book

Index 3

အခန်း(3)

  • Author : A Mon Ko
  • Genres : Romance, Drama

ပြောစရာရှ်ိသည်တို့ကို လိုရင်းတိုရှင်းပြောပြီး

အေးဆေးစဥ်းစားပြီးမှ အကြောင်းပြန်ဟု

ပြောကာ ကိုယ်လက်ထပ်မယ့်မိန်းခလေးကို

သေချာတောင်မကြည့်ဖြစ်ပဲ သူ ထ ပြန်သွား

ပါသည်။စိုးသည် စာချူပ်စာတမ်းနဲ့ သိန်း

တစ်ထောင် လက်ထဲအပ်မယ်ဟူသော သူ့

စကားကို မနှစ်မြို့ဟန် ထိုင်ရင်းတွေးတောနေ

မိသည်။


" ငါးနှစ်အတွင်း စိုးမေလှိုင်...ကျတော့်ကို

  ဘာအကြောင်းပြချက်နဲ့မှ ကွာရှင်းခွင့်မရှိ

  ဘူး....အကယ်၍ သူ့ဘက်က ကွာရှင်းခွင့် 

  တောင်းမိရင်...တင်တောင်းငွေရဲ့ ၅ဆ ပြန်

  လျော်ရမယ်...သေချာစဥ်းစားပါ...ပြီးမှ

  အကြောင်းပြန်ပါ "


သူ လိုရင်းတိုရှင်း ပြောသွားခဲ့သည့်စကားတွေ

ကို သူ့တပည့်သက်နောင်က ပြန်ရှင်းပြပေးပါ

သည်။


" ကျတော့်ဆရာက...စီးပွားရေးသမားမို့...

  စကားပြောရင် အဲ့အတိုင်းပဲ ပြတ်ပြတ်ကြီး

  ပြောတတ်လို့ပါ....တမျိုးမထင်ပါနဲ့..."


သူတို့ ထွက်သွားတဲ့အချိန်ထိ စိုး တွေးလို့

ကောင်းနေတုံး။အန်တီခက စိုးပခုံးတစ်ဖက်

ကို ဖျစ်ညှစ်ကိုင်လိုက်ရင်း ဝမ်းသာအားရ

လေသံဖြင့်...


" စိုးရေ....ညည်းကတော့ တကယ့်လာဘ်

  ကောင်လေးပဲ....စိုးလောက်ကံကောင်းတဲ့

  မိန်းခလေးရှိမယ်တောင်မထင်ဘူး...ဘာမှ

  စဥ်းစားမနေနဲ့... ခေါင်းသာညိတ်လိုက်ကြ

  စို့ "


" အရမ်းမလောနဲ့အုံး အန်တီခ...စိုး မရှင်းတာ

  တွေ အများကြီးပဲ...ငါးနှစ်အတွင်းဆိုတာ

  ဘာစကားလဲ...သူကိုယ်တိုင်က စိုးကို ငါးနှစ်

  ပဲ ပေါင်းမယ်ဆိုတဲ့သဘောလား "


" အတွေးခေါင်ပြန်ပြီ စိုးမေလှိုင်...သူက...

  စီးပွားရေးသမားလေ...စကားကိုလှပအောင်

  မပြောတတ်ဘူးဆိုတာ သူ့ တပည့်ပြောသွား

  တယ်မို့လား...မိန်းမတယောက်ရဲ့အချစ်ကို

  ရဖို့ သူ့မှာကြိုးစားချိန်မရှ်ိဘူးလေ...ဒါ

  ပိုက်ဆံပဲ အသဲအသန်ရှာတတ်တဲ့ သူတို့လို

  သူဌေးတွေရဲ့ အားနဲချက်ပဲ...အချစ်ရေးမှာ

  လစ်ဟာသွားတာမျိူးပေါ့...အများကြီးတွေး

  မနေနဲ့....လူ့ဘဝက တိုတိုလေး...ပျော်ပျော်

  သာနေစမ်းပါ....မောင်နေလင်းရုပ်က်ိုလည်း

  ကြည့်လိုက်အုံး...ငြင်းရက်စရာမရှ်ိပါဘူး

  ဟယ်....သိန်းတထောင်တောင်နော်....စိတ်

  ကူး မလွဲနဲ့...ဟော...သူ့မယားဖြစ်သွားရင်..

  ညည်းပါးနပ်ဖို့ပဲ လိုတာ...ညည်းလိုချင်တာ

  မှန်သမျှ ရစေပဲ...ကဲ...ဘယ်နှယ့်လဲ...စိုး

  ပြောတော့...ကိုယ့်ဘဝကိုယ် တည်တည်ငြိမ်

  ငြိမ် တည်ဆောက်ချင်ပြီဆို...ဒီအလုပ်လည်း

  မလုပ်ချင်တော့ဘူးဆို...သူနဲ့ရသွားရင်...

  ဘဝတစ်ခုလုံးပြောင်းလဲသွားမှာစိုးရဲ့....

  ဒါ ပေါက်မလားလို့ ကံစမ်းနေတဲ့ ကံစမ်းမဲပွဲ

  ကြီးမဟုတ်ဘူးစိုး...ပေါက်မဲနံပါတ်ကိုင်ပြီး

  ရွှေဒင်းဂါးတွေနဲ့ ထွေခင်းကစားရမယ့်ပွဲ..."


အန်တီခ အပြောကတော့ ဟုတ်နေတာပဲ။စိုး

ကိုယ်တိုင်ကလည်း သူ့ကို မြင်မြင်ချင်း

သဘောကျမိခဲ့ပါသည်။သူ့ပုံစံကိုကြည့်ရတာ

တစ်မျိူးပဲ။ကိုယ် လက်ထပ်ယူမယ့်မိန်းခလေး

ကို ကြည့်တဲ့ အကြည့်တွေကလည်း စိမ်းသက်

လိုက်တာ။စိုးဖြင့် ဖင်ပူအောင်မထိုင်ရသေး...

ထပြန်သွားတာပဲကြည့်။တကယ်ဆို စိုးနဲ့

အပြင်မှာ အေးဆေးတွေ့ပြီး စိုးကို ဘယ်လို

ငြိတွယ်ခဲ့တယ်ဆိုတာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြနေရမှာ

မဟုတ်ဘူးလား။ကြင်နာနွေးထွေးစွာနဲ့ စကား

တွေ အများကြီး သူ ပြောသင့်တာ မဟုတ်ဘူး

လား။ခုတော့...သူ ဖြစ်ချင်တာတွေ ပြောပြီး

ပြန်သွားရက်သည်။စိုး စိတ်ထဲအလိုမကျတာ

လည်း အဲ့အချက်ပဲ။ဘယ်မိန်းခလေးမဆို

ကိုယ့်ကိုအလေးပေးဆက်ဆံတာ...ဂရုစိုက်

နွေးထွေးမှုပေးတာ ကြိုက်ကြတာပဲလေ။


စိုး သဘောဆန္ဒတွေကို အန်တီခ တစ်ခုမှထပ်

မမေးတော့ပဲ နောက်ရက်ရောက်သည်နှင့် သူ့

ထံဆက်သွယ်ကာ သဘောတူကြောင်း စကား

ပြန်လိုက်လျှင် ညီလင်းညို မျက်ခုံးနှစ်ဖက်

ပင့်တက်သွားသည်အထိ အံ့မခန်းဖြစ်သွားမိ

သည်။


" ကျတော်ဖြင့်...အဲ့လောက်ထိမြန်မယ်မထင်

  မိဘူးဗျာ.. "


ထိုစကားကို သူက လေသံအေးအေးလေးနဲ့

တမင်ရွဲ့ပြီး ပြောလိုက်တာပင်။ဒေါ်မေခက

ဘယ်လိုတွေးပြီး နားလည်သွားတယ်မသိ..

သဘောကျစွာ ရယ်နိုင်သေးတာကို ကြားမိ

ပြီး လက်ဖျားခါသွားရတော့သည်။


သူတို့ဘက်က ခေါင်းညိတ်တယ်ဆိုသော်ငြား

ညီလင်းညိုမှာ ဘာတစ်ခုမှ မစီစဥ်ရသေး၍

လုပ်လက်စ အလုပ်တွေကို ငမိုင်းနဲ့လွှဲကာ

မေမေတို့မသိအောင် သူဝယ်ထားသည့်

အင်းယားလမ်းက ခြံကိုသွားပြီး ပြင်ဆင်စရာ

ရှိတာ ပြင်ရတော့သည်။


" ကိုညီတို့ ဒီမှာနေမှာလား...."


" အေး.... ဒီမှာပဲ နေရမှာပေါ့....ငါ့ကိစ္စတွေကို

  ဘယ်သူ့ကိုမှ မသိစေချင်ဘူး...မင်းနားလည်

  တယ်နော်....ငမိုင်း...ပြီးတော့မင်း...ငါ....

  ဒီသုံးယောက်ကလွဲရင် ဘယ်သူမှမသိတာ

  ငါလိုချင်တယ် "


" စိတ်ချပါ ကိုညီ "


" အေး...ဒါဖြင့် လိုအပ်တဲ့ အိမ်အသုံးဆောင်

  ပစ္စည်းတွေ...မင်းဘာသာကြည့် စီစဥ်လိုက်

  ဒီနေ့အပြီး လိုချင်တယ်...မနက်ဖန်စိုးမေလှိူင်

  ဆီသွားမယ်...ရှေ့နေပါ တစ်ခါထဲ ပါပါစေ "


" ဟုတ်ကဲ့ ကိုညီ...."


စီစဥ်ညွှန်ကြားစရာရှိတာတွေ ပြီးပြတ်ပြီနောက် မေမေနဲ့ အေးဆေးစကားပြောဖို့

သူ အိမ်ပြန်လာပါသည်။မေမေက နာမည်နဲ့

လိုက်အောင် သစ္စာတရားကို တန်ဖိုးထားသော

မိန်းမတစ်ယောက်ဖြစ်ပါသည်။ခင်ပွန်းအပေါ်

မှာရော မွေးရပ်မြေပေါ်မှာရော မေမေ သစ္စာ

အလွန်ရှိခဲ့ပါသည်။ဖေဖေ အဆင်မပြေခဲ့စဥ်

ကလည်း မိမိခင်ပွန်းကို ယုံကြည်မှူအပြည့်

ထားပြီး အားပေးနှစ်သိမ့်ကာ အမြင့်ဆုံး

ရောက်အောင် ဖေးကူတင်ပေးခဲ့တယ်။ဖေဖေ

ကသာ ရံဖန်ရံခါ ဘဝမေ့တတ်ခဲ့ပြီးယောကျာ်း

သဘာဝ ပွေရှုပ်ခဲ့ပါသည်။သို့သော် ဖေဖေ

သည် စိတ်အာဟာရ ကျွေးတာပါ သားရာ

ဆိုပြီး အပြင်က ပြသာနာတွေကို အိမ်ထဲ

သယ်မလာခဲ့ပါဘူး။ဖေဖေ အပြင်မှာပွေရှုပ်

နေတာ သိတဲ့မေမေက ဘာမှမသိချင်ယောင်

ဆောင်ပြီး အပူရုပ်ကို ဟန်လုပ်ပြုံးရင်း ဘဝ

ကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းခဲ့ပါ

သည်။


သူ့ ကားလေး ခြံထဲကို ကွေ့ပတ်မောင်းလာ

သည်ကို မေမေမြင်တာနဲ့ အိမ်အကူကလေးမ

အား သံပုရာရည်တစ်ခွက် ဖျော်ထားရန် လှမ်း

​ပြောလေသည်။သူ မေမေရှိရာဆီ လျှောက်

လာပြီး....


" သား ဒီနေ့စောပါလား..."


" ဟုတ်တယ်မေမေ...ကျတော် မေမေ့ကို

  ပြောစရာရှိလို့..."


" ပြောလေ သား...... "


" ကျတော် ခရီးတစ်ခုထွက်စရာရှိတယ်မေမေ

  ပြင်ဦးလွင်ဘက်ကို ဟိုတယ်အသစ်ဖွင့်မယ့်

  ကိစ္စ သွားကြည့်ရမှာမို့လို့...."


" အင်း....ဘယ်တော့သွားမှာလဲ သား...."


" မေမေ တစ်ခုခုများစီစဥ်ထားလို့လား "


" သားအလုပ်ကိစ္စ အရေးကြီးရင်လည်းသွား

  ပါ....မေမေက မနက်ဖန်ကို သားနဲ့သဘော

  တူထားတဲ့ မေမေ့ချွေးမလောင်းလေးနဲ့

  တွေ့ပေးမလားလို့ပါ "


မနက်ဖန်တဲ့လား.....တိုက်ဆိုင်မှုတွေကလည်း

များလိုက်တာ။မနက်ဖန်ဆို ကျတော် သေ

လောက်အောင်မုန်းတဲ့ မိန်းမတယောက်ကို

မေမေတို့ မသိအောင် လက်ထပ်ဖြစ်တော့

မယ်။မေမေကလည်း တရားဝင်ဇနီးလောင်း

ဖြစ်လာမယ့် မိန်းခလေးနဲ့ မနက်ဖန်ကိုလူချင်း

တွေ့ပေးအုံးမည် ဆိုပါလား။


" သဘက်ခါ ပြန်ချိန်းလိုက်ပါလား မေမေ "


" သား ခရီးထွက်မယ့်ကိစ္စရော..."


" ချက်ချင်းသွားရမယ့်ခရီးမဟုတ်ပါဘူး

  မေမေ.....ရပါတယ် "


မေမေ ပြောတာတော့ ရွှေအိမ်သူဆိုတဲ့

ကောင်မလေးက နာမည်နဲ့လိုက်အောင်

မိန်းမ ပီသတယ်တဲ့။သူ့ထက် ၃နှစ်လောက်ပဲ

ငယ်မယ်။အိမ်တွင်းမှုနိုင်နင်းပြီး အချက်

အပြုတ်လည်း တော်သည်ဆိုပဲ။သူမ အမေ

ဖွင့်ထားသည့် ပိုးထည်ဆိုင်ကိုလည်း အခု

သူမပဲ ဦးစီးလုပ်ကိုင်နေတာ။ဆွေကောင်းမျိူး

ကောင်း မိန်းမကောင်းလေးမို့ သားမြင်တာနဲ့

သဘောကျမှာပါတဲ့။


မေမေကတော့ သူ့ ချွေးမလောင်းရဲ့ တော်

ကြောင်းတွေ...သိတတ်လိမ်မာတာတွေ...

မမောနိုင်မပမ်းနိုင် ပြောပြခဲ့ပါသည်။မယူရ

သေးတဲ့ မိန်းခလေးအပေါ် သူ အပြစ်ရှိသလို

ခံစားနေရတာ အမှန်ပင်။သူသာ စိုးမေလှိုင်ကို

တိတ်တိတ်ပုန်း လက်ထပ်ထားတာ သူမ သိ

သွားခဲ့ရင်....။


စိုးမေလှိုင်အတွက် မတရားတာတွေ...နစ်နာ

မှုတွေ...သနားတာတွေ...သူ့မှာ မရှိပါ။အခု

သူ တွေးပေးနေတာ ရွှေအိမ်သူကိုပဲ။မိန်းမ

အများစုသည် အချစ်နဲ့ပက်သတ်လာရင်

လောဘကြီးကြသည်။အဲ့ထဲ သူ့ မေမေ

ဒေါ်သစ္စာကဖြင့် မပါဘူးလို့ ထင်ပါသည်။

မေမေ့ကို မြင်လိုက်တိုင်း ဘာအပူမှမရှိသလို

အစဥ်သဖြင့် မျက်နှာလေးက အေးချမ်းနေ

တာလေ။


@@@@@@@@@@@@@@@@@@@


ငွေပေါင်း သိန်းတစ်ထောင်တိတိ ဒေါ်မေခ

လက်ထဲကို ရောက်ဖို့ မိနစ်ပိုင်းသာ လိုပါ

တော့သည်။ဆွေဆွေသည် အမတယောက်၏

စိတ်သဘောထားအတိုင်း ညီမဖြစ်သူကို

တပါးသူလက်ထဲ ပေးလိုက်ရမှာ နှမြောစိတ်

ဖြင့် ဝမ်းနဲလာပါသည်။တဖက်က ပြန်ကြည့်

လျှင် အန်တီခ လက်ထဲ အချိန်ကြာကြာ နေ

ခွင့်မရတော့ ခြင်းသည်ပင် ကံကောင်းသော

ဆုလာဘ်ကြီး ဖြစ်နေရာ စိုးကဖြင့် ဝဋ်ကျွတ်

သွားခဲ့ပြီလေ။


နေလင်းဆ်ိုတဲ့ လူရဲ့အကြောင်းကို ဆွေဆွေ

ဃဃနန မသိပါ။အမြင်နဲ့ဆုံးဖြတ်ရလျှင် သူ

ချစ်သော မိန်းခလေးအတွက် တန်ဖိုးတစ်ခု

သတ်မှတ်ပြီး လူကြီးလူကောင်းပီပီ လာ

ရောက် တောင်းရမ်းလက်ထပ်ယူခဲ့တာလို့

တွေးမိပါသည်။နောက်ဆက်တွဲ ပြသာနာကို

ဆွေဆွေ ဘာတစ်ခုမှ မရိပ်မိခဲ့ပါ။အစစအရာ

ရာ အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးနေမိ

ပါသည်။


မနက် ၁၀ နာရီတိတိတွင် သူတို့ရောက်လာကြ

ပါသည်။ဆရာ တပည့်နှစ်ယောက်နှင့်အတူ

ရှေ့နေ တစ်ယောက်ပါလာသည်။နောက်မှာ

မိဘတွေများ ပါလေအုံးမလား စိုးက အခန်း

တံခါး မပ်ိတ်သေးပဲ မတ်တပ်လေးရပ်နေမိ

သည်။စိုး ထင်ထားသလို နောက်တွင် မည်သူ

မှ ပါမလာပေ။မိန်းမတယောက်ကို လာ

ရောက် တောင်းရမ်းခြင်းတွင် ဘာကန်တော့ပွဲ

မှ ပါမလာ..အသိသက်သေ လူကြီးတွေလည်း

ပါမလာ။ပြီးတော့ သူ ဝတ်ထားသည့်တိုက်ပုံ

အရောင်သည် အနက်ရောင်...ပုဆိုးကလည်း

အနက်ရောင်။ဒါ မဂ်လာ ယူရမည့် အချိန်

မဟုတ်ဘူးလား။


စိုး တွေးနေခဲ့သလို အန်တီခ ဘာမှ တွေးမိပုံ

မရဘူး။ငွေတွေသာ မျက်လုံးထဲမြင်ပြီး

လစ်ဟာမှုအပိုင်းတွေကိုကျ မမြင်တာလား..

မသိချင်ယောင်ဆောင်တာလား စိုး မသိပါ။


လက်ထပ်စာချူပ်တွင် သူတို့နှစ်ယောက် 

လက်မှတ်ထိုးနေချိန် ဒေါ်မေခသည်လည်း

ငါးနှစ်အတွင်း သူမဘက်က ကွာရှင်းခွင့်

တောင်းပါက သိန်းတစ်ထောင်၏ တန်ဖိုးငွေ

ငါးဆ တိတိ ပေးလျော်ရန် ကြည်ဖြူသော

ကတိပါ စာချူပ်အား ကျေကျေနပ်နပ်ဖြင့်

လက်မှတ်ထိုးပေးနေလေသည်။


ခရီးဆောင်အိတ်အပြည့် ထည့်ထားသည့်ငွေ

တွေကို ဒေါ်မေခ တယုတယ ထွေးပိုက်ထား

ပါသည်။


" အားလုံးပြီးပြီဆိုတော့ သူ့...ကျတော်ခေါ်

  သွားမယ်  "


" အခုလား "


" ဒါပေါ့ "


သူ့ကို ကျတော်ခေါ်သွားမယ်ဆိုတဲ့ စကားကို

စိုး မနှစ်မြို့ဟန် သူ့ဘက် အကြည့်လှမ်းပို့

လျှင် သူသည် သရော်ဟန် အပြုံးတို့ဖြင့်

အထက်စီးဆန်ဆန် ကြည့်ကာ...


" ဒီအတိုင်းလိုက်ခဲ့လည်း ဖြစ်တယ်စိုးမေလှိုင်

  အချိန်မရှ်ိဘူး...အမြန်လုပ်...အောက်မှာ

  စောင့်နေမယ်..."


ကိစ္စတွေ ပြီးပြတ်သည်နှင့် မျက်နှာအနေ

အထားကအစ ပြောင်းလဲသွားသည်။အဲ့

ပြောင်းလဲမှုတွေကို စိုး ရိပ်မိကာစပြုလာ

သည်။အန်တီခ အာရုံထဲ တူမဖြစ်သူအား

ငွေနဲ့ အလဲအလှယ်လုပ်ပြီး သိမ်းပိုက်ခဲ့တာကို

သတ်ိမမူနိုင်ပဲ ငွေပုံကိုကြည့်ကာ မှင်တက်နေ

သည်။စိုးလိုပဲ ဆွေဆွေလည်း တစ်စုံတစ်ရာ

ကို နားလည်လိုက်ဟန် ထွက်သွားတော့မယ့်

ညီမ လက်ကိုဖမ်းဆွဲကာ...


" တစ်ခုခုဆို ငါ့ဆီဖုန်းဆက်နော် စိုး...နင့်မှာ

  အမတယောက်လုံးရှိနေသေးတာ မမေ့နဲ့ "


အရေးကြုံလာရင် သွေးနီးကြောင်းသက်သေ

တွေ လက်တွေ့ပြရမည်။ညီအမ နှစ်ယောက်

တစ်ယောက်လက် တစ်ယောက်ကိုင်ထားပြီး

အချင်းချင်းသာ နားလည်သည့်အကြည့်တို့

နှင့် စိုး သူမကို နှုတ်ဆက်ခဲ့ပါသည်။


စိုး တိုက်အောက်ဆင်းလာလျှင် စက်နှ်ိုးထား

သည့် ကားကို တွေ့လိုက်ပါသည်။အရင်ကဆို

ကားအကောင်းစားကြီးတွေနဲ့ လာခေါ်တိုင်း

စိုးဟာ ရင်ခုန်စွာ လိုက်ပါသွားတတ်ပါသည်။

စိုး လိုချင်တာမှန်သမျှ လိုတရ ဖြစ်စေသည့်

လူတွေက ခပ်များများ ရှိခဲ့ကြတယ်မို့လား။

ခုဖြင့် သူ့ကားပေါ်တက်ဖို့ စိုး တစ်ခုခုကို

​ကြောက်ရွံ့နေမိပါသည်။ဒါဟာ ရင်ခုန်စရာ

မကောင်းမှန်း သေချာနေတဲ့ ခံစားချက်တွေ

နဲ့ပေါ့။သည်ကားပေါ်တက်သွားသည်နှင့်မလို

ချင်တာတွေလည်း ရနိုင်သလို ခံစားမှုမျိူး။


စိုး နောက်ခန်းမှာထိုင်ဖို့ ကားတံခါးလှမ်းဖွင့်

လိုက်သည်နှင့် နောက်ခန်းမှ ကျကျနနထိုင်

နေတဲ့ သူ့မျက်နှာဘေးကြီးကို တန်းမြင်ရလေ

ပြီ။


" အရှေ့မှာသွားထိုင်...."


ပြောရင်း စိုးဖွင့်ထားသည့် တံခါးကို သူ ပြန်

ပိတ်လိုက်သည်။သူ ရည်ရွယ်တဲ့သဘောဟာ

တွေးကြည့်လေ ခံရခက်ခဲ့သည်။စိုးနဲ့ဘေး

ချင်းယှဥ်ထိုင်ဖို့ စိတ်ကူးမရှိတဲ့လူက ဘာလို့

များ လက်ထပ်ခဲ့တာလဲ။စိုးမှာ သူ့တပည့်

သက်နောင်မောင်းသည့် ကားပေါ်တွင် သက်

နောင်နဲ့အတူ အရှေ့က လိုက်ပါခဲ့ရပါသည်။


မောင်းလာသည့် လမ်းတလျှောက် သူ့ဘက်မှ

ဘာစကားတစ်ခွန်းမှ ပြောမလာခဲ့ပါ။ကားထဲ

အလွန်မှ တိတ်ဆိတ်ငြိမ်သက်နေပါသည်။

စိုးလည်းပဲ ကားမှန်တွေပိတ်ထားလို့လားမသိ.

အသက်ရှုရတာ ကျပ်တည့်တည့် ဖြစ်လာ

တော့သည်။


သူ့ဘက်က တစ်ခုခုများ ပြောလာမလေး

အထင်နဲ့ အဆင်သင့်ဖြစ်အောင် စိုး နားစွင့်

ထားခဲ့သော်လည်း ဖုန်းမြည်သံတစ်ခုသာ

ကြားလိုက်ရပြီး သူ့အသံထွက်လာပါသည်။


" ဟုတ်...မေမေ...."


မေမေတဲ့လား...ကြည့်စမ်း...အမေတယောက်

လုံး ရှိနေပါရဲ့ စိုးကို လာတောင်းတာ ခေါ်

မလာခဲ့တာပေါ့။ဘာသဘောတွေလဲ....။စိုးက

သူ့အတွက် ဘာလဲ။


" ကျတော်စောစောပြန်လာခဲ့မယ် မေမေ...

  ရွှေအိမ်သူအတွက် ဘာဝယ်ခဲ့ရမလဲ..."


စိုးကို ရှေ့မှာထားပြီး တခြားမိန်းမတယောက်

နာမည်ကို ပေါ့ပေါ့ပါးပါး ပြောထွက်တာ အံ့

အားသင့်မိသည်။သူ့ကို ဘက်ကြည့်မှန်က

တဆင့် စိုး ကြည့်လိုက်လျှင် သူသည် နဲနဲ

လေးတောင် တုန်လှုပ်မှုမရှိပဲ စကားဆက်ပြော

နေနိုင်ခဲ့ပါသည်။


" ဟုတ်ကဲ့မေမေ....ဒါဆို ရွှေအိမ်သူကြိုက်

  တတ်တာ မေမေ မေးထားလိုက်လေ....

  ပထမဆုံးလက်ဆောင်လေး ပေးချင်လို့ "


စိုးမေလှိုင်ရှေ့မှာမို့ တမင် ရွှေအိမ်သူဆိုတဲ့

နာမည်ကို ထပ်ခါတလဲလဲ ရွတ်နေတာဖြစ်

သည်။


" ဟုတ်...မေမေ...ကျတော် ဒီညစောစော

  ပြန်လာခဲ့မယ် "


ပြန်လာခဲ့မယ်ဆိုတဲ့ စကားကရော ဘာလဲ။

အခု စိုးကိုရော သူ ဘယ်ခေါ်သွားနေတာလဲ။

စိုးမှာ မေးချင်စရာ မေးခွန်းတွေ တဖြေးဖြေး

များလာခဲ့ပါသည်။


ကားလေးသည် အင်းယားလမ်းဘက် ချိူး

ကွေ့ဝင်လာပြီး ခြံတစ်ခြံရှေ့တွင် ခနရပ်ကာ

ကားဟွန်းတီးလိုက်သည်။အမကြီးတယောက်

ကပျာကယာ ထွက်လာပြီး ခြံတံခါးဖွင့်ပေး

သည်။အိမ်ကြီးကို မြင်လိုက်ရသည့်အခါ စိုး

မျက်လုံး ပြူးသွားသည်။စိုး တသက် ဒီလို

ခမ်းနားကြီးကျယ်သော တိုက်ကြီးထဲမှာ နေရ

လိမ့်မယ်လို့ တခါမှ မတွေးခဲ့ဖူးဘူး။


ဆင်ဝင်အောက် ကားရပ်လိုက်သည်နှင့်အိမ်

ထဲက လူတယောက် ထွက်လာလေသည်။သူ

အရင်ဆုံး ကားပေါ်က ဆင်းသွားသည်။စိုးကို

ဘာမှမပြောသွားတော့ ဘာလုပ်ရမှန်းမသိတာ

နဲ့ ထိုင်နေမိသည်။


" မြန်မြန်လိုက်သွားလေ...."


" ဟင်.... "


ကြောင်နန မျက်နှာဘေးလေးနဲ့ အိမ်ထဲဝင်

သွားသော သူတို့နောက် စိုး အပြေးလိုက်သွား

ခဲ့ပါသည်။အခုလို မြင်ရပြန်တော့လည်း

ကလေးမက သနားစရာပါလားလို့သက်နောင်

မြင်လာပြန်သည်။အသစ်စက်စက်ရထားတဲ့

ခင်ပွန်းရဲ့ ဥပေက္ခာပြုခြင်းခံနေရတာတောင်

အခုထိ ဘာမှမသိသေးတဲ့ပုံစံနဲ့ တောသား

မြို့တက်လာသလို ဖြစ်နေတော့သည်။


" ဒီမှာလာထိုင်....."


အိမ်ထဲ ဝင်သာဝင်လာရသည်။ဝင်ဝင်ချင်း

အခန်းတွေကများတော့ သူတို့ဘယ်အခန်း

ထဲဝင်သွားမှန်း သူမ သတိမထားမိ။လှမ်းခေါ်

သံ ကြားမှ ဘေးတဖက်တချက်ဆီ လှည့်

ကြည့်ရင်း စိုးတို့နေသည့်တိုက်ခန်းနီးပါး

ကျယ်ဝန်းသော ဧည့်ခန်းသို့ ဝင်လာခဲ့ပါသည်။

အပြင်အဆင်သည် ထိုင်ရက်စရာတောင်မရှ်ိ..

အလှကြည့်ဖို့သာ ကောင်းနေတော့သည်။


သူ့ရှေ့မျက်နှာချင်းဆိုင် ဆက်တီခုံတွင် သူမ

ထိုင်လိုက်သည်။စိုးမေလှိုင် မျက်နှာသည်

ဖြူဖတ်ဖြူရော် ဖြစ်နေသည်။အရင်စိုးမေ

လှိုင်မဟုတ်သည့်အတိုင်း အဆိပ်ကင်းနေတဲ့

ပုံဟာ သနားစရာပင် ကောင်းနေတော့သည်။


သူမနဲ့အဖော်ရအောင် ရွာကနေ ခေါ်ထားသည့်

မသူဇာက သူတို့သောက်ဖို့ အအေးခွက်ဗန်း

ကိုင်လျက် ဝင်လာလျှင်....


" သူက မသူဇာ....ဒါ စိုးမေလှိုင်...မှတ်ထား..

  မသူဇာ...တစ်အိမ်လုံးအလုပ်တွေတယောက်

  ထဲ လုပ်စရာမလိုဘူး....စိုးမေလှိုင်ကိုပါလုပ်

  ခိုင်း....ကျတော်ချပေးထားတဲ့စည်းကမ်းထဲ

  စိုးမေလှိုင်ကို ခိုင်းရမယ်ဆိုတာ ပါတယ်...

  မလိုအပ်ပဲ စည်းကမ်းမဖောက်ဖျက်ပါနဲ့...

  မသူဇာကို ကျတော်တစ်လဘယ်လောက်နဲ့

  ခန့်ခဲ့တာလဲ "


သူ့ စကားတွေ နားထောင်ရင်း စိုး တဖြေးဖြေး

ကြောက်လာသည်။ငမိုင်းသည်ပင် သူမအား

မင်းသိပ်မှားတယ် မိန်းခလေးဟု ဂရုဏာသက်

စွာ ကြည့်နေမိသည့်အထိ ညီလင်းညို၏ တုံ့

ပြန်မှုတွေသည် ထိတ်လန့်စရာကောင်းလာ

တော့မည်။


" နှစ်သိန်းပါ အကိုလေး..."


" အေး..သူ့ကိုငါ သိန်းတထောင်ပေးခဲ့ရတယ်"


သူ ဘာကိုဆိုလိုလိုက်တာလဲဟူသောအကြည့်

တို့နှင့် စိုး သူ့အား ချက်ချင်းမော့ကြည့်လိုက်

သည်။


" သူလိုကိုယ်လိုပါပဲ မသူဇာရဲ့...နားလည်ပါ

  တယ်နော်..."


" ရှင် "


" စိုးမေလှိုင်.... မင်းငါ့ကိုဘာပြောစရာရှိသေး

  လဲ "


သူမ အောက်သက်သက်နဲ့ ပြုံးလိုက်ရင်း...


" စိုးက ရှင့်အတွက် ဘာများလဲ "


" ငါ့ပါးစပ်ကဖြေစရာမလိုပဲ...မင်းဘာလဲဆို

  တာ...မင်းဘာသာမင်း သိလာလိမ့်မယ် "


ထုံးစံအတိုင်း လိုရင်းတိုရှင်းပြောပြီး ငမိုင်းကို

ခေါ်ကာ ထမင်းစားခန်းဘက် ကူးသွားသည်။

သူ ကြိုတင်စီစဥ်ထားခဲ့သည့်အတိုင်း မသူဇာ

သည် အမြည်းများကို လာချပေးပါသည်။


" တယောက်ထဲမလုပ်နဲ့လေ...ဟိုဟာမပါခိုင်း"


အရက်ကလေး တစ်ခွက် ဝင်သွားပြီးပြီဆို

တော့ သူ့စိတ်တွေ ရိုင်းစပြုလာပြီ။မသူဇာ

သည် သူတို့အကြောင်းတွေ ဘာတစ်ခုမှသိတဲ့

လူ မဟုတ်ပါ။ငမိုင်း ခေါ်လာ၍ သည်အိမ်ကို

ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။စိုးနဲ့အကိုလေး

၏ ပက်သတ်မှုကိုလည်း တိတိကျကျ မသိ

ပါ။


" ဘာလုပ်ပေးရမလဲ မသူဇာ "


" ဟယ်...."


စိုးကို နာမည်ခေါ်ပြီး ခိုင်းဖို့ သူမ ဝန်လေးနေ

ခဲ့တာ အမှန်ပင်။စိုး ပုံစံလေးကိုကြည့်ရသည်

မှာလည်း မိမိတို့လို အလုပ်ကြမ်းလုပ်ခဲ့ဖူးပုံ

လည်း မပေါ်ပေ။နုနုရွရွ လှလှပပလေး...စိုး

လက်ကလေးတွေက သေးသေးသွယ်သွယ်

ပျော့ပျော့ပျောင်းပျောင်းလေးတွေ။ရွှေရုပ်

အလား နုငယ်လှပသော မိန်းခလေးကို

အကိုလေးက ဘာကြောင့် နှိပ်စက်ချင်နေတာ

ပါလိမျ့။


စိုးသည် မသူဇာလက်ထဲက အမြည်းပန်းကန်

တွေကို လှမ်းယူလိုက်ပြီး သူတို့နားသို့သွားကာ

သွားချပေးလိုက်သည်။စိုး လှည့်အထွက် 

ညီလင်းညိုသည် သူမ လက်ကောက်ဝတ်ကို

ဖမ်းဆုပ်ထားရင်း သူ့ပေါင်ပေါ် အတင်းထိုင်

ခိုင်းကာ....


" နမ်းစမ်းပါအုံးဟ....မင့်ယောကျာ်းအသစ်

  စက်စက်ကြီးကို "


စကားအဆုံးတွင် သူ့နှုတ်ခမ်းကို စိုး မျက်နှာ

နား တိုးပေးလေသည်။ရှက်စိတ်နဲ့ စိုး ရုန်း

သော်လည်း သူ လွှတ်မပေးပဲ ခါးကို ကြမ်း

တမ်းစွာ ဖက်ထားပါသည်။သူစိမ်းယောကျာ်း

နှစ်ယောက်ရှေ့ စိုး မျက်နှာပြောင်တိုက်ပြီး

နမ်းပေးရအောင် မိန်းမပျက် မဟုတ်ဘူး။


" ဘာလို့ရုန်းနေတာလဲ....ရှက်လို့လား....

  ဟားးးးး....သူတို့ရှိလို့ ရှက်တာလား...

  အို....မင်းမှာအရှက်တရားရှိသေးတယ်ပေါ့"


" ကျမက မြန်မာမိန်းခလေး..မိန်းမတယောက်

  ရှက်သင့်တာမှန်သမျှ ရှက်တတ်တယ်..."


သူ့ စကားတွေသည် သူမအရှိုက်တည့်တည့်

ကို ထိမှန်သွားသည်။ထိုမခံချင်စိတ်နဲ့ပဲ ချူပ်

နှောင်ထားသည့် သူ့လက်တွေကြားက ရုန်း

ထွက်နိုင်ခဲ့လေသည်။သက်နောင်ရောငမိုင်း

ပါ မျက်စိမျက်နှာတွေ ပျက်ကုန်ကြသည်။

ပွဲကြမ်းမယ်ဆိုလည်း သူတို့မရှိတဲ့အချိန်

ရွေးဖို့ ကောင်းသည်။


ညီလင်းညိုသည် အခဲမကျေသေးဟန် ထမင်း

စားခန်းထဲမှ ထွက်ဖို့ ခြေလှမ်းနေသော စိုးကို

တဖန်ပြန်ဆွဲခေါ်လာပြီး စားပွဲခုံပေါ် သူကိုယ်

တိုင်မ လျက် ထိုင်စေလိုက်သည်။


" မင်းရှက်ရင်...ငါ...နမ်း...မယ် "


သူမ ပါးနှစ်ဖက်ကို ကြမ်းတမ်းစွာကိုင်ရင်း

အနမ်းခြွေလိုက်လေသည်။သူမက လုံးဝ

လက်မခံပဲ ရုန်းနေရာ ခုံပေါ်ရှိ အရက်ခွက်

များ မှောက်ကုန်ပါသည်။ထိုမြင်ကွင်းကို

အရသာရှိရှိ ကြည့်နိုင်ဖို့ သက်နိုင်နဲ့ငမိုင်းမှာ

အင်အားမရှိပါ။


ထို့ကြောင့် ညီလင်းညိုကို နှုတ်မဆက်ဖြစ်ပဲ

နှစ်ယောက်သား တညီတညွတ်ထဲ ထကာ

ပြန်သွားခဲ့ကြပါသည်။


" ရှင်...ရှင်.....ကျမကို ဘာသဘောနဲ့...အနား

  ခေါ်ထားရတာလဲ "


အားရအောင် နမ်းပြီး သူမကို စားပွဲပေါ်က

တွန်းချပစ်လိုက်သည်။မရှူမလှ ကြမ်းပြင်

ပေါ် လဲသွားသော သူမက သူ့မျက်နှာကို

နာနာကျည်းကျည်း မော့ကြည့်ကာ အထက်ပါ

အတိုင်း ပြောလိုက်လေသည်။


" သိပ်သိချင်တယ်ပေါ့....ok....ထလိုက်ပါ "


သူမ လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင် ဆုပ်

လိုက်ပြီး သူ ကမ်းပေးတဲ့လက်ကို မျက်နှာလွှဲ

ကာ ကိုယ့်ဘာသာ ထ ရပ်လိုက်သည်။


" မသူဇာရေ.... ဒီခနလာပါအုံး "


သည်အိမ်စရောက်သည့်နေ့မှာပင် မသူဇာ

တသက်မမြင်ဖူးတာတွေလည်း မြင်ကုန်ပြီ။

ထူးဆန်းတဲ့ ဖြစ်ရပ်တွေကြီးပဲ။


" ကျတော့်နာမည် ဘယ်သူ...."


" မောင်ညီလင်းညို...."


" ဘယ်...ဘယ်...ဘယ်လို..."


" သူ မကြားဘူးထင်တယ် မသူဇာ...ပြန်ပြော

  ပြလိုက်ပါအုံး....ရှေ့က မောင်တွေဖြူတ် "


" ညီ လင်း ညို..."


ဘဝမှာ ဘယ်တော့မှ မကြားချင်ဆုံး နာမည်. 

တသက်မတွေ့ပါစေနဲ့လို့ တောင်းဆု​ခြွေခဲ့တဲ့

ဆုတောင်းတွေ မပြည့်နိုင်တော့ဘူးပေါ့။နီရဲ

နေသော သူ့အကြည့်စူးစူးတွေအောက်က 

သူမ ပြေးထွက်ပစ်လိုက်ချင်သည်။သူမ ခြေ

လှမ်းတွေ တဖြေးဖြေး နောက်ကိုဆုပ်လိုက်

သည်။


စိုး ထွက်ပြေးလို့မရအောင် သူက သူမရှေ့

ပိတ်ရပ်ပစ်လိုက်ပြီး....


" ဘယ်လိုလဲ မိန်းမလည်မကြီးရဲ့...ကျူပ်

  နာမည်လေးကြားလိုက်ရုံနဲ့....အဲ့သလောက်

  ကြောက်တာလား...."


" ရှင် လိမ်...."


" ပါးစပ်ပိတ်စမ်း....မင်းဘာမှပြောပိုင်ခွင့်မရှ်ိ

  ဘူး....မင်းလို ငါမလိမ်တတ်ဘူး...ဟော့ဒီမှာ

  ကြည့်စမ်း....သတို့သားလက်မှတ်နေရာမှာ

  ရေးထားတဲ့နာမည်...အာ....sorry...မင်း

  စာမှမဖတ်တတ်ပဲ....ဆယ်တန်းမှမအောင်

  တာ...ဟားးးးး "


" ရှင် ဘာလိုချင်နေတာလဲ..."


" မင်းကိုလိုချင်လွန်းလို့ လက်ထပ်ခဲ့တယ်ထင်

  နေတာလား....မဟုတ်ဘူးနော်...ငါကမင်းကို

  သတ်ချင်လောက်အောင် မုန်းတာ...မင်း

  မျက်နှာမြင်ရရင် ပိုဆိုးတယ်...ငါ့သိက္ခာတွေ

  မြောင်းထဲကျအောင် မင်းလုပ်ခဲ့တာ...."


စိုးသည် သူ့ကို အခဲမကျေသည့် ပေစောင်း

စောင်း အကြည့်ဖြင့် ကြည့်နေရာ သူ ဒေါသ

တွေ အတိုင်းအဆမရှိ ပြိုကျလာခဲ့တော့သည်


" မင်းအကြည့်တွေ ငါမကြိုက်ဘူး...ပြင်စမ်း"


အဲ့ထက်ပိုပြီး စူးရှတောက်ပတဲ့ အကြည့်တို့

နှင့် ပြန်ပြောင်းကြည့်နေရာ...သူ စိတ်မထိန်း

နိုင်တော့ပဲ သူမ၏ ပါးနုနုလေးအား စိတ်ရှိ

လက်ရှိ လွှဲရိုက်လိုက်သည်။ရိုက်ချက်က ပြင်း

သောကြောင့် သူမ နှုတ်ခမ်းထောင့်စွန်းလေး

တွင် သွေးစို့သွားလေသည်။


သိတယ်....ညီလင်းညို ဘယ်လောက်အငြိုး

ကြီးတယ်ဆိုတာ စိုး သိတယ်။သူ့လိုလူကို

စိုး လျှော့တွက်ခဲ့တာမဟုတ်ဘူး...အန်တီခ

စကားကို ယုံစားပြီး မျက်ကွယ်ပြုခဲ့မိတာ

စိုးအတွက် ပြင်မရတဲ့ အမှားပဲ။


အစထဲက သူနဲ့ကစားဖို့ မဆုံးဖြတ်ခဲ့သင့်ဘူး။

အန်တီခ မြှောက်ပင့်ပေးတဲ့ စကားလုံးတွေ

အောက် မရင့်ကျက်သေးသည့် အသက်

အရွယ်မှာ စိုး မျောခဲ့တာ။ငွေမြင်ရင် သုံးချင်

တဲ့အရွယ်...လှချင်ပချင်တဲ့အရွယ်....မတည်

ငြိမ်သေးတဲ့အရွယ်မှာ အန်တီခ လှုပ်ခတ်တိုင်း

ယိမ်းခဲ့ရတဲ့ သစ်ရွက်ပမာ ဘဝရောက်ခဲ့မိ

တာ။


စိုး သူ့ရှေ့ မျက်ရည်မကျချင်ဘူး...ဒါပေမယ့်

အဲ့အသုံးမကျတဲ့ ရေစက်တွေက မျက်လုံးအိမ်

ထဲက ဒလဟော စီးကျနေတယ်။အဝေးက

လှမ်းကြည့်နေသော မသူဇာသည် စိုးငိုတော့

သူမပါ မျက်ရည်ကျနေမိသည်။


" ငါ့ရှေ့ အသနားမခံစမ်းနဲ့ စိုးမေလှိုင်....

  မျက်ရည်မကျနဲ့.....လူဆိုတာ...အမှားတစ်

  ခု ကျူးလွန်ခဲ့ဖူးရင်...အဲ့အပြစ်ကို သေချာ

  ပေါက် ပြန်ပေးဆပ်တတ်ရမယ်...မင်း..ငါ့

  ကို လှည့်စားချင်တိုင်း ဆော့ကစားခဲ့ပြီးပြီ.

  အခု မင်းအပြစ်ကြွေးဆပ်ရမယ့်အချိန်...

  သေချာဆပ်....ထစမ်း...အခု..."


ပေတေတေထိုင်နေ၍ စိတ်မရှည်တော့ပဲ စိုး

ဆံပင်တွေ ကိုင်ဆွဲလျက် မတ်တပ်ရပ်ခိုင်း

လိုက်သည်။ထို ဆံပင်ကိုင်ဆွဲလျက် အနေ

အထားအတိုင်း စိုးကို သူ အပေါ်ထပ်ခေါ်လာ

ခဲ့သည်။


မြင်ရသည်မှာ စိတ်မချမ်းမြေ့လွန်းလို့မသူဇာ

ဘာကူညီပေးရမှန်း မသိတော့ပေ။စိုးခမျာ

အကိုလေး နောက်ပြန် ဆံပင်ဆွဲချက်အတိုင်း

မရှုမလှ ပါသွားပုံက သနားဖို့ကောင်းလှသည်


ညီလင်းညိုသည် သူမအတွက် ပြင်ပေးထား

တဲ့ အခန်းထဲ စိုးကို ရအောင် ဆွဲသွင်းလာခဲ့

ပြီး....ခုတင်ပေါ် ဆောင့်တွန်းချလိုက်သည်။

ပြီးလျှင် ဗီရိုတွေ မှန်သမျှ အကုန်ဖွင့်ထား

လိုက်သည်။


" ကြည့်စမ်း...မင်းမြင်လား....မင်းသိပ်ကြိုက်

  ပါတယ်ဆိုတဲ့ ဂါဝန်လှလှလေးတွေ...ဟော..

  ဖိနပ်လေးတွေရော မလှဘူးလား....ဘယ်

  လောက်များလဲ ကြည့်စမ်း...."


စကားဆုံးသည်နှင့် စိုး မျက်နှာကို တသောင်း

တန် ငွေတစ်အုပ်နှင့် ကောက်ပေါက်လိုက်ပြီး..


" စိတ်ကြိုက်ဖြုန်းစမ်း.....လိုရင် ပြော....

  မျက်ရည်ခံထိုးပြီး ညာတောင်းစရာမလိုဘူး

  ငါ စေတနာရှိရှိ ပေးမှာ....ဟားးးးးး.....အေး

  တစ်ခုတော့ရှိတယ်....လူကတော့ ရွှေဘုံ

  ပေါ်မှာစံရမယ်....စိတ်ကတော့...ဟားးးး

  ကိုယ့်ကိုကိုယ် အခါတစ်ရာမက သတ်သေ

  ချင်စိတ်တွေ ပေါက်လာစေရမယ်...မင်း

  ဘဝတစ်ခုလုံး ညီလင်းညိုကြောင့် စုပ်ပြတ်

  သပ်စေရမယ်.....ငါ့အနားမှာ နေရသရွေ့

  ပူလောင်ခြင်းတွေနဲ့ မင့်ဘဝ နာကျင်စေရ

  မယျ...ဟားးးးးး"


စိုးတွင် ဘာမှပြောစရာ စကားလုံးမရှိခဲ့ပါ။

အန်တီခ ပြောခဲ့သလို ချောက်ထဲကျဖို့ လက်

သုံးလုံး အလိုမှာတောင် မိန်းမညဏ်နဲ့ ကိုယ့်

ကိုကိုယ် ဆွဲတင်နိုင်ရမယ်ဆိုတဲ့စကားသည်

တကယ့်လက်တွေ့ကျ ဖြစ်မလာနိုင်တော့ပါ။


စိုးသည် မပြန်လမ်းကို ဟိုးအစထဲက ရွေး

ချယ်ခဲ့ပြီးသား ဖြစ်နေပြီ။သူ့လက်ခုတ်ထဲက

ရေဘဝ စိုး ရောက်နေပြီ။


" သိပ်နာသွားလား စိုးမေလှိုင်......"


သူ စိုးအနားကို ထပ်ကပ်လာပြန်သည်။စိုး

သူ့ကို အရမ်းကြောက်နေခဲ့သည်။သူ့ကိုမြင်

မြင်ချင်း တွယ်တာခဲ့မိသည့် စိတ်တို့ပင်

ဘယ်ဆီ လွင့်ထွက်သွားမှန်း မသိတော့ဘူး။


" ဘာလို့ ကြောက်နေတာလဲ...ငါကမင်း

  ယောကျာ်းလေ...ဒီညက မဂ်လာဦးည...

  သိန်းတထောင်တောင် မင်းအဒေါ်ကိုပေးခဲ့

  ရတာ...အဲ့ငွေတွေ ငါအလွယ်တကူရှာခဲ့ရ

  တာ မဟုတ်ဘူးကွ....အချိန်တွေရင်းခဲ့ရ

  တယ်....ပညာတွေ သုံးခဲ့ရတယ်...ပင်ပန်း

  ခဲ့ရတယ်....သူများရှာထားတဲ့ငွေတွေကို

  လွယ်လွယ်ကူကူလိုချင်တဲ့ မင်းတို့လို

  သိက္ခာမရှိ မိန်းမတွေက ငွေရဲ့တန်ဖိုးဘယ်

  နားလည်ပါ့မလဲ....အဲ့တော့ နားလည်အောင်

  ငါကလည်း သင်ပေးရမှာပေါ့ "


အရာရာတိုင်းမှာ တူညီတဲ့ တုံ့ပြန်မှုတွေရှိ

တယ် စိုးမေလှိုင်။ငါကလေ မင်းကို အရမ်း

ချစ်ခဲ့မိတာ။မမြင်ဖူးခဲ့တဲ့မင်းကို မြင်ဖူးပြီးမှ

ချစ်ခဲ့တဲ့ လွန်းရွှေဝါထက်တောင် ပိုချစ်ခဲ့

တာ။

အများကြီး ချစ်ခဲ့မိတော့....အများကြီး

ရက်စက်ပြရတော့မှာပေါ့။ငါကလေ မင်းကို

မြတ်နိုးတဲ့စိတ်နဲ့ပဲ မင်းဘဝလေးကို နုနုရွရွ

လှလှပပ ခြွေချင်ခဲ့တာ။ခုလို နာကျည်းစိတ်

တွေနဲ့ မင်းဘဝကို သိမ်းပိုက်ချင်ခဲ့တာ မဟုတ်

ဘူး။ဒါပေမယ့်လည်း လူဆိုတာ တန်ရာပဲ

ရမှာပေါ့ကွာ။


စိုးတစ်ယောက် သူ့ကြမ်းတမ်းမှုအောက်မှာ

အသက်ရှုတွေ မွမ်းကျပ်လာခဲ့တော့သည်။

သူ့စိတ်ဆန္ဒပြည့်ဝ သွားပြီဆိုမှ ခုတင်ထက်

ပက်လက် လှဲကာ.....


" ဘယ်လိုလဲ စိုးမေလှိုင်...အခုကိုယ့်ဘဝကိုယ်

  သိပြီလား...ငါ မင်းကိုယူထားတာ...ဘယ်သူ

  မှ မသိဘူး...မင်းက ငါ့အတွက် တိတ်တိတ်

  ပုန်းမယားပဲ....လူသိရှင်ကြား ငါလက်ထပ်

  ယူမယ့်မိန်းခလေးက သပ်သပ်ရှိတယ်...

  သူနဲ့ လက်ထပ်ဖြစ်တဲ့နေ့ကျရင်...မင်းဟာ

  ဘာမှသုံးစားမရတော့တဲ့ ခြေတော်တင်ဘဝ

  ရောက်မယ်...ငါစိတ်ပါရင် မင်းဆီလာမယ်.

  ဒါပဲ "


စိုး ငိုရလွန်းလို့ မျက်ရည်တွေခမ်းချင်လာပါ

ပြီ။သည် အမှောင်ထုကြီးကနေ စိုး လွတ်

မြောက်နိုင်ပါတော့မလား။ဘယ်လောက်ရင်

နာစရာ ကောင်းလဲ...တိတ်တ်ိတ်ပုန်း မယား

တဲ့။စိုးကို သူအရင် ယူခဲ့ပေမယ့် နောက်မှ

လက်ထပ်မယ့် မိန်းခလေးကသာလျှင်

မယားကြီးပါတဲ့။တွေးလေ စိုး ရင်ဘတ်တစ်

ခုလုံး စူးနင့် နာကျင်လာပါသည်။စိုး လုပ်ခဲ့မိ

တဲ့ အပြစ်အတွက် ပေးဆပ်လိုက်ရတာတွေက

မတန်လိုက်တာ။


သူ ညီလင်းညို မဟုတ်ခဲ့ရင် ကောင်းမယ်။

စိုးကလေ သူ့ကို ချစ်တဲ့စိတ်နဲ့ စိုး ဘဝကို

ကြည်ကြည်ဖြူဖြူ ပေးခဲ့ချင်တာ။အခုတော့.

...... စိုး ဘယ်လောက်ငိုငို...သူမနဲ့ပက်သတ်

ပြီး သူ့တွင် သနားစိတ်ဆိုတာ တစ်စက်မှမရှိ

တော့ပေ။သူမ ငိုလေ.. သူ ကျေနပ်လေ...အား

ပါးတရ ရီမောမိလေပါပဲ။


ထိုရီသံတွေကို စိုး ကြောက်ရွံလာသည်။စိုး

ခေါင်းတွေ မူးနောက်နောက်နဲ့ အားအင်ကုန်

ခမ်းသလို ဖြစ်လာသည်။ကြိုးစားပြီး မတ်

တပ်ထရပ်သော်လည်း ကမ္ဘာကြီးတစ်ခုလုံး

ချာချာလည်နေသည်။စိုးကို လှောင်ပြောင်

ရီမောနေသည့် သူ့မျက်နှာကိုပင် ဝိုးတဝါး

တွေ့နေရသည်။


စိုး ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားပြီး လေ

ထဲ ဝဲပျံနေသလို ခံစားမှုမျိူးနဲ့ ငြိမ့်ငြိမ့်လေးးး။

ထို့နောက် စိုး ကြမ်းပြင်ထက် ခွေခွေလေး

လဲကျသွားလေတော့သည်။


" အောင်မာ....မာယာတွေများနေပြန်ပြီ...."


ညီလင်းညိုသည် အရက်မူးလာရင် သွေး

အရမ်းဆိုးတတ်သော လူမျိူးဖြစ်သည်။

ပုံမှန်စိတ်နဲ့ဆို စိုးအား အခုလောက်ထိ လုပ်

ရက်နိုင်မယ် မထင်ပါ။သူ့စိတ်ကိုယ် သူ မယုံ

ကြည်ရဲသောကြောင့် အရက်ကို မိတ်ဆွေဖွဲ့

ကာ ထင်တိုင်းကြဲခဲ့တာ ဖြစ်လေသည်။


မသူဇာသည် အရာအားလုံးကို မြင်နေတွေ့

နေရ၍ ချောင်လေးတစ်ခုတွင် ရှိုက်သံမထွက်

မိအောင် သတိထားရင်း ကျိတ်ငိုနေတော့

သည်။


" သနားဖို့ကောင်းတဲ့ စိုးရယ် "


*******************************************


အခန်း(4) မျှော်


Author 😘 A Mon Ko 😘


ဒီအခန်း ရေးရင်း ကျမလည်းငိုမိ😤😤


rate now: