စိုးမေလှိုင်ကို ရှာပုံတော်ဖွင့်ဖို့ မြန်မာပြည်မှာ
ရှိတဲ့ သူ့ သူငယ်ချင်းကို ပထမဆုံး ဆက်သွယ်
ခဲ့ပါသည်။အချစ်နဲ့ပက်သတ်ပြီး နောက်တ
ကြိမ် အလိမ်ခံရတာ ရှက်စရာကောင်းလွန်း
သည်။အတန်တန် ဂရုစိုက်နေတဲ့ကြားက
ဘာမဟုတ်တဲ့ ချာတိတ်မနဲ့မှ လှည့်စားခံရ
တာ ဆိုးရွားလှသည်။
ငမိုင်းကိုတော့ သူ အမှန်အတိုင်းပြောပြခဲ့ပါ
သည်။သူမနဲ့ပက်သတ်ပြီး ငမိုင်း ကူညီလှုပ်
ရှားပေးမှသာလျှင် အမှန်တရားကို ရှာဖွေနိုင်
မည်။
" ငါပို့ပေးတဲ့ မှတ်ပုံတင်ထဲက ဒေါ်မေခကို
အရင်ရှာပေး....သူကအရေးကြီးတဲ့သော့
ချက်ပဲ...."
" အေးပါ ငါလှုပ်ရှားလိုက်မယ်...မင်းရော
ဘယ်တော့ပြန်လာမလဲ "
" ဒီအပါတ်အတွင်း ပြန်လာမယ်...အလုပ်
ကိစ္စတွေမပြတ်သေးလို့ စောင့်နေတာ...
အခဲမကျေတဲ့စိတ်က ညဘက်အိပ်ပျော်ဖို့
ခက်တယ် ငမိုင်းရာ...ဖီလင်ကြီးက ငုံ့တယ်"
သူ့ ခံစားချက်ကို ငမိုင်း နားလည်ပါသည်။
ညီလင်းညိုဟာ အချစ်ရေးနဲ့ပက်သတ်ရင်
အချစ်ကံခေတဲ့စာရင်းထဲ ထိပ်ဆုံးက ပါနေ
ရှာသည်။စိုးမေလှိုင်နဲ့မတွေ့ခင် သူ ချစ်သူ
တစ်ယောက် ထားခဲ့ဖူးသည်။လွန်းရွှေဝါဆို
တဲ့ ကောင်မလေးနဲ့။သူမနဲ့ ချစ်သူဖြစ်ခဲ့တာ
၂နှစ်လောက် ကြာခဲ့သည်။ရန်ကုန်သားနဲ့
မန်းလေးသူ ဇာတ်လမ်းကနေ မန်းလေးသူက
ရန်ကုန်သားရဲ့ အသဲကို ရက်ရက်စက်စက်
ခွဲသွားခဲ့တာဖြစ်သည်။ခိုးကြောင်ခိုးဝှက်
တွဲခဲ့တာမျိူးမဟုတ်ပဲ လူသိရှင်ကြား ချစ်
ခဲ့ကြတာ ဖြစ်သည်။သူမ မိဘတွေလည်း
သိသလို သူ့မိဘတွေကလည်း သဘောတူ
ကြည်ဖြူပေးခဲ့ကြသည်။နှစ်ဖက်အသိုင်း
အဝိုင်းမှာလည်း ပြသာနာမရှိပါပဲ လက်ထပ်
တော့မယ့်စဲစဲ လွန်းရွှေဝါက တခြားသူနဲ့ခိုးရာ
လိုက်ပြေးသွားခဲ့သည်။လက်ရှိ သူမ ယူလိုက်
တဲ့ ခင်ပွန်းဆိုသူနဲ့ ညီလင်းညိုမသိအောင်
တွဲခဲ့တာ သုံးလကျော်ပဲ ရှ်ိသေးသည်။၂နှစ်
ဆိုတဲ့ သံယောဇဥ်ကြိုးကို သုံးလတွဲခဲ့တဲ့လူ
နဲ့ သူမ ဖြတ်ခဲ့သည်။
ခုလည်းပဲ ဒုတိယ လွန်းရွှေဝါ အချိူးမျိူးနဲ့
စိုးမေလှိုင် လုပ်လာပြန်သည်။လွန်းရွှေဝါရဲ့
ဘဝ ဘယ်လိုအဆုံးသတ်သွားခဲ့လဲဆိုတာ
စိုးမေလှိုင်ကို သူ ပြောပြခဲ့ဖူးတယ်။ညီလင်း
ညို ဆိုတဲ့ကောင်က ချစ်ပြီဟေ့ဆိုရင်လည်း
အာဒံကိုတောင် စိန်ခေါ်ပစ်ရဲတဲ့အထိ ချစ်ပြ
တတ်တာ။အေး....စိတ်နာသွားပြီဆိုလည်း
ကိုယ့်ရှေ့ အသက်ထွက်ရင်တောင် အေးရာ
အေးကြောင်း ပြုံးပြုံးလေး ကြည့်နေတတ်တဲ့
ကောင်မျိူး။
စိုးမေလှိုင်နဲ့ ပက်သတ်ပြီး သဲလွန်စ တစ်ခုခု
ရဖို့ သူမ မသုံးဖြစ်တော့တဲ့ အကောင့်ကို
သူ hack ယူလိုက်သည်။ချစ်သူဖြစ်ခဲ့စဥ်
တလျှောက် သံသယကင်းချင်လို့ သူ့ fb
Password တောင် မတောင်းခဲ့ဘူး။သူ့လို
နည်းပညာ ကျွမ်းကျင်သူတစ်ယောက်အဖို့
သူမ အကောင့်ယူရတာ မခဲယဥ်းပါဘူး။
အကောင့်ရပြီဆိုတာနဲ့ messenger ထဲ
တန်းဝင်လိုက်ရာ မုဆိုးတပိုင်း မိန်းမရိုင်းမ
က သူမသိအောင် ဘဲတကာနဲ့လှည့်ပတ်အီ
ထားတာ မယုံနိုင်စွာ တွေ့လိုက်ရပါသည်။
ဆယ်လီတစ်ယောက်နဲ့ တိတ်တိတ်ပုန်းချစ်
နေခဲ့တာ သူ သိသွားသည်။ဒီကောင်ကိုတော့
သူမ တခုခုပြောခဲ့မှာ သေချာသလောက်ရှိ
တာမို့ သူတို့ချင်းပြောတဲ့စာတွေ ဖတ်လိုက်
သည်။
ဘာတဲ့....စိုး ဒီအကောင့်မသုံးတော့ဘူး ကို...
Link ချပေးတဲ့ အကောင့်ကို add လိုက်နော်
တဲ့။စာကို ဖတ်ပြီး သူ အားရအောင် အော်
ရီလိုက်သည်။စိုးမေလှိုင်က လည်တော့လည်
တယ်...တပါတ်မပြည့်ဘူး။ပြီးတော့ သူ့ကို
လည်း အင်မတန်မှ လျှော့တွက်ထားပုံရသည်
ခြေရာကျ ဖျောက်တတ်ပြီး သဲလွန်စလေး
တွေကျ မရိတ်သိမ်းတတ်ဘူး။အသက်ငယ်
တယ်ဆိုပြီး အထင်မကြီးခဲ့တာ သူ မှားသွား
သည်။အဆိပ်ကင်းတယ်ထင်ပြီး တယုတယ
နမ်းခဲ့မိကာမှ ဆူးတွေပြည့်နေမှန်း အသိ
နောက်ကျခဲ့ပြီ။
ဒီဟာမ လက်ရှ်ိသုံးနေတဲ့ အကောင့်ကို သူ
ကြည့်လိုက်သည်။နာမည်က မေ တဲ့။စိုးဆို
တဲ့ နာမည်နဲ့ စိတ်ကြိုက် အခြူဇယားခင်းပြီး
လို့ မေ ဆိုတဲ့နာမည်နဲ့ ငါ့လို လူနောက်ထပ်
တယောက်များ ရှာနေသေးတာလား။
တစ်ယောက်ထဲ စိုးမေလှိုင် အကောင့်နဲ့အလုပ်
များနေချိန် ငမိုင်းဆီက ဖုန်းဝင်လာသည်။
" အခြေအနေ ဘာထူးလဲ ငမိုင်းးးး "
" မင်းပေးတဲ့ မှတ်ပုံတင်ထဲက လိပ်စာအတိုင်း
စုံစမ်းတာ...သူတို့အကြောင်းသိခဲ့ရပြီ..."
" ဟုတ်လား....ပြောစမ်းပါအုံး..အဲ့ကောင်မ
အကြောင်း..."
" ကြားရတဲ့သတင်းတွေက တစ်ခုမှမကောင်း
ဘူး...မိဘတွေမရှိတာတော့မှန်တယ်...
သူငယ်ချင်းရဲ့အဒေါ်ဆိုတာ မဟုတ်ဘူး..
အာ့ဘွားတော်က သူ့အဒေါ်ပဲ...မင်းဆီက
ငွေညှစ်ယူခဲ့တာ ကျိမ်းသေတယ်...ပြီးတော့
သူ့မှာ အမတယောက်ရှိတယ်...အဲ့အမက
လည်း ဇယားကြီးလို့ကြားတယ်...ဒေါ်မေခ
ဆိုတဲ့ အမျိူးသမီးက သူ့တူမတွေကို control
ပေးနေတာ....ခြူဆီတွေပါကွာ....တကယ့်
ခြူဆီအကြီးစားတွေ...ငွေရမယ်ဆို အကုန်
လုပ်တယ်...အခု သူတို့နေတဲ့တိုက်ခန်းကို
ငါ ရောက်ခဲ့တယ်...တယောက်မှမရှ်ိတော့
ဘူး...စုံစမ်းကြည့်တော့ ရောင်းသွားတာ
မဟုတ်ဘူး...ခရီးထွက်သွားတာလို့ကြား
တယ် "
" ok....ဒါငါ့ကိုရှောင်နေတဲ့ သဘောပဲ..ခန
လောက်ပျောက်သွားရုံနဲ့ ပြီးသွားမယ်ထင်
နေကြတာ....ဒီတော့ သူတို့ကိုလွှတ်ပေးထား
လိုက်ပါ....အချိန်တန်ရင် ပြန်ရောက်လာ
လိမ့်မယ်...အေးဆေးအနားယူပါစေ...ရပြီ
ငမိုင်း ကျေးဇူးကွာ...ကျန်တာ ငါပြန်ရောက်
မှ ဆက်လုပ်မယ် "
" ရပါတယ်ကွာ...ဒါနဲ့ မင်းကစိုးမေလှိုင်ကို
ငွေကြေးအလွဲသုံးစားမှုနဲ့ ထောင်ထဲထည့်
ဖို့ စဥ်းစားထားတာလား "
" သွားစမ်းပါကွာ....သူ လုပ်ခဲ့တဲ့အပြစ်က
ထောင်ကျသွားရုံနဲ့ မပြီးဘူးကွ...အလျော်
အစားကြီးတယ်...သူ့ဘဝတစ်ခုလုံး...
စုတ်ပျက်သပ်သွားတာမျိူး ငါလိုချင်တာ..
ငါ့စေတနာတွေ...ငါ့အချစ်တွေ..ငါ့မျှော်
လင့်ချက်တွေ ရိုက်ချိူးဖျက်ဆီးခံခဲ့ရသလို
သူ့ ဘဝတလျှောက်လုံး ညီလင်းညိုကြောင့်
အပူဗရပွနဲ့ ရုပ်လုံးပျောက်စေရမယ်...အေး
သူ ထောင်တော့ကျရမယ်...အကျဥ်းထောင်
မဟုတ်ဘူး....အိမ်ထောင်....."
ငမိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားတော့
သည်။စိုးမေလှိုင်ကို သူ လက်ထပ်ယူအုံးမယ်
ဆိုပါလား။
" မင်းကို ငါတစ်ခုပြောပြဖို့ ကျန်သေးတယ်..
အိမ်ထောင်လို့ မင်းပြောလို့..ငါလည်းပြော
ရမှာ...မင်းလို သူဌေးသားတယောက်က
သူနဲ့ မတန်ဘူးနော်...မင်းပို့ပေးတဲ့ငွေတွေကို
သာ သူတို့ရေလိုသုံးခဲ့ကြတာ..ကောင်မလေး
က...အခုထိ ဆယ်တန်းမအောင်သေးဘူး..."
" ငါက အိမ်ထောင်လို့ပဲ ပြောခဲ့တာပါ...သူ့
လို ကောင်မမျိူးကို လူသိရှင်ကြားယူမယ်
လို့ မပြောခဲ့ပါဘူး....ငါ့ကြောင့် သူ့ဘဝ
တစ်ခုလုံး စုတ်ပျက်သပ်သွားတာကိုပဲလို
ချင်တာ...သူ့ကိုမလိုချင်ဘူး "
စိုးမေလှိုင်သာ သူ့ကိုမလှည့်စားခဲ့ရင် ကောင်း
မယ်။အခုထိသာ ရိုးသားစွာ ချစ်နေအုံးမယ်
ဆိုရင် ငမိုင်းက မင်းနဲ့မတန်ဘူးပြောတဲ့အခါ
အချစ်ဆုံး သူငယ်ချင်းကိုတောင် စာရင်းထဲ
က ပယ်ပစ်ရဲတဲ့အထိ သူမလက်ကို တင်းတင်း
ဆုပ်ကိုင်ရင်း သူမအတွက် ရင်ကိုကော့
ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့စကားတွေကို အနိုင်ယူ
ပစ်ခဲ့မှာ သေချာသည်။
တော်သေးတာပေါ့....သူဟာ သိပ်ကိုချမ်းသာ
တဲ့ သူဌေးသားမှန်း သူမ မသိသွားတာ။သိခဲ့
ရင် အပိုင်ရဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားကြအုံး
မှာ။အချစ်ကြောင့် မျက်ကန်းဘဝရောက်ခဲ့တဲ့
သူကလည်း သူမ ဘာပြောပြော ဆက်ယုံနေ
မိအုံးမှာ။
သူမကို ပြောခဲ့သလို ညီလင်းညိုရဲ့ ရူပကာ
သည် ဘီလူးလို အကျည်းမတန်ခဲ့ပါဘူး။
ပျိူတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးက သူမှသူ
ဖြစ်နေတဲ့ မိန်းမတွေဆို ခါထုတ်တတ်ပြီး
သူ့အပေါ် မြင်တာနဲ့ မျက်နှာလွှဲတတ်တဲ့
မိန်းခလေးမျိူးကိုမှ စိတ်ဝင်စားတဲ့ လူမျိူး။
ရုပ်ရည်ကိုကြည့်ပြီး ပွေတယ်...ရှုပ်တယ်လို့
လည်း အထင်ခံရဖူးသလို သူ ဘာမှမလုပ်ပါပဲ
အသဲကွဲသွားတဲ့ မိန်းခလေးတွေကြောင့်...
သူ့မှာ အသဲခွဲဘုရင်လို့တောင် နာမည်ကြီးခဲ့
ဖူးပါသည်။
သူ့ မျက်နှာတစ်ခုလုံး အထင်ပေါ်ဆုံးက
မျက်ခုံးထူထူလေးပင်။မျက်ဝန်းအိမ်တည်
ဆောက်ထားပုံက သေသပ်လှပသည်။သူ့
မျက်ဝန်း နက်နက်တွေနဲ့ အကြည့်ချင်းဆုံတဲ့
အခါ တော်ရုံမိန်းခလေး ပစ်လဲသွားနိုင်တဲ့
အထိ အကြည့်တွေက စူးရှတောက်ပသည်။
လေးထောင့်ကျကျ မျက်နှာအနေအထားဟာ
ရက်စက် ပြတ်သားတတ်တဲ့ ယောကျာ်း
တစ်ယောက်မှန်း သိသာစေသည်။သူ့
နှုတ်ခမ်းသည် ထူမလိုလိုနဲ့ ပါးလွှာသည်။
ယောကျာ်းတန်မဲ့ နှုတ်ခမ်းအလှက မိန်းမတွေ
ရှုံးလောက်သည်။မျက်နှာက ဘယ်လောက်
တည်ထားပါစေ နှုတ်ခမ်းက ပြုံးနေသယောင်
ဖြစ်နေသည်။ခြောက်ပေတိတိ ရှည်လျားတဲ့
အရပ်ကြီးနှင့် ဖွေးစွတ်နေသော အသားအရေ
တို့ ပေါင်းစပ်လိုက်တဲ့အခါ ဒီလူကို မိန်းမတွေ
ပြိုလဲကြတာ သိပ်မထူးဆန်းပေ။
စိုးမေလှိုင်ကို သူ့ပုံမပြခဲ့ဘူးဆိုတာ အပြင်မှာ
မြင်တော့မှ သူမ လူရွေးမှန်သွားတယ်ဆိုပြီး
အံ့အားသင့်စေချင်ခဲ့တာ။နောက်တစ်ချက်
လည်း ရှိသေးတယ်။သူ့ပုံမြင်ဖူးသွားရင်
သဝန်တိုတာတွေ ဖြစ်လာမယ်။သဝန်အရမ်း
တိုတတ်တဲ့ မိန်းမဆို သူ ကြောက်လာတာ
အမှန်ပဲ။လွန်းရွှေဝါတုံးကလည်း သဝန်အရမ်း
တိုခဲ့တာ။ဟိုမိန်းမနဲ့ပေးစားလိုက်...ဒီမိန်းမနဲ့
သံသယဖြစ်လိုက်နဲ့။အဲ့လိုမိန်းမကပဲ အရင်
သစ္စာဖောက်သွားတာမို့ သဝန်တိုတတ်တဲ့
မိန်းခလေးတွေကို သူ ကြောက်လာသည်။
အချစ်နဲ့ပက်သတ်ရင် နောက်ထပ်အတိမ်း
အစောင်းမခံနိုင်တော့ဘူးဆိုတဲ့ လူကိုမှ
နောက်တကြိမ် ဒဏ်ရာတွေပေးသွားခဲ့တယ်။
သည်တစ်ခါ ဒဏ်ရာတွေထဲမှာ ဖြူစင်စွာ
ကူညီခဲ့ဖူးတဲ့ စေတနာတွေကို ခြေဆေးရေ
အဖြစ် အသုံးချခဲ့တဲ့ စိုးမေလှိုင်ရဲ့ ကိုယ်
ကျင့်တရားကို သူ အရွံဆုံးပဲ။
@@@@@@@@@@@@@@@@@@@
ဆွေဆွေလှိုင်သည် ကိုယ်တိုင်လည်း အပြစ်
မလုပ်ထားပါပဲ စိုးတို့နှင့်အတူ ပြည်ကို လိုက်
ရှောင်နေခဲ့ရသည်။နဂိုထဲကမှ အေးဆေးနေ
တတ်တဲ့လူမို့ သူများအိမ်တွင် မနေတတ်
မထိုင်တတ် ဖြစ်၍ နေလေသည်။စိုးကဖြင့်
ကြုံပျော် လူတန်းစားဖြစ်လေရာ ရောက်တဲ့
အရပ်တွင် ပျော်သလိုနေနိုင်ခဲ့ပါသည်။ပြည်
ရောက်တာ ရက်ပိုင်းပဲရှိသေးသော်လည်း
နယ်ခံကောင်လေးနဲ့ ချစ်သူဖြစ်နေလေပြီ။
" ဒါ အစားထိုးတယ်လို့ခေါ်တယ် ဆွေဆွေရဲ့..
ငါလည်း အနဲအကျဥ်းတော့ ခံစားရတာပေါ့
မမြင်ဖူးဘူးဆိုပေမယ့်...လေးနှစ်နီးပါး ရင်း
နှီးခဲ့ဖူးကြတယ်လေ...ပြောမယ့်သာပြောရ
တယ်...ခုချိန်ဆို သူ တော်တော်ခံစားနေရရှာ
မှာ...ဟူးးးးး...မတတ်နိုင်ဘူးလေ...ငါမှ သူ့
တကယ်မချစ်တာ...ငါကသူ့က်ိုငွေတွင်းလို
သဘောထားခဲ့တာ "
ဆွေဆွေက ညီလင်းညိုနဲ့ ပက်သတ်ပြီး ဘာမှ
မခံစားရဘူးလားလို့ မေး၍ သူမ ပြောပြနေ
ခြင်း ဖြစ်သည်။ဆွေဆွေ မေးကာမှ စိုးသည်
မသုံးဖြစ်တာ ကြာသော fb acc ကို ခနလေး
ဖွင့်ကြည့်မိသည်။ထူးဆန်းတာက ညီလင်းညို
ဟာ စိုးကို ဘာစာမှ ပို့မထားသည့်အပြင် သူ့
အကောင့်တွင်လည်း အရင်အတိုင်း သူတင်
စရာ ရှိတာတွေ တင်ထားခဲ့လေသည်။
ထူးခြားတဲ့ post တစ်ခု ဖတ်လိုက်ရသည်။
မြန်မာပြည်ကို ပြန်လာဖို့ စိတ်မကူးတော့တဲ့
အကြောင်းနှင့် အချစ်ကို စိတ်ကုန်သွားတဲ့
အကြောင်းတွေကို စီကာပတ်ကုံး ရေးတင်
ထားလေသည်။သူမ စိတ်ထဲ မတင်မကျ
ဖြစ်နေမိတာ အမှန်ပဲ။ရည်းစားဟောင်းကို
တောင် မရ ရတဲ့နည်းနဲ့ လက်တုံ့ပြန်ခဲ့တဲ့သူက
စိုးကိုကျ အလွတ်ပေးတယ်တဲ့လား။
အန်တီခ အပြင်ကပြန်လာတာနဲ့ စိုး သူတင်
ထားတဲ့စာကိုပြလိုက်သည်။စာကိုဖတ်ရင်း
အန်တီခက ပြုံးတယ်။
" ဒီလိုပဲ ဖြစ်ရမှာစိုးရဲ့...စိုးလူက အူကြောင်
ကြောင်ပါ....ဘယ်မှာနေတယ်ဆိုတာလည်း
သူ မသိဘူး...လိပ်စာလည်းအတိအကျပေး
ထားတာမဟုတ်ဘူးလေ...သူကိုယ်တိုင်က
အယုံလွယ်ပြီး ပုံအောခဲ့တာ...ဒါ စိုးအပြစ်
မရှိဘူး...သူနုံလို့ သူခံရတာ..အစအနတောင်
ချန်မထားခဲ့တာ...သူဘယ်လိုရှာနိုင်မလဲ...
စိုးက အရမ်းကြီးကြောက်နေလို့သာ...ဘာ
မှမပြောခဲ့တာ...ကဲ...အခု တစ်ရန်အေးသွား
ပြီ ဟုတ်....နောက်တဂွင်ဖမ်းဖို့ ရှာရအုံးမယ်
အလုပ်တွေဆက်လုပ်ရအုံးမှာ အများကြီးပဲ..
စိုးက ဘာအလုပ်မှမရှိသေးဘူးဆိုပေမယ့်..
ဆွေဆွေက သူ့အဖိုးကြီးကို အကြာကြီးပစ်
ထားဖို့ အဆင်မပြေဘူး စိုး...ပြန်ရအောင် "
ညီလင်းညို စီစဥ်ထားသည့် အကွက်ထဲ သူတို့
လျှောလျှောရှုရှု ဝင်လာကြပြီ။သူလည်းပဲ
မြန်မာပြည်ကို ပြန်ရောက်နေပြီ။နောက်ထပ်
ဘယ်လို အကွက်တွေ ရွှေ့ရမလဲ သူ စဥ်းစား
ထားပြီးသား ဖြစ်သည်။လောလောဆယ် သူမ
တို့ တိုက်နားတွင် အခြေအနေကိုစောင့်ကြည့်
ဖို့ လူတစ်လောက်လွှတ်ထားသည်။
စိုးမေလှိုင်တို့ ပြန်ရောက်ပြီဆိုတာနဲ့ သူ့ဘက်
က အစီအစဥ်တွေ ရက်ပိုင်းအတွင်းအကောင်
ထည်ဖော်တော့မှာ ဖြစ်သည်။
မြန်မာပြည် ပြန်ရောက်သည့်နေ့ထဲက သား
ဖြစ်သူ အလုပ်ရှုပ်နေတာတွေ...မျက်နှာ
မလန်းမဆန်းနဲ့ အလကားနေရင်း ဒေါသထွက်
နေတာတွေကို ဒေါ်သစ္စာ မြင်တွေ့နေရသည်။
နေ့လည်စာ စားပြီးလျှင် သားက သူ့အခန်းထဲ
ပြန်ဝင်သွားတတ်သည်။တစ်ခါတစ်ရံ ဖုန်းတ
လုံးနဲ့အလုပ်ရှုပ်နေပြန်သည်။သားမှာအပေါင်း
အသင်းများများ စားစား မရှိသော်လည်း
သူငယ်ချင်းတွေကို ခင်တွယ်တတ်တဲ့လူမျိူး
မဟုတ်ဘူး။သို့သော် မိုင်းဆွန်ခ ဆိုတဲ့ သား
သူငယ်ချင်း တိုင်းရင်းသားလေးဟာ သား
ပြန်ရောက်သည့်နေကစ အိမ်လာလည်တာ
စိပ်လာသည်။သားကို မြင်ရတာ အရင် လွန်း
ရွှေဝါနဲ့တုံးက ဖြစ်နေတဲ့ဟန်ပန်အတိုင်း ပြန်
မြင်နေရရာ ဒေါ်သစ္စာ စိတ်ပူသွားသည်။
တစ်ညတော့ သားနဲ့ အေးအေးဆေးဆေး
စကားပြောဖို့ သူ့အခန်းထဲ ဒေါ်သစ္စာ ဝင်လာ
ခဲ့ပါသည်။
" မေမေ စကားနဲနဲပြောချင်တယ်...သားအချိန်
ရမလား "
" ရပါတယ် မေမေရဲ့....ပြောလေ...."
" မေမေ့ကို သားအနေနဲ့ ဖုံးကွယ်ထားတဲ့ကိစ္စ
များရှိနေသလား...ဒါမှမဟုတ်...ပြောဖို့
မလိုလို့ တမင်ထိန်ချန်ထားတာလား...."
မေမေ့ရဲ့ အကြည့်တွေကို သူ ရင်မဆိုင်ရဲပါ။
လွန်းရွှေဝါကြောင့် သူ မျက်ရည်တွေကျခဲ့တုံး
က အဲ့အကြည့်တွေနဲ့ပဲ မေမေ ထွေးပွေ့အား
ပေးခဲ့တာ။စိုးမေလှိုင်ကြောင့်တော့ သူ မျက်
ရည် လုံးဝ အကျမခံပါ။
" ကျတော်တို့ မိသားစုထက် အရာသွင်းရမယ့်
အရေးကိစ္စမဟုတ်ပါဘူး မေမေ....ဒါကြောင့်
မေမေ့ကို မပြောပြတာပါ..."
" ကောင်းပြီလေ...ဒါဆို မေမေတစ်ခုတောင်း
ဆိုမယ်သား....ခုဆိုရင် သားအသက်က
၃၀ ပြည့်တော့မယ်...မေမေတို့အနေနဲ့...
တစ်ဦးတည်းသော သားမို့...သားဆန္ဒရှိရင်
အိမ်ထောင်ချပေးချင်တယ်...သားမှာချစ်ရ
မယ့် မိန်းခလေးရှိရင် မေမေ့ကိုပြော "
" မရှိပါဘူး မေမေ...ကျတော့်အိမ်ထောင်ရေး
နဲ့ပက်သတ်ပြီး မေမေ ကြိုက်သလိုစီစဥ်နိုင်
ပါတယ်....လက်ခံဖို့ အဆင်သင့်ပါပဲ "
" ဝမ်းသာလိုက်တာ သားရယ်...."
မေမေ့ရဲ့ အပြုံးတွေ ပိုပြီး အသက်ဝင် သစ်
လွင်တောက်ပသွားသည်။အချစ်ရေးနဲ့ပက်
သတ်ပြီး ကံမကောင်းခဲ့တဲ့သူဟာ အိမ်ထောင်
ရေးမှာဖြင့် မိဘတွေကို စိတ်ချမ်းသာစေချင်
ပါသည်။တဖက်မှာလည်း စိုးမေလှိုင်ကို ဘယ်
သူမှ မသိအောင် လက်ထပ်ရအုံးမှာမို့ ဒီ
အကြောင်းတွေ မေမေတို့သိခဲ့ရင် စိတ်ဆင်းရဲ
မှာ ကြိုစိုးရိမ်နေရသည်။ဘယ်ကိစ္စမဆို ပိပိ
ရိရိလုပ်တတ်တဲ့ သူသည် အခြေအနေတွေ
ဆိုးမသွားအောင် ကျကျနန တည်ဆောက်မှာ
မို့ မေမေတို့သိစရာ အကြောင်းတော့မရှိပါဘူး
စိုးမေလှိုင်ကို သူက အချိန်အတိုင်းအတာ
တစ်ခုအထိပဲ ပေါင်းသင်းမှာပါ။သူ အားရ
အောင် လက်တုန့်ပြန်ပြီးမှ လွှတ်ပေးမှာ။ဒါမှ
မလိမ်မာသေးဘူး...နောင်တမရသေးဘူး
ဆိုရင် သူမ ဘဝသေတဲ့အထိ တိတ်တိတ်ပုန်း
မယားဘဝနဲ့ အဆုံးသတ်သွားစေရမည်။
အစထဲက သူ ပြောခဲ့ဖူးတယ်....အလျော်
အစားကြီးတယ်လို့။
မေမေက သူ့စကားကြောင့် ကျေနပ်ဟန်
အခန်းထဲက ပြန်ထွက်သွားပါသည်။မေမေ
အခန်းပြင် မရောက်သေးခင် သူ လွှတ်ထား
သည့် သက်နောင်ဆီက ဖုန်းဝင်လာသည်။
စားပွဲပေါ်က နာရီကို သူကြည့်လိုက်လျှင်
ည ဆယ်နာရီတိတိ ရှိနေလေပြီ။
" သက်နောင်ပြော....."
" ခုပဲ ပြန်ရောက်လာကြပြီ ကိုညီ...."
ဖုန်းပြောရင်း သူ အလိုလို ပြုံးလာသည်။သူ့
အပြုံးနောက်တွင် နာကျည်းခြင်းတွေ ရာနှုန်း
ပြည့် ဖုံးလွှမ်းထားရာ ထိုအပြုံးက တရားခွင်
မှာ တရားခံကို သေဒဏ်ပေးတော့မယ့်
တရားသူကြီးတယောက်ရဲ့ တည်ငြိမ်အေး
ဆေးသော အပြုံးတစ်ခုလည်း ဖြစ်နိုင်ပါသေး
သည်။
" မင်း ပြန်လို့ရပြီ..."
သက်နောင်ရဲ့တာဝန်ချိန် ဒီနေ့အတွက်ပြီးဆုံး
သွားပြီ။
" မနက်ဖန် မနက်...၆နာရီ သူတို့တိုက်ရှေ့..
မင်းသွား...အဲ့ကောင်မ ဘယ်သွားတယ်..
ဘယ်သူနဲ့တွေ့တယ်...ဘာတွေလုပ်နေတယ်
ဆိုတာ ငါအသေးစိတ်သိချင်တယ် "
" စိတ်ချ ကိုညီ..."
" ပြီးရင်...အဲ့ဟာမ ပုံတွေ မင်း ကင်မရာနဲ့
ရိုက်ထား...သူ့ဆီမသွားခင်...ငမိုင်းအိမ်မှာ
ကင်မရာအရင်သွားယူ....ဝရံတာကနေ
ထွက်လာရင်လည်းရိုက်...သူ့အရိပ်မြင်တာ
နဲ့ ရိုက်ထား...သဘောပေါက်လား "
" ဟုတ်...ကိုညီ "
" အေး "
ထို တစ်ခွန်းထဲပြောပြီး သူ ဖုန်းချလိုက်ပါ
သည်။ပထမ အစီအစဥ်က်ို သဘက်ခါမှ
စလှုပ်ရှားမယ်။စနစ်တကျ အကွက်လှလှ
လေးနဲ့ တိုးဝင်မှဖြစ်မည်။ငွေတအားမက်တဲ့
လူတွေအတွက် ငါးမျှားစာက သူတို့ဘဝကို
သတ်မယ့် စက္ကူသာသာ ငွေတွေပဲလေ။
@@@@@@@@@@@@@@@@@@@
ပထမ အစီအစဥ် စဖို့ နေ့ရောက်လာလေပြီ။
ကိုယ်တိုင် ပါဝင်လှုပ်ရှားဖို့ မလိုအပ်သေးဘူး။
သူမနဲ့ပက်သတ်ပြီး စိတ်ထဲကမပါတော့ပဲ အနု
စိတ် ထွေလီကာလီဖန်တီးပေးနေရတာမျိူး
သူ မလုပ်ချင်ဘူး။အားလုံးကို သက်နောင်ပဲ
အစအဆုံး အကုန်စီစဥ်ပေးပြီးနောက် သူမ
တိုက်ခန်းရှေ့ သက်နောင် ရောက်နေလေပြီ။
လူခေါ်ဘဲလ်ကို ၃..၄ ချက် ဆင့်နှိပ်လိုက်သည်
သိပ်မကြာခင် တံခါးပေါက် ဂျလပ်ဆိုတဲ့အသံ
နှင့်အတူ ပွင့်လာသည်။အိမ်နေရင်း စပန့်ဂါဝန်
ပေါင်တိုလေးနဲ့ သူ့ရှေ့ ရပ်နေသော မိန်းခလေး
သည် စိုးမေလှိုင်ဖြစ်ပါသည်။ထင်ထားတာ
ထက် ပိုလှသလို တွေ့တွေ့ချင်း နှစ်လိုဖွယ်
တုံ့ပြန်အပြုံးသည်လည်း ကျောချမ်းစရာ
ကောင်းလှပါသည်။အကယ်၍များ ကိုညီ
ကြောင့် သူမကို မတွေ့ရပဲ ကိုယ့်သဘောဆန္ဒ
အရ တွေ့ခွင့်ရမယ်ဆိုရင် သူမ ပြုံးလိုက်တဲ့
အပြုံးကြောင့် ရင်ခုန်သံမှားစေမှာ သေချာပါ
သည်။အသက်ငယ်ပေမယ့် အဆိပ်ပြင်းတဲ့
မိန်းမ ပါလားဟူသောအသိက စိုးကို မြင်ရုံနဲ့
ကျောချမ်းစေခဲ့တာပင်။
" ဘယ်သူနဲ့ တွေ့ချင်လို့လဲရှင့်...."
အခြူဇယားခင်းမှ ငွေရွှင်မယ့်လူတွေဆိုတော့
လေသံကအစ ပျားရည်လောင်းထားသည့်
နှယ်။မျက်နှာထားသည် မချိူမချဥ်နဲ့...ထိထိ
မိမိပြောရရင် နဲနဲကလပ်တဲ့ထဲ ပါသည်။
" စိုးမေလှိုင်နဲ့..."
" သွ...စိုးက...."
စိုးက ကျမပါဆိုပြီး ဟန်အမူအယာနဲ့ ကိုယ့်
ရင်ဘတ်ကိုယ် ပုတ်ပြလာသည်။
" ဟုတ်....ကျတော့်ဆရာက ညီမအတွက်
ပေးခိုင်းလိုက်တာပါ..."
ပြောပြီးသည်နှင့် အောက်ချထားသောစက္ကူ
ဗုံးကြီးကို သူ မ လိုက်လျှင် စိုး ကပျာကယာ
ဖြင့် လက်ပြောင်းလွှဲယူလေသည်။ဘယ်သူ
ပေးတယ်ဆိုသည့် ခေါင်းစည်းကို စိုး စိတ်ဝင်
စားခြင်း မရှိသေးပါ။ပြီးမှ....
" ရှင့် ဆရာက ဘယ်သူလဲဟင်..."
" အချိန်တန်ရင်သိရမှာပါ...ကျတော့်တာဝန်
ပြီးပြီမို့ ခွင့်ပြုပါအုံး "
သက်နောင် လှည့်အထွက် အန်တီခကလည်း
အသံကြား၍ ထွက်အလာ...
" ဘာတဲ့လဲ စိုး...ဘယ်သူလဲ "
" မသိဘူး အန်တီခ...ဒါကြီးပေးသွားတယ် "
တူရီး နှစ်ယောက်လုံး တံခါးကို မြန်မြန်ပိတ်
ပြီး စက္ကူဗုံးကို ဝိုင်းဖောက်ကြလေသည်။ဗုံး
ထဲတွင် အရင်မြင်လိုက်တာက ငွေတသောင်း
တန် စက္ကူပန်းမို့ စိုးရော အန်တီခရော
မျက်လုံးတွေ ပြူးကုန်ကြသည်။စိုးလက်ထဲက
ပန်းစည်းကို အန်တီခက ဇတ်ခနဲ ဆွဲယူရင်း
ငွေတွေရေတွက်နေသည်။စိုးက စာအိတ်လေး
မြင်မိ၍ ထိုအိတ်ကို လှမ်းယူပြီး ဖောက်ကြည့်
လျှင် စိုးရဲ့နေ့စဥ်လှုပ်ရှားမှုပုံရ်ိပ်တွေကို အမိ
အရ လှမ်းရိုက်ထားတဲ့ ဓာတ်ပုံတွေဖြစ်နေ
သည်။စာလည်းရေးထားသေးတယ်....မင်း
အနားမှာ အရိပ်လေးလိုရှိနေမယ်တဲ့။
သူမ ထိုင်ရာမှ ဒုန်းစိုင်းထကာ တီဗွီ ဘေးနား
တင်ထားသည့် ဖုန်းကိုသွားယူပြီး သုံးနေကျ
အကောင့် ခပ်မြန်မြန်ဖွင့်ကာ သူ ဘာတွေတင်
ထားလဲ ကြည့်လိုက်သည်။သူ ဒီမနက်တင်
ထားတာ ဂျပန်နိုင်ငံက location ကြီးနဲ့
ကော်ဖီပန်းကန် ကိုရိုက်ပြီး တင်ထားတာ။
ကော်ဖီက ခါးတယ်...မင်းအချစ်ကလည်း
ခါးတယ်တဲ့။သည် post ကို မြင်မှ စိုး ရင်ထဲ
ပေါ့သွားဟန် အန်တီခ နား ပြန်ရောက်လာ
သည်။
" စိုး လာကြည့်စမ်း...ငွေတွေက ဆယ်သိန်း
ကျော်တယ်..."
" ဟုတ်တယ်.စိုးလည်း လန့်နေတာ..ဒါပေမယ့်
သူ မဟုတ်ဘူး အန်တီခ...ဒါ နောက်တစ်
ယောက် ဖြစ်မယ်..."
" စိုးမေလှိုင်ရယ်....ညည်းမလဲ..ဒီအူတတ
ကောင်ကိုမှ စိတ်စွဲနေတယ်...ဒါကိုစိတ်ဝင်
စား စမ်းပါဟယ်....အာ့ဘက်ကဘာတွေလဲ
ပြစမ်း...."
ပြန့်ကျဲနေသည့် ဓာတ်ပုံတွေကို စိုး လှမ်းပေး
လိုက်သည်။အန်တီခက ခေါင်းတဆတ်ဆတ်
ညိတ်ရင်း ဘာတွေထင်ကြေးပေးအုံးမလဲမသိ
" ကြည့်ရတာ ဒီလူက စိုးကို တော်တော်ကြွေ
နေတဲ့ပုံပဲ...."
" နေပါအုံး..အန်တီခရယ်..တော်ကြာ အဲ့လူက
အဖေအရွယ်ကြီးဖြစ်နေရင်ရော...ရုပ်ဆိုး
ဆိုးကြီး ဖြစ်နေရင်ရော...အာ့မလေး..."
ပြောရင်း တီကောင် ဆားနဲ့တို့လိုက်သလို စိုး
တယောက် ထွန့်ထွန့်လူးသွားတော့သည်။
" အာ့မလေး စိုးရယ်...အတွေးကလည်းခေါင်
ပါ့....ရုပ်ကိုလည်းမကြည့်နဲ့...အသက်ကို
လည်း မကြည့်နဲ့...ဟော့ဒီငွေတွေပဲကြည့်..
ငွေတွင်းကြီးပြိုသွားလို့ ရေခမ်းတော့မယ့်
အချိန်...ကိုယ်တောင်အားမစိုက်ရသေးပဲ..
ရေတွင်းအသစ်က သူ့ဘာသာရောက်လာ
တာ...ညည်းဘယ်လောက်ကံကောင်းလဲ..
နမို့ဆို ငါ့မှာ ညည်းကိုဘာလုပ်ပေးရမှန်း
တနေကုန်တွေးနေရတာ...."
" ရေကန်အသင့်ကြာအသင့်ဆိုတာတော့ စိုး
သိပါတယ်...ဒါမဲ့ဆွေဆွေလိုတော့ စိုး
တသက်လုံး မလုပ်ဘူးနော်...စိုးကသန့်သန့်
လေးပဲနေချင်တာ...တကယ်မချစ်ပဲနဲ့..
ဘယ်ယောကျာ်းကိုမှ စိုးဘဝ မအပ်နိုင်ဘူး
စိုး လိမ်ချင်လိမ်မယ်...ခြူချင်ခြူမယ်...
ရည်းစားများချင်များမယ်...ဒါမဲ့ စိုးဘဝကို
တန်ဖိုးထားတယ် "
ရင်ထဲကလာတဲ့စကားတွေ စိုး ပြောနေပေမယ့်
အန်တီခသည် ပိုက်ဆံတွေလောက်တောင်
စိတ်ဝင်စားမှုမရှိပေ။
" အေးပါဟယ် "
" ဒီတစ်ခါကျရင်တော့ ငွေတွေအရင်လိုသုံးလို့
မရတော့ဘူး...ဒီတစ်ခါနောက်ဆုံးပဲ အန်တီခ
စိုး ဆက်မလုပ်ချင်တော့ဘူး...ငွေ ရအောင်
စုမယ်...ပြီးရင် စိုး အလှပြင်ဆိုင်လေးဖွင့်
မယ်...သင်တန်းတက်မယ်...စိုး ဘဝကို
အတည်တကျ တည်ဆောက်ချင်ပြီ..."
အန်တီခသည် သူမ မမြင်အောင် တဖက်ကို
လှည့်ပြီး မျက်နှာမဲ့လိုက်သည်။သူမကြောင့်
အလုပ်ဖြစ်နေတယ်ဆိုပြီး ဆရာကြီးလုပ်လို
တဲ့ အပြောတွေ ပါလာ၍ ဖြစ်သည်။ငါသင်
ပေးခဲ့လို့ နင်တို့ညီအမ နှစ်ယောက်လုံး
ကောင်းစားနေတာ ဘဝမမေ့နဲ့လို့ စိတ်ရှိတိုင်း
ပြောလိုက်ချင်သည်။သို့ပေမယ့် စိုးဟာ
အကြမ်းကိုင်လို့မရ....ချော့ပြောမှကြိုက်တဲ့
မိန်းခလေးဆိုတာ ဒေါ်မေခ သိပြီးသား။
" အေးပါအေ...ဒီတစ်ခါဂွင်တော့အလွတ်မခံ
ချင်ဘူး....နောက်တခါမလုပ်ချင်မလုပ်နဲ့...
ဒီတစ်ခါတော့ရှာလိုက်အုံး...အရွယ်ကောင်း
တုံး လုပ်စားရတာ...ငါ့အရွယ်ရောက်သွား
ရင်...ဘာမှသုံးစားလို့မရတော့ဘူး "
" အင်းပါ...စိုးသိပါတယ်...အန်တီခလည်း
ငွေအလွယ်ပြန်ရတယ်ဆိုပြီး ကျိတ်ဝိုင်း
မသွားနဲ့တော့...စီးပွားရေးတစ်ခုခုလုပ်ဖို့
စိတ်ကူးထားပေးပါ "
ဆရာမကြီးက ပြောချင်ရာပြောပြီး ထွက်
သွားပါသည်။ကိုယ်က ကျလူ...ဒင်းတို့က
တက်လူဆိုတော့ လူကို အာခံချင်နေပြီ။
အရွယ်လေးရတာနဲ့ ဆရာကြီးလုပ်ချင်နေပြီ။
ဘာပဲပြောပြော စိုး စကားကိုနားထောင်စရာ
မှ မလိုတာပဲ။ပြန့်ကျဲနေတဲ့ တသောင်းတန်
တွေကို သပ်သပ်ရပ်ရပ် စီရင်း ဖဲဝိုင်းသွားဖို့
ဆုံးဖြတ်လိုက်တော့သည်။
@@@@@@@@@@@@@@@@@@@
ပန်းစည်းပို့ပြီး ဒုတိယမြောက်ရက်တွင် သက်
နောင် ဆိုတဲ့လူ စိုးဆီ ထပ်ရောက်လာပြန်
သည်။ဒီတစ်ခါလည်း သူ့ဆရာပေးခိုင်းတာ
ဆိုပြီး ဗူးသေးသေးလေး ပေးသွားလေသည်။
ဖွင့်ကြည့်လိုက်တော့ စိန် လက်စွပ်တကွင်း...
ရေးထားတဲ့စာက မင်းကို လက်ထပ်ပါရစေ
တဲ့။မထင်မှတ်ထားသည့် ကိစ္စမို့ စိုး ရင်တုန်
သွားသည်။သူ ဘယ်သူလဲဆိုတာ သိချင်စိတ်
တွေတဖွားဖွားပေါ်ပေါက်လာသည်။စိုးအရွယ်
သည် သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်စ
အရွယ် မဟုတ်သော်ငြား ကိုယ့်ကို နည်းမျိူး
စုံနဲ့ ရင်ဖိုအောင်လုပ်တဲ့လူကိုဖြင့် တစတစ
ငြိတွယ်ချင်လာသည်။
အချိန်တန်ရင် တွေ့ရမှာပါလို့ သူ့တပည့်
ပြော ပြောသွားသည့်စကားကိုပင် စိတ်တိုစ
ပြုလာသည်။အန်တီခက စိုးအတွက် ပေးခဲ့
သည့် လက်စွပ်ကို အသိစိန်ပွဲစားတွေထံ
ကြမ်းခင်းစျေး ဘယ်လောက်ပေါက်လဲ စုံစမ်း
နေသေးသည်။စျေးသိရတဲ့အခါ အန်တီခ
မှင်တက်အံ့အားသင့်သွားဟန် ငြိမ်ကျသွား
သည်။
" အနဲဆုံး ၄၈သိန်းလောက်ပေါက်တယ် "
" ဘာကို..... "
" စိုးကိုပေးတဲ့ စိန်လက်စွပ်လေ "
" တကယ်ကြီးလား အန်တီခ..."
" ငါအခုပဲ စုံစမ်းပြီး ပြန်လာတာ....ဒီလူက
တော်တော်ချမ်းသာမယ့်လူ သေချာတယ်
အခုထိ လာမတွေ့သေးတာ...ငါဖြင့်စိတ်ကို
မရှည်ချင်တော့ဘူး "
ဒေါ်မေခတို့ တူရီးတွေ ဘယ်လောက်တောင်
လောဘဆိုးတွေ တက်နေမလဲ ညီလင်းညို
သွားကြည့်ချင်မိသည်။မြန်မာပြည်စရောက်
နေ့ကစပြီး စိုးမေလှိုင် ပြန်ရောက်လာတဲ့နေ့ထိ
သူမ မျက်နှာကို မြင်ချင်စိတ်မရှိ၍ သွားမတွေ့
ခဲ့ပါ။အဝေးတစ်နေရာကနေတောင် သူမ
လာရာလမ်းဆီ စောင့်မျှော်ပြီး မကြည့်ခဲ့ဖူးပါ။
သူမ မျက်နှာကို မြင်ရရင် သူ လူသတ်ချင်
စိတ်တွေ ပေါက်လာနိုင်သည်။နောက် ငါးရက်
နေမှ ပွဲသိမ်းရိုက်ချက်တွေနဲ့အတူ သူမကို
သိမ်းပိုက်မည်။သူ့လက်ထဲ ရောက်လာတဲ့နေ့
ကစပြီး စိုးမေလှိုင်မျက်နှာထက် အပြုံးဆိုတာ
မရှိစေရတော့ဘူး။လွတ်လပ်ခြင်းဆိုတာဘာ
လဲလို့ စာအုပ်ထဲလိုက်ရှာဖတ်မိတဲ့အထိ မွမ်း
ကြပ်သွားစေရမည်။တနေ့တာကို နာကျင်ခြင်း
တွေနဲ့ ဖြတ်သန်းရမည်။သောကတွေ ထွေး
ဖက်ပြီး အထီးကျန်တဲ့ဝေဒ နာ ခံစားစေရ
မည်။
ပထမ တစ်ရက် ဆယ့်နှစ်သိန်းတန်ပန်းစည်း
လက်ဆောင်ပေးခဲ့သည်။ဒုတိယရက် အဖိုး
တန် စိန်လက်စွပ်တကွင်း လက်ဆောင်ထပ်
ပေးခဲ့ပြီး ငါးရက်လောက် ပျောက်နေလိုက်
သည်။ထိုအခါ ဒေါ်မေခသည် ဘဲလ်တီးသံ
ကြားတိုင်း အံ့အားသင့်စရာ လက်ဆောင်များ
လာပေးသလား ခနခန တံခါးနားရောက်သွား
တတ်ပါသည်။စိုးကဖြင့် သူ ပို့ပေးတဲ့ပစ္စည်း
တွေထက် မိမိကို တဖက်လက်နဲ့ချဥ်းကပ်နေ
တဲ့လူဟာ ဘယ်လိုပုံစံမျိူးလဲ ပို စိတ်ဝင်စားခဲ့
ပါသည်။ချစ်စိတ် မရည်ရွယ်ခဲ့ပေမယ့် မသိ
စိတ်က တစ်ခုခု ခံစားပစ်လိုက်ချင်သလိုလို။
ရံဖန်ရံခါ လွမ်းနေခဲ့သလိုလို...စိတ်အစွဲ
အလမ်းတွေကြောင့် မမြင်ဖူးတဲ့လူတယောက်
ကို အိပ်မက်ထဲ ထည့်မိနေတဲ့အထိ သူမ ရူး
မိုက်နေတော့သည်။
တပါတ်ပြည့်သည့်နေ့ နံနက်ခင်းတွင် စိုးတို့
တိုက်ခန်းရှေ့ကို ညီလင်းညိုရောက်လာခဲ့ပါ
သည်။ဘဲလ်တီးသံကြား၍ အန်တီခ တံခါး
အပြေးဖွင့်ပေးရာ မျှော်လင့်ထားသော သူငယ်
သည် အန်တီခကို အပြုံးဖြင့် ဦးစွာနှုတ်ဆက်
ပြီးနောက်...
" ကျတော်တို့ အထဲဝင်လ်ို့ရမလား...."
စကားဆုံးသည်နှင့် သက်နောင်သည် ဘေး
တဖက်တချက်ကို ပြောင်းရွှေ့ရပ်လိုက်သည်။
ထိုမှသာ တခါမှမမြင်ဖူးသည့် လူကိုအန်တီခ
လှမ်းမြင်သွားရာ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး
တံခါးအမြန်ဖွင့်လျက် အခန်းထဲဝင်စေခဲ့ပါ
သည်။ဧည့်ခန်းတွေလို သေသပ်မှုမရှိပေမယ့်
သူမတို့ တိုက်ခန်းတွင် လူကြီးလူကောင်းများ
လာလည်တတ်လေရာ ကြည့်ပျော်ရှုဖွယ်ဖြစ်
အောင် ပြင်ထားသောကြောင့် ခုရောက်လာသူ
ရွှေဧည့်သည်လေးကိုလည်း နေရာထိုင်ခင်း
ကျကျနန ပေးလျက် ထိုင်စေခဲ့ပါသည်။
" ဒါ ကျတော့်ဆရာ ကိုနေလင်းပါ...."
အခုမှ အရှင်လတ်လတ်တွေ့ရသည်ဖြစ်ရာ
ဘာစကားမှ မပြောနိုင်ပဲ အနဲငယ်ပြုံးပြပြီး
စိုးကို သွားခေါ်လေသည်။မယ်မင်းကြီးမက
အခုထိအိပ်ယာကမထသေး၍ ကမန်းကတမ်း
ထရန်ပြောသံတွေ ညီလင်းညို ကြားနေရ
သည်။
" ရောက်နေပြီ....ရောက်နေပြီ..."
" ဘယ်သူရောက်တာလဲ...အိပ်ရေးတောင်မဝ
သေးဘူး...ဘယ်သူလဲ..."
" စိန်လက်စွပ်ပိုင်ရှင်..."
" ဟင်.... "
သူမ အိပ်ချင်စိတ်တွေ ပျောက်ကုန်ပြီး ရင်
တွေ ခုန်လာသည်။ဘယ်ကနေ ဘာစလုပ်ရ
မလဲ ယောက်ယတ်ခတ်ကုန်သည်။အန်တီခက
အိမ်ရှေ့ ပြန်ထွက်လာပြီး သူတို့ကို အရင်
ဧည့်ခံထားသည်။ဆွေဆွေ့ကို အကျွေးအမွေး
ကိစ္စ တာဝန်ပေးထားခဲ့သည်။အိမ်မှာက ချက်
စားတဲ့ ရက်ဆိုတာ မရှိသလောက်ရှားတာမို့
ဧည့်သည်လာရင် ကျွေးစရာ ဘာတစ်ခုမှမရှ်ိ
ဘူး။သူတို့ဆီကို လာတဲ့ဧည့်သည်တော်တော်
များများကလည်း စားစရာ သောက်စရာထက်
တူမလှလှတွေကို ငမ်းဖို့ လာတဲ့လူက ခပ်များ
များဆိုတော့ ပါသမျှ အကုန်အမ်းသွားတဲ့
လူတွေချည်းပဲ။
" ထွက်လာပါလိမ့်မယ်...စိုးက ညဘက်ဆို
တော်ရုံမအိပ်တတ်ဘူး...အိပ်ယာထနဲနဲ
နောက်ကျတယ်..."
စရောက်ထဲက သူ့ မျက်နှာတည်တည်ကြီးကို
ကြည့်ပြီး အန်တီခ ရှိန်နေပုံရသည်။
" ဒါနဲ့ လာရင်းကိစ္စက...."
" လာတောင်းတာပါ..."
" ဘယ်လို...."
" ကျတော်အချိန်မရလို့ လိုရင်းတိုရှင်းပဲ ပြော
လို့ ရမလား "
" ရ...ရ...ရပါတယ် "
" ကျတော် စိုးမေလှိုင်ကို လက်ထပ်ချင်တယ်.
သိန်းတထောင်တိတိနဲ့ တင်တောင်းမှာပါ "
" သိန်းးးးး....သိန်း......တစ်...တစ်ထောင် "
စကားပြောရင်း သတိလွတ်သွားမှာတောင် စိုး
ရိမ်ရသည်။အနေအထားကတော့ ငွေလက်ထဲ
ရောက်တာနဲ့ တူမကို ရော့လို့ ပေးမယ့်သဘော
ရှိနေသည်။
စိုးက သူ့ကို မြင်ချင်စိတ်ဖြင့် အိမ်ရှေ့ခပ်သွက်
သွက် ထွက်လာသည့်အချိန် သူ ပြောတဲ့
စကားတွေကြားသွားပြီး ခြေလှမ်းတွေရပ်တန့်
သွားသည်။သိန်းတထောင်ဆိုတဲ့ငွေက
အန်တီခ အတွက် မက်မောစရာ ဖြစ်နေသော်
လည်း စိုး တစ်ဘဝလုံး ရင်းရမယ့်အရေးမို့
မျက်စိတွေ ပြာကုန်လာသည်။သူသည် စိုးကို
ကျောပေးလျက် ထိုင်နေတာဖြစ်ပြီး စိုး သူ့
မျက်နှာကို မြင်ရဖို့အရေး ရှေ့ဆက်လျှောက်
လာရမှာ ဖြစ်သည်။စိုး ခြေလှမ်းတွေ နှေး
ကွေး ချင်လာသည်။မြင်ကာမှ ချစ်စိတ်တွေ
ပျောက်သုဥ်းသွားရင် ခက်ချေတော့မည်။
အန်တီခ အကြောင်း စိုးကောင်းကောင်းသိ
သည်။စိုး သဘောကို မေးနေမှာမဟုတ်တော့
ဘူး။နည်းလမ်းပေါင်းစုံနဲ့ ထိုလူ့လက်ထဲ
အတင်းထိုးထည့်တော့မှာ သေချာသည်။
" ဟော....စိုး...လာလေ...."
ညီလင်းညိုသည် စိုးကို တကူးတက လှည့်
မကြည့်ဖြစ်ပါ။သူ့ရှေ့ ရောက်လာမှ အားရ
အောင်ကြည့်ပြီး အခန့်မသင့်ရင် ပါးထရိုက်
ပစ်ချင် ရိုက်မိလိမ့်မည်။သို့သော် ဒီအချိန်ခန
လေးကို သူ့ဒေါသတွေ ချူပ်ထိန်းထားရပေ
အုံးမည်။
တွေ့လိုက်ရပါပြီ....လေးနှစ်နီးပါး သူ့ကိုအရူး
လုပ်ခဲ့တဲ့မိန်းမ။ညီလင်းညိုက သူမ မျက်နှာ
ကို စေ့စေ့ကြည့်ရင်း တည်ကြည်စွာပြုံးပြ
လိုက်သည်။စိုးက အဲ့အကြည့်တွေနဲ့ ရင်မဆိုင်
ရဲဟန် ခေါင်းလေးပြန်ငုံ့ထားသည်။မြင်ခွင့်ရ
လိုက်တဲ့ခနမှာ သူ ဟာ သိပ်ကိုချောမောလှပ
ခန့်ညားတဲ့ လူမှန်း သိခွင့်ရခဲ့ပါသည်။
သည်ပတ်ဝန်းကျင်တွင် စိုးတို့တူရီးတွေ ဘာ
အလုပ် လုပ်စားလဲ တော်တော်များများ သိ
ကြပါသည်။စိုးလို မိန်းမတယောက်ကို တန်ဖိုး
ထားပြီး လာရောက်တောင်းရမ်းတာဟာ
နဲနဲထူးဆန်းနေသည်။သူက စိုးကိုဘယ်နေရာ
မှာ မြင်ဖူးပြီး လက်ထပ်ခွင့်တောင်းလောက်
တဲ့အထိ ငြိတွယ်ခဲ့တာလဲ။စိုးအတွက် မေးခွန်း
တွေ အများကြီးဖြစ်လာသည်။သူ့ကို မကြည့်
ရဲ ကြည့်ရဲနဲ့ နောက်တကြိမ် မော့ကြည့်လိုက်
တော့ စိုး ရင်ထိတ်သွားသည်။
သူကစိုးကို မျက်မှောင်ကြီးကြုတ်လျက် စိမ်း
သက်သက်စိုက်ကြည့်နေတာဖြစ်ပြီး သူ့
နှုတ်ခမ်းလွှာကဖြင့် တစ်ခုခုကို ကျေနပ်အားရ
ဟန် ပြုံးယောင်သမ်းနေသောကြောင့် ဖြစ်
သည်။
ရင်ခုန်ရမယ့်အစား စိုး ရင်တွေတုန်လာသည်။
ပဟေဋိ ဆန်သော အကြည့်တွေနောက်က
တစ်စုံတစ်ရာသည် ဘာများဖြစ်နိုင်လေမလဲ။
သေချာတာ တစ်ခုကဖြင့် သူ့ကို မြင်မြင်ချင်း
စိုး တစ်ခါမှ မခံစားရဖူးခဲ့တဲ့ ခံစားချက်မျိူး
ဖြစ်ပေါ်လာတာ အမှန်တရားပင်။သူ့အကြည့်
တွေအောက်မှာ စိုးမေလှိုင် ရုန်းထွက်မရမှာ
ကိုပဲ စိုးရိမ်မိတော့သည်။
သြော်...အချစ်ဆိုတာ...ကြောက်စိတ်ကနေ
လည်း ဖြစ်တည်လာတတ်တာပဲလား။
ကြောက်ကြောက်နဲ့ ချစ်ရမယ့် သဘောကြီး
လား။စိုး ဘာတစ်ခုမှ မစဥ်းစားချင်တော့တဲ့
အထိ ရိုးသားစွာ သူ့အချစ်ပင်လယ်ထဲ ကူး
ခတ်ပစ်ချင်မိတော့သည်။
*******************************************
အခန်း (3) မျှော်
Author...😍 A Mon Ko 😍