book

Index 14

အခန်း (14)

  • Author : A Mon Ko
  • Genres : Romance, Drama

City Mark အထွက်တွင် စိုး သတိလစ်သွား၍

ဇေယျကျော် အကူအညီဖြင့် ဆေးရုံ အားချင်း

တင်လိုက်ရပါသည်။သူမ ဒုက္ခတွေ့တိုင်း..

အသင့်ရှိနေသူမှာ ဇေယျကျော်ပဲ ဖြစ်နေတော့

သည်။ညီလင်းညိုက ထိုအကြောင်းကိုနောက်

မှ သိရသူဖြစ်ပြီး ချက်ချင်း ပြေးလာခဲ့ပါ

သည်။


မသူဇာကိုလည်း ဆရာဝန်တွေရှေ့မှာ အော်

ငေါက်ခဲ့မိသည်။ထူပူနေသောစိတ်ကြောင့်

စကားတွေလွန်ကုန်သည်။နောက်မှ ပြန်

တောင်းပန်ရသည်။ဖြစ်ကြောင်းကုန်စင်ကို

သိခဲ့ရပြီးနောက် သူ့ဒေါသတွေသည် ရွှေအိမ်

သူ ဘက် ပြောင်းသွားလေသည်။


" ကျေးဇူးတင်တယ် ဒေါက်တာ.... "


ဝဋ်ကျေတန်းကျေ ကျေးဇူးတင်စကား တစ်

ခွန်းပြောပြီး သူမဘေးတွင် ထိုင်နေသော သူ့

ကိုကြည့်ကာ ဇေယျကျော် သက်ပြင်းချလိုက်

သည်။ကျေးဇူးတင်ခံချင်လို့ ကူညီခဲ့တာ

မဟုတ်သော်ငြား သူ့ကို အထင်လွဲဟန်ရှိနေ

သော ညီလင်းညိုကြောင့် စိုး တစ်ခုခုဖြစ်လာ

မှာစိုးရိမ်မိလို့ ဖြစ်ပါသည်။သူက နှလုံးအထူး

ကု ဆရာဝန်တစ်ယောက်...စိုး ဖြစ်နေတဲ့

ရောဂါကို တိတိကျကျကုသပေးနေခဲ့တဲ့လူ။

ဆရာဝန်နဲ့လူနာ... ထိုဆက်ဆံရေးမျိူး

လောက်တော့ ညီလင်းညို ခွင့်ပြုပေးနိုင်ရ

မည်။


ဒီအခြေအနေရောက်မှ ညီလင်းညို ကြိုက်တဲ့

ဆရာဝန်နဲ့ ပြောင်းပြ...အစကနေ ပြန်ပြီး

အရှိန်ယူရမှာ။ဆေးဒဏ်တွေ ပိလာရင် စိုးဟာ

သာမန်လူမဟုတ်...ကိုယ်ဝန်နဲ့မို့ ပိုပြီးထိခိုက်

လာနိုင်တယ်။ဆေးပညာနဲ့ ပက်သတ်ပြီး သူ

နားလည်အောင် ဘယ်လိုရှင်းပြရမှန်းကို

မသိဘူး။


သူ ထင်ထားခဲ့တဲ့အတိုင်း ညီလင်းညိုသည်

စိုး သတိရတာနဲ့ သူ့ဆေးရုံကနေ ချက်ချင်း

ပြောင်းလိုက်ပါသည်။သဝန်တိုစိတ် မထား

နဲ့လို့ သူပြောနေတာ မဟုတ်ဘူး.. နားလည်မှု

ရှိဖို့ ပြောချင်တာ။


" ကျတော် စကားနဲနဲလောက်ပြောလို့ရမလား"


" ပြောပါ ဒေါက်တာ... "


" ဖြစ်နိုင်ရင်...စိုးကို ကျတော်ဆက်ကုပေးပါ

  ရစေ....သူ့အကြောင်းသိနေတဲ့ဆရာဝန်တစ်

  ယောက်အနေနဲ့ပြောတာပါ...."


" ကျေးဇူးတင်တယ် ဒေါက်တာ...ကျတော့်

  မိန်းမရောဂါကို ဘန်ကောက်မှာ သွားကု

  မှာ... "


ညှိလို့မရသည့်အဆုံး ဇေယျ မျက်နှာလွှဲပေး

ခဲ့ရတာပါပဲ။ကိုယ်ဝန်နဲ့ လေယာဥ်စီးဖို့ အဆင်

မပြေတာ သူသိတယ်။သူနဲ့ဆက်မကုချင်လို့

တခြား ဆရာဝန်ဆီ ပြောင်းကုမှာလည်း သိ

တယ်။


စိုးက သူ့ကို အားနာသည့် မျက်ဝန်းတွေဖြင့်

ကြည့်နေရှာသည်။သူ၏ အကျင့်အတိုင်း

တစ်ဖက်လူစိတ်ချမ်းသာအောင် ဘာမှမဖြစ်

သလို ပြုံးပြ လိုက်ပါသည်။မသူဇာလည်း

သူ့ကို မျက်နှာပူဟန် အလုပ်ရှုပ်ချင်ယောင်

ဆောင်နေသည်။


အားလုံးဟာ ညီလင်းညိုကို မလွန်ဆန်နိုင်လို့

သာ ငြိမ်နေရတဲ့ပုံမျိူး ဖြစ်နေသည်။တစ်ခါ

တစ်ရံ ညီလင်းညိုဟာ သူချစ်သော လူတွေ

အတွက်ဆိုရင် လိုအပ်တာထက်ပို အတ္တကြီး

တတ်ပါသည်။


သူ့စိတ်တိုင်းကျ စိုးကို ဝိတိုရိယ ဆေးရုံသို့

ပြောင်းရွှေ့ကုစေခဲ့သည်။ဆရာဝန်ကအသစ်

လူနာကအသစ်မို့...စစ်ဆေးမှုတွေ အစက ပြန်

လုပ်ရသည်။နဂိုထဲက အားနဲနေတဲ့စိုးဟာ

စမ်းသပ်မှုပေါင်းစုံ လက်ခံလိုက်ရသည့်အခါ

ရောဂါက မသက်သာလာပဲ ပိုပြီး နွမ်းဖတ်လာ

တော့သည်။


အနာနဲ့ဆေး အသားကျဖို့ အချိန်အတော်ကြာ

ကုယူလိုက်ရသည်။စိုး ဆေးရုံကဆင်းသည်

နှင့် ညီလင်းညို အသစ်ဝယ်ထားသည့် တိုက်

တွင် ပြောင်းရွှေ့နေခဲ့ရပါသည်။


တနေ့ မှော်ဘီအိမ်တွင် စိုးတို့ ပစ္စည်းသယ်ဖို့

သွားကြစဥ် ညီလင်းညို အမေနှင့် ဆုံဖို့ ဖန်

လာခဲ့တော့သည်။


မသူဇာနှင့်ဆွေဆွေက အိမ်ထဲရှိ သိမ်းစရာ

ရှ်ိသည်တို့ကို ထုတ်ပိုးစုစည်းနေကြချိန်

စိုးက ခြံပတ်ပတ်လည်၌ လမ်းလျှောက်နေခဲ့

ပါသည်။ထိုစဥ် ဒေါ်သစ္စာသည် ယနေ့လာရက်

အတိုင်း ဦးကျော်ဆီ သွားခဲ့ပါသည်။ဒေါ်သစ္စာ

ရဲ့ ကားက လမ်းတဝက်မှာပျက်သွား၍ ကား

ကို workshop က လူကို လာယူခိုင်းပြီး taxi

နဲ့ လာခဲ့တာ ဖြစ်လေသည်။


ဒီကိုလာမယ့်ဆဲဆဲ သူမ ခင်ပွန်းနှင့်အစဥ်

အလာမပြတ် ရန်ဖြစ်ခဲ့ပါသေးသည်။ထုံးစံ

အတိုင်း စကားများရုံလောက်ဖြင့် သူမ စိတ်

ဆင်းရဲမည်မဟုတ်သော်လည်း ခုသဘောက

ခြိမ်းခြောက်သည့် အသုံးအနှုန်းတွေပါနေရာ

ကိုကျော့်အတွက် စိတ်အပူလွန်ပြီး စိတ်လော

နေခဲ့ပါသည်။


" မင်းကိုငါမပြောချင်လို့ ကြည့်နေတာကြာပြီ.

  ငါက မင်းယောကျာ်းဆိုတဲ့ အသိလေး ရှိ

  သေးရဲ့လား...ငါတယောက်လုံးရှိတာတောင်

  မျက်နှာပြောင်တိုက် သွားတွေ့နေတာ..မရှက်

  တတ်တော့ဘူးလား "


" သြ...ရှင်နဲ့ကျမ ကြား လင်မယားဆိုတဲ့

  ခေါင်းစည်းပဲရှိတာလေ..ရှင်လည်းရှင်ကြိုက်

  တာလုပ်နေတာပဲ...ကျမ ကိစ္စလည်း ဝင်မပါ

  တာ ကောင်းမယ်ထင်တယ် "


" ဟ.... မပါလို့မရတော့ဘူး...မင်းက အတော်

  ကြောက်ဖို့ကောင်းတဲ့မိန်းမ ဖြစ်လာပြီ...

  မင်း ဘာတွေကြံစည်နေလဲ ငါမှ မသိနိုင်တာ"


" သေချာတာတစ်ခုက ကျမရှင့်ကို ဒုက္ခမပေး

  ပါဘူး..... "


" ဟားးးးးး သိပျရယျရတာပဲ သစ်စာရာ...ငါက

  မင်းလိုမိန်းမမျိူးကို ကြောက်မယ်များထင်

  လား....မင်းလည်း သားအတွက် သူငယ်ချင်း

  တစ်ယောက်လုံးကို သတ်ရဲခဲ့တယ်...အေး..

  ငါလည်း ငါ့သားအတွက်ဆိုရင်...ဘယ်

  နှောင်ကြိုးကိုမဆို အမြစ်ဖြတ်ရဲတာ မမေ့

  နဲ့..... မင်းဟာမင်း ဂရုဏာသက်ပြီး တစ်

  ဘဝလုံးစာ စောင့်ရှောက်ချင် စောင့်ရှောက်..

  သေရင်လည်း တဂူထဲ အတူသေချင်သပ

  ဆိုလည်းသေ...မဟာအချစ်တွေမို့လား...

  ဟားးးး... ငါမသိတာ ဘာမှမရျှိဘူးဆိုတာ

  မမေ့နဲ့...မင်းအမေ ငါ့ယောက္ခမ ဒေါ်ငွေရှင်

  ကိုတော့ မချီးကျူးပဲမနေနိုင်ဘူး...ငါ့လို

  ကောင်မျိူးကို နွားစာရင်းထဲ လှလှပပ သိမ်း

  သွင်းနိုင်လို့လေ...တစ်ခုတော့ရှိတယ် မမ

  သစ္စာ...ညီလင်းညိုဟာ ဦးဟန်မင်းညိုရဲ့

  သားပဲ....သေတဲ့အထိမှတ်ထား..ဒရာမာ

  ခင်းပြီး ပြန်ပေါင်းထုတ်ဖို့မကြိုးစားနဲ့..."


ဦးဟန်မင်းညိုကို ဒေါ်သစ္စာ လျှော့တွက်ထား

ခဲ့မိတာ မှားတာပဲ။သူ ဘယ်အချိန်ထဲကသိ

နှင့်နေခဲ့တာလဲ။သူ့ကို မကြောက်ပေမယ့်

ကိုကျော့်အတွက် စိတ်ပူမိတာ အမှန်ပဲ။သူ့ပုံစံ

ကိုကြည့်ရသည်မှာ မိမိ အကြံအစည်တွေ

သိနေပုံရသည်။


သားကို ကိုကျော်နဲ့ ဆုံစည်းပေးစေချင်မိသည်

ဒါဟာ မိမိဆန္ဒထက် ကိုကျော်ဖြစ်စေချင်တာ

ဖြစ်ပါသည်။သားရဲ့ ဓာတ်ပုံလေးတွေသာ

ကြည့်ပြီး အလွမ်းဖြေနေရတဲ့ သူ့ကို ဒေါ်သစ္စာ

သနားလာသည်။သူ့ဘက်က မတောင်းဆို

သော်ငြား ဒေါ်သစ္စာရောက်လာတိုင်း သား

အကြောင်း မေးတတ်သောကြောင့် သားရဲ့

အဖေအရင်း အသက်ရှင်လျက်ရှိနေတုံး

ဆုံစည်းပေးချင်ခဲ့သည်။


တည်ငြိမ်နေသော သားဘဝလေးကို မလှုပ်

ခတ်ချင်ပါ။သို့သော် ဘဝနဲ့ရင်းပြီး သိခွင့်ရ

မယ့် အမှန်တရားတွေကိုဖြင့် သား လက်ခံရ

မှာပဲ။ထိုကိစ္စတွေ၏ အဓိက တရားခံသည်

ဒေါ်သစ္စာ မဟုတ်ပါ။မေမေ့ရဲ့ အစီအစဥ်တွေ

ကို မလွန်ဆန်နိုင်လို့ ခေါင်းညိတ်ခဲ့ရတာ။


ဒေါ်သစ္စာသည် သူ ပြောသမျှကို ငြိမ်လျက်

နားထောင်ပေးခဲ့ပါသည်။ပြီးမှ အေးဆေး

တည်ငြိမ်စွာ ကြည့်လျက်...


" ကျမ အမှားမဟုတ်ဘူး ဦးဟန်မင်းညို...

  နောက်ပြီး အမှန်တရားဆိုတာလည်း ကြာ

  ကြာ ဖုံးကွယ်လို့မရပါဘူး... "


" ဟုတ်သလား...ဒါဖြင့်မင်းနဲ့ပက်သတ်တဲ့  

  အမှန်တရားတွေကရော...တချိန်ပေါ်မလား

  ပဲ.  ... "


" အဟင်းးးး..ဟုတ်မှာပါ...ကျမတ်ို့နှစ်ယောက်

  လုံးက အပြစ်သားတွေပဲလေ....ကိုယ်စီ

  အပြစ်တွေ ကျူးလွန်ဖူးခဲ့တဲ့လူတွေပဲ....

  ဘယ်သူ့ကိုမှ နှုတ်ပိတ်နေစရာမလိုဘူးထင်  

  တာပဲ..... "


သားရဲ့ အဖေအရင်းကို သူ သတ်ဖို့ကြိုးစား

ခဲ့တယ်။မအောင်မြင်ခဲ့လို့ အသက်မသေပဲ

ဘဝသေခဲ့ရတယ်။ထိုအပြစ်လောက် ကြီးမား

တဲ့ ပြစ်မှု ဘယ်မှာရှာရမလဲ။အဲ့တစ်ချက်ထဲနဲ့

သားရဲ့ အမုန်းကို သူ လက်မခံလည်း ရမှာပဲ။


တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်

ကြည့်သော အကြည့်တွေထဲ အမုန်းတရား

တွေ ကြီးစိုးနေလေရဲ့။ဂူတစ်ဂူထဲမှာ ခြင်သေ့

နှစ်ကောင် မအောင်းခဲ့သင့်ဘူး။အကြံတူ 

ရန်သူတဲ့....။အကြံလည်း မတူခဲ့ပါပဲ သူတို့

နှစ်ဦးဟာ မဟာရန်သူတွေ ဖြစ်ခဲ့ရလေပြီ။


ထို ဇနိုးဇနောင့်စိတ်တွေနဲ့ ဒေါ်သစ္စာ ဦးကျော်

ဆီ သွားခဲ့တာဖြစ်သည်။ကနဦး စိတ်မကြည်

လင်မှုတွေသည် အဆင်မပြေမှုတွေကို ဖန်တီး

ပေးခဲ့သည်။လမ်းတဝက်မှာကားကပျက်....

ကားပျက်လို့ ကားငှားပြန်တော့လည်း လမ်း

မကောင်းဘူးဟုဆိုကာ  လမ်းထိပ်မှာချပေး

သွားပြန်သည်။


ကံဆိုးမှုဆိုတာ တကြိမ်တစ်ခါပဲ ဖြစ်တတ်

တာ မဟုတ်ပါလားလို့ ကိုယ့်အလှည့်ကျမှ

သိတော့တယ်။ဒီလောက် လမ်းဘေးကပ်ပြီး

လျှေက်နေတာတောင် မဆင်မခြင်မောင်းတဲ့

ကားကြောင့် အရှိန်လွန်ပြီး ဒေါ်သစ္စာချော်လဲ

သွားသည်။မိမိ အသက်အရွယ်ကိုမေ့ပြီး

ချက်ချင်း ထရပ်လိုက်ကာမှ အခြေအနေပို

ဆိုးသွားပြီး ပြန်လဲကျသွားပါသည်။


ခြေကျင်းဝတ်နား စူးခနဲ နာကျင်ရုံမက ဒူးပါ

နာလာသည်။တစ်ယောက်ထဲ မတ်တပ်ရပ်ဖို့

မလွယ်ကူတော့ပေ။ပိုက်ဆံအိတ်ထဲက ဖုန်း

ကို ထုတ်မယ်ဆိုကာမှ ဖုန်းက ကားထဲကျန်

ခဲ့မှန်း သတိရသွားသည်။ဘေးဝဲယာကို

လှည့်ကြည့်မိသော်ငြား တစ်ခြံနဲ့တစ်ခြံ

အလှမ်းဝေးလွန်းတော့ လူရိပ်ပင်မမြင်ရ။


ဒေါ်သစ္စာ ခွေလျက်လဲကျနေတာကို ခြံထဲက

လှမ်းမြင်လိုက်တာက စိုးပါပဲ။စိုးက မပေါ့

မပါးကြီးနဲ့မို့ အားချင်းပြေးမသွားနိုင်ပါ။တစ်

လှမ်းချင်း လျှောက်လာပြီး ဒေါ်သစ္စာနား

ရောက်မှ...


" အန်တီ ရရဲ့လား...ဖြေးဖြေးချင်း ကျမကို

  ကိုင်ပြီး ထကြည့်မလား...."


" အိုကွယ်.....သမီးကလည်း ကိုယ်ဝန်ကြီးနဲ့.."


ကိုယ်ဝန်နဲ့မိန်းခလေးက မိမိကိုထူဖို့ ကုန်းကုန်း

ကွကွ လုပ်နေ၍ ဒေါ်သစ္စာတားရသေးသည်။


" ရပါတယ် အန်တီရဲ့....ကျမ လက်မောင်း

  ကိုကိုင်ထားပါ...အားယူထလိုက်...."


နှစ်ယောက်သား ဘယ်လိုမှအဆင်မပြေတော့

တဲ့အဆုံး မသူဇာကို လှမ်းအော်ခေါ်လိုက်ရ

သည်။မသူဇာ ရောက်လာမှ ဒေါ်သစ္စာကို

ဖေးကူတွဲ ပြီး လောလောဆယ် ခြံထဲအရင်

ခေါ်လာကာ ခုံတွင် ထိုင်ခိုင်းလိုက်ပါသည်။


" အန်တီ ချော်လဲသွားတာ စိုးမြင်တယ်..မြင်

  မြင်ချင်း လာမလို့ပဲ...သရမ်းသွားတဲ့ကား

  နံပါတ်ကို လိုက်မှတ်နေတာ.... "


ကလေးမက သူ့ကိုယ်သူ စိုးဟု သုံးနှုန်းလိုက်

တာကို ဒေါ်သစ္စာ နားထောင်ရင်း စိတ်ထဲ

တစ်မျိူး ဖြစ်သွားသည်။


" ရပါတယ်ကွယ်....အန်တီ့ကို တစ်ခုလောက်

  ကူညီပေးနိုင်မလား...."


" ဟုတ်...ပြောပါ အန်တီ...စိုးတို့ဆေးခန်း

  လိုက်ပို့ပေးရမလား...."


" နေပါစေကွယ်...ရှေ့ လေးအိမ်ကျော်မှာ..

  အန်တီ သူငယ်ချင်းရှိတယ်...သူ့ဆီတစ်ချက်

  လောက် သွားပြောပေးပါလား...ဒီကို လာ

  ခေါ်ဖို့...."


" ရပါတယ်...ဒါမဲ့ အန်တီခြေထောက်က ဒဏ်

  ဖြစ်သွားတာထင်တယ်...အဲ့ကို လျှောက်နိုင်

  ပါ့မလား....မကြီးရေ...လမ်းထိပ်မှာ...ဆိုက်

  ကားတစ်စီးလောက် သွားခေါ်ပါလား "


" ဟို..... နေ..နေပါစေ သမီးရယ်...ရပါတယ်

  အဲ့အိမ်ကိုသာသွားပေးပါနော်...နာမည်က

  ဒေါ်ဝတ်ရည်မိုး.... "


အခုချိန် ဆေးခန်းပြဖို့ထက် ကိုကျော့်ကိုနေရာ

အမြန်ရွှေ့ပေးဖို့က အရေးကြီးနေတာမို့

သူ့ညီမ ဝတ်ရည်ကို သွားခေါ်ခိုင်းလိုက်ရပါ

သည်။မသူဇာ ထွက်သွားပြီးနောက် စိုးနဲ့

ဒေါ်သစ္စာပဲ ကျန်နေခဲ့သည်။အခုမှတွေ့ခါစ

ဆိုတော့ တစ်ယောက်ကိုတစ်ယောက် မိတ်

ဆက်ကြလေသည်။ဇာတ်လမ်းကအခုမှ

စတော့တာ။


" အန်တီ့နာမည်က ဒေါ်သစ္စာပါ...ဒီကိုတော့

  ခနခန လာတတ်တယ်...သမီးနဲ့ ခုမှပဲဆုံ

  တော့တယ်...သမီးက ဒီမှာနေတာကြာပြီ

  လား.... "


" ကျမနာမည်က စိုးမေလှိုင်ပါ အန်တီ....."


စိုးမေလှိုင် ဆိုသည့် အသံကြောင့်ဒေါ်သစ္စာ

မျက်လုံး ပြူးသွားသည်။ဒါကို စိုးကလည်း

ချက်ချင်းဆိုသလို ရိပ်မိသွားနိုင်ခဲ့ပါသည်။


" ကျမကို သိလို့လား အန်တီ..... "


" သြော်....မသိပါဘူး..နာမည်လေးကလှလို့ပါ

  လူတွေကလည်းလှ...အို...ဒါနဲ့...သမီးကိုယ်

  ဝန်က ဘယ်လောက်ရပြီလဲ...."


စိုးမေလှိုင်ဆိုတဲ့ နာမည်ကတော့ သေချာသွား

ပြီ။သားနဲ့ပက်သတ်တဲ့ မိန်းခလေးဟာ သူပဲလို့

တထစ်ချ ပြောလို့မရသေးဘူး။နာမည်တူ

မရှား...လူတူမရှားလေ...နာမည်လေးတူရုံ

နဲ့တော့ ကောက်ချက်ချလို့မရသေးဘူး။


ဒီကလေးမလေးက ကိုယ်ဝန်ကြီးနဲ့...သားရဲ့

စိုးကရော အခုလို ကိုယ်ဝန်ရှိတာတို့ မကြား

မိပါဘူး။မကြားမိဆို သားအကြောင်းကို စုံ

စမ်းဖို့ထက် သားအဖေက ပိုအရေးကြီးနေ

ခဲ့မိတာကို။


" 6 လကျော်ပြီ အန်တီ...... "


" လရင့်နေပြီပဲ...အပျိူဗိုက်မို့ထင်တယ်...

  သိပ်မထွက်ဘူးနော်....ဘာလေးလဲသမီး "


" မသိသေးပါဘူး အန်တီရယ်.... "


" အာထရာဆောင်းမရိုက်ရသေးဘူးပေါ့ "


" ဟုတ်ကဲ့...ဆရာမက ကလေးအနေအထား

  မှန်နေတော့ မရိုက်ပေးချင်ဘူးတဲ့...၇လ

  ပြည့်တဲ့အခါမှ ဆန္ဒရှိရင် ရိုက်ပါတဲ့...စိုးက

  တော့ မရိုက်ချင်ဘူး...မွေးလာမှ ဘာလေး

  ဆိုတာမျိူး ရင်ခုန်ချင်တာ "


သူမရဲ့ စကားပြောပုံဆိုပုံတွေကို ကြည့်ရတာ

သိမ်သိမ်မွေ့မွေ့လေးပါပဲ။ဟော့ဟော့ရမ်းရမ်း

ကြီးထဲက မဟုတ်ဘူး။ကလေးအကြောင်း

ပြောပြနေလိုက်တာများ သူမ မျက်နှာဝယ်

အပြုံးရိပ်လေးတွေ ထင်ဟတ်လို့။ဒေါ်သစ္စာ

တုံးကလည်း အဲ့လိုပဲ။ဗိုက်ထဲမှာ ကလေးလေး

ရလာပြီဆိုတာနဲ့ စိုးလိုပဲ ကြည်နူးစိတ်တွေနဲ့

ရင်ခုန်နေမိတော့တာ။ကြောက်ဖို့ဆိုတာ ဝေး

လို့။


" အင်းပေါ့....ဒါနဲ့ သမီးက ဒီမှာနေတာလား "


" အရင်ကတော့ ဒီမှာနေတာ...အခုပြောင်း

  တော့မှာ အန်တီရဲ့...ပစ္စည်းတွေလာသိမ်း

  နေတာ.... "


" ဟုတ်လား....သမီး ခင်ပွန်းလည်းမတွေ့မိပါ

  လား.... "


အန်တီနဲ့ ခုမှဆုံပြီး သိခဲ့တာမို့ စိုး ခင်ပွန်းဟာ

ဘယ်သူပါဆိုပြီး မပြောပြချင်ဘူး။အန်တီ့ကို

မယုံကြည်လို့ မဟုတ်ပါဘူး....ကိုကြီးနာမည်

ကို လူတကာရှေ့ ထုတ်မသုံးချင်တာ။စိုးမှာ

ကိုကြီးရဲ့ သိက္ခာတရားကို အပြည့်အဝ ကာ

ကွယ်ပေးရမယ့် တာဝန်ကရှိနေသေးတယ်။


" အလုပ်သွားတယ် အန်တီ...."


စကားနှိုက်လို့ ကောင်းတုံးရှိသေး...မသူဇာ

နဲ့ ဒေါ်ဝတ်ရည်မိုးတို့ ရောက်လာကြ၍ စကား

စ ပြတ်သွားသည်။ဒီမိန်းခလေးဟာ သားရဲ့

စိုး ဟုတ် မဟုတ် အတည်မပြုရသေးတာမို့

အဆက်အသွယ်မပြတ်သွားအောင် စိုး ဖုန်း

နံပါတ် တောင်းလာခဲ့သည်။


" နီးရင် တစ်ရက်ဆုံကြမယ်နော် သမီး....

  ကျန်းမာရေးဂရုစိုက်အုံး..."


" အန်တီလည်း ဆေးခန်းပြဖြစ်အောင်ပြအုံး

  နော်...."


ဒေါ်သစ္စာသည် တစ်ခုခုကို အတည်ပြုဖို့ စိုး

အား စိတ်မပါပဲ ဖော်ရွေပြနေတာမျိုးမဟုတ်ပဲ

ပင်ကိုယ်စိတ်ကိုက စိုးအပေါ် မြင်မြင်ချင်း

ခင်မိသွားတာလိုလို...ရင်းနှီးသွားတာလိုလို..

စိုးနဲ့ စကားတွေပြောနေရခြင်းကိုပဲ နှစ်မြို့

သွားတာလိုလို....အဲ့လိုခံစားနေရတာ အမှန်

ပဲ။သူမ မျက်နှာလေး စမြင်လိုက်ထဲက မရိုး

သားခြင်းတွေ ရှာမရခဲ့ဘူး။စိတ်ကောင်းရှိ

မယ့် ဟန်ပန်လေးကိုပေါ်နေတော့တာ။မျက်

နှာလေးက ကြည်လင်ဝင်းမွတ်နေတာပဲ။


" သစ္စာရယ်...ဘယ်လိုဖြစ်ရတာလဲ...နင်

  ပြောတော့ ငါတို့ကို ဘယ်သူနဲ့မှမရောနဲ့

  ဆိုပြီး...နင်ကျတော့ဘယ်လိုဖြစ်ရတာလဲ "


" ဒီခြေထောက်ကြောင့်ဖြစ်ရတာလေကွယ်..

  အဲ့ကလေးမလေးက ခင်ဖို့တော့ကောင်း

  သား... "


" နင်ဆူမှာစိုးလို့ ငါမပြောတာ...ငါ့ကိုလာခေါ်

  တဲ့ကောင်မလေးနဲ့ငါဆို အရင်ထဲက သိနေ

  တာ...."


" ဟုတ်လား..... "


အစတွေကတော့ ဆွဲထုတ်တတ်ရင် လို

သလောက် ဆွဲရုံသာကျန်တော့သည်။နောက်မှ

ဝတ်ရည်ကို စိုးအကြောင်း မေးရမည်။ခုလော

လောဆယ် သူတို့ကို မှော်ဘီကနေ ၂ရက်

အတွင်း ပြောင်းရွှေ့ဖို့ ကိစ္စ စီစဥ်ပေးရတော့

မည်။


" ဒါဖြင့် ငါတို့မောင်နှမ နှစ်ယောက်..ဘယ်

  ပြောင်းရအုံးမှာလဲ... "


" ရန်ကုန်မှာကို မနေသင့်တော့တာ...ငါ...

  အကို့ကိုစိတ်ပူတယ်....အဆင်ပြေအောင်

  အကုန်စီစဥ်ပြီးသားပါ....ပဲခူးမှာ ခနသွားနေ

  မှရမယ် ဝတ်ရည်....ဦးဟန်မင်းညိုက...

  သားအကြောင်း အကုန်သိနေတယ်...အကို့

  ကို ဒုက္ခထပ်ပေးမှာ ငါကြောက်တယ်... 

  အကို့ကို နားလည်အောင်ငါပြောပြလိုက်ပါ့

  မယ်...အချိန်တန်ရင် သားကိုပါ ခေါ်လာမှာ

  ပါ...."


မှော်ဘီမှာက ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။

တစ်ပါတ်တစ်ခါလောက် ဒေါ်သစ္စာ လာလို့

ရတယ်။ပဲခူးလည်း သွားမယ်ဆ်ို ရပါတယ်။

ရွှေ့ရွှေ့ချင်းတော့ သွားလို့မရသေးဘူး။ဟန်

မင်းညိုကို လျှော့တွက်လို့ကို မရတာ။


" အေးပါ..... "


" ဒါနဲ့ ခုနက ကလေးမအကြောင်း ငါသိချင်

  တယ်....နင်သိသလောက်ပြောပြစမ်းပါ "


" သူ့အကြောင်းသက်သက်ရယ်လို့ သိခဲ့တာ

  မဟုတ်ဘူးဟ....မသူဇာက စျေးထဲကောက်

  ညှင်းပေါင်းရောင်းတာ...သူတို့က ညီအမ

  ဝမ်းကွဲတွေထင်တယ်...ငါစျေးသွားရင်း..

  မသူဇာနဲ့ ခင်ခဲ့တာ....အဲ့လောက်ပါပဲ... "


" ဒါပဲလား...အဲ့ထက် ပိုမသိတော့ဘူးလား...

  ဥပမာ....ခုနက ကောင်မလေးရဲ့ယောကျာ်း

  ကိုနင်တွေ့ဖူးလား.... "


" အေး... နင်ပြောမှ သတိရတယ်...သူ့ယော

  ကျာ်း....တစ်ခါမှမမြင်ဖူးဘူး...ရှိရင်ကွယ်

  တစ်ခါမဟုတ်တစ်ခါ ဆုံရမယ်ပေါ့..ခုဖြင့်

  မတွေ့ပါဘူး...ကားနဲ့လာလာတတ်တဲ့ တစ်

  ယောက်တော့ တွေ့သား...သူဇာကိုမေးကြည့်

  တာတော့ အကိုဝမ်းကွဲပြောတာပဲ..ကလေး

  မလေးက ရောဂါသည်လေးထင်ပါရဲ့...

  ဆေးရုံဆေးခန်း ခနခနသွားရတယ်... "


" သွ...... "


ဘာမှလည်း ရေရေရာရာ မသိခဲ့လိုက်ရပါ။

ခြေထောက်ကောင်းသွားမှပဲ စိုးနဲ့သွားတွေ့ပြီး

စကားနှိုက်ကြည့်ရမှာပဲ။အကယ်၍များ သူမ

ဟာ သားရဲ့ စိုး ဖြစ်နေခဲ့ရင်......။


@@@@@@@@@@@@@@@@@@@


စိုးသည် ကိုကြီးစီစဥ်ပေးသည့် နေရာသစ်ကို

ရောက်လာခဲ့ပြန်ပါပြီ။ပတ်ဝန်းကျင်ကိုကြည့်

ရုံနဲ့ သူဌေး ရပ်ကွက်မှန်း သိသာပါသည်။စိုး

ကတော့လေ မှော်ဘီက အိမ်လေးကိုပဲ လွမ်း

မိတယ်။အိမ်လေးက တိုက်အိမ်လည်းမဟုတ်

ဘူး...ရိုးရိုးသစ်သားအိမ်လေး။ဒါမဲ့.....

လေကောင်းလေသန့်ကလည်းရ...နေရတာ

လည်း အသက်ရှုချောင်သလို ခံစားရတယ်။


" ဘယ်လိုလဲစိုး....သဘောကျရဲ့လား.... "


" အဆင်ပြေပါတယ် ကိုကြီး..... "


" ဒါပေါ့....စိုး အဆင်ပြေဖို့ကအရေးကြီးတာ.

  .... ခုချိန်ကစပြီး စိုး ဘာမှမလုပ်ရတော့ဘူး

  မသူဇာနဲ့ ဆွေဆွေက အကုန်လုပ်ပေးလိမ့်

  မယ်...စိုး လုပ်ရမှာတစ်ခုပဲရှိတယ်...ဟော့ဒီ

  ဗိုက်ထဲက ကလေးလေး ကျန်းကျန်းမာမာနဲ့

  မွေးဖွားလာဖို့ရယ်...စိုး နေကောင်းနေဖို့ရယ်

  ကိုယ့်ကိုကိုယ် ဂရုစိုက်ပေးရမယ်...နော်..."


" ဟုတ် "


စိုးကလေ ကိုယ်ဝန်လေးနဲ့မှ ပိုပြီး လှလာသလို

မျက်နှာလေးကလည်း နုဖတ်သွားသလိုပဲ။

အသားလည်း အရင်ကထက် ပိုဖြူလာတယ်။

ကြည့်ရတာ ဗိုက်ထဲက ကလေးရဲ့ အလှ

တရားတွေ မိခင်ထံ လျှံထွက်နေတာ ဖြစ်

မယ်။


ကိုယ့်အတွေးနဲ့ကိုယ် သဘောကျပြီး သူပြုံး

နေလေရဲ့။


" စိုး..... "


" ပြောလေ ကိုကြီး.... "


" ကိုယ့်မှာအစီအစဥ်တစ်ခုရှိတယ်...ဘာလဲ

  မသိချင်ဘူးလား.... "


" ဟွန့်...သိချင်တာပေါ့.... "


" စိုး ကလေးမွေးပြီးရင်...ကိုယ်တို့ ကလေး

  လေး ၃လပြည့်ရင်...စိုးရယ်ကိုယ်ရယ်...

  ပြီးတော့ မကြာခင် လူ့လောကထဲရောက်

  လာမယ့် ကလေးလေးရယ်...အမှတ်တရ

  တစ်ခုအနေနဲ့.... စိုးကို ပွဲထုတ်ချင်တာ "


" ဘယ်လိုကိုကြီး.... "


" စိုးကလည်း တုံးပြန်ပြီ..... ခမ်းခမ်းနားနား

  နဲ့ မင်းကိုလက်ထပ်မယ်ပြောနေတာ...."


လုံးဝ မထင်မှတ်ထားတာမို့ စိုး မျက်ရည်တွေ

ဝဲတတ်လာသည်။ပျော်တယ်ဆ်ိုတာထက်

ကျေနပ်စိတ် ဖြစ်မိတာ။မိမိကို တန်ဖိုးထား

ခဲ့ပါလားဆိုတဲ့ အသိက ပျော်ရွှင်ခြင်းကိုပေး

ခဲ့တာ။ပျော်လွန်းလို့ အသက်ရှုသံတွေပင် ပုံ

မှန် မဟုတ်တော့ဘူး။တစ်ခုခုပြောချင်နေတာ

....သို့သော် အဲ့ပါးစပ်က ပြောထွက်လာဖို့

စိတ်ကမောနေသယောင်ယောင်။


စိုး အသက်ရှုသံတွေ ပြင်းလာ၍ သူ စိတ်ပူ

သွားသည်။


" စိုး....စိုး...သတိထားလေ စိုးရဲ့......ရလား..

  ခနလေး...ကိုယ်ဆေးသွားယူလိုက်အုံးမယ် "


" ရ..ရ...ရပါတယ် ကို...ကြီး..ရဲ့...စိုးးးးးး..

  ပျော်...လွန်းလို့ပါ......."


" အသက်ကိုပုံမှန်ရှုလေ စိုးရဲ့...ဖြည်းဖြည်း

  ချင်းရှု.....မသူဇာရေ.....မသူဇာ.....စိုး

  သောက်နေကျဆေး မြန်မြန်ယူခဲ့စမ်းပါ "


စိုးကို ကြည့်ရတာ သူ သိပ်အားမရဘူး။လော

လောဆယ်အခြေအနေအရ ဘန်ကောက်မှာ

သွားကုဖို့ မဖြစ်နိုင်သေးဘူး။အိုဂျီ ကလည်း

ပြောထားတယ်...စိုးက ရိုးရိုးမွေးဖို့ ဘယ်လို

မှ အဆင်မပြေဘူးတဲ့။ခွဲမွေးမှကို ဖြစ်မှာ။

အစောကြီးထဲက နှလုံးရောဂါရှိမှန်းသိရင်

ကလေးယူဖို့ မတိုက်တွန်းသင့်ဘူးလို့ ပြော

ခဲ့တယ်။စိုးဟာ ဘယ်အချိန်ထဲက ဒီရောဂါ

စပြီး ခံစားနေခဲ့ရတာလဲ။


သူပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်လား...

ဘဝပေးကုသိုလ်ကံကြောင့်လား။သူ့မှာ

စိုးကို စိတ်ပူနေရတာနဲ့ ကလေးကို စိတ်ပူရ

တာနဲ့ ရတက်မအေးနိုင် ဖြစ်နေသည်။


ခုလည်း မသူဇာ ယူလာပေးတဲ့ စိတ်ငြိမ်ဆေး

လေးသောက်လိုက်မှ စိုး သက်သာသွားသည်။

ဆေးသောက်ပြီးတာနဲ့ စိုး ခနလေးအတွင်း

အိပ်ပျော်သွားပါသည်။စိုး လက်ကလေးတွေ

ကိုကိုင်ရင်း အနားကမခွာနိုင်ဖြစ်နေသော

သူ့ကို ကြည့်ကာ မသူဇာ အားပေးစကား

ပြောလာခဲ့ပါသည်။


" အရမ်းလည်း စိတ်မပူပါနဲ့ အကိုလေးရယ်..

  အားလုံးအဆင်ပြေသွားမှာပါ...."


" သူ ကျတော့်ကို ခွဲသွားနိုင်လား မသူဇာ..."


" အို...ပေါက်ကရတွေ အကိုလေးရာ....စိုး

  ရောဂါက ဆေးနိုင်ရင်ပျောက်သွားမှာ...

  ရိုးရိုးမွေးမှာလည်း မဟုတ်ဘူးလေ..ခွဲမွေး

  မှာပဲကို....ခုချိန် အဆိုးဘက်ကကြီး မတွေး

  ထားပါနဲ့...စိတ်သက်သာအောင်နေပါ..."


ပြောမယ့်သာပြောရတယ်...မသူဇာလည်း

စိုးအတွက် စိတ်ပူနေတာအမှန်ပဲ။နေ့တိုင်း

ဘုရားရှိခိုးရင်း ဆုတောင်းပေးခဲ့ရတာအမော။

ကလေးရော လူကြီးရော ကျန်းမာစေဖို့က

အားလုံး ဖြစ်စေချင်တဲ့ဆန္ဒလေးမို့လား။

ကံတရားကြီးကို မရက်စက်ဖို့ မသူဇာ နတ်

ကောင်းနတ်မြတ်တွေထံ တိုင်တည်ရတာ

လည်း အကြိမ်ကြိမ်ပါပဲ။


ဆွေဆွေပြောခဲ့တာတော့ သူမတ်ို့အမေလည်း

နှလုံးရောဂါနဲ့ စိုးကို မွေးပြီးပြီးချင်း ဆုံးခဲ့

တာလို့ ပြောဖူးတယ်။စိုးကိုတော့ အခုလို

ကံတရားမျိူးနဲ့ ဇာတ်သိမ်းမသွားစေချင်ဘူး။

ပြီးပြည့်စုံသော မိသားစုဘဝလေးနဲ့ ပျော်

ရွှင်နေမယ့် စိုးကိုပဲ မြင်ချင်တယ်။


အကိုလေးခမျာလည်း စိုးကိုစိတ်ပူပြီး အလုပ်

တောင်ခနပဲသွားပြီး ပြန်လာတတ်သည်။သူ့

အိမ်ကိုလည်း မပြန်တော့ဘူး။အိမ်ပြန်မအိပ်

တော့ ဒေါ်သစ္စာ နဲနဲတော့ ရိပ်မိလာသလို ရှိ

လာတယ်။


တစ်အိမ်ထဲ အတူနေခဲ့ကြသော်လည်း သား

ဖြစ်သူက အိမ်မကပ်တော့၍ သားနဲ့ဆုံရန်

ဒေါ်သစ္စာခက်ခက်ခဲခဲ ကြိုးစားခဲ့လိုက်ရပါ

သည်။


" သက်နောင်ရေ..ဒီနေ့ရော သားလာပါ့မလား"


" မနေ့ကမလာဘူးဆိုတော့..ဒီနေ့သေချာ

  ပေါက်လာမှာပါ...."


သားနဲ့တွေ့ရဖို့အရေး ရုံးကို နေ့တိုင်းနီးပါး

ဒေါ်သစ္စာမှာ လာနေရသည်။အရင်ရက်တွေ

တုံးက ဒေါ်သစ္စာ ရောက်လာတဲ့အချိန်ဆို

သားက ပြန်သွားပြီ။အဲ့လိုနဲ့လွဲလာလိုက်တာ

ဒီနေ့တော့ တနေကုန်ထိုင်စောင့်မယ်ဆိုပြီး

ရောက်နှင့်နေတာပဲ။ဖုန်းဆက်ပြီး တကူးတက

ချိန်းလိုက်ရင် သားရိပ်မိပြီး ရှောင်နေမှာစိုးလို့

မဆက်ဖြစ်ဘူး။


သက်နောင်ကို သားအကြောင်းမေးတော့

လည်း မေးမရပေ။ဘယ်ကိုသွားလဲမေးပြန်

တော့ မသိဘူးပဲ ဖြေနေတယ်။အမှန်က ညီ

လင်းညို နှုတ်ပိတ်ထားလို့မဟုတ်ဘူး။ဦး

ဟန်မင်းညိုက သူ့မိန်းမ ဘာမေးမေး ဘာမှ

မပြောဖို့ မှာထားလို့။


ကနေ့တော့ သားနဲ့တိုက်တိုက်ဆိုင်ဆိုင် တိုးခဲ့

ပြီ။


" သား.... "


" ဟင်.... မေမေရောက်နေတယ်...ကျတော့်ဆီ

  ဖုန်းကြိုဆက်တာမဟုတ်ဘူး... "


" ငါ့သားက အလုပ်တွေများနေတယ်ထင်လို့

  ပါ....အိမ်ပြန်မအိပ်တော့လေ.... "


သားအမိနှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်

စကားပြောလို၍ သက်နောင်ကို အပြင်သွား

ခိုင်းလိုက်သည်။သက်နောင် အဲ့မှာအကြံစ

အိုက်တော့တာပဲ။သူက အလုပ်ရှုပ်ချင်ယောင်

ဆောင်ပြီး သူတို့သားအမိ ဘာတွေပြောကြ

လဲဆိုတာ ဦးဟန်မင်းညိုထံ အစီရင်ခံစာ

တင်ရမှာလေ။


" အရေးကြီးကိစ္စရှိလို့လား မေမေ.... "


" ဆိုပါတော့..... "


" ပြောပါ မေမေ..... "


" မေမေ မေးနေကျမေးခွန်းပါပဲ...သား မေမေ့

  ကို တစ်ခုခုများဖုံးကွယ်ထားသေးလား "


ဒီတစ်ခါတော့ မေမေ သိသင့်တယ်ထင်လို့ သူ

ဖြေမယ်။စိုးဟာ သူ့ဘဝ အတွက် အရေးပါဆုံး

မိန်းခလေး ဖြစ်လာခဲ့ပြီ။


" တစ်ခုမကဘူး မေမေ.... "


" ကောင်းပြီလေ.... မေမေတို့သားအမိချင်း

  ပွင့်လင်းလိုက်ကြရအောင် သား...."


" အဆင်ပြေတာပေါ့မေမေရာ...ဖြစ်သင့်တာ

  ကြာခဲ့ပြီပဲ...."


ဒေါ်သစ္စာသည် ဟော့ဒီတလောကလုံးတွင်

သားကို နားအလည်ပေးနိုင်ဆုံး မိခင်တစ်

ယောက် ဖြစ်ရပါစေမယ်လို့ မပြောရုံတမယ်

အကြည့်တွေက သက်သေပြလျက်ရှိပါသည်။


" မေမေတို့သိထားခဲ့သလိုပဲ...ကျတော် စိုးကို

  လက်ထပ်ခဲ့တယ်...သူ နာမည်နဲ့လိုက်အောင်

  အရမ်းဆိုးခဲ့တယ်...ကျတော့်ကို လှည့်စားခဲ့

  တယ်...ညာခဲ့တယ်...အဆက်အသွယ်ဖြတ်ခဲ့

  တယ်...အဆိုးဆုံးကတော့ အချစ်ကိုအလွဲ

  သုံးစားလုပ်ခဲ့တာပဲ...အဲ့အပြစ်တွေအတွက်

  သူ့ကို လက်ထပ်ခဲ့တာ...ဒါမဲ့...ကျတော်

  ထင်သလို မဟုတ်ခဲ့ပြန်ဘူး...ကိုယ့်ကိုကိုယ်

  မယုံနိုင်ခဲ့ဘူး....သူ့အပေါ်ပြန်ငြိတွယ်ခဲ့တယ်

  သူကလည်း ထင်သလောက်မဆိုးခဲ့ဘူး....

  အရာအားလုံး အစကနေပြန်စဖို့ ကျတော်တို့

  ကြိုးစားနေတဲ့အချိန်မှာပဲ ဖေဖေ့ပြသာနာက

  စလာတော့တယ်...."


ဆက်ပြောဖို့ သူ မေမေ့ကို အားနာနေမိသည်။


" ဆက်ပြောပါသား....မေမေ ဘယ်လိုမှခံစား

  ရတော့မှာ မဟုတ်ဘူး.... "


" တကယ်တော့စိုးကို ကျတော် မတရားတဲ့

  နည်းနဲ့သိမ်းပိုက်ခဲ့တာပါ မေမေ...သူက

  ကျတော့်ဆိုကြောက်လွန်းလို့ ရှောင်နေခဲ့တဲ့

  ကြားက ခုလိုအခြေအနေမျိူးတွေ ဖြစ်လာ

  အောင် ကျတော်ပဲဖန်တီးခဲ့တာပါ မေမေ...

  မေမေတို့ထင်သလို စိုးဟာ မိန်းမပျက်တစ်

  ယောက်လည်း မဟုတ်ပါဘူး...ပတ်ဝန်းကျင်

  ကောင်းမှာ မကြီးပြင်းခဲ့ရတဲ့ သနားစရာ

  မိန်းခလေးပါ....အဒေါ်လုပ်သူက မကောင်း

  တဲ့လမ်းကို တွန်းပို့ပေးခဲ့တာ..."


သား စကားတွေကို နားထောင်ရင်း ဒေါ်သစ္စာ

သက်မရှိုက်လိုက်မိပါသည်။တနေ့ကတွေ့ခဲ့

တဲ့ ကလေးမဟာ စိုး အစစ်ပဲလား။


" ကျတော်တို့အစကနေပြန်စဖို့ ကြိုးစားနေ

  တဲ့အချိန်မှာပဲ ဖေဖေ့အကြောင်းသိခဲ့ရတာ..

  ဖေဖေ့ရဲ့ အငယ်အနှောင်းက....သူ့....သူ့အမ

  ဖြစ်နေတယ် မေမေ...ဖေဖေ့အကြောင်းပဲ  

  ကျတော်သိခဲ့တယ်ထင်နေတာ...ဖေဖေက

  ကျတော့်အကြောင်းလည်းသိခဲ့တယ်....

  အတိုချူပ်ပြောရရင်...ဖေဖေ့ကိုထပ်မရှုပ်ဖို့

  ကျတော်တားခဲ့တယ်...ဖေဖေကလည်း စိုးနဲ့

  လမ်းခွဲဖို့ အလဲအလှယ်လုပ်ခဲ့တယ်..."


" သားရယ်....ပြုပြင်လို့မရတဲ့ မင်းအဖေကို

  များ တရားသွားချနေသေးတယ်...ခုရော..

  သူ ပြင်ခဲ့လို့လား..."


" ကျတော့်အထင် လူတစ်ယောက်ပြောင်းလဲ

  သွားတာဟာ လူတစ်ယောက်ကြောင့်ပဲတဲ့

  မေမေ.....ဖေဖေဘာလို့ ခုလိုတွေ ဖြစ်နေတာ

  လဲ...ကျတော့်ထက် မေမေပိုသိမှာပါ... "


" အဲ့အကြောင်းတွေ မေမေပြောပြပါ့မယ်...

  သားနဲ့စိုးရဲ့အကြောင်း ဆက်ပြောပါ "


" နောက်ပိုင်း ကျတော်စိုးနဲ့လမ်းခွဲခဲ့တယ်..ပြီး

  တော့ မေမေစိတ်ချမ်းသာအောင် ရွှေအိမ်သူ့

  ကိုလက်ခံခဲ့တယ်...အဲ့မိန်းမမွှေတာတော့...

  မေမေလည်း သိလောက်ပါပြီ...အဆိုးဆုံးက

  သူ့ဘာသာသူနေတဲ့စိုးကို စိတ်ဒုက္ခ သွားပေး

  တာပဲ...စိုးက ကျတော့်သိက္ခာကို ထည့်တွက်

  ပြီး ရွှေအိမ်သူ့ကို ပိပ်ိရိရိနဲ့လိမ်ခဲ့နိုင်တယ်..

  အဲ့အကျိူးဆက်က အားလုံး စိုးကို မိန်းမ

  ပျက် တယောက်လို့ထင်သွားတာပဲမေမေ...

  အခု စိုးမှာ ကျတော်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ "


ဒီလိုဆိုရင်တော့ သေချာနေပါပြီ။ဟိုကလေးမ

လေးဟာ စိုးမေလှိုင်ပါပဲ။


" သားရဲ့သဘောထားကရော..... "


" ကျတော် စိုးနဲ့ဘဝတစ်ခုထူထောင်ချင်တယ်

  မေမေ..... "


" အင်း....မေမေ စိုးမေလှိုင်နဲ့ စကားပြော

  ကြည့်ချင်တယ်...ခုလိုတွေ ဖြစ်လာမှတော့

  ကိုယ့်ရင်သွေးအတွက်ပဲ ခေါင်းထဲထည့်ရ

  မယ်...ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်း၇ရက်

  ကဲ့ရဲ့ ၇ရက်ပါ..."


စိုးမေလှိုင်ကို ဒုတိယ သစ္စာဘဝ အရောက်မခံ

နိုင်ပါ။ဖြစ်လာပြီဆိုမှတော့ လက်ခံပေးရ

တော့မှာပဲ။သူမ အကျင့် တကယ်ပြင်ပြီလား..

ပျောက်ပြီလားဆိုတာကို ဒေါ်သစ္စာစမ်းသပ်ရ

ပေအုံးမည်။ပြုပြင်ပြောင်းလဲလို့ ရ..မရ..သိ

ချင်သေးသည်။သူမ အမနဲ့  မိမိခင်ပွန်း ပက်

သတ်ခဲ့မှုသည် စိုးမေလှိုင်နဲ့ ဘာမှမျှ မဆိုင်

တာပဲ။ဒါဟာလည်း ဦးဟန်မင်းညိုအပေါ်

ထားရှိခဲ့သည့် ဒေါ်သစ္စာ၏ လေးနက်မှုနဲ့ပဲ

ဆိုင်ပါသည်။ခုလို သိလာရလို့လည်း အထွေ

အထူး ဝမ်းမနဲမိပါဘူး။


" ခု...သူ့ကို ဘယ်မှာထားလဲ သား.... "


" အင်းယားလမ်းမှာ စိုးကမနေချင်ဘူးဆိုတာ

  နဲ့ ကျတော်...... "


" ပွင့်ပွင့်လင်းလင်းပြောပါသား....မေမေ့ကို

  ဘာတစ်ခုမှ မဖုံးကွယ်ပါနဲ့....သားတို့ကို

  မေမေတစ်ယောက်ပဲ ကူညီနိုင်မယ်ဆိုတာ

  ယုံ...သားဖေဖေကိုလည်း လျှော့မတွက်နဲ့..

  သူ မြန်မာပြည်မှာ အကြောင်းမဲ့ကြာကြာ

  မနေဘူး...."


ဒီလိုနဲ့ သူတို့သားအမိနှစ်ယောက်က တစ်ဖွဲ့

ဖြစ်လာခဲ့သည်။စိုးနဲ့တိုက်ရိုက်မတွေ့သေးခင်

ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်ခေါက်လောက်ဆုံ

ချင်သေးသည်။သားဆီက သိရသလောက်

ကလေးမလေးမှာ နှလုံးရောဂါ ရှိနေတယ်။

ဒီရောဂါမျိူးက ကောင်းချင်တဲ့အချိန်ကောင်း

ပြီး ဖောက်ချင်တဲ့အချိန် ဖောက်လာတာ။

မိဘတွေကလည်း မရှိရှာတော့ဘူးဆိုတော့

အနီးကပ်ပြောပြပေးမယ့် လူကြီး ရှိမှကိုဖြစ်

မယ်။


သားအတွက် ဒေါ်သစ္စာ စိုးမေလှိုင်ကို နောက်

ဆုံး စာမေးပွဲစစ်ကို စစ်ရပေလိမ့်မည်။သူမ

အောင်မြင်သွားခဲ့ရင်တော့ အတိုင်းမသိ ဝမ်း

သာရမှာပဲ။လွဲချော်သွားခဲ့ရင်တော့ သား

အတွက် တဘဝလုံးစာ ရင်လေးရမှာ အမှန်

ပါပဲ။


သားက စိုးမေလှိုင်အကြောင်း သူမကိုပြော

လိုက်ရလို့ စိတ်ပေါ့သွားသည်။တဖန် မိမိ

ဆီ လှည့်ကာ....


" မေမေလည်း ကျတော့်ကိုပြောစရာရှိမှာပါ..

  တစ်ပါတ်တစ်ခါ မှော်ဘီကို သွားတတ်တဲ့

  အကြောင်းပေါ့....ကျတော် သိပါရစေ... "


" သားရယ်....အချိန်တန်ရင်မေမေပြောပြပါ့

  မယ်...အခုသားက စိုးမေလှိုင်နဲ့ ခေါင်းရှုပ်

  နေရတာမို့လား...ကလေးအတွက်လည်းပူ

  ပင်ရ....သားခေါင်းထဲကို စိတ်ညစ်စရာတွေ

  ထပ်မပုံချင်ဘူး...ဒါ မေမေ့အပြစ်တွေကို

  ဖုံးပစ်တာမဟုတ်ဘူးနော်...သား သိကိုသိရ

  မယ့်ကိစ္စ ပါ....အချိန်တန်ရင် မေမေပြောပြ

  ပါမယ်...."


အချိန်တန်ရင်ဆိုတဲ့စကားလုံးနဲ့တင် သူ ကျေ

နပ်လိုက်ရပါသည်။မေမေ ပြောပြမယ့်

အကြောင်းအရာတွေထဲ စိတ်ရှုပ်စရာတွေ

ပါလာနိုင်သေးသည်။မေမေနဲ့ဖေဖေဟာ

တစ်ယောက်တစ်မျိူးစီ ထင်တိုင်းကြဲနေသော်

လည်း သူ့အပေါ်ထားခဲ့သည့် မေတ္တာတရား

ကဖြင့် တူညီခဲ့ကြပါသည်။သူ့အနေနဲ့ မေမေ

ဟာ မိန်းမသားတစ်ယောက်မို့ မေမေနားလည်

အောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သော်ငြား

ဖေဖေနဲ့ ရင်ဆိုင်ဖို့ရာ မဝံ့မရဲ ဖြစ်နေပါသည်။

ဖေဖေ လက်မခံလည်း သူ ရှေ့ဆက်တိုးမှာပါ။

စိုးကြောင့် သားအဖချင်း ညှိရခက်တဲ့ပြသာ

နာ တွေ ဖြစ်လာမှာပဲ စိုးရိမ်တာ။


@@@@@@@@@@@@@@@@@@@


ဒေါ်သစ္စာ သားဆီက ပြန်လာပြီး စိုးမေလှိုင်

ဆီ ဖုန်းဆက်လိုက်သည်။တွေ့ချင်တယ်ဟု

ပြောပြီး စိုးတို့အနားက ကော်ဖီဆိုင်ကိုပဲ

မနက်ဖန်တွေ့ဖို့ ချိန်းခဲ့ပါသည်။သူမက နေ

သိပ်မကောင်းသေးဘူးလို့ သားဆီက သိထား

တယ်လေ။အနီးအနားမှာပဲ တမင် တွေ့ဖို့

ချိန်းလိုက်တာ ဖြစ်သည်။


ဒေါ်သစ္စာအိမ်ပြန်ရောက်သည့်အချိန်တွင်

ဦးဟန်မင်းညိုက ထုံးစံအတိုင်း အရက်ထိုင်

သောက်နေလေပြီ။ဒီလူကြီး အခုရက်ပိုင်းမှာ

နေ့ရောညရော သောက်တတ်နေသည်။အရင်

လို သူ့အငယ်အနှောင်းတွေဆီလည်း မသွားပဲ

အိမ်မြဲနေသည်။ငြိမ်နေလေ သူက ပိုကြောက်

ဖို့ကောင်းလေပဲ။


" ငါ့မိန်းမတောင်ပြန်လာပြီပဲ.....ထိုင်စမ်းပါ

  အုံး...ဒီနားမှာထိုင်လိုက်ပါအုံး.... "


သူ့ဘေးတွင် ထိုင်ဖို့ ဖိတ်ခေါ်နေပြန်သည်။

သူနဲ့ယှဥ်ပြီး ထိုင်လိုစိတ်မရှိလို့ မျက်နှာချင်း

ဆိုင်တည့်တည့် ဆက်တီခုံတွင် ထိုင်လိုက်ပါ

သည်။


" မင်းလူက်ို ငါထိမှာကြောက်တာနဲ့နေရာရွှေ့

  လိုက်တာ အရမ်းမြန်တာပဲ...မချီးကျူးပဲကို

  မနေနိုင်တော့ဘူး...ခု...မင်း ဘယ်ကပြန်လာ

  တာလဲ...."


" အဲ့လောက်ထိရှင့်ကို ပြောပြဖို့လိုသလား "


" အဟားးးး...မပြောလည်းနေဗျာ...ကျူပ်သိ

  ပြီးသား... "


" သိရင်လည်း အပိုလုပ်ပြီး ထပ်မမေးပါနဲ့

  လား....."


အရက်ကလေးနဲနဲ ဝင်လာတာနဲ့ အိမ်ကမိန်းမ

ကို ပြသာနာရှာမယ်။အရင်အပြစ်တွေ အစ

ဆွဲထုတ်ပြီး မခံနိုင်အောင်ပြောမယ်။တရား

ဥပဒေမဲ့တဲ့နိုင်ငံလို သူလုပ်ချင်ရာလုပ်လို့ရ

မယ့်ဟန်ပန်နဲ့ ခြိမ်းခြောက်မယ်။သူ မပိုင်တဲ့

ဘဝတွေကို ဒါဖြစ်ရမယ်ဆိုတဲ့ အတ္တစွဲတွေနဲ့

အတင်း ပုံဖော်ဖို့ အံဝင်ဂွင်ကျဖြစ်ဖို့ ကြိုးစား

မယ်။ဒီလူ တတ်နိုင်တာ ဒါပဲလေ...။


" ပြန်ထိုင်လိုက်စမ်း....ငါမင်းကိုပြောလို့

  မပြီးသေးဘူး.... "


" ပြောစမ်း....ဘာပြောမလဲ.... "


သူ့လုပ်ရပ်တွေသိနေတဲ့ မိမိဖို့ သူဟာ ကြာ

လေ ရွံရှာမုန်းတီးစရာကောင်းတဲ့ လူသားပဲ။


" မင်း ငါ့သားရဲ့ တက်လမ်းကို ပိတ်ဆို့ဖို့

  မကြိုးစားနဲ့...အေး....ငါ့သိက္ခာကိုလည်း

  ထိပါးဖို့ စိတ်မကူးနဲ့....ငါနွားကျခဲ့တာတွေ

  မင်းက အားလုံးသိအောင် ကြေညာချင်နေ

  တာမို့လား...ဟမ်...ငါတို့သားအဖရဲ့ချစ်ခြင်း

  ကို မင်းအစိမ်းလိုက်ခွဲချင်နေတာမို့လား...

  မင်းလုပ်ရပ်ကို ရပ်တန်းကရပ်ရင် ရပ်.. 

  မရပ်ရင် ငါ့အဆိုးမဆိုနဲ့ သစ္စာ... "


" ခြိမ်းခြောက်တိုင်း ကြောက်မယ့်ထဲ သစ္စာ

  မပါဘူးဆိုတာ ရှင်သေတဲ့အထိမှတ်ထား...

  ကျမသာ ရှင့်ကိုရည်ရွယ်ချက်ရှိရှိ သိက္ခာ

  ချချင်မှဖြင့် မဝေကို မရှင်းပစ်ခဲ့ဘူး......

  ဒါမဲ့ ရှင်က ကျမ စေတနာနဲ့ တစက်မှမတန်

  တဲ့လူပဲ....ရှင် ယုတ်မာဖို့ ထပ်ကြိုးစားတယ်

  အဲ့တော့ ကျမဘက်ကလည်း သည်းခံနိုင်

  စွမ်းကုန်သွားပြီ...ရှင်ပြောတဲ့ အမှန်တရား

  တွေပဲ သားသိသွားမှာပါ....ရှင်လည်းသိနေ

  ပြီမို့လား....ဘာများ ကျမ ဖုံးကွယ်နေရ

  အုံးမလဲ...သားသိမယ့်အမှန်တရားတွေ

  ကြား...သူ့အမေညဏ်နဲခဲ့တာပဲ အပြစ်ဆို

  ပြီး ပြောစရာရှိတာ....ရှင်သာ အေးအေးလူ

  လူနေပါ...ဦးဟန်မင်းညို...သားရဲ့အမုန်း

  တရားတွေနဲ့ မသေဆုံးချင်ဘူးဆိုရင်ပေါ့.."


သူမပြောသွားသည့် စကားလုံးတိုင်းဟာ သူ

နားခါးစေတဲ့ စကားလုံးတွေကြီးပဲ။ရင်ထဲမှာ

နာကျည်းသွားတယ်။သူ့အကျင့်က...ဘယ်

လောက်ဒေါသထွက်ပါစေ လူမမြင်အောင်

သိုသိပ်စွာနဲ့ အတွင်းစိတ်မှာ ဖုံးကွယ်နိုင်တာ

ပဲ။ရန်သူအင်အားနဲတဲ့အချိန်ကျမှ နလန်မထူ

အောင် အပြတ် အဆုံးသတ်ပစ်တတ်တာပဲ။


" ဒီမယ် သစ္စာ...ငါတို့နှစ်ယောက်လုံးက အား

  နဲချက် ကိုယ်စီရှိနေတာ မင်းမမေ့သင့်ဘူး...

  မင်းလည်း ထောင်ထဲမှာ သေတဲ့အထိနေ

  မသွားချင်ဘူးဆိုရင်...အပြောအဆိုလေး

  ဆင်ခြင်သင့်တယ်...တချိန်က ဘယ်လောက်

  ချစ်ခဲ့ပါစေ....အခြေအနေအမျိူးမျိူးမှာ

  ရန်သူတွေလည်း ဖြစ်သွားနိုင်တာပဲ..ကိုယ့်

  အသက်ကို နှမြောတတ်ပါစေ....ကျူပ်ဆိုတဲ့

  ကောင်က...ကျူပ်လျှောက်မယ့်လမ်းဖြောင့်

  ဖြူးတာပဲလိုချင်တာ....ခလုတ်ကသင်းမှန်

  သမျှ အကုန်ရှင်းပစ်တတ်တယ်..."


​သြော်....ရှင့်ရဲ့ ပစ်မှတ်က ဒေါ်သစ္စာဆိုတဲ့

ကျမ ဖြစ်သွားပြီလား။


" ကိုယ့်အပြစ်တွေအတွက် ဥပဒေအတိုင်း

  ရှင်းရကြေးဆို...ကျမ လိပ်ပြာသန့်သန့်

  ထောင်ထဲဝင်မယ်...လူတစ်ယောက်ကို

  သတ်ခဲ့မိခြင်းက သားအတွက်မို့..ကျမက

  အပြုံးမပျက်ဘူး....နာကျည်းစိတ်တစ်ခုထဲ

  နဲ့ ဘာမဆိုလုပ်ရဲတတ်တယ်ဆိုတာ လူတိုင်း

  လက်ခံနိုင်တယ်...ယုတ်မာမှုတွေ...မသမာ

  မှုတွေ ကင်းတယ်...ရှင်ကသာ သားရဲ့အဖေ

  အရင်းတယောက်လုံးကို အတ္တစိတ်နဲ့သတ်

  ဖို့ကြိုးစားခဲ့တာ....ဘယ်သူက ပိုပြီးသိက္ခာ

  ရှိလဲ ရှင်တွေးတတ်မှာပါ... "


ယခုစကားဝိုင်းသည် သူနိုင်ကိုယ်နိုင် ပြောနေ

ကျတာ ဖြစ်သော်လည်း ဟန်မင်းညိုသည်

သူ ချေပစရာ စကားလုံးရှားသွားတဲ့အခါ

ဒေါသတွေ အပြင်အနဲငယ်လျှံထွက်လာပြီး

နောက် အရက်၏ တွန်းအားပေးမှုကြောင့်

စိတ်ရိုင်းဝင်ကာ ဒေါ်သစ္စာရဲ့ ပါးကိုနှစ်ချက်

ဆင့်ရိုက်လိုက်တော့သည်။


" ကဲကွာ....ကဲ....သေစမ်း....အရှက်မရှိတဲ့

  မိန်းမ....လင်တစ်ယောက်လုံးရှေ့...မောက်

  မာပြချင်တဲ့မိန်းမ...ထွက်သွားစမ်း..ကြာရင်

  ကျူပ်လူသတ်မိလိမ့်မယ်.... "


" တောက်စ်...အယုတ်တမာကောင်....ကိုယ့်

  သမီးအရွယ်လေးတွေကို ငွေပေးပြီး..ဘဝ

  ပျက်လမ်းပို့တဲ့ကောင်....လူမဆန်တဲ့ကောင်"


ဒေါ်သစ္စာသည် သူ့အပေါ် တစ်စက်ကလေးမှ

ကြောက်စိတ်မရှိပါ။မိမိအား ကိုယ်ထိလက်

ရောက် ကျူးလွန်လာ၍ တသက်လုံးထိန်း

ထားခဲ့သမျှ ဒေါသတွေ တောင်ကမ်းပါးပြို

သလို အရှိန်နဲ့ လိမ့်ကျလာပြီး နှုတ်ကြမ်း

လျှာကြမ်းဖြင့် နာအောင်ပြောမိခဲ့တော့သည်။


" ဘာဖြစ်လဲ...... ကျူပ်ရှာတဲ့ငွေနဲ့ ကျူပ်

  ပျော်တာ...ဘာဖြစ်လဲ.....ပြောရင်း ဒေါသ

  တော်တော်ထွက်နေပြီ....မင်း မသေချင်ရင်

  ငါ့မျက်စိရှေ့က ထွက်သွားစမ်း.... "


ဒေါ်သစ္စာ ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး

သူ့အား စေ့စေ့ကြည့်ကာ....


" ရှင်လူမဆန်ခဲ့တဲ့အကြောင်းတွေ...သား သိ

  စေရမယ်....သားရဲ့အမုန်းတရားတွေ..ရှင်

  သေတဲ့အထိ သယ်သွားစေရမယ်...အဲ့ဒါ

  ကျမရဲ့ကျိမ်စာပဲ.... "


ပြောပြီးသည်နှင့် သူ့အပါးက ထွက်လာခဲ့

တော့သည်။သူနဲ့ ဘယ်တော့မှ မျက်နှာချင်း

မဆိုင်ဖို့ ဆုံးဖြတ်ချက်တွေနဲ့ တစ်ခါထဲထွက်

လာခဲ့တာဖြစ်သည်။


ဦးဟန်မင်းညို ဘာဆက်လုပ်ရမှန်းမသိ

အောင် ပြာယာခတ်ကုန်သည်။ပစ်မှတ်က

ဒေါ်သစ္စာရဲ့ အဆက်ဟောင်းကိုအရင်ရှင်း

မယ်။ပြီးရင် သူ့မိန်းမကို မသတ်ရက်လို့

စိတ်ဖောက်ပြန်လာအောင် ဆေးကျွေးမယ်။

အနားမှာရှိစေချင်ခဲ့တာမို့ စိတ်မနှံ့လည်း

သူ့အနား နေမယ်ဆိုရင် ရပြီ။နောက်မှ စိုးမေ

လှိုင် မွေးလာမည့် သူ့မျိုးဆက်သစ်လေးကို

ရအောင် ယူမယ်။ဒီဟာမကို ငွေလုံလုံလောက်

လောက်ပေးပြီး ကန်ထုတ်မယ်။စိုးမေလှိုင်

လက်မခံခဲ့ရင် တစ်ခါထဲ သတ်ပစ်မယ်။

အားလုံးပြီးဆုံးသွားမှ သားကို သူကိုယ်တိုင်

လက်ထပ်ပေးမယ်။


ဘယ်လောက်ကောင်းတဲ့စိတ်ကူးလဲ...။အရှုပ်

ထုပ်တွေကို တစ်ခုချင်းစီရှင်းပစ်ဖို့ ကျကျနန

အစီအစဥ်ဆွဲထားခဲ့ပြီးပြီ။အခု သူ့မိန်းမ

ကြောင့် အားလုံးဟာ ကမောက်ကမ ဖြစ်

သွားလေပြီ။ဒေါ်သစ္စာရဲ့ အဆက်ဟောင်း

ဘယ်မလဲ အခုထိရှာမတွေ့သေး။ဒီကြားထဲ

ဒေါ်သစ္စာက သူမသိစေချင်တဲ့အကြောင်း

တွေကို သားနားထဲ အရောက်ပို့တော့မယ်။


ခုပုံအတိုင်းဆို သူ့အတွက် အန္တရာယ်အရှိဆုံး

လူက သူ့မိန်းမပဲ။


ဦးဟန်မင်းညိုသည် အရက်ကြောင့်လား..

စိတ်တွေ အင်မတန်ထွေပြားလာသည်။လူ

တွေရဲ့ အတ္တစိတ်သည် သိပ်ကြောက်စရာ

ကောင်းလွန်းလှသည်။သူ့အတွေးအာရုံထဲ

ဒေါ်သစ္စာ..ဦးကျော်ကြား...စိုးမေလှိုင်တို့က

တစ်လှည့်စီ လာဟားတိုက်နေကြသည်။


အဲ့အာရုံတွေကို သူတကယ်ထင်ပြီး မြင်မြင်

သမျှအရာတွေအား ရိုက်ခွဲဖျက်ဆီးပစ်နေ

တော့သည်။အိမ်အကူမလေးက သူ လွတ်နေ

တဲ့ပုံကိုကြည့်ရင်း အိမ်တွင်မနေရဲတော့ပဲ

ဆင်းပြေးသွားသည်။


ထိုအိမ်ကြီးထဲတွင် သူ တစ်ယောက်ထဲသာ

ကျန်ခဲ့လေသည်။သို့သော် အိမ်နီးနားချင်း

တွေက သူ အော်ဟစ်သောင်းကျန်းသံတွေ

ညတိုင်းနီးပါး ကြားနေရလေရဲ့။ဘယ်သူ

ထင်မလဲ....ဦးဟန်မင်းညိုလို လူကို ယဥ်ယဥ်

လေးနဲ့ လွတ်သွားမယ်လို့.....။


*******************************************


အခန်း (15) မျှော်


Author 😍 A Mon Ko 😍


rate now: