မနေ့ညက စောစောပြန်လာမယ်လို့ မေမေ့ကို
သူ ပြောခဲ့မိသည်။ကတိဖျက်ခဲ့မိကြောင်း သူ
နိုးနိုးချင်း အသိဝင်သွားပါသည်။ညက သူ
တော်တော်ကို မူးနေခဲ့သည်။ညကအကြောင်း
တွေ ပြန်စဥ်းစားလို့မရအောင် ခေါင်းတစ်ခု
လုံး အုံခဲနေသည်။ခုတင်ပေါ်တွင် သူ တစ်
ယောက်ထဲ ရှိနေသည်။
" စိုးမေလှိုင်....စိုးမေလှိုင်....."
ခေါ်သော်လည်း သူမ အသံထွက်မလာ၍ သူ
အနဲငယ်ထိတ်လန့်သွားသည်။ညက ဘာတွေ
ဖြစ်ခဲ့လဲ မှတ်မိဖို့ ကြိုးစားကြည့်သည်။ဟို
တစ်ကွက် သည်တစ်ကွက် ဝိုးတိုးဝါးတား
ပုံရိပ်တွေ မြင်ယောင်လာပြီး...
" ထွက်ပြေးသွားတာလား...."
တယောက်ထဲရေရွတ်ရင်း အိပ်နေရာမှထ
လိုက်သည်။ဝရံတာကို ထွက်သည့်တံခါး
ပွင့်နေတာ သတိထားမိသွားရာ ထိုနေရာဆီ
သူ့ခြေလှမ်းတွေ တဖြေးဖြေး ရွေ့လာသည်။
ပြီးလျှင် ဝရံတာဘက် အကြည့်ရောက်မိချိန်
မှစ " ဟာ " ဟူသော အာမေဋိတ်အသံ တစ်
ခွန်း ထွက်သွားမိလေသည်။
စိုးမေလှိုင်ကို သူကြိုးဖြင့် တုတ်နှောင်ထားခဲ့
မိတာလား။သူမ ခေါင်းသည် ငိုက်စိုက်ကျ
လျက်ရှိသည်။အိပ်ပျော်နေတာလား...တစ်
ခုခုဖြစ်နေတာလား အတိအကျ သူ မသိသေး။
" စိုးမေလှိုင်....စိုးမေလှိုင်...."
နှုတ်ဖျားမှ ခေါ်သော်လည်း သူမ မလှုပ်တော့
ချေ။ပခုံးတစ်ဖက်ကို လှုပ်ကိုင်ရင်း နှိုးသော်
လည်း အသံမထွက်ပဲ ထိုင်လျက်အနေအထား
နှင့် ခွေကျသွားခဲ့ရာ ဆံပင်တွေဖြင့် ကွယ်နေ
သည့် မျက်နှာအား ရှင်းရှင်းလင်းလင်းမြင်
သာ စေရန် ထိုဆံပင်တွေကို မထိချင်ထိချင်နဲ့
ဖယ်ခွာလိုက်ကာမှ ညက သူသွေးဆိုးခဲ့ပုံတွေ
မျက်စိထဲ ပြန်မြင်ယောင်လာတော့သည်။
" ဒုက္ခ ပါပဲကွာ.... "
ထိုသို့ ရေရွတ်ပြီးသကာလ သူမခန္ဓာကိုယ်
သေးသေးလေးကို ပွေ့ချီလိုက်သည့်အချိန်
တွင် သူမတစ်ကိုယ်လုံး အေးစက်နေတာ
သတိထားမိသွားသည်။ခုတင်ပေါ်တင်ရန်
ဟန်ပြင်လိုက်ရာမှ အိပ်ယာခင်းတွင် သွေး
ကွက် တွေ့သွားပြီးနောက် သူ့မျက်နှာတည်
တည်ကြီးတွင် မကျေနပ်ချက်များ အနဲငယ်
ပြေလျော့သွားသည့်အရိပ်အယောင်များ
တွေ့လိုက်ရတော့သည်။
ခုတင်ပေါ် မတင်သေးပဲ ဆက်တီခုံတွင်
အသာလေး ချလိုက်ပြီးနောက် အိပ်ယာခင်း
ကို ဆွဲယူကာ ရေချိူးခန်းထဲ သွားထားလိုက်
သည်။ပြီးလျှင် အခန်းပြင်ထွက်လျက် မသူဇာ
အား လှမ်းခေါ်လိုက်သည်။မသူဇာဝင်လာမှ..
" အိပ်ယာခင်းအသစ်တစ်စုံ လဲလိုက်..."
သူမက ချက်ချင်းမသွားသေးပဲ စိုးကိုကြည့်
နေသေးသည်။
" ဘာလုပ်နေတာလဲ...လုပ်လေ "
" ဟုတ်...အကိုလေး "
မသူဇာ အိပ်ယာခင်းလဲပြီးမှ စိုးကို ခုတင်
တွင် ပြောင်းချပေးလိုက်ပါသည်။
" ရေချိူးခန်းထဲက အိပ်ယာခင်းကိုသေချာ
လျှော်လိုက်အုံး...."
" ဟုတ်ကဲ့...ဒါနဲ့စိုး အခြေအနေ...."
" မြင်တဲ့အတိုင်းပဲ..."
" စ်ိုးရိမ်ရလား အကိုလေး.... "
" သွားကြည့်လေ....အသက်ရှုသေးတယ်
ဆိုရင် မသေသေးဘူးပေါ့...."
သြော်....အကိုလေးကြောင့် စိုး အခုလိုဖြစ်ခဲ့
တာ မဟုတ်ဘူးလားလို့ မသူဇာ မေးပစ်လိုက်
ချင်တာ ပါးစပ်တွေယားနေတာပဲ။
" ဆရာဝန် မခေါ်နဲ့...မလိုအပ်ပဲ စကားတွေ
ရှုပ်မှာ ကျတော်မလိုချင်ဘူး...သေလောက်
မယ့်လူလည်းမဟုတ်ဘူး....တိုက်ရမယ့်
ဆေးတွေ ပေးခဲ့မယ်..."
ကြောက်ဖျား ဖျားသွားတာလည်း ဖြစ်နိုင်ပါ
သည်။သူမကို တိုက်ရမယ့်ဆေးတွေ မသူဇာ
အား ပေးထားခဲ့ပြီး သူ ထွက်သွားပါသည်။
အိပ်ယာထက် ခွေခွေလေး အိပ်ပျော်နေသော
စိုးကို မသူဇာ ရေနွေးဝတ်လေး နှဖူးအုပ်မိုး
ပေးထားပါသည်။နိုးလာရင် စားဖို့အကုန်
အဆင်သင့် လုပ်ထားပြီးသား ဖြစ်သည်။
ညက အကိုလေး ပြောခဲ့သည့်စကားအရဆို
စိုး တော်တော်လေးများဆိုးခဲ့တာလား။သူ
မကြိုက်တဲ့အရာတွေကိုမှရွေးပြီး လုပ်ခဲ့တာ
လား စိုးရယ်။မင်းသမီးအလား နုငယ်ဝင်း
ဖတ်နေသော မျက်နှာလေးတွင် ဒဏ်ရာဒဏ်
ချက်တွေ မြင်ရပြန်တော့ မသူဇာ ရင်ထဲ
မကောင်းလှဘူး။
မသူဇာ လိုက်နာရမည့် စည်းကမ်းထဲတွင်
စိုး ထွက်ပြေးလို့မရအောင် စောင့်ကြည့်ပေး
ရမည့် တာဝန်လည်း ပါခဲ့သည်။စိုး ထွက်ပြေး
သွားခဲ့ရင် သူမ အလုပ်ပြုတ်ပြီ။မသူဇာမှာ
လည်း ကိုယ့်ဒုက္ခနဲ့ကိုယ်မို့သာ ဒီအလုပ်ကို
မျက်စိစုံမှိတ်ပြီး လက်ခံခဲ့ရတာ။မသူဇာက
တောသူတစ်ယောက်....ပြီးတော့ ကလေး
တစ်ယောက်အမေ မုဆိုးမ။မိအိုဖအိုတွေ
လည်း ရှိသေးသည်။လူသုံးယောက်စာကို
မသူဇာ တစ်ယောက်ထဲ ရှာကျွေးခဲ့ရတာ။
ရွာမှာဆို တစ်ရွာလုံးပတ်ပြီး ဟိုလူကခိုင်း..
ဒီလူကခိုင်းတော့မှ ပိုက်ဆံလေး နှစ်ထောင်ပဲ
ရတာ။အခုလို တစ်လ နှစ်သိန်းရတဲ့အလုပ်
သည် မသူဇာအတွက် မက်လောက်စရာပဲ။
ကိုယ့်အတွက် စားဖို့သောက်ဖို့လည်းမပူရ..
နေစရာ နေရာလည်းရ...ငွေ နှစ်သိန်းကို
လူကြုံနဲ့ပေးခိုင်းရင်ပဲ အမေတို့လက်ထဲ
အေးအေးလူလူ ရောက်ပြီ။ရွာမှာဆို ငွေနှစ်
သိန်း အကြိုက်သုံးစမ်းပဲ။အားလုံးအတွက်
အဆင်ပြေအောင် မသူဇာ ဒီအလုပ်က်ိုလက်ခံ
ခဲ့တာပါ။ကျန်တာတွေ မသူဇာ ဘာမှမသိ
ဘူး။
စိုးကိုကြည့်ရင်း အလုပ်လက်ခံမိတာပဲ မှား
များ မှားသွားခဲ့ပြီလား မသူဇာ တွေးမိနေ
တော့သည်။
" အားးးး.....မလုပ်ပါနဲ့...စိုး...တောင်းပန်
ပါတယ်...."
စိုးသည် အဖျားရှိန်ဖြင့် ကယောင်ကတမ်းတွေ
ပြောနေလေသည်။ရေနွေးဝတ် ခနခန အုပ်
ပေးထားသော်လည်း အဖျားက မကျပဲ ပို
တက်နေသည်။မသူဇာ အရဲစွန့်ပြီး အက်ိုလေး
ဆီ ဖုန်းဆက်လိုက်သည်။ဖုန်းဝင်သော်လည်း
လုံးဝ မကိုင်ပေ။နောက်ဆုံး စိုးကိုမရ ရအောင်
နှိုးပြီး အစားဝင်သလောက်ကျွေးကာ ဆေး
တစ်ခွက် တိုက်ထားလိုက်သည်။
သို့သော် အဖျားခနသာကျသွားပြီး အရင်
အတိုင်း ပြန်ပူလာသည်။နောက်တစ်ခါ သူ့
ဖုန်းကို မသူဇာ ထက်ဆက်သည်။ဖုန်းလုံးဝ
မကိုင်သောကြောင့် မသူဇာ ဒီလိုအေးဆေးနေ
ဖို့ အဆင်မပြေဘူးဆိုတာ သိလိုက်သည်။
သူဌေးရပ်ကွက်မို့ ဆေးခန်း ဘယ်မှာရှိလဲ
မသူဇာမသိ။
စိုးကို ဒီအတိုင်းထားခဲ့ပြီး ခြံပြင်ထွက်လာခဲ့
သည်။ခြံရှေ့ မလှမ်းမကမ်းတွင် လူတစ်
ယောက်ကို ခွေးတွေအများကြီးနဲ့ ဆော့ကစား
နေတာ လှမ်းမြင်လိုက်၍ အဲ့အနား သူမ
သွားလိုက်ရာ သူ့ခွေးတွေက စဟောင်တော့
သည်။
" ဟို....မောင်လေးရေ...."
သူက ချက်ချင်းမဖြေသေးပဲ ဟောင်နေသည့်
သူ့ခွေးတွေကို တစ်ချက်အော်လိုက်သေး
သည်။ပြီးမှ...
" ဟုတ်....."
" ဒီအနားမှာ ဆေးခန်းရှိလားမောင်လေး "
" ဗျာ..... "
တိုက်တိုက်ဆိုင်ဆိုင်ပင် အမကြီးသည်
ဆရာဝန်ကိုမှ ဆေးခန်းနေရာ လာညွှန်ခိုင်း
နေသည်။
" ဘာများဖြစ်လို့လဲဗျ...."
" အမ ညီမလေး တော်တော်ဖျားနေလို့ပါ "
" သြ...ဒါဆို ကျတော်လိုက်ကြည့်ပေးမယ်..
ခနလေးစောင့်...."
" ဟို..... "
ကောင်လေးက သွားတတ်ကလေးနှစ်ဖက်ပေါ်
သည်အထိ ပြုံးပြရင်း....
" ကျတော် ဆရာဝန်ပါ အမ..."
" ဟယ်...အဆင်သင့်လိုက်ပုံများ...ကျေးဇူး
ပါကွယ်...ကျေးဇူးပါ "
သူ ဝင်သွားသည့်ခြံကို မသူဇာ ကြည့်မိမှ..
မိမိတို့နှင့် ခြံချင်းကပ်မှာ နေတဲ့လူမှန်း သိ
သွားတော့သည်။ခြံထဲဝင်ပြီး လိုအပ်တာတွေ
သွားယူနေပုံရသည်။ခနကြာတော့ ဆေးအိတ်
ကိုင်ပြီး ထွက်လာသည်။
" အဝေးကြီးမှတ်နေတာ...အိမ်နီးချင်းတွေ
ဖြစ်နေတာကို..."
" ဟုတ်ပါ့ကွယ် "
ဆရာဝန် အိမ်ပင့်လာတာ အကိုလေးသိရင်
မိုးမီးလောင်နိုင်သည်။ထို ဆရာဝန်ကလည်း
ဘေးချင်းကပ်ခြံက ဖြစ်နေတာ ခက်သည်။
မတော်တဆ သွားလာရင်း ပြန်ဆုံခဲ့ရင် မနှုတ်
ဆက်လို့ အဆင်မပြေပြန်ဘူး။ဆရာ့ကိုကြည့်
ရသည်မှာ ဖော်ရွေတဲ့ပုံလေးမို့ မသူဇာ အခက်
တွေ့နေလေရဲ့။
" ကြွပါ ဆရာ...."
အပေါ်ထပ်ကို မသူဇာ ခေါ်လာခဲ့ပါသည်။
" ဒီအခန်းထဲမှာ ဆရာ "
တံခါးဖွင့်လိုက်လျှင် ခုတင်ထက် မှိန်းနေသော
မိန်းခလေးကို ဇေယျကျော် တွေ့လိုက်ရသည်။
စမြင်တာနဲ့ ဖျားတယ်ဆိုတာထက် သူ မသိ
သော ကိစ္စတွေ ပြသာနာတွေ ရှိခဲ့မှန်း ရိပ်မိ
ပါသည်။မျက်နှာတစ်ခုလုံးလည်း ဒဏ်ရာ
ဒဏ်ချက်တွေနဲ့မို့လား။
" အဲ့ ဒဏ်ရာတွေက ရေချိူးရင်း ချော်လဲခဲ့
တာပါ ဆရာ..."
သူ ပြုံးပြလိုက်ပါသည်.....ဒါမျိုးတွေနဲ့ကြုံ
ရတာ ပထမဆုံးမှ မဟုတ်တာပဲ။လူနာက
အဖျားရှိန်နဲ့ အိပ်မောကျနေတာပင်။အဖျား
တိုင်းကြည့်သည်....သွေးပေါင်ချိန်တိုင်း
သည်။သွေးပေါင် တော်တော်ကို ကျနေတာ
မို့ အားဆေးထိုးဖို့ လိုအပ်နေပြီ။နှလုံးခုန်နှုန်း
က ပုံမှန်မဟုတ်ဘူး။
" သူ....နှလုံးရောဂါ အခံရှိလား "
" မသိဘူးရှင့်..."
" ဟင်....ညီမဆို...."
" ဟို.... "
လွှတ်ခနဲ ထွက်သွားပြီးမှ အရှိန်လွန်သွားမှန်း
အသိနောက်ကျခဲ့ပြီ။
" ဟုတ်ပါတယ်...မရှိဘူးပြောတာပါဆရာ "
လှဲနေသောမိန်းခလေးနဲ့ ဒီအမကြီးက ဘယ်
လိုနည်းနဲ့မှ ညီအမတွေ မဖြစ်နိုင်ဘူးဆိုတာ
သူ ရိပ်မိပါသည်။
" အရင်မရှိဘူးဆိုလည်း...အခုဖြစ်ချင်နေတဲ့
လက္ခဏာ တွေ့နေရတယ်....ဂရုတစိုက်...
ဆေးခန်းပြရင် သက်သာသွားမှာပါ....
ကျတော် အားဆေးနဲ့ အကိုက်အခဲပျောက်
ဆေး ထိုးပေးခဲ့မယ်....ဆေး ၃ရက်စာပေး
ထားခဲ့မယ်...ဒဏ်ရာတွေလိမ်းဖို့ ဆေးဗူး.."
ဆရာ့လက်ထဲက ဆေးဗူးကို မသူဇာ လှမ်းယူ
လိုက်သည်။ဆရာက တိုက်ရမယ့်ဆေးတွေကို
သေသေချာချာ ခွဲပေးပါသည်။သူ့ တာဝန်ပြီး
ပြီမို့ ဆေးအိတ်ဆွဲကာ မတ်တပ်ရပ်လိုက်
သည်။
" ဟို...ဆရာ...ပိုက်ဆံ....."
" မလိုပါဘူးဗျာ...အိမ်နီးချင်းတွေပဲ..ကျတော်
ကူညီပေးတာပါ...ကျတော့်ကို ထမင်းတနပ်
စာ ခေါ်ကျွေးရင် ရပြီ..."
ဆရာက ထိုစကားကို အပြုံးလေးနဲ့ ပြောနေ
တာဖြစ်ပြီး နားထောင်သူ မသူဇာမှာ အခက်
တွေ့နေဟန် မအီမသာ ဖြစ်နေတော့သည်။
" ဟုတ်ကဲ့ပါ ဆရာ..."
" ကဲပါဗျာ....ကျတော်စတာပါ....လူနာကို
သေချာဂရုစိုက်ပါ...ကျတော့်ကိုခွင့်ပြုပါ
အုံး..."
ဆရာက ရည်ရည်မွန်မွန်လေးရယ်...။လူနာ
တွေကို ကြည့်ပုံကအစ စိတ်ရှည်မှန်းသိသာ
ပါသည်။အသားကညိုညို အရပ်က ညီလင်း
ညိုလောက်မရှည်ဘူး။ဆရာ့ မျက်နှာမှာ
ဘာအပူအပင်မှ မရှိဘူးရယ်။ကလေးတစ်
ယောက်လို ဖြူစင်တဲ့ အပြုံးသာ ရှိသည်။
ဆရာ့မျက်နှာမြင်လိုက်ရင် လူနာက ရောဂါ
တစ်ဝက်သက်သာသွားသည်အထိ သူ့မျက်နှာ
ဟာ ချိုလွန်းလှပါသည်။
စိုး ဒီဘက်မှာ အသဲအသန် ဖြစ်နေသည့်အချိန်
မသူဇာ ဆက်လာသောဖုန်းကို သူတမင်
မကိုင်ခဲ့တာဖြစ်သည်။အရေးကြီးတဲ့ လူတွေ
ကို ညီလင်းညို အချိန်ပေးထားရသည်။
ရွှေအိမ်သူနှင့် သူမ မိသားစုဝင်တွေကို
မေမေက မိတ်ဆက်ပေးလေသည်။သူမသည်
သူ လက်ထပ်ယူရမယ့် မိန်းခလေး။သူမအလှ
သည် ထင်းထင်းရင်းရင်းကြီး မပေါ်လွင်ပေ
မယ့် ကြည့်ပျော်ရှုပျော်တော့ ရှိပါ၏။အသား
အရည်က လိုအပ်တာထက် ပိုဖြူသည်။
မျက်နှာ အနေအထားသည် ဝိုင်းစက်နေတာ
မျိူးလည်းမဟုတ် သေးသွယ်တာမျိူးလည်း
မဟုတ် မျက်နှာပြားပုံစံမို့ ရုတ်တရက်ကြည့်
မိရင် မလှသလို ဖြစ်နေသည်။တစိမ့်စိမ့်ကြည့်
ရင်ဖြင့် သူမမှာလည်း သတိထားမိနိုင်သော
အလှတရားတချိူ့ ရှိနေပါသည်။အထူး
သဖြင့် ဝိုင်းစက်ရ်ိုးရှင်းတဲ့ မျက်ဝန်းအလှပေါ့။
စိုးမေလှိုင် အလှကိုဖြင့် ရွှေအိမ်သူ လုံးဝ
မမှီခဲ့ပါဘူး။
" ရွှေအိမ်သူက စီးပွားရေးကို စိတ်ဝင်စားတာ
လား...ဒါမှမဟုတ်....အိမ်မှုကိစ္စကိုစိတ်ဝင်
စားတာလား..."
" အဟင်း....ကြည့်ရတာ မာမီက တို့ မချက်ရ
မနေနိုင် ဖြစ်တဲ့အကြောင်း ကိုညီလင်းညိုကို
ပြောပြထားတယ် ထင်ရဲ့..."
လူငယ်ချင်း အေးဆေးစကားပြောပါစေ ရည်
ရွယ်ပြီး လူကြီးတွေက အလုပ်ရှုပ်နေဟန်
အချင်းချင်း စကားပြောနေကြရာ သူမကို
ခြံပြင်ခေါ်ထုတ်ပြီး ရင်ဘတ်ချင်းနီးလာစေ
ရန် သူ ကြိုးစားကြည့်နေသည်။
" ရွှေအိမ်သူအကြောင်း ကိုယ်အများကြီး
မသိသေးပါဘူး..."
" မသိသေးဘူးဆိုတော့...သိချင်သေးတယ်
ဆိုတဲ့သဘောပေါ့ "
" ဆိုပါတော့.... "
" ဟုတ်ပြီလေ...ပြောပြတာပေါ့...ကျမက
အခုလောလောဆယ် မာမီ့ဆိုင်မှာ ကူလုပ်
ပေးနေတယ်...ကျမ ငွေရှာရတာဝါသာနာ
မပါဘူး...အိမ်မှုကိစ္စ ချက်တာပြုတ်တာ
ပဲ ဝါသာနာပါတယ်...ကိုယ့်အိမ်ကိုအနုစိတ်
ဖန်တီးပြီး ပြင်ဆင်ရတာမျိုး ကျမ သဘော
ကျတယ်..."
ငွေရှာရတာ ဝါသာနာမပါဘူး ဆိုပြီး ပွင့်ပွင့်
လင်းလင်း ဝန်ခံတာကို သူ သဘောကျပါ
သည်။အိမ်မှုကိစ္စ နိုင်နင်းတဲ့ မိန်းခလေးမို့
သူ့ဘက်က ငြင်းစရာ ဘာအကြောင်းမှမရှိပါ။
ရုပ်ရည်ကလည်း အသင့်အတင့်ရှိတယ်...
ပညာလည်း တတ်တယ်...စကားပြောတဲ့
နေရာမှာလည်း သွက်လက်ရုံမက လိမ်မာ
ပါးနပ်သေးသည်။မေမေ ရွေးချယ်ပေးခဲ့
သည့် သူ့ လက်တွဲဖော်ကို ကျေကျေနပ်နပ်
လက်ခံဖြစ်ခဲ့ပါသည်။
" မင်း ချစ်သူထားခဲ့ဖူးလား...."
" ကျမပြောရင်ရော...ရှင် ယုံမှာလား "
" ကိုယ် လူတိုင်းကို လွယ်လွယ်မယုံတတ်ဘူး "
" ok..... ကျမအသက် ၂၇နှစ်ရှိပြီ...တစ်ခါမှ
ရည်းစားမထားခဲ့ဖူးဘူး....ကျမကိုလည်း
ဘယ်သူကမှ ရည်းစားစကား လာမပြော
ဖူးဘူး...ကျမ ထင်တာကတော့...ကျမကို
ရှိန်ပြီး မကပ်ရဲကြတာထင်တာပဲ... "
ခုချိန် သူ အသားလွတ်ရီလိုက်ရင် သူမကို
လှောင်သလို ဖြစ်သွားမှာ စိုးရိမ်၍ ပြုံးရုံလေး
ပြုံးလိုက်မိပါသည်။သူမ ပြောခဲ့တာတွေက
အမှန်တရားတွေဆိုတာ သူ ခံစားမိပါသည်။
နောက်တစ်ခု ခံစားမိတာ တစ်ခုကရွှေအိမ်သူ
သည် ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲပြီး
မိမိကိုယ်ကို အထင်ကြီးနေသော မိန်းခလေး
ဆိုတာ သူ ရိပ်မိခဲ့သည်။
ဒါဟာ သူ့အတွက် စာဖွဲ့ရလောက်မယ့်
ပြသာနာမျိူး မဟုတ်သေးပေ။
" ရှင်ရော....ချစ်သူထားခဲ့ဖူးလား...သြော်..
ကျမလည်း လူတိုင်းကိုလွယ်လွယ်မယုံ
တတ်ဘူးနော်....ပြီးတော့...ကျမကိုလိမ်
နေရင်လည်း...လိမ်မှန်းသိတယ်..."
" ဟားးးး...ကိုယ်ကလည်း လိမ်ပြောရတာ
ဝါသာနာမပါပါဘူး.... ချစ်သူ နှစ်ယောက်
ထားခဲ့ဖူးတယ် "
" 2 ယောက်ပဲလား "
" အတိအကျပဲ "
" သူတို့ကရော....အခု ဘယ်ရောက်ကုန်လဲ "
" တစ်ယောက်က အိမ်ထောင်ကျသွားပြီ...
နောက်တယောက်ကလည်း....အင်းးးးး..
အိမ်ထောင်ကျသွားပြီပဲဆိုပါတော့...."
မိန်းမတိုင်း အားလုံး တူညီတဲ့ အရာတစ်ခု
တော့ရှိသည်။အဲ့ဒါ သူ ပိုင်ဆိုင်သည့် ယော
ကျာ်းတစ်ယောက်အပေါ် လောဘကြီးတဲ့
စိတ်နဲ့ သဝန်တိုတဲ့စိတ်။
" အဲ့လိုလား...."
" အဲ့ နှစ်ယောက်ထဲ ရှင် ဘယ်သူ့ကိုအချစ်
ဆုံးလဲ "
ကလေးဆန်သော မေးခွန်းတွေအတွက် သူ
စိတ်ပါပါမဖြေချင်တော့ဘူး။သူတို့နှစ်ယောက်
သည် မကြာခင်အချိန်လေးအတွင်းမှာ
လက်ထပ်ရတော့မည်။အဲ့ထက်ပိုလေးနက်
သော မေးခွန်းတွေ သူမ ရွေးမေးဖို့ကောင်း
သည်။
" မင်းကို အချစ်ဆုံး...."
သူ့အဖြေကြောင့် သူမ မျက်ဝန်းလှလှလေး
တွေ ပြူးကျယ်သွားပြီး...
" ဘုရားရေ...ကျမ လည်းမပါပဲ..."
သူမ လက်ကလေးတွေကို သူ ဖမ်းယူဆုပ်
ကိုင်လိုက်ရင်း....
" ပြီးသွားတဲ့ အတိတ်အကြောင်းကိုယ်စိတ်
မဝင်စားဘူး ရွှေအိမ်သူ....မင်းနဲ့အတူ
ဖြတ်သန်းရမယ့် မနက်ဖန်တိုင်းပဲ ကိုယ်
စိတ်ဝင်စားတယ်...ကိုယ့်က်ို သဘောကျ..
မကျ...မင်းဖြေ...."
သူမသည် သူ့ကို မဝံ့မရဲ မော့ကြည့်ရင်း
ကျေနပ်သည့် အပြုံးလေး စွန့်ကြဲလိုက်ပါ
သည်။ပြီးတော့....
" ရှင့်လိုလူကို ဘယ်မိန်းခလေးက ငြင်းမှာလဲ"
ငြင်းခဲ့တာပေါ့ကွာ....လို့ သူစိတ်ထဲက ပြော
လိုက်မိတယ်။သူ့လိုလူမျိုးကို မလိုချင်လို့
ထွက်ပြေးခဲ့တဲ့ မိန်းမ နှစ်ယောက်တောင်ရှိ
ခဲ့တာလို့ပြောရင် ရွှေအိမ်သူ ယုံပါ့မလားပဲ။
သူနှင့် ရွှေအိမ်သူ ၏ တွေ့ဆုံခြင်းသည်အဆင်
ပြေစွာ ပြီးဆုံးခဲ့ပါသည်။သူ စိတ်ချမ်းသာဖို့
ထက် မေမေ့မျက်နှာထက် ကျေနပ်အပြုံးတွေ
ဝေဆာဖို့က အရေးကြီးပါသည်။
ဒီဘက်မှာ သူက အဆင်ပြေချောမွေ့နေခဲ့
သော်လည်း စိုးမှာဖြင့် သူ ကိုယ်ထိလက်
ရောက် ကျူးလွန်ခဲ့တဲ့ ဒဏ်တွေကြောင့်
ဝေဒ နာပြင်းထန်ကာ သတိရတချက် မရ
တစ်ချက်နဲ့ လူးလှိမ့်ခံနေရတော့သည်။
@@@@@@@@@@@@@@@@@@@
တဂွမ်ဂွမ် ဖုန်းဆက်နေသော မသူဇာဆီ သူ
ဖုန်းဆက်လိုက်ပါသည်။
" မသူဇာ ပြော....ခနခနဆက်နေတဲ့အထိ
ဘာအရေးကြီးနေလဲ...."
" မနက်က စိုး.... "
" ကျတော်ပြောပြီးပြီလေ....သေလောက်မယ့်
လူလည်းမဟုတ်ဘူး...အဲ့လောက်ထိသူ့ကိစ္စ
ကို ရေးကြီးခွင်ကျယ်လုပ်မနေနဲ့...အခု
မသေသေးဘူးမို့လား "
" ရှင်.... "
" ကျတော့်စကား နားမလည်တာလား "
" နားလည်ပါတယ်အကိုလေး...စိုး အခုထိ
မသက်သာသေးပါဘူး..."
" ဆေးမတိုက်ဘူးလား...."
" တိုက်ပါတယ်... "
" ဒါဆိုလည်း အချိန်တန်ရင် သက်သာသွား
လိမ့်မယ်...ကျတော် ဒီညပြန်မလာဘူး...
အသေကောင်လို အိပ်ယာထဲလဲနေတာ...
ကျတော့်အတွက် ဘာမှအသုံးမဝင်ဘူး...
သူ့အတွက် လိုအပ်တာ ခင်ဗျားလုပ်ပေး
လိုက် "
ဟယ်....ကိုယ်လက်ထပ်ထားတဲ့ မိန်းခလေး
ကို ဘယ်လိုပုံစံတွေနဲ့ ပြောနေတာပါလိမ့်။
စိုးအစား မသူဇာ ခံရခက်နေသည်။ဒေါသ
တွေ မနဲမျိူသိပ်ရင်း နားထောင်ပေးနေရပါ
သည်။စိုးရယ်....ညည်းဝဋ်ကြွေးကလည်း
ကြီးလိုက်တာ။
စိုးကဖြင့် အိပ်မောကျနေရာ ဘာတစ်ခုမှမသိ
ရှာပေ။ခုတိုင်း အိပ်ယာထဲ လဲနေတာ တမျိူး
တော့ကောင်းသား။ဒီအချိန်လေးပဲ စိတ်
သက်သက်သာသာနဲ့ နေရတာမို့လား။
တစ်ညလုံး သူမကို မသူဇာ စောင့်လျက်
စိုး ခုတင်ဘေးတွင် မှေးခနဲ တစ်ချက်အိပ်ပျော်
သွားသည်။မသူဇာ အိပ်ပျော်သွားကာမှ စိုး
နိုးလာခဲ့သည်။စိုး ဘေးနားတွင် သူ ရှိလေ
မလား ကြည့်လိုက်သေးသည်။သူ့ မတွေ့ပဲ
မသူဇာကိုသာ မြင်ရ၍ စိတ်အနဲငယ် အေး
သွားပါသည်။
" ဟယ်....နိုးပြီလားစိုး....စိုးကိုစောင့်ရင်း
မကြီးခနအိပ်ပျော်သွားတယ် "
" ရပါတယ် အိပ်ပါ မသူဇာရယ်...ဒါနဲ့သူရော
ဟင်... "
" ဒီည ပြန်မလာဘူးတဲ့စိုး... "
" သွ.... "
" စိုး တစ်ခုခုစားပါလား.ဆေးတကြိမ်သောက်
ဖို့ ကျန်သေးတယ်..."
" ရပါတယ်...အဆင်ပြေတာပဲလုပ်လိုက်ပါ
စိုး တော်တော်နေမကောင်းဖြစ်ခဲ့တာလား "
" ဟုတ်တယ်စိုးရဲ့....ဟိုဘက်ခြံက ဆရာဝန်
လေး လာကြည့်လို့သာ...စိုး သက်သာသွား
တာ..."
" ဟိုဘက်ခြံက ဟုတ်လား...စိုးမသိဘူး...
ဘာတစ်ခုမှ "
" ဘယ်သိမလဲ...စိုးကအဖျားရှိန်နဲ့ သတိလစ်
နေတာကို...သဘောကောင်းတယ်စိုးရဲ့...
ပိုက်ဆံတောင်မယူဘူး.... "
" ဟယ်.... အားနာစရာကြီး... "
" ထမင်းတနပ်ပဲ ကျွေးတဲ့...."
ပြောပြီး မသူဇာက ရီနေလိုက်သေးသည်။
စကားလက်ဆုံကျနေတာကို ခနရပ်ပြီး စိုး
အတွက် ကြာဇံသွားပြုတ်ကာ ပြင်ဆင်ခဲ့
ပြီး အခန်းထဲ ပြန်ယူလာပါသည်။မသူဇာက
တောသူမို့ ဆန်းဆန်းပြားပြားလည်း သိပ်
မလုပ်တတ်ပါဘူး။
" ဒါလေးစားပြီး...ဆေးသောက်လိုက်နော်..."
မသူဇာမှာ စိုးကို မေးချင်တဲ့မေးခွန်းတွေ
အများကြီး ရှိနေခဲ့သည်။မေးရမှာလည်း
အားနာမိပြန်သည်။အကြောင်းစုံသိရမှ
မသူဇာ ကူညီပေးနိုင်မှာမို့ မေးတော့မေးရ
လိမ့်မည်။နှစ်ဦးသဘောတူ လက်ထပ်ခဲ့တယ်
ဆိုအုံးတော့ ကိုယ့်မိန်းမကို ကိုယ်ထိလက်
ရောက် နှိပ်စက်ခြင်းသည် အိမ်တွင်းအကြမ်း
ဖက်မှု ဥပဒေနဲ့ ငြိစွန်းနေသည်။မသူဇာ စာ
မတတ်ပါဘူး...သို့သော် မတရားမှုကြီးကို
ဖြင့် လက်ပိုက်ကြည့်နေနိုင်လောက်တဲ့အထိ
အသဲမမာဘူး။
" စိုး..... "
" ပြောလေ...မသူဇာ..."
" မကြီး သိချင်တာမေးလို့ရမလား "
" မေးပါ.... ရပါတယ်.... "
" ဟိုလေ..... "
" မကြီးဘာမေးချင်လဲ စိုးသိတယ်...ကိုကြီး
အပေါ် အထင်မလွဲပါနဲ့...သူက စိတ်သဘော
ထား အရမ်းပြည့်ဝတဲ့ ယောကျာ်းတယောက်
ပါ...တဖက်သားကိုလည်း စိတ်ရင်းနဲ့ကူညီ
တတ်တယ်...အခု မကြီးမြင်တဲ့အမြင်မှာ
သူဟာ ကြောက်စရာကောင်းချင်ကောင်း
နေလိုက်မယ်...သူ့စိတ်ရင်းအမှန်က အခု
ဖြစ်နေတာနဲ့ တခြားစီပဲ..အရမ်းချစ်တတ်တဲ့
ယောကျာ်းတယောက်ပါ..."
" ဟုတ်ရဲ့လား စိုးရယ်...."
သိပ်ဟုတ်တာပေါ့ရှင်....သူ ဘယ်လောက်ချစ်
တတ်တယ်ဆိုတာ စိုးကလွဲ ဘယ်သူသိနိုင်
မတဲ့လဲ။အချစ်တွေအများကြီး ပေးခဲ့တဲ့လူကို
မှ စိုး မလုပ်သင့်ခဲ့တဲ့ အရာတွေ ကျူးလွန်ခဲ့
မိတာ။အချစ်ဒဏ်သင့်ခဲ့သည့်အကြောင်းတွေ
မသူဇာကို စိုး မခြွင်းမချန် အကုန်ပြောပြခဲ့ပါ
သည်။
အတိတ်ကအကြောင်းတွေ ပြန်ပြောရတော့
စိုး ရင်ထဲ လှိုက်ဖို ဝမ်းနဲလာသည်။ကိုကြီးရဲ့
အချစ်စစ် အချစ်မှန်တွေကို တရေးရေးခံစား
နားလည်လာသည်။ငယ်ရွယ်တဲ့အချိန်မို့ ဘာ
မှမစဥ်းစားမိပဲ ငွေတစ်ခုထဲ မြင်ကာ အဒေါ်
ခိုင်းသမျှ လုပ်ခဲ့မိတာတွေ...အဒေါ့်စကားတွေ
နားယောင်ခဲ့မိတာတွေ စဥ်းစားမိရင် ကိုယ့်ကို
ကိုယ် ဒေါသထွက်မိသည်။
စိုး စကားအဆုံးတွင် သူမနှင့်အတူ မသူဇာ
လည်း ရောပြီး သက်ပြင်းချမိတော့သည်။
" မကြီးဖြင့် ဘယ်လိုပြောရမှန်းမသိတော့ဘူး
စိုး အရမ်း မိုက်ခဲ့တာပဲ...အကိုလေးကလည်း
သိပ်အငြိုးကြီးတယ်...ကျားနဲ့ဆင်လယ်ပြင်
မှာတွေ့ကြသလိုပဲ...စိုးနဲ့အကိုလေးဇာတ်
လမ်းက...ဒီလို ဘီလူးရုပ်ပြောတာနဲ့ပဲ..စိုး
က ဆက်ချစ်ကြည့်ဖို့ မတွေးခဲ့ဘူးလား "
" မကြီးရယ်... မမြင်ဖူးတဲ့လူတယောက်ကို
ဘယ်လိုစိတ်နဲ့ စိုး ချစ်ရမလဲ...ဒါမဲ့လေ..
သူ့ကို ကိုကြီးမှန်းမသိခင်အချိန်ထိ..စိုး..
သူ့ကိုမြင်မြင်ချင်း ချစ်မိသွားခဲ့တာ...အခု
သူက ကိုကြီးမှန်းသိရတဲ့အချိန်..စိုး..စိုးလေ
ကြောက်တာတွေရော...နှမြောမိတာရော..
နောင်တရတဲ့စိတ်တွေရော...အဲ့စိတ်တွေနဲ့
စိုး တကယ်ရူးချင်နေပြီ...."
" စိုးရာ..... ဒါနဲ့ အဲ့သိန်းတထောင်ရော..."
မသူဇာ မေးမှပဲ အဲ့ငွေတွေကို စိုး သတိရသွား
သည်။စိုးကလေ ကိုယ့်ကိုကိုယ် ငွေမက်တဲ့
မိန်းမလို့ ထင်ခဲ့တာ။သူနဲ့ဆုံစည်းခဲ့ခြင်းမှာ
သူပို့ပေးခဲ့တဲ့ ငွေတွေ...ပစ္စည်းတွေထက် သူ
ဘယ်သူလဲဆိုတဲ့ စိတ်ဝင်စားသည့် စိတ်က
ပိုများခဲ့တယ်ဆိုတာ စိုးကလွဲ ဘယ်သူမှမသိ
နိုင်ခဲ့ပါဘူး။
" အဲ့ငွေတွေအကုန် အန်တီခ ယူထားတာ "
" ဟယ်ကွယ်...စိုး အဒေါ်ကလည်း ငွေတွေ
အကုန်သိမ်းတာပဲလား....ကိုယ့်တူမ
တယောက်လုံး ဘာဖြစ်နေလဲ သတင်းဖြင့်
မေးဖော်မရဘူး "
" ဟုတ်တယ် မကြီးရဲ့.... စိုးတို့ညီအမနှစ်
ယောက်လုံးမှာ မိဘတွေမရှိကြတော့ဘူး..
အဖေ့ဘက်ကအမျိုးတွေအကုန်နီးပါးက
နယ်မှာလေ....ဒါမဲ့ စိုးတို့ကိုသူတို့ဘက်က
အဆက်အသွယ်စ ဖြတ်ခဲ့တာကြာပါပြီ...
အမေ့ဘက်ကအမျိူးတွေလည်း ဒီအတိုင်း
ပဲ...အန်တီခက အမေ့ညီဝမ်းကွဲ...စိုးတို့
နှစ်ယောက်လုံး သူ့လက်ပေါ်မှာကြီးခဲ့တာ..
သူကပဲ စိုးတို့ကိုငွေကိုချစ်တတ်အောင်...
ဖြုန်းတတ်အောင် သင်ပေးခဲ့တာ "
" အဲ့ဒါပြောတာပေါ့စိုးရယ်...ကလေးတွေက
ဖယောင်းလိုပဲ....လိုရာပုံသွင်းလို့ရတယ်တဲ့
စိုး အဒေါ်က စိုးတို့ညီအမနှစ်ယောက်လုံးကို
သူ့အကျိုးအတွက် လိုသလိုပုံသွင်းခဲ့တာပဲ..
မကြီးဖြင့် ဘယ်သူ့ကိုအပြစ်တင်ရမှန်း
မသိတော့ဘူး...မကြီးသဘောက စိုးခံစား
နေရတာ မကြည့်ရက်ဘူး...တစ်ခုခုသိရရင်
မကြီး စိုးကိုကူညီမယ်...ခုလည်း လမ်းဆုံး
မရောက်သေးပါဘူး....စိုး ဒီညထွက်ပြေး
မလား....အကိုလေး ဒီကို လာမှာမှမဟုတ်
ပဲ... "
" စိုး ဘယ်တော့မှ ထွက်မပြေးဘူး...စိုးကို
သူ့ မျက်လုံးထဲ မိန်းမကောင်းတယောက်လို့
သူ မြင်ချင်မှမြင်မယ်...ဒါမဲ့ စိုး မိန်းမကောင်း
မဖြစ်နိုင်တော့ရင်တောင်...မိန်းမပျက်တော့
အဖြစ်မခံနိုင်ဘူး မကြီး..စိုးဘဝကို ကြည်ဖြူ
သည်ဖြစ်စေ...မကြည်ဖြူသည်ဖြစ်စေ..သူ့
ကို ပေးအပ်ခဲ့ပြီးပြီ...သူ...စိုးအပေါ်ဘယ်လို
သဘောထားပြီးပေါင်းပေါင်း..စိုးဟာ မြန်မာ
မိန်းခလေးတယောက်မို့ ကိုယ့်ခင်ပွန်းအပေါ်
သစ္စာရှိရမယ်...မယားဝတ္တရားကျေပွန်ရ
မယ်...အဲ့ထဲ အချစ်တွေ မပါရင်တောင်မှ
ပေါ့...ကျန်တဲ့အပိုင်းမှာလည်း သူ ကျေနပ်
တဲ့အထိ စိုးအပြစ်တွေ ပေးဆပ်ရအုံးမယ်
လုပ်ရဲရင် ခံရဲရမှာပေါ့ မကြီးရာ...စိုးမှာ
သတ္တိတွေ အပြည့်ရှိပါတယ်...စိုး မှားခဲ့မိတဲ့
အမှားတွေအတွက် စိုးကျေအောင်ဆပ်မှာ.
ကျန်တဲ့အရာတွေ ကိုကြီးဆီက စိုး ဘာမှ
မမျှော်လင့်ချင်တော့ဘူး..."
တစ်စုံတစ်ယောက်ဆီက မရနိုင်တော့မယ့်
အရာတွေကို မျှော်လင့်ရင်း အသက်ရှင်ရမှာ
အင်မတန်မှ ပူလောင်လှပါသည်။ပေးခဲ့စဥ်က
တန်ဖိုးမထားမိပဲ အခုမှ ပြန်လိုချင်လို့တောင်း
ခံရအောင် သူ့အချစ်တွေသည် အပေါစား
မဆန်ခဲ့ဘူးလေ။
ကိုကြီးကလေ....အရင်တချိန်က စိုးကိုသိပ်
ချစ်ခဲ့တာ။စိုး နေမကောင်းဘူးလို့ပြောလိုက်
မိရင် ဂျပန်ကနေ အခုချက်ချင်းပဲ ထပြန်
လာတော့မယ့်အတိုင်း ပြာနေအောင်ဂရုစိုက်
တတ်တာ။ရိုးရိုးဖုန်းနဲ့ ခေါ်နေတာလည်း ခန
ခနပဲ။စိုး အိပ်မပျော်မချင်း free call ခေါ်ရင်း
သီချင်းဆိုပြတတ်သေးတာ။
အရင်အချိန်နဲ့ ခုအခြေအနေ လုံးဝကို ခြားနား
သွားခဲ့ပါပြီ။ကိုကြီးဆီက အချစ်တွေစုပြုံရ
တုံးကလည်း စိုး ပျော်ရကောင်းမှန်းမသိခဲ့ပါ
ဘူး။အချစ်တွေကနေ အမုန်းတရားတွေ
အဖြစ် ပြောင်းလဲသွားခဲ့သည့် နောက်မှာ
တော့ နှမြောတဲ့စိတ်...ဖြစ်ခဲ့မိပါသည်။
ကိုကြီးနဲ့ ပက်သတ်ရင် စိုး လောဘကြီးခဲ့မိ
တယ်။ကိုကြီးကို ကိုယ်လိုသလောက်ခပ်လို့
ရတဲ့ ငွေတွင်းကြီးလို သဘောထားခဲ့မိတယ်။
ကိုကြီး အမြင်မှာလည်း စိုးဟာ ငွေမက်တဲ့
ကလိန်ကကျစ် မိန်းမတယောက်သာသာပါ
ပဲ။
အရင်ကတော့ ဟုတ်ချင်ဟုတ်မယ်...ကိုကြီး
နဲ့ ပက်သတ်ခဲ့စဥ်တလျှောက်လုံး စိုး ပိုက်ဆံ
တွေပဲ မြင်ခဲ့မိတယ်။အခု နောင်တရနေပါပြီ
လို့ စိုးပြောခဲ့ရင် ကိုကြီး ယုံပါ့မလား။
သူ ပေးခဲ့သည့်ငွေတွေကို စိုး အန်တီခ ဆီက
ပြန်တောင်းမည်။ပြီးလျှင် ညီလင်းညိုလက်ထဲ
ပြန်အပ်မည်။ရှိသမျှ ဝဋ်ကြွေး သည်ဘဝနဲ့
တင် ကျေပါစေတော့.....။
@@@@@@@@@@@@@@@@@@@
နေကောင်းခါစမို့ စိုးကို မသွားဖို့ မသူဇာ တား
သောလည်း စိတ်မြန်သော သူမသည် အဒေါ်
ဖြစ်သူကို စိတ်မချ၍ ချက်ချင်းသွားမည်ဟု
ဆိုကာ ထွက်သွားလေသည်။သူမ ထွက်သွား
ပြီး မကြာမီ ညီလင်းညိုကားလေးသည် ခြံ
ရှေ့တွင် ရပ်၍ ဟွန်းတီးလိုက်သော ကားသံ
သည် မသူဇာနားထဲ မိုးကြိုးပစ်ချသံအလား
ထင်မှတ်ပြီး ပြာယာခတ်ကုန်တော့သည်။
ရောက်ရောက်ချင်းဆိုသလို စိုး ကိုမေးနေလေ
ပြီ။ဖြေရခက်နေသော မသူဇာကိုပင် သူ့ဒေါသ
အစိုင်အခဲသည် အဖျားခတ်သွားသေးသည်။
သူ အော်လိုက်လျှင် စိုး မပြောနဲ့...မသူဇာပင်
ကြောက်ရပါသည်။ကြောက်ကြောက်နဲ့စကား
မမှားအောင် ထိန်းပြောရရှာသည်။
" သူ့ အဒေါ်ဆီ ခနလေးသွားမယ်ဆိုပြီး..ထွက်
ထွက်...ထွက်သွားတာပါ "
" ခင်ဗျား မတားဘူးလား "
" တားးးး တားပါတယ် "
" ခင်ဗျားကို ဘာမှာထားလဲ "
" စိုးကို အကိုလေးခွင့်ပြုချက်မပါ..ပါ...ပဲ..
မ...မ ထွက်ဖို့ "
" တော်ပြီ..... ပြောလိုက်ရင် ဆင်ခြေတွေကြီး
ပဲ ခင်ဗျားတို့က..."
အိမ်ထဲကိုပင် မဝင်တော့ပဲ ချက်ချင်းကား
မောင်းကာ ထွက်သွားလေသည်။မနက်ပိုင်း
ကို သူ မလာလောက်ဘူးလို့ နှစ်ယောက်သား
တွက်ခဲ့မိတာ မှားရောပဲ။
စိုးသည်လည်း အန်တီခ ဆီမသွားခင် သူ့
ဖုန်းကို အကြိမ်ကြိမ် ဆက်ပါသည်။ဖုန်းပြန်
မကိုင်၍သူပြန်ခေါ်ရင်ဖြင့် အကျိူးအကြောင်း
ပြောပြမယ်ဟု စိတ်ကူးထားခဲ့တာဖြစ်ပါ
သည်။
မသူဇာနဲ့ ညက ဖုန်းဆက်ပြီးနောက် သူမ
မသက်သာသေးဘူးဟု ပြောခဲ့၍ အလုပ်
မသွားခင် စေတနာလေးထားပြီး ဝင်ကြည့်
ခဲ့သော ညီလင်းညိုအနေနဲ့လည်း အိမ်ရောက်
ရောက်ချင်း စိုးကိုမတွေ့ရ၍ ပေါက်ကွဲနေတာ
ဖြစ်လေသည်။သူ စိုးမေလှိုင်ကို နဲနဲလေး
တောင်မှ အယုံအကြည်မရှိရာ ဒေါ်မေခဆီ
သွားတာကိုပင် လိမ်နေတယ်ဟုထင်ပြီး
ပိုဒေါသထွက်သွားတာ ဖြစ်နိုင်ပါသည်။
ပွေရှုပ်တတ်သည့် မိန်းမမို့ သူ့ကွယ်ရာတွင်
အရင်လက်ကျန် ဇာတ်လမ်းဟောင်းတွေနဲ့
ပြန်ဆက်နေမလား သံသယဝင်နေတာဖြစ်
သည်။
သူ ထင်ထားသလို စိုးက ဘယ်သူနဲ့မှ သွား
တွေ့ခဲ့တာ မဟုတ်ဘူး။သူမ အဒေါ်ဆီ သွား
ခဲ့တာ ဖြစ်လေသည်။အန်တီခ ကိုမတွေ့ပဲ
ဆွေဆွေလှိုင်ကိုသာ တွေ့ခဲ့ရပါသည်။
" အန်တီခရော.... "
ဆွေဆွေ ဘာပြန်ပြောရမှန်းမသိ။
" နင်အဆင်ပြေရဲ့လား.... "
ဆွေဆွေ့ဘက်က အထက်ပါမေးခွန်းကိုမေး
လိုက်သည့်အချိန်တွင် ညီလင်းညိုသည် သူမ
တို့ အခန်းတံခါး ရှေ့ရောက်နေလေပြီ။တံခါး
က အထဲမှ ပိတ်မထားသောကြောင့် သူတို့
ညီအမ စကားပြောသံတွေ သူ ကြားနေရ
ပါသည်။
" အာ့ဒါတွေမေးမနေနဲ့.... အန်တီခ ဘယ်
မှာလဲ "
" ငါမသိဘူး စိုး...."
" ဘာ..... "
" ဟုတ်တယ် စိုး....မနေ့ညထဲက ငွေတွေယူ
ပြီး ထွက်သွားပြီ.... နင်အခုလိုလာတောင်း
မှာ သူကြိုသိနေလို့ ထွက်သွားတာ "
" ဟာာ ကွာ....အဲ့လိုသူလုပ်လို့မရဘူး...အဲ့
ငွေတွေ တစ်ကျပ်မှ သုံးလို့မရဘူး...ငါ့
အခက်တွေ့အောင်လုပ်သွားတာပဲ..."
" ဘာလို့လဲ....ဘာတွေဖြစ်နေတာလဲစိုး..."
" နင့်ကိုပြောပြလည်း နင်သိမှာမဟုတ်ဘူး...
ငါမပြောပြချင်ဘူးဟာ.... "
" ပြောပြလိုက်ပါ...သူက နေလင်းမဟုတ်ဘူး
ညီလင်းညိုဆိုတာ... "
အသံကြားရာဆီ ညီအမနှစ်ယောက်လုံး
လှည့်ကြည့်လိုက်သည်။ဆွေဆွေက အံ့အား
မသင့်ပေမယ့် သူမမှာဖြင့် သူ့အသံကြားရုံ
ကျောချမ်းလျက်ရှိနေသည့်ကြားက လူပါ
မြင်လိုက်ရ၍ ရူးချင်သွားတော့သည်။
" ညီလင်းညို ဆိုတာဘယ်သူလဲစိုး...."
ဆွေဆွေ တကယ်မသိ၍ ရိုးရိုးသားသားမေး
ခဲ့ခြင်းပင်။ဂျပန်က လူ နာမည်ကို သူမ အတိ
အကျ မသိပါ။စိုးတို့ ငွေတွေညာယူခဲ့တယ်
ဆိုတာနှင့် သူ ပြန်မလာခင်ခြေရာဖျောက်ခဲ့
တာလောက်ပဲ သူမ သိခဲ့တာ။
" သူ ဘာမှမသိဘူး ကိုကြီး...."
" ဟုတ်ရဲ့လား....အကုန်လုံးတကျိတ်ထဲ
တစ်ညဏ်ထဲ မဟုတ်ဘူးလား "
ဆွေဆွေသည် နားမလည်နိုင်ဟန် စိုးကိုပင်
ပြန်ငေးကြည့်နေပါသည်။
" ငါပြန်တော့မယ်...အန်တီခ ဘယ်ရောက်
နေလဲ ငါ့ကိုစုံစမ်းပေးထား "
ဆက်နေရင် အမတယောက်ရှေ့ စိုး အရှက်
ကွဲတော့မည်။အရှက်ကွဲတာက ပြသာနာ
မရှိသော်လည်း ဆွေဆွေ့ရှေ့ သူမကို ရင့်ရင့်
သီးသီး စကားလုံးတွေနဲ့ပြောလာခဲ့ရင်
ဆွေဆွေ စိတ်ကောင်းမှာမဟုတ်ဘူး။ဒုက္ခ
တွေ သောကတွေကို စိုးတစ်ယောက်ထဲပဲ
ခံမည်။မဆိုင်တဲ့လူတွေကို စိုး ပူပင်သောက
တွေ မပေးချင်ဘူး။
ဆွေဆွေ့ကို ပြောပြီးသည်နှင့် စိုး ထွက်လာ
ပါသည်။စိုး နောက်တွင် သူ တောက်လျှောက်
ကပ်လိုက်လာသည်။လှေကားနားတင်ပင်
သူ စိုးကို ရပ်စမ်းဟု အမိန့်ပေးလိုက်၍ စိုး
ခြေလှမ်းတွေ ရပ်တန့်ပေးလိုက်ပါသည်။
" ဘာအထာလဲစိုးမေလှိုင်.... မနေ့ညက
မသူဇာ ဖုန်းဆက်တော့...မင်း အခုချက်ချင်း
ပဲ သေတော့မယ့်ပုံနဲ့...ဒီမနက်ကျ မင်း
အဒေါ်ဆီ လာပြီး ဝေစုလာခွဲတယ်ပေါ့...
မင်းကိုယ်မင်း မပိုင်တော့ဘူးဆိုတာမေ့နေ
တာလား...ငါ့ခွင့်ပြုချက်မရပဲ ဘယ်ကိုမှ
သွားခွင့်မရှိဘူးဆိုတာ မသိတာလား "
" စိုး....ကိုကြီးဆီ ဖုန်း ၂ခါခေါ်ခဲ့တယ်..လုံးဝ
မကိုင်ဘူး...ဒါမို့ ခွင့်ပြုချက်မတောင်းခဲ့
သလို ဖြစ်သွားတာ... "
သူမ ပြောမှ အိမ်တွင် ဖုန်းကျန်ခဲ့မှန်း သူ
သတိရသွားသည်။မနက်က အမှန်တိုင်းပြော
ရရင် သူမဆီလာဖို့ စိတ်လောရင်း.မေ့ခဲ့တာ..
အရင်လက်ကျန်သံယောဇဥ် မရှိချင်ပါဘူး
ဆိုမှ မသူဇာရဲ့ မသက်သာဘူးဆိုတဲ့စကား
ကြောင့် တညလုံး ကောင်းကောင်းအိပ်မပျော်
ပဲ မသိစိတ်ကနေ စိုးရိမ်နေခဲ့မိတာ။သူ့ကြောင့်
အခုလို ဖြစ်ရတာလေ...သူသာ အဲ့ညက မလို
အပ်ပဲ မူးအောင်မသောက်ခဲ့ဘူးဆိုရင် စိုး
အဲ့လောက်ထိ ဖြစ်မှာမဟုတ်ဘူး။
တစ်ခါတစ်ခါလည်း ကိုယ့်ကိုကိုယ်အံ့သြမိ
တယ်။သူမ အနား ကြာကြာနေရင် သူ့စိတ်
တွေ ပြောင်းလဲသွားမှာ စိုးရိမ်မိနေပြီ။သူမ
လုပ်ရပ်သည် ခွင့်လွှတ်ပေးချင်စရာ တစ်ခု
မှမရှိခဲ့တာကိုလည်း သူ့ဦးနှောက်က အချက်
ပြနေသည်။အမုန်းတရားကနေ အချစ်ဘက်
တိမ်းစောင်းသွားမှာကို သူ့မာနက လက်မခံ
ဘူး။သူမနဲ့ပက်သတ်ပြီး လက်ကျန်အချစ်
တွေရှိခဲ့ရင်တောင် ကိုယ့်ကိုကိုယ် မညှာတာ
ပဲ ရက်စက်ပြအုံးမယ့် ယောကျာ်းမျိူးဟာ
ညီလင်းညိုပဲ။
" ဒါဆိုလည်း ငါလာတဲ့အထိစောင့်လေ...
ငါ မင်းကိုသိန်းတထောင်ပေးပြီး ယူထား
ရတာ....မင်းထွက်ပြေးသွားရင်...."
" စိတ်ချပါ...ထွက်မပြေးပါဘူး "
ပြောပြီး သူမ အောက်ကို ဆက်ဆင်းသွား
သည်။
" ငါ taxi ငှားပေးမယ်...အိမ်တန်းပြန်...
လမ်းသလားတာ ငါမကြိုက်ဘူး...ပြောရ
အုံးမယ်...ထွက်ပြေးသွားတဲ့ မင်းအဒေါ်ကို
လိုက်ရှာမနေနဲ့...မင်းလည်းသိပ်လောဘ
ကြီးမနေနဲ့....မင်းလိုသလောက်ငါ့ဆီက
တောင်း...တောင်းသလောက်ငါထုတ်ပေး
မယ်...ငါပြောထားတာတွေလည်းမမေ့
လိုက်နဲ့အုံး...."
ပုံမှန်အချိန်ဆို သူ့စိတ်က သာမန်လူတွေလို
ပါပဲ။အရက်သောက်မိရင်သာ သွေးဆိုးသွား
ခဲ့တာ။
" နေအုံး...ဒီည မင်းငါနဲ့ပွဲတစ်ခုတက်ရမယ်..
မင်း ပွဲတက်မယားအငှားလိုက်ဖူးတဲ့...
အတွေ့အကြုံရှိတယ်မို့လား "
သူ့အပြောကြောင့် စိုး မျက်နှာလေး သိမ်ငယ်
သွားသည်။စိုး ဘဝရဲ့ အမဲစက်တွေတိုင်း
သည် သူ လက်ညှိုးထိုးချင်စရာကောင်း
သည့် သရော်အပြုံးတွေအဖြစ် ပြောင်းလဲ
ဖန်တီးပေးသကဲ့သို့ ဖြစ်နေပါသည်။
" မေးနေတယ်လေ....ထားပါ..မဖြေချင်လဲ
ညနေကျရင် မင်းဝတ်ရမယ့် ဝတ်စုံကို
သက်နောင် လာပို့လိမ့်မယ်...အဆင်သင့်
ပြင်ထား "
ပွဲတက်မယားလို အပေါစားဆန်ဆန်သာ သူ
သဘောထားကြောင်း ပညာသားပါပါ နှိပ်
ကွက် လိုက်တာ ဖြစ်သည်။ထို့နောက် သူမကို
Taxi ငှားပေးကာ တင်ပေးလိုက်သည်။ပြီးမှ
သူ့ ကားဆီ ပြန်လျှောက်လာခဲ့သည်။သူ
ကားထဲ ဝင်ထိုင်လိုက်သည့်အချိန်တွင်
သူ့ကားရှေ့ ကားတစ်စီး ပိတ်ရပ်လိုက်၍
ထိုကားအထွက်ကို ပြန်စောင့်နေရသည်။
ကားထဲက ဆင်းလာတဲ့လူကို မြင်ပြီး သူ့
မျက်ခုံးနှစ်ဖက် ပင့်တက်သွားတော့သည်။
ဖေဖေ....ဟုတ်တယ်။နောက်ကျောအနေအ
ထားအတိုင်း စိုးမေလှိုင်နေခဲ့သည့် တိုက်ခန်း
အနား လျှောက်သွားသည်။တိုက်ထဲဝင်ဖို့
လမ်းဘေးဝဲယာကို ဖေဖေ တစ်ချက်ကြည့်
လိုက်သေးသည်။ပြီးမှ တိုက်ပေါ်တက်သွား
တာပင်။ဖေဖေ ဘယ်တုံးက ပြန်ရောက်တာ
လဲ။သူတို့သားအမိ နှစ်ယောက်ကိုတောင်
အသိမပေးပဲ မြန်မာပြည်ကို ရောက်နေတာ
ဘယ်လောက်ကြာသွားပြီလဲ။
သူ ဂျပန်မှာရှိစဥ်တုံးက ဖေဖေ မြန်မာပြည်
ခနခန ပြန်သွားခြင်းသည် မေမေ့အတွက်မှ
ဟုတ်ရဲ့လား တွေးမိစရာ ဖြစ်နေတော့သည်။
အခုရော ဖေဖေ ဘယ်သူ့ဆီ လာတာလဲ...။
သူ့တွင် စိတ်ရှုပ်ထွေးစရာတွေ များသထက်
များလာတော့သည်။
*******************************************
အခန်း(5) မျှော်
Author 😘 A Mon Ko 😘