခု သိရ

ပြန်တော့လည်း သူ စိုး ရှေ့ရောက်နေခြင်း

သည် ကိုယ့်ကိုကိုယ် သိမ်ငယ်စေဖို့ ဖြစ်လာ

ပြန်တော့သည်။တိုက်တိုက်ဆိုင်ဆိုင် ဆုံစည်း

စေတဲ့ ကံတရားကို စိုး မုန်းချင်လာသည်။

ဘာလို့ ဆရာပဲ ဖြစ်နေရတာလဲ။


" လာ...စိုးမေလှိုင်....သွားမယ်...လာလေ "


ဆရာသည် စိုးကို လူတွေအများကြီးရှေ့က

ဆွဲခေါ်ထုတ်လာပါသည်။သူရ က အခဲမကျေ

သေးပဲ နောက်ကနေ တောက်လျှောက်လိုက်

လာသည်။


" ဟေ့.....ဒါ....မင်းနဲ့မဆိုင်ဘူး.... "


" သူနဲ့ဆိုင်တယ်မို့လား...မင်းရှေ့ ငါသူ့ကို

  မေးပေးမယ်... "


" ok.... "


စိုးကို ဂရုဏာသက်စွာ ငေးကြည့်ပြီးမှ သူ

မျက်စိစုံမှိတ်ရင်း မေးလိုက်သည်။


" စိုး...သူခေါ်တာ လိုက်...ချင်..သလား "


" ဟင့်အင်း...စိုး မလိုက်ဘူး..."


" ကြားတယ်နော် မင်း.... "


" ခနနေအုံး....ငါ စျေးမပြောရသေးဘူး "


စိုး အံကိုကျိတ်ရင်း သူရကျော်ထင်ကို စေ့စေ့

ကြည့်လိုက်သည်။စိုး သိက္ခာကို စော်ကားချင်

တိုင်း စော်ကားခွင့်ပေးထားခဲ့တာ ညီလင်းညို

ဖြစ်နေသည်။စိုးဟာ သူ့လက်ခုတ်ထဲကရေ

ဘဝမို့ သူ ခြယ်လှယ်သမျှ ငြိမ်ခံရပေမယ့်

လူတိုင်း စော်ကားခွင့်တော့ မပေးနိုင်တော့

ဘူး။


" နင့်စိတ်ထဲ ငါ့ကို ဘယ်လို မိန်းမစားထင်နေ

  တာလဲ ဟမျ....."


" ထင်စရာကိုမလိုဘူးလေ...ကိုညီက မင်းကို

  ငါ့အဖေရဲ့ ပွဲတက်မယားအငှားလိုက်ဖို့..

  ခေါ်လာတာ...ငါကမင်းကိုသဘောကျလို့

  အဲ့ထက်ငွေပိုပေးပြီး တညတာပျော်ချင်

  တာ..."


" အေး....အဲ့ ညီလင်းညိုကို နင်သွားမေးစမ်း..

  ငါ ဘယ်လိုမိန်းမစားလဲဆိုတာ...ပြီးတော့

  ထပ်မေး...ခင်ဗျားနဲ့ဘယ်လိုပက်သတ်လဲလို့

  ပြီးတော့ထပ်မေး..... "


" တော်တော့ စိုးမေလှိုင်.... "


" ဟာ....ကိုညီ...လာစမ်းပါအုံးဗျာ...ကိုညီ

  ခေါ်လာတဲ့ဆော်က.... "


" မင်းလဲတော်သင့်ပြီ သူရကျော်ထင်....သူ

  မကြည်ဖြူရင် နောက်ဆုပ်လိုက်တော့လေ

  ကွာ...သူက မင်းထင်သလိုမဟုတ်ဘူး...

  မင်းအဖေ ခနပျော်ရအောင် ငါမနဲပြောပြီး

  ခေါ်လာတာ...ကြားထဲက ငါတောင်းပန်

  တယ်...လူတွေလည်း ဝိုင်းကြည့်နေတယ်

  ကွာ...မင်းလို သူဌေးသားက ဘာမဟုတ်တဲ့

  မိန်းမတယောက်နဲ့ ဖက်ဖြစ်နေတာ မတန်ပါ

  ဘူး...ဟုတ်တယ်မို့လား "


စိုးဘက်က ရပ်တည်ပေးမလိုနဲ့ လူကို အလဲ

ထိုး အ​သေသတ်ခဲ့တဲ့ စကားလုံးတွေကို

အထွေအထူး ဝမ်းနဲမနေတော့ပဲ နာကျည်း

လျက် အေးအေးဆေးဆေး ပြုံး၍ နားထောင်

နိုင်ခဲ့ပါသည်။


သူရကျော်ထင်လည်း သူ့စကားကိုထောက်ခံ

ပြီး ထွက်သွားလေပြီ။ဇေယျကျော်ကသာ သူ့

ကို တနေရာတွင် မြင်ဖူးဟန် သေချာကြည့်

နေသည်။


" ကျေးဇူးပဲ ဒေါက်တာ...ဒါ ကျတော့်မိန်းမ.."


" ခင်ဗျာ...... "


ဇေယျကျော် ဘာပြန်ပြောရမှန်းမသိအောင်

ဆွံ့အ သွားခဲ့သလို စိုး ကိုယ်တိုင်လည်းပါးစပ်

အဟောင်းသား ဖြစ်သွားခဲ့ပါသည်။


" ဘာများလဲ ဒေါက်တာ...လက်ထပ်စာချူပ်

  ပါ ပြဖို့လိုသေးတာလား....တစ်ခုတော့

  ပြောပါရစေ....တချိူ့ကိစ္စတွေတိုင်းက

  နောက်ကွယ်မှာ အကြောင်းရင်းတွေရှိတယ်..

  ဒီတော့ လူနာတွေကိုပဲ အေးအေးဆေးဆေး

  ဆေးဆက်ကုပါ ဒေါက်တာ..လူတွေရဲ့စိတ်

  ကို ဆက်မဖတ်ပါနဲ့...ကာယကံရှင် ခွင့်ပြု

  ချက်မပါပဲနဲ့လည်း လိုတာထက် ပိုမသိချင်

  ပါနဲ့...ကျတော့်မိန်းမနဲ့လည်း လိုတာထက်

  ပိုမရောပါနဲ့...ကျေးဇူးပါပဲ..."


စိုးမေလှိုင် ဆိုတဲ့ နာမည်ကို ဇေယျကျော်

ပါးစပ်က ထွက်လိုက်ထဲက သူတို့ချင်းရင်းနှီး

နေကြပြီဆိုတာ သူ ပြေးကြည့်စရာမှမလို

တော့တာပဲ။ဆရာက သူ့ခြံကပ်ရပ်မှာနေ

တယ်ဆိုတာကအစ ဟိုးလွန်ခဲ့တဲ့ ၆နှစ်ကျော်

ထဲက သိနေခဲ့တာလေ။လွန်းရွှေဝါနဲ့ သူ

ကျောင်းပြီးရင် လက်ထပ်မယ်...လက်ထပ်ပြီး

ရင် နေဖို့အိမ်က လက်ရှ်ိ စိုးမေလှ်ိုင်ကို ထား

ထားတဲ့ ခြံပဲ။


ဇေယျကျော် အကြည့်တွေ သူမ အပေါ်လို

တာထက်ပိုနေတာကို ကြည့်မရလို့ ပြောခဲ့

တာပင်။သူ့ရှေ့တင်ပဲ စိုးကို ညီလင်းညို

ခေါ်ထုတ်လာပါသည်။


" မင်းက ငါ့ကို အရင်တုံးကအတိုင်းပဲ...စိတ်

  ရှုပ်စေတယ် စိုးမေလှိုင်..."


" ကိုကြီးက စိုးကို အဲ့လိုဖြစ်စေချင်တာမို့

  လား.... "


ငိုသံနှောလျက် ပြောလာသော စိုး စကားတွေ

သည် သူ့ရင်ကို နင့်ခနဲ ခံစားရစေပါသည်။

အဲ့လောက်ထိ မရည်ရွယ်ခဲ့ပါဘူးလို့ပဲ စိတ်

ထဲက ဖြေပေးလိုက်မိသည်။


" ငါ မင်းကို ဘယ်လိုမှမဖြစ်စေချင်တော့လို့..

  သူတို့နဲ့လွတ်ရာ ခေါ်ထုတ်လာပြီပဲ..ဘာကိစ္စ

  ငိုနေရတာလဲ...ထစ်ခနဲရှိ ငိုတတ်တဲ့အကျင့်

  က...အခုထိမပျောက်သေးဘူး... .


မျက်ရည်တွေ ကြားက စိုး အပြုံးလေးတပွင့်

ဝင်းလက်သွားသည်။သူ စကားမှားသွားတာ

သိလိုက်ပေမယ့် ပြင်လို့မရတော့ပေ။သူမနဲ့

ပက်သတ်ပြီး အသေးစိတ်ကအစ ခေါင်းထဲ

ရှိနေသေးတာ မဖြစ်သင့်ဘူး မဟုတ်လား။


သူ့ စိတ်တွေ ပြန်ပြီး တင်းမာကြည့်ဖို့ ကြိုး

စား ကြည့်သည်။သို့သော် အဲ့ကောင်မလေးရဲ့

ငိုမဲ့မဲ့ မျက်နှာအောက် နောက်တကြိမ် သူ

ရှုံးခဲ့ပြန်သည်။သူမကို ဆက်မချစ်ဖို့ ဦးနှောက်

က သတိပေးခေါင်းလောင်းသံသည်လည်း

ခုချိန် အသုံးမဝင်နိုင်တော့.....။


*******************************************


အခန်း(6) မျှော်


Author..  😍 A Mon Ko 😍


rate now: