book

Index 16

အခန်း (16_ဇာတ်သိမ်းပိုင်း)

  • Author : A Mon Ko
  • Genres : Romance, Drama

ညီလင်းညိုသတိရလာသည့်အချိန် သူသည်

သူ့အခန်းထဲ ရောက်နေသည်။ဘာရည်ရွယ်

ချက်တွေနဲ့ သူ့ကို ကြိုးချည်ထားလဲမသိပါ။


" ဖေဖေ....ဖေဖေ....ဖေဖေ.....ကျတော့်ကို

  ခုလွှတ်ပေး.... "


ဒေါသ၏ အရှိန်အဟုန်ကြောင့် ရှ်ိသမျှသော

အင်အားတွေဖြင့် ကုန်းအော်လ်ိုက်မိသည်။

တဆက်ထဲ နောက်ပြန်တုပ်နှောင်ထားသည့်

ကြိုးတွေ ပြတ်တောက်သွားစေရန် အားထည့်

ပြီး ရုမ်းကာမှ ခုံနဲ့အတူ ဇောက်ထိုးလဲကျသွား

ပြန်သည်။ထိုအခြေအနေတွေထိရောက်မှ

ဖေဖေ အခန်းထဲ ဝင်လာသည်။


" မင်းကစိတ်ကြီးတာကိုး...အေးဆေးမနေဘူး

  ကွာ....."


ဦးဟန်မင်းညိုသည် ဖရိုဖရဲ ဖြစ်နေသောသူ့

အား ပြန်ထူပေးလျက်....


" ဗိုက်ဆာပြီလား.....ဒါမှမဟုတ် အရက်

  သောက်ချင်နေတာလား... "


" မဆာဘူး...မသောက်ဘူး...ကျတော့်ကို

  လွှတ်ပေး....ကျတော့်မိန်းမက ကိုယ်ဝန်ကြီး

  နဲ့ဖေဖေရ....တောင်းဆိုပါတယ်...လွှတ်ပေး

  ပါ... "


" ငါ့သားကလည်း...စိတ်ပူတတ်လိုက်တာ...

  မပူပါနဲ့..မပူနဲ့.....စိုးမေလှိုင် ဘာအန္တရာယ်မှ

  မရှိရလေအောင်..ကျတော်မျိူးစောင့်ရှောက်

  ထားပါတယ် ဟားးးးးးး..... ဗိုက်ဆာရင်ပြော

  သားကို ငယ်ငယ်တုံးကလို ဖေဖေကိုယ်တိုင်

  ခွံ့ကျွေးမယ်..."


" ဟာဗျာ.....ဖေဖေ....ဖေဖေ..... "


ပြောချင်တာပြောပြီး ဖေဖေ လှည့်ထွက်သွား

ပြန်သည်။ဒီပုံစံအတိုင်းဆို အားလုံး ဒုက္ခ

ရောက်ကုန်တော့မည်။ဘာလုပ်ရင်ကောင်းမ

လဲ အကြံထုတ်နေစဥ် ဖျက်ခနဲသတိရသွား

သည်။ဖုန်း....သူ့ဖုန်း.....ဘောင်းဘီအိတ်ကပ်

ထဲ သူ အလျင်အမြန်ထည့်လိုက်မိတာ သတိရ

သွားသည်။ဖုန်းက အိတ်ကပ်ထဲတွင် ရှိနေ

သည်။သို့သော် လက်ရော ခြေရော ကြိုးနဲ့

အချည်ခံထားရတာ ဘယ်လိုထုတ်မလဲ။


ထိုစဥ် စိုးကလည်း သူ ပြန်မလာသေး၍ ဖုန်း

ဆက်လေပြီ။ဖုန်းမြည်သံကြောင့် ဖေဖေ

အခန်းဝကနေ ပြန်လှည့်ဝင်လာပြီး သူ့ကို

ပြုံးပြုံးကြီးစိုက်ကြည့်ကာ ဘောင်းဘီအိတ်

ထဲက ဖုန်းကိုယူလိုက်ပါသည်။ပြီးတော့ ဖုန်း

ပါဝါကို ပိတ်ချပစ်လိုက်တယ်။


" ရှော့ခ်ရှိတယ်.....ဟားးးးးးး "


ဘာမှကိုလုပ်လို့မရသော အနေအထားတစ်ခု

ရောက်သွားခဲ့ပြီ။အခြေအနေစောင့်ကြည့်ပြီး

မှ တစ်ခုခု လုပ်ရတော့မည်။


သက်နောင်သည်လည်း သူ့ကိုကယ်ထုတ်ဖို့

နည်းလမ်းပေါင်းစုံ စဥ်းစားလျက်ရှိပါသည်။

အပြစ်တွေအားလုံး သူ့အပေါ် ပြုံကျလာမှာကို

လည်း စိုးရိမ်မိသေးသည်။ငမိုင်းဆီ ဖုန်းဆက်

ဖို့ သူ ဖုန်းကိုင်လိုက်စဥ် ဦးဟန်မင်းညို၏ ဖုန်း

ဝင်လာ၍ လန့်ဖျပ်သွားသည်။


" ဟုတ်ကဲ့ အန်ကယ်.... "


" မင်းတစ်ခုခုလုပ်ဖို့ကြိုးစားနေတာလား "


အသံကြီးက အေးတိအေးစက်နဲ့ကြောက်စရာ

ကြီး။


" မကြိုးစားပါဘူး အန်ကယ်...ကျတော့်ကို

  စိတ်ချပါ "


" အေး...စိတ်ချမယ်...ခုချက်ချင်း...မင်းလူ

  တွေခေါ်ပြီး ငါ့အိမ်လာခဲ့.... "


ပြောစရာရှိတာပြောပြီး ဦးဟန်မင်းညို ဖုန်းချ

သွားသည်။သူ သွားရင်ကောင်းမလား...တွေ

ဝေနေခဲ့သည်။ဘာပဲဖြစ်ဖြစ် အန်ကယ့်ဆီ

သွားမှကိုဖြစ်မည်။ဒါမှသာလျှင် ကိုညီ့ကို

ကယ်ထုတ်နိုင်မည်။သူ့  လူတွေနဲ့သွားရမှာ

ဆိုတော့ ပြသာနာမရှိနိုင်ပါဘူး။


ချက်ချင်းပဲ သူ့တပည့်တွေကို လှမ်းခေါ်လိုက်

သည်။သူ့လူတွေကို အန်ကယ်နဲ့ပက်သတ်ပြီး

အကြောင်းစုံ ကြိုပြောပြထားခဲ့ပါသည်။

အရေးကြုံရင် သူ့ကိုပစ်မထားကြဖို့ပါ ပြော

ရသေးသည်။စိတ်မနှံ့တဲ့လူမှာဘာအကြောက်

တရားမှ ရှိတာမဟုတ်ဘူး။ဘာမဆို အကုန်

ဖြစ်သွားနိုင်တဲ့အနေအထားမို့ ကိုယ့်အသက်

တော့ နှမြောရတာပဲ။


သူတို့အားလုံး ဦးဟန်မင်းညို အိမ်ကို ရောက်

လာခဲ့ကြပါသည်။သူက အပြင်သွားမယ့်ပုံ

နဲ့ရယ်။လက်ထဲမှာလည်း ဓားမြှောင်တချောင်း

ကိုင်ထားသေးတယ်။ပူရတဲ့ကြားထဲ ကုတ်

အိန်းကျီ အနက်ရောင်ကြီး ဝတ်ထားတယ်။

မျက်မှန်အနက်ကိုလည်း စတိုင်လ်ကျကျ တပ်

ထားသေးတယ်။


" မင်း လူတစ်ယောက် ငါ့ထည့်ပေးလိုက်... 

  ငါ ဒီညပဲ ပဲခူးကိုသွားမယ်...ရှင်းစရာရှိတာ

  အပြတ်ရှင်းရမယ်...မင်းတို့က ငါ့သားကို

  သေချာစောင့်ကြည့်ထား...သက်နောင်...

  မင်းငါ့ကို သစ္စာဖောက်ဖို့မကြိုးစားမိစေနဲ့..

  ဒုတိယအသတ်ခံရမယ့်လူက မင်းဖြစ်သွား

  မယ်...ပေါက်တယ်နော် "


" စိတ်....ချပါ အန်ကယ်..... "


" ငါ့ဖုန်းထဲက စောင့်ကြည့်နေမယ်.... "


အခြေအနေတွေက ထင်သလောက်မလွယ်ကူ

ခဲ့ပါဘူး။တစ်အိမ်လုံး cctv တွေတပ်ထားတဲ့

အပြင် ဖုန်းနဲ့ပါ ချိတ်ထားတာမို့ သူ ဘယ်လိုမှ

လှုပ်လို့မရချေ။လမ်းခရီးကြန့်ကြာမှုနှင့် တွက်

ဆပြီး လှုပ်ရှားရမှာပဲ။


" စိတ်ချပါ အန်ကယ်... "


" အေး...သွားမယ် "


အောက်ထပ်က အသံတွေ ညီလင်းညို ကြား

နေရသည်။သူ့က်ို ကူညီနိုင်တာ သက်နောင်

တစ်ယောက်ပဲ ရှိတော့သည်။ဒီကောင်က

လည်း ဖေဖေ ထွက်သွားတာတောင် အခုထိ

သူ့အနား ရောက်မလာသေးဘူး။တော်တော်

လေးကြာမှ အခန်းဝကနေပြီး စာရွက်တစ်

ရွက် မသိမသာ ပစ်ချလိုက်သည်။သူ့မှာ

အဲ့စာရွက်ကို ခက်ခက်ခဲခဲ ခြေနဲ့ကလော်ယူ

ပြီး ဖြန့်ကြည့်လျက် ငုံ့ဖတ်ရပါသည်။


" တအိမ်လုံး cctv တွေတပ်ထားတယ်ကိုညီ

  ဖုန်းနဲ့လည်းချိတ်ထားတယ်...ခု..အန်ကယ်

  ပဲခူးသွားတယ်...နောက်တစ်နာရီကြာမှ

  ကျတော်ကိုယ်တ်ိုင်လွှတ်ပေးပါ့မယ်...

  ခနလေးသည်းခံစောင့်ပေးပါ "


ပဲခူးသွားတယ်ဆိုတော့...ဟာ...မေမေ......

မေမေကလည်း ပဲခူးမှာ။ဆက်စပ်တွေးကြည့်

ရင် ဖေဖေသွားသတ်မယ့်လူဟာ..မေမေနဲ့များ

ပက်သတ်နေလား။


ညီလင်းညိုက သူ့အမေအတွက် စိတ်ပူပင်

သွားခဲ့ပါသည်။ထင်ထားခဲ့သလို ဒေါ်သစ္စာ

ဘာအန္တရာယ်မှ မရှိခဲ့ပါ။ဦးဟန်မင်းညို ထွက်

သွားတဲ့အချိန်မှာပဲ ဒေါ်သစ္စာရန်ကုန်ပြန်

ရောက်နေခဲ့ပါပြီ။ရောက်ရောက်ချင်း စိုးဆီ

အရင်ဆုံးသွားတွေ့ဖြစ်ခဲ့ပါသည်။


ဧည့်သည်ရောက်နေတယ်ဆိုလို့ ဘယ်သူများ

လဲဆိုပြီး ငမိုင်းအရင်ဆုံး အိမ်ရှေ့ထွက်လာ

ကာမှ ဒေါ်သစ္စာကိုမြင်ပြီး အံ့သြသွားသည်။

ဖြစ်ချင်တော့ ညီလင်းညိုက အိမ်မှာရှိမနေခဲ့

ဘူးလေ။သူ့စိတ်ထဲ ထင်နေတာက ဒေါ်သစ္စာ

လာသောင်းကျန်းတယ်ပဲ ထင်နေတာကိုး။


သူ ထင်ထားသလို မဟုတ်ခဲ့မှန်း စိုးဆင်းလာမှ

သိခဲ့ရတာဖြစ်ပြီး သူမတို့နှစ်ယောက်ဆက်ဆံ

ရေးကိုကိုယ်တိုင်မြင်ကာမှ ငမိုင်းပိုပြီး အံ့အား

သင့်သွားခဲ့ရပါတော့သည်။


" ဟာ...အန်တီ စိုးဆီလာတယ်....ဘယ်ကနေ

  ဘယ်လိုရောက်လာတာလဲ...စိုးဖြင့်လေ... 

  အန်တီဆီ ဖုန်းတွေဆက်လိုက်ရတာ.... "


" အန်တီလည်း ခရီးလွန်နေတာစိုးရေ...ခုမှ

  ပြန်ရောက်တယ်.... "


" ထင်တော့ထင်သားပဲ...အန်တီ့ကိစ္စ အဆင်

  ပြေသွားပြီလား....ပြီးတော့ စိုးဆီ နားကပ်

  လေးကျန်ခဲ့တယ်နော်... "


" အဲ့ဒါစိုးပဲ ယူလိုက်တော့.... "


" ရှင်..... "


ဒေါ်သစ္စာက ပြုံးစိစိ မျက်နှာထားနဲ့ငမိုင်း

ဘက် လှည့်ပြီး...


" သားရော ပြန်မလာသေးဘူးလား.... "


" မလာသေးဘူး အန်တီ...ဒီနေ့မှ ဘာလို့

  နောက်ကျနေမှန်းမသိဘူး...ကျတော့်ကို

  အိမ်စောင့်ထားခဲ့တာ.... "


သူတို့နှစ်ယောက် ပြောပုံဆိုပုံတွေကို ကြည့်

ပြီး စိုး ပါးစပ်အဟောင်းသား ဖြစ်နေလေရဲ့။

တဖြေးဖြေး သဘောပေါက်လာသလိုရှိရာ

ကိုယ့်အဖြစ်ကိုယ် တွေးမိပြီး ခုမှ ရင်တုန်လာ

သလို ဖြစ်လာသည်။မသူဇာသည် အန်တီ့

အတွက် အအေးတစ်ခွက် ယူလာပြီး ရှေ့ထွက်

လာချိန် သူတို့ပြောပုံဆိုပုံတွေကို ကြားလိုက်

ရပြီးနောက် ကိုင်လက်စ အအေးခွက်ပင်

လက်တုန်နေတာနဲ့ ဖိတ်တဝက်ဖြစ်နေလေပြီ။


" ဖုန်းဆက်ကြည့်ပါအုံး...."


" ကျတော်ဆက်တယ်...သူမကိုင်တာအန်တီ "


" ဒီကလေးကတော့ကွယ်....သြော်...စိုး....

  ဘယ်လိုဖြစ်သွားရတာတုံး....အန်တီ့က်ို..

  အယ်...မေမေလို့ပဲခေါ်တော့နော်... "


" ရှင်.... "


" ဟုတ်တယ်လေ...စိုးက အန်တီ့ချွေးမပဲလေ"


" ဒါဆို အန်တီက...."


" မေမေလို့ခေါ်ရမယ်.... "


စိုးလေ ဘယ်လိုဝမ်းသာသွားမှန်းမသိ...ရင်ထဲ

က အပျော်လှိုင်းတွေသည် မျက်ရည်အဖြစ်

ပြောင်းလဲကာ ထိုမျက်ရည်တွေကြားမှ အပြုံး

လေးကတော့ အင်မတန်မှ အသက်ဝင်နေခဲ့

ပါသည်။


" ဒါဖြင့် စိုးကိုအစထဲကသိနေခဲ့တာလားဟင် "


" မှော်ဘီမှာတုံးကတော့ စိုးကို မသိသေးဘူး..

  ပြန်ဆုံတဲ့အချိန်မှာ မေမေ သိနေပြီလေ... "


" အန်တီ....ကျတော်ကြားဖြတ်တော့ပြောအုံး

  မယ်...ညီလင်းညိုအခုထိဖုန်းမကိုင်ဘူး..သူ့

  ရုံးကိုလည်းဆက်ပြီးပြီ...မနက်ထဲကရောက်

  မလာဘူးပြောနေတယ် "


အခြေအနေတစ်ခုခု ထူးခြားပြီဆိုတာ 

ဒေါ်သစ္စာရိပ်မိသွားသည်။စိုးဟာ နှလုံးရောဂါ

သည်လေးမို့ သူမရှေ့ စိုးရိမ်လွန်မယ့်စကား

မျိူး မပြောချင်ဘူး။


" အလုပ်ကိစ္စ မပြတ်သေးလို့နေမှာပါ..ခုမှ

  ခြောက်နာတောင်မထိုးသေးပါဘူး.... "


ဒေါ်သစ္စာသည် ငမိုင်းကို သူမ မမြင်အောင်

ခေါင်းခါပြလိုက်ပြီး ဆက်မပြောဖို့တားခဲ့ပါ

သည်။


" စိုး ထမင်းစားပြီးပြီလား.... "


" မစားရသေးဘူး...မေမေရော မစားရသေး

  ဘူးမို့လား... "


" မေမေက ဗိုက်မဆာသေးဘူး...ဒါမဲ့စိုးက

  စားတော့...နောက်ကျနေပြီ...သူဇာရေ...

  သမီး...စိုးကို ထမင်းကျွေးလိုက်အုံး "


" ဟုတ် အန်တီ..... "


မသူဇာက စိုးရဲ့အပျော်တွေ ကူးစက်နေတာမို့

အလုပ်လုပ်ရတာ တက်ကြွလန်းဆန်းလျက်ရှိ

သည်။စိုးတို့ထွက်သွားမှ ငမိုင်းလက်ကိုဆွဲ

လျက် အပြင်ထွက်လာကြပါသည်။


" တခုခုထူးခြားနေတာ သေချာတယ်သား... 

  ခနနေအုံး.... "


ဒေါ်သစ္စာသည် အကင်းပါးစွာဖြင့် အိမ်ကိုဖုန်း

ဆက်လိုက်သည်။ကိုင်တဲ့လူမှာ သက်နောင်

ဖြစ်နေသည်။


" ဟဲလို..... "


ဦးဟန်မင်းညို အသံလည်းမဟုတ်၍ဒေါ်သစ္စာ

မျက်မှောင်ကြုတ်သွားသည်။


" ဟဲလို....ဘယ်သူလဲ... "


" မင်းကရော ဘယ်သူလဲ...ငါ ဒေါ်သစ္စာပဲ..."


" ဗျာ..... "


" ဟေ့...ဖုန်းချဖို့မစဥ်းစားနဲ့...ခုချက်ချင်းရဲ

ခေါ်လိုက်မယ်...ငါ့သားအဲ့အိမ်မှာရှိတယ်မို့

  လား "


" အန်တီ...ခနလေးပါ...ကျတော်သက်နောင်

  ပါ အန်တီ....ကိုညီ ဒီအိမ်မှာရှိနေပါတယ်..

  ကျတော်ပြောတာ သေချာလေးနားထောင်

  ပေးပါ...."


ဒေါ်သစ္စာ ဖုန်းစပီကာ ဖွင့်ထားလိုက်သည်။


" ကိုညီကို...အန်ကယ်ကိုယ်တိုင်ဖမ်းထားတာ

  ကျတော့်ကို သေချာစောင့်ကြည့်ဖို့မှာသွား

  တယ်..အခု သူ ပဲခူးသွားပြီ...၄၅မိနစ်ကျော်

  လောက်ရှိပြီ...ကိုညီ့ကို ကျတော်ကိုယ်တိုင်

  ပြန်လွှတ်ပေးမှာပါ...အန်တီ ပဲခူးအမြန်လိုက်

  သွားပါ...ဦးကျော်ကြားအတွက် အန္တရာယ်

  ရှိနေပြီ...."


ဖုန်းကိုင်ထားတဲ့ ဒေါ်သစ္စာရဲ့လက်တွေ တုန်

ရီလာသည်။


" ကောင်းပြီ....သားကိုအခုချက်ချင်းလွှတ်ပြီး

  ပဲခူးအမြန်လိုက်လာခဲ့.....ရဲကိုပါဖုန်းဆက်

  .... "


ဒေါ်သစ္စာ ဒါပဲပြောပြီး ဖုန်းချပစ်လိုက်သည်။

ငမိုင်းကို အကူအညီထပ်တောင်းပြီး သူနဲ့

ပဲခူး သွားရန် ဆုံးဖြတ်လိုက်သည်။စိုးကိုတော့

ဘာမှမပြောပြသေးပဲ မသူဇာနှင့်ဆွေဆွေ့ကို

သာ အကြောင်းစုံပြောပြပြီး ထွက်လာခဲ့ကြ

ပါသည်။


ပြသာနာတစ်ခုခု ဖြစ်နေတယ်ဆိုတာ သူတို့

မပြောလည်း စိုး ရိပ်မိနေပါသည်။


တဖက်မှာလည်း သက်နောင်က ညီလင်းညို

ကို ကြိုးဖြည်ပေးပြီး လွှတ်ပေးလိုက်ပါသည်။

ပြီးလျှင် ဒေါ်သစ္စာမှာသည့်အတိုင်း ကိုညီ့ကို

ပြောပြလိုက်သည်။


" မင်းဖုန်းခနပေးစမ်း..... "


" ကျတော့်ကို ခွင့်လွှတ်ပါကိုညီ... "


" ဟာကွာ....မင်းကိုငါ့ခေါင်းထဲတောင်မရှိဘူး

  ဖုန်းမြန်မြန်ပေးစမ်းပါ...ငါ့မိန်းမဆီဆက်

  မလို့...."


သက်နောင်ဆီက ဖုန်းကိုယူပြီး စိုးကို ခေါ်

လိုက်ပါသည်။


" စိုးလား...."


" ကိုကြီး....စိုးဖုန်းဆက်နေတာ မကိုင်ဘူး..

  အခုဘယ်တွေရောက်နေတာလဲ.  စိုး ဘယ်

  လောက်စိတ်ပူနေရလဲမသိဘူးလား... "


စိုးကငိုသံလေးနဲ့ ပြောလာသည်။


" စိုးစိတ်ပူအောင်လုပ်တာမဟုတ်ပါဘူးကွာ..

  စိုး....ကိုကြီးအခုပြန်လာဖို့အဆင်မပြေသေး

  ဘူး...အိမ်ပြန်နောက်ကျမယ်....ငမိုင်းကို

  မပြန်ခိုင်းနဲ့အုံး "


" ဟော...ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ...

  စိုးကိုလည်း အဖတ်လုပ်ပြီးရှင်းပြပေးကြ

  ပါအုံးလား...ကိုမိုင်းက မေမေနဲ့ထွက်သွား

  ပြီ...အခု ကိုကြီးကပါအိမ်ပြန်နောက်ကျမယ်

  ဘာတွေဖြစ်နေကြတာလဲ.... "


" နေပါအုံး...မေမေဆိုတာ... "


" အော်...ရှင်တို့သားအမိ ကျမကိုအရူးလုပ်ခဲ့

  တာကျေနပ်သေးတာမဟုတ်ဘူးနော်..ထား

  ပါတော့...မေမေက ဒီကိုရောက်လာတယ်..

  မကြာဘူး ကိုမိုင်းနဲ့အပြင်ပြန်ထွက်သွားတာ"


" ဟုတ်ပြီ...ကိုယ်ပြောမယ်သေချာနားထောင်

  နော် စိုး....ကိုယ်တို့မိသားစု ပြသာနာ တက်

  နေတယ်...အဓိက ကတော့ဖေဖေပဲ..ဖေဖေ

  စိတ်လွတ်ပြီး ထင်ရာလျှောက်လုပ်နေတယ်

  တားရမယ်...တားဖို့အတွက် ကိုယ်တို့သွား

  ကြတာပဲ...စိုးကိုမခေါ်ဘူးဆိုတာ..စိုးက 

  ကိုယ်ဝန်နဲ့မို့ပါ...."


" ဟယ်....အဲ့ဆို ကိုကြီး သတိထားနော်... "


" ကိုယ်ဘာမှမဖြစ်ဘူး...စိုးသာ ဂရုတစိုက်

  နေနော်...ဆေးသောက်ပြီးပြီလား..နွားနို့

  သောက်ဖို့လည်းမမေ့နဲ့...ကိုယ်ရောမေမေ

  ရော..အတူတူပြန်လာမှာ...စိတ်မပူနဲ့နော်.."


" အင်းပါ... "


စိုးကို နားလည်အောင်သေချာရှင်းပြပြီး

နောက် သူ သက်နောင်ကိုပါခေါ်ပြီး ပဲခူး

လိုက်သွားခဲ့ပါသည်။ဒေါ်သစ္စာမှာထားတဲ့ထဲ

ရဲစခန်းက်ိုဖုန်းဆက်ပါလို့ ပါခဲ့သော်လည်း

သက်နောင် အခုချိန်ထိ မဆက်ဖြစ်သေးပါ။

အခြေအနေအရ မိသားစုချင်း ညှိနှိုင်းအဆင်

ပြေသွားရင် ပြီးသွားလိမ့်မယ်လို့ ခပ်လွယ်

လွယ်တွေးထားခဲ့မိလို့ ဖြစ်ပါသည်။


အချိန်အတော်ကြာအောင် မောင်းလာခဲ့ပြီး

နောက် ဦးကျော်ကြားနေထိုင်ရာ အိမ်ရှေ့

ရောက်ခဲ့ချေပြီ။မေမေတို့ကားက သူတို့ထက်

စောထွက်ခဲ့ပြီး နောက်ကျမှရောက်လာသည်။


အတူတူ အိမ်ထဲဝင်ရန် ကြိုညှိထားသော

ကြောင့် လူစုံအောင်စောင့်ပြီးမှ....


" ခနလေးသား.... မဝင်နဲ့အုံး....ခြံထဲမှာ သား

  အဖေကားမတွေ့ဘူး....မေမေ ဝတ်ရည်ဆီ

  ဖုန်းဆက်အုံးမယ် "


ဝတ်ရည်ဆီ ဒေါ်သစ္စာဖုန်းဆက်လိုက်လျှင်

သူမ မကိုင်ပဲ ဦးဟန်မင်းညို ကိုင်ခဲ့ပါသည်။


" ဘယ်လိုလဲ လာပြီလား...ငါလည်းမင်းလူကို

  မသတ်ရသေးပါဘူး....ကြိုးနဲ့တုပ်ထားတယ်

  မင်းလာမှ အေးအေးဆေးဆေးသတ်မလို့

  ထိုင်စောင့်နေတာ...ဒီဖုန်းပိုင်ရှင်ကတော့

  ပြောစကားနားမထောင်လို့ ငါအပြတ်ရှင်း

  လိုကျပွီ....ဟားးးးးးး "


ဒေါ်သစ္စာ အောက်နှုတ်ခမ်းကို ဖိကိုက်ထား

ရင်း အသားတွေတဆတ်ဆတ် တုန်လာသည်


ထိုအချိန်တွင် ညီလင်းညိုက သူ့အဖေကားကို

လိုက်ရှာနေသည်။ဟိုးဘက် သစ်ပင်အောက်

တွင် ကားထိုးရပ်ထားသည်။ဒီအိမ်မှာ ဖေဖေ

ရှိနေတာ သေချာသွားပြီ။


" သား....မင်းအဖေ လူတယောက်ကို သတ်

  ပြီးပြီ.... "


" ဗျာ...... "


ထိုစကားကို သက်နောင်ကြားခဲ့ရပြီးနောက်

ခြေလှမ်းတွေ နောက်ဆုပ်သွားသည်။အခုချိန်

ကျမှ သက်နောင်ရဲစခန်းကို ဖုန်းဆက်ခေါ်နေ

ပါသည်။


" အထဲမဝင်ခင် သားကို မေမေပြောစရာရှိ

  တယ်....အချိန်တန်ပြီသား....ဦးဟန်မင်းညို

  က သားအဖေအရင်းမဟုတ်ဘူး...အခုသူ

  သတ်ဖို့ကြိုးစားနေတဲ့ ဦးကျော်ကြားဆိုတဲ့

  လူကသာ သားအဖေအရင်းပဲ.ပထမတကြိမ်

  သတ်ဖို့ကြိုးစားတယ်...မအောင်မြင်လို့

  သားအဖေ ဒုက္ခိတ ဘဝရောက်ခဲ့တယ်...

  အခုတော့ ဒင်းက သားအဖေကိုသတ်ဖို့

  ကြိုးစားနေပြီ.... "


မေမေ ပြောတာတွေကို သူ ပါးစပ်အဟောင်း

သားနဲ့ နားသာထောင်နေရတယ်...စိတ်တွေက

လွင့်သွားသလိုလို။စိတ်ထဲ ဖြစ်ပေါ်လာသည့်

မွမ်းကျပ်မှုတွေကြောင့် အဝေးတနေရာကို

ထွက်ပြေးသွားချင်သလိုလို။သည်လောက်

ရှင်းလင်းတဲ့ဘဝကို မက်မောခဲ့တဲ့ သူ့ကျမှ

ရှုပ်ထွေးစိတ်ပျက်စရာကောင်းသော ဘဝကို

မလိုချင်ပါပဲ ပိုင်ဆိုင်ခဲ့ရတယ်။ဘယ်သူ့အမှား

တွေပါဆိုပြီး လက်ညှိုးထိုး အပြစ်တင်ရမှန်း

သူ မသိတော့ပါ။


ဘဝတလျှောက်လုံး သူ အလှည့်စားခံခဲ့ရ

သည်။အဖေအရင်းရှိနေသေးတယ်ဆိုသော

ခံစားချက်မျိူးထက် ဖေဖေ့ကိုပဲ အဖေအရင်း

တယောက်လို တဘဝလုံး သတ်မှတ်ပြီးကာမှ

အခုလို ရှုပ်ထွေးလာခဲ့တာဟာ သူ့က်ို ချောင်

ပိတ် သတ်တာထက်ကို ပိုဆိုးလွန်းသည်။


ဖေဖေ့က်ို သူ ဘယ်လိုစိတ်မျိူးနဲ့မှ မုန်းမရခဲ့

ဘူး။ခုမှပေါ်လာတဲ့ အဖေအရင်းကို ရင်ထဲက

နေ နက်နက်ရှိုင်းရှိုင်း..ဒါ..ငါ့အဖေတယောက်

ပါလားဆိုတဲ့ ခံစားချက်မျိူး ရင်ထဲချက်ချင်း

ထည့်လို့မရသေးပေ။


" ဘယ်သူက အဖေအရင်းပဲ ဖြစ်ဖြစ်...နှစ်

  ယောက်လုံးကို ကျတော်အသက်ရှင်စေချင်

  သေးတယ် မေမေ.....ကျတော် အရင်ဝင်နှင့်

  မယ်....နောက်မှ မေမေတို့လိုက်လာပါ "


ရှုပ်ထွေးနောက်ကျိလွန်းသည့် အတွေးစတို့ကို

ရိတ်သိမ်းပြီးနောက် သူ ခြံထဲ ဝင်လာခဲ့ပါ

သည်။သူ့ဘဝမှာ အဖေက နှစ်ယောက်တောင်

ရှိခဲ့လေသလား။အဖေအရင်းကိုသတ်ဖို့ကြိုး

စားနေခဲ့တဲ့လူဟာ ဘဝတသက်တာလုံး 

ဖေဖေရယ်လို့ သူ့စိတ်ထဲ လိုလိုလားလားခေါ်

ခဲ့တဲ့လူ။


သူ အိမ်ထဲရောက်လာတဲ့အချိန်မှာ ဖေဖေက

သူ့ကို ကျောပေးလျက် မတ်တပ်ရပ်နေပါ

သည်။ဖေဖေ့ရှေ့တွင် ထိုင်နေတဲ့လူဟာ ဦး

ကျော်ကြားပေါ့။ဝှီးချဲပေါ်မှာတင် ဖေဖေရဲ့

ကြိုးစတွေ ချည်နှောင်ထားခံရရှာသည်။

ဦးကျော်ကြား မျက်နှာမှာလည်း သွေးတွေနဲ့။

အခုလို မြင်လာရတော့ သွေးက စကားပြော

လာတယ်ထင်၏။ရင်ထဲစို့နင့်ကြေကွဲသွားခဲ့

ရသည်။


" ဖေဖေ.....ရပ်လိုက်ပါ ဖေဖေ..... "


ဦးဟန်မင်းညို အသံကြားရာဆီ ခေါင်းတဖြေး

ဖြေး လှည့်လာသည်။သူ့သားကိုမြင်တော့

အခြောက်တိုက် ခေါင်းကိုမော့ ရယ်နေလေရဲ့။

သူ့မှာ အသိစိတ်တွေ ပျောက်ချင်းမလှပျောက်

ကုန်ပြီ။သွေးတွေမြင်ပြီး စိတ်က ပိုနောက်

သွားတာ။


ညီလင်းညို နောက်ပါးဆီမှာ ဒေါ်သစ္စာ မတ်

တပ်ရပ်လိုက်သည်။ပြီးမှသားအမိနှစ်ယောက်

လုံး ဦးကျော်ကြားကို ပြိုင်တူ ထပ်ကြည့်လိုက်

မိကြသည်။


" ကိုကျော်........ "


သွားခဲ့ပြီ.....အရာရာအားလုံး နောက်ကျသွား

ခဲ့ပြီ။ဦးကျော်ကြား ဗိုက်မှာ ဖေဖေ့ဓားစိုက်

လျက်ကြီးနဲ့ သူ သေနေခဲ့ပြီ။ညီလင်းညို ထို

မြင်ကွင်းကိုကြည့်ရင်း မျက်ရည်တွေဝဲလာ

သည်။စိတ်ထဲကနေ " ခင်ဗျား သိပ်တွေ့ချင်တဲ့

သား ရောက်လာပြီလေ...ထမကြည့်တော့ဘူး

လား " ဟု ပြောနေမိသည်။


မေမေက မကြောက်မရွံ ဖေဖေ့ကို ကျော်လွန်

ပြီး ဦးကျော်ကြားနားသွားကာ....


" ကိုကျော်....ကိုကျော်ရယ် ထကြည့်ပါအုံး..

  အကို့သားရောက်ပြီလေ....အကိုပဲ မြင်ချင်

  တယ်ဆို....အပြင်မှာမြင်ဖူးချင်တယ်ဆို "


မေမေ့ခမျာ ပြောရင်း ငိုနေရှာသည်။ဖေဖေ

ကတော့ လောကကြီးကိုအရွဲ့တိုက်လို့ဝသွား

ပြီထင်ရဲ့....အားပါးတရ ရယ်မောနေသည်။

သွေးစွန်းနေတဲ့လက်တွေဖြင့် သူ့ပါးနှစ်ဖက်ကို

ညှစ်ကိုင်ရင်း...


" မငိုနဲ့သား.....မင်းအဖေက...ကျူပ်....

  သေတဲ့အထိမှတ်ထား..ခုဆို...ငါတို့သားအဖ

  ကို ဘယ်သူမှခွဲလို့မရတော့ဘူး...ဟားးးးး "


ဖေဖေ့ရဲ့ အတ္တတွေသည် သိပ်ကြောက်စရာ

ကောင်းခဲ့ပါသည်။သူ့မှာ အဖေအရင်းနဲ့ပြန်

ဆုံရပြန်တော့လည်း အဖေလို့ တစ်ခွန်းလေး

တောင် ခေါ်ခွင့်မရခဲ့ဘူး။ဘာကို ဝမ်းနဲရမှန်း

မသိတဲ့ ခံစားချက်တွေဖြင့် သူ မတုန်မလှူပ်

ရပ်နေခဲ့မိသည်။ဖေဖေက သူ့ကို ပတ်ပြီး

ပြေးရင်း အားပါးတရ ရယ်မောနေပြန်ပါ

သည်။


မကြာပါဘူး....ရဲတွေရောက်လာကြပြီး 

ဖေဖေ့ကို ဖမ်းသွားကြသည်။မေမေလည်း

ဦးကျော်ကြားစိတ်နဲ့ အိပ်ယာထဲ ဗုံးဗုံးလဲခဲ့

သည်။အကြောင်းစုံကို သိသွားခဲ့တဲ့ စိုးမှာ

ညီလင်းညိုအတွက် စိတ်မကောင်းဖြစ်မိပါ

သည်။စိုးကပဲ ဒေါ်သစ္စာကို တဖန်ပြုစုပေး

နေရသည်။


ဦးဟန်မင်းညိုက လူနှစ်ယောက်ကို ရက်ရက်

စက်စက် သတ်မှုနဲ့ နှစ်ရှည်ထောင်ကျသွားခဲ့

ပါသည်။ဒေါ်သစ္စာသည်လည်း စိတ်ကြောင့်

ကိုယ်ကြေဆိုသလို စိတ်ကဖြစ်တဲ့ရောဂါကို

အချိန်အတော်ကြာအောင် ကုယူခဲ့ရပါသည်။


ရွှေအိမ်သူလည်း ဆေးရုံက အကောင်းပကတိ

အတိုင်း ဆင်းလာခဲ့ပြီးနောက် တရားဥပဒေ

၏ အပြစ်ကို ခံယူသွားခဲ့ပါပြီ။အရာအားလုံး

ဟာ သူ့အချိန်တန်တော့လည်း ပြီးဆုံးသွားခဲ့

ပါပြီ။ပြီးသွားတဲ့အရာတွေထဲမှာ ဆိုးတာတွေ

လည်း ပါခဲ့သည်...ကောင်းတာတွေလည်း ပါ

ခဲ့ပြန်သည်။


အတိတ်က ဖြစ်ရပ်တိုင်းကို ထိုင်ဆွေးပြီး

ဘဝကို ရေစုန်မျောပစ်ရမယ့် အခြေအန

မဟုတ်မှန်း ညီလင်းညို သိခဲ့ပါသည်။သူ့

အတွက် ယခုအချိန်မှာ အရေးကြီးဆုံးက

စိုးမေလှိုင်ပါပဲ။ပြီးတော့ သူတို့မိသားစုကမ္ဘာ

လေးပေါ့။မေမေတို့ကို ကြည့်ပြီး သူ့မှာ သင်

ခန်းစာတွေ အများကြီးရခဲ့တယ်။စစ်မှန်သော

မိသားစုဘဝကို သူ သေသေချာချာ တည်

ဆောက်မယ်။


အကောင်းပကတိ မဖြစ်နိုင်တော့တဲ့အခြေ

အနေတွေကြားမှာ သူ ချစ်ရသောလူတွေကို

ဆုံးရှုံးခဲ့ရပြီးပြီ။နောက်ထပ် ဘာကိုမှ ထပ်ပြီး

အဆုံးရှုံးမခံနိုင်တော့ဘူး။သူ့နောက်ဆုံး မျှော်

လင့်ချက်လေးဟာ စိုးပါပဲ။စိုးသာ သူ့အနားမှာ

တသက်လုံး ရှိနေပေးမယ်ဆိုရင် ကျေနပ်ပါပြီ


ကျန်တာဘာမှမလိုအပ်တော့ပါဘူး....။


@@@@@@@@@@@@@@@@@@@


အချိန်တွေသည် တဖြေးဖြေး ရွေ့လျား ကုန်

လွန်လာခဲ့လေပြီ။စိုးရဲ့ ဗိုက်ကလေးလည်း

တဖြေးဖြေး စူထွက်လာခဲ့ပြီ။မွေးဖို့ ရက်ပိုင်း

သာလိုတော့တာမို့ အားလုံး စိုးကို ဝိုင်းပြီး

ဂရုစိုက်နေကြရသည်။လွန်ခဲ့သည့် တပါတ်

လောက်က ငမိုင်းနဲ့ဆွေဆွေတို့ ရုံးတက်လက်

မှတ်ထိုးခဲ့ကြသည်။ဘုန်းကြီးကျောင်းမှာပဲ

မဂ်လာဦးဆွမ်း ကပ်ခဲ့ပါသည်။အရင်းနှီးဆုံး

မိတ်ဆွေတွေလောက်သာ ဖိတ်ပြီး အကျဥ်းရုံး

ကျင်းပခဲ့တာဖြစ်လေသည်။


ဆွေဆွေက ထိုပွဲကို ဒေါက်တာဇေယျကျော်

ကိုပါ ဖိတ်ခဲ့ပါသည်။ညီလင်းညိုရှိနေတာနဲ့

စ်ိုးကို စကားသွားမပြောခဲ့ရဘူး။စိုး ပျော်နေ

တာ မြင်ရတာ သူလည်း ဝမ်းသာပါတယ်။

စိုးကလည်း သူ့ဘက် တစ်ခါတစ်ရံလှည့်

ကြည့်ခဲ့ပြီး ပြုံးပြပါသည်။အဲ့အပြုံးနဲ့လည်း

သူ ကျေနပ်ခဲ့ရတာပါပဲ။စိုးဗိုက်ထဲက ကလေး

လေးကို ကျန်းကျန်းမာမာနဲ့ အောင်မြင်စွာ

မွေးဖွားနိုင်ပါစေပဲ သူ ဆုတောင်းပေးခဲ့ပါ

သည်။


" တလက်စထဲ ကျတော်အားလုံးကို ကြိုပြီး

  နှုတ်ဆက်သွားတယ်နော်... "


" ဟယ် ဆရာကဘယ်သွားမလို့လဲ.... "


ဆွေဆွေက ထ မေးတာဖြစ်ပါသည်။ထိုမေး

ခွန်းကို စိုးလည်းမေးချင်ခဲ့တာပါ။ဒါမဲ့ကိုကြီး

က စိုးလက်တွေကို အတင်းဆုပ်ကိုင်ထားရုံ

မက စိုးအကြည့်တွေ ဘယ်မှမယိမ်းအောင်

ဂရုတစိုက် စောင့်ကြည့်နေ၍ သူမအစား

ဆွေဆွေက မေးပေးခဲ့တာပင်။


" သြစီကို ပညာတော်သင်သွားမှာပါ.... "


" သြော်...ကြာမှာပေါ့နော် ဆရာ "


ဆွေဆွေက ရိုးရိုးသားသားမေးခဲ့တာဖြစ်ပါ

သည်။စိုးနဲ့ပက်သတ်ပြီး အထိမခံ ဖြစ်နေတဲ့

ညီလင်းညိုက ဆွေဆွေ့ကိုပင် လျှာရှည်တယ်ဟု ထင်ကာ စိတ်ကွက်ချင်လာတော့သည်။


" ကြာမှာပါ....စိုး....စိုးမေလှိုင်လည်း ဂရုစိုက်

   ပါ....မွေးလာမယ့်ကလေးရော....မိခင်ရော

   ကျန်းမာပါစေလို့ ကျတော်ဆုတောင်းပေး

  ပါတယ်... "


" ဟုတ်.... "


" စိုးအတွက်တော့မပူပါနဲ့....ကျတော် တစ်

  ယောက်လုံးရှိတယ်.... "


စိုးနဲ့ဆရာ့ကို စကားလုံးဝ မပြောခိုင်းဘူး။စိုး

မှာလေ ဆရာ့ကို အားနာလိုက်တာ။အဲ့နေ့က

ဆရာနဲ့ နောက်ဆုံးတွေ့ခဲ့တာပါပဲ။


အားလုံးဟာ သူ့နေရာနဲ့သူ နေသားတကျဖြစ်

သွားခဲ့ပါပြီ။ဆရာလည်း သြစီကိုပညာတော်

သင် ထွက်သွားခဲ့ပြီ။ဆွေဆွေကလည်း သူ

ချစ်တဲ့လူနဲ့ လက်တွဲသွားခဲ့ပြီ။မသူဇာကတော့

စိုးအနားမှာ အခုထိ ရှိနေတုံးပါပဲ။ကိုယ်နဲ့

သွေးမတော်သားမစပ်ပေမယ့် မသူဇာရဲ့

စိုးအပေါ်ထားခဲ့သော မေတ္တာတရားသည်

ကြီးမားလွန်းခဲ့ပါသည်။


" စိုး ကလေးမွေးပြီးရင်တော့...မကြီးရွာခန

  ပြန်မယ်နော်... "


" ဟုတ်သား....မကြီး ရွာမပြန်ရသေးဘူးနော်

  ......ပြန်ပါမကြီး "


" ပြန်တော့လာမယ်မို့လား သူဇာ...စိုးအတွက်

  သမီးမရှိလို့မဖြစ်ဘူး.... "


" စိတ်ချပါအန်တီ...ကျမ ပြန်လာမှာပါ "


ဒေါ်သစ္စာသည် အတိတ်က ဖြစ်ရပ်ဆိုးတွေကို

မေ့နိုင်အောင်ကြိုးစားထားခဲ့ပါသည်။ကိုယ်

ချစ်ရတဲ့လူကို ဆုံးရှုံးလိုက်ရတာဟာ ကမ္ဘာ

ကြီးတစ်ခုလုံး ပြိုလဲသွားသလိုပါပဲ။သေချိန်

တန်လို့ သေရတာမှ မဟုတ်ပဲလေ။ခုချိန်မှာ

ဒေါ်သစ္စာသည် လူ့လောကထဲရောက်လာ

တော့မယ့် မြေးလေးအတွက် အသက်ဆက်

ရှင်အောင် မနဲကြ်ိုးစားပြီး ရုန်းထခဲ့ရတာဖြစ်

ပါသည်။


စိုးမွေးရမယ့် ရက်က တဖြေးဖြေးနီးလာခဲ့လေ

ပြီ။စိုးကို အားလုံးက လိုအပ်တာထက်ပိုပြီး

ဂရုစိုက်ပေးခဲ့ကြပါသည်။ကံအဆိုးဆုံး မိန်း

ခလေးဟာ ဟော့ဒီဗိုက်ထဲက လာဘ်ကောင်

လေးကြောင့် ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး

မိန်းခလေး ဖြစ်လာခဲ့ပါသည်။


ခွဲမွေးဖို့ အားလုံးစီစဥ်ထားသော်လည်း ဆေးရုံ

တက်ဖို့ ၂ရက်အလိုမှာ စိုးဗိုက်နာလာခဲ့ပါ၏။


" အားးးးးးးးး အားးးး....ကိုကွီး...ကစျြ....

  ကိုကြီး.... "


" ဟင်....ဘာဖြစ်လို့လဲစိုး.... "


" ဗိုကျ.....အားးးးးး.....နာလိုကျတာ..... "


အချိန်ကား မနက်၂နာရီတောင်မထိုးသေးပေ။

သူလည်း ဘာမှမလုပ်တတ်တာမို့ မေမေ့ကို

သွားနှိုးရသည်။မေမေ လာကြည့်မှ....စိုးဟာ

ရေမွှာတောင် ပေါက်နေပြီဆိုတာ သိလိုက်ရ

သည်။သိသိချင်း စိုးကိုဆေးရုံအမြန်ပို့ရပါ

သည်။


နာကျင်လွန်းလှတဲ့ဒဏ်ကို သူမ ခံနိုင်ရည်မရှိ

တော့ပါ။ရင်ထဲ မောလာသလိုလို...အားအင်

တွေ ကုန်ခမ်းလာသည်။ချွေးစီးတွေ ထွက်လာ

ပြီး အသက်ရှုကျပ်လာသည်။အော်ဖို့ပင် အား

မရှိတော့သကဲ့သို့ နွမ်းဖတ်လာသည်။


" မေမေ....ကယ်ပါအုံးးးးး "


ဒေါ်သစ္စာသည် စိုးခေါင်းလေးကိုသပ်ကာ 

ဘုရားစာရွတ်ပေးလျက်ရှိသည်။သူက စိုး

လက်ကလေးတွေကိုကိုင်ပြီး အားတင်းထားဖို့

တဖွဖွ ပြောနေရှာသည်။


ဆေးရုံရောက်သည်နှင့် ခွဲခန်းထဲ အရင်ပို့လိုက်

ကြတော့သည်။စိုးသည် ခွဲခန်းထဲ မရောက်

ခင်ထဲက သတိရတချက် မရတချက် ဖြစ်နေ

ခဲ့ပါသည်။နှလုံးရောဂါလည်း ရှိနေတာမို့

ဆရာဝန်တွေ သေချာအစီအစဥ်ဆွဲထားပေးပါ

ရဲ့နဲ့ ကံတရားက ခုလိုဖြစ်လာဖို့ ဖန်တီးလာ

တော့သည်။


" စိတ်အေးအေးထားပါ သား...အားလုံး

  အဆင်ပြေသွားမှာပါ.... "


" နောက်ထပ် ကျတော်....ဘာမှမဆုံးရှုံးချင်

  တော့ဘူး မေမေရယ်..... "


သားဖြစ်သူ မျက်ရည်တွေကို ဒေါ်သစ္စာ သုပ်

ပေးလိုက်သည်။စိုးအတွက် မျှော်လင့်ချက်

ဟာ အရမ်းနဲနေပြီလို့ ခွဲခန်းထဲဝင်မယ့် ဆရာ

ဝန် အချင်းချင်းပြောသံတွေ သူမ ကြားခဲ့ရ

သည်။


" စိုး ကံကောင်းမှာပါ သားရယ်...သားရဲ့..

  မေတ္တာဓာတ်တွေနဲ့ သူအသက်ဘေးက

  ကင်းလွတ်မှာပါ.... "


သူ အရင်ဆုံးစိတ်တွေတည်ငြိမ်အောင် ကြိုး

စားလိုက်သည်။ရသမျှ ဘုရားစာ အကုန်ရွတ်

ရင်း ငြိမ်ငြိမ်လေးထိုင်နေပါသည်။ထိုစဥ် 

ဆွေဆွေတို့ရောက်လာကြသည်။အားလုံးက

သူမအတွက် ဝိုင်းပြီး ဆုတောင်းပေးနေကြပါ

သည်။


အချိန်တွေသည် အခုမှ ကုန်တာနှေးလွန်းနေ

ပါသည်။တစ်နာရီကျော်ကျော်လောက်ကို

အရမ်းကြာတယ်လို့ ခံစားနေရသည်။သူတို့

အားလုံး ကိုယ်စီအပူတွေဖြင့် ငြိမ်သက်နေကြ

သည်။ထိုအခိုက် ခွဲခန်းတံခါးဖွင့်လာပြီး 

ဆရာမ ထွက်လာသည်။ဆရာမ အနား အား

လုံး ရောက်ကုန်ကြသည်။


" သမီးလေးမွေးပါတယ်.....ခနနေ ကလေး

  ထွက်လာပါလိမ့်မယ်...ကလေးကကျန်းမာ

  တယ်နော်....လူကြီးကိုတော့ ခနစောင့်ကြည့်

  ရအုံးမယ်...အခုထိ သတိမလည်သေးလို့...

  အရေးပေါ်အခန်းပြောင်းထားရမယ်...စိတ်

  ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ကြိုးစား

  ကြပါ...ကျမတို့ဘက်ကလည်း အကောင်း

  ဆုံးကြိုးစားပေးမှာပါ.... "


ဆရာမက ညီလင်းညို ပခုံးတဖက်ကို ဆုပ်

ကိုင်ရင်းအားပေးပါသည်။တည်ငြိမ်အောင်

ဘယ်လိုကြိုးစားရမလဲ ဆရာမရယ်။အရေး

ပေါ်အခန်းထဲ ပြောင်းရွှေ့ခံရမယ့် မိန်းခလေး

က ကျတော့်ချစ်လှစွာသော ဇနီးလေးပါ။

ကျတော့်ရဲ့ နောက်ဆုံး မျှော်လင့်ချက်လေး

ဆိုလည်း မမှားပါဘူး။ဘဝကြီးတစ်ခုလုံး

ကမောက်ကမ ဖြစ်ခဲ့ရပြီးပြီ...ဆုံးရှုံးခဲ့ရပြီး

ပြီ။အကောင်းပကတိအတိုင်း ဖြစ်မလာနိုင်

တော့သည့်အရာတွေကို သူ ပြန်လည် တည်

ဆောက်ဖို့ မကြိုးစားချင်ပါ။စိတ်သစ်လူသစ်

ဘဝသစ်နဲ့ တဖန်ပြန်လည် တည်ဆောက်ထား

ခဲ့သည့် မိသားစု ကမ္ဘာလေးကိုဖြင့် မပြိုလဲ

ပါရစေနဲ့။ကံတရားဟာ သူ့အပေါ် အဲ့လောက်

ထိ မရက်စက်နိုင်ဘူး မဟုတ်လား။


" သား..... မေမေတို့အကောင်းဆုံး ကျော်ဖြတ်

  ကြမယ်လေကွယ်....မေမေတို့အားလုံးရဲ့..

  မေတ္တာဓာတ်တွေကြောင့် သမီးလေး 

  အသက်ဘေးက ကင်းလွတ်မှာပါ... "


" စိုး သေချာပေါက် ကျော်ဖြတ်နိုင်မှာပါအကို

  လေး....ကျမယုံကြည်တယ်....စိုး...ကျမတို့

  ကို ဘယ်တော့မှခွဲမသွားဘူး...အထူးသဖြင့်

  သူ့သမီးလေးရဲ့ သံယောဇဥ်ကြိုးစတွေက

  သူ့အတွက် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်

  လာမှာပါ "


" မသူဇာပြောတာမှန်တယ် ညီလင်းညို...

  တို့ဗုဒ္ဓဘာသာမှာ..ဘုရားဟောတရားရှိ

  တယ်လေ..အကျပ်အတည်း ဒုက္ခ..အန္တရာယ်

  ဘေးနဲ့တွေ့တဲ့အခါ...မှန်ရာကိုသစ္စာပြု...

  သစ္စာနဲ့ဆိုတဲ့တောင်းဆုတွေက ပြည့်တတ်

  တယ်လို့ ငါကြားဖူးတယ်..."


သစ္စာနဲ့ဆိုတဲ့ တောင်းဆုတွေက တကယ်ကြီး

ပြည့်တတ်သလား...ဒါဆို ကျတော်တောင်း

ဆု ခြွေပါရစေ။ကျတော်ဟာ စိုးအပေါ် ဘာ

မျှော်လင့်ချက်မှမပါပဲ စိတ်စေတနာသန့်သန့်

ဖြင့် ကူညီပေးခဲ့ဖူးပါသည်။ချစ်စိတ်ဝင်သည့်

အခါတွင်လည်း ခိုင်မြဲသောအချစ်..စစ်မှန်

သောမေတ္တာ...မပြောင်းလဲသော သစ္စာတရား

တို့ဖြင့် နင့်နေအောင် ချစ်ခဲ့ဖူးပါသည်။စိုးတစ်

ယောက် ကျတော့်အချစ်ကို လှည့်စားသွားခဲ့

သည့်အချိန်မှစ၍ ရူးခါးနေအောင် ရွံရှာမုန်း

တီးစက်ဆုပ်မိရာက ကလဲ့စားချေဖို့ သူမ

ဘဝကို မရ ရအောင် သိမ်းပိုက်ခဲ့ဖူးပါသည်။

ထိုစဥ်ခန ပျက်ပြယ်မသွားခဲ့သည့် ချစ်ခြင်း

တွေသည် မာနကြောင့် ဖြစ်ပေါ်လာသည့်

အမုန်းတွေကို တစ်ခါပြန်အနိုင်ယူခဲ့ရင်း

အချစ်နွံထဲမှာ အသစ်တဖန် ပြန်လည်နစ်မွမ်း

ခဲ့ဖူးပါသည်။အကြောင်းအမျိူးမျိူးကြောင့်

ဝေးကွာခဲ့စဥ်တွင်လည်း စိုးတစ်ယောက်ထဲ

ကိုသာ မပြောင်းလဲပဲ ချစ်ခဲ့ဖူးပါသည်။


ကျတော့်ဘဝထဲ စိုးဟာ ကျတော့်မျိူးဆက်

လေးနဲ့အတူ ပြန်လည်ရောက်လာခဲ့သည့်

အချိန်မှစ၍ သူတို့လေးတွေအတွက်သာ

အသက်ဆက်ရှင်ဖို့...အသက်နဲ့ခန္ဓာတည်မြဲ

နေသရွေ့ စိုးတို့သားအမိကို ပေးဆပ်ဖို့စိတ်

သာ ရှိခဲ့ဖူးပါသည်။ကျတော်သည် စိုးကိုရော

သမီးလေးကိုရော....နင့်နေအောင် ချစ်ခဲ့ပါ

သည်။ဤစကားတွေသည် မှန်ကန်သောသစ္စာ

စကားဖြစ်ပါ၏။ဤမှန်ကန်သော သစ္စာစကား

ကြောင့် ကျတော့်၏ ချစ်လှစွာသော ဇနီးလေး

စိုးမေလှိုင်သည် အသက်ဘေးမှ ကင်းလွတ်

ပြီး ကျတော်တို့သားအဖနှင့် သေတပန် သက်

တဆုံး အတူနေခွင့် ရပါစေသား အရှင်ဘုရား.

.......။


ညီလင်းညို၏ သစ္စာ စကားဆုံးသည်နှင့်

အကောင်းဆုံးကြိုးစားပေးပါမယ်လို့ကတိ

ပေးသွားခဲ့တဲ့ ဆရာမလေး သူတို့အနား

ဝမ်းသာအားရ ပြေးလာခဲ့ပါသည်။


" သိပ်အံ့သြစရာကောင်းတာပဲရှင်...သူသတိ

  ရလာပြီ....လွန်ခဲ့တဲ့ အချိန်ပိုင်းလေးက...

  လုံးဝ လက်လွှတ်ခဲ့ရပြီထင်ထားတာ....

  အောက်ဆီဂျင်ပိုက်တွေတောင် ဖြုတ်လိုက်

  ပြီ...နှလုံးခုန်နှုန်း လုံးဝပြန်မတက်လာလို့

  ကျမတို့ လက်လျှော့လိုက်တဲ့အချိန်ကျမှ..

  နှလုံးခုန်နှုန်းပြန်တက်လာတာ...တကယ့်

  သေရွာပြန်မိန်းခလေးပဲ..."


ဆရာမ ပြောတဲ့စကားလုံးတိုင်းကို သူ မျက်

ရည်တွေကျလျက် နားထောင်နေရှာသည်။

နပ်စ်မလေးက မွေးခါစကလေးကို သုတ်သင်

ဆေးကြောပေးပြီးနောက် သူတို့ရှေ့ ခေါ်လာ

ပါသည်။


" ကလေးက သူ့အမေဗိုက်ထဲက ထွက်လာပြီး

  ထဲက လုံးဝမငိုဘူး....အခုသူ့အမေလည်း

  သတိရရော...ငိုလိုက်တာရှင်...မမြင်နိုင်တဲ့

  စွမ်းအားတွေက မယုံလို့ကိုမရဘူး.... "


အားလုံး ကလေးကို ဝိုင်းကြည့်ကြသည်။

ဟုတ်ပါရဲ့...သမီးလေးက ငိုလိုက်တာ...

အသံကိုဆာနေတာပဲ။ကြည့်ရတာ ဗိုက်ဆာ

လို့နဲ့တူပါရဲ့။


စိုးလည်း စိတ်ချသွားရတဲ့ အခြေအနေရောက်

သွားပြီမို့ အရေးပေါ်အခန်းထဲက ထွက်ခွင့်

ရခဲ့ပါပြီ။စိုးဟာ ထင်ထားတာထက် ပိုပြီး

မာကြောခဲ့ပါသည်။ကိုယ်တိုင် အသက်ဘေး

က မနဲကုန်းတက်ခဲ့ရတာကို သတိမေ့သွား

ပြီး မိခင်တယောက်ပီသချင်တယ်ဟုဆိုကာ

သမီးလေးကို စိုးရဲ့ နို့ပဲ တိုက်ခဲ့ပါသည်။


ခုမှပဲ အားလုံး စိတ်အေးသွားကြတော့သည်။


" ငါ့မြေးကိုကြည့်စမ်း....ဘယ်သူနဲ့တူလဲမသိ"


ဒေါ်သစ္စာက သူနဲ့တူတယ်လို့ ပြောစေချင်လို့

တမင် မေးခဲ့တာ။အလိုက်မသိတဲ့ မသူဇာက..

ကလေးကို သေချာကြည့်ပြီး....


" စိုးနဲ့တူတာ.....ဟော့ဒီမျက်လုံးလေးက...

  အယ်...ဒီနှုတ်ခမ်းလေးကကျ..သူ့အဖေနဲ့

  တပုံစံထဲတော့်....အတော်လှတဲ့ကလေး... "


" အာ့မလေး သူဇာရယ်...သေချာကြည့်စမ်း

  ပါ...တကယ်ကငါနဲ့တူတာ..သူ့အဖွားနဲ့တူ

  တာ....နော် မြေးလေးရယ်.... "


ဒေါ်သစ္စာ စကားအဆုံးတွင် အားလုံးပြိုင်တူ

ရယ်လိုက်ကြပါတော့သည်။အတိတ်ကဖြစ်

ရပ်ဆိုးတွေကို မေ့နိုင်ဖို့ သမီးလေးက ပံ့ပိုး

ပေးခဲ့သလိုပါပဲ။နာကျင်စရာတွေကိုယ်စီ

ရှိခဲ့သော်လည်း ဟော့ဒီ သမီးလေး ငိုသံလေး

ကြား....တီတီတာတာ အသံလေးတွေကြားမှာ

ပျောက်ဆုံးလုနီးပါး ပျောက်ကွယ်သွားခဲ့ပါ

ပြီ။


" စိုး...... "


" ပြောလေ ကိုကြီးရဲ့..... "


" အရမ်းချစ်တာပဲစိုးရယ်...မင်းကိုကျေးဇူးလဲ

  တင်ပါတယ်....ကိုယ့်ကိုခွဲမသွားလို့လေ... "


" တကယ်ဆို စိုးက...ကိုကြီးကိုကျေးဇူးပြန်

  တင်ရမှာ...ကိုကြီးရဲ့ မှန်ကန်တဲ့သစ္စာစကား

  တွေကြောင့် စိုး သေရွာက ပြန်နိုင်ခဲ့တာ... "


" ဟင်.....စိုးဘယ်လိုသိ.... "


ဘယ်လိုသိလဲဆိုတော့......။အမှန်တော့ ဆရာ

ဝန်တွေ လက်လျှော့လိုက်တဲ့အချိန်မှာ စိုး

ဝိညည်ဟာ ခန္ဒာကိုယ်ထဲမှာ ရှိမနေတော့ပါ

ဘူး။စိုးသိလိုက်တာက ကိုကြီးနဲ့သမီးလေးကို

ခွဲရတော့မယ်ဆိုတာပါပဲ။တစက္ကန့်လောက်ပဲ

နေခွင့်ရပါစေ....ကိုကြီးနား စိုးနေချင်သေး

တယ်။အဲ့စိတ်တွေကြောင့်ပဲ ကိုကြီးဘေးမှာ

စိုး ရှိနေခဲ့တယ်။အဲ့အချိန် မျက်ရည်တွေနဲ့

ကိုကြီးစိတ်ထဲက ဆုတောင်းခဲ့တဲ့ သစ္စာ

စကားတွေ စိုး ကြားခွင့်ရခဲ့တယ်။သစ္စာစကား

ဆုံးတော့ စိုး ရှေ့မှာ အလင်းတန်းကြီးတစ်ခု

ပေါ်လာခဲ့တယ်။အဲ့အလင်းရောင်ကို စိုးသေ

ချာစိုက်ကြည့်လေ မျက်စိစူးလေပဲ။နောက်

စိုး ကိုတစ်စုံတစ်ယောက်က တွန်းလွှတ်လိုက်

တာပဲ။စိုးလန့််ဖျပ်ပြီး သတိရလာတော့ စိတ်နဲ့

ကိုယ်က တွဲမိသွားခဲ့ပြီးပြီ။


တစ်ခါတစ်လေကျတော့ တချိူ့အရာတွေ

ဟာ လူတွေလက်ခံဖို့ ခဲယဥ်းနေပါလိမ့်မယ်။

စိတ်ကူးယဥ်ဆန်တယ်လို့ပဲပြောပြော...စိုးက

တော့ ကိုယ်တိုင်ဖြစ်ခဲ့တာမို့ မမြင်နိုင်တဲ့

သံယောဇဥ်ကြိုးတွေ၏ စွမ်းအားကြီးခဲ့ပုံကို

ယုံကြည်ခဲ့ပါသည်။


" ပြောလေ စိုးရဲ့.....ဘယ်လိုသိတာလဲ... "


" ဒီလိုပါပဲ ကိုကြီးရဲ့..... "


စိုး ပြောပြတော့ရော ကိုကြီးက ယုံမှာတဲ့လား။

ဘယ်သူမှလည်း လက်ခံနိုင်မယ်မထင်ဘူး

လေ။


စိုး ကျေနပ်မိတာတစ်ခုရှိတယ်...အဲ့ဒါဘာလဲ

ဆိုတော့ ကိုကြီးက စိုးကို တကယ်ကြီးနင့်နေ

အောင် ချစ်ခဲ့တယ်ဆိုတာ သိခွင့်ရခဲ့လို့ပါပဲ။


@@@@@@@@@@@@@@@@@@@


သမီးလေးနာမည်ကို မြူလင်း လို့ ညီလင်းညို

ကိုယ်တိုင် ပေးခဲ့ပါသည်။သမီးလေးဟာ

သူ့အတွက် တကယ့်အလင်းရောင်လေးပါပဲ။

မြူလင်းလေးကို မွေးပြီးမှ အစစအရာရာ

အကုန် အဆင်ပြေနေတော့တာပါပဲ။သူ့

လုပ်ငန်းတွေလည်း အရင်ကထက် ပိုအောင်

မြင်လာခဲ့ပါသည်။စိုးလည်း ဘန်ကောက်မှာ

နှလုံးခွဲစိတ်ကုသခဲ့တာ ရာနှုန်းပြည့်အောင်

မြင် ခဲ့ပါသည်။မေမေလည်း အရင်လိုအိပ်ယာ

ထဲ ခွေမနေအားပဲ သူ့​မြေးနဲ့ တနေကုန်အလုပ်

ရှုပ်နေတတ်ပါသည်။


မသူဇာမှာ ရွာကိုခနပြန်လိုက် စိုးတို့ဆီပြန်

ရောက်လာလိုက်နဲ့ ဟိုဘက်ပြေးလိုက်..ဒီ

ဘက်လာလိုက် ဖြစ်နေတော့သည်။


" ငါ့နှယ်လေ...မအေတုံးကလည်း မအေမို့လို့

  သမီးကျတော့လည်း သမီးမို့လို့...ခုထိကို

  ရုန်းမထွက်နိုင်တော့ဘူး.... "


မသူဇာပြောနေကျစကားပင်....။မြူလင်း

လေးက အရွယ်နဲ့မလိုက်အောင် သိပ်လည်

တာ။မျက်စိရှေ့တင် ထွားလာလိုက်တာလည်း

တအားပဲ။အမေလိုပဲ သူ့အဖေကို ချွဲတတ်

လိုက်တာ မပြောနဲ့။


ရင်ခွင်ပိုက်အရွယ်လေးကနေ လေးဘက်

ထောက်သွားတဲ့အရွယ်လေးကိုကျော်လွန်

ပြီး မတ်တပ်စ စမ်းနေပြီ။အရွယ်လေးရတာ

နဲ့ စကားကလည်း ပိုတတ်လာတယ်။ည

ရောက်ရင် သူ့အဖေ ပြန်မလာမချင်း မအိပ်

ဘူး။သူ့အဖေကိုယ်တိုင်ချော့သိပ်မှ အိပ်

တော့တာ။


သမီးလေး နှစ်နှစ်ပြည့်ပြီဆိုမှ အဖေနဲ့အမေ

က မဂ်လာပွဲ ကျင်းပရတော့သည်။စိုးက

ကလေးရပြီးမှ မဂ်လာပွဲလုပ်တာ ရှက်တယ်

ဆိုပဲ။


" စိုးကလဲ....ဘယ်သူ့ဂရုစိုက်ရမှာလဲ..အစထဲ

  က စိုးကိုပြောပြီးသားလေ...အဲ့တုံးကတော့

  အပျော်လွန်ပြီး နှလုံးထဖောက်သေးတယ်..

  အခုမှ ဘာရှက်တာလဲ.. .. "


" ကိုကြီးကလဲ...မြူလင်းလေးတောင်..၂နှစ်

  ပြည့်နေပြီ... "


" ဘာဖြစ်လဲကွာ.... "


ကိုကြီးကလေ အခုချိန်ထိ ဇွတ်ပဲ...။သူဖြစ်

ချင်တာ သူ လုပ်ချင်တာပဲ သိတယ်။အဲ့

အကျင့်က ဘယ်တော့မှ ပြင်ရမှာမဟုတ်ဘူး။


သူဖြစ်ချင်တဲ့အတိုင်း မဖြစ်ဖြစ်အောင် လုပ်

ခဲ့ပါသည်။မြူလင်း ၂နှစ်ပြည့်မွေးနေ့နှင့်

အတူ မဂ်လာပွဲကို မြရိပ်ညိုဟိုတယ်မှာ

ခမ်းခမ်းနားနား ကျင်းပခဲ့ပါသည်။


ထူးဆန်းတာက သူကိုယ်တိုင် ဒေါက်တာဇေ

ယျကျော်ကို ဖိတ်ခဲ့တာပါပဲ။ဆရာ ဘယ်တုံး

က ပြန်ရောက်နေလဲ စိုး မသိခဲ့ပါ။


မဂ်လာပွဲမှာ ပြန်ဆုံရတဲ့အခါ ဆရာ့ဘေးတွင်

မိန်းခလေးတစ်ယောက်နဲ့ရယ်။ဟော....ဆရာ့

အမျိူးသမီးထင်ပါရဲ့...ကိုယ်ဝန်နဲ့ရယ်။ဒါမို့

ကျမ ယောကျာ်းက သဝန်တိုစိတ်တွေ ပျောက်

ပြီး ဖိတ်ခဲ့တာကို။


" မတွေ့တာကြာပြီနော်စိုး....ခုလိုတွေ့ရတာ

  အရမ်းဝမ်းသာတာပဲဗျာ....ခုနတင် မြူလင်း

  လေးကိုတွေ့လိုက်သေးတယ်...မအေတူ

  သမီးလေး.... "


" ဆရာကလည်းဗျာ....ကျတော်နဲ့လည်းတူ

  ပါတယ်...ဒါနဲ့ဆရာ့အမျိူးသမီးနဲ့...မိတ်

  ဆက်ပေးအုံးလေ... "


" ဟုတ်သားပဲ...ဒါကျတော့်အမျိူးသမီး...

  ဒေါက်တာ ဝင့်နန္ဒာ....သြစီမှာတွေ့တယ်ပဲ

  ဆိုပါတော့ဗျာ.... "


ဆရာ့ကို အခုလိုမျိုးမြင်ရတာ စိုး သိပ်ဝမ်း

သာတာပဲ။ဆရာကလည်း စိုးကိုအခုလို

အသက်ရှင်လျက် ပြန်တွေ့ရတာ အတိုင်း

မသိဝမ်းသာနေပါတယ်။ကိုယ်ချစ်တဲ့လူကို

မရနိုင်တော့တဲ့အခါ ကိုယ်နဲ့ခံစားချက်ချင်း

တူခဲ့တဲ့ မိန်းခလေးကို ကိုယ်ချင်းစာစိတ်နဲ့

လက်တွဲပေးခဲ့တာပါ။


ဆရာနဲ့ စကားပြောနေကြတုံး မြူလင်းလေး

ကိုချီလျက် မသူဇာရောက်လာပါသည်။


" တို့ဆရာလည်း မကြာခင်လူဖြစ်တော့မှာပါ

  လား... "


မသူဇာက အဲ့လိုပဲ...စကားကမပြောတတ်

မဆိုတတ်။ဒဲ့ထိုးကြီး ပြောချလိုက်တာ။


" ဟုတ်ပါ့ မကြီးရာ...နောက်လဆို ကျတော်

  လူဖြစ်ပြီ....ဟားးးးး "


သူတို့အားလုံး စိတ်လွတ်ကိုယ်လွယ်ရယ်ဖြစ်

ခဲ့ကြပါသည်။ညီလင်းညိုက စိုးကို ပခုံးမှနေ

သိုင်းဖက်ထားပါသည်။သူတို့သမီးလေးကို

တော့ မသူဇာက ချီပိုးထားတယ်။မြူလင်း

လေးက ဇေယျကျော်ကို မျက်တောင်မခတ်

ပဲ သေချာစိုက်ကြည့်နေတယ်။အချိန်ကြာ

အောင်ကြည့်ပြီးမှ မျက်စိတဖက်မှိတ်ပြရင်း

ပြုံးစိစိနဲ့ ရယ်ပြနေပြန်တယ်။


အဲ့ကလေးလေးကို သူ့အမေဗိုက်ထဲမှာရှိနေ

ထဲကိုက ဇေယျကျော်မှာ ချစ်ခဲ့ရတာလေ။

မသိရင် သူမလေးက မှတ်မိနေသလိုလိုနဲ့

တရင်းတနှီး ပြုံးပြနေတာများ ချစ်စရာ

လေး။


တကယ့်အမေတူ သမီးလေးပါပဲ။စိုးတို့

မဂ်လာပွဲက အပြန် ဇေယျကျော်ရဲ့အမျိူး

သမီးက မေးရှာပါသည်။


" စိုးမေလှိုင်ဆိုတာ...ကိုဇေ နင့်နေအောင်

  ချစ်ခဲ့ဖူးတဲ့ မိန်းခလေးလားဟင်..... "


သူ ဘာတစ်ခွန်းမှ ပြန်မဖြေဖြစ်ပါ။သူ့ရဲ့ထုံးစံ

အတိုင်း သွားတက်နှစ်ဖက်ပေါ်သည်အထိ

ပြုံးရင်း....စိတ်ထဲကနေ အဖြေပေးလိုက်ပါ

သည်။


" ဟုတ်တယ်....အဲ့မိန်းခလေးဟာ...ကျတော်

  နင့်နေအောင်ချစ်ခဲ့ရတဲ့ မိန်းခလေးပါ....."


ကိုယ်ချစ်ရတဲ့လူဟာ သူ သိပ်ချစ်ခဲ့တဲ့လူနဲ့

ပျော်ရွှင်နေတာကို မြင်ရတော့ အတိုင်းမသိ

ဝမ်းသာမိပါတယ်။အချစ်ဆိုတာ....ချစ်နေဖို့

ပဲလိုတာပါ....ပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူး

လေ....ငေးကြည့်ခွင့်ရရုံ....ပေးဆပ်ခွင့်ရရုံ..

ဖြည့်ဆည်းခွင့်ရရုံလေးတွေကလည်း အချစ်

ပါပဲ။


လူတိုင်း အတ္တစိတ်ကင်းစွာဖြင့် ချစ်နိုင်ကြပါ

စေလို့ ဆုတောင်းရင်း.........။


******************************************

ပြီးပါပြီ😁😁

Author 😍 A Mon Ko 😍


rate now: