book

Index 13

အခန်း(13)

  • Author : A Mon Ko
  • Genres : Romance, Drama

ဒေါ်ညွန့်ဝေ သေဆုံးမှုနှင့်ပက်သတ်ပြီး ဆေး

စစ်ချက်အဖြေ ထွက်လာခဲ့ပြီးနောက် အေးမာ

ကို တရားခံအဖြစ် ရဲတွေဖမ်းသွားကြပါသည်

မမျှော်လင့်ထားတာတွေ ဖြစ်သွားခဲ့တာမို့

ရွှေအိမ်သူ အကြီးအကျယ် စိတ်သောက 

ရောက်ခဲ့ရပါသည်။ဒေါ်သစ္စာက ရွှေအိမ်သူကို

ဟန်ပါပါနဲ့ အားပေးနှစ်သိမ့်ခဲ့သော်လည်း

ညီလင်းညိုသည် သူ့အစီအစဥ်အတိုင်း

သတင်းစာထဲတွင် စေ့စပ်ပွဲဖျက်သိမ်းကြောင်း

ကြေညာလိုက်ပါသည်။


ထိုအကြောင်းအရာ ခေါင်းစည်းပါသည့်ယနေ့

ထွက် သတင်းစာကို ဖတ်ရင်း စိုး မျက်လုံး

လေး အရောင်လက်လာခဲ့ပါပြီ။မသိမသာ

လေး စူထွက်လာသော ဗိုက်ကလေးကို လက်

တစ်ဖက်ကကိုင်ရင်း......  ဝမ်းနဲ ဝမ်းသာ

ဖြစ်ခဲ့မိပါသည်။မိမိအတွက်လည်း တစ်ပူ

အေးသွားသလို ခံစားရပါသည်။


ထိုအခိုက်မသူဇာက ငမိုင်းဆီက ကြားလာခဲ့

သော သတင်းကို စိုးအား ပြောပြလာတော့

သည်။


" အင်း...စိုးရေ...ရွှေအိမ်သူကတော့ သူ့စရိတ်

  နဲ့ သူသွားရှာပြီ... "


စိုး ထင်ထားတာက စေ့စပ်ပွဲဖျက်သိမ်းခံရတဲ့

အကြောင်းကို သူမ မသိသေးဘူးထင်၍ 

မကြီး ပြောပြနေတယ်ပဲ ထင်ခဲ့တာ။


" ကိုကြီးနဲ့ကိစ္စကိုပြောတာလား "


" အာ့ဒါလည်း ပါတယ်...တနေ့ညက သူ့အမေ

  အသတ်ခံရတယ်လေ..."


" ဟယ်....ဟုတ်လား....ဘယ်သူသတ်တာ

  လဲ...သနားပါတယ်မကြီးရယ် "


" ကြားတာတော့...သူတို့အိမ်က အိမ်အကူ

  သတ်တယ်ပြောတာပဲ...ကြည့်ရတာ သူတို့

  သားအမိ တော်တော်ဆိုးခဲ့ပုံပဲ... "


" အို.....ဘယ်လောက်တောင်စိတ်နာနေမှန်း

  မသိဘူး.... "


ရွှေအိမ်သူ့သတင်းတွေကြားရတာလည်း

တစ်ခုမှ ကောင်းတာမရှိပါလား။ဘဝဆိုတာ

တသမှတ်ထဲ သွားတာမျိူးမဟုတ်ပဲ အချိူး

အကွေ့တွေ များလွန်းမှန်း ရွှေအိမ်သူ သက်

သေ ပြသွားခဲ့သလိုပါပဲ။သူမမှာ အမေတစ်

ယောက်လုံး ဆုံးရှုံးသွားတဲ့ကြားက စေ့စပ်ပွဲ

ပါ လူသိရှင်ကြား အဖျက်ခံရပြန်တယ်။


ဘယ်လောက်တောင် ပေါက်ကွဲနေရှာမလဲ...

စိုး ကိုယ်ချင်းစာပေးလို့ရပါသည်။စိုးကသာ

သူမအပေါ် ဂရုဏာသက်ပြီး ခံစားပေးနေခဲ့

တာ။ရွှေအိမ်သူကဖြင့် စေ့စပ်ပွဲဖျက်သိမ်းခံ

ရတာသည် စိုးကြောင့်လို့ တဖက်သတ်စွဲချက်

တင်ပြီး စိုးကို ချောက်ထဲတွန်းချဖို့သာ တွေး

နေတော့သည်။အမေတစ်ယောက်လုံး သတ်ခံ

ရတဲ့ကိစ္စကိုပင် ၂၄နာရီပြည့်အောင် ခံစား

မနေပဲ မဆီမဆိုင် စိုးကို ဆွဲထည့်ကာ ပြသာနာ

ရှာဖို့ တွေးနေတော့သည်။


လက်တွေ့တွင် စိုးကို ဒုက္ခပေးမှာက နောက်..

သူမသာ ဒုက္ခ အရင်တွေ့နေလေပြီ။မာမီက

အခုနေတဲ့တိုက်ကို ဘယ်အချိန်က သွားပေါင်

ထားခဲ့လဲမသိ....ပြန်ရွေးဖို့ အကြွေးရှင်တွေ

လိုက်လာပါသည်။ဒါတွေရဲ့ အဓိက တရားခံ

က သူမကိုယ်တိုင်ပါပဲ။သူမ ဖဲကြွေးတွေဆပ်

ဖို့ မာမီ အိမ်ကိုပေါင်ခဲ့တာပါ။


သူမ မှာပြန်ရွေးစရာ ဘာငွေမှမရှိဘူး။အကူ

အညီတောင်းစရာလူဆိုလို့ သူရ တယောက်ပဲ

ရှိခဲ့ပါသည်။ဇေယျကိုကျတော့ ဖွင့်ပြောဖို့ရာ

နှုတ်လေးနေခဲ့သည်။


" ငွေဘယ်လောက်လိုတာလဲ.... "


" သိန်း ၅၀၀... "


" အားပါးပါး....ချေးတာတော့ဟုတ်ပါပြီ...

  နင်ဘယ်လိုပြန်ဆပ်မလဲ... "


" ငါမတွေးတတ်တော့ဘူးဟာ.... "


" နင်သိပ်မှားတယ် ရွှေအိမ်သူ...နင်ကမှားတာ

  မဟုတ်ဘူး...မိုက်ခဲ့တာ...ညီလင်းညိုကို

  စိတ်ပျက်အောင်မလုပ်ခဲ့ဘူးဆိုရင် နင့်ဘဝ

  က...ခုချိန် အေးဆေးပဲ ဖြစ်နေမှာ... "


" ဟုတ်တယ်...ငါ့ဘဝအခုလိုကမောက်ကမ

  ဖြစ်ခဲ့တာ စိုးမေလှိုင်ကြောင့်ပဲ... "


" ကျစ်..... နင့်ကို ငါစိတ်ပျက်တာလည်း...

  အဲ့ဒါတွေပဲ...ထားပါ...ငါတော့မကူညီနိုင်ဘူး

  ဒယ်ဒီ့ကိုပြောပေးမယ်...ဒီလောက်ပဲတတ်

  နိုင်တယ်... "


အဲ့လိုနဲ့ ဦးကျော်ထင်ဆီ သူမ ရောက်သွားပြန်

တယ်။ဦးကျော်ထင်ဆိုတဲ့လူကြီးက နဂိုထဲက

ဖွန်လိုင်း သီးသန့်လေ။သိန်း ၅၀၀ ပေးမယ်..

သူမဘက်က ဘဝပြန်ပေး...ဒါပဲ။ဝဋ်ဆိုတာ

နောက်ဘဝ ကူးမယ်များထင်နေသလား။

မဟုတ်ဘူးနော်...အကုသိုလ်ကံများလာတဲ့

အခါ ဝဋ်ကြွေးဆိုတာ ခပ်မြန်မြန်ဆပ်ရတတ်

တယ်။


သူမမှာ ရွေးစရာလမ်း မရှိခဲ့ဘူး။မနှစ်မြို့ပေ

မယ့် ခြေတော်တင်ခံလိုက်ရတာပဲ။သူ့အဖေ

ဘယ်လောက် ယုတ်မာလဲဆိုရင် သိန်း၅၀၀ကို

ချက်ချင်းမပေးဘူး။ငါးခါ ခွဲပေးတယ်။သူမ

လည်း နောက်ဆုံးတော့ ဦးကျော်ထင်ရဲ့

အသုံးတော်ခံ ဘဝ ရောက်မှန်းမသိ ရောက်

သွားခဲ့တာပဲ။အမြဲတမ်း ငွေလိုနေတဲ့ သူမ

အတွက် ရွေးချယ်စရာ လမ်းက တလမ်းပဲ

ရှိခဲ့တယ်။


ဦးကျော်ထင်ဆီက ငွေ တောင်းသလောက်မရ

တော့သည့်အခါ ဘဝပေးပြီး ပြန်ရွေးထားတဲ့

တိုက်ကို သူမ ကိုယ်တိုင်ရောင်းခဲ့တယ်။အခု

တိုက်ခန်းလေး ပြန်ဝယ်ပြီး ဟန်မပျက် နေ

ခဲ့တယ်။ဖဲဝိုင်းကိုလည်း သွားမြဲ သွားဆဲ။

ကိုယ့်ကြောင့် ပျက်စီးခဲ့ရတဲ့ဘဝကို စိုးပဲ

လုပ်ခဲ့တာလိုလို အငြိုးအတေးတွေက ထား

ဆဲပဲ။အခါအခွင့်သင့်ရင် စိုးကို လုပ်ကြံဖို့

သူမ အားမွေးနေခဲ့ပြန်တယ်။


အားလုံးက သူ့နေရာနဲ့သူ အသားတကျ ဖြစ်

နေခဲ့ကြပြီ။ညီလင်းညိုသည်လည်း ကိုယ်ပိုင်

Company တစ်ခုကို အောင်မြင်စွာ ထူထောင်

နိုင်ခဲ့ပြီ။ဇေယျကျော်ကလည်း စိုးဆီက ဘာ

တစ်ခုမှ မမျှော်လင့်ပဲ နှမလေးတစ်ယောက်လို

စောင့်ရှောက်ရင်း သူ့အလုပ်မှာပဲ စိတ်နှစ်ထား

ခဲ့ပါသည်။


အချိန်တွေသည် တစစ အကုန်မြန်လာခဲ့လေ

ပြီ။စိုး ဘယ်မှာလဲ ညီလင်းညို လုံးဝ လိုက်

မရှာခဲ့ပါ။မချစ်လို့ ပစ်ထားခဲ့တာ မဟုတ်ပဲ

သူနဲ့ပက်သတ်ပြီး ရွှေအိမ်သူ ဒုက္ခသွားပေးမှာ

စိုးရိမ်ခဲ့လို့ မရှာတာဖြစ်လေသည်။


အချိန်နဲ့အမျှ စိုးရဲ့ ဗိုက်ကလေးသည်လည်း

သိသိသာသာ ပူလာခဲ့ပါသည်။ငမိုင်း စုံစမ်း

နေသည့် ကိစ္စဟာလည်း သေချာသလောက်

ရှိပြီမို့ ညီလင်းညိုကို ပြောပြရန် ကြိုးစားနေ

စဥ်မှာပဲ ငမိုင်းနဲ့ဆွေဆွေ ချစ်သူတွေဖြစ်နေ

ကြတာ စိုး သိသွားခဲ့ပါသည်။


အဲ့နေ့က စိုး အိပ်ပျော်နေတယ်အထင်ဖြင့်

ဆွေဆွေသည် ငမိုင်းနဲ့ အရဲစွန့်ကာ သွား

တွေ့ဖြစ်ခဲ့ပါသည်။ဆွေဆွေ အိမ်ကစထွက်

သွားထဲက သူမစိတ်ထဲ ထစ်နေ၍ ဆွေဆွေ့

နောက်က မသိအောင် လိုက်ချောင်းခဲ့တာ

ဖြစ်ပါသည်။


သူတို့နှစ်ယောက်ကို မြင်လိုက်ရသည့်အခိုက်

စိုး အရမ်းအံ့သြမိခဲ့ရပါသည်။သူတို့ကလည်း

စိုးကိုမြင်ရုံနဲ့ အပြစ်သားတွေလို ငြိမ်ကျသွား

ခဲ့ပါသည်။စိုးအနေနဲ့  သူတို့ချစ်ခြင်းကိုခွဲဖို့

အစီအစဥ်မရှိပါဘူး။သို့သော် အမကိုယ်တိုင်

သူမ အပေါ်မရိုးသားခဲ့တာ စိတ်မကောင်းဖြစ်

မိတယ်။ကိုကြီး...စိုးအကြောင်းသိမှာ ဘယ်

လောက်စိုးရိမ်ခဲ့လဲ...ဆွေဆွေအသိဆုံး။


သူမ ပက်သတ်နေတဲ့လူက ကိုကြီးရဲ့ အရင်း

နှီးဆုံး သူငယ်ချင်း။နောက်ဖြစ်လာမယ့်

အကျိူးဆက်တွေကို အမ တကယ်ပဲမသိတာ

လား။


" ငါတောင်းပန်ပါတယ် စိုးရယ်...ငါ..ငါ.. "


" တော်ပါပြီ...သူ့ကို အိမ်ခေါ်ခဲ့... "


စိုးက အငယ်ဆိုပေမယ့် အကြီးနေရာ ခန

ယူကာ မျက်နှာပူပူနဲ့ပဲ ငမိုင်းကို အိမ်အထိ

လိုက်လာဖို့ ပြောလိုက်ရသည်။စိုးကတော့

ဇာတ်လမ်းတွေပြတ်အောင် အမြစ်ပါမကျန်

သုတ်သင်ရှင်းလင်းခဲ့တယ်။ဆွေဆွေက 

ကိုကြီးရဲ့ အစွယ်အပါးတွေနဲ့ မရ ရအောင်

သွားနွယ်ခဲ့တယ်။ဖြစ်လာပြီဆိုမှတော့ ဘယ်

လိုစိတ်မျိူးနဲ့ အပြတ်ဖြတ်ခိုင်းရမလဲ။ကိုယ့်

အမလို လူမျိူးကို အချစ်စစ်အချစ်မှန်နဲ့

တွယ်တာနေတဲ့ ငမိုင်းကိုပဲ ကျေးဇူးပြန်တင်

ရမယ့် အနေအထား။


စိုးတို့သုံးယောက် ခြံထဲဝင်လာတော့ အဝတ်

လှမ်းဖို့ ပြင်ဆင်နေတဲ့မသူဇာ မျက်လုံးပြူး

သွားတယ်။ကိုင်လက်စ အဝတ်လေးပင်

ဇလားထဲ အံဝင်ဂွင်ကျ ပြုတ်ကျသွားသည်။

စိုးမေလှိုင်ပါ....ရိပ်မိသင့်သလောက် ရိပ်မိ

နေပါပြီ။ခေါင်သူကြီးက မသူဇာမှန်း သိနှင့်

နေပြီးသား။ညညဆို နှစ်ယောက်သားက 

တော်ရုံနဲ့ အိပ်ကြတာမဟုတ်ဘူး။တတွတ်

တွတ်နဲ့ စကားတွေ များနေကြတာ။စကားနဲ

ပါတယ်ဆိုတဲ့ အမတောင်မှ အချစ်နဲ့လည်း

တွေ့သွားရော မသူဇာကို သူ့ချစ်သူအကြောင်း

စမြုံ့ပြန်ပြီး အားပါးတရ ဖောက်သည်ချနေ

လိုက်တာ မယုံနိုင်စရာပဲ။


စိုးက ရှေ့မှဦးဆောင်လျက် မသူဇာကိုပါ

မျက်စောင်းလေးခဲရင်း...


" မကြီးပါ လိုက်လာခဲ့.... "


စိုးကလွဲရင် ကျန်တဲ့လူအကုန်လုံး အပြစ်သား

တွေပဲ။စိုးသည် တကယ့်လူကြီးပေါက်စလေး

လို ကိုယ့်ထက်အကြီးသုံးယောက်အား မျက်

နှာထိ မျက်နှာထားနဲ့ ခြုံကြည့်ပစ်လိုက်သည်။

ကိုယ့်က်ိုကိုယ်လည်လှပြီထင်နေသော ဆွေ

ဆွေပင် ညီမဖြစ်သူ မျက်နှာအား စေ့စေ့

မကြည့်ရဲပေ။


စိုးသည် တစ်ခုခုကို စပြောဖို့ရာ သက်ပြင်း

ရှည်ကြီး ဆွဲချလိုက်ပါသည်။


" စိုးအနေနဲ့  ကန့်ကွက်စရာမရှိပါဘူး...စိတ်

  မကောင်းတော့ဖြစ်မိတယ်...လူလေးသုံး

  ယောက်ရှိပါတယ်...စိုးပဲ မသိရတာလေ "


" ဆရာလည်း မသိပါဘူး စိုးရဲ့... "


မသူဇာက ဇေယျကျော်ကိုပါ မိသားစုစာရင်း

ထဲ ပေါ်တင်ကြီး ထည့်ပစ်လိုက်တာ ငမိုင်း

သဘောမတွေ့ဘူး။


" သူ သိတာ မသိတာ ဘာများထူးလာမှာမို့လို့

  လဲ...စိုးက ညီမအရင်းခေါက်ခေါက်လေ...

  မပြောပဲထားတာတော့မကောင်းဘူး... "


" ကျတော်တစ်ခုလောက်သိခွင့်ရှိမလား စိုး.."


" မေးလေ... "


မေးလေသာ ပြောရတယ်...စိုးအတွက် သိပ်

မသေချာချင်တော့ဘူး။ဆွေဆွေ့ကို သံသယ

စိတ်နဲ့ လှမ်းကြည့်ဖြစ်သေးတယ်။သူမက

ငမိုင်းမမြင်အောင် နောက်ကနေ လက်ခါပြ

ရှာပါတယ်။မပြောရသေးဘူးပေါ့...မပြောရ

သေးလည်း ဟော့ဒီဗိုက်ကြီးကို သူ မြင်ပြီး

သွားပြီလေ။ပြီးတော့ ဟိုးတလောက 

ကိုကြီးပုံနဲ့ ဂျာနယ်တစ်ခုမှာ အောင်မြင်သော

လုပ်ငန်းရှင်ဆိုတဲ့ ခေါင်းစဥ်နဲ့ ပါခဲ့သေးတယ်။

စိုးတောင် အလွမ်းပြေ ကိုကြီးပုံလေးကို ကတ်

ကြေးနဲ့ ကွက်ပြီးညှပ်ယူထားမိသေးတယ်။


" စိုး...အဲ့ကိုယ်ဝန်က.... "


" မဟုတ်ဘူး.... "


" ဟုတ်တယ် မောင်လေး... "


" မကြီး.... "


စိုးကဖုံးဖိဖို့ ကြိုးစားတယ်...မသူဇာက မရ

မက ထပ်ဖော်ပေးတယ်။ဘယ်လောက်ထိ

ကိုယ့်က်ိုကိုယ် နှိပ်စက်ခံပြီး ညာနေအုံးမှာလဲ။

အဲ့လောက်ထိ လုပ်ဖို့မှ မလိုတော့တာ။ညီလင်း

ညို ဘေးမှာ ရွှေအိမ်သူလည်း ရှိမနေတော့

ဘူး။အဲ့လိုပဲ စိုးကလည်း သူမဘေး ဆရာက

လွဲရင် ဘယ်သူ့ကိုမှ အကပ်ခံခဲ့တာမဟုတ်

ဘူး။မိခင်တစ်ယောက်စိတ် တကယ်မွေးထား

တယ်ဆိုရင် လူ့လောကထဲ မကြာခင်ရောက်

လာတော့မယ့် ကလေးရဲ့ အနာဂတ်ကိုကြည့်

သင့်တယ်။


" ဘာကိုဖုံးကွယ်ချင်နေရတာလဲ စိုးရယ်..ဒါ

  အမှန်တရားပဲ...ကလေးအတွက် မာနတွေ

  လည်း ထားမနေပါနဲ့တော့...ဘဝကို လက်

  တွေ့ကျကျပဲ ဖြတ်သန်းတာကောင်းမယ်စိုး."


" မသူဇာပြောတာမှန်တယ် စိုးရဲ့...ညီလင်းညို

  သာ သိရင် သိပ်ပျော်ရှာမှာ..သူ  စိုးကိုဘယ်

  လောက်ချစ်ခဲ့လဲ..မင်းအသိဆုံးပါ..."


" ကိုကြီးကို စိုးသိပ်ချစ်ပါတယ်...ဒါမဲ့.. သူ့

  အဖေကို စိုးမုန်းတယ်....မပက်သတ်ဖို့

  ပေးထားခဲ့တဲ့ကတိ စိုး မဖျက်ချင်ဘူး...

  ဒီကလေးကို စိုးမှာရှိသမျှ အင်အားနဲ့ရ

  အောင် မွေးမှာပါ...သွားမပြောကြပါနဲ့...

  ကိုကြီး သိသွားလို့ လိုက်လာရင်..စိုး

  ဒီကနေ ထပ်ပြောင်းနေအုံးမှာပဲ "


စိုးသည် နောက်ဆုံးအချိန်ထိ ခေါင်းမာဖို့

ဆုံးဖြတ်ထားပုံရသည်။ငမိုင်းက ညီလင်းညို

ကို ပြောမှာပဲ။လူချင်းမတွေ့ရသေးလို့ စိုး

အဲ့လောက်ထိ ခေါင်းမာနေတာ။


" ကောင်းပြီ စိုး....ဘယ်ကိုမှထွက်မသွားပါနဲ့..

  ညီလင်းညိုမသိစေရပါဘူး "


" စိုးဘက်ကတော့... ဆွေဆွေနဲ့ပက်သတ်ပြီး

  ဘာမှပြောစရာမရှိပါဘူး...စိတ်မကောင်း

  ဖြစ်တာကလွဲရင်ပေါ့...ပြီးတော့ စိုးကြောင့်

  လည်း အမတို့က်ို မထိခိုက်စေချင်ပါဘူး..."


" အကို့ဘက်က ဆွေဆွေ့ကို တရားဝင်လက်

  ထပ်ယူမှာပါ စိုး....အကိုကြိုးစားနေပါတယ်

  ဘယ်အရာမှ မမှုဘူး...အဲ့အတွက်ကို မစိုး

  ရိမ်ပါနဲ့.... "


ဆွေဆွေ့ကိုယ်စား စိုး အရမ်းပျော်ခဲ့ရပါသည်

ကိုယ်တိုင် အချစ်ရေးမှာကံခေခဲ့ရပေမယ့်

အမကိုတော့ စိုးလို မဖြစ်စေချင်ခဲ့ပါဘူး။

အမ ဘဝဟာ အတိတ်ကအရိပ်မည်းသာ

မရှိခဲ့ရင် သူ့ကို လိပ်ပြာသန့်စွာနဲ့ ချစ်နေအုံး

မှာ။ခုဖြင့် ဆွေဆွေ့ခမျာ ကိုယ့်ကိုကိုယ် သိမ်

ငယ်နေရှာသည်။ပတ်ဝန်းကျင်ကို ရင်ဆိုင်ဖို့

ကြောက်နေသလိုပင်။ပက်သတ်ခဲ့မိတဲ့လူက

ဦးဟန်မင်းညို၏ သားနဲ့ သူငယ်ချင်းအရင်း

ကြီး။သိသိရဲ့နဲ့ ချစ်ပေးခဲ့တဲ့လူမို့ ဆွေဆွေ

သူ့  ကို ပိုပြီး မေတ္တာပိုခဲ့ရပါသည်။


ရှေ့မှာ ခယောင်းလမ်းပဲရှိမလား...ဆူးခင်း

လမ်းပဲရှိမလား မသေချာပေမယ့် ငမိုင်းက

ဆွေဆွေ့လက်ကိုဆွဲကာ ဘာမဆိုရင်ဆိုင်

မယ်ဆိုတဲ့ သတ္တိတွေ အပြည့်ရှိနေခဲ့ပါတယ်။


စိုးသည် ငမိုင်းအပေါ် ယုံကြည်မှုအပြည့် မရှ်ိ

ခဲ့ပါဘူး။သူ့ဘက်က မသိစေရဘူးလို့ ပြော

သွားတဲ့ စကားကိုလည်း မယုံရဲခဲ့တာမို့

ဘယ်သူမှမသိအောင် လက်တဆွဲစာ အိတ်

ကလေး ပြင်ထားခဲ့ပါသည်။ဆွေဆွေက 

မကြာခင် ဘဝတစ်ခုကို ကျကျနန တည်

ဆောက်ရတော့မှာမို့ စိုးကြောင့် သူတို့ချစ်သူ

ချင်း ဝေးကွာသွားရမယ့်အဖြစ်မျိူး အဖြစ်

မခံချင်ပါ။


ငမိုင်းက စိုး မှန်းဆထားခဲ့တဲ့အတိုင်း ညီလင်း

ညိုဆီ သွားပြောပြခဲ့ပါသည်။ကြားကြားချင်း

မယုံနိုင်အောင်ဖြစ်သွားပြီး တခဏလေး စွံ့အ

သွားခဲ့သည်။


စိုးမှာ သူ့သွေးသားလေး ပိုင်ဆိုင်ထားပြီတဲ့။

ကြည်နူးရမယ့်အစား သူ ပျက်ကွက်ခဲ့သောယတာဝန်တွေကြောင့် ဝမ်းနဲလာသည်။


" စိုး အခုဘယ်မှာလဲ... မင်းသိတယ်မို့လား...

  ငါ့ကို လိုက်ပို့ပေးစမ်းပါ... "


" ခနလေးနေပါအုံး ညီလင်းညိုရာ...ငါ့စကား

  ဆုံးအောင် နားထောင်ပါအုံး...မင်းအလော

  တကြီးသွားတွေ့လို့ရမယ့် အနေအထားမျိူး

  မဟုတ်သေးဘူး...စိုးက ထင်ထားတာထက်

  ခေါင်းအရမ်းမာတယ်... "


စိုးအကြောင်း သူ ကောင်းကောင်းကြီး သိတာ

ပေါ့။ဒါ သူဖြေရှင်းလို့ရနိုင်တဲ့ အသေးအဖွဲ့

ပြသာနာလေးတစ်ခုပါ။ခုဆို သူဟာ ဖေဖေ့

လက်အောက်မှာ လုပ်နေရတဲ့လူ မဟုတ်တော့

ဘူး။ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အောင်မြင်

စွာနဲ့ ထူထောင်ရင်း ကိုယ့်ခြေထောက်ပေါ်

ကိုယ် ရပ်တည်နိုင်နေပြီ။ဖေဖေ့ကို စော်ကား

တာမျိူး မဟုတ်သော်လည်း ဟော့ဒီလောက

ကြီးထဲ သူ့မျိူးဆက်သစ်လေး ရောက်လာ

တော့မယ်ဆိုတဲ့အသိကနေ ဖြစ်ပေါ်လာသော

အင်အားက ဖေဖေ့ကိုမှမဟုတ်ဘူး..အရာရာ

ကို ရင်ဆိုင်ရဲတဲ့ သတ္တိကိုပေးခဲ့တာ။သူ ဖခင်

တစ်ယောက်ဖြစ်တော့မယ်...သူ့ပါးစပ်ဖျားက

သားလား...သမီးလား...ချိူသာလေးနက်တဲ့

အသံလေးနဲ့ လှိုက်လှိုက်လှဲလှဲ ခေါ်ခွင့်ရတော့

မယ်။သူ အရမ်းအားကျခဲ့ရသော ပြီးပြည့်စုံ

တဲ့ မိသားစုလေးတစ်ခု ပိုင်ဆိုင်ရတော့မယ်။

ညီလင်းညိုရဲ့ မျိူးဆက်တစ်ခု ဒီကမ္ဘာမှာ

တည်ရှိတော့မယ်။အဲ့အတွေးလေးကအစ

မြတ်နိုးစရာ...မက်မောစရာ...အားတတ်စရာ

ကောင်းနေပေတော့သည်။


" ဒါတွေက ငါဖြေရှင်းလို့ရပါတယ်....မင်းသာ

  စိုး ဘယ်မှာရှိနေလဲ ငါ့ကိုပြော... "


" စိုးက မင်းသိသွားရင်...နောက်တနေရာ

  ထပ်ပြောင်းမှာ...ခုလောလောဆယ် မင်း

  သိပ်တွေ့ချင်ရင် သူ မသ်ိအောင်တွေ့တာ

  အဆင်ပြေမယ့်နည်းလမ်းပဲ... "


" ဒီလိုအချိန်မှာ ကိုယ့်မိန်းမကို အဝေးကနေ

  တိတ်တခိုး ချစ်ပြရမယ့်အချိန်မဟုတ်ဘူး

  ငမိုင်း...သူ့ကိုငါ စောင့်ရှောက်ရမယ် "


" မင်းအဖေနဲ့မင်းကြားက အပေးအယူကိစ္စ

  ကိုရော...ဘယ်လိုဆက်လုပ်မှာလဲ... "


" ဖေဖေက ဆွေဆွေလှိုင်နဲ့သာ ပြတ်စဲသွားတာ

  တခြားမိန်းမတွေနဲ့ ဆက်ရှုပ်နေတာပဲ...

  မေမေလည်း ဘာထူးလဲ...နှစ်ယောက်လုံးက

  ငါ့အပေါ် မရိုးသားခဲ့ပါဘူး...ခုချိန် ငါထည့်

  တွက်ပေးရမှာ စိုးတို့သားအမိပဲ....ပြီးတော့

  ငါ့အတွက် ပြီးပြည့်စုံတဲ့ ဘဝလေးတစ်ခု...

  သိပ်ကျေနပ်တယ် ငမိုင်းရာ... "


သူ ငမိုင်းပခုံးနှစ်ဖက်ကို ဖျစ်ညှစ်ကိုင်ရင်း

သိပ်ပျော်နေခဲ့ပါသည်။ငမိုင်းသည် မင်းအဖေ

လက်ကျန်လေးကို ငါတယုတယ မြတ်နိုးနေမိ

ပြီဆိုတာကိုဖြင့် သူ သိအောင်မပြောပြဖြစ်ခဲ့

ပါဘူး။


ဘာပြောပြော စိုးမေလှိုင်ဆီသွားရင်း တနေ့

မဟုတ်တနေ့တော့ သူ့အမေနဲ့ တိုးမှာပဲ။သူ

များ မိသားစုပြသာနာထဲတော့ ငမိုင်း ဝင်မပါ

ချင်တော့ဘူး။စိုးမေလှိုင် နဲ့ ပက်သတ်ပြီး ဝင်

ပါခဲ့တယ်ဆိုတာကလည်း လူသားချင်းစာနာ

သော စိတ်တစ်ခုထဲနဲ့ပါ။


ညီလင်းညို ​ပြောခဲ့သလိုပါပဲ...သူ့အမေက

သူ့အပေါ် တကယ်မရိုးသားခဲ့ဘူး။အစက

ငမိုင်းလည်း တချိူ့သောလူတွေလိုပဲ 

ဒေါ်သစ္စာကို သနားမိခဲ့တယ်။တကယ့်အမှန်

တရားနီးပါး သေချာနေတဲ့ မြင်ကွင်းကို တပ်

အပ်မြင်ပြီးမှ ဦးဟန်မင်းညို ထင်တိုင်းကြဲ

နေသည့်လုပ်ရပ်သည် သူ့မိန်းမနဲ့ အများကြီး

သက်ဆိုင်ကြောင်း ရိပ်မိလာခဲ့တာပင်။


ညီလင်းညိုက သူ့ပြောစကားကို နားမထောင်

ပဲ စိုးဆီ ညတွင်းချင်းလိုက်လာခဲ့သည်။ခြံရှေ့

ရောက်သည်နှင့် ဟွန်း အဆက်မပြတ်တီး

လိုက်သည်။ဟွန်းသံကြောင့် စိုး ရင်တုန်သွား

ခဲ့ပါသည်။ဆရာလာတယ်ဆိုရင် ဘယ်တော့မှ

ကားဟွန်းမတီးဘူးလေ။


စိုးရဲ့ ခပ်စူးစူးအကြည့်တစ်စုံသည် ဆွေဆွေ့

ထံ ရောက်လာသည်။ဘယ်သူ့လက်ချက်လဲ

ဆိုတာကအစ ခြံရှေ့ရောက်နေသူ ဘယ်သူလဲ

ဆိုတာကအဆုံး စိုး သိနေပြီလေ။စိုးမှာလည်း

မပေါ့မပါးကြီးနဲ့မို့ ဗြုန်းစားကြီး ထပြေးဖို့

ဆိုတာ ထင်သလောက်မလွယ်ကူခဲ့ပြန်ဘူး။


မသူဇာကတော့ စိုးကို ဘာတစ်ခွန်းမှမေးမနေ

ပဲ ခြံတံခါးသွားဖွင့်လေသည်။သူ့ အလုပ်

သမား မဟုတ်သည့်တိုင် တာဝန်ကျေချင်နေ

လိုက်တာဆိုပြီး သူမကို စိုး စိတ်တိုလာသည်။


" စိုး....စိုး....စိုး.... "


မိမိနာမည်ကို ကိုကြီးခေါ်လိုက်တဲ့အသံသည်

နားထဲကတဆင့် နှလုံးသားထဲထိ စိမ့်ဝင်သွား

ပါသည်။ပြေးမယ်ဆို...ပြေးလေ..စိုးမေလှိုင်

ရဲ့ဟု ဦးနှောက်က ကျီစားနေသေးသည်။


စိုးသည် ပက်လက်ထိုင်ခုံလေးကနေ အားယူ

ပြီး မတ်တပ်ရပ်လိုက်သည်။သူက စိုးကိုမြင်

ရုံ အလွမ်းဓာတ်ခံဖြင့် ကိုယ်ဝန်ရှိနေတာ

မေ့သွားပြီး တင်းကျပ်နေအောင် ဖက်ထား

လိုက်သည်။ထိုအခါ စိုးသည် သူ့ထံပါးက

ထွက်ပြေးဖို့မပြောနဲ့...ကိုကြီးရင်ခွင်ထဲမှာ

အလွမ်းမိုးတွေရွာသွန်းဖြိုးကာ တင်းထား

သမျှ...မျိူသိပ်ထားခဲ့သမျှ...စောင့်စည်းထား

ခဲ့သမျှ အကုန်သွန်ချလိုက်ပါတော့သည်။


လွမ်းလိုက်တာ ကိုကြီးရယ်....။


ဆွေဆွေတို့နှစ်ယောက်မှာလည်း သူတို့ကို

ကြည့်ရင်း မျက်ရည်တွေကျလို့။ခဏကြာမှ

မသူဇာ သတိဝင်သွားပြီး မျက်လုံးကြီးပြူး..

လက်ညှိုးထိုးလျက်....


" အကိုလေးးးးး....ဗိုက်...ဗိုက်ဗိုက်...ဗိုက်.. "


" အာ....ဟုတ်သားပဲ...ဒီကောင်လေးကိုမေ့

  သွားတယ်... "


ကိုကြီးက စိုး ခန္ဓာကိုယ်လေးကို ဖြေးဖြေး

ချင်း ဖယ်ခွာရင်း ခုံပေါ်မှာပြန်ထိုင်စေပါသည်

သူကတော့ စ်ိုးရှေ့ ဒူးကလေးထောက်ပြီး

ခါးကိုညွတ်ကာ သူမ ဗိုက်လေးနား ခေါင်း

အပ်ထားလေသည်။


" ချစ်လိုက်တာကွာ....ဒီထဲကဟာလေးက

  ဘာလေးလဲ စိုး.... "


" ခုံပေါ်အရင်ထိုင်ပါအုံး ကိုကြီးရဲ့.... "


" ဟင့်အင်း...ကိုယ် ချစ်မဝသေးဘူး...စိုးကို

  ရော...မွေးလာမယ့် ကိုယ့်ရင်သွေးလေးကို

  ရော... "


ကိုကြီးဟာလေ...သူ့အနားက စိုး ထွက်မသွား

နိုင်အောင် ရီဝေဝေအကြည့်တွေ...ချိုသာတဲ့

အပြောလေးတွေနဲ့ ချည်နှောင်နေပြန်ပါပြီ။

ယခင် တင်းမာထားတဲ့စိတ်တွေက ကိုကြီး

ကြောင့် ဘယ်ဆီ လွင့်စင်ကုန်လဲ မသိ။


အလွမ်းတွေကို တနင့်တပိုး သယ်ဆောင်ပြီး

မျှော်လင့်ချက်ပေါင်းများစွာနဲ့ စိုးဆီ ခြေဦး

လှည့်လာတဲ့ ကိုကြီးကို စိုး ဘယ်လိုရက်စက်

နိုင်တော့မှာလဲ။စိုးလည်း လူသားထဲက လူ

တစ်ယောက်ပါပဲ။ခံစားတတ်တယ်...မက်

မောတတ်တယ်။ဒီအမေ...ဒီအဖေ..ဒီရင်သွေး

လေးနဲ့ ပြည့်စုံသော မိသားစု ဘဝလေး သိပ်

လိုချင်ခဲ့တာပေါ့။ကိုကြီး အသံလေးကြား

လိုက်ရုံနဲ့ စိုးမှာ အင်အားတွေ ပြည့်လို့။


" ကလေးက ဘာလေးဆိုတာ..စိုးလည်းမသိ

  သေးဘူး ကိုကြီးရဲ့...."


" ထားပါလေ....ဘာလေးဖြစ်ဖြစ်..ကိုယ်က

  ချစ်မှာ...ဒါနဲ့...ဒီနေရာကို ပြောင်းနေတာ

  ကြာပြီလား "


" လေးလကျော်လောက်ရှိပြီ ကိုကြီး..ဆရာပဲ

  အစစအရာရာ ကူညီပေးခဲ့တာပါ... "


စိုး နှုတ်ဖျားက ဆရာဆိုတဲ့ လေသံထွက်လိုက်

တာနဲ့ သူ မျက်နှာပျက်သွားသည်။အဲ့ဆရာဝန်

က စိုး ဘဝတစ်ခုလုံးကိုများ တာဝန်ယူပေး

ချင်နေတာလဲ မသိ။


" ဒီမှာမနေနဲ့တော့ စိုး....ကိုယ်စီစဥ်ပေးမယ် "


" နေပါစေ ကိုကြီးရယ်...စိုး ဒီမှာနေရတာ

  အဆင်ပြေပါတယ်... "


" စိုး....ကိုယ့်နေရာက မတွေးပေးတော့ဘူး

  လား...မင်းကို ဒီလိုနေရာမျိူးမှာ ဘယ်လို

  စိတ်မျိူးနဲ့ မျက်နှာလွှဲထားရမလဲ..ကိုယ်က

  ဒီကလေးရဲ့ အဖေလေ...ကိုယ် တာဝန်မယူ

  ရတော့ဘူးလား....ကိုယ် အဲ့လောက်လေး

  တောင် ဖြည့်ဆည်းပိုင်ခွင့်မရှိတော့ဘူးလား

  ဘာလဲ....စိုးက ကိုယ့်ကိုထားခဲ့ပြီး..အဝေး

  ထွက်သွားအုံးမှာလဲ.... ကိုယ့်တယောက်ထဲ

  စိုး ထားခဲ့ရင်...ညီလင်းညိုဆိုတဲ့ကောင်...

  ဒီလောကကြီးမှာ မရှိတော့ဘူးလို့သာ..သတ်

  မှတ်ထားလိုက် စိုး... "


" ဟာ....အဲ့လိုမဟုတ်ပါဘူး ကိုကြီးရယ်...

  အဲ့လိုစကားတွေမပြောနဲ့ စိုးမကြိုက်ဘူး..."


စိုး မျက်ရည်လေးတွေ ကျလာပြန်သည်။သူမ

မျက်ရည်တွေကို သူ ကြင်နာစွာ သုတ်ပေးရင်း

ကျန်လက်တစ်ဖက်က စိုးလက်နှစ်ဖက်လုံးကို

သိမ်းကျူံး ဆုပ်ကိုင်ထားပါသည်။


" ဒီတစ်ခါ..စိုး လက်တွေကို ကိုယ်တသက်လုံး

  မလွှတ်တော့ဘူး.... "  


" သေချာရဲ့လား ကိုကြီးရယ်.... "


" ကိုယ်ဘယ်တုံးက မသေချာတဲ့အလုပ်ကို

  လုပ်ခဲ့ဖူးလို့လဲ....စိုးကို မေမေနဲ့တွေ့ပေးဖို့

  အချိန်နဲနဲတော့ယူရလိမ့်မယ်..."


" စိုးလေ...ကိုကြီး မိဘတွေနဲ့ တွေ့ရမှာသိပ်

  ကြောက်တာပဲ....ဒီအတိုင်းနေလို့မရဘူး

  လားဟင်.... "


" စိုးရယ်...ကိုယ့်ကိုယုံကြည်ပေးပါကွာ...

  ကိုယ်...စိုးရှေ့က မားမားမတ်မတ်ရပ်တည်

  ပေးသွားမှာပါ ကလေးရယ်..... "


အခုမှပဲ စိုးအတွက် ရင်အေးဟန် မသူဇာ

သက်ပြင်းချနိုင်တော့သည်။ဇာတ်လမ်းက

ကောင်းခန်းရောက်နေပြီဆိုမှ ငမိုင်း အိမ်ထဲ

တိတ်တိတ်လေး ဝင်လာတယ်။ငမိုင်းကိုမြင်

တော့ စိုး နှုတ်ခမ်းလေးစူမလို ဖြစ်သွားရာ

အဲ့စူပုပ်ပုပ်နှုတ်ခမ်းလေးကို သူက လက်မနဲ့

ဖိကပ်ထားလိုက်သည်။


" သူက ကိုယ့်ရဲ့ကျေးဇူးရှင်....ခွင့်လွှတ်ပေး

  လိုက်ပါစိုးရာ...မင်း ပွဲကြမ်းမယ်ထင်ပြီး..

  ကိုယ့်ကိုအရင်လွှတ်လိုက်တာ.... "


" ကိုကြီး သူငယ်ချင်းပီသပါပေတယ်...မပြော

  နဲ့လို့ တားလိုက်မိပါတယ်...နေ့မကူးဘူး...

  ချက်ချင်းကိုပြောပစ်တာ... "


" ဒါနဲ့....မင်းကရော...စိုးတို့ ဒီမှာရှိတယ်ဆို

  တာ...ဘယ်လိုသိသွားတာလဲ... "


စိုး မျက်ခုံးတစ်ဖက် မသိမသာ ပင့်တက်သွား

သည်။ငမိုင်းက ဆွေဆွေနဲ့အကြောင်း သူ့ကို

မပြောပြထားဘူးကိုး။


" အဲ့ဒါက ငါ...ငါနဲ့....ငါနဲ့..... "


ဆွေဆွေသည် မိမိနဲ့ပက်သတ်ပြီး တစ်စုံတစ်

ရာ ပြောဖို့ ခဲယဥ်းနေသော ချစ်သူကိုကြည့်

ပြီး ကိုယ့်ကိုကိုယ်သိမ်ငယ်စိတ်ဝင်လာကာ

အိမ်အနောက်ဘက် ပြေးဝင်သွားသည်။

ငမိုင်းက ဆွေဆွေဟုခေါ်ပြီး သူမနောက်

လိုက်သွားသည်။ညီလင်းည်ိုက သူတို့နှစ်

ယောက်ကိုကြည့်လိုက်...စိုးကိုကြည့်လိုက်နဲ့

တစ်ခုခုကို ရိပ်မိသွားပြီးမှ ထပြုံးလိုက်ပါ

သည်။


" သြော်....ဒီလိုလား.... "


" ကိုကြီးက ဘာရယ်တာလဲ...အမနဲ့ ကိုကြီး

  သူငယ်ချင်းကို မတူမတန်ဘူးထင်နေတာ

  လား... "


" ဟာ....ဟေ့...ကိုယ်အဲ့လိုအတွေးမရှိဘူးနော်

  မစွပ်စွဲနဲ့...အချစ်နဲ့ပက်သတ်ပြီး ကိုယ်ယူဆ

  ထားတာတစ်ခုပဲရှိတယ်...အချစ်မှာမတူတာ

  မတန်တာ ဘာမှမရှိဘူး...တစ်ယောက်ကို

  တစ်ယောက် လေးလေးနက်နက်နဲ့သစ္စာရှိရှ်ိ

  ချစ်တတ်တဲ့ ဘယ်ချစ်ခြင်းမဆို..အဲ့ဒါ

  အချစ်ပဲ...ကျားမ အချစ်ပဲ ဖြစ်ဖြစ်....

  လိင်တူအချစ်ပဲ ဖြစ်ဖြစ်...အချစ်ဆိုတဲ့

  ခေါင်းစည်းအောက်မှာ အချစ်ကအချစ်ပဲ"


ကိုကြီးလို လူကြီးက အချစ်နဲ့ပက်သတ်ပြီး

တခမ်းတနား အဓိပ္ပါယ်တွေ ဖွင့်ဆိုပြနေလိုက်

တာ မယုံနိုင်စရာပါပဲ။


" အားကျတယ်....အားကျတယ်..."


မသူဇာသည် အိမ်ရှေ့က တတွဲ...အိမ်နောက်

ဖက်က တတွဲ...ထို နှစ်တွဲကိုကြည့်ရင်း

တယောက်ထဲ ငြီးငြူပစ်လိုက်ပါသည်။


" စိတ်မပျက်ပါနဲ့...မသူဇာသာ နောက်တစ်ပင်

  ထူမယ်ဆိုရင် ကျတော့်တပည့် တယောက်

  လုံးရှိတယ် "


" အကိုလေးနော်...တကယ်ထဲမှ... "


အဲ့ညက သူတို့အားလုံး ပျော်ခဲ့ကြပါသည်။

ညီလင်းညိုတင် စိုးတို့အိမ်မှာ အိပ်ခဲ့တာ

မဟုတ်ဘူး။ငမိုင်းကပါ သူ့ကိုအိပ်ခွင့်ပေးပါ

ဆိုပြီး မျက်နှာငယ်လေးနဲ့ ခယနေလို့ သူတို့

သူငယ်ချင်းနှစ်ယောက်ကို အိမ်ရှေ့ လဟာ

ပြင်မှာ ခြင်ထောင်သေးသေးလေး ထောင်

ပေးလျက် အိပ်စေခဲ့ပါသည်။


သူဌေးသားနှစ်ယောက်သည် အချစ်နွံထဲမှာ

မျောနစ်ရင်း ခြင်ထောင်သေးသေးလေးထဲ

ဖြစ်သလို အိပ်ခဲ့ကြပါသည်။


စိုးက အင်းယားလမ်းခြံမှာမနေချင်ဘူးဟု

ပြောလာ၍ သူ အမြန်ဆုံး အိမ်ရှာနေရပါ

သည်။သူလည်း အင်းယားလမ်းကခြံမှာ စိုးကို

မထားချင်ပါဘူး။ဖြစ်နိုင်ရင် ဟိုဆရာဝန်နဲ့

ကင်းကင်းနေစေချင်တယ်။သူ အနားမှာမရှိ

တုံးက စိုးကို ကူညီပေးခဲ့တာတွေအတွက်

ကျေးဇူးတင်တာက သက်သက်...စိုး အနား

သူ့ကို မရှိစေချင်တာက သက်သက်ပဲ။


အိမ်ဆိုတာမျိူးကလည်း ချက်ချင်းကြီး ဝယ်

လို့ရတာမျိူး မဟုတ်ဘူးလေ။ပတ်ဝန်းကျင်

ကလည်း ကောင်းရမယ်...အရှုပ်အရှင်းကင်း

ရမယ်...စသဖြင့် အများကြီး စုံစမ်းပြီးမှ ဝယ်

ရတာမျိူး။တိုက်ခန်းကျဥ်းကျဥ်းလေးနဲ့ စိုးကို

မထားချင်ပြန်ဘူး။


အလုပ်ကိစ္စတွေ သက်နောင်နဲ့ ခနလွှဲထားပြီး

သူကိုယ်တိုင် အိမ်လိုက်ရှာနေတော့တာ။အသံ

တိတ် လှုပ်ရှားနေတာတောင် စိုးနဲ့သူ့ရဲ့ 

သတင်းဟာ ဦးဟန်မင်းညိုဆီ ရောက်သွားခဲ့

ပြန်သည်။ရောက်ဆို သက်နောင်ကို သူ့လူ

ကိုယ့်ဘက်သား သူလျှိူတယောက်အနေနဲ့

ဦးဟန်မင်းညို အသုံးချထားတာကို။


" မင်းပြောတာ သေချာလား "


" သေချာပါတယ် အန်ကယ်...ခု စိုးမေလှိုင်မှာ

  ကိုယ်ဝန်ရှိနေပြီ.... "


မျှော်လင့်ထားတာတွေသည် အစီအစဥ်တကျ

ဖြစ်မလာတော့ပဲ စိုးမေလှိုင် ပြသာနာက

တံတိုင်းအဖြစ် သား တက်လမ်းကို ပိတ်ထား

ခဲ့ပြန်သည်။သို့သော် သူမ လွယ်ထားသည့်

ကိုယ်ဝန်သည် သူ၏ မျိူးဆက်သစ်မို့ မိခင်

ကို အလိုမရှိသော်ငြား ကလေးကို မက်မောမိ

တာ အမှန်။


ဦးဟန်မင်းညိုက သူ့သားကို မြန်မာနိုင်ငံ၏

ထိပ်တန်းသူဌေးကြီးရဲ့ တစ်ဦးတည်းသော

သမီးနဲ့ လက်ထပ်ပေးမလို့ မြန်မာပြည်မှာ

ကြာကြာနေခဲ့တာ ဖြစ်လေသည်။သူ့သဘော

ကတော့ ရှင်းတယ်...ရွှေရွှေခြင်းထပ်မှ မြတ်

မယ်။သားရဲ့ တရားဝင်ဇနီးသည် ရွှေအိမ်သူ

လို ပိုင်းလုံးမ လည်း မဖြစ်သင့်သလို စိုးလို

နာမည်ပျက်ရှိခဲ့ဖူးသည့် မိန်းခလေးလည်း

မဖြစ်ရဘူး။


" သူတို့ဘာဆက်လုပ်မလဲ သေချာစောင့်

  ကြည့်ထား...လောလောဆယ်တော့လွှတ်

  ထားပေးလိုက်...ငါ့မြေးမွေးပြီးမှ စိုးမေလှိုင်

  ကို အပြတ်ရှင်းမယ်..."


အပြတ်ရှင်းမယ် ဟူသောစကားကြောင့်

သက်နောင် ရင်ထိတ်သွားသည်။ဦးဟန်မင်း

ညို ပေးတဲ့ငွေတွေကို မက်ပြီး ကိုညီ့ကို သစ္စာ

ဖောက်ခဲ့မိတာ မှားပြီလား။ဒီအခြေအနေ

ရောက်မှ နောက်ကြောင်းပြန်လှည့်ဖို့ မဖြစ်

နိုင်တော့ဘူး။ဦးဟန်မင်းညိုဆိုတဲ့လူကြီးက

သူ့အတွက်အသုံးမဝင်တော့ဘူးထင်ရင်

အကုန် အပြတ်ဖြတ်တတ်တဲ့လူစားမျိူး။


" နောက်တစ်ခုရှိသေးတယ်...စိုးမေလှိုင်က

  ငါ့မျိူးဆက်ကို မွေးပေးရမှာဆိုတော့..သူ

  ဘယ်မှာပဲနေနေ...မင်းလူတွေအပြည့်ချထား

  ဟိုကောင်မက သူ့ပြသာနာရှာအုံးမှာ...

  စိုးမေလှိုင် တစ်ခုခုဖြစ်သွားလို့မရသေးဘူး..

  ငါ့မြေးလေး မွေးပြီးမှ...ဖြစ်ရမယ်....ဟားး

  ...... "


ဦးဟန်မင်းညိုသည် ထင်ထားတာထက် ပို

ကြောက်စရာကောင်းခဲ့ပါသည်။အရမ်းလည်း

အတ္တကြီးသလို...သူ ဖြစ်ချင်တာ ဖြစ်ခွင့်ရဖို့

အတွက်ဆိုရင် မတရားမှုတွေ နားမလည်ဘူး.

မဖြစ်ဖြစ်အောင် လုပ်ယူဖန်တီးတတ်တာပါ

ပဲ။စိုးအတွက် အန္တရာယ်အရှိဆုံး ပုဂ္ဂိုလ်ဟာ

ရွှေအိမ်သူ မဟုတ်ဘူး...ဦးဟန်မင်းညိုပဲ။

အချိူတွေကျွေးပြီးမှ အဆိပ်ဆိုတာ ဘယ်လို

အရသာမျိူးလဲ မြည်းစမ်းခိုင်းတာမျိူး...။


@@@@@@@@@@@@@@@@@@@


ဇေယျကျော်သည် စိုး နှုတ်ဖျားက ထွက်ကျ

လာသည့် စကားလုံးတွေကို မယုံနိုင်ဟန်

ငေးငိုင် ကျသွားပါသည်။စိုးအတွက်...

အကောင်းဆုံးတွေ မဟုတ်ခဲ့ရင်တောင်

အဆင်ပြေအောင် သူ ကူညီပေးခဲ့တာပါ။

ခု...စိုး နှုတ်က...သူ့အကူအညီမလိုတော့ပါ

ဘူးလို့ မပြောရုံတမယ် ပညာသားပါပါနဲ့

ခွာထုတ်ဖို့ ကြိုးစားနေပြီ။


" ဆရာ့ကို စိုး တကယ်ကျေးဇူးတင်ပါတယ်..

  အစက ကိုကြီးဘေးကနေ ထွက်သွားမလို့

  ပါပဲ...စိုး အရမ်းစိတ်ပျော့တာပဲ ဆရာရယ်

  ကိုကြီးကိုမြင်လိုက်ရတဲ့အချိန်မှာ..သူ့ဆန္ဒ

  တွေကို ဥပေက္ခာမပြုရက်ခဲ့ဘူး..."


သြော်...ကျတော့် ခံစားချက်တွေကျ မျက်နှာ

လွှဲထားနိုင်တယ်ပေါ့နော် စိုး...။ကျတော်က

စိုးနဲ့ ပက်သတ်လာရင် ဒုတိယလူလည်း

မဟုတ်ခဲ့ပါဘူး...အရံလူပါ။ဟိုးအစထဲက..

စိုးအပေါ် တစ်စုံတစ်ရာ မျှော်လင့်ပြီး ကူညီ

ပေးခဲ့တာ မဟုတ်လို့ သူ့ဘက်က လိပ်ပြာ

သန့်ပါတယ်။


" ကောင်းပါတယ် စိုးရယ်...ကလေးအတွက်

  အဆင်ပြေသွားတာပေါ့...ဒါနဲ့ ဘယ်တော့

  ပြောင်းကြမှာလဲ "


" ကိုကြီး အိမ်ရှာနေတုံးပဲ ရှိပါသေးတယ်...

  ကြာအုံးမှာပါ ဆရာ... "


" အင်းပါ...ဆေးတော့ပုံမှန်သောက်နော်စိုး...

  စိုးရဲ့ရောဂါက ပေါ့လို့မရသေးဘူး..မပေါ့

  မပါးနဲ့ဆိုတော့ ပိုပြီးဂရုစိုက်ရမယ်......

  ဒီအပါတ်ထဲ အိုဂျီနဲ့သွားပြရအုံးမယ်...

  ကိုညီလင်းညိုနဲ့သွားလိုက်ပါစိုး.... "


အလိုက်သိတတ်လွန်းတဲ့ ဆရာ့ကြောင့် စိုးမှာ

ပြောစရာ စကားလုံးရှားပါးသွားခဲ့ပါသည်။

အကယ်၍များ ကိုကြီးထက်အရင် ဆရာ့ကို

တွေ့ခဲ့ရင်....။ဆရာရယ်...အချစ်ကိုလေးစား

တန်ဖိုးထားပြီး မြတ်နိုးတတ်တဲ့ ဆရာလည်း

အပြန်အလှန် ညီမျှသော ချစ်ခြင်းတွေနဲ့ 

အမြန်ဆုံး ဆုံးစည်းပါစေလို့ ဆုတောင်းပေး

ပါတယ်။


ဆရာ့က်ို မျက်နှာပူလို့ဆိုပြီး မသူဇာက ထွက်

မတွေ့ပဲ အိမ်ထဲ အောင်းနေတယ်။ဆွေဆွေ

ရော ဘာထူးလဲ...အလုပ်ရှုပ်ချင်ယောင်

ဆောင်ပြီး ရှောင်နေတာပဲ။သူတို့တွေ ခုလို

တမျိူးစီ ရှောင်နေကြတာ စိုး အတွက် နေရ

ခက်စေတယ်။အစထဲက ဆရာ့ကို စိုး မချစ်

ခဲ့ဘူး...အကိုတယောက်လို အားကိုးခဲ့တယ်.

သံယောဇဥ်ရှိခဲ့တယ်။ကိုကြီးပေါ်မလာခဲ့ရင်

တောင် စိုး...သူ့ကိုနောက်ထပ်ရွေးချယ်မှာ

မဟုတ်ဘူး။ခုကြည့်....သူတို့ လုပ်တဲ့ပုံက

ကိုကြီးပြန်ရောက်လာလို့ ဆရာ့ကိုပဲ နှင်ထုတ်

နေသလိုလို သဘောတွေ မဖြစ် ဖြစ်အောင်

သရုပ်ပြနေသလိုပဲ။အရင်အတိုင်း စကားလေး

ဘာလေး လာပြောကြအုံးမှပေါ့။


" ဒါဆို...ကျတော်ပြန်တော့မယ်...စိုးတို့

  ပြောင်းရင် အကြောင်းကြားပေးလေနော်..

  ပြီးတော့....ဆေးခန်းပြဖို့လည်းမမေ့ပါနဲ့..

  အစစအရာရာဂရုစိုက်ပါ...အခုထဲက...

  မီးဖွားရလွယ်အောင် လမ်းများများလျှောက်

  ပေးအုံး...စိတ်ထင်တိုင်း မစားနဲ့နော်....

  ကော်ဖီတွေ လုံးဝမသောက်ပါနဲ့..နွားနို့ပဲ

  သောက်ပေးပါ...စိတ်ညစ်စရာတွေ ရှိလာခဲ့

  ရင်...ကျတော့်ဆီအချိန်မရွေးဖုန်းဆက်ပါ..

 အရေးကြီးတာက စိုး ပျော်အောင်နေဖို့... 

  စိတ်ချမ်းသာဖို့ပါပဲ.. စိုး တကယ်ပဲပျော်ရွှင်

  နေတယ်ဆိုရင် ကျတော်ကျေနပ်ပါပြီ... 

  သွားပြီ စိုး..... "


" ဟုတ်ကဲ့ပါ ဆရာ.... "


ကျတော်လည်း လူထဲက လူတယောက်ပါပဲ

စိုးရယ်....စိုးနဲ့ပက်သတ်ပြီး မသိစိတ်ကနေ

မျှော်လင့်ချက်နဲနဲလေး ထားခဲ့ဖူးတာ ဝန်ခံပါ

တယ်။ဘာဖြစ်ဖြစ်ပါ....စိုးသာ ပျော်နေမယ်

ဆိုရင် ကျတော်ရင်ကွဲခံရကျိူး နပ်ပါတယ်။

ကျတော်ကလေ...လက်တွေ့သမား..စိတ်ကူး

ယဥ်သမားမဟုတ်ဘူး။ဒါမဲ့ စိုးကို ချစ်မိမှ

စိတ်ကူးတွေ ယဥ်တတ်လာခဲ့တယ်။တကယ်

လို့များ နောက်ဘဝဆိုတာ ရှိခဲ့ရင်...စိုးကို

အနှောင်အဖွဲ့ကင်းကင်းနဲ့ ချစ်ပါရစေလို့

ရင်နာနာနဲ့ ဆုတောင်းနေခဲ့မိတယ်....။


သူမ ရှေ့က နှေးကွေးသော ခြေလှမ်းတို့ဖြင့်

ကျောခိုင်းသွားသော ဆရာ့ကိုငေးရင်း စိုး

လည်း စိတ်မကောင်းဖြစ်မိပါသည်။တချိူ့

အရာတွေက လုပ်ယူဖန်တီးလို့မှမရတာပဲ။

စိုးလို့ အချစ်တွေ...သစ္စာတရားတွေကို

နားမလည်တတ်ခဲ့တဲ့ မိန်းမတယောက်ဟာ

တကယ်ချစ်တတ်လာတဲ့အခါ စိုး နှလုံးသား

က တစ်ယောက်သောသူအတွက်ပဲ အနစ်နာခံ

ပေးဆပ်ချင်တဲ့ ချစ်ခြင်းမျိူးတွေ..သူကလွဲ

ဘယ်သူ့ကိုမှ လက်မခံချင်တော့တဲ့ စောင့်

ထိန်းမှုတွေ...သစ္စာတရားကို မှတ်ကျောက်

တင်ရင်း အရိုးစွဲတဲ့အထိ ကိုကြီးအပေါ် နင့်

နေအောင် ချစ်သွားမိခဲ့တာတွေဟာ စိုးကိုယ်

တိုင် ဖန်တီးခံတာမဟုတ်ပါဘူး။သူ့အလိုလို

ဖြစ်တည်လာတဲ့ ချစ်ခြင်းတွေပါရယ်လေ။


@@@@@@@@@@@@@@@@@@@


ဒီနေ့ ဆေးခန်းပြရမယ့်ရက်မို့ ကိုကြီးဆီ စိုး

ဖုန်းဆက်လိုက်တယ်။တစ်ခုခုအပေါ် အာရုံ

ရောက်နေပြီဆိုရင် မေ့သွားတတ်သော သူ့ရဲ့

အကျင့်အတိုင်း ဖုန်းက ရုံးမှာကျန်နေခဲ့လေ

ရဲ့။အဲ့ဒါနဲ့ပဲ မသူဇာကိုခေါ်ပြီး မြို့ထဲဘက်

ထွက်လာခဲ့ပါသည်။


ပြနေကျ ဆရာဝန်မကြီးက ဆရာ ပါမလာလို့

မေးနေသေးတယ်။စိုးတို့ကလည်း ဆရာ

မအားကြောင်း ရှင်းပြလိုက်ပါတယ်။ဆရာက

စိုးကို သူ့နှမ ဝမ်းကွဲဆိုပြီး မိတ်ဆက်ပေးထား

တာလေ။ဆရာမကြီးက စိုးကို သေချာစမ်း

သပ်ပေးပါတယ်။ကလေးအနေအထားမှန်

သေးတာမို့ မလိုအပ်ပဲ အာထရာဆောင်း

မရိုက်ချင်ဘူးဟု ပြောလာတယ်။စိုးလည်း

ဗိုက်ထဲက ထွက်လာမှ သားလေးလား..သမီး

လေးလား ရင်ခုန်ရတာမျိူး နှစ်သက်မိပါ

တယ်။


ဆေးခန်းပြပြီးနောက် အိမ်အတွက်လိုအပ်

တာလေး ဝယ်ရန် city mark ထဲ လျှာရှည်ပြီး

ခြေဦးလှည့်ခဲ့မိတာ စိုး သိပ်မှားခဲ့ပါသည်။

မှားဆို...မမြင်ချင်တဲ့ လူနဲ့ တန်းတိုးခဲ့တာ

လေ။ရွှေအိမ်သူက သူမကို မြင်သည်နှင့်

ဒေါသ မျက်စောင်းခဲကာ သူမဆီ တန်းတန်း

မတ်မတ် လျှောက်လာပါသည်။မတွေ့ချင်လို့

ရှောင်နေခဲ့တာ ဖြစ်သော်လည်း တကယ်တမ်း

တန်းတိုးတဲ့အခါ စိုးမှာ ကြောက်စိတ်ရှိမနေ

ခဲ့ပါဘူး။


အရင်လို သူမနဲ့ကိုကြီးက ပက်သတ်မှုတစ်စုံ

တစ်ရာ ရှိနေတာမှမဟုတ်တော့တာ။စိုးအနေ

နဲ့လည်း ဘာကိုမှဖုံးကွယ်ထားစရာအကြောင်း

မရှိတော့ဘူး။သူမ ပြောသမျှတွေ ငြိမ်ခံနေ

ဖို့လည်း စိတ်ကူးမရှိဘူး။


" အို....စိုးမေလှိုင်...စိုးမေလှိုင်...နင်က ငါထင်

  ထားတာထက် သိပ်တော်နေပါလား...ငါ့ကို

  ကျ...ညီလင်းညိုဘေးက ကန်ထုတ်ပြီး...

  နင်က ဗိုက်ကလေးပြပြီး အပိုင်ကိုင်လိုက်

  ပါလား....မချီးကျူးပဲကို မနေနိုင်တော့ဘူး"


" ချီးကျူးပေးတဲ့အတွက် ကျေးဇူးပဲ.....

  ရှင်ပို့သတဲ့မေတ္တာကြောင့်..ကျမ လူမှန်

  နေရာမှန် ရောက်သွားလို့ ထပ်ပြီးကျေးဇူး

  တင်တယ်... "


" ဘာ!!.... ကိုယ့်ကိုကိုယ် သိပ်အထင်ကြီး

  မနေနဲ့...အချိန်တန်ရင် နင် ကန်ထုတ်ခံရမှာ

  ပဲ....နင့်ကို သိပ်ကျေနပ်တယ်များထင်နေ

  လား စိုးမေလှိုင်...ဘယ်လိုလဲ...အခုရော

  နင်တို့နှစ်ယောက်အကြောင်း ငါ့ပြောပြလို့

  ရပြီလား... "


" အဟင်းးးး...ပြောပြရအောင်..ရှင်နဲ့ကိုကြီး

  ဘာများပက်သတ်နေလို့လဲ...ကျမကတော့

  ပြောစရာမလိုတော့ဘူးထင်တာပဲ..ရှင့်ကို

  ကြည့်ရတာ သိပ်မောတာပဲရွှေအိမ်သူရယ်

  ....သူများအကြောင်းပဲ စိတ်ဝင်စားတတ်

  တာလား...သူများကိစ္စတွေနဲ့အချိန်တွေကုန်

  နေမှတော့...ကိုယ့်ကိစ္စ ပြီးစီးမအောင်မြင်

  သွားတာ ဘာဆန်းလဲ..."


" နင်.... နင့်လိုမိန်းမပျက်ကများ...ငါ့လို

  မိန်းမမျိူးကို ရာရာစစ.... "


စိုးကို လက်ညှိုးထိုးရင်း လူအများရှေ့ ထပ်

အရှက်ခွဲလိုက်ပြန်သည်။ဒီတစ်ခါ သူမပြော

သမျှ ခေါင်းငုံ့ခံအုံးမယ်လို့ တသမှတ်ထဲ ယူဆ

ထားပုံရတယ်။စိုးသည် သူမနဲ့ အနီးဆုံးကို

တိုးသွားပြီး ခပ်ထေ့ထေ့ပြုံးကာ....


" ရှင်ကရော...ဘယ်လိုမိန်းမစားမျိူးလဲ "


သူမလို အသံကုန်ဟစ်ပြီး လူတွေကြားအောင်

အော်ပြောခဲ့တာမဟုတ်ဘူး...အနားကိုကပ်ပြီး

တိုးတိုးလေး မေးခဲ့တာ။ဒါကိုတောင် သူမမှာ

အနာပေါ်တုတ်ကျသလို ဖြစ်သွားပြီး စိုး ပါးကို

ရိုက်ဖို့ လက်ရွယ်လိုက်သည့်အချိန်မှာပဲ...

ဦးကျော်ထင် သူတို့အနား ရောက်လာလေ

သည်။


" ရပ်လိုက်စမ်း.... ရွှေအိမ်သူ..မင်းငါ့ကိုလူ

  ကြားထဲအရှက်ရအောင်လုပ်နေတာလား...

  လာ....သွားမယ်...လာလေ....  "


သူမလက်ကို အတင်းဆွဲပြီး ဦးကျော်ထင်ခေါ်

သွားခဲ့သည်။ရွှေအိမ်သူ အကြောင်းတွေကို

အဲ့လောက်ထိ စိုး မသိခဲ့ပါဘူး။ကိုကြီး အပေါ်

နိုင်ဖို့ ကြိုးစားခဲ့တဲ့ မိန်းမတယောက်မို့ စိတ်ထဲ

ချဥ်လာပြီး ဘယ်လိုမိန်းမစားလဲလို့ တမင်

မေးခဲ့တာ ဖြစ်ပါသည်။စောနက မြင်ကွင်းကို

တွေ့လိုက်ရပြီးသည့်နောက်မှာတော့ သူမ

အတွက် စိုး စိတ်မကောင်းဖြစ်သွားခဲ့ရပါ

သည်။


မိမိကိုယ်တိုင် တစ်ချိန်က အခုလို ဘဝမျိူးနဲ့

ဖြတ်သန်းခဲ့ဖူးတာမို့ ကိုယ်နဲ့ဘဝတူ မိန်းခ

လေး တိုင်းကို စိုး အထင်မသေးပါဘူး..ကိုယ်

ချင်းစာပေးခဲ့တာကြီးပါပဲ။ခုလည်းပဲ ရွှေအိမ်

သူ ရဲ့ ဘဝက ဘာလို့ အဲ့လောက်ကြီး ဖြစ်

သွားတာလဲ တွေးမရတော့ပေ။


ငွေမရှိရင် မိန်းခလေးတွေ အများစုက ပျက်

ဆီးတတ်ကြတယ်တဲ့။ရွှေအိမ်သူက နာမည်နဲ့

လိုက်အောင် ရွှေအိမ်ပေါ်စံခဲ့ရတဲ့ မိန်းခလေး

တစ်ယောက်ပါ။သူမလို လူမျိူးက ဦးကျော်

ထင်ရဲ့ အငယ်အနှောင်း ဘယ်လိုလုပ်ဖြစ်

သွားတာလဲ။


သြော်....ဝဋ်ကြွေးဆိုတာ သိပ်ကြောက်ဖို့

ကောင်းလှပါလား။စိုးရော...တချိန်က သူများ

ပိုင်ပစ္စည်းတွေ ကိုယ့်လက်ထဲရောက်ဖို့ မာယာ

တွေသုံးပြီး အရ ယူခဲ့မိဖူးတယ်။ခုချိန်မှာ စိုး

ပိုင်ဆိုင်တာဆိုလို့ ကိုကြီးနဲ့ ဟော့ဒီဗိုက်လေး

ထဲက ရင်သွေးလေးပါပဲ။တကယ်လို့များ

စိုးသာ ဝဋ်ကြွေး ကျိမ်းသေပေါက်ဆပ်ရမယ်

ဆိုရင် ကျန်တာတွေ ယူပေးကြပါ...စိုးချစ်ရ

တဲ့ ကိုကြီးနဲ့ သားလေးလား သမီးလေးလား

မသိသေးတဲ့ ရင်သွေးလေးကို မပေးပါရစေ

နဲ့....။


စိတ်တွေ လေးလံနေခဲ့တယ်...အသက်ရှုရတာ

ပင် မဝတော့သလို ခံစားနေရတယ်။မသူဇာ

က စိုးလက်တွေကိုင်ထားလို့သာပေါ့။ဘာမှ

လည်း မဝယ်ချင်တော့ပြီမို့ ပြန်ဖို့အရေးပဲ

ခေါင်းထဲထည့်ထားမိပါသည်။သို့သော် လူက

လမ်းလျှောက်ရင်း မိုက်ခနဲ တစ်ချက်ဖြစ်

သွားလိုက်...ပြန်ကောင်းသွားလိုက်နဲ့။ကိုယ့်

နှလုံးခုန်သံကိုပင် နားက ပြန်ကြားနေသလို

လို။တစ်ကိုယ်လုံး နုံးချိပြီး ဒူးညွတ်ချင်လာ

တယ်။သိပ်မကြာပါဘူး....ခန္ဓာကိုယ်တစ်ခု

လုံး လေဟာပြင်ထဲ ရောက်သလို ပေါ့ပါး

သွားလေတော့သည်။


*******************************************


အခန်း (14) မျှော်


Author. 😍 A Mon Ko 😍


rate now: