book

Index 15

အခန်း (15)

  • Author : A Mon Ko
  • Genres : Romance, Drama

ဒေါ်သစ္စာ ဖြစ်လာခဲ့သမျှအကြောင်းစုံကို သား

ဆီ ဖုန်းနဲ့ ပြောပြလိုက်ပါသည်။ခုချိန်သူလည်း

ဖေဖေ့ဆီ မသွားရဲသေးပေ။သွားကာမှ အခြေ

အနေတွေ ပိုဆိုးနိုင်ဖွယ် ရှိလေသည်။တည်

ငြိမ်လာအောင် အချိန်တစ်ခုတော့ ပေးရလိမ့်

မည်။


မေမေ့ကို စိုးနဲ့အတူ လာနေပါလားလို့ သူ ပြော

ခဲ့ပါသည်။မေမေက နေဖို့အချိန်မကျသေးဘူး

ပြောလာပြန်ပြီ။စ်ိုးကိုဖြင့် မေမေနဲ့ တနေ့တွေ့

ရလိမ့်မယ်ဟု ကြိုပြောထားခဲ့ပြီး ဖြစ်ပါသည်


ယောက္ခမနှင့်တွေ့ရမှာမို့ စိုး စိတ်လှုပ်ရှားနေခဲ့

ပါသည်။အရင်ကထက်စာရင် စိုး နေရတာ

ပေါ့ပါးလာသည်။ကိုယ့်အတွက်ဆိုတာထက်

ကလေးအတွက်ကို ပိုပြီး ပူပန်မိကာ စိတ်ငြိမ်

အောင် ကြိုးစားရင်း ကျန်းမာစွာ ဖြတ်သန်းခဲ့

ပါသည်။


" ဘယ်သွားမလို့လဲစိုး....... "


" ဒီနားလေးတင်ပါ မကြီးရဲ့.....မှော်ဘီမှာတွေ့

  ခဲ့တဲ့အန်တီလေ....သူ ဒီနားကိုလာစရာရှိတာ

  နဲ့.. တွေ့ချင်တယ်ဆိုလို့..... "


" ဒါများစိုးရယ်....အိမ်ပဲခေါ်လိုက်တာမဟုတ်

  ဘူး....အကိုလေးသိရင် ပြောလိမ့်မယ်...စိုး

  ကို ဘယ်မှမလွှတ်ဖို့ပြောထားတယ်..."


" အဝေးကြီးသွားတာမဟုတ်ပါဘူး...ဒီထိပ်က

  ဆိုင်လေးပဲသွားမှာ....မကြီးသာပြန်မပြောနဲ့

  ပေါ့... "


" ခက်တော့တာပဲ...ကျူပ်ကလည်း ဟင်းချက်

  နေတာ တန်းလန်းကြီး...ကဲကဲ...ဒါဖြင့်လည်း

  သွား..ဆွေဆွေကလည်း အခုထိကိုပြန်မလာ

  သေးဘူး...သိပ်မကြာစေနဲ့နော်...."


" အင်းပါ..အင်းပါ... "


အမှန်တိုင်း ဝန်ခံရရင်စိုးလည်း ဟော့ဒီတိုက်

ကြီးထဲမှာ နေရတာပျင်းလာပြီ။အခုလိုအပြင်

လေး ဘာလေးထွက်လာရတော့ အပျင်းပြေ

တာပေါ့။လမ်းလျှောက်ထွက်လာရင်း အန်တီ့

ဆီဖုန်းဆက်လိုက်သည်။စိုးထက်တောင် သူ

က အရင်စောရောက်နှင့်နေပြီ။


ဆိုင်ထဲမဝင်မီ သူမ ဒေါ်သစ္စာကို အပြင်က

လှမ်းရှာလိုက်သေးသည်။ဒေါ်သစ္စာက ဆိုင်

ထဲကနေ လက်လှမ်းပြမှ သူမ ဝင်လာခဲ့ပါ

သည်။


" ဖြေးဖြေးထိုင် သမီး..... "


" ရတယ် အန်တီ....ဒါနဲ့...အန်တီ့ခြေထောက်

  ရော သက်သာသွားပြီလား... "


" ဒဏ်တော့နဲနဲကျန်ခဲ့တာပေါ့...အရှင်းတော့

  မပျောက်သေးဘူး...သမီးရော နေကောင်း

  ရဲ့လား... "


" ဟုတ်...ခုတော့ကောင်းသွားပါပြီ...စိုးလည်း

  ဟိုရက်ပိုင်းက နေမကောင်းဖြစ်လိုက်သေး

  တယ်...ကိုယ်ဝန်ရလာမှ ကျန်းမာရေးက

  ခြူခြာလိုက်တာအန်တီရယ်...စိုးအတွက်

  ထက်...ကလေးအတွက်ပဲ စိတ်ပူမိတယ်..."


" ကလေးအတွက် စိတ်ပူတယ်ဆိုရင်..စိုး 

  ကျန်းကျန်းမာမာနဲ့ ဂရုတစိုက်နေရမှာပေါ့..

  မိန်းခလေးတွေအတွက် အခက်အခဲဆုံး

  အချိန်က ကိုယ်ဝန်လွယ်ထားရတဲ့အချိန်နဲ့

  မွေးဖွားရတဲ့အချိန်ပဲစိုး....အစစအရာရာ

  ဂရုစိုက်ပါကွယ်....."


" ဟုတ်ကဲ့ပါ အန်တီ....ဒါနဲ့...အန်တီ ဒီဘက်

  ကို အလုပ်ကိစ္စနဲ့လာတာဆို...အလုပ်တွေ

  ပြီးသွားပြီလား.... "


" တွေ့မယ့်လူက မလာပါဘူးသမီးရယ်....

  အန်တီက ခုရက်ပိုင်း ငွေတော်တော်လိုနေ

  တာ...ပစ္စည်းလေးတစ်ခုရောင်းဖို့ ချိန်းထား

  တာ...ဒီမှာလေ သမီးရဲ့....ဒါ အန်တီတို့

  ဘိုးဘွားပိုင် စိန်နားကပ်လေး....ငွေလိုလို့သာ

  ရောင်းရတာ...နှမြောစရာကောင်းသား....

  အနဲဆုံး သိန်း ၄၀၀ ကျော်တန်တယ်... "


ဒေါ်သစ္စာ လှမ်းပေးတဲ့ နားကပ်လေးကို စိုး

ပထမက သေချာကိုင်ပြီး ကြည့်နေတာ။သိန်း

၄၀၀ ကျော်တန်တယ်ဆိုလို့ မျက်လုံးပြူးသွား

ပြီး ဒေါ်သစ္စာလက်ထဲ ပြန်အပ်လိုက်ပါသည်။


" စျေးအများကြီးပဲ....အန်တီတကယ်ရောင်း

  မလို့လား....ဘိုးဘွားပိုင်ပစ္စည်းဆိုတော့...

  နှမြောစရာကြီး...."


" ငွေလိုတော့လည်း ဘယ်တတ်နိုင်မလဲစိုး

  ရယ်.... "


ဒေါ်သစ္စာက တကယ်အကူအညီလိုနေဟန်

မျက်နှာငယ်လေးနဲ့ ဟန်ဆောင်ပြနေလေရဲ့။

စိုးလည်း ဘယ်လိုကူညီပေးရပါ့မလဲ တွေးနေ

မိသည်။နောက်မှ ကိုကြီးကို သတိရသွားပြီး...


" အန်တီက ငွေဘယ်လောက်တောင်လိုတာ

  လဲဟင်.... "


" ၁၀၀ လောက်ဆိုရပါပြီ... "


" သိန်း တစ်ရာပေါ့နော်..."


" အင်း..... "


ဒေါ်သစ္စာ နားကပ်ကိုဗူးထဲ ပြန်ထည့်လိုက်ပြီး

စားပွဲခုံတွင် မသိမသာ တင်ထားလိုက်သည်။

စိုး မြင်သာတဲ့နေရာမှ ထားလိုက်တယ်ပေါ့။


" စိုး....ကိုကြီးကိုပြောကြည့်ပါအုံးမယ်..."


" ကိုကြီးဆိုတာ...စိုး အမျိူးသားလား.... "


" ဟုတ် အန်တီ.... "


" စိုးကအရမ်းချစ်ဖို့ကောင်းတော့.....သူက

  သိပ်ချစ်ရှာမှာပဲနော်...အန်တီကတော့ အိမ်

  ထောင်ရေး ကံမကောင်းခဲ့ဘူး စိုးရဲ့...."


ကိုယ့်အကြောင်းကို အတွင်းရေးကအစ ထုတ်

ပြောလိုက်မှ တဖက်လူကလည်း ကိုယ်ပြော

သောအကြောင်းအရာနဲ့စပ်လျဥ်းပြီး စကားစ

ထွက်လာတော့မှာလေ။


" စိုးလည်း အခုမှကံကောင်းခါစပဲရှိပါသေး 

  တယ် အန်တီရယ်.. စိုး ဘဝက အရမ်းကံဆိုး

  ခဲ့တာ...ကိုယ်မိုက်ခဲ့မိတာတွေလည်း ပါတာ

  ပေါ့...ဘယ်သူ့ကိုမှအပြစ်မတင်ချင်ပါဘူး "


" စိုးရဲ့ အမျိူးသားက ဘယ်သူများလဲ...."


အဲ့လို တည့်တိုးကြီးမေးလာတော့ သူမ ဖြေရ

မှာ အခက်တွေ့သွားသည်။


" စိုး မပြောပြချင်လို့မဟုတ်ပါဘူးနော်..ဒါမဲ့

  မပြောပြပါရစေနဲ့ အန်တီရယ်...အန်တီ့ကို

  စိုး ခင်ပါတယ်....ပြောပြလိုက်လို့ စိုးအတွက်

  ဘာမှမဖြစ်ပေမယ့် ကိုကြီးသိက္ခာကျမှာ

  စိုးလို့ပါ...."


အင်း.....စိုးကိုကြည့်ရတာ ကိုယ့်ကိုကိုယ်

ယုံကြည်မှုရှိပုံမရဘူး။အေးလေ...သူမ ဘဝ

ပေးအခြေအနေကိုက သိမ်ငယ်စိတ်တွေ ဖြစ်

လာအောင် ဖန်တီးပေးနေခဲ့တာကို။ကိုကြီး

သိက္ခာကျမှာ စိုးလို့ပါဆိုတဲ့ အပြောကိုဖြင့်

ဒေါ်သစ္စာသဘောကျသွားခဲ့ပါသည်။သား

ပြောသလို သူ့အတွက် စိုးဟာ မိန်းမပျက်နီး

ပါး ဖြစ်အောင် ဟန်ဆောင်ခဲ့တယ်ဆိုတာ

လည်း ဖြစ်နိုင်ပါတယ်။


ဒေါ်သစ္စာသည် ကိုယ်တိုင် အချစ်ကို ကိုးကွယ်

ခဲ့သူမို့ အချစ်ကိုတန်ဖိုးထားသော စိုးနဲ့ စကား

ပြောရတာ ကျေနပ်နေခဲ့မိပါသည်။


" စိုးက သူ့ကို သိပ်ချစ်တာပဲလား...."


" ချစ်တာပေါ့အန်တီရယ်...တချိူ့လူတွေက

  ဘယ်လိုထင်နေလဲ စိုးမသိဘူး...သေချာတာ

  တစ်ခုက ကိုကြီး ချမ်းသာနေလို့ စိုး ဖက်

  တွယ်ခဲ့တာမဟုတ်ဘူး....အဲ့ပကာသနတွေ

  ကြောက်လွန်းလို့ သူ့ကို ရအောင်ရှောင်ခဲ့တဲ့

  ကြားက...သူ့အနားပြန်ရောက်လာခဲ့တာပါပဲ

  ဒီကလေးလေးရဲ့ ကုသိုလ်ကံပေါ့..... "


စိုးသည် သူမ ဗိုက်လေးကို ငုံ့ကြည့်ရင်း ပြော

နေခဲ့ပါသည်။


" ဒါပေါ့သမီးရဲ့....စိုးအကြောင်း အန်တီ သေ

  ချာမသိသေးပေမယ့်....ရလာတဲ့ဘဝမှာ

  အသားကျအောင်နေပါ...ဘာအတွက်နဲ့မှ

  သိမ်ငယ်စရာမလိုဘူး...ကိုယ့်ကိုကိုယ် 

  ယုံကြည်မှုအပြည့်ရှ်ိရမယ်...သမီးအသက်

  ငယ်ငယ်လေးရှိပါသေးတယ်...ကိုယ့်ကို

  ကိုယ် ဘယ်တော့မှ အထင်မသေးမိစေနဲ့...

  ကိုယ်တိုင်က အထင်သေးနေရင်..တခြား

  လူတွေပိုအထင်သေးကုန်တော့မှာပေါ့...

  သမီးမှာရွေးချယ်စရာလမ်းတွေအများကြီး

  ရှိတယ်....ဘယ်တော့မှ သိမ်ငယ်စိတ်မထား

  နဲ့...အဲ့စိတ်က အပေါ်ကိုတွန်းတင်မပေးဘူး..

  ဟိုးအောက်ဆုံးကို ဖိချတာ....ကိုယ့်ခင်ပွန်း

  နဲ့ တသားထဲ ဖြစ်ဖို့...သူ ဂုဏ်ယူနိုင်စေဖို့

  ကိုယ့်ကိုကိုယ် ဘယ်လိုမြှင့်တင်ရမလဲ...

  ဒါပဲစဥ်းစားရမယ်...သမီးက လူငယ်တစ်

  ယောက်ပဲ....အမြဲတမ်းတက်ကြွပြီး ကိုယ့်

  ကိုကိုယ် ယုံကြည်မှုအပြည့်ရှိနေရမယ်...

  စိတ်ဓာတ်မကျဖို့က အဓိကပဲ... "


အန်တီနဲ့စကားပြောရတာ စိုး အားတွေရှ်ိလာ

ခဲ့ပါသည်။ဟုတ်တယ်....စိုး တစ်ခုခု လုပ်နိုင်

သေးတယ်...ကလေးလေးအတွက် စံပြမိခင်

ကောင်းဖြစ်အောင်...ကိုကြီးအတွက် ဂုဏ်ယူ

စရာဇနီးကောင်း တစ်ယောက်ဖြစ်အောင်

စိုး အများကြီး ကြိုးစားလို့ရသေးတယ်။


ဒေါ်သစ္စာသည် သူမ၏ အရောင်လက်

တောက်ပလာသော မျက်ဝန်းတွေကို ငေး

ကြည့်ရင်း ပြုံးလိုက်သည်။ထင်သလောက်

မဆိုးတဲ့ စိုးကို အပြည့်အဝ ယုံကြည်လို့လည်း

မရသေးပေ။


စမ်းသပ်မှု စာမေးပွဲသည် အခုမှ စမှာပင်။

ဒေါ်သစ္စာက ဝတ်ရည်မိုးကို လှမ်းအကူအညီ

တောင်းထားသည်။ဒေါ်သစ္စာဆီ ဖုန်းလှမ်း

ဆက်ပေးဖို့...ခု အချိန်ကိုက် သူမဖုန်းဝင်လာ

သည်။


" ဟဲလို....အေး...အေးးး..ကိုယ်အခုချက်ချင်း

  လာခဲ့မယ်... ဟုတ်ပြီ...ဟုတ်ပြီ "


စီစဥ်ထားခဲ့သည့်အတိုင်း နားကပ်ဗူးလေးကို

တမင်မေ့ထားခဲ့ပါသည်။


" သမီးရေ...အားနာလိုက်တာကွယ်...အလုပ်

  ကိစ္စပေါ်လာပြန်ပြီ... "


" ရပါတယ်အန်တီရဲ့ သွားပါ....ဟိုလေ...

  အန်တီလိုနေတဲ့ငွေ...စိုးပြောကြည့်ပေးမယ်

  နော်... "


" ဟုတ်ပြီ စိုး....သွားပြီနော်.... "


အလျင်လိုသော ပုံစံပေါက်အောင် ဆိုင်ထဲက

ဒေါ်သစ္စာ ခပ်သုတ်သုတ် ထွက်လာခဲ့ပါသည်။

သူမ ကို တစ်ချက်ကြည့်ပြီးမှ ကားထဲ ဝင်

ထိုင်လိုက်ပြီး အခြေအနေစောင့်ကြည့်နေလေ

၏။


စိုးက စားပွဲထိုးလေးကို လှမ်းခေါ်ပြီး ကျသင့်

ငွေအား ရှင်းပေးပြီးနောက် မတ်တပ်ထရပ်

ကာ လှည့်ထွက်ရန်ပြင်စဥ်....


" ညီမ...ညီမ...ဒါလေး...... "


" ဟယ်...... "  


ဒီဗူးလေးက အန်တီကျန်သွားခဲ့တာပဲ။တန်ဖိုး

ဒီလောက်များတာ ဘာလို့များ မေ့သွားရတာ

လဲမသိဘူး...ခက်ပြီ။လောလောနဲ့ ထသွားတဲ့

အလုပ်ကိစ္စဆိုတာ ဒီနားကပ်ရောင်းဖို့ပဲ ဖြစ်

မှာ။


စိုးသည် ဗူးလေးကိုလက်ထဲကျစ်ကျစ်ပါ

အောင် ဆုပ်ကိုင်လျက် ဆိုင်ထဲက ထွက်လာ

ပြီး လူရှင်းတဲ့နေရာရောက်မှ ဒေါ်သစ္စာဆီ

ဖုန်းခေါ်လိုက်ပါသည်။စိုးရဲဖုန်းဝင်လာတာနဲ့

ဒေါ်သစ္စာ ကျေနပ်မိသွားသည်။သို့သော်

စမ်းသပ်မှုဟာ ဆုံးခန်းမတိုင်သေးဘူးမို့

သူမဖုန်းကို တမင်မကိုင်ပဲ မျက်နှာလွှဲထား

ပါသည်။


စိုးက တကယ့်ကို အဖြူထည်လေးပါပဲ။အမှန်

က အဲ့နားကပ်သည် စိန်အစစ်လည်း မဟုတ်

ပါဘူး။ဖန်စီ နားကပ်လေးတစ်ရံပါပဲ။အရူး

လုပ်သလို ဖြစ်သွားမိတာ စိတ်တော့မကောင်း

ဘူး။စိုး တသက် စိန်တွေရွှေတွေနဲ့ အကျွမ်း

တဝင်မရှိဘူးဆိုတာ ဒေါ်သစ္စာသဘောပေါက်

သွားခဲ့သည်။


ဒေါ်သစ္စာကားထဲကနေ စိုးကိုတောက်

လျှောက် လိုက်ကြည့်နေတာ။စိုးသည် မိမိ

ကျန်ခဲ့တဲ့ဗူးလေးကြောင့် လမ်းလျှောက်တာ

တောင် ဟိုလှည့်ကြည့် ဒီလှည့်ကြည့်နဲ့။သူမ

စိတ်ထဲ တကယ်ကြီး အဖိုးတန်တယ်ထင်နေ

ခဲ့တာကိုး။သက်သက်မဲ့ စိုးကို ဒုက္ခပေးသလို

ဖြစ်နေပြီလားမသိ။


ငါးရက်လောက် သူမကိုပစ်ထားလိုက်အုံးမည်

ပစ္စည်းက အခုလေးတင်ကျန်ခဲ့တာမို့ ချက်

ချင်းပြန်ပေးဖို့ စိတ်ကူးတာမှန်ပါသည်။အချိန်

ကြာလာရင် လူ့စိတ်ဆိုတာ ပြောင်းလဲတတ်

တယ်မို့လား။သူမလိုငွေမက်တဲ့လူအတွက်

ပိုပြီး လွယ်ကူလွန်းတယ်လေ။


" ပြန်လာပြီလား စိုး..... "


" ကိုကြီးမလာသေးဘူးမို့လား.... "


" မလာသေးပါဘူး.... "


" တော်သေးတာပေါ့.... "


ဒါလေးပဲပြောပြီး သူမ အပေါ်ထပ်ကိုဖြေးဖြေး

ချင်း တက်သွားသည်။အခန်းထဲရောက်လျှင်

ဗီရိုကိုဖွင့်...အံဆွဲကိုပါ ထပ်ဆင့်ဖွင့်ကာ 

နားကပ်ဗူးလေးအား ဟိုးအတွင်းဘက် ကပ်

ထားလိုက်သည်။


မအားလို့များ ဖုန်းမကိုင်တာလား....။သူမ

ထပ်ပြီး ဖုန်းခေါ်ကြည့်သည်။လုံးဝမကိုင်၍

လက်လျှော့လိုက်တော့သည်။အဲ့နေ့ကစပြီး

နေ့တိုင်း ဖုန်းခေါ်သည်။ဖုန်းက မကိုင်တာမျိူး

မဟုတ်ပဲ စက်ပါပိတ်သွားသည်။အန်တီတစ်

ယောက် ဘာတွေများဖြစ်နေပါလိမ့်။


@@@@@@@@@@@@@@@@@@@


စိုးမေလှိုင် ဘယ်ကိုရောက်နေလဲ ရွှေအိမ်သူ

စုံစမ်းလို့ ရသွားလေသည်။သူများကို ဒုက္ခ

ပေးဖို့ပဲ ကြိုးစားနေသည်။ကိုယ့်ပူပင်သောက

တွေကျ သူမ မေ့ထားလေသည်။အခြေမဲ့သွား

သော်လည်း ဖဲဝိုင်းကမထွက်နိုင်သော သူမ

သည် အိမ်ရောင်းပြီး တိုက်ခန်းပြန်ဝယ်ထား

တယ်။ဟော...အခုဖဲထပ်ရှုံးပြန်တော့ နေလက်

စ တိုက်ခန်းကိုထပ်ရောင်းတယ်။အိမ်ရှင်ဘဝ

ကနေ အိမ်ငှားဘဝ ရောက်လာတယ်။


ဒါလည်း လိမ်မာမယ်များထင်နေလား...ဆက်

မိုက်နေတုံးပါပဲ။ဦးကျော်ထင်ကလည်း သူမ

လိုသမျှငွေတွေ ထုတ်ပေးနိုင်စွမ်းမရှိတော့

ဘူး။ဒါနဲ့ပဲ ရွှေအိမ်သူဟာ ငွေရရင် ဘာမဆို

လုပ်တတ်တဲ့ အသေးစား ရွှေကြာ ဖြစ်လာ

တော့တာပဲ။ ( ရွှေကြာဆိုတဲ့စကားလုံးကို

ဖတ်မိတာနဲ့ ဘာအလုပ် လုပ်စားတယ်ဆိုတာ

သိနေမှာမို့ မရှင်းပြတော့ဘူးနော်)


ရတဲ့ငွေလေးတွေကို ဖဲဝိုင်းသွားမဖြုန်းသေးပဲ

ကျစ်ကျစ်ပါအောင်စုထားခဲ့သည်။အကြောင်း

ရင်းက စိုးမေလှိုင်ကိုဒုက္ခပေးဖို့ လူနှစ်ယောက်

ရှာရမှာမို့ပင်။


" ညဘက်ဝင်တာ အဆင်မပြေဘူးလားအမ...

  နေ့ခင်းဘက်က အန္တရာယ်များတယ်... "


" ငါ့အလုပ်က နေ့ခင်းဘက်ဝင်မှအဆင်ပြေမှာ

  အန္တရာယ်များတာသိလို့ နင်တို့ကိုငွေပေးပြီး

  ငှားထားတာလေ...အဲ့အိမ်မှာ မိန်းမသား

  သုံးယောက်ထဲရှိတယ်...မိန်းမနှစ်ယောက်ကို

  နင်တို့ထိန်းထားရမယ်....ပတ်ဝန်းကျင်ကို

  စောင့်ကြည့်ထားရမယ်...နင်တို့လုပ်ရမှာက

  ဒါပဲ...ကျန်တာကငါ့အပိုင်း.... "


မိမိအကြံအစည်တွေအောင်မြင်တော့မှာမို့

ရွှေအိမ်သူ ပျော်နေပါသည်။အားလုံးကိုစုံစမ်း

ထားပြီးသား။နေ့ခင်းဘက်ဝင်မှ အဆင်ပြေ

မှာ။ညီလင်းညို အလုပ်သွားတဲ့အချိန် တမင်

ရွေးထားတာ ဖြစ်ပါသည်။


သူတို့ ဝင်လာသည့်အချိန်တွင် မသူဇာက

မီးဖိုဆောင်ထဲတွင် ချက်ပြုတ်နေသည်။အရင်

ဆုံး မသူဇာကို ရွှေအိမ်သူ့လူတစ်ယောက်က

နောက်ပြန်တုပ်လျက် ကြိုးချည်ထားသည်။

ရတဲ့အချိန်လေး မသူဇာ ရအောင်အော်ပစ်

လိုက်သည်။


" ကယ်ကြပါအုံးရှင့်...သူခိုး...သူခိုးဗျိူ့.... သူ.

  ..... "


ဆက်အော်ခွင့်မပေးတော့ပဲ မသူဇာ ဇာတ်ပိုး

ကို လက်ခုံနဲ့ရိုက်ချလိုက်ရာ သူမ မေ့လဲကျ

သွားသည်။စိုးက ဘုရားဝတ်ပြုနေရင်း သူမ

အသံကြားလိုက်ရသည်။ဘုရားခန်း တွင်

အသာလေး နံရံဘက်ခြမ်း ကပ်နေလိုက်သည်

အတွင်းကနေဖောက်မြင်နိုင်သောမှန်မှတဆင့်

လူနှစ်ယောက် မျက်နှာဖုံးကိုယ်စီတပ်လျက်

အခန်းတံခါးတွေဖွင့်နေတာ အတိုင်းသား မြင်

နေရသည်။


စိုးက မပေါ့မပါးနဲ့မို့ ဖုန်းကို ကိုယ်နဲ့မကွာ 

ဆောင်ထားတတ်ပါသည်။သူတို့ဘုရားခန်း

ဘက် ဦးတည်မလာခင် ကိုကြီးဆီ ဖုန်းအရင်

ခေါ်လိုက်သည်။miss call သဘောမျိူး လှမ်း

ပေးလိုက်တာ ဖြစ်သည်။ပြီးမှ...message

သွက်သွက်လေးရိုက်ရင်း အမြန်ပို့လိုက်သည်။


" အိမ်ထဲသူခိုးတွေ ဝင်နေတယ်...အမြန်ပြန်

  လာပါ....ဖုန်းပြန်မခေါ်နဲ့ "


စာကိုလိုရင်းတိုရှင်းနဲ့ ခပ်သွက်သွက်လှမ်းပို့

လိုက်ပြီး ဘုရားခန်းတံခါးကို အသာလေး

လော့ချပစ်လိုက်သည်။သူတို့နှစ်ယောက်

ဆွေဆွေ့အခန်းထဲ ဝင်သွားပြီး သူမကိုဆွဲ

ထုတ်လာကာ တစ်ယောက်က ရိုက်နှက်နေ

သည်။သူတို့အမူအယာတွေကို ကြည့်ရသည်

မှာ သူခိုးတွေ မဖြစ်နိုင်ဘူး။သူခိုးတွေဆိုရင်

ပစ္စည်းပဲ ရအောင်ယူကြမှာလေ။အခုသူတို့က

ဆွေဆွေ့ကို ရိုက်နှက် အကြမ်းဖက်နေသည်။


စိုး ကိုကြီးဆီပို့ခဲ့တဲ့ message ကို အခုထိ

ညီလင်းညိုမဖတ်ရသေးပါ။အစည်းအဝေး

ပွဲ စနေသည့်အချိန်မို့ သူ့ဖုန်းအား သက်နောင်

လက်ထဲအပ်ထားခဲ့သည်။စိုး စာတွေကို သူ

ဖတ်ပြီးနောက်...ဒီရက်ပိုင်းအဆက်အသွယ်

ပြတ်နေခဲ့သော ဦးဟန်မင်းညို၏ ယခင်

မှာကြားချက်အတိုင်း ဆောင်ရွက်ရန် သူ့လူ

တွေဆီ ဖုန်းလှမ်းဆက်လိုက်သည်။


တဖက်ကဖုန်းကိုင်တာနဲ့....


" ခွေးမသားတွေ....မင်းတို့ဘယ်ရောက်နေ

  တာလဲ...ဟမ်...စိုးမေလှိုင် အိမ်ထဲ သူခိုးတွေ

  ရောက်နေတယ်...နေ့ခင်းကြောင်တောင်

  သူစိမ်းတွေဝင်တာတောင် မင်းတို့သောက်

  လုံးတွေ ကန်းနေရောလား...ခုချက်ချင်း

  အိမ်ထဲအမြန်ဝင်သွား...စိုးမေလှိုင်တစ်ခုခု

  ဖြစ်လို့ကတော့ မင်းတို့အားလုံး ဘဝပြတ်

  ပြီမှတ်.... "


သက်နောင် တပည့်တွေလည်း အရက်ဆိုင်

ကနေ အားချင်း သူမတို့ဆီ လှည့်ပြန်ရတော့

သည်။နေ့ခင်းဘက်မို့ ဘာမှမဖြစ်လောက်ဘူး

ဆိုပြီး လျှော့တွက်ခဲ့တာ။


တဖက်မှာလည်း စိုးက အမဖြစ်သူကို ရိုက်

နှက်နေတာ လက်ပိုက်ကြည့်မနေနိုင်တော့ပဲ

ဘုရားခန်းထဲက ထွက်လာပြီး...အခန်းဝရှေ့

က ပန်းအိုးကို ကိုင်လျက်....


" ရပ်ကြစမ်း.... နင်တို့ဘာလိုချင်နေတာလဲ.."


စိုးကို မြင်သွားတော့မှ ရွှေအိမ်သူက သူ့လူကို

လက်တစ်ဖက်ထောင်ပြလိုက်သည်။ဆွေဆွေ့

က်ို ထပ်နှိပ်စက်စရာမလိုတော့ဘူးပေါ့။


" ဒီကောင်မကို သွားချူပ်ထား....နင်သွား

  တော့...ရပြီ...."


အသံဟာ မိန်းမအသံဖြစ်နေ၍ စိုး အံ့သြနေ

သည်။ရွှေအိမ်သူလက်ထဲတွင် တုတ်တစ်

ချောင်းပါသည်။သူမသည် စိုးအနားကိုတစ်

လှမ်းချင်း လှမ်းလာသည်။


ငါ့ဘဝကို ဖျက်ဆီးခဲ့တဲ့မိန်းမ....နင်သေရမယ့်

အချိန်ရောက်ပြီ။မသေရင်တောင် နင့်ဗိုက်ထဲ

က ကလေး ဘယ်တော့မှ လူ့လောကကြီးထဲ

ရောက်မလာစေရဘူး။


ရွေအိမ်သူ၏ အကြည့်တွေသည် စိုး ဗိုက်နား

တွင် ဝဲနေရာ ကလေးအတွက် သူမ စိတ်ပူ

သွားသည်။ရင်တွေလည်း တရစပ်ဆိုသလို

တုန်ရီလာသည်။အသက်ရှုမဝတဲ့ ခံစားချက်

မျိူး တဖန် ဖြစ်လာလေသည်။ကြိုးစားပြီး

စိတ်တည်ငြိမ်အောင် အရင်လုပ်လိုက်သည်။

အဆုံးအစွန်ထိ ကလေးအတွက် ကာကွယ်

ပေးသွားမယ့် မိခင်တယောက်ရဲ့ ရဲစွမ်းသတ္တိ

မျိူးဖြင့် ရန်သူကိုအလဲထိုးဖို့ အကွက်ချောင်း

နေလိုက်သည်။


" ရှေ့မတိုးနဲ့နော်....ရှေ့တိုးရင် ကျမ ရိုက်မှာ

  နော်.... "


ရန်သူက နဲနဲလေးမှဂရုမစိုက်ပဲ ရှေ့သာတိုး

လာသည်။ထိပ်တိုက်ရင်ဆိုင်လို့ မရမှန်းသိ

တော့ စိုး ဘုရားခန်းထဲ ဝင်ပြေးကာ တံခါး

လော့ချထားလိုက်သည်။မထင်မှတ်ထားတာ

မို့ ရွှေအိမ်သူ စိတ်အိုက်သွားသည်။


" ဟာကွာ....ဒီကောင်မ..... "


တံခါးသည် မှန်နဲ့ တဝက်ကာထားတာမို့ ထို

မှန်တွေကို တုတ်ဖြင့်ရိုက်ခွဲဖို့ အားယူလိုက်

သည်။တစ်ချက်ရိုက်တယ်...မကွဲသေးဘူး.

နောက်တစ်ချက်ထပ်ရိုက်တဲ့အချိန်မှာ 

အောက်ထပ်တွင် ဝုန်းဒိုင်းကြဲနေပြီ။ဘယ်က

ရောက်လာမှန်းမသိတဲ့ လူတစ်စုက သူမ

လူတွေကို ပြန်ချနေတယ်။အခြေအနေ

မဟန်တော့ဘူးဆိုတာ သိလိုက်တာနဲ့နောက်

ကြောင်းပြန်လှည်ဖို့ လှေကားကနေအဆင်း

ကိုယ့်ဘာသာခြေချော်ပြီး အပေါ်လှေကား

ကနေ အောက်​ခြေရင်းထိ ဒလိမ့်ခေါက်ကွေး

ပြုတ်ကျသွားသည်။


သူများမကောင်းကြံ ကိုယ်ပြန်ခံဆိုတဲ့အတိုင်း

သူမသည် အုတ်နံရံနှင့်နောက်စေ့ မိတ်ဆက်

ကာ သွေးထွက်လွန်ပြီး အဲ့နေရာတင်ခွေကျ

သွားတော့သည်။သူမလည်း လဲကျသွားရော

အမှုပတ်မှာစိုးလို့ သူမလူတွေရော...သက်

နောင် တပည့်တွေပါ ထွက်ပြေးကုန်ကြသည်။


မီးဖိုဆောင်ထဲကနေ တအင့်အင့်အသံကြား

၍ စိုး သတိထားဆင်းလာပြီး အရောက်

သွားရာ မသူဇာနဲ့ဆွေဆွေ့ကို ဟိုလူတွေ ကြိုး

နဲ့တုတ်သွားတာ အခုမှသိတော့သည်။ကြိုးစ

တွေအမြန်ဖြည်ပေးပြီးနောက်.. 


" ဟိုမှာသေပြီထင်တယ်...သွားကြည့်ကြပါ

  အုံး....အမ နင်ကငါ့ကို ဆေးအမြန်သွားယူ

  ပေး....."


သူတို့နှစ်ယောက်ကို တာဝန်ကိုယ်စီခွဲပေးပြီး

နောက် စိုး ရဲစခန်းဆီ ဖုန်းဆက်လိုက်ပါသည်။

မသူဇာက လဲကျနေသူ၏ မျက်နှာဖုံးကို ချွတ်

ပစ်လိုက်သည်။အဲ့အချိန်မှာပဲ မြင်လိုက်ရတဲ့

မျက်နှာကြောင့်....


" အောင့်မလေးးးးးးစိုးးးးးးးရေ....ရွှေအိမ်သူ

  တော့်..... "


မသူဇာ အသံကြောင့် စိုး မျက်လုံးပြူးသွား

တော့သည်။ဆွေဆွေက စိုးကို ဆေးအမြန်

သောက်ခိုင်းလိုက်သည်။အခြေအနေတွေ

အားလုံးက ရင်တုန်စရာတွေကြီးပဲမို့ စိုး

အတွက်စိတ်ပူလို့ ဆေးအမြန်ပါးစပ်ထဲထည့်

ပေးလိုက်သည်။


ညီလင်းညိုလည်း သက်နောင်ဆီက စိုး

Message ပို့ခဲ့တာသိသိချင်း အိမ်အမြန်ပြန်

လာခဲ့ပါသည်။အိမ်ရောက်မှ အကြောင်းစုံ

ကို သိရပြီး စိုးကို အရမ်းစိတ်ပူသွားခဲ့သည်။


ရွှေအိမ်သူကိုတော့ ဆေးရုံကား လာခေါ်သွား

ပါပြီ။​သေမလား...ရှင်မလား ဘယ်သူမှမပြော

နိုင်ကြသေးပါဘူး။


" တောက်စ်....အယုတ်တမာမ...ဒီဟာမကို

  လျှော့တွက်ထားခဲ့မိတာ မှားတာပဲ..မထင်

  ထားဘူးကွာ...တော်သေးတာပေါ့...စိုး ဘာမှ

  ဖြစ်မသွားတာ.... "


ပြောပြီးမှ ဆွေဆွေ့ကို အားနာသွားတယ်။သူမ

မျက်နှာတစ်ခုလုံး ရွှေအိမ်သူ လက်ချက်နဲ့

ဖူးယောင်နေတာပဲ။မသူဇာလည်း ခေါင်းတွေ

ကျိမ်းနေရှာတယ်။ကံကောင်းပေလို့..စိုးသာ

ဘာတစ်ခုမှ ဖြစ်မသွားတာ။


" ဒေါသတွေလျှော့လိုက်ပါ ကိုကြီးရယ်...

  သူလည်းသူ့အကုသိုလ်နဲ့ သူသွားပြီပဲ..."


" ပြောပါအုံး.....စိုးပြောတဲ့လာကယ်တဲ့အဖွဲ့

  ကရော.... "


" ဟယ်....ကိုကြီးလွှတ်လိုက်တဲ့လူတွေမဟုတ်

  ဘူးလား.... "


" မဟုတ်ပါဘူး...စိုး ကိုယ့်ဆီ ဆက်သွယ်တဲ့

  အချိန် ကိုယ် meeting ဝင်နေတာ...ဖုန်းကို

  သက်နောင်....အာ....ဟုတ်ပြီ...."


" မသိတော့ပါဘူး ကိုကြီးရယ်...တစ်ဖွဲ့က

  ဒုက္ခပေးဖို့လာကြတယ်...နောက်တစ်ဖွဲ့က

  ကယ်ဖို့လာကြတယ်...ဟော...ရွှေအိမ်သူ

  လဲ ဖြစ်ရော...နှစ်ဖွဲ့လုံးပြေးသွားကြတယ် "


စိုး ပြောစကားအရ သူလည်း စဥ်းစားစရာ

ဖြစ်နေတော့သည်။သက်နောင်ပဲ အရင်ဆုံး

စိုးရဲ့ message တွေကို မြင်မှာ။လာကယ်တဲ့

အဖွဲ့က သက်နောင် လူတွေဆိုရင် ဘာမှထွက်

ပြေးစရာမလိုဘူး။စိုးပြောပြချက်အရ သူတို့

ကလည်း မျက်နှာဖုံးတွေနဲ့တဲ့။ဒါ...လူအသိ

မခံချင်တဲ့သဘောပဲ။


သက်နောင်ပဲ စိုးဆီ ရန်သူတွေရောက်နေတာ

ကိုသိတာ။သေချာ စဥ်းစားကြည့်ရင် သူ့ကို

အပြည့်အဝ ယုံကြည်လို့မရတော့ဘူးဆိုတဲ့

အဖြေပဲ ထွက်လာတယ်။


မကြာခင် ရဲတွေရောက်လာကြသည်။လိုအပ်

တဲ့သက်သေတွေယူပြီး စိုးတို့သုံးယောက်အား

တလှည့်စီ မေးကြလေသည်။သူတို့ တာဝန်ပြီး

တာနှင့် ဆေးရုံလိုက်သွားကြသည်။ရွှေအိမ်သူ့

ကို ဘယ်လိုစီရင်ချက်ချမလဲ မသိပါဘူး။

ညီလင်းညိုကပါ ထပ်ဆင့်အမှုဖွင့်လိုက်တော့

သူမ ပြန်ကောင်းလာရင်တောင် ကျိမ်းသေ

ပေါက် ထောင်ကျမှာပင်။


အကုန်လုံးပြန်သွားပြီးနောက် ငမိုင်းရောက်

လာသည်။ဆွေဆွေ့ကိုကြည့်ပြီး စိတ်ထဲ

မကောင်းဖြစ်ကာ ရွှေအိမ်သူ့က်ို သတ်မယ်

လုပ်နေလို့ တားရသေးသည်။


" သူတောင်သေမလား ရှင်မလား မသိတာ...

  ဒေါသတွေလျှော့ကြပါ....သူ့အကုသိုလ်နဲ့သူ

  သွားပါပြီ...."


" တခါထဲသေသွားရမှာ.... "


" တော်ပါပြီကွာ.....ငါလည်း အမှုဖွင့်ထားတာ

  ပဲ....."


မသူဇာနဲ့ဆွေဆွေက အိမ်သန့်ရှင်းရေး လုပ်

နေကြသည်။စိုးကိုတော့ အပေါ်ထပ်မှာသွား

နားထားခိုင်းသည်။


" အခုဖြစ်တဲ့ပြသာနာက.... ရှင်းမလိုနဲ့ရှုပ်နေ

  တယ်ကွ....လာကယ်တဲ့အဖွဲ့က ဘာလို့ထွက်

  ပြေးသွားတာလဲ.... "


သူစဥ်းစားရခက်နေသည့် အရာကို ငမိုင်းကို

ပါ ကူတွေးခိုင်းနေပါသည်။ငမိုင်းသည်တခုခု

ကိုသတိရသွားဟန်....


" မင်းအဖေဆီရော... သွားတွေ့ဖြစ်သေးလား"


" မရောက်ဖြစ်ဘူး..... "


" သွားကြည့်လိုက်အုံး...."


" မင်း ဘာကြားထားလို့လဲ "


တနေ့က မေမေ သူ့ဆီဖုန်းဆက်တယ်။ဖေဖေ

နဲ့ အကြီးအကျယ်စကားများကြတယ်တဲ့။

မေမေ့ကို ကိုယ်ထိလက်ရောက် လုပ်လာလို့

ဖေဖေနဲ့ အတူမနေနိုင်တော့ဘူးဆိုပြီး ပြော

လာသည်။စိုးနဲ့အတူ လာနေဖို့ သူကပြော

ခဲ့သော်လည်း ခနလေးစောင့်ပေးပါပဲ ပြန်

ပြောနေပါသည်။


" ကြားရတဲ့သတင်းကတော့မကောင်းဘူးကွ..

  ပတ်ဝန်းကျင်မှာပြောနေကြတာပဲ..အန်ကယ်

  ဘယ်သူမှလည်းမရှိပဲ တစ်ယောက်ထဲ...

  စကားတွေပြောလိုက်...ရန်ဖြစ်လိုက်နဲ့...

  ပစ္စည်းတွေရိုက်ခွဲတဲ့သံတွေလည်း ကြားရ 

  တယ်လို့ ဘေးအိမ်ကလူတွေပြောနေတယ်"


ငမိုင်း စကားအဆုံးတွင် သူ စိတ်ရှုပ်လာပြီး

သက်ပြင်မောကြီးရှည်လျားစွာချလိုက်တော့

သည်။


အဲ့နေ့ညက သူ ဖေဖေ့ဆီဖုန်းတွေဆက်တိုက်

ခေါ်ခဲ့သည်။ဖေဖေ လုံးဝ မကိုင်ခဲ့ပါ။သူ့အနေ

နဲ့ကလည်း စိုးကို စိတ်မချရတာကတဖက်...

အလုပ်တွေပိနေတာကတဖက်.. အခုဖေဖေ

ကပါ ပါလာတော့ ခေါင်းအတော်နောက်နေ

ပြီ။


ခုဆို...စိုးက တဖြေးဖြေးမွေးဖွားရမယ့်ရက်

နီးလာပြီမို့ အလုပ်တွေကို အိမ်သယ်ပြီး လုပ်

နေရတယ်။မေမေသာ လာနေမယ်ဆိုရင် စိုး

အတွက် စိတ်ချရတယ်လေ။


" အလုပ်များနေလားဟင် က်ိုကြီး..... "


သူ့ဘေးတွင် စိုး ဝင်ထိုင်ပြီး မေးလိုက်ခြင်း

ဖြစ်သည်။


" ဟင်....စိုး မအိပ်သေးဘူးလား... "


" တညနေလုံး အိပ်ထားတာ...မအိပ်ချင်တော့

  ပါဘူး....ကိုကြီးကို စိုးပြောစရာရှိလို့.... "


" ပြောလေစိုးရဲ့....ဘာပြောမလို့လဲ "


တကယ်တမ်းပြောထွက်ဖို့ကျ နှုတ်လေးနေ

ပါသည်။အန်တီကလည်း အခုထိဆက်သွယ်

လို့မရသေးဘူး။ငွေရှာမရတာနဲ့ စိတ်ညစ်ပြီး

ဖုန်းများပိတ်ထားလေသလား။နားကပ်

ပျောက်သွားလို့များ နေရာအနှံ့လိုက်ရှာနေတာ

လား။


" ဟိုလေ....ဟို...... "


" ပြောပါစိုးရယ်....ပြော....စိုး ဘာလိုချင်လို့

  လဲ....ပြော.... "


" စိုးဘာမှမလိုပါဘူး....ဒါမဲ့လေ....ကိုကြီး

  အဆင်ပြေရင်...စိုး သိန်းတစ်ရာလောက်

  ခနလိုချင်တယ်... "


" ဟမ်!!.... "


" ဟုတ်ဘူး....သူပြန်ဆပ်မှာပါ... "


" ဘယ်သူပြန်ဆပ်မှာ....ဘယ်သူချေးတာလဲ

  စိုးရဲ့.... "


" စိုးအသိ အန်တီတစ်ယောက်ပါ...သူ ငွေ

  တော်တော်လိုနေရှာတာ...ဘိုးဘွားပိုင်

  နားကပ်လေးရောင်းမလို့တဲ့...သူ​ပြောတာ

  သိန်း ၄၀၀ လောက်တန်တယ်ဆိုလား...ငွေ

  က သိန်း ၁၀၀ပဲဲလိုတာကိုကြီးရဲ့...အဲ့နေ့က

  တွေ့ရင်း သူ့နားကပ်ဗူးလေးတောင်ကျန်ခဲ့

  တယ်.... "


" ဘာရယ် စိုး.....ဘယ်နေ့က သွားတွေ့တာ "


ပြောရင်းနဲ့ ပေါ်ကုန်ပြီ....ဆူတော့မလားမသိ

ဘူး....ဒုက်ခ ပါပဲ။


" ဒီလမ်းထိပ်ကဆိုင်လေးတင်ပါ...အဝေးကြီး

  မသွားပါဘူး... "


" စိုးရာ...ကိုယ်သေချာမှာထားရဲ့နဲ့...ပြော

  စကားနားမထောင်ဘူး...အပြင်မထွက်ပါနဲ့

  အတန်တန်မှာထားတာကို...နေစမ်းပါအုံး...

  ဘယ်ကအန်တီလဲ....စိုးအသိထဲ...အန်တီ

  နဲ့တူတာ တစ်ခါမှမတွေ့ဖူးပါဘူး "


" စိုးနဲ့သိတာလည်း မကြာသေးပါဘူး....မှော်

  ဘီမှာတုံးက ခင်သွားတာ....အာ့ဒါတွေထား

  ပါ....ကိုကြီးမှာရှိရင်ကူညီလိုက်ပါနော်....

  အန်တီသနားပါတယ်... "


" လူတိုင်းသနားနေလို့ အဆင်မပြေဘူးလေ

  ကွာ....သူ့ကို ကိုယ်ဘယ်လိုယုံကြည်ရမလဲ

  စိုးနဲ့တောင်ခင်တာမကြာသေးဘူးဆို...လူ

  တွေကို သိပ်မယုံရဘူးစိုး.... "


" ကိုကြီးကလဲ....အန်တီကလူကောင်းပါ...

  စိုး ဒီလောက်တော့ခန့်မှန်းမိပါတယ်..ခုဆို

  သူ့နားကပ်ဗူးက စိုးလက်ထဲမှာ...ဟော..

  စိုးဖုန်းဆက်တာလည်း ဆက်မရဘူး..စိုး

  အထင်တော့ အဲ့နားကပ်ပျောက်လို့ သူ

  အသဲအသန်လိုက်ရှာနေတာထင်တယ် "


" ကဲပါ....အဲ့နားကပ်ဗူးဘယ်မလဲ...ကိုယ့်ကို

  ပြ.....မဟုတ်သေးဘူးနော် စိုး...အဲ့နေ့က

  မင်းနဲ့တွေ့တယ်...နားကပ်ကျန်ခဲ့တယ်...

  မင်းဆီမှာရှိနိုင်တယ်ဆိုတာ တဝက်သေချာ

  နေပြီ...ခု...စိုးဖုန်းဆက်တာ မရဘူးဆိုတာ

  တော့ မဟုတ်သေးဘူး...နားကပ်သွားယူ...

  ကိုယ်ကြည့်မယ်..."


စိုးက သူ့ကို သံသယများပါလေရောလားဟူ

သည့်အကြည့်တွေနဲ့ ကြည့်ရင်း သေချာသိမ်း

ထားသော နားကပ်ဗူးလေးကို ယူလာပေးပါ

သည်။သူ ဗူးကိုဖွင့်ပြီး သိန်း ၄၀၀ တန်လား

မတန်လား ကြည့်လိုက်သည်။ဘာမှမတန်ဘူး

.... နားကပ်ကလည်း ပွဲစျေးတန်းက ကလေး

တွေ ဝယ်တတ်တဲ့ နားကပ်မျိုး။


သူ စိုးကို အပြစ်တင်စကားပြောဖို့ နှုတ်ပြင်

လိုက်မိသေးတယ်။နောက်မှ သူ တစ်ခု သတိ

ရသွားတယ်။စိုး ဘဝတစ်လျှောက် ရွှေတွေ..

စိန်တွေ...လက်ဝတ်လက်စားတွေနဲ့ မရင်းနှီး

ခဲ့တာ သတိရသွားသည်။သူ စေ့စပ်လက်စွပ်

အဖြစ် လက်မထပ်ခင်က လက်ဆောင်ပေးခဲ့

ဖူးသည့် လက်စွပ်ကို သူမ မသူဇာနဲ့ ပြန်ပေး

ခိုင်းတုံးကလည်း ထိုလက်စွပ်သည်လည်းပဲ

အတုကြီး ဖြစ်နေခဲ့သည်။ဒါဟာ စိုး လုပ်ထား

တာမဟုတ်ဘူး...သူ့အဒေါ်လက်ချက်ပဲ။ဒါမို့

စိုးကို မပြောရက်တော့ပဲ သက်ပြင်းကျိတ်

ချလိုက်မိတော့သည်။


" ပြောပါအုံး...အဲ့အန်တီက ဘယ်သူလဲ..ဘယ်

  မှာနေတာလဲ "


" သူဘယ်မှာနေလဲတော့....စိုးလဲမသိဘူး...

  သူ့နာမည်က ဒေါ်သစ္စာတဲ့... "


" ဘာ!! ဘာရယ်...... "


" ဒေါ်သစ္စာလေ....ကိုကြီး သိလို့လား..."


"  ဟောဗျာ.... "


သိရုံတင် ဘယ်ကမလဲ...ဒေါ်သစ္စာဆိုတာ...

ကျူပ်အမေ.....မင်း ယောက္ခမဗျ..။ခုမှပဲ

သဘောပေါက်တော့တယ်...မေမေ့ကို စိုးနဲ့

တွေ့ပေးဖို့ပြောတော့လည်း အချိန်မတန်သေး

ဘူးလို့ပြောခဲ့တယ်။စိုးနဲ့လာနေပါလားဆို

တော့လည်း နောက်လာနေမှာပါတဲ့။မေမေ...

မေမေ....တစ်ဖက်လက်နဲ့ စိုးကို အရည်

အချင်းစစ်နေတာကို။


" သိလို့လား ကိုကြီးရဲ့.... "


" မသိ...မသိပါဘူး.... "


" မသိဘူးဆိုလည်း ကိုကြီးကူညီရမှာပဲ...စိုး

  စိတ်ထဲ...အန်တီ့ကိုလေ မြင်မြင်ချင်းခင်မိ

  တယ်...ပြီးတော့ အန်တီလူကောင်းဆိုတာ

  စိုးစိတ်ထဲက အလိုလိုသိနေတယ်....ပြီးတော့

  အန်တီက စိုးကို စိတ်ဓာတ်မကျအောင်...

  ဘယ်လိုကြိုးစားရမယ်ဆိုတာကအစ..ပြော

  ပြပေးတယ်...အန်တီ့ဆီက စိုးတစ်ခါမှ

  မကြားဖူးခဲ့တဲ့ စကားလုံးတွေကြားခဲ့ရတယ်

  အန်တီနဲ့စကားပြောရတာ..အရမ်းခွန်အား

  ဖြစ်တယ်...စိုးကတော့ ကူညီချင်တာပဲသိ

  တယ်...ကိုကြီးမှာရှိရင် ပေးပါနော် "


သူတောင် ကြားဝင်ပေးစရာမလိုတော့ဘူး..။

ကြည့်ရတာ ယောက္ခမနဲ့ချွေးမက လေပေး

သင့်နေပုံရသည်။မေမေ့သဘောထားကို သူ

အရမ်းသိချင်သွားသည်။စိုးကို မေမေ အမှတ်

ဘယ်လောက်ပေးထားလဲဆိုတာကိုပေါ့။


" အင်းပါ....ကိုယ်ပေးမယ်...ရပြီလား....

  သွားအိပ်သင့်ပြီ...နော်.... "


" ဟုတ်ကဲ့ပါ.... "


သူကိုယ်တိုင် စိုးကို ခုတင်ပေါ်ဖေးကူ တွဲပို့ပေး

ပြီး စိုးလှဲတော့မှ စောင်လေးခြုံပေးလိုက်

သည်။ပြီးလျှင် စိုးနှဖူးလေးကို ခပ်ဖွဖွနမ်း

လိုက်ပြီး ဗိုက်ကလေးကို ငုံ့နမ်းပြန်သည်။

သူ့အနမ်းတွေ....မေတ္တာတွေကြောင့်..စိုးရော.

ကလေးရော...ကျန်းမာစွာနဲ့ သူ့အနားတသက်

လုံး ရှိနေနိုင်ပါစေလို့ ဆုတောင်းရင်းပေါ့...။


စိုး အိပ်ပျော်သွားမှ မေမေ့ဆီဖုန်းဆက်ရသည်

မေမေ စိုးကို ပေးခဲ့သည့်ဖုန်းနံပါတ်ဟာ ကိုင်

နေကျဖုန်း မဟုတ်ဘူး။ခုလည်း ဘာသဘောနဲ့

စိုးကို ပစ်ထားလဲမသိဘူး။


" မေမေ..... အခုဘယ်မှာလဲ... "


" ပဲခူးမှာသား..... "


" ပဲခူး.... "


" ဟုတ်တယ်...သူငယ်ချင်းတယောက်အိမ်မှာ

  ခန နေနေတာပါ...မကြာခက်သားတို့နဲ့အတူ

  လာနေမှာပါ....ညဘက်ကြီးဘာအကြောင်း

  ထူးလို့လဲသား...စိုးရောနေကောင်းရဲ့လား "


" စိုးကနေကောင်းပါတယ်...မေမေအရူးလုပ်

  ထားလို့ စိတ်မကောင်းနေတာပဲရှိတယ် "


" ဟယ်တော်...ငါ့သားသိသွားပြီလား... "


" သိဆို...စိုးက ကျတော့်ဆီက ပိုက်ဆံလာ

  ချေးနေတယ်...ချေးရတဲ့အကြောင်းရင်းက

  သူ့အသိအန်တီတယောက်ကို ကူညီပေးချင်

  လို့ပါတဲ့...အကြောင်းစုံသိရတော့မှ..အန်တီ

  က မေမေဖြစ်နေတာကို...."


" အဟင်းးးးးးး.....သူတကယ်ပဲ သားဆီက

  မေမေ့အတွက် ပိုက်ဆံချေးပေးခဲ့တယ်ပေါ့ "


" ရယ်ပါဗျာ...ရယ်ပါ...သူ့ခမျာ...ပွဲစျေးတန်း  

  ကအပေါစား စိန်နားကပ်လေးကို တကယ်

  တန်ဖိုးကြီးတယ်ထင်ပြီး..သေသေချာချာကို

  သိမ်းထားခဲ့သေးတာ.... "


" အင်း.....စိုးကတော့လေ..... "


" ပြောပါအုံးမေမေ....စိုးကို မေမေ ဘယ်လို

  မြင်လဲ...ဘယ်နှစ်မှတ်ပေးထားလဲ... "


" အင်း....ဒီပုံအတိုင်းဆိုရင်တော့ စိုးက...

  မေမေစစ်ခဲ့တဲ့စာမေးပွဲမှာ ရိုးရိုးနဲ့အောင်တာ  

  မဟုတ်တော့ဘူး...ဂုဏ်ထူးပါ ပေးရတော့

  မယ်... "


" ဟာ.... မေမေ...မေမေတကယ်ပြောနေတာ

  လား... "


" တကယ်ပေါ့သားရယ်...စိုးကို သားရဲ့စိုး

  မှန်းမသိခင်ထဲက...မေမေ သူ့ကိုသဘောကျ

  ခဲ့တာပါ...ဒါအခုမှ ဝန်ခံတာနော်..သူနဲ့စကား

  ပြောကြည့်တော့ စိတ်ထားလေးကမဆိုးဘူး.

  သူ့မှာ ဘဝပေးအခြေအနေ​ကြောင့် သိမ်ငယ်

  စိတ်ဝင်နေတယ်...သားနဲ့သူက အခုချိန်ထိ

  မတန်ဘူးပဲထင်နေတယ်...သူ့ကိုမေမေ

  ဒီထက်မက အများကြီးပြုပြင်ပြောင်းလဲ

  ပေးနိုင်တယ်ဆိုတာ သားယုံလား...သူက

  တချိန်ကျရင် သိပ်တော်သိပ်ထက်မြက်တဲ့

  မိန်းခလေးတယောက် ဖြစ်ကိုဖြစ်လာစေရ

  မယ်....သားကတော့အကောင်းဆုံး ပံ့ပိုးမှု

  တွေပေးရလိမ့်မယ်... "


မေမေ့ဆီက စိုးနဲ့ပက်သတ်ပြီး ကောင်း

သတင်းတွေကြီး ကြားလိုက်ရတာ သူ စိတ်

အရမ်းချမ်းသာသွားသည်။အဆိုးဆုံးတွေ

ဘယ်လောက်ပဲ ကြုံခဲ့ပါစေ ဒီတကြိမ်တော့

သူ အသက်ရှုဝဝနဲ့ကို ပြုံးနိုင်ခဲ့ပါပြီ။


မေမေနဲ့ဖုန်းချပြီးလျှင် သူ စိုးအနားအပြေး

လှမ်းသွားပါသည်။တညနေလုံးအိပ်ထားလို့

မအိပ်ချင်တော့ဘူးဆိုတဲ့ ကလေးမက 

ကောင်းမွန်စွာ အိပ်မောကျရှာနေလေပြီ။မနှိုး

ရက်တော့ပြီမို့ အပိုဆုအနမ်းလေး ထပ်ခြွေ

ရင်း အပျော်တွေနဲ့ မိုးလင်းခဲ့ပါတော့သည်။


@@@@@@@@@@@@@@@@@@@


သက်နောင်ကို ဒီနေ့ရုံးမလာဘူးလို့ ဖုန်းကြို

ဆက်ထားလိုက်သည်။သူဘာလုပ်နေလဲ

စောင့်ဖမ်းချင်လို့ အကွက်ဆင်ခဲ့တာဖြစ်

သည်။company ရှေ့ ကားထိုးထားကာ သူ့

အသွားအလာတွေကို ညီလင်းညိုစောင့်ကြည့်

နေပါသည်။


စိုးကိုလည်း စိတ်မချရသေးတာမို့ ငမိုင်းကို

တာဝန်ခွဲပေးထားသည်။ဆွေဆွေနဲ့လည်းတွေ့

ရ..အိမ်မှာလည်း အစောင့်ရတာမို့ နှစ်ယောက်

လုံးအတွက် အဆင်ပြေတယ်လေ။


သူ ထင်ထားတဲ့အတိုင်း သက်နောင်ရေးကြီး

သုတ်ပျာနဲ့ အောက်ကိုဆင်းလာတယ်။ပြီး

လျှင် ကားတစ်စီးတားကာ ထွက်သွားသည်။

ထိုကားနောက် သူ တောက်လျှောက်လိုက်

သွားသည်။သက်နောင်က ကိုယ်တိုင်မောင်း

တာ မဟုတ်သည့်အတွက် သူ လိုက်လာမှန်း

မရိပ်မိခဲ့ချေ။သက်နောင်သွားရာ လမ်း

ကြောင်းသည် ဖေဖေ့ဆီ ဖြစ်နေလေသည်။

သူ တစစ သဘောပေါက်လာသည်က သက်

နောင်ဟာ သူ့လူမဟုတ်တော့ဘူးဆိုတာပါပဲ။


သူတို့ခြံရှေ့ ကားရပ်သွားပြီး သက်နောင်

ဆင်းသွားသည်။အသင့်ဖွင့်ထားသည့်ခြံတံခါး

ကိုအသာလေး ဝင်ရင်း အိမ်ထဲတန်းဝင်သွား

သည်။ခနလေးကြာမှ သူ လိုက်သွားဖို့ဆုံး

ဖြတ်လိုက်သည်။


သက်နောင်အိမ်ထဲဝင်လာသည့်အချိန်တွင်

ဦးဟန်မင်းညိုက အရက်ခွက်လှုပ်ရမ်းရင်း

တယောက်ထဲ ရယ်နေသည်။ယဥ်ယဥ်လေး

လွတ်နေတာမို့ သူလည်း မရိပ်မိခဲ့ပေ။


" သြော်.... မင်းလာပြီလား.... "


" ဟုတ် အန်ကယ်...ကျတော် သတင်းတစ်ခု

  ရလာပြီ.... "


" ဘာသတင်းများလဲ... "


" အန်ကယ်စုံစမ်းခိုင်းထားတဲ့ ဦးကျော်ကြား

  သတင်းပါ "


" ဟေ.....ပြောစမ်း...မြန်မြန်လေးပြောပစ်

  လိုက်... "


ရုတ်တရက် အရက်ခွက်ကို လွှတ်ပစ်လိုက်

ပြီး သက်နောင်လည်ပင်းကိုညှစ်မလိုလုပ်ပြီး

မှလက်ပြန်ချပြီးနောက် သူ့ပခုံးနှစ်ဖက်ကို

ဖျစ်ညှစ်ကိုင်ကာ မေးလိုက်ပါသည်။


" ဦးကျော်ကြားနေတဲ့ ပဲခူးကလိပ်စာ..သိခဲ့

  ရပြီ.... "


သက်နောင်ထိုစကားပြောလိုက်တဲ့အချိန်တွင်

ညီလင်းညို ပြတင်းပေါက်နား ရောက်နေလေ

ပြီ။ဦးကျော်ကြားဆိုတာ ဘယ်သူလဲ...ပဲခူး

ဆိုတာလည်း ကြားလိုက်တယ်။မေမေက

လည်း ပဲခူးမှာနေနေတယ်ဆိုတော့ သူ မသိ

သေးတဲ့ အကြောင်းအရာအောက်က နာမည်

စိမ်းတစ်ခုပဲ။


" ဟားးးးးးးး....ကောင်းသကွာ......ကောင်း

  တယ်...ကောင်းတယ်...မင်းတော်တယ်..."


" ဒီမှာ သူ့လိပ်စာ အန်ကယ်.... "


သက်နောင်လှမ်းပေးသည့်စာရွက်ကို ဇတ်ခနဲ

လှမ်းယူပြီး မျက်လုံးပြူးကြီးနဲ့ မျက်တောင်

မခတ်စိုက်ကြည့်နေပြန်သည်။


" ကျတော့်လူတွေလွှတ်ပြီး...အပြတ်ရှင်း

  လိုက်ရမလား..."


" မလိုဘူး...ငါကိုယ်တိုင်ရှင်းမယ်...ဘယ်သူမှ

  မလိုဘူး...ငါကိုယ်တိုင်သတ်မှာ...ဟားးးးး "


နားထောင်နေတဲ့ ညီလင်းညိုပင် ရင်ထိတ်

သွားသည်အထိ ဖေဖေ့ရယ်သံတွေသည်

ကြောက်စရာ ကောင်းလှပါသည်။ဖေဖေ့ပုံစံ

က်ိုကြည့်ရသည်မှာ တမျိူးထူးဆန်းနေသည်။

ငမိုင်းပြောတာတွေ တကယ်များ ဖြစ်နေပြီ

လား။ဖေဖေ့ဘဝ ကို ဖေဖေ့ရဲ့အတ္တစိတ်တွေ

ကပဲ နလန်မထူအောင် အစွယ်ချိူးခဲ့ပြီလား။


" နေအုံး....ဟိုကောင်မစိုးမေလှိုင် မွေးပြီလား"


ဒီတစ်ခါတော့ ညီလင်းညိုအသံထွက်လု

မတတ် ဟာခနဲ ဖြစ်သွားပါသည်။ဒါတွေရော

ဖေဖေသိနေတာပဲလား။


" လိုသေးတယ်လေ အန်ကယ်...အန်ကယ်

  ပြောတဲ့အတိုင်း သူ့လုံခြုံရေးအတွက်...

  လူအပြည့်ကျတော်ချထားပါတယ် "


" အေး...ကောင်းတယ်...ငါ့မြေးမွေးပြီးရင်

  ဒီကောင်မလည်း သေပဲ...ဟားးးး "


ဟာ....ဖေဖေ့စိတ်ကြီးက ကြောက်စရာကြီး

ပါလား....စိုးကိုပါဒုက္ခပေးဖို့ ပြင်နေပြီ။

မဖြစ်တော့ဘူး...မေမေနဲ့တိုင်ပင်ပြီး ဖေဖေ့

အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေး

မှ ရတော့မည်။


သူ့အတွေးနဲ့သူ ငြိမ်ကျသွားသည့်အချိန် သတိ

စိတ်ပြန်ဝင်လာပြီး အိမ်ထဲက ထွက်ဖို့ကျော

ခိုင်းလိုက်စဥ် သူ့ပခုံးတစ်ဖက်ပေါ် လက်တစုံ

ရောက်လာသည်။လှည့်ကြည့်လိုက်တော့...


" ဖေဖေ..... "


ဖေဖေက သူ့ကို အလှပဆုံး ပြုံးပြသည်။သူ

ဘာလုပ်ရမှန်းမသိ တွေဝေနေဆဲမှာပဲ သူ့

နောက်ကို အရာတစ်ခုက လွှဲရိုက်သွားလေ

တော့သည်။


" အားးး "


ထိုတစ်ခွန်းထဲ သူ အော်နိုင်ခဲ့ပါသည်။


" သူ့က်ို အိမ်ထဲခေါ်လာခဲ့.... "


" ဗျာ..... "


သက်နောင်သည် အခုမှ ဦးဟန်မင်းညို ပုံမှန်

မဟုတ်မှန်း စပြီးသတိထားမိလာတာဖြစ်

သည်။ဇနီးဖြစ်သူရဲ့ အဆက်ဟောင်းကို

သတ်ခိုင်းတာလည်း အပြစ်မဟုတ်သေးဘူး။

စိုးမေလှိုင်ကိုပါ ထပ်သတ်မယ်ဆိုတာတော့

မဟုတ်သေးဘူးလေ။သူပြောတော့ ငွေပေး

ပြီး အဝေးဆုံးကိုနှင်ထုတ်မှာဆိုလို့ သက်

နောင် ပါရမီ ဖြည့်ပေးခဲ့တာ။


အခုသူက ကိုညီကိုပါ ဖမ်းထားတော့မယ့်ပုံ

ပေါက်နေပြီ။ကြာရင် သူပါ အန္တရာယ်ရှိလာ

နိုင်ပြီမို့ ဟန်မပျက်နေလိုက်ရသည်။


" မင်းကိုငါ ယုံကြည်ချင်တယ်... "


" စိတ်ချပါ...အန်ကယ်စိတ်မပျက်စေရပါဘူး"


စကားကိုမနဲထိန်းပြောနေရသော်လည်း ရင်ထဲ

တော်တော်ကြောက်နေပြီ။


" ကောင်းပြီ...သား ငါ့လက်ထဲရောက်နေတာ

  ဘယ်သူမှမသိစေနဲ့... စိုးမေလှိုင်ကိုရှင်းပစ်

  ပြီးမှ သူ့ကိုလွှတ်ပေးလို့ရမယ်...မင်းသွား

  တော့.... "


သွားတော့ဆိုတာနဲ့ သူ တကျိူးထဲလစ်ထွက်

လာတော့သည်။ခြံပြင်ရောက်မှ သူ နောက်ကို

မဝံ့မရဲ လှည့်ကြည့်မိပါသည်။ကိုညီ့ကို ဦးဟန်

မင်းညိုကိုယ်တိုင် ချီပိုးမ တင်လျက် အိမ်ထဲ

သွင်းလိုက်ပါသည်။


မဖြစ်ဘူး.....အားလုံးအန္တရာယ်ဇုံထဲ ရောက်

နေကြပြီ။တစ်ယောက်ယောက်ကိုပြောမှ

ဖြစ်တော့မယ်။


*******************************************


ဇာတ်သိမ်းပိုင်း မျှော်😍


Author 😍 A Mon Ko 😍


rate now: